ဒေါင်း

By LaiYeephyo

195K 15.3K 1.3K

ရီသောသူသည်အသက်ရှည် ၏ More

Ongoingအပိုင်း(1) Un Zaw
အပိုင်း(2)Un Zaw
အပိုင်း(3)Un Zaw
အပိုင်း(4) Un Zaw
အပိုင်း(5) Un Zaw
အပိုင်း(6) Un Zaw
အပိုင်း(7) Un Zaw
အပိုင်း(8)Un Zaw
အပိုင်း(9) Un Zaw
အပိုင်း( 10)
Hello
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)Un Zaw
အပိုင်း(14)
အပိုင်း(15)Un Zaw
အပိုင်း(16)Un Zaw
အပိုင်း(17)Zaw
အပိုင်း(18)
အပိုင်း(19)Un Zaw
အပိုင်း(20)Un Zaw
အပိုင်း(21)Un Zaw
အပိုင်း(22)Un
အပိုင်း(22)Zaw
အပိုင်း(23)
အပိုင်း(24)Un Zaw
အပိုင်း(25)Un Zaw
အပိုင်း(26)
အပိုင်း(27)Un Zaw
အပိုင်း (28)Un Zaw
အပိုင်း(29 )Un Zaw
အပိုင်း(30)Un Zaw
အပိုင်း(31) Un Zaw
အပိုင်း (32)Un Zaw
အပိုင်း (33) Un Zaw
အပိုင်း( 34) Un Zaw
အပိုင်း( 35)Un Zaw
အပိုင်း(36)Un Zaw
အပိုင်း (37)Un Zaw
အပိုင်း(38)Un Zaw
အပိုင်း( 39)Un zaw
အပိုင်း(40)Un Zaw
အပိုင်း (41)Un Zaw
အပိုင်း( 42)UnZaw
bl

အပိုင်း(17)Un

3.4K 330 13
By LaiYeephyo

" ဟား ဟား

နွေဦး‌မနေ့က အကြောင်းကို ကျောက်ခဲကိုပြောပြတော့ကျောက်ခဲဆိုတဲ့ကောင်လေးက အားရပါးရနဲ့အော်ရီနေလေ၏

ဒီနေ့ကကျောင်းပိတ်ရက်မလို့ အိမ်မှာတစ်ယောက်ထဲထိုင်နေရတာပျင်းတာနဲ့ ကျောက်ခဲကိုခေါ်ပြီး စကားပြောနေကြတာဖြစ်သည်။

"ကိုကြီးခွပ်ဒေါင်းက အဲ့လိုဘဲဗျ လူကသာ ထန်းရေသောက် ဖဲရိုက်နဲ့မလို့ လူမိုက်လို့ထင်ရပေမဲ့ တကယ်တန်းကျ  စိတ်က ကလေးစိတ်နဲ့ ပြီးတော့ ပေါကလဲပေါသေးတယ်

ကိုကြီးခွပ်ဒေါင်းသာဒီစကားကိုကြားရင် ကျုပ်ကိုထိုးလောက်မှသေချာတယ်

" အဲ့လို ငပေါကို ကြိုက်တဲ့သူရှိတာ အံ့ဩတယ်

"  ကိုကြီးခွပ်ဒေါင်းကရုပ်ချောတာကို ကိုကြီး ခွပ်ဒေါင်းသာ သပ်သပ်ရပ်ရပ် ဝတ်စားလိုက်ရင်  ရုပ်ရှင်မင်းသား နေတိုး တို့ ဟိန်းဝေယံတို့နေခဲ့တော့ဘဲ

"  အော် အော်

" ပြီးတော့ ရှိသေးတယ်နော် ဒီရွာက အချောအလှလေးဖြစ်တဲ့ မမနံ့သာဆို ကိုကြီးခွပ်ဒေါင်းကိုကြိုက်နေတာ ကိုကြီး ခွပ်ဒေါင်းကသာ ပြန်မကြိုက်လို့

"ဟုတ်လား

နွေဦးအပြောကိုခေါင်းယမ်းပြီး လက်ဖက်ပန်ကန်ထဲကနေ လက်ဖက်တစ်ခွန်းကိုခပ်ပြီး ပါးစပ်ထဲအပြည့်ထည့်ပြီးတော့

" ဟုတ်တယ်ဆရာလေးရဲ့ မနံ့သာက  ဒီရွာမှတင်မကဘူး ဘေးရွာက သူတွေထက်တောင် ပိုလှတာ ပညာကလဲတက်ဘူး အရမ်းနူးညံ့သိမ်မွေ့နေတာ

‌ကျောက်ခဲစကားကိုကြားပြီး နွေဦးနံ့သာဆိုတဲ့ကောင်မလေးကို မြင်ဘူးချင်သွားတယ် ဒီလိုအချောအလှလေးက ကြိုက်တာတောင် ပြန်မကြိုက်ဘူးတဲ့ အံ့ဩတယ်

"ဒါနဲ့ဆရာလေး ကျွန်တော်က လယ်ထဲသွားအုံးမှာ ဆရာလေးပျင်းရင်လိုက်ခဲ့ပါလား

လုပ်စရာမရှိတာနဲ့အတူတူနွေဦး လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်

"အကိုလိုက်ခဲ့မယ် ခဏလေး ဦးထုပ်သွားယူလိုက်အုံးမယ်

"အဲ့တာဆို နွားတွေ သွားဆွဲလိုက်အုံးမယ်

"အေး‌အေး

___&&&___&&&__&&&

"ဒေါင်း ဘယ်ကနေလာတာလဲ

အဖေရဲ့ လယ်ထဲက ပဲခင်းကိုသွားကြည့် မကြည့်ရင်ငါအိမ်မနေနဲ့ဆိုတဲ့  တစ်ချက်လွှတ်အမိန့်ကြောင့်  ခွပ်ဒေါင်းနဲ့ ကျော်ကြီး လယ်ထဲကိုရောက်နေတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နံ့သာနဲ့ပါလာဆုံတာဖြစ်သည်။

" အဖေကပဲခင်းကြည့်ခိုင်းလို့လာကြည့်တာပါ နင်ကရော ဘယ်သွားမလို့လဲ

" အဖေဆီကို ရေဘူးသွားပို့မလို့ ‌ နင်ငါရောက်နေတာတောင် ငါဆီအလည်မလာဘူးနော်

နူတ်ခမ်းဆူပြီး မကျေနပ်ပြောနေတဲ့ နံ့သာ ကိုခွပ်ဒေါင်းရီပြလိုက်ပြီး

"ငါမအားလို့ဟာ အားရင်လာလည်မှာပေါ့ဟ

" ဖဲရိုက် ထန်းရည်သောက်အလုပ်ဘဲရှိတာကို မအားဘူးပေါ့

ခွပ်ဒေါင်းဘာသာပြန်မပြောမိပါ

" ဘယ်သူတွေလဲဆိုပြီးတော့ အဝေးကနေကြည့်နေတာ ကိုကြီးခွပ်ဒေါင်းနဲ့ မနံ့တို့ပါသား

ကျောက်ခဲအပြောကို ကျော်ကြီးကဝင်ပြောသည်

" ငါကနတ်သားမို့နဲ့တူတယ် ငါကိုမမြင်ဘူး

" ဟီးဟီး ကျတော်ကစတာပါဂျာ

ကျောက်ခဲအပြောကိုအကုန်လုံးကသဘောကျနေပြီး ဝိုင်းစနေကြသည်။

ခွပ်ဒေါင်း ကတော့ ထိုစကားဝိုင်းထဲဝင်မပါဘဲ ကျောက်ခဲဘေးကလူကိုစိုက်ကြည့်နေလိုက်တယ် ။

ပဲများချင်လိုက်တာကလဲ လွန်ပါရောဗျာ ဒီလောက်နေပူနေတာတောင် အကျီလက်ရှည်ကဝတ်မလာဘူး  ခေါင်းမှကတော့ ဦးထုပ်ကြီးနဲ့ တကယ်လူဗျာ

" နေပူထဲ ထွက်တာတောင်  ခင်ဗျားတော်တော် လှချင်နေတာလား

အကုန်လုံးကအံ့ဩလျက်

" အသားအရည်ကဖြင့် မွေးကင်းစကလေးလောက်တောင် အပူ ဒဏ်မခံနိုင်ဘဲနဲ့နေပူထဲထွက်လာကို လက်ရှည်ကဝတ်မလာဘူး ကြည့်အုံးခင်ဗျားလက်တွေ နီရဲနေပြီ

နွေဦးကိုယ်လက်တွေကိုယ်ပြန်ကြည့်လိုက်တော့ သူပြောသလောက်မဆိုးပါ

နံ့သာ ဒေါင်းကိုကြည့်မိတော့ ဟိုလူကိုကြည့်ပြီး စိတ်ပူနေတဲ့ပုံနဲ့ နံ့သာလိုမိန်းကလေးတောင် နေပူထဲအကျီလက်ရှည်မပါဘဲထွက်ရင်တောင် ဘာတစ်ခွန်းမှမပြောတဲ့ ဒေါင်းကထိုလူကျတော့ စိတ်ပူပေးနေတယ်

"ငါက ယောင်္ကျားလေးပါ နေပူတာလောက် ခံနိုင်ပါတယ် ပြီးတော့ဘာမှလဲဖြစ်မသွားနိုင်ပါ

နွေဦီးပြောတာကိုဘာသဘောမကျတယ်တော့ မသိဘူး မျက်ခုံးတွေတွန့်ချိုးပြီး  သူဝတ်ထားတဲ့ ပုဆိုးကိုချွတ်ချလိုက်တဲ့သူကြောင့် နွေဦးမှ မျက်လုံးကို လက်နဲ့ ကွယ်ထားရတယ် ဘယ်လိုအရှက်မရှိလိုက်ပုံများ မိန်းကလေးရှိနေတာကို

"မင်းမင်း

"ဒေါင်း

"ဟာ ဘာဖြစ်လို့ ကွယ်ထားတာကြတာလဲ    အောက်မှာ‌ဘောင်းဘီပါပါတယ်

"မင်း မိန်းကလေးတစ်ယောက်ရှေ့မှာ ဒီလို လုပ်ရသလား

‌"နံ့သာနဲ့ကျုပ်ကဟိုးငယ်ငယ်လေးကတည်းကပေါင်းလာတဲ့သူတွေ အကုန်မြင်ဘူးတယ်

" ဒေါင်းဘာတွေပြောနေတာလဲ

နံ့သာဆိုတဲ့ကောင်မလေးက ရှက်ပြုံးပြုံးပြီး အဝေး ကိုထွက်သွားတော့သည်။

"အာစိကလဲဘာတွေပြောမှန်းမသိဘူး ဟိုကရှက်သွားပြီး

"ငါအမှန်ကိုပြောတာဘဲလေ မိန်းကလေးတွေများ ရှက်စရာမဟုတ်တာကျရှက်နေတယ်

"ကျောက်ခဲလာသွားမယ်

"နေအုံး !

ဟိုလူပုစိတ်တိုက ကျောက်ခဲလက်ကိုဆွဲပြီး ထွက်သွားဖို့ပြင်နေတာ ကြောင့် ခွပ်ဒေါင်း အမြန်တားလိုက်ရမယ် လူပုသလောက်စိတ်ကလဲ လက်တစ်ဆစ်ရယ်

‌"ပြောစရာရှိမြန်မြန်ပြော ငါတို့ကမင်းလိုအားယားနေတာမဟုတ်ဘူး

"ဘယ်သူကရော အားယားနေလို့ လဲ အားယားနေရင် လယ်ထဲတောင်ရောက်မနေဘူး

"ရော့ ဒီပုဆိုးကို ခြုံသွား ခင်ဗျားအသားတွေ မဲတူးကုန်ပြီး ကြိုက်မဲ့သူမရှိဘဲနေလိမ့်မယ်

"ကြိုက်မဲ့သူမရှိတော့လဲ ကောင်းတာဘဲလေ တစ်ယောက်ထဲအေးချမ်းတာပေါ့

ဒီလူနဲ့ပြိုင်ပြောရင်လဲနိုင်မှာမဟုတ်တာကြောင့်  ပုဆိုးကိုထိုလူပုစိတ်တိုပေါ် ခြုံပေးလိုက်ပြီး ပုဆိုးအစွန်းနှစ်ဖက်ကို တင်းနေအောင် ချီပေးလိုက်ပြီး ကျော်ကြီးကိုခေါ်တာ အမြန်ပြေးထွက်ခဲ့လိုက်တယ် မဟုတ်ရင် ပုဆိုးကိုပြန်ပေးနေမှာ

အပြေးအလွှားထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးပြုံးမိသည်။

" ကိုကြီးခွပ်ဒေါင်းကဆရာလေး အသားမဲမှာကိုစိတ်ပူနေတာနေမှာ

နွေဦးကိုသေချာစိုက်ကြည့်ပြီးပြောနေတာကြောင့်နွေဦးရှက်လာသည်

"မဟုတ်တာတွေပြောမနေနဲ့ လာသွားမယ်

ရှေ့ကနေထွက်သွားတဲ့ဆရာလေးနောက် ကျောက်ခဲအမြန်ပြေးလိုက်ရတော့တယ် ဒါလေးပြောတာကို ပါးတွေရီနဲ့နေပြီရှက်နေတယ်ထင်ပ

__&&___&&__&&

"အမေ သမီးသုံးစရာမရှိတော့လို့ မုန့်ဖိုးပေးပါအုံး

"ဟဲ့ ငါမနေ့ကမှ ပိုက်ဆံ ငါးသောင်းပေးလိုက်တာလေ မရှိတော့ဘူးလား 

"အဲ့လောက်နည်းနည်းလေးနဲ့ ဘယ်လိုလို့လောက်မှာလဲ အမေရာ သူငယ်ချင်းတွေနဲ့ မုန့်စားဖို့တောင်မရှိဘူး

ဒေါ်နန်းဒေဝီ တစ်ယောက်ခေါင်းသာခါနိုင်တော့သည်။ အခုချိန်မှစီးပွားရေးကမကောင်း  သမီးဖြစ်သူကမလိမ္မာနဲ့သေသာသေလိုက်ချင်သည်။

" ငါမှာလဲတစ်ပြားမှမရှိတော့ဘူးဟေ့ ညည်းအဖေကလဲအခုတလော အလုပ်အကိုင်ကအဆင်ပြေတာမဟုတ် ညည်းအကိုကအလုပ်ကလဲ ပိုက်ဆံမရ ငါကဘယ်ကနေပိုက်ဆံရမှာလဲ

"အမေကလဲ ဟိုကောင်ပိုက်ဆံတွေရှိတယ်မလား  အဲ့ထဲကပေးလိုက်လေ

"ဟဲ့အဲ့ပိုက်ဆံကသူကိုငါ တစ်ဝက်ပေးလိုက်ပြီး ကျန်တဲ့တစ်ဝက်ကလဲ ရှေ့နေက သူကိုယ်တိုင် ထုတ်မှပေးမှာ လေ

"အဲ့တာကြောင့်အမေကိုပြောပါတယ်အဲ့ကောင်ကို ဟိုမလွှတ်ပါနဲ့လို့ သူသာဒီမှာရှိရင် သူကို ရှေ့နေဆီကနေတောင်းခိုင်းလို့ရတယ် အခုတော့ ပိုက်ဆံရပေါက်ပိတ်ပြီမလား

"ညည်းလဲသူများဆီကဘဲအလကား လိုချင်မနေနဲ့  ညည်းကိုယ်တိုင်လဲ အလုပ်လုပ်ဖို့စဉ်းစား

"တော်ပြီအမေရာ ပိုက်ဆံလေးတောင်းတာကို အလုပ်ဘဲ‌ခိုင်းနေတယ် နောက်ခါဘယ်တော့မှ‌မတောင်းဘူး သွားပြီး

"သွားသွား ပြန်ကိုမလာနဲ့

ဒေါ်နန်းဒေဝီတစ်ယောက်ခုံပေါ်မှာစိတ်ပြတ်လတ်ပြတ်ထိုင်နေမိတယ်  ယောင်္ကျားလဲမနိုင်သမီးဖြစ်သူလဲမနိုင်နဲ့ ကြာရင်ရူးတောင်ရူးချင်သည်။

( Fbမှာ ssလေးတွေလာပြတာ 12ယောက်လောက်ရှိတာမလို့ upလိုက်ပြီနော် ဖြိုးကနာမည်ကြီးစာရေးသူမဟုတ်တော့ လူအနည်းငယ်လောက်ဘဲ လာပြကြတယ်

အခုချိန်မှအစစအရာရာဂရုစိုက်ပါ တက်နိင်တဲ့ဘက်ကနေလဲပါဝင်ကူညီကြဖို့ပြောချင်ပါတယ်❤️😗































Continue Reading

You'll Also Like

196K 14.9K 57
ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by Yushika Elina Date 25/07/2021
359K 66.7K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
931K 74.2K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
352K 24.3K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"