ကျုပ်မှာလည်း ရောဂါတစ်ခု ရှိနေပုံပဲ
Park Jimin ပြုံးလိုက်တယ် ဆိုရင်ပဲ
မနေနိုင်မထိုင်နိုင်တဲ့ ရောဂါ ပေါ့....
.... .... .... .... .... .... ..... .... ..... .....
"မင်း!!! ဘာလုပ်လိုက်တာလဲ "
"ဘာလုပ်လိုက်တယ် ဆိုတာ ခင် ဗျားမသိလို့ ကျုပ်ကို မေးနေတာလား"
အပိုစကားတွေ မပြောချင်တဲ့သူမှ ရှင်းပြစရာတွေက များနေဟန်
အိပ်မှုံစုတ်ဖွားဖြင့် ထလာသူသည် သူ့အိမ်သူ့ယာ မှတ်နေပုံပေါ်သည်။
အပေါ်ထပ်တစ်ထည်ဖြင့် ရင်ဘတ်ပိုင်းဗလာကျင်းနေတဲ့ အဖြစ်က ယောက်ျားတစ်ယောက်မို့ အထူးအဆန်းမဟုတ်
ထူးဆန်းခြင်းတွေသည် နေမထိ လေမထိ အသားအရေပေါ်က တခြားသူတွေ မမြင်အပ်တဲ့ အမှတ်အသားတွေ
သူ့ဝတ်နေကျ မဟုတ်တဲ့ အပေါ်ထပ်က သူ့ကိုလှောင်ပြောင်နေသည်။
ခန္ဓာကိုယ်ကို ဆေးပညာလိုက်စားနေသူမို့ ဆန့်စစ် ကြည့်သည် ဖူးနေတဲ့ နှုတ်ခမ်း... ဟိုအရိုင်းအစိုင်းခြယ်လှယ်ထားတဲ့ အမှတ်အသား တွေ... အပေါ်ပိုင်းရင်ဘတ် ဗလာ
ဒါတွေမှလွဲ၍ ထူးခြားပြောင်းလဲမှုသည်မရှိ အပေါ်ထပ် အင်္ကျီတစ်ထည်သည် သူ့အဝတ်အစားမဟုတ်ပြန်
နက်စွေ့စွေ့ ကုတင်ကြောင့် ဟိုအရိုင်းအစိုင်းပိုင်တဲ့ အိမ်တစ်လုံးပဲရောက်နေတာဖြစ်ရမည်။
ခေါင်းနည်းနည်း အုံနေသည်။ ညပိုင်းမှာ ရေသောက်သလို သောက်ခဲ့သည့် ယမကာ၏ တန်းခိုးတွေသည် ထုံးစံအတိုင်း ခန္ဓာကိုယ်ကို အဆင်ပြေမနေ
ရေချိုးရမည် အိမ်ပြန်ရမည် နားရမည် ဆိုသည့် အသိတွေက ခေါင်းထဲ အစီအရီ ပေါ်လာသည်။ ကုတင်ပေါ်မှ ထကာ မလှမ်းမကမ်းစားပွဲ ပေါ်မှ club ထဲမှာ ကျန်ခဲ့ ပြီဟု ထင်သော အိတ်ကို ယူကာ coat ရင်ဘတ်ကို ဆွဲစေ့လိုက်ပြီး အခန်းထဲက ထွက်သွားမည်အပြု
"Park Jimin ခင်ဗျားဘာလုပ်နေတာလဲ!!!"
"အိမ်ပြန်မလို့"
"ဘာ!!!"
အမေးရှိလို့ဖြေပေးသည်။ အိမ်ပြန်မည်မို့ အိမ်ပြန်မည့်အကြောင်းပြောခြင်းတွင် Jeon က ဘာတွေကို ဒေါသထွက်နေလဲမသိ
"ခင်ဗျား ပြန်လို့မရတော့ဘူး ဒီတံခါးအပြင်ဘက်ကို ထွက်လိုက်တာနဲ့ ခင်ဗျားကကျုပ် ယောက်ျားဆိုတဲ့ အကြည့်တွေနဲ့ကြည့်ခံရတော့မှာ... တန်ဖိုးရှိပါတယ်ဆိုတဲ့ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေ ကျုပ်မှခင်ဗျားကိုမယူရင် မြောင်းထဲရောက်ကုန်တော့မှာ ဘယ်လိုလဲ ရင်ဆိုင်ဖို့ သတ္တိရှိလား"
Jeon ရဲ့ ခနဲ့တဲ့တဲ့အမေးအဆုံး
အရည်လဲ့နေသော်လည်း သိပ်ထက်လှတဲ့ ဓားချွန်ချွန်လေးလိုပဲ ကြည့်လာတဲ့ မျက်ဝန်းတောက်တောက်တွေက ပကတိအတိုင်း တည်တည်ငြိမ်ငြိမ် လေး
ထူးခြားချက် အလျှင်မရှိ
သို့သော် ပထမဆုံးအကြိမ် သည်မျက်ဝန်းတွေနှင့် အကြည့်ခံလိုက်ရတဲ့ အရိုင်းအစိုင်းလေးကတော့ ကြက်သီး ခေါင်းစုသွားရသည်။ ဘာကြောင့်ရယ်မသိပေမယ့် ပထမဆုံး အကြည့် မို့သူအံသြရခြင်းရယ်ဟု သတ်မှတ်လိုက်သည်။
"မင်းလိုချင်တာ ဒါပဲလေJeon Jung Kook ရယ် ကျေနပ်လိုက်ပေါ့..
မင်းသိထားရမှာ တစ်ခုရှိတယ် ငါ့ကို
သူများတွေတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခံထားရတာ..
ငါသတ်မှတ်တာမဟုတ်ဘူး
ငါနေတတ်သလို ငါကျင်လည်ရာ နေရာလေးမှာ ခပ်မှန်မှန် ရှင်သန်လည်ပတ်နေရုံလေးပဲ
ငါရပ်နေတာ ပုံမှန်နေရာလေးတစ်ခုမှာပဲ ငါ့ကိုတော်တယ်တတ်တယ် တန်ဖိုးရှိတယ်လို့ ချီးကျူးခံရအောင် လုပ်ယူနေတာ တစ်ခုမှမရှိဘူး...
မင်းခုလို လုပ်လိုက်တော့ ငါ့ကိုတန်ဖိုးမရှိဘူးလို့ လူတွေကပြောင်းလဲ သတ်မှတ်ချင် သတ်မှတ်ကြမှာပေါ့ ငါမတုန်လှုတ်ပါဘူး
တန်ဖိုးရှိတယ်ပြောတုန်းက တောင်ငါဂရုစိုက်ခဲ့တာမှမဟုတ်တာ
မင်းနဲ့ငါ့ကြားက ကိစ္စကို မင်းနဲ့ငါလောက် ဘယ်သူကသိနိုင် မလို့ လဲ..
အနည်းဆုံးတော့ မင်းကိုယ်တိုင်တန်ဖိုးချ ထားတဲ့ ဂုဏ်သိက္ခာ မဲ့သူကို မင်းအိမ်ထောင်ပြုရမှာပေါ့ အရာရာမင်းအပေါ်မှာပဲ မူတည် တယ်...
သြော်..ဂုဏ်သိက္ခာမဲ့နေလို့ မယူချင်ဘူးဆိုလဲ ငါဘာပြောနိုင်မှာလဲ မင်းလက်ခုပ်ထဲကရေလေ မင်းသဘောပဲ သွန်လိုသွန် မှောက်လိုမှောက်...."
ထွက်သွားတဲ့ ကျောပြင်လေးက နောက်ကို ယောင်လို့ပင် လှည့်မကြည့်တော့
ခြေလှမ်းတွေ ကနည်းနည်းမျှ တုန့်ဆိုင်းခြင်းမရှိခဲ့ဘူး
အဆိုးအပေလေးရဲ့စိတ်ထဲမှာ Park Jimin ကြောက်ရွံသွားမယ်ထင်ခဲ့တာ..ခြိမ်းခြောက်ခဲ့တာတောင်မှ
သူ့ကိုလက်ထပ်ပေးဖို့ တောင်းဆိုမယ်လို့ ထင်ခဲ့တာ.. ဂုဏ်သိက္ခာ ကိုအသေအလဲဖက်တွယ်လိမ့်မယ်လို့ထင်ခဲ့တာ
တစ်သက်လုံးအနားမှာရှိနေခဲ့တဲ့လူတစ်ယောက်အကြောင်းကို ထိုနေ့က အကြီးကြီးသိလိုက်ရတာတစ်ခုက... မောင့်မာနကမြစ်ပြင်ကျယ်ဆို Jimin မာန က သမုဒ္ဒရာကြီးဆိုတာပဲ
"ဟာကွာ!!!"
အခန်းထဲက ပစ္စည်းတွေကို စိတ်ကြိုက် ဖျက်စီးပစ်လိုက် သည်။ ဒါကသူ့စိတ်ထွက်ပေါက်... တန်ဖိုးကြီးပန်းအိုး တန်ဖိုးကြီး facilities ဒါတွေဟာ ကြမ်းပြင်ပေါ်မှာ ရစရာမရှိခဲ့ဘူး မောင်စိတ်ဆိုးခဲ့ပါသည်။သူလည်း Park Jimin ကိုလက်မထပ်ချင်ပါဘူးဟု တူးတူးခါးခါးငြင်းဆန်ခဲ့သူတစ်ယောက်
သူဝမ်းသာရမည့်စကားကကွဲလွဲစွာ အသည်းအသန်သူ့ကို ဒေါသထွက်စေခဲ့သည်။
တစ်ချိန်တည်းမှာပဲ လမ်းဘေး platform ပေါ်မှာ ခေါင်းငိုက်စိုက်ချ၍ လမ်းလျှောက်နေသော ဖြူလွှလွှ ကောင်ငယ် လေးလည်းရှိနေခဲ့ပါသည်။ ကားတစ်စီးတစ်လေကိုမှ တားဆီးခြင်းမရှိ ပတ်ဝန်းကျင်ကို ဂရုမပြုခဲ့တဲ့ ထိုလူသားငယ်က အနည်းငယ် ခပ်ယိုင်ယိုင်ခြေလှမ်းတ်ို့ဖြင့် လမ်းလျှောက်နေရသော်လည်း လျှောက်မြဲ လျှောက်ဆဲ
သေချာဂရုတစိုက်ကြည့်မိလျှင်တော့ အနည်းငယ်တုန်ယင်နေတဲ့ ပခုံးသားတွေကို မြင်ရနိုင်သည်။
ဒဏ်ရာမရဖူးသေးတဲ့ သူတစ်ယောက်က ဆူးလေးခြစ်မိတာနှင့် ထိတ်လန့် တတ်ကြတာ....
ဒဏ်ရာတွေ ဗလပွနဲ့ သူတစ်ယောက်ကတော့ နှလုံးသားတည့်တည့် ကိုဓားထက်ထက်နှင့်ထိုးခံရလည်း မတုန်လှုတ်တော့တဲ့ အထိဒဏ်ရာတွေနှင့် အသားကျနေခဲ့တာမျိုး
..... ..... ...... ...... ...... ....... ....... ......
"ဘာတွေ ထူးခြားခဲ့လဲ Hoseok "
အချိန်အားဖြင့် မနက်သုံးနာရီ ....တစ်လောကလုံးအိပ်ကောင်းနေမလား မသိသော်လည်း နယ်မြေသခင်လေးနှင့် အတွင်းရေးမှူး ၏ အကြိတ်အနယ် ဆွေးနွေးတိုင်ပင် နေကြမှုကြောင့် နယ်မြေမှူး တွေသည် အိပ်ချင်စိတ်တွေ ကင်းစင်ပပျောက်နေခဲ့သည်။
မကြာခင် ကမှပြန်ရောက်သည့် အတွင်းရေးမှူးကြီး ကြောင့် အတော်လေး အလုပ်ရှုတ်ခဲ့ကြရသည်။ သယ်ဆောင်လာသည့် အလုပ်တာဝန်တွေသည် မနည်းမနော မနက်စောစော အစည်းဝေးထိုင်နေရခြင်းကပင်သက်သေခံလျှက်
အနက်ရောင် ပိုးသားpajamas one set အပေါ် မှ အနက်ရောင် ပိုးသား long coat ရှည်ကို ဝတ်ဆင်ထားတဲ့ နယ်မြေ သခင်လေးက ချောမောခြင်းတွေစုပြုံနေခဲ့သည်။
သေချာ အချိန်ယူပုံဖော်ထားသည့် လက်ရာမြောက်တက်တူးတွေပြည့်နေတဲ့ လက်တစ်ဖက်ကို အင်္ကျီီလက်နှင့် ဖုံကွယ်နေခဲ့သော်လည်း
တစ်စွန်းတစ်စ ထွက်ပေါ်နေတဲ့ တက်တူးအပိုင်းအစတွေနှင့် ထင်းလင်းနေတဲ့အကြောစိမ်းတွေရှိတဲ့ လက်ချောင်းတွေနှင့်အရှေ့မှ စားပွဲကိုခေါက်နေခဲ့သည်။
တစ်ချက် တစ်ချက်တွန့်ချိုးသွားတဲ့ မျက်ခုံးတွေ က နယ်မြေမှူး တွေကို ရင်တမမဖြင့်.. အရှိန်ဝါကြီးမားသူကြောင့် မျက်နှာအမူအရာ သေးသေးလေးက ပင် သြဇာအာဏာတွေက မပြောလည်းသက်ရောက်နေသည့် အနေအထား
"ကျွန်တော်တို့ လူတွေထည့်ခဲ့ပါပြီ"
"အခွင့်အရေး ရတာနဲ့ သူ့ရဲ့ ဟန်ရေးပြ ပိုင်ဆိုင်မှုတွေ စဖြိုမယ်"
"သခင်လေး ဒါက ကြီးမားတဲ့ သက်ရောက်မှု မဖြစ်နိုင်ပါဘူး"
သခင်လေးက လက်ပိုက်လျှက် ဟန်ပါပါခြေ ချိတ်ထိုင်လိုက်ကာ ထိုင်ခုံနောက်မှီလိုက်ရင်း မျက်နှာကျက်ကို ငေးမောနေခဲ့ပြီး
"ငါက အာရုံလေး နောက်သွားစေချင်ရုံပါ မင်းသဘောပေါက်မှာပါ "
"ကျွန်တော် သဘောပေါက်ပါပြီ"
"အတွင်းရေးမှူး ကလွဲရင် မင်းတို့ပြန်လို့ရပြီ"
အခန်းထဲတွင် နှစ်ယောက်သာကျန်ရှိတော့တဲ့ အခြေအနေတစ်ခုမှာမှ သခင်လေးသည် မေးထောက်လိုက်ပြီး
"တော်တော် မှပျော်ခဲ့ရဲ့လား"
"ဗျာ!!!"
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အသံနောက်မှာ အတွင်းရေးမှူး ကြီးမျက်ဝန်းတွေသည် လှုတ်လှုတ်ရှားရှား
"ငါပြောတာမှာ အဲလောက် အံသြစရာမှ မပါဘဲ"
သခင်လေး၏ အကြားအမြင်ကတော့ သြချစရာပင် ဘယ်ခရီးစဉ်ကိုမှသီးသန့်မေးခွန်းထုတ်ခဲ့ခြင်းမရှိသူက မေးခွန်းထုတ်လာခဲ့ တာမို့ ပြန်ဖြေရမှာ အနည်းငယ်တော့ ရှက်မိသလိုလို
အတွင်း ရေးမှူးကြီး ၏ နားရွက်ဖျားတွေပင်အရောင်ပြောင်း သွားရသည်။
သခင်လေးက သူ့ကိုဆိုရုပ်တည်ကြီးနှင့် သိပ်နိုင်စားလွန်းသည်။သူနှင့်ပတ်သက်လို့ အထူးတလည်လူလွှတ်စုံစမ်းခိုင်နေမည့်သူမဟုတ်မှန်း သူသိသည်။ သူကသခင်လေး အယုံကြည်ရဆုံးသူမို့
"တောင်းပန်ပါတယ်"
"မလိုအပ်ဘဲ မတောင်းပန်နဲ့လို့ ငါမှာ ထားတယ်လေ မင်းကဘာကို တောင်းပန်နေတာလဲ"
သခင်လေးနှင့် ဆရာတူ ခဲ့တာမို့ သခင်လေးအကြောင်းကောင်းကောင်းသိပါသည်။ ခေါင်းဆောင်နေရာမှာအခြေအနေအရ ထိုင်ခဲ့ရသော်လည်း သူတို့ရဲ့ ညီအစ်ကိုရင်းကဲ့သို့ ဆက်ဆံရေးကို အာဏာ နဲ့ဖုံးလွှမ်းဖို့ မကြိုးစား နိုင်ခဲ့ဘူးဆိုတာ တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ဂရုစိုက်မှုတွေက သက်သေခံနေခဲ့သည်။
"ကျွန်တော် အလုပ်ကိစ္စသွားပြီး"
"မင်း အားလုံးကို သေသေ သပ်သပ်လုပ်နိုင်ခဲ့တယ် ဘာလစ်ဟင်းမှုမှ မရှိခဲ့ဘူး မင်းအတွက်မင်းကိုယ်တိုင် အချိန်ဒီလောက်လေးပေးတာနဲ့တင် ငါကျေနပ်လို့ မဆုံးဘူး ဒိထက်အချိန် ပိုယူသင့်တာ"
"သခင်လေး"
"ဒီမှာမင်းနဲ့ ငါပဲရှိတာ ရာထူးတွေ အာဏာတွေခဏဘေးဖယ်ထားပြီး ပညာသင်ဘက် ညီအစ်ကိုတွေလို တစ်နာရီလောက်ဖြစ်ဖြစ် ပြောလို့မရဘူးလား"
တောင်းဆိုမှုတွေအရ မငြင်းသာတော့
အခန်းထောင့်ဝိုင်တွေထားရာစင်ပေါ် မှ ဝိုင်ပုလင်း ဖန်ခွက် နှစ်ခွက် ယူပြီးချကာ ငှဲလျှက် ထိုးပေးလာသူ သခင်လေးက အပီအပြင်ပြောတော့မည်ပုံပင်
ကမ်းလာသည့်ဝိုင်ခွက်ကို ယူလိုက်ပြီး သခင်လေးမျက်နှာကိုသာငေးကြည့်ရင်း ပြောလာမည့် စကားတို့ကို နားစွင့်နေမိသည်။
သခင်လေးက ဝိုင်ကိုမျှင်းသောက်လိုက်ပြီး
"လူတစ်ယောက် ကို ကိုယ့်မျက်စိရှေ့မှောက်မှာပဲ ထားချင်နေတဲ့ ခံစားချက်က ဘာ့ကြောင့် ဖြစ်လာတာလဲမင်းသိလား"
"စိတ်မချလို့ တစ်ခုခုထိခိုက်အနာတရဖြစ်သွားမှာ စိုးလို့ ကိုယ်မှမဟုတ်ရင် ဘယ်သူနဲ့မှ စိတ်တိုင်းမကျနိုင်လို့"
"အင်း"
တတ်သလောက်မှတ်သလောက် လက်လှမ်းမှီရာကို ဖြေနေခဲ့ရသည်။ သခင်လေးက ဝိုင်တစ်ငုံသောက်လိုက် စဉ်းစားလိုက်လုပ်နေသည်။
"အင်း မင်းပြောသလို တစ်ခုခုထိခိုက်မိမှာ စိုးနေလို့ နေမှာပေါ့"
"ကျွန်တော်ကြားပါတယ် အစ်ကိုလေးကို သခင်လေးအခန်းထဲမှာ ခေါ်ထားတယ်ဆိုတာ"
သခင်လေးက ပေစောင်းစောင်း ကြည့်လာသည်။ မြန်လိုက်တဲ့ Information ရောက်တာမကြာသေးသည့်သူက သိနေပြီ
"ဆရာ..ဆရာ ငါ့ကို စိတ်နာသွားတယ်ထင်တယ် Hoseok"
"ဘာလို့ အတိတ်ဆိုးတွေကို ဖက်တွယ်နေရတာလဲ သခင်လေး ဆရာက သခင်လေးကို မချစ်ဘူးဆို သူ့အသက်နဲ့ အလဲအထပ်လုပ်ပြီး ကာကွယ် ပေးခဲ့မှာမဟုတ်ဘူး"
Hoseok လည်းဝိုင်ကိုတစ်ကြိုက်မော့သောက်လိုက်သည်။ သူလည်းခံစားခဲ့ရတာပေါ့အားကိုးရာဖြစ်ခဲ့တဲ့ ဆရာတစ်ယောက် လုံး မျက်စိရှေ့ အသတ်ခံလိုက်ရတဲ့ ခံစားချက်က ဘယ်လောက်ကြီးတဲ့ စိတ်ဒဏ်ရာ ဆိုတာ ကောင်းကောင်းကြီးသိနေသည်။
အများဆုံး သက်ဆိုင်သူ သခင်လေးသည် ရူးမတတ် ဆရာပြုတ်ကျသွား ရာရေတံခွန်အောက် နေ့တိုင်းဆရာများရှိမလားလို့ ခုန်ချလွန်းလို့ ဘယ်နေရာဘာရှိတယ်ဆိုတာကျွမ်းကျင်လာသည်အထိ တစ်နေ့လုံးတစ်ညလုံး ဆရာပြန်လာနိုးနှင့် ရေတံခွန် ရှိရာ တောင်ပေါ်သို့တက်ပြီး နေ့တိုင်းထိုင်စောင့်ခဲ့သည်။
ဘယ်သူကများ သခင်လေးကို သံယောဇဉ်တွေ ဆက်နွယ်မှုတွေကို တန်ဖိုးမထား ခဲ့ ဘူးလို့ ပြောခဲ့လဲမသိ
သူ့မျက်လုံးထဲမှာ သခင်လေးကတစ်ခုခုဆို အစွဲအလန်းကြီးလွန်းလို့ မဆက်နွယ်မိအောင် နေနေသည့်ပုံစံ
လေးနှစ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာ သခင်လေးသာ စာအုပ်တစ်အုပ်ဆို သူအလွတ်ရနေတဲ့ စာအုပ်တစ်အုပ်ဖြစ်နေလောက်ပြီ..
သူများတွေ နားလည်ရခက်တဲ့ သခင်လေးက သူ့အတွက် တော့ရိုးရှင်းတဲ့ ပုစ္ဆာလေးတစ်ပုဒ်
" Jimin ကိုတော့ ဆရာ့လို ပျောက်သွားလို့ မဖြစ်ဘူး... သူတော့ အသက်ရှင်နေမှရမယ် သေရင်တောင် ငါနဲ့အတူတူပေါ့"
မောင့်အတ္တက.. မောင့်ရှင်သန်မှုဟာ Park Jimin နဲ့ အစပြုခဲ့တာမို့ ဇီဝိန်ချုပ်ငြိမ်းမည့် အချိန်ရောက်ခဲ့ လျှင်လည်း မောင်က သူ့ဥစ္စာ သူ့အပိုင်လေးကို တပါတည်းခေါ်သွားမည့်အနေအထား
မောင်က အရမ်းဥစ္စာခြောက်တတ်သူပါ
မောင့်မျက်ကွယ်ရာမှာ မောင်မပါတဲ့နေ့ရက်တွေကိုမောင့်အပိုင်လေး တခြားသူတွေနှင့်အတူပြုံးရယ်နေပြီး ဖြတ်သန်းဖို့ မောင်သဘောထားမကြီးပေးနိုင်ဘူး
မောင်မဟုတ်တဲ့ တခြားသူရှေ့မှာဆရာဝန်လေး ပြုံးရယ်နေခြင်းက မောင့်ကို ဘယ်လိုမှအဆင်မပြေ
အပြုံးလေးတစ်ပွင့်ကိုတောင် မောင့်မှာ ဝန်တိုမှုတွေအပြည့်
"သူ့ကို သခင်လေး မချစ်ဘူးလား "
ဝိုင်ခွက်ကိုလှုတ်ရမ်းနေတဲ့ အကြောတွေထောင်ထနေတဲ့ လက်သည် တင်းကနဲ
"ချစ်တယ်ဆိုတာ ဘာကိုပြောတာလဲ Hoseok"
သခင်လေးသည် အပိုလုပ်ယူမေးမြန်းနေမည့်သူမဟုတ် သူကိုယ်တိုင် အတွက် ခက်ခဲနေတဲ့ ဘာသာရပ်တစ်ခုကို ရှင်းပြဖို့ သူငယ်ချင်းကို အကူညီတောင်းနေပုံနှင့် သိပ်တူနေခဲ့သည်။
အိမ်ထောင်သက်လေးနှစ်ရှိသူက မနေ့တစ်နေ့ကမှ ရည်းစားရှိလာသူကို မေးတဲ့ မေးခွန်းသည် အတော်လေး ဂဂျိုး ဂဂျောင်နိုင်လျှက်
သို့သော် Hoseok အဖို့ သခင်လေးကိုယ်တိုင်ကပင် နှစ်တစ်ထောင်မှတစ်ခါပွင့်သောပန်းလို မေးလာခဲ့သည့် မေးခွန်းကြောင့် ဖြေဖို့ ရာပင် တစ်ကြိမ်တည်းအားဆေးတစ်ဘူးလုံးကောက်မော့လိုက်ရသလို အင်တိုက်အားတိုက်
"သူရှိနေရင် အရာရာကိုပြီးပြည့်စုံနေတယ်လို့ ခံစားရစေတာမျိုး ....
ကိုယ်နဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့ ကိစ္စတွေမှန်သမျှ သူနဲ့ ပဲ မျှဝေချင်တာမျိုး...
ဖြစ်နိုင်မယ်ဆို ကိုယ့်ရဲ့ပထမဦးဆုံးသောအရာတွေကို သူတစ်ယောက်တည်းပဲ ရစေချင်တာမျိုး...
ညအိပ်ယာဝင်လို့မြင်လွှာကို ပိတ်လိုက်တိုင်း သူဆိုတာ ပေါ်လာတတ်တာမျိုး..
သူမှမဟုတ်ရင်ဒီနေရာက လက်မခံတော့တာမျိုး..."
ဝဲဘက်ရင်အုံကို ပုတ်ပြလျှက် အခိုင်အမာဆိုလာသူက အချစ်ရေးမှာ ဝါရင့်နေတဲ့ သူလို ကြုံတောင့်ကြုံခဲ သိပ်ဆရာကျခဲ့သည်။
အနှစ်နှစ်အလလက ပတ်ရှုတ်ခဲ့သည့်သူJeon ရဲ့အတွေ့အကြုံတွေသည် Hoseok ရဲ့စကားလုံးဆန်းတွေအောက်မှာ ဘောင်မဝင်တော့
ဝိုင်ကို ဟန်ရေးမပျက်သောက်နေခဲ့သူက သောက်မြဲ သောက်ဆဲ ဘာတစ်ခွန်းမှ ဝင်မပြော အိမ်မက်ကမ္ဘာထဲ တစ်ဝဲလည်လည်ဖြစ်နေရှာသူလို ဝိုင်သောက်လိုက် တွေးလိုက်နှင့် တွေတွေဝေဝေလေးငေးနေဆဲ
"ကျွန်တော်တစ်ခုမေးချင်တာက သခင်လေးဘာ့ကြောင့် သူ့ကို လက်ထပ်ခဲ့တာလဲ "
"ငါ့ အပိုင်မိုလို့ သူကငါမွေးလာကတည်းက ငါ့အတွက်ပဲဆိုတာ အလိုလိုသိနေလို့"
"...."
"လွန်ခဲ့တဲ့နှစ်တွေကငါအိပ်ယာကနိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ တစ်ယောက်မှ မရှိရင်တောင် သူကတော့မလှမ်းမကမ်းမှာ ရှိနေခဲ့တယ်...
ငါနေမကောင်းရင်တောင် အရင်ဆုံးသိတဲ့သူက သူပဲ...
ငယ်ငယ်ကဆို ဒယ်ဒီ နဲ့အဆင်မပြေတဲ့ ညတွေမှာ သူပဲ ထမင်းခွံ့ကျွေးခဲ့တာ...
ငါ့ကြောင့်သူငိုနေရရင်သဘောကျတယ် တစ်ချိန်တည်း ငါ့ကြောင့်သူရယ်ပြုံးနေဖို့လည်း မျှော်လင့်မိတယ်
ငါ့ရှေ့မှာ သူရယ်တာ သိပ်ရှားပါးတယ်မမြင်ဖူးသလောက်ပဲ"
သခင်လေးက ခပ်ဆွေးဆွေးလေး ပြုံးသည် ပြီးနောက် အသံတိတ်လေးရယ်သည်။
"မင်းစဉ်းစားကြည့်လေ Hoseok ငါသူ့ကို သူများလက်ထဲ မထည့်ပေးနိုင်တာ ဆန်းနေလို့လား
ငါ့ပိုင်ဆိုင်မှုဖြစ်တဲ့သူက ငါဒီကမ္ဘာကြီးပေါ်က မပျောက်ကွယ် မသွားမချင်း ငါနဲ့အတူရှိနေရမယ်
နောက်ဘဝမှာ ပြန်တွေ့ကြရမယ်ဆိုရင်တောင် ငါ့အပိုင်ဆိုတဲ့ သတ်မှတ်ချက်က ပြောင်းလဲ မှာမဟုတ်ဘူး"
Hoseok လောကကြီးထဲက ချစ်ပုံချစ်နည်းမတူနိုင်တဲ့နိယာမတွေကို လက်ခံလိုက်ရသည်။ ချစ်ကြတာချင်းအတူတူ တချို့က သူ့ဘက်ကိုယ့်ဘက် မျှတတဲ့သဘောတရားတွေနဲ့ သိပ်အေးချမ်းသည်။တစ်ချို့ကျ အချစ်ကို အတ္တလေးနဲ့ ပျိုးပြီး တစိမ့်စိမ့်ချစ်မှန်းမသိချစ်နေခဲ့တာမျိုး
ချစ်ခြင်းတရားဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုးသောချစ်ခြင်းတွေနှင့်အမျိုးမျိုး သောသက်ရှိတွေက ချယ်မှုန်းခဲ့ကြသည်။ ချစ်ပုံချင်းကွဲပြားသလို ထွက်လာသည့် ရလဒ်တွေသည်လည်း ကွဲပြားသည်။
အချစ်ကိုအချစ်မှန်းမသိ တဲ့သခင်လေးအဖို့ ဘယ်လိုရလဒ်တွေပိုင်ဆိုင်နိုင်မလဲ ဆိုသည်က Hoseokအတွက် စိတ်ဝင်စားရဆုံးသောအရာအဖြစ် ပထမတန်းမှာ ရပ်တည်နေခဲ့လေပြီ
"Lee Min Han က သူ့ကို လိုချင်နေတယ်... ငါပိုပြီးသတိကြီးနေရတယ် ...သူကတော့ ငါနဲ့နေချင်ပုံမရဘူး "
သူဆိုတာ ဘယ်သူ့ကို ရည်ညွန်းမှန်း Hoseok သိပါသည်။
"အဲ ခွေးဝဲစား ကဒီရောက်နေခဲ့တာပေါ့ ဒါကြောင့် သူ့ကို ခြေရာခံမရခဲ့တာကို...ဒါမှမဟုတ် သခင်လေး တမင်သက်သက် "
"ငါတရားဝင် ကြေငြာလိုက်ပြီ... ငါ့ကို သေအောင်သတ်နိုင်ရင် သူရှင်သန်ခွင့်ရမယ်အကယ်၍ ငါမသေဘူးဆိုရင်တော့ သူဒီလောက ကြီးမှာ ရှိနေဖို့ မလိုတော့ဘူး"
တစ်ဝက်ကျိုးသွားပြီဖြစ်တဲ့ ဝိုင်ပုလင်း ကိုလျစ်လျူ ရှုပြီး မနက် လေးနာရီမှာ သူတို၏ အိပ်ဆောင်ကို အတွေးကိုယ်စီနှင့် ပြန်ဖြစ်ခဲ့ ကြသည်။
အနက်ရောင် အခန်းကျယ်ကြီးထဲ ရောက်တော့ ကုတင်ထက်က ခပ်ကွေးကွေးသဏ္ဍန်ငယ်သည် အိပ်မောကျ၍ ကောင်းနေဆဲ
ကုတင်ဘေး တင်ပါးလွှဲဝင်ထိုင်လိုက်ပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူအား တစ်ချက်ကြည့်လိုက်ကာ
"မောင်မူးနေတယ်ထင်တယ် ခင်ဗျားကို နမ်းချင်လာပြန်ပြီ"
ဆံနွယ်ပျော့ပျော့လေးတွေကို သပ်တင် လိုက်ပြီး နဖူးထက် ခပ်ဖွဖွအနမ်းခြွေ ဖြစ်တော့ နိုးနိုးကြားကြား လှုတ်ရွလာကာ တစ်ဖက်သို့ လှည့်အိပ်သွားသည်။
"ဘယ်လိုလုပ်ပေးနိုင်မှာလဲ ခင်ဗျားကို "
စောင်သေချာ ခြုံပေးလိုက်ပြီး လသာဆောင်ဘက်ထွက်ခဲ့ဖြစ်သည်။ cigarette တစ်လိပ်ကို မီးညှိလိုက်ပြီး မှိတ်တုတ်တုတ်ကြယ် လေးတွေကိုကြည့်မိသည်။အတိတ်ကရုန်းမထွက်နိုင်သေးသူပီပီ အိပ်မပျော်နိုင်စွာ ညတာသည် ရှည်နေဆဲ...မလှမ်းမကမ်း မှာ ဆရာကသူ့ကိုပြုံးပြနေသည်။
"ကျွန်တော့်ကို ဘာလို့ထားခဲ့တာလဲ"
"....."
"ဆရာက ကျွန်တော့်ကို ယုံကြည်မှု သိပ်လွန်ကဲတာပဲ ဗျာ ပင်ပန်းလွန်းလို့ ရူးမတတ် ပဲ"
"....."
"ကျွန်တော် ဆရာ့ဆီက တခြားသူကို ချစ်တတ်ဖို့ မှမသင်ခဲ့လိုက်ရတာ အခုကျွန်တော် ပိုင်ဆိုင် ဖို့ ရယူဖို့ကလွဲရင် ဘာမှမလုပ်တတ်တော့ဘူး"
5.7.22
Unicode
ကျုပ်မှာလဲ ရောဂါတစ်ခု ရှိနေပုံပဲ
Park Jimin ပြုံးလိုက်တယ် ဆိုရင်ပဲ
မနေနိုင်မထိုင်နိုင်တဲ့ ရောဂါ ပေါ့....
.... .... .... .... .... .... ..... .... ..... .....
"မင်း!!! ဘာလုပ်လိုက်တာလဲ "
"ဘာလုပ်လိုက်တယ် ဆိုတာ ခင် ဗျားမသိလို့ ကျုပ်ကို မေးနေတာလား"
အပိုစကားတွေ မပြောချင်တဲ့သူမှ ရှင်းပြစရာတွေက များနေဟန်
အိပ်မှုံစုတ်ဖွားဖြင့် ထလာသူသည် သူ့အိမ်သူ့ယာ မှတ်နေပုံပေါ်သည်။
အပေါ်ထပ်တစ်ထည်ဖြင့် ရင်ဘတ်ပိုင်းဗလာကျင်းနေတဲ့ အဖြစ်က ယောက်ျားတစ်ယောက်မို့ အထူးအဆန်းမဟုတ်
ထူးဆန်းခြင်းတွေသည် နေမထိ လေမထိ အသားအရေပေါ်က တခြားသူတွေ မမြင်အပ်တဲ့ အမှတ်အသားတွေ
သူ့ဝတ်နေကျ မဟုတ်တဲ့ အပေါ်ထပ်က သူ့ကိုလှောင်ပြောင်နေသည်။
ခန္ဓာကိုယ်ကို ဆေးပညာလိုက်စားနေသူမို့ ဆန့်စစ် ကြည့်သည် ဖူးနေတဲ့ နှုတ်ခမ်း... ဟိုအရိုင်းအစိုင်းခြယ်လှယ်ထားတဲ့ အမှတ်အသား တွေ... အပေါ်ပိုင်းရင်ဘတ် ဗလာ
ဒါတွေမှလွဲ၍ ထူးခြားပြောင်းလဲမှုသည်မရှိ အပေါ်ထပ် အင်္ကျီတစ်ထည်သည် သူ့အဝတ်အစားမဟုတ်ပြန်
နက်စွေ့စွေ့ ကုတင်ကြောင့် ဟိုအရိုင်းအစိုင်းပိုင်တဲ့ အိမ်တစ်လုံးပဲရောက်နေတာဖြစ်ရမည်။
ခေါင်းနည်းနည်း အုံနေသည်။ ညပိုင်းမှာ ရေသောက်သလို သောက်ခဲ့သည့် ယမကာရဲ့ တန်းခိုးတွေသည် ထုံးစံအတိုင်း ခန္ဓာကိုယ်ကို အဆင်ပြေမနေ
ရေချိုးရမည် အိမ်ပြန်ရမည် နားရမည် ဆိုတဲ့ အသိတွေက ခေါင်းထဲ အစီအရီ ပေါ်လာသည်။ ကုတင်ပေါ်မှ ထကာ မလှမ်းမကမ်းစားပွဲ ပေါ်မှ club ထဲမှာ ကျန်ခဲ့ ပြီဟု ထင်သော အိတ်ကို ယူကာ coat ရင်ဘတ်ကို ဆွဲစေ့လိုက်ပြီး အခန်းထဲက ထွက်သွားမည်အပြု
"Park Jimin ခင်ဗျားဘာလုပ်နေတာလဲ!!!"
"အိမ်ပြန်မလို့"
"ဘာ!!!"
အမေးရှိလို့ဖြေပေးသည်။ အိမ်ပြန်မည်မို့ အိမ်ပြန်မည့်အကြောင်းပြောခြင်းတွင် Jeon က ဘာတွေကို ဒေါသထွက်နေလဲမသိ
"ခင်ဗျား ပြန်လို့မရတော့ဘူး ဒီတံခါးအပြင်ဘက်ကို ထွက်လိုက်တာနဲ့ ခင်ဗျားကကျုပ် ယောက်ျားဆိုတဲ့ အကြည့်တွေနဲ့ကြည့်ခံရတော့မှာ... တန်ဖိုးရှိပါတယ်ဆိုတဲ့ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေ ကျုပ်မှခင်ဗျားကိုမယူရင် မြောင်းထဲရောက်ကုန်တော့မှာ ဘယ်လိုလဲ ရင်ဆိုင်ဖို့ သတ္တိရှိလား"
Jeon ရဲ့ ခနဲ့တဲ့တဲ့အမေးအဆုံး
အရည်လဲ့နေသော်လည်း သိပ်ထက်လှတဲ့ ဓားချွန်ချွန်လေးလိုပဲ ကြည့်လာတဲ့ မျက်ဝန်းတောက်တောက်တွေက ပကတိအတိုင်း တည်တည်ငြိမ်ငြိမ် လေး
ထူးခြားချက် အလျှင်မရှိ
သို့သော် ပထမဆုံးအကြိမ် သည်မျက်ဝန်းတွေနဲ့ အကြည့်ခံလိုက်ရတဲ့ အရိုင်းအစိုင်းလေးကတော့ ကျက်သီး ခေါင်းစုသွားရသည်။ ဘာကြောင့်ရယ်မသိပေမယ့် ပထမဆုံး အကြည့် မို့သူအံသြရခြင်းရယ်ဟု သတ်မှတ်လိုက်သည်။
"မင်းလိုချင်တာ ဒါပဲလေJeon Jung Kook ရယ် ကျေနပ်လိုက်ပေါ့..
မင်းသိထားရမှာ တစ်ခုရှိတယ် ငါ့ကို
သူများတွေတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခံထားရတာ..
ငါသတ်မှတ်တာမဟုတ်ဘူး
ငါနေတတ်သလို ငါကျင်လည်ရာ နေရာလေးမှာ ခပ်မှန်မှန် ရှင်သန်လည်ပတ်နေရုံလေးပဲ
ငါရပ်နေတာ ပုံမှန်နေရာလေးတစ်ခုမှာပဲ ငါ့ကိုတော်တယ်တတ်တယ် တန်ဖိုးရှိတယ်လို့ ချီးကျူးခံရအောင် လုပ်ယူနေတာ တစ်ခုမှမရှိဘူး...
မင်းခုလို လုပ်လိုက်တော့ ငါ့ကိုတန်ဖိုးမရှိဘူးလို့ လူတွေကပြောင်းလဲ သတ်မှတ်ချင် သတ်မှတ်ကြမှာပေါ့ ငါမတုန်လှုတ်ပါဘူး
တန်ဖိုးရှိတယ်ပြောတုန်းက တောင်ငါဂရုစိုက်ခဲ့တာမှမဟုတ်တာ
မင်းနဲ့ငါ့ကြားက ကိစ္စကို မင်းနဲ့ငါလောက် ဘယ်သူကသိနိုင် မလို့ လဲ..
အနည်းဆုံးတော့ မင်းကိုယ်တိုင်တန်ဖိုးချ ထားတဲ့ ဂုဏ်သိက္ခာ မဲ့သူကို မင်းအိမ်ထောင်ပြုရမှာပေါ့ အရာရာမင်းအပေါ်မှာပဲ မူတည် တယ်...
သြော်..ဂုဏ်သိက္ခာမဲ့နေလို့ မယူချင်ဘူးဆိုလဲ ငါဘာပြောနိုင်မှာလဲ မင်းလက်ခုပ်ထဲကရေလေ မင်းသဘောပဲ သွန်လိုသွန် မှောက်လိုမှောက်...."
ထွက်သွားတဲ့ ကျောပြင်လေးက နောက်ကို ယောင်လို့ပင် လှည့်မကြည့်တော့
ခြေလှမ်းတွေ ကနည်းနည်းမျှ တုံ့ဆိုင်းခြင်းမရှိခဲ့ဘူး
အဆိုးအပေလေးရဲ့စိတ်ထဲမှာ Park Jimin ကြောက်ရွံသွားမယ်ထင်ခဲ့တာ..ခြိမ်းခြောက်ခဲ့တာတောင်မှ
သူ့ကိုလက်ထပ်ပေးဖို့ တောင်းဆိုမယ်လို့ ထင်ခဲ့တာ.. ဂုဏ်သိက္ခာ ကိုအသေအလဲဖက်တွယ်လိမ့်မယ်လို့ထင်ခဲ့တာ
တစ်သက်လုံးအနားမှာရှိနေခဲ့တဲ့လူတစ်ယောက်အကြောင်းကို အဲဒီနေ့က အကြီးကြီးသိလိုက်ရတာတစ်ခုက... မောင့်မာနကမြစ်ပြင်ကျယ်ဆို Jimin မာန က သမုဒ္ဒရာကြီးဆိုတာပဲ
"ဟာကွာ!!!"
အခန်းထဲက ပစ္စည်းတွေကို စိတ်ကြိုက် ဖျက်စီးပစ်လိုက် သည်။ ဒါကသူ့စိတ်ထွက်ပေါက်... တန်ဖိုးကြီးပန်းအိုး တန်ဖိုးကြီး facilities ဒါတွေဟာ ကြမ်းပြင်ပေါ်မှာ ရစရာမရှိခဲ့ဘူး မောင်စိတ်ဆိုးခဲ့ပါသည်။သူလည်း Park Jimin ကိုလက်မထပ်ချင်ပါဘူးဟု တူးတူးခါးခါးငြင်းဆန်ခဲ့သူတစ်ယောက်
သူဝမ်းသာရမည့်စကားကကွဲလွဲစွာ အသည်းအသန်သူ့ကို ဒေါသထွက်စေခဲ့သည်။
တစ်ချိန်တည်းမှာပဲ လမ်းဘေး platform ပေါ်မှာ ခေါင်းငိုက်စိုက်ချ၍ လမ်းလျှောက်နေသော ဖြူလွှလွှ ကောင်ငယ် လေးလဲရှိနေခဲ့ပါသည်။ ကားတစ်စီးတစ်လေကိုမှ တားဆီးခြင်းမရှိ ပတ်ဝန်းကျင်ကို ဂရုမပြုခဲ့တဲ့ ထိုလူသားငယ်က အနည်းငယ် ခပ်ယိုင်ယိုင်ခြေလှမ်းတ်ို့ဖြင့် လမ်းလျှောက်နေရသော်လည်း လျှောက်မြဲ လျှောက်ဆဲ
သေချာဂရုတစိုက်ကြည့်မိလျှင်တော့ အနည်းငယ်တုန်ယင်နေတဲ့ ပခုံးသားတွေကို မြင်ရနိုင်သည်။
ဒဏ်ရာမရဖူးသေးတဲ့ သူတစ်ယောက်က ဆူးလေးခြစ်မိတာနဲ့ ထိတ်လန့် တတ်ကြတာ....
ဒဏ်ရာတွေ ဗလပွနဲ့ သူတစ်ယောက်ကတော့ နှလုံးသားတည့်တည့် ကိုဓားထက်ထက်နဲ့ထိုးခံရလည်း မတုန်လှုတ်တော့တဲ့ အထိဒဏ်ရာတွေနဲ့ အသားကျနေခဲ့တာမျိုး
..... ..... ...... ...... ...... ....... ....... ......
"ဘာတွေ ထူးခြားခဲ့လဲ Hoseok "
အချိန်အားဖြင့် မနက်သုံးနာရီ ....တစ်လောကလုံးအိပ်ကောင်းနေမလား မသိသော်လည်း နယ်မြေသခင်လေးနှင့် အတွင်းရေးမှူး ၏ အကျိတ်အနှယ် ဆွေးနွေးတိုင်ပင် နေကြမှုကြောင့် နယ်မြေမှူး တွေသည် အိပ်ချင်စိတ်တွေ ကင်းစင်ပပျောက်နေခဲ့သည်။
မကြာခင် ကမှပြန်ရောက်သည့် အတွင်းရေးမှူးကြီး ကြောင့် အတော်လေး အလုပ်ရှုတ်ခဲ့ကြရသည်။ သယ်ဆောင်လာသည့် အလုပ်တာဝန်တွေသည် မနည်းမနော မနက်စောစော အစည်းဝေးထိုင်နေရခြင်းကပင်သက်သေခံလျှက်
အနက်ရောင် ပိုးသားpajamas one set အပေါ် မှ အနက်ရောင် ပိုးသား long coat ရှည်ကို ဝတ်ဆင်ထားတဲ့ နယ်မြေ သခင်လေးက ချောမောခြင်းတွေစုပြုံနေခဲ့သည်။
သေချာ အချိန်ယူပုံဖော်ထားတဲ့ လက်ရာမြောက်တက်တူးတွေပြည့်နေတဲ့ လက်တစ်ဖက်ကို အင်္ကျီီလက်နှင့် ဖုံကွယ်နေခဲ့သော်လည်း
တစ်စွန်းတစ်စ ထွက်ပေါ်နေတဲ့ တက်တူးအပိုင်းအစတွေနဲ့ ထင်းလင်းနေတဲ့အကြောစိမ်းတွေရှိတဲ့ လက်ချောင်းတွေနဲ့ အရှေ့မှ စားပွဲကိုခေါက်နေခဲ့သည်။
တစ်ချက် တစ်ချက်တွန့်ချိုးသွားတဲ့ မျက်ခုံးတွေ က နယ်မြေမှူး တွေကို ရင်တမမဖြင့်.. အရှိန်ဝါကြီးမားသူကြောင့် မျက်နှာအမူအရာ သေးသေးလေးက ပင် သြဇာအာဏာတွေက မပြောလည်းသက်ရောက်နေသည့် အနေအထား
"ကျွန်တော်တို့ လူတွေထည့်ခဲ့ပါပြီ"
"အခွင့်အရေး ရတာနဲ့ သူ့ရဲ့ ဟန်ရေးပြ ပိုင်ဆိုင်မှုတွေ စဖြိုမယ်"
"သခင်လေး ဒါက ကြီးမားတဲ့ သက်ရောက်မှု မဖြစ်နိုင်ပါဘူး"
သခင်လေးက လက်ပိုက်လျှက် ဟန်ပါပါခြေ ချိတ်ထိုင်လိုက်ကာ ထိုင်ခုံနောက်မှီလိုက်ရင်း မျက်နှာကျက်ကို ငေးမောနေခဲ့ပြီး
"ငါက အာရုံလေး နောက်သွားစေချင်ရုံပါ မင်းသဘောပေါက်မှာပါ "
"ကျွန်တော် သဘောပေါက်ပါပြီ"
"အတွင်းရေးမှူး ကလွဲရင် မင်းတို့ပြန်လို့ရပြီ"
အခန်းထဲတွင် နှစ်ယောက်သာကျန်ရှိတော့တဲ့ အခြေအနေတစ်ခုမှာမှ သခင်လေးသည် မေးထောက်လိုက်ပြီး
"တော်တော် မှပျော်ခဲ့ရဲ့လား"
"ဗျာ!!!"
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အသံနောက်မှာ အတွင်းရေးမှူး ကြီးမျက်ဝန်းတွေသည် လှုတ်လှုတ်ရှားရှား
"ငါပြောတာမှာ အဲလောက် အံသြစရာမှ မပါဘဲ"
သခင်လေးရဲ့ အကြားအမြင်ကတော့ သြချစရာပင် ဘယ်ခရီးစဉ်ကိုမှသီးသန့်မေးခွန်းထုတ်ခဲ့ခြင်းမရှိသူက မေးခွန်းထုတ်လာခဲ့ တာမို့ ပြန်ဖြေရမှာ အနည်းငယ်တော့ ရှက်မိသလိုလို
အတွင်း ရေးမှူးကြီး ၏ နာရွက်ဖျားတွေပင်အရောင်ပြောင်း သွားရသည်။
သခင်လေးက သူ့ကိုဆိုရုပ်တည်ကြီးနှင့် သိပ်နိုင်စားလွန်းသည်။သူနှင့်ပတ်သက်လို့ အထူးတလည်လူလွှတ်စုံစမ်းခိုင်နေမည့်သူမဟုတ်မှန်း သူသိသည်။ သူကသခင်လေး အယုံကြည်ရဆုံးသူမို့
"တောင်းပန်ပါတယ်"
"မလိုအပ်ဘဲ မတောင်းပန်နဲ့လို့ ငါမှာ ထားတယ်လေ မင်းကဘာကို တောင်းပန်နေတာလဲ"
သခင်လေးနဲ့ ဆရာတူ ခဲ့တာမို့ သခင်လေးအကြောင်းကောင်းကောင်းသိပါသည်။ ခေါင်းဆောင်နေရာမှာအခြေအနေအရ ထိုင်ခဲ့ရသော်လည်း သူတို့ရဲ့ ညီအစ်ကိုရင်းကဲ့သို့ ဆက်ဆံရေးကို အာဏာ နဲ့ဖုံးလွှမ်းဖို့ မကြိုးစား နိုင်ခဲ့ဘူးဆိုတာ တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ဂရုစိုက်မှုတွေက သက်သေခံနေခဲ့သည်။
"ကျွန်တော် အလုပ်ကိစ္စသွားပြီး"
"မင်း အားလုံးကို သေသေ သပ်သပ်လုပ်နိုင်ခဲ့တယ် ဘာလစ်ဟင်းမှုမှ မရှိခဲ့ဘူး မင်းအတွက်မင်းကိုယ်တိုင် အချိန်ဒီလောက်လေးပေးတာနဲ့တင် ငါကျေနပ်လို့ မဆုံးဘူး ဒိထက်အချိန် ပိုယူသင့်တာ"
"သခင်လေး"
"ဒီမှာမင်းနဲ့ ငါပဲရှိတာ ရာထူးတွေ အာဏာတွေခဏဘေးဖယ်ထားပြီး ပညာသင်ဘက် ညီအစ်ကိုတွေလို တစ်နာရီလောက်ဖြစ်ဖြစ် ပြောလို့မရဘူးလား"
တောင်းဆိုမှုတွေအရ မငြင်းသာတော့
အခန်းထောင့်ဝိုင်တွေထားရာစင်ပေါ် မှ ဝိုင်ပုလင်း ဖန်ခွက် နှစ်ခွက် ယူပြီးချကာ ငှဲလျှက် ထိုးပေးလာသူ သခင်လေးက အပီအပြင်ပြောတော့မည်ပုံပင်
ကမ်းလာသည့်ဝိုင်ခွက်ကို ယူလိုက်ပြီး သခင်လေးမျက်နှာကိုသာငေးကြည့်ရင်း ပြောလာမည့် စကားတို့ကို နားစွင့်နေမိသည်။
သခင်လေးက ဝိုင်ကိုမျှင်းသောက်လိုက်ပြီး
"လူတစ်ယောက် ကို ကိုယ့်မျက်စိရှေ့မှောက်မှာပဲ ထားချင်နေတဲ့ ခံစားချက်က ဘာ့ကြောင့် ဖြစ်လာတာလဲမင်းသိလား"
"စိတ်မချလို့ တစ်ခုခုထိခိုက်အနာတရဖြစ်သွားမှာ စိုးလို့ ကိုယ်မှမဟုတ်ရင် ဘယ်သူနဲ့မှ စိတ်တိုင်းမကျနိုင်လို့"
"အင်း"
တတ်သလောက်မှတ်သလောက် လက်လှမ်းမှီရာကို ဖြေနေခဲ့ရသည်။ သခင်လေးက ဝိုင်တစ်ငုံသောက်လိုက် စဉ်းစားလိုက်လုပ်နေသည်။
"အင်း မင်းပြောသလို တစ်ခုခုထိခိုက်မိမှာ စိုးနေလို့ နေမှာပေါ့"
"ကျွန်တော်ကြားပါတယ် အစ်ကိုလေးကို သခင်လေးအခန်းထဲမှာ ခေါ်ထားတယ်ဆိုတာ"
သခင်လေးက ပေစောင်းစောင်း ကြည့်လာသည်။ မြန်လိုက်တဲ့ Information ရောက်တာမကြာသေးသည့်သူက သိနေပြီ
"ဆရာ..ဆရာ ငါ့ကို စိတ်နာသွားတယ်ထင်တယ် Hoseok"
"ဘာလို့ အတိတ်ဆိုးတွေကို ဖက်တွယ်နေရတာလဲ သခင်လေး ဆရာက သခင်လေးကို မချစ်ဘူးဆို သူ့အသက်နဲ့ အလဲအထပ်လုပ်ပြီး ကာကွယ် ပေးခဲ့မှာမဟုတ်ဘူး"
Hoseok လဲဝိုင်ကိုတစ်ကြိုက်မော့သောက်လိုက်သည်။ သူလည်းခံစားခဲ့ရတာပေါ့အားကိုးရာဖြစ်ခဲ့တဲ့ ဆရာတစ်ယောက် လုံး မျက်စိရှေ့ အသတ်ခံလိုက်ရတဲ့ ခံစားချက်က ဘယ်လောက်ကြီးတဲ့ စိတ်ဒဏ်ရာ ဆိုတာ ကောင်းကောင်းကြီးသိနေသည်။
အများဆုံး သက်ဆိုင်သူ သခင်လေးသည် ရူးမတတ် ဆရာပြုတ်ကျသွား ရာရေတံခွန်အောက် နေ့တိုင်းဆရာများရှိမလားလို့ ခုန်ချလွန်းလို့ ဘယ်နေရာဘာရှိတယ်ဆိုတာကျွမ်းကျင်လာသည်အထိ တစ်နေ့လုံးတစ်ညလုံး ဆရာပြန်လာနိုးနှင့် ရေတံခွန် ရှိရာ တောင်ပေါ်သို့တက်ပြီး နေ့တိုင်းထိုင်စောင့်ခဲ့သည်။
ဘယ်သူကများ သခင်လေးကို သံယောဇဉ်တွေ ဆက်နွယ်မှုတွေကို တန်ဖိုးမထား ခဲ့ ဘူးလို့ ပြောခဲ့လဲမသိ
သူ့မျက်လုံးထဲမှာ သခင်လေးကတစ်ခုခုဆို အစွဲအလန်းကြီးလွန်းလို့ မဆက်နွယ်မိအောင် နေနေသည့်ပုံစံ
လေးနှစ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာ သခင်လေးသာ စာအုပ်တစ်အုပ်ဆို သူအလွတ်ရနေတဲ့ စာအုပ်တစ်အုပ်ဖြစ်နေလောက်ပြီ..
သူများတွေ နားလည်ရခက်တဲ့ သခင်လေးက သူ့အတွက် တော့ရိုးရှင်းတဲ့ ပုစာ္ဆ လေးတစ်ပုဒ်
" Jimin ကိုတော့ ဆရာ့လို ပျောက်သွားလို့ မဖြစ်ဘူး... သူတော့ အသက်ရှင်နေမှရမယ် သေရင်တောင် ငါနဲ့အတူတူပေါ့"
မောင့်အတ္တက.. မောင့်ရှင်သန်မှုဟာ Park Jimin နဲ့ အစပြုခဲ့တာမို့ ဇီဝိန်ချုပ်ငြိမ်းမည့် အချိန်ရောက်ခဲ့ လျှင်လည်း မောင်က သူ့ဥစ္စာ သူ့အပိုင်လေးကို တပါတည်းခေါ်သွားမည့်အနေအထား
မောင်က အရမ်းဥစ္စာခြောက်တတ်သူပါ
မောင့်မျက်ကွယ်ရာမှာ မောင်မပါတဲ့နေ့ရက်တွေကိုမောင့်အပိုင်လေး တခြားသူတွေနဲ့အတူပြုံးရယ်နေပြီး ဖြတ်သန်းဖို့ မောင်သဘောထားမကြီးပေးနိုင်ဘူး
မောင်မဟုတ်တဲ့ တခြားသူရှေ့မှာဆရာဝန်လေး ပြုံးရယ်နေခြင်းက မောင့်ကို ဘယ်လိုမှအဆင်မပြေ
အပြုံးလေးတစ်ပွင့်ကိုတောင် မောင့်မှာ ဝန်တိုမှုတွေအပြည့်
"သူ့ကို သခင်လေး မချစ်ဘူးလား "
ဝိုင်ခွက်ကိုလှုတ်ယမ်းနေတဲ့ အကြောတွေထောင်ထနေတဲ့ လက်သည် တန်းကနဲ
"ချစ်တယ်ဆိုတာ ဘာကိုပြောတာလဲ Hoseok"
သခင်လေးသည် အပိုလုပ်ယူမေးမြန်းနေမည့်သူမဟုတ် သူကိုယ်တိုင် အတွက် ခက်ခဲနေတဲ့ ဘာသာရပ်တစ်ခုကို ရှင်းပြဖို့ သူငယ်ချင်းကို အကူညီတောင်းနေပုံနှင့် သိပ်တူနေခဲ့သည်။
အိမ်ထောင်သက်လေးနှစ်ရှိသူက မနေ့တစ်နေ့ကမှ ရည်းစားရှိလာသူကို မေးတဲ့ မေးခွန်းသည် အတော်လေး ဂဂျိုး ဂဂျောင်နိုင်လျှက်
သို့သော် Hoseok အဖို့ သခင်လေးကိုယ်တိုင်ကပင် နှစ်တစ်ထောင်မှတစ်ခါပွင့်သောပန်းလို မေးလာခဲ့သည့် မေးခွန်းကြောင့် ဖြေဖို့ ရာပင် တစ်ကြိမ်တည်းအားဆေးတစ်ဘူးလုံးကောက်မော့လိုက်ရသလို အင်တိုက်အားတိုက်
"သူရှိနေရင် အရာရာကိုပြီးပြည့်စုံနေတယ်လို့ ခံစားရစေတာမျိုး ....
ကိုယ်နဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့ ကိစ္စတွေမှန်သမျှ သူနဲ့ ပဲ မျှဝေချင်တာမျိုး...
ဖြစ်နိုင်မယ်ဆို ကိုယ့်ရဲ့ပထမဦးဆုံးသောအရာတွေကို သူတစ်ယောက်တည်းပဲ ရစေချင်တာမျိုး...
ညအိပ်ယာဝင်လိုု့မြင်လွှာကို ပိတ်လိုက်တိုင်း သူဆိုတာ ပေါ်လာတတ်တာမျိုး..
သူမှမဟုတ်ရင်ဒီနေရာက လက်မခံတော့တာမျိုး..."
ဝဲဘက်ရင်အုံကို ပုတ်ပြလျှက် အခိုင်အမာဆိုလာသူက အချစ်ရေးမှာ ဝါရင့်နေတဲ့ သူလို ကြုံတောင့်ကြုံခဲ သိပ်ဆရာကျခဲ့သည်။
အနှစ်နှစ်အလလက ပတ်ရှုတ်ခဲ့သည့်သူJeon ရဲ့အတွေ့အကြုံတွေသည် Hoseok ရဲ့စကားလုံးဆန်းတွေအောက်မှာ ဘောင်မဝင်တော့
ဝိုင်ကို ဟန်ရေးမပျက်သောက်နေခဲ့သူက သောက်မြဲ သောက်ဆဲ ဘာတစ်ခွန်းမှ ဝင်မပြော အိမ်မက်ကမ္ဘာထဲ တစ်ဝဲလည်လည်ဖြစ်နေရှာသူလို ဝိုင်သောက်လိုက် တွေးလိုက်နှင့် တွေတွေဝေဝေလေးငေးနေဆဲ
"ကျွန်တော်တစ်ခုမေးချင်တာက သခင်လေးဘာ့ကြောင့် သူ့ကို လက်ထပ်ခဲ့တာလဲ "
"ငါ့ အပိုင်မိုလို့ သူကငါမွေးလာကတည်းက ငါ့အတွက်ပဲဆိုတာ အလိုလိုသိနေလို့"
"...."
"လွန်ခဲ့တဲ့နှစ်တွေကငါအိပ်ယာကနိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ တစ်ယောက်မှ မရှိရင်တောင် သူကတော့မလှမ်းမကမ်းမှာ ရှိနေခဲ့တယ်...
ငါနေမကောင်းရင်တောင် အရင်ဆုံးသိတဲ့သူက သူပဲ...
ငယ်ငယ်ကဆို ဒယ်ဒီ နဲ့အဆင်မပြေတဲ့ ညတွေမှာ သူပဲ ထမင်းခွံ့ကျွေးခဲ့တာ...
ငါ့ကြောင့်သူငိုနေရရင်သဘောကျတယ် တစ်ချိန်တည်း ငါ့ကြောင့်သူရယ်ပြုံးနေဖို့လည်း မျှော်လင့်မိတယ်
ငါ့ရှေ့မှာ သူရယ်တာ သိပ်ရှားပါးတယ်မမြင်ဖူးသလောက်ပဲ"
သခင်လေးက ခပ်ဆွေးဆွေးလေး ပြုံးသည် ပြီးနောက် အသံတိတ်လေးရယ်သည်။
"မင်းစဉ်းစားကြည့်လေ Hoseok ငါသူ့ကို သူများလက်ထဲ မထည့်ပေးနိုင်တာ ဆန်းနေလို့လား
ငါ့ပိုင်ဆိုင်မှုဖြစ်တဲ့သူက ငါဒီကမ္ဘာကြီးပေါ်က မပျောက်ကွယ် မသွားမချင်း ငါနဲ့အတူရှိနေရမယ်
နောက်ဘဝမှာ ပြန်တွေ့ကြရမယ်ဆိုရင်တောင် ငါ့အပိုင်ဆိုတဲ့ သတ်မှတ်ချက်က ပြောင်းလဲ မှာမဟုတ်ဘူး"
Hoseok လောကကြီးထဲက ချစ်ပုံချစ်နည်းမတူနိုင်တဲ့နိယာမတွေကို လက်ခံလိုက်ရသည်။ ချစ်ကြတာချင်းအတူတူ တစ်ချို့က သူ့ဘက်ကိုယ့်ဘက် မျှတတဲ့သဘောတရားတွေနဲ့ သိပ်အေးချမ်းသည်။တစ်ချို့ကျ အချစ်ကို အတ္တလေးနဲ့ ပျိုးပြီး တစိမ့်စိမ့်ချစ်မှန်းမသိချစ်နေခဲ့တာမျိုး
ချစ်ခြင်းတရားဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုးသောချစ်ခြင်းတွေနဲ့ အမျိုးမျိုး သောသက်ရှိတွေက ချယ်မှုန်းခဲ့ကြသည်။ ချစ်ပုံချင်းကွဲပြားသလို ထွက်လာသည့် ရလဒ်တွေသည်လည်း ကွဲပြားသည်။
အချစ်ကိုအချစ်မှန်းမသိ တဲ့သခင်လေးအဖိုး ဘယ်လိုရလဒ်တွေပိုင်ဆိုင်နိုင်မလဲ ဆိုသည်က Hoseokအတွက် စိတ်ဝင်စားရဆုံးသောအရာအဖြစ် ပထမတန်းမှာ ရပ်တည်နေခဲ့လေပြီ
"Lee Min Han က သူ့ကို လိုချင်နေတယ်... ငါပိုပြီးသတိကြီးနေရတယ် ...သူကတော့ ငါနဲ့နေချင်ပုံမရဘူး "
သူဆိုတာ ဘယ်သူ့ကို ရည်ညွန်းမှန်း Hoseok သိပါသည်။
"အဲ ခွေးဝဲစား ကဒီရောက်နေခဲ့တာပေါ့ ဒါကြောင့် သူ့ကို ခြေရာခံမရခဲ့တာကို...ဒါမှမဟုတ် သခင်လေး တမင်သက်သက် "
"ငါတရားဝင် ကြေငြာလိုက်ပြီ... ငါ့ကို သေအောင်သတ်နိုင်ရင် သူရှင်သန်ခွင့်ရမယ်အကယ်၍ ငါမသေဘူးဆိုရင်တော့ သူဒီလောက ကြီးမှာ ရှိနေဖို့ မလိုတော့ဘူး"
တစ်ဝက်ကျိုးသွားပြီဖြစ်တဲ့ ဝိုင်ပုလင်း ကိုလျစ်လျူ ရှုပြီး မနက် လေးနာရီမှာ သူတိုရဲ့အိပ်ဆောင်ကို အတွေးကိုယ်စီနဲ့ ပြန်ဖြစ်ခဲ့ ကြသည်။
အနက်ရောင် အခန်းကျယ်ကြီးထဲ ရောက်တော့ ကုတင်ထက်က ခပ်ကွေးကွေးသဏ္ဍန်ငယ်သည် အိပ်မောကျ၍ ကောင်းနေဆဲ
ကုတင်ဘေး တင်ပါးလွှဲဝင်ထိုင်လိုက်ပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူအား တစ်ချက်ကြည့်လိုက်ကာ
"မောင်မူးနေတယ်ထင်တယ် ခင်ဗျားကို နမ်းချင်လာပြန်ပြီ"
ဆံနွယ်ပျော့ပျော့လေးတွေကို သပ်တင် လိုက်ပြီး နဖူးထက် ခပ်ဖွဖွအနမ်းချွေဖြစ်တော့ နိုးနိုးကြားကြား လှုတ်ရွလာကာ တစ်ဖက်သို့ လှည့်အိပ်သွားသည်။