Unicode version
ပိတ်ရက်တစ်ရက်ကို အတူအချိန်ကုန်ဆုံးပြီးနောက် မြူရှင်းနှင့်Kiraတို့၏ ဆက်ဆံရေးသည် ပို၍ရင်းနှီးလာသယောင်ရှိသည်။ဟိုအရင်က သိုင်းဘုန်းရှိန်ခန့်တစ်ဦးတည်းနှင့်သာ တွဲတွေ့ရတတ်သော Kira၏နံဘေးတွင် အကောင်သေးသေးလေးနှစ်ကောင်ရှိနေတတ်ပြီဖြစ်သည်။
တည်တည်တံ့တံ့နှင့် ပြုံးခဲသော Kiraကိုလည်း ရယ်လျှက်ပြုံးလျှက်ဖြင့် မကြာခဏတွေ့ရတတ်သောကြောင့် Kiraတစ်ယောက်ထူးခြားနေတာကို တော်တော်များများသတိထားမိကြသည်။
ယခုတော့ Kiraကိုပြုံးရယ်စေတဲ့တရားခံလေးက canteenမှာ မှုန်ကုပ်ကုပ်ကောင်လေးနဲ့ မျက်နှာချင်းဆိုင်တူတူထိုင်ပြီး ပဲနို့ဘူးသေးသေးလေးကိုသောက်လျှက် ဟိုကြည့်ဒီကြည့်လုပ်နေလေ၏။
ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်နေတာမို့ ပဲနို့သောက်နေတဲ့မုန်ညင်းထုပ်လေးဟာ Hoddieထဲမှာမြုပ်နေပြီး လုံးလုံးလေးဖြစ်နေလေရဲ့။ခြေကျင်းဝတ်ထိရှည်တဲ့ style pantကိုဝတ်ထားတဲ့ ခြေထောက်သွယ်သွယ်လေးကိုလည်း ဆန့်တန်းထားရင်း တလှုပ်လှုပ်ထိုင်နေတဲ့ မြင်ကွင်းကို Kiraတစ်ယောက် အသည်းယားစွာပြုံးလျှက်ကြည့်နေတာကြောင့် မှာထားတဲ့အစားအစာပေးနေတာကိုတောင် မကြားနိုင်ဖြစ်သွားရ၏😆။
"Kira !!
ဟေ့ကောင်
ဟ
Kiraရေ...အဖေရဲ့ မှာထားတာလေးလှည့်ယူပါဦး"
သူခေါ်တာကို တော်တော်နဲ့မကြားနိုင်တာကြောင့်မို့ သိုင်းဘုန်းတစ်ယောက် သူ့ကိုယ်သူတစ္ဆေ၊သရဲများဖြစ်နေပြီလားဆိုတဲ့သံသယနဲ့ ပါးရိုက်ကြည့် ဆွဲစိတ်ကြည့်လုပ်နေရသေးသည်။အသက်ရှင်နေတာသေချာသွားမှပဲ အစားအစာဗန်းတွေကို မထုံတတ်သေးလုပ်ပြီး ယူနေတဲ့ နားကန်းကောင်Kiraကို မျက်စောင်းပိတ်ထိုးပစ်လိုက်သည်။
Kiraကိုမျက်စောင်းထိုးပြီး မျက်လုံးကိုအနည်းငယ်ဝေ့ကြည့်တော့ မိမိကို အခိုးအငွေ့တွေထွက်မတတ် မျက်လုံးကြီးနဲ့ကြည့်နေတဲ့ ကလေးလေးကိုမြင်လိုက်မိတော့ စားပွဲရှိရာအပြေးလေးသွားလိုက်ရသည်။
"အခမ်း
ကလေးလေး
ဒီမှာ အခမ်းသဘောကျတဲ့ စားစရာတွေချည်းပဲ ပူနေတုန်းလေးမြန်မြန်စားလိုက်"
"သောက်စရာကရော"
"ဟမ်"
"သောက်စရာကရောလို့ !!!မေ့လာပြန်ပြီမို့လား ဟမ်ဟမ်။ အမြဲဒီလိုချည်းပဲ။ဒါကြောင့်မို့ ကိုယ်တိုင်သွားမှာချင်ပါတယ်လို့ပြောလည်းမရဘူး။သိုင်းစုတ်သိုင်းနာကောင်ကြီးရဲ့ "
"မှာထားပြီးပြီ နှစ်ယောက်လုံးအတွက်Grapefruit juiceပဲ။အဆင်ပြေကြတယ်မို့လား "
မှာထားတဲ့စားစရာတွေကို စားပွဲပေါ်ချရင်းပြောလာတဲ့Kira။
"Grape fruitကြိုက်တာက မြူရှင်းလေ။ဘာလို့ မမေးမမြန်းနဲ့ အခမ်းအတွက်ပါ ဝယ်လာရတာလဲ ခွေးကောင်ရ"
မကျေမနပ်ရေရွတ်နေတဲ့ သိုင်းကောင်ကို Kiraမျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး
"မင်းမှာတဲ့ထဲ သောက်စရာတောင်တစ်ခုပါမနေတာကို ဝယ်လာပေးတဲ့ငါ့ကို အပြစ်တင်နေတာလား။ဒါဆို ဒီဟာကိုငါယူမယ်။ဟိုနေရာမှာတန်းစီစောင့်ပြီး အသစ်တစ်ခုသွားယူလိုက်တော့"
"Owe...တော်ပြီတော်ပြီ ထပ်မယူနဲ့တော့ မစောင့်နိုင်ပါဘူး။ဒါပဲသောက်လို့ရပါတယ်။ဘာမှမသောက်ရတာထက်စာရင် ဒါကအများကြီးပိုကောင်းတယ်။ဟုတ်တယ်မို့လား သိုင်း ဘုန်း ရှိန် ခန့်"
နောက်ဆုံးစကားလုံးလေးလုံးကို အံကြိတ်သံကြီးနဲ့ နာနာဖိပြောလိုက်တဲ့ ကလေးလေးကိုကြည့်ပြီး သိုင်းဘုန်းကျောပင်စိမ့်သွားသလို။
'ခံလိုက်စမ်း သိုင်းဘုန်း။နမော်မဲ့နမာမဲ့ မေ့တတ်လိုက်စမ်း'
"ကြက်ဥလိပ်ကြိုက်တယ်မို့လား မုန်မုန်လေး...
ကိုယ့်ထဲမှာ အများကြီးပိုနေတယ်"
"အွန်း...ဒီနေ့ ဒီဟာကြီးမစားချင်ဘူး။Kiraပဲယူလိုက်တော့"
သိုင်းဘုန်းသွေးအန်ချင်စိတ်ပင်ပေါက်သွားရသည်။အဲ့လိုမျိုး တစ်ယောက်ဟင်းတစ်ယောက်ထည့်ပေးနေမယ့်အစား ပန်းကန်လဲစားလိုက်ကြပါတော့လား...ဘာလို့လဲ ဘာလို့လဲ။တွေးနေရင်းနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ခမ်းညားရဲ့ ပန်းကန်ထဲက ခါကြက်ဥလေးတွေယူစားမိတော့
"ဒေါင်"
ဆိုတဲ့အသံကြီးကြားလိုက်ရပြီး ခမ်းညားကအော်ပါတော့တယ်။
"အီးဟီး...ခါကြက်ဥလေးတွေကို နောက်ဆုံးမှစားချင်လို့ တမင်ချန်ထားပါတယ်ဆို ယူစားရသလား သိုင်းကောင်စုတ်ကြီးရဲ့!!"
သိုင်းဘုန်းတစ်ယောက် ဖျော်ရည်ထည့်လာတဲ့ လင်ဗန်းနဲ့အခေါက်ခံလိုက်ရတဲ့ သူ့ရဲ့သနားစရာခေါင်းလေးကို လက်ကလေးနှစ်ဖက်နဲ့ဖိပွတ်ရင်း
"အိုးဟိုး....အရိုးထဲကအင်အားတွေနဲ့မို့လားမသိဘူး။ဆိမ့်သွားတာပဲအခမ်းရယ်။စားလိုက်မိတဲ့ ခါကြက်ဥတောင် ဒီလောက်မဆိမ့်ဘူးရယ်။ရော့ရော့ ဒီမှာ ကိုကို့ထဲကယူစား"
ပြောရင်းနဲ့ပဲ အသီးစုံကြော်ထဲက ခါကြက်ဥလေးတွေရွေးထည့်ပေးမှ ဆူဆူပုတ်ပုတ်နဲ့ ငုံ့စားနေလေရဲ့။
"စားနေတဲ့အချိန်လေးပဲ ချစ်စရာကောင်းတယ်"
"ဘာ"
"ခါကြက်ဥလေးလှီးထားတာချစ်စရာကောင်းတယ်လို့ပြောတာပါ ကလေးရယ်...စားစား"
Kiraလည်း တစ်နေတစ်နေ့ မရိုးနိုင်တဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ဒီနှစ်ယောက်ကို ကြည့်ရင်း စားလက်စတူကိုချကာ တခစ်ခစ်ရယ်မောနေတဲ့ မြူရှင်းကို ကြည့်မိလိုက်၏ ။
ဖြူစင်တယ်
အပြစ်ကင်းတယ်
ဟန်မဆောင်တတ်ဘူး
ပြီးတော့...အမြဲတမ်းချစ်စရာကောင်းနေတာပဲ။
မြူရှင်းကိုကို ဆိုတဲ့ကောင်လေးအကြောင်းကို Kiraအများကြီးမသိပေမယ့် ဒီအချက်တွေကိုတော့ သေချာသိသည်။တွေ့ကြုံခဲ့ဖူးသမျှလူတွေထဲမှာ မြူရှင်းကသူ့အတွက်ထူးခြားသည်။
အမြဲတမ်း ပျော်ပျော်လေးနေတတ်တဲ့ မြူရှင်းကိုကြည့်လျှင်happy vibeအပြည့်ရသည်။တစ်ခါတစ်ရံစိတ်ညစ်ညူးတဲ့အချိန်မှာလည်း စိတ်ကိုhealingဖြစ်စေတဲ့ တစ်ဦးတည်းသော လူသားလေးဖြစ်၏။
အကျဥ်းချုပ်ကြည့်ရင် မြူရှင်းကိုကိုဟာ Kiraအတွက်အဖိုးတန်သည်။
မြူရှင်းလည်း ခမ်းညားတို့ရန်ဖြစ်နေတာကိုကြည့်နေရင်း Kiraဘက်ကို မတော်တဆအကြည့်ရောက်မိတော့ ခေါင်းကိုငုံ့ထားပြီး ဘာတွေတွေးပြီးပြုံးရယ်နေမှန်းမသိ။
ချောင်းတစ်ချက်ဟန့်ပြီးခေါင်းမော့အလာ...အကြည့်မလွှဲမိလိုက်တဲ့ မြူရှင်းနဲ့မျက်လုံးချင်းဆုံတော့ Kiraမျက်နှာတည်သွားပြီး မြူရှင်းကို ပြန်စိုက်ကြည့်လိုက်သည်။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
ကလင် ကလင် ကလင်
~~ပထမနှစ် Section Bမှ ကျောင်းသားကျောင်းသူများ ၅မိနစ်အချိန်အတွင်း သတ်မှတ်ထားတဲ့ စုဝေးကွင်းသို့ လာရောက်ပေးကြပါရန်။ပထမနှစ် SectionBမှကျောင်း...~~
"ခေါ်နေပြီ အခမ်း ခေါ်နေပြီ။ဒါတွေထားခဲ့လိုက်တော့ ကိုကိုတို့ရှင်းလိုက်တော့မယ်။မြူရှင်း!!အဲ့grate fruitဗူးကိုချစမ်း အခုသွားတော့"
သွားခါနီးကို ကုန်းကုန်းကြီးလုပ်ပြီး လက်ကျန်Grate fruit juiceတွေကိုအကုန်သောက်နေတဲ့ မြူရှင်းကိုကြည့်ပြီး သိုင်းဘုန်းက သွေးတိုးနေသလောက် တစ်စုံတစ်ယောက်ကတော့ လက်ပိုက်ပြီး ကြည်ကြည်နူးနူးကြည့်နေလေရဲ့။
မကြာခင်မှာပဲ နေရာအသီးသီးကထွက်လာကြတဲ့ Sec B studentsတွေကြောင့် One ဟာ ပိုပြီးသက်ဝင်လှုပ်ရှားလာတော့၏....။
Zawgyi version
ပိတ္ရက္တစ္ရက္ကို အတူအခ်ိန္ကုန္ဆံုးၿပီးေနာက္ ျမဴရွင္းႏွင့္Kiraတို႔၏ ဆက္ဆံေရးသည္ ပို၍ရင္းႏွီးလာသေယာင္ရိွသည္။ဟိုအရင္က သိုင္းဘုန္းရိွန္ခန္႔တစ္ၪီးတည္းႏွင့္သာ တြဲေတြ့ရတတ္ေသာ Kira၏နံေဘးတြင္ အေကာင္ေသးေသးေလးႏွစ္ေကာင္ရိွေနတတ္ၿပီျဖစ္သည္။
တည္တည္တံ့တံ့ႏွင့္ ၿပံဳးခဲေသာ Kiraကိုလည္း ရယ္လ်ွက္ၿပံဳးလ်ွက္ျဖင့္ မၾကာခဏေတြ့ရတတ္ေသာေၾကာင့္ Kiraတစ္ေယာက္ထူးျခားေနတာကို ေတာ္ေတာ္မ်ားမ်ားသတိထားမိၾကသည္။
ယခုေတာ့ Kiraကိုၿပံဳးရယ္ေစတဲ့တရားခံေလးက canteenမွာ မႈန္ကုပ္ကုပ္ေကာင္ေလးနဲ႔ မ်က္ႏွာခ်င္းဆိုင္တူတူထိုင္ၿပီး ပဲႏို႔ဘူးေသးေသးေလးကိုေသာက္လ်ွက္ ဟိုၾကည့္ဒီၾကည့္လုပ္ေနေလ၏။
ရာသီဥတုက ေအးစိမ့္စိမ့္ျဖစ္ေနတာမို႔ ပဲႏို႔ေသာက္ေနတဲ့မုန္ညင္းထုပ္ေလးဟာ Hoddieထဲမွာျမဳပ္ေနၿပီး လံုးလံုးေလးျဖစ္ေနေလရဲ့။ေျခက်င္းဝတ္ထိရွည္တဲ့ style pantကိုဝတ္ထားတဲ့ ေျခေထာက္သြယ္သြယ္ေလးကိုလည္း ဆန္႔တန္းထားရင္း တလႈပ္လႈပ္ထိုင္ေနတဲ့ ျမင္ကြင္းကို Kiraတစ္ေယာက္ အသည္းယားစြာၿပံဳးလ်ွက္ၾကည့္ေနတာေၾကာင့္ မွာထားတဲ့အစားအစာေပးေနတာကိုေတာင္ မၾကားႏိုင္ျဖစ္သြားရ၏😆။
"Kira !!
ေဟ့ေကာင္
ဟ
Kiraေရ...အေဖရဲ့ မွာထားတာေလးလွည့္ယူပါၪီး"
သူေခၚတာကို ေတာ္ေတာ္နဲ႔မၾကားႏိုင္တာေၾကာင့္မို႔ သိုင္းဘုန္းတစ္ေယာက္ သူ႔ကိုယ္သူတစၧေ၊သရဲမ်ားျဖစ္ေနၿပီလားဆိုတဲ့သံသယနဲ႔ ပါးရိုက္ၾကည့္ ဆြဲစိတ္ၾကည့္လုပ္ေနရေသးသည္။အသက္ရွင္ေနတာေသခ်ာသြားမွပဲ အစားအစာဗန္းေတြကို မထံုတတ္ေသးလုပ္ၿပီး ယူေနတဲ့ နားကန္းေကာင္Kiraကို မ်က္ေစာင္းပိတ္ထိုးပစ္လိုက္သည္။
Kiraကိုမ်က္ေစာင္းထိုးၿပီး မ်က္လံုးကိုအနည္းငယ္ေဝ့ၾကည့္ေတာ့ မိမိကို အခိုးအေငြ့ေတြထြက္မတတ္ မ်က္လံုးႀကီးနဲ႔ၾကည့္ေနတဲ့ ကေလးေလးကိုျမင္လိုက္မိေတာ့ စားပြဲရိွရာအေျပးေလးသြားလိုက္ရသည္။
"အခမ္း
ကေလးေလး
ဒီမွာ အခမ္းသေဘာက်တဲ့ စားစရာေတြခ်ည္းပဲ ပူေနတုန္းေလးျမန္ျမန္စားလိုက္"
"ေသာက္စရာကေရာ"
"ဟမ္"
"ေသာက္စရာကေရာလို႔ !!!ေမ့လာျပန္ၿပီမို႔လား ဟမ္ဟမ္။ အၿမဲဒီလိုခ်ည္းပဲ။ဒါေၾကာင့္မို႔ ကိုယ္တိုင္သြားမွာခ်င္ပါတယ္လို႔ေျပာလည္းမရဘူး။သိုင္းစုတ္သိုင္းနာေကာင္ႀကီးရဲ့ "
"မွာထားၿပီးၿပီ ႏွစ္ေယာက္လံုးအတြက္Grapefruit juiceပဲ။အဆင္ေျပၾကတယ္မို႔လား "
မွာထားတဲ့စားစရာေတြကို စားပြဲေပၚခ်ရင္းေျပာလာတဲ့Kira။
"Grape fruitႀကိဳက္တာက ျမဴရွင္းေလ။ဘာလို႔ မေမးမျမန္းနဲ႔ အခမ္းအတြက္ပါ ဝယ္လာရတာလဲ ေခြးေကာင္ရ"
မေက်မနပ္ေရရြတ္ေနတဲ့ သိုင္းေကာင္ကို Kiraမ်က္လံုးတစ္ခ်က္လွန္ၾကည့္လိုက္ၿပီး
"မင္းမွာတဲ့ထဲ ေသာက္စရာေတာင္တစ္ခုပါမေနတာကို ဝယ္လာေပးတဲ့ငါ့ကို အျပစ္တင္ေနတာလား။ဒါဆို ဒီဟာကိုငါယူမယ္။ဟိုေနရာမွာတန္းစီေစာင့္ၿပီး အသစ္တစ္ခုသြားယူလိုက္ေတာ့"
"Owe...ေတာ္ၿပီေတာ္ၿပီ ထပ္မယူနဲ႔ေတာ့ မေစာင့္ႏိုင္ပါဘူး။ဒါပဲေသာက္လို႔ရပါတယ္။ဘာမွမေသာက္ရတာထက္စာရင္ ဒါကအမ်ားႀကီးပိုေကာင္းတယ္။ဟုတ္တယ္မို႔လား သိုင္း ဘုန္း ရိွန္ ခန္႔"
ေနာက္ဆံုးစကားလံုးေလးလံုးကို အံႀကိတ္သံႀကီးနဲ႔ နာနာဖိေျပာလိုက္တဲ့ ကေလးေလးကိုၾကည့္ၿပီး သိုင္းဘုန္းေက်ာပင္စိမ့္သြားသလို။
'ခံလိုက္စမ္း သိုင္းဘုန္း။နေမာ္မဲ့နမာမဲ့ ေမ့တတ္လိုက္စမ္း'
"ၾကက္ဥလိပ္ႀကိဳက္တယ္မို႔လား မုန္မုန္ေလး...
ကိုယ့္ထဲမွာ အမ်ားႀကီးပိုေနတယ္"
"အြန္း...ဒီေန့ ဒီဟာႀကီးမစားခ်င္ဘူး။Kiraပဲယူလိုက္ေတာ့"
သိုင္းဘုန္းေသြးအန္ခ်င္စိတ္ပင္ေပါက္သြားရသည္။အဲ့လိုမ်ိဳး တစ္ေယာက္ဟင္းတစ္ေယာက္ထည့္ေပးေနမယ့္အစား ပန္းကန္လဲစားလိုက္ၾကပါေတာ့လား...ဘာလို႔လဲ ဘာလို႔လဲ။ေတြးေနရင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ ခမ္းညားရဲ့ ပန္းကန္ထဲက ခါၾကက္ဥေလးေတြယူစားမိေတာ့
"ေဒါင္"
ဆိုတဲ့အသံႀကီးၾကားလိုက္ရၿပီး ခမ္းညားကေအာ္ပါေတာ့တယ္။
"အီးဟီး...ခါၾကက္ဥေလးေတြကို ေနာက္ဆံုးမွစားခ်င္လို႔ တမင္ခ်န္ထားပါတယ္ဆို ယူစားရသလား သိုင္းေကာင္စုတ္ႀကီးရဲ့!!"
သိုင္းဘုန္းတစ္ေယာက္ ေဖ်ာ္ရည္ထည့္လာတဲ့ လင္ဗန္းနဲ႔အေခါက္ခံလိုက္ရတဲ့ သူ႔ရဲ့သနားစရာေခါင္းေလးကို လက္ကေလးႏွစ္ဖက္နဲ႔ဖိပြတ္ရင္း
"အိုးဟိုး....အရိုးထဲကအင္အားေတြနဲ႔မို႔လားမသိဘူး။ဆိမ့္သြားတာပဲအခမ္းရယ္။စားလိုက္မိတဲ့ ခါၾကက္ဥေတာင္ ဒီေလာက္မဆိမ့္ဘူးရယ္။ေရာ့ေရာ့ ဒီမွာ ကိုကို႔ထဲကယူစား"
ေျပာရင္းနဲ႔ပဲ အသီးစံုေၾကာ္ထဲက ခါၾကက္ဥေလးေတြေရြးထည့္ေပးမွ ဆူဆူပုတ္ပုတ္နဲ႔ ငံု႔စားေနေလရဲ့။
"စားေနတဲ့အခ်ိန္ေလးပဲ ခ်စ္စရာေကာင္းတယ္"
"ဘာ"
"ခါၾကက္ဥေလးလွီးထားတာခ်စ္စရာေကာင္းတယ္လို႔ေျပာတာပါ ကေလးရယ္...စားစား"
Kiraလည္း တစ္ေနတစ္ေန့ မရိုးႏိုင္တဲ့တိုက္ပြဲေတျြဖစ္ေနတဲ့ ဒီႏွစ္ေယာက္ကို ၾကည့္ရင္း စားလက္စတူကိုခ်ကာ တခစ္ခစ္ရယ္ေမာေနတဲ့ ျမဴရွင္းကို ၾကည့္မိလိုက္၏ ။
ျဖဴစင္တယ္
အျပစ္ကင္းတယ္
ဟန္မေဆာင္တတ္ဘူး
ၿပီးေတာ့...အၿမဲတမ္းခ်စ္စရာေကာင္းေနတာပဲ။
ျမဴရွင္းကိုကို ဆိုတဲ့ေကာင္ေလးအေၾကာင္းကို Kiraအမ်ားႀကီးမသိေပမယ့္ ဒီအခ်က္ေတြကိုေတာ့ ေသခ်ာသိသည္။ေတြ့ႀကံဳခဲ့ဖူးသမ်ွလူေတြထဲမွာ ျမဴရွင္းကသူ႔အတြက္ထူးျခားသည္။
အၿမဲတမ္း ေပ်ာ္ေပ်ာ္ေလးေနတတ္တဲ့ ျမဴရွင္းကိုၾကည့္လ်ွင္happy vibeအျပည့္ရသည္။တစ္ခါတစ္ရံစိတ္ညစ္ၫူးတဲ့အခ်ိန္မွာလည္း စိတ္ကိုhealingျဖစ္ေစတဲ့ တစ္ၪီးတည္းေသာ လူသားေလးျဖစ္၏။
အက်ဥ္းခ်ဳပ္ၾကည့္ရင္ ျမဴရွင္းကိုကိုဟာ Kiraအတြက္အဖိုးတန္သည္။
ျမဴရွင္းလည္း ခမ္းညားတို႔ရန္ျဖစ္ေနတာကိုၾကည့္ေနရင္း Kiraဘက္ကို မေတာ္တဆအၾကည့္ေရာက္မိေတာ့ ေခါင္းကိုငံု႔ထားၿပီး ဘာေတြေတြးၿပီးၿပံဳးရယ္ေနမွန္းမသိ။
ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီးေခါင္းေမာ့အလာ...အၾကည့္မလႊဲမိလိုက္တဲ့ ျမဴရွင္းနဲ႔မ်က္လံုးခ်င္းဆံုေတာ့ Kiraမ်က္ႏွာတည္သြားၿပီး ျမဴရွင္းကို ျပန္စိုက္ၾကည့္လိုက္သည္။
တစ္စကၠန္႔
ႏွစ္စကၠန္႔
သံုးစကၠန္႔
ကလင္ ကလင္ ကလင္
~~ပထမႏွစ္ Section Bမွ ေက်ာင္းသားေက်ာင္းသူမ်ား ၅မိနစ္အခ်ိန္အတြင္း သတ္မွတ္ထားတဲ့ စုေဝးကြင္းသို႔ လာေရာက္ေပးၾကပါရန္။ပထမႏွစ္ SectionBမွေက်ာင္း...~~
"ေခၚေနၿပီ အခမ္း ေခၚေနၿပီ။ဒါေတြထားခဲ့လိုက္ေတာ့ ကိုကိုတို႔ရွင္းလိုက္ေတာ့မယ္။ျမဴရွင္း!!အဲ့grate fruitဗူးကိုခ်စမ္း အခုသြားေတာ့"
သြားခါနီးကို ကုန္းကုန္းႀကီးလုပ္ၿပီး လက္က်န္Grate fruit juiceေတြကိုအကုန္ေသာက္ေနတဲ့ ျမဴရွင္းကိုၾကည့္ၿပီး သိုင္းဘုန္းက ေသြးတိုးေနသေလာက္ တစ္စံုတစ္ေယာက္ကေတာ့ လက္ပိုက္ၿပီး ၾကည္ၾကည္ႏူးႏူးၾကည့္ေနေလရဲ့။
မၾကာခင္မွာပဲ ေနရာအသီးသီးကထြက္လာၾကတဲ့ Sec B studentsေတြေၾကာင့္ One ဟာ ပိုၿပီးသက္ဝင္လႈပ္ရွားလာေတာ့၏....။
Recommended song for this chapter - Make it right by 방탄소년단 feats Lauv