Loading..
By _Haruki-97_
106K 7.4K 722
မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon J... More
မိတ်ဆက်
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-7
3.8K 299 13
By _Haruki-97_
<Unicode>
22.12.2022..
Soulတက္ကသိုလ်မှကျောင်းသားများမှာ
လုံးဝတက်ကြွနေကြသည်။
သြစတျေးလျရှိ Hilier lateသို့
လေ့လာရေးခရီးသွားမှာဖြစ်တာကြောင့်
အားလုံးမှာစိတ်ဝင်တစားရှိကြသည်။
မနေ့ကဖြစ်ခဲ့တဲ့ပြသနာများကြောင့်
ထယ်ယောင်းမှာ မလိုက်ချင်သော်လည်း
ဆော့ဂျင်၏ အတင်းတိုက်တွန်းမှုကြောင့်
လိုက်ပါလာရပြန်သည်။
လေယာဥ်ကွင်းတွင်လည်း
ကျောင်းသားများမှာတစ်ရုန်းရုန်းပင်။
နာရီတစ်ကြည့်ကြည့်ဖြစ်နေသော
ထယ်ယောင်းကိုဆော့ဂျင်မျက်လုံးနောက်လာသည်။
"လေယာဥ်ပေါ်တက်ရအောင်ကွား
မင်းလူက လာမှာမဟုတ်ပဲနဲ့"
"ဘယ်..ဘယ်သူကသူ့ကိုစောင့်နေတယ်ပြောလို့လည် ငါကဒီအတိုင်း လေယာဥ်ပေါ်မတက်ချင်သေးလို့ပါနော်"
ကတ်ကတ်လန်အောင်ပြန်ပြောသော
မျောက်ကောင်ကြောင့်
ဆော့ဂျင်မှာခေါင်းသာအသာယမ်းလိုက်သည်။
တစ်အောင့်ခန့်ကြာတော့
လေယာဥ်ထွက်တော့မည်ဖြစ်သောကြောင့်
ဆိုင်ရာအသီးသီးလောယဥ်ပေါ်တက်သွားသည်။
တင်း!
လေယာဥ်မတက်ခင်messageဝင်လာတာကြောင့်
မောင်များဖြစ်နေမလားဆိုသောအသိဖြင့်
ထယ်ယောင်းဖုန်းဖွင့်ကြည့်လိုက်သည်။
/သားရေ မေမေမင်းဖေဖေနဲ့ ဘန်ကောက်ဘက် ခရီးခဏထွက်မလို့ကွယ် သားလည်းခရီးမှာပျော်ခဲ့နော် သားမအားမှာဆိုးလို့စာပဲပို့လိုက်တယ် /
Contectကိုကြည့်လိုက်တော့ မေမေဟူသည့်neckname.
/ဟုတ် မေမေတို့လည်း များများပျော်ခဲ့နော် ချစ်တယ်/
ထယ်ယောင်းစာပြန်ပို့ပြီး လေယာဥ်ပေါ်သို့တက်ခဲ့လိုက်သည်။
မောင်ကတော့သူ့ကိုနည်းနည်းမှဆက်သွယ်မလာပါ။
စိတ်ဆိုးနေမယ်ဆိုတာသိလျှက်နှင့်ကို
မျက်နှာပြောင်တိုက်ပြီးပစ်ထားရက်တာကိုတော့
အံ့သြလှသည်။
"ကုကီရေ..ကိုကိုဝင်လာမယ်နော်"
ကလပ်မှ မိုးလင်းခါနီးမှပြန်ရောက်၍
ထပ်အိပ်မယ်လုပ်တုန်း
တံခါးလာခေါက်တာကြောင့်
ဂျောင်ကုတံခါးထဖွင့်ပေးလိုက်သည်။
"ဘာလာလုပ်တာလည် ကိုကို"
"အထဲတော့ပေးဝင်ပါအုံးကွ"
ဂျီမင်မှာ တိုက်ခန်းထဲဝင်သွားပြီး
ဧည့်ခန်းတွင်ထိုင်မည်လုပ်တော့
ဆိုဖာပေါ်တွင်ခြေကားယားဖြင့်အိပ်နေသည့်ယွန်ဂီ။
အခန်းမှာတော့ထုံးစံအတိုင်းကြွက်သိုက်ပင်။
ယွန်ဂီမှာတော့ဆင်တက်နင်းတောင်နိုးမည့်ပုံမပေါ်။
"မင်းတို့အခန်းကလည်း ဘီယာနံ့မွှန်ထူနေတာပဲကွား
ဘယ်လိုများနေကြတာလည်"
"ယွန်ဂီလေး..ထထ နံစော်နေတာကိုရေမချိုးပဲနဲ့ ဘယ်လိုအိပ်နေတာလည်း ဒီကလေး"
ဂျီမင်မှာယွန်ဂီ၏လက်မောင်းကိုကိုင်ပြီး
လှုပ်နိုးနေသည်။
သကောင့်သားမှာ ချက်ချင်းထပြီး ရေချိုးခန်းထဲဝင်သွားသည်။
နှစ်ခါတောင်မပြောရ။
"မင်းကရော အဲ့ဒီတံခါးနားမှာပဲရပ်နေတော့မှာလာကုကီ"
"ကျွန်တော့်ကိုအိမ်မှာပြန်နေဖို့လာခေါ်တာဆိုရင်
ကိုကိုပြန်တော့"
မျက်နှာသေဖြင့်ပြောနေသောညီဖြစ်သူကြောင့်
ဂျီမင်မှာရယ်ချင်စိတ်ကိုထိန်းထားရသည်။
ဒီကလေးကိုလွယ်လွယ်ခေါ်လို့မရမှန်းသူသိပြီးသားပင်။
ဘာပဲဖြစ်ဖြစ်အချိန်တော့ယူရမှာပင်။
"မဟုတ်ပါဘူးကွား
ကိုကိုကမင်းအတွက်မုန့်ဖိုးလာပေးတာပါ
မေမေကပေးခိုင်းလိုက်လို့"
မုန့်ဖိုးဆိုသောစကားကြောင့်
ညီဖြစ်သူ၏မျက်လုံးများမှာလက်ခနဲပင်။
သူ့ညီဖြစ်သူ သုံးစရိတ်ပြတ်နေတာကိုသိပြီးသားပင်။
ထို့ကြောင့် cardတစ်ခုအားကမ်းပေးတော့
သကောင့်သားက ချက်ချင်းဆွဲယူသည်။
ဂျောင်ကုသာဆေးစွဲနေမှန်းသိရင်
ဂျီမင်ထိုငွေများကိုပေးနိုင်ပါအုံးမလား။
ခဏကြာတော့ယွန်ဂီမှာအောက်ပိုင်းကို
တဘက်တစ်ထည်ပတ်ထားပြီး
ရေစိုနေသောဆံပင်များဖြင့်ပြန်ထွက်လာသည်။
အသားဖြူသောကြောင့်
ဗိုက်တွင် six packများကထင်းနေသည်။
ဂျီမင်မှာရုတ်တရက်လှည့်ကြည့်လိုက်မိတော့
အာခေါင်များမှာခြောက်ကပ်သွားပြီး
ခေါင်းအသာဟန့်လိုက်သည်။
ဒီကလေးတွေအနေအထိုင်ကိုက..ကျစ်..
"အဟမ်း..ငါ..ငါပြန်တော့မယ် ကောင်းကောင်းနေခဲ့ကြ"
အပြင်သို့အမြန်ပြေးထွက်သွားသောအကိုဖြစ်သူကိုကြည့်ပြီး
ယွန်ဂီအား ဂျောင်ကုတစ်ယောက်
ဘီယာဘူးဖြင့်ကောက်ပေါက်လိုက်သည်။
သကောင့်သားများအေးဆေးပင်ရှောင်လိုက်သည်။
"ဘယ်လိုထွက်လာတာလည်
ဟိုမှာကိုကိုရှက်သွားပြီး"
"ဒီလိုမထွက်လာလို့ ဘောတန်းလန်းနဲ့ထွက်လာရမလားငါက"
ခပ်တည်တည်ဖြင့်အခန်းထဲသို့ဝင်သွားသော
သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး
ဂျောင်ကုခေါင်းပင်အသာရမ်းလိုက်မိသည်။
Honeyမှာလည်း ကျောင်းလေ့လာရေးအဖွဲ့နှင့်ပါသွားတာသေချာသည်။
ဂျောင်ကုမှာလူရှုပ်တာကိုမနှစ်သက်တာကြောင့်ရော
ခရီးသွားရတာကိုလည်းမုန်းတာကြောင့်
လိုက်မသွားဖြစ်ခဲ့။
Honeyကိုမလိုက်စေချင်သော်လည်း
ချုပ်ချယ်သည်ဟုထင်မှာဆိုးတာကြောင့်
ဘာမှမပြောတာပင်။
လောလောဆယ်တော့ဂျောင်ကုလက်ထဲငွေရွှင်နေသည်။
Cardကိုကြည့်ပြီး သဘောတကျပြုံးလိုက်သည်။
"အား....ညောင်းလွန်းလို့သေတော့မှာပဲကွား"
လေယာဥ်အချိန်တော်တော်ကြာထိစီးလိုက်ရတာကြောင့်
အညောင်းအညာမိနေတာတော့အမှန်ပင်။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့လည်းNotiတစ်ခုမှမတက်ပေ။
ေကျာင်းမှစီစဥ်ပေးထားသော
နှစ်ယောက်တစ်ခန်းHotelတွင်
ဆော့ဂျင်နှင့်အတူ ခရီးဆောင်အိတ်များအားနေရာချထားလိုက်သည်။
ရောက်လာသောအချိန်မှာ ညဘက်ကြီးဖြစ်တာ
ကြောင့် ပစ္စည်းများနေရာချရင်းနှင့်
ရေမိုးချိုးချိန်များကြောင့်
နာရီကြည့်လိုက်တော့မနက်သုံးနာရီပင်ထိုးသွားပြီဖြစ်သည်။
"အာ...ပင်ပန်လိုက်တာဆော့ဂျင်ရာ"
"ပင်ပန်းရင်အိပ်တော့လေ
ငါကမနက်ဖြန်ခရီးအတွက် ပြင်ဆင်စရာလေးရှိလို့
ဒီကနေသွားရင်Hilier lateကိုရောက်ဖို့
10မိုင်လောက်ထပ်သွားရမှာ
မင်းသိတဲ့အတိုင်းပဲငါက ကားမူးတတ်တယ်လေ"
"ဟုတ်ပါပြီးကွား ငါအိပ်ပြီး"
ကုတင်မှာနှစ်ယောက်အိပ်ကုတင်ဖြစ်တာကြောင့်
ကျယ်ကျယ်ဝန်းဝန်းရှိသည်။
ကုတင်ပေါ်ခြေပစ်လက်ပစ်ဖြင့်
အိပ်မည်လုပ်တုန်း....
တီ....တီ.....တီ......
ဖုန်းလာတာကြောင့် စိတ်ပေါက်ပေါက်ဖြင့်ပြန်ထလာပြီး ဖုန်းကိုင်လိုက်သည်။
"Hello..."
ဆော့ဂျင်ကတော့လေတစ်ချွန်ချွန်ဖြင့်
လိုအပ်သောပစ္စည်းများကိုစစ်နေသည်။
Hotelမှာအဆင့်မြင့်hotelမဟုတ်တာကြောင့်
အခန်းကျဥ်းကျဥ်းလေးဖြစ်ပြီး
ခြင်များကလည်းကိုက်သေးသည်။
"ဟာကွား....ဒီခြင်တွေကလည်းတစ်မှောင့်
သူတို့ကိုယ်သူတို့ ဂျူနီယာလေး ကင်မ်နမ်ဂျွန်မှတ်နေလားမသိဘူး"
ဆော့ဂျင်မှာ ဥပဒေပထမနှစ်က ဂျူနီယာလေး
ကင်မ်နမ်ဂျွန်ကိုအရှင်ရရအသေရရ
ကြိတ်crushနေသူဖြစ်သသည်။
နမ်ဂျွန်ဆိုသည့်ကောင်မှာတော့သူ့ကိုအဖက်ပင်မလုပ်ချေ။
ဒုတ်!
"ဟာကွား...ခြင်ကိုက်ရတဲ့ကြားထဲမင်းကဘာတွေဆူညံနေတာလည်းမျောက်ကောင်ရ"
"ငါ...ငါ..."
မျက်လုံးများနီရဲပြီးခြေမကိုင်မိ
လက်မကိုင်မိဖြစ်နေသောသူငယ်ချင်းကြောင့်
ဆော့ဂျင်အလန့်တကြားထရပ်လိုက်ပြီး
ထယ်ယောင်းနားကပ်သွားသည်။
"ထယ်ယောင်း အဆင်ပြေရဲ့လာ ဘာဖြစ်တာလည်ငါ့ကိုပြော"
"လေယာဥ်...ေလယာဥ်...
လေယာဥ်လက်မှတ်လိုတယ်ဆော့ဂျင်"
စကားများပင်ထစ်ပြီး
သူ့ကိုကြည့်ရတာစိတ်နဲ့ကိုယ်ပင်မကပ်တော့သည့်ပုံ။
"ငါဘန်ကောက်ကိုသွားမှရမယ် ခုသွားမှရမယ်ဆော့ဂျင်"
"ဘာဖြစ်မှန်းမသိပေမဲ့ စိတ်အေးအေးထားလေနော်"
"မရဘူး..မနက်ဖြန်ထွက်မဲ့လေယာဥ်ရှိလာ"
ဆော့ဂျင်လက်ချိုးရေလိုက်ပြီး
တစ်ခုခုအားအသဲအသန်တွေးနေဟန်ပင်။
ခဏကြာတော့မှ
"မနက်ဖြန် မနက်6နာရီ ဘန်ကောက်ခရီးစဥ်ကိုသွားမဲ့လေယာဥ်ရှိတယ်လို့ ပါချုပ်ပြောတာငါကြားလိုက်တယ်"
"ငါ့...ငါ့ကိုကူညီပါ လေယာဥ်လက်မှတ်တစ်စောင်ဖြစ်ဖြစ်"
ဒူးထောက်မတတ်ဖြစ်နေသောသူငယ်ချင်းကြောင့်
ဆော့ဂျင်မှာမနေသာတော့ပဲ ညကြီးမိုးချုပ်အခန်းထဲမှပြေးထွက်သွားသည်။
ဆော့ဂျင်ထွက်သွားသည်နှင့် ထယ်ယောင်းမှာအရုပ်ကြိုးပြတ်လှဲကျသွားတော့သည်။
"ခရီးစဥ်ကိုပျော်ပျော်လည်ခဲ့ပါလို့ပြောထားရဲ့နဲ့ ......"
မျက်ရည်များကြားမှ အံကြိတ်ရင်းရှိုက်ငိုနေမိသည်။
အိပ်ခါနီးဝင်လာသောဖုန်းကြောင့်
ထယ်ယောင်းကိုင်လိုက်မိသည်။
ကြားလိုက်ရသောတစ်ဖက်မှသတင်းစကားကြောင့်
ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားသလိုပင်။
ဖေဖေနှင့်မေမေတို့လိုက်ပါသွားသောလေယာဥ်က
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာစက်ချို့ယွင်းမှုကြောင့်ထိုးကျသွားခဲ့သည်တဲ့။
ကိုယ့်နားတောင်ကိုယ်မယုံနိုင်တော့သည်အထိပင်။
ဆော့ဂျင်ကျေးဇူးဖြင့်လေယာဥ်လက်မှတ်ကိုရခဲ့သည်။
လေယာဥ်ပေါ်တွင်လည်း သူ့၏ရှိုက်သံကတခြားသူများကို အနှောင့်အယှက်ဖြစ်စေသလားဂရုမစိုက်နိုင်တော့ပေ။
အလျင်စလိုပြေးလာခဲ့တာကြောင့်
ဖုန်းတောင်ဘယ်နေရာမှာကျကျန်ခဲ့မှန်းမသိတဲ့အထိပင်။
ဒီလောက်ကြာသောခရီးစဥ်ကိုသူမသွားဖူးပါ။
"အလျင်လိုအနှေးဖြစ်"ဆိုသောစကားပုံကမှန်သည်။
ဘန်ကောက်ကဘာလို့အရမ်းဝေးနေရတာပါလိမ့်။
ကံဆိုးစွာဖြင့်ပင် လေယာဥ်သုံးရက်စီးလိုက်ရသည်။ မေမေ့သူငယ်ချင်းပြောသည့်ဆေးရုံသို့အပြေးလာတော့ ဆေးရုံရှိ ထိုင်းလူမျိုးများက သူ့ကိုအထူးအဆန်းသဖွယ်ကြည့်နေသည်။
ထိုင်းစကားလည်းမပြောတတ်တာကြောင့်
အရူးလိုဖြစ်နေခဲ့သည်။
"တစ်ယောက်ယောက်ကူညီပါ ကျေးဇူးပြုပြီး!!!"
Englishလိုပြောဖို့မေ့နေသည်အထိ
သူ့စိတ်တွေကအစိုးမရတော့ပါ။
သူနာပြုများက သူ့နားသို့ကပ်လာပြီး
သူနားမလည်သောထိုင်းစကားများဖြင့်မေးမြန်နေခဲ့သည်။
"ထယ်...ထယ်လေးမလား...."
ကြားလိုက်ရသော ကိုရီးယားစကားပြောသည့်လူတစ်ယောက်။ ထယ်ယောင်းအနောက်တွင်ထိုလူကရပ်နေသည်။
နောက်လှည့်ကာ ကြည့်လိုက်တော့ ကိုရီးယားမျက်နှာပေါက်ဖြင့်လူတစ်ယောက်။
"ကိုယ့်နောက်လိုက်ခဲ့"
"ခင်...ခင်ဗျားကဘယ်သူလည်"
"နောက်မှပြောကြတာပေါ့ အခုလိုက်ခဲ့"
ထိုလူက သူ၏လက်ကောက်ဝတ်အားဆွဲကာ
တစ်နေရာသို့ခေါ်သွားသည်။
ထယ်ယောင်းလည်း အသိမရှိတာကြောင့်ယောင်နနဖြင့်။
ထိုလူဆွဲခေါ်ရာအခန်းရှေ့ကိုရောက်တော့ခြေလှမ်းများကတုန့်ကနဲရပ်သွားသည်။
မဟုတ်...မဟုတ်ဘူးမလာ?
ဖေဖေနဲ့မေမေကအသက်ရှင်နေသေးတာမလာ?
ရေခဲတိုက်ကဘာလို့လည်း!?
မသေရဘူးလေ ဖေဖေနဲ့မတွေ့ရတာငါးလတောင်ရှိခဲ့ပြီး!!
ထယ်ယောင်းထိုအခန်းရှေ့ရပ်ရင်း
ခေါင်းခါကာ ထိန်းထားသောမျက်ရည်များမှာပေါက်ပေါက်ကျလာသည်။
"အန်တီကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ပါထယ်"
"ဟင်အင်း..မေမေကမသေဘူး ဖေဖေလည်းမသေဘူး
သူတို့က ခရီးမှာကောင်းကောင်းလည်ခဲ့ပါ့မယ်လို့ကတိပေးခဲ့တာ"
မျက်လုံးများနီရဲပြီး ငိုနေသောကောင်လေးကြောင့် ဘိုဂမ်လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
သဂြိုလ်မိန့်မှာကျလာပြီးဖြစ်တာကြောင့် မကြာခင်အလောင်းကို ရေခဲတိုက်ကနေထုတ်ရတော့မည်ဖြစ်သည်။
သေဆုံးသူ၏သက်ဆိုင်သူများကိုစောင့်နေ၍သာရေခဲတိုက်ကနေမထုတ်ခြင်းဖြစ်သည်။
အမှန်တော့ အလောင်းတစ်ခုကို ရေခဲတိုက်တွင်24နာရီသာထားခွင့်ရှိသည်။
ဘိုဂမ်လည်းမတတ်နိုင်သည့်အဆုံး
ထယ်ယောင်းကိုချော့ခေါ်ကာ ရေခဲတိုက်သို့ပြန်ဝင်လာသည်။
အထဲမှာ ဘိုဂမ်၏အမေက အလောင်းကိုကြည့်ပြီးငိုနေကာ အဖေကအနားကနေနှစ်သိမ့်ပေးနေသည်။
အမှန်တိုင်းပြောရလျှင် မေမေက ဒီအတိုင်းထယ်ယောင်းရောက်လာသည့်အထိ နှစ်ရက်လုံးလုံးမတ်တပ်ရပ်နေခဲ့ခြင်းပင်။
မျက်နှာတွင်လည်း စိတ်ခံစားချက်များကပျောက်ဆုံးလျက်။
ဘန်ကောက်ခရီးစဥ်ကိုအတူတကွချိန်းဆိုပြီး
ေရာက်လာခဲ့ကြတာပင်။
ဘိုဂမ်တို့က ကနေဒါကနေစောပြီးထွက်လာခဲ့သောကြောင့်
ဘန်ကောက်သို့စောကာရောက်လာခြင်းပင်။
သို့ပေမဲ့ ကင်မ်ဦးလေးနှင့် ဒေါ်ဒေါ်က တစ်ရက်နောက်ကျမှထွက်လာပြီး လေယာဥ်စက်ချို့ယွင်းမှုနှင့်ကြုံခဲ့ရသည်။
ကြားစတုန်းက မေမေမှာ မူးမေ့သွားခဲ့သည်။
သတိရလာသော်ယခုလိုအလောင်းရှေ့မှာငူငူငိုင်ငိုင်ရပ်နေခဲ့ခြင်းပင်။
မေမေက အန်တီကင်မ်ကိုလွန်စွာမှ တွယ်တာလွန်းသည်။
"သားလေးထယ် ရောက်လာပြီးလာ"
နှစ်ရက်အတွင်း မေမေ့ထံမှ ပထမဆုံးထွက်လာသည့်စကားတစ်ခွန်း။
မျက်တွင်းများမှာကျနေပြီး ဒီအတိုင်းဆက်သွားနေရင် မေမေလည်းအခြေအနေမဟန်တော့ပါ။
"လာပါအုံးကွယ်..အန်တီဆီကို"
ဘာကြောင့်မှန်းမသိထိုအမျိုးသမီးဆီမှ
နွေးထွေးမှုအငွေ့အသက်တစ်ချို့ကို
ထယ်ယောင်ခံစားလိုက်မိသည်။
ကလေးတစ်ယောက်လိုယုံယုံကြည်ကြည်ဖြင့်ရင်ခွင်ထဲတိုးဝင်လိုက်တော့
သူ့အားဖက်ကာ နှစ်သိမ့်လာသည့်အန်တီ။
အလိုလို လုံခြုံသွားသည့်ခံစားချက်လေး။
"မေချယ်က အန်တီတို့ကိုထားသွားပြီးသားရယ်..."
ထိုအန်တီလေး၏အသံတွင်ယူကြုံးမရသည့်ခံစားမှုတစ်ချို့ကပါနေသည်။
အလောင်းပေါ်တွင်အုပ်ထားသော ပုဝါအဖြူရောင်ကိုဖယ်လိုက်တော့ပေါ်လာသည့်မေမေ့မျက်နှာလေး။
အနာတရများမရှိတာကြောင့် အိပ်နေသလိုပင်။
မေမေကအသက်မရှိတော့တာတောင် အေးချမ်းသောဓာတ်ကလေးက ကိန်းအောင်းနေသယောင်ယောင်။
ဆို့တက်လာသောဝမ်းနည်းမှုများက ရင်နှင့်ပင်မဆံ့။
ငိုချင်နေသော်လည်းမျက်ရည်များကမထွက်တော့ပေ။
မျက်ရည်များကခမ်းသွားခဲ့တာလာ။
ငိုဖို့အင်အားမရှိတော့တာလားပင်မသဲကွဲတော့။
"သားဖေဖေရောအန်တီ"
ဖေဖေဆိုသောစကားကြောင့်ထိုအန်တီ၏မျက်ရည်များမှာပါးပေါ်လှိမ့်ဆင်းလာသည်။
အန်တီ၏အမျိုးသားဖြစ်ဟန်တူသောသူက
ခေါင်းမော့ပြီး မျက်တောင်များအားပုတ်ခတ်နေကာ မငိုမိအောင်ထိန်းထားပုံပင်။
"ကင်မ်...ကင်မ်ကနောက်ဆုံးအချိန်ထိကာကွယ်ပေးခဲ့ပုံပါပဲ"
"စုံထောက်တွေပြောတာတော့ မေချယ့်ကို သူကရင်ခွင်ထဲထည့်ပြီးဖက်ထားခဲ့ပုံပဲတဲ့
အဲ့တာကြောင့် မေချယ့်ရဲ့ရုပ်အလောင်းကအကောင်းတိုင်းရှိနေပြီးတော့ ကင်မ်ရဲ့ရုပ်အလောင်းက...."
အန်တီမှာပြောရန်အားယူနေပုံပင်။ အန်တီ့အမျိုးသားကလည်း အန်တီ့ပုခုံးကိုပုတ်ကာနှစ်သိမ့်ပေးနေသည်။
"ကင်မ်ရဲ့အလောင်းက..ကျိုးကြေပြီး အလောင်းတောင်ကောက်လို့မရတော့ဘူးသားရယ်"
"ဗျာ...."
ထယ်ယောင်းအရုပ်ကြိုးပြတ်လှဲကျသွားသည်။ သူ့ကမ္ဘာကြီးတစ်ခုလုံးမျာ ချာချာလည်သွားသလိုပင်။ နားတွင်လည်းဘာမှမကြားနိုင်တော့။
အန်တီကြီးကလိမ်နေခဲ့တာမလား...
အန်တီကြီးကသူ့ကိုလိမ်နေတာ...
ဖေဖေကဘယ်လိုဖြစ်ပြီး....မဟုတ်သေးဘူးဖေဖေကလူကောင်းတစ်ယောက်။
လူကောင်းကကောင်းတာတွေနဲ့ပဲကြုံရမှာလို့ဖေဖေကပြောဖူးတယ်။
မယုံဘူး!!!
လုံးဝမယုံဘူး....
အသံပင်မထွက်နိုင်တော့သည့်အဆုံး ထယ်ယောင်း၏ကမ္ဘာမှာအမှောင်ကျပြီးတိတ်ဆိတ်သွားသည်။
<Zawgyi>
22.12.2022..
လုံးဝတက်ကြွနေကြသည်။
လိုက်ပါလာရပြန်သည်။
လေယာဉ်ကွင်းတွင်လည်း
မျောက်ကောင်ကြောင့်
တင်း!
အံ့သြလှသည်။
ထပ်အိပ်မယ်လုပ်တုန်း
"ဘာလာလုပ်တာလည် ကိုကို"
ဘယ်လိုများနေကြတာလည်"
လှုပ်နိုးနေသည်။
နှစ်ခါတောင်မပြောရ။
ကိုကိုပြန်တော့"
"မဟုတ်ပါဘူးကွား
အသားဖြူသောကြောင့်
"ဘယ်လိုထွက်လာတာလည်
လိုက်မသွားဖြစ်ခဲ့။
ဘာမှမပြောတာပင်။
ကျောင်းမှစီစဉ်ပေးထားသော
အိပ်မည်လုပ်တုန်း....
တီ....တီ.....တီ......
"Hello..."
ဒုတ်!
"ငါ...ငါ..."
"လေယာဉ်...လေယာဉ်...
စကားများပင်ထစ်ပြီး
ခဏကြာတော့မှ
အရူးလိုဖြစ်နေခဲ့သည်။
"ထယ်...ထယ်လေးမလား...."
"ကိုယ့်နောက်လိုက်ခဲ့"
"ခင်...ခင်ဗျားကဘယ်သူလည်"
မဟုတ်...မဟုတ်ဘူးမလာ?
ရောက်လာခဲ့ကြတာပင်။
"သားဖေဖေရောအန်တီ"
"ဗျာ...."
မယုံဘူး!!!
လုံးဝမယုံဘူး....
Continue Reading
You'll Also Like
745K 29.2K 41
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
870K 36.4K 77
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
937K 16K 41
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
6.7K 389 17