CLOVER
By YolandaKim2204
8.6K 691 244
Love between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်... More
Introduction
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
!!Author Note(U+Z)!!
Part-18
မိန်းမရဲသခင်မတောင်တော် သမိုင်းကြောင်း
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Announcement
Part-3
286 28 0
By YolandaKim2204
Unicode version
ငါက မင်းအမေယောက်ကျား မင်းအဖေမို့လား ဟက်"
မြူရှင်းသွေးတို့ပင် ဆောင့်တက်ချင်သွား၏။ ဒီကောင်ဘာပြောလိုက်တာ။ရူးသွားပီလား ဒါမှမဟုတ် ဦးနှောက်မရှိတော့တာလား။
အခုအနေအထားအရဆို တစ်ဖက်က လူကောင်ထွားထွားသုံးယောက်။မိမိတို့ကနှစ်ယောက်တည်း။ပီးတော့နှစ်ယောက်လုံးက လူကောင်ကသေးသေး။အင်း........မြူရှင်းမိမိအနာဂတ်ကိုပုံဖော်ကြည့်သည်။တွေးလို့မရတော့။အနာဂတ်မှာ မြူရှင်းကိုကိုဆိုတာ ရှိချင်မှရှိတော့မှာလေ😖။
တစ်ဖက်ကရှူးရှူးရှားရှားနဲ့ ဒေါသထွက်နေတဲ့တစ်ယောက်ကလည်း ကျောင်းထဲမှာမို့ သူ့စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားပုံရသည်။ခမ်းညားကို အသေသတ်မလို မျက်လုံးကြီးတွေနဲ့ကြည့်နေတာတောင်မှ သကောင့်သားက တုတ်တုတ်မှမလှုပ်။ခနဲ့တဲ့မျက်လုံးတွေနဲ့တောင် ပြန်ကြည့်နေလိုက်သေးသည်။
ဒီလူတွေကြားထဲမှာနေရင်း မြူရှင်းအငွေ့ပျံချင်သလိုလိုတောင်ဖြစ်နေပီ။မဖြစ်တော့ ....ဒီကောင့်ကို အမြန်ခေါ်ထုတ်မှရတော့မယ်။
"ဟို  ခမ်း ခမ်းညား အ အတန်းကိုပြန်ကြစို့လေ ဆရာမကငါ့ကို ခိုင်းထားတာရှိတာကို ငါမေ့နေတာ ။ငါ့ကိုကူဦး။ပီးတော့ ဒီကသူငယ်ချင်းတို့လည်း ခွင့်ပြုပါဦးနော်။"
အားတင်းပီး စကားကိုဆုံးအောင်ပြောကာ ခမ်းညားကိုအင်္ကျီစကနေ ကိုင်ပီး အတင်းဆွဲထွက်လာတုန်းရှိသေး...
"ခမ်းညားဆိုတဲ့ကောင် !!ညနေကျောင်းဆင်းပြီးရင် ကျောင်းအနောက်ဘက်မှာတွေ့မယ် မင်းပြောတဲ့စကားအတွက် မင်းတာ၀န်ယူရလိမ့်မယ်"
"စိန်ခေါ်တာလား အဟက် ခမ်းညားဆိုတဲ့ကောင်ကလည်း စိန်ခေါ်ရင် တိမ်ပေါ်ထိတက်ရဲတယ် မင်းတို့သာ ဆက်ဆက်လာခဲ့ သဘောပေါက်ကြလား"
အင်္ကျီလက်ရှည်အဖြူကို တံတောင်ဆစ်နားထိ သေချာခေါက်တင်ရင်း အကြောက်အလန့်မရှိပြောနေတဲ့ အေးစက်စက်လူသားကိုကြည့်ပီး မြူရှင်းတံတွေးပင်နင်သွားရသည်။သူပြောချင်တာပြောပြီးနောက် လှည့်ထွက်သွားသော ထိုခွေးသားနောက် မြူရှင်းမှာ အမောဆို့အောင် လိုက်ရပြန်သည်။
"ကောင်းကျိုးမပေးတဲ့ ခွေးသူတောင်းစား"
°°°°°°°°°°°°°°°°°°°
ဘုတ်!!!
'အ'
ကျောင်းအုတ်တံတိုင်းနံရံသို့ တွန်းပစ်ခံရသည့်အရှိန်ကမသေးလှတာမို့ မြူရှင်းကျောတစ်ခုလုံးအောင့်ခနဲဖြစ်သွားရသည်။ပြဿနာရှာထားသည့် ဟိုတစ်ကောင်ကတော့ ဖြုံတောင်ဖြုံပုံမရ။
မိမိမပါလည်း ဒီကောင်တစ်ယောက်တည်း သွားမည်ဆိုတာသိထား၍သာ ခမ်းညားဆိုတဲ့ ခွေးသားနောက်ကနေ မြူရှင်းလိုက်လာရခြင်းသာ။လိုက်လာ၍သာတော်တော့သည်။ဟိုဘက်ကအုပ်စုက နေ့လည်ကလို သုံးယောက်တောင်မဟုတ်တော့။အနည်းဆုံး ခြောက်ယောက်ခုနှစ်ယောက်လောက်ရှိမည်။
မြူရှင်း လူရေလို့မှမဆုံးသေး ခွပ်ခနဲ အသံတစ်ချက်ကြားလိုက်ရပီး ကြည့်လိုက်တော့ ခမ်းညားကို ချုပ်ထားတဲ့ကောင်က နောက်ပြန်လဲကျနေသည်။တရားခံကိုတော့ရှာနေစရာမလိုတော့။လက်ကောက်ဝတ်ကို အညောင်းပြေလှည့်နေကာ မခန့်လေးစားလုပ်နေသော ကျက်သတုံး ခမ်းညား။
ထိုအခါ အုပ်စုကြီးလိုက် ခမ်းညားကိုဝင်သုတ်ကြမဟ်ပြင်နေ၍ မိမိမှာလည်းမနေသာတော့ပဲ ဝင်လုံးလိုက်ရတော့၏။ခမ်းညားဆိုတဲ့ကောင်ကလည်း လူကောင်ကသာသေးတာ။ခေသူတော့မဟုတ်။သူ့အနားကပ်လာသမျှကောင်တွေကို လွင့်ထွက်အောင် ဆော်နေသည်။
မြူရှင်းကိုယ်တိုင်ကလည်း ငယ်ငယ်က ကိုယ်ခံပညာသင်တန်းကျောင်းမတက်ချင်တာကို အတင်းတွန်းပို့ခဲ့သည့် မိဘနှစ်ပါးကိုသာ ကျေးဇူးအထပ်ထပ်တင်မိ၏။မဟုတ်ရင် အခုအခြေအနေမှာတင် မြူရှင်းတစ်ယောက်လူရုပ်မပေါ်ပဲ ဒုက္ခိတဖြစ်ရင်ဖြစ်။မဖြစ်ရင် ကိုမာဝင်လိမ့်မည်သာ။
မြူရှင်းအကောင်တစ်ကောင်ကိုရှယ်ဆော်နေတုန်း နောက်နေချုပ်ခံလိုက်ရတာတောင့် လူကထိတ်ခနဲ။ဘေးကခမ်းညားကိုကြည့်မိတော့ ဘယ်ကနေဘယ်လိုရောက်လာကြမှန်းမသိတဲကောင်တွေက ၃ယောက်၄ယောက်။
"ဟက် ငကြောက်တွေ။လူနှစ်ယောက်ကိုတောင် မနိုင်ဘူး"
အသံထွက်လာတဲ့သူကဘယ်သူဆိုတာ လှည့်ကြည့်စရာလိုအောင်ကို သိပီးဖြစ်သည်။မြူရှင်းမြေကြီးပေါ်ကိုသာငုံ့ကြည့်လိုက်ပီး
"မင်းဆီ မကြာခင်လာခဲ့မယ်နော် ဟိုခွေးသားက ငါ့ကို အသက်မရှင်စေချင်တော့ဘူးထင်တယ် အခြေအနေမသိ အချိန်အခါမသိနဲ့  ...သေရင်လည်း တစ်ကောင်တည်းမသေဘူး"
"ဟေ့ကောင်တွေ ကြာတယ်ကွာ ဒီနှစ်ယောက်ကို  မြန်မြန်ဆော်လိုက်ကြတော့ "
ဟိုဘက်ကတစ်ကောင်က အသံထွက်ပီးမကြာခင် အုတ်တံတိုင်းဘေးကအုတ်နီခဲအကျိုးအပဲ့တွေကို ကောက်ကိုငိလိုက်ကြပီး မြူရှင်းတို့ကို အသေဆော်မည့်ပုံစံတွေနဲ့ တိုးကပ်လာတော့သည်။
ခမ်းညားက ရုန်းကန်ကျောက်ထိုးနေပေမယိ့ မြူရှင်းမှာတော့ ကြောင်ကြောငိကြီးသာ ရပ်နေမိသည်။အုတ်နီခဲကိုင်ထားတဲ့ ခပ်ပိန်ပိန်တစ်ကောင်က မြူရှင်းကို အားနဲ့မာန်နဲ့ ထုတော့မည်အလုပ်....
🎶 🎶Sometime all I Think About Is You..
          Late Night In The Mid...🎶🎶
မထင်မှတ်ပဲ ထွက်ပေါ်လာတဲ့Ringtoneသံကြောင့် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အသံလာရာဆီသို့ကြည့်လိုက်မိကြသည်။
ရှညိလျားတဲ့အရပ်ကြီးနဲ့ သူဝတ်ထားတဲ့ မိမိတို့ကျောင်းယူနီဖောင်းက သူနဲ့မှ သိပ်ကိုလိုက်ဖက်နေသယောင်။လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပီး ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ ဖုန်းကိုကိုင်ထားပီး စကားပြောနေပုံက နတ်ဘုရားတစ်ပါးအလား ပြီးပြည့်စုံစွာ ကြညိ့ကောင်းနေ၏။
ရုတ်ချည်းဆိုသလို မြူရှင်းကော်လံစကို ဆွဲကိုင်ထားတဲ့ကောင်က လက်ထဲက အုတ်ခဲကိုပစ်ချလိုက်ပြီး အတုန်တုန်အယင်ယင်ဖြင့်
"ကျောင်း ကျောင်းသားဥက္ကဌ!!!"
"အင်း"
အေးစက်စက်ပြန်ထူးလာတဲ့ အသံ။အခုချိန်ထိ မြူရှင်းတို့ကို တစ်ချက်မော့မကြည့်ပဲ လက်ထဲက ဖုန်းကိူသာ တတောက်တောက်နှိပ်ကာ အလုပ်များနေပုံရသည်။
မြူရှင်း ခမ်းညားကိုတစ်ချက်ကြည့်ပြီး ဘယ်သူလဲဆိုတဲ့သဘောနဲ့ ခေါင်းဆတ်မေးလိုက်တော့ နှဖူးကို လက်ညှိုးနဲ့အသာကုတ်ပြီး လေသံလေးနဲ့
"နောက်မှပြောပြမယ်"တဲ့
သူကသာမသိတာ.... သူ့ပတ်ပတ်လည်ကကောင်တွေကတော့ တုတ်တုတ်မှမလုပ်ပဲ ခေါင်းကြီးတွေငုံ့ပီး ရပ်နေကြသည်။သူတို့ကြည့်ရတာ ထိတ်လန့်နေတဲ့ပုံ။
တကယ်ပဲ ဘယ်သူမို့လို့လဲ။
"မသွားကြသေးဘူးလား ဒီမှာပဲနေတော့မှာပေါ့"
ဖုန်းကိုဘောင်းဘီအိတ်ထဲ လျှိုထည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ်ပြောလာတဲ့သူ။သူ့အသံမှာက အေးစက်မှုနဲ့ အမိန့်ဆန်မှုနှစ်ခုလုံး ရောယှက်နေပီး အခုအဖြစ်အပျက်နဲ့ပက်သက်ပီး အနည်းငယ်စိတ်ရှုပ်နေဟန်။
ထိုသူ့ရဲ့စကားဆုံးတာနဲ့ ကျောင်းနောက်ပေါက်ကို တန်းနေအောင်ပြေးကြတဲ့ ထိုအကောင်တွေ။
"ကျစ် နွားတွေစားကျက်ထဲလွှတ်လိုက်သလိုပဲ ။တန်းလို့ကွာ နော် မြူရှင်း"
မြူရှင်းပုခုံးကိုဖက်ပြီး ပြောလာတဲ့ ခမ်းညား။ဒီကောင်ကမျက်နှာတစ်ခုလုံး ပေါက်ပြဲနေအောင်သာအထိုးခံထားရတာ။လေသံက တစ်စက်မှ အချိုးမပြေ။
'ပါးရိုးနားရိုးတွေ ကျိုးသွားရမှာ'
စိတ်ထဲကသာကျိန်ဆဲနေတာ မြူရှင်းအကြည့်တွေက ခမ်းညားဆီမှာမဟုတ်။မလှမ်းမကမ်းမှာရပ်နေတဲ့ တစ်ယောက်သောသူဆီမှာသာဖြစ်၏။ထိုသူကလည်း မြူရှင်းကို မမှိတ်မသုန် ပြန်ကြည့်နေသေးသည်။
ဒုတ် ဒုတ် ဒုတ် ဒုတ်
ဘာသံတွေလဲ ဒါတွေက။အသံလာရာဆီကို မြူရှင်းအကြည့်ပို့မိတော့ မိမိရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ရင်ဘတ်။
'မဟုတ်တာ မင်းခုနက အုတ်ခဲနဲ့အထုခံရမလိုဖြစ်သွားတာလေ အဲ့တော့ ကြောက်ပီးနှလုံးခုန်တွေမြန်နေတာပေါ့ အင်းဟူတ်တယ် အဲ့တိုင်းပဲ'
တစ်ယောက်တည်း စိတ်ထဲကနေ တိုးကြီတ်သတိပေးနေပေမယ့် သူ့ကိုကြည့်နေရင်း စိတ်တွေလှုပ်ရှားလာတာကိုတော့သူသိသည်။ဒီခံစားချက်မျိုးကို တစ်ချိန်ကခံစားကြည့်ခဲ့ဖူးပီးသားမို့ ဒီခံစားချက်က ဘယ်ကိုဦးတည်နေတာလဲဆိုတာလဲသူသိသည်။
'သဘောကျနေတာလား မဖြစ်နိုင်တာ'
မြူရှင်းအတွေးတို့မဆုံးလိုက်.....
"အခမ်း......................."
အာဗြဲကြီးနဲ့ ပြေးလာတဲ့တစ်ယောက်။သေချာကြည့်လိုက်တော့ ဟင် ဟိုအစ်ကို !!!
ခမ်းညားသည်လည်း ခါးကိုကိုင်းပီး မျက်မှောင်ကြီးကိုကျုံ့ကာ သူ့နာမည်ကို အကျယ်ကြီးအော်ပီး ပြေးတဲ့ထိုတစ်ယောက်ကိုကြည့်ပီး ဘယ်သူလဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့
"ကျက်သတုံး သိုင်းဘုန်းရှိန်ခ $%&*$%&*"
        Zawgyi version
°°°°°°°°°°°°°°°°°°°
ဘုတ်!!!
'အ'
          Late Night In The Mid...🎶🎶
"အင်း"
"နောက်မှပြောပြမယ်"တဲ့
ဒုတ် ဒုတ် ဒုတ် ဒုတ်
'မဟုတ်တာ မင်းခုနက အုတ်ခဲနဲ့အထုခံရမလိုဖြစ်သွားတာလေ အဲ့တော့ ကြောက်ပီးနှလုံးခုန်တြွေမန်နေတာပေါ့ အင်းဟူတ်တယ် အဲ့တိုင်းပဲ'
"အခမ်း......................."
Continue Reading
You'll Also Like
101K 2.8K 20
ရင်ခုန်ရင် ဒါအချစ်ပဲတဲ့
123K 15.9K 58
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. • ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! වැහි කලුවකින් වැසී ගිය මන්දාරම් අහස යට සිට... රෂාන් ♡ මිහික Start = 2...
35 11 2
ඔයාට හොඳටම විශ්වාසද මාත් එක්ක ජීවත් වෙන්න පුළුවන් කියලා???.............