[Unicode]
"မင်းလက်သည်းတွေကို ကောင်းကောင်းဝှက်ထား"
"မင်းသမီးက မင်းရဲ့မျက်နှာဖုံးလှလှလေးရဲ့နောက်ကွယ်ကမကောင်းဆိုးဝါးကိုတွေ့သွားရင် ရှုံးနိမ့်သွားလိမ့်မယ်.."
သူမက ရှေ့ကအဘွားအိုကြီးကိုတည့်တည့်စိုက်ကြည့်လိုက်၏။
'စုန်းမကြီး,ငါ့ကလေးလေးကို ငိုအောင်လုပ်ရဲတယ်'
ဧကရီမိဖုရားခေါင်ကြီး၏ခေါင်းထက်တွင် လေးလံသောသရဖူနှင့်အဆင်တန်ဆာများပန်ဆင်ထားပြီး အဖိုးတန်လက်ဝတ်ရတနာများကိုလည်း၀တ်ဆင်ထားသည်။
"ဧကရီမိဖုရားခေါင်ကြီးကို နှုတ်ခွန်းဆက်သတယ်"ဇွန်းအရွယ်ရှိတဲ့သူမရဲ့နားကပ်၊စာမေးပွဲစာရွက်လိုဗလာဖြစ်နေတဲ့မျက်နှာ၊ရာသီရောင်လိုနှုတ်ခမ်းရဲရဲနှင့် မျက်လုံးပေါ်တွင်လည်းနက်ပြာရောင်ကာလာတင်ထားကာ ထိုသည်ကတစ်စုံတစ်ယောက်ကသူ့မျက်နှာကိုထိုးထားသလိုမျိုးပင်။
အဓိကဇာတ်ဆောင်ကချက်ချင်းခေါင်းမော့ကြည့်လိုက်ပြီး"လီချာ!"
ငိုနေတဲ့ဒူကိုင်လေးက သူမဆီသို့ပြေးလာကာ
သူ့မျက်နှာကို သူမရင်ဘတ်ထဲတွင်မြှုပ်နှံလိုက်ပြီးလက်တွေကသူမကိုအလိုအလျောက်ရစ်ပတ်လာသည်။
သူမကမျက်မှောင်ကြုတ်လိုက်ပြီး..
'သူကဘာလို့အဲ့လောက်ငိုနေရတာလဲ?'
"ကျွန်မက သူ့လက်ကျိုးကျိုး၊ခြေထောက်ကျိုးကျိုး၊ဂရုမစိုက်ဘူး"
ထိုစကားကြောင့် ကြောင်လေးတောင့်တင်းသွားတော့သည်။ထို့နောက် သူမခါးမှသူ့လက်အားညင်သာစွာဖယ်လိုက်ပြီး..
"ဒါပေမယ့် မယ်မယ်ကအမှားလုပ်လိုက်တယ်၊အဲ့တာ သတိမမူပဲလုပ်လိုက်တာ"သူမက သူ့မျက်နှာကိုလက်တစ်ဖက်နဲ့ညှစ်ပြီးသူမအကြည့်နဲ့ဆုံဖို့တွန်းအားပေးလိုက်တော့ ဒူကိုင်လန့်သွားသည်။
"ဘယ်လောက်ဆိုးလိုက်သလဲ"
အဓိကဇာတ်ဆောင်ရဲ့ပါးပြင်ပေါ်မှာ အနီရောင်ပြတ်ရှရာတစ်ခုကျန်နေခဲ့၏။ဖြစ်နိုင်တာက ဧကရီမိဖုရားခေါင်ကြီးရဲ့ရက်စက်ကြမ်းကြုတ်မှုရဲ့ရလဒ်ဖြစ်နိုင်သည်။တစ်စုံတစ်ယောက်က အဓိကဇာတ်ဆောင်ကိုပါးရိုက်လိုက်တာကြောင့် ထိုလူရဲ့လက်သည်းကသူ့ပါးပြင်ကိုခြစ်မိသွားခြင်းဖြစ်သည်။
"မင်းသမီး"ရှီးနုက ငိုကြွေးနေတဲ့အဓိကဇာတ်ဆောင်ကိုတစ်ချက်ကြည့်လိုက်ကာ
"အပြစ်ကင်းတယ်လို့ထင်ရတဲ့မျက်နှာနဲ့ အလှည့်စားမခံပါနဲ့"
သူမရဲ့လက်ကိုအဓိကဇာတ်ဆောင်ရဲ့ပျော့ပျောင်းတဲ့လည်ပင်းဆီသို့ရွှေ့သွားလိုက်ပြီး အနီးကပ်ဆွဲလိုက်၏။ထို့နောက်သူမကတခစ်ခစ်ရယ်မောကာ"အဲ့လိုလား?"
ဒူကိုင်က တုန်ယင်နေသောအသံလေးဖြင့် "လီ.. ချာ.."
"ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ?အိမ်ရှေ့စံမင်းသားရဲ့မျက်နှာသာမရှိရင်ဒီမဟာမိတ်ကပျက်စီးသွားတော့မှာ၊ဒီလိုမျက်နှာလှလှလေးသာမရှိရင် သူကကျွန်မအတွက်အသုံးမဝင်ဘူးလေ"
သူမမျက်လုံးထောင့်မှ ဧကရီမိဖုရားခေါင်ကြီးမျက်နှာပေါ်ရှိထိတ်လန့်သွားသည့်အကြည့်ကို မြင်လိုက်ရသည်"မင်းသမီး.. မင်း.."
ထို့နောက် သူမလက်မလေးဖြင့်အဓ်ိကဇာတ်ဆောင်ပါးပြင်ပေါ်ရှိဒဏ်ရာလေးကိုအနည်းငယ်ပွတ်သပ်လိုက်၏“ဒီပြတ်ရှရာက,မဟာမိတ်ဖွဲ့တာကိုဆန့်ကျင်ချင်တဲ့သက်သေအဖြစ်မှတ်ယူထားလိုက်မယ်"
ထို့နောက် သူမသူ့ကိုမြေပြင်ပေါ် ပြင်းပြင်းထန်ထန်တွန်းလိုက်တဲ့အချိန်အဓိကဇာတ်ဆောင်လန့်သွားသည်။ချောင်းကလည်းဆိုးနေသေးသလိုဆက်တိုက်လည်းငိုနေလေသည်။ကိုင်ရဲ့ သနားစရာကောင်းတဲ့အသွင်အပြင်ကိုလက်တွေ့မြင်လိုက်ရတော့ သူမနှလုံးသားထဲကိုဆူးတစ်ခု ထိုးထွင်းဝင်ရောက်သွားသလိုခံစားလိုက်ရသည်။
သူမကအကြည့်ကိုအဝေးသို့လွှဲလိုက်ပြီး ဒီပြစ်မှုမှလွတ်မြောက်ရန်ကြံစည်လိုက်တော့သည်"အားပေါင်,ဒီမင်းသမီးထွက်ခွာဖို့အတွက် ပြင်ဆင်လိုက်၊ခမည်းတော်ဆီဒီသတင်းကောင်းကို ယူလာဖို့မစောင့်နိုင်တော့ဘူး"
"ဟုတ်ကဲ့ပါ,မင်းသမီး"
"မင်း..မင်းသမီး"အသက်ရှုတောင်ရှုမ၀ဖြစ်နေတာကို ဒူကိုင်ကသူ့ကိုယ်သူ ထဖို့တွန်းအားပေးလိုက်ပြီး သူမကိုပွေ့ဖက်လိုက်ပြန်၏။
'ဒါက..!'
'အဓိကဇာတ်ဆောင်ရေ,ငါကနင့်အမေမဟုတ်ဘူးဟဲ့၊လွှတ်ပါတော့,အာ'
"မ..မထားခဲ့ပါနဲ့"တောင်းပန်ရင်းပင် ပါးပြင်ပေါ်သို့မျက်ရည်များပြင်းပြင်းထန်ထန်စီးကျလာတော့သည်။ကိုင်ငယ်လေးရေ,အဲ့ဒီမျက်နှာမျိုးမလုပ်ပါနဲ့လို့၊အဲ့ဒီအမူအရာက လူတွေနင့်ကိုပိုပြီးအနိုင်ကျင့်ချင်လာစေတယ်။
"မယ်မယ်သိထားရမှာက ကျွန်မအမုန်းဆုံးအရာကရုပ်ဆိုးတဲ့အရာတွေကိုမြင်နေရတယ်ဆိုဝာာပဲ"မည်သည့်ယဉ်ကျေးဟန်ဆောင်မှုမှမရှိဘဲ, သူမအကြည့်များကဧကရီမိဖုရားခေါင်ကြီးဆီသို့ ပြန်ရောက်သွား၏။
'ကိုင်လေးရယ်,အာ၊ငါကရေဘဝဲလား ဒါမှမဟုတ် နင်ကရေဘဝဲလား?နင့်ရဲ့ခြေတွေလက်တွေကဘာလို့ဒီလောက်ဖယ်ရခက်နေရတာလဲ?'
"မင်းသမီး,မဟုတ်ဘူး"
"မင်းသမီး,ကျွန်တော့်ကိုမစွန့်ပစ်လိုက်ပါနဲ့၊ မင်းသမီး"
သူမ ကိုင်လေးရဲ့နူးညံ့တဲ့လည်ပင်းကိုကြည့်လိုက်တော့အနီရောင်အဆင်းရာကြီးကိုတွေ့လိုက်ရသည်။ထို့အတွက် သူမသွေးစွန်းနေတဲ့စာရေးဆရာကိုထပ်မံကျိန်ဆဲချင်သွားသည်။အားယိုး!အဓိကဇာတ်ဆောင်လေးကသနားစရာကောင်းလောက်အောင်ငိုနေလိုက်ဝာာ။
'သနားစရာကောင်းလိုက်တဲ့ငါ့ရဲ့မင်းသားလေး'
ရှီးနုကထိုင်ခုံမှရပ်လိုက်ပြီး ရယ်မောလိုက်၏။ "ဒါက ဒဏ်ရာသေးသေးလေးပါ,မင်းသမီးရဲ့၊
မကြာခင်ပျောက်သွားမှာပါ"
"အဲ့လိုဆိုပေမယ့် အမာရွတ်ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ?"
"မင်းသမီး အဲ့ဒီအတွက်ဘာမှစိုးရိမ်စရာမလိုပါဘူး၊နန်းတော်မှာ အကောင်းဆုံးသမားတော်တွေ ရှိပါတယ်၊ကဲ..ကတိပေးတယ်၊အမာရွတ်မကျန်စေရဘူး"
သူမက ရူးသွပ်စွာရယ်မောလိုက်တာကြောင့် ဧကရီမိဖုရားခေါင်ကြီးကသူမရဲ့စိတ္တဇဆန်ဆန်အပြုအမူကြောင့်အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။
အဓိကဇာတ်ဆောင်က ပါးပြင်ပေါ်ရှိဒဏ်ရာကို အတတ်နိုင်ဆုံးဖုံးကွယ်ထားပြီး မျက်နှာဘယ်ဘက်ခြမ်းကိုလက်သေးသေးဖြင့်ဖုံးအုပ်ထားသည်။
"ဒါဆို.. မိဖုရားခေါင်ကြီးနောက်တစ်ကြိမ် သတိထားပေးပါ၊ဒီအင်ပါယာရဲ့အနာဂတ်ငယ်လေးအပေါ်စိတ်လိုလက်ရဘယ်တော့မှမလုပ်ပါနဲ့"
သူမက ပြုံးပြလိုက်၍"ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့,မယ်မယ်"
ဒူကိုင်ကတော့သူမလက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သူမကညည်းရင်း ဒူကိုင်ခေါင်းလေးကိုပွတ်ပေးလိုက်၏။"အမာရွတ်တစ်ခုက စစ်ပွဲကိုဆိုလိုတယ်"
"အို,ကြားရတာတော့နားထောင်ကောင်းသားပဲ၊အိမ်ရှေ့စံမင်းသားရောသဘောတူရဲ့လား?"ထိုစကားများပြောပြီးသည်နှင့်သူမ ကွမ်ရှင်းခန်းမထဲမှလှည့်ထွက်လာခဲ့သည်။ကိုင်ကတော့သူမကိုတွယ်ကပ်နေဆဲပင်။
'ကလေးရေ,နင်က လေးတယ်လို့၊ပြောတာနားထောင်စမ်း၊လွှတ်ပါတော့,ဂါး'
ဒီရက်ပိုင်းတွင် ချူချာလှတဲ့အဓိကဇာတ်ဆောင်က ပို၍ပို၍ဖျားနာလာတာကြောင့်ဒီဗီလိန်မလေးကပဲဂရုစိုက်ရပြန်သည်။
"မကြောက်နဲ့ ငါဒီမှာရှိတယ်"
ဒီဗီလိန်မလေးက သူ့အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်တော့ဘူး၊မျက်ရည်မကျပဲငိုနေရသလိုပင်။ငါသူ့ကိုအနိုင်ကျင့်ရင် သူထပ်အားနည်းသွားမှာပဲကြောက်နေရတယ်။
"ဘယ်သူမင်းသားကိုအနိုင်ကျင့်တာလဲ၊ငါ့ကိုပြော...ဒီမင်းသမီးကမင်းသားအတွက်လက်စားချေပေးမယ်"
နောက်တစ်နေ့,သူမတို့နေ့လည်စာစားချိန်ရောက်တော့ ကိုင်လေးကသူ့ရင်ဘတ်ကိုရုတ်တရက်ဆုပ်ကိုင်ရင်း နာကျင်ကြောင်းပြောလာတော့သည်။
အချစ်တို့ရေ,နောက်တစ်ကြိမ်,ဖန်ချီနန်းဆောင်ထဲကမြင်ကွင်းက ကုတ်အညိုရောင်အတွင်းမှာရှိတဲ့အရေးပေါ်ခန်းထဲကအရာနဲ့ဆင်တူတယ်၊ ထိတ်လန့်တုန်လှုပ်နေတဲ့အစေခံများကပြေးရင်းလွှားရင် အချင်းချင်းတိုက်မိကြကုန်ပြီးမိန်းမစိုးများကလည်းနေရာအနှံ့ပြန့်ကျဲနေသည်။ သမားတော်ကြီးများက သူမရှေ့တွင်ရပ်နေကြကာချွေးများစို့၍သူမရဲ့ဆယ်မျက်နှာလောက်ရှည်တဲ့ဇာတ်ညွှန်းကိုနားထောင်နေကြသည်;သူတို့ရဲ့အသုံးမ၀င်မှုနဲ့မကျွမ်းကျင်မှုတို့အတွက်ရှုံ့ချပြစ်တင်ပြောဆိုနေလေသည်။
ဒူကိုင်ရဲ့မျက်ခုံးတန်းတွေကိုကြည့်ပြီး သူမအရမ်းသောကရောက်နေမိသည်"နှလုံးဘယ်လိုနေသေးလဲ?နာသေးလား?"
'နှလုံးဖာက်တာတဲ့လား?!'
"သမားတော်ကု,ရှင်ကရမ်းကုပဲ၊တစ်ခုခုလုပ်အုန်းလေ"
သမားတော်ကုနှင့်အတူအခြားသမားတော်များကလည်း ဒူးထောက်ကာကရုဏာသက်ရန်ထပ်မံတောင်းဆိုခဲ့ကြသည်"ခွင့်လွှတ်တော်မူပါ,မင်းသမီး၊အဲ့ဒါက...ကျွန်တော်မျိုးတို့ဘယ်အပြစ်ဒဏ်ကိုမဆိုလက်ခံလိုပါတယ်"
ထိုအချိန် တစ်စုံတစ်ရာကလျှပ်တပြတ်အတွင်းဖြစ်ပျက်သွားခဲ့သည်။
"....."
သူမ မျက်တောင်ခတ်လိုက်၏။
အနမ်းတစ်ခုရုတ်တရက်သူမပါးပြင်ပေါ်သို့ကျရောက်လာတော့ လူတိုင်းအံ့အားသင့်ကုန်ကြသည်။
သူခိုး လူမိသွားသလိုဒူကိုင်လေးက စောင်ကိုဆွဲယူလိုက်ပြီး သူ့ရဲ့နီရဲနေတဲ့နားရွက်နဲ့မျက်နှာကို အမြန်ဖုံးလိုက်သည်။
'ဟမ်..'
'ဒီကောင်လေး..'
သူမကလည်းပါးပြင်ကိုအုပ်ကိုင်ကာ အတွေးတွေရှုပ်ထွေးသွားသည်။ဒီကလေးကတစ်ကယ်ကိုလက်သွက်ပါလား၊အခုဆို သူငါ့ကိုဘယ်လိုကျီစယ်ရမလဲသိနေပြီထင်တယ်။
"မင်း..မင်းသမီး..."အားပေါင်ရဲ့အံ့မခန်းတုံ့ပြန်မှုကဒဏ္ဍာရီဆန်သည်။လက်ထဲကဗန်းက ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင်ရှုပ်ပွကုန်တော့သည်။ထျန်မင်က အားပေါင်လဲကျမသွားခင် နောက်ကျောကိုအချိန်မှီထိန်းပေးလိုက်သည် * K.O *
"မြင်မကောင်းလိုက်တာ!ရှက်စရာကောင်းလိုက်တာ!အိမ်ရှေ့စံရှက်တတ်သင့်တယ်!ဘယ်လိုလုပ်..."အားပေါင် အော်လိုက်ပုံကValakလိုမျိုးပင်။ဟုတ်တယ်,အခုဒီရောက်နေတဲ့မိန်းကလေးက အရမ်းကြောက်ဖို့ကောင်းတယ်။
"ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်လဲ.. သူထိတယ်..မင်းသမီးလေး.. ငါတို့ရဲ့ သနားစရာမင်းသမီးလေးကို"
ဒါကရှေးခေတ်ပဲလေ၊ဒီနေရာကလူတွေက ရှေးရိုးဆန်လွန်းတာကြောင့် အားပေါင်ကိုနားလည်ပေးနိုင်ပါတယ်။
"ဒီအကြောင်းကိုအရှင်မင်းကြီးသာကြားရင်.."
"ဒူမင်းသားကလက်မထပ်ခင်မှာတောင် မင်းသမီးလေးကိုထိဝံ့သလား?!ဒါကလက်ခံပေးလို့မရဘူး!"
ကျေးဇူးပြုပြီး 'ထိတယ်'ဆိုတဲ့စကားကြီးကိုမပြောပါနဲ့တော့။လူတွေနဲ့သူတို့ရဲ့ရိုင်းစိုင်းတဲ့အတွေးတွေက အရမ်းကြောက်ဖို့ကောင်းတယ်။
သူမက ကို့ရို့ကားယားအခြေအနေဖြင့်ပြုံးရုံမျှသာပြုံးလိုက်ပြီးပြောလိုက်၏။"နင်တို့အကုန်လုံးသွားကြတော့"
"ဟုတ်ကဲ့"
*****
[Zawgyi]
"မင္းလက္သည္းေတြကို ေကာင္းေကာင္းဝွက္ထား"
"မင္းသမီးက မင္းရဲ႕မ်က္ႏွာဖုံးလွလွေလးရဲ႕ေနာက္ကြယ္ကမေကာင္းဆိုးဝါးကိုေတြ႕သြားရင္ ႐ႈံးနိမ့္သြားလိမ့္မယ္.."
သူမက ေ႐ွ႕ကအဘြားအိုႀကီးကိုတည့္တည့္စိုက္ၾကည့္လိုက္၏။
'စုန္းမႀကီး,ငါ့ကေလးေလးကို ငိုေအာင္လုပ္ရဲတယ္'
ဧကရီမိဖုရားေခါင္ႀကီး၏ေခါင္းထက္တြင္ ေလးလံေသာသရဖူႏွင့္အဆင္တန္ဆာမ်ားပန္ဆင္ထားၿပီး အဖိုးတန္လက္ဝတ္ရတနာမ်ားကိုလည္း၀တ္ဆင္ထားသည္။
"ဧကရီမိဖုရားေခါင္ႀကီးကို ႏႈတ္ခြန္းဆက္သတယ္"ဇြန္းအ႐ြယ္႐ွိတဲ့သူမရဲ႕နားကပ္၊စာေမးပြဲစာ႐ြက္လိုဗလာျဖစ္ေနတဲ့မ်က္ႏွာ၊ရာသီေရာင္လိုႏႈတ္ခမ္းရဲရဲႏွင့္ မ်က္လုံးေပၚတြင္လည္းနက္ျပာေရာင္ကာလာတင္ထားကာ ထိုသည္ကတစ္စုံတစ္ေယာက္ကသူ႕မ်က္ႏွာကိုထိုးထားသလိုမ်ိဳးပင္။
အဓိကဇာတ္ေဆာင္ကခ်က္ခ်င္းေခါင္းေမာ့ၾကည့္လိုက္ၿပီး"လီခ်ာ!"
ငိုေနတဲ့ဒူကိုင္ေလးက သူမဆီသို႔ေျပးလာကာ
သူ႕မ်က္ႏွာကို သူမရင္ဘတ္ထဲတြင္ျမႇဳပ္ႏွံလိုက္ၿပီးလက္ေတြကသူမကိုအလိုအေလ်ာက္ရစ္ပတ္လာသည္။
သူမကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး..
'သူကဘာလို႔အဲ့ေလာက္ငိုေနရတာလဲ?'
"ကြၽန္မက သူ႕လက္က်ိဳးက်ိဳး၊ေျခေထာက္က်ိဳးက်ိဳး၊ဂ႐ုမစိုက္ဘူး"
ထိုစကားေၾကာင့္ ေၾကာင္ေလးေတာင့္တင္းသြားေတာ့သည္။ထို႔ေနာက္ သူမခါးမွသူ႕လက္အားညင္သာစြာဖယ္လိုက္ၿပီး..
"ဒါေပမယ့္ မယ္မယ္ကအမွားလုပ္လိုက္တယ္၊အဲ့တာ သတိမမူပဲလုပ္လိုက္တာ"သူမက သူ႕မ်က္ႏွာကိုလက္တစ္ဖက္နဲ႔ညႇစ္ၿပီးသူမအၾကည့္နဲ႔ဆုံဖို႔တြန္းအားေပးလိုက္ေတာ့ ဒူကိုင္လန္႔သြားသည္။
"ဘယ္ေလာက္ဆိုးလိုက္သလဲ"
အဓိကဇာတ္ေဆာင္ရဲ႕ပါးျပင္ေပၚမွာ အနီေရာင္ျပတ္႐ွရာတစ္ခုက်န္ေနခဲ့၏။ျဖစ္ႏိုင္တာက ဧကရီမိဖုရားေခါင္ႀကီးရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈရဲ႕ရလဒ္ျဖစ္ႏိုင္သည္။တစ္စုံတစ္ေယာက္က အဓိကဇာတ္ေဆာင္ကိုပါး႐ိုက္လိုက္တာေၾကာင့္ ထိုလူရဲ႕လက္သည္းကသူ႕ပါးျပင္ကိုျခစ္မိသြားျခင္းျဖစ္သည္။
"မင္းသမီး"႐ွီးႏုက ငိုေႂကြးေနတဲ့အဓိကဇာတ္ေဆာင္ကိုတစ္ခ်က္ၾကည့္လိုက္ကာ
"အျပစ္ကင္းတယ္လို႔ထင္ရတဲ့မ်က္ႏွာနဲ႔ အလွည့္စားမခံပါနဲ႔"
သူမရဲ႕လက္ကိုအဓိကဇာတ္ေဆာင္ရဲ႕ေပ်ာ့ေပ်ာင္းတဲ့လည္ပင္းဆီသို႔ေ႐ႊ႕သြားလိုက္ၿပီး အနီးကပ္ဆြဲလိုက္၏။ထို႔ေနာက္သူမကတခစ္ခစ္ရယ္ေမာကာ"အဲ့လိုလား?"
ဒူကိုင္က တုန္ယင္ေနေသာအသံေလးျဖင့္ "လီ.. ခ်ာ.."
"ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ?အိမ္ေ႐ွ႕စံမင္းသားရဲ႕မ်က္ႏွာသာမ႐ွိရင္ဒီမဟာမိတ္ကပ်က္စီးသြားေတာ့မွာ၊ဒီလိုမ်က္ႏွာလွလွေလးသာမ႐ွိရင္ သူကကြၽန္မအတြက္အသုံးမဝင္ဘူးေလ"
သူမမ်က္လုံးေထာင့္မွ ဧကရီမိဖုရားေခါင္ႀကီးမ်က္ႏွာေပၚ႐ွိထိတ္လန္႔သြားသည့္အၾကည့္ကို ျမင္လိုက္ရသည္"မင္းသမီး.. မင္း.."
ထို႔ေနာက္ သူမလက္မေလးျဖင့္အဓ္ိကဇာတ္ေဆာင္ပါးျပင္ေပၚ႐ွိဒဏ္ရာေလးကိုအနည္းငယ္ပြတ္သပ္လိုက္၏“ဒီျပတ္႐ွရာက,မဟာမိတ္ဖြဲ႕တာကိုဆန္႔က်င္ခ်င္တဲ့သက္ေသအျဖစ္မွတ္ယူထားလိုက္မယ္"
ထို႔ေနာက္ သူမသူ႕ကိုေျမျပင္ေပၚ ျပင္းျပင္းထန္ထန္တြန္းလိုက္တဲ့အခ်ိန္အဓိကဇာတ္ေဆာင္လန္႔သြားသည္။ေခ်ာင္းကလည္းဆိုးေနေသးသလိုဆက္တိုက္လည္းငိုေနေလသည္။ကိုင္ရဲ႕ သနားစရာေကာင္းတဲ့အသြင္အျပင္ကိုလက္ေတြ႕ျမင္လိုက္ရေတာ့ သူမႏွလုံးသားထဲကိုဆူးတစ္ခု ထိုးထြင္းဝင္ေရာက္သြားသလိုခံစားလိုက္ရသည္။
သူမကအၾကည့္ကိုအေဝးသို႔လႊဲလိုက္ၿပီး ဒီျပစ္မႈမွလြတ္ေျမာက္ရန္ၾကံစည္လိုက္ေတာ့သည္"အားေပါင္,ဒီမင္းသမီးထြက္ခြာဖို႔အတြက္ ျပင္ဆင္လိုက္၊ခမည္းေတာ္ဆီဒီသတင္းေကာင္းကို ယူလာဖို႔မေစာင့္ႏိုင္ေတာ့ဘူး"
"ဟုတ္ကဲ့ပါ,မင္းသမီး"
"မင္း..မင္းသမီး"အသက္႐ႈေတာင္႐ႈမ၀ျဖစ္ေနတာကို ဒူကိုင္ကသူ႕ကိုယ္သူ ထဖို႔တြန္းအားေပးလိုက္ၿပီး သူမကိုေပြ႕ဖက္လိုက္ျပန္၏။
'ဒါက..!'
'အဓိကဇာတ္ေဆာင္ေရ,ငါကနင့္အေမမဟုတ္ဘူးဟဲ့၊လႊတ္ပါေတာ့,အာ'
"မ..မထားခဲ့ပါနဲ႔"ေတာင္းပန္ရင္းပင္ ပါးျပင္ေပၚသို႔မ်က္ရည္မ်ားျပင္းျပင္းထန္ထန္စီးက်လာေတာ့သည္။ကိုင္ငယ္ေလးေရ,အဲ့ဒီမ်က္ႏွာမ်ိဳးမလုပ္ပါနဲ႔လို႔၊အဲ့ဒီအမူအရာက လူေတြနင့္ကိုပိုၿပီးအႏိုင္က်င့္ခ်င္လာေစတယ္။
"မယ္မယ္သိထားရမွာက ကြၽန္မအမုန္းဆုံးအရာက႐ုပ္ဆိုးတဲ့အရာေတြကိုျမင္ေနရတယ္ဆိုဝာာပဲ"မည္သည့္ယဥ္ေက်းဟန္ေဆာင္မႈမွမ႐ွိဘဲ, သူမအၾကည့္မ်ားကဧကရီမိဖုရားေခါင္ႀကီးဆီသို႔ ျပန္ေရာက္သြား၏။
'ကိုင္ေလးရယ္,အာ၊ငါကေရဘဝဲလား ဒါမွမဟုတ္ နင္ကေရဘဝဲလား?နင့္ရဲ႕ေျခေတြလက္ေတြကဘာလို႔ဒီေလာက္ဖယ္ရခက္ေနရတာလဲ?'
"မင္းသမီး,မဟုတ္ဘူး"
"မင္းသမီး,ကြၽန္ေတာ့္ကိုမစြန္႔ပစ္လိုက္ပါနဲ႔၊ မင္းသမီး"
သူမ ကိုင္ေလးရဲ႕ႏူးညံ့တဲ့လည္ပင္းကိုၾကည့္လိုက္ေတာ့အနီေရာင္အဆင္းရာႀကီးကိုေတြ႕လိုက္ရသည္။ထို႔အတြက္ သူမေသြးစြန္းေနတဲ့စာေရးဆရာကိုထပ္မံက်ိန္ဆဲခ်င္သြားသည္။အားယိုး!အဓိကဇာတ္ေဆာင္ေလးကသနားစရာေကာင္းေလာက္ေအာင္ငိုေနလိုက္ဝာာ။
'သနားစရာေကာင္းလိုက္တဲ့ငါ့ရဲ႕မင္းသားေလး'
႐ွီးႏုကထိုင္ခုံမွရပ္လိုက္ၿပီး ရယ္ေမာလိုက္၏။ "ဒါက ဒဏ္ရာေသးေသးေလးပါ,မင္းသမီးရဲ႕၊
မၾကာခင္ေပ်ာက္သြားမွာပါ"
"အဲ့လိုဆိုေပမယ့္ အမာ႐ြတ္က်န္ခဲ့ရင္ဘယ္လိုလုပ္မလဲ?"
"မင္းသမီး အဲ့ဒီအတြက္ဘာမွစိုးရိမ္စရာမလိုပါဘူး၊နန္းေတာ္မွာ အေကာင္းဆုံးသမားေတာ္ေတြ ႐ွိပါတယ္၊ကဲ..ကတိေပးတယ္၊အမာ႐ြတ္မက်န္ေစရဘူး"
သူမက ႐ူးသြပ္စြာရယ္ေမာလိုက္တာေၾကာင့္ ဧကရီမိဖုရားေခါင္ႀကီးကသူမရဲ႕စိတၱဇဆန္ဆန္အျပဳအမူေၾကာင့္အလြန္စိတ္အေႏွာင့္အယွက္ျဖစ္သြားပုံရသည္။
အဓိကဇာတ္ေဆာင္က ပါးျပင္ေပၚ႐ွိဒဏ္ရာကို အတတ္ႏိုင္ဆုံးဖုံးကြယ္ထားၿပီး မ်က္ႏွာဘယ္ဘက္ျခမ္းကိုလက္ေသးေသးျဖင့္ဖုံးအုပ္ထားသည္။
"ဒါဆို.. မိဖုရားေခါင္ႀကီးေနာက္တစ္ႀကိမ္ သတိထားေပးပါ၊ဒီအင္ပါယာရဲ႕အနာဂတ္ငယ္ေလးအေပၚစိတ္လိုလက္ရဘယ္ေတာ့မွမလုပ္ပါနဲ႔"
သူမက ျပဳံးျပလိုက္၍"ေက်းဇူးျပဳၿပီး စိတ္လိုက္မာန္ပါမလုပ္ပါနဲ႔,မယ္မယ္"
ဒူကိုင္ကေတာ့သူမလက္ကိုတင္းၾကပ္စြာ ဆုပ္ကိုင္ထားသည္။
သူမကညည္းရင္း ဒူကိုင္ေခါင္းေလးကိုပြတ္ေပးလိုက္၏။"အမာ႐ြတ္တစ္ခုက စစ္ပြဲကိုဆိုလိုတယ္"
"အို,ၾကားရတာေတာ့နားေထာင္ေကာင္းသားပဲ၊အိမ္ေ႐ွ႕စံမင္းသားေရာသေဘာတူရဲ႕လား?"ထိုစကားမ်ားေျပာၿပီးသည္ႏွင့္သူမ ကြမ္႐ွင္းခန္းမထဲမွလွည့္ထြက္လာခဲ့သည္။ကိုင္ကေတာ့သူမကိုတြယ္ကပ္ေနဆဲပင္။
'ကေလးေရ,နင္က ေလးတယ္လို႔၊ေျပာတာနားေထာင္စမ္း၊လႊတ္ပါေတာ့,ဂါး'
ဒီရက္ပိုင္းတြင္ ခ်ဴခ်ာလွတဲ့အဓိကဇာတ္ေဆာင္က ပို၍ပို၍ဖ်ားနာလာတာေၾကာင့္ဒီဗီလိန္မေလးကပဲဂ႐ုစိုက္ရျပန္သည္။
"မေၾကာက္နဲ႔ ငါဒီမွာ႐ွိတယ္"
ဒီဗီလိန္မေလးက သူ႕အလုပ္ကိုေတာင္ ေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ဘူး၊မ်က္ရည္မက်ပဲငိုေနရသလိုပင္။ငါသူ႕ကိုအႏိုင္က်င့္ရင္ သူထပ္အားနည္းသြားမွာပဲေၾကာက္ေနရတယ္။
"ဘယ္သူမင္းသားကိုအႏိုင္က်င့္တာလဲ၊ငါ့ကိုေျပာ...ဒီမင္းသမီးကမင္းသားအတြက္လက္စားေခ်ေပးမယ္"
ေနာက္တစ္ေန႔,သူမတို႔ေန႔လည္စာစားခ်ိန္ေရာက္ေတာ့ ကိုင္ေလးကသူ႕ရင္ဘတ္ကို႐ုတ္တရက္ဆုပ္ကိုင္ရင္း နာက်င္ေၾကာင္းေျပာလာေတာ့သည္။
အခ်စ္တို႔ေရ,ေနာက္တစ္ႀကိမ္,ဖန္ခ်ီနန္းေဆာင္ထဲကျမင္ကြင္းက ကုတ္အညိဳေရာင္အတြင္းမွာ႐ွိတဲ့အေရးေပၚခန္းထဲကအရာနဲ႔ဆင္တူတယ္၊ ထိတ္လန္႔တုန္လႈပ္ေနတဲ့အေစခံမ်ားကေျပးရင္းလႊားရင္ အခ်င္းခ်င္းတိုက္မိၾကကုန္ၿပီးမိန္းမစိုးမ်ားကလည္းေနရာအႏွံ႔ျပန္႔က်ဲေနသည္။ သမားေတာ္ႀကီးမ်ားက သူမေ႐ွ႕တြင္ရပ္ေနၾကကာေခြၽးမ်ားစို႔၍သူမရဲ႕ဆယ္မ်က္ႏွာေလာက္႐ွည္တဲ့ဇာတ္ၫႊန္းကိုနားေထာင္ေနၾကသည္;သူတို႔ရဲ႕အသုံးမ၀င္မႈနဲ႔မကြၽမ္းက်င္မႈတို႔အတြက္႐ႈံ႕ခ်ျပစ္တင္ေျပာဆိုေနေလသည္။
ဒူကိုင္ရဲ႕မ်က္ခုံးတန္းေတြကိုၾကည့္ၿပီး သူမအရမ္းေသာကေရာက္ေနမိသည္"ႏွလုံးဘယ္လိုေနေသးလဲ?နာေသးလား?"
'ႏွလုံးဖာက္တာတဲ့လား?!'
"သမားေတာ္ကု,႐ွင္ကရမ္းကုပဲ၊တစ္ခုခုလုပ္အုန္းေလ"
သမားေတာ္ကုႏွင့္အတူအျခားသမားေတာ္မ်ားကလည္း ဒူးေထာက္ကာက႐ုဏာသက္ရန္ထပ္မံေတာင္းဆိုခဲ့ၾကသည္"ခြင့္လႊတ္ေတာ္မူပါ,မင္းသမီး၊အဲ့ဒါက...ကြၽန္ေတာ္မ်ိဳးတို႔ဘယ္အျပစ္ဒဏ္ကိုမဆိုလက္ခံလိုပါတယ္"
ထိုအခ်ိန္ တစ္စုံတစ္ရာကလွ်ပ္တျပတ္အတြင္းျဖစ္ပ်က္သြားခဲ့သည္။
"....."
သူမ မ်က္ေတာင္ခတ္လိုက္၏။
အနမ္းတစ္ခု႐ုတ္တရက္သူမပါးျပင္ေပၚသို႔က်ေရာက္လာေတာ့ လူတိုင္းအံ့အားသင့္ကုန္ၾကသည္။
သူခိုး လူမိသြားသလိုဒူကိုင္ေလးက ေစာင္ကိုဆြဲယူလိုက္ၿပီး သူ႕ရဲ႕နီရဲေနတဲ့နား႐ြက္နဲ႔မ်က္ႏွာကို အျမန္ဖုံးလိုက္သည္။
'ဟမ္..'
'ဒီေကာင္ေလး..'
သူမကလည္းပါးျပင္ကိုအုပ္ကိုင္ကာ အေတြးေတြ႐ႈပ္ေထြးသြားသည္။ဒီကေလးကတစ္ကယ္ကိုလက္သြက္ပါလား၊အခုဆို သူငါ့ကိုဘယ္လိုက်ီစယ္ရမလဲသိေနၿပီထင္တယ္။
"မင္း..မင္းသမီး..."အားေပါင္ရဲ႕အံ့မခန္းတုံ႔ျပန္မႈကဒ႑ာရီဆန္သည္။လက္ထဲကဗန္းက ျပဳတ္က်သြားၿပီး ၾကမ္းျပင္ေပၚတြင္႐ႈပ္ပြကုန္ေတာ့သည္။ထ်န္မင္က အားေပါင္လဲက်မသြားခင္ ေနာက္ေက်ာကိုအခ်ိန္မွီထိန္းေပးလိုက္သည္ * K.O *
"ျမင္မေကာင္းလိုက္တာ!႐ွက္စရာေကာင္းလိုက္တာ!အိမ္ေ႐ွ႕စံ႐ွက္တတ္သင့္တယ္!ဘယ္လိုလုပ္..."အားေပါင္ ေအာ္လိုက္ပုံကValakလိုမ်ိဳးပင္။ဟုတ္တယ္,အခုဒီေရာက္ေနတဲ့မိန္းကေလးက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။
"ဘယ္ေလာက္ေတာင္႐ွက္စရာေကာင္းလိုက္လဲ.. သူထိတယ္..မင္းသမီးေလး.. ငါတို႔ရဲ႕ သနားစရာမင္းသမီးေလးကို"
ဒါကေ႐ွးေခတ္ပဲေလ၊ဒီေနရာကလူေတြက ေ႐ွး႐ိုးဆန္လြန္းတာေၾကာင့္ အားေပါင္ကိုနားလည္ေပးႏိုင္ပါတယ္။
"ဒီအေၾကာင္းကိုအ႐ွင္မင္းႀကီးသာၾကားရင္.."
"ဒူမင္းသားကလက္မထပ္ခင္မွာေတာင္ မင္းသမီးေလးကိုထိဝံ့သလား?!ဒါကလက္ခံေပးလို႔မရဘူး!"
ေက်းဇူးျပဳၿပီး 'ထိတယ္'ဆိုတဲ့စကားႀကီးကိုမေျပာပါနဲ႔ေတာ့။လူေတြနဲ႔သူတို႔ရဲ႕႐ိုင္းစိုင္းတဲ့အေတြးေတြက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။
သူမက ကို႔႐ို႕ကားယားအေျခအေနျဖင့္ျပဳံး႐ုံမွ်သာျပဳံးလိုက္ၿပီးေျပာလိုက္၏။"နင္တို႔အကုန္လုံးသြားၾကေတာ့"
"ဟုတ္ကဲ့"
*****