Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 515K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Extra - 3

10.9K 775 100
By MikkyLay1

Unicode
~~~~~~~~

ဖန်းဂူတစ်ယောက် သားလေးအတွက် ကစားစရာအရုပ်တွေပြင်ဆင်ပေးနေပြီး စာကြည့်ခန်းထဲကိုလဲ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ပေးကာ လုယီလေး လိုလေသေးမရှိအောင် အားလုံးပြင်ဆင်ပေးနေတယ် … ထိုစဉ် အစောင့်တစ်ဦးက ဖန်ဂူရှိနေတဲ့အခန်းထံရောက်လာကာ အကြောင်းလေတယ် …

" လူတစ်ယောက် သခင်ကြီးကို တွေ့ဖို့ခွင့်တောင်းလာပါတယ် "

" ဘယ်သူလဲ "

" ရှုမန်းလို့ပြောပါတယ် "

" ဝင်ခွင့်ပြုလိုက် "

တစ်ခနအကြာမှာ ဖန်းဂူအောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်ကာ စောင့်နေတဲ့ ရှုန်းကိုတွေ့လိုက်ရတယ် … ဖန်းဂူရဲ့မင်္ဂလာပွဲပြီးမှ သူတို့ပထမဆုံးပြန်လည် တွေ့ဆုံခြင်းပင် …

" အကိုကြီး "

ဟိုအရင်က အမြဲမောက်မာရိုင်းဆိုင်းပြီး ယဉ်ကျေးမှုမရှိတဲ့ကောင်လေးက ခုတော့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ကာ အလွန်ချိုသာပြီး ယဉ်ကျေးမှုအပြည့်ဖြင့်ရှိနေတယ် … ရှုမန်းက ခေါ်ကာနှုတ်ဆက်လာတော့ ဖန်းဂူလဲအသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းငြိမ့်ပြကာ ဆိုလိုက်တယ် …

" ဘာကိစ္စရှိလို့ရောက်လာတာလဲ ရှုမန်း "

" အဖေ … "

သူကရုတ်တရပ် စကားလွဲသွားမှန်းသိ၍ ချက်ချင်းပြင်လိုက်တယ် …

" ဦးလေးက ကျွန်တော့ကို ကုမ္ပဏီအလုပ်တွေ ကူညီပေးဖို့အတွက် အကိုကြီးဆီကို လွှတ်လိုက်တာပါ "

ဖန်းဂူက ရှုမန်းရဲ့ဟိုးအရင်ကအပြစ်တွေကိုမေ့ထားလိုက်ကာ အသာတကြည်ပင် ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ရှုန်းမန်းတို့အကြောင်းကို မေးခွန်းထုတ်လိုက်တယ် …

" ရန်အာရော အဆင်ပြေရဲ့လား "

" ခုရန်အာက အရင်လိုကျန်းကျန်းမာမာပါပဲ  "

ချူးရှန့်က မင်္ဂလာပွဲအတွက် လုံးပန်းနေရ၍ ဖန်းဂူက စောစောအနားယူဖို့ခွင့်ပေးထားတယ် … ဒါကြောင့် အလုပ်ကိစ္စတွေကူလုပ်ပေးဖို့ လူလိုနေခြင်းပင် … သူကိုယ်တိုင်ကလဲ မင်းယွီက နေ့စေ့လစေ့ကြီးမို့ မျက်စိရှေ့ကအပျောက်မခံ စောင့်ကြည့်နေရတယ် … အလုပ်ကိစ္စအတွက် အသင့်တော်ဆုံလူက ရှုမန်းတစ်ယောက်သာ ရှိနေတော့တယ် … ရှုမန်းက ရှန်ဟွှာအပေါ် အပြစ်တွေအများကြီးလုပ်ထားပေမဲ့  ဖန်းဂူကသဘောထားကြီးစွာ ချက်ချင်းပဲလက်ခံလိုက်တယ် …

" မင်းကူညီမယ်ဆို အဆင်ပြေတာပေါ့ … ဒါနဲ့မင်းနေတဲ့အိမ်က မြို့နဲ့အလှမ်းဝေးတယ်မဟုတ်လား … အလုပ်ကိုလာဖို့ ဘယ်လိုစီစဉ်ထားလဲ "

" အိမ်နဲ့ကဝေးတော့ အခန်းငှားပြီးနေဖို့ တွေ့ထားတယ် "

" ရန်အာကိုရောပြောပြီးပြီလား "

" သူနဲ့တော့မတိုင်ပင်ရသေးဘူး … အဆင်ပြေရင် သူ့ကိုပါ အတူခေါ်နေမယ်လို့တွေးထားတယ် "

ဖန်းဂူက သူတို့ကိုအိမ်ပေါ်မှာလဲ ခေါ်တင်ထားလို့မရတာကြောင့် တစ်ခြားနည်းလမ်းနဲ့ကူညီဖို့ စဉ်းစားလိုက်တယ် … နောက်ဆုံးမှာ အဖြေပေါ်လာခဲ့တယ် … ထိုအရာက သူ့ရဲ့ဖခင်ပြန်သိမ်းယူခဲ့တဲ့ ရှုမန်းတို့နေခဲ့တဲ့အိမ်တော်ကြီးကို ပြန်ပေးရန်ပင် …

" ခုမင်းလဲ တစ်ယောက်ထည်းမဟုတ်တော့ဘူးဆိုတော့ အလုပ်အကိုင်နဲ့အတည်တကျနေဖို့နေရာလိုအပ်လာပြီ … ဒါကြောင့် ငါတို့ရဲ့လုပ်ငန်းမှာပဲ အလုပ်ပြန်ဝင်စေချင်တယ် … အရင်ကလို ဥက္ကဌနေရာမှာမဟုတ်ပေမဲ့ မင်းကို အတွင်ရေးမှူးအဖြစ် ခန့်အပ်မယ် … မင်းယွီမီးဖွားပြီးသွားရင် သူကအဲ့ဒိနေရာကို ဦးစီးလိမ့်မယ် … မင်းသူ့လက်အောက်မှာ အလုပ်လုပ်နိုင်လား "

ရှုမန်းခနမျှတိတ်ဆိတ်သွားကာ ခေါင်းငုံ့ပြီးလက်ခံလာတယ် … ရှန်ဖန်းဂူနဲ့မင်းယွီအပေါ်တင်နေတဲ့ သူရဲ့ယခင်ကအပြစ်ကြွေးတွေကြောင့် အခွင့်အရေးကို လွယ်လွယ်လက်မခံရဲဖြစ်နေခြင်းပင် … သူ့ကိုယခုလိုအခွင့်အရေးပေးလိမ့်မည်ဟုလဲ ထင်မထားခဲ့ပေ …

သူ့အတွက် ရှန်ဟွှာအုပ်စုမှမဟုတ်ရင် တစ်ခြားနေရာတွေမှာ အလုပ်လုပ်ဖို့က ခဲရင်းလှတယ် … ယခင်ကအမြဲအပေါ်စည်းကနေ ဆက်ဆံခဲ့တဲ့သူဟာ တခြားအဖွဲ့အစည်းတွေနဲ့ ရန်ငြှိုးများစွာရှိခဲ့ပြီး တစ်ခြားသူလက်အောက်အလုပ်လုပ်လျှင် သေချာပေါက်အနိုင်ကျင့်ခံရမှာပင် …

စီးပွားရေးလောကကလွဲပြီး စားဝတ်နေရေးအတွက် ဖူလုံမဲ့ဝင်ငွေရဖို့ သူလုပ်တတ်တဲ့အလုပ်ဟူ၍ တစ်ခြားဘာတစ်ခုမှမရှိပေ … သူဟာ ချက်ချင်းပဲ ကျေးဇူးတင်စကားဆိုလိုက်တယ် …

" ကျွန်တော့ကို အလုပ်ခန့်အပ်ပေးတဲ့အတွက် ကျေးဇူးပါအကိုကြီး … ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါ့မယ်လို့ ကတိပေးပါတယ် "

" ဒါနဲ့မပြီးသေးဘူး … အလုပ်စဝင်တာနဲ့ မင်းနဲ့ရန်အာ အခန်းငှားနေစရာမလိုဘူး … မင်းအိမ်မင်း ပြန်နေလို့ရတယ် "

" ဗျာ … ကျွန်တော့ရဲ့အိမ်  "

" မင်းရဲ့အိမ်တော်ကို အဖေကပြန်သိမ်းခဲ့တာဆိုပေမဲ့ ခုမင်းကိုပြန်ပေးတယ် … အဲ့ဒိအိမ်ကို ဒီတိုင်းပြစ်ထားရမှာတူတူ ထိန်းသိမ်းမဲ့လူတစ်ယောက်ကိုပေးလိုက်တာက အကျိုးရှိတယ် … မင်းတို့ဟိုးအဝေးကြီးမှာ နေစရာမလိုဘူး … ငါကတိပေးထားတဲ့အတိုင်း မင်းတို့ကိုငါကိုယ်တိုင် တရားဝန်လက်ထပ်ပေးပြီး မင်းရဲ့အိမ်တော်ကိုလက်ဖွဲ့ပေးမယ် … မင်္ဂလာဆောင်ပြီးရန်အာနဲ့အတူ မင်းရဲ့အိမ်တော်မှာပဲပြန်နေကြ … ကျေးဇူးဆပ်ချင်ရင်တော့ မင်းမိသားစုအတွက်အလုပ်ကိုပိုကြိုးစားပြီးလုပ် … ရန်အာကိုလဲဂရုစိုက် … နောက်ထပ်အမှားတွေထပ်မလုပ်မိစေနဲ့ "

မာနထောင်လွှားတတ်တဲ့သခင်လေးက ခုတော့ထိန်းမနိုင်အောင် မျက်ရည်တွေစီးကျလာတယ် … သူ့အမှားတွေအတွက် တောင်းပန်ရန်ပင် စကားလုံးရှာမတွေ့တော့ပေ … ရှုမန်းက ဘာမှပင်မပြောနိုင်တော့ပဲ ခုံပေါ်ကနေထကာ ဖန်းဂူအရှေ့မှာ ဒူးထောက်ချလိုက်တယ် … ရုတ်တရပ်မို့ ဖန်းဂူလဲ ကြောင်အမ်းသွားတယ် …

သူ့အပေါ် ယခုလိုသဘောထားကြီးကာ ခွင့်လွှတ်ပေးတဲ့အပြင် ဂရုစိုက်ပေးတဲ့မိသားစုအပေါ် သူ့အသက်နဲ့ရင်းပြီး သစ္စာရှိကာ အလုပ်ကိုလဲကြိုးစားပါ့မယ်ဟု ကတိပြုလိုက်တယ် …

" ရန်အာနဲ့ကျွန်တော့အပေါ်ထားတဲ့ အကိုကြီးရဲ့ကျေးဇူးတရားတွေကို ဒီတစ်သက်မမေ့ပါဘူး … အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ပါ့မယ် "

ဖန်းဂူက ချက်ချင်းပဲ ဒူးထောက်နေတဲ့ ရှုမန်းကို ထခိုင်းလိုက်ပြီး …

" မင်းရဲ့ကတိကိုတည်ပါစေ … ငါ့ရဲ့တပည့် ရန်အာကိုမင်းပိုပြီး ဂရုစိုက်စောင့်ရှောက်ပေးပါ … မင်းတို့ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်နိုင်အောင်ကြိုးစား … ငါမင်းတို့ကိုပေးနိုင်တာ ဒါအကုန်ပဲ "

ရှုမန်းကလဲ ကတိပေးကာ ဖန်းဂူပေးအပ်တဲ့တာဝန်ကို ကြည်ဖြူစွာလက်ခံပြီး နှုတ်ဆက်ကာ ပြန်သွားလေတယ် … အနည်းဆုံးတော့ သံသရာလည်နေတဲ့ လက်စားချေမှုတွေကို နိဂုံးချုပ်ပြီး ခွင့်လွှတ်ပေးမှုတွေနဲ့အတူ လူသာတစ်ချို့အတွက် ပျော်ရွှင်စရာဘဝတွေကို ဖန်တီးပေးနိုင်ခဲ့လို့ ဖန်းဂူပျော်ရွှင်နေမိတယ် …

" ကို "

" ယွီလေး "

ဗိုက်လေးကိုကိုင်ပြီး လှေကားထစ်တွေပေါ်ကနေဆင်းလာတဲ့မင်းယွီကိုမြင်တော့ ဖန်းဂူအပြေးလေးသွားကာ ပွေ့ချီပြီး ခေါ်လာခဲ့တယ် …

" စောစောက ရှုမန်းကြည့်ရတာ ပျော်နေတဲ့ပုံပဲ … ကိုတို့ညီအကိုတွေ အဆင်ပြေသွားကြပြီလား "

ဧည့်ခန်းထဲက ဆိုဖာပေါ်ရောက်တော့ ဖန်းဂူက မင်းယွီကိုအောက်ချမပေးပဲ သူ့ရဲ့ပေါင်ပေါ်ထိုင်စေကာ မင်းယွီကိုယ်လေးအား ရင်ခွင်ထဲမှာပွေ့ဖက်ထားလိုက်တယ် …

" အင်း … သူ့အမှားတွေအတွက် သူပေးစပ်ခဲ့တာတွေနဲ့ ကြေအေးပေးလိုက်ပြီ … ခုကစပြီးအနာဂတ်မှာသူကယွီလေးရဲ့လက်အောက်မှာ အလုပ်လုပ်ပေးလိမ့်မယ် "

" သူလက်ခံလိုက်တာ အံ့ဩစရာပဲ … သူအမြင်မှန်ရသွားတာကောင်းတယ် … သူကစီးပွားရေးနယ်ပယ်မှာ အတွေ့အကျုံများတယ် … သူ့ဆီကနေပြန်ပြီးသင်ယူရမယ်ထင်တယ် "

" ယီလေးခိုင်းချင်တာမှန်တမျှ အားမနာတမ်းခိုင်းလို့ရတယ် … သူအားလုံးလုပ်ပေးလိမ့်မယ် … ပြီးတော့ သူနဲ့ရန်အာကို တရားဝန်လက်ထပ်ပေးပြီး သူ့ရဲ့အိမ်တော်ကို ကိုယ်သူတို့အတွက် ပြန်ပေးလိုက်ပြီ  … သူတို့အတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ပေါ့ "

" သူတို့ခုလိုအဆင်ပြေသွားတာမြင်ရတော့ ဝမ်းသာတယ် … ရန်ငြှိုးတွေကို ကလဲ့စားချေနေတာထက် အချင်းချင်းနာလည်ခွင့်လွှတ်ပေးတာက တစ်ဘဝစာပဲနာကျင်ရပြီးအဆုံးမှာ ပျော်ရွှင်မှုကို ရရှိနိုင်လိမ့်မယ် … ကို့ရဲ့ရွေးချယ်မှုတိုင်းက အရမ်းကိုအဖိုးတန်တယ် … ကိုဒီလိုသဘောထားပြည့်ဝတဲ့လူတစ်ယောကါအဖြစ် ပြောင်းလဲလာတာ ဝမ်းသာတယ် "

မင်းယွီထံက ချီးကျူးခံရတော့ ဖန်းဂူမျက်နှာက တစ်လောကလုံးမှာရှိတဲ့ပန်းတွေပင်မျက်နှာငယ်ရလောက်တဲ့ထိ အပြုံးပန်းတွေဝေဆာနေတယ် … သူက သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်တယ် …

" ဒီကကိုယ့်ရဲ့အချစ်ကလေးကြောင့် ကိုယ်ခုလိုပြောင်းလဲနိုင်ခဲ့တာ … ကိုယ့်အချစ်ကလေးသာမကယ်တင်ပေးရင် ကိုယ်လဲလက်စားချေမှုတွေနဲ့ဒေါသတွေကြား အမှားတွေလုပ်ရင်း သံသယာလည်နေဦးမှာ "

" ဟုတ်ပါပြီ … အရင်ဆုံး ဖက်ထားတာလေးလျော့ပေးဦး … ဗိုက်ထဲကကလေးလေးက အသက်ရှူကြပ်ပြီး အော်နေလိမ့်မယ် "

" ဟား … ဟား … ဖြစ်နိုင်ရင်ကိုယ်က မင်းကို ပါးစပ်ထဲမှာပါ ငုံထားလိုက်ချင်တာ "

ဖန်းဂူက မလွှတ်ပေးတဲ့အပြင် မင်းယွီမျက်နှာလေးအား မော့စေကာ အနမ်းတွေကို အဆက်မပျက်ပေးလေတော့တယ် … ခုချိန်က သားလေးနဲ့ရှုယွမ်အိမ်မှာရှိမနေတော့ သူတို့အား တားစီးနိုင်မဲ့သူ ဘယ်သူမှရှိမနေပေ …

*

*

*

တစ်ပတ်ခန့်ကြာပြီးနောက် စီစဉ်ထားတဲ့ မင်္ဂလာပွဲနေ့သို့ ရောက်လာခဲ့လေပြီ … ဘီတာယောက်ျား ၂ ဦးရဲ့မင်္ဂလာပွဲမို့ လူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေကို ခံနေရနိုင်ပေမဲ့ ရှန်ဝေနဲ့ချူးရှန့်ကတော့ တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း အတူတူဖြတ်ကျော်ဖို့တိုင်ပင်ထားကြတယ်  …

ဒီလောကကြီးမှာ ရှားပါးတဲ့ Pheromone မပါရှိတဲ့လိင်တူလက်ထပ်ခြင်းမျိုးကရှားပါး၍ လူတွေရဲ့တုန့်ပြန်မှုရလဒ်အတွက် ရင်ခုန်စိတ်မလှုပ်ရှားပဲမနေနိုင်ပေ … သူတို့ရဲ့မင်္ဂလာပွဲကို အပြင်လူတွေမဖိတ်ကြားပဲ ရင်းနီးတဲ့လူတွေကိုသာ ရွေးချယ်ပြီးဖိတ်ကြားထားလေတယ် …

ရှန်ဝေဘက်ကတော့ အရာရှိအသိုင်းအဝိုင်းက သူ့ရဲ့အသိမိတ်ဆွေတစ်ချို့နဲ့ သူ့မိဘတွေရဲ့ရင်းနီးတဲ့သူတွေကိုဖိတ်ကြားထားတယ် … ချူးရှန့်ဘက်ကတော့ ရှန်မိသားစုက အပြည့်အဝကူညီပေးကာ သူတို့ရဲ့အသိမိတ်ဆွေတွေနဲ့ ချူးရှန့်လုပ်ငန်းခွင်မှာလုပ်ကိုင်စဉ်က သူနဲ့ခင်မင်ရင်းနီးသူအားလုံးကိုဖတ်ကြားထားလေတယ် …

မြို့ထဲမှာရှိတဲ့ နာမည်အကြီးဆုံးခန်းမကြီးကိုငှားကာ အခမ်းနားဆုံးပြင်ဆင်ထားပြီး ဧည့်သည်တွေက ထိုခန်းမကြီးနဲ့အပြည့်ပင်ရှိနေလေပြီ … သတို့သားဖြစ်တဲ့ရှန်ဝေက အနီရောင်သတို့သားဝတ်စုံကိုဝတ်ဆင်ထားကာ အဆင်သင့်ဖြစ်နေပြီ … ရိုးရာဝတ်ဆုံဖြစ်တာကြောင့် အရပ်အမောင်းကောင်းလှတဲ့ရှန်ဝေနဲ့ ဝတ်ဆုံက ပနံသင့်ကာ ခန့်ညားလှတယ် … မင်္ဂလာပွဲသို့သွားရန် နာရီဝက်အလိုမှာ ရှန်ဝေဟာ မနေနိုင်ပဲ ချူးရှန့်ရဲ့အခန်းတံခါးထံခေါက်ကြည့်လိုက်သည် ။

" အကိုချူး … ပြင်ဆင်ပြီးပြီလား "

ထိုစဉ်အခန်းတံခါးပွင့်လာကာ အထဲကနေ ယုယွမ်ထွက်လာတယ် … သူမက သူ့အကိုရဲ့ပုံစံကိုကြည့်လိုက်ပြီး …

" ဝေကော ဘာကြောင့် သတို့သားတစ်ယောက်ရဲ့ စည်းကမ်းကို မစောင့်ထိန်းတာလဲ  … မင်္ဂလာခန်းမထဲမှာ သတို့သမီးရဲ့အနီရောင်ပဝါကိုမလှပ်ရသေးခင် သတို့သမီးကို ကြည့်ခွင့်မရှိဘူး … ဖေဖေတို့သိရင်ဆူလိမ့်မယ် "

" လုပ်စမ်းပါ ဖေဖေတို့ အိမ်မှာမရှိကြတော့ဘူး … အကိုက ချူးနဲ့အတူသွားချင်တာ "

" မရပါဘူး … သတို့သားနဲ့သတို့သမီးက ခန်းမမှာပဲဆုံရတာ … တစ်အိမ်ထည်းကနေထွက်လာရင်တောင် အတူသွားမရဘူး "

" အဲ့ဒါကသာမန်အတွဲတွေအတွက်ပဲလေ … အကိုချူးကမိန်းကလေးမှမဟုတ်တာ … သူ့ကိုခနလေးပဲကြည့်ခွင့်ပေး "

" မရဘူး မရီးကိုကာကွယ်ပေးရမဲ့တာဝန် ယုမှာအပြည့်ရှိတယ် … ဒီအချိန်မှာ မောင်နှမတွေလဲနားမလည်ဘူး … ဝေကောအထဲကိုဝင်လို့မရအောင်ယုကတားထားမှာ "

" ဒီကလေးမတော့ ငါကားဝယ်ပေးမယ်ဆိုတဲ့ကတိကို ဖျက်လိုက်ရမလား "

" လုပ်ရဲရင်လုပ်ကြည့်လိုက်လေ … ဝေကောနဲ့ချူးကောရဲ့မင်္ဂလာပွဲကို ဖျက်ပြစ်လိုက်မယ် "

" မပြောကောင်းမဆိုကောင်း မင်္ဂလာယူရမဲ့အချိန်မှာ ဘာတွေလျှောက်ပြောနေတာလဲ "

မောင်နှမနှစ်ယောက်ကတော့ ငြင်းခုံနေတာမရပ်တော့ပေ … အထဲတွင်တော့ ယာရှာနဲ့ဆုန်းချူတို့က ချူးရှန့်ပြင်ဆင်နေတဲ့နေရာမှာ ကူညီပေးနေကြတယ် … ရိုးရာဝတ်ဆုံဖြစ်တဲ့ အနီရောင်ဝမ်းဆက်ကို အနောက်တိုင်းပုံဆန်မဝတ်ဆင်ပဲ ရှေးခေတ်ကယောက်ျားသားတွေလို့ ခြေမျက်စိထိရှည်တဲ့ ဝတ်ရုံကိုဆင်ပြန်းပေးထားတယ် … ယာရှာက အနောက်တိုင်းလူမျိုးဖြစ်၍ ချူးရှန့်ရဲ့ယခုပုံစံကြောင့် သူမက သဘောကျကာရယ်မောနေတယ် …

" ဟေး ချူးချူး … မင်းကိုဒီလိုသတို့သမီးဝတ်ဆုံနဲ့မြင်ခွင့်ရလိမ့်မယ်လို့ ငါတကယ်မထင်ခဲ့ဘူး … ဒါကမင်းနဲ့အရမ်းလိုက်ဖက်တယ် "

ချူးရှန့်က ယာရှာသူ့ကိုလှောင်နေမှန်းသိ၍ ပြန်ပြောလိုက်တယ် …

" ယာယာ မင်းလဲမကြာခင် သခင်မလေးဆုန်းချူနဲ့လက်ထပ်တော့မှာပဲ … မင်းပြန်ဝဋ်လည်ဖို့မကြာတော့ဘူး … K လူမျိုးတွေရဲ့ဝတ်စုံနဲ့ C လူမျိုးတွေရဲ့ဝတ်ဆုံက ဘာမှမကွာခြားဘူး … အဲ့ဒိအချိန်ကျ မင်းရဲ့အနောက်တိုင်းကလူမျိုးတွေလို လက်မထပ်ရမှာကိုပဲ စိတ်ပူ "

" ဟေး … ငါ့ဘေဘီလေးနဲ့ငါ့အတွက် ပူပန်ပေးလို့ကျေးဇူးပါကွာ … ဒါပေမဲ့ ငါကအယ်ဖာ … ငါ့အတွက်ဘယ်လိုပုံစံဖြစ်ဖြစ် ဂုဏ်ယူစရာပဲ … ဒါပေမဲ့ မင်းလိုသန်မာတဲ့ကောင်က ဘယ်လိုဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ မိန်းမဖြစ်ရတာလဲ … ငါတို့အဖွဲ့ထည်းမှာ မိန်းမဖြစ်တာ မင်းနဲ့ရန်အာပဲရှိတယ်  … ငါနဲ့သခင်ကြီးက မင်းတို့ထက်ရာထူးမြင့်တယ် "

" သိပ်ပြီးလဲ ဂုဏ်ဆာမနေပါနဲ့  …မင်တို့က ကို့အိမ်သူကိုပြန်ကြောက်ရမှာပဲ … ငါတို့ကကို့အိမ်သားတွေကိုအနိုင်ယူနိုင်တယ် … ဟုတ်တယ်မလား ခယ်မလေး "

" အမှန်ပဲ … ကိုကိုမင်းယွီ ကိုကိုချူးရှန့် ကိုကိုရန်အာ နဲ့ ဆုန်းတို့ကမှ အနိုင်ရတဲ့သူတွေ … မမယာရှာက ညီမလေးတို့ကအောက်ထပ်ကမို့အထင်သေးနေတာဆိုရင်တော့ မင်္ဂလာဆောင်ပြီးတာနဲ့ အခန်းခွဲဖို့သာပြင် … အနမ်းလဲပေးခွင့်မရှိဘူး … ဟွန့် "

" အာ "

အနားမှာရှိနေတဲ့ ဆုန်းချူကလဲ ချူးရှန့်စကားအား ထောက်ခံလိုက်တော့ ယာရှာချက်ချင်းပါးစပ်ပိတ်သွားရလေတယ် … ချူးရှန့်ကို အမြဲကပ်ဖဲ့ကာ လှောင်ရယ်နေတတ်တဲ့ယာရှာဟာ ဆုန်းချူရဲ့စကားတစ်ခွန်းကြောင့် ကြောင်ရိုင်းကြီးငြိမ်ကျသွားတဲ့ပုံစံဖြစ်သွားကာ ချက်ချင်းဝဋ်လည်သွားတယ် …

တကယ်တော့ သူတို့ဟာစပြီးခင်လာစဉ်ကတည်းက စနောက်ရတာနှစ်သက်ကြသူတွေဖြစ်တာကြောင့် အမှန်တကယ် စိတ်မဆိုးကြပေ … ခနကြာတော့ အစလွန်ပြီးအတွဲတွေပြန်ချော့နေရတာကိုကြည့်ပြီး ရယ်နေသူက ချူးရှန့်ဖြစ်သွားတယ် …

" အားလုံးအဆင်သင့်ဖြစ်ပြီလား "

အခန်းထဲဝင်လာကာ မေးလိုက်သူက ရှန်ဖန်းဂူပင် … သူဟာအနောက်တိုင်းဝတ်ဆုံကိုဆင်မြန်းထားပြီး သတို့သားနည်းတူ ခန့်ညားလှတယ် … သူ့ရဲ့ချစ်လှစွာသောတပည့်ကို သူကိုယ်တိုင်မိဘနေရာကနေပေးပြီး မင်္ဂလာပွဲသို့ပို့ဆောင်ရန် ပြင်ဆင်ထားလေတယ် …

" သခင်ကြီး … အားလုံးအဆင်သင့်ဖြစ်ပါပြီ "

" ကောင်းပြီ … ယာရှာ မင်းကချူးရှန့်ရဲ့ခေါင်းကို ပဝါဆောင်းပေးပြီး အခန်းထဲကနေထွက်လာခဲ့ … ဆုန်းချူက ရှန်ဝေနားမှာရှိနေတဲ့ မင်းယွီကို တစ်ချက်လောက်စောင့်ကြည့်ပေးထား … သူကခေါင်းမာပြီးမလိုက်လာဖို့ပြောတာကိုလက်မခံဘူး "

" စိတ်ချပါ … အကိုကြီးကို သေချာလေးဂရုစိုက်ပေးထားမယ်  "

မင်္ဂလာပွဲက ရှန်ဝေရဲ့အိမ်တော်နဲ့ အလှမ်းမဝေး၍ ကားဖြင့် ၁၅ မိနစ်လောက်သာမောင်းရ၍ အချိန်နီးကပ်မှ သူတို့အိမ်ကနေ ထွက်လာခဲ့ကြတယ် … ထွက်လာကတည်းက ရှန်ဝေက ချူးရှန့်ရဲ့ပုံစံကို မမြင်ရသေး၍ အနောက်သို့ တလှည့်ကြည့်ကြည့်ဖြစ်နေ၍ ယုယွမ်ကအကိုဖြစ်သူကိုထိန်းနေရတယ် …

ခန်းမရှေ့ကားကိုရပ်လိုက်တော့ ရှန်ဝေက ချက်ချင်းပြေးဆင်းကာ အနောက်မှာပါလာတဲ့ ကားရဲ့တံခါးပေါက်ရှေ့ရပ်လိုက်တယ် … ကားပေါ်ကနေဖြည်းညှင်းစွာဆင်းလာတဲ့ အနီရောင်ဝတ်ဆုံနဲ့ သူ့ရဲ့သတို့သားလေးကိုမြင်တော့ ရှန်ဝေမျက်နှာက အပြုံးတွေတောက်ပလာတယ် … ခေါင်းမှာအုပ်ထားတဲ့ပဝါက ပါးလွှာ၍ ချူးရှန့်ရှက်ပြီး မျက်လွှာကိုမကြာမကြာခပ်ကာ ရှန်ဝေထံကအကြည့်တွေကို ရှောင်ဖယ်နေတာကိုမြင်တော့ ရှန်ဝေကမကြောက်ဖို့အတွက် ချူးရှန့်ရဲ့လက်လေးကို တင်းကြပ်စွာဆုတ်ကိုင်လိုက်တယ် …

ခန်းမထဲဝင်လာတဲ့လမ်းမှာ ရှေ့ဆုံးမှာတော့ လုယီလေးနဲ့ဂိုယောင်းက အနီရောင်ရိုးရာဝတ်ဆုံလေးဝတ်ထားကာ အနီရောင်နှီးဆီပွင့်ဖက်တွေကို ကော်ဇောထပ်၌ ဖြန့်ကျဲကာဦးဆောင်လို့လာတယ် … ဒုထိယနေရာမှာ အနီရောင်ဝတ်ဆုံနဲ့သတို့သာ ၂ ယောက်က တစ်ယောက်လက်တစ်ယောဆွဲကိုင်ပြီး ဦးကိုမော့ကာ လူတွေရဲ့တုန့်ပြန်မှုတွေကို ဂရုမစိုက်ပဲ သတ္တိရှိရှိလျှောက်လှမ်းလာခဲ့တယ် …

လူတွေအားလုံးကလဲ ဘယ်သူမှအထင်သေးတဲ့အကြည့်တွေနဲ့မကြည့်ကြပဲ Pheromone မရှိလိင်တူနေပေမဲ့ အချစ်ကိုသတ္တိရှိရှိဖွင့်ဟနိုင်တဲ့လူငယ်တွေကို အားကျစွာဖြင့်ကြည့်နေကြတယ် …တတိယနေရာတွင်တော့ ရှန်ဝေရဲ့အကိုဖြစ်သူ ရှုယွမ်နဲ့ ညီမဖြစ်သူ ယုယွမ်တို့က သတို့သား ၂ ယောက်အတွက် မင်္ဂလာလက်စွပ်ဘူလေး ၂ ခုကို တစ်ယောက်တစ်ခုစီ ကိုင်ဆောင်လာခဲ့တယ် … သူတို့နောက်တွင် ဖန်းဂူနဲ့မင်းယွီကတစ်တွဲ ယာရှာနဲ့ဆုန်းချူကတစ်တွဲ ရှုမန်းနဲ့ရန်အာကတစ်တွဲ အရံအဖြစ်လိုက်ပါလာခဲ့ကြတယ် …

ခန်းမရဲ့ရှေ့ဆုံးမှာ မိဘတွေက နေရာယူထားကြပြီး သတို့သား ၂ ယောက်ရောက်လာတော့ ထုံးတမ်းအဆင်လာအတိုင်း ကန်တော့ပွဲတွေနဲ့ ကန်တော့ခန်း အပ်နှံပွဲတွေနဲ့ သေရည်သောက်ခြင်းအပါအဝင် သူတို့ရဲ့ရှေးရိုးအတိုင်း သတို့သားကသတို့သမီးကို တောင်းရန်းကာ တံဆိတ်တုန်းရိုက်နှက်လိုက်ကြတယ် …

တရားဝန်လက်ထပ်ပြီးတော့မှ သတို့သားက သတို့သမီးရဲ့ဦးခေါင်းပေါ်ကပဝါကို ဖယ်ရှားလိုက်ချိန်မှာ သူတစ်ဘဝလုံးလက်တွဲရမဲ့ သူ့ရဲ့ဇနီးသစ်လေးအား ထာဝရပိုင်ဆိုင်ပြီဆိုတဲ့သက်သေအနေနဲ့ နှုတ်ခမ်းကိုအနမ်းတံဆိတ်တုံးရိုက်နှိပ်လိုက်တယ် …

အားလုံးက လက်ခုတ်ဩဝါဒပေးပြီးအဆုံးမှာ တစ်ယောက်ကိုတစ်ယောက် မင်္ဂလာလက်စွတ်အပြန်အလှန်ဝတ်ပေးကြပြီး ပရိတ်သတ်နဲ့မိဘဆွေမျိုးတွေရှေ့မှာ သစ္စာရှိရှိပေါင်းဖက်ဖို့ မိုးမြေကိုတိုင်တည်ကာ သစ္စာပြုလိုက်ကြတယ် … အားလုံးပြီးဆုံးသွားချိန်မှာ သူတို့ရဲ့မင်္ဂလာပွဲလေးဟာ အောင်မြင်စွာပြီးဆုံးကာ လင်မယားအဖြစ်အထမြောက်သွားလေတယ် …

ရှန်ဖန်းဂူက ညီလေးရဲ့မင်္ဂလာပွဲကိုရပ်ကြည့်နေတဲ့ ရှုယွမ်အနားသွားကာ ရန်စလိုက်ပြန်တယ် …

" ရှုယွမ် … မင်းရဲ့ညီတောင်စွံ့သွားပြီ မင်းကဘယ်အချိန်မှစွံမှာလဲ … ငါလဲမင်းကို ပဝါအနီခေါင်းဆောင်ပေးပြီး သတိုးသားလက်ကိုအပ်ပေးချင်တယ် "

" အရူးကောင် … ငါကအယ်ဖားကွ "

" ဘီတာနဲ့ဘီတာတောင်ဖြစ်သေးတာပဲ အယ်ဖာနဲ့အယ်ဖာလဲ မဖြစ်နိုင်စရာမရှိဘူးလေ … ငါ့အသိတွေထဲမှာ မင်းအကြိုက်အယ်ဖာတွေရှိနိုင်တယ် … မိတ်ဆက်ပေးရမလား "

" သွားသေလိုက် … ငါကအိုမီဂါနဲ့ပဲလက်ထပ်မှာ "

" လုပ်နိုင်မှပြောပါကွာ  … ငါတော့မယုံဘူး  … ဟား "

မကြီးမငယ် ရန်စနေတဲ့ရှန်ဖန်းဂူနဲ့ ဒေါသအမျက်ချောင်းချောင်းထွက်ကာ လိုက်ပြီးတိုက်ခိုက်နေတဲ့ ရှုယွမ်တို့ ၂ ယောက်အား လုယီလေးက ဖြန်ဖြေပေးနေရတယ် … မင်းယွီကတော့ မကြီးမငယ်နဲ့သူငယ်ပြန်နေတဲ့ လူကြီး ၂ ယောက်ကို လွှတ်ထားပေးလိုက်ပြီး ထိုင်းကြည့်ကာရယ်မောနေတယ် …

တစ်ဖက်တွင်တော့ ရှုမန်းက ရန်အာရဲ့ဦးခေါင်းလေးကိုသူ့ရဲ့ပခုံးပေါ်မှီထားစေကာ ပွေ့ဖက်ထားရင်း တိုးတိုးလေးပြောလိုက်တယ် …

" ရန်အာ … ကိုယ်လဲ မကြာခင်မှာ မိုးမြေကိုကန်တော့ပြီး မင်းကိုတရားဝင်လက်ထပ်မယ် "

ရန်အာရဲ့မျက်ဝန်းလေးတွေက တောက်ပလာပြီး ရှုမန်းအားမော့ကြည့်လာတယ် …

" တကယ်လားဟင် … ဒါပေမဲ့ အကို့အတွက်ခက်ခဲမယ်ဆိုရင် ရန်အာတို့လက်ထပ်ပွဲမလုပ်လဲရပါတယ် "

" ကိုယ့်အတွက်မခက်ခဲပါဘူး … ကိုယ်တို့မှာမိဘတွေမရှိတော့ပေမဲ့ ကိုယ်မင်းကိုတရားဝင်တောင်းရန်းပြီးလက်ထပ်ယူမှာ … ခုလိုခန်းခန်းနားနားကြီးမလုပ်နိုင်ပေမဲ့ ကိုယ်ရယ်မင်းရယ်ဘုရားသခင်ရယ်သိရင်ရပြီ … အနာဂတ်မှာမင်းကိုထပ်ပြီးမနာကျင်စေရဘူး … မင်းကိုကိုယ့်တရားဝင်ဇနီးဖြစ်အောင်လုပ်မယ် "

" ကောင်းပါပြီ … ရန်အာစောင့်နေမယ် … အကိုရန်အာကို တရားဝင်လက်ထပ်မဲ့အချိန်ထိ "

ရှုမန်းက ရန်အာနှာဖူးလေးအား အနမ်းပေးလိုက်တယ် … သူတို့တရားဝင်လက်ထပ်လိုက်တာက ရန်အာရဲ့စိတ်ထဲမှာ သူ့ဘယ်လောက်ထိရန်အာအပေါ်တန်ဖိုးထားတယ်ဆိုတာ သိစေပြီး တရားဝင်ဇနီမယားအဖြစ်ဂုဏ်ရှိရှိနေနိုင်ရန်ပင်ဖြစ်လေတယ် …

ခန်းမထဲတွင်တော့ ဧည့်သည်တော်အားလုံးကို ဧည့်ခံကြွေးမွေးပြီးနောက် အခန်းအနားကပြီးဆုံးက တစ်ဖြည်းဖြည်းပြန်ကုန်ကြတယ် … အဆုံးမှာ မိဘတွေနဲ့ သူငယ်ချင်းတွေသာကျန်နေတော့တယ် … အားလုံးကို ရှန်ဖန်းဂူက ညပါတီအတွက် သူ့ရဲ့နားနေဆောင်မှာ အစားအစာအစုံနဲ့ ဖျော်ဖြေရေးတွေစီစဉ်ထားပေးမည်ဟု ပြောလာတယ် … ရှန်ဝေကလဲ သူ့မိဘတွေအိမ်ထက် အပြင်မှာလုပ်တာကပိုကောင်း၍ သဘောတူညီလိုက်လေတယ် …

…………………………………………………………………………………

To Be Continued ……

( A/N - နောက်အပိုင်းမှာ မင်္ဂလာဦးညမှာပါ … အမြန်တင်ပေးမှာမို့ စောင့်မျှော်နေပေးပါ … ဒါလေးကိုအဆုံးသတ်ဖို့မေ့သွားမိတဲ့အတွက်လဲ တောင်းပန်ပါတယ် … အတတ်နိုင်ဆုံးအမြန်ပြီးဆုံးအောင်တင်ပေးပါ့မယ်နော် ❤️ )

Zawgyi
~~~~~~~

ဖန္းဂူတစ္ေယာက္ သားေလးအတြက္ ကစားစရာအ႐ုပ္ေတြျပင္ဆင္ေပးေနၿပီး စာၾကည့္ခန္းထဲကိုလဲ လိုအပ္တဲ့ပစၥည္းေတြ ထည့္ေပးကာ လုယီေလး လိုေလေသးမရွိေအာင္ အားလုံးျပင္ဆင္ေပးေနတယ္ … ထိုစဥ္ အေစာင့္တစ္ဦးက ဖန္ဂူရွိေနတဲ့အခန္းထံေရာက္လာကာ အေၾကာင္းေလတယ္ …

" လူတစ္ေယာက္ သခင္ႀကီးကို ေတြ႕ဖို႔ခြင့္ေတာင္းလာပါတယ္ "

" ဘယ္သူလဲ "

" ရႈမန္းလို႔ေျပာပါတယ္ "

" ဝင္ခြင့္ျပဳလိုက္ "

တစ္ခနအၾကာမွာ ဖန္းဂူေအာက္ထပ္ကိုဆင္းလာေတာ့ ဧည့္ခန္းထဲမွာထိုင္ကာ ေစာင့္ေနတဲ့ ရႈန္းကိုေတြ႕လိုက္ရတယ္ … ဖန္းဂူရဲ႕မဂၤလာပြဲၿပီးမွ သူတို႔ပထမဆုံးျပန္လည္ ေတြ႕ဆုံျခင္းပင္ …

" အကိုႀကီး "

ဟိုအရင္က အၿမဲေမာက္မာရိုင္းဆိုင္းၿပီး ယဥ္ေက်းမႈမရွိတဲ့ေကာင္ေလးက ခုေတာ့ သပ္သပ္ရပ္ရပ္ဝတ္ဆင္ကာ အလြန္ခ်ိဳသာၿပီး ယဥ္ေက်းမႈအျပည့္ျဖင့္ရွိေနတယ္ … ရႈမန္းက ေခၚကာႏႈတ္ဆက္လာေတာ့ ဖန္းဂူလဲအသိအမွတ္ျပဳတဲ့အေနနဲ႕ ေခါင္းၿငိမ့္ျပကာ ဆိုလိုက္တယ္ …

" ဘာကိစၥရွိလို႔ေရာက္လာတာလဲ ရႈမန္း "

" အေဖ … "

သူက႐ုတ္တရပ္ စကားလြဲသြားမွန္းသိ၍ ခ်က္ခ်င္းျပင္လိုက္တယ္ …

" ဦးေလးက ကြၽန္ေတာ့ကို ကုမၸဏီအလုပ္ေတြ ကူညီေပးဖို႔အတြက္ အကိုႀကီးဆီကို လႊတ္လိုက္တာပါ "

ဖန္းဂူက ရႈမန္းရဲ႕ဟိုးအရင္ကအျပစ္ေတြကိုေမ့ထားလိုက္ကာ အသာတၾကည္ပင္ ဆိုဖာေပၚမွာထိုင္လိုက္ၿပီး ရႈန္းမန္းတို႔အေၾကာင္းကို ေမးခြန္းထုတ္လိုက္တယ္ …

" ရန္အာေရာ အဆင္ေျပရဲ႕လား "

" ခုရန္အာက အရင္လိုက်န္းက်န္းမာမာပါပဲ  "

ခ်ဴးရွန႔္က မဂၤလာပြဲအတြက္ လုံးပန္းေနရ၍ ဖန္းဂူက ေစာေစာအနားယူဖို႔ခြင့္ေပးထားတယ္ … ဒါေၾကာင့္ အလုပ္ကိစၥေတြကူလုပ္ေပးဖို႔ လူလိုေနျခင္းပင္ … သူကိုယ္တိုင္ကလဲ မင္းယြီက ေန႕ေစ့လေစ့ႀကီးမို႔ မ်က္စိေရွ႕ကအေပ်ာက္မခံ ေစာင့္ၾကည့္ေနရတယ္ … အလုပ္ကိစၥအတြက္ အသင့္ေတာ္ဆုံလူက ရႈမန္းတစ္ေယာက္သာ ရွိေနေတာ့တယ္ … ရႈမန္းက ရွန္ဟႊာအေပၚ အျပစ္ေတြအမ်ားႀကီးလုပ္ထားေပမဲ့  ဖန္းဂူကသေဘာထားႀကီးစြာ ခ်က္ခ်င္းပဲလက္ခံလိုက္တယ္ …

" မင္းကူညီမယ္ဆို အဆင္ေျပတာေပါ့ … ဒါနဲ႕မင္းေနတဲ့အိမ္က ၿမိဳ႕နဲ႕အလွမ္းေဝးတယ္မဟုတ္လား … အလုပ္ကိုလာဖို႔ ဘယ္လိုစီစဥ္ထားလဲ "

" အိမ္နဲ႕ကေဝးေတာ့ အခန္းငွားၿပီးေနဖို႔ ေတြ႕ထားတယ္ "

" ရန္အာကိုေရာေျပာၿပီးၿပီလား "

" သူနဲ႕ေတာ့မတိုင္ပင္ရေသးဘူး … အဆင္ေျပရင္ သူ႕ကိုပါ အတူေခၚေနမယ္လို႔ေတြးထားတယ္ "

ဖန္းဂူက သူတို႔ကိုအိမ္ေပၚမွာလဲ ေခၚတင္ထားလို႔မရတာေၾကာင့္ တစ္ျခားနည္းလမ္းနဲ႕ကူညီဖို႔ စဥ္းစားလိုက္တယ္ … ေနာက္ဆုံးမွာ အေျဖေပၚလာခဲ့တယ္ … ထိုအရာက သူ႕ရဲ႕ဖခင္ျပန္သိမ္းယူခဲ့တဲ့ ရႈမန္းတို႔ေနခဲ့တဲ့အိမ္ေတာ္ႀကီးကို ျပန္ေပးရန္ပင္ …

" ခုမင္းလဲ တစ္ေယာက္ထည္းမဟုတ္ေတာ့ဘူးဆိုေတာ့ အလုပ္အကိုင္နဲ႕အတည္တက်ေနဖို႔ေနရာလိုအပ္လာၿပီ … ဒါေၾကာင့္ ငါတို႔ရဲ႕လုပ္ငန္းမွာပဲ အလုပ္ျပန္ဝင္ေစခ်င္တယ္ … အရင္ကလို ဥကၠဌေနရာမွာမဟုတ္ေပမဲ့ မင္းကို အတြင္ေရးမႉးအျဖစ္ ခန႔္အပ္မယ္ … မင္းယြီမီးဖြားၿပီးသြားရင္ သူကအဲ့ဒိေနရာကို ဦးစီးလိမ့္မယ္ … မင္းသူ႕လက္ေအာက္မွာ အလုပ္လုပ္နိုင္လား "

ရႈမန္းခနမွ်တိတ္ဆိတ္သြားကာ ေခါင္းငုံ႕ၿပီးလက္ခံလာတယ္ … ရွန္ဖန္းဂူနဲ႕မင္းယြီအေပၚတင္ေနတဲ့ သူရဲ႕ယခင္ကအျပစ္ေႂကြးေတြေၾကာင့္ အခြင့္အေရးကို လြယ္လြယ္လက္မခံရဲျဖစ္ေနျခင္းပင္ … သူ႕ကိုယခုလိုအခြင့္အေရးေပးလိမ့္မည္ဟုလဲ ထင္မထားခဲ့ေပ …

သူ႕အတြက္ ရွန္ဟႊာအုပ္စုမွမဟုတ္ရင္ တစ္ျခားေနရာေတြမွာ အလုပ္လုပ္ဖို႔က ခဲရင္းလွတယ္ … ယခင္ကအၿမဲအေပၚစည္းကေန ဆက္ဆံခဲ့တဲ့သူဟာ တျခားအဖြဲ႕အစည္းေတြနဲ႕ ရန္ျငႇိုးမ်ားစြာရွိခဲ့ၿပီး တစ္ျခားသူလက္ေအာက္အလုပ္လုပ္လွ်င္ ေသခ်ာေပါက္အနိုင္က်င့္ခံရမွာပင္ …

စီးပြားေရးေလာကကလြဲၿပီး စားဝတ္ေနေရးအတြက္ ဖူလုံမဲ့ဝင္ေငြရဖို႔ သူလုပ္တတ္တဲ့အလုပ္ဟူ၍ တစ္ျခားဘာတစ္ခုမွမရွိေပ … သူဟာ ခ်က္ခ်င္းပဲ ေက်းဇူးတင္စကားဆိုလိုက္တယ္ …

" ကြၽန္ေတာ့ကို အလုပ္ခန႔္အပ္ေပးတဲ့အတြက္ ေက်းဇူးပါအကိုႀကီး … ကြၽန္ေတာ္အေကာင္းဆုံးလုပ္ေဆာင္ပါ့မယ္လို႔ ကတိေပးပါတယ္ "

" ဒါနဲ႕မၿပီးေသးဘူး … အလုပ္စဝင္တာနဲ႕ မင္းနဲ႕ရန္အာ အခန္းငွားေနစရာမလိုဘူး … မင္းအိမ္မင္း ျပန္ေနလို႔ရတယ္ "

" ဗ်ာ … ကြၽန္ေတာ့ရဲ႕အိမ္  "

" မင္းရဲ႕အိမ္ေတာ္ကို အေဖကျပန္သိမ္းခဲ့တာဆိုေပမဲ့ ခုမင္းကိုျပန္ေပးတယ္ … အဲ့ဒိအိမ္ကို ဒီတိုင္းျပစ္ထားရမွာတူတူ ထိန္းသိမ္းမဲ့လူတစ္ေယာက္ကိုေပးလိုက္တာက အက်ိဳးရွိတယ္ … မင္းတို႔ဟိုးအေဝးႀကီးမွာ ေနစရာမလိုဘူး … ငါကတိေပးထားတဲ့အတိုင္း မင္းတို႔ကိုငါကိုယ္တိုင္ တရားဝန္လက္ထပ္ေပးၿပီး မင္းရဲ႕အိမ္ေတာ္ကိုလက္ဖြဲ႕ေပးမယ္ … မဂၤလာေဆာင္ၿပီးရန္အာနဲ႕အတူ မင္းရဲ႕အိမ္ေတာ္မွာပဲျပန္ေနၾက … ေက်းဇူးဆပ္ခ်င္ရင္ေတာ့ မင္းမိသားစုအတြက္အလုပ္ကိုပိုႀကိဳးစားၿပီးလုပ္ … ရန္အာကိုလဲဂ႐ုစိုက္ … ေနာက္ထပ္အမွားေတြထပ္မလုပ္မိေစနဲ႕ "

မာနေထာင္လႊားတတ္တဲ့သခင္ေလးက ခုေတာ့ထိန္းမနိုင္ေအာင္ မ်က္ရည္ေတြစီးက်လာတယ္ … သူ႕အမွားေတြအတြက္ ေတာင္းပန္ရန္ပင္ စကားလုံးရွာမေတြ႕ေတာ့ေပ … ရႈမန္းက ဘာမွပင္မေျပာနိုင္ေတာ့ပဲ ခုံေပၚကေနထကာ ဖန္းဂူအေရွ႕မွာ ဒူးေထာက္ခ်လိဳက္တယ္ … ႐ုတ္တရပ္မို႔ ဖန္းဂူလဲ ေၾကာင္အမ္းသြားတယ္ …

သူ႕အေပၚ ယခုလိုသေဘာထားႀကီးကာ ခြင့္လႊတ္ေပးတဲ့အျပင္ ဂ႐ုစိုက္ေပးတဲ့မိသားစုအေပၚ သူ႕အသက္နဲ႕ရင္းၿပီး သစၥာရွိကာ အလုပ္ကိုလဲႀကိဳးစားပါ့မယ္ဟု ကတိျပဳလိုက္တယ္ …

" ရန္အာနဲ႕ကြၽန္ေတာ့အေပၚထားတဲ့ အကိုႀကီးရဲ႕ေက်းဇူးတရားေတြကို ဒီတစ္သက္မေမ့ပါဘူး … အသက္နဲ႕ရင္းၿပီး ျပန္ေပးဆပ္ပါ့မယ္ "

ဖန္းဂူက ခ်က္ခ်င္းပဲ ဒူးေထာက္ေနတဲ့ ရႈမန္းကို ထခိုင္းလိုက္ၿပီး …

" မင္းရဲ႕ကတိကိုတည္ပါေစ … ငါ့ရဲ႕တပည့္ ရန္အာကိုမင္းပိုၿပီး ဂ႐ုစိုက္ေစာင့္ေရွာက္ေပးပါ … မင္းတို႔ေပ်ာ္႐ႊင္စရာမိသားစုဘဝကို ပိုင္ဆိုင္နိုင္ေအာင္ႀကိဳးစား … ငါမင္းတို႔ကိုေပးနိုင္တာ ဒါအကုန္ပဲ "

ရႈမန္းကလဲ ကတိေပးကာ ဖန္းဂူေပးအပ္တဲ့တာဝန္ကို ၾကည္ျဖဴစြာလက္ခံၿပီး ႏႈတ္ဆက္ကာ ျပန္သြားေလတယ္ … အနည္းဆုံးေတာ့ သံသရာလည္ေနတဲ့ လက္စားေခ်မႈေတြကို နိဂုံးခ်ဳပ္ၿပီး ခြင့္လႊတ္ေပးမႈေတြနဲ႕အတူ လူသာတစ္ခ်ိဳ႕အတြက္ ေပ်ာ္႐ႊင္စရာဘဝေတြကို ဖန္တီးေပးနိုင္ခဲ့လို႔ ဖန္းဂူေပ်ာ္႐ႊင္ေနမိတယ္ …

" ကို "

" ယြီေလး "

ဗိုက္ေလးကိုကိုင္ၿပီး ေလွကားထစ္ေတြေပၚကေနဆင္းလာတဲ့မင္းယြီကိုျမင္ေတာ့ ဖန္းဂူအေျပးေလးသြားကာ ေပြ႕ခ်ီၿပီး ေခၚလာခဲ့တယ္ …

" ေစာေစာက ရႈမန္းၾကည့္ရတာ ေပ်ာ္ေနတဲ့ပုံပဲ … ကိုတို႔ညီအကိုေတြ အဆင္ေျပသြားၾကၿပီလား "

ဧည့္ခန္းထဲက ဆိုဖာေပၚေရာက္ေတာ့ ဖန္းဂူက မင္းယြီကိုေအာက္ခ်မေပးပဲ သူ႕ရဲ႕ေပါင္ေပၚထိုင္ေစကာ မင္းယြီကိုယ္ေလးအား ရင္ခြင္ထဲမွာေပြ႕ဖက္ထားလိုက္တယ္ …

" အင္း … သူ႕အမွားေတြအတြက္ သူေပးစပ္ခဲ့တာေတြနဲ႕ ေၾကေအးေပးလိုက္ၿပီ … ခုကစၿပီးအနာဂတ္မွာသူကယြီေလးရဲ႕လက္ေအာက္မွာ အလုပ္လုပ္ေပးလိမ့္မယ္ "

" သူလက္ခံလိုက္တာ အံ့ဩစရာပဲ … သူအျမင္မွန္ရသြားတာေကာင္းတယ္ … သူကစီးပြားေရးနယ္ပယ္မွာ အေတြ႕အက်ဳံမ်ားတယ္ … သူ႕ဆီကေနျပန္ၿပီးသင္ယူရမယ္ထင္တယ္ "

" ယီေလးခိုင္းခ်င္တာမွန္တမွ် အားမနာတမ္းခိုင္းလို႔ရတယ္ … သူအားလုံးလုပ္ေပးလိမ့္မယ္ … ၿပီးေတာ့ သူနဲ႕ရန္အာကို တရားဝန္လက္ထပ္ေပးၿပီး သူ႕ရဲ႕အိမ္ေတာ္ကို ကိုယ္သူတို႔အတြက္ ျပန္ေပးလိုက္ၿပီ  … သူတို႔အတြက္ မဂၤလာလက္ဖြဲ႕အေနနဲ႕ေပါ့ "

" သူတို႔ခုလိုအဆင္ေျပသြားတာျမင္ရေတာ့ ဝမ္းသာတယ္ … ရန္ျငႇိုးေတြကို ကလဲ့စားေခ်ေနတာထက္ အခ်င္းခ်င္းနာလည္ခြင့္လႊတ္ေပးတာက တစ္ဘဝစာပဲနာက်င္ရၿပီးအဆုံးမွာ ေပ်ာ္႐ႊင္မႈကို ရရွိနိုင္လိမ့္မယ္ … ကို႔ရဲ႕ေ႐ြးခ်ယ္မႈတိုင္းက အရမ္းကိုအဖိုးတန္တယ္ … ကိုဒီလိုသေဘာထားျပည့္ဝတဲ့လူတစ္ေယာကါအျဖစ္ ေျပာင္းလဲလာတာ ဝမ္းသာတယ္ "

မင္းယြီထံက ခ်ီးက်ဴးခံရေတာ့ ဖန္းဂူမ်က္ႏွာက တစ္ေလာကလုံးမွာရွိတဲ့ပန္းေတြပင္မ်က္ႏွာငယ္ရေလာက္တဲ့ထိ အၿပဳံးပန္းေတြေဝဆာေနတယ္ … သူက သူ႕ကိုယ္သူ ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ ေျပာလိုက္တယ္ …

" ဒီကကိုယ့္ရဲ႕အခ်စ္ကေလးေၾကာင့္ ကိုယ္ခုလိုေျပာင္းလဲနိုင္ခဲ့တာ … ကိုယ့္အခ်စ္ကေလးသာမကယ္တင္ေပးရင္ ကိုယ္လဲလက္စားေခ်မႈေတြနဲ႕ေဒါသေတြၾကား အမွားေတြလုပ္ရင္း သံသယာလည္ေနဦးမွာ "

" ဟုတ္ပါၿပီ … အရင္ဆုံး ဖက္ထားတာေလးေလ်ာ့ေပးဦး … ဗိုက္ထဲကကေလးေလးက အသက္ရႉၾကပ္ၿပီး ေအာ္ေနလိမ့္မယ္ "

" ဟား … ဟား … ျဖစ္နိုင္ရင္ကိုယ္က မင္းကို ပါးစပ္ထဲမွာပါ ငုံထားလိုက္ခ်င္တာ "

ဖန္းဂူက မလႊတ္ေပးတဲ့အျပင္ မင္းယြီမ်က္ႏွာေလးအား ေမာ့ေစကာ အနမ္းေတြကို အဆက္မပ်က္ေပးေလေတာ့တယ္ … ခုခ်ိန္က သားေလးနဲ႕ရႈယြမ္အိမ္မွာရွိမေနေတာ့ သူတို႔အား တားစီးနိုင္မဲ့သူ ဘယ္သူမွရွိမေနေပ …

*

*

*

တစ္ပတ္ခန႔္ၾကာၿပီးေနာက္ စီစဥ္ထားတဲ့ မဂၤလာပြဲေန႕သို႔ ေရာက္လာခဲ့ေလၿပီ … ဘီတာေယာက္်ား ၂ ဦးရဲ႕မဂၤလာပြဲမို႔ လူေတြရဲ႕ထူးဆန္းတဲ့အၾကည့္ေတြကို ခံေနရနိုင္ေပမဲ့ ရွန္ေဝနဲ႕ခ်ဴးရွန႔္ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ေဖးမရင္း အတူတူျဖတ္ေက်ာ္ဖို႔တိုင္ပင္ထားၾကတယ္  …

ဒီေလာကႀကီးမွာ ရွားပါးတဲ့ Pheromone မပါရွိတဲ့လိင္တူလက္ထပ္ျခင္းမ်ိဳးကရွားပါး၍ လူေတြရဲ႕တုန႔္ျပန္မႈရလဒ္အတြက္ ရင္ခုန္စိတ္မလႈပ္ရွားပဲမေနနိုင္ေပ … သူတို႔ရဲ႕မဂၤလာပြဲကို အျပင္လူေတြမဖိတ္ၾကားပဲ ရင္းနီးတဲ့လူေတြကိုသာ ေ႐ြးခ်ယ္ၿပီးဖိတ္ၾကားထားေလတယ္ …

ရွန္ေဝဘက္ကေတာ့ အရာရွိအသိုင္းအဝိုင္းက သူ႕ရဲ႕အသိမိတ္ေဆြတစ္ခ်ိဳ႕နဲ႕ သူ႕မိဘေတြရဲ႕ရင္းနီးတဲ့သူေတြကိုဖိတ္ၾကားထားတယ္ … ခ်ဴးရွန႔္ဘက္ကေတာ့ ရွန္မိသားစုက အျပည့္အဝကူညီေပးကာ သူတို႔ရဲ႕အသိမိတ္ေဆြေတြနဲ႕ ခ်ဴးရွန႔္လုပ္ငန္းခြင္မွာလုပ္ကိုင္စဥ္က သူနဲ႕ခင္မင္ရင္းနီးသူအားလုံးကိုဖတ္ၾကားထားေလတယ္ …

ၿမိဳ႕ထဲမွာရွိတဲ့ နာမည္အႀကီးဆုံးခန္းမႀကီးကိုငွားကာ အခမ္းနားဆုံးျပင္ဆင္ထားၿပီး ဧည့္သည္ေတြက ထိုခန္းမႀကီးနဲ႕အျပည့္ပင္ရွိေနေလၿပီ … သတို႔သားျဖစ္တဲ့ရွန္ေဝက အနီေရာင္သတို႔သားဝတ္စုံကိုဝတ္ဆင္ထားကာ အဆင္သင့္ျဖစ္ေနၿပီ … ရိုးရာဝတ္ဆုံျဖစ္တာေၾကာင့္ အရပ္အေမာင္းေကာင္းလွတဲ့ရွန္ေဝနဲ႕ ဝတ္ဆုံက ပနံသင့္ကာ ခန႔္ညားလွတယ္ … မဂၤလာပြဲသို႔သြားရန္ နာရီဝက္အလိုမွာ ရွန္ေဝဟာ မေနနိုင္ပဲ ခ်ဴးရွန႔္ရဲ႕အခန္းတံခါးထံေခါက္ၾကည့္လိုက္သည္ ။

" အကိုခ်ဴး … ျပင္ဆင္ၿပီးၿပီလား "

ထိုစဥ္အခန္းတံခါးပြင့္လာကာ အထဲကေန ယုယြမ္ထြက္လာတယ္ … သူမက သူ႕အကိုရဲ႕ပုံစံကိုၾကည့္လိုက္ၿပီး …

" ေဝေကာ ဘာေၾကာင့္ သတို႔သားတစ္ေယာက္ရဲ႕ စည္းကမ္းကို မေစာင့္ထိန္းတာလဲ  … မဂၤလာခန္းမထဲမွာ သတို႔သမီးရဲ႕အနီေရာင္ပဝါကိုမလွပ္ရေသးခင္ သတို႔သမီးကို ၾကည့္ခြင့္မရွိဘူး … ေဖေဖတို႔သိရင္ဆူလိမ့္မယ္ "

" လုပ္စမ္းပါ ေဖေဖတို႔ အိမ္မွာမရွိၾကေတာ့ဘူး … အကိုက ခ်ဴးနဲ႕အတူသြားခ်င္တာ "

" မရပါဘူး … သတို႔သားနဲ႕သတို႔သမီးက ခန္းမမွာပဲဆုံရတာ … တစ္အိမ္ထည္းကေနထြက္လာရင္ေတာင္ အတူသြားမရဘူး "

" အဲ့ဒါကသာမန္အတြဲေတြအတြက္ပဲေလ … အကိုခ်ဴးကမိန္းကေလးမွမဟုတ္တာ … သူ႕ကိုခနေလးပဲၾကည့္ခြင့္ေပး "

" မရဘူး မရီးကိုကာကြယ္ေပးရမဲ့တာဝန္ ယုမွာအျပည့္ရွိတယ္ … ဒီအခ်ိန္မွာ ေမာင္ႏွမေတြလဲနားမလည္ဘူး … ေဝေကာအထဲကိုဝင္လို႔မရေအာင္ယုကတားထားမွာ "

" ဒီကေလးမေတာ့ ငါကားဝယ္ေပးမယ္ဆိုတဲ့ကတိကို ဖ်က္လိုက္ရမလား "

" လုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ … ေဝေကာနဲ႕ခ်ဴးေကာရဲ႕မဂၤလာပြဲကို ဖ်က္ျပစ္လိုက္မယ္ "

" မေျပာေကာင္းမဆိုေကာင္း မဂၤလာယူရမဲ့အခ်ိန္မွာ ဘာေတြေလွ်ာက္ေျပာေနတာလဲ "

ေမာင္ႏွမႏွစ္ေယာက္ကေတာ့ ျငင္းခုံေနတာမရပ္ေတာ့ေပ … အထဲတြင္ေတာ့ ယာရွာနဲ႕ဆုန္းခ်ဴတို႔က ခ်ဴးရွန႔္ျပင္ဆင္ေနတဲ့ေနရာမွာ ကူညီေပးေနၾကတယ္ … ရိုးရာဝတ္ဆုံျဖစ္တဲ့ အနီေရာင္ဝမ္းဆက္ကို အေနာက္တိုင္းပုံဆန္မဝတ္ဆင္ပဲ ေရွးေခတ္ကေယာက္်ားသားေတြလို႔ ေျခမ်က္စိထိရွည္တဲ့ ဝတ္႐ုံကိုဆင္ျပန္းေပးထားတယ္ … ယာရွာက အေနာက္တိုင္းလူမ်ိဳးျဖစ္၍ ခ်ဴးရွန႔္ရဲ႕ယခုပုံစံေၾကာင့္ သူမက သေဘာက်ကာရယ္ေမာေနတယ္ …

" ေဟး ခ်ဴးခ်ဴး … မင္းကိုဒီလိုသတို႔သမီးဝတ္ဆုံနဲ႕ျမင္ခြင့္ရလိမ့္မယ္လို႔ ငါတကယ္မထင္ခဲ့ဘူး … ဒါကမင္းနဲ႕အရမ္းလိုက္ဖက္တယ္ "

ခ်ဴးရွန႔္က ယာရွာသူ႕ကိုေလွာင္ေနမွန္းသိ၍ ျပန္ေျပာလိုက္တယ္ …

" ယာယာ မင္းလဲမၾကာခင္ သခင္မေလးဆုန္းခ်ဴနဲ႕လက္ထပ္ေတာ့မွာပဲ … မင္းျပန္ဝဋ္လည္ဖို႔မၾကာေတာ့ဘူး … K လူမ်ိဳးေတြရဲ႕ဝတ္စုံနဲ႕ C လူမ်ိဳးေတြရဲ႕ဝတ္ဆုံက ဘာမွမကြာျခားဘူး … အဲ့ဒိအခ်ိန္က် မင္းရဲ႕အေနာက္တိုင္းကလူမ်ိဳးေတြလို လက္မထပ္ရမွာကိုပဲ စိတ္ပူ "

" ေဟး … ငါ့ေဘဘီေလးနဲ႕ငါ့အတြက္ ပူပန္ေပးလို႔ေက်းဇူးပါကြာ … ဒါေပမဲ့ ငါကအယ္ဖာ … ငါ့အတြက္ဘယ္လိုပုံစံျဖစ္ျဖစ္ ဂုဏ္ယူစရာပဲ … ဒါေပမဲ့ မင္းလိုသန္မာတဲ့ေကာင္က ဘယ္လိုျဖစ္ၿပီး ကေလးတစ္ေယာက္ရဲ႕ မိန္းမျဖစ္ရတာလဲ … ငါတို႔အဖြဲ႕ထည္းမွာ မိန္းမျဖစ္တာ မင္းနဲ႕ရန္အာပဲရွိတယ္  … ငါနဲ႕သခင္ႀကီးက မင္းတို႔ထက္ရာထူးျမင့္တယ္ "

" သိပ္ၿပီးလဲ ဂုဏ္ဆာမေနပါနဲ႕  …မင္တို႔က ကို႔အိမ္သူကိုျပန္ေၾကာက္ရမွာပဲ … ငါတို႔ကကို႔အိမ္သားေတြကိုအနိုင္ယူနိုင္တယ္ … ဟုတ္တယ္မလား ခယ္မေလး "

" အမွန္ပဲ … ကိုကိုမင္းယြီ ကိုကိုခ်ဴးရွန့္ ကိုကိုရန္အာ နဲ႕ ဆုန္းတို႔ကမွ အနိုင္ရတဲ့သူေတြ … မမယာရွာက ညီမေလးတို႔ကေအာက္ထပ္ကမို႔အထင္ေသးေနတာဆိုရင္ေတာ့ မဂၤလာေဆာင္ၿပီးတာနဲ႕ အခန္းခြဲဖို႔သာျပင္ … အနမ္းလဲေပးခြင့္မရွိဘူး … ဟြန႔္ "

" အာ "

အနားမွာရွိေနတဲ့ ဆုန္းခ်ဴကလဲ ခ်ဴးရွန႔္စကားအား ေထာက္ခံလိုက္ေတာ့ ယာရွာခ်က္ခ်င္းပါးစပ္ပိတ္သြားရေလတယ္ … ခ်ဴးရွန႔္ကို အၿမဲကပ္ဖဲ့ကာ ေလွာင္ရယ္ေနတတ္တဲ့ယာရွာဟာ ဆုန္းခ်ဴရဲ႕စကားတစ္ခြန္းေၾကာင့္ ေၾကာင္ရိုင္းႀကီးၿငိမ္က်သြားတဲ့ပုံစံျဖစ္သြားကာ ခ်က္ခ်င္းဝဋ္လည္သြားတယ္ …

တကယ္ေတာ့ သူတို႔ဟာစၿပီးခင္လာစဥ္ကတည္းက စေနာက္ရတာႏွစ္သက္ၾကသူေတြျဖစ္တာေၾကာင့္ အမွန္တကယ္ စိတ္မဆိုးၾကေပ … ခနၾကာေတာ့ အစလြန္ၿပီးအတြဲေတြျပန္ေခ်ာ့ေနရတာကိုၾကည့္ၿပီး ရယ္ေနသူက ခ်ဴးရွန႔္ျဖစ္သြားတယ္ …

" အားလုံးအဆင္သင့္ျဖစ္ၿပီလား "

အခန္းထဲဝင္လာကာ ေမးလိုက္သူက ရွန္ဖန္းဂူပင္ … သူဟာအေနာက္တိုင္းဝတ္ဆုံကိုဆင္ျမန္းထားၿပီး သတို႔သားနည္းတူ ခန႔္ညားလွတယ္ … သူ႕ရဲ႕ခ်စ္လွစြာေသာတပည့္ကို သူကိုယ္တိုင္မိဘေနရာကေနေပးၿပီး မဂၤလာပြဲသို႔ပို႔ေဆာင္ရန္ ျပင္ဆင္ထားေလတယ္ …

" သခင္ႀကီး … အားလုံးအဆင္သင့္ျဖစ္ပါၿပီ "

" ေကာင္းၿပီ … ယာရွာ မင္းကခ်ဴးရွန႔္ရဲ႕ေခါင္းကို ပဝါေဆာင္းေပးၿပီး အခန္းထဲကေနထြက္လာခဲ့ … ဆုန္းခ်ဴက ရွန္ေဝနားမွာရွိေနတဲ့ မင္းယြီကို တစ္ခ်က္ေလာက္ေစာင့္ၾကည့္ေပးထား … သူကေခါင္းမာၿပီးမလိုက္လာဖို႔ေျပာတာကိုလက္မခံဘူး "

" စိတ္ခ်ပါ … အကိုႀကီးကို ေသခ်ာေလးဂ႐ုစိုက္ေပးထားမယ္  "

မဂၤလာပြဲက ရွန္ေဝရဲ႕အိမ္ေတာ္နဲ႕ အလွမ္းမေဝး၍ ကားျဖင့္ ၁၅ မိနစ္ေလာက္သာေမာင္းရ၍ အခ်ိန္နီးကပ္မွ သူတို႔အိမ္ကေန ထြက္လာခဲ့ၾကတယ္ … ထြက္လာကတည္းက ရွန္ေဝက ခ်ဴးရွန႔္ရဲ႕ပုံစံကို မျမင္ရေသး၍ အေနာက္သို႔ တလွည့္ၾကည့္ၾကည့္ျဖစ္ေန၍ ယုယြမ္ကအကိုျဖစ္သူကိုထိန္းေနရတယ္ …

ခန္းမေရွ႕ကားကိုရပ္လိုက္ေတာ့ ရွန္ေဝက ခ်က္ခ်င္းေျပးဆင္းကာ အေနာက္မွာပါလာတဲ့ ကားရဲ႕တံခါးေပါက္ေရွ႕ရပ္လိုက္တယ္ … ကားေပၚကေနျဖည္းညွင္းစြာဆင္းလာတဲ့ အနီေရာင္ဝတ္ဆုံနဲ႕ သူ႕ရဲ႕သတို႔သားေလးကိုျမင္ေတာ့ ရွန္ေဝမ်က္ႏွာက အၿပဳံးေတြေတာက္ပလာတယ္ … ေခါင္းမွာအုပ္ထားတဲ့ပဝါက ပါးလႊာ၍ ခ်ဴးရွန႔္ရွက္ၿပီး မ်က္လႊာကိုမၾကာမၾကာခပ္ကာ ရွန္ေဝထံကအၾကည့္ေတြကို ေရွာင္ဖယ္ေနတာကိုျမင္ေတာ့ ရွန္ေဝကမေၾကာက္ဖို႔အတြက္ ခ်ဴးရွန႔္ရဲ႕လက္ေလးကို တင္းၾကပ္စြာဆုတ္ကိုင္လိုက္တယ္ …

ခန္းမထဲဝင္လာတဲ့လမ္းမွာ ေရွ႕ဆုံးမွာေတာ့ လုယီေလးနဲ႕ဂိုေယာင္းက အနီေရာင္ရိုးရာဝတ္ဆုံေလးဝတ္ထားကာ အနီေရာင္ႏွီးဆီပြင့္ဖက္ေတြကို ေကာ္ေဇာထပ္၌ ျဖန႔္က်ဲကာဦးေဆာင္လို႔လာတယ္ … ဒုထိယေနရာမွာ အနီေရာင္ဝတ္ဆုံနဲ႕သတို႔သာ ၂ ေယာက္က တစ္ေယာက္လက္တစ္ေယာဆြဲကိုင္ၿပီး ဦးကိုေမာ့ကာ လူေတြရဲ႕တုန႔္ျပန္မႈေတြကို ဂ႐ုမစိုက္ပဲ သတၱိရွိရွိေလွ်ာက္လွမ္းလာခဲ့တယ္ …

လူေတြအားလုံးကလဲ ဘယ္သူမွအထင္ေသးတဲ့အၾကည့္ေတြနဲ႕မၾကည့္ၾကပဲ Pheromone မရွိလိင္တူေနေပမဲ့ အခ်စ္ကိုသတၱိရွိရွိဖြင့္ဟနိုင္တဲ့လူငယ္ေတြကို အားက်စြာျဖင့္ၾကည့္ေနၾကတယ္ …တတိယေနရာတြင္ေတာ့ ရွန္ေဝရဲ႕အကိုျဖစ္သူ ရႈယြမ္နဲ႕ ညီမျဖစ္သူ ယုယြမ္တို႔က သတို႔သား ၂ ေယာက္အတြက္ မဂၤလာလက္စြပ္ဘူေလး ၂ ခုကို တစ္ေယာက္တစ္ခုစီ ကိုင္ေဆာင္လာခဲ့တယ္ … သူတို႔ေနာက္တြင္ ဖန္းဂူနဲ႕မင္းယြီကတစ္တြဲ ယာရွာနဲ႕ဆုန္းခ်ဴကတစ္တြဲ ရႈမန္းနဲ႕ရန္အာကတစ္တြဲ အရံအျဖစ္လိုက္ပါလာခဲ့ၾကတယ္ …

ခန္းမရဲ႕ေရွ႕ဆုံးမွာ မိဘေတြက ေနရာယူထားၾကၿပီး သတို႔သား ၂ ေယာက္ေရာက္လာေတာ့ ထုံးတမ္းအဆင္လာအတိုင္း ကန္ေတာ့ပြဲေတြနဲ႕ ကန္ေတာ့ခန္း အပ္ႏွံပြဲေတြနဲ႕ ေသရည္ေသာက္ျခင္းအပါအဝင္ သူတို႔ရဲ႕ေရွးရိုးအတိုင္း သတို႔သားကသတို႔သမီးကို ေတာင္းရန္းကာ တံဆိတ္တုန္းရိုက္ႏွက္လိုက္ၾကတယ္ …

တရားဝန္လက္ထပ္ၿပီးေတာ့မွ သတို႔သားက သတို႔သမီးရဲ႕ဦးေခါင္းေပၚကပဝါကို ဖယ္ရွားလိုက္ခ်ိန္မွာ သူတစ္ဘဝလုံးလက္တြဲရမဲ့ သူ႕ရဲ႕ဇနီးသစ္ေလးအား ထာဝရပိုင္ဆိုင္ၿပီဆိုတဲ့သက္ေသအေနနဲ႕ ႏႈတ္ခမ္းကိုအနမ္းတံဆိတ္တုံးရိုက္ႏွိပ္လိုက္တယ္ …

အားလုံးက လက္ခုတ္ဩဝါဒေပးၿပီးအဆုံးမွာ တစ္ေယာက္ကိုတစ္ေယာက္ မဂၤလာလက္စြတ္အျပန္အလွန္ဝတ္ေပးၾကၿပီး ပရိတ္သတ္နဲ႕မိဘေဆြမ်ိဳးေတြေရွ႕မွာ သစၥာရွိရွိေပါင္းဖက္ဖို႔ မိုးေျမကိုတိုင္တည္ကာ သစၥာျပဳလိုက္ၾကတယ္ … အားလုံးၿပီးဆုံးသြားခ်ိန္မွာ သူတို႔ရဲ႕မဂၤလာပြဲေလးဟာ ေအာင္ျမင္စြာၿပီးဆုံးကာ လင္မယားအျဖစ္အထေျမာက္သြားေလတယ္ …

ရွန္ဖန္းဂူက ညီေလးရဲ႕မဂၤလာပြဲကိုရပ္ၾကည့္ေနတဲ့ ရႈယြမ္အနားသြားကာ ရန္စလိုက္ျပန္တယ္ …

" ရႈယြမ္ … မင္းရဲ႕ညီေတာင္စြံ႕သြားၿပီ မင္းကဘယ္အခ်ိန္မွစြံမွာလဲ … ငါလဲမင္းကို ပဝါအနီေခါင္းေဆာင္ေပးၿပီး သတိုးသားလက္ကိုအပ္ေပးခ်င္တယ္ "

" အ႐ူးေကာင္ … ငါကအယ္ဖားကြ "

" ဘီတာနဲ႕ဘီတာေတာင္ျဖစ္ေသးတာပဲ အယ္ဖာနဲ႕အယ္ဖာလဲ မျဖစ္နိုင္စရာမရွိဘူးေလ … ငါ့အသိေတြထဲမွာ မင္းအႀကိဳက္အယ္ဖာေတြရွိနိုင္တယ္ … မိတ္ဆက္ေပးရမလား "

" သြားေသလိုက္ … ငါကအိုမီဂါနဲ႕ပဲလက္ထပ္မွာ "

" လုပ္နိုင္မွေျပာပါကြာ  … ငါေတာ့မယုံဘူး  … ဟား "

မႀကီးမငယ္ ရန္စေနတဲ့ရွန္ဖန္းဂူနဲ႕ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ကာ လိုက္ၿပီးတိုက္ခိုက္ေနတဲ့ ရႈယြမ္တို႔ ၂ ေယာက္အား လုယီေလးက ျဖန္ေျဖေပးေနရတယ္ … မင္းယြီကေတာ့ မႀကီးမငယ္နဲ႕သူငယ္ျပန္ေနတဲ့ လူႀကီး ၂ ေယာက္ကို လႊတ္ထားေပးလိုက္ၿပီး ထိုင္းၾကည့္ကာရယ္ေမာေနတယ္ …

တစ္ဖက္တြင္ေတာ့ ရႈမန္းက ရန္အာရဲ႕ဦးေခါင္းေလးကိုသူ႕ရဲ႕ပခုံးေပၚမွီထားေစကာ ေပြ႕ဖက္ထားရင္း တိုးတိုးေလးေျပာလိုက္တယ္ …

" ရန္အာ … ကိုယ္လဲ မၾကာခင္မွာ မိုးေျမကိုကန္ေတာ့ၿပီး မင္းကိုတရားဝင္လက္ထပ္မယ္ "

ရန္အာရဲ႕မ်က္ဝန္းေလးေတြက ေတာက္ပလာၿပီး ရႈမန္းအားေမာ့ၾကည့္လာတယ္ …

" တကယ္လားဟင္ … ဒါေပမဲ့ အကို႔အတြက္ခက္ခဲမယ္ဆိုရင္ ရန္အာတို႔လက္ထပ္ပြဲမလုပ္လဲရပါတယ္ "

" ကိုယ့္အတြက္မခက္ခဲပါဘူး … ကိုယ္တို႔မွာမိဘေတြမရွိေတာ့ေပမဲ့ ကိုယ္မင္းကိုတရားဝင္ေတာင္းရန္းၿပီးလက္ထပ္ယူမွာ … ခုလိုခန္းခန္းနားနားႀကီးမလုပ္နိုင္ေပမဲ့ ကိုယ္ရယ္မင္းရယ္ဘုရားသခင္ရယ္သိရင္ရၿပီ … အနာဂတ္မွာမင္းကိုထပ္ၿပီးမနာက်င္ေစရဘူး … မင္းကိုကိုယ့္တရားဝင္ဇနီးျဖစ္ေအာင္လုပ္မယ္ "

" ေကာင္းပါၿပီ … ရန္အာေစာင့္ေနမယ္ … အကိုရန္အာကို တရားဝင္လက္ထပ္မဲ့အခ်ိန္ထိ "

ရႈမန္းက ရန္အာႏွာဖူးေလးအား အနမ္းေပးလိုက္တယ္ … သူတို႔တရားဝင္လက္ထပ္လိုက္တာက ရန္အာရဲ႕စိတ္ထဲမွာ သူ႕ဘယ္ေလာက္ထိရန္အာအေပၚတန္ဖိုးထားတယ္ဆိုတာ သိေစၿပီး တရားဝင္ဇနီမယားအျဖစ္ဂုဏ္ရွိရွိေနနိုင္ရန္ပင္ျဖစ္ေလတယ္ …

ခန္းမထဲတြင္ေတာ့ ဧည့္သည္ေတာ္အားလုံးကို ဧည့္ခံေႂကြးေမြးၿပီးေနာက္ အခန္းအနားကၿပီးဆုံးက တစ္ျဖည္းျဖည္းျပန္ကုန္ၾကတယ္ … အဆုံးမွာ မိဘေတြနဲ႕ သူငယ္ခ်င္းေတြသာက်န္ေနေတာ့တယ္ … အားလုံးကို ရွန္ဖန္းဂူက ညပါတီအတြက္ သူ႕ရဲ႕နားေနေဆာင္မွာ အစားအစာအစုံနဲ႕ ေဖ်ာ္ေျဖေရးေတြစီစဥ္ထားေပးမည္ဟု ေျပာလာတယ္ … ရွန္ေဝကလဲ သူ႕မိဘေတြအိမ္ထက္ အျပင္မွာလုပ္တာကပိုေကာင္း၍ သေဘာတူညီလိုက္ေလတယ္ …

…………………………………………………………………………………

To Be Continued ……

( A/N - ေနာက္အပိုင္းမွာ မဂၤလာဦးညမွာပါ … အျမန္တင္ေပးမွာမို႔ ေစာင့္ေမွ်ာ္ေနေပးပါ … ဒါေလးကိုအဆုံးသတ္ဖို႔ေမ့သြားမိတဲ့အတြက္လဲ ေတာင္းပန္ပါတယ္ … အတတ္နိုင္ဆုံးအျမန္ၿပီးဆုံးေအာင္တင္ေပးပါ့မယ္ေနာ္ ❤️ )

Continue Reading

You'll Also Like

770K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.1M 34.5K 51
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
214K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 51.8K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...