My Bad Brother(Completed)
Da xiaotiantian433
258K 9.4K 153
OC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။ Altro
Intro
Part-2
Part-3
part-4
Part-5
Part-6
La Yaike Nway
Shin Khant T
part-7
Part-8
Part-9
Part-10
part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
part-23
part-24
Part-25
Part-26
Part-27
Part-28
♥️
part-29
Fianl
❤️
New Fic
part-1
18.3K 478 3
Da xiaotiantian433
တိတ်ဆိတ်တဲ့ညတစ်ည၊ယိုယွင်းနေသည့်တဲအိုလေးထဲမှကောင်းကင်ပေါ်ကလမင်းကြီးကိုငေးကြည့်နေသည်။ဒီဇင်ဘာည၏အအေးဓာတ်ကိုသူ၏အင်္ကျီအပါးလေးကမကာကွယ်ပေးနိုင်ပါ။ထို့ပြင်အိပ်ယာနှင့်ဆောင်တို့ဟာလည်းတစ်ကိုယ်စာသာရှိတာမို့သူ့အားအနွေးဓာတ်ကောင်းကောင်းမရစေပါ။
မေမေသာရှိသေးရင်အရမ်းကောင်းမှာပဲ သားမိနှစ်ယောက်ခုချိန်ဖက်အိပ်နေရင်နွေးနေမှာပဲ။မေမေက မနေ့ကလေးတင်ဈေးရောင်းအပြန်ကားတိုက်ခံရလို့ဆုံးသွားခဲ့ပြီ။တစ်ကောင်ကြွက်တစ်မျက်နှာကျန်ခဲ့သည့်သူ့ကိုမနက်ဖြန်လူချမ်းသာတစ်ယောက်ကမွေးစားဖို့လာခေါ်မယ်တဲ့လေ။ဘေးလူတွေဝိုင်းပြောကြတာကလရိပ်လေးကံကောင်းလိုက်တာတဲ့လေ။ဒါပေမယ့်လရိပ်ဖြစ်နိုင်ရင်မေမေကိုပဲပြန်လိုချင်သည်။
“လရိပ်...လရိပ်”
အိမ်ရှေ့ကအော်ခေါ်သံကြောင့်လရိပ်နိုးလာပြီးမျက်လုံးလေးတွေအားယူဖွင့်လိုက်သည်။
“လေးလေးမိုးလေး”
လေးလေးမိုးလေးဆိုသူမှာလရိပ်၏အိမ်နီးချင်းဖြစ်ပြီးသူတို့လိုပဲဈေးသည်တစ်ယောက်ဖြစ်သည်။ငယ်မွေးခြံပေါက်ဖြစ်‌တာကြောင့်အတော်လေးလဲသံယောဇာဉ်တွယ်ရှာ၏။
“သားလေးဒီဦးလေးကြီးတွေနဲ့လိုက်သွားနော်။လေးလေးမကြာခဏလာကြည့်မယ်”
လေးလေးမိုးလေးညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ ကားအနက်ရောင်ဘေးမှာရပ်နေသည့်အသက်၅၀ခန့်လူကြီးတစ်ယောက်။ထိုလူကြီး၏မျက်နှာမှာဖေါ်ရွေဟန်ရှိပြီးအပြုံးချိုချိုတို့ကိုဆင်မြန်းထားတာကြောင့် လရိပ်ရင်ထဲနွေးထွေးသွားရသည်။
“လေးလေးမိုးလေး ကျန်းမာရေးဂရုစိုက်နော်။ကျွန်တော်သာအလုပ်လုပ်နိုင်တဲ့အရွယ်ဆိုမလိုက်သွားပါဘူး။အခုနေမလိုက်သွားရင်လေးလေးတို့ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိုးလို့ပါ”
“ဒါပေါ့ငါ‌တို့မင်းကိုတာဝန်မယူနိုင်ဘူးလေကွားဟားဟား”
လေးလေးမိုးလေးကကျချင်သည့်မျက်ရည်များကိုဟန်ဆောင်အပြုံးဖြင့်ဖုံးလို့က်ကာသူ့အားကားပေါ်သို့တင်ပေးလိုက်လေသည်။
လရိပ်တို့စီးလာသည့်ကားအနက်လေးကမော်လမြိုင်မှရန်ကုန်မြို့သို့မောင်းနှင်လာခဲ့လေ၏။ရန်ကုန်မြို့ကြီးကိုရောက်ဖူးတော့မည်ဆိုတဲ့အသိကလဲ လရိပ်ကိုစိတ်လှုပ်ရှားစေသည်။
သူအပြင်ကိုငေးကြည့်နေစဉ်မှာပဲ အရှေ့မှာထိုင်နေသည့်သူ့အားမွေးစားသူက..
“မိတ်ဆက်ရအောင် ဦးလေးနာမည်ကဦးထင်လင်းပါ”
“ဟုတ်.ကျွန်တော့်နာမည်ကလရိပ်နွေးပါ။အသက်က ၁၀နှစ်”
“ဟုတ်လား ဦးမှာသားတစ်ယောက်ရှိတယ်။သူ့အသက်က၅နှစ်၊သူမှာအမေကမရှိတော့ဘူးဆိုတော့သနားပြီးအလိုလိုက်ထားတာ တော်တော်တော့ဆိုးတယ်”
“ရပါတယ်။သားညီလေးလိုသဘောထားပါ့မယ်။ဒါနဲ့ သားနာမည်တောင်မသိပဲဦးလေးကဘာလို့မွေးစားတာလဲ”
ထိုအခါဦးထင်လင်းမျက်နှာအနဲငယ်ပျက်သွားသည်။
“လူတွေပြောနေကြတယ်မိဘတွေမရှိတော့လို့ ကလေးလေးတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတာနဲ့ဦးလေးသားကိုပြေးမြင်မိပြီးမင်းကိုကရုဏာဖြစ်မိသွားလို့ပါ”
ဘာဖြစ်ဖြစ်ဦးထင်လင်းကလူဆိုးပုံတော့မပေါ်တာကြောင့်သူကြောက်ရွိံ့စိတ်တော့မဖြစ်မိ။
ထိုကားအနက်လေးရပ်လိုက်သည့်အိမ်ရှေ့က၃ထပ်အိမ်ကြီးဖြစ်ပြီးခြံကြီးမှာလည်းအလွန်ကျယ်ဝန်းလှသည်။နောက်ဆုံးပေါ်ကားတွေဟာလဲခြံထဲမှာခန့်ညားစွာနေရာယူထား၏။
လရိပ်ပါးစပ်အဟောင်းသားဖြင့်အံ့သြလျှက်အိမ်ထဲသို့ဝင်လာချိန်လာချိန်မှာတော့ အေးစက်သောမျက်လုံးတစ်စုံနှင့်ဆုံမိရာခန္တာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။ထိုအကြည့်ပိုင်ရှင်ကဦးထင်လင်း၏သား၅နှစ်အရွယ်ကလေးဖြစ်လိမ့်မည်။လူကငယ်ပေမယ့်သူ့အကြည့်တွေကပါဝါအပြည့်။လရိပ်ကိုမြင်မြင်ချင်းသူ့၏အသံစူးစူးလေးဖြင့်..
“ပါပါး သူကဘယ်သူလဲ”
“သားသား အခုကစပြီးသားသားမှာအစ်ကိုရှိသွားပြီ”
“စုတ်ပြတ်နေတာပဲ”
သူ့အပြောကြောင့်လရိပ်ရှက်သွားပြီးဦးထင်လင်းမှာလဲမျက်နှာပျက်သွားလေ၏။
“သားသားအဲ့လိုမပြောရဘူလေ။လရိပ်ဦးလေးကားပေါ်မှာသတိပေးခဲ့...”
“ရပါတယ်ဗျ။ကျွန်တော်ဘယ်မှာနေရမလဲ”
အိမ်ကြီး၏အပေါ်ထပ်ကိုတက်သွားပြီး သားဖြစ်သူ၏ကပ်ရပ်အခန်းမှာနေရာစီစဉ်ပေးထားလေ၏။ဦးထင်လင်းက သူ့အားသားအရင်းသဖွယ်အစစအရာရာတန်းတူပြင်ဆင်ပေးထားတာကိုလည်းသူတွေ့ရလေ၏။သို့ပေမယ့်ဟိုကောင်လေး....
လရိပ်အိမ်ပေါ်ထပ်ကလှမ်းကြည့်တော့ကောင်လေးကလူကြီးစတိုင်ခုံမှာခြေထောက်ခြိတ်ပြီးတစ်ခုခုစဉ်းစားနေ၏။သူ့ကိုမမြင်ခင်သာလရိပ်စိတ်ထဲမှာညီလေးတစ်ယောက်ရပြီဟုတွေးပျော်ခဲ့ရာယခုမှာတော့မျက်နှာကစူပုတ်အပြောကဆိုးဒီကြားထဲခေါင်းပေါ်ကဆံပင်ကောက်လိပ်‌ကြီးတွေနဲ့အရုပ်သရဲလိုအမြင်ကပ်စရာလေး။ထိုစဉ်မှာပဲကောင်လေးကအပေါ်ထပ်ကိုကြည့်လာသဖြင့်သူပုန်းလိုက်ရသည်။
“ပါပါး!”
“ဟေး..သားလေးပြောလေ၊ဗိုက်ဆာလို့လား”
“သူကရောကျောင်းတတ်မှာလား”
“ဒါပေါ့ ကိုကိုကသားထက်အတန်းကြီးတယ်”
“ကျောင်းကရော”
“ကျောင်းကသားနဲ့အတူတူပဲအပ်လိုက်မယ်လေ သားအဖေါ်ရအောင်”
“ကျောင်းမှာသူ့ကိုသားအစ်ကိုလို့မပြောနဲ့နော်”
“သားရာယ်တိုးတိုးပြောပါကိုကိုစိတ်မကောင်းဖြစ်နေပါဦးမယ်”
ထိုကောင်လေးကစူပုတ်ပုတ်နှင့်ခြံပြင်သို့ထွက်သွားတာကိုလရိပ်မြင်လိုက်ရသည်။
------------
ကျောင်းကလူချမ်းသာတွေပဲတတ်တဲ့ကိုယ်ပိုင်ကျောင်းဟုဆိုကာလရိပ်အရင်ကဝတ်ခဲ့သလိုအဖြူနှင့်အစိမ်းမဟုတ်ပဲ အင်္ကျီအဖြူနှင့်ဘောင်းဘီခဲရောင်အရှည်ဖြစ်သည်။လရိပ်ကအသက်ဆယ်နှစ်ဆိုပေမယ့်မိသားစုမပြေလည်တာကြောင့်အခုမှ၃တန်းတတ်ရမည်ဖြစ်သည်။ဖခင်ဖြစ်သူကျောင်းအပ်တာကိုသူတို့အပြင်မှာစောင့်နေရင်း လရိပ်က ကောင်လေးနားမရဲတရဲကပ်သွားကာ...
“ညီ ညီလေးနာမည်ဘယ်လိုခေါ်တာလဲ”
ထိုအခါကောင်လေးကပေစောင်းစောင်းကြည့်လာပြီး..
“ငါကမင်းကိုဘာလို့ပြောပြရမှာလဲ”
လရိပ်မျက်နှာလေးပျက်သွားပြီးနောက်..
“ရှင်းခန့်တည် ဒီကိုခဏလာပါဦး”
‌ဆရာမတစ်ဦး၏အော်ခေါ်သံကြောင့် ကောင်လေးကလရိပ်အားမျက်စောင်းထိုးလျှက်စုပ်သက်ကာထွက်သွားလေ၏။
“သူ့နာမည်ကရှင်းခန့်တည်ပေါ့”
ခဏနေတော့သားအဖနှစ်ယောက်လုံးပြန်ထွက်လာသည်။
“သား လရိပ်နောက်တစ်ပတ်ကစပြီးကျောင်းတတ်ရမယ်”
“ဟုတ်ကဲ့ဦး..”
“ဘယ်လို...ရှင်းခန့်ခေါ်သလိုပါပါးလို့ပဲခေါ်ပါ”
ထိုအခါလရိပ်ကရှင်းခန့်အားမရဲတရဲကြည့်လျှက်.
“ဟုတ် ဟုတ်ကဲ့ ပါပါး”
--------
လရိပ်ကိုစမြင်တုန်းက ရှင်းခန့်စိတ်ပျက်မိသည်။အင်္ကျီစုတ်ပုဆိုးစုတ်နှင့်ဆံပင်စုတ်ဖွားညစ်နွမ်းနွမ်းလူတစ်ယောက်ကိုအစ်ကိုတော်ရမည်တဲ့လား။
သို့ပေမယ့်ဆံပင်ညှပ်ပြီးကျောင်းအင်္ကျီဝတ်လိုက်သည့်အခါမှာတော့အရင်ကပုံစံနှင့်ကွဲထွက်ကာကြည့်ကောင်းသဖြင့်အနည်းငယ်တော့စိတ်ရှုပ်သက်သာသွားသည်။ကားပေါ်တွင်အတူတူလိုက်ပါစီးနင်းလာရင်းရှင်းခန့် လရိပ်မျက်နှာကိုတစ်ချက်ကြည့်လိုက်ရာလရိပ်ကတစ်ဖက်သို့သာမျက်နှာလွှဲထားလေ၏။
လရိ‌ပ်၏မျက်လုံးတို့မှာဝိုင်းစက်စက်ကလေးနှင့်မျက်ရစ်လေးလဲပါရှိသည်။နှာတံစင်းစင်းနှုတ်ခမ်းပါးပါးကြောင့်ရှင်းခန့်ဟွန်းကနဲတစ်ချက်တွန့်ကာမနာလိုဖြစ်သွားလေ၏။
ရှင်းခန့်ကသူ့ခေါင်းပေါ်ကကောက်နေသည့်ဆံပင်၊မျက်ရစ်မရှိသည့်မျက်လုံးတွေကိုအမုန်းဆုံးဖြစ်သည်။လရိပ်ကသူလိုချင်သည့်အလှတရားများကိုပိုင်ဆိုင်ထားတာကြောင့်မနာလိုဖြစ်မိခြင်းပင်။ရှင်းခန့်ကအသားလဲအနည်းငယ်ညိုတာကြောင့်အခုဆိုလရိပ်ကသူ့ထက်ပင်ကိုယ်ရောင်ကိုယ်ဝါပိုတောက်နေသည်ဟုခံစားနေရ၏။
Zawgyi
“လရိပ်...လရိပ်”
“လေးလေးမိုးလေး”
“ပါပါး သူကဘယ်သူလဲ”
“စုတ်ပြတ်နေတာပဲ”
“ပါပါး!”
“ကျောင်းကရော”
------------
“ဟုတ်ကဲ့ဦး..”
“ဟုတ် ဟုတ်ကဲ့ ပါပါး”
--------
Continua a leggere
Ti piacerà anche
55.1K 1.4K 193
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...
192K 4.7K 110
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
1M 43.1K 90
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
64.4K 6.2K 124
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...