CLOVER

De YolandaKim2204

8.3K 669 244

Love between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်... Mais

Introduction
Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
!!Author Note(U+Z)!!
Part-18
မိန်းမရဲသခင်မတောင်တော် သမိုင်းကြောင်း
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Announcement

Part-5

231 26 2
De YolandaKim2204


Unicode version

"ခမ်းညား!!"

"အေး ဘာလဲ"

Drawing bookပေါ်မှာ ဘာတွေမှန်းမသိ တခြစ်ခြစ်လျှောက်ဆွဲနေရင်း မြူရှင်းရဲ့အမေးကို တုံးတိတိဖြေလေ၏။

"ဟို..."

"ဟိုလေ"

ခမ်းညားတစ်ယောက် စိတ်မရှည်တော့ဟန်ဖြင့် ဆွဲလက်စခဲတံကို စာရွက်ပေါ်အသာချကာ မြူရှင်းဘက်ကိုတစောင်းလှည့်ပြီး မှုန်ကုပ်ကုပ်အကြည့်နှင့်

"ခွေးသား!!ပြောစရာရှိတာပြောတာမဟုတ်ဘူး ဟိုတွေဒီတွေလုပ်မနေနဲ့။မင့်ဖေက ဒီနေ့စိတ်ကြည်နေတာမဟုတ်ဘူး"

" ဟို..ငါတစ်ခုသိချင်နေလို့လေ။မနေ့က ငါတို့ကိုကူညီပေးခဲ့တဲ့တစ်ယောက်"

"အင်း Kiraကိုပြောတာလား"

"အင်း....အဲ့တစ်ယောက်"

မေးမယ့်စကားလုံးက တွန့်ဆုတ်နေဟန်ဖြင့် မြူရှင်းနှုတ်ခမ်းဝမှ အသံတစ်သံအနေဖြင့်ထွက်ပေါ်မလာ။ထိုအစား အနည်းငယ်ဂဏာမငြိမ်သော မျက်ဝန်းတစ်စုံနှင့်အတူ အချင်းချင်းတတောက်တောက်ထိခပ်နေသော လက်ချောင်းထိပ်လေးများက စီးချက်ညီလှုပ်ရှားလျက်။

"Kiraဆိုတာ ဘယ်သူလဲဆိုတာသိချင်လို့လား။ဘယ်သူဖြစ်ရမှာလဲ...Kiraက Kiraပဲပေါ့"

ငုံ့နေသောခေါင်းလေးမော့လာပြီး ခမ်းညားကိုမျက်စောင်းထိုးနေတဲ့မြူရှင်းကို ချဥ်ပြုံးပြုံးမျက်နှာပေးနဲ့တစ်ချက်ကြည့်ပြီး...

"အိုဟိုး....သေးသေးလေးစတာကို။
မြူမြူလေးကသိချင်နေတာ ကိုကြီးကပြောပြပေးမှာပေါ့။သေချာရေရေလည်လည်နားထောင်နော်"

••••••••••••••••••••••••••••••••

Kira Company Limited......

နိုင်ငံ့အကြီးအကဲတွေကအစ သည်းသည်းလှုပ်အလေးထားရတဲ့အမည်နာမတစ်ခု။နိုင်ငံ၏စီးပွားရေးလောကမှာ ဤနာမည်သည် ဒိတ်ဒိတ်ကြဲဖြစ်ပြီး ထိုအမည်နာမမှ ထွက်ပေါ်လာသမျှ စကားသံတို့သည် တစ်သွေးတစ်သံတစ်မိန့်ဖြစ်သည်။

ဤနိုင်ငံတွင် အခြေစိုက်တည်ထောင်ထားသောKira companyသည်  လုပ်ငန်းပေါင်းမျိုးစုံကို ချဲ့ထွင်လုပ်ကိုင်လျှက်ရှိသည်။အသေးအမွှားစီးပွားရေးလုပ်ငန်းမှအစ တရားဝင်လက်နက်ထုတ်လုပ်သည်အထိ Kira၏နယ်ပယ်သည်ကျယ်ပြန့်သည်။

ကိုယ်ပိုင်လေကြောင်းလုပ်ငန်းကိုပိုင်ဆိုင်ထားပြီး Kiraလေကြောင်းလိုင်းမှ လေယာဥ်တစ်စီးရှိ bussiness classသည် သာမန်လေကြောင်းလိုင်းမှ First classနှင့်တန်းတူညီမျှသည်။VVIP Classဆိုလျှင် မည်မျှခမ်းနားထည်ဝါနေမည်ဖြစ်ကြောင်း ဆိုနိုင်ဖွယ်ရာမရှိပေ။

လုပ်ငန်းများစွာကိုပိုင်ဆိုင်ထားသော Kira company၏လက်အောက်တွင် ထောင်သောင်းမကသော employerများရှိသည့်အတွက် နိုင်ငံ့အလုပ်သမားဦးရေ၏သုံးပုံတစ်ပုံသည် Kiraကိုအမှီပြုထားရသည်။

ထူးချွန်ကျောင်းသားများအတွက်scholar၊မိဘမဲ့များအတွက်စောင့်ရှောက်မှု၊ခိုကိုးရာမဲ့ဘိုးဘွားများအတွက်လည်း Kiraက မှီတည်ရာအဖြစ်ရပ်တည်ပါသေး၏။ထို့အတွက် Kira companyအား အားလုံးကKira Emperor(Kiraအင်ပါယာ)ဟု အားလုံးက သတ်မှတ်ထားကြသည်။

ထိုသို့သောကြီးကျယ်မြင့်မြတ်လှသော Kira emperor၏ တစ်ဦးတည်းသော အမွေဆက်ခံရမည့်သူ.....မေးနေစရာမလိုအောင်ရှင်းသည်။

@ KIRA

16 Dec,1999bornတစ်ဦးဖြစ်ပြီး 6'2"ရှိသောမြင့်မားသောအရပ်နှင့် ဖြူဖွေးသော အသားအရည်ပိုင်ရှင်။ကောင်းခြင်းအဖြာဖြာနှင့်မွေးဖွားလာခဲ့ရပြီး ကောင်းမွန်သောကြန်အင်လက္ခဏာနှင့် ပြည့်စုံကြံ့ခိုင်သောကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူသည် မင်းသားတစ်ပါးထက်ပင် ပိုမိုခမ်းညားသည့်အသွင်ကိုဆောင်သေး၏။

ထက်မြက်သည့် Kiraက ကြီးမြတ်သည့် အင်ပါယာ၏ အနာဂတ်ပဲ့ကိုင်ရှင်!!!!!

•••••••••••••••••••••••••••••••••

ဒုန်း

"ဘာပြောလိုက်တယ်!!!
ဒီKiraက အဲ့Kiraရဲ့ဆက်ခံသူ??????"

ရုတ်တရက်မတ်တပ်ထရပ်ကာ စားပွဲခုံပေါ်လက်နှစ်ဖက်ထောက်ပြီး အံ့သြတကြားရေရွတ်လိုက်ပါသော မြူရှင်းကိုကို ကိုကြည့်ပြီး ခမ်းညားကြောင်သွားသည်။

*မဟုတ်မှ.....ဒီကောင် Kiraကိုတကယ်မသိတာလား
Wth!!နိုင်ငံရတနာကိုလေ..တကယ်ကြီးလား???

ခမ်းညားအတွေးတွေထဲ question markမျိုးစုံနှင့် ဗြောင်းဆန်သွားတော့သည်။

"နေ နေပါဦး ခဏထိုင်ဦး။ငါမေးပါဦးမယ်...မင်းKiraကို အရင်ကတစ်ခါမှမမြင်ဖူးဘူးလား"

"အင်း ငါKira emperorရဲ့ဆက်ခံသူကို ငယ်ငယ်ကပဲမြင်ဖူးတာ အခုလိုအရွယ်ရောက်လာပြီးနောက်ပိုင်း သတိမထားမိတော့ဘူး"

ဟုတ်ပေသည်။Kiraအသက်၁၃နှစ်အရွယ်ကတည်းက နိုင်ငံခြားမှာနေထိုင်တဲ့ဖခင်ဆီကိုလိုက်သွားပြီး အဲ့မှာတင်နေနေခဲ့တာက သူ့အသက်၁၇နှစ်ထိတိုင်။ဒီနိုင်ငံကိုပြန်ရောက်လာပြီးနောက်ပိုင်း Kiraဟာ mediaတွေရှေ့ တစ်ခေါက်မှလူလုံးထွက်မပြသေးပဲ ဒီကျောင်းတွင်းမှာသာ သူသည် Kiraမှန်းသိကြလေသည်။Kira emperor၏အရှိန်အဝါကြောင့် ဆက်ခံသူကိုယ်တိုင်ကိုက ပေါ်ထွက်လာဖို့ မရည်ရွယ်သေးချင်း မည်သူကမျှ Kiraအ​ကြောင်းအား တစ်ပါးသို့ ပျံ့နှံ့ဖို့ရဲမည်မဟုတ်ချေ။

အတည်ပေါက်ကြီး သနားစဖွယ်မျက်ဝန်းလေးနဲ့​ပြောနေတဲ့ မြူရှင်းကိုကြည့်လိုက်တော့ shockဖြစ်နေသယောင်ယောင်။

*ဟုတ်မှာပဲလေ....ဆက်ခံသူကြီးကို မနေ့ကပဲ မျက်ဝါးထင်ထင်တွေ့ခွင့်ရလိုက်ပြီး ကိုယ့်ကိုပါ ကူညီပေးခဲ့သေးတာကိုး....

*ဒါနဲ့...ခစ် Kiraကိုမသိတဲ့သူတစ်ယောက် ဒီနိုင်ငံမှာ ရှိသေးတယ်ဆိုတာ ဟိုကောင်Kiraသာသိရင် သွေးပွက်ပွက်အန်သေလိမ့်မယ်ထင်တယ်။တထောင်ထောင်နဲ့ သိပ်ကိုဘဝင်လေဟပ်နေတဲ့ကောင် အဟင်း...."

(A/N-တို့သားလေးကို သူပြောရက်)

ထိုစဥ်!!!

ဝရန်တာမှ ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လာတဲ့ အသံတစ်ခု....

"အခမ်း!!!!!!"

"သောက်ခွေး...."

ခမ်းညားလန့်သွားသဖြင့် တစ်ချက်ဆဲလိုက်ပြီး အဲ့ဒီခေါ်သံဟာ ဘယ်သူဘယ်ဝါဆီကမှန်း သိရှိသွားပြီးနောက် မျက်လုံးအစုံကိုတင်းတင်းမှိတ် မျက်မှောင်တွေပါကျုံ့နေချိန်၌

"အခမ်း....ကိုကို့ကိုမစောင့်ဘူးကွာ။၈နာရီခွဲရင် လာခေါ်ပါမယ်လို့​သေသေချာချာပြောထားခဲ့တာကို အစောကြီးထွက်သွားတယ်ဆို...မင်းဆိုးနေတာလား"

သိုင်းဘုန်းရှိန်ခန့်ဆိုတဲ့တစ်ယောက်ကို ခမ်းညား နဂါးမျက်စောင်းကျွေးလိုက်ပြီး

"အင်္ဂါနေ့မှာ သန့်ရှင်းရေးတာဝန်ကျထားတာမို့ စောစောလာဖို့ရာသေချာမှာထားတာကို  အယ်ဇိုင်းမားဖြစ်နေလို့ မေ့နေတာလားဟမ်"

သိုင်းဘုန်းခေါင်းကိုတစ်ချက်ကုတ်လိုက်ပြီး

"ဒီနေ့ အင်္ဂါလား??ကြာသပတေးထင်နေတာလေ ... ဟုတ်ပါတယ် ဒီမှာကြည့် ကြာသပတေး"

သူ့လက်ကနာရီကိုမြှောက်ပြပြီးကြည့်ခိုင်းတော့ ခမ်းညားနာရီဆီကို မျက်လုံးတစ်ချက်စောင်းအကြည့်....

"ခွီး....."

မြူရှင်းဆီမှ ထွက်ပေါ်လာသောအသံဖြစ်သည်။ခမ်းညားလည်း နာရီကိုကြည့်အပြီး စိတ်ပျက်လက်ပျက် စုပ်သတ်ပြီး ခေါင်းကိုတဖြည်းဖြည်းရမ်းကား ရှေ့ကကောင်ကို ဆက်မကြည့်ချင်တော့ဟန်ဖြင့် သူ့နေရာသူ ဝင်ထိုင်ပြီးမှောက်အိပ်နေတော့၏။သက်ပြင်းအရှည်ကြီးချလျှက်ပေါ့.....

နာရီမှာပေါ်နေတာက

Thurs,12 May,2022  -_-

သေချာတယ်....ဒီခွေးသူတောင်းစား Tuesနဲ့ Thursကို မှားပြန်ပြီ:)

       Zawgyi version


"ခမ္းညား!!"

"ေအး ဘာလဲ"

Drawing bookေပၚမွာ ဘာေတြမွန္းမသိ တျခစ္ျခစ္ေလ်ွာက္ဆြဲေနရင္း ျမဴရွင္းရဲ့အေမးကို တံုးတိတိေျဖေလ၏။

"ဟို..."

"ဟိုေလ"

ခမ္းညားတစ္ေယာက္ စိတ္မရွည္ေတာ့ဟန္ျဖင့္ ဆြဲလက္စခဲတံကို စာရြက္ေပၚအသာခ်ကာ ျမဴရွင္းဘက္ကိုတေစာင္းလွည့္ၿပီး မႈန္ကုပ္ကုပ္အၾကည့္ႏွင့္

"ေခြးသား!!ေျပာစရာရိွတာေျပာတာမဟုတ္ဘူး ဟိုေတြဒီေတြလုပ္မေနနဲ႔။မင့္ေဖက ဒီေန့စိတ္ၾကည္ေနတာမဟုတ္ဘူး"

" ဟို..ငါတစ္ခုသိခ်င္ေနလို႔ေလ။မေန့က ငါတို႔ကိုကူညီေပးခဲ့တဲ့တစ္ေယာက္"

"အင္း Kiraကိုေျပာတာလား"

"အင္း....အဲ့တစ္ေယာက္"

ေမးမယ့္စကားလံုးက တြန္႔ဆုတ္ေနဟန္ျဖင့္ ျမဴရွင္းႏႈတ္ခမ္းဝမွ အသံတစ္သံအေနျဖင့္ထြက္ေပၚမလာ။ထိုအစား အနည္းငယ္ဂဏာမၿငိမ္ေသာ မ်က္ဝန္းတစ္စံုႏွင့္အတူ အခ်င္းခ်င္းတေတာက္ေတာက္ထိခပ္ေနေသာ လက္ေခ်ာင္းထိပ္ေလးမ်ားက စီးခ်က္ညီလႈပ္ရွားလ်က္။

"Kiraဆိုတာ ဘယ္သူလဲဆိုတာသိခ်င္လို႔လား။ဘယ္သူျဖစ္ရမွာလဲ...Kiraက Kiraပဲေပါ့"

ငံု႔ေနေသာေခါင္းေလးေမာ့လာၿပီး ခမ္းညားကိုမ်က္ေစာင္းထိုးေနတဲ့ျမဴရွင္းကို ခ်ဥ္ၿပံဳးၿပံဳးမ်က္ႏွာေပးနဲ႔တစ္ခ်က္ၾကည့္ၿပီး...

"အိုဟိုး....ေသးေသးေလးစတာကို။
ျမဴျမဴေလးကသိခ်င္ေနတာ ကိုႀကီးကေျပာျပေပးမွာေပါ့။ေသခ်ာေရေရလည္လည္နားေထာင္ေနာ္"

••••••••••••••••••••••••••••••••

Kira Company Limited......

ႏိုင္ငံ့အႀကီးအကဲေတြကအစ သည္းသည္းလႈပ္အေလးထားရတဲ့အမည္နာမတစ္ခု။ႏိုင္ငံ၏စီးပြားေရးေလာကမွာ ဤနာမည္သည္ ဒိတ္ဒိတ္ႀကဲျဖစ္ၿပီး ထိုအမည္နာမမွ ထြက္ေပၚလာသမ်ွ စကားသံတို႔သည္ တစ္ေသြးတစ္သံတစ္မိန္႔ျဖစ္သည္။

ဤႏိုင္ငံတြင္ အေျခစိုက္တည္ေထာင္ထားေသာKira companyသည္  လုပ္ငန္းေပါင္းမ်ိဳးစံုကို ခ်ဲ့ထြင္လုပ္ကိုင္လ်ွက္ရိွသည္။အေသးအမႊားစီးပြားေရးလုပ္ငန္းမွအစ တရားဝင္လက္နက္ထုတ္လုပ္သည္အထိ Kira၏နယ္ပယ္သည္က်ယ္ျပန္႔သည္။

ကိုယ္ပိုင္ေလေၾကာင္းလုပ္ငန္းကိုပိုင္ဆိုင္ထားၿပီး Kiraေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီးရိွ bussiness classသည္ သာမန္ေလေၾကာင္းလိုင္းမွ First classႏွင့္တန္းတူညီမ်ွသည္။VVIP Classဆိုလ်ွင္ မည္မ်ွခမ္းနားထည္ဝါေနမည္ျဖစ္ေၾကာင္း ဆိုႏိုင္ဖြယ္ရာမရိွေပ။

လုပ္ငန္းမ်ားစြာကိုပိုင္ဆိုင္ထားေသာ Kira company၏လက္ေအာက္တြင္ ေထာင္ေသာင္းမကေသာ employerမ်ားရိွသည့္အတြက္ ႏိုင္ငံ့အလုပ္သမားၪီးေရ၏သံုးပံုတစ္ပံုသည္ Kiraကိုအမွီျပဳထားရသည္။

ထူးခြၽန္ေက်ာင္းသားမ်ားအတြက္scholar၊မိဘမဲ့မ်ားအတြက္ေစာင့္ေရွာက္မႈ၊ခိုကိုးရာမဲ့ဘိုးဘြားမ်ားအတြက္လည္း Kiraက မွီတည္ရာအျဖစ္ရပ္တည္ပါေသး၏။ထို႔အတြက္ Kira companyအား အားလံုးကKira Emperor(Kiraအင္ပါယာ)ဟု အားလံုးက သတ္မွတ္ထားၾကသည္။

ထိုသို႔ေသာႀကီးက်ယ္ျမင့္ျမတ္လွေသာ Kira emperor၏ တစ္ၪီးတည္းေသာ အေမြဆက္ခံရမည့္သူ.....ေမးေနစရာမလိုေအာင္ရွင္းသည္။

@ KIRA

16 Dec,1999bornတစ္ၪီးျဖစ္ၿပီး 6'2"ရိွေသာျမင့္မားေသာအရပ္ႏွင့္ ျဖဴေဖြးေသာ အသားအရည္ပိုင္ရွင္။ေကာင္းျခင္းအျဖာျဖာႏွင့္ေမြးဖြားလာခဲ့ရၿပီး ေကာင္းမြန္ေသာၾကန္အင္လကၡဏာႏွင့္ ျပည့္စံုႀကံ့ခိုင္ေသာကိုယ္ခႏၶာကို ပိုင္ဆိုင္ထားသူသည္ မင္းသားတစ္ပါးထက္ပင္ ပိုမိုခမ္းညားသည့္အသြင္ကိုေဆာင္ေသး၏။

ထက္ျမက္သည့္ Kiraက ႀကီးျမတ္သည့္ အင္ပါယာ၏ အနာဂတ္ပဲ့ကိုင္ရွင္!!!!!

•••••••••••••••••••••••••••••••••

ဒုန္း

"ဘာေျပာလိုက္တယ္!!!
ဒီKiraက အဲ့Kiraရဲ့ဆက္ခံသူ??????"

ရုတ္တရက္မတ္တပ္ထရပ္ကာ စားပြဲခံုေပၚလက္ႏွစ္ဖက္ေထာက္ၿပီး အံ့ၾသတၾကားေရရြတ္လိုက္ပါေသာ ျမဴရွင္းကိုကို ကိုၾကည့္ၿပီး ခမ္းညားေၾကာင္သြားသည္။

*မဟုတ္မွ.....ဒီေကာင္ Kiraကိုတကယ္မသိတာလား
Wth!!ႏိုင္ငံရတနာကိုေလ..တကယ္ႀကီးလား???

ခမ္းညားအေတြးေတြထဲ question markမ်ိဳးစံုႏွင့္ ေျဗာင္းဆန္သြားေတာ့သည္။

"ေန ေနပါၪီး ခဏထိုင္ၪီး။ငါေမးပါၪီးမယ္...မင္းKiraကို အရင္ကတစ္ခါမွမျမင္ဖူးဘူးလား"

"အင္း ငါKira emperorရဲ့ဆက္ခံသူကို ငယ္ငယ္ကပဲျမင္ဖူးတာ အခုလိုအရြယ္ေရာက္လာၿပီးေနာက္ပိုင္း သတိမထားမိေတာ့ဘူး"

ဟုတ္ေပသည္။Kiraအသက္၁၃ႏွစ္အရြယ္ကတည္းက ႏိုင္ငံျခားမွာေနထိုင္တဲ့ဖခင္ဆီကိုလိုက္သြားၿပီး အဲ့မွာတင္ေနေနခဲ့တာက သူ႔အသက္၁၇ႏွစ္ထိတိုင္။ဒီႏိုင္ငံကိုျပန္ေရာက္လာၿပီးေနာက္ပိုင္း Kiraဟာ mediaေတြေရ႔ွ တစ္ေခါက္မွလူလံုးထြက္မျပေသးပဲ ဒီေက်ာင္းတြင္းမွာသာ သူသည္ Kiraမွန္းသိၾကေလသည္။Kira emperor၏အရိွန္အဝါေၾကာင့္ ဆက္ခံသူကိုယ္တိုင္ကိုက ေပၚထြက္လာဖို႔ မရည္ရြယ္ေသးခ်င္း မည္သူကမ်ွ Kiraအ​ေၾကာင္းအား တစ္ပါးသို႔ ပ်ံ့ႏွံ႔ဖို႔ရဲမည္မဟုတ္ေခ်။

အတည္ေပါက္ႀကီး သနားစဖြယ္မ်က္ဝန္းေလးနဲ႔​ေျပာေနတဲ့ ျမဴရွင္းကိုၾကည့္လိုက္ေတာ့ shockျဖစ္ေနသေယာင္ေယာင္။

*ဟုတ္မွာပဲေလ....ဆက္ခံသူႀကီးကို မေန့ကပဲ မ်က္ဝါးထင္ထင္ေတြ့ခြင့္ရလိုက္ၿပီး ကိုယ့္ကိုပါ ကူညီေပးခဲ့ေသးတာကိုး....

*ဒါနဲ႔...ခစ္ Kiraကိုမသိတဲ့သူတစ္ေယာက္ ဒီႏိုင္ငံမွာ ရိွေသးတယ္ဆိုတာ ဟိုေကာင္Kiraသာသိရင္ ေသြးပြက္ပြက္အန္ေသလိမ့္မယ္ထင္တယ္။တေထာင္ေထာင္နဲ႔ သိပ္ကိုဘဝင္ေလဟပ္ေနတဲ့ေကာင္ အဟင္း...."

(A/N-တို႔သားေလးကို သူေျပာရက္)

ထိုစဥ္!!!

ဝရန္တာမွ ေၾကာက္မက္ဖြယ္ရာ ထြက္ေပၚလာတဲ့ အသံတစ္ခု....

"အခမ္း!!!!!!"

"ေသာက္ေခြး...."

ခမ္းညားလန္႔သြားသျဖင့္ တစ္ခ်က္ဆဲလိုက္ၿပီး အဲ့ဒီေခၚသံဟာ ဘယ္သူဘယ္ဝါဆီကမွန္း သိရိွသြားၿပီးေနာက္ မ်က္လံုးအစံုကိုတင္းတင္းမိွတ္ မ်က္ေမွာင္ေတြပါက်ံဳ႔ေနခ်ိန္၌

"အခမ္း....ကိုကို႔ကိုမေစာင့္ဘူးကြာ။၈နာရီခြဲရင္ လာေခၚပါမယ္လို႔​ေသေသခ်ာခ်ာေျပာထားခဲ့တာကို အေစာႀကီးထြက္သြားတယ္ဆို...မင္းဆိုးေနတာလား"

သိုင္းဘုန္းရိွန္ခန္႔ဆိုတဲ့တစ္ေယာက္ကို ခမ္းညား နဂါးမ်က္ေစာင္းေကြၽးလိုက္ၿပီး

"အဂၤါေန့မွာ သန္႔ရွင္းေရးတာဝန္က်ထားတာမို႔ ေစာေစာလာဖို႔ရာေသခ်ာမွာထားတာကို  အယ္ဇိုင္းမားျဖစ္ေနလို႔ ေမ့ေနတာလားဟမ္"

သိုင္းဘုန္းေခါင္းကိုတစ္ခ်က္ကုတ္လိုက္ၿပီး

"ဒီေန့ အဂၤါလား??ၾကာသပေတးထင္ေနတာေလ ... ဟုတ္ပါတယ္ ဒီမွာၾကည့္ ၾကာသပေတး"

သူ႔လက္ကနာရီကိုေျမႇာက္ျပၿပီးၾကည့္ခိုင္းေတာ့ ခမ္းညားနာရီဆီကို မ်က္လံုးတစ္ခ်က္ေစာင္းအၾကည့္....

"ခြီး....."

ျမဴရွင္းဆီမွ ထြက္ေပၚလာေသာအသံျဖစ္သည္။ခမ္းညားလည္း နာရီကိုၾကည့္အၿပီး စိတ္ပ်က္လက္ပ်က္ စုပ္သတ္ၿပီး ေခါင္းကိုတျဖည္းျဖည္းရမ္းကား ေရ႔ွကေကာင္ကို ဆက္မၾကည့္ခ်င္ေတာ့ဟန္ျဖင့္ သူ႔ေနရာသူ ဝင္ထိုင္ၿပီးေမွာက္အိပ္ေနေတာ့၏။သက္ျပင္းအရွည္ႀကီးခ်လ်ွက္ေပါ့.....

နာရီမွာေပၚေနတာက

Thurs,12 May,2022  -_-

ေသခ်ာတယ္....ဒီေခြးသူေတာင္းစား Tuesနဲ႔ Thursကို မွားျပန္ၿပီ:)















































Continue lendo

Você também vai gostar

84.9K 7.5K 141
New Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description က...
ELORA De osi yr

Não Ficção

17.1K 2.8K 47
මගදි වෙදදුරන් මුණ නොගැසුණු ගමනකදි තවත් පලුදු වුණ හදවතක් මට තිබේ ... . . . . "ප්‍රශ්නේ කියන්නෙ මේ පාර අපිට king ලා දෙන්නෙක්ම ඉන්න එක නේ ." "නෑ ප...
1M 71.8K 92
LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင္ႏွစ္ေယာက္မွေမြးဖြားခဲ့တဲ့လြမ္းေသြးငယ္ဟာမေတာ္တဆတစ္ခ...
2.3K 376 8
සුදුපාටට පිච්චමල් ගොඩක් අහසින් වැටුණා. දළදාව වහගෙන පිච්චමල් වහිනවා... සාධු සාධු සාධු මන් අත් දෙක දොහොත් මුදුන් දීල දළදා වැන්දා... කාලෙකට පස්සෙ දළදා ත...