Raising You This Small Stuff
Unicode
အခန်း ၅၇:မေ့လဲသွားသော မိုရိယန်
နှစ်သစ်နီးကပ်လာပြီ ဖြစ်ကာ S Cityတွင် ရှားရှားပါးပါးနှင်းများကျနေသည့်မြင်ကွင်း ပေါ်လာခဲ့သည်။
ဝိုင်နီက ဖန်ခွက်နံရံတစ်လျှောက် လှည့်ပတ်ကာ ဖန်ခွက်ကို သွယ်လျပြီး သန်မာတဲ့ လက်ချောင်းတွေက ကိုင်ထားကာ လက်ကောက်ဝတ်တွင် အမာရွတ်တွေမရှိဘဲ သန့်ရှင်းနေပေမယ့် အကြောင်းတစ်ခုခုကြောင့် သန်းခေါင်အိပ်မက်များတွင် မိုရိယန်က သူ့အရေပြားအောက်ရှိ နာကျင်ကိုက်ခဲမှုကို ခံစားနေရပြီး သူ့ရဲ့ ဖြတ်ထုတ်ခံလိုက်ရတဲ့ အသားနှင့်သွေးကြောတွေထဲမှ ကိုက်ခဲမှုတွေက တစ်ခုခုကို အသိပေးဖို့ ကြိုးစားနေပုံရသော်လည်း အိပ်ရာနိုးလာပြီးနောက်မှာတော့ ပိုပြီး မှုန်ဝါးနေတဲ့ကမ္ဘာကြီးရဲ့ ထောင့်စွန်းလေးသာ ဖြစ်သည်။
ဒီနှစ်တွေတစ်လျှောက်တွင် သူက သူ့ဘေးမှာ လူအများအပြားကို ထားခဲ့ရပြီး သူတို့လုပ်ခဲ့တဲ့ အမူအရာတစ်ခုကြောင့် သို့မဟုတ် အကြည့်တစ်ချက်ကြောင့် သို့မဟုတ် သူလိုချင်ခဲ့ပေမယ့် မရနိုင်တဲ့ နွေးထွေးမှုကို ပေးနေတဲ့ 'သန့်စင်တဲ့' မျက်ခုံးကဲ့သို့ မမျှော်လင့်ထားတဲ့ မှော်ဆန်မှုတို့ကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ဘယ်သူကမှ သူ့နှလုံးသားထဲရှိ ဝင်္ကပါထဲသို့ တကယ် မဝင်နိုင်ကြပေ သို့မဟုတ် ဖုန်ထူထပ်နေတဲ့ အနှောင်အဖွဲ့များကို မဖြည်နိုင်ခဲ့ကြပေ။
S Cityမှာ နှင်းတွေကို မြင်ခဲ့ရတာက... နှစ်အတော်ကြာခဲ့ပြီ။ နောက်ဆုံးအကြိမ်က.... သည်းမခံနိုင်တော့ဘဲ သူ့နဖူးကို လက်တစ်ဖက်နဲ့ ဖိထားလိုက်သည်။
သူ့ဖုန်းကို ဖွင့်ကာ သီချင်းappထဲ ဝင်ပြီး 'Galaxy'သီချင်းက ပင်မစာမျက်နှာရှိ အကြံပြုထားတဲ့စာရင်းတွင် ပါနေတာကြောင့် တကူးတက ရှာစရာမလိုခဲ့ပေ။ coverက ရှည်လျားတဲ့ ငွေရောင်မြစ်ကြီးတစ်စင်းပေါ်တွင် အထီးကျန်နေတဲ့လှေကြီးတစ်စင်းပုံ ဖြစ်သည်။
အခန်းက အေးစက်နေပြီး သူက ဒီခံစားချက်ကို ကျင့်သားရနေပုံပေါ်ပေမယ့် သီချင်းစဖွင့်လိုက်တာနဲ့ အထီးကျန်မှုကို ခံနိုင်ရည်မရှိတော့သလိုပင်။
မိုရိယန်က နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
"မစ္စတာမို"
မိုရိယန်ရဲ့အသံက အခန်းလွတ်ထဲတွင် ပျံ့လွင့်နေပုံရသည်။
"အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ 'Galaxy'သီချင်းရဲ့ အဆိုတော်ရဲ့အချက်အလက်တွေကို တတ်နိုင်သမျှအမြန်ဆုံး ငါ့ဆီ ပို့ပေးပါ"
"ဟုတ်ကဲ့ပါ"
—
နောက်တစ်နေ့နံနက်စောစောတွင် နေရောင်ခြည်က မြေကြီးပေါ်သို့ ဖြာကျနေခဲ့သည်။ လိုက်ကာကိုဖွင့်လိုက်တော့ နှင်းအများစုက အရည်ပျော်နေပြီဖြစ်ပေမယ့် မနေ့ညက နှင်းတွေ အင်တိုက်အားတိုက် ကျထားကြောင်း မြင်နေရဆဲဖြစ်သည်။
"အာ! နှင်းကျသွားခဲ့တာပဲ!"
ယွမ်းစွော်က ဂိမ်းထဲမှ ထွက်လာပြီးနောက် ပြတင်းပေါက် အပြင်ဘက်တွင် နှင်းတွေကို မြင်လိုက်ရတဲ့အခါ အံ့သြစွာ အော်လိုက်သည်။
မိုရိချန်က အနောက်မှ ကပ်လာပြီး အသေးလေးကို ပွေ့ဖက်ကာ သူ့မေးစေ့ကို ပခုံးပေါ်တင်လိုက်သည်။
"ဒူဒူ မင်း အရင်က နှင်းကျတာကို မြင်ဖူးလား"
ယွမ်းစွော်က ခေါင်းခါလိုက်ပြီး "ကြယ်တာရာကာလရဲကိုးခုမြောက်ခရိုင်ရဲ့ အပူချိန်က တစ်နှစ်ပတ်လုံး မြင့်နေတာမို့ နှင်းကျတာမျိုး မရှိဘူး။ ဒါပေမယ့် တတိယခရိုင်က ရာသီတိုင်း နှင်းကျနေတဲ့ ရေခဲဧရိယာထဲမှာ တည်ရှိတာ။ ဒါပေမယ့် ကျွန်တော်တို့က သူတို့နဲ့ ငြိမ်းချမ်းရေး မယူထားတာကြောင့် ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး"
"မင်းကြည့်ချင်ရင် ငါတို့ နှင်းတွေကြည့်ဖို့ ဆွစ်ဇာလန်ကို သွားလို့ရတယ်"
မိုရိချန်က အားလပ်ရက်ခရီးထွက်ရန် စီစဉ်ချင်နေခဲ့တာ ကြာပါပြီ။
ယွမ်းစွော်က မတုံ့ပြန်ခင်မှာပဲ 'ကျွတ် ကျွတ်'ဆိုတဲ့ အသံက သူတို့နောက်ကနေ ရုတ်တရက်ထွက်လာခဲ့သည်။ မနေ့ညက ညစာစားပြီးတာနဲ့ မိုရိရှုက ဆက်နေခဲ့ပြီး ဧည့်သည်အခန်းကို မောင်ပိုင်စီးသွားခဲ့တာကို သတိမရခင်အထိ နှစ်ယောက်သား လန့်ဖျပ်သွားကြသည်။
"မနက်စောစော ဆာနေတဲ့ ဗိုက်ထဲကို ခွေးစာတွေကို အလိုလိုနေရင်းကျွေးနေတာက ဗိုက်နာစေတယ်ဗျ"
မိုရိရှုရဲ့ဆံပင်တွေက ရှုပ်ပွနေပြီး ညည်းညူရင်း မျက်လုံးတွေက ငိုက်နေခဲ့သည်။
ယွမ်းစွော်က မိုရိချန်ရဲ့ရင်ခွင်မှ အမြန်ထွက်လိုက်ပြီး
"ကျွန်တော်... မနက်စာ ပြင်လိုက်မယ်"
မိုရိချန်က သူ့ညီကို စိုက်ကြည့်ပြီးနောက် သူ့ကို တားလိုက်သည်။
"ရေသွားချိုးတော့။ ကိုယ်က ဒီမနက် ကြော်ငြာတစ်ခုရိုက်ဖို့ရှိတာကြောင့် ချန်ကျောင်က အခုလာနေပြီ။ မနက်စာလည်း ယူလာပေးခဲ့လိမ့်မယ်"
"အို့၊ အို့!"
ယွမ်းစွော်က ခေါင်းညိတ်လိုက်ပြီး အိပ်ခန်းထဲသို့ အမြန်ပြန်ဝင်သွားလိုက်သည်။
မိုရိရှုက ယွမ်းစွော်ရဲ့နောက်ကျောကို လှမ်းကြည့်ပြီး စနောက်ချင်သလို ပြုံးကာ မိုရိချန်ကို ပြောလိုက်သည်။
"အစ်ကို မနေ့ညက..."
"ဘာလဲ"
"အသံတွေဆူလွန်းလို့ ကျွန်တော် လန့်တောင်နိုးသွားတယ်"
မိုရိရှုက သူ့ရဲ့မည်းမှောင်နေတဲ့ မျက်လုံးတွေကို ညွှန်ပြလိုက်သည်။
မိုရိချန် မျက်မှောင်ကြုတ်လိုက်သည်။ မနေ့ညက အလုပ်ကိစ္စ ဆွေးနွေးစဉ် ဖန်ခွက်ချင်းတိုက်တဲ့အသံက ကျယ်သွားပေမယ့် ဒီအရူးကောင်ရဲ့ မျက်နှာပေါ်က အတင်းအဖျင်းတွေပြည့်နေပြီး ဖုံးကွယ်ထားတဲ့ အပြုံးကြီးကို မြင်တော့ ရှင်းပြရင်တောင် မယုံဘဲ ပိုဆိုးလာမှာ စိုးရိမ်ရသည်။
"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့။ ပြီးတော့ သူထွက်လာတဲ့အခါ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့"
မိုရိရှုက သူ့ပါးစပ်ကို ဇစ်ပိတ်သလို ပိတ်ပြလိုက်ကာ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း
"ဟုတ်ကဲ့ပါ!"
"ဟမ် သန့်ရှင်းရေးသွားလုပ်တော့။ မေမေ မနေ့က ဖုန်းဆက်တယ်။ သူမကို အဖော်ပြုပေးဖို့ ဒီနေ့ မင်းကို ပြန်လာစေချင်နေတယ်"
မိုရိချန်က ပြောလိုက်သည်။
"အာ သိပါပြီ"
မိုရိရှုက ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်ကာ "အယ် ဒုတိယအစ်ကို အစ်ကို့ရဲ့လက်ထောက်ကို ချန်ကျောင်လို့ခေါ်တာမို့လား..."
"ဟုတ်တယ်"
" 'Galaxy'သီချင်းကို ဆိုတဲ့သူလား"
"အင်း ဘာဖြစ်လို့လဲ"
"အာ...ဘာမှမဟုတ်ပါဘူး။ အခုလက်ရှိမှာ အရမ်းနာမည်ကြီးနေတဲ့သီချင်းတစ်ပုဒ်ရှိတယ်လေ အဆိုတော်နာမည်က ချန်ကျောင်တဲ့။ အဲဒါက အရမ်းထူးခြားလို့ မှတ်မိနေတာ။ တိုက်ဆိုင်တာ နေမှာပါ" မိုရိရှုက 'Galaxy'သီချင်းကို အရမ်းကြိုက်ပြီး မနေ့က ဒုတိယအစ်ကိုရဲ့အိမ်ကို လာရာလမ်းမှာ ယာဥ်မောင်းက အဲဒီ့သီချင်းကို ထပ်ခါထပ်ခါဖွင့်ထားခဲ့သည်။
မိုရိချန်က ပြောလိုက်သည်။
"အဲဒါ တိုက်ဆိုင်တာ မဟုတ်ဘူး"
"ဟမ်" မိုရိရှုက အံ့သြသွားခဲ့သည်။
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်လာခဲ့သည်။
မိုရိချန်က မေးစေ့ကို မော့လိုက်ပြီး "အဲဒါကချန်ကျောင်ပဲ"
မိုရိရှုက မေးလိုက်သည်။ "'အမှန်ပြင်ပေးရန်'ဆိုတဲ့ထဲက ကျောင်လား"
(T/N: e tranက jiao zhengထဲက jiaoလားလို့ ရေးထားပါတယ် jiao zhengဆိုတာကို ရှာကြည့်တော့ အမှန်ပြင်ပေးရန်လို့ တွေ့ပါတယ်။ အမှားတစ်စုံတစ်ရာ ရှိခဲ့ရင် တောင်းပန်ပါတယ်ရှင်)
"အမ်း"
မိုရိရှုရဲ့မျက်နှာအမူအရာက မယုံနိုင်လောက်အောင် ဖြစ်သွားကာ "ဒုတိယအစ်ကို အစ်ကိုကတော့ တကယ်ကို ဝပ်နေတဲ့ ကျားတွေနဲ့ ပုန်းနေတဲ့ နဂါးတွေ ဝိုင်းနေတာပဲ!"
ထိုစကားကို ပြောပြီးနောက် တံခါးဖွင့်ဖို့ မစောင့်နိုင်တော့ပေ။
ချန်ကျောင်က လက်ထဲတွင် မနက်စာနှစ်ယောက်စာကို ကိုင်ထားပြီး တံခါးဖွင့်လိုက်တာနဲ့ မသိစိတ်ကနေ အစ်ကိုမိုလို့ ခေါ်လိုက်မိပေမယ့် မရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
"ဒါက...မင်္ဂလာပါ" သူကနှုတ်ဆက်လိုက်သည်။
မိုရိရှုက idolကို မြင်လိုက်ရလို သူ့လက်ကို ပွတ်သပ်ကာ
"မင်္ဂလာပါ ဝင်လာခဲ့ပါ!"
ဒီလိုနွေးထွေးတဲ့ကြိုဆိုမှုကို လက်ခံလိုက်ရတော့ ချန်ကျောင်က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူ အိမ်ထဲဝင်လာတဲ့အခါ မိုရိချန်ကို မြင်တော့ နှုတ်ဆက်လိုက်သည်။
မိုရိချန်က မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်တော့်ညီ မိုရိရှုပါ။ အခုမှ နိုင်ငံခြားကပြန်လာခဲ့တာ"
ဒါက မိုမိသားစုရဲ့တတိယမြောက် သခင်ငယ်လေး ဖြစ်သည်။ ချန်ကျောင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"ဟယ်လို ကျွန်တော်က ချန်ကျောင်ပါ။ အစ်ကိုမိုရဲ့ လက်ထောက်"
မိုရိရှုက ချန်ကျောင်ရဲ့လက်ထဲက အိတ်ကို ကမန်းကတန်းယူလိုက်ပြီး
"အစ်ကိုချန် မင်္ဂလာပါ မင်္ဂလာပါ မနက်စာစားပြီးပြီလား။ အတူတူစားရအောင်လေ"
ချန်ကျောင်က သူ မနက်စာ နှစ်ယောက်စာပဲ ယူလာခဲ့တာလို့ ပြောချင်ပေမယ့် စကားလုံးတွေကို မျိုချလိုက်သည်။ "စားပြီးပါပြီ"
မနက်စာစားပြီးနောက်။
သူတို့လေးယောက်သား အတူတူ အောက်ဆင်းလာခဲ့ပြီး ချန်ကျောင်က ကားစက်နှိုးလိုက်သည် ။
"အရင်ဆုံး ရိုက်ကွင်းကိုသွားရအောင်။ ပြီးမှ ဒီကလေးကို အိမ်ပြန်ပို့ပေးလိုက်ပါ" မိုရိချန်က စီစဉ်ပေးလိုက်သည်။
"ကောင်းပါပြီ အစ်ကိုမို"
ချန်ကျောင်က အရှိန်ပြင်းပြင်းနဲ့ မောင်းလိုက်သည်။
ခရီးသည်ထိုင်ခုံမှာရှိနေတဲ့ မိုရိရှုက မနေနိုင်တော့ဘဲ မနက်စာစားတုန်းက ပြောခဲ့တဲ့ စကားကို ဆက်မပြောလိုက်သည်။
"အစ်ကိုချန် အစ်ကိုက အရမ်းတော်တာပဲ။ အနာဂတ်မှာ ဂီတလောကထဲကို သေချာပေါက် ဝင်တော့မှာပဲ။ ဟုတ်တယ်မို့လား"
ချန်ကျောင်က ခဏလောက် တိတ်သွားပြီး "ကျွန်တော်... ကျွန်တော် မသိသေးဘူး"
ယွမ်းစွော်ကလည်း သူ့သီချင်းကို နားထောင်ပြီး သဘောကျကာ မိုရိရှုလိုပင် ပရိတ်သတ်တစ်ဦးဖြစ်လာခဲ့သည်။ "အစ်ကိုချန် အစ်ကိုက အရမ်းတော်တယ်လေ။ သေချာပေါက် လုပ်နိုင်လိမ့်မယ်! ဒူဒူက အစ်ကို့ကို ထောက်ခံတယ်!"
မိုရိရှုက တစ်ခုခု ပြောချင်နေစဥ်တွင် မိုရိချန်ရဲ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။
မိုရိချန်က ဖုန်မျက်နှာပြင်ကို ကြည့်ပြီး ပြောလိုက်သည်။
"မေမေပဲ မင်းကို စောင့်နေတယ်ထင်တယ်"
ထို့နောက် ဖြေဆိုမယ့်ခလုတ်ကို နှိပ်လိုက်သော်လည်း တစ်ဖက်မှ ထွက်ပေါ်လာတဲ့ အသံက အိမ်တော်ထိန်းရဲ့အသံဖြစ်သည်။
"ဒုတိယသခင်လေး သခင်မကြီးက မင်းနဲ့ သခင်ငယ်လေးကို ဆေးရုံကို အမြန်လာစေချင်နေပါတယ်" အိမ်တော်ထိန်းရဲ့အသံက အရေးတကြီးဖြစ်နေခဲ့သည်။
မိုရိချန်က ထိတ်လန့်သွားပြီး
"ဘာဖြစ်လို့လဲ"
မိုရိချန်ရဲ့မျက်နှာပေါ်က ကြောက်ရွံ့နေတဲ့ အမူအရာကို မြင်တော့ ကားပေါ်ရှိ အခြားလူများရဲ့အာရုံက တင်းမာလာခဲ့သည်။
ဖုန်းချလိုက်ပြီးနောက် သူက ချန်ကျောင်ကို ပြောလိုက်သည်။
"XX ဆေးရုံကို အမြန်မောင်းပါ"
ချန်ကျောင်က တုံ့ဆိုင်းမနေဘဲ ဘရိတ်ကိုနင်းကာ အခြားဘက်သို့ ကွေ့လိုက်သည်။
မိုရိရှုက မေးလိုက်သည်။
"ဒုတိယအစ်ကို ဘာဖြစ်လို့လဲ။ မေမေ တစ်ခုခုဖြစ်လို့လား"
မိုရိချန်ရဲ့ မျက်နှာက မည်းမှောင်နေပြီး "အဲဒါအစ်ကိုကြီးပဲ"
ကားက ယမ်းသွားတာကြောင့် ယွမ်းစွော်က သူ့ထိုင်ခုံမှ မတည်မငြိမ်ဖြစ်သွားပြီး ရှေ့ထိုင်ခုံပေါ်ကို ပြုတ်လုနီးပါး ဖြစ်သွားခဲ့သည်။ မိုရိချန်က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး
"အဆင်ပြေရဲ့လား"
ယွမ်းစွော်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
စတီယာရင်ကိုကိုင်ထားတဲ့ ချန်ကျောင်ရဲ့လက်က တုန်ယင်နေပြီး "တောင်း...တောင်းပန်ပါတယ်"
မိုရိချန်က ပြောလိုက်သည်။ "အဆင်ပြေပါတယ်"
မိုရိရှုက ထပ်မေးလိုက်သည်။
"အစ်ကိုကြီး မူးလဲပြန်ပြီလား"
မိုရိချန်က ခေါင်းညိတ်ပြပြီး
"ဒီတစ်ခါ အခြေအနေက နည်းနည်းလေးဆိုးတယ်။ ဒီမနက် သူ့ရုံးခန်းထဲမှာ သူ့အတွင်းရေးမှူးက သူ့ကိုတွေ့ခဲ့ပြီး သတိလစ်နေတာ အချိန်အတော်ကြာနေပုံရတယ်လို့ ကြားတယ်"
ချန်ကျောင်ရဲ့မျက်နှာပေါ်ရှိ သွေးတွေက မှိန်ဖျော့သွားခဲ့သည်။ မိုရိယန်ရဲ့ ကျန်းမာရေးက အရမ်းဆိုးနေတာလား။ ဘယ်လိုဖြစ်လို့ 'မူးလဲပြန်ပြီ'ဆိုတာက ထွက်လာရတာလဲ။ သူ့စိတ်က အနည်းငယ် ရှုပ်ထွေးနေပြီး သူ့နှလုံးသားက ပြည့်ကျပ်နေကာ တစ်စုံတစ်ခု ပေါက်ကွဲထွက်ချင်နေပေမယ့် တံခါးဖြင့် ပိတ်ဆို့ထားသလို ခံစားလိုက်ရသည်..။
တစ်လမ်းလုံး စိုးရိမ်တကြီးဖြင့် လေးယောက်သား ဆေးရုံကို ရောက်လာခဲ့ကြသည်။
ကားထဲက မထွက်ခင်မှာပဲ ချန်ကျောင်က ကြော်ငြာတာဝန်ခံကို ဆက်သွယ်ပြီး အခြေအနေကို ရှင်းပြကာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ အချိန်ကို ပြောင်းလဲခဲ့သည်။
အပြောင်းအရွှေ့ကိုလက်ခံပြီးနောက် သူမရဲ့အလုပ်နေရာမှာရပ်နေတဲ့ သူနာပြုဆရာမလေးက စိတ်နေစိတ်ထားအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် ချောမောခန့်ညားတဲ့ အမျိုးသားလေးဦးကို တွေ့လိုက်ရပြီး သူတို့ထဲက တစ်ယောက်က မိုရိချန်ပဲ!
ရှေ့ကလျှောက်လာနေတဲ့ မိုရိရှုက မေးလိုက်သည်။
"ကျွန်တော်တို့က ဒီမနက်မှ ဆေးရုံကို ရောက်လာတဲ့ မျိုးရိုးနာမည်မိုနဲ့လူနာကို ရှာနေတာပါ"
သူနာပြုဆရာမက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး
"အဲဒါ အဲဒါက မစ္စတာမိုရိယန်လားရှင့်"
ထိုမေးခွန်းကို သူမမေးလိုက်ချိန်တွင် အဝေးမှ အိမ်တော်ထိန်းရဲ့အသံကို ကြားလိုက်ရသည်။ သူတို့လေးယောက်က ခေါင်းတွေကို လှည့်လိုက်ကြတော့ ဆံပင်ဖြူတွေနှင့် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ အိမ်တော်ထိန်းက သူတို့ကို လာတွေ့လေသည်။
မိုရိယန်က အရေးပေါ်ခန်းမှ ထွက်လာပြီးဖြစ်ကာ အရင်ကလိုပင် သူ့ရောဂါရဲ့အကြောင်းရင်းကို တိတိကျကျ ရှာမတွေ့ပေ။ ရိုးရိုးမူးလဲသွားတာပေမယ့် ဆေးရုံရောက်လိုက်ချိန်မှာတော့ နှလုံးရပ်သွားနိုင်တဲ့ လက္ခဏာတွေ ပေါ်လာခဲ့သည်။ စက္ကန့်အနည်းငယ်လောက် နောက်ကျသွားခဲ့ရင် အကျိုးဆက်တွေက မတွေးရဲစရာပင်။
မေမေမိုက ထိုသတင်းကိုကြားတဲ့အခါ ထိတ်လန့်သွားကာ သူ့ရဲ့လူနာဆောင်တွင် ရပ်စောင့်နေခဲ့သည်။ သူမရဲ့သားနှစ်ယောက် လာနေတာကို မြင်တော့ နီရဲနေတဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလုမတတ်ပင်။ မိုရိရှုက သူ့အမေကို ပွေ့ဖက်လိုက်ပြီး တိုးတိုးလေးပြောရင်း နှစ်သိမ့်ပေးနေခဲ့သည်။ မိုရိချန်က ဘေးမှာ နေရင်း အနည်းငယ် ထိန်းပေးလိုက်သည်။ တကယ်အဆင်ပြေရဲ့လားဆိုတာ သေချာအောင် ခဏလောက် စောင့်ကြည့်ပြီးမှ သူ့အစ်ကိုကြီးရဲ့ လက်ရှိအခြေအနေနှင့် လူနာခန်းထဲကို သွားလို့ရမလားလို့ ဆရာဝန်ကို လှည့်မေးလိုက်သည်။
ချန်ကျောင်က စုဝေးနေတဲ့လူအုပ်ထဲမှ ထွက်လာပြီး မိုရိယန်ရှိနေတဲ့ လူနာခန်းတံခါးဆီသို့ သွားလိုက်သည်။ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေတဲ့လူကို မြင်နိုင်စေဖို့က စတုဂံပုံ မှန်ပြတင်းပေါက်ငယ်တစ်ခုသာ ရှိသည်။
သူက မနေနိုင်တော့ဘဲ ရှေ့ကို မှီလိုက်သည်။ ဒီတစ်ကြိမ်တော့ မျက်လုံးတွေ တင်းတင်းမှိတ်ထားတဲ့ မိုရိယန်ရဲ့မျက်နှာကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ခဲ့သည်။ သူအကြိမ်ပေါင်းများစွာ အိမ်မက်မက်ခဲ့ဖူးတဲ့အတိုင်း အေးစက်ကာ ချောမောနေခဲ့သည်။
ဒါပေမယ့် ဒီလူက သူ့အတွက် ခမ်းနားလွန်းတယ်ဆိုတာ သူသိသည်။ တစ်ခါတစ်လေ သူမျှော်လင့်မိလေလေ စိတ်ပျက်ရလေလေ ဖြစ်လာတာကြောင့် နှစ်များစွာကြာလာတာနှင့်အမျှ သူ့မျှော်လင့်ချက်တွေကို လျှော့ချတတ်ဖို့ သင်ယူခဲ့ကာ သူ့အချစ်ကို နှလုံးသားအောက်ခြေမှာ မြှုပ်နှံထားလိုက်တော့သည်။
"လောလောဆယ်တော့ လူနာခန်းထဲမှာ လူသိပ်မများသင့်ပါဘူး။ လာတွေ့ချင်တယ်ဆိုရင်တော့ တစ်ကြိမ်မှာ လူနှစ်ယောက်ထက် ပိုမနေသင့်ဘူး။ လူနာကို ဦးနှောက်စကင်န်လုပ်ထားပေမယ့် မူမမှန်တာမတွေ့ရသေးဘူး။သူ့ရောဂါနဲ့ ဆက်တိုက်ချို့ယွင်းလာတာတွေရဲ့ အဓိကအကြောင်းရင်းက သူ့စိတ်ကြောင့်ပဲလို့ ကျွန်တော်တို့ ယူဆထားပါတယ်"
ဒီတစ်ခါတော့ ဆရာဝန်ရဲ့ နိဂုံးချုပ်မှတ်ချက်က အရင်က ပြောခဲ့တဲ့သူတွေနဲ့ မတူပေမယ့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းက ဘာဆိုတာကို ဘယ်သူမှ မသိနိုင်တာကြောင့် ဒါက သူတို့ကို မျှော်လင့်ချက်တွေ စွန့်လွှတ်စေခဲ့ခြင်း ဖြစ်သည်။
"ဒုတိယအစ်ကို ကျွန်တော် မေမေနဲ့အတူ အရင်သွားကြည့်လိုက်မယ်"
မိုရိရှုက သူ့အမေရဲ့ပခုံးကို ပွေ့ဖက်လိုက်သည်။
"ကောင်းပြီ"
မိုရိချန်ရဲ့ အကြည့်တွေက တံခါးနားမှာရပ်နေပြီး ဖြူဖျော့နေတဲ့ ချန်ကျောင်ဆီ ရောက်သွားကာ ပါးစပ်ဟလိုက်ပေမယ့် ဘာမှမပြောဖြစ်လိုက်ပေ။
ချန်ကျောင်က ငေးနေသေးသဖြင့် မိုရိရှုနှင့် မေမေမိုတို့က ခဏလောက် အံ့သြသွားရင်း သူတို့လျှောက်လာတဲ့အခါ သူက အမြန်ဘေးဖယ်ပေးလိုက်ပြီး သူတို့က တံခါးကိုဖွင့်ကာ စက္ကန့်အနည်းငယ်ကြာပြီးနောက် ပိတ်လိုက်ကြသည်။ မိုရိရှုရဲ့မြင့်မားတဲ့ နောက်ကျောက ကုတင်ပေါ်ရှိ မိုရိယန်ကို ပိတ်ဆို့လိုက်စဥ် သူက နောက်တစ်ကြိမ် ပါးစပ်ပိတ်သွားခဲ့သည်။
"ချန်ကျောင်"
မိုရိချန်က လှမ်းခေါ်လိုက်သည်။
ချန်ကျောင်က သူ့ကိုယ်သူ မေ့သွားကြောင်း ရုတ်တရက် နားလည်သွားတဲ့အခါ သူ့မျက်နှာကို အမြန်သုတ်လိုက်သည်။ "အစ်ကိုမို"
"အစ်ကိုကြီးကို တွေ့တုန်းက သူ့ဖုန်းက 'Galaxy'သီချင်းတစ်ပုဒ်တည်းကိုပဲ ဖွင့်ထားတာကြောင့် ဒီသီချင်းကို အရမ်းကြိုက်ပုံရတယ်လို့ အိမ်တော်ထိန်းက ပြောခဲ့တယ်"
မိုရိချန်က ဘယ်သူ့ရဲ့ခံစားချက်ကိုမှ ဝင်မစွက်ဖက်ဖို့ စည်းမျဥ်းတစ်ခုရှိခဲ့ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ သူ ချန်ကျောင်ကို နှစ်သိမ့်ပေးချင်ခဲ့သည်။
ချန်ကျောင်ရဲ့ မျက်လုံးတွေထဲတွင် ထိတ်လန့်တကြားနှင့် တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံးတွင် သူက ပြောလိုက်သည်။ " ကျွန်တော်...ကျွန်တော် နားလည်ပါပြီ"
မိုရိချန်က ထပ်ပြောလိုက်သည်။ "အစ်ကိုကြီးက ဒီတစ်ခါ ဆေးရုံမှာ ရက်အတော်ကြာအောင် နေရမှာကို စိုးရိမ်မိပေမယ့် ကျွန်တော့်ရဲ့ အချိန်ဇယားက အတော်လေး အလုပ်ရှုပ်နေတယ်။ ဒီကို မကြာခဏ လာဖို့ မင်းကိုပဲ အားကိုးရတော့မယ်"
အင်္ကျီလက်တွေထဲကို ကျုံ့ဝင်သွားတဲ့ ချန်ကျောင်ရဲ့လက်တွေက ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး သူ့အသံက အနည်းငယ်တုန်ယင်နေခဲ့သည်။ "ကောင်း...ကောင်းပါပြီ"
Zawgyi
အခန္း ၅၇:ေမ့လဲသြားေသာ မိုရိယန္
ႏွစ္သစ္နီးကပ္လာၿပီ ျဖစ္ကာ S Cityတြင္ ႐ွား႐ွားပါးပါးႏွင္းမ်ားက်ေနသည့္ျမင္ကြင္း ေပၚလာခဲ့သည္။
ဝိုင္နီက ဖန္ခြက္နံရံတစ္ေလွ်ာက္ လွည့္ပတ္ကာ ဖန္ခြက္ကို သြယ္လ်ၿပီး သန္မာတဲ့ လက္ေခ်ာင္းေတြက ကိုင္ထားကာ လက္ေကာက္ဝတ္တြင္ အမာ႐ြတ္ေတြမ႐ွိဘဲ သန္႔႐ွင္းေနေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ သန္းေခါင္အိပ္မက္မ်ားတြင္ မိုရိယန္က သူ႕အေရျပားေအာက္႐ွိ နာက်င္ကိုက္ခဲမႈကို ခံစားေနရၿပီး သူ႕ရဲ႕ ျဖတ္ထုတ္ခံလိုက္ရတဲ့ အသားႏွင့္ေသြးေၾကာေတြထဲမွ ကိုက္ခဲမႈေတြက တစ္ခုခုကို အသိေပးဖို႔ ႀကိဳးစားေနပုံရေသာ္လည္း အိပ္ရာႏိုးလာၿပီးေနာက္မွာေတာ့ ပိုၿပီး မႈန္ဝါးေနတဲ့ကမ႓ာႀကီးရဲ႕ ေထာင့္စြန္းေလးသာ ျဖစ္သည္။
ဒီႏွစ္ေတြတစ္ေလွ်ာက္တြင္ သူက သူ႕ေဘးမွာ လူအမ်ားအျပားကို ထားခဲ့ရၿပီး သူတို႔လုပ္ခဲ့တဲ့ အမူအရာတစ္ခုေၾကာင့္ သို႔မဟုတ္ အၾကည့္တစ္ခ်က္ေၾကာင့္ သို႔မဟုတ္ သူလိုခ်င္ခဲ့ေပမယ့္ မရႏိုင္တဲ့ ေႏြးေထြးမႈကို ေပးေနတဲ့ 'သန္႔စင္တဲ့' မ်က္ခုံးကဲ့သို႔ မေမွ်ာ္လင့္ထားတဲ့ ေမွာ္ဆန္မႈတို႔ေၾကာင့္ ျဖစ္ႏိုင္ေပသည္။ သို႔ေသာ္ ဘယ္သူကမွ သူ႕ႏွလုံးသားထဲ႐ွိ ဝကၤပါထဲသို႔ တကယ္ မဝင္ႏိုင္ၾကေပ သို႔မဟုတ္ ဖုန္ထူထပ္ေနတဲ့ အေႏွာင္အဖြဲ႕မ်ားကို မျဖည္ႏိုင္ခဲ့ၾကေပ။
S Cityမွာ ႏွင္းေတြကို ျမင္ခဲ့ရတာက... ႏွစ္အေတာ္ၾကာခဲ့ၿပီ။ ေနာက္ဆုံးအႀကိမ္က.... သည္းမခံႏိုင္ေတာ့ဘဲ သူ႕နဖူးကို လက္တစ္ဖက္နဲ႔ ဖိထားလိုက္သည္။
သူ႕ဖုန္းကို ဖြင့္ကာ သီခ်င္းappထဲ ဝင္ၿပီး 'Galaxy'သီခ်င္းက ပင္မစာမ်က္ႏွာ႐ွိ အၾကံျပဳထားတဲ့စာရင္းတြင္ ပါေနတာေၾကာင့္ တကူးတက ႐ွာစရာမလိုခဲ့ေပ။ coverက ႐ွည္လ်ားတဲ့ ေငြေရာင္ျမစ္ႀကီးတစ္စင္းေပၚတြင္ အထီးက်န္ေနတဲ့ေလွႀကီးတစ္စင္းပုံ ျဖစ္သည္။
အခန္းက ေအးစက္ေနၿပီး သူက ဒီခံစားခ်က္ကို က်င့္သားရေနပုံေပၚေပမယ့္ သီခ်င္းစဖြင့္လိုက္တာနဲ႔ အထီးက်န္မႈကို ခံႏိုင္ရည္မ႐ွိေတာ့သလိုပင္။
မိုရိယန္က နံပါတ္တစ္ခုကို ေခၚလိုက္သည္။
"မစၥတာမို"
မိုရိယန္ရဲ႕အသံက အခန္းလြတ္ထဲတြင္ ပ်ံ႕လြင့္ေနပုံရသည္။
"အြန္လိုင္းမွာ နာမည္ႀကီးေနတဲ့ 'Galaxy'သီခ်င္းရဲ႕ အဆိုေတာ္ရဲ႕အခ်က္အလက္ေတြကို တတ္ႏိုင္သမွ်အျမန္ဆုံး ငါ့ဆီ ပို႔ေပးပါ"
"ဟုတ္ကဲ့ပါ"
—
ေနာက္တစ္ေန႔နံနက္ေစာေစာတြင္ ေနေရာင္ျခည္က ေျမႀကီးေပၚသို႔ ျဖာက်ေနခဲ့သည္။ လိုက္ကာကိုဖြင့္လိုက္ေတာ့ ႏွင္းအမ်ားစုက အရည္ေပ်ာ္ေနၿပီျဖစ္ေပမယ့္ မေန႔ညက ႏွင္းေတြ အင္တိုက္အားတိုက္ က်ထားေၾကာင္း ျမင္ေနရဆဲျဖစ္သည္။
"အာ! ႏွင္းက်သြားခဲ့တာပဲ!"
ယြမ္းေစြာ္က ဂိမ္းထဲမွ ထြက္လာၿပီးေနာက္ ျပတင္းေပါက္ အျပင္ဘက္တြင္ ႏွင္းေတြကို ျမင္လိုက္ရတဲ့အခါ အံ့ၾသစြာ ေအာ္လိုက္သည္။
မိုရိခ်န္က အေနာက္မွ ကပ္လာၿပီး အေသးေလးကို ေပြ႕ဖက္ကာ သူ႕ေမးေစ့ကို ပခုံးေပၚတင္လိုက္သည္။
"ဒူဒူ မင္း အရင္က ႏွင္းက်တာကို ျမင္ဖူးလား"
ယြမ္းေစြာ္က ေခါင္းခါလိုက္ၿပီး "ၾကယ္တာရာကာလရဲကိုးခုေျမာက္ခ႐ိုင္ရဲ႕ အပူခ်ိန္က တစ္ႏွစ္ပတ္လုံး ျမင့္ေနတာမို႔ ႏွင္းက်တာမ်ိဳး မ႐ွိဘူး။ ဒါေပမယ့္ တတိယခ႐ိုင္က ရာသီတိုင္း ႏွင္းက်ေနတဲ့ ေရခဲဧရိယာထဲမွာ တည္႐ွိတာ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က သူတို႔နဲ႔ ၿငိမ္းခ်မ္းေရး မယူထားတာေၾကာင့္ ကြၽန္ေတာ္ တစ္ခါမွ မေရာက္ဖူးဘူး"
"မင္းၾကည့္ခ်င္ရင္ ငါတို႔ ႏွင္းေတြၾကည့္ဖို႔ ဆြစ္ဇာလန္ကို သြားလို႔ရတယ္"
မိုရိခ်န္က အားလပ္ရက္ခရီးထြက္ရန္ စီစဥ္ခ်င္ေနခဲ့တာ ၾကာပါၿပီ။
ယြမ္းေစြာ္က မတုံ႔ျပန္ခင္မွာပဲ 'ကြၽတ္ ကြၽတ္'ဆိုတဲ့ အသံက သူတို႔ေနာက္ကေန ႐ုတ္တရက္ထြက္လာခဲ့သည္။ မေန႔ညက ညစာစားၿပီးတာနဲ႔ မိုရိ႐ႈက ဆက္ေနခဲ့ၿပီး ဧည့္သည္အခန္းကို ေမာင္ပိုင္စီးသြားခဲ့တာကို သတိမရခင္အထိ ႏွစ္ေယာက္သား လန္႔ဖ်ပ္သြားၾကသည္။
"မနက္ေစာေစာ ဆာေနတဲ့ ဗိုက္ထဲကို ေခြးစာေတြကို အလိုလိုေနရင္းေကြၽးေနတာက ဗိုက္နာေစတယ္ဗ်"
မိုရိ႐ႈရဲ႕ဆံပင္ေတြက ႐ႈပ္ပြေနၿပီး ညည္းညဴရင္း မ်က္လုံးေတြက ငိုက္ေနခဲ့သည္။
ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ရင္ခြင္မွ အျမန္ထြက္လိုက္ၿပီး
"ကြၽန္ေတာ္... မနက္စာ ျပင္လိုက္မယ္"
မိုရိခ်န္က သူ႕ညီကို စိုက္ၾကည့္ၿပီးေနာက္ သူ႕ကို တားလိုက္သည္။
"ေရသြားခ်ိဳးေတာ့။ ကိုယ္က ဒီမနက္ ေၾကာ္ျငာတစ္ခု႐ိုက္ဖို႔႐ွိတာေၾကာင့္ ခ်န္ေက်ာင္က အခုလာေနၿပီ။ မနက္စာလည္း ယူလာေပးခဲ့လိမ့္မယ္"
"အို႔၊ အို႔!"
ယြမ္းေစြာ္က ေခါင္းညိတ္လိုက္ၿပီး အိပ္ခန္းထဲသို႔ အျမန္ျပန္ဝင္သြားလိုက္သည္။
မိုရိ႐ႈက ယြမ္းေစြာ္ရဲ႕ေနာက္ေက်ာကို လွမ္းၾကည့္ၿပီး စေနာက္ခ်င္သလို ျပဳံးကာ မိုရိခ်န္ကို ေျပာလိုက္သည္။
"အစ္ကို မေန႔ညက..."
"ဘာလဲ"
"အသံေတြဆူလြန္းလို႔ ကြၽန္ေတာ္ လန္႔ေတာင္ႏိုးသြားတယ္"
မိုရိ႐ႈက သူ႕ရဲ႕မည္းေမွာင္ေနတဲ့ မ်က္လုံးေတြကို ၫႊန္ျပလိုက္သည္။
မိုရိခ်န္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ မေန႔ညက အလုပ္ကိစၥ ေဆြးေႏြးစဥ္ ဖန္ခြက္ခ်င္းတိုက္တဲ့အသံက က်ယ္သြားေပမယ့္ ဒီအ႐ူးေကာင္ရဲ႕ မ်က္ႏွာေပၚက အတင္းအဖ်င္းေတြျပည့္ေနၿပီး ဖုံးကြယ္ထားတဲ့ အျပဳံးႀကီးကို ျမင္ေတာ့ ႐ွင္းျပရင္ေတာင္ မယုံဘဲ ပိုဆိုးလာမွာ စိုးရိမ္ရသည္။
"မင္းပါးစပ္ကိုပိတ္ထားလိုက္ေတာ့။ ၿပီးေတာ့ သူထြက္လာတဲ့အခါ အဓိပၸါယ္မ႐ွိတဲ့စကားေတြ မေျပာနဲ႔"
မိုရိ႐ႈက သူ႕ပါးစပ္ကို ဇစ္ပိတ္သလို ပိတ္ျပလိုက္ကာ ထပ္ခါတလဲလဲ ေခါင္းညိတ္ျပရင္း
"ဟုတ္ကဲ့ပါ!"
"ဟမ္ သန္႔႐ွင္းေရးသြားလုပ္ေတာ့။ ေမေမ မေန႔က ဖုန္းဆက္တယ္။ သူမကို အေဖာ္ျပဳေပးဖို႔ ဒီေန႔ မင္းကို ျပန္လာေစခ်င္ေနတယ္"
မိုရိခ်န္က ေျပာလိုက္သည္။
"အာ သိပါၿပီ"
မိုရိ႐ႈက ေရခ်ိဳးခန္းထဲသို႔ ဝင္သြားၿပီးေနာက္ ႐ုတ္တရက္ ရပ္လိုက္ၿပီး လွည့္ၾကည့္ကာ "အယ္ ဒုတိယအစ္ကို အစ္ကို႔ရဲ႕လက္ေထာက္ကို ခ်န္ေက်ာင္လို႔ေခၚတာမို႔လား..."
"ဟုတ္တယ္"
" 'Galaxy'သီခ်င္းကို ဆိုတဲ့သူလား"
"အင္း ဘာျဖစ္လို႔လဲ"
"အာ...ဘာမွမဟုတ္ပါဘူး။ အခုလက္႐ွိမွာ အရမ္းနာမည္ႀကီးေနတဲ့သီခ်င္းတစ္ပုဒ္႐ွိတယ္ေလ အဆိုေတာ္နာမည္က ခ်န္ေက်ာင္တဲ့။ အဲဒါက အရမ္းထူးျခားလို႔ မွတ္မိေနတာ။ တိုက္ဆိုင္တာ ေနမွာပါ" မိုရိ႐ႈက 'Galaxy'သီခ်င္းကို အရမ္းႀကိဳက္ၿပီး မေန႔က ဒုတိယအစ္ကိုရဲ႕အိမ္ကို လာရာလမ္းမွာ ယာဥ္ေမာင္းက အဲဒီ့သီခ်င္းကို ထပ္ခါထပ္ခါဖြင့္ထားခဲ့သည္။
မိုရိခ်န္က ေျပာလိုက္သည္။
"အဲဒါ တိုက္ဆိုင္တာ မဟုတ္ဘူး"
"ဟမ္" မိုရိ႐ႈက အံ့ၾသသြားခဲ့သည္။
ထိုအခ်ိန္မွာပင္ တံခါးေခါက္သံ ထြက္လာခဲ့သည္။
မိုရိခ်န္က ေမးေစ့ကို ေမာ့လိုက္ၿပီး "အဲဒါကခ်န္ေက်ာင္ပဲ"
မိုရိ႐ႈက ေမးလိုက္သည္။ "'အမွန္ျပင္ေပးရန္'ဆိုတဲ့ထဲက ေက်ာင္လား"
(T/N: e tranက jiao zhengထဲက jiaoလားလို႔ ေရးထားပါတယ္ jiao zhengဆိုတာကို ႐ွာၾကည့္ေတာ့ အမွန္ျပင္ေပးရန္လို႔ ေတြ႕ပါတယ္။ အမွားတစ္စုံတစ္ရာ ႐ွိခဲ့ရင္ ေတာင္းပန္ပါတယ္႐ွင္)
"အမ္း"
မိုရိ႐ႈရဲ႕မ်က္ႏွာအမူအရာက မယုံႏိုင္ေလာက္ေအာင္ ျဖစ္သြားကာ "ဒုတိယအစ္ကို အစ္ကိုကေတာ့ တကယ္ကို ဝပ္ေနတဲ့ က်ားေတြနဲ႔ ပုန္းေနတဲ့ နဂါးေတြ ဝိုင္းေနတာပဲ!"
ထိုစကားကို ေျပာၿပီးေနာက္ တံခါးဖြင့္ဖို႔ မေစာင့္ႏိုင္ေတာ့ေပ။
ခ်န္ေက်ာင္က လက္ထဲတြင္ မနက္စာႏွစ္ေယာက္စာကို ကိုင္ထားၿပီး တံခါးဖြင့္လိုက္တာနဲ႔ မသိစိတ္ကေန အစ္ကိုမိုလို႔ ေခၚလိုက္မိေပမယ့္ မရင္းႏွီးတဲ့မ်က္ႏွာတစ္ခုကို ေတြ႕လိုက္ရသည္။
"ဒါက...မဂၤလာပါ" သူကႏႈတ္ဆက္လိုက္သည္။
မိုရိ႐ႈက idolကို ျမင္လိုက္ရလို သူ႕လက္ကို ပြတ္သပ္ကာ
"မဂၤလာပါ ဝင္လာခဲ့ပါ!"
ဒီလိုေႏြးေထြးတဲ့ႀကိဳဆိုမႈကို လက္ခံလိုက္ရေတာ့ ခ်န္ေက်ာင္က အနည္းငယ္ စိတ္မသက္မသာ ျဖစ္သြားသည္။ သူ အိမ္ထဲဝင္လာတဲ့အခါ မိုရိခ်န္ကို ျမင္ေတာ့ ႏႈတ္ဆက္လိုက္သည္။
မိုရိခ်န္က မိတ္ဆက္ေပးလိုက္သည္။
"ဒါက ကြၽန္ေတာ္႕ညီ မိုရိ႐ႈပါ။ အခုမွ ႏိုင္ငံျခားကျပန္လာခဲ့တာ"
ဒါက မိုမိသားစုရဲ႕တတိယေျမာက္ သခင္ငယ္ေလး ျဖစ္သည္။ ခ်န္ေက်ာင္က သူ႕ကိုယ္သူ မိတ္ဆက္လိုက္သည္။
"ဟယ္လို ကြၽန္ေတာ္က ခ်န္ေက်ာင္ပါ။ အစ္ကိုမိုရဲ႕ လက္ေထာက္"
မိုရိ႐ႈက ခ်န္ေက်ာင္ရဲ႕လက္ထဲက အိတ္ကို ကမန္းကတန္းယူလိုက္ၿပီး
"အစ္ကိုခ်န္ မဂၤလာပါ မဂၤလာပါ မနက္စာစားၿပီးၿပီလား။ အတူတူစားရေအာင္ေလ"
ခ်န္ေက်ာင္က သူ မနက္စာ ႏွစ္ေယာက္စာပဲ ယူလာခဲ့တာလို႔ ေျပာခ်င္ေပမယ့္ စကားလုံးေတြကို မ်ိဳခ်လိုက္သည္။ "စားၿပီးပါၿပီ"
မနက္စာစားၿပီးေနာက္။
သူတို႔ေလးေယာက္သား အတူတူ ေအာက္ဆင္းလာခဲ့ၿပီး ခ်န္ေက်ာင္က ကားစက္ႏိႈးလိုက္သည္ ။
"အရင္ဆုံး ႐ိုက္ကြင္းကိုသြားရေအာင္။ ၿပီးမွ ဒီကေလးကို အိမ္ျပန္ပို႔ေပးလိုက္ပါ" မိုရိခ်န္က စီစဥ္ေပးလိုက္သည္။
"ေကာင္းပါၿပီ အစ္ကိုမို"
ခ်န္ေက်ာင္က အ႐ွိန္ျပင္းျပင္းနဲ႔ ေမာင္းလိုက္သည္။
ခရီးသည္ထိုင္ခုံမွာ႐ွိေနတဲ့ မိုရိ႐ႈက မေနႏိုင္ေတာ့ဘဲ မနက္စာစားတုန္းက ေျပာခဲ့တဲ့ စကားကို ဆက္မေျပာလိုက္သည္။
"အစ္ကိုခ်န္ အစ္ကိုက အရမ္းေတာ္တာပဲ။ အနာဂတ္မွာ ဂီတေလာကထဲကို ေသခ်ာေပါက္ ဝင္ေတာ့မွာပဲ။ ဟုတ္တယ္မို႔လား"
ခ်န္ေက်ာင္က ခဏေလာက္ တိတ္သြားၿပီး "ကြၽန္ေတာ္... ကြၽန္ေတာ္ မသိေသးဘူး"
ယြမ္းေစြာ္ကလည္း သူ႕သီခ်င္းကို နားေထာင္ၿပီး သေဘာက်ကာ မိုရိ႐ႈလိုပင္ ပရိတ္သတ္တစ္ဦးျဖစ္လာခဲ့သည္။ "အစ္ကိုခ်န္ အစ္ကိုက အရမ္းေတာ္တယ္ေလ။ ေသခ်ာေပါက္ လုပ္ႏိုင္လိမ့္မယ္! ဒူဒူက အစ္ကို႔ကို ေထာက္ခံတယ္!"
မိုရိ႐ႈက တစ္ခုခု ေျပာခ်င္ေနစဥ္တြင္ မိုရိခ်န္ရဲ႕ဖုန္းက ႐ုတ္တရက္ျမည္လာခဲ့သည္။
မိုရိခ်န္က ဖုန္မ်က္ႏွာျပင္ကို ၾကည့္ၿပီး ေျပာလိုက္သည္။
"ေမေမပဲ မင္းကို ေစာင့္ေနတယ္ထင္တယ္"
ထို႔ေနာက္ ေျဖဆိုမယ့္ခလုတ္ကို ႏွိပ္လိုက္ေသာ္လည္း တစ္ဖက္မွ ထြက္ေပၚလာတဲ့ အသံက အိမ္ေတာ္ထိန္းရဲ႕အသံျဖစ္သည္။
"ဒုတိယသခင္ေလး သခင္မႀကီးက မင္းနဲ႔ သခင္ငယ္ေလးကို ေဆး႐ုံကို အျမန္လာေစခ်င္ေနပါတယ္" အိမ္ေတာ္ထိန္းရဲ႕အသံက အေရးတႀကီးျဖစ္ေနခဲ့သည္။
မိုရိခ်န္က ထိတ္လန္႔သြားၿပီး
"ဘာျဖစ္လို႔လဲ"
မိုရိခ်န္ရဲ႕မ်က္ႏွာေပၚက ေၾကာက္႐ြံ႕ေနတဲ့ အမူအရာကို ျမင္ေတာ့ ကားေပၚ႐ွိ အျခားလူမ်ားရဲ႕အာ႐ုံက တင္းမာလာခဲ့သည္။
ဖုန္းခ်လိုက္ၿပီးေနာက္ သူက ခ်န္ေက်ာင္ကို ေျပာလိုက္သည္။
"XX ေဆး႐ုံကို အျမန္ေမာင္းပါ"
ခ်န္ေက်ာင္က တုံ႔ဆိုင္းမေနဘဲ ဘရိတ္ကိုနင္းကာ အျခားဘက္သို႔ ေကြ႕လိုက္သည္။
မိုရိ႐ႈက ေမးလိုက္သည္။
"ဒုတိယအစ္ကို ဘာျဖစ္လို႔လဲ။ ေမေမ တစ္ခုခုျဖစ္လို႔လား"
မိုရိခ်န္ရဲ႕ မ်က္ႏွာက မည္းေမွာင္ေနၿပီး "အဲဒါအစ္ကိုႀကီးပဲ"
ကားက ယမ္းသြားတာေၾကာင့္ ယြမ္းေစြာ္က သူ႕ထိုင္ခုံမွ မတည္မၿငိမ္ျဖစ္သြားၿပီး ေ႐ွ႕ထိုင္ခုံေပၚကို ျပဳတ္လုနီးပါး ျဖစ္သြားခဲ့သည္။ မိုရိခ်န္က သူ႕ကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး
"အဆင္ေျပရဲ႕လား"
ယြမ္းေစြာ္က ကမန္းကတန္း ေခါင္းညိတ္လိုက္သည္။
စတီယာရင္ကိုကိုင္ထားတဲ့ ခ်န္ေက်ာင္ရဲ႕လက္က တုန္ယင္ေနၿပီး "ေတာင္း...ေတာင္းပန္ပါတယ္"
မိုရိခ်န္က ေျပာလိုက္သည္။ "အဆင္ေျပပါတယ္"
မိုရိ႐ႈက ထပ္ေမးလိုက္သည္။
"အစ္ကိုႀကီး မူးလဲျပန္ၿပီလား"
မိုရိခ်န္က ေခါင္းညိတ္ျပၿပီး
"ဒီတစ္ခါ အေျခအေနက နည္းနည္းေလးဆိုးတယ္။ ဒီမနက္ သူ႕႐ုံးခန္းထဲမွာ သူ႕အတြင္းေရးမႉးက သူ႕ကိုေတြ႕ခဲ့ၿပီး သတိလစ္ေနတာ အခ်ိန္အေတာ္ၾကာေနပုံရတယ္လို႔ ၾကားတယ္"
ခ်န္ေက်ာင္ရဲ႕မ်က္ႏွာေပၚ႐ွိ ေသြးေတြက မွိန္ေဖ်ာ့သြားခဲ့သည္။ မိုရိယန္ရဲ႕ က်န္းမာေရးက အရမ္းဆိုးေနတာလား။ ဘယ္လိုျဖစ္လို႔ 'မူးလဲျပန္ၿပီ'ဆိုတာက ထြက္လာရတာလဲ။ သူ႕စိတ္က အနည္းငယ္ ႐ႈပ္ေထြးေနၿပီး သူ႕ႏွလုံးသားက ျပည့္က်ပ္ေနကာ တစ္စုံတစ္ခု ေပါက္ကြဲထြက္ခ်င္ေနေပမယ့္ တံခါးျဖင့္ ပိတ္ဆို႔ထားသလို ခံစားလိုက္ရသည္..။
တစ္လမ္းလုံး စိုးရိမ္တႀကီးျဖင့္ ေလးေယာက္သား ေဆး႐ုံကို ေရာက္လာခဲ့ၾကသည္။
ကားထဲက မထြက္ခင္မွာပဲ ခ်န္ေက်ာင္က ေၾကာ္ျငာတာဝန္ခံကို ဆက္သြယ္ၿပီး အေျခအေနကို ႐ွင္းျပကာ ႐ိုက္ကူးဖို႔ စီစဥ္ထားတဲ့ အခ်ိန္ကို ေျပာင္းလဲခဲ့သည္။
အေျပာင္းအေ႐ႊ႕ကိုလက္ခံၿပီးေနာက္ သူမရဲ႕အလုပ္ေနရာမွာရပ္ေနတဲ့ သူနာျပဳဆရာမေလးက စိတ္ေနစိတ္ထားအမ်ိဳးမ်ိဳးႏွင့္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေခ်ာေမာခန္႔ညားတဲ့ အမ်ိဳးသားေလးဦးကို ေတြ႕လိုက္ရၿပီး သူတို႔ထဲက တစ္ေယာက္က မိုရိခ်န္ပဲ!
ေ႐ွ႕ကေလွ်ာက္လာေနတဲ့ မိုရိ႐ႈက ေမးလိုက္သည္။
"ကြၽန္ေတာ္တို႔က ဒီမနက္မွ ေဆး႐ုံကို ေရာက္လာတဲ့ မ်ိဳး႐ိုးနာမည္မိုနဲ႔လူနာကို ႐ွာေနတာပါ"
သူနာျပဳဆရာမက သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ လုပ္လိုက္ၿပီး
"အဲဒါ အဲဒါက မစၥတာမိုရိယန္လား႐ွင့္"
ထိုေမးခြန္းကို သူမေမးလိုက္ခ်ိန္တြင္ အေဝးမွ အိမ္ေတာ္ထိန္းရဲ႕အသံကို ၾကားလိုက္ရသည္။ သူတို႔ေလးေယာက္က ေခါင္းေတြကို လွည့္လိုက္ၾကေတာ့ ဆံပင္ျဖဴေတြႏွင့္ သပ္သပ္ရပ္ရပ္ဝတ္ဆင္ထားတဲ့ အိမ္ေတာ္ထိန္းက သူတို႔ကို လာေတြ႕ေလသည္။
မိုရိယန္က အေရးေပၚခန္းမွ ထြက္လာၿပီးျဖစ္ကာ အရင္ကလိုပင္ သူ႕ေရာဂါရဲ႕အေၾကာင္းရင္းကို တိတိက်က် ႐ွာမေတြ႕ေပ။ ႐ိုး႐ိုးမူးလဲသြားတာေပမယ့္ ေဆး႐ုံေရာက္လိုက္ခ်ိန္မွာေတာ့ ႏွလုံးရပ္သြားႏိုင္တဲ့ လကၡဏာေတြ ေပၚလာခဲ့သည္။ စကၠန္႔အနည္းငယ္ေလာက္ ေနာက္က်သြားခဲ့ရင္ အက်ိဳးဆက္ေတြက မေတြးရဲစရာပင္။
ေမေမမိုက ထိုသတင္းကိုၾကားတဲ့အခါ ထိတ္လန္႔သြားကာ သူ႕ရဲ႕လူနာေဆာင္တြင္ ရပ္ေစာင့္ေနခဲ့သည္။ သူမရဲ႕သားႏွစ္ေယာက္ လာေနတာကို ျမင္ေတာ့ နီရဲေနတဲ့ မ်က္လုံးေတြကေန မ်က္ရည္ေတြ စီးက်လုမတတ္ပင္။ မိုရိ႐ႈက သူ႕အေမကို ေပြ႕ဖက္လိုက္ၿပီး တိုးတိုးေလးေျပာရင္း ႏွစ္သိမ့္ေပးေနခဲ့သည္။ မိုရိခ်န္က ေဘးမွာ ေနရင္း အနည္းငယ္ ထိန္းေပးလိုက္သည္။ တကယ္အဆင္ေျပရဲ႕လားဆိုတာ ေသခ်ာေအာင္ ခဏေလာက္ ေစာင့္ၾကည့္ၿပီးမွ သူ႕အစ္ကိုႀကီးရဲ႕ လက္႐ွိအေျခအေနႏွင့္ လူနာခန္းထဲကို သြားလို႔ရမလားလို႔ ဆရာဝန္ကို လွည့္ေမးလိုက္သည္။
ခ်န္ေက်ာင္က စုေဝးေနတဲ့လူအုပ္ထဲမွ ထြက္လာၿပီး မိုရိယန္႐ွိေနတဲ့ လူနာခန္းတံခါးဆီသို႔ သြားလိုက္သည္။ ေဆး႐ုံကုတင္ေပၚတြင္ လဲေလ်ာင္းေနတဲ့လူကို ျမင္ႏိုင္ေစဖို႔က စတုဂံပုံ မွန္ျပတင္းေပါက္ငယ္တစ္ခုသာ ႐ွိသည္။
သူက မေနႏိုင္ေတာ့ဘဲ ေ႐ွ႕ကို မွီလိုက္သည္။ ဒီတစ္ႀကိမ္ေတာ့ မ်က္လုံးေတြ တင္းတင္းမွိတ္ထားတဲ့ မိုရိယန္ရဲ႕မ်က္ႏွာကို ၾကည္လင္ျပတ္သားစြာ ျမင္ႏိုင္ခဲ့သည္။ သူအႀကိမ္ေပါင္းမ်ားစြာ အိမ္မက္မက္ခဲ့ဖူးတဲ့အတိုင္း ေအးစက္ကာ ေခ်ာေမာေနခဲ့သည္။
ဒါေပမယ့္ ဒီလူက သူ႕အတြက္ ခမ္းနားလြန္းတယ္ဆိုတာ သူသိသည္။ တစ္ခါတစ္ေလ သူေမွ်ာ္လင့္မိေလေလ စိတ္ပ်က္ရေလေလ ျဖစ္လာတာေၾကာင့္ ႏွစ္မ်ားစြာၾကာလာတာႏွင့္အမွ် သူ႕ေမွ်ာ္လင့္ခ်က္ေတြကို ေလွ်ာ့ခ်တတ္ဖို႔ သင္ယူခဲ့ကာ သူ႕အခ်စ္ကို ႏွလုံးသားေအာက္ေျခမွာ ျမႇဳပ္ႏွံထားလိုက္ေတာ့သည္။
"ေလာေလာဆယ္ေတာ့ လူနာခန္းထဲမွာ လူသိပ္မမ်ားသင့္ပါဘူး။ လာေတြ႕ခ်င္တယ္ဆိုရင္ေတာ့ တစ္ႀကိမ္မွာ လူႏွစ္ေယာက္ထက္ ပိုမေနသင့္ဘူး။ လူနာကို ဦးေႏွာက္စကင္န္လုပ္ထားေပမယ့္ မူမမွန္တာမေတြ႕ရေသးဘူး။သူ႕ေရာဂါနဲ႔ ဆက္တိုက္ခ်ိဳ႕ယြင္းလာတာေတြရဲ႕ အဓိကအေၾကာင္းရင္းက သူ႕စိတ္ေၾကာင့္ပဲလို႔ ကြၽန္ေတာ္တို႔ ယူဆထားပါတယ္"
ဒီတစ္ခါေတာ့ ဆရာဝန္ရဲ႕ နိဂုံးခ်ဳပ္မွတ္ခ်က္က အရင္က ေျပာခဲ့တဲ့သူေတြနဲ႔ မတူေပမယ့္ စိတ္ပိုင္းဆိုင္ရာ အေၾကာင္းရင္းက ဘာဆိုတာကို ဘယ္သူမွ မသိႏိုင္တာေၾကာင့္ ဒါက သူတို႔ကို ေမွ်ာ္လင့္ခ်က္ေတြ စြန္႔လႊတ္ေစခဲ့ျခင္း ျဖစ္သည္။
"ဒုတိယအစ္ကို ကြၽန္ေတာ္ ေမေမနဲ႔အတူ အရင္သြားၾကည့္လိုက္မယ္"
မိုရိ႐ႈက သူ႕အေမရဲ႕ပခုံးကို ေပြ႕ဖက္လိုက္သည္။
"ေကာင္းၿပီ"
မိုရိခ်န္ရဲ႕ အၾကည့္ေတြက တံခါးနားမွာရပ္ေနၿပီး ျဖဴေဖ်ာ့ေနတဲ့ ခ်န္ေက်ာင္ဆီ ေရာက္သြားကာ ပါးစပ္ဟလိုက္ေပမယ့္ ဘာမွမေျပာျဖစ္လိုက္ေပ။
ခ်န္ေက်ာင္က ေငးေနေသးသျဖင့္ မိုရိ႐ႈႏွင့္ ေမေမမိုတို႔က ခဏေလာက္ အံ့ၾသသြားရင္း သူတို႔ေလွ်ာက္လာတဲ့အခါ သူက အျမန္ေဘးဖယ္ေပးလိုက္ၿပီး သူတို႔က တံခါးကိုဖြင့္ကာ စကၠန္႔အနည္းငယ္ၾကာၿပီးေနာက္ ပိတ္လိုက္ၾကသည္။ မိုရိ႐ႈရဲ႕ျမင့္မားတဲ့ ေနာက္ေက်ာက ကုတင္ေပၚ႐ွိ မိုရိယန္ကို ပိတ္ဆို႔လိုက္စဥ္ သူက ေနာက္တစ္ႀကိမ္ ပါးစပ္ပိတ္သြားခဲ့သည္။
"ခ်န္ေက်ာင္"
မိုရိခ်န္က လွမ္းေခၚလိုက္သည္။
ခ်န္ေက်ာင္က သူ႕ကိုယ္သူ ေမ့သြားေၾကာင္း ႐ုတ္တရက္ နားလည္သြားတဲ့အခါ သူ႕မ်က္ႏွာကို အျမန္သုတ္လိုက္သည္။ "အစ္ကိုမို"
"အစ္ကိုႀကီးကို ေတြ႕တုန္းက သူ႕ဖုန္းက 'Galaxy'သီခ်င္းတစ္ပုဒ္တည္းကိုပဲ ဖြင့္ထားတာေၾကာင့္ ဒီသီခ်င္းကို အရမ္းႀကိဳက္ပုံရတယ္လို႔ အိမ္ေတာ္ထိန္းက ေျပာခဲ့တယ္"
မိုရိခ်န္က ဘယ္သူ႕ရဲ႕ခံစားခ်က္ကိုမွ ဝင္မစြက္ဖက္ဖို႔ စည္းမ်ဥ္းတစ္ခု႐ွိခဲ့ေပမယ့္ ဒီေန႔ဒီအခ်ိန္မွာေတာ့ သူ ခ်န္ေက်ာင္ကို ႏွစ္သိမ့္ေပးခ်င္ခဲ့သည္။
ခ်န္ေက်ာင္ရဲ႕ မ်က္လုံးေတြထဲတြင္ ထိတ္လန္႔တၾကားႏွင့္ တုန္လႈပ္သြားခဲ့ၿပီး ေနာက္ဆုံးတြင္ သူက ေျပာလိုက္သည္။ " ကြၽန္ေတာ္...ကြၽန္ေတာ္ နားလည္ပါၿပီ"
မိုရိခ်န္က ထပ္ေျပာလိုက္သည္။ "အစ္ကိုႀကီးက ဒီတစ္ခါ ေဆး႐ုံမွာ ရက္အေတာ္ၾကာေအာင္ ေနရမွာကို စိုးရိမ္မိေပမယ့္ ကြၽန္ေတာ့္ရဲ႕ အခ်ိန္ဇယားက အေတာ္ေလး အလုပ္႐ႈပ္ေနတယ္။ ဒီကို မၾကာခဏ လာဖို႔ မင္းကိုပဲ အားကိုးရေတာ့မယ္"
အက်ႌလက္ေတြထဲကို က်ံဳ႕ဝင္သြားတဲ့ ခ်န္ေက်ာင္ရဲ႕လက္ေတြက ႐ုတ္တရက္ လက္သီးဆုပ္လိုက္ၿပီး သူ႕အသံက အနည္းငယ္တုန္ယင္ေနခဲ့သည္။ "ေကာင္း...ေကာင္းပါၿပီ"