My Bad Brother(Completed)

By xiaotiantian433

285K 9.7K 153

OC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။ More

Intro
part-1
Part-2
Part-3
part-4
Part-5
La Yaike Nway
Shin Khant T
part-7
Part-8
Part-9
Part-10
part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
part-23
part-24
Part-25
Part-26
Part-27
Part-28
♥️
part-29
Fianl
❤️
New Fic

Part-6

8.2K 326 3
By xiaotiantian433

ရှင်းခန့်ထွက်သွားပြီးနောက်တစ်နေညမှာတော့ လရိပ်စာလုပ်ဖို့ကိုပင်သတိမရပဲပေါ့ပါးကာပျော်ရွှင်နေသည်။ဒီညတော့ Facebook လေးဘာလေးသုံးဦးမည်။ဟုတွေးကာဖုန်းလေးကိုကိုင်လိုက်စဉ်မှာပင်တစ်ခုခုကိုသတိရသွားသည်။

"ကျုပ်ခင်ဗျားကိုအမြဲစောင့်ကြည့်နေမှာ"ဟုရှင်းခန့်ပြောသွားသည့်စကား။ လရိပ်ဟွန့်တစ်ချက်နှာမှုတ်ကာဖုန်းလေးကိုကုတင်ပေါ်ပြန်ချထားလိုက်ပြီး။သူ့အခန်းထဲမှာရှိသည့်ရှင်းခန့်ပစ္စည်းတွေကိုထုတ်ပိုးကာသူ့အခန်းသို့ပစ်ထည့်လိုက်လေသည်။

"မင်းမြင်နိုင်သေးလားရှင်းခန့်။မင်းငါ့ကိုစောင့်ကြည့်မယ်ဆိုတာဘယ်လိုပုံမျိုးလဲ"

သူအခန်းထဲမှာCCTVတွေလဲပတ်ရှာပြီးပြီဘယ်နေရာမှမတွေ့။လုပ်ရမယ့်စာတွေများနေပေမယ့်လည်း ဒီတစ်ရက်တော့လွတ်လပ်ရေးရတဲ့အထိန်းမှတ်နဲ့အိပ်ယာကျယ်ပေါ်မှာတစ်ယောက်တည်းလှိမ့်ပြီးအာလူးကြောင်စားရင်း Facebook ကြည့်ရန်အစီစဉ်ဆွဲလိုက်သည်။ပြီးနောက်မသုံးတာကြာပြီဖြစ်တဲ့ Facebook အကောင့်ကိုဝင်ပြီး ရွှေရည်ရဲ့အကောင့်ကိုလိုက်ရှာရန်စဉ်းစားလိုက်သည်။ရွှေရည်ကကျောင်းမှာအချောစာရင်းထဲပါတာကြောင့် ခက်ခက်ခဲခဲရှာစရာမလိုပဲတန်းတွေ့ပြီး add friend ကိုနှိပ်လိုက်သည်။ ပြီးနောက်သူ့wallထဲသူဝင်ကြည့်လိုက်တဲ့အခါမှာတော့ သူနှင့်friဖြစ်ထားသူမှာတစ်ယောက်တည်း။ ဒါကမလွဲမသွေဟိုအရိုင်းကောင်ပေါ့။သူနဲ့ဘယ်လို friend ဖြစ်နေလဲဆိုတာအထင်လွဲနေမှာစိုးလို့ရှင်းပြပါဦးမည်။လရိပ်က ဘယ် social media ကိုမှအသုံးပြုသည့်မဟုတ်။စာနှင့်ပတ်သက်တာတွေပဲသူ့ဖုန်းထဲတွင်ရှိသည်။တစ်နေ့မှာ Facebook မှစာရင်းသွင်းရန်လိုအပ်လာသည့်လျှောက်လွှာကြောင့် ပါပါးကိုအကူညီတောင်းရာမှ ပါပါးကရှင်းခန့်ကိုတာဝန်ပေးလိုက်ရာသူလက်ရှိဖွင့်ပြီးမသုံးတဲ့အကောင်းတစ်ခုကိုပေးခဲ့သည်။ အကောင့်နာမည်က ရှင်းရှင်းတဲ့သူအဲ့တုန်းကသေချာသတိမထားမိခဲ့ပဲ အခုမှ Profile ကိုကြည့်လိုက်ရာ သူငယ်ငယ်ကပုံကြီးတင်ထားသည်။ထိုပုံထဲမှာသူကထမင်းကုန်အောင်မစားလို့ပါပါးဆူနေချိန် လက်လပိုက်ကာငိုနေပုံဖြစ်သည်။ထိုအချိန်မှာလရိပ်ပြာသွားပြီး မလုပ်တတ်လုပ်တတ် ပုံကိုချိန်းရန်ကြိုးစားနေရာမှ မက်ဆေ့ဝင်လာရာ..

'တီးတောင်'

*Shwe Yee - Hi အစ်ကိုလရိပ်များလား*

"ဟင် ဘယ် ဘယ်လိုလုပ်ငါ့ကိုတန်းသိနေတာလဲ။မဟုတ်မှ ငါ့ရဲ့ငယ်ပုံကသိသာနေလား။လုပ်ပါ ဖျက်စမ်းပါ ဖျက်စမ်းပါ"

သူdelete ဆိုသည့်စာတန်းကိုသုံးလေးခါလောက် ဖိနှိပ်ပြီးမှထိုပုံလေးပျက်သွားတာကြောင့်သက်ပြင်းချလိုက်မိသည်။

"ဟူး....တော်ပါသေးရဲ့"

ပြီးနောက်သူရွှေရည်အား reply ပြန်လိုက်သည်။

*ဟုတ်တယ် ရွှေရည်ရဲ့။အခုတစ်လောရွှေရည့်ကိုအချိန်မပေးနိုင်တာအားနာတယ်နော်*

*ရပါတယ်။ဒါဆိုမနက် ရွှေရည်စောင့်နေကြနေရာလေးမှာစောင့်နေရမလား*

*အင်း..*

*ရွှေရည်အခုမအားလို့ လိုင်းဆင်းပြီနော်*

သူလဲ goodnight ဆိုတဲ့စာလေးကိုပို့ပြီးနောက်...

"အေးလေ ငါတောင်ဒီနေ့မှလိုင်းသုံးဖြစ်တာကို"

လိုင်းသုံးပါမယ်ဆိုမှ ရွှေရည်ကမရှိတာကြောင့်။လက်ကအလိုလို ဟိုအရိုင်းစိုင်းကောင်ရဲ့အကောင့်ကိုဝင်ကြည့်မိသွားသည်။သူ့အ‌ကောင့်နာမည်ကတော့ရှင်းခန့်တည်ဖြစ်ပြီး wall ထဲတွင်တော့သူ့ပုံ တစ်ပုံမှတင်ထားတာမတွေ့ပဲ ကိုယ်တိုင်ရိုက်ရှုခင်းအပိုင်းအစတစ်ချို့ကိုသာတွေ့ရသည်။‌postကသိပ်များများစားစားမရှိတာကြောင့်အဆုံးထိဆွဲချလိုက်ရာ ရှင်းခန့်ငယ်ငယ်ကပုံလေးတစ်ပုံ..လရိပ်သေချာကြည့်ပြီးနှာခေါင်းရှုံ့ကာ..

"ငယ်ငယ်တည်းကအမြင်ကတ်စရာကောင်းတဲ့မျက်နှာ၊မုန်းစရာဆံပင်ကောက်တွေတစ်ထုတ်ကြီးနဲ့ မျက်လုံးပေါက်မှေးမှေးအကျင့်ပုတ်တဲ့ရုပ်။အသားဖြူချင်လိုက်တာမှလည်းလွန်ရောတစ်လတစ်လသိန်းချီပြီးအသားဖြူဆပ်ပြာတွေဝယ်သုံးတာတောင်ငါ့ခြေသလုံးအသားရောင်ကိုမမှီသေးဘူး"

သူရှင်းခန့်၏ပုံကိုသာအာရုံစိုက်ကြည့်နေရင်းမှ ဘေးမှာသူပါ ပါနေသည်ကိုသတိထားမိသွားသည်။

"ဟင်!"

ပါနေတဲ့ပုံကကောင်းကောင်းတော့မဟုတ်..ရှင်းခန့်အားရိုက်နေသည့်ကင်မရာကိုသူကနှာခေါင်းနှိုက်ကာမျက်လုံးအပြူးသားလေးနဲ့ချောင်းကြည့်နေသကဲ့သို့ဖြစ်နေ၏။

"အား....ရှင်းခန့် မင်းဘာသဘောလဲ။မင်းငါ့ကိုဘယ်အချိန်ထိအရှက်ခွဲမှာလဲ ရှင်းခန့်တည်။"

ပြီးနောက်သူ့၏ Gallery ထဲမှအခန့်ဆုံးအချောဆုံးဂျူတီကုတ်လေးနဲ့ပုံကိုရွေးပြီး Profile တင်လိုက်သည်။ပြီးတော့ အကောင့်နာမည်က ရှင်းရှင်းဖြစ်နေသည်။ဒါကိုတော့သူပြောင်းမရတာကြောင့်ဒီအတိုင်းပဲထားလိုက်ရသည်။

-------
နောက်နေ့တွင်တော့ လရိပ်တစ်ယောက်ရွှေရည်နှင့်ဆုံဖြစ်သည်။တစ်နေကုန်သူတို့ဖြောင့်ဖြောင့်ဖြူးဖြူးကြည်နူးပြီး အိမ်ပြန်ရောက်တော့လည်းပြသနာရှာမယ့်သူမရှိတာကြောင့်စိတ်ချမ်းသာရသည်။ဒီလိုနဲ့တစ်ပတ်ပြီးတစ်ပတ် သူနှင့်ရွှေရည်ရဲ့အခြေနေမှာလည်းတိုးတတ်လာသည်။ထိုအခါသူ ရှင်းခန့်အကြောင်းတွေးမိလာ၏။သူ့ကိုရှင်းခန့်နိုင်ငံခြားထွက်သွားပြီးကတည်းကဘယ်လိုနည်းနဲ့မှပြသနာမရှာ။မျက်စိဒေါက်ထောက်ကြည့်မယ်ဆိုတဲ့လူက သူ့ကိုဖုန်းတစ်ချက်ပင်ဆက်ပြီးမဟောက်တာကြောင့် နဲနဲတော့စပ်စုချင်လာတာ‌သည်။

"ပါပါး"

"ဟေ..သားကြီးပြောလေ"

"ရှင်းခန့်နဲ့ဖုန်းပြောဖြစ်သေးလား"

"ပြောရတာပေါ့ သူ့အသက်ငယ်ငယ်လေးနဲ့စိတ်အားထက်သန်နေတာဘယ်လိုမှတားမရလို့လွှတ်ပေးလိုက်ရတာ။နေ့တိုင်းဖုန်းဆက်ပြီးသတိပေးဆုံးမနေရတယ်"

"အော်.."

"သားနဲ့ရောအဆက်သွယ်မရှိဘူးလား။ပါးဖုန်းဆက်ပေးရမလား"

"ရ ရပါတယ် ကျွန်တော် Facebook ကနေဆက်သွယ်လိုက်မယ်"

"အေးပါ။အေးပါ"

ထိုစဉ်မှာပဲပါးပါးဆီဖုန်းဝင်လာတာကြောင့်သူလဲအိမ်ပေါ်ထပ်သို့တက်လိုက်စဉ်

"ဟဲလို...အေး။ဒီနေ့အဆင်ပြေရဲ့လားသားလေး။မင်းအစ်ကိုတောင်ခုပဲမင်းကိုမေးနေတယ်။အားရင်သူ့ကိုဆက်သွယ်လိုက်ပါဦး။

အခန်းထဲမရောက်ခင်အောက်ထပ်ကပါပါး၏အသံကိုကြားတာကြောင့်ကိုယ့်နှဖူးကိုလက်ဝါးဖြင့်ရိုက်ပစ်မိလေ၏။ပါပါးကသူတို့ကိုပြေလည်နေတယ်ပဲထင်နေသည်။

-----

ဒီနေ့လည်းကျောင်းဆင်းပြီးရွှေရည်နဲ့မုန့်စားကာအပြန်နောက်ကျမှာကြောင့်အိမ်ကကားကိုလာမကြိုရန်လရိပ်ဖုန်းဆက်လိုက်သည်။မုန့်စားပြီးတဲ့အခါမှာတော့ ‌ညနေစောင်းတော့မှာဖြစ်လို့ရွှေရည်ကိုလိုက်ပို့ရာသူပြန်ရမည့်အချိန်ကမှောင်သွားလေ၏။သူတို့လမ်းကလူပြတ်ပြီးတစ်ခါမှလည်းတစ်ယောက်တည်းမပြန်ဖူးတာကြောင့် လရိပ်အနည်းငယ်တော့ကျောချမ်းနေသည်။အသံဆိုလို့သူ့ခြေသံတစ်ခုသာကြားနေရသည်။ထိုစဉ်မှာပဲ...

"လရိပ်"

ဩရှရှယောက်ျားသံကြောင့်လရိပ်လှည့်ကြည့်လိုက်သည်။ပြီးနောက်ဂုတ်လောက်ကျနေသည့်ထိုသူ့ဆံပင်တွေကြားမှမျက်နှာကိုသေချာစိုက်ကြည့်ပြီး..

"မိုးမိတ်!"

"အဟား ကျွန်တော့်ကိုမှတ်မိလို့ဝမ်းသာတယ်"

"ဆယ်တန်းတုန်းကတစ်ခန်းထဲလေမမှတ်မိပဲနေမလား"

ကျောင်းနှစ်ဝက်မှာပဲလူသတ်မှုနဲ့ကလေးထောင်ရောက်‌သွားတဲ့အကြောင်းတော့လရိပ်ထည့်မပြောခဲ့။

"ကျွန်တော်လိုက်ပို့ပေးမယ်လေ "

"ရ ရတယ်"

"လာပါ။လရိပ်ကလဲ"

လရိပ်သူ့လက်တွေကိုအတင်းရုန်းသော်လဲမလွှတ်ပေးပဲ။

"ပြီးတော့ခင်ဗျားကိုကျွန်တော်ဘယ်လောက်ချစ်လဲပြောချင်တယ်။လာပါအတူလမ်းလျှောက်ရအောင်"

"မင်းဖယ်"

"ခင်ဗျားရဲ့ညီဆိုတဲ့ကောင်အမြဲခင်ဗျားနားမှာကပ်ရှုပ်နေလို့ကျုပ်နဲ့ခင်ဗျားဝေးနေရတာ"

"ရှင်း ရှင်းခန့်လား။ဟုတ် ဟုတ်တယ် သူသိရင်မင်းမလွယ်ဘူးသူကဘယ်လောက်ဆိုးလဲသိတယ်မဟုတ်လား"

ဒီလူဆိုးကောင်ကဒီနေရာမှာတော့အသုံးဝင်သား။

"ဒီကောင်အခု ဒီနိုင်ငံမှာမရှိဘူးဆိုတာသိတယ်"

"မင်း မရမ်းကားနဲ့"

ထိုစဉ်မှာပဲ..

"အစ်ကိုလေး"

အိမ်ကကားရောက်လာသောအခါ driver ကကားပေါ်ကဆင်းလာရာ မိုးမိတ်လက်တွေက လရိပ်ကိုလွှတ်ပေးလိုက်လေ၏။ ထိုအခါလရိပ်ချက်ချင်းပင်ကားပေါ်လှမ်းတတ်လိုက်ကာတံခါးကိုပိတ်လိုက်လေ၏။မိုးမိတ်လည်း driver ကိုဘုကြည့်ကြည့်ရင်းထွက်သွားခဲ့လေသည်။

"အစ်ကိုလေးအဆင်ပြေရဲ့လား"

"ကျေးဇူးပါပဲ လာကြိုပေးလို့"

"မဟုတ်တာဗျာဒါကျွန်တော်လုပ်ရမယ့်အလုပ်ပဲ။ဒါကြောင့်အစ်ကိုလေးရှင်းခန့်ကအမြဲအစ်ကိုလေးလရိပ်ကိုအပါခေါ်တာ"

*အဲ့တာနှောက်ယှက်ချင်ရုံသက်သက်*

ကားပေါ်မှာ ဘာမှမပြောပဲလရိပ်တိတ်ဆိတ်စွာပင်လိုက်လာခဲ့လေသည်။

---
ဒီနေ့မနက် ပိတ်ရက်ဖြစ်တာကြောင့်လရိပ်ရွှေရည်နှင့်ချိန်းထားလေသည်။မိုးပြာရောင်တီရှပ်လေးကိုတံ‌တောင်ဆစ်ထိခေါက်တင်ပြီး ပုဆိုးအပြာကွက်စိတ်စိတ်လေးမှာ ဖြူဝင်းနေသည့်သူ့အသားနှင့်လိုက်ဖက်လေ၏။တန်း၍ထင်းနေသောမျက်ခုံးမထူမပါးလေးနှင့်မျက်လုံးဝိုင်းလေးတွေကြောင့်သူဟာခန့်သည်ဟုသုံးနှုန်း ရမှာထက် လှသည်သုံးနှုန်းသင့်သည်။ သူအိမ်ပေါ်ထပ်ကဆင်းလာရင်းဧည့်ခန်းကမိသားစုပုံကိုအကြည့်ရောက်သွားကာပြုံးလိုက်မိသည်။သူရာယ်၊ပါပါးရာယ်ရှင်းခန့်ရာယ် သုံးယောက်ထဲမှာသူကအဖွေးဆုံးဖြစ်နေသည်။ပါပါး‌ဖြူတဲ့ထဲမပါပေမယ့် ညိုတဲ့ထဲလဲမပါပုံမှန်ဖြစ်ပြီး။ဆံပင်ကွေးတစ်ထုပ်ကြီးနဲ့မျက်လုံးမှေးမှေးရှိနေသည့်စူပုတ်ပုတ်ရုပ်နဲ့ရှင်းခန့်ကကွက်ညိုနေ၏။ဒီအတွက်ရှင်းခန့်ကသူ့အားမနာလိုဖြစ်ပြီး ပြသနာမျိုးစုံရှာနေတာလဲသူသိတာကြောင့် ကြိတ်ပျော်မိသွားသည်။
လရိပ်တွေးနေစဉ်မှာပဲ TV ကသတင်းအစီစဉ်ကြောင့် ရုတ်တရက်တုန်လှုပ်သွားလေ၏။

"မနေ့ည၇နာရီတွင် သုခလမ်းမှလူငယ်တစ်ဦးဝိုင်းရိုက်ခံရပြီးသေဆုံးခဲ့သည်။သက်ဆိုင်ရာများ၏စုံစမ်းမှုအရသေဆုံးသူမှာမောင်မိုးမိတ်အသက်(၂၂)ဖြစ်ပြီးရွှေဂုံတိုင်မှာနေထိုင်သည်ဟုသိရသည်။"

"ဟင်..သားကြီးသူ့ကိုသိလား။ရွှေဂုံတိုဆိုတော့ ပါပါးတို့ရက်ကွက်ထဲကများဖြစ်နေမလား"

"သား သားတို့ဆယ်တန်းတုန်းကတော့တစ်ခန်းထဲပါပါး"

"အော် သားသူငယ်ချင်းဖြစ်နေခဲ့တာလား စိတ်မကောင်းစရာပဲကွယ်"

-------

Zawgyi

ရွင္းခန႔္ထြက္သြားၿပီးေနာက္တစ္ေနညမွာေတာ့ လရိပ္စာလုပ္ဖို႔ကိုပင္သတိမရပဲေပါ့ပါးကာေပ်ာ္႐ႊင္ေနသည္။ဒီညေတာ့ Facebook ေလးဘာေလးသုံးဦးမည္။ဟုေတြးကာဖုန္းေလးကိုကိုင္လိုက္စဥ္မွာပင္တစ္ခုခုကိုသတိရသြားသည္။

"က်ဳပ္ခင္ဗ်ားကိုအၿမဲေစာင့္ၾကည့္ေနမွာ"ဟုရွင္းခန႔္ေျပာသြားသည့္စကား။ လရိပ္ဟြန႔္တစ္ခ်က္ႏွာမႈတ္ကာဖုန္းေလးကိုကုတင္ေပၚျပန္ခ်ထားလိုက္ၿပီး။သူ႕အခန္းထဲမွာရွိသည့္ရွင္းခန႔္ပစၥည္းေတြကိုထုတ္ပိုးကာသူ႕အခန္းသို႔ပစ္ထည့္လိုက္ေလသည္။

"မင္းျမင္နိုင္ေသးလားရွင္းခန႔္။မင္းငါ့ကိုေစာင့္ၾကည့္မယ္ဆိုတာဘယ္လိုပုံမ်ိဳးလဲ"

သူအခန္းထဲမွာCCTVေတြလဲပတ္ရွာၿပီးၿပီဘယ္ေနရာမွမေတြ႕။လုပ္ရမယ့္စာေတြမ်ားေနေပမယ့္လည္း ဒီတစ္ရက္ေတာ့လြတ္လပ္ေရးရတဲ့အထိန္းမွတ္နဲ႕အိပ္ယာက်ယ္ေပၚမွာတစ္ေယာက္တည္းလွိမ့္ၿပီးအာလူးေၾကာင္စားရင္း Facebook ၾကည့္ရန္အစီစဥ္ဆြဲလိုက္သည္။ၿပီးေနာက္မသုံးတာၾကာၿပီျဖစ္တဲ့ Facebook အေကာင့္ကိုဝင္ၿပီး ေ႐ႊရည္ရဲ႕အေကာင့္ကိုလိုက္ရွာရန္စဥ္းစားလိုက္သည္။ေ႐ႊရည္ကေက်ာင္းမွာအေခ်ာစာရင္းထဲပါတာေၾကာင့္ ခက္ခက္ခဲခဲရွာစရာမလိုပဲတန္းေတြ႕ၿပီး add friend ကိုႏွိပ္လိုက္သည္။ ၿပီးေနာက္သူ႕wallထဲသူဝင္ၾကည့္လိုက္တဲ့အခါမွာေတာ့ သူႏွင့္friျဖစ္ထားသူမွာတစ္ေယာက္တည္း။ ဒါကမလြဲမေသြဟိုအရိုင္းေကာင္ေပါ့။သူနဲ႕ဘယ္လို friend ျဖစ္ေနလဲဆိုတာအထင္လြဲေနမွာစိုးလို႔ရွင္းျပပါဦးမည္။လရိပ္က ဘယ္ social media ကိုမွအသုံးျပဳသည့္မဟုတ္။စာႏွင့္ပတ္သက္တာေတြပဲသူ႕ဖုန္းထဲတြင္ရွိသည္။တစ္ေန႕မွာ Facebook မွစာရင္းသြင္းရန္လိုအပ္လာသည့္ေလွ်ာက္လႊာေၾကာင့္ ပါပါးကိုအကူညီေတာင္းရာမွ ပါပါးကရွင္းခန႔္ကိုတာဝန္ေပးလိုက္ရာသူလက္ရွိဖြင့္ၿပီးမသုံးတဲ့အေကာင္းတစ္ခုကိုေပးခဲ့သည္။ အေကာင့္နာမည္က ရွင္းရွင္းတဲ့သူအဲ့တုန္းကေသခ်ာသတိမထားမိခဲ့ပဲ အခုမွ Profile ကိုၾကည့္လိုက္ရာ သူငယ္ငယ္ကပုံႀကီးတင္ထားသည္။ထိုပုံထဲမွာသူကထမင္းကုန္ေအာင္မစားလို႔ပါပါးဆူေနခ်ိန္ လက္လပိုက္ကာငိုေနပုံျဖစ္သည္။ထိုအခ်ိန္မွာလရိပ္ျပာသြားၿပီး မလုပ္တတ္လုပ္တတ္ ပုံကိုခ်ိန္းရန္ႀကိဳးစားေနရာမွ မက္ေဆ့ဝင္လာရာ..

'တီးေတာင္'

*Shwe Yee - Hi အစ္ကိုလရိပ္မ်ားလား*

"ဟင္ ဘယ္ ဘယ္လိုလုပ္ငါ့ကိုတန္းသိေနတာလဲ။မဟုတ္မွ ငါ့ရဲ႕ငယ္ပုံကသိသာေနလား။လုပ္ပါ ဖ်က္စမ္းပါ ဖ်က္စမ္းပါ"

သူdelete ဆိုသည့္စာတန္းကိုသုံးေလးခါေလာက္ ဖိႏွိပ္ၿပီးမွထိုပုံေလးပ်က္သြားတာေၾကာင့္သက္ျပင္းခ်လိဳက္မိသည္။

"ဟူး....ေတာ္ပါေသးရဲ႕"

ၿပီးေနာက္သူေ႐ႊရည္အား reply ျပန္လိုက္သည္။

*ဟုတ္တယ္ ေ႐ႊရည္ရဲ႕။အခုတစ္ေလာေ႐ႊရည့္ကိုအခ်ိန္မေပးနိုင္တာအားနာတယ္ေနာ္*

*ရပါတယ္။ဒါဆိုမနက္ ေ႐ႊရည္ေစာင့္ေနၾကေနရာေလးမွာေစာင့္ေနရမလား*

*အင္း..*

*ေ႐ႊရည္အခုမအားလို႔ လိုင္းဆင္းၿပီေနာ္*

သူလဲ goodnight ဆိုတဲ့စာေလးကိုပို႔ၿပီးေနာက္...

"ေအးေလ ငါေတာင္ဒီေန႕မွလိုင္းသုံးျဖစ္တာကို"

လိုင္းသုံးပါမယ္ဆိုမွ ေ႐ႊရည္ကမရွိတာေၾကာင့္။လက္ကအလိုလို ဟိုအရိုင္းစိုင္းေကာင္ရဲ႕အေကာင့္ကိုဝင္ၾကည့္မိသြားသည္။သူ႕အ‌ေကာင့္နာမည္ကေတာ့ရွင္းခန႔္တည္ျဖစ္ၿပီး wall ထဲတြင္ေတာ့သူ႕ပုံ တစ္ပုံမွတင္ထားတာမေတြ႕ပဲ ကိုယ္တိုင္ရိုက္ရႈခင္းအပိုင္းအစတစ္ခ်ိဳ႕ကိုသာေတြ႕ရသည္။‌postကသိပ္မ်ားမ်ားစားစားမရွိတာေၾကာင့္အဆုံးထိဆြဲခ်လိဳက္ရာ ရွင္းခန႔္ငယ္ငယ္ကပုံေလးတစ္ပုံ..လရိပ္ေသခ်ာၾကည့္ၿပီးႏွာေခါင္းရႈံ႕ကာ..

"ငယ္ငယ္တည္းကအျမင္ကတ္စရာေကာင္းတဲ့မ်က္ႏွာ၊မုန္းစရာဆံပင္ေကာက္ေတြတစ္ထုတ္ႀကီးနဲ႕ မ်က္လုံးေပါက္ေမွးေမွးအက်င့္ပုတ္တဲ့႐ုပ္။အသားျဖဴခ်င္လိုက္တာမွလည္းလြန္ေရာတစ္လတစ္လသိန္းခ်ီၿပီးအသားျဖဴဆပ္ျပာေတြဝယ္သုံးတာေတာင္ငါ့ေျခသလုံးအသားေရာင္ကိုမမွီေသးဘူး"

သူရွင္းခန႔္၏ပုံကိုသာအာ႐ုံစိုက္ၾကည့္ေနရင္းမွ ေဘးမွာသူပါ ပါေနသည္ကိုသတိထားမိသြားသည္။

"ဟင္!"

ပါေနတဲ့ပုံကေကာင္းေကာင္းေတာ့မဟုတ္..ရွင္းခန႔္အားရိုက္ေနသည့္ကင္မရာကိုသူကႏွာေခါင္းႏွိုက္ကာမ်က္လုံးအျပဴးသားေလးနဲ႕ေခ်ာင္းၾကည့္ေနသကဲ့သို႔ျဖစ္ေန၏။

"အား....ရွင္းခန႔္ မင္းဘာသေဘာလဲ။မင္းငါ့ကိုဘယ္အခ်ိန္ထိအရွက္ခြဲမွာလဲ ရွင္းခန႔္တည္။"

ၿပီးေနာက္သူ႕၏ Gallery ထဲမွအခန႔္ဆုံးအေခ်ာဆုံးဂ်ဴတီကုတ္ေလးနဲ႕ပုံကိုေ႐ြးၿပီး Profile တင္လိုက္သည္။ၿပီးေတာ့ အေကာင့္နာမည္က ရွင္းရွင္းျဖစ္ေနသည္။ဒါကိုေတာ့သူေျပာင္းမရတာေၾကာင့္ဒီအတိုင္းပဲထားလိုက္ရသည္။

-------
ေနာက္ေန႕တြင္ေတာ့ လရိပ္တစ္ေယာက္ေ႐ႊရည္ႏွင့္ဆုံျဖစ္သည္။တစ္ေနကုန္သူတို႔ေျဖာင့္ေျဖာင့္ျဖဴးျဖဴးၾကည္ႏူးၿပီး အိမ္ျပန္ေရာက္ေတာ့လည္းျပသနာရွာမယ့္သူမရွိတာေၾကာင့္စိတ္ခ်မ္းသာရသည္။ဒီလိုနဲ႕တစ္ပတ္ၿပီးတစ္ပတ္ သူႏွင့္ေ႐ႊရည္ရဲ႕အေျခေနမွာလည္းတိုးတတ္လာသည္။ထိုအခါသူ ရွင္းခန႔္အေၾကာင္းေတြးမိလာ၏။သူ႕ကိုရွင္းခန႔္နိုင္ငံျခားထြက္သြားၿပီးကတည္းကဘယ္လိုနည္းနဲ႕မွျပသနာမရွာ။မ်က္စိေဒါက္ေထာက္ၾကည့္မယ္ဆိုတဲ့လူက သူ႕ကိုဖုန္းတစ္ခ်က္ပင္ဆက္ၿပီးမေဟာက္တာေၾကာင့္ နဲနဲေတာ့စပ္စုခ်င္လာတာ‌သည္။

"ပါပါး"

"ေဟ..သားႀကီးေျပာေလ"

"ရွင္းခန႔္နဲ႕ဖုန္းေျပာျဖစ္ေသးလား"

"ေျပာရတာေပါ့ သူ႕အသက္ငယ္ငယ္ေလးနဲ႕စိတ္အားထက္သန္ေနတာဘယ္လိုမွတားမရလို႔လႊတ္ေပးလိုက္ရတာ။ေန႕တိုင္းဖုန္းဆက္ၿပီးသတိေပးဆုံးမေနရတယ္"

"ေအာ္.."

"သားနဲ႕ေရာအဆက္သြယ္မရွိဘူးလား။ပါးဖုန္းဆက္ေပးရမလား"

"ရ ရပါတယ္ ကြၽန္ေတာ္ Facebook ကေနဆက္သြယ္လိုက္မယ္"

"ေအးပါ။ေအးပါ"

ထိုစဥ္မွာပဲပါးပါးဆီဖုန္းဝင္လာတာေၾကာင့္သူလဲအိမ္ေပၚထပ္သို႔တက္လိုက္စဥ္

"ဟဲလို...ေအး။ဒီေန႕အဆင္ေျပရဲ႕လားသားေလး။မင္းအစ္ကိုေတာင္ခုပဲမင္းကိုေမးေနတယ္။အားရင္သူ႕ကိုဆက္သြယ္လိုက္ပါဦး။

အခန္းထဲမေရာက္ခင္ေအာက္ထပ္ကပါပါး၏အသံကိုၾကားတာေၾကာင့္ကိုယ့္ႏွဖူးကိုလက္ဝါးျဖင့္ရိုက္ပစ္မိေလ၏။ပါပါးကသူတို႔ကိုေျပလည္ေနတယ္ပဲထင္ေနသည္။

-----

ဒီေန႕လည္းေက်ာင္းဆင္းၿပီးေ႐ႊရည္နဲ႕မုန႔္စားကာအျပန္ေနာက္က်မွာေၾကာင့္အိမ္ကကားကိုလာမႀကိဳရန္လရိပ္ဖုန္းဆက္လိုက္သည္။မုန႔္စားၿပီးတဲ့အခါမွာေတာ့ ‌ညေနေစာင္းေတာ့မွာျဖစ္လို႔ေ႐ႊရည္ကိုလိုက္ပို႔ရာသူျပန္ရမည့္အခ်ိန္ကေမွာင္သြားေလ၏။သူတို႔လမ္းကလူျပတ္ၿပီးတစ္ခါမွလည္းတစ္ေယာက္တည္းမျပန္ဖူးတာေၾကာင့္ လရိပ္အနည္းငယ္ေတာ့ေက်ာခ်မ္းေနသည္။အသံဆိုလို႔သူ႕ေျခသံတစ္ခုသာၾကားေနရသည္။ထိုစဥ္မွာပဲ...

"လရိပ္"

ဩရွရွေယာက္်ားသံေၾကာင့္လရိပ္လွည့္ၾကည့္လိုက္သည္။ၿပီးေနာက္ဂုတ္ေလာက္က်ေနသည့္ထိုသူ႕ဆံပင္ေတြၾကားမွမ်က္ႏွာကိုေသခ်ာစိုက္ၾကည့္ၿပီး..

"မိုးမိတ္!"

"အဟား ကြၽန္ေတာ့္ကိုမွတ္မိလို႔ဝမ္းသာတယ္"

"ဆယ္တန္းတုန္းကတစ္ခန္းထဲေလမမွတ္မိပဲေနမလား"

ေက်ာင္းႏွစ္ဝက္မွာပဲလူသတ္မႈနဲ႕ကေလးေထာင္ေရာက္‌သြားတဲ့အေၾကာင္းေတာ့လရိပ္ထည့္မေျပာခဲ့။

"ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ "

"ရ ရတယ္"

"လာပါ။လရိပ္ကလဲ"

လရိပ္သူ႕လက္ေတြကိုအတင္း႐ုန္းေသာ္လဲမလႊတ္ေပးပဲ။

"ၿပီးေတာ့ခင္ဗ်ားကိုကြၽန္ေတာ္ဘယ္ေလာက္ခ်စ္လဲေျပာခ်င္တယ္။လာပါအတူလမ္းေလွ်ာက္ရေအာင္"

"မင္းဖယ္"

"ခင္ဗ်ားရဲ႕ညီဆိုတဲ့ေကာင္အၿမဲခင္ဗ်ားနားမွာကပ္ရႈပ္ေနလို႔က်ဳပ္နဲ႕ခင္ဗ်ားေဝးေနရတာ"

"ရွင္း ရွင္းခန႔္လား။ဟုတ္ ဟုတ္တယ္ သူသိရင္မင္းမလြယ္ဘူးသူကဘယ္ေလာက္ဆိုးလဲသိတယ္မဟုတ္လား"

ဒီလူဆိုးေကာင္ကဒီေနရာမွာေတာ့အသုံးဝင္သား။

"ဒီေကာင္အခု ဒီနိုင္ငံမွာမရွိဘူးဆိုတာသိတယ္"

"မင္း မရမ္းကားနဲ႕"

ထိုစဥ္မွာပဲ..

"အစ္ကိုေလး"

အိမ္ကကားေရာက္လာေသာအခါ driver ကကားေပၚကဆင္းလာရာ မိုးမိတ္လက္ေတြက လရိပ္ကိုလႊတ္ေပးလိုက္ေလ၏။ ထိုအခါလရိပ္ခ်က္ခ်င္းပင္ကားေပၚလွမ္းတတ္လိုက္ကာတံခါးကိုပိတ္လိုက္ေလ၏။မိုးမိတ္လည္း driver ကိုဘုၾကည့္ၾကည့္ရင္းထြက္သြားခဲ့ေလသည္။

"အစ္ကိုေလးအဆင္ေျပရဲ႕လား"

"ေက်းဇူးပါပဲ လာႀကိဳေပးလို႔"

"မဟုတ္တာဗ်ာဒါကြၽန္ေတာ္လုပ္ရမယ့္အလုပ္ပဲ။ဒါေၾကာင့္အစ္ကိုေလးရွင္းခန႔္ကအၿမဲအစ္ကိုေလးလရိပ္ကိုအပါေခၚတာ"

*အဲ့တာေႏွာက္ယွက္ခ်င္႐ုံသက္သက္*

ကားေပၚမွာ ဘာမွမေျပာပဲလရိပ္တိတ္ဆိတ္စြာပင္လိုက္လာခဲ့ေလသည္။

---
ဒီေန႕မနက္ ပိတ္ရက္ျဖစ္တာေၾကာင့္လရိပ္ေ႐ႊရည္ႏွင့္ခ်ိန္းထားေလသည္။မိုးျပာေရာင္တီရွပ္ေလးကိုတံ‌ေတာင္ဆစ္ထိေခါက္တင္ၿပီး ပုဆိုးအျပာကြက္စိတ္စိတ္ေလးမွာ ျဖဴဝင္းေနသည့္သူ႕အသားႏွင့္လိုက္ဖက္ေလ၏။တန္း၍ထင္းေနေသာမ်က္ခုံးမထူမပါးေလးႏွင့္မ်က္လုံးဝိုင္းေလးေတြေၾကာင့္သူဟာခန႔္သည္ဟုသုံးႏႈန္း ရမွာထက္ လွသည္သုံးႏႈန္းသင့္သည္။ သူအိမ္ေပၚထပ္ကဆင္းလာရင္းဧည့္ခန္းကမိသားစုပုံကိုအၾကည့္ေရာက္သြားကာၿပဳံးလိုက္မိသည္။သူရာယ္၊ပါပါးရာယ္ရွင္းခန႔္ရာယ္ သုံးေယာက္ထဲမွာသူကအေဖြးဆုံးျဖစ္ေနသည္။ပါပါး‌ျဖဴတဲ့ထဲမပါေပမယ့္ ညိုတဲ့ထဲလဲမပါပုံမွန္ျဖစ္ၿပီး။ဆံပင္ေကြးတစ္ထုပ္ႀကီးနဲ႕မ်က္လုံးေမွးေမွးရွိေနသည့္စူပုတ္ပုတ္႐ုပ္နဲ႕ရွင္းခန႔္ကကြက္ညိုေန၏။ဒီအတြက္ရွင္းခန႔္ကသူ႕အားမနာလိုျဖစ္ၿပီး ျပသနာမ်ိဳးစုံရွာေနတာလဲသူသိတာေၾကာင့္ ႀကိတ္ေပ်ာ္မိသြားသည္။
လရိပ္ေတြးေနစဥ္မွာပဲ TV ကသတင္းအစီစဥ္ေၾကာင့္ ႐ုတ္တရက္တုန္လႈပ္သြားေလ၏။

"မေန႕ည၇နာရီတြင္ သုခလမ္းမွလူငယ္တစ္ဦးဝိုင္းရိုက္ခံရၿပီးေသဆုံးခဲ့သည္။သက္ဆိုင္ရာမ်ား၏စုံစမ္းမႈအရေသဆုံးသူမွာေမာင္မိုးမိတ္အသက္(၂၂)ျဖစ္ၿပီးေ႐ႊဂုံတိုင္မွာေနထိုင္သည္ဟုသိရသည္။"

"ဟင္..သားႀကီးသူ႕ကိုသိလား။ေ႐ႊဂုံတိုဆိုေတာ့ ပါပါးတို႔ရက္ကြက္ထဲကမ်ားျဖစ္ေနမလား"

"သား သားတို႔ဆယ္တန္းတုန္းကေတာ့တစ္ခန္းထဲပါပါး"

"ေအာ္ သားသူငယ္ခ်င္းျဖစ္ေနခဲ့တာလား စိတ္မေကာင္းစရာပဲကြယ္"

-------

Continue Reading

You'll Also Like

165K 6.3K 22
Oc female Jackson x Hermes x Apollo x Ares
229K 24K 30
الرواية بقلمي أنا إنتصار لخضاري (غيمة) سأقاضي كل من ينقلها بدون إذني . 🍂تنتقل فتاة المدينة للعيش في بيت جدتها في الريف بعد ذلك الحادث الذي تسبب في م...
132K 4.4K 55
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
49.4K 3.1K 109
When eight-year-old girl, Jie, sees an enormous lightning dragon hovering over her hospital bed, her first thought is to wonder what on earth the nur...