ကျွန်တော့်ချစ်သူ ဆိုးပေလေး

By khingwinhtet

18K 1.4K 96

စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27

Part 23

684 49 10
By khingwinhtet

Unicode

နှစ်ကူးပီးနှစ်ရက်မြောက်နေ့မှာybဟာအိမ်ပြန်လာခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့အိမ်လေးကိုပေါ့။

သူအိမ်ရောက်ပီးသိပ်မကြာဘူး တံခါးဖွင့်သံကြားတာကြောင့် သူ့အဆိုးတုံးလေးရောက်လာပီဆိုတာသိလိုက်တယ်။

'' ဝမ် ရိ ပေါ်! ! ''

အရှိန်နဲ့အော်ပီးပြေးလာတဲ့xzက သူ့ရင်ခွင်ထဲကိုပစ်ဝင်လာတယ်။
ပီးတော့ကလေးတစ်ယောက်လိုချွဲတယ်။

အခုလိုမျိုးလေးဆဲပီးတော့ပေါ့။

'' ပြန်လာမှာကိုငါ့ကိုကြိုမပြောပြဘူးပေါ့လေ သိရင်ငါလာကြိုပေးမဲ့ဟာကိုပဲ...ငါလိုးကျနေတာပဲ! ခွေးကောင်! ''

xzကဆဲလို့အပီးမှာybရဲ့ရင်ဘတ်ကိုတရှုံ့ရှုံ့နဲ့အနံ့ခံတယ်။

သူလွမ်းနေခဲ့တာမှအများကြီးပဲ ဝူးးဝူးးး!

ybကခွေးပေါက်လေးလိုလုပ်နေတဲ့xzမျက်နှာလေးကိုဆွဲမော့ပီး နှာခေါင်းလေးကိုအသည်းယားစွာဖျစ်ညှစ်လိုက်တယ်။

ဘယ်လိုတောင်အဆိုးလေးပါလိမ့်!

'' နှာဗူး! ဘယ်တွေလျှောက်နမ်းနေတာလဲ ... လူမြင်မကောင်းဘူး ''

xzကပက်ခနဲပြန်ပြောတယ်။

'' ဘာကိုလူမြင်မကောင်းရမှာလဲ..ဒီမှာမင်းနဲ့ငါ့အပြင်ဘယ်သူရှိသေးလို့လဲ! မြေနိုးလေး အိမ်ပြန်တာရက်နဲနဲလေးပဲရှိသေးတယ် ငါ့ကိုပစ်ထားချင်နေပီပေါ့လေ! ''

'' အဲ့လိုမဟုတ်ဘူး... ''

ybကအနောက်ဘက်ဆီမေးငေါ့ပြတယ်။

xzကလှည့်မကြည့်ဘူး။

'' ဘာဖြစ်နေတာလဲ အကြောဆွဲနေတဲ့လူလိုပဲ! ''

'' မင်းနောက်ကိုအရင်လှည့်ကြည့်အုံး ''

xzကသံသယမျက်လုံးနဲ့ybကိုပေစောင်းစောင်းကြည့်ကာ အနောက်ကိုချာခနဲပြန်လှည့်ကြည့်တယ်။

ပီးတာနဲ့အထိတ်တလန့်ထအော်တယ်။

'' အိုးးးးး လန့်လိုက်တာဟ! ''

xzထက်ပိုလန့်သွားသူက မျက်လုံးကြီးပြူးကာကြောင်တောင်တောင်နဲ့သူတို့ကိုကြည့်နေခဲ့တဲ့ဟိုက်ခွမ်းတစ်ယောက်ပဲ။

အဲ့တော့? သူ့တိတိရဲ့ကောင်လေးဆိုတာက ဒီငနဲလေးပေါ့လေ?

xzက အထစ်ထစ်အငေါ့ငေါ်မေးတယ်။

'' ဟို..ဟို ဒေါက်တာ.. အကုန်မြင်လိုက်တာလား? ''

ဟိုက်ခွမ်းကခေါင်းညိတ်ပြတော့ xzကသူ့မျက်နှာသူလက်ဖဝါးနဲ့အုပ်ကာ သွားတွေအအေးပတ်မတတ်ရယ်ပြလိုက်တယ်။
ပီးတော့မသိမသာနဲ့ybခြေထောက်ကိုတက်နင်းလိုက်တယ်။

ဝမ်ရိပေါ် အစုတ်ပလုတ်ကောင်! သူ့အစ်ကိုပါလာမယ်ဆိုတာကြိုပြောသင့်တယ်လေ..အခုတော့! သူရှက်တယ်လို့ အားးး မာတာမိခင်ရေ!

'' ဟီးဟီး မင်္ဂလာပါဒေါက်တာ... ကျွန်တော်က အဲ...သူငယ်ချင်းကိုလာတွေ့တာပါ အခုပြန်တော့မလို့ပါ ဘိုင့်ဘိုင်ပါ ''

​အပေါက်ဝဆီဦီးတည်ပီးပြေးဖို့ပြင်နေတဲ့xzကို ybကဂုတ်ကနေဆွဲကိုင်ထားလိုက်တယ်။

'' အရူးလိုလုပ်မနေနဲ့ ငါ့ကောအကုန်သိပီးပီ ''

'' ဟမ်! ''

အထိတ်တလန့်နဲ့xzက ဟိုက်ခွမ်းကိုမေးတယ်။

'' သူပြောတာဟုတ်လားဒေါက်တာ ဘယ်တုန်းကသိတာလဲ? ဘယ်လိုသိတာလဲ? သူပြောပြတာလား? ''

ဟိုက်ခွမ်းက သွက်လက်တက်ကြွနေတဲ့xzကိုကြည့်ပီးသူ့ညီကိုပြန်ကြည့်တယ်။

ဒီနှစ်ယောက်ဘယ်လိုများတွဲဖြစ်သွားတာပါလိမ့်နော်!

ခဏကြာနေပီးတော့ သူ့ညီရဲ့တည့်တိုးနှင်လွှတ်မှုကြီးကြောင့်ဟိုက်ခွမ်းခမျာပြန်ရတော့တယ်။

xzကybကိုမျက်စောင်းကြီးခဲကာပြောလိုက်တယ်။

'' အဲ့လိုကြီးအမြန်ပြန်ခိုင်းလိုက်ရလားခွေးကောင်ရဲ့! ကြည့်ပါအုံး မင်းအစ်ကိုငါ့ကိုအမြင်ကတ်သွားပီလားမသိဘူး! ''

ybကတော့တည်ငြိမ်စွာတစ်ခွန်းပဲပြောလိုက်တယ်။

'' အဲ့လိုမှမဟုတ်ရင်ရော? မင်းရဲ့သွားတွေအအေးပတ်သွားအောင်နေခိုင်းရမှာလား တဟီဟီလုပ်နေတာမြင်းကြီးကျလို့! ''

'' F**k you! မင်းကမှမြင်းကြီးကွ! ''

~~~~~~~~~~~~~~~~

ကျောင်းအနီးကcoffeeဆိုင်မှာxzရဲ့မျက်လုံးဟာပေကလပ်ပေကလပ်နဲ့ သူ့ရှေ့ကလူကြီးကိုကြည့်နေလိုက်တယ်။
သူ့ကိုခေါ်လာတဲ့ဗလတောင့်တောင့်နဲ့လူကြီးတွေက လဲဘေးနားကစားပွဲမှာကျောက်ရုပ်ကြီးတွေလိုထိုင်နေကြတယ်။

ဝမ်ပါးက သူ့ရှေ့ကကြောက်ရွံ့နေပုံရတဲ့ကောင်လေးကိုကြည့်ကာတချက်ပြုံးလိုက်တယ်။

Ok! သူခြိမ်းခြောက်ဖို့မလိုတော့ဘူးပေါ့!

'' မင်းငါ့ကိုသိသလား? ''

'' မသိဘူးလေခင်ဗျာ ''

'' အမ်? အဟမ်း...တကယ်မသိဘူးလား ငါ့ကိုလေ? ''

'' ဟုတ်ကဲ့ မဖြစ်မနေသိရမှာလားဗျ ''

ဝမ်ပါးထင်ထားခဲ့တာက ဒီကောင်လေးကသူ့ကိုybအဖေမှန်းသိလို့ကြောက်နေခဲ့တယ်ပေါ့။ အခုလိုမျက်နှာပေးကိုကြည့်ရတာတော့သူ့ကိုတကယ်မသိတဲ့ပုံပါပဲ။

သားလုပ်သူနဲ့ကျချစ်ကြိုက်နေကြပီး ဖအေလုပ်သူကိုတော့မသိဘူးပေါ့လေ! အရမ်းကောင်းတယ်!

ဒေါသထွက်ထွက်နဲ့ချက်လက်မှတ်တစ်စောင်ကိုအဲ့ကောင်လေးရှေ့ချပေးလိုက်တယ်။

xzကသူ့ရှေ့ကစာရွက်ကိုကြည့်တယ်။

ထျန်းနာ! ၁၀သန်း..၁၀သန်းကြီးများတောင်!

ဘာလားပဲဟ! လူကိုအတင်းအကြပ်အဓမ္မခေါ်လာပီး မုန့်ဖိုးပေးနေတာလား! သူ့ကိုလဲငါမသိဘဲနဲ့!

'' ဒါကြီးကဘာလုပ်ရမှာ? ''

'' ငါ့သားနဲ့လမ်းခွဲလိုက်! ''

သူ့ကိုယ်သူdramaတွေထဲကယောက္ခမကြီးပုံစံဖြစ်နေမှန်းလဲဝမ်ပါပါးဟာသိနေတယ်။

ဒါပေမဲ့လဲသူဘာလုပ်နိုင်မှာလဲ? ဒါတွေကသူ့ဇနီးလုပ်ရမှာဖြစ်ပေမဲ့လဲ သူ့ဇနီးကသူ့သားဘက်ပါနေတယ်လေ! အဲ့တော့သူကိုယ်တိုင်ပဲလုပ်ရတော့မှာပေါ့!

အဲ့အခါမှxzကသူ့ရှေ့ကမျက်နှာသေကြီးနဲ့လူဟာybအဖေမှန်းသိတော့တယ်။

ဒီလိုနေ့ကရောက်လာခဲ့ပီပေါ့လေ!

သူတို့အကြောင်းကိုybကအိမ်ကိုဖွင့်ပြောထားမှန်းလဲybပြောပြလို့သူသိပီးပီ။ သူ့ပါပါးတစ်ယောက်ပဲကန့်ကွက်တာကိုလဲသူသိပီးပီ။

ဘယ်တတ်နိုင်ပါ့မလဲလေ.. ဒီလိုဖြစ်လာပီဆိုတော့ကါ!

'' အာ...ရိပေါ်ပါပါးလား? မသိလိုက်မိလို့တောင်းပန်ပါတယ်ခင်ဗျ ''

'' ရတယ် အခုသိသွားပီမလား! ဒါဆိုရင်ဒီချက်လက်မှတ်ကိုလက်ခံပီးငါ့သားနဲ့ဝေးဝေးနေပေးပါ သူ့အနာဂတ်ကိုဒီ့ထက်ပိုကောင်းစေချင်ရင်မင်းလက်ခံလိုက်ပါ အန်ကယ်လ်လဲအခုလိုတွေမပြောချင်ပေမဲ့ မင်းမိဘတွေသိရင်လဲလက်ခံနိုင်ကြမှာမဟုတ်ဘူးလေ နှစ်ဦးနှစ်ဖက်ကောင်းဖို့ဒီလိုပဲလုပ်သင့်တယ်လို့အန်ကယ်လ်ထင်တယ် ''

xzကမျက်နှာငယ်လေးလုပ်ကာသက်ပြင်းရှည်ကြီးချလိုက်တယ်။
သူ့ရှေ့ကချက်လက်မှတ်ကိုပြန်တွန်းပို့လိုက်ရင်းက

'' ဟုတ်ကဲ့ပါ အန်ကယ်လ့်သဘောကိုကျွန်တော်လိုက်နာပါ့မယ် တစ်ခုပဲ.... ''

'' ဘာရှိသေးလို့လဲ? ငွေကိုလက်မခံတာလား? ''

xzကငွေကိုတပ်မက်နေတဲ့မျက်လုံးလေးများဖြင့်ကြည့်ကာ

'' မဟုတ်ပါဘူးဗျ ကျွန်တော်ပြောချင်တာကလေ...ရိပေါ်ကအန်ကယ်လ့်အတွက်ယွမ်၁၀သန်းပဲတန်ဖိုးရှိတာလားလို့...''

ဝမ်ပါပါးကသူ့သားထက်ငွေကိုပဲမက်နေတဲ့xzကိုအထင်သေးသလိုကြည့်ပီးပြုံးတယ်။

သူသိခဲ့တယ် သူ့သားကငွေရှိလို့သာအခုလိုတွယ်ကပ်နေခဲ့တာပေါ့လေ!

သူချက်တစ်စောင်ထုတ်လိုက်ကာထပ်ပေးလိုက်တယ်။

'' သန်း၅၀ ...မင်းထပ်ပီးလောဘမကြီးသင့်တော့ဘူး ငါ့သားကဒီ့ထက်အများကြီးတန်ဖိုးရှိပေမဲ့ မင်းကိုတော့ဒီလောက်ပဲပေးနိုင်မယ် ''

xzမှာဝမ်းသာအားရနဲ့လက်မှတ်တွေကိုအိတ်ကပ်ထဲကောက်ထည့်လိုက်တယ်။

'' ကျေးဇူးတင်ပါတယ် ''

'' မလိုပါဘူး မင်းသွားလို့ရပါပီ မင်းရဲ့အချိန်တွေကိုဖြုန်းတီးမိပြီ ''

'' ဟားဟား မဟုတ်တာဗျာ...ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး ''

'' ကောင်းပြီ ''

သူပေကျင်းကိုအလုပ်ကိစ္စနဲ့ခဏလာတာဖြစ်တဲ့အတွက် လက်ရှိနေနေတဲ့ဗီလာကိုပြန်လာလိုက်တယ်။ ကားပေါ်မှာသူ့သားဆီဖုန်းခေါ်ပေမဲ့ကိုင်မဲ့သူမရှိတာမို့ ညနေဘက်ရောက်မှသာထပ်ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။
သူ့သားကိုဒီအကြောင်းတွေပြောဖို့သူမစောင့်နိုင်တော့ဘူး။

အချစ်? ယောက်ျားလေးနှစ်ယောက်ကြားမှာစစ်မှန်တဲ့အချစ်စစ်မရှိဘူး!

ညနေ၅နာရီခွဲလောက်မှာသူ့သားဆီဖုန်းဆက်ဖို့ပြင်ပေမဲ့ သူ့သားကအရင်ဆက်လာတာမို့သူကိုင်လိုက်တယ်။

'' အေး မဟုတ်ရင်တောင်ငါမင်းဆီဆက်မလို့လုပ်နေတာ... ငါ့သား မင်းစိတ်ကိုတည်ငြိမ်အောင်ထား.. ဒီနေ့ပါးဟိုကောင်လေးနဲ့သွားတွေ့ခဲ့တယ် သူဘာလုပ်တယ်ထင်လဲ သူမင်းကိုတကယ်မချစ်ဘူး ပါးသိသားပဲ သူပါးပေးတဲ့ပိုက်ဆံကိုယူပီးမင်းကိုလမ်းခွဲဖို့သဘောတူတယ် ''

တစ်ဖက်မှybကအပြုံးအကြီးကြီးပြုံးလိုက်တယ်။

'' အင်း ကျွန်တော်သိပီးသွားပီ ''

'' အမ်..ဘယ်လိုသိတာလဲ အဲ့ကောင်ကအရှက်မရှိမင်းကိုပြောရဲသေးတယ်ပေါ့လေ! ''

'' ဟုတ်တယ် သူပြောပြတယ် သူ့ကိုအပြစ်မတင်ပါနဲ့ သူ့ကိုပါးလာတွေ့ရင်အဲ့လိုပြောဖို့ကျွန်တော်ပဲသင်ပေးထားတာ သန်း၅၀အတွက်ကတော့ကျွန်တော်တို့ကိုပါးမုန့်ဖိုးပေးတယ်ပဲသဘောထားလိုက်ပေါ့ ဘိုင့်ဘိုင်ပါ ''

'' ဘာ!!? ဝမ်ရိပေါ် မင်း! ''

ဆက်ပြောချင်ပေမဲ့ဖုန်းချသွားတာကြောင့်ဝမ်ပါးတစ်ယောက်ဒေါသူပုန်တွေထပီး သွေးပါအန်ချင်မိသွားတယ်။

မွေးရကျိုးမနပ်တဲ့သား!

ybကဖုန်းချအပီးမှာ xzကိုကောက်ချီပီးမျက်နှာတစ်ပြင်လုံးနမ်းပစ်လိုက်တယ်။ xzကရှောင်နေရင်းကတခစ်ခစ်နဲ့ရယ်လို့မဆုံး။

ybပြောလိုက်တယ်။

'' မင်းဘာလိုချင်လဲပြော မနက်ဖြန်ကိုယ်တို့ပါးပေးတဲ့ပိုက်ဆံနဲ့သွားဝယ်ကြမယ် ဟားဟား ''

'' အိုက်ယိုး သိပ်ရယ်မနေနဲ့ မင်းအဖေငါ့ကိုဖမ်းပီးရိုက်မှာငါကြောက်တယ်နော် အခုထိတောင်နေ့လည်ကမင်းအဖေရဲ့မျက်နှာတည်ကြီးပြန်တွေးရင်းကြောက်လာပီ! ''

'' ကိုယ်ရှိနေတာပဲကို ဘာမှမပူနဲ့ သူဘာမှလုပ်မှာမဟုတ်ဘူး ''

'' အင်း အင်း ''

'' အခုတော့အိပ်ကြမယ်လေ ကောင်းတယ်မလား ''

ybကxzကိုချီမပီးအိပ်ခန်းဆီဦးတည်လိုက်တယ်။

xzကအထိတ်တလန့်နဲ့ရုန်းတယ်။

'' ဘာကိုအိပ်မှာလဲ? အစောကြီးရှိသေးတယ်ဟ! ဝမ်ရိပေါ် ငါ့ကိုအောက်ချပေးလို့ဆို! ''

ပီးနောက်မှာတော့အိပ်ခန်းတံခါးလေးပိတ်ပီးxzရဲ့မကျေမနပ်ဆဲသံလေးတွေကိုပဲကြားရတော့တယ်။

#July12 11:24PM


Zawgyi

ႏွစ္ကူးပီးႏွစ္ရက္ေျမာက္ေန႕မွာybဟာအိမ္ျပန္လာခဲ့တယ္။ သူတို႔ႏွစ္ေယာက္ရဲ႕အိမ္ေလးကိုေပါ့။

သူအိမ္ေရာက္ပီးသိပ္မၾကာဘူး တံခါးဖြင့္သံၾကားတာေၾကာင့္ သူ႕အဆိုးတုံးေလးေရာက္လာပီဆိုတာသိလိုက္တယ္။

'' ဝမ္ ရိ ေပၚ! ! ''

အရွိန္နဲ႕ေအာ္ပီးေျပးလာတဲ့xzက သူ႕ရင္ခြင္ထဲကိုပစ္ဝင္လာတယ္။
ပီးေတာ့ကေလးတစ္ေယာက္လိုခြၽဲတယ္။

အခုလိုမ်ိဳးေလးဆဲပီးေတာ့ေပါ့။

'' ျပန္လာမွာကိုငါ့ကိုႀကိဳမေျပာျပဘူးေပါ့ေလ သိရင္ငါလာႀကိဳေပးမဲ့ဟာကိုပဲ...ငါလိုးက်ေနတာပဲ! ေခြးေကာင္! ''

xzကဆဲလို႔အပီးမွာybရဲ႕ရင္ဘတ္ကိုတရႈံ႕ရႈံ႕နဲ႕အနံ႕ခံတယ္။

သူလြမ္းေနခဲ့တာမွအမ်ားႀကီးပဲ ဝူးးဝူးးး!

ybကေခြးေပါက္ေလးလိုလုပ္ေနတဲ့xzမ်က္ႏွာေလးကိုဆြဲေမာ့ပီး ႏွာေခါင္းေလးကိုအသည္းယားစြာဖ်စ္ညွစ္လိုက္တယ္။

ဘယ္လိုေတာင္အဆိုးေလးပါလိမ့္!

'' ႏွာဗူး! ဘယ္ေတြေလွ်ာက္နမ္းေနတာလဲ ... လူျမင္မေကာင္းဘူး ''

xzကပက္ခနဲျပန္ေျပာတယ္။

'' ဘာကိုလူျမင္မေကာင္းရမွာလဲ..ဒီမွာမင္းနဲ႕ငါ့အျပင္ဘယ္သူရွိေသးလို႔လဲ! ေျမနိုးေလး အိမ္ျပန္တာရက္နဲနဲေလးပဲရွိေသးတယ္ ငါ့ကိုပစ္ထားခ်င္ေနပီေပါ့ေလ! ''

'' အဲ့လိုမဟုတ္ဘူး... ''

ybကအေနာက္ဘက္ဆီေမးေငါ့ျပတယ္။

xzကလွည့္မၾကည့္ဘူး။

'' ဘာျဖစ္ေနတာလဲ အေၾကာဆြဲေနတဲ့လူလိုပဲ! ''

'' မင္းေနာက္ကိုအရင္လွည့္ၾကည့္အုံး ''

xzကသံသယမ်က္လုံးနဲ႕ybကိုေပေစာင္းေစာင္းၾကည့္ကာ အေနာက္ကိုခ်ာခနဲျပန္လွည့္ၾကည့္တယ္။

ပီးတာနဲ႕အထိတ္တလန့္ထေအာ္တယ္။

'' အိုးးးးး လန့္လိုက္တာဟ! ''

xzထက္ပိုလန့္သြားသူက မ်က္လုံးႀကီးျပဴးကာေၾကာင္ေတာင္ေတာင္နဲ႕သူတို႔ကိုၾကည့္ေနခဲ့တဲ့ဟိုက္ခြမ္းတစ္ေယာက္ပဲ။

အဲ့ေတာ့? သူ႕တိတိရဲ႕ေကာင္ေလးဆိုတာက ဒီငနဲေလးေပါ့ေလ?

xzက အထစ္ထစ္အေငါ့ေငၚေမးတယ္။

'' ဟို..ဟို ေဒါက္တာ.. အကုန္ျမင္လိုက္တာလား? ''

ဟိုက္ခြမ္းကေခါင္းညိတ္ျပေတာ့ xzကသူ႕မ်က္ႏွာသူလက္ဖဝါးနဲ႕အုပ္ကာ သြားေတြအေအးပတ္မတတ္ရယ္ျပလိုက္တယ္။
ပီးေတာ့မသိမသာနဲ႕ybေျခေထာက္ကိုတက္နင္းလိုက္တယ္။

ဝမ္ရိေပၚ အစုတ္ပလုတ္ေကာင္! သူ႕အစ္ကိုပါလာမယ္ဆိုတာႀကိဳေျပာသင့္တယ္ေလ..အခုေတာ့! သူရွက္တယ္လို႔ အားးး မာတာမိခင္ေရ!

'' ဟီးဟီး မဂၤလာပါေဒါက္တာ... ကြၽန္ေတာ္က အဲ...သူငယ္ခ်င္းကိုလာေတြ႕တာပါ အခုျပန္ေတာ့မလို႔ပါ ဘိုင့္ဘိုင္ပါ ''

​အေပါက္ဝဆီဦီးတည္ပီးေျပးဖို႔ျပင္ေနတဲ့xzကို ybကဂုတ္ကေနဆြဲကိုင္ထားလိုက္တယ္။

'' အ႐ူးလိုလုပ္မေနနဲ႕ ငါ့ေကာအကုန္သိပီးပီ ''

'' ဟမ္! ''

အထိတ္တလန့္နဲ႕xzက ဟိုက္ခြမ္းကိုေမးတယ္။

'' သူေျပာတာဟုတ္လားေဒါက္တာ ဘယ္တုန္းကသိတာလဲ? ဘယ္လိုသိတာလဲ? သူေျပာျပတာလား? ''

ဟိုက္ခြမ္းက သြက္လက္တက္ႂကြေနတဲ့xzကိုၾကည့္ပီးသူ႕ညီကိုျပန္ၾကည့္တယ္။

ဒီႏွစ္ေယာက္ဘယ္လိုမ်ားတြဲျဖစ္သြားတာပါလိမ့္ေနာ္!

ခဏၾကာေနပီးေတာ့ သူ႕ညီရဲ႕တည့္တိုးႏွင္လႊတ္မႈႀကီးေၾကာင့္ဟိုက္ခြမ္းခမ်ာျပန္ရေတာ့တယ္။

xzကybကိုမ်က္ေစာင္းႀကီးခဲကာေျပာလိုက္တယ္။

'' အဲ့လိုႀကီးအျမန္ျပန္ခိုင္းလိုက္ရလားေခြးေကာင္ရဲ႕! ၾကည့္ပါအုံး မင္းအစ္ကိုငါ့ကိုအျမင္ကတ္သြားပီလားမသိဘူး! ''

ybကေတာ့တည္ၿငိမ္စြာတစ္ခြန္းပဲေျပာလိုက္တယ္။

'' အဲ့လိုမွမဟုတ္ရင္ေရာ? မင္းရဲ႕သြားေတြအေအးပတ္သြားေအာင္ေနခိုင္းရမွာလား တဟီဟီလုပ္ေနတာျမင္းႀကီးက်လိဳ႕! ''

'' F**k you! မင္းကမွျမင္းႀကီးကြ! ''

~~~~~~~~~~~~~~~~

ေက်ာင္းအနီးကcoffeeဆိုင္မွာxzရဲ႕မ်က္လုံးဟာေပကလပ္ေပကလပ္နဲ႕ သူ႕ေရွ႕ကလူႀကီးကိုၾကည့္ေနလိုက္တယ္။
သူ႕ကိုေခၚလာတဲ့ဗလေတာင့္ေတာင့္နဲ႕လူႀကီးေတြက လဲေဘးနားကစားပြဲမွာေက်ာက္႐ုပ္ႀကီးေတြလိုထိုင္ေနၾကတယ္။

ဝမ္ပါးက သူ႕ေရွ႕ကေၾကာက္႐ြံ႕ေနပုံရတဲ့ေကာင္ေလးကိုၾကည့္ကာတခ်က္ၿပဳံးလိုက္တယ္။

Ok! သူၿခိမ္းေျခာက္ဖို႔မလိုေတာ့ဘူးေပါ့!

'' မင္းငါ့ကိုသိသလား? ''

'' မသိဘူးေလခင္ဗ်ာ ''

'' အမ္? အဟမ္း...တကယ္မသိဘူးလား ငါ့ကိုေလ? ''

'' ဟုတ္ကဲ့ မျဖစ္မေနသိရမွာလားဗ် ''

ဝမ္ပါးထင္ထားခဲ့တာက ဒီေကာင္ေလးကသူ႕ကိုybအေဖမွန္းသိလို႔ေၾကာက္ေနခဲ့တယ္ေပါ့။ အခုလိုမ်က္ႏွာေပးကိုၾကည့္ရတာေတာ့သူ႕ကိုတကယ္မသိတဲ့ပုံပါပဲ။

သားလုပ္သူနဲ႕က်ခ်စ္ႀကိဳက္ေနၾကပီး ဖေအလုပ္သူကိုေတာ့မသိဘူးေပါ့ေလ! အရမ္းေကာင္းတယ္!

ေဒါသထြက္ထြက္နဲ႕ခ်က္လက္မွတ္တစ္ေစာင္ကိုအဲ့ေကာင္ေလးေရွ႕ခ်ေပးလိုက္တယ္။

xzကသူ႕ေရွ႕ကစာ႐ြက္ကိုၾကည့္တယ္။

ထ်န္းနာ! ၁၀သန္း..၁၀သန္းႀကီးမ်ားေတာင္!

ဘာလားပဲဟ! လူကိုအတင္းအၾကပ္အဓမၼေခၚလာပီး မုန့္ဖိုးေပးေနတာလား! သူ႕ကိုလဲငါမသိဘဲနဲ႕!

'' ဒါႀကီးကဘာလုပ္ရမွာ? ''

'' ငါ့သားနဲ႕လမ္းခြဲလိုက္! ''

သူ႕ကိုယ္သူdramaေတြထဲကေယာကၡမႀကီးပုံစံျဖစ္ေနမွန္းလဲဝမ္ပါပါးဟာသိေနတယ္။

ဒါေပမဲ့လဲသူဘာလုပ္နိုင္မွာလဲ? ဒါေတြကသူ႕ဇနီးလုပ္ရမွာျဖစ္ေပမဲ့လဲ သူ႕ဇနီးကသူ႕သားဘက္ပါေနတယ္ေလ! အဲ့ေတာ့သူကိုယ္တိုင္ပဲလုပ္ရေတာ့မွာေပါ့!

အဲ့အခါမွxzကသူ႕ေရွ႕ကမ်က္ႏွာေသႀကီးနဲ႕လူဟာybအေဖမွန္းသိေတာ့တယ္။

ဒီလိုေန႕ကေရာက္လာခဲ့ပီေပါ့ေလ!

သူတို႔အေၾကာင္းကိုybကအိမ္ကိုဖြင့္ေျပာထားမွန္းလဲybေျပာျပလို႔သူသိပီးပီ။ သူ႕ပါပါးတစ္ေယာက္ပဲကန့္ကြက္တာကိုလဲသူသိပီးပီ။

ဘယ္တတ္နိုင္ပါ့မလဲေလ.. ဒီလိုျဖစ္လာပီဆိုေတာ့ကါ!

'' အာ...ရိေပၚပါပါးလား? မသိလိုက္မိလို႔ေတာင္းပန္ပါတယ္ခင္ဗ် ''

'' ရတယ္ အခုသိသြားပီမလား! ဒါဆိုရင္ဒီခ်က္လက္မွတ္ကိုလက္ခံပီးငါ့သားနဲ႕ေဝးေဝးေနေပးပါ သူ႕အနာဂတ္ကိုဒီ့ထက္ပိုေကာင္းေစခ်င္ရင္မင္းလက္ခံလိုက္ပါ အန္ကယ္လ္လဲအခုလိုေတြမေျပာခ်င္ေပမဲ့ မင္းမိဘေတြသိရင္လဲလက္ခံနိုင္ၾကမွာမဟုတ္ဘူးေလ ႏွစ္ဦးႏွစ္ဖက္ေကာင္းဖို႔ဒီလိုပဲလုပ္သင့္တယ္လို႔အန္ကယ္လ္ထင္တယ္ ''

xzကမ်က္ႏွာငယ္ေလးလုပ္ကာသက္ျပင္းရွည္ႀကီးခ်လိဳက္တယ္။
သူ႕ေရွ႕ကခ်က္လက္မွတ္ကိုျပန္တြန္းပို႔လိုက္ရင္းက

'' ဟုတ္ကဲ့ပါ အန္ကယ္လ့္သေဘာကိုကြၽန္ေတာ္လိုက္နာပါ့မယ္ တစ္ခုပဲ.... ''

'' ဘာရွိေသးလို႔လဲ? ေငြကိုလက္မခံတာလား? ''

xzကေငြကိုတပ္မက္ေနတဲ့မ်က္လုံးေလးမ်ားျဖင့္ၾကည့္ကာ

'' မဟုတ္ပါဘူးဗ် ကြၽန္ေတာ္ေျပာခ်င္တာကေလ...ရိေပၚကအန္ကယ္လ့္အတြက္ယြမ္၁၀သန္းပဲတန္ဖိုးရွိတာလားလို႔...''

ဝမ္ပါပါးကသူ႕သားထက္ေငြကိုပဲမက္ေနတဲ့xzကိုအထင္ေသးသလိုၾကည့္ပီးၿပဳံးတယ္။

သူသိခဲ့တယ္ သူ႕သားကေငြရွိလို႔သာအခုလိုတြယ္ကပ္ေနခဲ့တာေပါ့ေလ!

သူခ်က္တစ္ေစာင္ထုတ္လိုက္ကာထပ္ေပးလိုက္တယ္။

'' သန္း၅၀ ...မင္းထပ္ပီးေလာဘမႀကီးသင့္ေတာ့ဘူး ငါ့သားကဒီ့ထက္အမ်ားႀကီးတန္ဖိုးရွိေပမဲ့ မင္းကိုေတာ့ဒီေလာက္ပဲေပးနိုင္မယ္ ''

xzမွာဝမ္းသာအားရနဲ႕လက္မွတ္ေတြကိုအိတ္ကပ္ထဲေကာက္ထည့္လိုက္တယ္။

'' ေက်းဇူးတင္ပါတယ္ ''

'' မလိုပါဘူး မင္းသြားလို႔ရပါပီ မင္းရဲ႕အခ်ိန္ေတြကိုျဖဳန္းတီးမိၿပီ ''

'' ဟားဟား မဟုတ္တာဗ်ာ...ဒါဆိုကြၽန္ေတာ့္ကိုခြင့္ျပဳပါအုံး ''

'' ေကာင္းၿပီ ''

သူေပက်င္းကိုအလုပ္ကိစၥနဲ႕ခဏလာတာျဖစ္တဲ့အတြက္ လက္ရွိေနေနတဲ့ဗီလာကိုျပန္လာလိုက္တယ္။ ကားေပၚမွာသူ႕သားဆီဖုန္းေခၚေပမဲ့ကိုင္မဲ့သူမရွိတာမို႔ ညေနဘက္ေရာက္မွသာထပ္ေခၚဖို႔ဆုံးျဖတ္လိုက္တယ္။
သူ႕သားကိုဒီအေၾကာင္းေတြေျပာဖို႔သူမေစာင့္နိုင္ေတာ့ဘူး။

အခ်စ္? ေယာက္်ားေလးႏွစ္ေယာက္ၾကားမွာစစ္မွန္တဲ့အခ်စ္စစ္မရွိဘူး!

ညေန၅နာရီခြဲေလာက္မွာသူ႕သားဆီဖုန္းဆက္ဖို႔ျပင္ေပမဲ့ သူ႕သားကအရင္ဆက္လာတာမို႔သူကိုင္လိုက္တယ္။

'' ေအး မဟုတ္ရင္ေတာင္ငါမင္းဆီဆက္မလို႔လုပ္ေနတာ... ငါ့သား မင္းစိတ္ကိုတည္ၿငိမ္ေအာင္ထား.. ဒီေန႕ပါးဟိုေကာင္ေလးနဲ႕သြားေတြ႕ခဲ့တယ္ သူဘာလုပ္တယ္ထင္လဲ သူမင္းကိုတကယ္မခ်စ္ဘူး ပါးသိသားပဲ သူပါးေပးတဲ့ပိုက္ဆံကိုယူပီးမင္းကိုလမ္းခြဲဖို႔သေဘာတူတယ္ ''

တစ္ဖက္မွybကအၿပဳံးအႀကီးႀကီးၿပဳံးလိုက္တယ္။

'' အင္း ကြၽန္ေတာ္သိပီးသြားပီ ''

'' အမ္..ဘယ္လိုသိတာလဲ အဲ့ေကာင္ကအရွက္မရွိမင္းကိုေျပာရဲေသးတယ္ေပါ့ေလ! ''

'' ဟုတ္တယ္ သူေျပာျပတယ္ သူ႕ကိုအျပစ္မတင္ပါနဲ႕ သူ႕ကိုပါးလာေတြ႕ရင္အဲ့လိုေျပာဖို႔ကြၽန္ေတာ္ပဲသင္ေပးထားတာ သန္း၅၀အတြက္ကေတာ့ကြၽန္ေတာ္တို႔ကိုပါးမုန့္ဖိုးေပးတယ္ပဲသေဘာထားလိုက္ေပါ့ ဘိုင့္ဘိုင္ပါ ''

'' ဘာ!!? ဝမ္ရိေပၚ မင္း! ''

ဆက္ေျပာခ်င္ေပမဲ့ဖုန္းခ်သြားတာေၾကာင့္ဝမ္ပါးတစ္ေယာက္ေဒါသူပုန္ေတြထပီး ေသြးပါအန္ခ်င္မိသြားတယ္။

ေမြးရက်ိဳးမနပ္တဲ့သား!

ybကဖုန္းခ်အပီးမွာ xzကိုေကာက္ခ်ီပီးမ်က္ႏွာတစ္ျပင္လုံးနမ္းပစ္လိုက္တယ္။ xzကေရွာင္ေနရင္းကတခစ္ခစ္နဲ႕ရယ္လို႔မဆုံး။

ybေျပာလိုက္တယ္။

'' မင္းဘာလိုခ်င္လဲေျပာ မနက္ျဖန္ကိုယ္တို႔ပါးေပးတဲ့ပိုက္ဆံနဲ႕သြားဝယ္ၾကမယ္ ဟားဟား ''

'' အိုက္ယိုး သိပ္ရယ္မေနနဲ႕ မင္းအေဖငါ့ကိုဖမ္းပီးရိုက္မွာငါေၾကာက္တယ္ေနာ္ အခုထိေတာင္ေန႕လည္ကမင္းအေဖရဲ႕မ်က္ႏွာတည္ႀကီးျပန္ေတြးရင္းေၾကာက္လာပီ! ''

'' ကိုယ္ရွိေနတာပဲကို ဘာမွမပူနဲ႕ သူဘာမွလုပ္မွာမဟုတ္ဘူး ''

'' အင္း အင္း ''

'' အခုေတာ့အိပ္ၾကမယ္ေလ ေကာင္းတယ္မလား ''

ybကxzကိုခ်ီမပီးအိပ္ခန္းဆီဦးတည္လိုက္တယ္။

xzကအထိတ္တလန့္နဲ႕႐ုန္းတယ္။

'' ဘာကိုအိပ္မွာလဲ? အေစာႀကီးရွိေသးတယ္ဟ! ဝမ္ရိေပၚ ငါ့ကိုေအာက္ခ်ေပးလို႔ဆို! ''

ပီးေနာက္မွာေတာ့အိပ္ခန္းတံခါးေလးပိတ္ပီးxzရဲ႕မေက်မနပ္ဆဲသံေလးေတြကိုပဲၾကားရေတာ့တယ္။

#July12 11:24PM

Continue Reading

You'll Also Like

16.7K 3.5K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
9.9K 2.3K 51
ඔහුගේ අත්වැරදීමෙන් සිදු වූ අපරාදයෙන් දරුවෙක් සමග තනි වූ තරුණයෙක්ගේ ජීවිතේ..🖤💔
23.1K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
490K 66.8K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...