“အစ်ကို အစ်ကို လရိပ် ”
ခပ်သုပ်သုပ်ခြေလှမ်းတွေဖြင့် အခန်းထဲသို့ဝင်သွားတော့မည့်လရိပ်အနောက်မှ ရွှေရည်လိုက်လာလေ၏။ထို့ကြောင့်လရိပ်ခြေလှမ်းတွေတုန့်ကနဲရပ်သွားပြီးလှည့်ကြည့်လာ၏။
“အော် ရွှေရည်ပြောလေ"
“မနက်စာမစားတော့ဘူးလား။ရွှေရည်အစ်ကို့ကိုစောင့်နေတာ အခုထိဘာမှမစားရသေးဘူး”
“အာ..အစ်ကိုဒီနေ့ကိစ္စလေးရှိလို့ ရွှေရည့်ဘာသာသွားစားနော်”
“အာ...ဟုတ်ကဲ့အစ်ကို”
ညိုးကျသွားသည့်ရွှေရည်၏မျက်နှာနုနုလေးကြောင့်ချက်ချင်းပင် လိုက်သွားချင်ပေမယ့် မျက်လုံးစူးစူးတစ်စုံကသေချာပေါက်အနီးနားမှာရှိလိမ့်မည်။ကိုယ့်ကျောင်းကိုယ်မသွားပဲ သူများကျောင်းထဲလာပြီး ဘယ်လိုချွန်တွန်းလုပ်ရမလဲအပြစ်လိုက်ရှာနေတာ။ဘာကြောင့်လဲရှင်းခန့် မင်းရောငါ့ကိုအဲ့လိုနှောက်ယှက်ရတာပျော်သလား။
--------
ဒီနေ့ရှင်းခန့် နေရထိုင်ရတာသိပ်မကောင်းသဖြင့် အိမ်ကိုသာပြန်လာလိုက်သည်။ဒီလူကသူ့ကိုယ်သူရိုးသားကြိုးစားတယ်ဆိုပြီးပါပါးရှေ့မှာအမှတ်ယူနေတာ။ဘယ်ချိန်ထိဟန်လုပ်နိုင်မလဲကြည့်ကြသေးတာပေါ့။ပြီးတော့ရှင်းခန့်ဒီလူရဲ့အိပ်ယာမှာပဲအိပ်ရတာအသားကျနေပြီး သူ့ကိုလဲဒုက္ခပေးပြီးသားဖြစ်အောင်ဒီအခန်းထဲမှာပဲလာနေဖြစ်သည်။
ဒီနေ့ဘယ်လိုနေ့မျိုးလဲ ရှင်းခန့်၏တင်းကျပ်နေသည့်တစ်နေရာကအလွန်အမင်းကိုခံရခက်နေပြီးဖြေလျှော့နေတာကြာပြီဖြစ်ပေမယ့်အခုထိ မပြေသေး။
တစ်ကိုယ်လုံးချွေးတွေရွှဲနေပြီး ရေချိုးခန်းတစ်ခုလုံးလဲသူ့အသံမးဖြင့်ဆူညံလျှက်ရှိရာ....
“ချောက်!”
“ဟင်!”
တံခါးချက်ကမချထားသဖြင့် ရုတ်တရက် လရိပ်ကဖွင့်ဝင်လာတာဖြစ်ပြီး ရှင်းခန့်အားအပေါ်အောက်တစ်လှည့်စီပြူးကြည့်လျှက်...
“မင်း! မင်း!”
“ခင်ဗျားတံခါးလေးဘာလေးခေါက်ပါလား။”
ရှင်းခန့်ကတံခါးကိုစောင့်ပိတ်ကာဟောက်လိုက်သည်။ရုတ်တရက်မို့သူလဲပူထူသွားလေ၏။လက်သမားလုပ်နေရင်းတန်းလန်းတံခါးကြီးဆွဲဖွင့်ခံလိုက်ရတာကြောင့် ရှက်စိတ်နှင့်ဒေါသစိတ်တို့တစ်ခါတည်းထွက်ပေါ်လာလေ၏။သို့ရာတွင် သူ့မျက်လုံးထဲမှထင်ကျန်နေတာ လရိပ်၏တုန်ယင်နေသည့်နှုတ်ခမ်းပါးလေး.....ရုတ်တရက်တွေးမိလိုက်တယ်ဆိုရင်ဖြင့် သူ့ကြိုးစားနေတဲ့အရာက ပြီးမြောက်ကာချက်ချင်းမာန်ကျသွားလေ၏။
“အား..ဒီလူရဲ့နှုတ်ခမ်းနဲ့ငါက...ကျစ် မဖြစ်နိုင်တာ ငါအဲ့လောက် အထိမခံတဲ့လူထဲမပါဘူး။ငါ့အရှေ့တစ်ကိုယ်လုံးလာချွတ်ရင်တောင်.....”
သူပြောလို့မှမဆုံးသေး ထူးဆန်းတဲ့ခံစားချက်တစ်ချို့ကြောင့်ရေကိုမြန်မြန်ချိုးပြီးထွက်လာရာ လရိပ်ကတော့ခေါင်းကိုငုံ့ကာစာလုပ်နေသည်။မသိချင်ဟန်ဆောင်ကာစာလုပ်နေတယ်ဆိုတာ နီရဲနေသည့်နားရွက်ဖျားတွေကသက်သေဖြစ်သည်။
*သူရှက်နေတာလား*
လရိပ်ကရှက်နေတာကြောင့်သူလဲ မဝံ့မရဲဖြစ်လာသည်။သို့ပေမယ့် သူ့ကိုဘယ်တော့မှအားနည်းနေတဲ့သူပုံနဲ့အမြင်မခံပါ။
“လရိပ်”
သူမော့မကြည့်လာပါ။
“ခင်ဗျားဘာဖြစ်နေတာလဲ။ရှက်သွားတာလားယောက်ျားအချင်းကို”
“တော်တော့ရှင်းခန့်အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ငါနဲ့မင်းဘယ်တုန်းကများစကားကောင်းပြောဖူးလို့လဲ။”
သူတို့နှစ်ဦးကဘယ်တော့မှပြောစရာစရာမရှိခဲ့ပါ။ရှင်းခန့်ပြသနာရှာမှသာပြောဖြစ်ကြတာဖြစ်ပြီး။ယခုရှင်းခန့်၏အခြေနေကတစ်ခုခုကိုအလိုမကျစိတ်တိုနေပြီးအိပ်ယာထက်တွင်တိတ်ဆိတ်စွာအိပ်ပျော်သွားသည်။လရိပ်လည်းထိတ်လန့်သွားတဲ့နှလုံးသားလေးကိုဖိကာ သက်ပြင်းချလိုက်လေ၏။
ယောက်ျားချင်းဖြစ်နေဦးတော့ ခုလိုမဖွယ်မရာပုံကမလန့်ရဘူးတဲ့လား။ လန့်တယ်ပြောရင်လဲ တစ်မျိုးထင်နေမှာစိုးလို့မသိချင်ဟန်ဆောင်ထားရလေ၏။
--------------
ဒီနေ့သူ့တို့ကျောင်းပိတ်ရက်ဖြစ်သည်။ပုံမှန်ဆိုရှင်းခန့်ကျောင်းပိတ်လျှင် ပြိုင်ကားတစ်စီးနှင့် သူငယ်ချင်းတွေနဲ့မဟုတ်ရင် ရည်းစားနှင့်လျှောက်သွားနေကြဖြစ်ရာ ထိုအချိန်တွေဆို လရိပ်အလွန်အေးချမ်းရ၏။သို့ရာတွင်ယခု သကောင့်သားကဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်ပြီးကော်ဖီသောက်နေသည်။လရိပ်လဲ ပထမကကော်ဖီသောက်ရန်ဆင်းလာပေမယ့် သူ့ကိုတွေ့တာကြောင့် ခြံထဲသို့ဆင်းရန်ပြင်လိုက်စဉ်..
“သား လရိပ် ကော်ဖီမသောက်ဖူးလား”
“ပါပါး”
“အင်း! ပါပါးခရီးသွားမလို့၃ရက်လောက်ကြာမယ်။ညီလေးကိုတစ်ချက်ဂရုစိုက်ပေးပါဦးနော်”
“အာ..ဟုတ် ဟုတ်ကဲ့ပါပါး”
ထိုအရာကလရိပ်အတွက်တော့ငရဲပင်။ပါပါးမရှိလျှင် နေရာမရွေးအမျိုးမျိုးပြသနာရှာတော့မှာ။ဒါကြောင့်သူအပြင်မသွားတာဖြစ်မှာ။
“သား အစ်ကိုပြောစကားကိုနားထောင်နော်”
“ကျွန်တော်ကလေးမဟုတ်တော့ဘူးပါး”
ဂျစ်ကန်ကန်ပြန်ပြောတာကိုပင် ပါပါးကသဘောကျစွာရယ်လျှက်ထွက်သွားလေ၏။ပါပါးထွက်သွားသည်နှင့်..
“ငါဒီနေ့ဗိုက်အောင့်နေတယ်။နေမကောင်းဘူး”
ရှင်းခန့်ကမကြည့်ပဲခပ်ပြတ်ပြတ်ပြောလေ၏။
“ဆရာဝန်ခေါ်လိုက်လေ”
“ဆရာဝန်ခေါ်ရလောက်အောင်ထိမဖြစ်သေးဘူး။ဒါပေမယ့်သေချာဂရုစိုက်ဖို့တော့လိုတယ်။မကူညီ ပေးနိုင်ရင် ပါပါးကိုနားခိုင်းလိုက်ရမှာပဲဘယ်တတ်နိုင်မလဲ”
လရိပ်သူ၏လက်သီးတွေကိုတင်းနေအောင်ဆုပ်ထားလိုက်သည်။စတင်ပြီးပြသနာရှာနေပြီ။
“ငါဘာလုပ်ပေးရမလဲ”
“ခင်ဗျားဆေးကျောင်းတတ်နေတာရောဟုတ်ရဲ့လား။ဗိုက်နာနေတဲ့လူနာကိုဘယ်လိုပြုစုရမလဲမသိဘူးလား”
လရိပ်လဲဘာစကားမှမပြောပဲ ဆန်ပြုတ်အရင်ပြုတ်လိုက်လေ၏။သို့ပေမယ့် ဆန်ပြုတ်ကိုတစ်ဇွန်းသာစားပြီး..
“ဆေးတိုက်တော့”
“အစားကိုကုန်အောင်စားလေ”
“ဗိုက်အောင့်နေတယ် မစားနိုင်ဘူး”
လရိပ်ကလေဆေးတစ်လုံးသာတိုက်လိုက်လေသည်။တကယ်မဖြစ်ပဲ ဘာဆေးသောက်ချင်နေတာလဲ။မသာပေါ်ချင်လို့တရားခံလာရှာနေတာမဟုတ်ဘူးလား။
သူ့ကိုဆေးတိုက်ပြီးလရိပ်လည်းအိမ်ပေါ်ထပ်သို့ပြန်တတ်သွားကာ စာကိုသာလုပ်နေလိုက်သည်။ထိုအချိန် အတန်းဖေါ်ရွှေရည်၏ ဖုန်းတွေဆက်တိုက်ဝင်နေပေမယ့်သူမကိုင်တော့ပေ။
လရိပ်အိမ်ပေါ်တတ်သွားသည်နှင့် ရှင်းခန့်ကလမ်းထိပ်သို့ထွက်ပြီး ပင်လယ်စာချဥ်ငံစပ်ဗန်းကြီးကိုတစ်ယောက်တည်း အားရပါးရစားပစ်ခဲ့လေ၏။သူစားလို့ဝတာနှင့် ဟန်မပျက်အိမ်မှာပြန်လာပြီးထိုင်နေလိုက်သည်။လရိပ်ဆင်းလာလျှက်ဘယ်လိုပြသနာထပ်ရှာရမလဲသူဆက်လက်စဉ်းစားနေရင်း...
“အား”
ရုတ်တရက်ဗိုက်ထဲကအောင့်လာတာကြောင့် ရှင်းခန့်ချွေးတွေပါပျံတတ်လာလေ၏။
“လ လရိပ်...”
တိုက်တိုက်ဆိုင်ဆိုင်လရိပ်ကဆင်းလာတာကြောင့် သူကံကောင်းသွားခဲ့လေ၏။သူဗိုက်နာနေသည့်ပုံစံကနောက်ပြောင် နေခြင်းမဟုတ်ဘူးဆိုတာလရိပ်သိတာကြောင့်..
“ရှင်းခန့်! မင်းဘာဖြစ်တာလဲ”
“ဗိုက်နာတယ်!”
လရိပ်ချက်ချင်းပင်ဆေးသေတ္တာသွားယူကာ နားကြပ်လေးဖြင့်ဟိုစမ်းဒီစမ်းလုပ်ရင်း
“ဒီနေရာလား...”
“ဟုတ်တယ် အ့..ဖြေးဖြေးလုပ်”
“အစာအိမ်အောင့်နေတာပဲ ဘာသွားစားမိလဲ။ငါပြုတ်ပေးတဲ့ဆန်ပြုတ်ကိုပဲ မသောက်ဘူးလား”
ရှင်းခန့်ကတစ်ကယ်ဝေဒနာခံစားရတာကြောင့် ဘာမှဆက်မပြောနိုင်ပေ။
“ဒီဆေးအရင်သောက်ထားလိုက်။ဆေးထိုးမှဖြစ်မှာ ငါ့ဆီမှာထိုးဆေးမရှိဘူး”
“အသုံးမကျတဲ့ဆရာဝန်”
ဒီအချိန်မှာတော့လရိပ်သူနှင့်အပြိုင်ရန်မဖြစ်ချင်ပါ။သူဗိုက်နာတာကို လိမ်တယ်ထင်ပြီးပစ်ထားခဲ့လို့ နောင်တရနေသည်။သူ့ကို စေနာရှိတယမဟုတ်ပေမယ့် သူတစ်ခုခုဖြစ်ရင်ပါပါးတစ်ခုခုဖြစ်မှာ။ပြီးတော့သူ့ကိုအပ်သွားတာ။
ခဏနေတော့ဆရာဝန်ရောက်လာပြီးဆေးထိုးပေးသည့်အခါ ရှင်းခန့်သက်သာသွားသည်ထင်မျက်လုံးလေးစင်းနေတာကြောင့် လရိပ်ကအိပ်ယာသို့တွဲတင်ပေးလိုက်လေ၏။
“sorry ပါ ငါမင်းကိုညာနေတယ်ထင်မိသွားတယ်”
လရိပ်၏တောင်းပန်မှုကြောင့်ဘာရာယ်မသိရှင်းခန့်ကျေနပ်သွားလေ၏။
“ခင်ဗျား ကုတင်ပေါ်မှာအိပ်မှဖြစ်မယ်။မတော်တဆ ညဘက်တစ်ခုခုဖြစ်ရင်ခေါ်လို့ရအောင်”
“ကောင်းပြီ မင်းနေသာသလိုနေ”
လရိပ်၏စိုးရိမ်ပြီး သူ့အပေါ်လိုက်လျှောနေပုံကတစ်လျှောက်လုံးတစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ကျေနပ်မှုမျိုးကိုဖြစ်ပေါ်စေ၏။
မနက်စောစောအလင်းရောင်ကြောင့် လရိပ်နိုးလာရသည်။သူနိုးလာတာအရင်ကလိုပေါ့ပါးမနေပဲ တစ်နေရာရာကထူးဆန်းနေ၏။
“အ့ ဘာဖြစ်တာလဲ အရင်ကဒီလိုမဖြစ်ဖူးဘူး”
“ခင်ဗျားအဆင်ပြေလား”
ရုတ်တရက်ထွက်ပေါ်လာတဲ့ရှင်းခန့်အသံကြောင့်သူထိတ်လန့်သွားခဲ့ပြီး...
“ပြေ ပြေတယ် မင်းရောသက်သာပြီလား”
“ခင်ဗျားအကူညီလိုနေတယ်မဟုတ်လား”
လရိပ်ကသူ့အောက်ပိုင်းကိုကြည့်ကာ ခေါင်းလေးငုံ့သွားပြီးနောက်..
“ရတယ် မင်းဖယ်!”
ရှင်းခန့်ကနားမထောင်ပဲ ကုတင်ပေါ်သို့တွန်းချလိုက်ပြီး အနောက်မှသူ့ဖတ်တွယ်ကာညအိပ်ဘောင်းဘီကိုချွတ်လာ၏။
“မင်း..မင်းဘာလုပ်တာလဲ”
“ကျုပ်တို့ကညီအစ်ကိုမဟုတ်ဘူးလား။ကုညီတယ်လို့သဘောထားလို့မရဘူးလား”
“ဟင့်အင်း ရှင်းခန့်....မင်းမလုပ်နဲ့ အ့”
ရှင်းခန့်ကပြောစကားနားမထောင်ပဲ ဘောင်းဘီထဲကကောင်လေးကိုကစားလာ၏။
“တော်တော့ ရှင်းခန့်...”
သူ့ပါးစပ်ကတားနေပေမယ့် လက်တွေက အနောက်မှဖက်တွယ်ထားသည့် ရှင်းခန့်၏အင်္ကျီကော်လံကိုတင်းနေအောင်ဆုပ်ကိုင်ပြီးခြေထောက်တွေက သူချုပ်ကားသည့်အတိုင်းသာခြယ်လှယ်ခံနေရသည်။
အောက်ကလူကတော့သေချာတယ်။ရှက်လွန်းလို့သွေးတွေပြောင်းပြန်စီးနေပြီဆိုတာ။ရှင်းခန့်အတွက်ကတော့သူ့ရဲ့တွန့်ချိုးနေသည့်မျက်ခုံးတန်းလေးတွေနှင့် နှုတ်ခမ်းရဲလေးတွေကြောင့် ရင်ခုန်သံတွေဗြောင်းဆန်နေခဲ့ရသည်။
ကိစ္စပြီးသွားသည့်အခါမှာတော့ လရိပ်ဟာရေချိုးခန်းထဲသို့ပြေးဝင်သွားခဲ့ပြီး။ရှင်းခန့်လဲ အပြင်သို့ထွက်သွားခဲ့လေ၏။
လရိပ်ရှက်လွန်းလို့ရေချိုးခန်းထဲမှာငိုနေမိသည်။ဒီလိုလုပ်ပေးလို့ကျေးဇူးတင်ရမှာလား။ဝေးသေးတယ်။ဒါသူတမင်ရမ်းကားသွားတာ။ဘာကြောင့်သိလဲဆိုညကတရိပ်ရိပ်ခေါင်းထဲဝင်လာတဲ့ပုံရိပ်တွေကြောင့်ပင်။
Zawgyi
“အစ်ကို အစ်ကို လရိပ် ”
“အော် ရွှေရည်ပြောလေ"
“အာ...ဟုတ်ကဲ့အစ်ကို”
--------
“ချောက်!”
“ဟင်!”
“မင်း! မင်း!”
*သူရှက်နေတာလား*
“လရိပ်”
သူမော့မကြည့်လာပါ။
--------------
“ပါပါး”
“အာ..ဟုတ် ဟုတ်ကဲ့ပါပါး”
“ဆရာဝန်ခေါ်လိုက်လေ”
“ငါဘာလုပ်ပေးရမလဲ”
“ဆေးတိုက်တော့”
“အား”
“လ လရိပ်...”
“ဗိုက်နာတယ်!”
“ဒီနေရာလား...”
“အသုံးမကျတဲ့ဆရာဝန်”
“ခင်ဗျားအဆင်ပြေလား”
“ရတယ် မင်းဖယ်!”
“မင်း..မင်းဘာလုပ်တာလဲ”
“တော်တော့ ရှင်းခန့်...”