Villainess Series 2 ;အဓိကဇာတ်...

By PhuPhuUchiha

18.9K 1.7K 60

I just translate this story.I don't own this story.The author of this story is badlover101❣️. Profile picture... More

၁..ထိတ်လန့်ခြင်း
၂..ပေးအပ်ခြင်း
၃..ရယ်မောမိခြင်း
၄..အိမ်မွေးတိရစ္ဆာန်
၅..လေပြင်း
၆..ဆံညှပ်
၇..နှစ်သိမ့်ပေးခြင်း
၉..အားနည်းခြင်း
၁၀..လက်သည်း
၁၁..ဆိုးရွားသည့်လုပ်ရပ်
၁၂..မျက်လုံးစည်းနဲ့ကလေး
၁၃..ပျော်ရွှင်မှု
၁၄..ကြင်နာသနားခြင်း

၈..အကြောက်အရွံ့ကင်းခြင်း

787 112 4
By PhuPhuUchiha

[Unicode]

သူဒီကိုရောက်လာတယ်!

ငါတို့ရဲ့မျက်နှာဖုံးနက်နဲ့ဒုတိယဇာတ်ဆောင်အတွက် မျက်ရည်မိုးရွာဖို့အဆင်သင့်ပြင်လိုက်ကြစို့!

တရုတ်ဝတ္ထုများတွင် ဒုတိယဇာတ်ဆောင်က အဓိကဇာတ်ဆောင်ရဲ့ သူငယ်ချင်းဖြစ်ရင်ဖြစ်၊မဖြစ်ရင် ညီအစ်ကိုဖြစ် မဟုတ်ရင်လည်းကိုယ်တိုင်ကဗီလိန်ဖြစ်ရင်ဖြစ်။ကောင်းပြီ,ဒီတစ်ခါတော့ ပထမတစ်ခုကိုရွေးချယ်လိုက်တဲ့သွေးစွန်းစာရေးဆရာကိုကျေးဇူးတင်တယ်။

'ကိုယ်လူတို့ သူတို့သာညီအစ်ကိုဆိုခံစားရတာတစ်ကယ်လွယ်မှာမဟုတ်ဘူး'

လူနှစ်ယောက်ကညီအကိုတွေမို့လို့ တူညီမှုတွေအများကြီးရှိပြီး မိန်းမတစ်ယောက်တည်းကိုပဲအတူတူချစ်မိမယ်လို့မဆိုလိုဘူး။

တစ်ကယ်လို့ မိန်းမတစ်ယောက်တည်းကိုပဲချစ်မိသွားတဲ့ ညီအစ်ကိုတွေဆိုရင်လည်းအရမ်းခံစားရခက်တယ်။အဲ့လိုရေးတဲ့စာရေးဆရာတွေဆိုလည်းအရမ်းမုန်းတယ်လို့..

"အို...ခေါင်းဆောင်ဟောက်.. အံ့သြစရာပါလား"လီချာနှုတ်ခမ်းထက်တွင်နတ်ဆိုးအပြုံးတစ်ခုပန်ဆင်လိုက်၏။ထိုအပြုံးက ဒုတိယဇာတ်ဆောင်ကိုနိမ့်ချစွာ ခနဲ့လိုက်သလိုပင်။

ဟောက်ရန်သည်ငါးနှစ်သားအရွယ်တွင်မိဘမဲ့ဖြစ်ခဲ့သည်။ထို့နောက် မြို့စားအိမ်တော်သို့ခေါ်ဆောင်သွားခံရ၍ ယုလန်မြို့စားထောင်မု(ဧကရီထောင်ချီ၏အစ်ကို,အဓိကဇာတ်ဆောင်ကိုအကြီးမားဆုံးထောက်ပံ့ပေးနိုင်သူတစ်ဦး)ရဲ့သင်တန်းသားတစ်ယောက်ဖြစ်လာခဲ့သည်။

မြို့စား၏လမ်းညွှန်မှုအောက်တွင် ဟောက်ရန် သည်မတူညီသောစစ်ရေးစွမ်းရည်များကိုသင်ယူခဲ့ပြီး နိုင်ငံရေးသဘောတရားများကိုလည်း လေ့လာခဲ့သည်။ထို့ကြောင့် ငယ်ရွယ်စဉ်တွင် သူ၏လုပ်ဖော်ကိုင်ဖက်များအားလုံးထက် စစ်ပွဲအကြောင်းကိုပိုမိုနားလည်ခဲ့သည်။သူ၏ အံ့ဖွယ်အကြံဉာဏ်များနှင့်စေ့စပ်သေချာသော နည်းဗျူဟာများကိုအသုံးပြုခြင်းက; ဆယ်ကျော်သက်အရွယ်ဖြင့် တိုက်ပွဲများကိုတစ်ခဏချင်းအနိုင်ယူနိုင်ခဲ့သည်။

အမှန်ပင် ဤဒုတိယဇာတ်ကောင်က အဓိကဇာတ်ကောင်ကိုလွှမ်းမိုးထားသူဖြစ်သည်။အဓိကဇာတ်ဆောင်ရဲ့နေရာကိုလည်း အောင်မြင်စွာ လုယူနိုင်ခဲ့သည်။

အသုံးမဝင်တဲ့အဓိကဇာတ်ဆောင်နဲ့နှိုင်းယှဉ်ပါက ဖရန့်ဇုံအတွင်းနေရတဲ့ဒုတိယဇာတ်ဆောင်ကပြီးပြည့်စုံပြီးယုံကြည်အားကိုးရတဲ့လူတစ်ယောက်ပင်။

ထူးကဲပြီးမြင့်မြတ်တယ်၊ရဲရင့်ပြီးသူရဲကောင်းဆန်တယ်၊ထက်မြက်ပြီးသစ္စာရှိတယ်..စသဖြင့်ဂုဏ်ပုဒ်များစွာနဲ့ထိုက်တန်တဲ့သူ။

ဝတ္ထုထဲတွင် သူသည်အိမ်ရှေ့စံမင်းသားအား တစ်သက်လုံးကူညီထောက်ပံ့ပေးခဲ့သည်။ထိုသို့သော ဖြောင့်မတ်ပြီးတည်ကြည်တဲ့လက္ခဏာက စာဖတ်သူများ၏နှလုံးသားကိုခိုးယူသွားခဲ့သည်။

"ရှင်ကယုလန်မှာရှိသင့်တာမဟုတ်ဘူးလား? နန်းတော်ကနောက်နှစ်ရက် သုံးရက်နေရင်ရှင်ပြန်လာဖို့မျှော်လင့်နေတယ်လို့ကြားတယ်.."

ခေါင်းဆောင်ဟောက်က သူမရဲ့အဖိုးတန်လက်ချောင်းတွေကိုစိုက်ကြည့်နေတာသူမသတိထားမိသွားသည်။သူ့အကြည့်က ထိုလက်ချောင်းတွေကိုဖြတ်ပစ်ဖို့မစောင့်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးပင်။ဒီဗီလိန်မလေး..ဝိညဉ်ထွက်သွားပါပြီလို့..ಥ_ಥ

'ဘုရားရေ!ဒီလူငယ်လေးက ဘာလို့ဒီလောက်တောင်ကြောက်ဖို့ကောင်းနေတာလဲလို့?'ထို့နောက် သူမလက်ကိုဆုပ်ကိုင်ထားတဲ့အဓိကဇာတ်ဆောင်လက်ထဲမှတုံ့ဆိုင်းစွာဆွဲထုတ်လိုက်၏။

လက်ရှိမှာတော့ ဟောက်ရန်၏အသက်က၁၆နှစ်ဖြစ်သည်။

ဤရုပ်ရည်ချောမောတဲ့လူငယ်လေးက အချည်းနှီးသောမျှော်လင့်ချက်တစ်ခုတည်းဖြင့်စစ်မြေပြင်သို့စိတ်လိုလက်ရဝင်ရောက်လာခဲ့သည်။အမွေဆက်ခံသူ တော်ဝင်သွေးအိမ်ရှေ့စံမင်းသားကတစ်နေ့နေ့တွင် နဂါးပလ္လင်ပေါ်သို့ထိုင်လိမ့်မှာဖြစ်သည်;အိမ်ရှေ့စံမင်းသား၏ကံကြမ္မာကိုဖြည့်ဆည်းပေးပြီးအင်ပါယာတစ်ခုလုံးကိုလည်းအမြင့်ဆုံးအထွတ်အထိပ်သို့ရောက်အောင်ဦးဆောင်ပေးခဲ့သည်။

ထို့အပြင် ဟောက်ရန်သည် စစ်ပွဲဧကရီ၏ဘေးကင်းဇုံလည်းဖြစ်လာခဲ့သည်။ဒီလူက ကျောက်ကျန်းအတွက်အမြဲရှိနေခဲ့သည်;မူရင်းဝတ္ထုထဲတွင်အဓိကဇာတ်ဆောင်မင်းသမီးကိုအကြိမ်ပေါင်းများစွာကယ်တင်ခဲ့သော်လည်း သူသေဆုံးသွားသည့်တိုင်အောင်သူမကိုချစ်ကြောင်းဝန်မခံခဲ့ပေ။

သူ့ရဲ့မမျှော်လင့်ခဲ့တဲ့မေတ္တာတရားကစာဖတ်သူတွေရဲ့နှလုံးသားကိုနာကျင်စေခဲ့တယ်။ မှတ်ချက်ပေးရာတွင်လည်း"ဟောက်ရန်ကသာပိုကောင်းတယ်"ဟူသည့်မှတ်ချက်များနှင့်ပြည့်နှက်နေခဲ့သည်။

ပြီးပြည့်စုံပြီးအချစ်ခံရတဲ့ဒုတိယဇာတ်ဆောင်က သူ့ရဲ့နှိမ့်ချတဲ့အသွင်အပြင်ကိုပြလာသည်နှင့်ချစ်စရာကြောင်လေးကနှစ်ခြိုက်စွာအိပ်ပျော်ရာကနေနိုးလာခဲ့သည်။ကြောင်ကလေးကအိပ်ရာပေါ်မှာလှဲနေရင်း အသံလည်းမထွက်သလိုလှုပ်တောင်မလှုပ်ပေ။

လီချာရဲ့နတ်သမီးမျက်နှာလေးကိုပဲ တိတ်တဆိတ်စိုက်ကြည့်နေလေသည်;တစ်နည်းအားဖြင့်ဆိုရရင် ဟောက်ရန်ကိုလျစ်လျူရှုထားခြင်းဖြစ်သည်။

သူမက"‌လာတာစောသားပဲနော်,ခေါင်းဆောင်ဟောက်"

သူက"ယုလန်မြို့စားဆီကနေ လုပ်ကြံကြိုးပမ်းမှုအကြောင်း ကြားထားတယ်၊ဘုရင်မင်းမြတ်ကလည်း ထိုက်ဇိ(အိမ်ရှေ့စံမင်းသား)ကိုစုံစမ်းကာကွယ်ဖို့လွှတ်လိုက်တာ"

လျော့ကျနေတဲ့ဆံမျှင်တွေကို‌နားနောက်သို့ပို့လိုက်ရင်း သူမမောက်မာစွာထပ်ပြောလိုက်၏"ကာကွယ်မယ်?ဘယ်သူ့ဆီကကာကွယ်မှာလဲ?"

"မဟုတ်မှ ကျွန်မဆီကနေလား?"

သူမကစကားကိုဖြည်းညှင်းစွာပြောတာကြောင့် အသံက ကလူနေသလိုပင်"ခေါင်းဆောင်ဟောက်ကကျွန်မကိုဒီလို ပြင်းပြင်းထန်ထန်စွပ်စွဲရဲတာလား?"

အခုမှ ဟောက်ရန်သူမအပေါ်ထားတဲ့အမုန်းတရားတွေကိုကောင်းကောင်းနားလည်သွားသည်။

သူသည် သူမရဲ့ပုံစံတိုင်းကိုစက်ဆုပ်ရွံရှာသည်။ထိုသည်က လီချာ‌ကောင်းလား ဆိုးလားလည်း အရေးမကြီးသလို သူတော်ကောင်းလား ‌ဗီလိန်လားလဲအရေးမကြီးတော့ချေ။

'ဘာလို့လဲဆိုတော့ အဲ့ဒါကငါမို့လို့လေ'

သူဘယ်တော့မှချုပ်ကိုင်ထားလို့မရတဲ့အမှောင်မျက်လုံးထဲမှာအထင်အမြင်သေးမှုများနှင့်မျက်နှာဖုံးနောက်ကွယ်ကဘယ်တော့မှဖုံးကွယ်မထားနိုင်တဲ့ စက်ဆုပ်မုန်းတီးမှုတို့ကအထင်းသားပေါ်နေလေသည်။

ဟောက်ရန်က သူမရဲ့တည်ရှိမှုတိုင်းကိုမုန်းတီးခဲ့သည်။

အကြောင်းပြချက်မရှိမုန်းတီးတာကြီးကိုတော့နားမလည်ဘူး။သူ့ရဲ့အဆိုးမြင်၀ါဒကဒီမင်းသမီးတစ်ယောက်တည်းအတွက်ပဲလား။တော်တော်မှန်းရခက်တဲ့လူ..

ငါလည်း အဲ့ဒီနက်မှောင်တဲ့မျက်လုံးတွေကိုမုန်းတယ်၊အဲ့ဒီမျက်လုံးတွေကငါ့သေခြင်းကို သက်သေပြနေသလိုပဲ။

ဟမ်..

ငါ့သေခြင်း..

ထိုအချိန် ဘဝကိုရယ်စရာတစ်ခုလိုကစားနေရသလိုခံစားလိုက်ရသည်။အာ!ဒါက အမေငါ့ကို တံမြက်စည်းရိုးနဲ့ရိုက်တာထက်ကိုပိုဆိုးတယ်‌လို့; ထိုအချိန် အိမ်နီးနားချင်းများကိုနိုးအောင် အော်သံဖြင့်ကူညီပေးခဲ့သေးသည်။

(。•́-ก̀。)!ဒီရေဘဝဲမလေးက ဒီကံကြမ္မာနဲ့ ထိုက်တန်အောင်ဘာလုပ်ခဲ့လို့လဲ?

'ကျွန်မရဲ့နောက်ဆုံးထွက်သက်မှာတောင် ဘာလို့ရှင်ကကျွန်မကိုလုပ်ကြံတဲ့ထဲမှာပါနေရတာလဲ?'

'ဟောက်ရန်,ကျွန်မရှင့်ကို ရိုးရိုးသားသားဆက်ဆံခဲ့တယ်၊တခြားသူတွေထက်လည်းရှင့်ကိုပိုယုံခဲ့တယ်၊ကျွန်မတို့က သူငယ်ချင်းလိုရော၊မိသားစုလိုပဲလို့ပါထင်ခဲ့တာ'

ဝတ္ထုထဲကရေးထားတဲ့အတိုင်းပင်;အဆုံးထိကို သူကသူမအားသတ်နေဆဲပင်။

သူ့ကိုအခုပဲမေးလို့ရရင်...

'ဘာလို့လဲ?ဘာလို့ကျွန်မကိုသစ္စာဖောက်နေသေးတာလဲ?အဲဒီနှစ်တွေက ရှင့်အတွက်ဘာလဲ? ဟောက်ရန်,ကျွန်မက ရှင့်အတွက်ဘာမှ အဓိပ္ပါယ်မရှိဘူးလား?'

'ရှင်တစ်ကယ်ပဲ..ကျွန်မကိုအဲ့လောက်မုန်းဝာာလား?ကျွန်မသေခြင်းကလွဲလို့ ဘာဆန္ဒမှမရှိခဲ့ဘူးလား?'

သူမရဲ့နောက်ဆုံးထွက်သက်ကကြေကွဲဖွယ်ကောင်းပြီး အချိန်မတန်ဘဲဆုံးပါးသွားတဲ့၀မ်းနည်းစရာအတိတ်ကိုပြန်တွေးရင်း ငိုချင်လာတော့သည်။

'နင်!သစ္စာမရှိတဲ့ကောင်!'

ဒီရေဘဝဲမလေးကနင့်ကိုဘာလုပ်ဖူးလို့လဲ?

'ကျေးဇူးကန်းတဲ့ ကလေကချေကောင်ရဲ့!'

သူနဲ့သူ့ဘိုးဘေးတွေကို ကျိန်ဆဲခြင်းမပြုမီ ဓားမြှောင်ကသူမအသားထဲနစ်သွားသလိုခံစားလိုက်ရသည်။စက္ကန့်ပိုင်းလေးအတွင်းမှာပင် လုပ်ကြံသတ်ဖြတ်သူများက သူမရဲ့သနား‌စရာကောင်းတဲ့ဝိညာဉ်ကို ယာမဘုရင်နှင့်တွေ့ဆုံရန် ရက်စက်စွာခေါ်ဆောင်သွားခဲ့ကြသည်။

နက်မှောင်တဲ့အဲ့ဒီမျက်လုံးတွေကို မုန်းတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီမျက်လုံးတွေက စစ်ပွဲရဲ့သွေးထွက်သံယိုအစစ်အမှန်ကိုမြင်ဖူးနေသလိုပင်.. ပထမဆုံးကူးပြောင်းမှုတုန်းက နောက်ဆုံးထွက်သက်ကိုမဆွဲထုတ်ခင် သတိရမိတဲ့နောက်ဆုံးအရာတွေပဲဖြစ်သည်။

(သူမရဲ့ပထမကူးပြောင်းမှုက လူတိုင်းအပေါ်ကောင်းခဲ့ပေမယ့်အဆုံးသတ်ကတော့သေခြင်းနဲ့ပဲရင်ဆိုင်ခဲ့ရတာပါ)

'သူ့အတွက်,ငါက သူသတ်ပစ်ဖို့လိုတဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့လူတစ်ယောက်ပေါ့'

"အို ခေါင်းဆောင်ဟောက်ရယ်,ဘယ်လိုတောင်..သတ္တိရှိလိုက်သလဲ?"

ရုတ်တရက် တစ်စုံတစ်ခုကဟောက်ရန်ဆီသို့ တန်းတန်းမတ်မတ်ဖြတ်ပြေးသွားခဲ့သည်။ဆံညှပ်က သူ့လည်ပင်းကိုအနည်းငယ်ပြတ်ရှသွားပြီးသွေးများစီးကျလာသည်။ထိုဆံညှပ်က မနေ့ညကအစေခံနှစ်ယောက်ကိုသတ်ခဲ့တဲ့ဆံညှပ်ပင်။

"သန်မာပြီး အကြောက်အလန့်ကင်းတယ်"

သူမကတခစ်ခစ်ရယ်မောလျက်"ဟမ်..ခေါင်းရှိသေးတယ်ပေါ့"



*****

[Zawgyi]


သူဒီကိုေရာက္လာတယ္!

ငါတို႔ရဲ႕မ်က္ႏွာဖုံးနက္နဲ႔ဒုတိယဇာတ္ေဆာင္အတြက္ မ်က္ရည္မိုး႐ြာဖို႔အဆင္သင့္ျပင္လိုက္ၾကစို႔!

တ႐ုတ္ဝတၳဳမ်ားတြင္ ဒုတိယဇာတ္ေဆာင္က အဓိကဇာတ္ေဆာင္ရဲ႕ သူငယ္ခ်င္းျဖစ္ရင္ျဖစ္၊မျဖစ္ရင္ ညီအစ္ကိုျဖစ္ မဟုတ္ရင္လည္းကိုယ္တိုင္ကဗီလိန္ျဖစ္ရင္ျဖစ္။ေကာင္းၿပီ,ဒီတစ္ခါေတာ့ ပထမတစ္ခုကိုေ႐ြးခ်ယ္လိုက္တဲ့ေသြးစြန္းစာေရးဆရာကိုေက်းဇူးတင္တယ္။

'ကိုယ္လူတို႔ သူတို႔သာညီအစ္ကိုဆိုခံစားရတာတစ္ကယ္လြယ္မွာမဟုတ္ဘူး'

လူႏွစ္ေယာက္ကညီအကိုေတြမို႔လို႔ တူညီမႈေတြအမ်ားႀကီး႐ွိၿပီး မိန္းမတစ္ေယာက္တည္းကိုပဲအတူတူခ်စ္မိမယ္လို႔မဆိုလိုဘူး။

တစ္ကယ္လို႔ မိန္းမတစ္ေယာက္တည္းကိုပဲခ်စ္မိသြားတဲ့ ညီအစ္ကိုေတြဆိုရင္လည္းအရမ္းခံစားရခက္တယ္။အဲ့လိုေရးတဲ့စာေရးဆရာေတြဆိုလည္းအရမ္းမုန္းတယ္လို႔..

"အို...ေခါင္းေဆာင္ေဟာက္.. အံ့ၾသစရာပါလား"လီခ်ာႏႈတ္ခမ္းထက္တြင္နတ္ဆိုးအျပဳံးတစ္ခုပန္ဆင္လိုက္၏။ထိုအျပဳံးက ဒုတိယဇာတ္ေဆာင္ကိုနိမ့္ခ်စြာ ခနဲ႔လိုက္သလိုပင္။

ေဟာက္ရန္သည္ငါးႏွစ္သားအ႐ြယ္တြင္မိဘမဲ့ျဖစ္ခဲ့သည္။ထို႔ေနာက္ ၿမိဳ႕စားအိမ္ေတာ္သို႔ေခၚေဆာင္သြားခံရ၍ ယုလန္ၿမိဳ႕စားေထာင္မု(ဧကရီေထာင္ခ်ီ၏အစ္ကို,အဓိကဇာတ္ေဆာင္ကိုအႀကီးမားဆုံးေထာက္ပံ့ေပးႏိုင္သူတစ္ဦး)ရဲ႕သင္တန္းသားတစ္ေယာက္ျဖစ္လာခဲ့သည္။

ၿမိဳ႕စား၏လမ္းၫႊန္မႈေအာက္တြင္ ေဟာက္ရန္ သည္မတူညီေသာစစ္ေရးစြမ္းရည္မ်ားကိုသင္ယူခဲ့ၿပီး ႏိုင္ငံေရးသေဘာတရားမ်ားကိုလည္း ေလ့လာခဲ့သည္။ထို႔ေၾကာင့္ ငယ္႐ြယ္စဥ္တြင္ သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားအားလုံးထက္ စစ္ပြဲအေၾကာင္းကိုပိုမိုနားလည္ခဲ့သည္။သူ၏ အံ့ဖြယ္အၾကံဉာဏ္မ်ားႏွင့္ေစ့စပ္ေသခ်ာေသာ နည္းဗ်ဴဟာမ်ားကိုအသုံးျပဳျခင္းက; ဆယ္ေက်ာ္သက္အ႐ြယ္ျဖင့္ တိုက္ပြဲမ်ားကိုတစ္ခဏခ်င္းအႏိုင္ယူႏိုင္ခဲ့သည္။

အမွန္ပင္ ဤဒုတိယဇာတ္ေကာင္က အဓိကဇာတ္ေကာင္ကိုလႊမ္းမိုးထားသူျဖစ္သည္။အဓိကဇာတ္ေဆာင္ရဲ႕ေနရာကိုလည္း ေအာင္ျမင္စြာ လုယူႏိုင္ခဲ့သည္။

အသုံးမဝင္တဲ့အဓိကဇာတ္ေဆာင္နဲ႔ႏိႈင္းယွဥ္ပါက ဖရန္႔ဇုံအတြင္းေနရတဲ့ဒုတိယဇာတ္ေဆာင္ကၿပီးျပည့္စုံၿပီးယုံၾကည္အားကိုးရတဲ့လူတစ္ေယာက္ပင္။

ထူးကဲၿပီးျမင့္ျမတ္တယ္၊ရဲရင့္ၿပီးသူရဲေကာင္းဆန္တယ္၊ထက္ျမက္ၿပီးသစၥာ႐ွိတယ္..စသျဖင့္ဂုဏ္ပုဒ္မ်ားစြာနဲ႔ထိုက္တန္တဲ့သူ။

ဝတၳဳထဲတြင္ သူသည္အိမ္ေ႐ွ႕စံမင္းသားအား တစ္သက္လုံးကူညီေထာက္ပံ့ေပးခဲ့သည္။ထိုသို႔ေသာ ေျဖာင့္မတ္ၿပီးတည္ၾကည္တဲ့လကၡဏာက စာဖတ္သူမ်ား၏ႏွလုံးသားကိုခိုးယူသြားခဲ့သည္။

"႐ွင္ကယုလန္မွာ႐ွိသင့္တာမဟုတ္ဘူးလား? နန္းေတာ္ကေနာက္ႏွစ္ရက္ သုံးရက္ေနရင္႐ွင္ျပန္လာဖို႔ေမွ်ာ္လင့္ေနတယ္လို႔ၾကားတယ္.."

ေခါင္းေဆာင္ေဟာက္က သူမရဲ႕အဖိုးတန္လက္ေခ်ာင္းေတြကိုစိုက္ၾကည့္ေနတာသူမသတိထားမိသြားသည္။သူ႕အၾကည့္က ထိုလက္ေခ်ာင္းေတြကိုျဖတ္ပစ္ဖို႔မေစာင့္ႏိုင္ေတာ့ဘူးဆိုတဲ့ပုံစံမ်ိဳးပင္။ဒီဗီလိန္မေလး..ဝိညဥ္ထြက္သြားပါၿပီလို႔..ಥ_ಥ

'ဘုရားေရ!ဒီလူငယ္ေလးက ဘာလို႔ဒီေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းေနတာလဲလို႔?'ထို႔ေနာက္ သူမလက္ကိုဆုပ္ကိုင္ထားတဲ့အဓိကဇာတ္ေဆာင္လက္ထဲမွတုံ႔ဆိုင္းစြာဆြဲထုတ္လိုက္၏။

လက္႐ွိမွာေတာ့ ေဟာက္ရန္၏အသက္က၁၆ႏွစ္ျဖစ္သည္။

ဤ႐ုပ္ရည္ေခ်ာေမာတဲ့လူငယ္ေလးက အခ်ည္းႏွီးေသာေမွ်ာ္လင့္ခ်က္တစ္ခုတည္းျဖင့္စစ္ေျမျပင္သို႔စိတ္လိုလက္ရဝင္ေရာက္လာခဲ့သည္။အေမြဆက္ခံသူ ေတာ္ဝင္ေသြးအိမ္ေ႐ွ႕စံမင္းသားကတစ္ေန႔ေန႔တြင္ နဂါးပလႅင္ေပၚသို႔ထိုင္လိမ့္မွာျဖစ္သည္;အိမ္ေ႐ွ႕စံမင္းသား၏ကံၾကမၼာကိုျဖည့္ဆည္းေပးၿပီးအင္ပါယာတစ္ခုလုံးကိုလည္းအျမင့္ဆုံးအထြတ္အထိပ္သို႔ေရာက္ေအာင္ဦးေဆာင္ေပးခဲ့သည္။

ထို႔အျပင္ ေဟာက္ရန္သည္ စစ္ပြဲဧကရီ၏ေဘးကင္းဇုံလည္းျဖစ္လာခဲ့သည္။ဒီလူက ေက်ာက္က်န္းအတြက္အၿမဲ႐ွိေနခဲ့သည္;မူရင္းဝတၳဳထဲတြင္အဓိကဇာတ္ေဆာင္မင္းသမီးကိုအႀကိမ္ေပါင္းမ်ားစြာကယ္တင္ခဲ့ေသာ္လည္း သူေသဆုံးသြားသည့္တိုင္ေအာင္သူမကိုခ်စ္ေၾကာင္းဝန္မခံခဲ့ေပ။

သူ႕ရဲ႕မေမွ်ာ္လင့္ခဲ့တဲ့ေမတၱာတရားကစာဖတ္သူေတြရဲ႕ႏွလုံးသားကိုနာက်င္ေစခဲ့တယ္။ မွတ္ခ်က္ေပးရာတြင္လည္း"ေဟာက္ရန္ကသာပိုေကာင္းတယ္"ဟူသည့္မွတ္ခ်က္မ်ားႏွင့္ျပည့္ႏွက္ေနခဲ့သည္။

ၿပီးျပည့္စုံၿပီးအခ်စ္ခံရတဲ့ဒုတိယဇာတ္ေဆာင္က သူ႕ရဲ႕ႏွိမ့္ခ်တဲ့အသြင္အျပင္ကိုျပလာသည္ႏွင့္ခ်စ္စရာေၾကာင္ေလးကႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ရာကေနႏိုးလာခဲ့သည္။ေၾကာင္ကေလးကအိပ္ရာေပၚမွာလွဲေနရင္း အသံလည္းမထြက္သလိုလႈပ္ေတာင္မလႈပ္ေပ။

လီခ်ာရဲ႕နတ္သမီးမ်က္ႏွာေလးကိုပဲ တိတ္တဆိတ္စိုက္ၾကည့္ေနေလသည္;တစ္နည္းအားျဖင့္ဆိုရရင္ ေဟာက္ရန္ကိုလ်စ္လ်ဴ႐ႈထားျခင္းျဖစ္သည္။

သူမက"‌လာတာေစာသားပဲေနာ္,ေခါင္းေဆာင္ေဟာက္"

သူက"ယုလန္ၿမိဳ႕စားဆီကေန လုပ္ၾကံႀကိဳးပမ္းမႈအေၾကာင္း ၾကားထားတယ္၊ဘုရင္မင္းျမတ္ကလည္း ထိုက္ဇိ(အိမ္ေ႐ွ႕စံမင္းသား)ကိုစုံစမ္းကာကြယ္ဖို႔လႊတ္လိုက္တာ"

ေလ်ာ့က်ေနတဲ့ဆံမွ်င္ေတြကို‌နားေနာက္သို႔ပို႔လိုက္ရင္း သူမေမာက္မာစြာထပ္ေျပာလိုက္၏"ကာကြယ္မယ္?ဘယ္သူ႕ဆီကကာကြယ္မွာလဲ?"

"မဟုတ္မွ ကြၽန္မဆီကေနလား?"

သူမကစကားကိုျဖည္းညႇင္းစြာေျပာတာေၾကာင့္ အသံက ကလူေနသလိုပင္"ေခါင္းေဆာင္ေဟာက္ကကြၽန္မကိုဒီလို ျပင္းျပင္းထန္ထန္စြပ္စြဲရဲတာလား?"

အခုမွ ေဟာက္ရန္သူမအေပၚထားတဲ့အမုန္းတရားေတြကိုေကာင္းေကာင္းနားလည္သြားသည္။

သူသည္ သူမရဲ႕ပုံစံတိုင္းကိုစက္ဆုပ္႐ြံ႐ွာသည္။ထိုသည္က လီခ်ာ‌ေကာင္းလား ဆိုးလားလည္း အေရးမႀကီးသလို သူေတာ္ေကာင္းလား ‌ဗီလိန္လားလဲအေရးမႀကီးေတာ့ေခ်။

'ဘာလို႔လဲဆိုေတာ့ အဲ့ဒါကငါမို႔လို႔ေလ'

သူဘယ္ေတာ့မွခ်ဳပ္ကိုင္ထားလို႔မရတဲ့အေမွာင္မ်က္လုံးထဲမွာအထင္အျမင္ေသးမႈမ်ားႏွင့္မ်က္ႏွာဖုံးေနာက္ကြယ္ကဘယ္ေတာ့မွဖုံးကြယ္မထားႏိုင္တဲ့ စက္ဆုပ္မုန္းတီးမႈတို႔ကအထင္းသားေပၚေနေလသည္။

ေဟာက္ရန္က သူမရဲ႕တည္႐ွိမႈတိုင္းကိုမုန္းတီးခဲ့သည္။

အေၾကာင္းျပခ်က္မ႐ွိမုန္းတီးတာႀကီးကိုေတာ့နားမလည္ဘူး။သူ႕ရဲ႕အဆိုးျမင္၀ါဒကဒီမင္းသမီးတစ္ေယာက္တည္းအတြက္ပဲလား။ေတာ္ေတာ္မွန္းရခက္တဲ့လူ..

ငါလည္း အဲ့ဒီနက္ေမွာင္တဲ့မ်က္လုံးေတြကိုမုန္းတယ္၊အဲ့ဒီမ်က္လုံးေတြကငါ့ေသျခင္းကို သက္ေသျပေနသလိုပဲ။

ဟမ္..

ငါ့ေသျခင္း..

ထိုအခ်ိန္ ဘဝကိုရယ္စရာတစ္ခုလိုကစားေနရသလိုခံစားလိုက္ရသည္။အာ!ဒါက အေမငါ့ကို တံျမက္စည္း႐ိုးနဲ႔႐ိုက္တာထက္ကိုပိုဆိုးတယ္‌လို႔; ထိုအခ်ိန္ အိမ္နီးနားခ်င္းမ်ားကိုႏိုးေအာင္ ေအာ္သံျဖင့္ကူညီေပးခဲ့ေသးသည္။

(。•́-ก̀。)!ဒီေရဘဝဲမေလးက ဒီကံၾကမၼာနဲ႔ ထိုက္တန္ေအာင္ဘာလုပ္ခဲ့လို႔လဲ?

'ကြၽန္မရဲ႕ေနာက္ဆုံးထြက္သက္မွာေတာင္ ဘာလို႔႐ွင္ကကြၽန္မကိုလုပ္ၾကံတဲ့ထဲမွာပါေနရတာလဲ?'

'ေဟာက္ရန္,ကြၽန္မ႐ွင့္ကို ႐ိုး႐ိုးသားသားဆက္ဆံခဲ့တယ္၊တျခားသူေတြထက္လည္း႐ွင့္ကိုပိုယုံခဲ့တယ္၊ကြၽန္မတို႔က သူငယ္ခ်င္းလိုေရာ၊မိသားစုလိုပဲလို႔ပါထင္ခဲ့တာ'

ဝတၳဳထဲကေရးထားတဲ့အတိုင္းပင္;အဆုံးထိကို သူကသူမအားသတ္ေနဆဲပင္။

သူ႕ကိုအခုပဲေမးလို႔ရရင္...

'ဘာလို႔လဲ?ဘာလို႔ကြၽန္မကိုသစၥာေဖာက္ေနေသးတာလဲ?အဲဒီႏွစ္ေတြက ႐ွင့္အတြက္ဘာလဲ? ေဟာက္ရန္,ကြၽန္မက ႐ွင့္အတြက္ဘာမွ အဓိပၸါယ္မ႐ွိဘူးလား?'

'႐ွင္တစ္ကယ္ပဲ..ကြၽန္မကိုအဲ့ေလာက္မုန္းဝာာလား?ကြၽန္မေသျခင္းကလြဲလို႔ ဘာဆႏၵမွမ႐ွိခဲ့ဘူးလား?'

သူမရဲ႕ေနာက္ဆုံးထြက္သက္ကေၾကကြဲဖြယ္ေကာင္းၿပီး အခ်ိန္မတန္ဘဲဆုံးပါးသြားတဲ့၀မ္းနည္းစရာအတိတ္ကိုျပန္ေတြးရင္း ငိုခ်င္လာေတာ့သည္။

'နင္!သစၥာမ႐ွိတဲ့ေကာင္!'

ဒီေရဘဝဲမေလးကနင့္ကိုဘာလုပ္ဖူးလို႔လဲ?

'ေက်းဇူးကန္းတဲ့ ကေလကေခ်ေကာင္ရဲ႕!'

သူနဲ႔သူ႕ဘိုးေဘးေတြကို က်ိန္ဆဲျခင္းမျပဳမီ ဓားေျမႇာင္ကသူမအသားထဲနစ္သြားသလိုခံစားလိုက္ရသည္။စကၠန္႔ပိုင္းေလးအတြင္းမွာပင္ လုပ္ၾကံသတ္ျဖတ္သူမ်ားက သူမရဲ႕သနား‌စရာေကာင္းတဲ့ဝိညာဥ္ကို ယာမဘုရင္ႏွင့္ေတြ႕ဆုံရန္ ရက္စက္စြာေခၚေဆာင္သြားခဲ့ၾကသည္။

နက္ေမွာင္တဲ့အဲ့ဒီမ်က္လုံးေတြကို မုန္းတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမ်က္လုံးေတြက စစ္ပြဲရဲ႕ေသြးထြက္သံယိုအစစ္အမွန္ကိုျမင္ဖူးေနသလိုပင္.. ပထမဆုံးကူးေျပာင္းမႈတုန္းက ေနာက္ဆုံးထြက္သက္ကိုမဆြဲထုတ္ခင္ သတိရမိတဲ့ေနာက္ဆုံးအရာေတြပဲျဖစ္သည္။

(သူမရဲ႕ပထမကူးေျပာင္းမႈက လူတိုင္းအေပၚေကာင္းခဲ့ေပမယ့္အဆုံးသတ္ကေတာ့ေသျခင္းနဲ႔ပဲရင္ဆိုင္ခဲ့ရတာပါ)

'သူ႕အတြက္,ငါက သူသတ္ပစ္ဖို႔လိုတဲ့စက္ဆုပ္ဖြယ္ေကာင္းတဲ့လူတစ္ေယာက္ေပါ့'

"အို ေခါင္းေဆာင္ေဟာက္ရယ္,ဘယ္လိုေတာင္..သတၱိ႐ွိလိုက္သလဲ?"

႐ုတ္တရက္ တစ္စုံတစ္ခုကေဟာက္ရန္ဆီသို႔ တန္းတန္းမတ္မတ္ျဖတ္ေျပးသြားခဲ့သည္။ဆံညႇပ္က သူ႕လည္ပင္းကိုအနည္းငယ္ျပတ္႐ွသြားၿပီးေသြးမ်ားစီးက်လာသည္။ထိုဆံညႇပ္က မေန႔ညကအေစခံႏွစ္ေယာက္ကိုသတ္ခဲ့တဲ့ဆံညႇပ္ပင္။

"သန္မာၿပီး အေၾကာက္အလန္႔ကင္းတယ္"

သူမကတခစ္ခစ္ရယ္ေမာလ်က္"ဟမ္..ေခါင္း႐ွိေသးတယ္ေပါ့"


*****

Continue Reading

You'll Also Like

249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
265K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...