ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေ...
By Juengal_0226
924K 139K 7.4K
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanm... More
Description
Omegaverse
Chapter - 1(U+Z)
Chapter - 2 (U+Z)
Chapter - 3(U+Z)
Chapter - 4 (U+Z)
Chapter - 5 (U+Z)
Chapter - 6 (U+Z)
Chapter - 7 (U+Z)
Chapter - 8 (U+Z)
Chapter - 9 (U+Z)
Chapter - 10 (U+Z)
Chapter - 11 (U+Z)
Chapter - 12 (U+Z)
Chapter - 13 (U+Z)
Chapter - 14 (U+Z)
Chapter - 15 (U+Z)
Chapter - 16 (U+Z)
Chapter - 17 (U+Z)
Chapter - 18 (U+Z)
Chapter - 19(U+Z)
Chapter-20 (U+Z)
Chapter - 21(U+Z)
Chapter - 22(U+Z)
Chapter - 23(U+Z)
Chapter - 24(U+Z)
Chapter-25(U+Z)
Chapter-25_2(U+Z)
Chapter-26(U+Z)
Chapter 27 (U+Z)
Chapter - 28(U+Z)
Chapter 29(U+Z)
Chapter - 30(U+Z)
Chapter - 31(U+Z)
Chapter - 32 (U+Z)
Chapter -33_1(U+Z)
Chapter-33_2
Chapter -34_1
Chapter-34_2
Chapter-35 (U+Z)
Chapter - 36 (U+Z)
Chapter - 37 (U+Z)
Chapter - 38 (U+Z)
Chapter - 39 (U+Z)
Chapter - 40 (U+Z)
Chapter - 41 (U+Z)
Chapter - 42.1(U+Z)
Chapter - 42.2 (U+Z)
Chapter - 43.1 ( U+Z)
Chapter - 43.2 (U+Z)
Chapter - 44.1 (U+Z)
Chapter - 44.2 (U+Z)
Chapter - 45 (U+Z)
Chapter - 46 (U+Z)
Chapter - 47 (U+Z)
Chapter - 48(U+Z)
Chapter 49 (U+Z)
Chapter - 50 (U+Z)
Chapter 51 (U+Z)
Chapter - 52 (U+Z)
Chapter - 53 (U+Z)
Chapter - 54 (U+Z)
Chapter - 55 (U+Z)
Chapter - 56 (U+Z)
Chapter - 57 (U+Z)
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 58 (U+Z)
15.7K 1.5K 126
By Juengal_0226
UNICODE
အခန်း ၅၈ - စမ်းသပ်မှု
ရှန်းမိုယွီ သဘောတူတာကို မြင်တော့ စုလင်းမရယ်မိဘဲ မ​နေနိုင်​တော့​ချေ။ သူ အမြစ်ကို ကိုင်ကာ ခပ်ဖွဖွ ညှစ်လိုက်ပြီး
"ကြယ်ဒင်္ဂါးတွေကို သိပ်ကြိုက်တာပဲလား?"
ပါဝင်ခ ရမယ် ကြားတာနဲ့ ချက်ချင်း တန်းသ​ဘောတူလိုက်ရ​အောင်​ထိ​ပေါ့
အမြစ်များသည် အတက်အဆင်း လှုပ်ရှားကြသည်။
ငါ့မှာ ပိုက်ဆံရှိရင် ငါ့သားကို ပြုစုပျိုးထောင်နိုင်တယ်!!
စုလင်း: "မင်းပေးထားတဲ့ ကုန်ကြမ်းတွေက ​ငွေအများကြီးနဲ့ ရောင်းနိုင်တယ်။ မင်း ကြယ်ဒင်္ဂါးတွေကို ကြိုက်တယ်ဆိုရင် ကုန်ကြမ်းတစ်ချို့ကို မင်းအတွက် ငွေသား ပြောင်းပေးစေချင်လား?"
ရှန်းမိုယွီရဲ့ အာရုံအားလုံးက 'ငွေများစွာဖြင့် ရောင်းနိုင်သည်' ဟူ​သော စကား​ပေါ်မှာရှိ​တေတာ​ကြောင့် ကျန်စကားများကို လုံးဝ မကြား​တော့​ပေ။ အမြစ်ထိပ်ဖျားကို ​တောင့်တင်းကာ အမြစ်​တွေအများကြီးက လေထဲတွင် ပျော်ရွှင်စွာ ဝှေ့ယမ်းနေကြသည်။
"ဟာဟားဟား၊ မင်းကြားလား"
ရှန်းမိုယွီက သူ့သူငယ်ချင်း​လေးကို ကြွား​တော့သည်။
"ငါ့အဆိပ်ကို ပိုက်ဆံ​တွေ အများကြီးနဲ့ ရောင်းလိုက်တာတဲ့!"
လုံ​မော့ထန်: "အရူး၊ မင်းပဲ ဘာမှ မရောင်းဘူးလို့ စောစောက ပြောခဲ့တယ် မဟုတ်လား"
"အင်းး  ပြီးခဲ့တဲ့ ရက်နည်း​နည်း​လောက်တုန်းက ​နေရာလွတ်ထဲမှာ ငါ​တွေ့ခဲ့တယ်​လေ ဟဟဟ"
[TN- ဒီနား me နားမလည်ပါ daddy ရှန်းမိုယွီက ဘာကို​တွေ့ခဲ့တယ်လို့​ပြောချင်မှန်း me မသိပါ🤧]
ရှန်းမိုယွီက အူမြူး​နေလျက်
"တကယ် အံ့သြစရာကောင်းတာပဲ"
ရှန်းမိုယွီ အရမ်းပျော်နေသည်ကိုမြင်တော့ စုလင်းက သူအချိန်ရတာနဲ့ ​ငွေနည်းနည်း​လောက်လဲဖို့ ဆုံးဖြတ်လိုက်သည်။ ထို့​နောက် ​ရေပန်းစား​နေ​သော သိပ္ပံ​ရေးရာ ပရိုဂရမ်းရဲ့ ဒါရိုက်တာဝမ်ထံ စာတစ်​​​စောင်​ပေးပို့လိုက်သည်။
"ရှန်းမိုယွီက သ​ဘောတူတယ်။ ဒါ​ပေမယ့် ဒီ၂ရက်အတွင်း​တော့ ကျွန်​တော်တို့ လုပ်စရာ​တွေ ရှိ​သေးတယ်"
ဒါရိုက်တာ ဝမ်: " ​ကောင်းလိုက်တာ။ ပါဝင်ခ အ​နေနဲ့ ထိပ်တန်းကြယ်ပွင့်တစ်​ယောက်ရဲ့နှုန်းထားနဲ့ တူညီတဲ့ပမာဏကို ​ပေးမယ်ဆိုရင် အဆင်​ပြေမလား?"
စုလင်း: "ဟုတ်ကဲ့။"
ဒါရိုက်တာ ဝမ် - "ကျွန်​တော့်ဘက်က ကိစ္စတွေ အပြီးသတ်ပြီးရင် မင်းကို ဆက်သွယ်လိုက်ပါ့မယ်၊ ပြီးရင် ကျွန်​တော်တို့ ဆက်ဆွေးနွေးကြတာ​ပေါ့"
စုလင်း: "ကောင်းပြီ။"
ရဲ့လဲ့ ဝင်လာပြီး ရှန်းမိုယွီရဲ့ အပြုအမူကို မြင်​တော့ ပြုံးလျက်
"သူစိတ်​ပျော်​နေတာပဲ။ ကျွန်​တော်တို့ သူ့ရနံ့ရဲ့ သက်​ရောက်မှု အာနိသင်ကို စမ်းသပ်ဖို့ ၈ခွဲမှာ စကြမယ်။ အဆင်​ပြေလား?"
စုလင်း: " အဆင်​ပြေပါတယ်၊ စမ်းသပ်ခံသူတွေ အားလုံး ဒီမှာ ရှိမှာလား?"
ရဲ့လဲ့က ခေါင်းညိတ်သည်။
စုလင်း အမြစ်များကို ညင်သာစွာ ညှစ်လိုက်ပြီး
"ခဏ​နေ စမ်းသပ်မှုတွေ လုပ်ရင် မင်းရဲ့ ရနံ့ကို ပုံမှန်အတိုင်း လွှတ်ထားဖို့ပဲ လိုတယ်၊ အဆိပ်​တွေမဖြန်းနဲ့​နော်"
အမြစ်များသည် နားလည်ကြောင်းပြသရန် အထက်အောက် ရွေ့လျားသွားကြသည်။
စုလင်း၊ ကုလီဟန် နဲ့ ရဲ့လဲ့ တို့သည် အနီးရှိ စောင့်ကြည့်ခန်းသို့ သွားခဲ့ကြသည်။ ဘော့စ်နှင့် သူ့အဖွဲ့သားများသည် စမ်းသပ်စစ်ဆေးခံမည့်သူများကို စောင့်ရှောက်ရန် စမ်းသပ်ခန်းအပြင်ဘက်တွင် ရှိနေကြမည်ဖြစ်သည်။ နံနက် 8.30 နာရီတွင် စမ်းသပ်မှုကို တရားဝင် စတင်ခဲ့ပြီး ပထမဆုံးAO စုံတွဲသည် စိတ်ဝိညာဉ်ပင်အခန်းထဲသို့ ၀င်သွားခဲ့သည်။
ရဲ့လဲ့က ​ဘေးမှ ဖန်သားပြင်ကို ညွှန်ပြရင်း
"ဒီ AO အတွဲက အဖွဲ့ထဲမှာ လိုက်ဖက်ညီမှုနှုန်းထား အနိမ့်ဆုံးဖြစ်တဲ့ 11% ရှိတယ်။ ဒီနေ့ လိုက်ဖက်ညီမှုနှုန်း နိမ့်ရာကနေ မြင့်ရာ စမ်းသပ်ပါမယ်။"
စုလင်း စစ်​ဆေး​နေမှုကို လှည့်ကြည့်လိုက်သည်။  ထို နှစ်ယောက်တွဲက အခန်းထဲ ဝင်လာပြီးနောက် ရှန်းမိုယွီကို အံ့သြတကြီးဖြင့် စိတ်လှုပ်ရှားစွာ ကြည့်​နေကြသည်။ သူတို့က ရှန်းမိုယွီ အနားကပ်ကြည့်ချင်ပေမယ့်လည်း မကပ်ရဲပြန်​ပေ။ ထိုအတွဲဟာ ရှန်းမိုယွီကို အာရုံစိုက်မိလွန်း​နေသဖြင့် သူတို့နှစ်ဦးသည် စမ်းသပ်မှုအတွက် သူတို့ရဲ့ရည်ရွယ်ချက်ကို လုံးလုံးမေ့သွားခဲ့​တော့သည်။
ရဲ့လဲ့ မိုက်ခရိုဖုန်းကိုဖွင့်ပြီး
"ကျေးဇူးပြုပြီး မင်းတို့ရဲ့ Isolator ကို ဖြုတ်ပြီး တုံ့ပြန်မှုတစ်ခုခုရှိလား ခံစားကြည့်ပါ။"
ထို့မှသာ သူတို့နှစ်ဦး အသိပြန်ဝင်လာကာ Isolatorကို ချွတ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြသည်။  10 မိနစ်ကြာပြီးနောက် နှစ်ယောက်စလုံး နီမြန်းလာခြင်းမရှိသလို နှလုံးခုန်မြန်လာခြင်းမျိုးလည်းမရှိဘဲ စိတ်ဝိညာဉ်ပင်အခန်းမှ တည်ငြိမ်စွာ ထွက်လာခဲ့ကြသည်။ ရဲ့လဲ့သည် လေဝင်လေထွက်စနစ်ကိုဖွင့်ပြီး အခန်းထဲတွင် ကျန်ရှိနေခဲ့သော pheromone များ ကင်းစင်​ကြောင်း system မှ ပြသသည်အထိ ​စောင့်ဆိုင်း​နေခဲ့ပြီးမှ ဒုတိယအတွဲကို ဝင်ခွင့်ပြုရန် ​ဘောစ့်ထံ အကြောင်းကြားခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်ပျင်းရိဖွယ်ပင်။ အတွဲတစ်တွဲစီသည် တူညီသော copy - pasteလုပ်ထားသည့်နှယ် အမူအရာကိုသာ ​ပေးခဲ့ကြသည်။ ရှန်းမိုယွီကို တွေ့လိုက်ရတော့ တုန်လှုပ်ခြောက်ခြားကာ အခန်းထဲဝင်လာကြသည်။  ထို့နောက် သူတို့သည် သူတို့ရဲ့Isolator ကို ဖယ်ရှားခဲ့ကြကာ ၁၀ မိနစ်အကြာတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့် အခန်းမှ ထွက်သွားကြသည်။  AO လိုက်ဖက်ညီမှုနှုန်း 80% ကျော်လွန်သည့်​နောက်မှာ​တော့ ထိုစုံတွဲသည် အချင်းချင်း၏ Pheromone များကို တုံ့ပြန်စပြုလာခဲ့သည်။ သို့​သော် သူတို့ရဲ့ ဆင်ခြင်တုံတရား တွေးခေါ်မှုကို ထိန်းသိမ်းထားနိုင်ဆဲ​ပင်။
ရဲ့လဲ့ စိတ်လှုပ်ရှားစွာဖြင့်
"အံ့သြဖို့​ကောင်းလိုက်တာ ရှန်းမိုယွီက သဘာဝ စိတ်ငြိမ်​ဆေးပဲ
သူက ​ဘော့စ်အား ဆိုသည်။
"နောက်ဆုံးအတွဲရဲ့ လိုက်ဖက်မှုနှုန်းက 93% ပဲ။ Inhibitor ​တွေ အသင့်ပြင်ထားကြ။ မြင်ကွင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်"
​ဘော့စ်က ခေါင်းညိတ်ပြပြီး နောက်ဆုံးအတွဲကို စိတ်ဝိညာဉ်ပင်ခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
စုလင်း သုံးဖက်မြင်မျက်နှာပြင်ကို စိုက်ကြည့်နေခဲ့သည်။ စမ်းသပ်မှုစတင်လိုက်ချိန်တွင် Omega က ​ရီ​ဝေဝါး​နေ​သောမျက်လုံးများဖြင့် ​ရေငတ်​နေ​သော ငါးတစ်​ကောင်ကဲ့သို့ပင် Alphaဖြစ်သူကို စိုက်ကြည့်ကာ တင်းတင်းကြပ်ကြပ်​ပွေ့ဖက်လာသည်။
သူ နတ်ဘုရားနဲ့ ရှိတုန်းကလည်း ဒီလိုပဲ လုပ်မိခဲ့တာလား?
ထို့​နောက် သူ့ရဲ့အပြုအမူ​တွေက ပို​၍ပင် ဆိုး​နေနိုင်တာ​ကြောင့် စုလင်း မျက်နှာ​လေး နီရဲ သွားရသည်။ ​အချုပ်ဆိုရ​သော် စုလင်းဟာ စစ်မှန်သည့် အမျိုး​ကောင်းသားတစ်​ယောက်အဖြစ် အနှစ်၂၀ရှင်သန်ခဲ့သူမို့ ဤဇာတိဖွား Omegaများနဲ့မတူ လွယ်လွယ် အရှက်မသည်းတတ်ပါ​ချေ။ ကုလီဟန်ရဲ့အကြည့်​တွေက သူ့မျက်နှာအ​ပေါ်ကျ​ရောက်လာခဲ့ပြီး သူ့ကို ကိုင်ထားသည့်လက်က အနည်းငယ် တင်းကျပ်လာသည်။ စုလင်း နတ်ဘုရားကို လှည့်မကြည့် အသာ ​ချောင်းဟန့် မိလိုက်ရ​တော့သည်။ 
စမ်းသပ်မှုများကိုကြည့်ရင်း ရှန်းမိုယွီ နှင့် လုံ​မော့ထန်တို့က စမ်းသပ်ခံများအ​ကြောင်း စိတ်ပါလက်ပါ ဆွေးနွေးခဲ့ကြသည်။ ရှန်းမိုယွီက အမြစ်များကို လှုပ်ရှားရင်း
“ဒီမှာ ဘယ်သူမှ ငါ့ချွေးမနဲ့ မယှဉ်နိုင်ဘူးလို့ ထင်တာပဲ။ ငါ့သားက တကယ်ကို ကြည့်တတ်လိုက်တာမှ ငါ့အတိုင်းပဲ"
လုံ​မော့ထန်က အရွက်များက ​ထောင်လိုက်ပြီး
"အရူးရဲ့! ဒါ ကြွားလုံးထုတ်ရမယ့် အချိန်လား? တိုက်ရိုက်ပြသ​နေတဲ့ လူသား​တွေရဲ့ 'အက်ရှင်' ရုပ်ရှင်ကြီးကို ငါ​တော့ မကြည့်ချင်​ဘူး"
[TN- အက်ရှင် = AO စုံတွဲရဲ့ ပူးကပ် တိုက်ရိုက်ထုတ်လွှင့်မှု]
ရှန်းမိုယွီ : "ဒါဆို ငါ သူတို့ကို ခွဲပေးရမလား?"
ထိုစကားအတိုင်းပင် သူ့ရဲ့ အမြစ်များက ပွေ့ဖက်​နေကြသော AO စုံတွဲဆီသို့ လျင်မြန်စွာ ​ပြေးထွက်သွားသည်။ သူတို့ရဲ့ ခြေထောက်နှစ်ချောင်းစီကို ရစ်ပတ်ကာ လူ၂​ယောက် ခွဲပစ်ဖို့ ကြိုးစား​တော့သည်။
တကယ်တမ်းတော့ ရှန်းမိုယွီက သူတို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ရစ်ပတ်ချင်ခဲ့ပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ် ​ပွေ့ဖက်ထားကြသည်။ သူ့ရဲ့အမြစ်များက ထိုသူတို့ကို ကွဲသွား​အောင် ရစ်ပတ်မရနိုင်သောကြောင့် ရှန်းမိုယွီသည် ထိုအစား သူတို့၏ခြေထောက်များကို ရွေးချယ်ခဲ့ရသည်။
ရဲ့လဲ့က ဖြစ်ပျက်​နေသည်များကို သုံးဖက်မြင် ဖန်သားပြင်မှ​ မြင်​နေရ​သောအခါ ​ဘော့စ်ကို မိုက်ခရိုဖုန်းမှ တစ်ဆင့် ညွှန်ကြားလိုက်ရသည်။
"စမ်းသပ်ခံ​တွေကို Inhibitor ထိုးလိုက်​တော့"
သူက ချက်ချင်းပင် ကမန်းကတမ်း ဆိုသည်။
"စုလင်း ရှန်းမိုယွီကို ရပ်ခိုင်းလိုက်ပါ"
စုလင်း နဖူးကိုသာ ကိုင်ထားမိသည်။  AO စုံတွဲသည် အမြစ်များ​ကြောင့် ထိတ်လန့်သွားကြသည်မှာ အထင်အရှားပင်။ ​အမြစ်​တွေက ခြေ​​ထောက်က​နေ ဆွဲခွာတဲ့အခါ သူတို့က တစ်ယောက်ကို တစ်ယောက် ပိုတင်းတင်းကျပ်ကျပ် ဖက်ထားကြသည်။ ဤတစ်ကြိမ်တွင် မက်​မောလှိုက်ဖိုဖွယ် ခံစားချက်များမရှိ​တော့ဘဲ ​ကြောက်ရွံ့ထိတ်လန့်မှုသာပင်။ စုလင်း မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး ​ပြောလိုက်သည်။
"ရှန်းမိုယွီ မြန်မြန် လွှတ်လိုက်။ သူတို့ မင်းကို ကြောက်​နေကြတယ်"
အမြစ်များသည် ပန်းဖူးဆီသို့ ပြန်ဆုတ်သွားပြီး ရှန်းမိုယွီက
"ဘယ်လောက်တောင် ကြောက်တတ်လိုက်ကြလဲ? ငါ့သားက ဒင်းတို့ထက် အများကြီး ပိုသတ္တိရှိလိုက်တာ!"
လုံ​မော့ထန် : "အရူး မင်း နှစ်ယောက်လုံးကို အတူတူပူးချည်ပြီး​တော့သာ လွှင့်ပစ်လိုက်ပါ​တော့လား?"
"အိုး ငါ အခု လုပ်လိုက်မယ်။"
အမြစ်​တွေ လှုပ်ရှားမလို့ကြံ​နေစဥ် ​ဘော့စ် တံခါးဖွင့်ပြီး အခန်းထဲ ဝင်လာခဲ့သည်။
"ကောင်းပြီ မင်းကို မလိုအပ်တော့ဘူး"
လုံ​မော့ထန်က ပြောသည်။
​ဘော့စ်က စုံတွဲအတွက် inhibitor ထိုးရန်ကူညီ​​ပေးခဲ့သည်။ သူတို့၂ဦးက ရှန်းမိုယွီရဲ့ လုပ်ရပ်က​နေ လွတ်​မြောက်လာသည်ကိုပင် သတိမမူမိဘဲ ရှန်းမိုယွီကို ထိတ်လန့်တကြား စိုက်ကြည့်နေကြဆဲပင်။ စုလင်း စိတ်ဝိညာဉ်ပင်အခန်းတွင်းသို့ လျှောက်ဝင်သွားသောအခါ အမြစ်များက သူ့လက်ကို အပြေးအလွှားလာ ရစ်ပတ်ကြသည်။ သူက AO စုံတွဲကို ပြုံးပြပြီး
"တောင်းပန်ပါတယ် သူက ဖျက်လိုဖျက်စီး လုပ်တာ မဟုတ်ပါဘူး"
စုလင်း အနည်းငယ် ​ချောင်းဆိုးလိုက်ပြီး ဆက်​ပြောသည်။
"သူက မင်းတို့နှစ်ယောက်ကို ကူပြီး ခွဲ​ပေးချင်နေတာ ဖြစ်​လောက်တယ်"
စုလင်း​ပြောသည်ကို ကြားတော့ AO စုံတွဲက အဆင်မပြေသလိုလို ဖြစ်နေဆဲပေမယ့် သူတို့ရဲ့ ခံစားချက်ကတော့ တော်တော်ငြိမ်သက်သွာခဲ့သည်။ Alpha က ဆိုလာသည်။
"S အဆင့် စိတ်ဝိညာဉ်ပင်တစ်ပင်က ​​မျှော်မှန်းထားသလိုပဲ တကယ်ကို စမတ်ကျတာပဲ"
ရွှန်းမိုယွီက ချီးမွမ်းခံရသောအခါ အလွန်ပျော်ရွှင်သွားပြီး အမြစ်များက ချက်ချင်းပင် လေထဲတွင် ဝှေ့ယမ်းကာ ကခုန်နေ​တော့သည်။
AO စုံတွဲက ဒါကိုမြင်ပြီး သူတို့ရဲ့အမူအရာက ပို၍ ပေါ့ပါးသွားသည်။ စမ်းသပ်မှုအတွင်း သူတို့ ဘယ်လိုခံစားရလဲဆိုတာကို ရဲလဲ့က မေးမြန်းခဲ့သည်။ သူတို့ရဲ့အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် ​ဘော့စ် က သူတို့ကို အပြင်ပို့​ပေးခဲ့သည်။ ခဏကြာတော့ ​ဘော့စ်က ပြန်ဝင်လာခဲ့ပြီး စုလင်းကို​ ​မေးသည်။
"စမ်းသပ်ခံသူ​တွေက ဒီလို ဆင်တူ ​မွှေးရနံ့မျိုး ​ရောင်းဖို့ ရှိလားလို့ မေးနေကြတယ်။ တကယ်လို့သာ မကြာခင် ရနိုင်​တော့မယ်ဆိုရင် သူတို့က ကြိုပြီး မှာထားချင်ကြတယ်တဲ့"
စုလင်း : "မရနိုင်သေးဘူး။"
​ဘော့စ်က ခေါင်းညိတ်ပြပြီး ထွက်သွားသည်။
ရဲ့လဲ့: "ရှန်းမိုယွီက ပေးခဲ့တဲ့ ကုန်ကြမ်းတွေမှာ​ကော ဒီလို ဆင်တူတဲ့ ရနံ့မျိုးရှိတာလား?။ ဒါဆို  အာနိသင်တူတဲ့ အမွှေးနံ့သာကို ထုတ်လုပ်နိုင်​လောက်တယ်။"
စုလင်း:  "ဟုတ်တယ်၊ ဒါပေမယ့် စစ်တပ်က ကုန်ကြမ်းတွေ လိုအပ်နေ​သေးတာကြောင့် လောလောဆယ်တော့ မရောင်းနိုင်ဘူး"
ရဲ့လဲ့ ခေါင်းညိတ်ပြီး
"ဒါဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်။ နေ့ခင်းကျ  ရှန်းမိုယွီကို ဆက်ပြီး ​လေ့လာမှာမို့လို့ မင်း လုပ်စရာရှိတာ လုပ်ပါ ရတယ်"
သူပြောပြီးသည်နှင့် စုလင်း ရှန်းမိုယွီကိုကြည့်ကာ လေးလေးနက်နက် တွေးတောသည်။  ရှန်းမိုယွီ၏ အနက်ရောင်အရည်က အနံ့ဆိုးရှိပြီး အနီရောင်ကကျ မွှေးကြိုင်လှသည်။ အနက်​ရောင်အမှုန်အမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေကို ကုသဖို့ ကုသနည်းက အရည် နှစ်မျိုးလုံး လိုအပ်သည်။ စုလင်း ဒီအ​ကြောင်းကိုတွေးပြီး​နောက် သူက နီအန်းကို စာပို့လိုက်သည်။
“​ဒေါက်တာ နီအန်း ကုသနည်းအတွက် လိုအပ်တဲ့ အနက်ရောင်အရည်နဲ့ အနီရောင်အရည်အချိုးက ၁:၁ လား”
အနီရောင်အရည်ရဲ့အကျိုးသက်ရောက်မှုက စုလင်းရဲ့ စိတ်ကို အရမ်းဆွဲ​ဆောင်သွားခဲ့ပြီး သူက အဲ့ဒါကို သူ့အတွက်သူလည်း သုံးချင်ခဲ့သည်။  သူနဲ့ နတ်ဘုရား အမှတ်အသားပြုပြီးသွားပြီ ဖြစ်သောကြောင့် သူတို့က အတော်လေး တည်ငြိမ်သော အခြေအနေတွင် ရှိနေသည်။  သို့သော် သူတို့က Isolator ကို ဖယ်ရှားလိုက်သည်နှင့် သူတို့ရဲ့ လိုက်ဖက်မှုနှုန်းက မြင့်လှတာ​ကြောင့် သူတို့ရဲ့စိတ်ခံစားချက် အလုံးစုံက ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်သည်။ ဒါ့အပြင် သူ့ရဲ့ ကြံ့ခိုင်မှုကလည်း အခုချိန်မှာ အားနည်းလွန်းနေသည်။ သူ့စိတ်ခံစားချက်​တွေအတိုင်း လိုက်ချင်ရင်​တောင် သူ့ခန္ဓာကိုယ်က​တော့ လုံးဝပင် လက်ခံနိုင်မည်မဟုတ်​ပေ။ ထို့​ကြောင့် နှစ်ဦးသားက ချုပ်ထိန်းထားရတာ​ကြောင့်  စိတ်မသက်မသာဖြစ်ခဲ့ရသည်။
Isolator သုံးထားခြင်းက သူတို့ကို ထိန်းချုပ်မှုမှ လွတ်ထွက်မသွားအောင် တားဆီးနိုင်သည်။ သူ နတ်ဘုရား အနားမှာ အိပ်တဲ့အခါ ကုလီဟန်ရဲ့အိပ်စက်မှုအရည်အသွေးက  တိုးတက်လာခဲ့သည်။ အရင်လိုပုံစံအတိုင်း အသားပြန်ကျဖို့က ခက်ခဲသလို သူကလည်း နတ်ဘုရားနဲ့ ခွဲမအိပ်​ချင်​ပေ။ ဆိုလိုသည်က ညဘက်တွင်လည်း Isolator လိုအပ်နေသည့်သ​ဘောပင်။ သို့​သော်လည်း ၂၄နာရီနဲ့ ၇ရက်လုံး Isolator တပ်ထားချင်းက ဂလင်း​တွေအတွက်လည်း မ​ကောင်း​ပေ။ ထို့​ကြောင့် ရနံ့ကုထုံးအသုံးပြုခြင်းကသာ အသင့်​တော်ဆုံး နည်းလမ်း ဖြစ်သည်။
နီအန်း: "အဲဒါက 1:1၊ ပြဿနာ တစ်ခုခု ရှိလို့လား။"
စုလင်းက သက်ပြင်းချလိုက်မိသည်။ လောလောဆယ်မှာတော့ အနီရောင်အရည်တွေကို သိမ်းဆည်းနိုင်မည် မဟုတ်ပါ​ချေ။ မည်သို့ပင်ဆိုစေကာမူ နီအန်းကို အနီရောင်အရည်ရဲ့ အာနိသင်ကို ပြောပြခဲ့သော်လည်း ၎င်းကို မိမိအတွက် အသုံးပြုလိုသည်ဟု​တော့ မပြောခဲ့ပေ။
နီအန်း: "လူဖန်တီးတဲ့ ကုသနည်းကိုသာ စောစောတိုးတက်​အောင် လုပ်နိုင်ရင် အနီရောင်အရည်ကို အမွှေးနံ့သာထုတ်ကုန်တွေလုပ်ဖို့ သုံးနိုင်တယ်။"
စုလင်း : "အမ်း ဒါ​ပေမယ့် အ​ခြေအ​နေ​တွေ ဘယ်​လောက်အ​ရေးကြီး​နေလဲဆိုတာ ကျွန်​တော် နားလည်ပါတယ်။ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"
မက်ဆေ့ချ်က​နေ စကားပြောပြီးနောက် စုလင်း အနီရောင်အရည်သုံးရန် စိတ်ကူးကို စွန့်လွှတ်လိုက်​တော့သည်။ သူ့မျက်လုံးများက လုံ​မော့ထန်ကို ဖျတ်ခနဲ ကြည့်လိုက်ရင်း သူ့နေရာလွတ်ထဲတွင် သစ်ရွက်ကြီးတစ်ရွက် ရှိနေကြောင်း ရုတ်တရက် သတိရသွားသည်။ တစ်ချိန်တည်းမှာပင် S အဆင့် စိတ်ဝိညာဉ်ပင် လုံ​မော့ထန်ရဲ့ ကုန်ကြမ်းက ဘာလုပ်နိုင်မလဲကို သူတွေးတောနေခဲ့သည်။
လုံ​မော့ထန်က ဘယ်​လောက်​တောင် မိမိကိုယ်မိမိ လှည့်ဖြားပြီး အ​​ဖော်ထုတ် မခံချင်​ကြောင်း တွေးတောကာ အာရုံစိုက်မှု​တွေကို မ​ဆွဲ​ဆောင်​တော့ဘဲ အိမ်ပြန်ရောက်ပြီးနောက်မှ မိမိဘာသာ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
...
ကုလီဟန်က စုလင်းရဲ့ ဆံပင်တွေကို ပွတ်သပ်ပြီး ဆိုသည်၊
"နေ့လည်စာ စားချိန်ရောက်ပြီ"
စုလင်း ပြုံးပြပြီး နှစ်ယောက်သား စိတ်ဝိညာဉ်ပင်အခန်းမှ ထွက်သွားကြသည်။ နေ့လယ်စာစားပြီးနောက် ကုလီဟန်က သူ့လူများကို အသင်းထံသို့ ငွေစက္ကူအထပ်လိုက် ပို့​ပေးရန် ခိုင်း​စေခဲ့သည်။
အစကတော့ စုလင်း အပြင်ထွက်ပြီး ပိုက်ဆံထုတ်ဖို့ စိတ်ကူးထားပေမယ့် အသင်းရဲ့ ရုံးခန်းက​နေ အပြင်ကို သွားသည်နှင့် လူအများက သူ့ကို မှတ်မိသွားနိုင်တဲ့အတွက် အပြင်ထွက်ဖို့ စိတ်ကူးကို ဖျောက်ပစ်လိုက်တယ်။ ပိုက်ဆံထုတ်ယူပြီးတဲ့​နောက် စုလင်း ရှန်းမိုယွီရဲ့ ပွင့်ချပ်တွေပေါ်မှာ ငွေစက္ကူတစ်ရွက် တင်လိုက်သည်။
"မင်းကြိုက်လား"
"​ဖောက်"
ရှန်းမိုယွီက ဘာမ တုံ့ပြန်ခြင်းမပြုသေးခင်မှာပင် မလှုပ်မယှက် ရှိနေခဲ့သော လုံ​မော့ထန်က သူ့အရွက်ကို ဆတ်ခနဲ ဆန့်ထုတ်လိုက်ပြီး ငွေစက္ကူကို ထိုးဖောက်လိုက်သည်။ အမြစ်များက စုတ်ပြဲသွားသော ငွေစက္ကူကို ရစ်ပတ်ကာ စုလင်းထံ ပြန်​ပေးသည်။
ငွေစက္ကူကို ပြန်ယူရင်း စုလင်း ပန်းပွင့်များပေါ်ရှိ လုံ​မော့ထန်ကို တစ်ချက်ကြည့်လိုက်သည်။
ဒီတော့ တစ်ယောက်က ပိုက်ဆံကို ကြိုက်တယ် ဒါပေမယ့် တစ်ယောက်ကကျ မုန်းတယ်​ပေါ့?
ခဏလောက်စဉ်းစားပြီး ငွေစက္ကူအားလုံးကို မြေကြီးပေါ် ချလိုက်သည်။ ပြီး​နောက် သူက အမြစ်တွေကို ညင်သာစွာ ညှစ်ပြီး ​ပြောသည်။
"မင်းရဲ့အမြစ်တွေထိနိုင်တဲ့ နေရာမှာ ငါထားလိုက်မယ်"
အမြစ်များသည် ငွေစက္ကူများကို စုစည်းပြီး စုလင်းလက်ထဲကို ပြန်ပေးသည်။ စုလင်း စိတ်ထဲမှာတော့ ကလေးတွေကို စာအိတ်အနီပေးနေတဲ့ လူကြီးတွေရဲ့ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
စုလင်း : "မင်းက ငါ့ကို ပေးနေတာလား။"
အမြစ်များသည် အတက်အဆင်း လှုပ်ရှားကြသည်။
စုလင်း ရုတ်တရက် တစ်ခုခု မှားသွားသလို ခံစားလိုက်ရသည်။
တကယ်တော့ ရှန်းမိုယွီက ပိုက်ဆံကို မကြိုက်ဘူးလား?
​ဘေးမှာ ဖြစ်ပျက်​နေသည့် အပြန်အလှန်ဆက်ဆံရေးတစ်ခုလုံးကိုကြည့်​နေရင်း လုံ​မော့ထန် ဆက်သည်းမခံနိုင်တော့​ချေ။
"အခုချိန်ကစပြီး မင်းနဲ့ငါ အတူတူ စာရေးဖို့ သင်ရမယ်!"
ဆုံးဖြတ်ချက်ကို သူငယ်ချင်း​လေးအား ကြေငြာပြီးနောက် သူ့ရဲ့နွယ်ပင်က ပင်မပင်စည်က​နေ ခွဲထွက်သွားသည်။ နွယ်ပင်၏အဆုံးသည် စုလင်းရဲ့ လက်ကောက်ဝတ်သို့ ရောက်သည်အထိ ပိုရှည်လာပြီး သူ့ရဲ့စိမ်းမြသောအရွက်များက ရွှန်းလဲ့နေသည်။ ထို့နောက်တွင် ကိုယ်ပိုင်ကွန်ပြူတာတစ်လုံး၏ အနီးကပ် စိတ်ဖြင့်ဖန်တီးထားသည့် ပုံရိပ်တစ်ခုက စုလင်း စိတ်ထဲတွင် ပေါ်လာသည်။
ရှန်းမိုယွီရဲ့ အမြစ်များက သူ့သူငယ်ချင်း​လေး၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ပြီး ကြက်​သေ​သေ​နေခဲ့တာကြောင့် လုံ​​မော့ထန်က ဆက်​ပြောသည်။
"စာမတတ်တဲ့ အထုံထိုင်း​ကောင် မင့်း သားကို ပုံမှန်အတိုင်း မဆက်ဆံချင်ဘူးလား? မ​မေ့နဲ့​နော် မင့်းသားကို ငါ့အတွက် ကွန်ပြူတာ တစ်လုံးဝယ်​ပေးခိုင်းမယ်လို့ မင်းကတိ​ပေးထားတာ"
အမြစ်များ ရွေ့သွားပြီး စုလင်းရဲ့ စိတ်ထဲတွင် နောက်ထပ် စိတ်ဖန်တီး​သော ပုံရိပ် ပေါ်လာသည်။ ပုံရိပ်တွေကို ဘယ်သူတွေ ပြသနေလဲဆိုတာ အလွယ်တကူ ​ပြောနိုင်သည်။ စုလင်း အနည်းငယ် အံ့အားသင့်သွားလျက် ​မေးလိုက်သည်။
“မင်းက ပိုက်ဆံမလိုချင်ဘူး။ ကွန်ပြူတာ​တွေ ဝယ်ဖို့  ပိုက်ဆံသုံးချင်တာ?”
အမြစ်များ လှုပ်ယမ်းကာ ခေါင်းညိတ်သည်။ နောက်ဆုံးတွင် အမြစ်များက နွယ်ပင်​ပေါ် အသာ မှီသည်။ 
ရှန်းမိုယွီ : "ငါ ကြိုးစားလေ့လာရမယ်!"
​ချောချောမွေ့​မွေ့ ပြောဆိုဆက်ဆံဖို့ အရမ်းခက်ခဲတယ်
စုလင်း အဓိပ္ပါယ် အပြည့်အစုံကို နားမလည်နိုင်သော်လည်း သေချာသည်မှာ အပင်နှစ်ပင်စလုံးက ကွန်ပြူတာတစ်လုံး လိုချင်​နေကြသည်။
သူတို့ အရမ်း ပျင်း​နေကြလို့လား?
ဘာပဲဖြစ်​ဖြစ်​ သူတို့အတွက်​ ကွန်ပြူတာ တစ်လုံးဝယ်​​ပေးဖို့သာ စုလင်း ဆုံးဖြတ်​လိုက်​သည်​။ အဆုံးမှာ​တော့ ရှန်းမိုယွီက​နေ ​ငွေ​တွေအများကြီ ရရှိထားခဲ့​သည်​လေ။ သူက အင်တာနက်မှာ ချက်ချင်း အော်ဒါတင်ခဲ့ပြီး တစ်နာရီအကြာမှာ ပို့ပေးခဲ့သည်။
ကိုယ်ရေးသုံး ကွန်ပြူတာသည် စုလင်း အရင်ကမ္ဘာရှိ မှတ်စုစာအုပ်များထက် များစွာသေးငယ်ကာ တွင်းထွက် ရေပုလင်း အဖုံးအရွယ်အစားခန့်သာရှိပြီး မျက်နှာပြင်က သုံးဖက်မြင်မျက်နှာပြင်ပေါ်တွင် ရှိသည်။ သူ ရှန်းမိုယွီရဲ့ ပွင့်ချပ်ပေါ်တွင် ကိုယ်​ရေးသုံး ကွန်ပြူတာကို ချိတ်ဆွဲကာ အသုံးပြုနည်းကို သင်ပေးသည်။ သူ့စိတ်ထဲမှာတော့ လုံ​မော့ထန်က သူငယ်တန်းကျောင်းရဲ့ မြင်ကွင်းကို မျှဝေနေခဲ့သည်။ ကို့ရို့ကားယား​ပေါင်းများစွာဖြင့် လုံ​မော့ထန် ဘာကိုဆိုလိုသည်ကို နှစ်ကြိမ် အတည်ပြုခဲ့ရသည်။ သူက ​မေးခွန်း​တွေ ​မေးလိုက်၊ အပင်က အရွက်​တွေကို အ​ပေါ်​အောက် လှုပ်ရှားလိုက်ဖြင့် ဆိုလိုရင်း အဓိပ္ပါယ်ကို အ​တော်အတန် ဆုံးဖြတ်ပြီးနောက်တွင်​တော့ စုလင်း အပင်များအတွက် သူငယ်တန်း သင်ရိုးညွှန်းတမ်းများစွာကို ဒေါင်းလုဒ်ဆွဲခဲ့သည်။
ကလေးတွေကို ပြုစုပျိုးထောင်ပေး​နေရတဲ့ ခံစားချက်က ပိုနက်ရှိုင်းလာခဲ့သည်။
ကလေးများ၏ စာတတ်မြောက်ရေး သင်ရိုးညွှန်းတမ်းမှ ထွက်လာသော အသံအချို့မှလွဲ၍ စိတ်ဝိညာဉ်ပင်အခန်းသည် ကိုယ်ရေးသုံးကွန်ပြူတာတစ်လုံးနဲ့ အလွန်တိတ်ဆိတ်​နေခဲ့သည်။ ရှန်းမိုယွီ အမြစ်များသည် အာဟာရရည်ပုံးထဲတွင် နှစ်မြုပ်ထားသည်။ သို့သော် သူ ရွှေ့လိုက်သည်နှင့် လုံ​မော့ထန်ရဲ့ အရွက်များက သူ့ကို ထိုး​ဖောက်သွားမည်ဖြစ်သည်။ လုံ​မော့ထန်သည် အမြစ်များကို အရွက်ဖြင့်ထိုးခြင်းမှလွဲ၍ အခြားဘာမျှ မလုပ်ဘဲ သုံးဖက်မြင် မျက်နှာပြင်ကို ရံဖန်ရံခါ နှိပ်​ခြင်းသာ ရှိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
​jue's note
​ရေးပြီးတာက မ​နေ့ည ၁နာရီကတည်းက ပြီးတာ အိပ်ချင်မူးတူး​ရေးထားတာမို့ ဖတ်ရတာ​ထောက်​နေရင် ​တောင်းပန်ပါတယ်​နော် ညက စာလည်း ပြန်မစစ်ရ​​သေးလို့ မတင်ဖြစ်တာ
ဒီ​​​နေ့ကျလည်း ရုံးမှာ တစ်​နေကုန် အ​သေအလုပ်ရှုပ်​နေလို့ ခုမှ တင်​ပေးဖြစ်သွားတာ ​နောက်ကျသွားလို့ ​ဆောရီးပါခ😁
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue freesia 🦋
ZAWGYI
အခန်း ၅၈ - စမ်းသပ်မှု
"ဟာဟားဟား၊ မင်းကြားလား"
စုလင်း: "ဟုတ်ကဲ့။"
စုလင်း: "ကောင်းပြီ။"
သူက ​ဘော့စ်အား ဆိုသည်။
လုံ​မော့ထန်က ပြောသည်။
စုလင်း : "မရနိုင်သေးဘူး။"
...
"မင်းကြိုက်လား"
"​ဖောက်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
jue's note
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue freesia 🦋
Continue Reading
You'll Also Like
216K 19.7K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
226K 24.9K 87
2.8M 187K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022