ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.2K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၅၉

4K 883 22
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၅၉: ဒူဒူက မိဘတွေနှင့် တွေ့နေပြီ

"မိုရိယန် လွှတ်လိုက်စမ်း!" 

မေမေမိုက တခါမှ ဒီလောက် အရှက်ရတာမျိုး မခံစားခဲ့ဖူးပေ။ ဆယ်မိနစ်ခန့်ကြာပြီးနောက် သူမက ရေသောက်လိုက်ပြီး ဆရာဝန်က စစ်ဆေးဖို့ လာခဲ့ပေမယ့် မိုရိယန်က ချန်ကျောင်ကို သူ့အပိုင်လို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူအနိုင်ကျင့်ခံနေရတာပါလို့ ထုတ်ပြနေတဲ့အမူအရာဖြင့် ချန်ကျောင်က  ကြောက်ရွံ့နေတဲ့ တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ကုတင်အစွန်းတွင် ရပ်နေကာ လှုပ်တောင် မလှုပ်ရဲပေ။

မိုရိယန်က အစတုန်းက အနေအထားအတိုင်း ဇွတ်အတင်း ထိန်းထားပေမယ့် သူ့ရဲ့ ဆုပ်ကိုင်ထားတဲ့ခွန်အားက အနည်းငယ် လျော့ပါးသွားခဲ့သည်။

"ချန်ကျောင်လား"

မိုရိယန်က သူ့ရှေ့ရှိလူရဲ့ အထောက်အထားကို ဆုံးဖြတ်ရန် ဘယ်နှစ်ကြိမ်တောင် မေးနေခဲ့မိမှန်း မသိတော့ပေမယ့် ချန်ကျောင်က စိတ်ရှည်စွာ တုံ့ပြန်ဆဲဖြစ်သည်။ 

"ဟုတ်ပါတယ်"

"မင်းက...ရိချန်ရဲ့နောက်လိုက်လား"

မိုရိယန်က သူကအရင်က လက်ထောက်ဝတုတ်ဖြစ်တယ် ဆိုတာကို မယုံသေးကြောင်း သိလိုက်ရသဖြင့် ချန်ကျောင်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ကာ သူ့လက်ကောက်ဝတ်ကို ထပ်မံဆွဲထုတ်ဖို့ ကြိုးစားလိုက်သည်။ 

"bossမို ဘာလို့ ရေတစ်ခွက်လောက်မသောက်ရတာလဲ"

ဒါက မိုရိယန် အိပ်မက်မှ နိုးလာခဲ့ပြီဆိုတာ သိသွားပြီဖြစ်သည်။ သူ ထွက်သွားမှာ မဟုတ်ကြောင်း သေချာမှ ရေတစ်ခွက် ယူပေးဖို့ လွှတ်ပေးလိုက်သည်။

မေမေမိုက မိုရိရှုကို လူနာခန်းထဲမှ ဆွဲထုတ်လာခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် တင်းမာသောအမူအရာဖြင့်

 "အခု ဘာတွေဖြစ်နေတာလဲ"

မိုရိရှုက ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြလိုက်သည်။  

"အဲဒါက အစ်ကိုကြီး အိပ်ရာက နိုးခါစမို့ နည်းနည်းမတည်မငြိမ် ဖြစ်နေတာ နေမှာပါ။ ကျွန်တော်က အစ်ကိုချန့်ကို ကူညီချင်ခဲ့တာပါ။ မေမေ ဘာမှ လျှောက်တွေးမနေနဲ့ဦး"

သူ့ရှင်းပြချက်ကိုကြားတော့ မေမေမို အနည်းငယ် စိတ်အေးသွားခဲ့သည်။ သားတစ်ယောက်က ယောက်ျားတွေကို သဘောကျရုံနဲ့ လုံလောက်နေပြီ။ နောက်တစ်ယောက်ရောဆိုရင် သူမရဲ့ နှလုံးသားကို သည်းမခံနိုင်လောက်အောင် ဖြစ်လိမ့်မည်။

"ဒါပေမယ့် ဒီချန်ကျောင်က တော်တော်လေး မျက်စိကျစရာကောင်းတယ်။ ရိချန်အနားမှာ အလုပ်လုပ်နေတာ ခဏခဏတွေ့ဖူးတယ်။ သူက ​အောက်သက်ကျေပြီး အရင်က မင်းအစ်ကိုကြီးနားမှာ ရှိခဲ့တဲ့သူတွေထက် အများကြီး ပိုကောင်းတယ်" 

သူမက မိုရိယန်သောက်ဖို့ ရေကို ကိုင်ထားတဲ့ ဆေးရုံခန်းထဲက ချန်ကျောင်ကို ကြည့်လိုက်သည်။

အခွင့်အလမ်းကိုမြင်တော့ မိုရိရှုက ချက်ချင်းပဲ ထိုးဖောက်ဝင်ရောက်လိုက်သည်။  

"ဒါဆို မေမေရဲ့ အဓိပ္ပါယ်က အစ်ကိုကြီးနဲ့ အစ်ကိုချန် အတူတူရှိနေတာကို ထောက်ခံတာလား" 

ဒီနေ့ ဖြစ်ပျက်ခဲ့တာကို မြင်တော့ သူ့အစ်ကိုကြီးနဲ့ ချန်ကျောင်က အရမ်းနီးကပ်နေတယ်ဆိုတာကို သူ့စိတ်ထဲမှာ မှန်းဆမိလိုက်သည်။

မေမေမိုက တွေးတောရင်း မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ 

"မင်းအစ်ကိုကြီး နေမကောင်းဘူးဆိုတာ မင်းသိတယ်မို့လား။ သူတကယ်ကြိုက်တာတွေ့ရင် မေမေက သူ့ကိုတားမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့ မင်းရဲ့ ဒုတိယအစ်ကိုကတော့ ဒီလိုအမှားမျိုး ထပ်လုပ်လို့ မဖြစ်ဘူးနော် နားလည်လား"

မိုရိရှုက သူ့ကိုယ်သူ စိတ်ပူမနေပေမယ့် မိုရိချန်နှင့်ဒူဒူတို့ကို တွေးမိရင်း အနည်းငယ် စိတ်မပူဘဲ မနေနိုင်တော့ပေ။ သူက ပြုံးဖို့ အားယူလိုက်ပြီး "မေမေ...စိတ်ချထားလို့ရပါတယ်"


အချိန်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ယွမ်းစွော်က ပုံဆွဲခြင်းက သူ့ရဲ့ပထမဆုံးအချစ်ဖြစ်တာကြောင့် အင်တာဗျူးကို သဘောတူဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ရုပ်ပြတွေက မိုရိချန်နှင့် သူ့ရဲ့ဘဝအပေါ်အခြေခံထားပြီး လေးနက်တဲ့ အဓိပ္ပါယ် ရှိသည်။ သူ့စာဖတ်သူတွေနှင့် ဆက်သွယ်ဖို့ အခွင့်အရေးကို လက်လွတ်မခံချင်ပေ။

"စိတ်မပူပါနဲ့ ဒီလိုအင်တာဗျူးအတွက် တည်နေရာရွေးချယ်မှုမျိုးက လိုက်လျောညီထွေဖြစ်ပြီး အချိန်ရောက်လာရင် မင်းရဲ့ဘေးမှာ ကိုယ်ရှိနေမှာပါ" 

မိုရိချန်က အသေးလေး အင်တာဗျူးကို သဘောတူပြီးကတည်းက စိတ်အနှောက်အယှက်ဖြစ်နေကြောင်း တွေ့ခဲ့သည်။

"အွမ်း" 

မိုရိချန်ရဲ့အားသက်သရော အကြည့်ကို မြင်လိုက်ရတော့ ယွမ်းစွော်ရဲ့ယုံကြည်ချက်က ချက်ချင်း တိုးလာခဲ့သည်။

"နောက်ကျရင် အစ်ကိုကြီးကို တွေ့တဲ့အခါ မကြောက်နဲ့နော်။ သူက ပေါင်းသင်းရနည်းနည်းခက်ပုံပေါ်ပေမယ့် သူမင်းကို သဘောကျမှာ သေချာပါတယ်"

 ကြော်ငြာရိုက်ကူးပြီးနောက် မိုရိချန်က ယွမ်းစွော်ကို  ပထမဆုံးအနေဖြင့် လူနာသွားကြည့်ဖို့  ဆေးရုံသို့ ခေါ်သွားခဲ့သည်။

ယွမ်းစွော်က ခဏလောက် အေးခဲသွားပြီး မေးလိုက်သည်။ 

"ဘာလို့လဲ... သူက ဘာလို့ ကျွန်တော့်ကို သေချာပေါက် သဘောကျရမှာလဲ"

မိုရိချန်က ပြုံးပြီး လှည့်လိုက်ရင် သူ့နှာခေါင်းထိပ်ကို ထိလုနီးပါး ရှေ့ကို တိုးသွားကာ 

"ကိုယ့်ရဲ့ဒူဒူက အရမ်းချစ်ဖို့ကောင်းတာ။ ဘယ်သူက သူ့ကို မကြိုက်ပဲ နေနိုင်မှာလဲ"

ယွမ်းစွော်က သူများကြားသွားမှာ စိုးတာကြောင့်  ရှက်သွားပြီး ရှေ့မှ ယာဉ်မောင်းကို မသိစိတ်မှ လှမ်းကြည့်လိုက်သည်။ ယာဥ်မောင်းက မတ်မတ်ထိုင်နေသေးသော်လည်း သူ့ရဲ့တောင့်တင်းနေတဲ့လည်ပင်းက သူ့ကို သစ္စာဖောက်နေခဲ့သည်။

ယာဉ်မောင်းက မိုရိချန်နှင့် ယွမ်းစွော်ရဲ့နောက်တွင် သစ်သီးခြင်းတောင်းကို လက်ထဲတွင် ကိုင်ကာ လိုက်လာခဲ့သည်။

အဝေးတွင်  အရပ်ရှည်ရှည်ဆယ်ကျော်သက်လေးက  လူနာခန်းအဝင်ဝတွင် ရပ်နေတာကို နှစ်ယောက်သား တွေ့လိုက်ရသည်။ ဒီလိုပဲ မိုရိရှုကလည်း သူ့ဒုတိယအစ်ကိုကိုမြင်ပြီး သူ့ဆီ အမြန်လာခဲ့သည်။

"ရိရှု မင်းဘာလို့အပြင်မှာထွက်နေရတာလဲ" 

မိုရိချန်က အနည်းငယ် အံ့သြသွားခဲ့သည်။

မိုရိရှုရဲ့ပါးစပ်​က လှုပ်​သွားခဲ့သည်​။ သူ့စကားတွေကို စုစည်းပြီးနောက် ပြောလိုက်သည်။  

"အထဲမှာ အခြေအနေက... တော်တော်လေးရှုပ်ထွေးနေတယ်။ အစ်ကိုကိုယ်တိုင် သွားကြည့်တာ ပိုကောင်းတယ်"

အမှန်တော့ မိုရိယန်ရဲ့ပင်ကိုယ်စရိုက်အရဆိုလျှင် ဒီဒဏ်ရာလေးလောက်တော့ မနေ့ညနေက ဆေးရုံမှ ဆင်းခဲ့ရပြီး အနည်းဆုံးတော့ အခြားသူတွေရှေ့တွင် အားနည်းချက် အရိပ်အယောင်မပြဘဲ ဒီနေ့ အလုပ်ပြန်ဝင်နေမည်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူက ထူးထူးခြားခြားပင် ဆရာဝန်နှင့် ပူးပေါင်းလိုက်နာခဲ့ပြီး ဆေးရုံမှာပင် စောင့်ကြည့်မှုခံယူဖို့ နေခဲ့ကာ စစ်ဆေးမှုမှာ ဘာအမှားအယွင်းမှ မရှိကြောင်း ဆရာဝန်က အတည်ပြုခဲ့ပြီးနောက် အချိန်မရွေး ဆေးရုံမှဆင်းဖို့ အဆင်ပြေကြောင်း ပြောပြီးတဲ့အခါ သူက ရုတ်တရက် အနည်းငယ် မူးဝေလာကာ နောက်ထပ် ဆေးစစ်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့လေသည်။ ထူးထူးခြားခြား ဘာမှမတွေ့တာကြောင့် ဆေးရုံမှာ စောင့်ကြည့်ဖို့ကလွဲပြီး ဆရာဝန်လည်း ရွေးချယ်စရာမရှိတော့တဲ့အပြင် ပုဂ္ဂလိကဆေးရုံမှာ ကုတင်အလွတ်တွေ အများကြီးရှိသေးသည်။

ယွမ်းစွော်ရဲ့လက်ကို ကိုင်ထားပြီး မိုရိချန်က လူနာခန်းဆီသို့ လျှောက်လာပြီး တံခါးကိုခေါက်လိုက်သည်။ အတွင်းမှ တုံ့ပြန်သံထွက်ပေါ်လာပြီး ချန်ကျောင်ရဲ့အသံကြောင့် နှစ်ယောက်သား ဝင်လာခဲ့ကြသည်။

ဆေးရုံကုတင်ပေါ်တွင် ထူးထူးခြားခြား ဆေးရုံဝတ်စုံကို ဝတ်ထားတဲ့ သူ့အစ်ကိုကြီးအား တွေ့လိုက်ရတဲ့အခါ သူက မထိန်းနိုင်တော့ဘဲ မျက်ခုံးပင့်လိုက်မိသည်။ ဒီနေ့တော့ မထင်ထားလောက်အောင်ပင် ပုံမှန်အစည်းအဝေးအတွက် ဗီဒီယိုအဝေးထိန်းခလုတ်ကို မတွေ့ရပါလား။

"အစ်ကိုမို ဒူဒူ မင်းတို့တွေ ဒီကို လာကြလေ" မိုရိချန်နှင့်ယွမ်းစွော်ကိုတွေ့တော့ ချန်ကျောင်က သူ့လက်ထဲရှိ အခွံနွှာထားတဲ့ပန်းသီးတဝက်ကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

မိုရိချန်က ခေါင်းညိတ်ပြီး 

"ပင်ပန်းနေပြီမို့လား"

ချန်ကျောင်: "အဆင်ပြေပါတယ်။ ကျွန်တော်မပင်ပန်းပါဘူး"

ဆေးရုံကုတင်ပေါ်မှ မိုရိယန်က မပျော်မရွှင်ဖြင့် မျက်မှောင်ကြုတ်ကာ "ရိချန် ချန်ကျောင်က မင်းထက် အသက်ကြီးတယ်လေ။ အခုကစပြီး မင်းကို အစ်ကိုမိုလို့ မခေါ်ခိုင်းရင် အကောင်းဆုံးပဲ"

"ကောင်းပြီလေ"  

မိုရိချန်က အတော်လေး ဇဝေဇဝါဖြစ်နေပေမယ့် ပြောလိုက်သေးသည်။ 

"ဒီနာမည်က အစကတည်းက နားလည်မှုလွဲသွားတာကြောင့်ပါ။ ပြောင်းခိုင်းထားတာ ကြာပါပြီ" 

ချန်ကျောင်က 'အာ'လို့အသံထွက်ပြီး အနည်းငယ် ရှက်သွားသည်။ သူ့ကို ဒီလိုခေါ်တာ ကျင့်သားရနေပြီ။ ပြောင်းရရင် သူ့ကို ဘယ်လိုခေါ်ရမလဲ။

မိုရိယန်က သူ့စိတ်ထဲတွင် ဘာတွေ တွေးနေလဲဆိုတာကိုမှန်းဆနိုင်ပြီး မျက်နှာအမူအရာ မပြောင်းဘဲ ပြောလိုက်သည်။ 

"သူ့ကို ကိုယ်ခေါ်သလိုပဲ ခေါ်လိုက်"

အရင်ကလို အမှောင်ထဲမှာ ရှိခဲ့မယ်ဆိုရင် အခု သဲလွန်စတွေ မမြင်မိဘူးလို့ ပြောဖို့က မဖြစ်နိုင်ပေ။ မိုရိချန်ရဲ့အကြည့်တွေက ချန်ကျောင်နှင့် သူ့အစ်ကိုကြီးရဲ့မျက်နှာတွေဆီ ရောက်နေပေမယ့် သူ့ပါးစပ်ကို ပိတ်ထားလိုက်သည်။

ချန်ကျောင်ရဲ့ မျက်လုံးတွေက ရှောင်လွှဲနေပေမယ့် မိုရိယန်ရဲ့မျက်လုံးတွေက ပွင့်လင်းပြီး ရိုးသားနေခဲ့သည်။ ယွမ်းစွော်က မိုရိချန်ရဲ့နောက်တွင် ရပ်နေတာကို တွေ့တဲ့အခါ သူက ထထိုင်လိုက်သည်။

ယွမ်းစွော်က မိုရိယန်ရဲ့အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူ့မျက်ခုံးတွေက မိုရိချန်နှင့် ဆင်တူပေမယ့် သူ့ရှေ့ကလူက ရေခဲတုံးလို အေးစက်နေတာကြောင့် လူတွေက သူ့ကို ချဉ်းကပ်ဖို့ မဝံ့ရဲကြပေ။

"အစ်ကို...အစ်ကိုကြီး" 

ဒါက မိုရိချန် သူ့ကို ကြိုသင်ပေးခဲ့တဲ့ ခေါင်းစဉ်ဖြစ်သည်။

"ဟယ်လို"

 မိုရိယန်က ဒီလူက သူအရင်က မတွေ့ဖူးတဲ့ သူတစ်ယောက်ဖြစ်ကြောင်း အသံနှင့် ယေဘူယျ အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ပေမယ့် သူ့ကို မမျှော်လင့်ဘဲ အစ်ကိုကြီးလို့ ခေါ်နေလေသည်။ အစကတော့ သူက မိုရိချန်ရဲ့ လက်ထောက်အသစ်လို့ ထင်ခဲ့သော်လည်း သူ့ကို အစ်ကိုကြီးလို့ခေါ်နေတာကြောင့် ပိုလေးနက်တဲ့ အဓိပ္ပါယ်ရှိရမည်။

မိုရိချန်ကို လှည့်ကြည့်လိုက်သည်။

မိုရိချန်က ပြုံးပြီး ယွမ်းစွော်ရဲ့လက်ကို ကိုင်လိုက်ကာ 

"ဒါကယွမ်းစွော်။ နာမည်ပြောင်က ဒူဒူ။ ကျွန်တော့်ချစ်သူ"

"ဘာ!" 

'ချစ်သူ' ဆိုတဲ့စကားလုံးက မိုရိယန်ရဲ့ အာရုံကို တုန်လှုပ်သွားစေကာ အမြဲတည်ငြိမ်အေးဆေးနေတတ်တဲ့လူက မထိန်းနိုင်ဘဲ သူ့အသံကို မြှင့်လိုက်မိသည်။

ချန်ကျောင်ရဲ့မျက်လုံးတွေက အံ့သြစွာ ပြူးကျယ်သွားခဲ့သည်။ မိုရိချန်နှင့် ဒူဒူတို့က နေ့စဉ်နေ့တိုင်း အလွန်ရင်းနှီးနေကြတာ မှန်ပေမယ့် နှစ်ယောက်သား ချစ်မိသွားခြင်းမျိုးက သူဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့ အရာဖြစ်သည်။

မိုရိချန်က သူကိုင်ထားတဲ့ လက်သေးသေးလေး အနည်းငယ် တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ သူက အသာလေး ညှစ်လိုက်ပြီး ပြောလိုက်သည်။ 

"အစ်ကိုကြီး ဘာတွေ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။  မိဘတွေနဲ့ တွေ့ဖို့ ဒီမှာ အစမ်းလေ့ကျင့်နေတာပါ။ ကျွန်တော် သူ့ကို တကယ် အိမ်ခေါ်လာခဲ့မယ်ဆိုရင် ဒါက သူလက်ခံရမယ့် တုံ့ပြန်မှုလား"

တွေ့တာ...မိဘတွေ့တာလား။ ယွမ်းစွော်ရဲ့စိတ်က ဗလာဖြစ်သွားခဲ့သည်။ ဝတ္ထုနှင့် ဇာတ်လမ်းများထဲတွင် အစ်ကိုကြီးဆိုတာက ဖခင်နှင့်တူသည်ဟု ဆိုကြပြီး မိုရိချန်ရဲ့ဖခင် ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ မိုရိယန်က အစ်ကိုအကြီးဆုံးဖြစ်တာကြောင့် ဖခင်ဖြစ်လိုပင်။ ဒီအကြောင်းကို တွေးမိလိုက်တဲ့အခါ ပိုပြီး တုန်လှုပ်သွားခဲ့သည်။ သူတို့ စကားမပြောရစေရန် အံကိုကြိတ်ကာ လူတိုင်းရဲ့တုန်လှုပ်ခြောက်ခြားနေတဲ့ အကြည့်များအောက်တွင် မိုရိယန်ရှေ့၌ အလေးအနက် ဦးညွှတ်လိုက်သည်။

"ဟယ် ဟယ် ဟယ်လို အစ်ကိုကြီး ကျွန်တော်...ကျွန်တော်က ယွမ်းစွော်ပါ။ ပထမဆုံးအကြိမ်တွေ့တာ ဖြစ်တာမို့ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး" 

စိတ်ရင်းမှန်ဖြင့် ကိုးဆယ်ဒီဂရီ ဦးညွတ်လိုက်သည်။

"ဖူးးး..." 

ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်တဲ့ မိုရိရှုက ဒီမြင်ကွင်းကို မြင်ပြီး မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်သည်။

မိုရိချန်ကလည်း သူ့ရဲ့နှစ်သိမ့်ပေးခဲ့မှုက   နောက်ပြန်ဆုတ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့ပါးစပ်ကို ကာလိုက်ပြီး ရှက်ရွံ့မှုအနည်းငယ်ဖြင့် ချောင်းဟန့်လိုက်သည်။

မိုရိယန်ရဲ့ ပါးစပ်ထောင့်တွေက တွန့်သွားပြီး "ထ...ထပါ" 

အထူးသဖြင့် သူ့လို ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းရင်း ဒီလိုလက်ဆောင်အကြီးကြီးမျိုးကို လက်မခံတာက ပိုကောင်းပါသေးသည်။

ယွမ်းစွော်ရဲ့နဖူးရှေ့ရှိ ဆံမြိတ်လေးက အခုလိုအတင်းအကျပ် ဦးညွတ်လိုက်ခြင်းကြောင့် အနည်းငယ် ရှုပ်ပွသွားကာ သူ့မျက်နှာလေးက နီမြန်းနေခဲ့သည်။ 

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး!"

နောက်ထပ် မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် မိုရိချန်က သူ့ရဲ့အစ်ကိုကြီးနှင့် မိနစ်အနည်းငယ်ကြာ တစ်ယောက်တည်း စကားပြောဖို့ ပြောခဲ့သည်။ သူက ဒူဒူ့ကို စောင့်ကြည့်ပြီး လျှောက်မသွားခိုင်းဖို့ မိုရိရှုကို အချက်ပြလိုက်သည်။ လူနာခန်းထဲက ထွက်လာချိန်တွင် မိုရိရှုရဲ့မျက်နှာပေါ်ရှိ အမူအရာကတော့ 'ခွေးစာတွေ အရမ်းဝနေပြီ ဒုတိယအစ်ကို ကျွန်တော် ထပ်မစားချင်တော့ဘူး'။

ချန်ကျောင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခံလိုက်ရသလိုပင် သူတို့နောက်ကို လိုက်သွားခဲ့သည်။ မိုရိယန်ကို သူ သဘောကျပေမယ့် ရုတ်တရက် အကြောင်းပြချက်မရှိတဲ့ 'စိတ်အားထက်သန်မှု'က သူ့အတွက် ခံနိုင်ရည်ရှိဖို့ များလွန်းနေသည်။ မနေ့ကစကာ မိုရိယန်အိပ်ရာနိုးလာချိန်မှ အခုချိန်အထိ ရေချိုးခန်းသွားချိန်ကလွဲလို့ မိုရိယန်ရဲ့မြင်ကွင်းက လွတ်မြောက်ဖို့ ခဲယဉ်းလှသည်။ ချန်ကျောင်က သူ့အစားအသောက်ကို စီစဉ်ဖို့ ကူညီပေးရရင် အဆင်ပြေပေမယ့် သူက အသီးအခွံခွာပေးဖို့ပါ အကူအညီတောင်းလာခဲ့သည်။ ကိုယ် အမြဲတမ်း တစ်ဖက်သတ်ကြိုက်ခဲ့ရဖူးတဲ့လူရဲ့ ဒီလို ဂရုတစိုက်နဲ့စောင့်ကြည့်ခံနေရတာက မလွဲမသွေ စိတ်ပင်ပန်းစေပါလိမ့်မည်။ 


လူတိုင်း ထွက်သွားကြပြီ။

အခန်းထဲတွင် ညီအစ်ကိုနှစ်ယောက်ပဲ ကျန်တော့သည်။

လူနှစ်ယောက်က ပြိုင်တူနီးပါး မေးလိုက်ကြသည်။

"မင်းအတည်ပြောနေတာလား"

ခဏလောက် ငြိမ်သွားပြီးနောက် မိုရိယန်က အရင်ပြောလိုက်သည်။ "လိင်တူအချစ်ရဲ့လမ်းက မဖြောင့်ဖြူးဘူးဆိုတာ မင်းသိရဲ့လား။ အထူးသဖြင့် မင်းလို နာမည်ကျော်ကြားတဲ့ အဆင့်အတန်းနဲ့လေ"

မိုရိချန်က သူ့အစ်ကိုကြီးကို လေးနက်တဲ့အမူအရာဖြင့် ပြောလိုက်သည်။ 

"ကျွန်တော်သိပါတယ်"

"...ကောင်းပြီ။ မင်းလည်း အရွယ်ရောက်လာပြီ မင်းကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချလို့ရတယ်"

 မိုရိယန်က သူ့မျက်နှာပေါ်တွင်ရှားရှားပါးပါး အပြုံးလေးဖြင့် ပြောလိုက်သည်။ 

"မေမေနှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ ဒုတိယချွေးမက... ယောက်ျားလေးတစ်ယောက် ဖြစ်နေမယ်လို့ ငါမထင်ထားဘူး" 

မိုရိချန်ရဲ့ ပါးစပ်ထောင့်က မနေနိုင်တော့ဘဲ ပင့်တက်သွားခဲ့သည်။ 

 "ဟုတ်ကဲ့ မေမေ့ကို ပြောပြဖို့ အချိန်ကောင်းရှာလိုက်ပါ့မယ်။ ဒါပေမယ့် ရိရှုက သူ့မှာ နိုင်ငံခြားမှာ မိန်းကလေးရည်းစားရှိပြီး သူတို့ရဲ့ ဆက်ဆံရေးကို အရမ်းခိုင်မာတယ်လို့ကြားထားတယ်။ သူဘွဲ့ရပြီးရင် သူမကို ခေါ်လာဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ"

မိုရိယန်က ခေါင်းညိတ်လိုက်သည်။ "ဒါသတင်းကောင်းပဲ" 

မိုရိချန်က သူ့မျက်နှာပေါ်ရှိ အပြုံးကို ချုပ်ကိုင်လိုက်ပြီး ပိုလေးနက်တဲ့အမူအရာဖြင့် ပြောလိုက်သည်။ 

"အစ်ကိုကြီး  မင်း ချန်ကျောင်ကို အလေးအနက်ထားရဲ့လား" 

မိုရိယန်က ဒီနှစ်တွေအတွင်းတွင် သူ့အနီးအနား၌ လူများစွာရှိခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်အတွက်မှ  ခံစားချက်အစစ်အမှန်တွေရှိပုံ မရခဲ့ပေ။ 

"ချန်ကျောင်က အဲဒီလူတွေနဲ့ မတူဘူး။ သူက နူးညံ့သိမ်မွေ့ပြီး အနိုင်ကျင့်ဖို့လွယ်တယ်။ သူက သူ့ပတ်ဝန်းကျင်ကလူတွေကို ကောင်းကောင်းဆက်ဆံပြီး သူ့ခံစားချက်တွေက အရမ်းရိုးရှင်းတာမို့ အစ်ကိုကြီးသာ ခါတိုင်းလိုပဲ..."

"ဒီတစ်ခါတော့ မတူဘူး" 

မိုရိယန်က သူပြောပြီးအောင် မစောင့်ပေ။ သူ့ရဲ့ အေးစက်တဲ့မျက်လုံးတစ်စုံတွင် မုန်တိုင်းကြီး ရှိနေပုံရသည်။ 

"ဒီတစ်ကြိမ်က ငါ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ" 

"ရှာတွေ့ခဲ့ပြီဟုတ်လား" 

မိုရိချန်က နားမလည်ပေ။

မိုရိယန် တစ်ခုခုပြောချင်ပေမယ့် ရပ်လိုက်သည်။ နောက်ဆုံးတွင် သူက နှုတ်ခမ်းကို တင်းတင်းဖိကာ ပြောလိုက်သည်။ "စကားလုံးအနည်းငယ်လောက်နဲ့ သေချာ  မရှင်းပြနိုင်တဲ့ တစ်ချို့အရာတွေ ရှိတယ်။ သူနဲ့ငါနဲ့ကြားမှာ ငါအပါအဝင် အရင်က လူတိုင်းမြင်ခဲ့ရတာတွေက ရေခဲပြင်ပေါ်က ဓါးနဲ့ဖန်တီးထားတဲ့ အမှုန်အမွှားတွေချည်းပဲ။ ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေလောက်အောင် ကြီးမားတဲ့ ရေခဲအောက်ကအရာတွေက...နောက်ဆုံးတော့ ကွဲထွက်သွားခဲ့ပါပြီ""

Zawgyi

အခန္း ၅၉: ဒူဒူက မိဘေတြႏွင့္ ေတြ႕ေနၿပီ

"မိုရိယန္ လႊတ္လိုက္စမ္း!" 

ေမေမမိုက တခါမွ ဒီေလာက္ အ႐ွက္ရတာမ်ိဳး မခံစားခဲ့ဖူးေပ။ ဆယ္မိနစ္ခန္႔ၾကာၿပီးေနာက္ သူမက ေရေသာက္လိုက္ၿပီး ဆရာဝန္က စစ္ေဆးဖို႔ လာခဲ့ေပမယ့္ မိုရိယန္က ခ်န္ေက်ာင္ကို သူ႕အပိုင္လို ဆုပ္ကိုင္ထားဆဲျဖစ္သည္။

သူအႏိုင္က်င့္ခံေနရတာပါလို႔ ထုတ္ျပေနတဲ့အမူအရာျဖင့္ ခ်န္ေက်ာင္က  ေၾကာက္႐ြံ႕ေနတဲ့ တိရစၧာန္ေလးတစ္ေကာင္ကဲ့သို႔ ကုတင္အစြန္းတြင္ ရပ္ေနကာ လႈပ္ေတာင္ မလႈပ္ရဲေပ။

မိုရိယန္က အစတုန္းက အေနအထားအတိုင္း ဇြတ္အတင္း ထိန္းထားေပမယ့္ သူ႕ရဲ႕ ဆုပ္ကိုင္ထားတဲ့ခြန္အားက အနည္းငယ္ ေလ်ာ့ပါးသြားခဲ့သည္။

"ခ်န္ေက်ာင္လား"

မိုရိယန္က သူ႕ေ႐ွ႕႐ွိလူရဲ႕ အေထာက္အထားကို ဆုံးျဖတ္ရန္ ဘယ္ႏွစ္ႀကိမ္ေတာင္ ေမးေနခဲ့မိမွန္း မသိေတာ့ေပမယ့္ ခ်န္ေက်ာင္က စိတ္႐ွည္စြာ တုံ႔ျပန္ဆဲျဖစ္သည္။ 

"ဟုတ္ပါတယ္"

"မင္းက...ရိခ်န္ရဲ႕ေနာက္လိုက္လား"

မိုရိယန္က သူကအရင္က လက္ေထာက္ဝတုတ္ျဖစ္တယ္ ဆိုတာကို မယုံေသးေၾကာင္း သိလိုက္ရသျဖင့္ ခ်န္ေက်ာင္က အနည္းငယ္ ႐ွက္ကိုး႐ွက္ကန္းျဖင့္ ေခါင္းညိတ္ကာ သူ႕လက္ေကာက္ဝတ္ကို ထပ္မံဆြဲထုတ္ဖို႔ ႀကိဳးစားလိုက္သည္။ 

"bossမို ဘာလို႔ ေရတစ္ခြက္ေလာက္မေသာက္ရတာလဲ"

ဒါက မိုရိယန္ အိပ္မက္မွ ႏိုးလာခဲ့ၿပီဆိုတာ သိသြားၿပီျဖစ္သည္။ သူ ထြက္သြားမွာ မဟုတ္ေၾကာင္း ေသခ်ာမွ ေရတစ္ခြက္ ယူေပးဖို႔ လႊတ္ေပးလိုက္သည္။

ေမေမမိုက မိုရိ႐ႈကို လူနာခန္းထဲမွ ဆြဲထုတ္လာခဲ့ၿပီး သူမ၏မ်က္ႏွာေပၚတြင္ တင္းမာေသာအမူအရာျဖင့္

 "အခု ဘာေတြျဖစ္ေနတာလဲ"

မိုရိ႐ႈက ဇာတ္လမ္းတစ္ခုလုံးကို ႐ွင္းျပလိုက္သည္။  

"အဲဒါက အစ္ကိုႀကီး အိပ္ရာက ႏိုးခါစမို႔ နည္းနည္းမတည္မၿငိမ္ ျဖစ္ေနတာ ေနမွာပါ။ ကြၽန္ေတာ္က အစ္ကိုခ်န္႔ကို ကူညီခ်င္ခဲ့တာပါ။ ေမေမ ဘာမွ ေလွ်ာက္ေတြးမေနနဲ႔ဦး"

သူ႕႐ွင္းျပခ်က္ကိုၾကားေတာ့ ေမေမမို အနည္းငယ္ စိတ္ေအးသြားခဲ့သည္။ သားတစ္ေယာက္က ေယာက်္ားေတြကို သေဘာက်႐ုံနဲ႔ လုံေလာက္ေနၿပီ။ ေနာက္တစ္ေယာက္ေရာဆိုရင္ သူမရဲ႕ ႏွလုံးသားကို သည္းမခံႏိုင္ေလာက္ေအာင္ ျဖစ္လိမ့္မည္။

"ဒါေပမယ့္ ဒီခ်န္ေက်ာင္က ေတာ္ေတာ္ေလး မ်က္စိက်စရာေကာင္းတယ္။ ရိခ်န္အနားမွာ အလုပ္လုပ္ေနတာ ခဏခဏေတြ႕ဖူးတယ္။ သူက ​ေအာက္သက္ေက်ၿပီး အရင္က မင္းအစ္ကိုႀကီးနားမွာ ႐ွိခဲ့တဲ့သူေတြထက္ အမ်ားႀကီး ပိုေကာင္းတယ္" 

သူမက မိုရိယန္ေသာက္ဖို႔ ေရကို ကိုင္ထားတဲ့ ေဆး႐ုံခန္းထဲက ခ်န္ေက်ာင္ကို ၾကည့္လိုက္သည္။

အခြင့္အလမ္းကိုျမင္ေတာ့ မိုရိ႐ႈက ခ်က္ခ်င္းပဲ ထိုးေဖာက္ဝင္ေရာက္လိုက္သည္။  

"ဒါဆို ေမေမရဲ႕ အဓိပၸါယ္က အစ္ကိုႀကီးနဲ႔ အစ္ကိုခ်န္ အတူတူ႐ွိေနတာကို ေထာက္ခံတာလား" 

ဒီေန႔ ျဖစ္ပ်က္ခဲ့တာကို ျမင္ေတာ့ သူ႕အစ္ကိုႀကီးနဲ႔ ခ်န္ေက်ာင္က အရမ္းနီးကပ္ေနတယ္ဆိုတာကို သူ႕စိတ္ထဲမွာ မွန္းဆမိလိုက္သည္။

ေမေမမိုက ေတြးေတာရင္း မ်က္ေမွာင္ၾကဳတ္ကာ ေနာက္ဆုံးတြင္ သက္ျပင္းခ်လိုက္သည္။ 

"မင္းအစ္ကိုႀကီး ေနမေကာင္းဘူးဆိုတာ မင္းသိတယ္မို႔လား။ သူတကယ္ႀကိဳက္တာေတြ႕ရင္ ေမေမက သူ႕ကိုတားမွာ မဟုတ္ဘူး။ ဒါေပမယ့္ မင္းနဲ႔ မင္းရဲ႕ ဒုတိယအစ္ကိုကေတာ့ ဒီလိုအမွားမ်ိဳး ထပ္လုပ္လို႔ မျဖစ္ဘူးေနာ္ နားလည္လား"

မိုရိ႐ႈက သူ႕ကိုယ္သူ စိတ္ပူမေနေပမယ့္ မိုရိခ်န္ႏွင့္ဒူဒူတို႔ကို ေတြးမိရင္း အနည္းငယ္ စိတ္မပူဘဲ မေနႏိုင္ေတာ့ေပ။ သူက ျပဳံးဖို႔ အားယူလိုက္ၿပီး "ေမေမ...စိတ္ခ်ထားလို႔ရပါတယ္"


အခ်ိန္အနည္းငယ္ၾကာေအာင္ တုံ႔ဆိုင္းေနၿပီးေနာက္ ယြမ္းေစြာ္က ပုံဆြဲျခင္းက သူ႕ရဲ႕ပထမဆုံးအခ်စ္ျဖစ္တာေၾကာင့္ အင္တာဗ်ဴးကို သေဘာတူဖို႔ ဆုံးျဖတ္လိုက္သည္။ ထို႔အျပင္ ႐ုပ္ျပေတြက မိုရိခ်န္ႏွင့္ သူ႕ရဲ႕ဘဝအေပၚအေျခခံထားၿပီး ေလးနက္တဲ့ အဓိပၸါယ္ ႐ွိသည္။ သူ႕စာဖတ္သူေတြႏွင့္ ဆက္သြယ္ဖို႔ အခြင့္အေရးကို လက္လြတ္မခံခ်င္ေပ။

"စိတ္မပူပါနဲ႔ ဒီလိုအင္တာဗ်ဴးအတြက္ တည္ေနရာေ႐ြးခ်ယ္မႈမ်ိဳးက လိုက္ေလ်ာညီေထြျဖစ္ၿပီး အခ်ိန္ေရာက္လာရင္ မင္းရဲ႕ေဘးမွာ ကိုယ္႐ွိေနမွာပါ" 

မိုရိခ်န္က အေသးေလး အင္တာဗ်ဴးကို သေဘာတူၿပီးကတည္းက စိတ္အေႏွာက္အယွက္ျဖစ္ေနေၾကာင္း ေတြ႕ခဲ့သည္။

"အြမ္း" 

မိုရိခ်န္ရဲ႕အားသက္သေရာ အၾကည့္ကို ျမင္လိုက္ရေတာ့ ယြမ္းေစြာ္ရဲ႕ယုံၾကည္ခ်က္က ခ်က္ခ်င္း တိုးလာခဲ့သည္။

"ေနာက္က်ရင္ အစ္ကိုႀကီးကို ေတြ႕တဲ့အခါ မေၾကာက္နဲ႔ေနာ္။ သူက ေပါင္းသင္းရနည္းနည္းခက္ပုံေပၚေပမယ့္ သူမင္းကို သေဘာက်မွာ ေသခ်ာပါတယ္"

 ေၾကာ္ျငာ႐ိုက္ကူးၿပီးေနာက္ မိုရိခ်န္က ယြမ္းေစြာ္ကို  ပထမဆုံးအေနျဖင့္ လူနာသြားၾကည့္ဖို႔  ေဆး႐ုံသို႔ ေခၚသြားခဲ့သည္။

ယြမ္းေစြာ္က ခဏေလာက္ ေအးခဲသြားၿပီး ေမးလိုက္သည္။ 

"ဘာလို႔လဲ... သူက ဘာလို႔ ကြၽန္ေတာ္႕ကို ေသခ်ာေပါက္ သေဘာက်ရမွာလဲ"

မိုရိခ်န္က ျပဳံးၿပီး လွည့္လိုက္ရင္ သူ႕ႏွာေခါင္းထိပ္ကို ထိလုနီးပါး ေ႐ွ႕ကို တိုးသြားကာ 

"ကိုယ့္ရဲ႕ဒူဒူက အရမ္းခ်စ္ဖို႔ေကာင္းတာ။ ဘယ္သူက သူ႕ကို မႀကိဳက္ပဲ ေနႏိုင္မွာလဲ"

ယြမ္းေစြာ္က သူမ်ားၾကားသြားမွာ စိုးတာေၾကာင့္  ႐ွက္သြားၿပီး ေ႐ွ႕မွ ယာဥ္ေမာင္းကို မသိစိတ္မွ လွမ္းၾကည့္လိုက္သည္။ ယာဥ္ေမာင္းက မတ္မတ္ထိုင္ေနေသးေသာ္လည္း သူ႕ရဲ႕ေတာင့္တင္းေနတဲ့လည္ပင္းက သူ႕ကို သစၥာေဖာက္ေနခဲ့သည္။

ယာဥ္ေမာင္းက မိုရိခ်န္ႏွင့္ ယြမ္းေစြာ္ရဲ႕ေနာက္တြင္ သစ္သီးျခင္းေတာင္းကို လက္ထဲတြင္ ကိုင္ကာ လိုက္လာခဲ့သည္။

အေဝးတြင္  အရပ္႐ွည္႐ွည္ဆယ္ေက်ာ္သက္ေလးက  လူနာခန္းအဝင္ဝတြင္ ရပ္ေနတာကို ႏွစ္ေယာက္သား ေတြ႕လိုက္ရသည္။ ဒီလိုပဲ မိုရိ႐ႈကလည္း သူ႕ဒုတိယအစ္ကိုကိုျမင္ၿပီး သူ႕ဆီ အျမန္လာခဲ့သည္။

"ရိ႐ႈ မင္းဘာလို႔အျပင္မွာထြက္ေနရတာလဲ" 

မိုရိခ်န္က အနည္းငယ္ အံ့ၾသသြားခဲ့သည္။

မိုရိ႐ႈရဲ႕ပါးစပ္​က လႈပ္​သြားခဲ့သည္​။ သူ႕စကားေတြကို စုစည္းၿပီးေနာက္ ေျပာလိုက္သည္။  

"အထဲမွာ အေျခအေနက... ေတာ္ေတာ္ေလး႐ႈပ္ေထြးေနတယ္။ အစ္ကိုကိုယ္တိုင္ သြားၾကည့္တာ ပိုေကာင္းတယ္"

အမွန္ေတာ့ မိုရိယန္ရဲ႕ပင္ကိုယ္စ႐ိုက္အရဆိုလွ်င္ ဒီဒဏ္ရာေလးေလာက္ေတာ့ မေန႔ညေနက ေဆး႐ုံမွ ဆင္းခဲ့ရၿပီး အနည္းဆုံးေတာ့ အျခားသူေတြေ႐ွ႕တြင္ အားနည္းခ်က္ အရိပ္အေယာင္မျပဘဲ ဒီေန႔ အလုပ္ျပန္ဝင္ေနမည္ျဖစ္သည္။ သို႔ေသာ္ ယခုတစ္ႀကိမ္တြင္ သူက ထူးထူးျခားျခားပင္ ဆရာဝန္ႏွင့္ ပူးေပါင္းလိုက္နာခဲ့ၿပီး ေဆး႐ုံမွာပင္ ေစာင့္ၾကည့္မႈခံယူဖို႔ ေနခဲ့ကာ စစ္ေဆးမႈမွာ ဘာအမွားအယြင္းမွ မ႐ွိေၾကာင္း ဆရာဝန္က အတည္ျပဳခဲ့ၿပီးေနာက္ အခ်ိန္မေ႐ြး ေဆး႐ုံမွဆင္းဖို႔ အဆင္ေျပေၾကာင္း ေျပာၿပီးတဲ့အခါ သူက ႐ုတ္တရက္ အနည္းငယ္ မူးေဝလာကာ ေနာက္ထပ္ ေဆးစစ္မႈမ်ား ျပဳလုပ္ရန္ ေတာင္းဆိုခဲ့ေလသည္။ ထူးထူးျခားျခား ဘာမွမေတြ႕တာေၾကာင့္ ေဆး႐ုံမွာ ေစာင့္ၾကည့္ဖို႔ကလြဲၿပီး ဆရာဝန္လည္း ေ႐ြးခ်ယ္စရာမ႐ွိေတာ့တဲ့အျပင္ ပုဂၢလိကေဆး႐ုံမွာ ကုတင္အလြတ္ေတြ အမ်ားႀကီး႐ွိေသးသည္။

ယြမ္းေစြာ္ရဲ႕လက္ကို ကိုင္ထားၿပီး မိုရိခ်န္က လူနာခန္းဆီသို႔ ေလွ်ာက္လာၿပီး တံခါးကိုေခါက္လိုက္သည္။ အတြင္းမွ တုံ႔ျပန္သံထြက္ေပၚလာၿပီး ခ်န္ေက်ာင္ရဲ႕အသံေၾကာင့္ ႏွစ္ေယာက္သား ဝင္လာခဲ့ၾကသည္။

ေဆး႐ုံကုတင္ေပၚတြင္ ထူးထူးျခားျခား ေဆး႐ုံဝတ္စုံကို ဝတ္ထားတဲ့ သူ႕အစ္ကိုႀကီးအား ေတြ႕လိုက္ရတဲ့အခါ သူက မထိန္းႏိုင္ေတာ့ဘဲ မ်က္ခုံးပင့္လိုက္မိသည္။ ဒီေန႔ေတာ့ မထင္ထားေလာက္ေအာင္ပင္ ပုံမွန္အစည္းအေဝးအတြက္ ဗီဒီယိုအေဝးထိန္းခလုတ္ကို မေတြ႕ရပါလား။

"အစ္ကိုမို ဒူဒူ မင္းတို႔ေတြ ဒီကို လာၾကေလ" မိုရိခ်န္ႏွင့္ယြမ္းေစြာ္ကိုေတြ႕ေတာ့ ခ်န္ေက်ာင္က သူ႕လက္ထဲ႐ွိ အခြံႏႊာထားတဲ့ပန္းသီးတဝက္ကို ခ်လိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။

မိုရိခ်န္က ေခါင္းညိတ္ၿပီး 

"ပင္ပန္းေနၿပီမို႔လား"

ခ်န္ေက်ာင္: "အဆင္ေျပပါတယ္။ ကြၽန္ေတာ္မပင္ပန္းပါဘူး"

ေဆး႐ုံကုတင္ေပၚမွ မိုရိယန္က မေပ်ာ္မ႐ႊင္ျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ "ရိခ်န္ ခ်န္ေက်ာင္က မင္းထက္ အသက္ႀကီးတယ္ေလ။ အခုကစၿပီး မင္းကို အစ္ကိုမိုလို႔ မေခၚခိုင္းရင္ အေကာင္းဆုံးပဲ"

"ေကာင္းၿပီေလ"  

မိုရိခ်န္က အေတာ္ေလး ဇေဝဇဝါျဖစ္ေနေပမယ့္ ေျပာလိုက္ေသးသည္။ 

"ဒီနာမည္က အစကတည္းက နားလည္မႈလြဲသြားတာေၾကာင့္ပါ။ ေျပာင္းခိုင္းထားတာ ၾကာပါၿပီ" 

ခ်န္ေက်ာင္က 'အာ'လို႔အသံထြက္ၿပီး အနည္းငယ္ ႐ွက္သြားသည္။ သူ႕ကို ဒီလိုေခၚတာ က်င့္သားရေနၿပီ။ ေျပာင္းရရင္ သူ႕ကို ဘယ္လိုေခၚရမလဲ။

မိုရိယန္က သူ႕စိတ္ထဲတြင္ ဘာေတြ ေတြးေနလဲဆိုတာကိုမွန္းဆႏိုင္ၿပီး မ်က္ႏွာအမူအရာ မေျပာင္းဘဲ ေျပာလိုက္သည္။ 

"သူ႕ကို ကိုယ္ေခၚသလိုပဲ ေခၚလိုက္"

အရင္ကလို အေမွာင္ထဲမွာ ႐ွိခဲ့မယ္ဆိုရင္ အခု သဲလြန္စေတြ မျမင္မိဘူးလို႔ ေျပာဖို႔က မျဖစ္ႏိုင္ေပ။ မိုရိခ်န္ရဲ႕အၾကည့္ေတြက ခ်န္ေက်ာင္ႏွင့္ သူ႕အစ္ကိုႀကီးရဲ႕မ်က္ႏွာေတြဆီ ေရာက္ေနေပမယ့္ သူ႕ပါးစပ္ကို ပိတ္ထားလိုက္သည္။

ခ်န္ေက်ာင္ရဲ႕ မ်က္လုံးေတြက ေ႐ွာင္လႊဲေနေပမယ့္ မိုရိယန္ရဲ႕မ်က္လုံးေတြက ပြင့္လင္းၿပီး ႐ိုးသားေနခဲ့သည္။ ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ေနာက္တြင္ ရပ္ေနတာကို ေတြ႕တဲ့အခါ သူက ထထိုင္လိုက္သည္။

ယြမ္းေစြာ္က မိုရိယန္ရဲ႕အၾကည့္ေၾကာင့္ အနည္းငယ္ ထိတ္လန္႔သြားခဲ့သည္။ သူ႕မ်က္ခုံးေတြက မိုရိခ်န္ႏွင့္ ဆင္တူေပမယ့္ သူ႕ေ႐ွ႕ကလူက ေရခဲတုံးလို ေအးစက္ေနတာေၾကာင့္ လူေတြက သူ႕ကို ခ်ဥ္းကပ္ဖို႔ မဝံ့ရဲၾကေပ။

"အစ္ကို...အစ္ကိုႀကီး" 

ဒါက မိုရိခ်န္ သူ႕ကို ႀကိဳသင္ေပးခဲ့တဲ့ ေခါင္းစဥ္ျဖစ္သည္။

"ဟယ္လို"

 မိုရိယန္က ဒီလူက သူအရင္က မေတြ႕ဖူးတဲ့ သူတစ္ေယာက္ျဖစ္ေၾကာင္း အသံႏွင့္ ေယဘူယ် အၾကမ္းဖ်င္း ဆုံးျဖတ္ခဲ့ေပမယ့္ သူ႕ကို မေမွ်ာ္လင့္ဘဲ အစ္ကိုႀကီးလို႔ ေခၚေနေလသည္။ အစကေတာ့ သူက မိုရိခ်န္ရဲ႕ လက္ေထာက္အသစ္လို႔ ထင္ခဲ့ေသာ္လည္း သူ႕ကို အစ္ကိုႀကီးလို႔ေခၚေနတာေၾကာင့္ ပိုေလးနက္တဲ့ အဓိပၸါယ္႐ွိရမည္။

မိုရိခ်န္ကို လွည့္ၾကည့္လိုက္သည္။

မိုရိခ်န္က ျပဳံးၿပီး ယြမ္းေစြာ္ရဲ႕လက္ကို ကိုင္လိုက္ကာ 

"ဒါကယြမ္းေစြာ္။ နာမည္ေျပာင္က ဒူဒူ။ ကြၽန္ေတာ္႕ခ်စ္သူ"

"ဘာ!" 

'ခ်စ္သူ' ဆိုတဲ့စကားလုံးက မိုရိယန္ရဲ႕ အာ႐ုံကို တုန္လႈပ္သြားေစကာ အၿမဲတည္ၿငိမ္ေအးေဆးေနတတ္တဲ့လူက မထိန္းႏိုင္ဘဲ သူ႕အသံကို ျမႇင့္လိုက္မိသည္။

ခ်န္ေက်ာင္ရဲ႕မ်က္လုံးေတြက အံ့ၾသစြာ ျပဴးက်ယ္သြားခဲ့သည္။ မိုရိခ်န္ႏွင့္ ဒူဒူတို႔က ေန႔စဥ္ေန႔တိုင္း အလြန္ရင္းႏွီးေနၾကတာ မွန္ေပမယ့္ ႏွစ္ေယာက္သား ခ်စ္မိသြားျခင္းမ်ိဳးက သူဘယ္တုန္းကမွ မစဥ္းစားခဲ့ဖူးတဲ့ အရာျဖစ္သည္။

မိုရိခ်န္က သူကိုင္ထားတဲ့ လက္ေသးေသးေလး အနည္းငယ္ တုန္လႈပ္သြားတာကို ခံစားလိုက္ရသည္။ သူက အသာေလး ညႇစ္လိုက္ၿပီး ေျပာလိုက္သည္။ 

"အစ္ကိုႀကီး ဘာေတြ ဒီေလာက္စိတ္လႈပ္႐ွားေနရတာလဲ။  မိဘေတြနဲ႔ ေတြ႕ဖို႔ ဒီမွာ အစမ္းေလ့က်င့္ေနတာပါ။ ကြၽန္ေတာ္ သူ႕ကို တကယ္ အိမ္ေခၚလာခဲ့မယ္ဆိုရင္ ဒါက သူလက္ခံရမယ့္ တုံ႔ျပန္မႈလား"

ေတြ႕တာ...မိဘေတြ႕တာလား။ ယြမ္းေစြာ္ရဲ႕စိတ္က ဗလာျဖစ္သြားခဲ့သည္။ ဝတၳဳႏွင့္ ဇာတ္လမ္းမ်ားထဲတြင္ အစ္ကိုႀကီးဆိုတာက ဖခင္ႏွင့္တူသည္ဟု ဆိုၾကၿပီး မိုရိခ်န္ရဲ႕ဖခင္ ကြယ္လြန္ခဲ့သည္မွာ ၾကာၿပီျဖစ္သည္။ မိုရိယန္က အစ္ကိုအႀကီးဆုံးျဖစ္တာေၾကာင့္ ဖခင္ျဖစ္လိုပင္။ ဒီအေၾကာင္းကို ေတြးမိလိုက္တဲ့အခါ ပိုၿပီး တုန္လႈပ္သြားခဲ့သည္။ သူတို႔ စကားမေျပာရေစရန္ အံကိုႀကိတ္ကာ လူတိုင္းရဲ႕တုန္လႈပ္ေျခာက္ျခားေနတဲ့ အၾကည့္မ်ားေအာက္တြင္ မိုရိယန္ေ႐ွ႕၌ အေလးအနက္ ဦးၫႊတ္လိုက္သည္။

"ဟယ္ ဟယ္ ဟယ္လို အစ္ကိုႀကီး ကြၽန္ေတာ္...ကြၽန္ေတာ္က ယြမ္းေစြာ္ပါ။ ပထမဆုံးအႀကိမ္ေတြ႕တာ ျဖစ္တာမို႔ ေက်းဇူးျပဳၿပီး ေက်းဇူးျပဳၿပီး ကြၽန္ေတာ္႕ကို ဂ႐ုစိုက္ေပးပါဦး" 

စိတ္ရင္းမွန္ျဖင့္ ကိုးဆယ္ဒီဂရီ ဦးၫြတ္လိုက္သည္။

"ဖူးးး..." 

ဘာေတြျဖစ္ေနလဲဆိုတာ လာၾကည့္တဲ့ မိုရိ႐ႈက ဒီျမင္ကြင္းကို ျမင္ၿပီး မေအာင့္ႏိုင္ေတာ့ဘဲ ရယ္ေမာလိုက္သည္။

မိုရိခ်န္ကလည္း သူ႕ရဲ႕ႏွစ္သိမ့္ေပးခဲ့မႈက   ေနာက္ျပန္ဆုတ္သြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။ သူ႕ပါးစပ္ကို ကာလိုက္ၿပီး ႐ွက္႐ြံ႕မႈအနည္းငယ္ျဖင့္ ေခ်ာင္းဟန္႔လိုက္သည္။

မိုရိယန္ရဲ႕ ပါးစပ္ေထာင့္ေတြက တြန္႔သြားၿပီး "ထ...ထပါ" 

အထူးသျဖင့္ သူ႕လို ေဆး႐ုံခုတင္ေပၚမွာ လဲေလ်ာင္းရင္း ဒီလိုလက္ေဆာင္အႀကီးႀကီးမ်ိဳးကို လက္မခံတာက ပိုေကာင္းပါေသးသည္။

ယြမ္းေစြာ္ရဲ႕နဖူးေ႐ွ႕႐ွိ ဆံၿမိတ္ေလးက အခုလိုအတင္းအက်ပ္ ဦးၫြတ္လိုက္ျခင္းေၾကာင့္ အနည္းငယ္ ႐ႈပ္ပြသြားကာ သူ႕မ်က္ႏွာေလးက နီျမန္းေနခဲ့သည္။ 

"ေက်းဇူးတင္ပါတယ္ အစ္ကိုႀကီး!"

ေနာက္ထပ္ မိနစ္အနည္းငယ္ၾကာ စကားေျပာၿပီးေနာက္ မိုရိခ်န္က သူ႕ရဲ႕အစ္ကိုႀကီးႏွင့္ မိနစ္အနည္းငယ္ၾကာ တစ္ေယာက္တည္း စကားေျပာဖို႔ ေျပာခဲ့သည္။ သူက ဒူဒူ႕ကို ေစာင့္ၾကည့္ၿပီး ေလွ်ာက္မသြားခိုင္းဖို႔ မိုရိ႐ႈကို အခ်က္ျပလိုက္သည္။ လူနာခန္းထဲက ထြက္လာခ်ိန္တြင္ မိုရိ႐ႈရဲ႕မ်က္ႏွာေပၚ႐ွိ အမူအရာကေတာ့ 'ေခြးစာေတြ အရမ္းဝေနၿပီ ဒုတိယအစ္ကို ကြၽန္ေတာ္ ထပ္မစားခ်င္ေတာ့ဘူး'။

ခ်န္ေက်ာင္က လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခံလိုက္ရသလိုပင္ သူတို႔ေနာက္ကို လိုက္သြားခဲ့သည္။ မိုရိယန္ကို သူ သေဘာက်ေပမယ့္ ႐ုတ္တရက္ အေၾကာင္းျပခ်က္မ႐ွိတဲ့ 'စိတ္အားထက္သန္မႈ'က သူ႕အတြက္ ခံႏိုင္ရည္႐ွိဖို႔ မ်ားလြန္းေနသည္။ မေန႔ကစကာ မိုရိယန္အိပ္ရာႏိုးလာခ်ိန္မွ အခုခ်ိန္အထိ ေရခ်ိဳးခန္းသြားခ်ိန္ကလြဲလို႔ မိုရိယန္ရဲ႕ျမင္ကြင္းက လြတ္ေျမာက္ဖို႔ ခဲယဥ္းလွသည္။ ခ်န္ေက်ာင္က သူ႕အစားအေသာက္ကို စီစဥ္ဖို႔ ကူညီေပးရရင္ အဆင္ေျပေပမယ့္ သူက အသီးအခြံခြာေပးဖို႔ပါ အကူအညီေတာင္းလာခဲ့သည္။ ကိုယ္ အၿမဲတမ္း တစ္ဖက္သတ္ႀကိဳက္ခဲ့ရဖူးတဲ့လူရဲ႕ ဒီလို ဂ႐ုတစိုက္နဲ႔ေစာင့္ၾကည့္ခံေနရတာက မလြဲမေသြ စိတ္ပင္ပန္းေစပါလိမ့္မည္။ 


လူတိုင္း ထြက္သြားၾကၿပီ။

အခန္းထဲတြင္ ညီအစ္ကိုႏွစ္ေယာက္ပဲ က်န္ေတာ့သည္။

လူႏွစ္ေယာက္က ၿပိဳင္တူနီးပါး ေမးလိုက္ၾကသည္။

"မင္းအတည္ေျပာေနတာလား"

ခဏေလာက္ ၿငိမ္သြားၿပီးေနာက္ မိုရိယန္က အရင္ေျပာလိုက္သည္။ "လိင္တူအခ်စ္ရဲ႕လမ္းက မေျဖာင့္ျဖဴးဘူးဆိုတာ မင္းသိရဲ႕လား။ အထူးသျဖင့္ မင္းလို နာမည္ေက်ာ္ၾကားတဲ့ အဆင့္အတန္းနဲ႔ေလ"

မိုရိခ်န္က သူ႕အစ္ကိုႀကီးကို ေလးနက္တဲ့အမူအရာျဖင့္ ေျပာလိုက္သည္။ 

"ကြၽန္ေတာ္သိပါတယ္"

"...ေကာင္းၿပီ။ မင္းလည္း အ႐ြယ္ေရာက္လာၿပီ မင္းကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြ ခ်လို႔ရတယ္"

 မိုရိယန္က သူ႕မ်က္ႏွာေပၚတြင္႐ွား႐ွားပါးပါး အျပဳံးေလးျဖင့္ ေျပာလိုက္သည္။ 

"ေမေမႏွစ္ေပါင္းမ်ားစြာ ေစာင့္ခဲ့ရတဲ့ ဒုတိယေခြၽးမက... ေယာက်္ားေလးတစ္ေယာက္ ျဖစ္ေနမယ္လို႔ ငါမထင္ထားဘူး" 

မိုရိခ်န္ရဲ႕ ပါးစပ္ေထာင့္က မေနႏိုင္ေတာ့ဘဲ ပင့္တက္သြားခဲ့သည္။ 

 "ဟုတ္ကဲ့ ေမေမ့ကို ေျပာျပဖို႔ အခ်ိန္ေကာင္း႐ွာလိုက္ပါ့မယ္။ ဒါေပမယ့္ ရိ႐ႈက သူ႕မွာ ႏိုင္ငံျခားမွာ မိန္းကေလးရည္းစား႐ွိၿပီး သူတို႔ရဲ႕ ဆက္ဆံေရးကို အရမ္းခိုင္မာတယ္လို႔ၾကားထားတယ္။ သူဘြဲ႕ရၿပီးရင္ သူမကို ေခၚလာဖို႔ အဆင္သင့္ျဖစ္ေနေလာက္ၿပီ"

မိုရိယန္က ေခါင္းညိတ္လိုက္သည္။ "ဒါသတင္းေကာင္းပဲ" 

မိုရိခ်န္က သူ႕မ်က္ႏွာေပၚ႐ွိ အျပဳံးကို ခ်ဳပ္ကိုင္လိုက္ၿပီး ပိုေလးနက္တဲ့အမူအရာျဖင့္ ေျပာလိုက္သည္။ 

"အစ္ကိုႀကီး  မင္း ခ်န္ေက်ာင္ကို အေလးအနက္ထားရဲ႕လား" 

မိုရိယန္က ဒီႏွစ္ေတြအတြင္းတြင္ သူ႕အနီးအနား၌ လူမ်ားစြာ႐ွိခဲ့ေပမယ့္ သူတို႔ထဲက တစ္ေယာက္အတြက္မွ  ခံစားခ်က္အစစ္အမွန္ေတြ႐ွိပုံ မရခဲ့ေပ။ 

"ခ်န္ေက်ာင္က အဲဒီလူေတြနဲ႔ မတူဘူး။ သူက ႏူးညံ့သိမ္ေမြ႕ၿပီး အႏိုင္က်င့္ဖို႔လြယ္တယ္။ သူက သူ႕ပတ္ဝန္းက်င္ကလူေတြကို ေကာင္းေကာင္းဆက္ဆံၿပီး သူ႕ခံစားခ်က္ေတြက အရမ္း႐ိုး႐ွင္းတာမို႔ အစ္ကိုႀကီးသာ ခါတိုင္းလိုပဲ..."

"ဒီတစ္ခါေတာ့ မတူဘူး" 

မိုရိယန္က သူေျပာၿပီးေအာင္ မေစာင့္ေပ။ သူ႕ရဲ႕ ေအးစက္တဲ့မ်က္လုံးတစ္စုံတြင္ မုန္တိုင္းႀကီး ႐ွိေနပုံရသည္။ 

"ဒီတစ္ႀကိမ္က ငါ ေနာက္ဆုံးေတာ့ ႐ွာေတြ႕ခဲ့ၿပီ" 

"႐ွာေတြ႕ခဲ့ၿပီဟုတ္လား" 

မိုရိခ်န္က နားမလည္ေပ။

မိုရိယန္ တစ္ခုခုေျပာခ်င္ေပမယ့္ ရပ္လိုက္သည္။ ေနာက္ဆုံးတြင္ သူက ႏႈတ္ခမ္းကို တင္းတင္းဖိကာ ေျပာလိုက္သည္။ "စကားလုံးအနည္းငယ္ေလာက္နဲ႔ ေသခ်ာ  မ႐ွင္းျပႏိုင္တဲ့ တစ္ခ်ိဳ႕အရာေတြ ႐ွိတယ္။ သူနဲ႔ငါနဲ႔ၾကားမွာ ငါအပါအဝင္ အရင္က လူတိုင္းျမင္ခဲ့ရတာေတြက ေရခဲျပင္ေပၚက ဓါးနဲ႔ဖန္တီးထားတဲ့ အမႈန္အမႊားေတြခ်ည္းပဲ။ ကမ႓ာႀကီးတစ္ခုလုံးကို လႈပ္ခတ္သြားေစေလာက္ေအာင္ ႀကီးမားတဲ့ ေရခဲေအာက္ကအရာေတြက...ေနာက္ဆုံးေတာ့ ကြဲထြက္သြားခဲ့ပါၿပီ""

Continue Reading

You'll Also Like

209K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
86.2K 15.2K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
171K 18.1K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
103K 17K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...