တစ်စတစ်စတိုး၍လာသောချစ်ကြိုးမျှင်
ပုံမှန်အိပ်ယာထနောက်ကျတတ်သည့်မိမိက ဒီနေ့တော့စောစီး၍နိုးထလာခဲ့သည်။အမှန်တော့မနေ့က'ဂန်ဟန်'လဲမိုးမိထားသဖြင့် ကိုယ်တွေလက်တွေမှာကြိုးတုပ်ရိုက်ခံထားရသလိုပင်နာနေပြီး အဖျားငွေ့ငွေ့လေးကလဲရှိနေသည်။
အိပ်ယာပေါ်တွင်သိုးငယ်လေးတစ်ကောင်သဖွယ်ကွေးကွေးလေးအိပ်ပျော်နေတဲ့ ကို'ခြယ်'့ကိုစောင်သေချာခြုံပေးပြီး မနိုးစေချင်သေး၍နှဖူးကိုခပ်ဖွဖွစမ်းကြည့်လိုက်သည်။ညကလောက်တော့မပူတော့ပေမယ့်လည်း ကိုယ်အပူချိန်ကတော့ရှိနေသေးသည်။
မျက်နှာသစ်ပြီးkitchen roomထဲဝင်ကာ'ခြယ်'နိုးလာလျှင်စားဖို့ ဆန်ပြုတ်ကိုအသေအချာပြုတ်နေ၏။ထို့နောက်ဖုန်းကိုယူပြီး
'ဟယ်လိုတန် ငါ့ကိုနင့်အသိဆရာဝန်လွှတ်ပေးစမ်းပါ'
'ဂန်ဟန်နင်နေမကောင်းဘူးလား။တစ်သက်လုံးဆေးမကုတဲ့သူက ဆရာဝန်တွေဘာတွေတောင်ခေါ်လို့။ငါတို့လာခဲ့ရမလား'
'မလာနဲ့ရတယ်။နေကောင်းမှလာခဲ့ တစ်ယောက်ထဲအေးဆေးနားချင်လို့ ဒါပဲ'
အိမ်သို့အဲ့ဒီနှစ်ကောင်ရောက်လာလျှင် 'ခြယ့်'နဲ့တွေ့ပြီးလိုက်စကြလိမ့်မည်။ထိုအခါ 'ခြယ်'ရိပ်မိသွားလျှင်ခက်ချေမည်။အဲ့တာနဲ့ပဲဖုန်းကိုအမြန်ချလိုက်ရ၏။
အခန်းထဲသို့ 'ခြယ့်' ကိုထပ်သွားကြည့်တော့ အိပ်ယာမှနိုးနေပီဖြစ်သည်။'ခြယ်'ကကုတင်ပေါ်တွင်လှဲလျက်အနေအထားနှင့် မှန်ကိုကျော်ကာ အပြင်ဖက်ရှိတိမ်တွေကိုငေးမောနေသည်။
'ခြယ် နိုးပီလား၊ဘယ်လိုနေသေးလဲ'
'သက်သာပါတယ်ဂန်ဟန်၊နိုးနိုးချင်းလိုက်ကာလေးနည်းနည်းလှပ်ထားတာတွေ့လို့အပြင်ကိုငေးနေတာ၊ခုတော့မျက်နှာသစ်တော့မယ်'
'အင်းအင်း ဒါဆိုမျက်နှာသစ်ပြီးရှေ့ကိုလာခဲ့နော် ဆန်ပြုတ်ပြုတ်ထားတယ်'
အင်းအ...
ရေချိုးခန်းအပေါက်ဝအရောက် 'ခြယ့်' ခန္ဓာကိုယ်သေးသေးလေးက ယိုင်ထိုးကာနံရံကိုလက်နှင့်ထောက်လိုက်သည်။ပြီးတော့ထိုင်ချလိုက်သည်။ကိုယ်လဲ အမြန်ထလိုက်ပြီး'ခြယ့်'ကိုကုတင်ပေါ်သို့ပြန်ပွေ့ချီတင်လိုက်သည်။
'ခြယ် ရရဲ့လား။ဘာဖြစ်လို့လဲ ဘယ်နေရာနေမကောင်းလို့လဲ'
'တစ်ကိုယ်လုံးနုံးနေတာပဲ မလှုပ်နိုင်ဘူး၊ခေါင်းမူးလိုက်တာ ဂန်ဟန်'
'မျက်လုံးလေးမှိတ်နေလိုက်နော် ဆရာဝန်ခေါ်ထားတယ် ခနနေလာလိမ့်မယ်။မနေ့ကအစားမှမစားတာနေ့လည်ထဲက အဲ့တော့ခန္ဓာကိုယ်ကအားမရှိတော့ပိုဆိုးသွားတာပေါ့'
'ခနစောင့်ပါလား ဆန်ပြုတ်ပြုတ်ထားတယ် သွားယူပေးမယ်'
'ဟင့်အင်းဘယ်မှမသွားပါနဲ့'
'အင်းအင်း ဘယ်မှမသွားတော့ဘူး။ဂန်ဟန်ရှိတယ် ခြယ့်နားမှာ'
မူးဝေနေသည့်ကြားကသူမမျက်လုံးအစုံတို့နှင့်ကိုယ့်ကိုအားယူကာလှမ်းကြည့်လိုက်သေးသည်။
ထိုမိန်းကလေးသည်တစ်ကယ်ပင်အားနည်း၍ချူချာသည်ကို သိလာပြီးသည့်နောက် မိုးရေထဲဆော့ချင်စိတ်နှင့်အတင်းဆွဲခေါ်ခဲ့သည့်မိမိကိုယ်ကိုနှစ်ချက်လောက်ဆင့်ထိုးချင်စိတ်ဖြစ်မိသည်။
'ခြယ်'က ခနတွင်းဆိုသလိုသူမလက်ကိုကိုင်ထားရင်းပင် ပြန်အိပ်ပျော်သွားသည်။
ခနအကြာဆရာဝန်ရောက်လဲရောက်လာသည်။
'ခြယ် ထထ ဆရာဝန်ရောက်နေပြီ။တံခါးသွားဖွင့်ပေးလိုက်ဦးမယ်'
'ဆရာ မနေ့ကမိုးမိပြီးဖျားသွားတာ အစာလဲမရှိထားဘူး'
'အင်း ခန္ဓာကိုယ်ကအဖျားပိုးဝင်တဲ့ချိန်အစာမရှိထားတော့ ပိုခံရတာ။အားဆေးထိုးပေးလိုက်မယ် ဒီဆေးလေးတွေကိုလဲ ဂန်ဟန်သေချာတိုက်လိုက်ပါ'
'ဟင့်အင်းဆရာ ဆေးမထိုးချင်ဘူး'ဟုကုတင်ပေါ်ကအသံသေးသေးလေးကထွက်လာ၏။
ထိုအသံပိုင်ရှင်သည်ဆေးထိုးအပ်လဲကြောက်ပုံရသည်။သူမအသားနာမည်စိုး၍ ဆေးမထိုးလို့ရရင်မထိုးပါနဲ့လားဆရာဟုပြောလိုက်ချင်သော်လည်း မိုးရေထဲခေါ်သွားမိသည့်ကိုယ့်အပြစ်နဲ့ကိုယ်ပင်။
ဆေးထိုးမယ်လုပ်တော့ နှုတ်ခမ်းစူကာမျက်ရည်ဝဲနှင့်မျက်စောင်းလှမ်းထိုးနေသည့် 'ခြယ်'က သူမအမြင်တွင်ကလေးငယ်လေးတစ်ယောက်က ဆေးမထိုးချင်လို့ငိုနေသည့်ပုံနှင့်ပင်တူပြီးသနားစရာလဲကောင်းသည်။
ဒီပုံအတိုင်းသာဆိုဆရာဝန်ပြန်တာနှင့် 'ခြယ့်'အကြိုက်လိုက်ကာ ချော့ရပေတော့မည်ကိုတန်းသိသည်။သိပ်ပင်မကြာလိုက်ပါ ဆရာဝန်လဲပြန်သွားရော မျက်စောင်းထိုးကာ အခန်းထဲဝင်မလာနဲ့ဟု ပိုင်စိုးပိုင်နင်းနဲ့ ။
'ခြယ် ဂန်ဟန်တောင်းပန်ပါတယ်။ခြယ်ကအဖျားတွေတက်နေတော့ နေကောင်းစေချင်လို့ဆရာဝန်ခေါ်ပေးတာပါ။"
'သူများအသားကိုနာစေချင်လို့တမင်သက်သက်ခေါ်တာသိတယ်'
'ခြယ့်အသားကိုဘာလို့နာစေချင်ရမှာလဲခြယ်ရဲ့ ဒီလောက်..'
စကားကိုအမြန် ဘရိတ်အုပ်လိုက်ရသေးသည်။ဒီလောက်ချစ်တာဟုများပါးစပ်ကထွက်သွားပါလျှင် ဆရာဝန်ဆေးထိုးတာထပ်အကြောင်းဆိုးမည်။
'သူကျဆေးမထိုးပဲနဲ့ သူများကိုကျလာထိုးခိုင်းနေတာ လာမခေါ်နဲ့ ဘာဆေးမှလဲမသောက်ဘူး'
'ဟာ ဂန်ဟန်ကဘာလို့ထိုးရမှာလဲခြယ်ရဲ့၊ဖျားနေတာကခြယ်လေ'
'ဘာဖျားနေတာကခြယ်လဲ ကိုယ့်အသားကိုယ်လဲစမ်းကြည့်ဦး၊ညကအိပ်နေတုန်းကကိုယ်တွေပူနေတာကိုယ့်ကိုယ်ကိုရောသိရဲ့လား၊သိရဲ့သားနဲ့သူများအသားကိုပဲတမင်နာအောင်လုပ်တာသိတယ်'
အဲ့လိုကျမှ သူ့ကို 'ခြယ်'ကတစ်ဖန်ဂရုစိုက်ခဲ့ကြောင်းသိရသဖြင့် ရင်ထဲမှာတီကောင်ဆားနဲ့ပက်သလိုလွန့်လွန့်လူးသွားသည်။
"မရဘူး ဆရာဝန်ပေးခဲ့တဲ့ဆေးကို ဂန်ဟန်လဲသောက်ရမယ် အဖျားပျောက်အောင်၊တူတူဖျားအောင်ဆော့တယ်။တူတူဖျားပြီးမှ တူတူဆေးမသောက်ရင် ဘယ်ကောင်းမလဲ။ ရော့သောက်'ဟုပြောပြီး ဆေးလုံးအားပါးစပ်ထဲထည့်လိုက်သည်။ဆရာဝန်ထိုးပေးခဲ့တဲ့အားဆေးကြောင့် အားနည်းနည်းရှိသွားပုံပေါ်သည့် 'ခြယ်' ကကုတင်ခေါင်းရင်းကိုမှီကာ ထိုင်လိုက်သည်။
ခနနော်'ခြယ်' ဆန်ပြုတ်နွှေးပြီးယူလာခဲ့မယ်ပြောတော့ ခေါင်းလေးညိတ်ပြသည်။
'ဆန်ပြုတ်ကပူသေးတယ် မှုတ်ပေးမယ်ကုန်အောင်သောက်လိုက်နော် ပြီး
င်ဆေးလေးသောက်လိုက်'
'တစ်ပန်းကန်လုံးကြီး ခြယ်ကဘယ်လိုလုပ်ကုန်မှာလဲ ဘာမှမစားပဲတောင်အန်ချင်နေတာကို။တစ်ယောက်တစ်ဝက်စားမယ် လာ'
'ဟုတ်ပါပီ သခင်မလေးအလိုတော်ကျပါ'
ဒီတော့မှ စိတ်ကျေနပ်သွားသည့်ပုံနှင့် ဆန်ပြုတ်သောက်တော့သည်။
'ရော့ စားကြည့် တူတူစားမယ်။သူများကိုကျကျွေးပြီး သူကမစားပဲနေမလို့လုပ်နေတာပဲ'
ပါးစပ်ကိုဟလိုက်ပြီး သူမခွံ့ကျွေးတဲ့ ဆန်ပြုတ်ကိုကြည်ကြည်ဖြူဖြူစားလိုက်တော့သည်။
ဆန်ပြုတ်စားနေရင်းတစ်ချက်လေးသမ်းလိုက်တော့
'ညကအိပ်ရေးပျက်ထားတာမလား ကောင်းကောင်းမအိပ်ရသေးတော့ အိပ်ပါဒီမှာလာပြီး'
'မအိပ်ပါဘူးရတယ် မအိပ်ချင်ဘူး'လို့သာလိမ်လိုက်ရတယ်မျက်လုံးတို့ကမူမမှန်ချင်။
'ခြယ်ရှိနေတော့အိပ်ရတာသက်တောင့်သက်သာမဖြစ်လို့လား ညနေကျခြယ်ပြန်တော့မှာပါ'
'နေမကောင်းသေးတဲ့သူကိုပြန်မလွှတ်ပါဘူး ဘာလို့နေရခက်ရမှာလဲ'ဆိုပီး ခြယ့်ပေါင်ပေါ်အိပ်ချလိုက်သည်။
နွေးနေသော ခြယ့်ပေါင်ပေါ်အိပ်လိုက်တော့ တစ်ခါမှမခံစားခဲ့ရဖူးသောနွေးထွေးမှုကို သူမခန္ဓာကိုယ်အတွင်းဆုံးအပိုင်းထိခံစားလိုက်ရသလို။ခြယ်ကလက်ဖဝါးနုနုလေးတွေနှင့် ဆံပင်လေးကိုပွတ်သပ်ပေးနေပြန်သည်။ဖြစ်နိုင်မယ်ဆိုဒီအချိန်လေးကိုရပ်တန့်၍ထားလိုက်ချင်သည်။တစ်ညလုံးကောင်းကောင်းမအိပ်ပျော်တော့ သူမပေါင်ပေါ်လှဲပြီး လက်ကလေးတွေနှင့် ခပ်ဖွဖွဆံပင်လေးတွေကိုသပ်ပေးနေတာကို ခံစားရင်း သိပ်မကြာခင်ပင်အိပ်ပျော်သွားတော့သည်။