ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၆၂

4.2K 793 12
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၆၂: အမှောင်ထုအောက်မှ ဆူပွက်ခြင်း

ဖန်းကွေ့ရဲ့နောက်ဆုံးလှုပ်ရှားမှု သတင်းကို ရတဲ့အခါ ခန့်မင်က အတော်လေး ဇဝေဇဝါဖြစ်သွားခဲ့သည်။ မကြာသေးမီက သူက အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုကို တွေ့ရှိခဲ့သည်။ သူ့ညီမဆီမှာ ထပ်မံငိုကြွေးပြီး ဖန်းယာက အစ်ကိုဖြစ်သူရဲ့ အသနားခံမှုကို လျစ်လျူမရှုနိုင်တော့ဘဲ သူ့အကြွေးတွေဆီမှ ယာယီသက်သာရာရစေရန် သူမရဲ့ ကျန်သမျှ လစာအနည်းငယ်ကို ပေးကာ လစာအများကြီးမပေးသော်လည်း ဖိအားမရှိဘဲ အေးဆေးနေနိုင်တဲ့ ရေဒီယိုဌာနတစ်ခုတွင် အစောင့်အဖြစ် အလုပ်ရှာပေးခဲ့သည်။ 

လူတစ်ယောက်ရဲ့စရိုက်ကိုပြောင်းဖို့ထက် တောင်နဲ့မြစ်တွေကို ပြောင်းရတာ ပိုလွယ်တာမို့ ခန့်မင်က ဖန်းကွေ့ရဲ့အကျင့် ပြောင်းလဲသွားပြီလို့ မထင်ထားပေမယ့် သာမာန်ထက်ထူးပြီး ဘာမှမလုပ်လာဘဲ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု မရှိခဲ့တာကြောင့် လောလောဆယ်တော့ သူ ဘာမှဝင်စွက်ဖက်မှာ မဟုတ်ပေ။

လက်ထဲရှိ အချက်အလက်ကို ချကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတဲ့ ဖိုဖေးကို တစ်ချက်ကြည့်လိုက်သည်။ ဖိုဖေး ဒီအိမ်ကို ရောက်လာကတည်းက သူ အပြင်ကမှာစားတာ ရှားသည်။ သူက ဟင်းချက်ကောင်းသူ ဖြစ်ပြီး သူ့အမူအရာက မကြာခဏ ပြောင်းလဲတတ်တာမရှိပေမယ့် ခါးစည်းလေးဖြင့် ဟင်းချက်နေတဲ့  ပါးလျတဲ့ကျောပြင်လေးက နွေးထွေးလှသည်။

"ဒီနေ့က ဝက်သားနီချက်လား" 

ခန့်မင်က မွှေးရနံ့ကို ရနေပြီဖြစ်သည်။

ဖိုဖေးက သူ့လက်ထဲရှိယောင်းမကို ဝှေ့ယမ်းလိုက်ပြီး

 "ဟုတ်ကဲ့"

"ဒါပေမယ့် မင်းမနေ့က နံရိုးချိုချဉ်လုပ်မယ်လို့ မပြောခဲ့ဘူးလား"

 ခန့်မင်က မေးလိုက်သည်။

ဖိုဖေးက သူ့ခေါင်းကို လှည့်လာပြီး သူ့ကို ဗလာအကြည့်ဖြင့်ကြည့်ကာ စိတ်မပါ့တပါ့ပြောလိုက်သည်။ 

"ဒီနေ့ ဈေးထဲက နံရိုးတွေက သိပ်မလတ်ဘူး။ မနက်ဖြန်အတွက် သူဌေးဆီမှာ လတ်ဆတ်တဲ့ဟာ ကြိုမှာထားပြီးပြီ"

ခန့်မင်ရဲ့ပါးစပ်ထောင့်ရှိ မျဉ်းကွေးက ပိုကျယ်လာသထက် ကျယ်လာခဲ့သည်။ ဖိုဖေးက အပေါ်ယံတွင် အမြဲအေးစက်နေပြီး ခန့်မင်ကို ကျေးဇူးတင်ကြောင်း စကားလုံးများဖြင့် တစ်ခါမျှ မဖော်ပြခဲ့ဖူးပေမယ့် သူ့နေ့စဉ်ဘဝရဲ့ ကိစ္စအားလုံးကို အာရုံစိုက်လေသည်။ သူ့ကော်ဖီအတွက် သကြားနှစ်ဇွန်း၊ ပုဇွန်နှင့် ကြက်သွန်မြိတ်ဖက်ထုပ်၊ သဘာဝအရသာစစ်ပဲနို့နှင့် အမွှေးအကြိုင်နည်းနည်းနဲ့တို့ဟူးရယ်... ခန့်မင်ရဲ့ဘဝက နှစ်ပေါင်းများစွာ ကြမ်းတမ်းတဲ့လူတစ်ယောက်အဖြစ် နေလာပြီးနောက် နောက်ဆုံးတွင် သန့်စင်သွားကာ ပုံမှန်ပြန်ဖြစ်လာတော့သည်။

အတိုချုပ်ပြောရရင် သူ့bossအိမ်က တစ်ယောက်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူက အလွန်ကောင်းချီးပေးခံနေရသလို ခံစားနေရသည်။

"မနက်ဖြန် စောင့်ရှောက်ရေးဂေဟာကို သွားရမယ်" 

ဖိုဖေးက ညစာကို ပြင်ဆင်ပြီး လက်ကို ခါးစည်းစဖြင့် သုတ်လိုက်သည်။

"ကောင်းပြီ ဒါပေမယ့် မနက်ဖြန် ငါ အလုပ်ရှိတယ်။ ငါစိုးတာက..."

"နေရာတကာကျွန်တော့်နောက်လိုက်ဖို့ မလိုပါဘူး။ အရင်ကလည်း လွတ်လွတ်လပ်လပ် သွားလာနေခဲ့တာပဲလေ။ ကျွန်တော် ဘာမှမဖြစ်ပါဘူး"

ခန့်မင်က ဒီအကြောင်းကို တွေးပြီး စိတ်မသက်မသာဖြစ်နေတုန်းပင်။ "မနက်ဖြန် မင်းကို ပို့ပေးဖို့ ကားသမား ခေါ်လိုက်မယ်။ ဟုတ်သားပဲ သူမကို လက်ခံနိုင်တဲ့ ဆေးရုံကို ငါ ဆက်သွယ်ပြီးပြီမို့။ မကြာခင် သူမကို လွှဲပေးလို့ ရပြီ" 

ထိုအချိန်က ထျန်းယောင်ကို ပြုစုစောင့်ရှောက်ရေးဌာနသို့ ပို့ခဲ့တာက ကူကယ်ရာမဲ့တဲ့ ရွေးချယ်မှုဖြစ်ခဲ့သည်။ အကယ်၍ သူမကို ကုသမှုဆက်လက်ခံယူစေနိုင်သည့် အခြေအနေသာရှိခဲ့ပါက ကောင်းမွန်လာနိုင်ပေမယ့် စရိတ်စက အလွန်မြင့်မားမှာ သေချာသည်။

".....ဒါဆို ကျေးဇူးတင်ပါတယ်" မကြာခဏဆိုသလို အသုံးစရိတ်အချို့နှင့် ပတ်သက်လာလျှင် ဖိုဖေးက သူ့အချိန်ပိုင်းအလုပ်မှ ရရှိတဲ့ ကိုယ်ပိုင်ငွေကိုသာ ဇွတ်အတင်းသုံးလေ့ရှိသည်။ သူဝယ်ထားတဲ့ အဝတ်အစားအသစ်နှစ်ထည် ဝယ်ပေးရင်တောင် ပြန်ပေးဖို့အတွက် တွက်ချက်နေတာကြောင့် ခန့်မင်က ​​နာမည်ကြီးရှပ်အင်္ကျီတံဆိပ်ကို ဖြုတ်ပြီး  လျော့စျေးအများကြီးမချမီ ၁၅မိနစ်အလိုတွင် ၂၉ယွမ် သို့မဟုတ် ၉ယွမ်သာရှိတဲ့ ပစ္စည်းများအဖြစ် အယောင်ဆောင်ကာ ပေးခဲ့ရသည်။ သို့သော် ထျန်းယောင်ဆီ ရောက်တဲ့အခါ ဖိုဖေးက အကြောင်းပြချက်မရှိ လက်ခံပြီး သူ့ elfရဲ့မာနကိုသိတာကြောင့် ခန့်မင်က ထပ်ပြောလိုက်သည်။ 

"ငါ မင်းကို ပိုက်ဆံချေးပေးနေတာပါ။ မြို့တော်က ထိပ်တန်းစားဖိုမှူးတွေထဲက တစ်ဦးဖြစ်လာတဲ့အခါကျ ပြန်ဆပ်ရင် နောက်မကျသေးပါဘူး"

ဖိုဖေးက ဘာမှမပြောဘဲ ထမင်းတစ်ပန်းကန် ခူးပြီး အပေါ်မှ ဝက်သားနီချက် အနည်းငယ် ထည့်ကာ ခန့်မင်ကို တည်ခင်းလိုက်သည်။

"စားပါ"

ခန့်မင်က ယူလိုက်ပြီး ပါးစပ်အပြည့် ထည့်လိုက်သည်။ နူးညံ့ပေမယ့် တင်းတင်းရင်းရင်းရှိတဲ့ ထမင်း၊ ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ ဝက်သားနီချက်တို့ကို.... အတူပေါင်းကာ ဝါးရင်း သူ့လျှာကိုတောင် မျိုချမိလုနီးပါးပင်။

Bossရဲ့elfအကြောင်းပြောရရင်တော့ ယွမ်းစွော်က  ရုပ်ပြရဲ့နောက်ထပ် update အတွက် ပြင်ဆင်နေပေမယ့် သူ့မှာ ဘာမှားနေမှန်းမသိပေ။ အရောင်ခြယ်တဲ့ အခါမှာလည်း အာရုံစူးစိုက်မှု ကောင်းကောင်းမရခဲ့ပေ။ ခဏနေတော့ သူနည်းနည်း ပင်ပန်းလာပြီး ဘောပင်ကိုချကာ အချိန်ကိုကြည့်လိုက်သည်။ မိုရိချန်က အခုလောက်ဆို သူ့အလုပ် ပြီးနေလောက်ပြီ။

မျှော်လင့်ထားသည့်အတိုင်းပင် မိုရိချန်က သူ့မိတ်ကပ်ကို ဖျက်ပြီးပြီဖြစ်ကာ အိမ်ပြန်ဖို့ သွားနေခဲ့သည်။

"ဘာဖြစ်လို့လဲ" 

မိုရိချန်က အသေးလေးမျက်နှာ မကောင်းကြောင်း သေချာသတိပြုမိလိုက်သည်။

ယွမ်းစွော်က အမှန်အတိုင်းဖြေလိုက်သည်။ "အဲဒါက ပုံကြမ်းကြောင့်ပါ။ သိပ်မကောင်းလို့"

မိုရိချန်က သူ တိုက်ရိုက်ထုတ်လွှင့်မှုဒဏ်ကို ခံနေရကြောင်းသိလိုက်ပြီး သူ့ရုပ်ပြတွေက အရင်ကမရှိဖူးသလို အာရုံစိုက်မှုတွေ တိုးလာပေမယ့် black fanများစွာလည်း ရရှိလာပြီး အထူးသဖြင့် မှတ်ချက်ကဏ္ဍတွင် မကြာခဏပင် ဆိုးရွားလှတဲ့ စိတ်ဓာတ်ကျစေနိုင်တဲ့ မှတ်ချက်တစ်ချို့ ရှိနေခဲ့သည်။

"တကယ်လို့ ဇာတ်ကွက်က အဆင်မပြေရင် အရင်ဆုံး ထိန်းညှိဖို့ အပိုတစ်ခု ထပ်ဆွဲကြည့်တာ မကောင်းဘူးလား"

 မိုရိချန်က သူ့ရဲ့ အကြံပြုချက်ကို ဖြည့်ပြောလိုက်သည်။  

"ဥပမာ အခုက နှစ်သစ်ကူးရောက်ဖို့ နီးလာပြီဆိုတော့ အဲဒါကို သေချာထင်ဟပ်စေမယ့် တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်တဲ့တစ်ခုခု ဆွဲရင်ရော"

ယွမ်းစွော်က ဒါကိုကြားတော့ အလွန်စိတ်ဝင်စားသွားခဲ့သည်။ ဇာတ်ကွက်နှင့်ပတ်သက်ပြီး ခက်ခဲနေတဲ့ လက်ရှိအခြေအနေတွင် ရုန်းကန်နေမယ့်အစား အပိုအကြောင်းအရာအချို့ကိုဆွဲခြင်းဖြင့် မတူတဲ့ချဉ်းကပ်မှုတစ်ခုကို ရယူနိုင်ပြီး အောင်မြင်မှုအသစ်တစ်ခုကို သူရှာတွေ့နိုင်မည်ဖြစ်သည်။

"ဒါဆို...ကျွန်တော်ဘာဆွဲရမလဲ။ မီးရှူးမီးပန်းလား။ ဖက်ထုပ်လား။ နွေဦးပွဲတော် စုံတွဲတွေလား" 

ယွမ်းစွော်က သူ့လက်ချောင်းတွေကို ရေတွက်လိုက်သည်။

မိုရိချန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ 

"ဒူဒူ တရုတ်တွေမှာ နှစ်သစ်ကူး ဓလေ့ ဒါမှမဟုတ် ယုံကြည်ချက်ရှိတယ်ဆိုတာ မင်းသိလား။ အဲဒါက ပြန်လည်ဆုံစည်းကြဖို့ပဲ"

ယွမ်းစွော်က ခေါင်းယမ်းလိုက်သည်။ ကမ္ဘာပေါ်ရှိ ဒီလိုပွဲတော်မျိုးအကြောင်းကို သူသိပ်မသိခဲ့ပေ။ ကြယ်တာရာကာလအတွင်းတွင် နိုင်ငံတော် တည်ထောင်သည့်နေ့ သို့မဟုတ် အချို့သော အောင်ပွဲနေ့များသာ ကျင်းပကြပြီး 'နှစ်သစ်ကူးအကြို'ရဲ့လေထုက နှစ်ရှည်လများစွာ မှေးမှိန်နေခဲ့သည်။

"ဒါဆို မင်းအခုသိလာလိမ့်မယ်"

 မိုရိချန်က အယူအဆနဲ့ပတ်သက်တဲ့ အရာအားလုံးကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့သည်။ 

"ဒါကြောင့် နှစ်သစ်ကူးဆိုတာက မိသားစုတွေအဖြစ်  အတူပေါင်းစည်းရမယ့်ကိစ္စပဲ"

"အွမ်း!" 

ယွမ်းစွော်က မိုရိချန်ပြောတာကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ ဖန်တီးမှုဆိုင်ရာ ဇာတ်ကွက်အများအပြားက သူ့စိတ်ထဲတွင် ပေါ်လာပြီးဖြစ်သည်။

သို့သော် မိုရိချန်က ထိုနေရာတွင် ရပ်မသွားဘဲ အလှလေးအပေါ် အနိုင်ကျင့်သလို စကားလုံး တစ်လုံးချင်းစီ ပြောလာခဲ့သည်။ 

"ဒါကြောင့် ဒီနှစ် မိုမိသားစုရဲ့ နှစ်သစ်ကူးအကြိုညစာစားပွဲကို ဒူဒူက ပျက်ကွက်လို့မရဘူး"

မိုရိချန်က သူ့ကို ညစာစားဖို့ ဖိတ်တာပဲ၊ အို့ ယွမ်းစွော်က ရွှင်မြူးစွာ ခေါင်းညိတ်လိုက်သည်။

မိုရိချန်က ထပ်ပြောလိုက်သည်။ "နှစ်သစ်အကြိုညစာစားပွဲပြီးရင် ကိုယ်တို့က မိသားစုဖြစ်သွားပြီ"

 မိုရိချန်က ဒူဒူနှင့် သူရဲ့ဆက်ဆံရေးအကြောင်းကို တတ်နိုင်သမျှအမြန်ဆုံး​ မေမေမိုကို ပြောပြဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။ အတားအဆီးအချို့ရှိလာမှာဖြစ်သော်လည်း နှစ်သစ်ကူးအကြိုမိသားစုညစာစားပွဲတွင် ဒူဒူ့ကို လက်ခံဖို့ အစွမ်းကုန်ကြိုးစားမည် ဖြစ်သည်။

"မိသားစုလား"

"အင်း မိသားစု"

မိုရိချန်ရဲ့အကြည့်က ကောင်းကင်ရှိ အတောက်ပဆုံးနှင့် အလင်းလက်ဆုံး ကြယ်တစ်ပွင့်ကဲ့သို့ဖြစ်နေပြီး ယွမ်းစွော်က သူ့ကိုကြည့်ရင်း အသက်ရှုမဝလုနီးပါး ဖြစ်နေခဲ့သည်။ ဒီလိုလူတစ်ယောက်နဲ့တွေ့ပြီး ဒီလိုလူမျိုးရှိလာတာက သူ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် အိပ်ရာမဝင်မီ ယွမ်းစွော်က တရုတ်နှစ်သစ်ကူး မီနီစီးရီးလေးကို အပြီးသတ်နိုင်ခဲ့သည်။ Weiboမှာ တင်ပြီး ချီးမွမ်းခြင်းနှင့်ချစ်ခြင်းမေတ္တာတွေကို တွေ့လိုက်ရတဲ့အခါ တစ်ချိန်လုံး နာကျင်တောင့်တင်းနေတဲ့ သူ့ရဲ့ ကျောနဲ့ လက်ကောက်ဝတ်တွေက ပြေလျော့သွားခဲ့သည်။

ရေချိုးပြီးသည်နှင့် မိုရိချန်က Weiboကို updateလုပ်ထားကြောင်း ယွမ်းစွော်ရဲ့အကောင့်မှ အသိပေးချက်ကို ရရှိခဲ့တာကြောင့် နှိပ်ကြည့်လိုက်ရာ ဖက်ထုပ်များနှင့် ပြည့်နေတဲ့ ရေချိုးကန်ထဲတွင် ထိုင်နေတဲ့ ဒူဒူ့ရဲ့Q-ဗားရှင်းကို တွေ့လိုက်ရတဲ့အတွက် ကြည်နူးသွားခဲ့သည်။

မကြာခင်မှာပဲ ချန်ကျောင်က သူ့အတွက် စာတစ်စောင် ချန်ထားခဲ့တာကို ယွမ်းစွော်က တွေ့သွားပြီး မိုရိချန်ကို ဖတ်ခိုင်းဖို့ ဆွဲခေါ်လိုက်သည်။

"အစ်ကိုချန်က ကျွန်တော်က အရမ်းတော်တာပဲလို့ ပြောသွားတယ်!"

မိုရိချန်က ပြုံးလိုက်ပြီး 

"အင်း တကယ်ကို ဒူဒူက အရမ်းတော်တာလေ"

"ကျွန်တော် ဒါကို လေးလေးနက်နက် ပြန်ပြောရမယ်!" 

ဒါကိုပြောပြီး ယွမ်းစွော်က ခေါင်းငုံ့ကာ လက်ညိုးနှစ်ချောင်းနဲ့ အမြန်ပြန်ဖြေလိုက်သည်။

မိုရိချန်က မေးလိုက်သည်။ 

"မင်း ချန်ကျောင်ကို မတွေ့ရတာ ရက်ပိုင်းလောက်ရှိနေပြီပဲ။ သူ့ကို သတိရနေတာလား"

"ဟုတ်" 

ချန်ကျောင်က လူကောင်းတစ်ဦးဖြစ်ပြီး သူ့ကို သေချာဂရုစိုက်လေ့ရှိတာကြောင့် ရက်အနည်းငယ်ကြာ မတွေ့ခဲ့ရပြီးနောက် သူ့ကို သတိရနေခဲ့သည်။

မိုရိချန်က ပြောလိုက်သည်။ 

"ကိုယ်တို့ သူ့ကို မကြာခင် ပြန်တွေ့ရတော့မှာပါ"

"ဟင် သူ...သူအလုပ်ပြန်စတော့မှာလား။ ဒါဆို ကောင်းလိုက်..."

ယွမ်းစွော်ရဲ့စကား မဆုံးခင်မှာပင် မိုရိချန်က ပြောလိုက်သည်။ 

"ဟင့်အင်း ကိုယ်တို့ သူ့ကို variety showတစ်ခုမှာ တွေ့ရလိမ့်မယ်။ ကိုယ်ကအပိုင်းတစ်ပိုင်းအတွက် သွားရမှာ ပြီးတော့ သူကလည်း 'Galaxy'သီချင်းကြောင့် ဧည့်သည်အနေနဲ့ သီချင်းဆိုဖို့ ဖိတ်ခံထားရတော့  ကိုယ်တို့ မကြာခင် အဲ့မှာဆုံနိုင်တယ်"

"ကောင်းလိုက်တာ!" 

ယွမ်းစွော်က အောင်ပွဲခံရင်း ဝမ်းသာအားရ လက်ဟန်ပြပြီး မေးလိုက်သည်။ 

"ဒါက ဘယ်လိုvariety showမျိုးလဲ"

မိုရိချန် : "Happy One Hundred Percent" 

ဒါကို ကြားတော့ ယွမ်းစွော်က ပိုလို့တောင် စိတ်လှုပ်ရှားသွားသည်။ အဆိုပါရှိုးက စနေနေ့ညတိုင်း NHW TVတွင်ထုတ်လွှင့်သည့် အရည်အသွေးမြင့် အပြန်အလှန်ဖလှယ်သည့် ဂိမ်းရှိုးဖြစ်ပြီး ယွမ်းစွော်က အမာခံပရိသတ် ဖြစ်သည်။

ရိုက်ကူးဖို့သုံးရက်လိုသေးပြီး ယွမ်းစွော်က သူ့လက်ချောင်းများဖြင့် နေ့ရက်တွေကို ရေတွက်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ရှိုးပွဲနေရာသို့ သွားမည့်ခရီးစဉ်အကြောင်း လုံပေါ်ကို ပြောပြခဲ့ပြီး လုံပေါ်က ထိုနေ့တွင်ပင် ထိုနေရာတွင် ရှိနေခွင့်ရဖို့ ချန်စန်းဆီမှ ကတိရရန် အစာငတ်ခံဆန္ဒပြကာ ချက်ချင်းခြိမ်းခြောက်ခဲ့သည်။

"ဒါပေမယ့် ခွေးတွေကို ပရိသတ်ထဲ ဝင်ခွင့်ပြုလို့လား" 

ယွမ်းစွော်က တစ်ခုခုကို နားမလည်ခင် မေးခွန်းတွေမေးရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီလိုမေးဖို့ ရွေးချယ်လိုက်သည်။

တစ်ဖက်ရှိ လုံပေါ်က ခဏလောက် တိတ်သွားပြီး

 "ဒူဒူ မင်း စုရီကြောင့် ပျက်စီးသွားပြီလား"

"အိုး...မဟုတ်ပါဘူး။ ငါ မပျက်စီးပါဘူး!"

"..... ဘယ်လိုပဲဖြစ်ဖြစ် ချန်စန်းရှိတယ်ကွ!" လုံပေါ်က ' အခြားသူများကို အနိုင်ကျင့်ဖို့ သူ့ဇာတိကို ထုတ်ပြခြင်း'ရဲ့ လက်တွေ့ဘဝပုံစံကို ထည့်သွင်းကာ အော်ဟစ်လိုက်သည်။


ဖန်းကွေ့က ဆူပူကြိမ်းမောင်းသံကြောင့် စတူဒီယိုကြမ်းပြင်ကို ရှင်းလင်းခဲ့ပြီး ထွက်ခွာခွင့်ရှိမရှိ ခွင့်ပြုချက်ကို တာဝန်ခံအား မေးမြန်းခဲ့ပြီး ခွင့်ပြုချက်ရရှိပြီးမှသာ အလုပ်မှထွက်ခဲ့လိုက်သည်။ အချိန်ကိုကြည့်လိုက်တော့ ည ၉နာရီကျော်နေပြီ။

အဝတ်လဲခန်းထဲတွင် သူ တနေကုန်ဝတ်ထားတဲ့ အ၀တ်တွေကို ဘောလုံးပုံသဏ္ဍာန်ခေါက်ပြီး လော့ကာထဲကို ပစ်ထည့်ကာ သူ့အဝတ်အစားတွေကို ပြောင်းလိုက်သည်။ ညစာနည်းနည်းပဲစားထားရပြီး ဗိုက်က ဆာနေပြီဖြစ်ကာ နှစ်ရက်ဆက်တိုက် မသောက်ရသေးလို့ စိတ်မသက်မသာဖြစ်နေခဲ့သည်။

သူက သူ့ဖုန်းကို နှိပ်ပြီး "မိုရိချန်ရဲ့'Happy One Hundred Percent' " ကို ရှာဖွေပြီး မိုရိချန်ရဲ့အသံသွင်းခြင်းအပိုင်းက နှစ်ရက် လိုသေးကြောင်း ထပ်မံအတည်ပြုကာ သက်ပြင်းရှည်ကြီးချလိုက်သည်။ နောက်နှစ်ရက်၊ သုံးရက်လောက်နေတော့ သူဒီလိုဘဝမျိုးကနေ လွတ်တော့မည်။

ဒီနေ့ ထျန်းယောင်ရဲ့ ပြုစုစောင့်ရှောက်ရေးဌာနက လူနာကို XXဆေးရုံသို့ ပြောင်းရွှေ့လိုက်ကြောင်း အကြောင်းကြားပြီးနောက်မှာ ဒါက ဖိုဖေးရဲ့ ကစားသမားသစ်ကြောင့်ဖြစ်မယ်လို့ သူသိခဲ့သည်။

တုန်တုန်ယင်ယင်ဖြင့် စီးကရက်တစ်လိပ်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး စီးကရက်ကို ကိုင်ထားလေ့ရှိတဲ့လက်ချောင်းတွေက အဝါရောင်တောင် ဖြစ်နေခဲ့ပြီ။အရိုးစုလို ပိန်ပိန်ပါးပါးဖြစ်နေတဲ့ဇနီးသည်ကို မြင်ရမှာ ​စိုးလို့လား ဒါမှမဟုတ် သူမ မမြင်နိုင်ရင်တောင် တစ်ချိန်က သူ့ကို ဂုဏ်ယူခဲ့ဖူးတဲ့ ဇနီးသည်ကို အခုလို စိတ်ပျက်စရာအခြေအနေမျိုးမှာ မြင်သွားမှာ စိုးလို့လား ဘာကြောင့်မှန်း သူမပြောနိုင်ပေမယ့် သူ့ဇနီးကို မတွေ့ခဲ့ရတာ ကြာခဲ့ပြီ။

စီးကရက်တစ်လိပ်ကုန်ပြီးနောက် ဖန်းကွေ့က မတ်တပ်ထရပ်ကာ မျက်လုံးတွေက နီရဲပြီး  မျက်နှာက ဖောင်းကားနေသည်။ ဝါဖတ်နေတဲ့လက်တွေကို ပွတ်သပ်ရင်း ဘောင်းဘီအိတ်ကပ်ထဲက စာရွက်ခေါက်ကို ဖြန့်လိုက်သည်။ ထိုအထဲတွင် နှစ်ရက်အကြာ၌ ဧည့်သည်များအတွက် နားနေခန်းအစီအစဉ်များ၊ အစမ်းလေ့ကျင့်ချိန်စသည်ဖြင့် ရိုက်ကူးရေးအစီအစဉ်အတွက် သူလျှို့ဝှက်ကူးယူထားတဲ့ အစီအစဉ်အချို့ဖြစ်သည်။

ထိုအချိန်တွင် ဖိုဖေးက ထျန်းယောင်ရဲ့လက်ကို ဆုပ်ကိုင်ရင်း စကားပြောကာ ဆေးရုံကုတင်ဘေးတွင် ရှိနေခဲ့သည်။

ယခင်က မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ရေးစင်တာ၌ ညအိပ်ခွင့်မပြုခဲ့ဘဲ ဧည့်တွေ့ချိန်ကိုလည်း ကန့်သတ်ထားသည့်အပြင် ဖန်းကွေ့နှင့် အတူနေရကာ ဂိမ်းထဲတွင် အတန်းတက်နေရတာကြောင့်  သူ့မှာ အမြဲတမ်းအချိန်မလောက်မငှဖြစ်ခဲ့ရသည်။ 

အခုတော့ ဆေးရုံကုတင်ပေါ်က အစ်မဖြစ်သူကို ကြည့်ရင်း သူ့မျက်လုံးတွေ ရုတ်တရက် နီရဲလာခဲ့သည်။ 

"မမ မြန်မြန်နိုးလာပါတော့။ ဟင်းချက်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်ရဲ့ကတိကို ဖြည့်ဆည်းပေးလိုက်ပြီလေ။ ကျွန်တော်က Elf Academyမှာအတန်းတွေကို တစ်ခါတစ်ရံ ကျော်တတ်ပေမယ့်... ကိစ္စမရှိပါဘူး။ သူတို့သင်ပေးသမျှကို ကျွန်တော်သိတယ်။ creditsတွေကျပြီး အတန်းပျက်ပေမယ့် အဆင်ပြေပါတယ်။ အဲဒါ ဆုံးရှုံးသွားပေမယ့် မမကို ကျွန်တော် အဖော်ပြုပေးဖို့ အချိန်ရသွားတာပေါ့"

ဖိုဖေးက သာမန်နေ့စဉ်ဘဝအကြောင်းတွေ ပြောရင်း သူ့မျက်နှာမှာ အပြုံးတစ်ခုဖြစ်လာကာ တိုးတိုးလေးပြောလိုက်သည်။

"မမ ကျွန်တော် ကြီးပျင်းလာပြီ။ အခု ကျွန်တော့်မှာ proxy player ကောင်းကောင်းတစ်ယောက်လည်း ရှိနေပြီ..."

ဖိုဖေးက တိုးတိုးလေးပြောနေစဉ် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေက ရုတ်တရက် လှုပ်သွားခဲ့သည်။

ဖိုဖေးက တုန်လှုပ်သွားပြီး မျက်လုံးတွေက မယုံနိုင်လောက်အောင် ပြူးကျယ်သွားရင်း သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။

"မမ..."

 သူ့မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတောင်မှ မြင်နေရတာတွေကို သူ မယုံနိုင်ပေ။

ရုတ်တရက် ထျန်းယောင်ရဲ့လက်ချောင်းတွေက လှုပ်သွားပြန်သည်။

ဒီတစ်ကြိမ်တွင် သူက ထခုန်ကာ ကုတင်ပေါ်မှ ခလုတ်တွေကို အရူးအမူး ဖိလိုက်ပြီး 

"ဒေါက်တာ! ဒေါက်တာ!"

Zawgyi

အခန္း ၆၂: အေမွာင္ထုေအာက္မွ ဆူပြက္ျခင္း

ဖန္းေကြ႕ရဲ႕ေနာက္ဆုံးလႈပ္႐ွားမႈ သတင္းကို ရတဲ့အခါ ခန္႔မင္က အေတာ္ေလး ဇေဝဇဝါျဖစ္သြားခဲ့သည္။ မၾကာေသးမီက သူက အံ့ၾသစရာေကာင္းတဲ့ အလုပ္တစ္ခုကို ေတြ႕႐ွိခဲ့သည္။ သူ႕ညီမဆီမွာ ထပ္မံငိုေႂကြးၿပီး ဖန္းယာက အစ္ကိုျဖစ္သူရဲ႕ အသနားခံမႈကို လ်စ္လ်ဴမ႐ႈႏိုင္ေတာ့ဘဲ သူ႕အေႂကြးေတြဆီမွ ယာယီသက္သာရာရေစရန္ သူမရဲ႕ က်န္သမွ် လစာအနည္းငယ္ကို ေပးကာ လစာအမ်ားႀကီးမေပးေသာ္လည္း ဖိအားမ႐ွိဘဲ ေအးေဆးေနႏိုင္တဲ့ ေရဒီယိုဌာနတစ္ခုတြင္ အေစာင့္အျဖစ္ အလုပ္႐ွာေပးခဲ့သည္။ 

လူတစ္ေယာက္ရဲ႕စ႐ိုက္ကိုေျပာင္းဖို႔ထက္ ေတာင္နဲ႔ျမစ္ေတြကို ေျပာင္းရတာ ပိုလြယ္တာမို႔ ခန္႔မင္က ဖန္းေကြ႕ရဲ႕အက်င့္ ေျပာင္းလဲသြားၿပီလို႔ မထင္ထားေပမယ့္ သာမာန္ထက္ထူးၿပီး ဘာမွမလုပ္လာဘဲ သူ႕အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္မႈ မ႐ွိခဲ့တာေၾကာင့္ ေလာေလာဆယ္ေတာ့ သူ ဘာမွဝင္စြက္ဖက္မွာ မဟုတ္ေပ။

လက္ထဲ႐ွိ အခ်က္အလက္ကို ခ်ကာ မီးဖိုေခ်ာင္ထဲတြင္ အလုပ္႐ႈပ္ေနတဲ့ ဖိုေဖးကို တစ္ခ်က္ၾကည့္လိုက္သည္။ ဖိုေဖး ဒီအိမ္ကို ေရာက္လာကတည္းက သူ အျပင္ကမွာစားတာ ႐ွားသည္။ သူက ဟင္းခ်က္ေကာင္းသူ ျဖစ္ၿပီး သူ႕အမူအရာက မၾကာခဏ ေျပာင္းလဲတတ္တာမ႐ွိေပမယ့္ ခါးစည္းေလးျဖင့္ ဟင္းခ်က္ေနတဲ့  ပါးလ်တဲ့ေက်ာျပင္ေလးက ေႏြးေထြးလွသည္။

"ဒီေန႔က ဝက္သားနီခ်က္လား" 

ခန္႔မင္က ေမႊးရနံ႔ကို ရေနၿပီျဖစ္သည္။

ဖိုေဖးက သူ႕လက္ထဲ႐ွိေယာင္းမကို ေဝွ႔ယမ္းလိုက္ၿပီး

 "ဟုတ္ကဲ့"

"ဒါေပမယ့္ မင္းမေန႔က နံ႐ိုးခ်ိဳခ်ဥ္လုပ္မယ္လို႔ မေျပာခဲ့ဘူးလား"

 ခန္႔မင္က ေမးလိုက္သည္။

ဖိုေဖးက သူ႕ေခါင္းကို လွည့္လာၿပီး သူ႕ကို ဗလာအၾကည့္ျဖင့္ၾကည့္ကာ စိတ္မပါ့တပါ့ေျပာလိုက္သည္။ 

"ဒီေန႔ ေဈးထဲက နံ႐ိုးေတြက သိပ္မလတ္ဘူး။ မနက္ျဖန္အတြက္ သူေဌးဆီမွာ လတ္ဆတ္တဲ့ဟာ ႀကိဳမွာထားၿပီးၿပီ"

ခန္႔မင္ရဲ႕ပါးစပ္ေထာင့္႐ွိ မ်ဥ္းေကြးက ပိုက်ယ္လာသထက္ က်ယ္လာခဲ့သည္။ ဖိုေဖးက အေပၚယံတြင္ အၿမဲေအးစက္ေနၿပီး ခန္႔မင္ကို ေက်းဇူးတင္ေၾကာင္း စကားလုံးမ်ားျဖင့္ တစ္ခါမွ် မေဖာ္ျပခဲ့ဖူးေပမယ့္ သူ႕ေန႔စဥ္ဘဝရဲ႕ ကိစၥအားလုံးကို အာ႐ုံစိုက္ေလသည္။ သူ႕ေကာ္ဖီအတြက္ သၾကားႏွစ္ဇြန္း၊ ပုဇြန္ႏွင့္ ၾကက္သြန္ၿမိတ္ဖက္ထုပ္၊ သဘာဝအရသာစစ္ပဲႏို႔ႏွင့္ အေမႊးအႀကိဳင္နည္းနည္းနဲ႔တို႔ဟူးရယ္... ခန္႔မင္ရဲ႕ဘဝက ႏွစ္ေပါင္းမ်ားစြာ ၾကမ္းတမ္းတဲ့လူတစ္ေယာက္အျဖစ္ ေနလာၿပီးေနာက္ ေနာက္ဆုံးတြင္ သန္႔စင္သြားကာ ပုံမွန္ျပန္ျဖစ္လာေတာ့သည္။

အတိုခ်ဳပ္ေျပာရရင္ သူ႕bossအိမ္က တစ္ေယာက္ႏွင့္ ႏိႈင္းယွဥ္ၾကည့္လွ်င္ သူက အလြန္ေကာင္းခ်ီးေပးခံေနရသလို ခံစားေနရသည္။

"မနက္ျဖန္ ေစာင့္ေ႐ွာက္ေရးေဂဟာကို သြားရမယ္" 

ဖိုေဖးက ညစာကို ျပင္ဆင္ၿပီး လက္ကို ခါးစည္းစျဖင့္ သုတ္လိုက္သည္။

"ေကာင္းၿပီ ဒါေပမယ့္ မနက္ျဖန္ ငါ အလုပ္႐ွိတယ္။ ငါစိုးတာက..."

"ေနရာတကာကြၽန္ေတာ္႕ေနာက္လိုက္ဖို႔ မလိုပါဘူး။ အရင္ကလည္း လြတ္လြတ္လပ္လပ္ သြားလာေနခဲ့တာပဲေလ။ ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး"

ခန္႔မင္က ဒီအေၾကာင္းကို ေတြးၿပီး စိတ္မသက္မသာျဖစ္ေနတုန္းပင္။ "မနက္ျဖန္ မင္းကို ပို႔ေပးဖို႔ ကားသမား ေခၚလိုက္မယ္။ ဟုတ္သားပဲ သူမကို လက္ခံႏိုင္တဲ့ ေဆး႐ုံကို ငါ ဆက္သြယ္ၿပီးၿပီမို႔။ မၾကာခင္ သူမကို လႊဲေပးလို႔ ရၿပီ" 

ထိုအခ်ိန္က ထ်န္းေယာင္ကို ျပဳစုေစာင့္ေ႐ွာက္ေရးဌာနသို႔ ပို႔ခဲ့တာက ကူကယ္ရာမဲ့တဲ့ ေ႐ြးခ်ယ္မႈျဖစ္ခဲ့သည္။ အကယ္၍ သူမကို ကုသမႈဆက္လက္ခံယူေစႏိုင္သည့္ အေျခအေနသာ႐ွိခဲ့ပါက ေကာင္းမြန္လာႏိုင္ေပမယ့္ စရိတ္စက အလြန္ျမင့္မားမွာ ေသခ်ာသည္။

".....ဒါဆို ေက်းဇူးတင္ပါတယ္" မၾကာခဏဆိုသလို အသုံးစရိတ္အခ်ိဳ႕ႏွင့္ ပတ္သက္လာလွ်င္ ဖိုေဖးက သူ႕အခ်ိန္ပိုင္းအလုပ္မွ ရ႐ွိတဲ့ ကိုယ္ပိုင္ေငြကိုသာ ဇြတ္အတင္းသုံးေလ့႐ွိသည္။ သူဝယ္ထားတဲ့ အဝတ္အစားအသစ္ႏွစ္ထည္ ဝယ္ေပးရင္ေတာင္ ျပန္ေပးဖို႔အတြက္ တြက္ခ်က္ေနတာေၾကာင့္ ခန္႔မင္က ​​နာမည္ႀကီး႐ွပ္အက်ႌတံဆိပ္ကို ျဖဳတ္ၿပီး  ေလ်ာ့ေစ်းအမ်ားႀကီးမခ်မီ ၁၅မိနစ္အလိုတြင္ ၂၉ယြမ္ သို႔မဟုတ္ ၉ယြမ္သာ႐ွိတဲ့ ပစၥည္းမ်ားအျဖစ္ အေယာင္ေဆာင္ကာ ေပးခဲ့ရသည္။ သို႔ေသာ္ ထ်န္းေယာင္ဆီ ေရာက္တဲ့အခါ ဖိုေဖးက အေၾကာင္းျပခ်က္မ႐ွိ လက္ခံၿပီး သူ႕ elfရဲ႕မာနကိုသိတာေၾကာင့္ ခန္႔မင္က ထပ္ေျပာလိုက္သည္။ 

"ငါ မင္းကို ပိုက္ဆံေခ်းေပးေနတာပါ။ ၿမိဳ႕ေတာ္က ထိပ္တန္းစားဖိုမႉးေတြထဲက တစ္ဦးျဖစ္လာတဲ့အခါက် ျပန္ဆပ္ရင္ ေနာက္မက်ေသးပါဘူး"

ဖိုေဖးက ဘာမွမေျပာဘဲ ထမင္းတစ္ပန္းကန္ ခူးၿပီး အေပၚမွ ဝက္သားနီခ်က္ အနည္းငယ္ ထည့္ကာ ခန္႔မင္ကို တည္ခင္းလိုက္သည္။

"စားပါ"

ခန္႔မင္က ယူလိုက္ၿပီး ပါးစပ္အျပည့္ ထည့္လိုက္သည္။ ႏူးညံ့ေပမယ့္ တင္းတင္းရင္းရင္း႐ွိတဲ့ ထမင္း၊ ပါးစပ္ထဲမွာ အရည္ေပ်ာ္သြားတဲ့ ဝက္သားနီခ်က္တို႔ကို.... အတူေပါင္းကာ ဝါးရင္း သူ႕လွ်ာကိုေတာင္ မ်ိဳခ်မိလုနီးပါးပင္။

Bossရဲ႕elfအေၾကာင္းေျပာရရင္ေတာ့ ယြမ္းေစြာ္က  ႐ုပ္ျပရဲ႕ေနာက္ထပ္ update အတြက္ ျပင္ဆင္ေနေပမယ့္ သူ႕မွာ ဘာမွားေနမွန္းမသိေပ။ အေရာင္ျခယ္တဲ့ အခါမွာလည္း အာ႐ုံစူးစိုက္မႈ ေကာင္းေကာင္းမရခဲ့ေပ။ ခဏေနေတာ့ သူနည္းနည္း ပင္ပန္းလာၿပီး ေဘာပင္ကိုခ်ကာ အခ်ိန္ကိုၾကည့္လိုက္သည္။ မိုရိခ်န္က အခုေလာက္ဆို သူ႕အလုပ္ ၿပီးေနေလာက္ၿပီ။

ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ မိုရိခ်န္က သူ႕မိတ္ကပ္ကို ဖ်က္ၿပီးၿပီျဖစ္ကာ အိမ္ျပန္ဖို႔ သြားေနခဲ့သည္။

"ဘာျဖစ္လို႔လဲ" 

မိုရိခ်န္က အေသးေလးမ်က္ႏွာ မေကာင္းေၾကာင္း ေသခ်ာသတိျပဳမိလိုက္သည္။

ယြမ္းေစြာ္က အမွန္အတိုင္းေျဖလိုက္သည္။ "အဲဒါက ပုံၾကမ္းေၾကာင့္ပါ။ သိပ္မေကာင္းလို႔"

မိုရိခ်န္က သူ တိုက္႐ိုက္ထုတ္လႊင့္မႈဒဏ္ကို ခံေနရေၾကာင္းသိလိုက္ၿပီး သူ႕႐ုပ္ျပေတြက အရင္ကမ႐ွိဖူးသလို အာ႐ုံစိုက္မႈေတြ တိုးလာေပမယ့္ black fanမ်ားစြာလည္း ရ႐ွိလာၿပီး အထူးသျဖင့္ မွတ္ခ်က္က႑တြင္ မၾကာခဏပင္ ဆိုး႐ြားလွတဲ့ စိတ္ဓာတ္က်ေစႏိုင္တဲ့ မွတ္ခ်က္တစ္ခ်ိဳ႕ ႐ွိေနခဲ့သည္။

"တကယ္လို႔ ဇာတ္ကြက္က အဆင္မေျပရင္ အရင္ဆုံး ထိန္းညႇိဖို႔ အပိုတစ္ခု ထပ္ဆြဲၾကည့္တာ မေကာင္းဘူးလား"

 မိုရိခ်န္က သူ႕ရဲ႕ အၾကံျပဳခ်က္ကို ျဖည့္ေျပာလိုက္သည္။  

"ဥပမာ အခုက ႏွစ္သစ္ကူးေရာက္ဖို႔ နီးလာၿပီဆိုေတာ့ အဲဒါကို ေသခ်ာထင္ဟပ္ေစမယ့္ တ႐ုတ္ႏွစ္သစ္ကူးနဲ႔ ပတ္သက္တဲ့တစ္ခုခု ဆြဲရင္ေရာ"

ယြမ္းေစြာ္က ဒါကိုၾကားေတာ့ အလြန္စိတ္ဝင္စားသြားခဲ့သည္။ ဇာတ္ကြက္ႏွင့္ပတ္သက္ၿပီး ခက္ခဲေနတဲ့ လက္႐ွိအေျခအေနတြင္ ႐ုန္းကန္ေနမယ့္အစား အပိုအေၾကာင္းအရာအခ်ိဳ႕ကိုဆြဲျခင္းျဖင့္ မတူတဲ့ခ်ဥ္းကပ္မႈတစ္ခုကို ရယူႏိုင္ၿပီး ေအာင္ျမင္မႈအသစ္တစ္ခုကို သူ႐ွာေတြ႕ႏိုင္မည္ျဖစ္သည္။

"ဒါဆို...ကြၽန္ေတာ္ဘာဆြဲရမလဲ။ မီး႐ွဴးမီးပန္းလား။ ဖက္ထုပ္လား။ ေႏြဦးပြဲေတာ္ စုံတြဲေတြလား" 

ယြမ္းေစြာ္က သူ႕လက္ေခ်ာင္းေတြကို ေရတြက္လိုက္သည္။

မိုရိခ်န္က ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္သည္။ 

"ဒူဒူ တ႐ုတ္ေတြမွာ ႏွစ္သစ္ကူး ဓေလ့ ဒါမွမဟုတ္ ယုံၾကည္ခ်က္႐ွိတယ္ဆိုတာ မင္းသိလား။ အဲဒါက ျပန္လည္ဆုံစည္းၾကဖို႔ပဲ"

ယြမ္းေစြာ္က ေခါင္းယမ္းလိုက္သည္။ ကမ႓ာေပၚ႐ွိ ဒီလိုပြဲေတာ္မ်ိဳးအေၾကာင္းကို သူသိပ္မသိခဲ့ေပ။ ၾကယ္တာရာကာလအတြင္းတြင္ ႏိုင္ငံေတာ္ တည္ေထာင္သည့္ေန႔ သို႔မဟုတ္ အခ်ိဳ႕ေသာ ေအာင္ပြဲေန႔မ်ားသာ က်င္းပၾကၿပီး 'ႏွစ္သစ္ကူးအႀကိဳ'ရဲ႕ေလထုက ႏွစ္႐ွည္လမ်ားစြာ ေမွးမွိန္ေနခဲ့သည္။

"ဒါဆို မင္းအခုသိလာလိမ့္မယ္"

 မိုရိခ်န္က အယူအဆနဲ႔ပတ္သက္တဲ့ အရာအားလုံးကို စိတ္႐ွည္႐ွည္နဲ႔ ႐ွင္းျပခဲ့သည္။ 

"ဒါေၾကာင့္ ႏွစ္သစ္ကူးဆိုတာက မိသားစုေတြအျဖစ္  အတူေပါင္းစည္းရမယ့္ကိစၥပဲ"

"အြမ္း!" 

ယြမ္းေစြာ္က မိုရိခ်န္ေျပာတာကို အၾကမ္းဖ်င္းနားလည္သြားခဲ့သည္။ ဖန္တီးမႈဆိုင္ရာ ဇာတ္ကြက္အမ်ားအျပားက သူ႕စိတ္ထဲတြင္ ေပၚလာၿပီးျဖစ္သည္။

သို႔ေသာ္ မိုရိခ်န္က ထိုေနရာတြင္ ရပ္မသြားဘဲ အလွေလးအေပၚ အႏိုင္က်င့္သလို စကားလုံး တစ္လုံးခ်င္းစီ ေျပာလာခဲ့သည္။ 

"ဒါေၾကာင့္ ဒီႏွစ္ မိုမိသားစုရဲ႕ ႏွစ္သစ္ကူးအႀကိဳညစာစားပြဲကို ဒူဒူက ပ်က္ကြက္လို႔မရဘူး"

မိုရိခ်န္က သူ႕ကို ညစာစားဖို႔ ဖိတ္တာပဲ၊ အို႔ ယြမ္းေစြာ္က ႐ႊင္ျမဴးစြာ ေခါင္းညိတ္လိုက္သည္။

မိုရိခ်န္က ထပ္ေျပာလိုက္သည္။ "ႏွစ္သစ္အႀကိဳညစာစားပြဲၿပီးရင္ ကိုယ္တို႔က မိသားစုျဖစ္သြားၿပီ"

 မိုရိခ်န္က ဒူဒူႏွင့္ သူရဲ႕ဆက္ဆံေရးအေၾကာင္းကို တတ္ႏိုင္သမွ်အျမန္ဆုံး​ ေမေမမိုကို ေျပာျပဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္သည္။ အတားအဆီးအခ်ိဳ႕႐ွိလာမွာျဖစ္ေသာ္လည္း ႏွစ္သစ္ကူးအႀကိဳမိသားစုညစာစားပြဲတြင္ ဒူဒူ႕ကို လက္ခံဖို႔ အစြမ္းကုန္ႀကိဳးစားမည္ ျဖစ္သည္။

"မိသားစုလား"

"အင္း မိသားစု"

မိုရိခ်န္ရဲ႕အၾကည့္က ေကာင္းကင္႐ွိ အေတာက္ပဆုံးႏွင့္ အလင္းလက္ဆုံး ၾကယ္တစ္ပြင့္ကဲ့သို႔ျဖစ္ေနၿပီး ယြမ္းေစြာ္က သူ႕ကိုၾကည့္ရင္း အသက္႐ႈမဝလုနီးပါး ျဖစ္ေနခဲ့သည္။ ဒီလိုလူတစ္ေယာက္နဲ႔ေတြ႕ၿပီး ဒီလိုလူမ်ိဳး႐ွိလာတာက သူ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ မထိန္းႏိုင္ဘဲ သက္ျပင္းခ်လိုက္သည္။

ေနာက္ဆုံးတြင္ အိပ္ရာမဝင္မီ ယြမ္းေစြာ္က တ႐ုတ္ႏွစ္သစ္ကူး မီနီစီးရီးေလးကို အၿပီးသတ္ႏိုင္ခဲ့သည္။ Weiboမွာ တင္ၿပီး ခ်ီးမြမ္းျခင္းႏွင့္ခ်စ္ျခင္းေမတၱာေတြကို ေတြ႕လိုက္ရတဲ့အခါ တစ္ခ်ိန္လုံး နာက်င္ေတာင့္တင္းေနတဲ့ သူ႕ရဲ႕ ေက်ာနဲ႔ လက္ေကာက္ဝတ္ေတြက ေျပေလ်ာ့သြားခဲ့သည္။

ေရခ်ိဳးၿပီးသည္ႏွင့္ မိုရိခ်န္က Weiboကို updateလုပ္ထားေၾကာင္း ယြမ္းေစြာ္ရဲ႕အေကာင့္မွ အသိေပးခ်က္ကို ရ႐ွိခဲ့တာေၾကာင့္ ႏွိပ္ၾကည့္လိုက္ရာ ဖက္ထုပ္မ်ားႏွင့္ ျပည့္ေနတဲ့ ေရခ်ိဳးကန္ထဲတြင္ ထိုင္ေနတဲ့ ဒူဒူ႕ရဲ႕Q-ဗား႐ွင္းကို ေတြ႕လိုက္ရတဲ့အတြက္ ၾကည္ႏူးသြားခဲ့သည္။

မၾကာခင္မွာပဲ ခ်န္ေက်ာင္က သူ႕အတြက္ စာတစ္ေစာင္ ခ်န္ထားခဲ့တာကို ယြမ္းေစြာ္က ေတြ႕သြားၿပီး မိုရိခ်န္ကို ဖတ္ခိုင္းဖို႔ ဆြဲေခၚလိုက္သည္။

"အစ္ကိုခ်န္က ကြၽန္ေတာ္က အရမ္းေတာ္တာပဲလို႔ ေျပာသြားတယ္!"

မိုရိခ်န္က ျပဳံးလိုက္ၿပီး 

"အင္း တကယ္ကို ဒူဒူက အရမ္းေတာ္တာေလ"

"ကြၽန္ေတာ္ ဒါကို ေလးေလးနက္နက္ ျပန္ေျပာရမယ္!" 

ဒါကိုေျပာၿပီး ယြမ္းေစြာ္က ေခါင္းငုံ႔ကာ လက္ညိဳးႏွစ္ေခ်ာင္းနဲ႔ အျမန္ျပန္ေျဖလိုက္သည္။

မိုရိခ်န္က ေမးလိုက္သည္။ 

"မင္း ခ်န္ေက်ာင္ကို မေတြ႕ရတာ ရက္ပိုင္းေလာက္႐ွိေနၿပီပဲ။ သူ႕ကို သတိရေနတာလား"

"ဟုတ္" 

ခ်န္ေက်ာင္က လူေကာင္းတစ္ဦးျဖစ္ၿပီး သူ႕ကို ေသခ်ာဂ႐ုစိုက္ေလ့႐ွိတာေၾကာင့္ ရက္အနည္းငယ္ၾကာ မေတြ႕ခဲ့ရၿပီးေနာက္ သူ႕ကို သတိရေနခဲ့သည္။

မိုရိခ်န္က ေျပာလိုက္သည္။ 

"ကိုယ္တို႔ သူ႕ကို မၾကာခင္ ျပန္ေတြ႕ရေတာ့မွာပါ"

"ဟင္ သူ...သူအလုပ္ျပန္စေတာ့မွာလား။ ဒါဆို ေကာင္းလိုက္..."

ယြမ္းေစြာ္ရဲ႕စကား မဆုံးခင္မွာပင္ မိုရိခ်န္က ေျပာလိုက္သည္။ 

"ဟင့္အင္း ကိုယ္တို႔ သူ႕ကို variety showတစ္ခုမွာ ေတြ႕ရလိမ့္မယ္။ ကိုယ္ကအပိုင္းတစ္ပိုင္းအတြက္ သြားရမွာ ၿပီးေတာ့ သူကလည္း 'Galaxy'သီခ်င္းေၾကာင့္ ဧည့္သည္အေနနဲ႔ သီခ်င္းဆိုဖို႔ ဖိတ္ခံထားရေတာ့  ကိုယ္တို႔ မၾကာခင္ အဲ့မွာဆုံႏိုင္တယ္"

"ေကာင္းလိုက္တာ!" 

ယြမ္းေစြာ္က ေအာင္ပြဲခံရင္း ဝမ္းသာအားရ လက္ဟန္ျပၿပီး ေမးလိုက္သည္။ 

"ဒါက ဘယ္လိုvariety showမ်ိဳးလဲ"

မိုရိခ်န္ : "Happy One Hundred Percent" 

ဒါကို ၾကားေတာ့ ယြမ္းေစြာ္က ပိုလို႔ေတာင္ စိတ္လႈပ္႐ွားသြားသည္။ အဆိုပါ႐ိႈးက စေနေန႔ညတိုင္း NHW TVတြင္ထုတ္လႊင့္သည့္ အရည္အေသြးျမင့္ အျပန္အလွန္ဖလွယ္သည့္ ဂိမ္း႐ိႈးျဖစ္ၿပီး ယြမ္းေစြာ္က အမာခံပရိသတ္ ျဖစ္သည္။

႐ိုက္ကူးဖို႔သုံးရက္လိုေသးၿပီး ယြမ္းေစြာ္က သူ႕လက္ေခ်ာင္းမ်ားျဖင့္ ေန႔ရက္ေတြကို ေရတြက္ေနခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ သူက ႐ိႈးပြဲေနရာသို႔ သြားမည့္ခရီးစဥ္အေၾကာင္း လုံေပၚကို ေျပာျပခဲ့ၿပီး လုံေပၚက ထိုေန႔တြင္ပင္ ထိုေနရာတြင္ ႐ွိေနခြင့္ရဖို႔ ခ်န္စန္းဆီမွ ကတိရရန္ အစာငတ္ခံဆႏၵျပကာ ခ်က္ခ်င္းၿခိမ္းေျခာက္ခဲ့သည္။

"ဒါေပမယ့္ ေခြးေတြကို ပရိသတ္ထဲ ဝင္ခြင့္ျပဳလို႔လား" 

ယြမ္းေစြာ္က တစ္ခုခုကို နားမလည္ခင္ ေမးခြန္းေတြေမးရမယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ ဒီလိုေမးဖို႔ ေ႐ြးခ်ယ္လိုက္သည္။

တစ္ဖက္႐ွိ လုံေပၚက ခဏေလာက္ တိတ္သြားၿပီး

 "ဒူဒူ မင္း စုရီေၾကာင့္ ပ်က္စီးသြားၿပီလား"

"အိုး...မဟုတ္ပါဘူး။ ငါ မပ်က္စီးပါဘူး!"

"..... ဘယ္လိုပဲျဖစ္ျဖစ္ ခ်န္စန္း႐ွိတယ္ကြ!" လုံေပၚက ' အျခားသူမ်ားကို အႏိုင္က်င့္ဖို႔ သူ႕ဇာတိကို ထုတ္ျပျခင္း'ရဲ႕ လက္ေတြ႕ဘဝပုံစံကို ထည့္သြင္းကာ ေအာ္ဟစ္လိုက္သည္။


ဖန္းေကြ႕က ဆူပူႀကိမ္းေမာင္းသံေၾကာင့္ စတူဒီယိုၾကမ္းျပင္ကို ႐ွင္းလင္းခဲ့ၿပီး ထြက္ခြာခြင့္႐ွိမ႐ွိ ခြင့္ျပဳခ်က္ကို တာဝန္ခံအား ေမးျမန္းခဲ့ၿပီး ခြင့္ျပဳခ်က္ရ႐ွိၿပီးမွသာ အလုပ္မွထြက္ခဲ့လိုက္သည္။ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ည ၉နာရီေက်ာ္ေနၿပီ။

အဝတ္လဲခန္းထဲတြင္ သူ တေနကုန္ဝတ္ထားတဲ့ အ၀တ္ေတြကို ေဘာလုံးပုံသ႑ာန္ေခါက္ၿပီး ေလာ့ကာထဲကို ပစ္ထည့္ကာ သူ႕အဝတ္အစားေတြကို ေျပာင္းလိုက္သည္။ ညစာနည္းနည္းပဲစားထားရၿပီး ဗိုက္က ဆာေနၿပီျဖစ္ကာ ႏွစ္ရက္ဆက္တိုက္ မေသာက္ရေသးလို႔ စိတ္မသက္မသာျဖစ္ေနခဲ့သည္။

သူက သူ႕ဖုန္းကို ႏွိပ္ၿပီး "မိုရိခ်န္ရဲ႕'Happy One Hundred Percent' " ကို ႐ွာေဖြၿပီး မိုရိခ်န္ရဲ႕အသံသြင္းျခင္းအပိုင္းက ႏွစ္ရက္ လိုေသးေၾကာင္း ထပ္မံအတည္ျပဳကာ သက္ျပင္း႐ွည္ႀကီးခ်လိုက္သည္။ ေနာက္ႏွစ္ရက္၊ သုံးရက္ေလာက္ေနေတာ့ သူဒီလိုဘဝမ်ိဳးကေန လြတ္ေတာ့မည္။

ဒီေန႔ ထ်န္းေယာင္ရဲ႕ ျပဳစုေစာင့္ေ႐ွာက္ေရးဌာနက လူနာကို XXေဆး႐ုံသို႔ ေျပာင္းေ႐ႊ႕လိုက္ေၾကာင္း အေၾကာင္းၾကားၿပီးေနာက္မွာ ဒါက ဖိုေဖးရဲ႕ ကစားသမားသစ္ေၾကာင့္ျဖစ္မယ္လို႔ သူသိခဲ့သည္။

တုန္တုန္ယင္ယင္ျဖင့္ စီးကရက္တစ္လိပ္ကို အိတ္ကပ္ထဲမွ ထုတ္လိုက္ၿပီး စီးကရက္ကို ကိုင္ထားေလ့႐ွိတဲ့လက္ေခ်ာင္းေတြက အဝါေရာင္ေတာင္ ျဖစ္ေနခဲ့ၿပီ။အ႐ိုးစုလို ပိန္ပိန္ပါးပါးျဖစ္ေနတဲ့ဇနီးသည္ကို ျမင္ရမွာ ​စိုးလို႔လား ဒါမွမဟုတ္ သူမ မျမင္ႏိုင္ရင္ေတာင္ တစ္ခ်ိန္က သူ႕ကို ဂုဏ္ယူခဲ့ဖူးတဲ့ ဇနီးသည္ကို အခုလို စိတ္ပ်က္စရာအေျခအေနမ်ိဳးမွာ ျမင္သြားမွာ စိုးလို႔လား ဘာေၾကာင့္မွန္း သူမေျပာႏိုင္ေပမယ့္ သူ႕ဇနီးကို မေတြ႕ခဲ့ရတာ ၾကာခဲ့ၿပီ။

စီးကရက္တစ္လိပ္ကုန္ၿပီးေနာက္ ဖန္းေကြ႕က မတ္တပ္ထရပ္ကာ မ်က္လုံးေတြက နီရဲၿပီး  မ်က္ႏွာက ေဖာင္းကားေနသည္။ ဝါဖတ္ေနတဲ့လက္ေတြကို ပြတ္သပ္ရင္း ေဘာင္းဘီအိတ္ကပ္ထဲက စာ႐ြက္ေခါက္ကို ျဖန္႔လိုက္သည္။ ထိုအထဲတြင္ ႏွစ္ရက္အၾကာ၌ ဧည့္သည္မ်ားအတြက္ နားေနခန္းအစီအစဥ္မ်ား၊ အစမ္းေလ့က်င့္ခ်ိန္စသည္ျဖင့္ ႐ိုက္ကူးေရးအစီအစဥ္အတြက္ သူလွ်ိဳ႕ဝွက္ကူးယူထားတဲ့ အစီအစဥ္အခ်ိဳ႕ျဖစ္သည္။

ထိုအခ်ိန္တြင္ ဖိုေဖးက ထ်န္းေယာင္ရဲ႕လက္ကို ဆုပ္ကိုင္ရင္း စကားေျပာကာ ေဆး႐ုံကုတင္ေဘးတြင္ ႐ွိေနခဲ့သည္။

ယခင္က မိသားစုဝင္ေတြကို ျပဳစုေစာင့္ေ႐ွာက္ေရးစင္တာ၌ ညအိပ္ခြင့္မျပဳခဲ့ဘဲ ဧည့္ေတြ႕ခ်ိန္ကိုလည္း ကန္႔သတ္ထားသည့္အျပင္ ဖန္းေကြ႕ႏွင့္ အတူေနရကာ ဂိမ္းထဲတြင္ အတန္းတက္ေနရတာေၾကာင့္  သူ႕မွာ အၿမဲတမ္းအခ်ိန္မေလာက္မငွျဖစ္ခဲ့ရသည္။ 

အခုေတာ့ ေဆး႐ုံကုတင္ေပၚက အစ္မျဖစ္သူကို ၾကည့္ရင္း သူ႕မ်က္လုံးေတြ ႐ုတ္တရက္ နီရဲလာခဲ့သည္။ 

"မမ ျမန္ျမန္ႏိုးလာပါေတာ့။ ဟင္းခ်က္ေကာင္းတဲ့သူတစ္ေယာက္ျဖစ္လာဖို႔ ကြၽန္ေတာ္႕ရဲ႕ကတိကို ျဖည့္ဆည္းေပးလိုက္ၿပီေလ။ ကြၽန္ေတာ္က Elf Academyမွာအတန္းေတြကို တစ္ခါတစ္ရံ ေက်ာ္တတ္ေပမယ့္... ကိစၥမ႐ွိပါဘူး။ သူတို႔သင္ေပးသမွ်ကို ကြၽန္ေတာ္သိတယ္။ creditsေတြက်ၿပီး အတန္းပ်က္ေပမယ့္ အဆင္ေျပပါတယ္။ အဲဒါ ဆုံး႐ႈံးသြားေပမယ့္ မမကို ကြၽန္ေတာ္ အေဖာ္ျပဳေပးဖို႔ အခ်ိန္ရသြားတာေပါ့"

ဖိုေဖးက သာမန္ေန႔စဥ္ဘဝအေၾကာင္းေတြ ေျပာရင္း သူ႕မ်က္ႏွာမွာ အျပဳံးတစ္ခုျဖစ္လာကာ တိုးတိုးေလးေျပာလိုက္သည္။

"မမ ကြၽန္ေတာ္ ႀကီးပ်င္းလာၿပီ။ အခု ကြၽန္ေတာ့္မွာ proxy player ေကာင္းေကာင္းတစ္ေယာက္လည္း ႐ွိေနၿပီ..."

ဖိုေဖးက တိုးတိုးေလးေျပာေနစဥ္ သူ႕လက္ထဲတြင္ ဆုပ္ကိုင္ထားတဲ့ လက္ေခ်ာင္းေတြက ႐ုတ္တရက္ လႈပ္သြားခဲ့သည္။

ဖိုေဖးက တုန္လႈပ္သြားၿပီး မ်က္လုံးေတြက မယုံႏိုင္ေလာက္ေအာင္ ျပဴးက်ယ္သြားရင္း သူ႕တစ္ကိုယ္လုံး ေအးခဲသြားခဲ့သည္။

"မမ..."

 သူ႕မ်က္စိေ႐ွ႕မွာ ျဖစ္ပ်က္ေနတာေတာင္မွ ျမင္ေနရတာေတြကို သူ မယုံႏိုင္ေပ။

႐ုတ္တရက္ ထ်န္းေယာင္ရဲ႕လက္ေခ်ာင္းေတြက လႈပ္သြားျပန္သည္။

ဒီတစ္ႀကိမ္တြင္ သူက ထခုန္ကာ ကုတင္ေပၚမွ ခလုတ္ေတြကို အ႐ူးအမူး ဖိလိုက္ၿပီး 

"ေဒါက္တာ! ေဒါက္တာ!"

Continue Reading

You'll Also Like

5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
566K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 51.7K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
986K 51.7K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...