My Bad Brother(Completed)
By xiaotiantian433
283K 9.7K 153
OC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။ More
Intro
part-1
Part-3
part-4
Part-5
Part-6
La Yaike Nway
Shin Khant T
part-7
Part-8
Part-9
Part-10
part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
part-23
part-24
Part-25
Part-26
Part-27
Part-28
♥️
part-29
Fianl
❤️
New Fic
Part-2
10.3K 392 5
By xiaotiantian433
December လဖြစ်တဲ့စာသင်နှစ်ထက်ဝက်ကျိုးမှာကျောင်းပြောင်းလိုက်ရတာကြောင့်လရိပ်အဖို့စာတွေအများကြီးမှီအောင်လိုက်ရသည်။အဆင်မြင့်ကျောင်းဖြစ်တာကြောင့်အစိုးရကျောင်းနှင့်သင်ကြားမှုကကွဲထွက်နေပေမယ့် ချမ်းသာသူများဖြစ်တာကြောင့်အချိန်ပိုတွေယူပြီးစာကိုလိုက်နိုင်ခဲ့သည်။လရိပ်အလွန်ဝမ်းသာမိသည်။သူ့ရည်မှန်းချက်ကဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီးဒီလိုထောက်ပံ့ပေးပုံမျိုးနဲ့ဆိုသူဆရာဝန်မဖြစ်နိုင်စရာအကြောင်းမရှိ။သို့ပေမယ့်ဘယ်အရာမဆိုဖြောင့်ဖြူးနေသည်ဆိုတာကရှားသည်မဟုတ်လား။ဒါလူ့ဘဝရဲ့ပုံသေနည်းပဲလေ။သူစာအုပ်တွေယူကာအခန်းထဲသို့ဝင်ပြီးစာလုပ်ရန်ပြင်လိုက်စဉ်တစ်ဖက်အခန်းတံခါးဝမှာရပ်ကာသူ့ကိုကြည့်နေသည့်မျက်လုံးမှေးမှေးစူးစူး။ထို၅နှစ်သားကလေးကနှဖူးမှာဝဲနေသည့် ဆံပင်ကောက်လိပ်ကြီးကိုသပ်တင်ရင်းသူ့နားလျှောက်လာကာ..
“၇နာရီပဲရှိသေးတယ်။အခန်းထဲဝင်တော့မလို့လား”
“ငါစာလုပ်စရာရှိသေးလို့ပါပါးကလဲခွင့်ပြုတယ်”
“ဒါပေါ့ငါ့ပါပါးကစာကြိုးစားရင်သဘောကျတယ်လေ။မင်းကသာစာကိုဗန်းပြပြီးရေသာခိုနေတာ”
“ရှင်းခန့်!”
“ဘာလဲစပ်သွားတာလား!”
“မင်းကလူငယ်သလောက်အပြောမယဉ်ကျေးလိုက်တာ”
“ပါပါးသားကိုစော်ကားရင် ပါပါးကိုစော်ကားတာနဲ့အတူတူပဲဆိုတာသိလား”
“မင်း!”
“သိမှာမဟုတ်ပါဘူး။တောသား”
လရိပ်လက်သီးတွေကျစ်နေအောင်ဆုပ်ကာအံကိုကြိတ်ထားလိုက်လေသည်။ဒါဟာအနှောက်ယှက်ပဲ။ဘယ်အနှောက်ယှက်ကမှသူ့ရည်မှန်းချက်ကိုပျက်စီးခွင့်မပေးနိုင်ဘူးဟုတွေးပြီးအခန်းတံခါးပိတ်ကာစာကိုသာအာရုံစိုက်နေလိုက်သည်။
---------
”ပါပါး!”
“သားရှင်းခန့် အအေးသောက်ချင်လို့လား”
“မဟုတ်ဘူး လရိပ် အဲ..အစ်ကိုကလေစကားပြောတာရိုင်းတယ်”
“သားရာယ် သည်းခံပေးလိုက်ပါနောက်တော့ပြောင်းသွားမှာပေါ့။သူတို့ဆီမှာကတိုင်းရင်းသားတွေပေါတယ်မဟုတ်လား။စကားပြောပွင့်လင်းတာဖြစ်မှာပါ”
“ဒါဆိုသား သူ့ကိုသင်ပေးလို့ရလား”
“ဟားဟား..သားကအစ်ကို့ကိုသဘောကျတဲ့ပုံပဲ ပါပါးဝမ်းသာတယ်”
ရှင်းခန့်ကခပ်ညစ်ညစ်ပြုံးကာလရိပ်အခန်းဆီသို့တတ်သွားလေ၏။
'ဒုန်း ဒုန်း ဒုန်း'
အခန်းတံခါးဆက်တိုက်ထုနေတာကြောင့်လရိပ်ထွက်လာလေ၏။လရိပ်ကညဝတ်အင်္ကျီမိုးပြာရောင်ဝမ်းဆက်လေးဝတ်ထားပြီးအသားကဖြူလွန်းလို့ရဲပင်ရဲနေသည်။ဒါကိုရှင်းခန့်က‌ခေါင်းစခြေဆုံးတစ်ချက်ကြည့်ပြီးအခန်းထဲသို့ပိုင်စိုးပိုင်နင်းဝင်သွားလေ၏။
“ရှင်းခန့်မင်းဘာလုပ်မလို့လဲ”
“ဒါငါ့အိမ် ငါဝင်ချင်တဲ့နေရာဝင်မယ်ထွက်ချင်တဲ့နေရာထွက်မယ်”
“မင်းရောအိမ်စာတွေဘာတွေမရှိဘူးလားရှင်းခန့်”
“သူငယ်တန်းစာလေးကိုငါကဘာလို့အချိန်တွေအများကြီးပေးပြီးလုပ်နေရမှာလဲ။မင်းကသာမင်းအသက်အရွယ်နဲ့၃တန်းစာလေးကိုတက္ကသိုလ်စာလိုဟန်လုပ်နေတာ”
တော်သေးတာပေါ့သူ့ကိုယ်သူ သူငယ်တန်းမှန်းသိသေးတာပဲ။ပြောသမျှစကားတွေကလုံးဝကို ၅နှစ်သားနဲ့မတူတာ။
လရိပ်စာလုပ်နေတာကိုအမျိုးမျိုးစကားနာထိုးရင်းနှင့်ခုံပေါ်မှာပင်အိပ်ပျော်သွားခဲ့သည်။သူအိပ်ပျော်သွားတော့မှလရိပ်လဲနားထဲတွင်ထည့်ထားသောဂွမ်းကိုထုတ်လိုက်လေ၏။ဒါလရိပ်ညတိုင်းကြုံနေရသည့်ပြသနာပင်။ပါးဖောင်းဖောင်းနှင့်ဆံပင်ကောက်ကြီးတွေနှင့်အိပ်ပျော်‌နေသူကချစ်စရာကောင်းလှပါသည်။သို့ပေမယ့်မိဘတွေကအလိုလိုက်ထားလို့လားရိုင်းတာတော့အမှန်ပင်။သူကလူတိုင်းအပေါ်မှာရိုင်းပေမယ့်သူ့ပါပါးရှေ့မှာတော့ယုန်သူငယ်လေးအတိုင်းပင်။သူ့အားမကာအခန်းထဲသို့ရွှေ့ပေးလျှင်လဲမနက်ဆိုပြသနာရှာခံရတာကြောင့်ဒီအတိုင်းပင်ထားပြီးအိပ်လိုက်လေ၏။သို့ပေမယ့်တစ်ရေးနိုးတော့ထိုငနဲလေးကသူ့ကုတင်မှာရောက်နေသည်။တစ်ယောက်အိပ်ကုတင်လေးဖြစ်ပြီးဖြဲကားအိပ်တာကြောင့် လရိပ်မှာတစ်ညတွင်း ၃ကြိမ်၄ကြိမ်လောက်နိုးလာရသည်။ဒါဟာလဲသူလရိပ်ကိုဒုက္ခပေးချင်လို့ညတိုင်းလုပ်နေကြအကွက်တွေပင်။
--------
ထိုပြသနာရှာခံရသည့်အတိုင်းတာက၅နှစ်သား၊အလွန်ဆုံးဆယ်နှစ်သားလောက်ပဲလရိပ်သည်းခံနိုင်လိမ့်မည်။ဆယ်ကျော်သက်အရွယ်တက္ကသိုလ်ကျောင်းသားဘဝအထိတော့လရိပ်သည်းမခံနိုင်ခဲ့ပါ။ဒါချစ်စရာကောင်းတဲ့အပြုမူတစ်ခုမဟုတ်ပါလေ။သို့ပေမယ့် အသက်ကြီးတဲ့အထိအဲ့သည်လိုအနှောက်ယှက်ခံလာရတော့ လရိပ်စိတ်တွေညစ်လာသည်။ထိုအနှောက်ယှက်ကြားမှ ဆေးကျောင်းကိုတတ်နိုင်အောင်ကြိုးစားနိုင်ခဲ့သည်။ပါပါးကပို၍အလုပ်များပြီးအိမ်မှာပင်မရှိတာများတော့ပိုလို့တောင်အတင့်ရဲလာသည်။
---------
လရိပ်တစ်ယောက်စာသင်ခန်းထဲတွင် ရွှေရောင်ကိုင်းလေးနှင့်မျက်မျက်လေးကိုလက်ခလယ်လေးနှင့်အသာပင့်တင်လျှက်စာတွေကိုအာရုံစိုက်နေစဉ်သူငယ်ချင်ရဲဖြိုးကသူ့အားလက်တို့ကာ..
“ဟိုမှာ မင်းရဲ့ညီမဟုတ်လား”
လရိပ်ရင်ထဲထိတ်ကနဲဖြစ်သွားရသည်။သူဘာလာလုပ်ပြန်ပြီလဲ။လရိပ်မထမချင်းသူပြန်မှာမဟုတ်တာကြောင့်ထသွားလိုက်ရသည်။
“ဘာကိစ္စလဲ”
“အိမ်ပြန်ချိန်ဆိုတာကိုမသိလို့မေးနေတာမဟုတ်ပါဘူးနော်”
“ငါခဏနေမှပြန်လာမယ်”
နာရီဝက်တစ်နာရီလောက်အချိန်ဆွဲပြီးအိမ်မပြန်ပဲစာလုပ်မည်ဟုတွေးထားသော်လည်းထိုအဖျက်ကောင်လေးကရောက်လာပြီ။သူကတော့စာလုပ်စရာဘယ်လိုမလဲသမိုင်းမေဂျာတဲ့လေ။အင်းပေါ့လေသူ့အတွက်ကဒီလောက်ကြိုးစားစရာမှမလိုတာသူ့အဖေကသုံးမကုန်အောင်ရှာထားတာပဲ။ကိုယ်ကတော့ကိုယ့်ဘဝအာမခံချက်အတွက်ကိုယ်တိုင်ကြိုးစားမှရမှာလေ။
“ခင်ဗျားကိုစောင့်နေရတာနဲ့ကျုပ်ပါအိမ်ပြန်နောက်ကျနေပြီ။”
လရိပ်လည်းစာအုပ်တွေကိုအိတ်ထဲထည့်ကာလာကြိုသည့်ကားပေါ်တတ်လိုက်လေသည်။ရှင်းခန့်ပုံစံက ငယ်တုန်းကသာချစ်စရာကောင်းတာ။အသက်ကြီးလာတဲ့အခါမှာတော့အမြင်ကတ်စရာကောင်းလှသည်။ခေါင်းပေါ်ကဆံပင်ကောက်ကြီးတွေကိုဘယ်တော့မှပြောင်ရှင်းတဲ့အထိမညှပ်။မျက်လုံးမှေးတွေကလဲအမြဲလိုလိုစူးစူးရဲရဲနှင့်ကြည့်နေတတ်ပြီးဆေးလိပ်တွေသောက်ထားသဖြင့်နှုတ်ခမ်းမထူမပါးတို့မှာညိုလျှက်ရှိသည်။ယောက်ျားဆန်သည့်မေးရိုးနှင့်သူ့မျက်နှာပုံပန်းသဏ္ဍန်ကလိုက်ဖက်လျှက်ရှိပြီးမိန်းကလေးတွေအသဲစွဲဆိုပေမယ့် လရိပ်အတွက်တော့အမြဲမုန်းစရာကောင်းနေ၏။
ရှင်းခန့်အမြင်မှာတော့လရိပ်ကအသားလွတ်ဘဝင်မြင့်နေသည့်လူပင်။ဆေးကျောင်းတတ်ခွင့်ရတယ်ဆိုပြီးပါပါးရဲ့ချီးကျုးမှုကိုခံရတာကြောင့်သူ့ကိုတစ်စက်လေးမှအရေးမလုပ်။ကိုယ်ကသားအရင်းလားသူကသားအရင်းလားတစ်ခါတစ်လေကိုယ်တိုင်တောင်ဇဝေဇဝါဖြစ်မိသည်။ကြည့်နေပါခင်ဗျားကိုအကြောပေးထားဦးမယ်။ခင်ဗျားကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတဲ့တစ်နေ့ကျုပ်ဘယ်လိုလုပ်မလဲကြည့်နေလိုက်။
ရှင်းခန့်ခပ်ညစ်ညစ်ပြုံးကာကြည့်နေတော့လရိပ်ကလည်းတစ်ချက်စေ့စေ့ပြန်ကြည့်လိုက်၏။
*အဲ့အကြည့်နဲ့ ပြန်မကြည့်ရဲတဲ့တစ်နေ့ရောက်လာမှာလရိပ်*
“ခင်ဗျားကျောင်းမှာမိန်းကလေးတစ်ယောက်နဲ့အသံထွက်နေတယ်”
“ဘာ!”
ကျောင်းမှာရွှေရည်ဆိုသည့်အတန်းဖေါ်လေးနှင့်သူနှင့်တစ်ကယ်ကိုရင်းနှီးနေသည်။တစ်ချို့ဆိုချစ်သူတွေလို့တောင်ထင်နေသည့်အထိပင်။လရိပ်ကိုယ်တိုင်ကလဲရွှေရည့်အပေါ်မရိုးသားတဲ့ခံစားချက်တွေရှိနေမိသည်။ထိုအကြောင်းကိုရှင်းခန့်ကဘယ်လိုသိသွားတာလဲ။ပါပါးသိရင်ဆူတော့မှာပဲဟုတွေးလျှက်လရိပ်ပြာသွားရလေ၏။
အိမ်ရောက်တာနဲ့တွေးထားသည့်အတိုင်းရှင်းခန့်ကဦးအောင်တိုင်လေ၏။
“ပါပါး သားတို့ကရိုးရိုးသူငယ်ချင်းပါ”
“ပါပါးဘာမှတော့မပြောချင်ဘူး။အခုသားကကျောင်းတတ်နေတုန်းဆိုတော့ဒါတွေမစဉ်းစားစေချင်ဘူး”
“ဟုတ် သားဆင်ခြင်ပါ့မယ်ပါပါး”
လရိပ်ဒေါသတွေထွက်လွန်းလို့မျက်နှာတစ်ခုလုံးရဲတတ်နေသည်။ပါပါးအထင်သေးသွားမလားအရမ်းကြောက်တာကြောက်ပင်။ရှင်းခန့်သူအတော်လွန်နေပြီ။ဒါကြောင့်အိမ်ပေါ်ထပ်ရောက်တာနဲ့ရှင်းခန့်ကျောကိုတွန်းလိုက်ပြီး..
“မင်းမဟုတ်တာတွေပါပါးကိုလျှောက်မပြောနဲ့”
“ခင်ဗျား ကျုပ်ကိုတွန်းတယ်”
“တွန်းတာမဟုတ်ဘူး မင်းကိုလှမ်းခေါ်တာပဲမင်းကရပ်လိုက်တာ”
“အဟက် ထားပါတော့ပြန်လုပ်ရင်လဲတစ်ကိုင်စာပဲရှိတယ်”
သူဟာလရိပ်နှင့်အရပ်လည်ပယ်ဆိုပေမယ့်ရင်ဘက်တွေလက်ဖျံတွေကတောင့်တင်းလေ၏။ဒါကြောင့်လေသံကိုအနည်းငယ်လျှော့လိုက်ရလေသည်။
“မင်းရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်တွဲနေတာကိုတော့ငါပြန်မပြောဘူးနော်”
“ပြောချင်လဲပြောပေါ့ကျုပ်ကလုပ်ရဲရင်ခံရဲတယ်”
ရှင်းခန့်ကဂျစ်ကန်ကန်ကြည့်ကာ လရိပ်အခန်းထဲသို့ဝင်အိပ်လိုက်လေသည်။လရိပ်ကုတင်အောက်မှာအိပ်နေရသည့်နေရက်တွေကနှစ်နဲ့ပင်ချီနေခဲ့လေပြီ။ကုတင်ကသူတစ်ယောက်တည်းနှင့်ဖြဲကားအိပ်ကာပြည့်နေလေ၏။
*ရှင်းခန့် မင်းဘယ်ချိန်ထိငါ့ကို တောက်! *
Zawgyi
“ရှင်းခန့်!”
“ဘာလဲစပ်သွားတာလား!”
“မင်း!”
“သိမှာမဟုတ်ပါဘူး။တောသား”
---------
”ပါပါး!”
'ဒုန်း ဒုန်း ဒုန်း'
--------
---------
“ဘာကိစ္စလဲ”
“ငါခဏနေမှပြန်လာမယ်”
“ဘာ!”
Continue Reading
You'll Also Like
180K 5.2K 94
A villainess known by all as a wicked woman who has done all sorts of evil deeds-Ducal Lady Violet. She regained her memories of her previous life af...
18.6K 1.5K 31
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...
320K 55.8K 118
Associated name-新时代新冥界 AUTHOR-林知落(Lin Zhi Luo) Total Chapters- 134+10extras
43K 1K 20
To some, she was just another princess who was kind, generous and had ethereal beauty. To the smallfolk, she was a dream and too good to share blood...