Otp name-[XingHo]
Author name-[929Emily]
💜Perhaps Love💜
part-3
ဂျွန်မြောင် နိုးထလာတဲ့အချိန်မှာ ကြီးမားတဲ့အိမ်ကြီးက တိတ်ဆိတ်လို့နေတယ်။လှေကားထစ်တွေ အတိုင်း အောက်ထပ်ကို ဆင်းလာချိန်မှာ များပြားလှတဲ့ အလုပ်သမားတွေက ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြပြီး၊သူ့ကိုမြင်လိုက်ချိန်မှာတော့ ကြောက်စရာသတ္တဝါတစ်ကောင်ကို မြင်လိုက်ရသလိုပဲ ကြောက်လန့်တကြားနဲ့ ထွက်ပြေးကြကုန်တယ်။
သူက ထမင်းစားခန်းထဲကို ဆက်လျှောက်သွားလိုက်ပြီး၊အသက်အကြီးဆုံး အန်တီကို လှမ်းခေါ်လိုက်တယ်။
"အဒေါ်...."
"သခင်လေး....အန်တီမင် ဘာလုပ်ပေးရမလဲဟင်.."
"ရီရှင်းရော...ရီရှင်း ဘယ်ရောက်သွားတာလဲဟင်..."
အန်တီကြီးရော၊ အနားက အလုပ်သမား ကောင်မလေးတွေပါ သူ့ကို ပြူးပြူးပြဲပြဲ
ကြည့်လာကြသည်။အရင်က သခင်ကြီးကို တစ်ခါမှ အဖတ်မလုပ်ခဲ့ဖူးတဲ့ သခင်လေးက နိုးနိုးခြင်းမှာ သခင်ကြီးကို မေးလာခဲ့သည်ဆိုတာက ထူးခြားဖြစ်စဥ်ဖြစ်သည်။
"သခင်လေးက နိုးနိုးခြင်းမှာ သခင်ကြီးမျက်နှာမြင်ရတာ ကျက်သရေမရှိဘူးဆိုလို့
သခင်ကြီးက မနက်တိုင်းအစောကြီး ကုမ္မဏီ
သွားနေကြပါ..."
အိမ်တော်ထိန်းမင်က အရဲစွန့်ပြောလိုက်ပြီးနောက်မှာ၊တုန့်ပြန်လာမဲ့ သခင်လေးကို စောင့်
နေလိုက်သော်လည်း၊သခင်လေးက သက်ပြင်းချကာ အပေါ်ပြန်တက်သွားသည်ကြောင့် အလုပ်သမားများ အံ့သြကုန်ကြသည်။
ဂျွန်မြောင် ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေမိသည်။သူမဖြတ်သန်းခဲ့ရတဲ့ ကြားကာလမှာ
သူက အသားကုန်ဆိုးသွမ်းခဲ့သည်။အရာအားလုံးက အမှန်တရားတစ်ခုကို သိရှိခြင်းက စလိမ့်မည်ထင်သည်။
အထက်တန်းစာမေးပွဲတွေ မဖြေခင်မှာ ဂျွန်မြောင်က တစ်စုံတစ်ခုကိုရှာတွေ့ခဲ့သည်။ရီရှင်း ကသူနဲ့ လက်ထပ်မဲ့သူဖြစ်ပြီး၊ ထွက်ပြေးသွားသည့် သူ့အနောက်လိုက်လာကာ သူ့ယုံကြည်မှုကို အရယူခဲ့ခြင်းဖြစ်သည်။အတိတ်မှာ သူတို့နှစ်ဦးက ချစ်မိခဲ့သည်။ဂျွန်မြောင်က ရီရှင်းနဲ့ လက်ထပ်သူအကြားမှာ ဖြေရှင်းရခက်နေချိန်မှာ သူ့အကိုနဲ့ရီရှင်းရဲ့ အကြံအစည်တွေကို မတော်တဆကြားမိခဲ့သည်။သူက အချစ်ဆုံးလူနှစ်ဦးထံက အလိမ်အညာခံလိုက်ရသည်။
ထိုနေ့ကစပြီး ဂျွန်မြောင်က ရီရှင်းကို ရှောင်ဖယ်လာခဲ့သည်။ရုတ်ချည်း ပြောင်းလဲသွားတဲ့ ဆက်ဆံရေးကို ရီရှင်းက အဖြေရှာမရခဲ့ဘူး။နောက်ဆုံးမှာတော့ ဂျွန်မြောင်က ထိပ်တိုက်ဖြေရှင်းဖို့ ရွေးချယ်ခဲ့သည်။သူ့အချစ်ကို လိုချင်လို့ဆိုသည့် ဖြေရှင်းချက်နဲ့ ရီရှင်းက အကြိမ်ကြိမ်တောင်းပန်သည်၊လက်သင့်မခံနိုင်တဲ့ ဂျွန်မြောင်က ဒေါသတစ်ကြီးနဲ့ အော်ဟစ်သောင်းကျန်းပြီး၊
လှည့်အထွက်မှာ ကားမတော်တဆမှုဖြစ်ခဲ့သည်။
ထိုထိခိုက်မှုကနေ ဂျွန်မြောင်က ၁နှစ်လောက် coma ဝင်သွားခဲ့ပြီး၊ ပြန်လည်နိုးထလာချိန်မှာ၊နောက်ဆုံးစာမေးပွဲကြီး လွတ်ခဲ့ပြီး၊သူဖြစ်ချင်သည့် ဆရာဝန်တစ်ယောက်အဖြစ် လက်လွတ်လိုက်ရသည်ဟူသည့် အကြောင်းပြချက်ဖြင့်
ရီရှင်းအား ပို၍ မုန်းတီးခဲ့သည်။ပြန်တက်လို့ ရတဲ့ ကျောင်းတစ်ခုကို အကြောင်းပြပြီး၊သူ့ကို လိမ်ညာခဲ့သည့် ထိုလူကို သူက အမုန်းကြီးမုန်း
နေသူဖြစ်ခဲ့သည်။နောက်ဆုံးတော့လည်း မိဘများရဲ့ အတင်းအကျပ်စီစဥ်ပေးမှုအောက်မှာ သူတို့နှစ်ဦးက လက်ထပ်လိုက်ကြရသည်။
အခြေအနေတွေက ပို၍ဆိုးရွားလာသည်။အရင်က နူးညံ့ကာ၊ ချစ်စရာကောင်းတဲ့ ဂျွန်မြောင်က ၊
ရီရှင်းကို အရာရာဆန့်ကျင်ဖို့ ဆိုးသွမ်းကာ ရိုင်းဆိုင်းတဲ့ကောင်လေး တစ်ယောက် ဖြစ်လာခဲ့သည်။ယခု အချိန်ကျော်လာသည့် ဂျွန်မြောင်က ထိုအဖြစ်အပျက်များကို ရင်မဆိုင်ခဲ့ရသလို၊အမုန်းတွေ မဖွံ့ဖြိုးသေးတဲ့ အချိန်က လူတစ်ယောက်ဖြစ်တာကြောင့် ထိုအရာများကို ဆက်လုပ်ရန် ရည်ရွယ်ချက်မရှိပါ။အရာအားလုံးကို သူက ပြန်ပြင်ရမည်။သူကို အသက်လောက်ချစ်မြတ်နိုးရသူကို သူက လက်မလွှတ်နိုင်ပါ။
ဂျွန်မြောင် အတွေးတွေကို ရပ်တန့်လိုက်ပြီး၊မှန်ထဲက သူ့ပုံရိပ်ကို ကြည့်လိုက်သည်။အနီရောင် တောက်တောက်ဆံပင်ကို မိုးကြိုးပြစ်သလို ထိုးထိုးထောင်ထောင်နဲ့လုပ်ထားသည်။အဝတ်ဗီရိုကို သွားဖွင့်ကြည့်လိုက်ချိန်မှာ အရောင်တောက်တောက် အဝတ်အစားများနဲ့ ဆိုးရွားတဲ့
fashion များက သူ့ကို စီးကြိုနေသည်။ထောင့်မှာထိုးထည့် ခံထားရသည့် ခရမ်းရောင် hoodie လေးနဲ့ အဖြူရောင် ဘောင်းဘီတိုလေးကို ဝတ်ဆင်လိုက်ပြီး၊ ဂျွန်မြောင်က အောက်ထပ်ဆင်းလာလိုက်သည်။
အလုပ်သမားများက ဝတ်ဆင်ပုံ ပြောင်းလဲသွားတဲ့ သူတို့ သခင်လေးကို မျက်လုံးထောင့်က ခိုးကြည့်နေကြသည်။အနီရောင် ဆံပင်ထောင်တွေ၊အရောင်တောက်တောက် မလိုက်ဖတ်တဲ့ အကျီ၊ဘောင်းဘီတွေနဲ့ မျက်လုံးမှာ အမဲရောင်တွေအပြည့်ချယ်တက်သည့် ပုံစံကနေ ၊ ဘာကိုမှ မလိမ်းထားသည့် ဖြူဖွေးဖွးမျက်နှာလေးက အခုလိုကျ ချစ်စရာကောင်းနေပြန်သည်။
"အန်တီမင် ကျွန်တော့်ကို လိုက်ပို့ပေးဖို့ ဦးလေး ကောင်းကို ပြောပေးပါအုန်း..."
အိမ်တော်ထိန်းက သူမကို မနက်ကတည်းက ရိုသေစွာ ဆက်ဆံနေပြီး၊အပြင်အဆင်တွေ ပြောင်းကာ၊ အရင်လို ပြိုင်ကားအနီလေးကို
ကြမ်းကြမ်းတန်းတန်း မောင်းထွက်မသွားပဲ
အိမ်က ဒရိုက်ဘာကောင်းကို ခေါ်ပေးဖို့ ပြောနေတဲ့ သူ့ရဲ့ သခင်လေးကြောင့် အံ့သြနေမိသော်လည်း၊ ဦးလေးကောင်းကို အမြန်လေး ခေါ်ပေးလိုက်သည်။
"ဦးလေးကောင်း ကျွန်တော့်ကို ဆံပင်ဆိုင်လိုက်ပို့ပေးလို့ ရမလားဗျ..."
ထပ်ပြီး အကုန်လုံးက အံ့သြသွားရသည်။သခင်လေး ခေါင်းများ ထိခိုက်မိသွားသလား။ဦးလေးကောင်းက သူ့ကို ဆံပင်ဆိုင်လိုက်ပို့ပြီး၊ စောင့်နေပေးသည်။အပြင်ဖက်က မြင်ကွင်းတွေကို ကြည့်ကာ ဂျွန်မြောင် အံ့သြနေမိသည်။ဒီနှစ်တွေအတွင်းမှာ အတော်ကြီးကို တိုးတက်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
"မောင်လေးက..ဘယ်လို ပုံစံလေး လို..ခ ခဏနေပါအုန်း ဒါ သခင်လေးဂင် မဟုတ်လား..."
ဂျွန်မြောင်က သူ့ကို ပြောနေသည်ဟု ယူဆမိတာကြောင့် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ဒါက
သူအမြဲတမ်း ညှပ်နေကြ ဆံပင်ဆိုင်ဟု ဦးလေး
ကောင်းက ပြောသည်။သူ့မျက်နှာကို ကြည့်ကာ ထိပ်လန့်နေသည့် အမကြီးကို သူက လိုချင်သည့် ဆံပင်ပုံစံကို ပြောလိုက်သည်။အားလုံးပြီးချိန်မှာ အညိုရောင်ဆံပင်ပျော့ပျော့လေးတွေက နဖူးပေါ်ဝေ့ကျနေတဲ့ ဂျွန်မြောင်ကို အမကြီးက ပါးစပ်ကြီးဟကာ အကြာကြီးကြည့်နေသည်။
ဂျွန်မြောင် နားရွက်ဖျားလေးများရဲကာ၊ လည်ပင်းကို ပွတ်လိုက်မိသည်။
"မမယောင်း ကျွန်တော် ကြည့်ရဆိုးလို့လား.."
အမကြီးက ခေါင်းကိုလည်ထွက်သွားမတက်ခါရမ်းသည်။
"အောင်မလေး အရင်ပုံနဲ့တစ်ခြားစီပါဟယ်....
ကြည့်ပါအုန်း ၁၇နှစ်သားလေး ကြနေတာပဲ ဒီပုံသာမြင်ရင် Boss ကျန်းတော့ သဲ..အဲ တောင်းပန်ပါတယ်...."
သူက မပြောသင့်တဲ့ စကားတစ်ခွန်ကို ပြောမိလိုက်သလိုနဲ့ စကားအမြန် ဖြတ်ကာ၊ အလုပ်ရှိသည်ဟု ဆိုပြီး လှည့်ထွက်သွားတော့သည်။
ဂျွန်မြောင်က သက်ပြင်းသာချမိသည်။ရီရှင်းအပေါ် သူ့ရဲ့မနှစ်မြို့မှုက အပြင်လူများပင် သိရှိနေခဲ့သည်။သူ့ပုံစံကို အရင်ပြန်ပြောင်းပြီးနောက်မှာ ဂျွန်မြောင်က ဖုန်းတစ်call လက်ခံရရှိပြီး တစ်ဖက်က ချိန်းသည့် နေရာသို့ ဦးတည်သွားလိုက်သည်။
မနက်ပိုင်းမှာတောင် club အတွင်းက မှောင်နေကာ၊ သောက်စားနေသူများ နမ်းရှိုက်နေသူများဖြင့် ပြည့်လို့နေသည်။ဂျွန်မြောင် အမြင်မတော်သူတွေကို မကြည့်ဘဲ ချိန်းထားသည့် လူကို လိုက်ရှာမိသည်။ခပ်လှမ်းလှမ်းကနေ sexy ဆန်ဆန်ဝတ်စားထားသည့် ခပ်သေးသေးကောင်လေးက သူ့ကို လက်လှမ်းပြသည်။
"တောင်းပန်ပါတယ်...နောက်ကျသွားတယ်..."
"သခင်လေးဂင်...အိုးဂေါ့ ကျွန်တော်က ခန့်မှန်းပြီး လက်ပြလိုက်တာ တ တယ်ပဲ ခင်ဗျား၊.."
ကောင်လေးက အံ့သြမှုကြောင့် စကားတွေပင် မှန်အောင်မပြောနိုင်တော့ပေ။ဒါက ရီရှင်းကို ရွဲ့ပြီး သူတွဲနေတဲ့ club ကကောင်လေး ဖြစ်သည်။
သူတွေးနေတုန်းမှာပဲ ကောင်လေးက သူ့အနားရောက်လာပြီး သူ့ပေါင်တွေကို လာပွတ်သပ်တာကြောင့် အလန့်တကြားနဲ့တွန်းဖယ်ပြီး နောက်ဆုတ်လိုက်မိသည်။
"သခင်လေးဂင်....."
"တောင်း တောင်းပန်ပါတယ်၊ငါ ငါမင်းကိုမကြိုက်တော့ဘူး ငါဒီကိုလည်း နောက်ထပ်လာ
တော့မှာ မဟုတ်ဘူး၊ဒါက မင်းအတွက်လုံလောက်တာထက် ပိုမှာပါ..."
အခုချိန်ထိ အသိမကပ်သေးတဲ့ ကောင်လေးကို ဂျွန်မြောင်က သူပါလာသည့် ကဒ်တစ်ခုကို ပေးထားခဲ့ပြီး ပြေးထွက်လာခဲ့လိုက်သည်။
"ဦးလေးကောင်း အိမ်ပြန်ရအောင်...."
ဂျွန်မြောင်က အိမ်ပြန်ပြီး အခန်းထဲမှာပဲ နေကာ၊
သူ့ဖုန်းထဲကနေ ဆောင်းဟွန်းနဲ့ဂျီဟျွန်း အကြောင်းကို ရှာကြည့်မိသည်။ဆောင်းဟွန်းက
သုတေသန ပညာရှင်ဖြစ်နေခဲ့ပြီး၊ ဂျီဟျွန်းက ရီရှင်းရဲ့ မိတ်ဖက် ကုမ္မဏီက ဖြစ်ကာ ကလေးတစ်ယောက် အဖေပင် ဖြစ်နေပြီဖြစ်သည်။အများကြီး ပြောင်းလဲသွားကြတာပဲ။နှစ်ဦးစလုံးရဲ့ ဖုန်းနံပါတ်က သူ့ဖုန်းထဲတွင် မရှိခဲ့ပါ။အရင်က မှတ်မိနေတဲ့ ဖုန်းနံပါတ်တစ်ခုကို သူက စမ်းဆက်ကြည့်လိုက်သည်။
(ဟဲလို...ဂင်ဆောင်းယွန်း ပြောနေပါတယ်..)
"ဆောင်းယွန်း ငါက ဂျွန်မြောင် ဂျွန်မြောင်.."
ဂျွန်မြောင် အသံလေးက လိုချင်တာရသွားတဲ့ ကလေးငယ်လိုပဲ ပျော်မြူးလို့နေသည်။တစ်ဖက်က အတော်ကြာသည်အထိ တိတ်ဆိတ်လို့သွားသည်။
(ဂျွန်မြောင်...နောက်ဆုံးတော့ မင်းငါ့ကို ပြန်ဆက်သွယ်လာပြီပေါ့...)
"ငါတောင်းပန်ပါတယ်...ငါမင်းနဲ့တွေ့ချင်တယ်"
ဂျွန်မြောင်က သူမလုပ်ထားခဲ့ပေမဲ့၊သူ့ခန္ဓာကိုယ်က လုပ်ခဲ့တဲ့ အရင်ကိစ္စတွေဖြစ်တာကြောင့် တောင်းပန်လိုက်မိသည်။
(ငါအခု ဂျပန်ရောက်နေတာ၊နောက်နှစ်ပတ်မှ ပြန်လာမှာ အဲ့ကျမှတွေ့ကြတာပေါ့ ၊ ငါဆက်သွယ်လိုက်မယ်..)
"အင်း အင်း၊ကောင်းပြီလေ..."
ဂျွန်မြောင်က အိမ်ထဲမှာပဲနေသည်မှာ၊တစ်ပတ်ကျော်ခဲ့ပြီဖြစ်သည်။အလုပ်သမားများကလည်း သူရဲ့ ယခုပုံစံကို အသားကျနေကြပြီဖြစ်သည်။ ခုအချိန်ထိ ရီရှင်းကို သူ မမြင်ရသေးပါ။ညဖက်တွေမှာ ရီရှင်းကို ထိုင်စောင့်ရင်း သူက အိပ်ပျော်ခဲ့ပြီး၊မနက်ခင်း သူနိုးလာချိန်မှာလဲ ရီရှင်းက ထွက်သွားခဲ့ပြီဖြစ်သည်။
သူမတွေ့ချင်ဘူးဆိုလို့ ထိုသူက ကြိုးစားရှောင်တိမ်းပေးခဲ့သည်။
ဂျွန်မြောင် အိမ်မက်ဆိုး တစ်ခုကြောင့် ဒီနေ့ညမှာ နိုးထလာသည်။အောက်ထပ်မှာ ရေဆင်းသောက်ပြီးနောက်မှာ ၊ ညလယ်ခေါင်ကြီး ဖြစ်တာကြောင့် ရီရှင်း အိမ်မှာရှိသည်ဟု ယူဆလိုက်ပြီး၊ စာကြည့်ခန်းတံခါးကို ဖြေးဖြေးလေးဖွင့်လိုက်မိသည်။
မှန်ပြတင်းအရှည်ကြီးကနေ လရောင်က မီးမှိတ်ထားတဲ့ အခန်းထဲကို လင်းထိန်စွာ ကြရောက်နေသည်။စားပွဲခုံပေါ်မှာ ပြန့်ကျဲနေတဲ့ စာရွက်တွေနဲ့ ဝိုင်တစ်ခွက်ရှိနေသည်။လရောင် မျက်နှာပေါ်ဖျာကျနေတဲ့ ကျန်းရီရှင်းက ခုံပေါ်ကို ရော့ရဲရဲမှီကာ ဆီးကရက်ကိုရှိုက်လိုက်ပြီး အငွေ့များကို မှုတ်ထုတ်လိုက်သည်။ဂျွန်မြောင်က ဖြေးဖြေးချင်း အနားကို သွားရပ်တဲ့အခါမှာ၊ ဖိပိတ်ထားတဲ့ မျက်ဝန်းတွေက ဖြေးဖြေးခြင်း ပွင့်လာပြီး အနားရောက်နေသည့် သူ့ကိုလှည့်ကြည့်သည်။
"ဂျွန်မြောင်...."
အက်ကွဲနေတဲ့အသံနဲ့ သူ့ပါးကို ဖွဖွလေး ထိကိုင်လာသည်။
"ကိုယ်အရမ်းမူးနေပြီထင်တယ်...ဟိုးအရင်အစက မင်းပုံစံလေးကို ကိုယ်ပြန်မြင်နေမိတယ်..."
"ရီရှင်း...တောင်းပန်ပါတယ်..."
ဂျွန်မြောင်က သူ့ရှေ့က လူကို စိတ်ရင်းအမှန်နဲ့တောင်းပန်မိသည်။ရီရှင်းရဲ့ မျက်ဝန်းတွေကနေ မျက်ရည်များစီးကျလာပြီး၊ ခေါင်းငုံ့ကာ ရှိုက်ကြီးတစ်ငင်ငိုတော့သည်။ဒီနှစ်တွေအတွင်းမှာ
သူတစ်ခါမှမငိုခဲ့တဲ့အတိုင်း ၊ စုပုံကာ ငိုကြွေးသည်။ဂျွန်မြောင်က ထိုင်ခုံပေါ်က ရီရှင်းကို သူ့ရင်ခွင်ထဲ ထည့်ကာ ဖက်ထားမိသည်။
"တောင်းပန်ပါတယ်...."
"မတောင်းပန်ပါနဲ့၊မင်းက ဘာမှမမှားခဲ့တာမို့လို့..မတောင်းပန်ပါနဲ့၊ကိုယ်ကပဲ အားလုံးမှားခဲ့တာ ကိုယ်ကပဲ မှားခဲ့တာပါ..."
သူ့ခါးကို တင်းတင်းကျပ်ကျပ်ဖတ်လိုက်ပြီး၊
တဖွဖွတောင်းပန်နေတဲ့ ရီရှင်းခေါင်းလေးကို
သူပွတ်သပ်ပေးနေမိသည်။ခဏအကြာမှာတော့
မူးနေသည့် ရီရှင်းက သူ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားခဲ့သည်။
အများကြီး ၊ တစ်ကယ့်ကို သူက အများကြီး
ပြန်လည်ပေးဆပ်ရအုန်းမယ်။သူ့ကို ချစ်တဲ့ ဒီလူသားကို ထပ်ပြီး ငိုကြွေးနေမှာကို သူက ခွင့်မပြုတော့ဘူး။
TBC......
Otp name-[XingHo]
Author name-[929Emily]
Perhaps Love
part-3
ဂြၽန္ေျမာင္ နိုးထလာတဲ့အခ်ိန္မွာ ႀကီးမားတဲ့အိမ္ႀကီးက တိတ္ဆိတ္လို႔ေနတယ္။ေလွကားထစ္ေတြ အတိုင္း ေအာက္ထပ္ကို ဆင္းလာခ်ိန္မွာ မ်ားျပားလွတဲ့ အလုပ္သမားေတြက ပ်ားပန္းခတ္မွ် အလုပ္ရႈပ္ေနၾကၿပီး၊သူ႕ကိုျမင္လိုက္ခ်ိန္မွာေတာ့ ေၾကာက္စရာသတၱဝါတစ္ေကာင္ကို ျမင္လိုက္ရသလိုပဲ ေၾကာက္လန့္တၾကားနဲ႕ ထြက္ေျပးၾကကုန္တယ္။
သူက ထမင္းစားခန္းထဲကို ဆက္ေလွ်ာက္သြားလိုက္ၿပီး၊အသက္အႀကီးဆုံး အန္တီကို လွမ္းေခၚလိုက္တယ္။
"အေဒၚ...."
"သခင္ေလး....အန္တီမင္ ဘာလုပ္ေပးရမလဲဟင္.."
"ရီရွင္းေရာ...ရီရွင္း ဘယ္ေရာက္သြားတာလဲဟင္..."
အန္တီႀကီးေရာ၊ အနားက အလုပ္သမား ေကာင္မေလးေတြပါ သူ႕ကို ျပဴးျပဴးၿပဲၿပဲ
ၾကည့္လာၾကသည္။အရင္က သခင္ႀကီးကို တစ္ခါမွ အဖတ္မလုပ္ခဲ့ဖူးတဲ့ သခင္ေလးက နိုးနိုးျခင္းမွာ သခင္ႀကီးကို ေမးလာခဲ့သည္ဆိုတာက ထူးျခားျဖစ္စဥ္ျဖစ္သည္။
"သခင္ေလးက နိုးနိုးျခင္းမွာ သခင္ႀကီးမ်က္ႏွာျမင္ရတာ က်က္သေရမရွိဘူးဆိုလို႔
သခင္ႀကီးက မနက္တိုင္းအေစာႀကီး ကုမၼဏီ
သြားေနၾကပါ..."
အိမ္ေတာ္ထိန္းမင္က အရဲစြန့္ေျပာလိုက္ၿပီးေနာက္မွာ၊တုန့္ျပန္လာမဲ့ သခင္ေလးကို ေစာင့္
ေနလိုက္ေသာ္လည္း၊သခင္ေလးက သက္ျပင္းခ်ကာ အေပၚျပန္တက္သြားသည္ေၾကာင့္ အလုပ္သမားမ်ား အံ့ၾသကုန္ၾကသည္။
ဂြၽန္ေျမာင္ ကုတင္ေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနမိသည္။သူမျဖတ္သန္းခဲ့ရတဲ့ ၾကားကာလမွာ
သူက အသားကုန္ဆိုးသြမ္းခဲ့သည္။အရာအားလုံးက အမွန္တရားတစ္ခုကို သိရွိျခင္းက စလိမ့္မည္ထင္သည္။
အထက္တန္းစာေမးပြဲေတြ မေျဖခင္မွာ ဂြၽန္ေျမာင္က တစ္စုံတစ္ခုကိုရွာေတြ႕ခဲ့သည္။ရီရွင္း ကသူနဲ႕ လက္ထပ္မဲ့သူျဖစ္ၿပီး၊ ထြက္ေျပးသြားသည့္ သူ႕အေနာက္လိုက္လာကာ သူ႕ယုံၾကည္မႈကို အရယူခဲ့ျခင္းျဖစ္သည္။အတိတ္မွာ သူတို႔ႏွစ္ဦးက ခ်စ္မိခဲ့သည္။ဂြၽန္ေျမာင္က ရီရွင္းနဲ႕ လက္ထပ္သူအၾကားမွာ ေျဖရွင္းရခက္ေနခ်ိန္မွာ သူ႕အကိုနဲ႕ရီရွင္းရဲ႕ အႀကံအစည္ေတြကို မေတာ္တဆၾကားမိခဲ့သည္။သူက အခ်စ္ဆုံးလူႏွစ္ဦးထံက အလိမ္အညာခံလိုက္ရသည္။
ထိုေန႕ကစၿပီး ဂြၽန္ေျမာင္က ရီရွင္းကို ေရွာင္ဖယ္လာခဲ့သည္။႐ုတ္ခ်ည္း ေျပာင္းလဲသြားတဲ့ ဆက္ဆံေရးကို ရီရွင္းက အေျဖရွာမရခဲ့ဘူး။ေနာက္ဆုံးမွာေတာ့ ဂြၽန္ေျမာင္က ထိပ္တိုက္ေျဖရွင္းဖို႔ ေ႐ြးခ်ယ္ခဲ့သည္။သူ႕အခ်စ္ကို လိုခ်င္လို႔ဆိုသည့္ ေျဖရွင္းခ်က္နဲ႕ ရီရွင္းက အႀကိမ္ႀကိမ္ေတာင္းပန္သည္၊လက္သင့္မခံနိုင္တဲ့ ဂြၽန္ေျမာင္က ေဒါသတစ္ႀကီးနဲ႕ ေအာ္ဟစ္ေသာင္းက်န္းၿပီး၊
လွည့္အထြက္မွာ ကားမေတာ္တဆမႈျဖစ္ခဲ့သည္။
ထိုထိခိုက္မႈကေန ဂြၽန္ေျမာင္က ၁ႏွစ္ေလာက္ coma ဝင္သြားခဲ့ၿပီး၊ ျပန္လည္နိုးထလာခ်ိန္မွာ၊ေနာက္ဆုံးစာေမးပြဲႀကီး လြတ္ခဲ့ၿပီး၊သူျဖစ္ခ်င္သည့္ ဆရာဝန္တစ္ေယာက္အျဖစ္ လက္လြတ္လိုက္ရသည္ဟူသည့္ အေၾကာင္းျပခ်က္ျဖင့္
ရီရွင္းအား ပို၍ မုန္းတီးခဲ့သည္။ျပန္တက္လို႔ ရတဲ့ ေက်ာင္းတစ္ခုကို အေၾကာင္းျပၿပီး၊သူ႕ကို လိမ္ညာခဲ့သည့္ ထိုလူကို သူက အမုန္းႀကီးမုန္း
ေနသူျဖစ္ခဲ့သည္။ေနာက္ဆုံးေတာ့လည္း မိဘမ်ားရဲ႕ အတင္းအက်ပ္စီစဥ္ေပးမႈေအာက္မွာ သူတို႔ႏွစ္ဦးက လက္ထပ္လိုက္ၾကရသည္။
အေျခအေနေတြက ပို၍ဆိုး႐ြားလာသည္။အရင္က ႏူးညံ့ကာ၊ ခ်စ္စရာေကာင္းတဲ့ ဂြၽန္ေျမာင္က ၊
ရီရွင္းကို အရာရာဆန့္က်င္ဖို႔ ဆိုးသြမ္းကာ ရိုင္းဆိုင္းတဲ့ေကာင္ေလး တစ္ေယာက္ ျဖစ္လာခဲ့သည္။ယခု အခ်ိန္ေက်ာ္လာသည့္ ဂြၽန္ေျမာင္က ထိုအျဖစ္အပ်က္မ်ားကို ရင္မဆိုင္ခဲ့ရသလို၊အမုန္းေတြ မဖြံ႕ၿဖိဳးေသးတဲ့ အခ်ိန္က လူတစ္ေယာက္ျဖစ္တာေၾကာင့္ ထိုအရာမ်ားကို ဆက္လုပ္ရန္ ရည္႐ြယ္ခ်က္မရွိပါ။အရာအားလုံးကို သူက ျပန္ျပင္ရမည္။သူကို အသက္ေလာက္ခ်စ္ျမတ္နိုးရသူကို သူက လက္မလႊတ္နိုင္ပါ။
ဂြၽန္ေျမာင္ အေတြးေတြကို ရပ္တန့္လိုက္ၿပီး၊မွန္ထဲက သူ႕ပုံရိပ္ကို ၾကည့္လိုက္သည္။အနီေရာင္ ေတာက္ေတာက္ဆံပင္ကို မိုးႀကိဳးျပစ္သလို ထိုးထိုးေထာင္ေထာင္နဲ႕လုပ္ထားသည္။အဝတ္ဗီရိုကို သြားဖြင့္ၾကည့္လိုက္ခ်ိန္မွာ အေရာင္ေတာက္ေတာက္ အဝတ္အစားမ်ားနဲ႕ ဆိုး႐ြားတဲ့
fashion မ်ားက သူ႕ကို စီးႀကိဳေနသည္။ေထာင့္မွာထိုးထည့္ ခံထားရသည့္ ခရမ္းေရာင္ hoodie ေလးနဲ႕ အျဖဴေရာင္ ေဘာင္းဘီတိုေလးကို ဝတ္ဆင္လိုက္ၿပီး၊ ဂြၽန္ေျမာင္က ေအာက္ထပ္ဆင္းလာလိုက္သည္။
အလုပ္သမားမ်ားက ဝတ္ဆင္ပုံ ေျပာင္းလဲသြားတဲ့ သူတို႔ သခင္ေလးကို မ်က္လုံးေထာင့္က ခိုးၾကည့္ေနၾကသည္။အနီေရာင္ ဆံပင္ေထာင္ေတြ၊အေရာင္ေတာက္ေတာက္ မလိုက္ဖတ္တဲ့ အက်ီ၊ေဘာင္းဘီေတြနဲ႕ မ်က္လုံးမွာ အမဲေရာင္ေတြအျပည့္ခ်ယ္တက္သည့္ ပုံစံကေန ၊ ဘာကိုမွ မလိမ္းထားသည့္ ျဖဴေဖြးဖြးမ်က္ႏွာေလးက အခုလိုက် ခ်စ္စရာေကာင္းေနျပန္သည္။
"အန္တီမင္ ကြၽန္ေတာ့္ကို လိုက္ပို႔ေပးဖို႔ ဦးေလး ေကာင္းကို ေျပာေပးပါအုန္း..."
အိမ္ေတာ္ထိန္းက သူမကို မနက္ကတည္းက ရိုေသစြာ ဆက္ဆံေနၿပီး၊အျပင္အဆင္ေတြ ေျပာင္းကာ၊ အရင္လို ၿပိဳင္ကားအနီေလးကို
ၾကမ္းၾကမ္းတန္းတန္း ေမာင္းထြက္မသြားပဲ
အိမ္က ဒရိုက္ဘာေကာင္းကို ေခၚေပးဖို႔ ေျပာေနတဲ့ သူ႕ရဲ႕ သခင္ေလးေၾကာင့္ အံ့ၾသေနမိေသာ္လည္း၊ ဦးေလးေကာင္းကို အျမန္ေလး ေခၚေပးလိုက္သည္။
"ဦးေလးေကာင္း ကြၽန္ေတာ့္ကို ဆံပင္ဆိုင္လိုက္ပို႔ေပးလို႔ ရမလားဗ်..."
ထပ္ၿပီး အကုန္လုံးက အံ့ၾသသြားရသည္။သခင္ေလး ေခါင္းမ်ား ထိခိုက္မိသြားသလား။ဦးေလးေကာင္းက သူ႕ကို ဆံပင္ဆိုင္လိုက္ပို႔ၿပီး၊ ေစာင့္ေနေပးသည္။အျပင္ဖက္က ျမင္ကြင္းေတြကို ၾကည့္ကာ ဂြၽန္ေျမာင္ အံ့ၾသေနမိသည္။ဒီႏွစ္ေတြအတြင္းမွာ အေတာ္ႀကီးကို တိုးတက္ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။
"ေမာင္ေလးက..ဘယ္လို ပုံစံေလး လို..ခ ခဏေနပါအုန္း ဒါ သခင္ေလးဂင္ မဟုတ္လား..."
ဂြၽန္ေျမာင္က သူ႕ကို ေျပာေနသည္ဟု ယူဆမိတာေၾကာင့္ ၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္သည္။ဒါက
သူအၿမဲတမ္း ညွပ္ေနၾက ဆံပင္ဆိုင္ဟု ဦးေလး
ေကာင္းက ေျပာသည္။သူ႕မ်က္ႏွာကို ၾကည့္ကာ ထိပ္လန့္ေနသည့္ အမႀကီးကို သူက လိုခ်င္သည့္ ဆံပင္ပုံစံကို ေျပာလိုက္သည္။အားလုံးၿပီးခ်ိန္မွာ အညိုေရာင္ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြက နဖူးေပၚေဝ့က်ေနတဲ့ ဂြၽန္ေျမာင္ကို အမႀကီးက ပါးစပ္ႀကီးဟကာ အၾကာႀကီးၾကည့္ေနသည္။
ဂြၽန္ေျမာင္ နား႐ြက္ဖ်ားေလးမ်ားရဲကာ၊ လည္ပင္းကို ပြတ္လိုက္မိသည္။
"မမေယာင္း ကြၽန္ေတာ္ ၾကည့္ရဆိုးလို႔လား.."
အမႀကီးက ေခါင္းကိုလည္ထြက္သြားမတက္ခါရမ္းသည္။
"ေအာင္မေလး အရင္ပုံနဲ႕တစ္ျခားစီပါဟယ္....
ၾကည့္ပါအုန္း ၁၇ႏွစ္သားေလး ၾကေနတာပဲ ဒီပုံသာျမင္ရင္ Boss က်န္းေတာ့ သဲ..အဲ ေတာင္းပန္ပါတယ္...."
သူက မေျပာသင့္တဲ့ စကားတစ္ခြန္ကို ေျပာမိလိုက္သလိုနဲ႕ စကားအျမန္ ျဖတ္ကာ၊ အလုပ္ရွိသည္ဟု ဆိုၿပီး လွည့္ထြက္သြားေတာ့သည္။
ဂြၽန္ေျမာင္က သက္ျပင္းသာခ်မိသည္။ရီရွင္းအေပၚ သူ႕ရဲ႕မႏွစ္ၿမိဳ႕မႈက အျပင္လူမ်ားပင္ သိရွိေနခဲ့သည္။သူ႕ပုံစံကို အရင္ျပန္ေျပာင္းၿပီးေနာက္မွာ ဂြၽန္ေျမာင္က ဖုန္းတစ္call လက္ခံရရွိၿပီး တစ္ဖက္က ခ်ိန္းသည့္ ေနရာသို႔ ဦးတည္သြားလိုက္သည္။
မနက္ပိုင္းမွာေတာင္ club အတြင္းက ေမွာင္ေနကာ၊ ေသာက္စားေနသူမ်ား နမ္းရွိုက္ေနသူမ်ားျဖင့္ ျပည့္လို႔ေနသည္။ဂြၽန္ေျမာင္ အျမင္မေတာ္သူေတြကို မၾကည့္ဘဲ ခ်ိန္းထားသည့္ လူကို လိုက္ရွာမိသည္။ခပ္လွမ္းလွမ္းကေန sexy ဆန္ဆန္ဝတ္စားထားသည့္ ခပ္ေသးေသးေကာင္ေလးက သူ႕ကို လက္လွမ္းျပသည္။
"ေတာင္းပန္ပါတယ္...ေနာက္က်သြားတယ္..."
"သခင္ေလးဂင္...အိုးေဂါ့ ကြၽန္ေတာ္က ခန့္မွန္းၿပီး လက္ျပလိုက္တာ တ တယ္ပဲ ခင္ဗ်ား၊.."
ေကာင္ေလးက အံ့ၾသမႈေၾကာင့္ စကားေတြပင္ မွန္ေအာင္မေျပာနိုင္ေတာ့ေပ။ဒါက ရီရွင္းကို ႐ြဲ႕ၿပီး သူတြဲေနတဲ့ club ကေကာင္ေလး ျဖစ္သည္။
သူေတြးေနတုန္းမွာပဲ ေကာင္ေလးက သူ႕အနားေရာက္လာၿပီး သူ႕ေပါင္ေတြကို လာပြတ္သပ္တာေၾကာင့္ အလန့္တၾကားနဲ႕တြန္းဖယ္ၿပီး ေနာက္ဆုတ္လိုက္မိသည္။
"သခင္ေလးဂင္....."
"ေတာင္း ေတာင္းပန္ပါတယ္၊ငါ ငါမင္းကိုမႀကိဳက္ေတာ့ဘူး ငါဒီကိုလည္း ေနာက္ထပ္လာ
ေတာ့မွာ မဟုတ္ဘူး၊ဒါက မင္းအတြက္လုံေလာက္တာထက္ ပိုမွာပါ..."
အခုခ်ိန္ထိ အသိမကပ္ေသးတဲ့ ေကာင္ေလးကို ဂြၽန္ေျမာင္က သူပါလာသည့္ ကဒ္တစ္ခုကို ေပးထားခဲ့ၿပီး ေျပးထြက္လာခဲ့လိုက္သည္။
"ဦးေလးေကာင္း အိမ္ျပန္ရေအာင္...."
ဂြၽန္ေျမာင္က အိမ္ျပန္ၿပီး အခန္းထဲမွာပဲ ေနကာ၊
သူ႕ဖုန္းထဲကေန ေဆာင္းဟြန္းနဲ႕ဂ်ီဟြၽန္း အေၾကာင္းကို ရွာၾကည့္မိသည္။ေဆာင္းဟြန္းက
သုေတသန ပညာရွင္ျဖစ္ေနခဲ့ၿပီး၊ ဂ်ီဟြၽန္းက ရီရွင္းရဲ႕ မိတ္ဖက္ ကုမၼဏီက ျဖစ္ကာ ကေလးတစ္ေယာက္ အေဖပင္ ျဖစ္ေနၿပီျဖစ္သည္။အမ်ားႀကီး ေျပာင္းလဲသြားၾကတာပဲ။ႏွစ္ဦးစလုံးရဲ႕ ဖုန္းနံပါတ္က သူ႕ဖုန္းထဲတြင္ မရွိခဲ့ပါ။အရင္က မွတ္မိေနတဲ့ ဖုန္းနံပါတ္တစ္ခုကို သူက စမ္းဆက္ၾကည့္လိုက္သည္။
(ဟဲလို...ဂင္ေဆာင္းယြန္း ေျပာေနပါတယ္..)
"ေဆာင္းယြန္း ငါက ဂြၽန္ေျမာင္ ဂြၽန္ေျမာင္.."
ဂြၽန္ေျမာင္ အသံေလးက လိုခ်င္တာရသြားတဲ့ ကေလးငယ္လိုပဲ ေပ်ာ္ျမဴးလို႔ေနသည္။တစ္ဖက္က အေတာ္ၾကာသည္အထိ တိတ္ဆိတ္လို႔သြားသည္။
(ဂြၽန္ေျမာင္...ေနာက္ဆုံးေတာ့ မင္းငါ့ကို ျပန္ဆက္သြယ္လာၿပီေပါ့...)
"ငါေတာင္းပန္ပါတယ္...ငါမင္းနဲ႕ေတြ႕ခ်င္တယ္"
ဂြၽန္ေျမာင္က သူမလုပ္ထားခဲ့ေပမဲ့၊သူ႕ခႏၶာကိုယ္က လုပ္ခဲ့တဲ့ အရင္ကိစၥေတြျဖစ္တာေၾကာင့္ ေတာင္းပန္လိုက္မိသည္။
(ငါအခု ဂ်ပန္ေရာက္ေနတာ၊ေနာက္ႏွစ္ပတ္မွ ျပန္လာမွာ အဲ့က်မွေတြ႕ၾကတာေပါ့ ၊ ငါဆက္သြယ္လိုက္မယ္..)
"အင္း အင္း၊ေကာင္းၿပီေလ..."
ဂြၽန္ေျမာင္က အိမ္ထဲမွာပဲေနသည္မွာ၊တစ္ပတ္ေက်ာ္ခဲ့ၿပီျဖစ္သည္။အလုပ္သမားမ်ားကလည္း သူရဲ႕ ယခုပုံစံကို အသားက်ေနၾကၿပီျဖစ္သည္။ ခုအခ်ိန္ထိ ရီရွင္းကို သူ မျမင္ရေသးပါ။ညဖက္ေတြမွာ ရီရွင္းကို ထိုင္ေစာင့္ရင္း သူက အိပ္ေပ်ာ္ခဲ့ၿပီး၊မနက္ခင္း သူနိုးလာခ်ိန္မွာလဲ ရီရွင္းက ထြက္သြားခဲ့ၿပီျဖစ္သည္။
သူမေတြ႕ခ်င္ဘူးဆိုလို႔ ထိုသူက ႀကိဳးစားေရွာင္တိမ္းေပးခဲ့သည္။
ဂြၽန္ေျမာင္ အိမ္မက္ဆိုး တစ္ခုေၾကာင့္ ဒီေန႕ညမွာ နိုးထလာသည္။ေအာက္ထပ္မွာ ေရဆင္းေသာက္ၿပီးေနာက္မွာ ၊ ညလယ္ေခါင္ႀကီး ျဖစ္တာေၾကာင့္ ရီရွင္း အိမ္မွာရွိသည္ဟု ယူဆလိုက္ၿပီး၊ စာၾကည့္ခန္းတံခါးကို ေျဖးေျဖးေလးဖြင့္လိုက္မိသည္။
မွန္ျပတင္းအရွည္ႀကီးကေန လေရာင္က မီးမွိတ္ထားတဲ့ အခန္းထဲကို လင္းထိန္စြာ ၾကေရာက္ေနသည္။စားပြဲခုံေပၚမွာ ျပန့္က်ဲေနတဲ့ စာ႐ြက္ေတြနဲ႕ ဝိုင္တစ္ခြက္ရွိေနသည္။လေရာင္ မ်က္ႏွာေပၚဖ်ာက်ေနတဲ့ က်န္းရီရွင္းက ခုံေပၚကို ေရာ့ရဲရဲမွီကာ ဆီးကရက္ကိုရွိုက္လိုက္ၿပီး အေငြ႕မ်ားကို မႈတ္ထုတ္လိုက္သည္။ဂြၽန္ေျမာင္က ေျဖးေျဖးခ်င္း အနားကို သြားရပ္တဲ့အခါမွာ၊ ဖိပိတ္ထားတဲ့ မ်က္ဝန္းေတြက ေျဖးေျဖးျခင္း ပြင့္လာၿပီး အနားေရာက္ေနသည့္ သူ႕ကိုလွည့္ၾကည့္သည္။
"ဂြၽန္ေျမာင္...."
အက္ကြဲေနတဲ့အသံနဲ႕ သူ႕ပါးကို ဖြဖြေလး ထိကိုင္လာသည္။
"ကိုယ္အရမ္းမူးေနၿပီထင္တယ္...ဟိုးအရင္အစက မင္းပုံစံေလးကို ကိုယ္ျပန္ျမင္ေနမိတယ္..."
"ရီရွင္း...ေတာင္းပန္ပါတယ္..."
ဂြၽန္ေျမာင္က သူ႕ေရွ႕က လူကို စိတ္ရင္းအမွန္နဲ႕ေတာင္းပန္မိသည္။ရီရွင္းရဲ႕ မ်က္ဝန္းေတြကေန မ်က္ရည္မ်ားစီးက်လာၿပီး၊ ေခါင္းငုံ႕ကာ ရွိုက္ႀကီးတစ္ငင္ငိုေတာ့သည္။ဒီႏွစ္ေတြအတြင္းမွာ
သူတစ္ခါမွမငိုခဲ့တဲ့အတိုင္း ၊ စုပုံကာ ငိုေႂကြးသည္။ဂြၽန္ေျမာင္က ထိုင္ခုံေပၚက ရီရွင္းကို သူ႕ရင္ခြင္ထဲ ထည့္ကာ ဖက္ထားမိသည္။
"ေတာင္းပန္ပါတယ္...."
"မေတာင္းပန္ပါနဲ႕၊မင္းက ဘာမွမမွားခဲ့တာမို႔လို႔..မေတာင္းပန္ပါနဲ႕၊ကိုယ္ကပဲ အားလုံးမွားခဲ့တာ ကိုယ္ကပဲ မွားခဲ့တာပါ..."
သူ႕ခါးကို တင္းတင္းက်ပ္က်ပ္ဖတ္လိုက္ၿပီး၊
တဖြဖြေတာင္းပန္ေနတဲ့ ရီရွင္းေခါင္းေလးကို
သူပြတ္သပ္ေပးေနမိသည္။ခဏအၾကာမွာေတာ့
မူးေနသည့္ ရီရွင္းက သူ႕ရင္ခြင္ထဲမွာပဲ အိပ္ေပ်ာ္သြားခဲ့သည္။
အမ်ားႀကီး ၊ တစ္ကယ့္ကို သူက အမ်ားႀကီး
ျပန္လည္ေပးဆပ္ရအုန္းမယ္။သူ႕ကို ခ်စ္တဲ့ ဒီလူသားကို ထပ္ၿပီး ငိုေႂကြးေနမွာကို သူက ခြင့္မျပဳေတာ့ဘူး။
TBC......