ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.2K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၅၄

4.4K 884 19
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၅၄: ကျွန်တော်သာ မင်းနဲ့မတွေ့ခဲ့ရင်

မိုရိချန်က အင်တာဗျူးပြီးသွားတဲ့အခါ အသေးလေးက သူ့ကို ကြိုနေတာကို မတွေ့ခဲ့ရဘဲ ခုံတန်းရှည်ပေါ်တွင် ရှုံ့တွကာခေါင်းငုံ့ရင်း ထိုင်နေတာကို တွေ့ခဲ့ရသည်။

"ဘာဖြစ်လို့လဲ။ စောင့်ရတာ ပင်ပန်းနေပြီလား" 

သူက လမ်းလျှောက်လာရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

ယွမ်းစွော်က ခေါင်းမော့ကာ မျက်တောင်ခတ်လိုက်ပြီး မိုရိချန်ကို ကြည့်လိုက်ရင်း ဘယ်သူမှမမြင်နိုင်အောင် အင်္ကျီထောင့်စွန်းကို အသာလေး ကိုင်ဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။

အပြန်လမ်းတွင် သူက မိုရိချန်ရဲ့အင်္ကျီထောင့်ကို လွှတ်ပေးဖို့ ငြင်းဆန်နေခဲ့သည်။ ချန်ကျောင်က ကားကို အဝေးပြေးလမ်းမပေါ် မမောင်းမချင်း ယွမ်းစွော်က အိပ်မက်ကနေ နိုးလာသလိုမျိုး မိုရိချန်ကို ကြည့်လိုက်သည်။

 "မိုရိချန် တကယ်လို့ ကျွန်တော်သာ မင်းကို မတွေ့ခဲ့ရင် ကျွန်တော် အခုချိန်ဘာတွေ ဖြစ်နေမလဲ"

ဒါက မိုရိချန်ကို သူ့အသက်ရှုသံ ရပ်သွားစေသလိုပင်။ ဒီလို သေးငယ်ပြီး တုံးအတဲ့ ကောင်လေးက မကောင်းတဲ့သူနဲ့ ကြုံလာရရင် သူ အသက်တောင်ရှင်နိုင်မှာ မဟုတ်ပေ။ သူနဲ့ ပထမဆုံးတွေ့ခဲ့တာဖြစ်ပေမယ့် ပထမရက်တွေမှာလည်း အများကြီး ခံစားခဲ့ရသေးသည်။

သူက ယွမ်းစွော်ကို စိတ်မကောင်းစွာဖြင့် သူ့ရင်ခွင်ထဲကို သွင်းလိုက်ပြီး သူ့လည်ပင်းနောက်ဘက်ရှိ ပျော့ပျောင်းတဲ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သည်။ တကယ်လို့ဆိုတာ မရှိဘူး။ သူ့ဘေးက အသေးလေးကို ပွေ့ဖက်လိုက်တဲ့အခါမှပင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

"တကယ်လို့ဆိုတာ မရှိပါဘူး။ ကိုယ်တို့ တွေ့ဆုံပြီးပြီလေ။ အနာဂတ်မှာလည်း ကိုယ်က မင်းရဲ့ဘေးမှာ ရှိနေမှာပါ"

 သူက တိုးတိုးလေးပြောလိုက်သည်။ 

ယွမ်းစွော်က အချိန်အတော်ကြာအောင် တိတ်သွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ "ဒီနေ့ ကျွန်တော် ဖိုဖေးနဲ့ တွေ့ခဲ့တယ်"

မိုရိချန်က တောင့်တင်းသွားခဲ့သည်။ 

"မင်းကို အရင်က ထိခိုက်အောင်လုပ်ခဲ့တဲ့ elfလေးလား"

 ဒီအရာလေးကြောင့် မပျော်မရွှင်ဖြစ်နေတာများလား။ "ဘာဖြစ်လို့လဲ သူဘာလုပ်လိုက်လို့လဲ"

ယွမ်းစွော်က ပြောလိုက်သည်။ "မဟုတ်ပါဘူး။သူကကောင်းပါတယ်။ ကျွန်တော်ပြောချင်တာက အခုဆို သူက ကျွန်တော့်အပေါ်ကောင်းနေပြီး တောင်းပန်ခဲ့တယ်...ပြီးတော့ ပြုံးလည်း ပြုံးပြသေးတယ်။ ဒါပေမယ့် သူ့မှာ ခက်တဲ့အခြေအနေရှိနေပုံပဲ"

"သူက မင်းကိုပြောပြတာလား" 

မိုရိချန်က ဖိုဖေးကို သတိထားနေဆဲဖြစ်သည်။

"သူပြောတာမဟုတ်ဘူး။ဒါက ကျွန်တော့်ဘာသာ ထင်တာပါ။ ကျွန်တော်တို့ ဒီနေ့ စင်္ကြံမှာတွေ့တော့ သူက ပစ္စည်းတွေ ရွှေ့နေရတာ ပင်ပန်းနေပုံရတယ်"

"ဒါကြောင့် သူ့မှာ ခက်ခဲတဲ့အခြေအနေတွေ ရှိနေတယ်လို့ထင်နေတာလား"

ယွမ်းစွော်က သူ့နှုတ်ခမ်းတွေကို ဖွဖွဖိရင်း "မသေချာပါဘူး။ တကယ်တော့ ကျွန်တော်က မိုရိချန်နဲ့အတူရှိနေပြီး ဖိုဖေးအလုပ်ကို လုပ်ခိုင်းရင် ကျွန်တော်လည်း ပင်ပန်းမှာ သေချာပေမယ့် ကျွန်တော့်နှလုံးသားကတော့ မပင်ပန်းသလို မျက်လုံးတွေမှာလည်း မပျော်မရွှင်ဖြစ်နေတာတွေ ရှိမှာမဟုတ်ဘူးလေ။ ဖိုဖေးရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်မှုကို မမြင်ခဲ့ရတဲ့အပြင် စိတ်ဓာတ်ကျပြီး အားမရှိတဲ့ခံစားချက်တွေ ရှိနေတယ်"

ယွမ်းစွော်ရဲ့မရည်ရွယ်တဲ့ 'ချစ်ခြင်းမေတ္တာစကား'ကြောင့် မိုရိချန်က ထိရှသွားခဲ့သည်။ သူ့ရဲ့နူးညံ့တဲ့ မျက်နှာလေးကို ကညှစ်လိုက်ပြီး 

"ဒူဒူက သူ့ကို ကူညီဖို့ ကြိုးစားချင်တာလား"

ယွမ်းစွော်က အားတက်သရော ခေါင်းညိတ်လိုက်ပြီး 

"အွမ်း ကျွန်တော် သူ့ကို ကူညီချင်တယ်" ဒါကိုပြောပြီးနောက် သူ့ပခုံးတွေက ပြေလျော့သွားခဲ့သည်။

 "ဒါပေမယ့် အကြီးတန်းတစ်ယောက်က သူ့ကိုကူညီဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူးလို့ လုံပေါ်ကပြောခဲ့ဖူးတယ်"

မိုရိချန်က အသေးလေးကို နှစ်သိမ့်ပေးရင်း "အဆင်ပြေပါတယ်။ ဒူဒူက သူတို့အားလုံးထက် ပိုအစွမ်းထက်ပြီး လုပ်ချင်တာမှန်သမျှ အောင်မြင်မယ်လို့ ကိုယ်ကယုံကြည်တယ်"

"တကယ်လား" 

ယွမ်းစွော်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့သည်။

"တကယ်ပေါ့။ ဒါပေမယ့် အဲဒါကို အလျင်စလိုမလုပ်နဲ့ဦး။ အဖြေတစ်ခုရှာဖို့ မကြိုးစားခင် တိကျတဲ့အခြေအနေကို အရင်နားလည်အောင် လုပ်ကြဦးစို့။  ကောင်းပြီလား"

"အွမ်း!"

ခန့်မင်ဘက်မှ သတင်းများ ရလာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူစေလွှတ်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းနှစ်ဦးက ယွမ်းစွော်တွေ့ခဲ့တဲ့ အရက်မူးသမားကို မြင်တွေ့ခဲ့ပေမယ့် သူက လွန်လွန်ကျူးကျူး ဘာမှမလုပ်ခဲ့ပေ။ သူက ဖန်းယာဆီက ပိုက်ဆံတွေကို ရိုးရိုးရှင်းရှင်းပဲ ယူပြီး ထွက်သွားခဲ့သည်။

မိုရိချန်က ညွှန်ကြားလိုက်သည်။ "ဘာမှမရှိတော့ရင် သူတို့ကို ရပ်ခိုင်းလိုက်တော့"

"ကောင်းပါပြီ"

"ကောင်းပြီ ဒီနေ့ ငါ အင်တာဗျူး​လုပ်ခဲ့တဲ့ XX အဆောက်အဦးရဲ့ ဆယ်ထပ်မြောက်မှာရှိတဲ့ အလုပ်သမားတွေထဲကတစ်ယောက်ကို စုံစမ်းဖို့ နည်းလမ်းရှာကြည့်လိုက်ပါ။ သူက ကုန်ထမ်းသမားဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် အလုပ်ကြမ်းသမားလည်း ဖြစ်နိုင်တယ်။ အသက် ၂၀နှစ်အောက်ဖြစ်နိုင်တယ်။ သူက ပိန်ပိန်ပါးပါးနဲ့ ဖြူဖပ်ဖြူရော်နဲ့မှိုင်းညို့တဲ့မျက်နှာရှိတယ်။ ခဏနေရင် သူ့ရဲ့ ထူးခြားတဲ့အသွင်အပြင်ကို သိနိုင်ဖို့ ငါ မင်းကို ဓာတ်ပုံတစ်ပုံပို့လိုက်မယ်"

"ကောင်းပါပြီ ဒုတိယသခင်လေး" 

ခန့်မင်က ဖုန်းချလိုက်ပြီးနောက် စာတစ်စောင်က ချက်ချင်းရောက်လာခဲ့သည်။ လက်ဖြင့်ဆွဲထားတဲ့ ပုံကြမ်းကိုတွေ့လိုက်ရပြီး ၎င်းကိုဖွင့်လိုက်သည်။ မိုရိချန်ဖော်ပြထားတဲ့အတိုင်း သူက ပိန်ပိန်ပါးပါးနှင့် အုံ့မှိုင်းနေသည်။

အချက်အလက်အတိအကျ မလုံလောက်ကာ ဖိုဖေးက အချိန်ပိုင်းအလုပ်သမားတစ်ဦး ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရန် အချိန်အနည်းငယ်ကြာခဲ့သည်။

သုံးရက်အကြာတွင် ခန့်မင်က မိုရိချန်ကို အချက်အလက်ပါရှိတဲ့ဖိုင်တစ်ခု ပေးခဲ့သည်။

လင်းဖိုဖေး၊ယောက်ျားလေး၊အသက်၁၇နှစ်၊ နေရပ်လိပ်စာ: S City။ အဆင့်တစ်ခုသို့ ရောက်ပြီးနောက် စနစ်က လုံပေါ်ရဲ့အခြေအနေကဲ့သို့ပင် IDကတ်အပါအဝင် အခြားအရာများကို အလိုအလျောက် ထောက်ပံ့ပေးမည်ဖြစ်တာကြောင့်  ပြင်ပကမ္ဘာတွင်နေထိုင်တဲ့ elvesကို တွေ့ရခြင်းမှာ မထူးဆန်းတော့ပေ။

သတင်းအချက်အလက်များအရ ဖိုဖေးက ယခုအခါ ကျောင်းနားထားသူတစ်ဦးဖြစ်ပြီး သူ့ရဲ့လိပ်စာက ငှားရမ်းခနည်းတဲ့ အဆောက်အအုံရဲ့ အပြင်ဘက်အဝန်းအဝိုင်းတွင် ဖြစ်သည်။

"မိသားစုအခြေအနေကတော့ နည်းနည်းရှုပ်ထွေးတယ်" 

ခန့်မင်က မျက်မှောင်ကြုတ်ကာ 

"သူက အမျိုးသားတစ်ယောက်နဲ့ နေထိုင်ပြီး အဲ့လူက သူ့ပိုင်ရှင်ဖြစ်မယ်လို့ အစက သံသယရှိခဲ့ပါတယ်။ စုံစမ်းကြည့်လိုက်တော့ အဲ့အမျိုးသားက အရင်နှစ်တွေတုန်းက စက်ရုံက မော်တော်ယာဥ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အလားအလာတွေက ကောင်းမွန်ပေမယ့် ဘာလို့ လောင်းကစားနှင့်အရက်ကို ရုတ်တရက် စွဲလန်းသွားမှန်းမသိပေမယ့် ငွေတိုးချေးတဲ့သူတွေဆီမှာ အကြွေးတွေပိနေပါတယ်။ သူ့မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကားမတော်တဆမှု ဖြစ်သွားပြီး ကိုမာဝင်နေတဲ့ ဇနီးတစ်ယောက်ရှိပြီး အခုပြုစုစောင့်ရှောက်ရေးစင်တာမှာ ရှိနေပါတယ်"

မိုရိချန်ရဲ့မျက်လုံးထဲရှိ အကြည့်က လေးနက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူနှင့်အတူ ရလဒ်များကို နားထောင်ဖို့ အသေးလေးကို မခေါ်ခဲ့မိပေ။ ဒီလို ပိုင်ရှင်ရဲ့လက်ထဲကို ရောက်သွားတဲ့elfအတွက် တကယ်ကို ဝမ်းနည်းစရာပင်။

"တစ်ခြားရှိသေးလား" 

လက်ညှိုးဖြင့် သူ့နဖူးကို  အထပ်ထပ် ထိပွတ်လိုက်မိသည်။

"ပြီးတော့… အဲဒီအမျိုးသားရဲ့နာမည်က ဖန်းကွေ့ဖြစ်ပြီး သူ့မှာ ညီမတစ်ယောက် ရှိပါတယ်"

မိုရိချန်က သေချာပေါက် ခန့်မှန်းမိလိုက်သည်။ 

"...ဖန်းယာလား"

ခန့်မင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်"

ဖိုဖေးရဲ့ပိုင်ရှင်က အရက်သမားဖြစ်ကြောင်း ယွမ်းစွော်က သိလိုက်ရတဲ့အခါ သူက အလွန် စိတ်ဓာတ်ကျသွားပြီး ပိုမိုကူညီဖို့ သူ့စိတ်ပိုင်းဖြတ်မှုကို တွန်းအားဖြစ်စေခဲ့သည်။

လုံပေါ်နှင့် စုရီတို့ကို ဆက်သွယ်ခဲ့ပြီး သူတို့နှစ်ဦးက အလွန်အဆင့်မြင့်နေပေမယ့် ပိုင်ရှင်တစ်ဦးအား 'အတင်းအကျပ်' ပြောင်းလဲခြင်းမျိုး တစ်ခါမှ မကြားဖူးကြောင်းနှင့် ကစားသမားလွှဲပြောင်းမှုအခွင့်အာဏာသည် သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒအပေါ် လုံးဝအခြေခံထားကြောင်း သူတို့နှစ်ဦးစလုံးက ပြောခဲ့ကြသည်။ ကစားသမားရဲ့ အသက်အန္တရာယ် ကျရောက်နေပါက သို့မဟုတ် ကြိုတင်မှန်းဆ၍မရသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်မှသာ ဖြစ်နိုင်ပြီး ဒါကလည်း elfရဲ့သဘောတူညီချက် လိုအပ်ပေသည်။ တစ်နည်းဆိုရသော် ထိုအချိန်က ဖိုဖေးက သူ့ကိုယ်သူ ဖန်းကွေ့ဆီသို့ လွှဲပြောင်းရန် သဘောတူခဲ့သည်ဟု ဆိုလိုပါသည်။

"အဲဒီအချိန်တုန်းက ဖန်းကွေ့က ဒီလိုအခြေအနေကို မရောက်သေးတာဖြစ်နိုင်တယ်" 

လုံပေါ်က စာပို့လိုက်သည်။

"အင်း အဲ့လိုဖြစ်မယ်" 

ယွမ်းစွော်က သူ့စာကို ပြန်ဖြေလိုက်ပြီး သူ့tabletကို ချလိုက်ကာ လှည့်ပတ်လမ်းလျှောက်လိုက်သည်။ ရုတ်​တရက်​ သူ့​ခေါင်းထဲတွင် မီးသီးတစ်​လုံး လင်းသွားခဲ့သည်။ ဖြစ်နိုင်တာက...အဘိုးအေဘယ်လ် သိလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်းထဲမှာ သူသိသမျှelvesတွေ အားလုံးထဲမှာ အဘိုးအေဘယ်လ်က အသက်အကြီးဆုံးဖြစ်ပြီး ဂိမ်းအကြောင်း အတော်လေး သိပုံပေါ်သည်။

ထိုသို့တွေးကာ မိုရိချန်အား လက်ဝှေ့ယမ်းနှုတ်ဆက်ကာ အဝတ်အစားတွေ အမြန်ပြောင်းပြီး ပန်းခြံသို့သွားရန် ပြင်လိုက်သည်။ မာ့ရှ်မယ်လိုက သူထွက်သွားတော့မှာကိုမြင်တော့ တံခါးဝကိုပိတ်ထားပြီး သူ့ဗိုက်လေးကိုပြကာ လမ်းဖယ်ပေးဖို့ငြင်းနေခဲ့သည်။ တခြားရွေးချယ်စရာမရှိတော့တာကြောင့် ယွမ်းစွော်က သူ့ကို ကြိုးနဲ့ တွဲချည်ပြီး မာ့ရှ်မယ်လိုနှင့်အတူ ခြေထောက်တိုတိုလေးများဖြင့် အပြင်ကို ထွက်ခဲ့ကြသည်။

သူက ပန်းခြံကို ဘတ်စ်ကားစီးသွားခဲ့ပြီး ဝင်ပေါက်မှာ အထောက်အထားတွေ စစ်ဆေးတဲ့ NPCအမျိုးသမီးက သူတို့ကို ဝင်ခွင့်မပေးခင် မာ့ရှ်မယ်လိုကို ပွေ့ဖက်ပြီး အကြိမ်ပေါင်းများစွာ နမ်းနေခဲ့သည်။

အဝေးမှပင် ရှူခင်းကြည့်တဲ့ အဆောက်အအုံအတွင်၌ သူရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ ကျောက်စားပွဲပေါ်တွင် နေ့လည်ခင်းလက်ဖက်ရည် ရှိနေပြီး အဘိုးအေဘယ်လ်က သူ့ရှေ့ရှိ စစ်တုရင်ကစားနည်းကို ကြည့်ရင်း သူ့မေးစေ့ကို ပွတ်သပ်နေစဉ် အဘွားအယ်လ်နီက ပေါင်ပေါ်တွင် စောင်ကို တင်ထားကာ အေးဆေးပြေပြစ်စွာနှင့် စာအုပ်ကို လှန်လျောကြည့်နေခဲ့သည်။

"ဝုတ် ဝုတ် ဝုတ်!" 

ယွမ်းစွော် ဘာမှမပြောရသေးခင် မာ့ရှ်မယ်လိုက နှုတ်ဆက်လိုက်တော့သည်။

အယ်လ်နီနှင့်အေဘယ်လ်တို့က ယွမ်းစွော်ကို မြင်သွားပြီး အလွန်ပျော်ရွှင်နေပါသည်။ အေဘယ်လ်ရဲ့အေးစက်တဲ့မျက်နှာကြောင့် သူက အမွှေးဖွာဖွာနှင့်မာ့ရှ်မယ်လိုကို သဘောကျကြောင်း ဘယ်သူမှ မပြောနိုင်ပေမယ့် မာ့ရှ်မယ်လိုက သူ့အပေါ် ခုန်တက်လာတာနဲ့ သူကပွေ့ဖက်ထားကာ လွှတ်ပေးဖို့ ငြင်းဆန်နေတော့သည်။

သူတို့စကားပြောနေစဉ်တွင် ယွမ်းစွော်က သူ ဒီနေ့လာရတဲ့ရည်ရွယ်ချက်ကို ဖွင့်ပြောခဲ့သည်။

အေဘယ်လ်က ခဏလောက် တိတ်ဆိတ်စွာ တွေးပြီး လေးနက်စွာပြောခဲ့သည်: "elfတစ်ယောက်က သူ့ကစားသမားနဲ့ ကောင်းကောင်းလိုက်လျောညီထွေမဖြစ်တဲ့ အခြေအနေမျိုး အရင်ကဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် စနစ်က ကစားသမားနဲ့ elf နဲ့တွဲပေးတဲ့အခါ အတိုင်းအတာတစ်ခုအထိပဲ စစ်ဆေးပေးတဲ့အတွက်ကြောင့် ဒီလိုအမှားအယွင်းတွေဖြစ်လာရတာပဲ။ ပုံမှန်ဆိုရင် သူတို့နှစ်ဦးကြားက ပဋိပက္ခတွေကို ဖြေရှင်းနိုင်တာမို့ လောလောဆယ်မှာ အတင်းအကျပ် ပြန်ဖျက်နိုင်ဖို့ နည်းလမ်းမရှိဘူး။ နောက်တစ်မျိုးပြောရရင် မင်းက သူတို့နှစ်ဦးကြားက ပဋိပက္ခကို ဖြေရှင်းပေးတာ ဒါမှမဟုတ် ကစားသမားကို ပြောင်းလဲဖို့ ကူညီပေးတာက ပိုထိရောက်တဲ့နည်းလမ်းတွေပဲ"

အခုအချိန်အထိ စကားဝင်မပြောသေးတဲ့ အယ်လ်နီက မနေနိုင်တော့ဘဲ ပြောလိုက်သသည်။  

"ဒါပေမယ့် လူတစ်ယောက်က သူ့အကျင့်စရိုက်ကို ပြောင်းဖို့ထက် တောင်တွေနဲ့ မြစ်တွေကို ပြောင်းဖို့က ပိုလွယ်တယ်"

သုံးယောက်သား အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ မာ့ရှ်မယ်လိုသာလျှင် လျှာလေးကို ထုတ်ကာ နက်မှောင်တဲ့မျက်လုံးလေးတွေက ပြုံးနေသလို မှေးစင်းနေခဲ့သည်။ 

"ဒါမှမဟုတ်...နည်းလမ်းတစ်ခုရှိသေးတယ်။ အန္တရာယ်တော့များတယ်"

"ဘယ်နည်းလမ်းလဲ" ယွမ်းစွော်ရဲ့လက်ထဲက လက်ဖက်ရည်က ဖိတ်ကျလုနီးပါးပင်။

အေဘယ်လ်က ပြောလိုက်သည်။ "elfတစ်ယောက်က အဆင့်၅၀ကိုရောက်ပြီးရင် စနစ်က ကစားသမားနဲ့ Elfတွေကို သေချာတဲ့ခွင့်ပြုချက်ကို အသုံးပြုနိုင်ကြောင်း အလိုအလျောက် အချက်ပြလိမ့်မယ်။အဲဒါက ဂိမ်းကို ကိုယ်တိုင်စတင်နိုင်တဲ့မုဒ်ပဲ"

"ဂိမ်းကို ကိုယ်တိုင်စတင်နိုင်တဲ့မုဒ်လား" ယွမ်းစွော်က စိတ်ရှုပ်သွားခဲ့သည်။

"မင်းသိတဲ့အတိုင်းပဲ။ elfတိုင်းက ဂိမ်းကို စတင်လုပ်ဆောင်ပေးဖို့ ကစားသမားတစ်ယောက် လိုအပ်တယ်လေ။ ဒါပေမယ့် elfက အဆင့် ၅၀ရောက်တဲ့အခါ ကစားသမားက elfကို အခွင့်အရေးအချို့ လွှဲပြောင်းပေးဖို့ ရွေးချယ်နိုင်ပြီး elfက ဂိမ်းကို သူ့သာဘာ အပြင်မှာ စတင်နိုင်ပါတယ်"

" elf ကို ကစားသမားနဲ့ ခွဲထားလို့ရတယ်လို့...ဆိုလိုတာ မဟုတ်ဘူးမို့လား"

"အတိုင်းအတာတစ်ခုအထိ အဲ့လိုမျိုးပဲ။ ဒါပေမယ့် ဒီမုဒ်ရဲ့လည်ပတ်မှုက ခက်ခဲတယ်။ တကယ်တမ်းပြောရရင် elfကို သယ်ဆောင်ပေးတဲ့ဟာက ပုံမှန်အားဖြင့် အီလက်ထရွန်နစ်ပစ္စည်းတစ်မျိုးမျိုးလေ။ အဲ့တော့ ပျက်စီးသွားတာမျိုး၊ ဓာတ်အားကုန်သွားတာမျိုး ဒါမှမဟုတ် မမျှော်လင့်ထားတဲ့အခြေအနေမျိုးတွေ ကြုံတွေ့ရနိုင်တယ်။ အဲ့အချိန်ကျ elfက ပြင်ပအကူအညီ လိုအပ်ပြီး အဲ့အချိန်က သူ့ကစားသမားကို အားကိုးရမယ့် အကောင်းဆုံးအချိန်ပဲ။ ဒါပေမယ့် ဖိုဖေးရဲ့ ကိစ္စမှာ ဒါကို အောင်မြင်နိုင်ဖို့ အရမ်းခက်ခဲမှာကို ငါ​စိုးရိမ်တယ်။ဘာကြောင့်လဲဆိုတော့ အဲဒီမုဒ် အလုပ်လုပ်ဖို့နဲ့ ကစားသမားက အခွင့်အရေးတချို့ကို လွှဲပြောင်းဖို့အတွက်က ကစားသမားအပေါ် elfရဲ့ ချစ်ခင်နှစ်သက်မှုတန်ဖိုးက အဆင့်၇၀ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ရောက်ဖို့ လိုအပ်လို့ပဲ"

အတိုချုပ်ပြောရလျှင် ဖိုဖေးရဲ့အခြေအနေမှန်က သူ့လက်ရှိပိုင်ရှင်ကို ပြောင်းလဲဖို့ ခွင့်မပြုနိုင်လောက်ပေ။

ပန်းခြံထဲက တိုက်ခန်းကိုပြန်လာတဲ့အခါ မိုရိချန်က သူ့ကိုစောင့်နေပြီး ထမင်းစားခန်းထဲမှာ နေ့လည်စာ အဆင်သင့်ဖြစ်နေပြီဆိုတာကို တွေ့လိုက်ရသည်။

သူက အေဘယ်လ်ပြောသမျှကို မိုရိချန်ကိုပြောပြလိုက်ပြီး ဂိမ်းထဲမှမထွက်မီ မာ့ရှ်မယ်လိုကိုလည်း အစာကျွေးလိုက်သည်။ သူက မိုရိချန်ရဲ့ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး  သက်ပြင်းမချပဲ မနေနိုင်တော့ပေ။

အသေးလေးက အစာစားချင်စိတ်မရှိတာကို မြင်လိုက်ရတဲ့အခါ သေးငယ်တဲ့ဆူးပင်လေးက ပိုပြီး ဆူးခြုံကြီးဖြစ်လာကြောင်း သူသဘောပေါက်လိုက်သည်။ သူက နဖူးကို ပွတ်သပ်လိုက်ပြီး သူ့ခံစားချက်တွေကို အာရုံခံစားမိပြီး ပြောလိုက်သည်။ "နည်းနည်းပိုစားပါဦး" 

ထို့နောက် သူ့လက်ချောင်းလေးကို နှာခေါင်းလေးပေါ်သို့ ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ ယွမ်းစွော်ကို စိတ်ပူနေမိသည်။ အသေးလေးရဲ့အရိုးတွေပေါ်မှာ တင်ဖို့မလွယ်တဲ့ အသားလေးတွေ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ။

"ဟမ်" 

ယွမ်းစွော်က ပန်းကန်လုံးထဲမှ သူအကြိုက်ဆုံး အသားနှပ်ကို ကြည့်ပြီး မိုရိချန်ရဲ့မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုကို မြင်တော့ ပြုံးပြဖို့ အစွမ်းကုန်ကြိုးစားလိုက်သည်။

 "အွမ်း!"


နေဝင်ချိန်ဖြစ်၍ နေရောင်ခြည်က  မညီညာတဲ့လမ်းပေါ်တွင် ပျံ့နှံ့နေခဲ့သည်။  အနက်ရောင် Land Roverတစ်စီးက လမ်းဘေးဘက်ရှိ အမိုးအကာအောက်တွင် ရပ်သွားခဲ့သည်။

ကားပေါ်ကလူက ဒီမှာရှိနေတာ နှစ်ရက်ရှိလေပြီ။ ဒရိုင်ဘာထိုင်ခုံမှ လူက နာကျင်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်ကာ အေးနေပြီဖြစ်တဲ့ ကော်ဖီကို နှစ်ငုံခန့်သောက်လိုက်သည်။ ကားထဲရှိ လေအေးပေးစက်က အမြင့်ဆုံးအဆင့်တွင် ရှိနေပေမယ့် အနည်းငယ် အသက်ရှူကျပ်နေခဲ့သည်။ လေကောင်းလေသန့်ရဖို့ ပြတင်းပေါက်ကို လှိမ့်ချလိုက်ရုံမှအပ  မတတ်နိုင်တော့ပေ။

ထိုအချိန်တွင် ပိန်ပါးတဲ့ဆယ်ကျော်သက်လေးက အဝေးမှ လာနေကာ လက်ထဲတွင် လွယ်အိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး သူ့ကျောပြင်မှာ အထိန်းအကွပ်မဲ့စွာ ကုန်းနေခဲ့သည်။ သူ့ခေါင်းပေါ်မှဦးထုပ်ကို အောက်သို့ ဖိချထားသဖြင့် မျက်လုံးတွေကို မမြင်နိုင်လောက်အောင် နိမ့်နေကာ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလွှာကိုသာ ထင်ထင်ရှားရှား မြင်ရသည်။

ခန့်မင်က မသိစိတ်မှ သူ့အိတ်ကပ်ထဲကို လက်ရောက်သွားပေမယ့် အတွင်းထဲမှာ စီးကရက်တစ်လိပ်မှ မတွေ့ပေ။ ခဏကြာအောင် ကားထဲမှာ လျှောက်ရှာကြည့်ပြီးနောက် ဘာမှမရှိတာကို တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေတဲ့ ဆယ်ကျော်သက်လေးကာ လှမ်းကြည့်လိုက်ရာ သူက ကွဲနေတဲ့ကြွေပန်းကန်လုံး တစ်ဝက်ကို ဘယ်နားက ရှာတွေ့လာမှန်းမသိပေ။ သူက လက်က ဆွဲလာတဲ့အိတ်ထဲမှ အစားအစာအချို့ကို ပန်းကန်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ကျန်တာကို ဖယ်ထားလိုက်သည်။

မကြာမီတွင် ကြောင်နှစ်ကောင်က အော်မြည်ကာ ပြေးလာရင်း ဆယ်ကျော်သက်လေးနှင့် အလွန်ရင်းနှီးနေပုံရသည်။ ပန်းကန်လုံးထဲရှိ စားစရာတွေကို စားဖို့ သူတို့ရဲ့ခေါင်းကို မြှုပ်လိုက်ပြီး ထိုအချိန်တွင် ဆယ်ကျော်သက်လေးရဲ့မျက်နှာမှာ အပြုံးမရှိပေမယ့် သူ့ပတ်ဝန်းကျင်က လေထုက ပျော့ပျောင်းသွားပုံပေါ်သည်။

ခန့်မင်က ဆယ်ကျော်သက်လေး သွန်ထည့်လိုက်တဲ့ အစားအစာဆီကို မျက်စိရောက်သွားတော့ ဒါက သာမာန်နေ့လယ်စာသေတ္တာထဲမှ ကျန်နေသေးတဲ့အရာတွေဖြစ်ကြောင်း  တွေ့လိုက်ရသည်။ ဆယ်ကျော်သက်လေးက ဒီလိုအရာတွေကို နှစ်ရက်ဆက်တိုက် ပြန်ယူလာခဲ့ပြီး ဒါက သူ့ရဲ့ တစ်နေရာရာမှ အချိန်ပိုင်းအလုပ်ဆီက ဖြစ်ကြောင်း အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်။ ဆယ်ကျော်သက်လေးက သူ့နေ့လယ်စာကို သိမ်းထားပြီး ကြောင်လေးတွေကို ကျွေးဖို့တင်မကဘဲ သူ့ကိုယ်ပိုင်ညစာအတွက်ပါ သုံးဖို့ဖြစ်သည်။

ဆယ်ကျော်သက်လေးက ထရပ်လာပြီး သူ့ဆီသို့ လျှောက်လာနေတာကို မြင်လိုက်ရသဖြင့် ခန့်မင်က တံခါးကိုဖွင့်ကာ အပြင်မထွက်မီ ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။

Zawgyi

အခန္း ၅၄: ကြၽန္ေတာ္သာ မင္းနဲ႔မေတြ႕ခဲ့ရင္

မိုရိခ်န္က အင္တာဗ်ဴးၿပီးသြားတဲ့အခါ အေသးေလးက သူ႕ကို ႀကိဳေနတာကို မေတြ႕ခဲ့ရဘဲ ခုံတန္း႐ွည္ေပၚတြင္ ႐ႈံ႕တြကာေခါင္းငုံ႔ရင္း ထိုင္ေနတာကို ေတြ႕ခဲ့ရသည္။

"ဘာျဖစ္လို႔လဲ။ ေစာင့္ရတာ ပင္ပန္းေနၿပီလား" 

သူက လမ္းေလွ်ာက္လာရင္း အသံတိုးတိုးေလးျဖင့္ ေမးလိုက္သည္။

ယြမ္းေစြာ္က ေခါင္းေမာ့ကာ မ်က္ေတာင္ခတ္လိုက္ၿပီး မိုရိခ်န္ကို ၾကည့္လိုက္ရင္း ဘယ္သူမွမျမင္ႏိုင္ေအာင္ အက်ႌေထာင့္စြန္းကို အသာေလး ကိုင္ဖို႔ သူ႕လက္ကိုဆန္႔ထုတ္လိုက္သည္။

အျပန္လမ္းတြင္ သူက မိုရိခ်န္ရဲ႕အက်ႌေထာင့္ကို လႊတ္ေပးဖို႔ ျငင္းဆန္ေနခဲ့သည္။ ခ်န္ေက်ာင္က ကားကို အေဝးေျပးလမ္းမေပၚ မေမာင္းမခ်င္း ယြမ္းေစြာ္က အိပ္မက္ကေန ႏိုးလာသလိုမ်ိဳး မိုရိခ်န္ကို ၾကည့္လိုက္သည္။

 "မိုရိခ်န္ တကယ္လို႔ ကြၽန္ေတာ္သာ မင္းကို မေတြ႕ခဲ့ရင္ ကြၽန္ေတာ္ အခုခ်ိန္ဘာေတြ ျဖစ္ေနမလဲ"

ဒါက မိုရိခ်န္ကို သူ႕အသက္႐ႈသံ ရပ္သြားေစသလိုပင္။ ဒီလို ေသးငယ္ၿပီး တုံးအတဲ့ ေကာင္ေလးက မေကာင္းတဲ့သူနဲ႔ ၾကဳံလာရရင္ သူ အသက္ေတာင္႐ွင္ႏိုင္မွာ မဟုတ္ေပ။ သူနဲ႔ ပထမဆုံးေတြ႕ခဲ့တာျဖစ္ေပမယ့္ ပထမရက္ေတြမွာလည္း အမ်ားႀကီး ခံစားခဲ့ရေသးသည္။

သူက ယြမ္းေစြာ္ကို စိတ္မေကာင္းစြာျဖင့္ သူ႕ရင္ခြင္ထဲကို သြင္းလိုက္ၿပီး သူ႕လည္ပင္းေနာက္ဘက္႐ွိ ေပ်ာ့ေပ်ာင္းတဲ့ဆံပင္ေတြကို ပြတ္သပ္ေပးလိုက္သည္။ တကယ္လို႔ဆိုတာ မ႐ွိဘူး။ သူ႕ေဘးက အေသးေလးကို ေပြ႕ဖက္လိုက္တဲ့အခါမွပင္ အနည္းငယ္ စိတ္သက္သာရာ ရသြားခဲ့သည္။

"တကယ္လို႔ဆိုတာ မ႐ွိပါဘူး။ ကိုယ္တို႔ ေတြ႕ဆုံၿပီးၿပီေလ။ အနာဂတ္မွာလည္း ကိုယ္က မင္းရဲ႕ေဘးမွာ ႐ွိေနမွာပါ"

 သူက တိုးတိုးေလးေျပာလိုက္သည္။ 

ယြမ္းေစြာ္က အခ်ိန္အေတာ္ၾကာေအာင္ တိတ္သြားၿပီး သူ႕ပါးစပ္ကို ဖြင့္လိုက္သည္။ "ဒီေန႔ ကြၽန္ေတာ္ ဖိုေဖးနဲ႔ ေတြ႕ခဲ့တယ္"

မိုရိခ်န္က ေတာင့္တင္းသြားခဲ့သည္။ 

"မင္းကို အရင္က ထိခိုက္ေအာင္လုပ္ခဲ့တဲ့ elfေလးလား"

 ဒီအရာေလးေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတာမ်ားလား။ "ဘာျဖစ္လို႔လဲ သူဘာလုပ္လိုက္လို႔လဲ"

ယြမ္းေစြာ္က ေျပာလိုက္သည္။ "မဟုတ္ပါဘူး။သူကေကာင္းပါတယ္။ ကြၽန္ေတာ္ေျပာခ်င္တာက အခုဆို သူက ကြၽန္ေတာ္႕အေပၚေကာင္းေနၿပီး ေတာင္းပန္ခဲ့တယ္...ၿပီးေတာ့ ျပဳံးလည္း ျပဳံးျပေသးတယ္။ ဒါေပမယ့္ သူ႕မွာ ခက္တဲ့အေျခအေန႐ွိေနပုံပဲ"

"သူက မင္းကိုေျပာျပတာလား" 

မိုရိခ်န္က ဖိုေဖးကို သတိထားေနဆဲျဖစ္သည္။

"သူေျပာတာမဟုတ္ဘူး။ဒါက ကြၽန္ေတာ့္ဘာသာ ထင္တာပါ။ ကြၽန္ေတာ္တို႔ ဒီေန႔ စႀကႍမွာေတြ႕ေတာ့ သူက ပစၥည္းေတြ ေ႐ႊ႕ေနရတာ ပင္ပန္းေနပုံရတယ္"

"ဒါေၾကာင့္ သူ႕မွာ ခက္ခဲတဲ့အေျခအေနေတြ ႐ွိေနတယ္လို႔ထင္ေနတာလား"

ယြမ္းေစြာ္က သူ႕ႏႈတ္ခမ္းေတြကို ဖြဖြဖိရင္း "မေသခ်ာပါဘူး။ တကယ္ေတာ့ ကြၽန္ေတာ္က မိုရိခ်န္နဲ႔အတူ႐ွိေနၿပီး ဖိုေဖးအလုပ္ကို လုပ္ခိုင္းရင္ ကြၽန္ေတာ္လည္း ပင္ပန္းမွာ ေသခ်ာေပမယ့္ ကြၽန္ေတာ္႕ႏွလုံးသားကေတာ့ မပင္ပန္းသလို မ်က္လုံးေတြမွာလည္း မေပ်ာ္မ႐ႊင္ျဖစ္ေနတာေတြ ႐ွိမွာမဟုတ္ဘူးေလ။ ဖိုေဖးရဲ႕မ်က္လုံးေတြထဲမွာ ေပ်ာ္႐ႊင္မႈကို မျမင္ခဲ့ရတဲ့အျပင္ စိတ္ဓာတ္က်ၿပီး အားမ႐ွိတဲ့ခံစားခ်က္ေတြ ႐ွိေနတယ္"

ယြမ္းေစြာ္ရဲ႕မရည္႐ြယ္တဲ့ 'ခ်စ္ျခင္းေမတၱာစကား'ေၾကာင့္ မိုရိခ်န္က ထိ႐ွသြားခဲ့သည္။ သူ႕ရဲ႕ႏူးညံ့တဲ့ မ်က္ႏွာေလးကို ကညႇစ္လိုက္ၿပီး 

"ဒူဒူက သူ႕ကို ကူညီဖို႔ ႀကိဳးစားခ်င္တာလား"

ယြမ္းေစြာ္က အားတက္သေရာ ေခါင္းညိတ္လိုက္ၿပီး 

"အြမ္း ကြၽန္ေတာ္ သူ႕ကို ကူညီခ်င္တယ္" ဒါကိုေျပာၿပီးေနာက္ သူ႕ပခုံးေတြက ေျပေလ်ာ့သြားခဲ့သည္။

 "ဒါေပမယ့္ အႀကီးတန္းတစ္ေယာက္က သူ႕ကိုကူညီဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ဘူးလို႔ လုံေပၚကေျပာခဲ့ဖူးတယ္"

မိုရိခ်န္က အေသးေလးကို ႏွစ္သိမ့္ေပးရင္း "အဆင္ေျပပါတယ္။ ဒူဒူက သူတို႔အားလုံးထက္ ပိုအစြမ္းထက္ၿပီး လုပ္ခ်င္တာမွန္သမွ် ေအာင္ျမင္မယ္လို႔ ကိုယ္ကယုံၾကည္တယ္"

"တကယ္လား" 

ယြမ္းေစြာ္ရဲ႕မ်က္လုံးေတြက ေတာက္ပလာခဲ့သည္။

"တကယ္ေပါ့။ ဒါေပမယ့္ အဲဒါကို အလ်င္စလိုမလုပ္နဲ႔ဦး။ အေျဖတစ္ခု႐ွာဖို႔ မႀကိဳးစားခင္ တိက်တဲ့အေျခအေနကို အရင္နားလည္ေအာင္ လုပ္ၾကဦးစို႔။  ေကာင္းၿပီလား"

"အြမ္း!"

ခန္႔မင္ဘက္မွ သတင္းမ်ား ရလာခဲ့သည္။ လြန္ခဲ့သည့္ရက္အနည္းငယ္က သူေစလႊတ္ခဲ့တဲ့ လုံျခဳံေရးဝန္ထမ္းႏွစ္ဦးက ယြမ္းေစြာ္ေတြ႕ခဲ့တဲ့ အရက္မူးသမားကို ျမင္ေတြ႕ခဲ့ေပမယ့္ သူက လြန္လြန္က်ဴးက်ဴး ဘာမွမလုပ္ခဲ့ေပ။ သူက ဖန္းယာဆီက ပိုက္ဆံေတြကို ႐ိုး႐ိုး႐ွင္း႐ွင္းပဲ ယူၿပီး ထြက္သြားခဲ့သည္။

မိုရိခ်န္က ၫႊန္ၾကားလိုက္သည္။ "ဘာမွမ႐ွိေတာ့ရင္ သူတို႔ကို ရပ္ခိုင္းလိုက္ေတာ့"

"ေကာင္းပါၿပီ"

"ေကာင္းၿပီ ဒီေန႔ ငါ အင္တာဗ်ဴး​လုပ္ခဲ့တဲ့ XX အေဆာက္အဦးရဲ႕ ဆယ္ထပ္ေျမာက္မွာ႐ွိတဲ့ အလုပ္သမားေတြထဲကတစ္ေယာက္ကို စုံစမ္းဖို႔ နည္းလမ္း႐ွာၾကည့္လိုက္ပါ။ သူက ကုန္ထမ္းသမားျဖစ္ႏိုင္တယ္ ဒါမွမဟုတ္ရင္ အလုပ္ၾကမ္းသမားလည္း ျဖစ္ႏိုင္တယ္။ အသက္ ၂၀ႏွစ္ေအာက္ျဖစ္ႏိုင္တယ္။ သူက ပိန္ပိန္ပါးပါးနဲ႔ ျဖဴဖပ္ျဖဴေရာ္နဲ႔မိႈင္းညိဳ႕တဲ့မ်က္ႏွာ႐ွိတယ္။ ခဏေနရင္ သူ႕ရဲ႕ ထူးျခားတဲ့အသြင္အျပင္ကို သိႏိုင္ဖို႔ ငါ မင္းကို ဓာတ္ပုံတစ္ပုံပို႔လိုက္မယ္"

"ေကာင္းပါၿပီ ဒုတိယသခင္ေလး" 

ခန္႔မင္က ဖုန္းခ်လိုက္ၿပီးေနာက္ စာတစ္ေစာင္က ခ်က္ခ်င္းေရာက္လာခဲ့သည္။ လက္ျဖင့္ဆြဲထားတဲ့ ပုံၾကမ္းကိုေတြ႕လိုက္ရၿပီး ၎ကိုဖြင့္လိုက္သည္။ မိုရိခ်န္ေဖာ္ျပထားတဲ့အတိုင္း သူက ပိန္ပိန္ပါးပါးႏွင့္ အုံ႔မိႈင္းေနသည္။

အခ်က္အလက္အတိအက် မလုံေလာက္ကာ ဖိုေဖးက အခ်ိန္ပိုင္းအလုပ္သမားတစ္ဦး ျဖစ္တာေၾကာင့္ စုံစမ္းစစ္ေဆးရန္ အခ်ိန္အနည္းငယ္ၾကာခဲ့သည္။

သုံးရက္အၾကာတြင္ ခန္႔မင္က မိုရိခ်န္ကို အခ်က္အလက္ပါ႐ွိတဲ့ဖိုင္တစ္ခု ေပးခဲ့သည္။

လင္းဖိုေဖး၊ေယာက်္ားေလး၊အသက္၁၇ႏွစ္၊ ေနရပ္လိပ္စာ: S City။ အဆင့္တစ္ခုသို႔ ေရာက္ၿပီးေနာက္ စနစ္က လုံေပၚရဲ႕အေျခအေနကဲ့သို႔ပင္ IDကတ္အပါအဝင္ အျခားအရာမ်ားကို အလိုအေလ်ာက္ ေထာက္ပံ့ေပးမည္ျဖစ္တာေၾကာင့္  ျပင္ပကမ႓ာတြင္ေနထိုင္တဲ့ elvesကို ေတြ႕ရျခင္းမွာ မထူးဆန္းေတာ့ေပ။

သတင္းအခ်က္အလက္မ်ားအရ ဖိုေဖးက ယခုအခါ ေက်ာင္းနားထားသူတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕လိပ္စာက ငွားရမ္းခနည္းတဲ့ အေဆာက္အအုံရဲ႕ အျပင္ဘက္အဝန္းအဝိုင္းတြင္ ျဖစ္သည္။

"မိသားစုအေျခအေနကေတာ့ နည္းနည္း႐ႈပ္ေထြးတယ္" 

ခန္႔မင္က မ်က္ေမွာင္ၾကဳတ္ကာ 

"သူက အမ်ိဳးသားတစ္ေယာက္နဲ႔ ေနထိုင္ၿပီး အဲ့လူက သူ႕ပိုင္႐ွင္ျဖစ္မယ္လို႔ အစက သံသယ႐ွိခဲ့ပါတယ္။ စုံစမ္းၾကည့္လိုက္ေတာ့ အဲ့အမ်ိဳးသားက အရင္ႏွစ္ေတြတုန္းက စက္႐ုံက ေမာ္ေတာ္ယာဥ္အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး အလားအလာေတြက ေကာင္းမြန္ေပမယ့္ ဘာလို႔ ေလာင္းကစားႏွင့္အရက္ကို ႐ုတ္တရက္ စြဲလန္းသြားမွန္းမသိေပမယ့္ ေငြတိုးေခ်းတဲ့သူေတြဆီမွာ အေႂကြးေတြပိေနပါတယ္။ သူ႕မွာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ကားမေတာ္တဆမႈ ျဖစ္သြားၿပီး ကိုမာဝင္ေနတဲ့ ဇနီးတစ္ေယာက္႐ွိၿပီး အခုျပဳစုေစာင့္ေ႐ွာက္ေရးစင္တာမွာ ႐ွိေနပါတယ္"

မိုရိခ်န္ရဲ႕မ်က္လုံးထဲ႐ွိ အၾကည့္က ေလးနက္လာခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ သူႏွင့္အတူ ရလဒ္မ်ားကို နားေထာင္ဖို႔ အေသးေလးကို မေခၚခဲ့မိေပ။ ဒီလို ပိုင္႐ွင္ရဲ႕လက္ထဲကို ေရာက္သြားတဲ့elfအတြက္ တကယ္ကို ဝမ္းနည္းစရာပင္။

"တစ္ျခား႐ွိေသးလား" 

လက္ညိႇဳးျဖင့္ သူ႕နဖူးကို  အထပ္ထပ္ ထိပြတ္လိုက္မိသည္။

"ၿပီးေတာ့… အဲဒီအမ်ိဳးသားရဲ႕နာမည္က ဖန္းေကြ႕ျဖစ္ၿပီး သူ႕မွာ ညီမတစ္ေယာက္ ႐ွိပါတယ္"

မိုရိခ်န္က ေသခ်ာေပါက္ ခန္႔မွန္းမိလိုက္သည္။ 

"...ဖန္းယာလား"

ခန္႔မင္က ေခါင္းညိတ္လိုက္ၿပီး "ဟုတ္ပါတယ္"

ဖိုေဖးရဲ႕ပိုင္႐ွင္က အရက္သမားျဖစ္ေၾကာင္း ယြမ္းေစြာ္က သိလိုက္ရတဲ့အခါ သူက အလြန္ စိတ္ဓာတ္က်သြားၿပီး ပိုမိုကူညီဖို႔ သူ႕စိတ္ပိုင္းျဖတ္မႈကို တြန္းအားျဖစ္ေစခဲ့သည္။

လုံေပၚႏွင့္ စုရီတို႔ကို ဆက္သြယ္ခဲ့ၿပီး သူတို႔ႏွစ္ဦးက အလြန္အဆင့္ျမင့္ေနေပမယ့္ ပိုင္႐ွင္တစ္ဦးအား 'အတင္းအက်ပ္' ေျပာင္းလဲျခင္းမ်ိဳး တစ္ခါမွ မၾကားဖူးေၾကာင္းႏွင့္ ကစားသမားလႊဲေျပာင္းမႈအခြင့္အာဏာသည္ သူတို႔ရဲ႕ကိုယ္ပိုင္ဆႏၵအေပၚ လုံးဝအေျခခံထားေၾကာင္း သူတို႔ႏွစ္ဦးစလုံးက ေျပာခဲ့ၾကသည္။ ကစားသမားရဲ႕ အသက္အႏၲရာယ္ က်ေရာက္ေနပါက သို႔မဟုတ္ ႀကိဳတင္မွန္းဆ၍မရေသာ ျဖစ္ရပ္တစ္ခု ျဖစ္ေပၚမွသာ ျဖစ္ႏိုင္ၿပီး ဒါကလည္း elfရဲ႕သေဘာတူညီခ်က္ လိုအပ္ေပသည္။ တစ္နည္းဆိုရေသာ္ ထိုအခ်ိန္က ဖိုေဖးက သူ႕ကိုယ္သူ ဖန္းေကြ႕ဆီသို႔ လႊဲေျပာင္းရန္ သေဘာတူခဲ့သည္ဟု ဆိုလိုပါသည္။

"အဲဒီအခ်ိန္တုန္းက ဖန္းေကြ႕က ဒီလိုအေျခအေနကို မေရာက္ေသးတာျဖစ္ႏိုင္တယ္" 

လုံေပၚက စာပို႔လိုက္သည္။

"အင္း အဲ့လိုျဖစ္မယ္" 

ယြမ္းေစြာ္က သူ႕စာကို ျပန္ေျဖလိုက္ၿပီး သူ႕tabletကို ခ်လိုက္ကာ လွည့္ပတ္လမ္းေလွ်ာက္လိုက္သည္။ ႐ုတ္​တရက္​ သူ႕​ေခါင္းထဲတြင္ မီးသီးတစ္​လုံး လင္းသြားခဲ့သည္။ ျဖစ္ႏိုင္တာက...အဘိုးေအဘယ္လ္ သိလိမ့္မည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဂိမ္းထဲမွာ သူသိသမွ်elvesေတြ အားလုံးထဲမွာ အဘိုးေအဘယ္လ္က အသက္အႀကီးဆုံးျဖစ္ၿပီး ဂိမ္းအေၾကာင္း အေတာ္ေလး သိပုံေပၚသည္။

ထိုသို႔ေတြးကာ မိုရိခ်န္အား လက္ေဝွ႔ယမ္းႏႈတ္ဆက္ကာ အဝတ္အစားေတြ အျမန္ေျပာင္းၿပီး ပန္းျခံသို႔သြားရန္ ျပင္လိုက္သည္။ မာ့႐ွ္မယ္လိုက သူထြက္သြားေတာ့မွာကိုျမင္ေတာ့ တံခါးဝကိုပိတ္ထားၿပီး သူ႕ဗိုက္ေလးကိုျပကာ လမ္းဖယ္ေပးဖို႔ျငင္းေနခဲ့သည္။ တျခားေ႐ြးခ်ယ္စရာမ႐ွိေတာ့တာေၾကာင့္ ယြမ္းေစြာ္က သူ႕ကို ႀကိဳးနဲ႔ တြဲခ်ည္ၿပီး မာ့႐ွ္မယ္လိုႏွင့္အတူ ေျခေထာက္တိုတိုေလးမ်ားျဖင့္ အျပင္ကို ထြက္ခဲ့ၾကသည္။

သူက ပန္းျခံကို ဘတ္စ္ကားစီးသြားခဲ့ၿပီး ဝင္ေပါက္မွာ အေထာက္အထားေတြ စစ္ေဆးတဲ့ NPCအမ်ိဳးသမီးက သူတို႔ကို ဝင္ခြင့္မေပးခင္ မာ့႐ွ္မယ္လိုကို ေပြ႕ဖက္ၿပီး အႀကိမ္ေပါင္းမ်ားစြာ နမ္းေနခဲ့သည္။

အေဝးမွပင္ ႐ွဴခင္းၾကည့္တဲ့ အေဆာက္အအုံအတြင္၌ သူရင္းႏွီးေနတဲ့ ပုံရိပ္ႏွစ္ခုကို ျမင္လိုက္ရသည္။ ေက်ာက္စားပြဲေပၚတြင္ ေန႔လည္ခင္းလက္ဖက္ရည္ ႐ွိေနၿပီး အဘိုးေအဘယ္လ္က သူ႕ေ႐ွ႕႐ွိ စစ္တုရင္ကစားနည္းကို ၾကည့္ရင္း သူ႕ေမးေစ့ကို ပြတ္သပ္ေနစဥ္ အဘြားအယ္လ္နီက ေပါင္ေပၚတြင္ ေစာင္ကို တင္ထားကာ ေအးေဆးေျပျပစ္စြာႏွင့္ စာအုပ္ကို လွန္ေလ်ာၾကည့္ေနခဲ့သည္။

"ဝုတ္ ဝုတ္ ဝုတ္!" 

ယြမ္းေစြာ္ ဘာမွမေျပာရေသးခင္ မာ့႐ွ္မယ္လိုက ႏႈတ္ဆက္လိုက္ေတာ့သည္။

အယ္လ္နီႏွင့္ေအဘယ္လ္တို႔က ယြမ္းေစြာ္ကို ျမင္သြားၿပီး အလြန္ေပ်ာ္႐ႊင္ေနပါသည္။ ေအဘယ္လ္ရဲ႕ေအးစက္တဲ့မ်က္ႏွာေၾကာင့္ သူက အေမႊးဖြာဖြာႏွင့္မာ့႐ွ္မယ္လိုကို သေဘာက်ေၾကာင္း ဘယ္သူမွ မေျပာႏိုင္ေပမယ့္ မာ့႐ွ္မယ္လိုက သူ႕အေပၚ ခုန္တက္လာတာနဲ႔ သူကေပြ႕ဖက္ထားကာ လႊတ္ေပးဖို႔ ျငင္းဆန္ေနေတာ့သည္။

သူတို႔စကားေျပာေနစဥ္တြင္ ယြမ္းေစြာ္က သူ ဒီေန႔လာရတဲ့ရည္႐ြယ္ခ်က္ကို ဖြင့္ေျပာခဲ့သည္။

ေအဘယ္လ္က ခဏေလာက္ တိတ္ဆိတ္စြာ ေတြးၿပီး ေလးနက္စြာေျပာခဲ့သည္: "elfတစ္ေယာက္က သူ႕ကစားသမားနဲ႔ ေကာင္းေကာင္းလိုက္ေလ်ာညီေထြမျဖစ္တဲ့ အေျခအေနမ်ိဳး အရင္ကျဖစ္ခဲ့ဖူးတယ္။ ဒါေပမယ့္ စနစ္က ကစားသမားနဲ႔ elf နဲ႔တြဲေပးတဲ့အခါ အတိုင္းအတာတစ္ခုအထိပဲ စစ္ေဆးေပးတဲ့အတြက္ေၾကာင့္ ဒီလိုအမွားအယြင္းေတြျဖစ္လာရတာပဲ။ ပုံမွန္ဆိုရင္ သူတို႔ႏွစ္ဦးၾကားက ပဋိပကၡေတြကို ေျဖ႐ွင္းႏိုင္တာမို႔ ေလာေလာဆယ္မွာ အတင္းအက်ပ္ ျပန္ဖ်က္ႏိုင္ဖို႔ နည္းလမ္းမ႐ွိဘူး။ ေနာက္တစ္မ်ိဳးေျပာရရင္ မင္းက သူတို႔ႏွစ္ဦးၾကားက ပဋိပကၡကို ေျဖ႐ွင္းေပးတာ ဒါမွမဟုတ္ ကစားသမားကို ေျပာင္းလဲဖို႔ ကူညီေပးတာက ပိုထိေရာက္တဲ့နည္းလမ္းေတြပဲ"

အခုအခ်ိန္အထိ စကားဝင္မေျပာေသးတဲ့ အယ္လ္နီက မေနႏိုင္ေတာ့ဘဲ ေျပာလိုက္သသည္။  

"ဒါေပမယ့္ လူတစ္ေယာက္က သူ႕အက်င့္စ႐ိုက္ကို ေျပာင္းဖို႔ထက္ ေတာင္ေတြနဲ႔ ျမစ္ေတြကို ေျပာင္းဖို႔က ပိုလြယ္တယ္"

သုံးေယာက္သား အၾကာႀကီး တိတ္ဆိတ္ၿငိမ္သက္သြားၾကသည္။ မာ့႐ွ္မယ္လိုသာလွ်င္ လွ်ာေလးကို ထုတ္ကာ နက္ေမွာင္တဲ့မ်က္လုံးေလးေတြက ျပဳံးေနသလို ေမွးစင္းေနခဲ့သည္။ 

"ဒါမွမဟုတ္...နည္းလမ္းတစ္ခု႐ွိေသးတယ္။ အႏၲရာယ္ေတာ့မ်ားတယ္"

"ဘယ္နည္းလမ္းလဲ" ယြမ္းေစြာ္ရဲ႕လက္ထဲက လက္ဖက္ရည္က ဖိတ္က်လုနီးပါးပင္။

ေအဘယ္လ္က ေျပာလိုက္သည္။ "elfတစ္ေယာက္က အဆင့္၅၀ကိုေရာက္ၿပီးရင္ စနစ္က ကစားသမားနဲ႔ Elfေတြကို ေသခ်ာတဲ့ခြင့္ျပဳခ်က္ကို အသုံးျပဳႏိုင္ေၾကာင္း အလိုအေလ်ာက္ အခ်က္ျပလိမ့္မယ္။အဲဒါက ဂိမ္းကို ကိုယ္တိုင္စတင္ႏိုင္တဲ့မုဒ္ပဲ"

"ဂိမ္းကို ကိုယ္တိုင္စတင္ႏိုင္တဲ့မုဒ္လား" ယြမ္းေစြာ္က စိတ္႐ႈပ္သြားခဲ့သည္။

"မင္းသိတဲ့အတိုင္းပဲ။ elfတိုင္းက ဂိမ္းကို စတင္လုပ္ေဆာင္ေပးဖို႔ ကစားသမားတစ္ေယာက္ လိုအပ္တယ္ေလ။ ဒါေပမယ့္ elfက အဆင့္ ၅၀ေရာက္တဲ့အခါ ကစားသမားက elfကို အခြင့္အေရးအခ်ိဳ႕ လႊဲေျပာင္းေပးဖို႔ ေ႐ြးခ်ယ္ႏိုင္ၿပီး elfက ဂိမ္းကို သူ႕သာဘာ အျပင္မွာ စတင္ႏိုင္ပါတယ္"

" elf ကို ကစားသမားနဲ႔ ခြဲထားလို႔ရတယ္လို႔...ဆိုလိုတာ မဟုတ္ဘူးမို႔လား"

"အတိုင္းအတာတစ္ခုအထိ အဲ့လိုမ်ိဳးပဲ။ ဒါေပမယ့္ ဒီမုဒ္ရဲ႕လည္ပတ္မႈက ခက္ခဲတယ္။ တကယ္တမ္းေျပာရရင္ elfကို သယ္ေဆာင္ေပးတဲ့ဟာက ပုံမွန္အားျဖင့္ အီလက္ထ႐ြန္နစ္ပစၥည္းတစ္မ်ိဳးမ်ိဳးေလ။ အဲ့ေတာ့ ပ်က္စီးသြားတာမ်ိဳး၊ ဓာတ္အားကုန္သြားတာမ်ိဳး ဒါမွမဟုတ္ မေမွ်ာ္လင့္ထားတဲ့အေျခအေနမ်ိဳးေတြ ၾကဳံေတြ႕ရႏိုင္တယ္။ အဲ့အခ်ိန္က် elfက ျပင္ပအကူအညီ လိုအပ္ၿပီး အဲ့အခ်ိန္က သူ႕ကစားသမားကို အားကိုးရမယ့္ အေကာင္းဆုံးအခ်ိန္ပဲ။ ဒါေပမယ့္ ဖိုေဖးရဲ႕ ကိစၥမွာ ဒါကို ေအာင္ျမင္ႏိုင္ဖို႔ အရမ္းခက္ခဲမွာကို ငါ​စိုးရိမ္တယ္။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမုဒ္ အလုပ္လုပ္ဖို႔နဲ႔ ကစားသမားက အခြင့္အေရးတခ်ိဳ႕ကို လႊဲေျပာင္းဖို႔အတြက္က ကစားသမားအေပၚ elfရဲ႕ ခ်စ္ခင္ႏွစ္သက္မႈတန္ဖိုးက အဆင့္၇၀ ဒါမွမဟုတ္ အဲဒီထက္ပိုၿပီး ေရာက္ဖို႔ လိုအပ္လို႔ပဲ"

အတိုခ်ဳပ္ေျပာရလွ်င္ ဖိုေဖးရဲ႕အေျခအေနမွန္က သူ႕လက္႐ွိပိုင္႐ွင္ကို ေျပာင္းလဲဖို႔ ခြင့္မျပဳႏိုင္ေလာက္ေပ။

ပန္းျခံထဲက တိုက္ခန္းကိုျပန္လာတဲ့အခါ မိုရိခ်န္က သူ႕ကိုေစာင့္ေနၿပီး ထမင္းစားခန္းထဲမွာ ေန႔လည္စာ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ေတြ႕လိုက္ရသည္။

သူက ေအဘယ္လ္ေျပာသမွ်ကို မိုရိခ်န္ကိုေျပာျပလိုက္ၿပီး ဂိမ္းထဲမွမထြက္မီ မာ့႐ွ္မယ္လိုကိုလည္း အစာေကြၽးလိုက္သည္။ သူက မိုရိခ်န္ရဲ႕ဆန္႔က်င္ဘက္တြင္ ထိုင္လိုက္ၿပီး  သက္ျပင္းမခ်ပဲ မေနႏိုင္ေတာ့ေပ။

အေသးေလးက အစာစားခ်င္စိတ္မ႐ွိတာကို ျမင္လိုက္ရတဲ့အခါ ေသးငယ္တဲ့ဆူးပင္ေလးက ပိုၿပီး ဆူးျခဳံႀကီးျဖစ္လာေၾကာင္း သူသေဘာေပါက္လိုက္သည္။ သူက နဖူးကို ပြတ္သပ္လိုက္ၿပီး သူ႕ခံစားခ်က္ေတြကို အာ႐ုံခံစားမိၿပီး ေျပာလိုက္သည္။ "နည္းနည္းပိုစားပါဦး" 

ထို႔ေနာက္ သူ႕လက္ေခ်ာင္းေလးကို ႏွာေခါင္းေလးေပၚသို႔ ညင္သာစြာ ပြတ္သပ္လိုက္သည္။ သူ ယြမ္းေစြာ္ကို စိတ္ပူေနမိသည္။ အေသးေလးရဲ႕အ႐ိုးေတြေပၚမွာ တင္ဖို႔မလြယ္တဲ့ အသားေလးေတြ အားလုံး ေပ်ာက္ကြယ္သြားခဲ့ၿပီ။

"ဟမ္" 

ယြမ္းေစြာ္က ပန္းကန္လုံးထဲမွ သူအႀကိဳက္ဆုံး အသားႏွပ္ကို ၾကည့္ၿပီး မိုရိခ်န္ရဲ႕မ်က္လုံးမ်ားထဲမွ စိုးရိမ္ပူပန္မႈကို ျမင္ေတာ့ ျပဳံးျပဖို႔ အစြမ္းကုန္ႀကိဳးစားလိုက္သည္။

 "အြမ္း!"


ေနဝင္ခ်ိန္ျဖစ္၍ ေနေရာင္ျခည္က  မညီညာတဲ့လမ္းေပၚတြင္ ပ်ံ႕ႏွံ႔ေနခဲ့သည္။  အနက္ေရာင္ Land Roverတစ္စီးက လမ္းေဘးဘက္႐ွိ အမိုးအကာေအာက္တြင္ ရပ္သြားခဲ့သည္။

ကားေပၚကလူက ဒီမွာ႐ွိေနတာ ႏွစ္ရက္႐ွိေလၿပီ။ ဒ႐ိုင္ဘာထိုင္ခုံမွ လူက နာက်င္ေနတဲ့ မ်က္လုံးေတြကို ပြတ္သပ္ကာ ေအးေနၿပီျဖစ္တဲ့ ေကာ္ဖီကို ႏွစ္ငုံခန္႔ေသာက္လိုက္သည္။ ကားထဲ႐ွိ ေလေအးေပးစက္က အျမင့္ဆုံးအဆင့္တြင္ ႐ွိေနေပမယ့္ အနည္းငယ္ အသက္႐ွဴက်ပ္ေနခဲ့သည္။ ေလေကာင္းေလသန္႔ရဖို႔ ျပတင္းေပါက္ကို လွိမ့္ခ်လိုက္႐ုံမွအပ  မတတ္ႏိုင္ေတာ့ေပ။

ထိုအခ်ိန္တြင္ ပိန္ပါးတဲ့ဆယ္ေက်ာ္သက္ေလးက အေဝးမွ လာေနကာ လက္ထဲတြင္ လြယ္အိတ္တစ္လုံးကို ကိုင္ေဆာင္ထားၿပီး သူ႕ေက်ာျပင္မွာ အထိန္းအကြပ္မဲ့စြာ ကုန္းေနခဲ့သည္။ သူ႕ေခါင္းေပၚမွဦးထုပ္ကို ေအာက္သို႔ ဖိခ်ထားသျဖင့္ မ်က္လုံးေတြကို မျမင္ႏိုင္ေလာက္ေအာင္ နိမ့္ေနကာ တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းလႊာကိုသာ ထင္ထင္႐ွား႐ွား ျမင္ရသည္။

ခန္႔မင္က မသိစိတ္မွ သူ႕အိတ္ကပ္ထဲကို လက္ေရာက္သြားေပမယ့္ အတြင္းထဲမွာ စီးကရက္တစ္လိပ္မွ မေတြ႕ေပ။ ခဏၾကာေအာင္ ကားထဲမွာ ေလွ်ာက္႐ွာၾကည့္ၿပီးေနာက္ ဘာမွမ႐ွိတာကို ေတြ႕လိုက္ရသည္။ ေျမျပင္ေပၚတြင္ ငုတ္တုတ္ထိုင္ေနတဲ့ ဆယ္ေက်ာ္သက္ေလးကာ လွမ္းၾကည့္လိုက္ရာ သူက ကြဲေနတဲ့ေႂကြပန္းကန္လုံး တစ္ဝက္ကို ဘယ္နားက ႐ွာေတြ႕လာမွန္းမသိေပ။ သူက လက္က ဆြဲလာတဲ့အိတ္ထဲမွ အစားအစာအခ်ိဳ႕ကို ပန္းကန္ထဲသို႔ ဂ႐ုတစိုက္ ထည့္လိုက္ၿပီး က်န္တာကို ဖယ္ထားလိုက္သည္။

မၾကာမီတြင္ ေၾကာင္ႏွစ္ေကာင္က ေအာ္ျမည္ကာ ေျပးလာရင္း ဆယ္ေက်ာ္သက္ေလးႏွင့္ အလြန္ရင္းႏွီးေနပုံရသည္။ ပန္းကန္လုံးထဲ႐ွိ စားစရာေတြကို စားဖို႔ သူတို႔ရဲ႕ေခါင္းကို ျမႇဳပ္လိုက္ၿပီး ထိုအခ်ိန္တြင္ ဆယ္ေက်ာ္သက္ေလးရဲ႕မ်က္ႏွာမွာ အျပဳံးမ႐ွိေပမယ့္ သူ႕ပတ္ဝန္းက်င္က ေလထုက ေပ်ာ့ေပ်ာင္းသြားပုံေပၚသည္။

ခန္႔မင္က ဆယ္ေက်ာ္သက္ေလး သြန္ထည့္လိုက္တဲ့ အစားအစာဆီကို မ်က္စိေရာက္သြားေတာ့ ဒါက သာမာန္ေန႔လယ္စာေသတၱာထဲမွ က်န္ေနေသးတဲ့အရာေတြျဖစ္ေၾကာင္း  ေတြ႕လိုက္ရသည္။ ဆယ္ေက်ာ္သက္ေလးက ဒီလိုအရာေတြကို ႏွစ္ရက္ဆက္တိုက္ ျပန္ယူလာခဲ့ၿပီး ဒါက သူ႕ရဲ႕ တစ္ေနရာရာမွ အခ်ိန္ပိုင္းအလုပ္ဆီက ျဖစ္ေၾကာင္း အေျခခံအားျဖင့္ ဆုံးျဖတ္ႏိုင္သည္။ ဆယ္ေက်ာ္သက္ေလးက သူ႕ေန႔လယ္စာကို သိမ္းထားၿပီး ေၾကာင္ေလးေတြကို ေကြၽးဖို႔တင္မကဘဲ သူ႕ကိုယ္ပိုင္ညစာအတြက္ပါ သုံးဖို႔ျဖစ္သည္။

ဆယ္ေက်ာ္သက္ေလးက ထရပ္လာၿပီး သူ႕ဆီသို႔ ေလွ်ာက္လာေနတာကို ျမင္လိုက္ရသျဖင့္ ခန္႔မင္က တံခါးကိုဖြင့္ကာ အျပင္မထြက္မီ ခဏေလာက္ တုံ႔ဆိုင္းသြားခဲ့သည္။

Continue Reading

You'll Also Like

38.9K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
195K 29.9K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
155K 19.9K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ