π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

33.9K 3.7K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 6

1.1K 177 120
By sunflower06h

"လာဗင်ဒါ!"

ရဲမက်များနှင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသူဟာ ရက်သတ္တပတ်တို့ကြာသည်အထိ သူ့အား စိတ်အနှောင့်အယှက်ပေးနေခဲ့သူ မိုးမခတောမှ လူထူဆန်း alphaမှန်း သိလျှင်သိခြင်း ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မျက်စိလျင်လွန်းသော ထိုalphaကို ရှောင်ရှားရန် မမှီလိုက်သည်ကြောင့် ခပ်ကျယ်ကျယ် လှမ်းခေါ်လိုက်သော အသံဩဩက ခြေလှမ်းများ တန့်သွားစေသည်အထိ အလန့်တကြားဖြစ်စေလေသည်။

"လာဗင်ဒါ! ကျုပ်ကို မမှတ်မိဘူးလား?? လာဗင်ဒါ!"

ဟန်မပျက်ပင် ထိုနေရာမှ ထွက်သွားဖို့ ပြင်ပါသော်လည်း သူ့ကို ဦးတည်ကာ ခေါ်နေသော ထို alphaကြောင့် ရဲမက်တို့ပါ ရုတ်ရုတ်သဲသဲဖြင့် သတိထားမိလာလေကာ အနားသို့ရောက်လာလေတော့သည်။

"တဆိတ်လောက် ဒီလူနဲ့ အသိများလား"

သရုပ်မှန်မပေါ်စေရန် ခေါင်းကိုသာ ခါ၍ အမြန်သွားရန်ပြင်သော်လည်း ထိုရဲမက်က မင်္သကာသေးဟန် ဆက်၍ တားဆီးသည်။ ခေါင်းပါလုံခြုံသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ မျက်နှာကိုလည်း တဝက်အုပ်ထားပြီး ရုပ်ဖျက်ထားသည်မို့ ရဲမက်တို့မှာ မင်္သကာစွာ စစ်ဆေးခံနေရသည့် သူသည် Eldoraအရှင်မှန်းတော့ မသိကြပါလေ။

"မျက်နှာ စစ်ဆေး ကြည့်လို့ရမလား"

အနားသို့ ပို၍ တိုးကပ်လာကာ မျက်နှာ စစ်ဆေးရန် ပြင်လေတော့ တဖက်သို့ လှည့်ကာ ရှောင်တိမ်းလိုက်သည်။ ထိုအချင်းအရာကို အလိုမကျဟန်ရှိသော ရဲမက်က ခြုံထားသော ဝတ်ရုံကိုပါ ဆွဲရန်ပြုလေတော့ အရှင့် ဒေါသစိတ်က ထောင်းခနဲထလာလေတော့သည်။ ခွင့်ပြုချက်မရှိပဲနဲ့များ ရာရာစစ ထိရဲတယ်တဲ့လားလေ။

ထို့ကြောင့် ဖုံးအုပ်ထားသည့် ဝတ်ရုံကြားထဲမှ စူးစူးရဲရဲ ပြန်ကြည့်လိုက်သော်လည်း မျက်နှာဖုံးအုပ်ထားသည်ကြောင့် မမှတ်မိလေသော ထိုရဲမက်က ပို၍ ဒေါသထွက်ကာ အားဖြင့် ဝတ်ရုံကို ဆောင့်ဆွဲလိုက်လေတော့သည်။ သေချာသည်ကတော့ ထိုရဲမက်ဟာ အမှားကြီးကို လုပ်မိလေပါပြီ။

"အ-အရှင်..."

မြေကြီးပေါ်သို့ ပုံကျသွားသည့် ဝတ်ရုံနှင့် ထိတ်လန့်သွေးပျက်သွားလေသော ရဲမက်၏ မျက်နှာသည် အခြားရဲမက်များနှင့် မျက်လုံးစိမ်းများပိုင်ရှင် alphaကိုပါ စူးစမ်းလိုစိတ်ပြင်းပျစေသည်ကြောင့် ဝတ်ရုံပိုင်ရှင်ကို လှမ်း၍ ကြည့်မိကြလေတော့ ကျန်ရှိသည့် ရဲမက်များမှာလည်း အသည်းအသန် ဦးညွတ်ဂါရဝပြုရလေတော့သည်။ မျက်ဝန်းစိမ်းပိုင်ရှင် Alphaမှာတော့ ရုတ်ချည်းပြောင်းလဲသွားသည့် အနေအထားကြောင့် ခပ်ကြောင်ကြောင်သာ ကြည့်နေမိ​လေသည်။

"အတင့်ရဲလိုက်တာ။ ရိုင်းစိုင်းလိုက်ကြတာ။ လူတစ်ယောက်ကို ခွင့်ပြုချက်မရှိပဲ ဒီလိုဆွဲလားရမ်းလား လုပ်ဖို့ ဘယ်က သင်လာကြတာလဲ?"

"စိုးရွံ့မိပါတယ် အရှင်။ အရှင်မှန်း မသိခဲ့လို့ပါ"

"ဒီနေရာမှာ ကိုယ်တော် မဟုတ်ပဲ တခြားသူဆိုရင်လည်း မင်းတို့ ဆွဲလားရမ်းလား လုပ်ပိုင်ခွင့်မရှိဘူး။ Eldoraရဲ့ ရဲမက်ဆိုတဲ့ ရာထူးက ပြည်သူတွေအပေါ် ဒီလိုရမ်းကားဖို့ ပေးထားတာမဟုတ်ဘူး!"

ခပ်တင်းတင်းလေသံဖြင့် မာန်မဲလိုက်သော အရှင့်အား ဘယ်သူမျှ အထွဋ်မတက်ဝံ့ကြ။ ဩဇာကြီးသည့်သူမို့ အမြင်စောင်း အမျက်ရှခံရမည်ကို ကြောက်ကြသည်လေ။ ခြေလွန်လက်လွန်လုပ်မိသော ရဲမက်သည်လည်း ယောက်ျားရင့်မာကြီးဖြစ်သော်ငြား အရှင့်ဒေါသကြောင့် ဒူးများပင် တုန်၍ နေလေသည်။

"မှားသွားပါတယ် အရှင်။ နောက်ကို ကျနော်တို့ ဂရုစိုက်ပါ့မယ်"

"အပြောနဲ့ပဲ ကိုယ်တော်က ဘယ်လိုယုံကြည်ရမှာလဲ။ ဒီလူရမ်းကားကို နန်းတော်ကို ဖမ်းခေါ်လာခဲ့။ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးပြီး မှတ်သားလောက်အောင် ဆုံးမရမှာပေါ့"

"စိုးရွံ့မိပါတယ် အရှင်။ နောင် ဒီလိုမဖြစ်စေရပါဘူး။ ဒီတခါပဲ ခွင့်လွှတ်တော်မူပါ"

"တိတ်စမ်း! ဘာကြည့်နေကြတာလဲ ခေါ်သွားတော့လေ။ သူ့ကို"

အကြောက်အကန် တောင်းပန်ပါသော်လည်း အခြားရဲမက်တို့၏ ဆွဲခေါ်သွားခြင်းကို ခံရသော ထိုရဲမက်သည်  အရှင့်အမျက်တော်ရှပြီး ဖြစ်သည်ကြောင့် အပြစ်ဒဏ်ခံရမှာ အသေအချာပင် ဖြစ်သည်။

"ဝတ်ရုံတော်ပါ အရှင်။ ကျနော့် လက်အောက်ငယ်သားကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် စိုးရွံ့မိပါတယ်။ နောင်ဒီလို မဖြစ်ရအောင် ပိုပြီးကျပ်မတ်လိုက်ပါ့မယ်။"

ရဲမက်ခေါင်းဆောင်ဖြစ်သူက မြေပေါ်၌ကျနေသော ဝတ်ရုံကို ကောက်၍ ကပ်ညိနေသော ဖုန်အညစ်အကြေးတို့ကို ခါထုတ်ပြီး အရှင့်အား ပြန်ပေးရင်း အထပ်ထပ် အာမခံလေသည်။ မျက်နှာကတော့ ပျက်ယွင်း၍သာ။ အရှင်အမျက်ရှမည်ကို သူလည်း စိုးရွံ့သည်လေ။

"အပြောနဲ့ အလုပ် ညီပါစေ။ ကိုယ်တော် ပြန်ပြီ"

ဝတ်ရုံကို ကျကျနနပြန်ဝတ်ကာ တည်ကြည်သော အသံဖြင့် မိန့်လိုက်ရင်း အရှင်က ထိုနေရာမှ ထွက်ခွာရန်ပြင်လေသည်။ သို့သော်...

"ခဏလေး!"

ရဲမက်တို့ အာရုံလွဲနေချိန်တွင် အမြန်အဆန်ရုန်းထွက်ကာ အရှင့်နားသို့ ရောက်လာသော ထိုalpha။ အလျင်အမြန်ပင် လက်မှ ဆွဲလှည့်လိုက်ကာ အရှင့် ပုခုံးနှစ်ဖက်ကို ဆွဲကိုင်မိတော့ အံ့အားသင့်သွားသည့် မျက်ဝန်းလှလှတို့က ရုတ်ချည်းပင် စူးရဲစွာ ပြန်ကြည့်လာတော့သည်။

"ဒါဘယ်လို ယဥ်ကျေးမှု မရှိတဲ့ အပြုအမူလဲ။ လွှတ်စမ်း!"

"ဟင့်အင်း။ မင်းက လာဗင်ဒါမလား။ လာဗင်ဒါဟုတ်ပါတယ်။ ဒါက ဘယ်လိုအခြေအနေကြီးတုန်း။"

မျက်နှာအပြည့်မမြင်ဖူးသည်တောင် မှတ်မိနေသော ထိုalphaကြောင့် အံ့ဩမိသော်လည်း လူအများကြား အထူးသဖြင့် လက်အောက်ခံရဲမက်တို့ကြားတွင် ဖြစ်၍ သရုပ်မှန် လုံးဝ ပေါ်သွား၍ မဖြစ်သည်ကြောင့် လေသံတင်းတင်းဖြင့် ပြန်၍ မာန်မဲလိုက်တော့သည်။

"မောင်မင်းပြောတဲ့သူကို ကိုယ်တော်မသိဘူး။ အခု မောင်မင်းက Eldoraရဲ့ အရှင်အပေါ်မှာ ကိုယ်ထိလက်ရောက် ရိုင်းပျနေတာနော်!"

သို့သော်လည်း ထိုalpha၏ အဖြေစကားကတော့ အရှင့်ကို ပို၍ အံ့အားသင့်စေခဲ့ပါသည်။

"ဒီလောက် ထူးခြားတဲ့ အနံ့ကို ကျုပ်ဘယ်လိုလုပ်မသိပဲနေမလဲ လာဗင်ဒါ။ အဲ့ဒီ မာန်အပြည့်နဲ့ မျက်ဝန်းတွေကော။ အရောင်ကွဲတာက လွဲရင် လာဗင်ဒါမှ လာဗင်ဒါပဲ"

"ဟင်"

ကျိန်းသေပေါက် တောအုပ်အနံ့ပဲရှိနေခဲ့တာပါ။ထိုalphaက ဘယ်ကဘယ်လို လာဗင်ဒါ အနံ့ကို ရနေခဲ့တာတဲ့လဲ...

"ဟုတ်တယ်မလား...ကျုပ်ကို ဖြေပေးပါ။ မင်းက--အာ့!"

ဇက်ပိုးကို ဓားအိမ်ဖြင့် ခပ်ကြမ်းကြမ်းထုချခြင်း ခံလိုက်ရသည်ကြောင့် ဒူးထောက်ကျသွားကာ မေ့မျောသွားသော ထိုalpha။ အရှင့်မှာတော့ သို့လောသို့လော မေးခွန်းပေါင်းများစွာဖြင့် မမှိတ်မသုန် ကြည့်ကာနေမိတော့သည်။

"ရိုင်းစိုင်းလိုက်တဲ့လူ။ ရာရာစစ Eldoraအရှင်ကိုများ ကိုယ်ထိလက်ရောက် ထိပါးရဲတယ်"

ဒူးထောက်ကျသွားသည့် alphaအား ရဲမက်အကြီးအကဲက ချက်ချင်းပင် ဖမ်းချုပ်ကာ ခပ်တင်းတင်း မာန်မဲလိုက်သည်။ အကြောင်းမသိသူတို့အဖို့တော့ မိုးရနံ့ပိုင်ရှင် alphaသည် အမှန်ပင် အရှင့်အပေါ် ရိုင်းပျနေဟန်ပေါ်နေသည်ကိုး။

"ဒီလူကို ဘယ်လိုလုပ်လိုက်ရမလဲ အရှင်။ မြို့ထဲကို အတင်းခိုးဝင်ဖို့ လုပ်နေတဲ့ ကျူးကျော်သူပါ။ အရှင့်ကိုလည်း ကိုယ်ထိလက်ရောက် စော်ကားတာမို့ အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်"

"အင်း.. သူ့ကိုပါ ချုပ်ထားလိုက်။ ကိုယ်တော်ကိုယ်တိုင် စစ်ဆေးမယ်။ ခိုးဝင်ဖို့ လုပ်တဲ့အကြောင်းကို ကျိန်းသေမေးမြန်းရမှာပေါ့။"

ဖုံးကွယ်ထားသော လာဗင်ဒါအနံ့ကို ရနိုင်သည့် ထူးဆန်းသည့် ထိုalphaကို ဒီအတိုင်း မလွှတ်ထားနိုင်သည်ကြောင့်က တစ်ကြောင်း။ မြို့ထဲထိ လိုက်လာသည့် ရည်ရွယ်ချက်ကို သိလိုသည်က တစ်ကြောင်းဖြင့် အရှင့်သိလိုစိတ်ကြောင့် သနားစဖွယ် alphaမှာတော့ အချုပ်ခန်းသို့ ဦးတည်ရလေသည်။

•••••

"သမားတော်မင်ကို ချက်ချင်း ကိုယ်တော့်ဆီ အခေါ်တော်ရှိတယ်လို့ ပြောလိုက်ပါ"

နန်းတော်သို့ ပြန်ရောက်ရောက်ခြင်း နန်းဆောင်ရှေ့မှ အမှုထမ်းအား စေခိုင်းလိုက်လေတော့ ခပ်လှမ်းလှမ်းမှ အကြံပေးကြီးက ထုံးစံမပျက် အထွဋ်တက်လေသည်။

"နာမကျန်းဖြစ်နေပြန်ပြီလား အရှင်။ ဒီတလော သမားတော် အဝင်အထွက် ခဏခဏရှိတယ်နော်"

"မရှည်စမ်းနဲ့။ ကိုယ်တော်က ကျန်းမာရေး စစ်ဆေးမှုတောင် မလုပ်ရတော့ဘူးလား အကြံပေးကြီး။"

"စိုးရွံ့မိပါတယ် အရှင်"

နေရာတကာ ပါလွန်းသော အကြံပေးကြီးမှာ အရှင့်ထံမှ မာန်မဲခံရပြီးမှသာ ငြိမ်သက်လေ့ရှိသည်မို့ ထုံးစံမပျက် မာန်မဲလိုက်ရတော့သည်။ ထိုအခါမှပဲ ကိုယ့်လမ်းကိုယ်သွားသည်မို့ အရှင့်မှာ သက်ပြင်းချနိုင်လေတော့သည်။

အတန်ငယ်အကြာ အရှင့်အဆောင်တော်သို့ သမားတော်မင် ရောက်လာလေတော့ ခါတိုင်းနှင့် မတူ တည်ငြိမ်မှုနည်းပါးနေသည့် အရှင့်ကို မြင်လိုက်ရသည်မို့ အထူးအဆန်းဖြစ်ကာနေသည်။ ခေါင်းခဲဝေဒနာ ပြင်းပြင်းထန်ထန်ရှိခဲ့လျှင်တောင် တည်ငြိမ်နေတတ်သည့် အရှင်က အခုတော့ ဂနာမငြိမ် ဖြစ်နေသည်မို့ ကျိန်းသေပေါက် တခုခုတော့ ရှိမှာ သေချာနေလေပြီ။

"အရှင်။ အဆင်မပြေတာ တစ်ခုခုရှိလို့လား"

"သမားတော်မင်။ ခင်ဗျား ဆေးဖော်တုန်းက လိုအပ်ချက် တစ်ခုခုရှိခဲ့တာလား"

မနေနိုင်စွာ မေးမိလေတော့ အရှင့်ဆီမှ အဖြေစကားအစား မေးခွန်းတစ်ခုသာ ပြန်၍ ရလေသည်။ Heatထိန်းဆေးနှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများကို ထဲထဲဝင်ဝင် မသိပါသော်ငြား မိမိကိုယ်တိုင်ဖော်စပ်ထားသည့် အနံ့ဝှက်ဆေးအပေါ်တော့ ယုံကြည်မှုရှိပါသည်။ သူစမ်းသပ်ခဲ့တာ alpha omega တစ်ယောက်နှစ်ယောက်တည်းနှင့်မှ မဟုတ်ပဲလေ။

"အနံ့ဝှက်ဆေးကြောင့် လာဗင်ဒါအနံ့ကို တော်ရုံalphaနဲ့ omegaက အနံ့မခံနိုင်ဘူးလို့ ပြောတယ် မဟုတ်လား။ အခု ကိုယ်တော် ကိုယ်တိုင် လာဗင်ဒါအနံ့လွှတ်မထားတာတောင် အဲ့ဒီလူက အနံ့ရနေတယ်တဲ့"

"ဟင်"

အနံ့ဝှက်ဆေး မတိုးနိုင်သည့် အမျိုးအစားက တစ်ခုသာရှိသည်။ အရှင့်ကဲ့သို့ မျိုးရိုးမြင့် တော်ဝင်မျိုးနွယ် alphaစစ်စစ်များမှ မွေးဖွားလာသူ၊ ဒါ့အပြင်  မျိုးရိုးမြင့် alphaစစ်စစ်မှသာလျှင် ထိုအနံ့ဝှက်ဆေးက မဖုံးအုပ်နိုင်မှာဖြစ်သည်။ Eldoraပြည်တွင်းတွင် မျိုးရိုးမြင့် အချို့ရှိကောင်းရှိနိုင်သော်လည်း omegaနှင့် betaများသာ ဖြစ်သည့်အပြင် တော်ဝင်မျိုးနွယ်ဟာ အရှင့်အပြင်မရှိသည်ကြောင့် ထိုအချက်ဟာ စိုးရိမ်ဖွယ် မရှိခဲ့သည် မဟုတ်လား။

သို့သော်လည်း အရှင့်၏ စကားတို့အရ အရှင်ဟာ မျိုးရိုးမြင့် တော်ဝင်မျိူးနွယ် alpha တစ်ယောက်နှင့် ဆုံခဲ့ပုံပါပင်။  ဦးဆောင်အုပ်ချုပ်သူအနေဖြင့် အာဏာစက်တည်မြဲချင်သော အရှင်နှင့် သဘာဝအရ အုပ်ချုပ်သူ ဗီဇပါလာသော မျိုးရိုးမြင့် Alphaတို့ တွေ့ဆုံပါလျှင် သိပ်စိုးရိမ်ဖွယ်ကောင်းပါသည်။

"ဘယ်သူများလဲ အရှင်"

"မိုးမခတောက အဲ့---"

စကားကျွံအံ့ဆဲဆဲဖြစ်သွားသော အရှင်က အမြန်ပင် ထိန်းလိုက်သော်လည်း ပါးနပ်သည့် သမားတော်မင်ကတော့ ရိပ်မိလိုက်ပြီဖြစ်သည်ကြောင့်

"အရှင့်ရဲ့ မေးခွန်းကို ဖြေပေးပါ့မယ်။ ဒါပေမယ့် အရှင်ကိုယ်တိုင်လည်း ကျနော့်အပေါ် ပွင့်လင်းမှ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် အနာတလွဲ ဆေးတလွဲလို ဖြစ်သွားနိုင်တာမို့ပါ။"

".....အင်း.."

"ဒါဖြင့်ရင် အရှင့်ရဲ့ ပထမဆုံး heatနဲ့ ပတ်သက်ပြီး ထိမ်ချန်ထားတဲ့ အကြောင်းအရာရှိနေသလား သိပါရစေ အရှင်"

"အဲ့.. အဲ့ဒါက"

"တကယ်တော့... ကိုယ်တော့်ရဲ့ heatကို မိုးမခတောမှာ ဖြတ်သန်းခဲ့တာ"

"အို...အန္တရာယ်များလိုက်တာ အရှင်"

"အဲ့မှာ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်... သင်းကွဲ alphaတစ်ယောက်ပေါ့..."

"ဟင်"

တခွန်းနှစ်ခွန်းစ ဝန်ခံလာမှုတို့ကြောင့် သမားတော်မင်မှာ သွေးနားထင်ဆောင့်ရတော့သည်။ မင်းသားငယ်လေး ဘဝတည်းက ဆေးသွင်းပေးရင်း ရင်းနှီးကျွမ်းဝင်ခဲ့သူမို့ အရှင့်အား အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ လေးစားသည့်တိုင် မိသားစုဝင်တစ်ဦးလိုလည်း သံယောဇဥ်ရှိပါသည်။ ဒါ့ကြောင့် အရှင့်ကိုရော အရှင့် အာဏာစက်ကိုပါ ထိပါးလာမည့်အဖြစ်ကို သမားတော်မင်တစ်ယောက် ဘယ်လိုမျှ လက်ပိုက်၍ ကြည့်နေနိုင်မည် မဟုတ်ပါ။

"အဲ့ဒီalphaက heatကြောင့် ဖြစ်တဲ့ ဝေဒနာအချို့ကို သက်သာအောင် ကူညီပေးခဲ့တယ်။ နောက်တော့ heatပြီးလို့ ကိုယ်တော် ပြန်လာခဲ့တယ်။ အဲ့ဒါပဲ"

"ဆိုလိုချင်တာက အဲ့ဒီalphaနဲ့ အရှင် အခြေအနေတွေ လွန်ကျူးပြီးကုန်တာတော့ မဟုတ်ပါဘူးနော်?"

"သမားတော်မင်! ကိုယ်တော့်ကို အဲ့လောက် အရှက်မဲ့တဲ့သူလို့ ထင်နေလား။ heatဖြစ်ခဲ့တဲ့ omegaဆိုပေမယ့်လည်း ကိုယ်တော်ဟာ ရာဇအိဒ္ဓြေရှိတဲ့ ဘုရင်တစ်ယောက်ပါ သမားတော်မင်။ ဖြစ်သင့်တာ မဖြစ်သင့်တာကိုတော့ သိတယ်။ ဒီတိုင်း အနံ့နဲ့ ကူညီခဲ့ရုံပဲ မဖြစ်သင့်တာတွေ မဖြစ်ခဲ့ဘူး"

လေသံမြှင့်ကာ မာန်လိုက်သော အရှင့်မျက်နှာသည် ဒေါသရှိန်ကြောင့် နီမြန်းလျက်။ အရှည်အရှည်မဖြစ်ရအောင် သမားတော်မင်လည်း စကားပြန်ထိန်းကာ

"ကျနော်က အရှင့်ကို စိုးရိမ်မိလို့ပါ။ ရိုင်းပျသလိုဖြစ်သွားခဲ့ရင် စိုးရွံ့မိပါတယ် အရှင်"

"အင်း။ ကိုယ်တော်လည်း စိတ်ဆတ်သွားလို့။ ထားလိုက်ပါတော့ သမားတော်မင်။"

"ပြဿနာက ကိုယ်တော် ဒီနေ့ အဲ့လူနဲ့ ပြန်ဆုံခဲ့တယ်။ ကိုယ်တော်ကိုယ်တိုင် လာဗင်ဒါအနံ့ကို လွှတ်မထားတာတောင် အဲ့ဒီလူက လာဗင်ဒါအနံံ့ရနေတယ်တဲ့လေ...အဲ့ဒါ ဘာကြောင့်လဲဆိုတာ ဖြေပေးနိုင်မလား"

ထိုအခါမှသာ သမားတော်မင်မှာ သက်ပြင်းချနိုင်လေသည်။ သူထင်သလို မျိုးရိုးမြင့် alphaနှင့် တွေ့ခဲ့ခြင်းမဟုတ်ပဲ လာဗင်ဒါလေးကြောင့် ဖြစ်နေခဲ့သည်ကိုး။ ပထမဆုံး Heatကို အတူကုန်ဆုံးခဲ့သည့် alphaအပေါ်တွင် တွယ်ငြိတတ်သည်မှာ omegaအများစု၏ သဘာဝဖြစ်၍ အရှင်လာဗင်ဒါလေးသည်လည်း ထိုသဘာဝကို မရှောင်လွှဲနိုင်ခဲ့ဟန် တူပါသည်။

ထို့အပြင် heatမဟုတ်သည့်အချိန်မှာပင် ထိုalphaကိုတော့ ရနံ့အမှန်ကို ရစေသည်ဆိုလျှင် လာဗင်ဒါလေး၏  တွယ်ငြိမှုသည် သေးသေးသိမ်သိမ် မဟုတ်တော့သည်ကြောင့် ရှေ့ဆက်မည့် heatများတွင် ထိုalphaကို မဖြစ်မနေတောင့်တတော့မည်မှာ မလွဲမသွေပင်။ ပထမဆုံး heatမှာတင် သည်လောက်ထိ စွဲလမ်းသွားခြင်းမှာ ဆေးများ၏ အကျိုးဆက်ကြောင့်လည်း ဖြစ်ဟန်တူသည်။

ထိုအခက်အခဲအတွက် ဖြေရှင်းနည်းမှာ ထိုalphaနှင့် mateအဖြစ် သတ်မှတ်လိုက်ခြင်းက အလွယ်ကူဆုံးဖြေရှင်းနည်းဖြစ်သော်လည်း သရုပ်မှန်ကို ဖုံးကွယ်ထားသော အရှင့်အဖို့ အမျိုးသား alphaတစ်​ယောက်ကို ကြင်ယာတော်မြှောက်ပါလျှင် အုတ်အုတ်ကျက်ကျက်ဖြစ်လာရန်ကလွဲ၍ မရှိသည်ကြောင့် မလွယ်ကူပါလေ။ ထိုဆူပူမှုကို ရှောင်လွှဲနိုင်မည့် နည်းလမ်းဖြစ်သော  အရှင့်၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ရန်ကတော့ ပို၍ မလွယ်ကူသော နည်းလမ်းဖြစ်သည်လေ။

"သမားတော်မင်။ ကိုယ်တော် မေးနေတယ်လေ။ ဘာကြောင့် မဖြေနိုင်ရတာလဲ"

"ဖြေပါ့မယ်။ ဒါပေမယ့် အရှင်နေရခက်မှာစိုးလို့ပါ"

"ဘယ်လိုအဖြေမျိုးဖြစ်ဖြစ်ရတာမို့ အမှန်အတိုင်းပဲ လျှောက်တင်ပေး သမားတော်မင်။"

"ဒီလိုပါ အရှင်။ အရှင့်ရဲ့ သရုပ်မှန် လာဗင်ဒါလေးက အဲ့ဒီalphaရဲ့ အငွေ့အသက်ကို စွဲလမ်းသွားတာပါ။"

"ဘယ်လို?"

ဘယ်လိုတောင် မျက်နှာပူစရာ အဖြစ်ပါလိမ့်။ သူ့ရဲ့ inner wolfက ထိုအညတရ လူထူးဆန်း alphaကို စွဲလမ်းသွားတယ်တဲ့လား။ အုပ်ချုပ်သူတစ်ဦးဖြစ်နေပြီး ထိုကဲ့သို့သော အချင်းအရာက မသင့်တော်သည် မဟုတ်လား။

"ဒါကြောင့် ဘယ်အရာနဲ့ ဖုံးကွယ်ဖုံးကွယ် အဲဒီalphaကတော့ လာဗင်ဒါနံ့ကို ထင်ထင်ရှားရှားရနေမှာပါအရှင်။ အရှင့်ရဲ့ omegaက စွဲလမ်းမှုကြီးသွားတာဖြစ်လို့ ရှေ့လာမယ့် heatတွေမှာလည်း အဲ့ဒီalphaရဲ့ အငွေ့အသက်ကို တောင့်တနေ​တော့မှာပါ။ ဒါက ဆေးတွေနဲ့ တားဆီးခဲ့တဲ့ အကျိုးဆက်​ထဲက တစ်ခုအပါအဝင်ပါပဲ။ "

Heatအချိန်ကျခဲ့လျှင် သူဟာ လူးလိမ့်ပြီး ထို alphaရဲ့ အထိအတွေ့ကို တမ်းတနေတော့မှာပေါ့လေ? အရှက်မဲ့လိုက်မယ့် အပြုအမူပါ့လား..

"ကိုယ်တော်..အဲ့လိုမဖြစ်ချင်ဘူး သမားတော်မင်။ ကိုယ်တော် ဘယ်တုန်းကမှ alphaတစ်ယောက်ကိုပဲ မျှော်ကြည့်ရတဲ့ ခပ်ပျော့ပျော့ omegaတစ်ယောက် မဖြစ်ချင်ခဲ့တာ ခင်ဗျားလည်း သိပြီးသားပါ သမားတော်မင်..."

အမှန်တကယ်လည်း alphaတစ်ယောက်ကိုသာ မျှော်ကြည့်ရင်း ဘဝတစ်ခုလုံးကို ထိုalphaနှင့် alpha၏ မျိုးဆက်များအတွက်သာ ရှင်သန်ရင်း ပျင်းစဖွယ် အဆုံးသတ်သွားမည့် အနေအထားကို အရှင် သိပ်မုန်းပါသည်။ မွေးရပ်မြေ Eldoraအား သည့်ထက် သာယာဝပြောအောင် ဖန်တီးချင်သေးတာ။ သည့်ထက် နယ်မြေတွေ ချဲ့ထွင်ချင်သေးတာမို့ ကြင်ယာတော် ကိစ္စကိုတောင် လားလားမျှ မတွေးခဲ့သေးတာကို အခုမှ inner wolfက ထဖောက်တယ်တဲ့လား။

ဒါ့အပြင် Eldoraအုပ်ချုပ်သူဟာ alphaမဟုတ်ပဲ omegaတစ်ယောက်မှန်းသာ သိကြလျှင် ဆူပူအုံကြွမည်က ပြေးကြည့်စရာပင် မလိုပေ။ ဩဇာကို မကျော်နိုင်လျှင်တောင် omegaတစ်ယောက်နှင့် ရာဇပလ္လင်ဟာ မသင့်တော်ဟူသည့် ရှေးရိုးစွဲအမတ်တို့ဟာ ကျိန်းသေပေါက် ထိုပုလ္လင်ပေါ်မှ သူ့ကို ဆွဲချမှာဖြစ်သည်။

"ကိုယ်တော် ဘယ်လို လုပ်သင့်လဲ သမားတော်မင်...
အဲ့ဒီalphaကို ရှင်းပစ်လိုက်ရမလား.."

"အို မကြံကြီး မစည်အပ် အရှင်ရယ်...ဘယ်ဖြစ်ပါ့မလဲ"

"ဘာကြောင့် မဖြစ်ရမှာလဲ။ သူသိပ်တောင့်တနေတဲ့ alphaသေသွားမယ်ဆို လာဗင်ဒါလည်း နည်းနည်း ငြိမ်ရင်ငြိမ်ကျသွားမှာပေါ့"

"အဲ့အချိန်မှ ပိုဆိုးသွားမှာပါ အရှင်။ သူတောင့်တတဲ့ အငွေ့အသက်ကို မပေးနိုင်တာမို့ စိတ်ဖောက်လွဲဖောက်ပြန်တာမျိုးလည်း ဖြစ်သွားနိုင်သလို၊ ရှိသမျှ alphaရဲ့ အငွေ့အသက်ကို တောင့်တပြီး အိဒ္ဓြေမဲ့သွားမှာမျိုးလည်း ဖြစ်နိုင်ပါတယ်..."

အခြေအနေနှစ်မျိုးလုံးသည် အဆိုးကိုသာ ဦးတည်နေသည်ကြောင့် အရှင့်မှာ ခေါင်းခဲရတော့သည်။ ပြဿနာဖြစ်မည်စိုး၍ လူထူးဆန်းalphaကို ရှင်းပစ်ကာမှ အိဒ္ဓြေမဲ့သည်အထိ alpha၏ အငွေ့အသက် အထိအတွေ့ကို တောင့်တနေမည့် မိမိပုံရိပ်မှာ တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ်ပင်။

တသက်တာလုံး ဖုံးကွယ်ထားရသည်ကြောင့် မိမိ သရုပ်မှန် လာဗင်ဒါလေးအား သနားခဲ့သမျှ ဒီနေ့တော့ အမြင်စောင်းမိပါတော့သည်။ အတော်လေးလည်း ဒုက္ခပေးတဲ့ လာဗင်ဒါပါ့လား။ အရှက်မဲ့လိုက်တာ။

အရှင့်၏ စိတ်ရှုပ်ထွေးမှုတို့နောက် ဓားစာခံကတော့ သမားတော်မင်ပါပင်။ သုန်သုန်မှုန်မှုန်နှင့် ပြန်ကြည့်ကာ ပြဿနာရှာလေတော့လေတော့ သမားတော်မင်မှာ ဖြေရှင်းရခက်ခက်ပင်။

"သမားတော်မင်!! အဲ့လောက် စိုးရိမ်စရာကောင်းတဲ့ ဆိုးကျိုးရှိနေတဲ့ ဆေးကို ဘာကြောင့် ကိုယ်တော့်ကို ထိုးပေးခဲ့ရတာလဲ!"

"အရှင်ကို ကျနော် အထပ်ထပ်တားမြစ်ခဲ့တယ် မဟုတ်လား အရှင်။ အရင်မင်းကြီးကိုလည်း နည်းတူ တားမြစ်ခဲ့ပါတယ်။ ခေါင်းမာခြင်းကို အမွေဆက်ခံထားသလား မသိရအောင် တားလို့မှ မရခဲ့တာ အရှင်"

"ဒါဆို ကိုယ်တော်က ဘယ်လိုလုပ်ရမလဲ.... အဲ့ဒီalphaကိုပဲ တောင့်တပြီး နေနေရမှာလား... နည်းလမ်းရှာပါဦး သမားတော်မင်ရဲ့"

"ကျနော် ကြိုးစားပြီး ရှာကြည့်ပါ့မယ် အရှင်။ ဒါပေမယ့် ဒီအတောအတွင်းမှာတော့ အဲ့ဒီ alphaကို အနားမခေါ်ထားနိုင်ရင်တောင် အဲ့ဒီ alphaရဲ့ အငွေ့အသက်ရှိတဲ့ ပစ္စည်း တစ်ခုခုတော့ ဆောင်ထားပေးရမယ်။ မဟုတ်ရင် လာဗင်ဒါလေး စိတ်လွတ်သွားနိုင်တာမို့ပါ"

ထိုalpha၏ အငွေ့အသက်ရှိသော ပစ္စည်းဆိုသည့်နေရာမှာတော့ အရှင့်မျက်နှာလေး ဝင်းကာသွားလေသည်။
ဝတ်ရုံ... ထိုalpha၏ ဝတ်ရုံက သေတ္တာငယ်အတွင်းတွင် လုံခြုံစွာရှိနေသည်လေ။

"ကိုယ်တော့်မှာ သူ့ရဲ့ ဝတ်ရုံရှိတယ် သမားတော်မင်"

"တော်ပါသေးတယ် အရှင်။ အဲဒီဝတ်ရုံကို မပျောက်ပျက်စေပဲ သိမ်းထားပါ။ ကျနော်လည်း နည်းလမ်းရှာကြည့်ပါ့မယ်"

ထိုအခါမှသာ အရှင်လည်း စိတ်အေးနိုင်လေတော့သည်။ လောလောဆယ်တော့ အရေးကြုံခဲ့လျှင် လူထူးဆန်း alphaရဲ့ ဝတ်ရုံကိုသာ အားကိုး၍ နေရမည့်ပုံပါလေ။

တဆက်တည်းမှာပင် သတိရမိသွားသည်က အချုပ်ခန်းထဲတွင် မိမိအမိန့်ဖြင့် ချုပ်နှောင်ခံထားရသော ဝတ်ရုံပိုင်ရှင် alpha။ စီရင်ချက် မမိန့်ခဲ့ရသေးသည်ကြောင့် ယခုချိန်ဆို တာဝန်ခံရဲမက်တို့က လုပ်ထုံးအတိုင်း နှိပ်စက်နေလောက်တော့မည်ပင်။

မတော်၍သာ တိမ်းပါးသွားခဲ့လျှင် အကျိုးဆက်က မိမိကိုပါ ရိုက်ခတ်ကာ အကျိုးနည်းတော့မည်ဖြစ်သည်ကြောင့် အရှင့်မှာ ဝတ်ရုံနှင့် သရဖူကို အမြန်ပြင်ဝတ်ကာ အချုပ်ခန်းသို့ ခြေဦးတည်ရလေတော့သည်။

•••••

Eldora အကျဥ်းထောင်

အကျဥ်းထောင် အချုပ်ခန်းဆိုသည့်အလျောက် အပြစ်သားတို့အား ချုပ်နှောင်ထားသည့်နေရာဖြစ်၍ နေရောင် သဲသဲ့လေးမျှပင် မဝင်ပဲ မှောင်မဲအေးစက်ကာ ကြက်သီးထဖွယ်ကောင်းလှသည်။ ထို အကျဥ်းခန်းတို့တွင် ချုပ်နှောင်ခံရသူတို့က များသောအားဖြင့် နိုင့်ထက်စီးနင်း ပြုမှုနှင့် လုယက်မှုတို့ကြောင့် ချုပ်နှောင်ခံရသူတို့ များလေသည်။ အခြားရာဇဝတ်မှုတို့နှင့် ယှဥ်လျှင် သေးနုတ်သည် ထင်ရသော ထိုအမှုတို့ကိုပင် အပြစ်ပြင်းပြင်းထန်ထန်ပေးလေ့ရှိသည်မို့  Eldoraပြည်အတွင်း၌ ရာဇဝတ်မှုကြီးကြီးမားမားသည် မဖြစ်သလောက် ရှားခြင်းပင်။

*ရွှမ်း!*

"နာမည် ပြောစမ်း!"

တုန့်ပြန်စကားမရှိသည်ကြောင့် ထပ်မံ၍ မြည်ဟီးသွားသော ကြာပွတ်နှင့် လူ့အသားရိုက်ခတ်မိသံ။ လက်နှင့်​ခြေတို့ကို နံရံတွင် ကပ်ထားသော သံကြိုးကြီးတို့နှင့် တဖက်တချက်စီ တုပ်နှောင်ထားကာ စစ်ဆေးမေးမြန်းခံနေရသူကတော့ မပတ်သက်မိသူကို ပတ်သက်မိ၍ အကျဥ်းထဲ ရောက်ရှိလာသော မိုးမခတောမှ သင်းကွဲalphaဖြစ်လေသည်။

*ရွှမ်း!*

"အပြစ်သား! မင်းနာမည်ပြောစမ်းလို့ ပြောနေတယ်လေ"

"ကင်မ်..ထယ်..ဟျောင်း"

"ဘာကြောင့် ခိုးဝင်ဖို့ ကြိုးစားရသလဲ"

*ရွှမ်း!*

"အပြစ်သား။ ဘာကြောင့် ခိုးဝင်ရသလဲလို့ ​မေးနေတယ်လေ။ ပြန်ဖြေစမ်း!"

အကြောမာသော မျက်ဝန်းစိမ်းပိုင်ရှင်က လွယ်လွယ်နှင့် မဖြေပဲ ခပ်သဲ့သဲ့ပင်ရယ်နေပြန်သည်ကြောင့် တာဝန်ခံတို့ ပို၍ ဒေါသပုန်ထလေတော့သည်။ ထို့နောက် ထိုalphaက တာဝန်ခံအား တည့်တည့်ကြည့်ကာ..

"ခင်ဗျားတို့ အရှင်ဆီကနေ ရစရာရှိလို့"

"ရာရာစစ! မင်းလိုလူကများ"

*ရွှမ်း!ရွှမ်း!*

"ရပ်ကြစမ်း အခု!"

အဆက်မပြတ်သော ကြာပွတ်သံတို့၏နောက် ထွက်ပေါ်လာသည့် မာန်ပါပါအမိန့်ကြောင့် အကျဥ်းထောင်အတွင်းရှိ အမှုထမ်းများ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကာ အရှင့်ကို ဦးညွတ်ကြလေတော့သည်။

"အရှင့်ကို ဂါရဝပြုပါတယ်"

"ဘာလုပ်နေကြတာလဲ။ ဒီလူကို အပြစ်ပေးဖို့ ကိုယ်တော် မမိန့်ရသေးဘူးလေ"

"ခါတိုင်း အပြစ်သားတွေကိုလည်း ဒီလိုပဲ အပြစ်ပေးနေကျ မဟုတ်လား အရှင်။ အရှင့်ကို ကိုယ်ထိလက်ရောက် ထိပါးခဲ့တာမို့ ပိုလို့တောင် အပြစ်ကြီးပါတယ်။"

"Elodraအရှင်တဲ့လား အဟက်"

ခပ်သဲ့သဲ့ထွက်လာသော အောင့်သက်သက် လေသံဩဩကြောင့် အာရုံတို့က အပြစ်ပေးခံနေရသူဆီရောက်မိလေတော့ ဒဏ်ရာများကို ကြည့်ကာ အရှင့်မှာ စိတ်ထဲမကောင်းတော့။ တကယ်ဆို heatကြောင့် မိုးမခတောထဲမှာ ဒုက္ခဖြစ်နေသည့် သူ့ကို ဒီလူစိမ်းက အများကြီး ကူညီခဲ့သော်လည်း သူကတော့ ဒီလိုနည်းဖြင့် ကျေးဇူးတုံ့ပြန်လိုက်သည် ခံစားရသည်မို့ မလုံမလဲဖြစ်ရတော့သည်။

"ဒီလူကတော့!"

ရဲမက်က ကြာပွတ်နှင့် ရိုက်ရန် ရွယ်နေစဥ်မှာပင် လက်ကာ၍ တားလိုက်သော အရှင်။

"တော်တော့။ ကိုယ်တော်ကိုယ်တိုင် သူ့ကို စစ်မေးချင်တယ်။ လူစိမ်းဖြစ်နေတာမို့။ မင်းတို့က အပြင်ကစောင့်ကျပ်ပါ"

"ဖြစ်ပါ့မလား အရှင်"

"ကိုယ်တော်က တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ဦးပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်။ အားလုံးသွားကြတော့"

"ကောင်းပါပြီ အရှင်"

သည်လိုနှင့် အစောင့်အကျပ်များ အားလုံးထွက်သွားကာ အရှင်နှင့် ထိုalphaတို့ နှစ်ဦးတည်း ကျန်ခဲ့လေတော့ ထို alphaဘက်မှ စကားစလေသည်။

"တောထဲက ၃ရက်တာ အကူအညီကို ဒီလိုနည်းနဲ့ ကျေးဇူးတုံ့ပြန်လိုက်တာပေါ့ ဟုတ်လား လာဗင်ဒါ? Eldoraအရှင်တဲ့လား..အဟက်...မင်းသိပ်လည်တာပဲ"

"ကိုယ်တော်က မောင်မင်းပြောတဲ့ လာဗင်ဒါဆိုသူ မဟုတ်ဘူးလို့ ဘယ်နှခါပြောရမလဲ။ မောင်မင်း လူမှားနေပြီ"

"ကျန်တာညာလို့ ရပေမယ့် အဲ့ဒီ ချိုအီတဲ့ ရနံ့သင်းသင်းလေးကို ညာလို့မှ မရတာ။ မင်း ဘယ်လိုပဲ ငြင်းနေပါစေ မင်းရဲ့ အနံ့ကတော့ လာဗင်ဒါလေးဆိုပြီး ဝန်ခံနေတာပဲ။ ခုမှပဲ သိတော့တယ်။ မြို့ကိုပစ်ပြီး တောတွင်းလို ခက်ခဲတဲ့နေရာမှာ heatလာကုန်ဆုံးရတဲ့ အကြောင်းအရင်းကိုလေ။"

alpha၏ စကားကြောင့် အရှင်က သက်ပြင်းချကာ လာဗင်ဒါလေးကိုလည်း ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။ Heatအချိန်မဟုတ်ပဲတောင် အနံ့တွေ ထုတ်ပြရတဲ့အထိ သည်alphaကို စွဲလမ်းနေရသတဲ့လား။

"ဟုတ်တယ်။ ကိုယ်တော်က အဲ့နေ့က ခင်ဗျားနဲ့တွေ့ခဲ့တဲ့ omegaပဲ။ ခင်ဗျားကိုလည်း ဘာကြောင့်ဝင်လာရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲမေးပြီးရင် ပြန်လွှတ်ပေးမှာ။ ခင်ဗျားက ဘာလုပ်ချင်လို့လဲ။ Eldoraရဲ့ အုပ်ချုပ်သူက omegaတစ်ယောက်ပါဆိုတဲ့ သတင်းလျှောက်ဖြန့်ပြီး နာမည်ဖျက်ဖို့ ကြံရွယ်နေတာ ဆိုရင်တော့ခင်ဗျားဆုံးဖြတ်ချက်တွေ မှားနေပြီလို့ သတိပေးရလိမ့်မယ်။ အညတရမုဆိုး တစ်ယောက်က ပြောတဲ့ စကားနဲ့ Eldoraအရှင်ပြောတဲ့ စကား လူတွေက ဘာကို ပိုယုံမယ်ဆိုတာ စဥ်းစားကြည့်ပေါ့လေ"

အရှင့်စကားအဆုံး ထိုalphaက ရယ်လိုက်ပြန်သည်မို့ ကသိကအောက်ဖြစ်ရတော့သည်။ အခုသူ့ကိုလှောင်နေတာများလား?

"သံသယများတာတော့ အရင်အတိုင်းပဲနော်။ ဘာမှမဟုတ်ဘူး။ မင်းကို နာမည်ဖျက်ဖို့လည်း စိတ်မဝင်စားဘူး။ ကျုပ်ဝတ်ရုံကို ပြန်လိုချင်ရုံပဲ လာဗင်ဒါ။ မင်း ယူသွားတဲ့ ကျုပ်ဝတ်ရုံကို ပြန်ပေးရင် ရပြီ။ မင်းဟာမင်း Eldoraအရှင်မကလို့ နတ်ဘုရားဆိုလည်း စိတ်မဝင်စားဘူး။ အဓိကက ဝတ်ရုံကို ပြန်ပေးပါ"

"အဲ့ဒီ ဝတ်ရုံအတွက်နဲ့များ မြို့ထဲထိ စွန့်စွန့်စားစားလိုက်လာတယ်ပေါ့? ခင်ဗျားတော်တော်ရယ်ရတဲ့သူပဲ"

"ကျုပ်အတွက်တော့ အရေးပါတဲ့ ဝတ်ရုံမလို့ပဲ။"

သူ့ကို နောက်​ကျောဓားဖြင့်ထိုးရန် ရောက်လာသည့်သူမဟုတ်သည်မို့ တော်သေးသည်ဟု သက်ပြင်းချရန် တွေးမိသော်လည်း တောင်းဆိုလာသည့် အရာက ဘယ်လိုအကြောင်းနှင့်မှ ပြန်ပေး၍ မဖြစ်သည်ကြောင့် အရှင့်မှာ အကျပ်ရိုက်ရပြန်သည်။

နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်။ ငွေစများများပေး၍ သည့်ထက်သာသည့် ဝတ်ရုံဝယ်လိုက်ရလျှင် ဒီလူငြိမ်သွားလောက်မည်မဟုတ်လား။ ဘယ်သူမဆို အရည်အသွေးကောင်းသည့် ပစ္စည်းကိုတော့ ပို၍ နှစ်သက်ကြသည်လေ။

"မပေးနိုင်ဘူး။ "

"ဘာရယ်?"

"မပေးနိုင်ဘူးလို့။ တခြားဝတ်ရုံကောင်းကောင်းဝယ်ဖို့ ငွေစပေးလိုက်မယ်။ ကိုယ်တော် အဲ့ဒီဝတ်ရုံကို ယူထားမှာမလို့.. ခင်ဗျား ပိုကောင်းတဲ့ ဝတ်ရုံတစ်ခုထပ်ဝယ်လိုက်ပါ။ ဈေးထဲမှာ အရည်အသွေးကောင်းတာတွေမှ အများကြီးပဲ။ ငွေစကိုလည်း လိုသလောက်ပေးမယ်။ စောင့်ရှောက်ပေးတဲ့အတွက်ကော ကျေဇူးတုံ့ပြန်တဲ့အနေနဲ့ကော ခုလို အကြောင်းမဲ့ ဖမ်းချုပ်မိတာအတွက် နစ်နာကြေးအနေနဲ့ကော"

"ဒီမယ် လာဗင်ဒါ။ ကျုပ်ကို နောက်နေတာလား?"

"ကိုယ်တော်က နောက်နေတဲ့ပုံပေါ်လို့လား? ခဏနေရင် ခင်ဗျားကို လာလွှတ်ပေးပြီး တောစပ်ထိ လိုက်ပို့ကြလိမ့်မယ်။ အဲ့ကျ ငွေစအချို့ပါ သူတို့ဆီက တခါတည်းထုတ်သွားပြီး ဈေးကနေ လိုအပ်တာတွေ ဝယ်သွားလိုက်။ ဟုတ်ပြီလား"

အဖြေစကားမပြုတော့သည်ကြောင့် သဘောတူညီချက်အောင်မြင်သည်ဟု ယူဆကာ ထွက်မည်အပြင်

"အဟက်... မျှတပါတယ်ဆိုတဲ့ Eldoraရဲ့ အရှင်က သူများ ဝတ်ရုံကျ မတရားယူထားပြီး ပြန်မပေးဘူးပဲ။ ငွေကြေးနဲ့တောင် တန်ဖိုး​ဖြတ်လိုက်သေးတယ်။ ကျုပ်တော့ အထင်ကြီးမိတာ မှားတာပဲ"

"ခင်ဗျား!"

မခံချင်စိတ်ရှိသော အရှင်က ထိုလူထူးဆန်းalpha၏ မထီမဲ့မြင်ပြုမှုကို သည်တိုင်း လက်မခံနိုင်။ သို့သော် ဝတ်ရုံကိုလည်း ပြန်ပေး၍ မဖြစ်သည်ကြောင့်...

"ဒါဖြင့်ရင် ရအောင် လာယူကြည့်လေ။ အဲ့လောက်လိုချင်နေတဲ့ ဝတ်ရုံက ကိုယ်တော့် နန်းဆောင်ထဲမှာရှိတယ်။ ဝတ်ရုံမရသေးခင် သေရွာသွားရရင်တော့ ကိုယ်တော်လည်း တာဝန်မယူနိုင်ဘူး"

Eldoraအရှင်၏ နန်းဆောင်သည် တိုင်းပြည်တစ်ခုလုံး နန်းတော်တစ်ခုလုံးတွင် လုံခြုံရေး အတင်းကျပ်ဆုံးနေရာမို့ ခိုးဝင်ရန် မပြောနှင့် ခွင့်ပြုမိန့်နှင့် ဝင်ရဖို့တောင် မလွယ်သည့်နေရာ။ သမားတော်မင်နှင့် အထိန်းတော် တစ်ဦးနှစ်ဦးစမှ လွဲ၍ အကြံပေးကြီးတောင် မရောက်ဖူးသည့်နေရာမို့ ခိုးဝင်ကာ ဝတ်ရုံရှာပုံတော် ဖွင့်ရန်ဆိုသည်မှာ ကျားဂူထဲ ပြေးဝင်သည်ထက်တောင် ခက်ပါလိမ့်ဦးမည်။ အရှင့်နန်းဆောင်ကို ခိုးဝင်သူအား အရှင့်အမိန့်မပါပဲပင် စီရင်ခွင့်ရှိသည်ကြောင့် အစောင့်အကျပ်တို့ ဓားချက်အောက် အသက်ပျောက်ရန်မှာ နန်းတောင်တွင်းဝင်နိုင်ရန်ထက် ပို၍ ဖြစ်နိုင်ချေရှိပါသေးသည်။

"ဘယ်လိုလဲ? ပေးတဲ့ ငွေစကို ယူပြီး အေးအေးဆေးဆေး ကိုယ့်လမ်း ကိုယ်သွားမလား? မဖြစ်နိုင်တာကို လုပ်ပြီး တန်ဖိုးရှိတဲ့ အသက်တချောင်းကို ဖြုန်းတီးမလား"

အကျဥ်းခန်းအတွင်း ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် အတန်ငယ်ကြာ ကြည်လင်ပြတ်သားစွာ ထွက်လာသော ထိုalpha အဖြေက အရှင့်ကို အံ့အားသင့်စေလေတော့သည်။

"ကျုပ် ရောက်အောင် လာခဲ့မယ်။"

"ဟင်?"

"မင်းရဲ့ ကြီးမြတ်လှပါတယ်ဆိုတဲ့ နန်းဆောင်ကို ကျုပ်ရအောင် လာခဲ့မယ်။ ပြီးရင် မင်း မတရားသိမ်းထားတဲ့ ဝတ်ရုံကို ကျုပ်ကိုယ်တိုင် ပြန်ယူပစ်မှာ"

"အဟက်။ အပြောကတော့ ကြီးသားနော်။ ကြောက်စရာပါ့လား။ "

"နောက်ပြီး အလျော်အစားတစ်ခုပါ ပြန်ယူမှာမို့ အဲ့လိုသိထားပြီး စောင့်နေလိုက်ပါ လာဗင်ဒါ"

လေကြီးနေသော ထိုalphaကို ကြည့်ရင်း အရှင်က ခနဲ့တဲ့တဲ့ ရယ်သွမ်းကာ အနားသို့သွားရင်း ကြာပွတ်လက်ကိုင်ဖြင့် မေးမှ ဆွဲမော့လိုက်၍ စူးရဲရဲ မျက်ဝန်းနှစ်စုံအား ဆုံဆည်းစေသည်။ မခံချင်စိတ်ဖြင့် စူးရဲစွာ ပြန်ကြည့်သော ကျောက်စိမ်းရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းစိမ်းစိမ်းတို့သည် ခရမ်းဆွဲရောင် မျက်ဝန်းတို့ကို ဖုံးကွယ်ထားသည့် မာန်အပြည့်နှင့် မျက်ဝန်းနက်နက်တို့​နှင့် အားပြိုင်ကာ နေလေသည်။

"လုပ်နိုင်ရင် လုပ်ကြည့်​​ပေါ့။ အပြစ်သား ကင်မ်ထယ်ဟျောင်း"

#Tbc

A/N: Tuesday upပေးမယ်ဆိုပြီး မပြီးလိုက်လို့ နောက်နေ့ကူးသွားတာ အားနာပါတယ် ဒါဒါnimတို့ရေ 
:( ၁၇နာရီလောက်ပဲ နောက်ကျတာပါ ဟီး XD
အရှင်နဲ့ မိုးမခတောက လူထူးဆန်းကတော့ တည့်ရာကနေ စိန်ခေါ်မှုတွေ လုပ်ကုန်ကြပါပြီ 🤭 alphaတစ်ယောက် သူ့ဝတ်ရုံကို ပြန်ရမရကတော့ နောက်အပိုင်းပေါ့ရှင် ~

See you in next episode~

-해바라기

ZG

"လာဗင္ဒါ!"

ရဲမက္မ်ားႏွင့္ ႐ုန့္ရင္းဆန္ခတ္ျဖစ္ေနသူဟာ ရက္သတၱပတ္တို႔ၾကာသည္အထိ သူ႕အား စိတ္အႏွောင့္အယွက္ေပးေနခဲ့သူ မိုးမေခတာမွ လူထူဆန္း alphaမွန္း သိလွ်င္သိျခင္း ခ်က္ခ်င္း ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ပါသည္။ သို႔ေသာ္လည္း မ်က္စိလ်င္လြန္းေသာ ထိုalphaကို ေရွာင္ရွားရန္ မမွီလိုက္သည္ေၾကာင့္ ခပ္က်ယ္က်ယ္ လွမ္းေခၚလိုက္ေသာ အသံဩဩက ေျခလွမ္းမ်ား တန့္သြားေစသည္အထိ အလန့္တၾကားျဖစ္ေစေလသည္။

"လာဗင္ဒါ! က်ဳပ္ကို မမွတ္မိဘူးလား?? လာဗင္ဒါ!"

ဟန္မပ်က္ပင္ ထိုေနရာမွ ထြက္သြားဖို႔ ျပင္ပါေသာ္လည္း သူ႕ကို ဦးတည္ကာ ေခၚေနေသာ ထို alphaေၾကာင့္ ရဲမက္တို႔ပါ ႐ုတ္႐ုတ္သဲသဲျဖင့္ သတိထားမိလာေလကာ အနားသို႔ေရာက္လာေလေတာ့သည္။

"တဆိတ္ေလာက္ ဒီလူနဲ႕ အသိမ်ားလား"

သ႐ုပ္မွန္မေပၚေစရန္ ေခါင္းကိုသာ ခါ၍ အျမန္သြားရန္ျပင္ေသာ္လည္း ထိုရဲမက္က မသၤကာေသးဟန္ ဆက္၍ တားဆီးသည္။ ေခါင္းပါလုံၿခဳံသည့္ ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားကာ မ်က္ႏွာကိုလည္း တဝက္အုပ္ထားၿပီး ႐ုပ္ဖ်က္ထားသည္မို႔ ရဲမက္တို႔မွာ မသၤကာစြာ စစ္ေဆးခံေနရသည့္ သူသည္ Eldoraအရွင္မွန္းေတာ့ မသိၾကပါေလ။

"မ်က္ႏွာ စစ္ေဆး ၾကည့္လို႔ရမလား"

အနားသို႔ ပို၍ တိုးကပ္လာကာ မ်က္ႏွာ စစ္ေဆးရန္ ျပင္ေလေတာ့ တဖက္သို႔ လွည့္ကာ ေရွာင္တိမ္းလိုက္သည္။ ထိုအခ်င္းအရာကို အလိုမက်ဟန္ရွိေသာ ရဲမက္က ၿခဳံထားေသာ ဝတ္႐ုံကိုပါ ဆြဲရန္ျပဳေလေတာ့ အရွင့္ ေဒါသစိတ္က ေထာင္းခနဲထလာေလေတာ့သည္။ ခြင့္ျပဳခ်က္မရွိပဲနဲ႕မ်ား ရာရာစစ ထိရဲတယ္တဲ့လားေလ။

ထို႔ေၾကာင့္ ဖုံးအုပ္ထားသည့္ ဝတ္႐ုံၾကားထဲမွ စူးစူးရဲရဲ ျပန္ၾကည့္လိုက္ေသာ္လည္း မ်က္ႏွာဖုံးအုပ္ထားသည္ေၾကာင့္ မမွတ္မိေလေသာ ထိုရဲမက္က ပို၍ ေဒါသထြက္ကာ အားျဖင့္ ဝတ္႐ုံကို ေဆာင့္ဆြဲလိုက္ေလေတာ့သည္။ ေသခ်ာသည္ကေတာ့ ထိုရဲမက္ဟာ အမွားႀကီးကို လုပ္မိေလပါၿပီ။

"အ-အရွင္..."

ေျမႀကီးေပၚသို႔ ပုံက်သြားသည့္ ဝတ္႐ုံႏွင့္ ထိတ္လန့္ေသြးပ်က္သြားေလေသာ ရဲမက္၏ မ်က္ႏွာသည္ အျခားရဲမက္မ်ားႏွင့္ မ်က္လုံးစိမ္းမ်ားပိုင္ရွင္ alphaကိုပါ စူးစမ္းလိုစိတ္ျပင္းပ်ေစသည္ေၾကာင့္ ဝတ္႐ုံပိုင္ရွင္ကို လွမ္း၍ ၾကည့္မိၾကေလေတာ့ က်န္ရွိသည့္ ရဲမက္မ်ားမွာလည္း အသည္းအသန္ ဦးၫြတ္ဂါရဝျပဳရေလေတာ့သည္။ မ်က္ဝန္းစိမ္းပိုင္ရွင္ Alphaမွာေတာ့ ႐ုတ္ခ်ည္းေျပာင္းလဲသြားသည့္ အေနအထားေၾကာင့္ ခပ္ေၾကာင္ေၾကာင္သာ ၾကည့္ေနမိေလသည္။

"အတင့္ရဲလိုက္တာ။ ရိုင္းစိုင္းလိုက္ၾကတာ။ လူတစ္ေယာက္ကို ခြင့္ျပဳခ်က္မရွိပဲ ဒီလိုဆြဲလားရမ္းလား လုပ္ဖို႔ ဘယ္က သင္လာၾကတာလဲ?"

"စိုး႐ြံ႕မိပါတယ္ အရွင္။ အရွင္မွန္း မသိခဲ့လို႔ပါ"

"ဒီေနရာမွာ ကိုယ္ေတာ္ မဟုတ္ပဲ တျခားသူဆိုရင္လည္း မင္းတို႔ ဆြဲလားရမ္းလား လုပ္ပိုင္ခြင့္မရွိဘူး။ Eldoraရဲ႕ ရဲမက္ဆိုတဲ့ ရာထူးက ျပည္သူေတြအေပၚ ဒီလိုရမ္းကားဖို႔ ေပးထားတာမဟုတ္ဘူး!"

ခပ္တင္းတင္းေလသံျဖင့္ မာန္မဲလိုက္ေသာ အရွင့္အား ဘယ္သူမွ် အထြဋ္မတက္ဝံ့ၾက။ ဩဇာႀကီးသည့္သူမို႔ အျမင္ေစာင္း အမ်က္ရွခံရမည္ကို ေၾကာက္ၾကသည္ေလ။ ေျခလြန္လက္လြန္လုပ္မိေသာ ရဲမက္သည္လည္း ေယာက္်ားရင့္မာႀကီးျဖစ္ေသာ္ျငား အရွင့္ေဒါသေၾကာင့္ ဒူးမ်ားပင္ တုန္၍ ေနေလသည္။

"မွားသြားပါတယ္ အရွင္။ ေနာက္ကို က်ေနာ္တို႔ ဂ႐ုစိုက္ပါ့မယ္"

"အေျပာနဲ႕ပဲ ကိုယ္ေတာ္က ဘယ္လိုယုံၾကည္ရမွာလဲ။ ဒီလူရမ္းကားကို နန္းေတာ္ကို ဖမ္းေခၚလာခဲ့။ ထိုက္သင့္တဲ့ အျပစ္ဒဏ္ကို ေပးၿပီး မွတ္သားေလာက္ေအာင္ ဆုံးမရမွာေပါ့"

"စိုး႐ြံ႕မိပါတယ္ အရွင္။ ေနာင္ ဒီလိုမျဖစ္ေစရပါဘူး။ ဒီတခါပဲ ခြင့္လႊတ္ေတာ္မူပါ"

"တိတ္စမ္း! ဘာၾကည့္ေနၾကတာလဲ ေခၚသြားေတာ့ေလ။ သူ႕ကို"

အေၾကာက္အကန္ ေတာင္းပန္ပါေသာ္လည္း အျခားရဲမက္တို႔၏ ဆြဲေခၚသြားျခင္းကို ခံရေသာ ထိုရဲမက္သည္ အရွင့္အမ်က္ေတာ္ရွၿပီး ျဖစ္သည္ေၾကာင့္ အျပစ္ဒဏ္ခံရမွာ အေသအခ်ာပင္ ျဖစ္သည္။

"ဝတ္႐ုံေတာ္ပါ အရွင္။ က်ေနာ့္ လက္ေအာက္ငယ္သားေၾကာင့္ စိတ္အႏွောင့္အယွက္ ျဖစ္ေစတဲ့အတြက္ စိုး႐ြံ႕မိပါတယ္။ ေနာင္ဒီလို မျဖစ္ရေအာင္ ပိုၿပီးက်ပ္မတ္လိုက္ပါ့မယ္။"

ရဲမက္ေခါင္းေဆာင္ျဖစ္သူက ေျမေပၚ၌က်ေနေသာ ဝတ္႐ုံကို ေကာက္၍ ကပ္ညိေနေသာ ဖုန္အညစ္အေၾကးတို႔ကို ခါထုတ္ၿပီး အရွင့္အား ျပန္ေပးရင္း အထပ္ထပ္ အာမခံေလသည္။ မ်က္ႏွာကေတာ့ ပ်က္ယြင္း၍သာ။ အရွင္အမ်က္ရွမည္ကို သူလည္း စိုး႐ြံ႕သည္ေလ။

"အေျပာနဲ႕ အလုပ္ ညီပါေစ။ ကိုယ္ေတာ္ ျပန္ၿပီ"

ဝတ္႐ုံကို က်က်နနျပန္ဝတ္ကာ တည္ၾကည္ေသာ အသံျဖင့္ မိန့္လိုက္ရင္း အရွင္က ထိုေနရာမွ ထြက္ခြာရန္ျပင္ေလသည္။ သို႔ေသာ္...

"ခဏေလး!"

ရဲမက္တို႔ အာ႐ုံလြဲေနခ်ိန္တြင္ အျမန္အဆန္႐ုန္းထြက္ကာ အရွင့္နားသို႔ ေရာက္လာေသာ ထိုalpha။ အလ်င္အျမန္ပင္ လက္မွ ဆြဲလွည့္လိုက္ကာ အရွင့္ ပုခုံးႏွစ္ဖက္ကို ဆြဲကိုင္မိေတာ့ အံ့အားသင့္သြားသည့္ မ်က္ဝန္းလွလွတို႔က ႐ုတ္ခ်ည္းပင္ စူးရဲစြာ ျပန္ၾကည့္လာေတာ့သည္။

"ဒါဘယ္လို ယဥ္ေက်းမႈ မရွိတဲ့ အျပဳအမူလဲ။ လႊတ္စမ္း!"

"ဟင့္အင္း။ မင္းက လာဗင္ဒါမလား။ လာဗင္ဒါဟုတ္ပါတယ္။ ဒါက ဘယ္လိုအေျခအေနႀကီးတုန္း။"

မ်က္ႏွာအျပည့္မျမင္ဖူးသည္ေတာင္ မွတ္မိေနေသာ ထိုalphaေၾကာင့္ အံ့ဩမိေသာ္လည္း လူအမ်ားၾကား အထူးသျဖင့္ လက္ေအာက္ခံရဲမက္တို႔ၾကားတြင္ ျဖစ္၍ သ႐ုပ္မွန္ လုံးဝ ေပၚသြား၍ မျဖစ္သည္ေၾကာင့္ ေလသံတင္းတင္းျဖင့္ ျပန္၍ မာန္မဲလိုက္ေတာ့သည္။

"ေမာင္မင္းေျပာတဲ့သူကို ကိုယ္ေတာ္မသိဘူး။ အခု ေမာင္မင္းက Eldoraရဲ႕ အရွင္အေပၚမွာ ကိုယ္ထိလက္ေရာက္ ရိုင္းပ်ေနတာေနာ္!"

သို႔ေသာ္လည္း ထိုalpha၏ အေျဖစကားကေတာ့ အရွင့္ကို ပို၍ အံ့အားသင့္ေစခဲ့ပါသည္။

"ဒီေလာက္ ထူးျခားတဲ့ အနံ႕ကို က်ဳပ္ဘယ္လိုလုပ္မသိပဲေနမလား လာဗင္ဒါ။ အဲ့ဒီ မာန္အျပည့္နဲ႕ မ်က္ဝန္းေတြေကာ။ အေရာင္ကြဲတာက လြဲရင္ လာဗင္ဒါမွ လာဗင္ဒါပဲ"

"ဟင္"

က်ိန္းေသေပါက္ ေတာအုပ္အနံ႕ပဲရွိေနခဲ့တာပါ။ထိုalphaက ဘယ္ကဘယ္လို လာဗင္ဒါ အနံ႕ကို ရေနခဲ့တာတဲ့လဲ...

"ဟုတ္တယ္မလား...က်ဳပ္ကို ေျဖေပးပါ။ မင္းက--အာ့!"

ဇက္ပိုးကို ဓားအိမ္ျဖင့္ ခပ္ၾကမ္းၾကမ္းထုခ်ျခင္း ခံလိုက္ရသည္ေၾကာင့္ ဒူးေထာက္က်သြားကာ ေမ့ေမ်ာသြားေသာ ထိုalpha။ အရွင့္မွာေတာ့ သို႔ေလာသို႔ေလာ ေမးခြန္းေပါင္းမ်ားစြာျဖင့္ မမွိတ္မသုန္ ၾကည့္ကာေနမိေတာ့သည္။

"ရိုင္းစိုင္းလိုက္တဲ့လူ။ ရာရာစစ Eldoraအရွင္ကိုမ်ား ကိုယ္ထိလက္ေရာက္ ထိပါးရဲတယ္"

ဒူးေထာက္က်သြားသည့္ alphaအား ရဲမက္အႀကီးအကဲက ခ်က္ခ်င္းပင္ ဖမ္းခ်ဳပ္ကာ ခပ္တင္းတင္း မာန္မဲလိုက္သည္။ အေၾကာင္းမသိသူတို႔အဖို႔ေတာ့ မိုးရနံ႕ပိုင္ရွင္ alphaသည္ အမွန္ပင္ အရွင့္အေပၚ ရိုင္းပ်ေနဟန္ေပၚေနသည္ကိုး။

"ဒီလူကို ဘယ္လိုလုပ္လိုက္ရမလဲ အရွင္။ ၿမိဳ႕ထဲကို အတင္းခိုးဝင္ဖို႔ လုပ္ေနတဲ့ က်ဴးေက်ာ္သူပါ။ အရွင့္ကိုလည္း ကိုယ္ထိလက္ေရာက္ ေစာ္ကားတာမို႔ အျပစ္ေပးသင့္တယ္လို႔ ထင္ပါတယ္"

"အင္း.. သူ႕ကိုပါ ခ်ဳပ္ထားလိုက္။ ကိုယ္ေတာ္ကိုယ္တိုင္ စစ္ေဆးမယ္။ ခိုးဝင္ဖို႔ လုပ္တဲ့အေၾကာင္းကို က်ိန္းေသေမးျမန္းရမွာေပါ့။"

ဖုံးကြယ္ထားေသာ လာဗင္ဒါအနံ႕ကို ရနိုင္သည့္ ထူးဆန္းသည့္ ထိုalphaကို ဒီအတိုင္း မလႊတ္ထားနိုင္သည္ေၾကာင့္က တစ္ေၾကာင္း။ ၿမိဳ႕ထဲထိ လိုက္လာသည့္ ရည္႐ြယ္ခ်က္ကို သိလိုသည္က တစ္ေၾကာင္းျဖင့္ အရွင့္သိလိုစိတ္ေၾကာင့္ သနားစဖြယ္ alphaမွာေတာ့ အခ်ဳပ္ခန္းသို႔ ဦးတည္ရေလသည္။

•••••

"သမားေတာ္မင္ကို ခ်က္ခ်င္း ကိုယ္ေတာ့္ဆီ အေခၚေတာ္ရွိတယ္လို႔ ေျပာလိုက္ပါ"

နန္းေတာ္သို႔ ျပန္ေရာက္ေရာက္ျခင္း နန္းေဆာင္ေရွ႕မွ အမႈထမ္းအား ေစခိုင္းလိုက္ေလေတာ့ ခပ္လွမ္းလွမ္းမွ အႀကံေပးႀကီးက ထုံးစံမပ်က္ အထြဋ္တက္ေလသည္။

"နာမက်န္းျဖစ္ေနျပန္ၿပီလား အရွင္။ ဒီတေလာ သမားေတာ္ အဝင္အထြက္ ခဏခဏရွိတယ္ေနာ္"

"မရွည္စမ္းနဲ႕။ ကိုယ္ေတာ္က က်န္းမာေရး စစ္ေဆးမႈေတာင္ မလုပ္ရေတာ့ဘူးလား အႀကံေပးႀကီး။"

"စိုး႐ြံ႕မိပါတယ္ အရွင္"

ေနရာတကာ ပါလြန္းေသာ အႀကံေပးႀကီးမွာ အရွင့္ထံမွ မာန္မဲခံရၿပီးမွသာ ၿငိမ္သက္ေလ့ရွိသည္မို႔ ထုံးစံမပ်က္ မာန္မဲလိုက္ရေတာ့သည္။ ထိုအခါမွပဲ ကိုယ့္လမ္းကိုယ္သြားသည္မို႔ အရွင့္မွာ သက္ျပင္းခ်နိဳင္ေလေတာ့သည္။

အတန္ငယ္အၾကာ အရွင့္အေဆာင္ေတာ္သို႔ သမားေတာ္မင္ ေရာက္လာေလေတာ့ ခါတိုင္းႏွင့္ မတူ တည္ၿငိမ္မႈနည္းပါးေနသည့္ အရွင့္ကို ျမင္လိုက္ရသည္မို႔ အထူးအဆန္းျဖစ္ကာေနသည္။ ေခါင္းခဲေဝဒနာ ျပင္းျပင္းထန္ထန္ရွိခဲ့လွ်င္ေတာင္ တည္ၿငိမ္ေနတတ္သည့္ အရွင္က အခုေတာ့ ဂနာမၿငိမ္ ျဖစ္ေနသည္မို႔ က်ိန္းေသေပါက္ တခုခုေတာ့ ရွိမွာ ေသခ်ာေနေလၿပီ။

"အရွင္။ အဆင္မေျပတာ တစ္ခုခုရွိလို႔လား"

"သမားေတာ္မင္။ ခင္ဗ်ား ေဆးေဖာ္တုန္းက လိုအပ္ခ်က္ တစ္ခုခုရွိခဲ့တာလား"

မေနနိုင္စြာ ေမးမိေလေတာ့ အရွင့္ဆီမွ အေျဖစကားအစား ေမးခြန္းတစ္ခုသာ ျပန္၍ ရေလသည္။ Heatထိန္းေဆးႏွင့္ ပတ္သက္သည့္ ေဘးထြက္ဆိုးက်ိဳးမ်ားကို ထဲထဲဝင္ဝင္ မသိပါေသာ္ျငား မိမိကိုယ္တိုင္ေဖာ္စပ္ထားသည့္ အနံ႕ဝွက္ေဆးအေပၚေတာ့ ယုံၾကည္မႈရွိပါသည္။ သူစမ္းသပ္ခဲ့တာ alpha omega တစ္ေယာက္ႏွစ္ေယာက္တည္းႏွင့္မွ မဟုတ္ပဲေလ။

"အနံ႕ဝွက္ေဆးေၾကာင့္ လာဗင္ဒါအနံ႕ကို ေတာ္႐ုံalphaနဲ႕ omegaက အနံ႕မခံနိုင္ဘူးလို႔ ေျပာတယ္ မဟုတ္လား။ အခု ကိုယ္ေတာ္ ကိုယ္တိုင္ လာဗင္ဒါအနံ႕လႊတ္မထားတာေတာင္ အဲ့ဒီလူက အနံ႕ရေနတယ္တဲ့"

"ဟင္"

အနံ႕ဝွက္ေဆး မတိုးနိုင္သည့္ အမ်ိဳးအစားက တစ္ခုသာရွိသည္။ အရွင့္ကဲ့သို႔ မ်ိဳးရိုးျမင့္ ေတာ္ဝင္မ်ိဳးႏြယ္ alphaစစ္စစ္မ်ားမွ ေမြးဖြားလာသူ၊ ဒါ့အျပင္ မ်ိဳးရိုးျမင့္ alphaစစ္စစ္မွသာလွ်င္ ထိုအနံ႕ဝွက္ေဆးက မဖုံးအုပ္နိုင္မွာျဖစ္သည္။ Eldoraျပည္တြင္းတြင္ မ်ိဳးရိုးျမင့္ အခ်ိဳ႕ရွိေကာင္းရွိနိုင္ေသာ္လည္း omegaႏွင့္ betaမ်ားသာ ျဖစ္သည့္အျပင္ ေတာ္ဝင္မ်ိဳးႏြယ္ဟာ အရွင့္အျပင္မရွိသည္ေၾကာင့္ ထိုအခ်က္ဟာ စိုးရိမ္ဖြယ္ မရွိခဲ့သည္ မဟုတ္လား။

သို႔ေသာ္လည္း အရွင့္၏ စကားတို႔အရ အရွင္ဟာ မ်ိဳးရိုးျမင့္ ေတာ္ဝင္မ်ိဴးႏြယ္ alpha တစ္ေယာက္ႏွင့္ ဆုံခဲ့ပုံပါပင္။ ဦးေဆာင္အုပ္ခ်ဳပ္သူအေနျဖင့္ အာဏာစက္တည္ၿမဲခ်င္ေသာ အရွင္ႏွင့္ သဘာဝအရ အုပ္ခ်ဳပ္သူ ဗီဇပါလာေသာ မ်ိဳးရိုးျမင့္ Alphaတို႔ ေတြ႕ဆုံပါလွ်င္ သိပ္စိုးရိမ္ဖြယ္ေကာင္းပါသည္။

"ဘယ္သူမ်ားလဲ အရွင္"

"မိုးမခေတာက အဲ့---"

စကားကြၽံအံ့ဆဲဆဲျဖစ္သြားေသာ အရွင္က အျမန္ပင္ ထိန္းလိုက္ေသာ္လည္း ပါးနပ္သည့္ သမားေတာ္မင္ကေတာ့ ရိပ္မိလိုက္ၿပီျဖစ္သည္ေၾကာင့္

"အရွင့္ရဲ႕ ေမးခြန္းကို ေျဖေပးပါ့မယ္။ ဒါေပမယ့္ အရွင္ကိုယ္တိုင္လည္း က်ေနာ့္အေပၚ ပြင့္လင္းမွ ျဖစ္ပါလိမ့္မယ္။ မဟုတ္ရင္ အနာတလြဲ ေဆးတလြဲလို ျဖစ္သြားနိုင္တာမို႔ပါ။"

".....အင္း.."

"ဒါျဖင့္ရင္ အရွင့္ရဲ႕ ပထမဆုံး heatနဲ႕ ပတ္သက္ၿပီး ထိမ္ခ်န္ထားတဲ့ အေၾကာင္းအရာရွိေနသလား သိပါရေစ အရွင္"

"အဲ့.. အဲ့ဒါက"

"တကယ္ေတာ့... ကိုယ္ေတာ့္ရဲ႕ heatကို မိုးမခေတာမွာ ျဖတ္သန္းခဲ့တာ"

"အို...အႏၱရာယ္မ်ားလိုက္တာ အရွင္"

"အဲ့မွာ လူတစ္ေယာက္နဲ႕ ေတြ႕ခဲ့တယ္... သင္းကြဲ alphaတစ္ေယာက္ေပါ့..."

"ဟင္"

တခြန္းႏွစ္ခြန္းစ ဝန္ခံလာမႈတို႔ေၾကာင့္ သမားေတာ္မင္မွာ ေသြးနားထင္ေဆာင့္ရေတာ့သည္။ မင္းသားငယ္ေလး ဘဝတည္းက ေဆးသြင္းေပးရင္း ရင္းႏွီးကြၽမ္းဝင္ခဲ့သူမို႔ အရွင့္အား အုပ္ခ်ဳပ္သူတစ္ေယာက္ကဲ့သို႔ ေလးစားသည့္တိုင္ မိသားစုဝင္တစ္ဦးလိုလည္း သံေယာဇဥ္ရွိပါသည္။ ဒါ့ေၾကာင့္ အရွင့္ကိုေရာ အရွင့္ အာဏာစက္ကိုပါ ထိပါးလာမည့္အျဖစ္ကို သမားေတာ္မင္တစ္ေယာက္ ဘယ္လိုမွ် လက္ပိုက္၍ ၾကည့္ေနနိုင္မည္ မဟုတ္ပါ။

"အဲ့ဒီalphaက heatေၾကာင့္ ျဖစ္တဲ့ ေဝဒနာအခ်ိဳ႕ကို သက္သာေအာင္ ကူညီေပးခဲ့တယ္။ ေနာက္ေတာ့ heatၿပီးလို႔ ကိုယ္ေတာ္ ျပန္လာခဲ့တယ္။ အဲ့ဒါပဲ"

"ဆိုလိုခ်င္တာက အဲ့ဒီalphaနဲ႕ အရွင္ အေျခအေနေတြ လြန္က်ဴးၿပီးကုန္တာေတာ့ မဟုတ္ပါဘူးေနာ္?"

"သမားေတာ္မင္! ကိုယ္ေတာ့္ကို အဲ့ေလာက္ အရွက္မဲ့တဲ့သူလို႔ ထင္ေနလား။ heatျဖစ္ခဲ့တဲ့ omegaဆိုေပမယ့္လည္း ကိုယ္ေတာ္ဟာ ရာဇအိေျဒၶရွိတဲ့ ဘုရင္တစ္ေယာက္ပါ သမားေတာ္မင္။ ျဖစ္သင့္တာ မျဖစ္သင့္တာကိုေတာ့ သိတယ္။ ဒီတိုင္း အနံ႕နဲ႕ ကူညီခဲ့႐ုံပဲ မျဖစ္သင့္တာေတြ မျဖစ္ခဲ့ဘူး"

ေလသံျမႇင့္ကာ မာန္လိုက္ေသာ အရွင့္မ်က္ႏွာသည္ ေဒါသရွိန္ေၾကာင့္ နီျမန္းလ်က္။ အရွည္အရွည္မျဖစ္ရေအာင္ သမားေတာ္မင္လည္း စကားျပန္ထိန္းကာ

"က်ေနာ္က အရွင့္ကို စိုးရိမ္မိလို႔ပါ။ ရိုင္းပ်သလိုျဖစ္သြားခဲ့ရင္ စိုး႐ြံ႕မိပါတယ္ အရွင္"

"အင္း။ ကိုယ္ေတာ္လည္း စိတ္ဆတ္သြားလို႔။ ထားလိုက္ပါေတာ့ သမားေတာ္မင္။"

"ျပႆနာက ကိုယ္ေတာ္ ဒီေန႕ အဲ့လူနဲ႕ ျပန္ဆုံခဲ့တယ္။ ကိုယ္ေတာ္ကိုယ္တိုင္ လာဗင္ဒါအနံ႕ကို လႊတ္မထားတာေတာင္ အဲ့ဒီလူက လာဗင္ဒါအနံံ့ရေနတယ္တဲ့ေလ...အဲ့ဒါ ဘာေၾကာင့္လဲဆိုတာ ေျဖေပးနိုင္မလား"

ထိုအခါမွသာ သမားေတာ္မင္မွာ သက္ျပင္းခ်နိဳင္ေလသည္။ သူထင္သလို မ်ိဳးရိုးျမင့္ alphaႏွင့္ ေတြ႕ခဲ့ျခင္းမဟုတ္ပဲ လာဗင္ဒါေလးေၾကာင့္ ျဖစ္ေနခဲ့သည္ကိုး။ ပထမဆုံး Heatကို အတူကုန္ဆုံးခဲ့သည့္ alphaအေပၚတြင္ တြယ္ၿငိတတ္သည္မွာ omegaအမ်ားစု၏ သဘာဝျဖစ္၍ အရွင္လာဗင္ဒါေလးသည္လည္း ထိုသဘာဝကို မေရွာင္လႊဲနိုင္ခဲ့ဟန္ တူပါသည္။

ထို႔အျပင္ heatမဟုတ္သည့္အခ်ိန္မွာပင္ ထိုalphaကိုေတာ့ ရနံ႕အမွန္ကို ရေစသည္ဆိုလွ်င္ လာဗင္ဒါေလး၏ တြယ္ၿငိမႈသည္ ေသးေသးသိမ္သိမ္ မဟုတ္ေတာ့သည္ေၾကာင့္ ေရွ႕ဆက္မည့္ heatမ်ားတြင္ ထိုalphaကို မျဖစ္မေနေတာင့္တေတာ့မည္မွာ မလြဲမေသြပင္။ ပထမဆုံး heatမွာတင္ သည္ေလာက္ထိ စြဲလမ္းသြားျခင္းမွာ ေဆးမ်ား၏ အက်ိဳးဆက္ေၾကာင့္လည္း ျဖစ္ဟန္တူသည္။

ထိုအခက္အခဲအတြက္ ေျဖရွင္းနည္းမွာ ထိုalphaႏွင့္ mateအျဖစ္ သတ္မွတ္လိုက္ျခင္းက အလြယ္ကူဆုံးေျဖရွင္းနည္းျဖစ္ေသာ္လည္း သ႐ုပ္မွန္ကို ဖုံးကြယ္ထားေသာ အရွင့္အဖို႔ အမ်ိဳးသား alphaတစ္ေယာက္ကို ၾကင္ယာေတာ္ျမႇောက္ပါလွ်င္ အုတ္အုတ္က်က္က်က္ျဖစ္လာရန္ကလြဲ၍ မရွိသည္ေၾကာင့္ မလြယ္ကူပါေလ။ ထိုဆူပူမႈကို ေရွာင္လႊဲနိုင္မည့္ နည္းလမ္းျဖစ္ေသာ အရွင့္၏ သ႐ုပ္မွန္ကို ေဖာ္ထုတ္လိုက္ရန္ကေတာ့ ပို၍ မလြယ္ကူေသာ နည္းလမ္းျဖစ္သည္ေလ။

"သမားေတာ္မင္။ ကိုယ္ေတာ္ ေမးေနတယ္ေလ။ ဘာေၾကာင့္ မေျဖနိုင္ရတာလဲ"

"ေျဖပါ့မယ္။ ဒါေပမယ့္ အရွင္ေနရခက္မွာစိုးလို႔ပါ"

"ဘယ္လိုအေျဖမ်ိဳးျဖစ္ျဖစ္ရတာမို႔ အမွန္အတိုင္းပဲ ေလွ်ာက္တင္ေပး သမားေတာ္မင္။"

"ဒီလိုပါ အရွင္။ အရွင့္ရဲ႕ သ႐ုပ္မွန္ လာဗင္ဒါေလးက အဲ့ဒီalphaရဲ႕ အေငြ႕အသက္ကို စြဲလမ္းသြားတာပါ။"

"ဘယ္လို?"

ဘယ္လိုေတာင္ မ်က္ႏွာပူစရာ အျဖစ္ပါလိမ့္။ သူ႕ရဲ႕ inner wolfက ထိုအညတရ လူထူးဆန္း alphaကို စြဲလမ္းသြားတယ္တဲ့လား။ အုပ္ခ်ဳပ္သူတစ္ဦးျဖစ္ေနၿပီး ထိုကဲ့သို႔ေသာ အခ်င္းအရာကမသင့္ေတာ္သည္ မဟုတ္လား။

"ဒါေၾကာင့္ ဘယ္အရာနဲ႕ ဖုံးကြယ္ဖုံးကြယ္ အဲဒီalphaကေတာ့ လာဗင္ဒါနံ႕ကို ထင္ထင္ရွားရွားရေနမွာပါအရွင္။ အရွင့္ရဲ႕ omegaက စြဲလမ္းမႈႀကီးသြားတာျဖစ္လို႔ ေရွ႕လာမယ့္ heatေတြမွာလည္း အဲ့ဒီalphaရဲ႕ အေငြ႕အသက္ကို ေတာင့္တေနေတာ့မွာပါ။ ဒါက ေဆးေတြနဲ႕ တားဆီးခဲ့တဲ့ အက်ိဳးဆက္ထဲက တစ္ခုအပါအဝင္ပါပဲ။ "

Heatအခ်ိန္က်ခဲ့လွ်င္ သူဟာ လူးလိမ့္ၿပီး ထို alphaရဲ႕ အထိအေတြ႕ကို တမ္းတေနေတာ့မွာေပါ့ေလ? အရွက္မဲ့လိုက္မယ့္ အျပဳအမူပါ့လား..

"ကိုယ္ေတာ္..အဲ့လိုမျဖစ္ခ်င္ဘူး သမားေတာ္မင္။ ကိုယ္ေတာ္ ဘယ္တုန္းကမွ alphaတစ္ေယာက္ကိုပဲ ေမွ်ာ္ၾကည့္ရတဲ့ ခပ္ေပ်ာ့ေပ်ာ့ omegaတစ္ေယာက္ မျဖစ္ခ်င္ခဲ့တာ ခင္ဗ်ားလည္း သိၿပီးသားပါ သမားေတာ္မင္..."

အမွန္တကယ္လည္း alphaတစ္ေယာက္ကိုသာ ေမွ်ာ္ၾကည့္ရင္း ဘဝတစ္ခုလုံးကို ထိုalphaႏွင့္ alpha၏ မ်ိဳးဆက္မ်ားအတြက္သာ ရွင္သန္ရင္း ပ်င္းစဖြယ္ အဆုံးသတ္သြားမည့္ အေနအထားကို အရွင္ သိပ္မုန္းပါသည္။ ေမြးရပ္ေျမ Eldoraအား သည့္ထက္ သာယာဝေျပာေအာင္ ဖန္တီးခ်င္ေသးတာ။ သည့္ထက္ နယ္ေျမေတြ ခ်ဲ့ထြင္ခ်င္ေသးတာမို႔ ၾကင္ယာေတာ္ ကိစၥကိုေတာင္ လားလားမွ် မေတြးခဲ့ေသးတာကို အခုမွ inner wolfက ထေဖာက္တယ္တဲ့လား။

ဒါ့အျပင္ Eldoraအုပ္ခ်ဳပ္သူဟာ alphaမဟုတ္ပဲ omegaတစ္ေယာက္မွန္းသာ သိၾကလွ်င္ ေရွးဆူပူအုံႂကြမည္က ေျပးၾကည့္စရာပင္ မလိုေပ။ ဩဇာကို မေက်ာ္နိုင္လွ်င္ေတာင္ omegaတစ္ေယာက္ႏွင့္ ရာဇပလႅင္ဟာ မသင့္ေတာ္ဟူသည့္ ေရွးရိုးစြဲအမတ္တို႔ဟာ က်ိန္းေသေပါက္ ထိုပုလႅင္ေပၚမွ သူ႕ကို ဆြဲခ်မွာျဖစ္သည္။

"ကိုယ္ေတာ္ ဘယ္လို လုပ္သင့္လဲ သမားေတာ္မင္...
အဲ့ဒီalphaကို ရွင္းပစ္လိုက္ရမလား.."

"အို မႀကံႀကီး မစည္အပ္ အရွင္ရယ္...ဘယ္ျဖစ္ပါ့မလဲ"

"ဘာေၾကာင့္ မျဖစ္ရမွာလဲ။ သူသိပ္ေတာင့္တေနတဲ့ alphaေသသြားမယ္ဆို လာဗင္ဒါလည္း နည္းနည္း ၿငိမ္ရင္ၿငိမ္က်သြားမွာေပါ့"

"အဲ့အခ်ိန္မွ ပိုဆိုးသြားမွာပါ အရွင္။ သူေတာင့္တတဲ့ အေငြ႕အသက္ကို မေပးနိုင္တာမို႔ စိတ္ေဖာက္လြဲေဖာက္ျပန္တာမ်ိဳးလည္း ျဖစ္သြားနိုင္သလို၊ ရွိသမွ် alphaရဲ႕ အေငြ႕အသက္ကို ေတာင့္တၿပီး အိေျဒၶမဲ့သြားမွာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္..."

အေျခအေနႏွစ္မ်ိဳးလုံးသည္ အဆိုးကိုသာ ဦးတည္ေနသည္ေၾကာင့္ အရွင့္မွာ ေခါင္းခဲရေတာ့သည္။ ျပႆနာျဖစ္မည္စိုး၍ လူထူးဆန္းalphaကို ရွင္းပစ္ကာမွ အိေျဒၶမဲ့သည္အထိ alpha၏ အေငြ႕အသက္ အထိအေတြ႕ကို ေတာင့္တေနမည့္ မိမိပုံရိပ္မွာ ေတြးၾကည့္႐ုံႏွင့္ပင္ ၾကက္သီးထဖြယ္ပင္။
တသက္တာလုံး ဖုံးကြယ္ထားရသည္ေၾကာင့္ မိမိ သ႐ုပ္မွန္ လာဗင္ဒါေလးအား သနားခဲ့သမွ် ဒီေန႕ေတာ့ အျမင္ေစာင္းမိပါေတာ့သည္။ အေတာ္ေလးလည္း ဒုကၡေပးတဲ့ လာဗင္ဒါပါ့လား။ အရွက္မဲ့လိုက္တာ။

အရွင့္၏ စိတ္ရႈပ္ေထြးမႈတို႔ေနာက္ ဓားစာခံကေတာ့ သမားေတာ္မင္ပါပင္။ သုန္သုန္မႈန္မႈန္ႏွင့္ ျပန္ၾကည့္ကာ ျပႆနာရွာေလေတာ့ေလေတာ့ သမားေတာ္မင္မွာ ေျဖရွင္းရခက္ခက္ပင္။

"သမားေတာ္မင္!! အဲ့ေလာက္ စိုးရိမ္စရာေကာင္းတဲ့ ဆိုးက်ိဳးရွိေနတဲ့ ေဆးကို ဘာေၾကာင့္ ကိုယ္ေတာ့္ကို ထိုးေပးခဲ့ရတာလဲ!"

"အရွင္ကို က်ေနာ္ အထပ္ထပ္တားျမစ္ခဲ့တယ္ မဟုတ္လား အရွင္။ အရင္မင္းႀကီးကိုလည္း နည္းတူ တားျမစ္ခဲ့ပါတယ္။ ေခါင္းမာျခင္းကို အေမြဆက္ခံထားသလား မသိရေအာင္ တားလို႔မွ မရခဲ့တာ အရွင္"

"ဒါဆို ကိုယ္ေတာ္က ဘယ္လိုလုပ္ရမလဲ.... အဲ့ဒီalphaကိုပဲ ေတာင့္တၿပီး ေနေနရမွာလား... နည္းလမ္းရွာပါဦး သမားေတာ္မင္ရဲ႕"

"က်ေနာ္ ႀကိဳးစားၿပီး ရွာၾကည့္ပါ့မယ္ အရွင္။ ဒါေပမယ့္ ဒီအေတာအတြင္းမွာေတာ့ အဲ့ဒီ alphaကို အနားမေခၚထားနိုင္ရင္ေတာင္ အဲ့ဒီ alphaရဲ႕ အေငြ႕အသက္ရွိတဲ့ ပစၥည္း တစ္ခုခုေတာ့ ေဆာင္ထားေပးရမယ္။ မဟုတ္ရင္ လာဗင္ဒါေလး စိတ္လြတ္သြားနိုင္တာမို႔ပါ"

ထိုalpha၏ အေငြ႕အသက္ရွိေသာ ပစၥည္းဆိုသည့္ေနရာမွာေတာ့ အရွင့္မ်က္ႏွာေလး ဝင္းကာသြားေလသည္။
ဝတ္႐ုံ... ထိုalpha၏ ဝတ္႐ုံက ေသတၱာငယ္အတြင္းတြင္ လုံၿခဳံစြာရွိေနသည္ေလ။

"ကိုယ္ေတာ့္မွာ သူ႕ရဲ႕ ဝတ္႐ုံရွိတယ္ သမားေတာ္မင္"

"ေတာ္ပါေသးတယ္ အရွင္။ အဲဒီဝတ္႐ုံကို မေပ်ာက္ပ်က္ေစပဲ သိမ္းထားပါ။ က်ေနာ္လည္း နည္းလမ္းရွာၾကည့္ပါ့မယ္"

ထိုအခါမွသာ အရွင္လည္း စိတ္ေအးနိုင္ေလေတာ့သည္။ ေလာေလာဆယ္ေတာ့ အေရးႀကဳံခဲ့လွ်င္ လူထူးဆန္း alphaရဲ႕ ဝတ္႐ုံကိုသာ အားကိုး၍ ေနရမည့္ပုံပါေလ။

တဆက္တည္းမွာပင္ သတိရမိသြားသည္က အခ်ဳပ္ခန္းထဲတြင္ မိမိအမိန့္ျဖင့္ ခ်ဳပ္ႏွောင္ခံထားရေသာ ဝတ္႐ုံပိုင္ရွင္ alpha။ စီရင္ခ်က္ မမိန့္ခဲ့ရေသးသည္ေၾကာင့္ ယခုခ်ိန္ဆို တာဝန္ခံရဲမက္တို႔က လုပ္ထုံးအတိုင္း ႏွိပ္စက္ေနေလာက္ေတာ့မည္ပင္။

မေတာ္၍သာ တိမ္းပါးသြားခဲ့လွ်င္ အက်ိဳးဆက္က မိမိကိုပါ ရိုက္ခတ္ကာ အက်ိဳးနည္းေတာ့မည္ျဖစ္သည္ေၾကာင့္ အရွင့္မွာ ဝတ္႐ုံႏွင့္ သရဖူကို အျမန္ျပင္ဝတ္ကာ အခ်ဳပ္ခန္းသို႔ ေျခဦးတည္ရေလေတာ့သည္။

•••••

Eldora အက်ဥ္းေထာင္

အက်ဥ္းေထာင္ အခ်ဳပ္ခန္းဆိုသည့္အေလ်ာက္ အျပစ္သားတို႔အား ခ်ဳပ္ႏွောင္ထားသည့္ေနရာျဖစ္၍ ေနေရာင္ သဲသဲ့ေလးမွ်ပင္ မဝင္ပဲ ေမွာင္မဲေအးစက္ကာ ၾကက္သီးထဖြယ္ေကာင္းလွသည္။ ထို အက်ဥ္းခန္းတို႔တြင္ ခ်ဳပ္ႏွောင္ခံရသူတို႔က မ်ားေသာအားျဖင့္ နိုင့္ထက္စီးနင္း ျပဳမႈႏွင့္ လုယက္မႈတို႔ေၾကာင့္ ခ်ဳပ္ႏွောင္ခံရသူတို႔ မ်ားေလသည္။ အျခားရာဇဝတ္မႈတို႔ႏွင့္ ယွဥ္လွ်င္ ေသးႏုတ္သည္ ထင္ရေသာ ထိုအမႈတို႔ကိုပင္ အျပစ္ျပင္းျပင္းထန္ထန္ေပးေလ့ရွိသည္မို႔  Eldoraျပည္အတြင္း၌ ရာဇဝတ္မႈႀကီးႀကီးမားမားသည္ မျဖစ္သေလာက္ ရွားျခင္းပင္။

*႐ႊမ္း!*

"နာမည္ ေျပာစမ္း!"

တုန့္ျပန္စကားမရွိသည္ေၾကာင့္ ထပ္မံ၍ ျမည္ဟီးသြားေသာ ၾကာပြတ္ႏွင့္ လူ႕အသားရိုက္ခတ္မိသံ။ လက္ႏွင့္ေျခတို႔ကို နံရံတြင္ ကပ္ထားေသာ သံႀကိဳးႀကီးတို႔ႏွင့္ တဖက္တခ်က္စီ တုပ္ႏွောင္ထားကာ စစ္ေဆးေမးျမန္းခံေနရသူကေတာ့ မပတ္သက္မိသူကို ပတ္သက္မိ၍ အက်ဥ္းထဲ ေရာက္ရွိလာေသာ မိုးမခေတာမွ သင္းကြဲalphaျဖစ္ေလသည္။

*႐ႊမ္း!*

"အျပစ္သား! မင္းနာမည္ေျပာစမ္းလို႔ ေျပာေနတယ္ေလ"

"ကင္မ္..ထယ္..ေဟ်ာင္း"

"ဘာေၾကာင့္ ခိုးဝင္ဖို႔ ႀကိဳးစားရသလဲ"

*႐ႊမ္း!*

"အျပစ္သား။ ဘာေၾကာင့္ ခိုးဝင္ရသလဲလို႔ ေမးေနတယ္ေလ။ ျပန္ေျဖစမ္း!"

အေၾကာမာေသာ မ်က္ဝန္းစိမ္းပိုင္ရွင္က လြယ္လြယ္ႏွင့္ မေျဖပဲ ခပ္သဲ့သဲ့ပင္ရယ္ေနျပန္သည္ေၾကာင့္ တာဝန္ခံတို႔ ပို၍ ေဒါသပုန္ထေလေတာ့သည္။ ထို႔ေနာက္ ထိုalphaက တာဝန္ခံအား တည့္တည့္ၾကည့္ကာ..

"ခင္ဗ်ားတို႔ အရွင္ဆီကေန ရစရာရွိလို႔"

"ရာရာစစ! မင္းလိုလူကမ်ား"

*႐ႊမ္း!႐ႊမ္း!*

"ရပ္ၾကစမ္း အခု!"

အဆက္မျပတ္ေသာ ၾကာပြတ္သံတို႔၏ေနာက္ ထြက္ေပၚလာသည့္ မာန္ပါပါအမိန့္ေၾကာင့္ အက်ဥ္းေထာင္အတြင္းရွိ အမႈထမ္းမ်ား အားလုံး လႈပ္လႈပ္ရွားရွား ျဖစ္ကာ အရွင့္ကို ဦးၫြတ္ၾကေလေတာ့သည္။

"အရွင့္ကို ဂါရဝျပဳပါတယ္"

"ဘာလုပ္ေနၾကတာလဲ။ ဒီလူကို အျပစ္ေပးဖို႔ ကိုယ္ေတာ္ မမိန့္ရေသးဘူးေလ"

"ခါတိုင္း အျပစ္သားေတြကိုလည္း ဒီလိုပဲ အျပစ္ေပးေနက် မဟုတ္လား အရွင္။ အရွင့္ကို ကိုယ္ထိလက္ေရာက္ ထိပါးခဲ့တာမို႔ ပိုလို႔ေတာင္ အျပစ္ႀကီးပါတယ္။"

"Elodraအရွင္တဲ့လား အဟက္"

ခပ္သဲ့သဲ့ထြက္လာေသာ ေအာင့္သက္သက္ ေလသံဩဩေၾကာင့္ အာ႐ုံတို႔က အျပစ္ေပးခံေနရသူဆီေရာက္မိေလေတာ့ ဒဏ္ရာမ်ားကို ၾကည့္ကာ အရွင့္မွာ စိတ္ထဲမေကာင္းေတာ့။ တကယ္ဆို heatေၾကာင့္ မိုးမခေတာထဲမွာ ဒုကၡျဖစ္ေနသည့္ သူ႕ကို ဒီလူစိမ္းက အမ်ားႀကီး ကူညီခဲ့ေသာ္လည္း သူကေတာ့ ဒီလိုနည္းျဖင့္ ေက်းဇူးတုံ႕ျပန္လိုက္သည္ ခံစားရသည္မို႔ မလုံမလဲျဖစ္ရေတာ့သည္။

"ဒီလူကေတာ့!"

ရဲမက္က ၾကာပြတ္ႏွင့္ ရိုက္ရန္ ႐ြယ္ေနစဥ္မွာပင္ လက္ကာ၍ တားလိုက္ေသာ အရွင္။

"ေတာ္ေတာ့။ ကိုယ္ေတာ္ကိုယ္တိုင္ သူ႕ကို စစ္ေမးခ်င္တယ္။ လူစိမ္းျဖစ္ေနတာမို႔။ မင္းတို႔က အျပင္ကေစာင့္က်ပ္ပါ"

"ျဖစ္ပါ့မလား အရွင္"

"ကိုယ္ေတာ္က တိုင္းျပည္ရဲ႕ အုပ္ခ်ဳပ္သူတစ္ဦးပါ။ ကိုယ့္ကိုယ္ကို ကာကြယ္နိုင္တယ္။ အားလုံးသြားၾကေတာ့"

"ေကာင္းပါၿပီ အရွင္"

သည္လိုႏွင့္ အေစာင့္အက်ပ္မ်ား အားလုံးထြက္သြားကာ အရွင္ႏွင့္ ထိုalphaတို႔ ႏွစ္ဦးတည္း က်န္ခဲ့ေလေတာ့ ထို alphaဘက္မွ စကားစေလသည္။

"ေတာထဲက ၃ရက္တာ အကူအညီကို ဒီလိုနည္းနဲ႕ ေက်းဇူးတုံ႕ျပန္လိုက္တာေပါ့ ဟုတ္လား လာဗင္ဒါ? Eldoraအရွင္တဲ့လား..အဟက္...မင္းသိပ္လည္တာပဲ"

"ကိုယ္ေတာ္က ေမာင္မင္းေျပာတဲ့ လာဗင္ဒါဆိုသူ မဟုတ္ဘူးလို႔ ဘယ္ႏွခါေျပာရမလဲ။ ေမာင္မင္း လူမွားေနၿပီ"

"က်န္တာညာလို႔ ရေပမယ့္ အဲ့ဒီ ခ်ိဳအီတဲ့ ရနံ႕သင္းသင္းေလးကို ညာလို႔မွ မရတာ။ မင္း ဘယ္လိုပဲ ျငင္းေနပါေစ မင္းရဲ႕ အနံ႕ကေတာ့ လာဗင္ဒါေလးဆိုၿပီး ဝန္ခံေနတာပဲ။ ခုမွပဲ သိေတာ့တယ္။ ၿမိဳ႕ကိုပစ္ၿပီး ေတာတြင္းလို ခက္ခဲတဲ့ေနရာမွာ heatလာကုန္ဆုံးရတဲ့ အေၾကာင္းအရင္းကိုေလ။"

alpha၏ စကားေၾကာင့္ အရွင္က သက္ျပင္းခ်ကာ လာဗင္ဒါေလးကိုလည္း ႀကိတ္၍ က်ိန္ဆဲလိုက္မိသည္။ Heatအခ်ိန္မဟုတ္ပဲေတာင္ အနံ႕ေတြ ထုတ္ျပရတဲ့အထိ သည္alphaကို စြဲလမ္းေနရသတဲ့လား။

"ဟုတ္တယ္။ ကိုယ္ေတာ္က အဲ့ေန႕က ခင္ဗ်ားနဲ႕ေတြ႕ခဲ့တဲ့ omegaပဲ။ ခင္ဗ်ားကိုလည္း ဘာေၾကာင့္ဝင္လာရတယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ပဲေမးၿပီးရင္ ျပန္လႊတ္ေပးမွာ။ ခင္ဗ်ားက ဘာလုပ္ခ်င္လို႔လဲ။ Eldoraရဲ႕ အုပ္ခ်ဳပ္သူက omegaတစ္ေယာက္ပါဆိုတဲ့ သတင္းေလွ်ာက္ျဖန့္ၿပီး နာမည္ဖ်က္ဖို႔ ႀကံ႐ြယ္ေနတာ ဆိုရင္ေတာ့ခင္ဗ်ားဆုံးျဖတ္ခ်က္ေတြ မွားေနၿပီလို႔ သတိေပးရလိမ့္မယ္။ အညတရမုဆိုး တစ္ေယာက္က ေျပာတဲ့ စကားနဲ႕ Eldoraအရွင္ေျပာတဲ့ စကား လူေတြက ဘာကို ပိုယုံမယ္ဆိုတာ စဥ္းစားၾကည့္ေပါ့ေလ"

အရွင့္စကားအဆုံး ထိုalphaက ရယ္လိုက္ျပန္သည္မို႔ ကသိကေအာက္ျဖစ္ရေတာ့သည္။ အခုသူ႕ကိုေလွာင္ေနတာမ်ားလား?

"သံသယမ်ားတာေတာ့ အရင္အတိုင္းပဲေနာ္။ ဘာမွမဟုတ္ဘူး။ မင္းကို နာမည္ဖ်က္ဖို႔လည္း စိတ္မဝင္စားဘူး။ က်ဳပ္ဝတ္႐ုံကို ျပန္လိုခ်င္႐ုံပဲ လာဗင္ဒါ။ မင္း ယူသြားတဲ့ က်ဳပ္ဝတ္႐ုံကို ျပန္ေပးရင္ ရၿပီ။ မင္းဟာမင္း Eldoraအရွင္မကလို႔ နတ္ဘုရားဆိုလည္း စိတ္မဝင္စားဘူး။ အဓိကက ဝတ္႐ုံကို ျပန္ေပးပါ"

"အဲ့ဒီ ဝတ္႐ုံအတြက္နဲ႕မ်ား ၿမိဳ႕ထဲထိ စြန့္စြန့္စားစားလိုက္လာတယ္ေပါ့? ခင္ဗ်ားေတာ္ေတာ္ရယ္ရတဲ့သူပဲ"

"က်ဳပ္အတြက္ေတာ့ အေရးပါတဲ့ ဝတ္႐ုံမလို႔ပဲ။"

သူ႕ကို ေနာက္ေၾကာင္းဓားျဖင့္ထိုးရန္ ေရာက္လာသည့္သူမဟုတ္သည္မို႔ ေတာ္ေသးသည္ဟု သက္ျပင္းခ်ရန္ ေတြးမိေသာ္လည္း ေတာင္းဆိုလာသည့္ အရာက ဘယ္လိုအေၾကာင္းႏွင့္မွ ျပန္ေပး၍ မျဖစ္သည္ေၾကာင့္ အရွင့္မွာ အက်ပ္ရိုက္ရျပန္သည္။

ေနာက္ဆုံးေတာ့ ဆုံးျဖတ္ခ်က္တစ္ခု ခ်လိဳက္ပါသည္။ ေငြစမ်ားမ်ားေပး၍ သည့္ထက္သာသည့္ ဝတ္႐ုံဝယ္လိုက္ရလွ်င္ ဒီလူၿငိမ္သြားေလာက္မည္မဟုတ္လား။ ဘယ္သူမဆို အရည္အေသြးေကာင္းသည့္ ပစၥည္းကိုေတာ့ ပို၍ ႏွစ္သက္ၾကသည္ေလ။

"မေပးနိုင္ဘူး။ "

"ဘာရယ္?"

"မေပးနိုင္ဘူးလို႔။ တျခားဝတ္႐ုံေကာင္းေကာင္းဝယ္ဖို႔ ေငြစေပးလိုက္မယ္။ ကိုယ္ေတာ္ အဲ့ဒီဝတ္႐ုံကို ယူထားမွာမလို႔.. ခင္ဗ်ား ပိုေကာင္းတဲ့ ဝတ္႐ုံတစ္ခုထပ္ဝယ္လိုက္ပါ။ ေဈးထဲမွာ အရည္အေသြးေကာင္းတာေတြမွ အမ်ားႀကီးပဲ။ ေငြစကိုလည္း လိုသေလာက္ေပးမယ္။ ေစာင့္ေရွာက္ေပးတဲ့အတြက္ေကာ ေက်ဇဴးတုံ႕ျပန္တဲ့အေနနဲ႕ေကာ ခုလို အေၾကာင္းမဲ့ ဖမ္းခ်ဳပ္မိတာအတြက္ နစ္နာေၾကးအေနနဲ႕ေကာ"

"ဒီမယ္ လာဗင္ဒါ။ က်ဳပ္ကို ေနာက္ေနတာလား?"

"ကိုယ္ေတာ္က ေနာက္ေနတဲ့ပုံေပၚလို႔လား? ခဏေနရင္ ခင္ဗ်ားကို လာလႊတ္ေပးၿပီး ေတာစပ္ထိ လိုက္ပို႔ၾကလိမ့္မယ္။ အဲ့က် ေငြစအခ်ိဳ႕ပါ သူတို႔ဆီက တခါတည္းထုတ္သြားၿပီး ေဈးကေန လိုအပ္တာေတြ ဝယ္သြားလိုက္။ ဟုတ္ၿပီလား"

အေျဖစကားမျပဳေတာ့သည္ေၾကာင့္ သေဘာတူညီခ်က္ေအာင္ျမင္သည္ဟု ယူဆကာ ထြက္မည္အျပင္

"အဟက္... မွ်တပါတယ္ဆိုတဲ့ Eldoraရဲ႕ အရွင္က သူမ်ား ဝတ္႐ုံက် မတရားယူထားၿပီး ျပန္မေပးဘူးပဲ။ ေငြေၾကးနဲ႕ေတာင္ တန္ဖိုးျဖတ္လိုက္ေသးတယ္။ က်ဳပ္ေတာ့ အထင္ႀကီးမိတာ မွားတာပဲ"

"ခင္ဗ်ား!"

မခံခ်င္စိတ္ရွိေသာ အရွင္က ထိုလူထူးဆန္းalpha၏ မထီမဲ့ျမင္ျပဳမႈကို သည္တိုင္း လက္မခံနိုင္။ သို႔ေသာ္ ဝတ္႐ုံကိုလည္း ျပန္ေပး၍ မျဖစ္သည္ေၾကာင့္...

"ဒါျဖင့္ရင္ ရေအာင္ လာယူၾကည့္ေလ။ အဲ့ေလာက္လိုခ်င္ေနတဲ့ ဝတ္႐ုံက ကိုယ္ေတာ့္ နန္းေဆာင္ထဲမွာရွိတယ္။ ဝတ္႐ုံမရေသးခင္ ေသ႐ြာသြားရရင္ေတာ့ ကိုယ္ေတာ္လည္း တာဝန္မယူနိုင္ဘူး"

Eldoraအရွင္၏ နန္းေဆာင္သည္ တိုင္းျပည္တစ္ခုလုံး နန္းေတာ္တစ္ခုလုံးတြင္ လုံၿခဳံေရး အတင္းက်ပ္ဆုံးေနရာမို႔ ခိုးဝင္ရန္ မေျပာႏွင့္ ခြင့္ျပဳမိန့္ႏွင့္ ဝင္ရဖို႔ေတာင္ မလြယ္သည့္ေနရာ။ သမားေတာ္မင္ႏွင့္ အထိန္းေတာ္ တစ္ဦးႏွစ္ဦးစမွ လြဲ၍ အႀကံေပးႀကီးေတာင္ မေရာက္ဖူးသည့္ေနရာမို႔ ခိုးဝင္ကာ ဝတ္႐ုံရွာပုံေတာ္ ဖြင့္ရန္ဆိုသည္မွာ က်ားဂူထဲ ေျပးဝင္သည္ထက္ေတာင္ ခက္ပါလိမ့္ဦးမည္။ အရွင့္နန္းေဆာင္ကို ခိုးဝင္သူအား အရွင့္အမိန့္မပါပဲပင္ စီရင္ခြင့္ရွိသည္ေၾကာင့္ အေစာင့္အက်ပ္တို႔ ဓားခ်က္ေအာက္ အသက္ေပ်ာက္ရန္မွာ နန္းေတာင္တြင္းဝင္နိုင္ရန္ထက္ ပို၍ ျဖစ္နိုင္ေခ်ရွိပါေသးသည္။

"ဘယ္လိုလဲ? ေပးတဲ့ ေငြစကို ယူၿပီး ေအးေအးေဆးေဆး ကိုယ့္လမ္း ကိုယ္သြားမလား? မျဖစ္နိုင္တာကို လုပ္ၿပီး တန္ဖိုးရွိတဲ့ အသက္တေခ်ာင္းကို ျဖဳန္းတီးမလား"

အက်ဥ္းခန္းအတြင္း ေခတၱမွ်တိတ္ဆိတ္သြားၿပီးေနာက္ အတန္ငယ္ၾကာ ၾကည္လင္ျပတ္သားစြာ ထြက္လာေသာ ထိုalpha အေျဖက အရွင့္ကို အံ့အားသင့္ေစေလေတာ့သည္။

"က်ဳပ္ ေရာက္ေအာင္ လာခဲ့မယ္။"

"ဟင္?"

"မင္းရဲ႕ ႀကီးျမတ္လွပါတယ္ဆိုတဲ့ နန္းေဆာင္ကို က်ဳပ္ရေအာင္ လာခဲ့မယ္။ ၿပီးရင္ မင္း မတရားသိမ္းထားတဲ့ ဝတ္႐ုံကို က်ဳပ္ကိုယ္တိုင္ ျပန္ယူပစ္မွာ"

"အဟက္။ အေျပာကေတာ့ ႀကီးသားေနာ္။ ေၾကာက္စရာပါ့လား။ "

"ေနာက္ၿပီး အေလ်ာ္အစားတစ္ခုပါ ျပန္ယူမွာမို႔ အဲ့လိုသိထားၿပီး ေစာင့္ေနလိုက္ပါ လာဗင္ဒါ"

ေလႀကီးေနေသာ ထိုalphaကို ၾကည့္ရင္း အရွင္က ခနဲ႕တဲ့တဲ့ ရယ္သြမ္းကာ အနားသို႔သြားရင္း ၾကာပြတ္လက္ကိုင္ျဖင့္ ေမးမွ ဆြဲေမာ့လိုက္၍ စူးရဲရဲ မ်က္ဝန္းႏွစ္စုံအား ဆုံဆည္းေစသည္။ မခံခ်င္စိတ္ျဖင့္ စူးရဲစြာ ျပန္ၾကည့္ေသာ ေက်ာက္စိမ္းေရာင္တလက္လက္ ေတာက္ပေနသည့္ မ်က္ဝန္းစိမ္းစိမ္းတို႔သည္ ခရမ္းဆြဲေရာင္ မ်က္ဝန္းတို႔ကို ဖုံးကြယ္ထားသည့္ မာန္အျပည့္ႏွင့္ မ်က္ဝန္းနက္နက္တို႔ႏွင့္ အားၿပိဳင္ကာ ေနေလသည္။

"လုပ္နိုင္ရင္ လုပ္ၾကည့္ေပါ့။ အျပစ္သား ကင္မ္ထယ္ေဟ်ာင္း"

#Tbc

A/N: Tuesday upေပးမယ္ဆိုၿပီး မၿပီးလိုက္လို႔ ေနာက္ေန႕ကူးသြားတာ အားနာပါတယ္ ဒါဒါnimတို႔ေရ  :( ၁၇နာရီေလာက္ပဲ ေနာက္က်တာပါ ဟီး .
အရွင္နဲ႕ မိုးမခေတာက လူထူးဆန္းကေတာ့ တည့္ရာကေန စိန္ေခၚမႈေတြ လုပ္ကုန္ၾကပါၿပီ 🤭 alphaတစ္ေယာက္ သူ႕ဝတ္႐ုံကို ျပန္ရမရကေတာ့ ေနာက္အပိုင္းေပါ့ရွင္ ~

See you in next episode~

- 해바라기

Continue Reading

You'll Also Like

52.4K 1.3K 186
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. β—†β—‡β—†β—‡β—†β—‡β—†β—‡ The entire Yunzhou knew that the Ye Family h...
197K 7.1K 65
[Everything is fine but you will die no matter what you do β˜…] [Synonym for a shitty game of luck β˜…] [Is there anyone who has seen an ending other tha...
59.8K 5.9K 117
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
40.9K 624 16
DELULU & GUILT PLEASURE