"ခြယ်"

By KhinPhone2001

4K 207 12

'ခြယ်'ဆိုတဲ့ GL ficလေးကပထမဆုံးဖန်တီးဖူးတဲ့အရာလေးဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင် ခင့်အမှားသာဖြစ်ပါတယ်ရှင့်🧡 More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 12
Announcement
Part 13
'စားပွဲပေါ်ကဓာတ်ပုံ'
Part 15
Part 16
Part 17
Part 18

Part 10

155 13 0
By KhinPhone2001

'နိုးပြီလားဂန်ဟန် ဒီညနေအပြင်ထွက်လမ်းလေးဘာလေးလျှောက်ကြမလားဟင်'

'အင်းကောင်းတာပဲ ခြယ့်သဘော။ပြီးတော့ဘာစားချင်တာရှိလဲ ညဈေးဘက်လျှောက်ပြီးမုန့်သွားစားကြမယ်လေ'

'စပ်တာလေးတွေစားချင်တယ်'

'မာလာမောက်ချိုက်စားကြမလား၊အဲ့နားကဆိုင်လေးတွေကောင်းတယ်'

'အင်း စားမှာပေါ့'

ဒီလိုနဲ့ညနေနှစ်ယောက်သား ညဈေးရှိရာဘက်သို့လမ်းလျှောက်ထွက်ခဲ့ကြသည်။

'မာလာမောက်ချိုက်ကို ခြယ်ခုမှစားဖူးတာ၊ကြားဖူးနေတာကြာပီ'

'စားကြည့်တော့ကြိုက်လား၊အင်းအရမ်းကြိုက်တယ်'

အားရပါးရစားရင်းရယ်ရယ်မောမောပြန်ပြောနေသည့်ခြယ့်ကြောင့် ဂန်ဟန်ပါးစပ်ကြီးကလဲပြုံးစိပြုံးစိနှင့် နားရွက်တောင်တက်ချိတ်တော့မလို။

စားပြီးနောက် မပြန်ချင်သေးတာနှင့်ပဲဈေးကိုလျှောက်ကြည့်လိုက်ကြသည်။ပြီးမှ သတိရသွားပြီး 'ခြယ့်'ကိုကျွေးစရာတစ်ခုရှိသေးတယ် လာလိုက်ခဲ့ဟု လက်ကိုဆွဲခေါ်လာခဲ့၏။ကိုယ်ခေါ်ရာသို့ လိုက်ပါလာသည့် ခြယ်ကကလေးငယ်လေးတစ်ယောက်နှင့်ပင်တူနေပြန်သည်။
ထို့ကြောင့်လဲ 'ခြယ်' ကြိုက်မည်အထင်နှင့် ကိုယ်စားနေကြ ice pointသို့ ခေါ်လာရခြင်းဖြစ်သည်။

'ရေခဲမုန့်ကြော်' ဟုဆိုပြီးသူမကိုလှမ်းကြည့်ပြီး ပြောသည်။

'ဟုတ်တယ် ဒါဂန်ဟန်စားနေကြဆိုင်လေ။ဆိုင်ကပြန်တိုင်း အမြဲလိုလိုဒါဝယ်စားတယ်။အမရှယ်လုပ်ပေးနော်'လို့ဆိုင်ရှင်အမကို လှမ်းမှာလိုက်တော့ ဆိုင်ရှင်အမကနားလည်ဟန်နှင့်ခေါင်းညိတ်ပြသည်။

ရရချင်း 'ခြယ့်'ကို ခွံ့လိုက်တော့ 'ခြယ်'ကလဲကြိုက်သွားပုံရသည်။နောက်တစ်ခုထပ်မှာပေးဖို့ပူဆာ၏။

ဒီလိုနဲ့စားပြီးအိမ်သို့ပြန်လျှောက်လာခဲ့ကြသည်။

လမ်းလျှောက်နေရင်းမှ 'ခြယ် ကmarigoldလေးတွေနဲ့လိမ္မော်ရောင်ကိုတော်တော်ကြိုက်တယ် ထင်တယ်နော်'ဟုမေးတော့ စားနေရာမှ 'အင်း လိမ္မော်ရောင်က ခြယ်အကြိုက်ဆုံးအရောင်လေ။အဲ့တာကြောင့် လိမ္မော်ရောင်ခေါက်ထီး၊လိမ္မော်ရောင်အင်္ကျီတွေ၊လိမ္မော်ရောင်ခေါက်ပိုက်ဆံအိတ် အကုန်နီးပါးလိမ္မော်ရောင်လေးတွေချည်းတောင်ဖြစ်နေပြီထင်ပါတယ်။Marigoldကလဲသဘောအကျဆုံးပန်းပေါ့။အဲ့ပန်းလေးတွေကိုမြင်ရင် ပျော်တယ်။Marigoldတွေက ခြယ့်ကိုပျော်စေတယ်လေ'

ဒီလိုဆိုတော့ Marigoldတွေကိုအားကျမိလာတယ်။'ခြယ့်'ကိုပျော်စေတဲ့ အဲ့ဒီ'Marigold'တွေသာ ဂန်ဟန်ဖြစ်လိုက်ချင်မိသားလို့ 'ခြယ့်' ကိုကြည့်ရင်းတွေးနေမိတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ ဘယ်လိုပျော်ရွှင်မှုမျိုးမဆိုဖန်တီးပေးဖို့ ကိုယ်ဟာအဆင်သင့်ဖြစ်နေတဲ့လူတစ်ယောက်အဖြစ်ရှိနေနှင့်ပါပြီ။

'မေးတုန်းကမေးပြီး ဘာတွေစဉ်းစားနေတာလဲ'ဆိုမှအသိပြန်ဝင်လာသည်။

'ဘာမှမတွေးပါဘူး ဟီးဟီး၊ခြယ့်အိမ်ကိုလာတုန်းက Marigoldအပင်လေးတွေ့လို့လေ ပြီးတော့ခြယ့်ကိုတွေ့လိုက်တိုင်းလိမ္မော်ရောင်ပစ္စည်းတစ်ခုခုနဲ့အမြဲတွဲတွဲသတိထားမိနေလို့ မေးကြည့်တာပါ'ဟုစကားကိုအမြန်ပြန်လိုက်ရသေးသည်။

​'နေလဲကောင်းသွားပြီဆိုတော့ ညနေ ခြယ် အိမ်ပြန်တော့မယ်'

သူမနှင့်အတူတူရှိရသောအခိုက်အတန့်လေးကို ပျော်နေမိသည်။အိမ်ပြန်တော့မည်ဟူသော စကားကို ယခုအခါလောကတွင်မကြားချင်ဆုံးဟုဆိုလျှင် ပုံကြီးချဲ့ရာကြလွန်းမလားမသိသည့်တိုင်အောင် အမှန်ပင်ဖြစ်သည်။

လမ်းဆက်လျှောက်ရင်း 'ခြယ်' ကစကားသိပ်မပြောပဲ လမ်းတွေကိုသာကြည့်နေသည်။

'ခြယ် ခြယ်ကဒယ်ဒီဆီကအလုပ်ထွက်လိုက်တော့ နောက်ကျရင်ဘာလုပ်မှာလဲဟင်'

'အင်း ခြယ်လဲစဉ်းစားတုန်းပဲ onlineမှာတော့အလုပ်ခေါ်စာတွေတွေ့လို့လျှောက်ကြည့်ထားတယ်၊ဒီလကုန်မှမရရင်တော့တစ်ခုခုစီစဉ်ရမှာပေါ့။'

'ဒါဆို ဂန်ဟန်ဆိုင်မှာနေမလား'

ရုတ်တရက်ပြောလိုက်သည့်စကားကြောင့် ဟင်ဆိုသည့်အမူအရာနှင့် သူမကိုပြန်ကြည့်သည်။

'ဒီလိုလေ ဂန်ဟန်ကsilk and fabricဆိုင်ဖွင့်ထားတာ ဆိုင်မှာလဲ ဂန်ဟန်နဲ့ဝန်ထမ်းညီမလေး လေးယောက်ပဲရှိတာ။အဲ့ဒီတော့ လောလောဆယ်ခြယ်သဘောကျတဲ့အလုပ်ရှာမတွေ့သေးခင် ဂန်ဟန်နဲ့အတူ ဆိုင်မှာအလုပ်လုပ်မလားလို့ပြောတာပါ'

'အဲ့ဒီလိုဆို ဂန်ဟန်ကရောအဆင်ပြေပါ့မလား။'

'အဆင်ပြေတာပေါ့ ခြယ်ရဲ့။ဘာမပြေစရာရှိလဲ'

'အင်းဒါဆို ခြယ် ဂန်ဟန့်ဆိုင်မှာအလုပ်လုပ်မယ်နော်'

ဒါမှ ဂန်ဟန့်'ခြယ်'ကွ။စိတ်ထဲတွင်အဲ့ဒီလိုထအော်ပစ်လိုက်သည်။အပြင်မှာတော့ပြုံးစိစိနှင့်သာကြည့်နေလိုက်၏။သူမနှင့်နီးကပ်ခွင့်ရသွားပုံက lucky drawအစီအစဉ်တွင်ပါဝင်ကံထူးသွားသည့် လူသားတစ်ဦးလိုပျော်ရွှင်မှုမျိုး။

'ခြယ်ကလဲနော်မသိရင်ရူးနေတဲ့အတိုင်းပဲ သူဌေးဆီကအလုပ်ထွက်ပြီးဂန်ဟန်ဆီမှာအလုပ်ဝင်လုပ်တယ် သူဌေးသာသိရင်တော့စိတ်များဆိုးနေတော့မလားမသိပါဘူး'

'မဆိုးပါဘူးခြယ်ရ အဲ့ဒီလောက်လဲစိုးရိမ်မနေနဲ့'

လာသွားကြမယ် ဟုဆိုကာအိမ်သို့ပြန်လာခဲ့ကြသည်။

တိုက်ပေါ်အရောက် အခန်းရှေ့တွင်ချွတ်ထား​သောဖိနပ်များကြောင့် 'ဟာ ဒုက္ခပဲ ဒီဟာတွေတော့။'

အိမ်ထဲအမောတကောလျှောက်လာပြီး 'ဟဲ့ နင်တို့ကလာမယ်ဆိုလဲငါ့ကိုအရင်ဖုန်းမဆက်ဘူး။မနက်ကပဲ တစ်ယောက်ထဲနားချင်လို့မလာပါနဲ့ဦးဆို။'ဘေးနားတွင်ကိုယ်နှင့်အတူပါလာသည့် 'ခြယ့်'ကိုအထူးအဆန်းနှင့် မျက်တောင်မခက်ပဲ ကြောင်ကြည့်နေကြသည့် တန်နှင့်lexi။

'တစ်ယောက်ထဲနားချင်တယ်ဆိုပြီးအခုတော့စော်လေးနဲ့ပါလား အယ်အယ် ဒါဘယ်သူလဲဘယ်သူလဲဟေ့'ဟုတန်ကပြောတော့'ဟာ ဘယ်ကသာ။ပေါက်ကရတွေမပြောနဲ့ ဟဲ့။ဒါ ဒါအသိအမ အသိအမ'နော် ခြယ် ဟုမျက်လုံးတစ်ဖက်မှိတ်ကာ 'ခြယ့်'ကိုအရိပ်အယောင်ပြလိုက်တော့ 'ခြယ်'က လူကဲခတ်တော်သည့်ဟန်နှင့် 'အင်း'ဟုခေါင်းညိတ်ပြ၏။

'ခြယ် ဒါဂန်ဟန်သူငယ်ချင်း သူကတန်၊သူကlexi။ဒါငါ့အသိအမ ခြယ်လို့ခေါ်တယ်'

'အော် နာမည်လေးကခြယ်တဲ့လား၊နာမည်ရော လူရောလှလိုက်တာ ဒို့ဂန်ဟန်အကြိုက်ပဲ'

'ဟာ နင် ပေါက်ကရတွေမပြောနဲ့ ရော့အထုပ်တွေကူသယ်ပေး'ဟုလှမ်းပြောလိုက်မှပါးစပ်များပိတ်သွားတော့သည်။

ရေခဲသေတ္တာဖွင့်ကာရေသောက်နေသည့်သူမအနားကပ်ကာ 'ဟဲ့ အဲ့တာဟိုတစ်ခါနင်ပြောတဲ့သဘောကျနေတယ်ဆိုတဲ့အမလား။မြင်ဖူးပါတယ်မှတ်နေတာ အန်ကယ်ရုံးကဝန်ထမ်းတွေထဲကထွက်စာတင်သွားတဲ့တစ်ယောက်ကို။ကြည့်စမ်းကြည့်စမ်း အခုတော့အိမ်ထဲထိရောက်အောင်ခေါ်လာနိုင်နေပြီ ငါ့ကောင်တော်လှချည်လား ဟီးဟီး'

သောက်နေသည့်ရေများပင် ဖူးခနဲထွက်ကျလာရသည်။'ဟဲ့ တိုးတိုးပြောစမ်းပါ နင်ဘယ်လိုဖြစ်နေတာလဲ သူကငါသူ့ကိုသဘောကျနေတာတောင်မသိသေးဘူး နင်လုပ်တာနဲ့ပေါ်ကုန်တော့မယ်'

'အေးပါဟဲ့ မေးကြည့်တာပါ ခုထဲကကြောက်နေရတာ တော်ရေ့'

ဆိုဖာပေါ်ငြိမ်ငြိမ်လေးထိုင်နေသည့် 'ခြယ့်'နားသွားကာ 'ခြယ် ဒါဂန်ဟန်သူငယ်ချင်းတွေမို့ ပေါ့ပေါ့ပါးပါးနေနော်။ဘာမှမဖြစ်နဲ့။နေလုံးဝကောင်းမှပြန်ပါ့လား။နေ့လည်ကထိဖျားသေးတာ ညကျထပ်ဖျားရင်ဘယ်လိုလုပ်မလဲ နော်နေကောင်းမှပြန်'

'ရပါတယ် အခုလဲနေကောင်းနေပါပီ ဂန်ဟန်သူငယ်ချင်းတွေရောက်နေတာ အားနာစရာ...'

'အားနာစရာမဟုတ်ပါဘူး နေပါတန်တို့ကဟိုးငယ်ငယ်လေးထဲကပေါင်းလာတာ လူရင်းတွေမို့လွတ်လွတ်လပ်လပ်နေ ခြယ်ကဂန်ဟန်အမဆို တန်တို့အမပဲ'ဆိုပြီး'ခြယ်'့လက်မောင်းသေးသေးလေးကိုတွဲကာ ချော့ပြောလိုက်တော့ခြယ်လဲလက်ခံသွားသည်။

ဒီလိုနှင့်အဲ့ဒီညလေးတစ်ညကတော့ ဂန်ဟန်ချစ်သောလူသားများနှင့်အတူ ကုန်မှန်မသိကုန်ဆုံးသွားမည်ထင်သည်။

Continue Reading

You'll Also Like

3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.7M 125K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
290K 33.5K 84
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
4.7M 298K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...