π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23
Episode:24

Episode: 8

1.2K 193 122
By sunflower06h

ပြိုင်ပွဲအပြီး အနိုင်ရရှိသူတို့သည် နန်းတော်ထဲရှိ အမှုထမ်းအဆောင်တွင် နေထိုင်ခွင့်ပါရရှိသည်ကြောင့် နန်းတော်ထဲဝင်ရန် အကြောင်းဖန်နေခဲ့သူ မျက်ဝန်းစိမ်းပိုင်ရှင် alphaအတွက် အခွင့်အရေးဖြစ်ခဲ့လေသည်။

"ခမ်းနားလှချည်လား။ ဒါကြောင့်လည်း မာနက မိုးထိုးနေတာကိုး"

ပြောင်ယောင်သော နန်းတော်၏ အဆောင်အယောင်တို့ကို ကြည့်ရင်း တီးတိုးပြောဆိုလိုက်သော စကား။ ရုပ်ဖျက်၍ ပုန်းနေခဲ့စဥ်က မျက်မြင်တွေ့ခဲ့ရသည့် သာယာဝပြောသော Eldoraပြည်၏ အနေအထားသည် အရှင်လာဗင်ဒါ​လေး၏ အုပ်ချုပ်မှုကောင်းမွန်ပုံကို ဖော်ကျူးနေခဲ့သည်လေ။

"မင်းတို့ သုံးယောက်ထဲက တစ်ယောက်ကို အရှင့်ကိုယ်ရံတော်အဖြစ် ပြန်ရွေးလိမ့်မယ်။ ကျန်တဲ့ နှစ်​ယောက်ကတော့ နန်းတော်အစောင့်လည်း ဖြစ်နိုင်တယ်။ ဒါက အရှင့်အလိုကျ ဖြစ်တာမို့ ဒါတော့ ငါတို့လည်း ဆုံးဖြတ်လို့မရတဲ့ကိစ္စပဲ"

ခန်းမဆောင်တွင်းတွင် စောင့်ဆိုင်းနေသော အနိုင်ရရှိသူ သုံးဦးထံ တာဝန်ခံတို့က လာရောက်အကြောင်းကြားလေသည့် စကားပင်။ ကိုယ်ရံတော်ရာထူးကြောင့် သည်လောက်ထိ သည်းသည်းမည်းမည်းပြိုင်ပြီးကာမှ နန်းတော်အစောင့်လည်း ဖြစ်သွားနိုင်သည်ဆိုသည်ကြောင့် မျက်နှာတို့ပျက်ယွင်းကာ လှုပ်လှုပ်ရှားရှားဖြစ်လာကြလေသည်။

သို့သော်လည်း မျက်နှာပျက်ယွင်းသူထဲတွင် ထယ်ဟျောင်းမပါဝင်ခဲ့။ အစကတည်းက လာဗင်ဒါလေး၏ စိန်ခေါ်မှုအား အနိုင်ပိုင်းကာ ဝတ်ရုံပြန်ယူရန်သာ စိတ်ကူးရှိခဲ့သည်မို့ ကိုယ်ရံတော်၊ နန်းတော်အစောင့် စသည့် ရာထူးများကိုလည်း စိတ်မဝင်စားပါလေ။

မူလအစီအစဥ်အား အကောင်အထည်ဖော်ရန် နန်းတွင်းထဲ မျက်စိကစားမိတော့ ပြိုင်ပွဲကြောင့်ပင်လား အစောင့်များက ထင်သည်ထက် အလုပ်ရှုပ်၍နေကြသည်။ ထိုအချက်က သူ့အတွက် အခွင့်ကောင်းပင်လေ။ ဝတ်ရုံလေးအား ပြန်ယူရန် အချိန်ကောင်းဖြစ်သလို မာနခဲလေးထံမှ အလျော်အစားကိုလည်း အရယူရပါဦးမည်။

ထို့ကြောင့် နန်းဆောင်နေရာအတိအကျ မသိသော်လည်း လာဗင်ဒါလေး၏ နန်းဆောင်ကို အရောက်သွားရန် ဆုံးဖြတ်လိုက်သည်။ နန်းတွင်းထဲတောင် ရောက်ခဲ့ပြီးနေမှတော့ သိပ်မခက်ခဲနိုင်တော့ပါလေ။

•••••

လုံခြုံရေးတင်းကျပ်သည်ဟူသည့် စကားသည် အလကားတော့ ပြောခဲ့လေဟန်မတူပါ။ ပြိုင်ပွဲနေ့မို့ အစောင့်အကြပ်လျော့ပါးနေသည်ကိုတောင် ကျန်ရှိသော အစောင့်တို့က မနည်းမနောပေ။ သို့သော်လည်း သွားပါများ ခရီးရောက်ဆိုသည့်အတိုင်း အစောင့်အထပ်ထပ်နှင့် အခြွေအရံအထပ်ထပ်အား ရှောင်ရှားဖြတ်သန်းပြီးနောက် အရှင့်နန်းဆောင် ဖြစ်ဟန်ပေါ်သည့်နေရာသို့ ရောက်ရှိလေသည်။ ကျွန်းတံခါးချပ်ပေါ်တွင် ကနုတ်လှလှများနှင့် ခရမ်းစွဲရောင် ကျောက်ကြီးကြီးအား အလှဆင်ထားသည်ကြောင့် နန်းတော်ထဲတွင် အခမ်းနားဆုံး တံခါးပင် ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းသည်ကတော့ ထိုကျွန်းတံခါးရှေ့တွင် အစောင့်နှင့်အခြွေအရံ တစ်ယောက်မျှ ရှိမနေချင်းပင်။ ဘုရင့်နန်းဆောင်ဖြစ်နေသည်ကို တာဝန်ပေါ့ဆသည်လား အမိန့်ဖြင့်ရှောင်ရှားခိုင်းထားသည်လားတော့ တပ်အပ် မပြောနိုင်ပေ။ သို့မဟုတ် လာဗင်ဒါလေးရှိမနေချင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဒါဆိုလျှင်တော့ သူ့အတွက်ပို၍ အခွင့်အခါသင့်ပါသည်လေ။ သံသယများလွန်းသော လာဗင်ဒါလေးက ကိုယ်တိုင်စိန်ခေါ်ထားပြီးမှ အမျိုးစုံသော စွပ်စွဲချက်တို့နှင့် ထပ်စွပ်စွဲပါလျှင် အခန့်မသင့်ပဲ အချုပ်ကျကာ အနှိပ်စက်က ခံရဦးမည်လေ။

ဘေးဘီဝဲယာ ပတ်ဝန်းကျင် အခြေအနေအား တစ်ချက်ကြည့်ကာ ကျွန်းတံခါးခမ်းခမ်းနားနားကြီးအား တွန်းဖွင့်ကာ ဝင်လာတော့ သူ့အထင်နှင့် ခြားနားစွာ အခန်းတွင်းတွင် ချိုအီသော လာဗင်ဒါနံ့တို့က ကြိုင်လျက်။ သို့သော် လူကိုယ်တိုင်အစား သရဖူလှလှနှင့် သားသားနားနား အဝတ်အစားအချို့ကသာ ဆီးကြိုနေလေသည်။ ရေချိုးသန့်စင်ရန် သွားနေခဲ့ပုံပင်။

သလွန်ပေါ်တွင် ခေါက်လျက်သားရှိနေသော မိမိ ဝတ်ရုံအား မြင်လိုက်ရချိန်တွင်တော့ ချစ်သူဟောင်းနှင့် ပြန်ဆုံဆည်းရသလို ဝမ်းသာအားရ ပြေးယူမိတော့သည်။ အရောင်အဆင်းတောက်ပသည့် အကောင်းစားဝတ်ရုံ မဟုတ်သည့်တိုင် သူ့အတွက်တော့ အဖိုးတန်လှသည်မို့ ပျောက်သွားသည့်အချိန်တွင် အင်မတန်မှ ခေါင်းနပမ်းကြီးခဲ့ရသည်လေ။

ထို့နောက် အာရုံထဲဝင်လာသည်က မှန်တင်ခုံပေါ်တွင် ကျနစွာ နေရာချထားသော ခရမ်းစွဲရောင်ကျောက်တို့ဖြင့် စီချယ်ထားသည့် သရဖူ။ အရည်လဲ့ကာနေသော ခရမ်းစွဲရောင်ကျောက်တို့အား ရွှေဖြူဖြင့် ပြန်၍ကွန့်ကာ ပုံဖော်ထားသည်က  ပြိုးပြိုးပြက်ပြက် တောက်ပကာ သရဖူပိုင်ရှင်ကဲ့သို့ ခမ်းနား၍ အဖိုးတန်စွာ လှပပါသည်။ သို့သော်လည်း လရောင်အောက်တွင် တလက်လက်တောက်ပနေခဲ့သော သရဖူပိုင်ရှင်၏ ခရမ်းစွဲရောင် မျက်ဝန်းဝိုင်းတို့ကိုတော့ မှီလိမ့်မည် မထင်ပါ။

"မာနဒေါသကြီးပြီး တဇွတ်ထိုးလုပ်တာလေးသာ ပြင်လိုက်ရင် တော်တော်ပြီးပြည့်စုံသွားမှာပဲ"

မာနခဲလေး အရှင်သည် alphaများကဲ့သို့ သန်မာသည်မှာ ငြင်း၍ မရသော်လည်း နုငယ်ချောမောသော မျက်နှာကလေးနှင့် မျက်ဝန်းဝိုင်းတို့သည် သာမန်omegaများထက် ထူးခြားသော တော်ဝင်မျိုးရိုးမြင့်omegaလေးမှန်း သိသာပါသည်။ omegaဟူသည် အားနွဲ့ကာ နူးညံ့သည်ဟူ၍သာ လက်ခံထားကြသော လူ့အဖွဲ့အစည်းက ဩဇာနှင့် လက်ရုံးရည် ပြည့်စုံသော အရှင်အား စံနှုန်းများနှင့် သွေဖယ်နေသည်ကြောင့်သာ မထင်ရဲ​ကြသော်လည်း ထယ်ဟျောင်းကတော့ စတွေ့ကတည်းက သာမန်မဟုတ်ကြောင်း ရိပ်စားခဲ့ပါသည်။ ထိုသို့တော်ဝင်ဆန်ကာ အဖိုးထိုက်တန်သည့် အလှတရားလေးက မာနဒေါသကြီးနေခြင်းကိုလည်း သိပ်နှမြောမိပါသည်။

"ရာရာစစ ဘုရင့်နန်းဆောင်ထိ ကျူးကျော်ပြီး ဘာလုပ်တာလဲ? ပြိုင်ပွဲမှာ အနိုင်ရတာနဲ့ အဲ့လိုဝင်ထွက်ခွင့်ရမယ် ထင်နေတာလား"

ကျောဘက်မှ ကြားလိုက်ရသည့် မာန်ပါပါအသံငယ်ကြောင့် လှည့်ကြည့်မိတော့ alphaမှာ မှင်သက်ရပြန်သည်။လောလောလတ်လတ်ပင် ရေချိုးသန့်စင်ပြီးဟန်တူသည့် အရှင်သည် ဝတ်ရုံတော် အပါးလေးကိုသာ ခြုံထား၍ ခါးသိမ်သိမ်လေး၏ ကောက်ကြောင်းမှာ အထင်းသားပေါ်လွင်ကာနေသည်။ ဆံသားနက်နက်တို့မှ ရေစက်တို့မှာလည်း ဖြူချောချော မျက်နှာငယ်ပေါ်သို့ စီးဆင်းနေသည်ကြောင့် ဆွဲဆောင်မှုရှိစွာ လှနေသည်မှာ အသက်ရှူမှားလောက်အောင်ပင် ဖြစ်သည်။

"ဘာလုပ်နေတာလဲ! ကိုယ်တော့်ရဲ့ နန်းဆောင်ထဲမှာ"

"ကတိကို မေ့သွားပြီထင်တယ်။ ကျုပ်ဝတ်ရုံကို ပြန်လာယူတာလေ။"

သူက တင်းမှတော့ ကိုယ်ကလည်း မလျှော့နိုင်ပါ။ ကတိအတိုင်း နန်းဆောင်ထဲမှာ ဝတ်ရုံလာယူဆို့လို့ လာယူခဲ့တာလေ။ သူခိုးသူဝှက်တွေ့သည့်အလား တုံ့ပြန်ပြသည်ကတော့ လွန်ပါသည်။

"ဝတ်ရုံကို လာယူတဲ့သူက သရဖူကို ဘာလို့ အကြံသမားလို စိုက်ကြည့်နေတာလဲ။ ဘာလုပ်ဖို့ကြံနေတာလဲ ခင်ဗျား"

"လှလို့ပါ။ ဒီလောက်လှတဲ့ သရဖူမမြင်ဖူးလို့"

ပြောရင်းနှင့်ပင် တဖြေးတဖြေး အနီးသို့တိုးကပ်လာတော့ အရှင်လေးမှာ ခြေလှမ်းနှစ်လှမ်းလောက်ပင် နောက်သို့ဆုတ်သွားရသည်။

"ဒါပေမယ့် မညာတမ်း ဝန်ခံရရင်တော့ လရောင်အောက်က ခရမ်းစွဲရောင် မျက်ဝန်းလေးတွေကိုတော့ မမှီဘူး"

မေးဖျားလေးအား လက်ဖြင့် ဆွဲမော့ကာ ဆိုလိုက်တော့ ရှောင်ဖယ်မသွားပဲ တည့်တည့်ပင် စိုက်ကြည့်လာသော အရှင်။ တဆက်တည်းမှာပင် လည်ပင်းသို့ ထိကပ်လာသည့် အေးစက်ချွန်မြသည့် အထိအတွေ့ကြောင့် ထယ်ဟျောင်းတစ်ယောက် အသံထွက်အောင် ရယ်လိုက်မိကာ

"စိတ်​ကြီးလိုက်တာ"

"လည်ပင်းပြတ်မသွားချင်ရင် အဲဒီ့ စော်ကားမော်ကားလုပ်နေတဲ့ လက်ကို ဖယ်လိုက်"

"ဖယ်မှာပါ။ မင်း သိပ်စိတ်ကြီးတာပဲ လာဗင်ဒါရယ်"

ခပ်ဟဟရယ်ကာ နီးကပ်နေသည့် အကွာအဝေးကို လျော့ကျစေသော ထိုalpha။ လည်ပင်းကို ဓားထောက်ခံရတာတောင် ရယ်နိုင်သေးသတဲ့လား။ သူ့ကို မထီမဲ့မြင်လုပ်နေတာများလား အခု။

"အခု နန်းဆောင်ထဲကိုလည်း ရောက်အောင် ဝင်နိုင်ပြီဆိုတော့ ဝတ်ရုံပြန်ယူလို့ ရပြီမဟုတ်လား"

ဝတ်ရုံကို မြှောက်ပြကာ မေးလာသည့် ထိုalphaကြောင့် အံ့ဩရပြန်သည်။ မဟုတ်မှ... ဒီဝတ်ရုံအတွက်နှင့် ကိုယ်ရံတော်ရွေးပွဲမှာ သေလုမျောပါးဖြစ်ခါနီးအထိ ပြိုင်ခဲ့တာတဲ့လား

"ဝတ်ရုံပြန်လိုချင်ရုံသက်သက်နဲ့ ကိုယ်ရံတော် ရွေးပွဲကို ဝင်ပြိုင်ခဲ့တာလား"

"အင်း။ မင်းပဲ နန်းဆောင်ထဲကို ရောက်အောင်လာခဲ့ဆိုလို့လေ။ သမာသမတ်ကျတဲ့ နည်းလမ်းနဲ့ရောက်အောင် လာတော့ ပိုမကောင်းဘူးလားလို့။ အင်း... သေမလိုဖြစ်သွားတာလေးကတော့ အဆစ်ပေါ့"

ဆေးမိထားသည့် alphaနှင့် သတ်ပုတ်ရင်း အသက်ဘေးကြုံရခါနီးထိ ဖြစ်ရသည်အထိတောင် လက်မလျှော့ရလောက်အောင် ထိုဝတ်ရုံက ဘယ်လောက်ထိများ အရေးပါနေလို့လဲဟုပင် ပြန်၍ မေးလိုက်ချင်သည်။ ဒီအတိုင်းဆိုလျှင် သူ့ဆီမှာ ယူထားရန်လည်း မလွယ်ပါလေ။

"မေးနေတာကို မဖြေဘူးပဲ။ ခင်ဗျားလေးပဲ စိန်ခေါ်တုန်းက ခေါ်ပြီးတော့"

စွန့်စွန့်စားစား သူ့နန်းဆောင်ထဲထိ ဝတ်ရုံပြန်လာယူသည့်လူအား မပေးဘူးလို့ ငြင်းလွှတ်လျှင်လည်း လွန်ရာသာ ကျတော့မည်။ ပြန်ပေးလိုက်လျှင်လည်း မိမိက ဒုက္ခများဦးမည်ဖြစ်သည်ကြောင့် အရှင်လာဗင်ဒါလေး အခက်တွေ့ရပြန်ပါပြီ။

"အာ.. နောက်ပြီး အကူအညီပေးခဲ့လို့ ကျေးဇူးပဲ လာဗင်ဒါ"

"ဘာကို ပြောချင်တာလဲ"

"ပြိုင်ပွဲတုန်းကလေ။ မင်းရဲ့ အနံ့ကြောင့် ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တာ"

လာဗင်ဒါလေး၏ စိုးရိမ်စိတ်ကြောင့် အကူအညီဖြစ်ခဲ့သည်မှာ မှန်သော်လည်း ဝန်မခံချင်သည်ကြောင့် ဟန်ကိုယ့်ဖို့သာ လုပ်လိုက်ကာ

"အဲဒါ ကိုယ်တော့်ရဲ့ နန်းတော်မှာ မလိုလားပဲ သွေးထွက်သံယိုဖြစ်မှာကို မလိုလားလို့ပါ"

"ဪ အဲ့ဒီလိုလား... အပြစ်မရှိတဲ့ သူကိုကျ အချုပ်ထဲ ခေါ်နှိပ်စက်တယ်နော်"

ရုတ်ချည်းဆိုသလို လေသံပြောင်းသွားလေသည့် ထိုalpha။ ချုပ်နှောင်နှိပ်စက်ခံခဲ့ရသည်ကို ခုထိ မကျေနပ်သေးဟန်ပေါ်လေသည်။ သူ့ဘက်က ကျေးဇူးကန်းသကဲ့သို့ လွန်သွားခဲ့သည်မှာ မှန်သော်လည်း ဒီလောက်ထိတော့ တေးထားစရာမလိုဘူး ထင်ပါသည်။ အလျော်အစား နစ်နာကြေးလည်း မနည်းနောအောင် ပေးခဲ့သည်ပဲဟာ။

"တောင်းပန်တဲ့အနေနဲ့ နစ်နာကြေး လုံလုံလောက်လောက် ပေးခဲ့တယ်လေ"

"ကျုပ်လိုချင်တာ နစ်နာကြေးမှ မဟုတ်တာ"

"ဘ-ဘာကိုပြောချင်တာလဲ"

အိပ်မက်ဆိုးကြီးက အာရုံထဲ ပြန်ပေါ်လာသည်ကြောင့် အနည်းငယ်တော့ ထိတ်လန့်စွာ မေးခွန်းပြန်ထုတ်လိုက်မိသည်မှာ စကားတောင် လင်္ကာမချောတော့သည်အထိ။ နစ်နာကြေးလည်း လုံလုံလောက်လောက်ပေးခဲ့သည်ကို သူ့ဆီမှ ဘာတွေများ ထပ်၍ လိုချင်နေသေးတာလဲ ဒီalphaက။

"ကိုဓဥပဒေကို ကြားဖူးလား? မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံး။ သွားတစ်ချောင်းဆုံးရင် သွားတစ်ချောင်းဆိုတာလေ။"

"ပြောချင်တာက ကျုပ်ကို ပြန်နှိပ်စက်ချင်တာလား? လွယ်မယ်လို့ထင်နေလား ခင်ဗျား?"

"မဟုတ်တာ။ ကျုပ်က တချို့သူတွေလို အကြောင်းမဲ့ တဖက်သား အသားနာအောင် လုပ်ရက်တဲ့သူမျိုး မဟုတ်ဘူးလေ။ အဲဒီအစား အလျော်အစားကိုတော့ ပြန်ယူရမှာပေါ့"

တဖြည်းဖြည်းနှင့် ပို၍လှိုင်ထလာသော မိုးရနံ့ကြောင့် အရှင်လာဗင်ဒါလေး၏ ကိုယ်ပူချိန်တို့ တိုးလာသလို ခံစားရတော့သည်။

မဟုတ်မှလွဲရော...ဒီလူ အခု သူ့ကို heatဖြစ်အောင် လုပ်နေတာလား?

"ခင်ဗျား! မယုတ်မာနဲ့ ကင်မ်ထယ်ဟျောင်း!"

ခေါင်းကြိမ်းလောက်သည်အထိ ပြည့်လျှံလာသည့် မိုးရနံ့နှင့် လာဗင်ဒါရနံ့တို့၏ ပေါင်းဖက်မှု။ မျက်ဝန်းဝိုင်းဝိုင်းတို့သည်လည်း ခရမ်းဆွဲရောင်သို့ အသွင်ပြောင်းလေကာ အားအင်တို့ တစ်ဝက်ခန့်ဆုတ်ယုတ်သွားသလိုလည်း ခံစားရလေတော့သည်။

"ဒါနဲ့ heatဖြစ်တော့မှာလား မင်း အနံ့တွေ သိပ်ပြင်းနေတယ် လာဗင်ဒါ"

"လူ...ယုတ်မာ။"

သူ့အပြောအား အရေးမစိုက်ဟန် ခပ်ထေ့ထေ့ပြုံးကာ အနားသို့ တဖန် ပြန်၍ တိုးကပ်လာသော ထိုalpha။ ရွှေရောင် ဓားမြှောင်လေးအား ခပ်တင်းတင်းဆုပ်ထားခဲ့သည့် သူ့လက်တို့သည် အားလျော့နေသည်ကြောင့် လျော့ရဲသွားသည့်အခါ ထိုalphaက ဓားမြှောင်ကို ယူ၍ သလွန်ရှိရာဘက်သို့ ပစ်လိုက်လေသည်။

ထို့နောက် သူ့ခါးတဝိုက်သို့ ရောက်လာသည့် လက်ဝါးပြင်ကျယ်ကြီးများ။ ခါးမှထိန်း၍ အနီးသို့ ပို၍တိုးကပ်စေလိုက်လေသည်။ ရုန်းကန်ချင်ပါသော်လည်း ထုံဆေးမိထားသကဲ့သို့ မိုးရနံ့ပြင်းပြင်းကြောင့် အားလျော့နေသော အရှင်လာဗင်ဒါလေးမှာ စူးရဲစွာသာ ပြန်၍ ကြည့်နိုင်တော့သည်။

ထို့နောက်တွင်တော့ နှုတ်ခမ်းဖူး စိုစိုရဲရဲလေးနှင့် ထပ်တူကျသွားသော ကကြီးပုံ နှုတ်ခမ်းတို့။ မိုးမခတောတွင် ပေးခဲ့သော ပထမဆုံးအနမ်းနှင့် မတူပဲ အငြှိုးဖြင့် ပေးသည်ထင်ရအောင် ပြင်းရှလေသည်။

ဘယ်မှညာ ညာမှဘယ် ယိမ်းယိုင်တိမ်းစောင်း၍ အသက်ရှူချိန်ပင် ကောင်းကောင်းမရအောင် နမ်းရှိုက်နေပါသော ထိုalphaသည် အမှန်ပင် အငြှိုးဖြင့် နမ်းနေခဲ့သည်ပဲ။ တချက်တချက်တွင် အောက်နှုတ်ခမ်းဖောင်းလေးကိုတောင် တတိတိနှင့် ကိုက်ဆွဲပြန်သေးသည်။ အသက်ရှူကျပ်လာ၍ ရင်ဘတ်ကို အတင်းတွန်းထုတ်မိသည်ကိုတောင် ဘယ်ကအားတွေဖြင့် တောင့်ခံနေမှန်းမသိ။ တစက်လေးမှပင် မရွေ့ပါလေ။

မိနစ်ပိုင်းမျှကြာပြီးချိန်တွင်တော့ သွေးစို့ကာ ရောင်ရမ်းသွားလေသော အရှင့်နှုတ်ခမ်းဖူးလေး။ ရုန်းကန်ထားသည်ကြောင့် ဖရိုဖရဲဖြစ်နေသော ဆံပင်တို့နှင့် တမျိုး​လေးပင် လှနေပါသေးသည်။

*ဖြန်း!*

ဒေါသအိုး အလှတရားလေးအား တမေ့တမောကြည့်မိနေစဥ်မှာပင် စပ်ဖျင်းဖျင်းဖြစ်သွားသော ပါးတဖက်ကြောင့် အတော်လေး လက်သံပြောင်ကြောင်း ထယ်ဟျောင်း ကောက်ချက်ချမိတော့သည်။ အစက မောက်မာလွန်းသော လာဗင်ဒါလေးအား ပညာပေးချင်ရုံသဘောဖြင့် ခြောက်လှန့်ရုံမျှသာ စဥ်းစားခဲ့သော်လည်း ညှို့ယူဆွဲငင်သော လာဗင်ဒါအနံ့၏နောက် စိတ်မထိန်းနိုင်စွာ အလွတ်မပေးပဲ နမ်းရှိုက်မိပါသည်။ သို့ပေမယ့် အခြား ယုတ်မာလိုသည့် သဘော မပါခဲ့သည်ကိုတော့ ကျိန်ဆိုတိုင်တည်နိုင်ပါသည်။

အလွန်အလွန်ထပ်၍ မဖြစ်ရလေအောင် စိတ်ကြီးလွန်းသော လာဗင်ဒါလေးအား လက်ကောက်ဝတ်နှစ်ဖက်မှ ချုပ်ထားမိတော့ အသံစာစာနှင့် အော်ဟစ်ရင်း ရုန်းကန်နေလေသည်။ မသိရင် ထယ်ဟျောင်းကပဲ အကြီးအကျယ် ယုတ်မာခဲ့သလိုလိုပင်။

"အတင့်ရဲလိုက်တဲ့လူ! လူယုတ်မာ! အရိုင်းအစိုင်း! ငါ့ကို လွှတ်စမ်း!"

"ကျုပ်က မင်းကို နမ်းရုံနမ်းလိုက်တာ။ ဘယ့်နှယ် ဘဝကြီးကို ​ဖျက်ဆီးသွားတဲ့သူလို သောင်းကျန်းနေတာတုန်း။ မင်းကြောင့် ကြာပွတ်နဲ့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတောင် ခုထိအရှင်းမပျောက်သေးတာ ဒီလောက်တော့ ပြန်လုပ်သင့်တယ်လို့မထင်ဘူးလား"

"တခြား လက်တုံ့ပြန်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတာ။ ဘာလို့ ငါ့နှုတ်ခမ်းကိုမှလဲ အရိုင်းအစိုင်းရဲ့!"

"လှလို့လေ လှလို့"

"ခင်ဗျား!!"

မလျှော့ပဲ ပို၍ပင် တင်းလာသည့် မာနခဲလေးကြောင့် ထယ်ဟျောင်း သက်ပြင်းချလိုက်ကာ ချုပ်နှောင်ထားသည့် လက်အစုံတို့အား လွှတ်ပေးလိုက်သည်။ အသားအရည်ဖြူဝင်းသူမို့ ချုပ်ကိုင်ထားမိသည့် လက်ကောက်ဝတ်နေရာမှာ နီမြန်း၍တောင် နေလေသည်ကြောင့် ဆက်၍ ချုပ်ထားပါလျှင်လည်း လာဗင်ဒါလေး ပို၍ နာရုံသာရှိလိမ့်မည်လေ။

"ခုလို အင်အားသုံးပြီး အနိုင်ကျင့်တာကို မနှစ်မျို့ဘူးမလား? ဒါဆို ကိုယ်တိုင်ကလည်း အုပ်ချုပ်သူဖြစ်ပြီး အာဏာကိုသုံး အနိုင်ကျင့်တာကို ရှောင်ရမယ်လေ။ ကျုပ်ပစ္စည်းကို အသားလွတ်ယူထားပြီး ကျုပ်ကို နှိပ်စက်ခဲ့တာရဲ့ အဖိုးအခပဲ။ ခင်ဗျားလေးအပေါ် ဘာစိတ်မှ မရှိဘူး။ ဒီအတိုင်း ပညာပေးချင်ရုံသက်သက်ပဲ။"

နေပါဦး အခု သူ့ကိုပြန်ဆုံးမနေတာလား? ဒီအညတရ alphaကလေ??

"အခု ဝတ်ရုံလည်း ပြန်ရပြီဆိုတော့ ကျုပ်လည်း ပြန်တော့မယ်။ အမျှော်အမြင်ရှိစွာ အုပ်ချုပ်ပါ လာဗင်ဒါ"

ခေါက်လျက်သားရှိနေသော ဝတ်ရုံအား ယူရင်း ထွက်သွားလေသည့် ထိုalpha။ တကယ်ဆို အကြောင်းစုံရှင်းပြကာ ဝတ်ရုံကို ပြန်တောင်းရင် ရနိုင်သော်လည်း မာနလေးက ခံနေသည်မို့ ပြောမထွက်။ တလွင့်လွင့်ပျံ့နေသော လာဗင်ဒါအနံ့တို့အား တည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန် ကြိုးစား၍သာ နေလေတော့သည်။ ထိုalphaကသာ လက်တုံ့ပြန်သည့် သဘောဖြင့် အကြမ်းပတမ်း နမ်းသွားခဲ့သော်လည်း အခန့်မသင့်၍ လာဗင်ဒါလေးသာ ထဖောက်ခဲ့ပါလျှင် ဝတ်ရုံလည်း မရှိပဲ အရှင့်မှာ ရင်ဆိုင်ရ ခက်ခဲချေတော့မည်။

•••••

လာဗင်ဒါလေး၏ နန်းဆောင်မှ လာရာလမ်းအတိုင်း ပြန်ခဲ့လေတော့ ကံကောင်းစွာဖြင့် အလာတုန်းကထက်ပို၍ အစောင့်အကြပ်တို့ လျော့ပါးသည်ကြောင့် သက်သာလေသည်။ တာဝန်လဲချိန် ဖြစ်ပုံပါပဲ။

စင်္ကြံဘက်မှ ကွေ့ချိုး၍ လှေကားမှ ဆင်းလိုက်လျှင် ခန်းမဆောင်နှင့် ထွက်ပေါက်ကို နီးပြီဖြစ်သည်ကြောင့် လှေကားဘက်သို့ ဦးတည်လိုက်သော်လည်း ရုတ်တရက် အာရုံထဲဝင်လာသော တီးတိုးပြောဆိုသံတို့ကြောင့် နံရံအကွယ်မှ ကပ်၍ အာရုံစိုက် နားထောင်မိတော့သည်။ စပ်စုချင်၍တော့ မဟုတ်ပါ။ တာဝန်ခံ အမတ်ဖြစ်ဟန်ပေါ်သော လူသုံးယောက်က ကိုယ်ရံတော် ပြိုင်ပွဲအကြောင်း ဆွေးနွေးနေဟန်ပေါ်သည်ကြောင့်ပင် ဖြစ်သည်။

"နိုင်သွားတဲ့ထဲက မျက်လုံးစိမ်းနဲ့ alphaက တော်တော် တော်တယ်နော်"

"ဟုတ်ပါ့။ ကျုပ်ဆို သူ့ကိုသေပြီထင်ထားတာ။ နောက်ဆုံးပွဲမှာ သူနဲ့ပြိုင်ရတဲ့လူက အရမ်းကမူးကရှုးထိုးဖြစ်နေလို့လေ။"

မသေရုံတမယ် ယှဥ်သတ်ခဲ့ရသော်လည်း ဒီလိုချီးကျူးစကား ကြားရလေတော့ ဂုဏ်ယူမိပါသည်။ သင်ယူခဲ့ဖူးသော ကိုယ်ခံပညာတို့က အလကားတော့ မဟုတ်ခဲ့သည်ကိုး။

"တကယ်ဆို betaတွေအစား alpha ၃ယောက်ဆို ပိုကောင်းမှာ"

"ဟုတ်ပါ့ နန်းတွင်းလုံခြုံရေးအတွက် ပိုစိတ်ချရတာပေါ့။ အရှင်ကလည်း ဘာလို့alphaဆို နန်းတော်ထဲ မသွင်းချင်မှန်းမသိဘူးနော်"

အကြောင်းအရာက ပြိုင်ပွဲမှ လာဗင်ဒါလေးဆီသို့ ကူးပြောင်းသွားသည့်အခါ ပို၍ အာရုံစိုက် နားထောင်မိတော့သည်။ အုပ်ချုပ်သူအား အုပ်ချုပ်ခံတို့က မြင်သည့် အမြင်တို့မှာလည်း အရေးကြီးသည်မဟုတ်လား။

"ကိုယ်တိုင်က alphaဆိုတော့ ဂူတစ်ခုတည်းမှာ ခြင်္သေ့ပေါင်းများစွာရှိနေတာမျိုး မလိုလားလို့နေမှာပေါ့"

"တကယ်ဆို ဒါက အငုံ့စိတ်ပဲနော်။ ကိုယ့်အရည်အချင်းကို ယုံတယ်ဆို ဒီလိုဖြစ်နေစရာအကြောင်းမှ မရှိတာ"

"ကျုပ်တို့ လူသိမခံနိုင်လောက်မယ့် အားနည်းချက်မျိုးရှိနေတာလားမှ မသိတာ။ ခုချိန်ထိ နန်းဆက်ကော ကြင်ယာဘက်ပါ မရှိသေးတာကိုပဲ ကြည့်လေ။"

မာနကြီးကာ တဇွတ်ထိုးဆန်သည်ဟု ကောက်ချက်ချခဲ့သော်လည်း လာဗင်ဒါလေးအား သည်လိုပြောဆိုနေသည်ကို ကြားရပြန်သည့်အခါ ထယ်ဟျောင်းမခံနိုင်။ မာနဒေါသကြီးသည်ကို မနှစ်သက်သော်လည်း ပြည့်ဝသော လက်ရုံးရည်နှင့် အရည်အချင်းကတော့ ငြင်း၍မရသည်လေ။  နောက်ပြီး လူအများက အားနွဲ့၍ လုပ်နိုင်စွမ်းနည်းပါးသည်ဟု သတ်မှတ်သည့် omegaတစ်ဦးက စံနှုန်းတို့ကို ချိုးဖောက်ကာ  တိုင်းပြည်တစ်ခု၏ အရှင်အဖြစ် သာယာဝပြောအောင် အုပ်ချုပ်နိုင်သည်မှာ ဘယ်လောက်တောင် ချီးကျူးစရာကောင်းလိုက်သလဲ။

ကိုယ်ရံတော်ပြိုင်ပွဲအတွက် မြို့ထဲတွင် ခေတ္တမျှ ခိုနားခဲ့သော ထယ်ဟျောင်းပင် ဒီလောက်သိပါလျှင် တချိန်လုံး ဘေးတွင်ခစားရသည့် အမတ်ဆိုသည့်လူတို့က ပိုလို့တောင် သိသင့်သည်မဟုတ်လား။ ဘယ့်နှယ်တောင် ဘုရင့်အပါးခစားပြီး  ဘုရင့်အကြောင်း လက်လွတ်စပယ် ပြောထွက်နိုင်ကြသလဲ။

"အရင်မင်းကြီးတုန်းက ဒီအရွယ်မှာ ကြင်ဖက်ရနေပြီလေ။ မိဖုရားကြီးရဲ့ ချို့ယွင်းချက်ကြောင့်သာ အရှင့်ကို နောက်ကျမှမွေးခဲ့တာ။ အခု ကျုပ်တို့ရဲ့ အရှင်ကတော့ ကြင်ယာတော်မပြောနဲ့ ကမ်းလှမ်းသမျှကိုတောင် ငြင်းလွှတ်နေတာ။ မသိရင် omegaလေးလိုပဲ"

"မကြံကြီးမစည်ရာ အရှင်က ဘယ်နှယ်လုပ်omegaဖြစ်မှာလဲ။ omegaဆိုတာ ဒီလောက်ပျော့တိပျော့ဖတ်နဲ့ဟာ။ ​omegaတစ်ယောက်ရဲ့ အုပ်ချုပ်တာသာ ခံရမယ်ဆို ကျုပ်ဖြင့်ရှက်လို့သေမှာ"

တကယ့်ကို ရှေးရိုးစွဲခေါက်ရိုးကျိုး အမတ်တွေပါလားဟု ကောက်ချက်ချလိုက်မိတော့သည်။ ဘယ်သူကပဲ အုပ်ချုပ်အုပ်ချုပ် အရည်အချင်းရှိရန်က အဓိက မဟုတ်လား။ အတော်​လေးကို အမြင်ကျဥ်းမြောင်းလိုက်ကြပါဘိ။

"ဥပမာပြောပြတာပါ။ omegaထဲမှာမှ ​မျိုးရိုးမြင့်တဲ့ မိသားစုတွေဆို ကြင်ယာဖက်ကိစ္စကို သိပ်ဈေးကိုင်ကြတာလေ။ အနည်းဆုံးတော့ ဘုရင့်အမှုထမ်းလောက်မှ ဆိုတာမျိုးတွေ။ အရှင်ကလည်း အခု ကြင်ယာတော် ကိစ္စကို တအားဈေးကိုင်နေလို့လေ။"

"ခင်ဗျားတို့ကသာ ဘုရင့်အမှုထမ်း။ ကျုပ်သိသမျှ omegaတွေကတော့ ဘုရင့်ကြင်ယာတော်နေရာချည်း တက်မှန်းကြတာ။ အေးလေ။ မျိုးဆက်ပွားပေးပြီး အဖြည့်ခံဖြစ်ရမယ့်တူတူ ဘုရင့်အဖြည့်ခံ ဖြစ်ရတာက တော်သေးမှာပေါ့ နားလည်ပါတယ်လေ။"

alphaတို့ကို နတ်ဘုရားသဖွယ်မြှောက်ပင့်ကာ omegaဆိုသည်နှင့် မျိုးဆက်ပွား​​​ပေးရုံအပြင် မပိုသည့် အားနွဲ့သော အမျိုးအစားတစ်ခုကဲ့သို့ သတ်မှတ်ကျသော အမြင်ကျဥ်းမြောင်းသည့် ရှေးရိုးစွဲ လူတစ်စုက တိုင်းပြည်တစ်ပြည်ရဲ့ အမတ်နေရာမှာရှိနေကြသည်တဲ့လား။ ကိုယ်တိုင်က alphaဖြစ်ပါသော်လည်း ထိုစကားများကြောင့် ထယ်ဟျောင်းတောင် ဒေါသဖြစ်လာရတော့သည်။ လာဗင်ဒါလေးသာဆို ဘယ်လောက်ထိ အမျက်ထွက်လိုက်မလဲ။ ဒါ့အပြင် ထိုလူများကြားတွင် omega အုပ်ချုပ်သူ တစ်ဦးအဖြစ်ရှိနေရသည့် လာဗင်ဒါလေးမှာလည်း အမှန်ပင် မလွယ်ကူလောက်ကြောင်း တွက်ဆမိသည်မို့ သနားမိသွားတော့သည်။ 

တကယ်ဆို မိုးမခတောတွင် ဆုံခဲ့ကြစဥ်ကတည်းက ထိုလာဗင်ဒါလေးနှင့် ရင်းနှီးချင်ခဲ့မိသည်။ သို့သော်လည်း သေချာ မိတ်မဆက်ရသေးခင်မှာပင် သူ့ဝတ်ရုံအား ယူ၍ ပျောက်ချင်းမလှပျောက်သွားသော လာဗင်ဒါလေးကို အနည်းငယ်တော့ စိတ်ခုမိသည်လေ။ ဝတ်ရုံကို ပြန်မပေးပဲ ဖမ်းဆီးချုပ်နှောင်သည်အထိ လုပ်ရင်း စိန်ခေါ်ခဲ့သည်အခါ မောက်မာလွန်းသည်ဟု ကောက်ချက်ချခဲ့ဖူးသော်လည်း အကြောင်းစုံ တီးမိခေါက်မိလာသည့်အခါ လာဗင်ဒါလေးအပေါ် အပြစ်မမြင်ရက်တော့ပါ။ သည်လို ဥာဏ်တိမ်သည့် လူတစ်စုကြားတွင် မာန်ကို အဆုံးထိတင်ထားလေမှသာ တော်ရုံကျမည်လေ။

ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်နေစဥ်မှာပင် ကျောဘက်မှ ကြားလိုက်ရသည့် ခြေသံဖွဖွကြောင့် ချက်ချင်းလှည့်ကြည့်မိတော့ အံကိုကြိတ်ကာ မျက်ခုံးများအား တွန့်ချိုးထားသည့် လာဗင်ဒါလေး။ တာဝန်ခံအမတ်တို့၏ စော်ကားမော်ကား စကားများအား ကြားသွားပုံ​ပေါ်ကာ အမျက်ဒေါသဖြစ်နေဟန်ပင်။

"ရှေ့ကဖယ်"

စိတ်လိုက်မာန်ပါဖြင့် သူ့အားကျော်ကာ ထိုသူတို့ရှိရာသို့ သွားရန် ပြင်နေသော လာဗင်ဒါလေးအား အလျင်အမြန်ပင် ဆွဲ၍ ထိန်းသိမ်းလိုက်ရသည်။ ကျန်တာထက် ခရမ်းစွဲရောင်သို့ အသွင်ပြောင်းနေသည့် မျက်ဝန်းများကြောင့် ယခုချိန်သာ ထိုသူတို့နှင့် ထိပ်တိုက်တွေ့လိုက်ပါလျှင် ပြဿနာတို့ ပို၍များလာနိုင်သည်လေ။

"ဘာလုပ်တာ-အွန့်-"

ယခု အနေအထားသည် မိုးရနံ့တို့လှိုင်ထနေသည့် ရင်ခွင်ကျယ်ထဲ၌ လာဗင်ဒါလေးက ချုပ်နှောင်ခံထားရကာ နှုတ်ခမ်းစိုစိုအိအိကလေးသည်တော့ အကြောပြိုင်းပြိုင်းထနေသည့် လက်ဝါးပြင်ကျယ်ကြီးနှင့် ဖိကပ်ခြင်း ခံထားရလေသည်။ သို့သော် အိပ်မက်ထဲကကဲ့သို့ ကြမ်းတမ်းစွာ ဖိပိတ်ခြင်းမဟုတ်ပဲ အသံထွက်မလာစေရန် အားအနည်းငယ်သုံး၍သာ ဖိကပ်ထားခြင်းဖြစ်သည်။

"ရှူးတိုးတိုး~ အဲ့လူတွေ မင်းရှိနေတာ သိသွားမယ်။ ဒါက လက်တုံ့ပြန်ဖို့ အချိန်ကောင်းမဟုတ်သေးဘူးလေ လာဗင်ဒါရဲ့"

နှစ်ဦးသားကြားရုံမျှသာ တီးတိုးလာသည့် ခပ်တိုးတိုးလေသံသည် နီမြန်းနေသော နားရွက်ဝိုင်းဝိုင်းလေးအနီးမှ ဖြတ်သန်းသွားသည်မို့ လာဗင်ဒါလေးမှာ ကြက်သီးမွှေးညင်းပင် ထသွားရသည်။

"စိတ်လျှော့ပါ။ ခရမ်းစွဲရောင် မျက်ဝန်းလေးတွေကို အရင်ထိန်းချုပ်ရမယ်လေ။ နောက်မှ ပညာသားပါပါ ပညာပေးလိုက်"

ဩရှရှအသံနွေးနွေးနှင့်အတူ တဆတဆတိုးလာသော မိုးရနံ့တို့ကြောင့် အရှင်လာဗင်ဒါ၏ နှလုံးခုန်နှုန်းတို့ အနည်းငယ်တည်ငြိမ်လာကာ မျက်ဝန်းတို့သည်လည်း ခရမ်းစွဲရောင်မှ အနက်ရောင်သို့ ပြန်၍အသွင်ပြောင်းသည်။ ဒေါသဖြစ်နေခဲ့သည်မို့ မိမိအခြေအနေကို သတိမထားမိခဲ့သည်မှာ ထိုalpha သတိမပေးခင် အချိန်အထိပင်။ သည်တခေါက်တော့ အရိုင်းအစိုင်းalphaကို ကျေးဇူးတင်မိပါသည်။

တဖက်မှ ထယ်ဟျောင်းသည်လည်း ဆုံးဖြတ်ချက်အချို့အား ပြန်၍ စဥ်းစားရန် ဖြစ်လာလေတော့သည်။ ဝတ်ရုံကို ပြန်ယူ၍ ကိုယ့်နေရာ ကိုယ်ပြန်ကာ အေးအေးဆေးဆေးနေရန် ကြံရွယ်ခဲ့သော်လည်း အမြင်ကျဥ်းမြောင်းသည့် လူတစ်စု၏ စကားတို့ကြောင့် ရည်ရွယ်ချက်တို့ ပြောင်းလဲသွားခဲ့သည်။

သန်မာသော်လည်း ​ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ အန္တရာယ်များသည့် လာဗင်ဒါလေးအား ကူညီချင်မိသည်။ ကာကွယ်ပေးချင်မိသည်။ ထို့ကြောင့်ပဲ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချခဲ့တော့သည်။ ဝတ်ရုံအစား ကိုယ်ရံတော်ရာထူးကိုသာ ရအောင်ယူပါတော့မည်ဟူ၍လေ။

သို့ပေတည့် မာနခဲလေး အရှင်ကရော အသာတကြည် လက်ခံလိမ့်မည်တဲ့လား?? စဥ်းစားစရာပါပင်။

#Tbc

A/N: အရှင့်ကိုယ်ရံတော် ဖြစ်မလား အချုပ်ထဲပဲ ထပ်ရောက်မလားတော့ အာမ မခံနိုင်ပါ 😆

နောက်ပြီး ကြာသွားတဲ့အတွက် အများကြီး အားနာရပါတယ်ရှင် TT Second Choiceပါ ဖတ်တဲ့သူတွေဆို သိလောက်မှာ ဖြစ်ပေမယ့် 라기 စိတ်အခြေအနေကြောင့် စာရေးရအတော်လေး ခက်နေပါတယ် :') ရေးနေကျထက် အများကြီး အချိန်ယူရေးနေရလို့ ကိုယ့်ကိုယ်ကိုလည်း တော်တော်ကြီး အားရမပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားရေးနေတာမို့ နှစ်တစ်သောင်းupdateတွေကိုပဲ သည်းခံပြီး ဖတ်ပေးပါဦး ဒါဒါလေးတို့ရေ 🤍

See you in next episode

- 해바라기

ZG

ၿပိဳင္ပြဲအၿပီး အနိုင္ရရွိသူတို႔သည္ နန္းေတာ္ထဲရွိ အမႈထမ္းအေဆာင္တြင္ ေနထိုင္ခြင့္ပါရရွိသည္ေၾကာင့္ နန္းေတာ္ထဲဝင္ရန္ အေၾကာင္းဖန္ေနခဲ့သူ မ်က္ဝန္းစိမ္းပိုင္ရွင္ alphaအတြက္ အခြင့္အေရးျဖစ္ခဲ့ေလသည္။

"ခမ္းနားလွခ်ည္လား။ ဒါေၾကာင့္လည္း မာနက မိုးထိုးေနတာကိုး"

ေျပာင္ေယာင္ေသာ နန္းေတာ္၏ အေဆာင္အေယာင္တို႔ကို ၾကည့္ရင္း တီးတိုးေျပာဆိုလိုက္ေသာ စကား။ ႐ုပ္ဖ်က္၍ ပုန္းေနခဲ့စဥ္က မ်က္ျမင္ေတြ႕ခဲ့ရသည့္ သာယာဝေျပာေသာ Eldoraျပည္၏ အေနအထားသည္ အရွင္လာဗင္ဒါေလး၏ အုပ္ခ်ဳပ္မႈေကာင္းမြန္ပုံကို ေဖာ္က်ဴးေနခဲ့သည္ေလ။

"မင္းတို႔ သုံးေယာက္ထဲက တစ္ေယာက္ကို အရွင့္ကိုယ္ရံေတာ္အျဖစ္ ျပန္ေ႐ြးလိမ့္မယ္။ က်န္တဲ့ ႏွစ္ေယာက္ကေတာ့ နန္းေတာ္အေစာင့္လည္း ျဖစ္နိုင္တယ္။ ဒါက အရွင့္အလိုက် ျဖစ္တာမို႔ ဒါေတာ့ ငါတို႔လည္း ဆုံးျဖတ္လို႔မရတဲ့ကိစၥပဲ"

ခန္းမေဆာင္တြင္းတြင္ ေစာင့္ဆိုင္းေနေသာ အနိုင္ရရွိသူ သုံးဦးထံ တာဝန္ခံတို႔က လာေရာက္အေၾကာင္းၾကားေလသည့္ စကားပင္။ ကိုယ္ရံေတာ္ရာထူးေၾကာင့္ သည္ေလာက္ထိ သည္းသည္းမည္းမည္းၿပိဳင္ၿပီးကာမွ နန္းေတာ္အေစာင့္လည္း ျဖစ္သြားနိုင္သည္ဆိုသည္ေၾကာင့္ မ်က္ႏွာတို႔ပ်က္ယြင္းကာ လႈပ္လႈပ္ရွားရွားျဖစ္လာၾကေလသည္။

သို႔ေသာ္လည္း မ်က္ႏွာပ်က္ယြင္းသူထဲတြင္ ထယ္ေဟ်ာင္းမပါဝင္ခဲ့။ အစကတည္းက လာဗင္ဒါေလး၏ စိန္ေခၚမႈအား အနိုင္ပိုင္းကာ ဝတ္႐ုံျပန္ယူရန္သာ စိတ္ကူးရွိခဲ့သည္မို႔ ကိုယ္ရံေတာ္၊ နန္းေတာ္အေစာင့္ စသည့္ ရာထူးမ်ားကိုလည္း စိတ္မဝင္စားပါေလ။

မူလအစီအစဥ္အား အေကာင္အထည္ေဖာ္ရန္ နန္းတြင္းထဲ မ်က္စိကစားမိေတာ့ ၿပိဳင္ပြဲေၾကာင့္ပင္လား အေစာင့္မ်ားက ထင္သည္ထက္ အလုပ္ရႈပ္၍ေနၾကသည္။ ထိုအခ်က္က သူ႕အတြက္ အခြင့္ေကာင္းပင္ေလ။ ဝတ္႐ုံေလးအား ျပန္ယူရန္ အခ်ိန္ေကာင္းျဖစ္သလို မာနခဲေလးထံမွ အေလ်ာ္အစားကိုလည္း အရယူရပါဦးမည္။

ထို႔ေၾကာင့္ နန္းေဆာင္ေနရာအတိအက် မသိေသာ္လည္း လာဗင္ဒါေလး၏ နန္းေဆာင္ကို အေရာက္သြားရန္ ဆုံးျဖတ္လိုက္သည္။ နန္းတြင္းထဲေတာင္ ေရာက္ခဲ့ၿပီးေနမွေတာ့ သိပ္မခက္ခဲနိုင္ေတာ့ပါေလ။

•••••

လုံၿခဳံေရးတင္းက်ပ္သည္ဟူသည့္ စကားသည္ အလကားေတာ့ ေျပာခဲ့ေလဟန္မတူပါ။ ၿပိဳင္ပြဲေန႕မို႔ အေစာင့္အၾကပ္ေလ်ာ့ပါးေနသည္ကိုေတာင္ က်န္ရွိေသာ အေစာင့္တို႔က မနည္းမေနာေပ။ သို႔ေသာ္လည္း သြားပါမ်ား ခရီးေရာက္ဆိုသည့္အတိုင္း အေစာင့္အထပ္ထပ္ႏွင့္ အေႁခြအရံအထပ္ထပ္အား ေရွာင္ရွားျဖတ္သန္းၿပီးေနာက္ အရွင့္နန္းေဆာင္ ျဖစ္ဟန္ေပၚသည့္ေနရာသို႔ ေရာက္ရွိေလသည္။ ကြၽန္းတံခါးခ်ပ္ေပၚတြင္ ကႏုတ္လွလွမ်ားႏွင့္ ခရမ္းစြဲေရာင္ ေက်ာက္ႀကီးႀကီးအား အလွဆင္ထားသည္ေၾကာင့္ နန္းေတာ္ထဲတြင္ အခမ္းနားဆုံး တံခါးပင္ ျဖစ္သည္။

အံ့အားသင့္ဖြယ္ေကာင္းသည္ကေတာ့ ထိုကြၽန္းတံခါးေရွ႕တြင္ အေစာင့္ႏွင့္အေႁခြအရံ တစ္ေယာက္မွ် ရွိမေနခ်င္းပင္။ ဘုရင့္နန္းေဆာင္ျဖစ္ေနသည္ကို တာဝန္ေပါ့ဆသည္လား အမိန့္ျဖင့္ေရွာင္ရွားခိုင္းထားသည္လားေတာ့ တပ္အပ္ မေျပာနိုင္ေပ။ သို႔မဟုတ္ လာဗင္ဒါေလးရွိမေနခ်င္းေၾကာင့္လည္း ျဖစ္နိုင္သည္။ ဒါဆိုလွ်င္ေတာ့ သူ႕အတြက္ပို၍ အခြင့္အခါသင့္ပါသည္ေလ။ သံသယမ်ားလြန္းေသာ လာဗင္ဒါေလးက ကိုယ္တိုင္စိန္ေခၚထားၿပီးမွ အမ်ိဳးစုံေသာ စြပ္စြဲခ်က္တို႔ႏွင့္ ထပ္စြပ္စြဲပါလွ်င္ အခန့္မသင့္ပဲ အခ်ဳပ္က်ကာ အႏွိပ္စက္က ခံရဦးမည္ေလ။

ေဘးဘီဝဲယာ ပတ္ဝန္းက်င္ အေျခအေနအား တစ္ခ်က္ၾကည့္ကာ ကြၽန္းတံခါးခမ္းခမ္းနားနားႀကီးအား တြန္းဖြင့္ကာ ဝင္လာေတာ့ သူ႕အထင္ႏွင့္ ျခားနားစြာ အခန္းတြင္းတြင္ ခ်ိဳအီေသာ လာဗင္ဒါနံ႕တို႔က ႀကိဳင္လ်က္။ သို႔ေသာ္ လူကိုယ္တိုင္အစား သရဖူလွလွႏွင့္ သားသားနားနား အဝတ္အစားအခ်ိဳ႕ကသာ ဆီးႀကိဳေနေလသည္။ ေရခ်ိဳးသန့္စင္ရန္ သြားေနခဲ့ပုံပင္။

သလြန္ေပၚတြင္ ေခါက္လ်က္သားရွိေနေသာ မိမိ ဝတ္႐ုံအား ျမင္လိုက္ရခ်ိန္တြင္ေတာ့ ခ်စ္သူေဟာင္းႏွင့္ ျပန္ဆုံဆည္းရသလို ဝမ္းသာအားရ ေျပးယူမိေတာ့သည္။ အေရာင္အဆင္းေတာက္ပသည့္ အေကာင္းစားဝတ္႐ုံ မဟုတ္သည့္တိုင္ သူ႕အတြက္ေတာ့ အဖိုးတန္လွသည္မို႔ ေပ်ာက္သြားသည့္အခ်ိန္တြင္ အင္မတန္မွ ေခါင္းနပမ္းႀကီးခဲ့ရသည္ေလ။

ထို႔ေနာက္ အာ႐ုံထဲဝင္လာသည္က မွန္တင္ခုံေပၚတြင္ က်နစြာ ေနရာခ်ထားေသာ ခရမ္းစြဲေရာင္ေက်ာက္တို႔ျဖင့္ စီခ်ယ္ထားသည့္ သရဖူ။ အရည္လဲ့ကာေနေသာ ခရမ္းစြဲေရာင္ေက်ာက္တို႔အား ေ႐ႊျဖဴျဖင့္ ျပန္၍ကြန့္ကာ ပုံေဖာ္ထားသည္က ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပကာ သရဖူပိုင္ရွင္ကဲ့သို႔ ခမ္းနား၍ အဖိုးတန္စြာ လွပပါသည္။ သို႔ေသာ္လည္း လေရာင္ေအာက္တြင္ တလက္လက္ေတာက္ပေနခဲ့ေသာ သရဖူပိုင္ရွင္၏ ခရမ္းစြဲေရာင္ မ်က္ဝန္းဝိုင္းတို႔ကိုေတာ့ မွီလိမ့္မည္ မထင္ပါ။

"မာနေဒါသႀကီးၿပီး တဇြတ္ထိုးလုပ္တာေလးတာ ျပင္လိုက္ရင္ ေတာ္ေတာ္ၿပီးျပည့္စုံသြားမွာပဲ"

မာနခဲေလး အရွင္သည္ alphaမ်ားကဲ့သို႔ သန္မာသည္မွာ ျငင္း၍ မရေသာ္လည္း ႏုငယ္ေခ်ာေမာေသာ မ်က္ႏွာကေလးႏွင့္ မ်က္ဝန္းဝိုင္းတို႔သည္ သာမန္omegaမ်ားထက္ ထူးျခားေသာ ေတာ္ဝင္မ်ိဳးရိုးျမင့္omegaေလးမွန္း သိသာပါသည္။ omegaဟူသည္ အားႏြဲ႕ကာ ႏူးညံ့သည္ဟူ၍သာ လက္ခံထားၾကေသာ လူ႕အဖြဲ႕အစည္းက ဩဇာႏွင့္ လက္႐ုံးရည္ ျပည့္စုံေသာ အရွင္အား စံႏႈန္းမ်ားႏွင့္ ေသြဖယ္ေနသည္ေၾကာင့္သာ မထင္ရဲၾကေသာ္လည္း ထယ္ေဟ်ာင္းကေတာ့ စေတြ႕ကတည္းက သာမန္မဟုတ္ေၾကာင္း ရိပ္စားခဲ့ပါသည္။ ထိုသို႔ေတာ္ဝင္ဆန္ကာ အဖိုးထိုက္တန္သည့္ အလွတရားေလးက မာနေဒါသႀကီးေနျခင္းကိုလည္း သိပ္ႏွေျမာမိပါသည္။

"ရာရာစစ ဘုရင့္နန္းေဆာင္ထိ က်ဴးေက်ာ္ၿပီး ဘာလုပ္တာလဲ? ၿပိဳင္ပြဲမွာ အနိုင္ရတာနဲ႕ အဲ့လိုဝင္ထြက္ခြင့္ရမယ္ ထင္ေနတာလား"

ေက်ာဘက္မွ ၾကားလိုက္ရသည့္ မာန္ပါပါအသံငယ္ေၾကာင့္ လွည့္ၾကည့္မိေတာ့ alphaမွာ မွင္သက္ရျပန္သည္။ေလာေလာလတ္လတ္ပင္ ေရခ်ိဳးသန့္စင္ၿပီးဟန္တူသည့္ အရွင္သည္ ဝတ္႐ုံေတာ္ အပါးေလးကိုသာ ၿခဳံထား၍ ခါးသိမ္သိမ္ေလး၏ ေကာက္ေၾကာင္းမွာ အထင္းသားေပၚလြင္ကာေနသည္။ ဆံသားနက္နက္တို႔မွ ေရစက္တို႔မွာလည္း ျဖဴေခ်ာေခ်ာ မ်က္ႏွာငယ္ေပၚသို႔ စီးဆင္းေနသည္ေၾကာင့္ ဆြဲေဆာင္မႈရွိစြာ လွေနသည္မွာ အသက္ရႉမွားေလာက္ေအာင္ပင္ ျဖစ္သည္။

"ဘာလုပ္ေနတာလဲ! ကိုယ္ေတာ့္ရဲ႕ နန္းေဆာင္ထဲမွာ"

"ကတိကို ေမ့သြားၿပီထင္တယ္။ က်ဳပ္ဝတ္႐ုံကို ျပန္လာယူတာေလ။"

သူက တင္းမွေတာ့ ကိုယ္ကလည္း မေလွ်ာ့နိုင္ပါ။ ကတိအတိုင္း နန္းေဆာင္ထဲမွာ ဝတ္႐ုံလာယူဆို႔လို႔ လာယူခဲ့တာေလ။ သူခိုးသူဝွက္ေတြ႕သည့္အလား တုံ႕ျပန္ျပသည္ကေတာ့ လြန္ပါသည္။

"ဝတ္႐ုံကို လာယူတဲ့သူက သရဖူကို ဘာလို႔ အႀကံသမားလို စိုက္ၾကည့္ေနတာလဲ။ ဘာလုပ္ဖို႔ႀကံေနတာလဲ ခင္ဗ်ား"

"လွလို႔ပါ။ ဒီေလာက္လွတဲ့ သရဖူမျမင္ဖူးလို႔"

ေျပာရင္းႏွင့္ပင္ တေျဖးတေျဖး အနီးသို႔တိုးကပ္လာေတာ့ အရွင္ေလးမွာ ေျခလွမ္းႏွစ္လွမ္းေလာက္ပင္ ေနာက္သို႔ဆုတ္သြားရသည္။

"ဒါေပမယ့္ မညာတမ္း ဝန္ခံရရင္ေတာ့ လေရာင္ေအာက္က ခရမ္းစြဲေရာင္ မ်က္ဝန္းေလးေတြကိုေတာ့ မမွီဘူး"

ေမးဖ်ားေလးအား လက္ျဖင့္ ဆြဲေမာ့ကာ ဆိုလိုက္ေတာ့ ေရွာင္ဖယ္မသြားပဲ တည့္တည့္ပင္ စိုက္ၾကည့္လာေသာ အရွင္။ တဆက္တည္းမွာပင္ လည္ပင္းသို႔ ထိကပ္လာသည့္ ေအးစက္ခြၽန္ျမသည့္ အထိအေတြ႕ေၾကာင့္ ထယ္ေဟ်ာင္းတစ္ေယာက္ အသံထြက္ေအာင္ ရယ္လိုက္မိကာ

"စိတ္ႀကီးလိုက္တာ"

"လည္ပင္းျပတ္မသြားခ်င္ရင္ အဲဒီ့ ေစာ္ကားေမာ္ကားလုပ္ေနတဲ့ လက္ကို ဖယ္လိုက္"

"ဖယ္မွာပါ။ မင္း သိပ္စိတ္ႀကီးတာပဲ လာဗင္ဒါရယ္"

ခပ္ဟဟရယ္ကာ နီးကပ္ေနသည့္ အကြာအေဝးကို ေလ်ာ့က်ေစေသာ ထိုalpha။ လည္ပင္းကို ဓားေထာက္ခံရတာေတာင္ ရယ္နိုင္ေသးသတဲ့လား။ သူ႕ကို မထီမဲ့ျမင္လုပ္ေနတာမ်ားလား အခု။

"အခု နန္းေဆာင္ထဲကိုလည္း ေရာက္ေအာင္ ဝင္နိုင္ၿပီဆိုေတာ့ ဝတ္႐ုံျပန္ယူလို႔ ရၿပီမဟုတ္လား"

ဝတ္႐ုံကို ျမႇောက္ျပကာ ေမးလာသည့္ ထိုalphaေၾကာင့္ အံ့ဩရျပန္သည္။ မဟုတ္မွ... ဒီဝတ္႐ုံအတြက္ႏွင့္ ကိုယ္ရံေတာ္ေ႐ြးပြဲမွာ ေသလုေမ်ာပါးျဖစ္ခါနီးအထိ ၿပိဳင္ခဲ့တာတဲ့လား

"ဝတ္႐ုံျပန္လိုခ်င္႐ုံသက္သက္နဲ႕ ကိုယ္ရံေတာ္ ေ႐ြးပြဲကို ဝင္ၿပိဳင္ခဲ့တာလား"

"အင္း။ မင္းပဲ နန္းေဆာင္ထဲကို ေရာက္ေအာင္လာခဲ့ဆိုလို႔ေလ။ သမာသမတ္က်တဲ့ နည္းလမ္းနဲ႕ေရာက္ေအာင္ လာေတာ့ ပိုမေကာင္းဘူးလားလို႔။ အင္း... ေသမလိုျဖစ္သြားတာေလးကေတာ့ အဆစ္ေပါ့"

ေဆးမိထားသည့္ alphaႏွင့္ သတ္ပုတ္ရင္း အသက္ေဘးႀကဳံရခါနီးထိ ျဖစ္ရသည္အထိေတာင္ လက္မေလွ်ာ့ရေလာက္ေအာင္ ထိုဝတ္႐ုံက ဘယ္ေလာက္ထိမ်ား အေရးပါေနလို႔လဲဟုပင္ ျပန္၍ ေမးလိုက္ခ်င္သည္။ ဒီအတိုင္းဆိုလွ်င္ သူ႕ဆီမွာ ယူထားရန္လည္း မလြယ္ပါေလ။

"ေမးေနတာကို မေျဖဘူးပဲ။ ခင္ဗ်ားေလးပဲ စိန္ေခၚတုန္းက ေခၚၿပီးေတာ့"

စြန့္စြန့္စားစား သူ႕နန္းေဆာင္ထဲထိ ဝတ္႐ုံျပန္လာယူသည့္လူအား မေပးဘူးလို႔ ျငင္းလႊတ္လွ်င္လည္း လြန္ရာသာ က်ေတာ့မည္။ ျပန္ေပးလိုက္လွ်င္လည္း မိမိက ဒုကၡမ်ားဦးမည္ျဖစ္သည္ေၾကာင့္ အရွင္လာဗင္ဒါေလး အခက္ေတြ႕ရျပန္ပါၿပီ။

"အာ.. ေနာက္ၿပီး အကူအညီေပးခဲ့လို႔ ေက်းဇူးပဲ လာဗင္ဒါ"

"ဘာကို ေျပာခ်င္တာလဲ"

"ၿပိဳင္ပြဲတုန္းကေလ။ မင္းရဲ႕ အနံ႕ေၾကာင့္ ၿပိဳင္ဘက္ကို အလဲထိုးနိုင္ခဲ့တာ"

လာဗင္ဒါေလး၏ စိုးရိမ္စိတ္ေၾကာင့္ အကူအညီျဖစ္ခဲ့သည္မွာ မွန္ေသာ္လည္း ဝန္မခံခ်င္သည္ေၾကာင့္ ဟန္ကိုယ့္ဖို႔သာ လုပ္လိုက္ကာ

"အဲဒါ ကိုယ္ေတာ့္ရဲ႕ နန္းေတာ္မွာ မလိုလားပဲ ေသြးထြက္သံယိုျဖစ္မွာကို မလိုလားလို႔ပါ"

"ဪ အဲ့ဒီလိုလား... အျပစ္မရွိတဲ့ သူကိုက် အခ်ဳပ္ထဲ ေခၚႏွိပ္စက္တယ္ေနာ္"

႐ုတ္ခ်ည္းဆိုသလို ေလသံေျပာင္းသြားေလသည့္ ထိုalpha။ ခ်ဳပ္ႏွောင္ႏွိပ္စက္ခံခဲ့ရသည္ကို ခုထိ မေက်နပ္ေသးဟန္ေပၚေလသည္။ သူ႕ဘက္က ေက်းဇူးကန္းသကဲ့သို႔ လြန္သြားခဲ့သည္မွာ မွန္ေသာ္လည္း ဒီေလာက္ထိေတာ့ ေတးထားစရာမလိုဘူး ထင္ပါသည္။ အေလ်ာ္အစား နစ္နာေၾကးလည္း မနည္းေနာေအာင္ ေပးခဲ့သည္ပဲဟာ။

"ေတာင္းပန္တဲ့အေနနဲ႕ နစ္နာေၾကး လုံလုံေလာက္ေလာက္ ေပးခဲ့တယ္ေလ"

"က်ဳပ္လိုခ်င္တာ နစ္နာေၾကးမွ မဟုတ္တာ"

"ဘ-ဘာကိုေျပာခ်င္တာလဲ"

အိပ္မက္ဆိုးႀကီးက အာ႐ုံထဲ ျပန္ေပၚလာသည္ေၾကာင့္ အနည္းငယ္ေတာ့ ထိတ္လန့္စြာ ေမးခြန္းျပန္ထုတ္လိုက္မိသည္မွာ စကားေတာင္ လကၤာမေခ်ာေတာ့သည္အထိ။ နစ္နာေၾကးလည္း လုံလုံေလာက္ေလာက္ေပးခဲ့သည္ကို သူ႕ဆီမွ ဘာေတြမ်ား ထပ္၍ လိုခ်င္ေနေသးတာလဲ ဒီalphaက။

"ကိုဓဥပေဒကို ၾကားဖူးလား? မ်က္လုံးတစ္လုံးဆုံးရင္ မ်က္လုံးတစ္လုံး။ သြားတစ္ေခ်ာင္းဆုံးရင္ သြားတစ္ေခ်ာင္းဆိုတာေလ။"

"ေျပာခ်င္တာက က်ဳပ္ကို ျပန္ႏွိပ္စက္ခ်င္တာလား? လြယ္မယ္လို႔ထင္ေနလား ခင္ဗ်ား?"

"မဟုတ္တာ။ က်ဳပ္က တခ်ိဳ႕သူေတြလို အေၾကာင္းမဲ့ တဖက္သား အသားနာေအာင္ လုပ္ရက္တဲ့သူမ်ိဳး မဟုတ္ဘူးေလ။ အဲဒီအစား အေလ်ာ္အစားကိုေတာ့ ျပန္ယူရမွာေပါ့"

တျဖည္းျဖည္းႏွင့္ ပို၍လွိုင္ထလာေသာ မိုးရနံ႕ေၾကာင့္ အရွင္လာဗင္ဒါေလး၏ ကိုယ္ပူခ်ိန္တို႔ တိုးလာသလို ခံစားရေတာ့သည္။

မဟုတ္မွလြဲေရာ...ဒီလူ အခု သူ႕ကို heatျဖစ္ေအာင္ လုပ္ေနတာလား?

"ခင္ဗ်ား! မယုတ္မာနဲ႕ ကင္မ္ထယ္ေဟ်ာင္း!"

ေခါင္းႀကိမ္းေလာက္သည္အထိ ျပည့္လွ်ံလာသည့္ မိုးရနံ႕ႏွင့္ လာဗင္ဒါရနံ႕တို႔၏ ေပါင္းဖက္မႈ။ မ်က္ဝန္းဝိုင္းဝိုင္းတို႔သည္လည္း ခရမ္းဆြဲေရာင္သို႔ အသြင္ေျပာင္းေလကာ အားအင္တို႔ တစ္ဝက္ခန့္ဆုတ္ယုတ္သြားသလိုလည္း ခံစားရေလေတာ့သည္။

"ဒါနဲ႕ heatျဖစ္ေတာ့မွာလား မင္း အနံ႕ေတြ သိပ္ျပင္းေနတယ္ လာဗင္ဒါ"

"လူ...ယုတ္မာ။"

သူ႕အေျပာအား အေရးမစိုက္ဟန္ ခပ္ေထ့ေထ့ၿပဳံးကာ အနားသို႔ တဖန္ ျပန္၍ တိုးကပ္လာေသာ ထိုalpha။ ေ႐ႊေရာင္ ဓားျမႇောင္ေလးအား ခပ္တင္းတင္းဆုပ္ထားခဲ့သည့္ သူ႕လက္တို႔သည္ အားေလ်ာ့ေနသည္ေၾကာင့္ ေလ်ာ့ရဲသြားသည့္အခါ ထိုalphaက ဓားျမႇောင္ကို ယူ၍ သလြန္ရွိရာဘက္သို႔ ပစ္လိုက္ေလသည္။

ထို႔ေနာက္ သူ႕ခါးတဝိုက္သို႔ ေရာက္လာသည့္ လက္ဝါးျပင္က်ယ္ႀကီးမ်ား။ ခါးမွထိန္း၍ အနီးသို႔ ပို၍တိုးကပ္ေစလိုက္ေလသည္။ ႐ုန္းကန္ခ်င္ပါေသာ္လည္း ထုံေဆးမိထားသကဲ့သို႔ မိုးရနံ႕ျပင္းျပင္းေၾကာင့္ အားေလ်ာ့ေနေသာ အရွင္လာဗင္ဒါေလးမွာ စူးရဲစြာသာ ျပန္၍ ၾကည့္နိုင္ေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ ႏႈတ္ခမ္းဖူး စိုစိုရဲရဲေလးႏွင့္ ထပ္တူက်သြားေသာ ကႀကီးပုံ ႏႈတ္ခမ္းတို႔။ မိုးမခေတာတြင္ ေပးခဲ့ေသာ ပထမဆုံးအနမ္းႏွင့္ မတူပဲ အျငႇိုးျဖင့္ ေပးသည္ထင္ရေအာင္ ျပင္းရွေလသည္။

ဘယ္မွညာ ညာမွဘယ္ ယိမ္းယိုင္တိမ္းေစာင္း၍ အသက္ရႉခ်ိန္ပင္ ေကာင္းေကာင္းမရေအာင္ နမ္းရွိုက္ေနပါေသာ ထိုalphaသည္ အမွန္ပင္ အျငႇိုးျဖင့္ နမ္းေနခဲ့သည္ပဲ။ တခ်က္တခ်က္တြင္ ေအာက္ႏႈတ္ခမ္းေဖာင္းေလးကိုေတာင္ တတိတိႏွင့္ ကိုက္ဆဲဲျပန္ေသးသည္။ အသက္ရႉက်ပ္လာ၍ ရင္ဘတ္ကို အတင္းတြန္းထုတ္မိသည္ကိုေတာင္ ဘယ္ကအားေတြျဖင့္ ေတာင့္ခံေနမွန္းမသိ။ တစက္ေလးမွပင္ မေ႐ြ႕ပါေလ။

မိနစ္ပိုင္းမွ်ၾကာၿပီးခ်ိန္တြင္ေတာ့ ေသြးစို႔ကာ ေရာင္ရမ္းသြားေလေသာ အရွင့္ႏႈတ္ခမ္းဖူးေလး။ ႐ုန္းကန္ထားသည္ေၾကာင့္ ဖရိုဖရဲျဖစ္ေနေသာ ဆံပင္တို႔ႏွင့္ တမ်ိဳးေလးပင္ လွေနပါေသးသည္။

*ျဖန္း!*

ေဒါသအိုး အလွတရားေလးအား တေမ့တေမာၾကည့္မိေနစဥ္မွာပင္ စပ္ဖ်င္းဖ်င္းျဖစ္သြားေသာ ပါးတဖက္ေၾကာင့္ အေတာ္ေလး လက္သံေျပာင္ေၾကာင္း ထယ္ေဟ်ာင္း ေကာက္ခ်က္ခ်မိေတာ့သည္။ အစက ေမာက္မာလြန္းေသာ လာဗင္ဒါေလးအား ပညာေပးခ်င္႐ုံသေဘာျဖင့္ ေျခာက္လွန့္႐ုံမွ်သာ စဥ္းစားခဲ့ေသာ္လည္း ညွို႔ယူဆြဲငင္ေသာ လာဗင္ဒါအနံ႕၏ေနာက္ စိတ္မထိန္းနိုင္စြာ အလြတ္မေပးပဲ နမ္းရွိုက္မိပါသည္။ သို႔ေပမယ့္ အျခား ယုတ္မာလိုသည့္ သေဘာ မပါခဲ့သည္ကိုေတာ့ က်ိန္ဆိုတိုင္တည္နိုင္ပါသည္။

အလြန္အလြန္ထပ္၍ မျဖစ္ရေလေအာင္ စိတ္ႀကီးလြန္းေသာ လာဗင္ဒါေလးအား လက္ေကာက္ဝတ္ႏွစ္ဖက္မွ ခ်ဳပ္ထားမိေတာ့ အသံစာစာႏွင့္ ေအာ္ဟစ္ရင္း ႐ုန္းကန္ေနေလသည္။ မသိရင္ ထယ္ေဟ်ာင္းကပဲ အႀကီးအက်ယ္ ယုတ္မာခဲ့သလိုလိုပင္။

"အတင့္ရဲလိုက္တဲ့လူ! လူယုတ္မာ! အရိုင္းအစိုင္း! ငါ့ကို လႊတ္စမ္း!"

"က်ဳပ္က မင္းကို နမ္း႐ုံနမ္းလိုက္တာ။ ဘယ့္ႏွယ္ ဘဝႀကီးကို ဖ်က္ဆီးသြားတဲ့သူလို ေသာင္းက်န္းေနတာတုန္း။ မင္းေၾကာင့္ ၾကာပြတ္နဲ႕ ရိုက္ခံထားရတဲ့ ဒဏ္ရာေတြေတာင္ ခုထိအရွင္းမေပ်ာက္ေသးတာ ဒီေလာက္ေတာ့ ျပန္လုပ္သင့္တယ္လို႔မထင္ဘူးလား"

"တျခား လက္တုံ႕ျပန္လို႔ရတဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိတာ။ ဘာလို႔ ငါ့ႏႈတ္ခမ္းကိုမွလဲ အရိုင္းအစိုင္းရဲ႕!"

"လွလို႔ေလ လွလို႔"

"ခင္ဗ်ား!!"

မေလွ်ာ့ပဲ ပို၍ပင္ တင္းလာသည့္ မာနခဲေလးေၾကာင့္ ထယ္ေဟ်ာင္း သက္ျပင္းခ်လိဳက္ကာ ခ်ဳပ္ႏွောင္ထားသည့္ လက္အစုံတို႔အား လႊတ္ေပးလိုက္သည္။ အသားအရည္ျဖဴဝင္းသူမို႔ ခ်ဳပ္ကိုင္ထားမိသည့္ လက္ေကာက္ဝတ္ေနရာမွာ နီျမန္း၍ေတာင္ ေနေလသည္ေၾကာင့္ ဆက္၍ ခ်ဳပ္ထားပါလွ်င္လည္း လာဗင္ဒါေလး ပို၍ နာ႐ုံသာရွိလိမ့္မည္ေလ။

"ခုလို အင္အားသုံးၿပီး အနိုင္က်င့္တာကို မႏွစ္မ်ိဳ႕ဘူးမလား? ဒါဆို ကိုယ္တိုင္ကလည္း အုပ္ခ်ဳပ္သူျဖစ္ၿပီး အာဏာကိုသုံး အနိုင္က်င့္တာကို ေရွာင္ရမယ္ေလ။ က်ဳပ္ပစၥည္းကို အသားလြတ္ယူထားၿပီး က်ဳပ္ကို ႏွိပ္စက္ခဲ့တာရဲ႕ အဖိုးအခပဲ။ ခင္ဗ်ားေလးအေပၚ ဘာစိတ္မွ မရွိဘူး။ ဒီအတိုင္း ပညာေပးခ်င္႐ုံသက္သက္ပဲ။"

ေနပါဦး အခု သူ႕ကိုျပန္ဆုံးမေနတာလား? ဒီအညတရ alphaကေလ??

"အခု ဝတ္႐ုံလည္း ျပန္ရၿပီဆိုေတာ့ က်ဳပ္လည္း ျပန္ေတာ့မယ္။ အေမွ်ာ္အျမင္ရွိစြာ အုပ္ခ်ဳပ္ပါ လာဗင္ဒါ"

ေခါက္လ်က္သားရွိေနေသာ ဝတ္႐ုံအား ယူရင္း ထြက္သြားေလသည့္ ထိုalpha။ တကယ္ဆို အေၾကာင္းစုံရွင္းျပကာ ဝတ္႐ုံကို ျပန္ေတာင္းရင္ ရနိုင္ေသာ္လည္း မာနေလးက ခံေနသည္မို႔ ေျပာမထြက္။ တလြင့္လြင့္ပ်ံ့ေနေသာ လာဗင္ဒါအနံ႕တို႔အား တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္နိုင္ရန္ ႀကိဳးစား၍သာ ေနေလေတာ့သည္။ ထိုalphaကသာ လက္တုံ႕ျပန္သည့္ သေဘာျဖင့္ အၾကမ္းပတမ္း နမ္းသြားခဲ့ေသာ္လည္း အခန့္မသင့္၍ လာဗင္ဒါေလးသာ ထေဖာက္ခဲ့ပါလွ်င္ ဝတ္႐ုံလည္း မရွိပဲ အရွင့္မွာ ရင္ဆိုင္ရ ခက္ခဲေခ်ေတာ့မည္။

•••••

လာဗင္ဒါေလး၏ နန္းေဆာင္မွ လာရာလမ္းအတိုင္း ျပန္ခဲ့ေလေတာ့ ကံေကာင္းစြာျဖင့္ အလာတုန္းကထက္ပို၍ အေစာင့္အၾကပ္တို႔ ေလ်ာ့ပါးသည္ေၾကာင့္ သက္သာေလသည္။ တာဝန္လဲခ်ိန္ ျဖစ္ပုံပါပဲ။

စၾကၤံဘက္မွ ေကြ႕ခ်ိဳး၍ ေလွကားမွ ဆင္းလိုက္လွ်င္ ခန္းမေဆာင္ႏွင့္ ထြက္ေပါက္ကို နီးၿပီျဖစ္သည္ေၾကာင့္ ေလွကားဘက္သို႔ ဦးတည္လိုက္ေသာ္လည္း ႐ုတ္တရက္ အာ႐ုံထဲဝင္လာေသာ တီးတိုးေျပာဆိုသံတို႔ေၾကာင့္ နံရံအကြယ္မွ ကပ္၍ အာ႐ုံစိုက္ နားေထာင္မိေတာ့သည္။ စပ္စုခ်င္၍ေတာ့ မဟုတ္ပါ။ တာဝန္ခံ အမတ္ျဖစ္ဟန္ေပၚေသာ လူသုံးေယာက္က ကိုယ္ရံေတာ္ ၿပိဳင္ပြဲအေၾကာင္း ေဆြးႏြေးေနဟန္ေပၚသည္ေၾကာင့္ပင္ ျဖစ္သည္။

"နိုင္သြားတဲ့ထဲက မ်က္လုံးစိမ္းနဲ႕ alphaက ေတာ္ေတာ္ ေတာ္တယ္ေနာ္"

"ဟုတ္ပါ့။ က်ဳပ္ဆို သူ႕ကိုေသၿပီထင္ထားတာ။ ေနာက္ဆုံးပြဲမွာ သူနဲ႕ၿပိဳင္ရတဲ့လူက အရမ္းကမူးကရႈးထိုးျဖစ္ေနလို႔ေလ။"

မေသ႐ုံတမယ္ ယွဥ္သတ္ခဲ့ရေသာ္လည္း ဒီလိုခ်ီးက်ဴးစကား ၾကားရေလေတာ့ ဂုဏ္ယူမိပါသည္။ သင္ယူခဲ့ဖူးေသာ ကိုယ္ခံပညာတို႔က အလကားေတာ့ မဟုတ္ခဲ့သည္ကိုး။

"တကယ္ဆို betaေတြအစား alpha ၃ေယာက္ဆို ပိုေကာင္းမွာ"

"ဟုတ္ပါ့ နန္းတြင္းလုံၿခဳံေရးအတြက္ ပိုစိတ္ခ်ရတာေပါ့။ အရွင္ကလည္း ဘာလို႔alphaဆို နန္းေတာ္ထဲ မသြင္းခ်င္မွန္းမသိဘူးေနာ္"

အေၾကာင္းအရာက ၿပိဳင္ပြဲမွ လာဗင္ဒါေလးဆီသို႔ ကူးေျပာင္းသြားသည့္အခါ ပို၍ အာ႐ုံစိုက္ နားေထာင္မိေတာ့သည္။ အုပ္ခ်ဳပ္သူအား အုပ္ခ်ဳပ္ခံတို႔က ျမင္သည့္ အျမင္တို႔မွာလည္း အေရးႀကီးသည္မဟုတ္လား။

"ကိုယ္တိုင္က alphaဆိုေတာ့ ဂူတစ္ခုတည္းမွာ ျခေသၤ့ေပါင္းမ်ားစြာရွိေနတာမ်ိဳး မလိုလားလို႔ေနမွာေပါ့"

"တကယ္ဆို ဒါက အငုံ႕စိတ္ပဲေနာ္။ ကိုယ့္အရည္အခ်င္းကို ယုံတယ္ဆို ဒီလိုျဖစ္ေနစရာအေၾကာင္းမွ မရွိတာ"

"က်ဳပ္တို႔ လူသိမခံနိုင္ေလာက္မယ့္ အားနည္းခ်က္မ်ိဳးရွိေနတာလားမွ မသိတာ။ ခုခ်ိန္ထိ နန္းဆက္ေကာ ၾကင္ယာဘက္ပါ မရွိေသးတာကိုပဲ ၾကည့္ေလ။"

မာနႀကီးကာ တဇြတ္ထိုးဆန္သည္ဟု ေကာက္ခ်က္ခ်ခဲ့ေသာ္လည္း လာဗင္ဒါေလးအား သည္လိုေျပာဆိုေနသည္ကို ၾကားရျပန္သည့္အခါ ထယ္ေဟ်ာင္းမခံနိုင္။ မာနေဒါသႀကီးသည္ကို မႏွစ္သက္ေသာ္လည္း ျပည့္ဝေသာ လက္႐ုံးရည္ႏွင့္ အရည္အခ်င္းကေတာ့ ျငင္း၍မရသည္ေလ။ ေနာက္ၿပီး လူအမ်ားက အားႏြဲ႕၍ လုပ္နိုင္စြမ္းနည္းပါးသည္ဟု သတ္မွတ္သည့္ omegaတစ္ဦးက စံႏႈန္းတို႔ကို ခ်ိဳးေဖာက္ကာ တိုင္းျပည္တစ္ခု၏ အရွင္အျဖစ္ သာယာဝေျပာေအာင္ အုပ္ခ်ဳပ္နိုင္သည္မွာ ဘယ္ေလာက္ေတာင္ ခ်ီးက်ဴးစရာေကာင္းလိုက္သလဲ။

ကိုယ္ရံေတာ္ၿပိဳင္ပြဲအတြက္ ၿမိဳ႕ထဲတြင္ ေခတၱမွ် ခိုနားခဲ့ေသာ ထယ္ေဟ်ာင္းပင္ ဒီေလာက္သိပါလွ်င္ တခ်ိန္လုံး ေဘးတြင္ခစားရသည့္ အမတ္ဆိုသည့္လူတို႔က ပိုလို႔ေတာင္ သိသင့္သည္မဟုတ္လား။ ဘယ့္ႏွယ္ေတာင္ ဘုရင့္အပါးခစားၿပီး ဘုရင့္အေၾကာင္း လက္လြတ္စပယ္ ေျပာထြက္နိုင္ၾကသလဲ။

"အရင္မင္းႀကီးတုန္းက ဒီအ႐ြယ္မွာ ၾကင္ဖက္ရေနၿပီေလ။ မိဖုရားႀကီးရဲ႕ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္သာ အရွင့္ကို ေနာက္က်မွေမြးခဲ့တာ။ အခု က်ဳပ္တို႔ရဲ႕ အရွင္ကေတာ့ ၾကင္ယာေတာ္မေျပာနဲ႕ ကမ္းလွမ္းသမွ်ကိုေတာင္ ျငင္းလႊတ္ေနတာ။ မသိရင္ omegaေလးလိုပဲ"

"မႀကံႀကီးမစည္ရာ အရွင္က ဘယ္ႏွယ္လုပ္omegaျဖစ္မွာလဲ။ omegaဆိုတာ ဒီေလာက္ေပ်ာ့တိေပ်ာ့ဖတ္နဲ႕ဟာ။ omegaတစ္ေယာက္ရဲ႕ အုပ္ခ်ဳပ္တာသာ ခံရမယ္ဆို က်ဳပ္ျဖင့္ရွက္လို႔ေသမွာ"

တကယ့္ကို ေရွးရိုးစြဲေခါက္ရိုးက်ိဳး အမတ္ေတြပါလားဟု ေကာက္ခ်က္ခ်လိဳက္မိေတာ့သည္။ ဘယ္သူကပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ အရည္အခ်င္းရွိရန္က အဓိက မဟုတ္လား။ အေတာ္ေလးကို အျမင္က်ဥ္းေျမာင္းလိုက္ၾကပါဘိ။

"ဥပမာေျပာျပတာပါ။ omegaထဲမွာမွ မ်ိဳးရိုးျမင့္တဲ့ မိသားစုေတြဆို ၾကင္ယာဖက္ကိစၥကို သိပ္ေဈးကိုင္ၾကတာေလ။ အနည္းဆုံးေတာ့ ဘုရင့္အမႈထမ္းေလာက္မွ ဆိုတာမ်ိဳးေတြ။ အရွင္ကလည္း အခု ၾကင္ယာေတာ္ ကိစၥကို တအားေဈးကိုင္ေနလို႔ေလ။"

"ခင္ဗ်ားတို႔ကသာ ဘုရင့္အမႈထမ္း။ က်ဳပ္သိသမွ် omegaေတြကေတာ့ ဘုရင့္ၾကင္ယာေတာ္ေနရာခ်ည္း တက္မွန္းၾကတာ။ ေအးေလ။ မ်ိဳးဆက္ပြားေပးၿပီး အျဖည့္ခံျဖစ္ရမယ့္တူတူ ဘုရင့္အျဖည့္ခံ ျဖစ္ရတာက ေတာ္ေသးမွာေပါ့ နားလည္ပါတယ္ေလ။"

alphaတို႔ကို နတ္ဘုရားသဖြယ္ျမႇောက္ပင့္ကာ omegaဆိုသည္ႏွင့္ မ်ိဳးဆက္ပြားေပး႐ုံအျပင္ မပိုသည့္ အားႏြဲ႕ေသာ အမ်ိဳးအစားတစ္ခုကဲ့သို႔ သတ္မွတ္က်ေသာ အျမင္က်ဥ္းေျမာင္းသည့္ ေရွးရိုးစြဲ လူတစ္စုက တိုင္းျပည္တစ္ျပည္ရဲ႕ အမတ္ေနရာမွာရွိေနၾကသည္တဲ့လား။ ကိုယ္တိုင္က alphaျဖစ္ပါေသာ္လည္း ထိုစကားမ်ားေၾကာင့္ ထယ္ေဟ်ာင္းေတာင္ ေဒါသျဖစ္လာရေတာ့သည္။ လာဗင္ဒါေလးသာဆို ဘယ္ေလာက္ထိ အမ်က္ထြက္လိုက္မလဲ။ ဒါ့အျပင္ ထိုလူမ်ားၾကားတြင္ omega အုပ္ခ်ဳပ္သူ တစ္ဦးအျဖစ္ရွိေနရသည့္ လာဗင္ဒါေလးမွာလည္း အမွန္ပင္ မလြယ္ကူေလာက္ေၾကာင္း တြက္ဆမိသည္မို႔ သနားမိသြားေတာ့သည္။

တကယ္ဆို မိုးမခေတာတြင္ ဆုံခဲ့ၾကစဥ္ကတည္းက ထိုလာဗင္ဒါေလးႏွင့္ ရင္းႏွီးခ်င္ခဲ့မိသည္။ သို႔ေသာ္လည္း ေသခ်ာ မိတ္မဆက္ရေသးခင္မွာပင္ သူ႕ဝတ္႐ုံအား ယူ၍ ေပ်ာက္ခ်င္းမလွေပ်ာက္သြားေသာ လာဗင္ဒါေလးကို အနည္းငယ္ေတာ့ စိတ္ခုမိသည္ေလ။ ဝတ္႐ုံကို ျပန္မေပးပဲ ဖမ္းဆီးခ်ဳပ္ႏွောင္သည္အထိ လုပ္ရင္း စိန္ေခၚခဲ့သည္အခါ ေမာက္မာလြန္းသည္ဟု ေကာက္ခ်က္ခ်ခဲ့ဖူးေသာ္လည္း အေၾကာင္းစုံ တီးမိေခါက္မိလာသည့္အခါ လာဗင္ဒါေလးအေပၚ အျပစ္မျမင္ရက္ေတာ့ပါ။ သည္လို ဥာဏ္တိမ္သည့္ လူတစ္စုၾကားတြင္ မာန္ကို အဆုံးထိတင္ထားေလမွသာ ေတာ္႐ုံက်မည္ေလ။

ကိုယ့္အေတြးႏွင့္ကိုယ္ ျဖစ္ေနစဥ္မွာပင္ ေက်ာဘက္မွ ၾကားလိုက္ရသည့္ ေျခသံဖြဖြေၾကာင့္ ခ်က္ခ်င္းလွည့္ၾကည့္မိေတာ့ အံကိုႀကိတ္ကာ မ်က္ခုံးမ်ားအား တြန့္ခ်ိဳးထားသည့္ လာဗင္ဒါေလး။ တာဝန္ခံအမတ္တို႔၏ ေစာ္ကားေမာ္ကား စကားမ်ားအား ၾကားသြားပုံေပၚကာ အမ်က္ေဒါသျဖစ္ေနဟန္ပင္။

"ေရွ႕ကဖယ္"

စိတ္လိုက္မာန္ပါျဖင့္ သူ႕အားေက်ာ္ကာ ထိုသူတို႔ရွိရာသို႔ သြားရန္ ျပင္ေနေသာ လာဗင္ဒါေလးအား အလ်င္အျမန္ပင္ ဆြဲ၍ ထိန္းသိမ္းလိုက္ရသည္။ က်န္တာထက္ ခရမ္းစြဲေရာင္သို႔ အသြင္ေျပာင္းေနသည့္ မ်က္ဝန္းမ်ားေၾကာင့္ ယခုခ်ိန္သာ ထိုသူတို႔ႏွင့္ ထိပ္တိုက္ေတြ႕လိုက္ပါလွ်င္ ျပႆနာတို႔ ပို၍မ်ားလာနိုင္သည္ေလ။

"ဘာလုပ္တာ-အြန့္-"

ယခု အေနအထားသည္ မိုးရနံ႕တို႔လွိုင္ထေနသည့္ ရင္ခြင္က်ယ္ထဲ၌ လာဗင္ဒါေလးက ခ်ဳပ္ႏွောင္ခံထားရကာ ႏႈတ္ခမ္းစိုစိုအိအိကေလးသည္ေတာ့ အေၾကာၿပိဳင္းၿပိဳင္းထေနသည့္ လက္ဝါးျပင္က်ယ္ႀကီးႏွင့္ ဖိကပ္ျခင္း ခံထားရေလသည္။ သို႔ေသာ္ အိပ္မက္ထဲကကဲ့သို႔ ၾကမ္းတမ္းစြာ ဖိပိတ္ျခင္းမဟုတ္ပဲ အသံထြက္မလာေစရန္ အားအနည္းငယ္သုံး၍သာ ဖိကပ္ထားျခင္းျဖစ္သည္။

"ရႉးတိုးတိုး~ အဲ့လူေတြ မင္းရွိေနတာ သိသြားမယ္။ ဒါက လက္တုံ႕ျပန္ဖို႔ အခ်ိန္ေကာင္းမဟုတ္ေသးဘူးေလ လာဗင္ဒါရဲ႕"

ႏွစ္ဦးသားၾကား႐ုံမွ်သာ တီးတိုးလာသည့္ ခပ္တိုးတိုးေလသံသည္ နီျမန္းေနေသာ နား႐ြက္ဝိုင္းဝိုင္းေလးအနီးမွ ျဖတ္သန္းသြားသည္မို႔ လာဗင္ဒါေလးမွာ ၾကက္သီးေမႊးညင္းပင္ ထသြားရသည္။

"စိတ္ေလွ်ာ့ပါ။ ခရမ္းစြဲေရာင္ မ်က္ဝန္းေလးေတြကို အရင္ထိန္းခ်ဳပ္ရမယ္ေလ။ ေနာက္မွ ပညာသားပါပါ ပညာေပးလိုက္"

ဩရွရွအသံႏြေးႏြေးႏွင့္အတူ တဆတဆတိုးလာေသာ မိုးရနံ႕တို႔ေၾကာင့္ အရွင္လာဗင္ဒါ၏ ႏွလုံးခုန္ႏႈန္းတို႔ အနည္းငယ္တည္ၿငိမ္လာကာ မ်က္ဝန္းတို႔သည္လည္း ခရမ္းစြဲေရာင္မွ အနက္ေရာင္သို႔ ျပန္၍အသြင္ေျပာင္းသည္။ ေဒါသျဖစ္ေနခဲ့သည္မို႔ မိမိအေျခအေနကို သတိမထားမိခဲ့သည္မွာ ထိုalpha သတိမေပးခင္ အခ်ိန္အထိပင္။ သည္တေခါက္ေတာ့ အရိုင္းအစိုင္းalphaကို ေက်းဇူးတင္မိပါသည္။

တဖက္မွ ထယ္ေဟ်ာင္းသည္လည္း ဆုံးျဖတ္ခ်က္အခ်ိဳ႕အား ျပန္၍ စဥ္းစားရန္ ျဖစ္လာေလေတာ့သည္။ ဝတ္႐ုံကို ျပန္ယူ၍ ကိုယ့္ေနရာ ကိုယ္ျပန္ကာ ေအးေအးေဆးေဆးေနရန္ ႀကံ႐ြယ္ခဲ့ေသာ္လည္း အျမင္က်ဥ္းေျမာင္းသည့္ လူတစ္စု၏ စကားတို႔ေၾကာင့္ ရည္႐ြယ္ခ်က္တို႔ ေျပာင္းလဲသြားခဲ့သည္။

သန္မာေသာ္လည္း ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ေနရသကဲ့သို႔ အႏၱရာယ္မ်ားသည့္ လာဗင္ဒါေလးအား ကူညီခ်င္မိသည္။ ကာကြယ္ေပးခ်င္မိသည္။ ထို႔ေၾကာင့္ပဲ ခိုင္မာေသာ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့ေတာ့သည္။ ဝတ္႐ုံအစား ကိုယ္ရံေတာ္ရာထူးကိုသာ ရေအာင္ယူပါေတာ့မည္ဟူ၍ေလ။

သို႔ေပတည့္ မာနခဲေလး အရွင္ကေရာ အသာတၾကည္ လက္ခံလိမ့္မည္တဲ့လား?? စဥ္းစားစရာပါပင္။

#Tbc

A/N: အရွင့္ကိုယ္ရံေတာ္ ျဖစ္မလား အခ်ဳပ္ထဲပဲ ထပ္ေရာက္မလားေတာ့ အာမ မခံနိုင္ပါ 😆

ေနာက္ၿပီး ၾကာသြားတဲ့အတြက္ အမ်ားႀကီး အားနာရပါတယ္ရွင္ TT Second Choiceပါ ဖတ္တဲ့သူေတြဆို သိေလာက္မွာ ျဖစ္ေပမယ့္ 라기  စိတ္အေျခအေနေၾကာင့္ စာေရးရအေတာ္ေလး ခက္ေနပါတယ္ :') ေရးေနက်ထက္ အမ်ားႀကီး အခ်ိန္ယူေရးေနရလို႔ ကိုယ့္ကိုယ္ကိုလည္း ေတာ္ေတာ္ႀကီး အားရမပါဘူး။ ဒါေပမယ့္ အတတ္နိုင္ဆုံးေတာ့ ႀကိဳးစားေရးေနတာမို႔ ႏွစ္တစ္ေသာင္းupdateေတြကိုပဲ သည္းခံၿပီး ဖတ္ေပးပါဦး ဒါဒါေလးတို႔ေရ  🤍

See you in next episode~

- 해바라기

Continue Reading

You'll Also Like

2.6K 209 10
Min Yoongi & Kim Taehyung Top-Yoongi Bottom-Taehyung မင်းကို စောင့်မျှော်နေရတဲ့ α€‘α€α€»α€­α€”α€Ία€€α€¬α€œα€α€½α€±α€€ α€„α€«α€·α€›α€²α€·α€˜α€α€€α€­α€― α€‘α€“α€­α€•α€Ήα€•α€«α€šα€Ία€™α€²α€·α€…α€±α€α€šα€Ία‹ Start date. 12.5.2023 En...
50.5K 4K 33
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK α€€α€­α€―α€€α€­α€― α€€α€±α€œα€Έα€€α€­α€―α€™α€α€Ία€…α€Ήα€›α€„α€Ή α€€α€±α€œα€Έα€€α€α€…α€Ήα€»α€α€¬α€Έα€±α€šα€¬α€€α€Ία€¬α€Ήα€Έ α€α€…α€Ήα€±α€šα€¬α€€α€Ήα€€α€­α€― α€»α€•α€”α€Ήα€α€Ία€…α€Ήα€œα€­α€―α€€α€Ήα€±α€α€¬α€·α€™α€½α€¬! α€€α€­α€―α€€α€­α€― α€€α€œα€±α€Έα€€α€­α€―α€™α€α€»α€…α€Ία€›α€„α€Ί...
52.9K 426 19
( Editing right now) Synopsis When Malenia, a betrayed middle-aged woman, is transported to a magical world, she becomes the Dungeon Mistress of a pe...
1.7K 178 4
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK FRI(END)S