Lawless Gangster (Myanmar Tra...

By ViVianKhin

41.7K 7.7K 491

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54

Episode 55

880 97 15
By ViVianKhin

Episode 55

Zawgyi

ေ႐ွာင္းလီ ေျပာစရာ႐ွိတာေျပာၿပီးေနာက္ ခ်ီ႐ႈိ႕ယြမ္ကို တင္းၾကပ္စြာေပြ႔ဖက္ထားမိတယ္။ ဒီအေနအထားဟာ ခ်ီ႐ႈိ႕ယြမ္ မ်က္ႏွာေပၚမွ အမာရြတ္တို႔ကို ပိုထင္႐ွားေစကာ အံႀကိတ္ထားမႈေၾကာင့္ တင္းေနတဲ့ေမး႐ိုးကိုလည္း ထင္းေနေစတယ္။ ပါးစပ္မွ ေသြးတို႔ တရပ္စပ္က်ေနေသာ္လည္း ေခါင္းမာမႈကို ထင္သာျမင္သာ ေတြ႔ႏိုင္ေသးတယ္။
သူ ခ်ီ႐ႈိ႕ယြမ္ကို ေစာင့္ေနေစခ်င္ေပမယ့္ ေနာက္ဆံုးမွာေတာ့ ေစာင့္ေတာင္မေစာင့္ႏိုင္ေအာင္ လုပ္မိသူဟာ သူသာျဖစ္တယ္။

ဒီလူဟာ သူ႔ဘဝမုန္တိုင္းထန္ေနတဲ့ၾကားမွာ ေပၚထြက္လာတဲ့ အလင္းေရာင္ေလး။

ေအးခဲေနတဲ့သူ႔ႏွလံုးသားမွာ ေပါက္ဖြားလာတဲ့ မီးေတာက္ေလး။

သူ႔ဘဝမွာ ေအးစက္ၾကမ္းတမ္းမႈ ေသးေသးေလးနဲ႔ရင္ဆိုင္ရရင္ေတာင္မွ ေျပးေတြ႔ခ်င္မိတဲ့ ေႏြးေထြးမႈေလး။

ေလေတြမိုးေတြၾကားထဲကေန အေျပးလာေတြ႔ခဲ့ရတဲ့အထိ ႏွလံုးသားတစ္ခုလံုးနဲ႔ လိုခ်င္ခဲ့ရတဲ့ တပ္မက္မႈေလး။

သူ႔ဘဝမွာ ဒီလူနဲ႔ ေန႔ရက္ေလးတစ္ရက္ေလာက္ေတာ့ အတူေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏိုင္ခဲ့မယ္ ထင္ခဲ့ရတာ။

အဆံုးသတ္မွာေတာ့ ဒုကၡေတြပဲ ယူေဆာင္လာမိခဲ့ေလသလား။

ဟန္က်ားက သူ႔ကို တစ္ခါေတာ့ ေမးဖူးသား
' မင္းသူ႔ကို သတ္ခ်င္လား၊ ဒါမွမဟုတ္ သူသတ္တာ ခံမွာလား ' တဲ့။

အဲ့ဒီအခ်ိန္တုန္းကေတာ့ ေ႐ွာင္းလီေတြေဝခဲ့မိေသာ္ျငား ခ်ီ႐ႈိ႕ယြမ္ရဲ႕ စြဲဆာင္မႈၾကားက မလြတ္ေျမာက္ႏိုင္ခဲ့။

အေမွာင္ထုနဲ႔ဖံုးလႊမ္းေနတဲ့ သူ႔ဘဝေလးထဲ ဝင္ေရာက္လာတဲ့ အလင္းတန္းေလး.... သူ႔ကိုဒီအေမွာင္ထုထဲက ဆြဲထုတ္ဖို႔ လုပ္ခဲ့တဲ့ ခ်ီ႐ႈိ႕ယြမ္... ခ်ီ႐ႈိ႕ယြမ္ဆိုတဲ့ ျဖစ္တည္မႈေလးနဲ႔တင္ အရာအားလံုး သိမ္းပိုက္စိုးမိုးႏိုင္စြမ္း႐ွိတယ္။

ေရွာင္းလီရဲ႕ အားနည္းခ်က္၊ မလံုျခံဳမႈ၊ တစ္ကိုယ္ေကာင္းဆန္မႈသာ မ႐ွိခဲ့ရင္....
အကယ္၍မ်ား ေ႐ွာင္းလီသာ ဒီလူ႔ရဲ႕ ေႏြးေထြးမႈနဲ႔ ခြန္အား႐ွိမႈကို မျမတ္ႏိုးမိခဲ့ရင္.......
အကယ္၍မ်ားသာ..........
အေတြးတို႔မဆံုးခင္မွာတင္ လီ႐ွီခ်င္းက သူ႔ေ႐ွ႕မွာ ထိုင္ခ်ကာ ခ်ီ႐ႈိ႕ယြမ္ မ်က္ႏွာကို တေမ့တေမာေငးေနတဲ့ ေ႐ွာင္းလီကို ေမးေစ့ကေန ကိုင္ဆြဲကာ လွည့္ေစတယ္။

" အခုေတာ့ မင္းရဲ႕ ဝွက္ဖဲေတြလည္း ကုန္ၿပီဆိုေတာ့ ဆက္ၿပီး တိုက္ခိုက္ေနဦးမွာလား အည့ံခံေတာ့မွာလား။ "

အေျဖကို သိေနႏွင့္ၿပီးသားလူလို လီ႐ွီခ်င္းက ေမးတယ္။

" အည့ံခံမယ္။ "

ေ႐ွာင္းလီကလည္း ေအးေဆးစြာပဲ ျပန္ေျဖတယ္။

" ဒါဆို အခုအေႂကြးတင္တာက မင္း ျဖစ္သြားၿပီေနာ္။ "

လီ႐ွီခ်င္း မ်က္ႏွာထက္ အျပံဳးက႐ွိေနေသာ္ျငား မ်က္ဝန္းတို႔ကေတာ့ ျပံဳးခ်င္ဟန္မေပၚ။

ေရွာင္းလီ ေက်ာ႐ိုးထဲ အေၾကာက္တရားက စိမ့္ခနဲ တစ္စကၠန္႔ေလာက္ လိႈက္တက္လာေသးတယ္။

" ကြၽန္ေတာ္ သိပါတယ္။ "

" မင္းက ဒုစ႐ိုက္ေလာကနဲ႔လည္း ကင္းခ်င္တယ္။ ငါ့အတြက္လည္း ဘာအလုပ္မွ မလုပ္ေပးခ်င္ေတာ့ဘူးေပါ့။ "

ေ႐ွာင္းလီေျပာခဲ့သမ်ွကို လီ႐ွီခ်င္းက တစ္ခြန္းစီ ျပန္ေျပာတယ္။

" ကိစၥမ႐ွိပါဘူး.... မင္းမလုပ္ခ်င္ မလုပ္ရံုေပါ့။ ဘာပဲျဖစ္ျဖစ္ မင္းကို ဂိုဏ္းကေန ထြက္ခြင့္ေပးေအာင္ မင္းဟာမင္း နည္းလမ္းေတာင္ ႐ွာခဲ့ၿပီးၿပီပဲ။ မင္း သြား႐ွာခဲ့တဲ့သူက မင္းဆႏၵကို ျဖည့္ေပးႏိုင္မယ္လို႔ မင္းထင္ေနတာလား။ အဲ့လူက မင္းရဲ႕ ေျခေတြလက္ေတြေတာင္ ငါ့ကို ခုတ္ခိုင္းေနေသးတာ။ "

ထို႔ေနာက္ ႐ုတ္တရက္ဆိုသလို ျပံဳးကာ

" အဲ့ဒါလည္း ေကာင္းတာပဲ။ ဂိုဏ္းကေနထြက္ၿပီး ငါ့ေဘးမွာေနေပါ့။ "

ေ႐ွာင္းလီကေတာ့ တစ္ခုခုကို အေလးအနက္ေတြးေနဟန္ မ်က္ေမွာင္ၾကံဳ႕လို႔ေနတယ္။

လီ႐ွီခ်င္းကေတာ့ ေ႐ွာင္းလီလက္ေမာင္းတို႔ၾကားထဲက ခ်ီ႐ႈိ႕ယြမ္ကိုသာ ၾကည့္လ်က္

" မင္းက သူ႔ကို ဒီေလာက္ထိ ကာကြယ္ခ်င္ေနမွေတာ့ ငါလည္း သူနဲ႔ မ႐ႈပ္ေတာ့ပါဘူး။ ငယ္တုန္းရြယ္တုန္း အမွားျပဳတတ္တဲ့ ႐ိုးသားတဲ့ဖိုးသခြားေလးမို႔ မင္း ဒီလိုအမွားမ်ိဳးလုပ္မိတယ္လို႔ပဲ ငါယူဆလိုက္မယ္။ မင္း ေနာက္ဆို ၾကပ္ၾကပ္သတိထား။ "

ထို႔ေနာက္ သူ႔လက္မျဖင့္ ေ႐ွာင္းလီႏႈတ္ခမ္းေထာင့္ကို ဖြဖြတို႔လိုက္ၿပီး ေ႐ွ႕တိုးကာ နမ္းလိုက္ရင္း

" သူ႔ကိုေမ့ၿပီး ဒီဘဝကိုေတာ့ ငါနဲ႔ပဲ ကုန္ဆံုးလိုက္ေတာ့။ "

ေ႐ွာင္းလီ ခ်က္ခ်င္းဆိုသလို ေခါင္းေစာင္းကာ ေ႐ွာင္လိုက္ေတာ့ လီ႐ွီခ်င္း လက္သီးက်စ္က်စ္ဆုပ္မိတယ္။ အျပံဳးကေတာ့ မပ်က္။ ေလသံကေတာ့ ပိုၿပီး ေလးနက္လာတယ္။

" မင္း အည့ံခံ ထားတယ္မဟုတ္လား။ နည္းနည္းေလးေတာင္ ယံုလို႔မရပါလား မင္းကို။ "

ခ်ီ႐ႈိ႕ယြမ္ကို အရင္ငံု႔ၾကည့္ၿပီး လီ႐ွီခ်င္းနဲ႔အၾကည့္ခ်င္းဆံုေအာင္ ေ႐ွာင္းလီ ၾကည့္လိုက္ကာ

" ကြၽန္ေတာ္ သူ႔ကို ေမ့လိုက္လို႔ရတယ္။ ဒါေပမယ့္ ခင္ဗ်ား သူ႔ရဲ႕လံုျခံဳေရးကို အာမခံေပးရမယ္။ "

လီ႐ွီခ်င္း မ်က္ႏွာ အနည္းငယ္ မႈန္မိႈင္းလာကာ

" ငါ အာမခံႏိုင္ကေတာ့ တစ္ခုတည္းပဲ..... ဒီေကာင္သာ တစ္ခုခုျဖစ္ခဲ့ရင္ ငါနဲ႔မဆိုင္ဘူးဆိုတာပဲ။ "

လီ႐ွီခ်င္း မ်က္ဝန္းထဲမွာ မုန္တိုင္းထန္ေနသေယာင္။ ခဏေလာက္ၾကာမွ သူ႔ေဒါသကို ထိန္းခ်ဳပ္လို႔ရသြားဟန္ေပၚတယ္။

" ငါ သူ႔ကို ထိခိုက္ေအာင္လုပ္မိခဲ့တာ႐ွိရင္ မင္း သက္ေသ ႐ွာျပႏိုင္ခဲ့ရင္ မင္းနဲ႔သူ အတူ ႐ွိႏိုင္ဖို႔ ငါ မင္းကို လႊတ္ေပးမယ္။ ငါ့အတြက္ေတာ့ ဒါဟာ အရက္စက္ဆံုး၊ ေသြးအေအးဆံုးထားၿပီး ေပးရတဲ့ ကတိပဲ။ "

အခ်ိန္ အတန္ၾကာေအာင္ အခန္းတြင္းမွာ တိတ္ဆိတ္သြားတယ္။ ထို႔ေနာက္ ေ႐ွာင္းလီ မတ္တပ္ရပ္ကာ ေခါင္းကို ႐ုတ္တရက္ေမာ့ၿပီး လီ႐ွီခ်င္းကို ျဖတ္ခနဲ နမ္းလိုက္ရင္း

" ကြၽန္ေတာ္ ယံုပါတယ္။ "

လီ႐ွီခ်င္းတစ္ေယာက္ အတိုင္းထက္အလြန္ ေပ်ာ္သြားကာ သူ႔တပည့္ေတြကို အမိန္႔ ေသခ်ာေပးေနေတာ့တယ္။

" အားေလာင္၊ ၁၁၂ကို ဖုန္းဆက္ၿပီး ဒီေကာင့္ကို ေဆးရံုတင္ေပးလိုက္။ ၿပီးရင္ မင္းရဲ႕ လီေကာ အဝတ္အစားလဲတာေစာင့္ၿပီး အျပင္ကို အတူထြက္လာခဲ့ၾက။ "

ေ႐ွာင္းလီကေတာ့ စကားတစ္ခြန္းမွ ဝင္မေျပာ။ ၾကမ္းျပင္ေပၚမွာ ထိုင္ရင္း ခ်ီ႐ႈိ႕ယြမ္ကို ေပြ႔ဖက္လ်က္သာ။

လီ႐ွီခ်င္းနဲ႔တျခားသူေတြ ထြက္သြားေတာ့ ခ်ီ႐ႈိ႕ယြမ္ကို ကုတင္ေပၚ ေနရာတက်တင္ေပးကာ အားေလာင္ ဖုန္းေခၚတာ ၿပီးတဲ့အထိ ေစာင့္ေနၿပီးမွ ေရခ်ိဳးခန္းထဲဝင္ၿပီး အဝတ္အစားလဲတယ္။ ထို႔ေနာက္ ခဏေလာက္စဥ္းစားေတြးေတာလိုက္ကာ စုစုအခန္းထဲသြားရင္း စုစု ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနရဲ႕လားလို႔ အကဲခတ္လိုက္ေသးတယ္။ စုစုႏိုးလာခ်ိန္ သူမအစ္ကိုေပ်ာက္ေနရင္ စိုးရိမ္ေနရမွာစိုးလို႔ အခန္းတံခါးမွာ မွတ္စုေလးေရးၿပီး ကပ္ထားခဲ့လိုက္တယ္။

အားေလာင္ဆိုတာ လီ႐ွီခ်င္းဘက္ေတာ္သားမျဖစ္ခင္က ေ႐ွာင္းလီရဲ႕ေနာက္လိုက္တစ္ဦး ျဖစ္ခဲ့ဖူးတယ္။ ပံုမွန္အားျဖင့္ ႏႈတ္နည္းသူဆိုေပမယ့္ အရိပ္အကဲ နားလည္လြယ္သူျဖစ္ၿပီး အခြင့္အေရးေကာင္းကိုလည္း ဖမ္းဆုပ္ႏိုင္သူတစ္ေယာက္ျဖစ္တယ္။ အခုလည္း ေ႐ွာင္းလီေနာက္ကေန မ်က္ႏွာေသနဲ႔ရပ္ေနေပမယ့္ ေခ်ာင္းဟန္႔သံေပးကာ အခ်က္ေပးၿပီး အလ်င္လိုေနေၾကာင္းျပတယ္။

ေ႐ွာင္းလီလည္း ခ်ီ႐ႈိ႕ယြမ္ အခန္းထဲျပန္ဝင္လာကာ အိပ္ရာေဘးက ဗီဒိုထဲက တစ္စံုတစ္ခုကို ႐ွာေဖြတယ္။ အခ်ိန္အတန္ငယ္ၾကာမွ ေအာက္ဆံုးထပ္က အံဆြဲထဲကေန အမ်ိဳးသားသံုးလက္ကိုင္ပုဝါနဲ႔ က်က်နနထုပ္ပိုးထားတဲ့ သူ႔ပိုက္ဆံအိတ္ကို ႐ွာေတြ႔တယ္။ အိတ္ကိုဖြင့္ၾကည့္ေတာ့ အခ်ိန္အေတာ္ၾကာတုန္းက မီးပိြဳင့္ ေစာင့္ျကည့္ကက္မရာကေန ႐ိုက္ထားတဲ့ မွတ္တမ္းဓာတ္ပံုေလးတစ္ပံုကို ေတြ႔လိုက္ရတယ္။

အဲဒီ့တုန္းေပါ့... ခ်ီ႐ႈိ႕ယြမ္တစ္ေယာက္ ႐ွိသမ်ွ ေျခေတြလက္ေတြ အကုန္သံုးၿပီး သူ႔ကို ကာကြယ္ဖို႔ တကၠစီငွါးႏိုင္ေအာင္ အစြမ္းကုန္ အားထုတ္ေနတဲ့ အခ်ိန္ေပါ့။

အဲ့ဒီ့ဓာတ္ပံုကို ဘယ္လိုမွ ဆက္မၾကည့္ႏုိင္ေတာ့တာေၾကာင့္ မ်က္လံုးစံုမိွတ္ကာ ပိုက္ဆံအိတ္ကို ေကာက္ယူလိုက္တယ္။ ၿပီးေနာက္ အိပ္ရာဆီျပန္သြားကာ ခ်ီ႐ႈိ႕ယြမ္ကို ထပ္ၾကည့္ျပန္တယ္။

ရင္ထဲမွာ ဘယ္လိုမွန္းမသိခံစားေနရကာ အိပ္ရာေပၚလဲေနသူကို ညင္သာစြာ တယုတယ နမ္းလိုက္တယ္။ ထို႔ေနာက္ သတိေမ့ေနသူကိုသာမက သူ႔ကိုယ္သူပါ သတိေပးတဲ့အေနနဲ႔ ခပ္တိုးတိုးေျပာမိတဲ့စကားက

" မင္းငါ့ကို ထပ္ေစာင့္စရာ မလိုေတာ့ပါဘူး။ "

****************
I'm back. 😁😁 အရမ္းၾကာသြားလို႔ အလြန္ အားနာပါတယ္ ေစာင့္ေနရတဲ့သူေတြ႐ွိရင္။ တစ္ခါတစ္ေလေတာ့လည္း ငါ ရပ္လိုက္ရင္ေကာင္းမလားလို႔ေတြးမိေပမယ့္ စထားတာေလးကိုေတာ့ ဆံုးေအာင္လုပ္ခ်င္တာမို႔ မ drop ႏိုင္ေသးပါဘူး႐ွင္။ ၿပီးတဲ့အထိေတာ့ ဆက္ၿပီး ဘာသာျပန္မွာပါ။ ဒီဟာတစ္ခုတည္းကိုပဲ အရင္ၿပီးေအာင္ ေရးမွာပါလို႔။
Reading List ေတြထဲ ထည့္ေပးၾကသူေတြ vote ေပးၾကသူေတြ ဖတ္ေပးၾကသူေတြ အားလံုး ေက်းဇူးအမ်ားႀကီး တင္ပါတယ္႐ွင့္။ Love you all 😍😍😍

=============================
Episode 55

Unicode

ရှောင်းလီ ပြောစရာရှိတာပြောပြီးနောက် ချီရှို့ယွမ်ကို တင်းကြပ်စွာပွေ့ဖက်ထားမိတယ်။ ဒီအနေအထားဟာ ချီရှို့ယွမ် မျက်နှာပေါ်မှ အမာရွတ်တို့ကို ပိုထင်ရှားစေကာ အံကြိတ်ထားမှုကြောင့် တင်းနေတဲ့မေးရိုးကိုလည်း ထင်းနေစေတယ်။ ပါးစပ်မှ သွေးတို့ တရပ်စပ်ကျနေသော်လည်း ခေါင်းမာမှုကို ထင်သာမြင်သာ တွေ့နိုင်သေးတယ်။
သူ ချီရှို့ယွမ်ကို စောင့်နေစေချင်ပေမယ့် နောက်ဆုံးမှာတော့ စောင့်တောင်မစောင့်နိုင်အောင် လုပ်မိသူဟာ သူသာဖြစ်တယ်။

ဒီလူဟာ သူ့ဘဝမုန်တိုင်းထန်နေတဲ့ကြားမှာ ပေါ်ထွက်လာတဲ့ အလင်းရောင်လေး။

အေးခဲနေတဲ့သူ့နှလုံးသားမှာ ပေါက်ဖွားလာတဲ့ မီးတောက်လေး။

သူ့ဘဝမှာ အေးစက်ကြမ်းတမ်းမှု သေးသေးလေးနဲ့ရင်ဆိုင်ရရင်တောင်မှ ပြေးတွေ့ချင်မိတဲ့ နွေးထွေးမှုလေး။

လေတွေမိုးတွေကြားထဲကနေ အပြေးလာတွေ့ခဲ့ရတဲ့အထိ နှလုံးသားတစ်ခုလုံးနဲ့ လိုချင်ခဲ့ရတဲ့ တပ်မက်မှုလေး။

သူ့ဘဝမှာ ဒီလူနဲ့ နေ့ရက်လေးတစ်ရက်လောက်တော့ အတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့မယ် ထင်ခဲ့ရတာ။

အဆုံးသတ်မှာတော့ ဒုက္ခတွေပဲ ယူဆောင်လာမိခဲ့လေသလား။

ဟန်ကျားက သူ့ကို တစ်ခါတော့ မေးဖူးသား
' မင်းသူ့ကို သတ်ချင်လား၊ ဒါမှမဟုတ် သူသတ်တာ ခံမှာလား ' တဲ့။

အဲ့ဒီအချိန်တုန်းကတော့ ရှောင်းလီတွေဝေခဲ့မိသော်ငြား ချီရှို့ယွမ်ရဲ့ စွဲဆာင်မှုကြားက မလွတ်မြောက်နိုင်ခဲ့။

အမှောင်ထုနဲ့ဖုံးလွှမ်းနေတဲ့ သူ့ဘဝလေးထဲ ဝင်ရောက်လာတဲ့ အလင်းတန်းလေး.... သူ့ကိုဒီအမှောင်ထုထဲက ဆွဲထုတ်ဖို့ လုပ်ခဲ့တဲ့ ချီရှို့ယွမ်... ချီရှို့ယွမ်ဆိုတဲ့ ဖြစ်တည်မှုလေးနဲ့တင် အရာအားလုံး သိမ်းပိုက်စိုးမိုးနိုင်စွမ်းရှိတယ်။

ရှောင်းလီရဲ့ အားနည်းချက်၊ မလုံခြုံမှု၊ တစ်ကိုယ်ကောင်းဆန်မှုသာ မရှိခဲ့ရင်....
အကယ်၍များ ရှောင်းလီသာ ဒီလူ့ရဲ့ နွေးထွေးမှုနဲ့ ခွန်အားရှိမှုကို မမြတ်နိုးမိခဲ့ရင်.......
အကယ်၍များသာ..........
အတွေးတို့မဆုံးခင်မှာတင် လီရှီချင်းက သူ့ရှေ့မှာ ထိုင်ချကာ ချီရှို့ယွမ် မျက်နှာကို တမေ့တမောငေးနေတဲ့ ရှောင်းလီကို မေးစေ့ကနေ ကိုင်ဆွဲကာ လှည့်စေတယ်။

" အခုတော့ မင်းရဲ့ ဝှက်ဖဲတွေလည်း ကုန်ပြီဆိုတော့ ဆက်ပြီး တိုက်ခိုက်နေဦးမှာလား အညံ့ခံတော့မှာလား။ "

အဖြေကို သိနေနှင့်ပြီးသားလူလို လီရှီချင်းက မေးတယ်။

" အညံ့ခံမယ်။ "

ရှောင်းလီကလည်း အေးဆေးစွာပဲ ပြန်ဖြေတယ်။

" ဒါဆို အခုအကြွေးတင်တာက မင်း ဖြစ်သွားပြီနော်။ "

လီရှီချင်း မျက်နှာထက် အပြုံးကရှိနေသော်ငြား မျက်ဝန်းတို့ကတော့ ပြုံးချင်ဟန်မပေါ်။

ရှောင်းလီ ကျောရိုးထဲ အကြောက်တရားက စိမ့်ခနဲ တစ်စက္ကန့်လောက် လှိုက်တက်လာသေးတယ်။

" ကျွန်တော် သိပါတယ်။ "

" မင်းက ဒုစရိုက်လောကနဲ့လည်း ကင်းချင်တယ်။ ငါ့အတွက်လည်း ဘာအလုပ်မှ မလုပ်ပေးချင်တော့ဘူးပေါ့။ "

ရှောင်းလီပြောခဲ့သမျှကို လီရှီချင်းက တစ်ခွန်းစီ ပြန်ပြောတယ်။

" ကိစ္စမရှိပါဘူး.... မင်းမလုပ်ချင် မလုပ်ရုံပေါ့။ ဘာပဲဖြစ်ဖြစ် မင်းကို ဂိုဏ်းကနေ ထွက်ခွင့်ပေးအောင် မင်းဟာမင်း နည်းလမ်းတောင် ရှာခဲ့ပြီးပြီပဲ။ မင်း သွားရှာခဲ့တဲ့သူက မင်းဆန္ဒကို ဖြည့်ပေးနိုင်မယ်လို့ မင်းထင်နေတာလား။ အဲ့လူက မင်းရဲ့ ခြေတွေလက်တွေတောင် ငါ့ကို ခုတ်ခိုင်းနေသေးတာ။ "

ထို့နောက် ရုတ်တရက်ဆိုသလို ပြုံးကာ

" အဲ့ဒါလည်း ကောင်းတာပဲ။ ဂိုဏ်းကနေထွက်ပြီး ငါ့ဘေးမှာနေပေါ့။ "

ရှောင်းလီကတော့ တစ်ခုခုကို အလေးအနက်တွေးနေဟန် မျက်မှောင်ကြုံ့လို့နေတယ်။

လီရှီချင်းကတော့ ရှောင်းလီလက်မောင်းတို့ကြားထဲက ချီရှို့ယွမ်ကိုသာ ကြည့်လျက်

" မင်းက သူ့ကို ဒီလောက်ထိ ကာကွယ်ချင်နေမှတော့ ငါလည်း သူနဲ့ မရှုပ်တော့ပါဘူး။ ငယ်တုန်းရွယ်တုန်း အမှားပြုတတ်တဲ့ ရိုးသားတဲ့ဖိုးသခွားလေးမို့ မင်း ဒီလိုအမှားမျိုးလုပ်မိတယ်လို့ပဲ ငါယူဆလိုက်မယ်။ မင်း နောက်ဆို ကြပ်ကြပ်သတိထား။ "

ထို့နောက် သူ့လက်မဖြင့် ရှောင်းလီနှုတ်ခမ်းထောင့်ကို ဖွဖွတို့လိုက်ပြီး ရှေ့တိုးကာ နမ်းလိုက်ရင်း

" သူ့ကိုမေ့ပြီး ဒီဘဝကိုတော့ ငါနဲ့ပဲ ကုန်ဆုံးလိုက်တော့။ "

ရှောင်းလီ ချက်ချင်းဆိုသလို ခေါင်းစောင်းကာ ရှောင်လိုက်တော့ လီရှီချင်း လက်သီးကျစ်ကျစ်ဆုပ်မိတယ်။ အပြုံးကတော့ မပျက်။ လေသံကတော့ ပိုပြီး လေးနက်လာတယ်။

" မင်း အညံ့ခံ ထားတယ်မဟုတ်လား။ နည်းနည်းလေးတောင် ယုံလို့မရပါလား မင်းကို။ "

ချီရှို့ယွမ်ကို အရင်ငုံ့ကြည့်ပြီး လီရှီချင်းနဲ့အကြည့်ချင်းဆုံအောင် ရှောင်းလီ ကြည့်လိုက်ကာ

" ကျွန်တော် သူ့ကို မေ့လိုက်လို့ရတယ်။ ဒါပေမယ့် ခင်ဗျား သူ့ရဲ့လုံခြုံရေးကို အာမခံပေးရမယ်။ "

လီရှီချင်း မျက်နှာ အနည်းငယ် မှုန်မှိုင်းလာကာ

" ငါ အာမခံနိုင်ကတော့ တစ်ခုတည်းပဲ..... ဒီကောင်သာ တစ်ခုခုဖြစ်ခဲ့ရင် ငါနဲ့မဆိုင်ဘူးဆိုတာပဲ။ "

လီရှီချင်း မျက်ဝန်းထဲမှာ မုန်တိုင်းထန်နေသယောင်။ ခဏလောက်ကြာမှ သူ့ဒေါသကို ထိန်းချုပ်လို့ရသွားဟန်ပေါ်တယ်။

" ငါ သူ့ကို ထိခိုက်အောင်လုပ်မိခဲ့တာရှိရင် မင်း သက်သေ ရှာပြနိုင်ခဲ့ရင် မင်းနဲ့သူ အတူ ရှိနိုင်ဖို့ ငါ မင်းကို လွှတ်ပေးမယ်။ ငါ့အတွက်တော့ ဒါဟာ အရက်စက်ဆုံး၊ သွေးအအေးဆုံးထားပြီး ပေးရတဲ့ ကတိပဲ။ "

အချိန် အတန်ကြာအောင် အခန်းတွင်းမှာ တိတ်ဆိတ်သွားတယ်။ ထို့နောက် ရှောင်းလီ မတ်တပ်ရပ်ကာ ခေါင်းကို ရုတ်တရက်မော့ပြီး လီရှီချင်းကို ဖြတ်ခနဲ နမ်းလိုက်ရင်း

" ကျွန်တော် ယုံပါတယ်။ "

လီရှီချင်းတစ်ယောက် အတိုင်းထက်အလွန် ပျော်သွားကာ သူ့တပည့်တွေကို အမိန့် သေချာပေးနေတော့တယ်။

" အားလောင်၊ ၁၁၂ကို ဖုန်းဆက်ပြီး ဒီကောင့်ကို ဆေးရုံတင်ပေးလိုက်။ ပြီးရင် မင်းရဲ့ လီကော အဝတ်အစားလဲတာစောင့်ပြီး အပြင်ကို အတူထွက်လာခဲ့ကြ။ "

ရှောင်းလီကတော့ စကားတစ်ခွန်းမှ ဝင်မပြော။ ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း ချီရှို့ယွမ်ကို ပွေ့ဖက်လျက်သာ။

လီရှီချင်းနဲ့တခြားသူတွေ ထွက်သွားတော့ ချီရှို့ယွမ်ကို ကုတင်ပေါ် နေရာတကျတင်ပေးကာ အားလောင် ဖုန်းခေါ်တာ ပြီးတဲ့အထိ စောင့်နေပြီးမှ ရေချိုးခန်းထဲဝင်ပြီး အဝတ်အစားလဲတယ်။ ထို့နောက် ခဏလောက်စဉ်းစားတွေးတောလိုက်ကာ စုစုအခန်းထဲသွားရင်း စုစု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရဲ့လားလို့ အကဲခတ်လိုက်သေးတယ်။ စုစုနိုးလာချိန် သူမအစ်ကိုပျောက်နေရင် စိုးရိမ်နေရမှာစိုးလို့ အခန်းတံခါးမှာ မှတ်စုလေးရေးပြီး ကပ်ထားခဲ့လိုက်တယ်။

အားလောင်ဆိုတာ လီရှီချင်းဘက်တော်သားမဖြစ်ခင်က ရှောင်းလီရဲ့နောက်လိုက်တစ်ဦး ဖြစ်ခဲ့ဖူးတယ်။ ပုံမှန်အားဖြင့် နှုတ်နည်းသူဆိုပေမယ့် အရိပ်အကဲ နားလည်လွယ်သူဖြစ်ပြီး အခွင့်အရေးကောင်းကိုလည်း ဖမ်းဆုပ်နိုင်သူတစ်ယောက်ဖြစ်တယ်။ အခုလည်း ရှောင်းလီနောက်ကနေ မျက်နှာသေနဲ့ရပ်နေပေမယ့် ချောင်းဟန့်သံပေးကာ အချက်ပေးပြီး အလျင်လိုနေကြောင်းပြတယ်။

ရှောင်းလီလည်း ချီရှို့ယွမ် အခန်းထဲပြန်ဝင်လာကာ အိပ်ရာဘေးက ဗီဒိုထဲက တစ်စုံတစ်ခုကို ရှာဖွေတယ်။ အချိန်အတန်ငယ်ကြာမှ အောက်ဆုံးထပ်က အံဆွဲထဲကနေ အမျိုးသားသုံးလက်ကိုင်ပုဝါနဲ့ ကျကျနနထုပ်ပိုးထားတဲ့ သူ့ပိုက်ဆံအိတ်ကို ရှာတွေ့တယ်။ အိတ်ကိုဖွင့်ကြည့်တော့ အချိန်အတော်ကြာတုန်းက မီးပွိုင့် စောင့်ကြည့်ကက်မရာကနေ ရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံလေးတစ်ပုံကို တွေ့လိုက်ရတယ်။

အဲဒီ့တုန်းပေါ့... ချီရှို့ယွမ်တစ်ယောက် ရှိသမျှ ခြေတွေလက်တွေ အကုန်သုံးပြီး သူ့ကို ကာကွယ်ဖို့ တက္ကစီငှါးနိုင်အောင် အစွမ်းကုန် အားထုတ်နေတဲ့ အချိန်ပေါ့။

အဲ့ဒီ့ဓာတ်ပုံကို ဘယ်လိုမှ ဆက်မကြည့်နိုင်တော့တာကြောင့် မျက်လုံးစုံမှိတ်ကာ ပိုက်ဆံအိတ်ကို ကောက်ယူလိုက်တယ်။ ပြီးနောက် အိပ်ရာဆီပြန်သွားကာ ချီရှို့ယွမ်ကို ထပ်ကြည့်ပြန်တယ်။

ရင်ထဲမှာ ဘယ်လိုမှန်းမသိခံစားနေရကာ အိပ်ရာပေါ်လဲနေသူကို ညင်သာစွာ တယုတယ နမ်းလိုက်တယ်။ ထို့နောက် သတိမေ့နေသူကိုသာမက သူ့ကိုယ်သူပါ သတိပေးတဲ့အနေနဲ့ ခပ်တိုးတိုးပြောမိတဲ့စကားက

" မင်းငါ့ကို ထပ်စောင့်စရာ မလိုတော့ပါဘူး။ "

****************
I'm back. 😁😁 အရမ်းကြာသွားလို့ အလွန် အားနာပါတယ် စောင့်နေရတဲ့သူတွေရှိရင်။ တစ်ခါတစ်လေတော့လည်း ငါ ရပ်လိုက်ရင်ကောင်းမလားလို့တွေးမိပေမယ့် စထားတာလေးကိုတော့ ဆုံးအောင်လုပ်ချင်တာမို့ မ drop နိုင်သေးပါဘူးရှင်။ ပြီးတဲ့အထိတော့ ဆက်ပြီး ဘာသာပြန်မှာပါ။ ဒီဟာတစ်ခုတည်းကိုပဲ အရင်ပြီးအောင် ရေးမှာပါလို့။
Reading List တွေထဲ ထည့်ပေးကြသူတွေ vote ပေးကြသူတွေ ဖတ်ပေးကြသူတွေ အားလုံး ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ Love you all 😍😍😍

Continue Reading

You'll Also Like

1.5M 33K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...