ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...
By KazunoMora
122K 13K 73
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်... More
ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း (ဇာတ္လမ္းအက်ဥ္း)
အပိုင်း1 သိုင်းဝိညာဉ်နိုးထလာခြင်း
အပိုင်း 2 အနက်ရောင်အလင်းစက်ကလေး
အပိုင်း3 အမြင့်ဆုံး(စစ်)သိုင်းဝိညာဉ်
အပိုင်း4 သိုင်းဝိညာဉ်ကအဆင့်မြှင့်တင်နိုင်တယ်
အပိုင်း 5 သိုင်းကျမ်းဆောင်
အပိုင်း 6 ချူးယုရဲ့မထီမဲ့မြင်ပြုခြင်း
အပိုင်း 7 တိမ်တွေကို‌မှောက်လှန်မယ့်လက်
အပိုင်း8 နက်ရှိုင်းသော လျှို့ဝှတ်ချက်များ
အပိုင်း9 တီအန်တာအိုဂိုဏ်းက ဧည့်သည်တော်များ
အပိုင်း 10 အစွမ်းထက်ချန်းရှန်
အပိုင်း 11 ချူးကလန်တစ်ခုလုံးကိုရန်စခြင်း
အပိုင်း12 ဖိအားပေးခံရခြင်း
အပိုင်း 13 "မင်းကိုတစ်ချက်ထဲနဲ့အသေမသတ်နိုင်ရင် ငါအရှုံးပေးလိုက်မယ်"
အပိုင်း 14 သွေးမြူတွေအဖြစ်ပေါက်ကွဲထွက်သွားခြင်း
အပိုင်း 15 စကားတစ်ခွန်းထဲနဲ့ ချန်းမိသားစုတစ်ခုလုံးကို ဇီဝိန်ချွေခြင်း
အပိုင်း 16 ဂိုဏ်းတော်ကြီးဆီသို့
အပိုင်း 17 ဂိုဏ်းအရှေ့၌ရန်စခံရခြင်း
အပိုင်း ၁၈ ထောင်နဲ့ချီတဲ့ကီစုစည်းခြင်းဆေးလုံးများ
အပိုင်း 19 မင်းဆက်လောင်းရဲသေးလား?
အပိုင်း 20 တိုက်တိုက်တိုက်
အပိုင်း 21 ပြင်းထန်တဲ့တိုက်ခိုက်မှု
အပိုင်း 22 အလောင်းအစားအနိုင်ရခဲ့ပြီ
အပိုင်း 23 မာနထောင်လွှားတဲ့မင်းသား
အပိုင်း 24 လောကကြီး
အပိုင်း 25 လူအများရဲ့ဖိနှိမ်မှု
အပိုင်း 26 ငါမင်းရဲ့ပြဿနာတွေကို ကူပြီးဖြေရှင်းပေးပါရစေ
အပိုင်း 27 အတွေ့အကြုံလေ့လာခြင်း(သို့)သားရဲချူပ်လှောင်ခြင်းခန်းမ
အပိုင်း 28 လုယက်ခြင်း
အပိုင်း 29 နတ်ဆိုးသားရဲတွေကို ဆက်တိုက်သတ်ဖြတ်ခြင်း
အပိုင်း 30 စက်ဆုတ်ဖွယ်ကောင်းတဲ့နည်းလမ်းများ
အပိုင်း 31 စူးဇီ ငါမင်းကိုသတ်မယ်
အပိုင်း 32 ဇီရှန်းမဟာမိတ်အဖွဲ့မှဖိတ်ခေါ်ခြင်း
အပိုင်း 32 အဆက်
အပိုင်း 33 ပုံစံသုံးမျိုး မိုးကြိုးပြေးလွှားခြင်းလက်
အပိုင်း 34 အဝါရောင်အဆင့်တစ်ဆယ်၊‌ မိုးကောင်းကင်ဖြတ်သန်းခြင်းဓါး
အပိုင်း 35 တန်းဟွာရန်
အပိုင်း 36 လေတိမ်တိုက်မဟာမိတ်
အပိုင်း 37 အနက်ရောင်ကျီးကန်း တောင်ကြားချိုင့်ဝှမ်း
အပိုင်း 38 လေတိမ်တိုက်မဟာမိတ်အဖွဲ့က ကိုယ့်ကိုကိုယ်ဘာထင်နေကြတာလဲ?
အပိုင်း 39 မင်းကဘာလို့အခွင့်အရေးကိုငြင်းပယ်ခဲ့ရတာလဲ?
အပိုင်း( 40 ) နှစ်500 ဆေးဖက်ဝင်အပင်
အပိုင်း 41 ရတနာကြီးတစ်ခုထွက်ပေါ်လာခြင်း
အပိုင်း 42 ဘယ်သူအရင်ရမလဲ ပြိုင်ကြမလား?
အပိုင်း 43 ဖျက်ဆီးခြင်းသတ္တဝါဆိုး
အပိုင်း 44 မြေအောက်လှိုဏ်ဂူ
အပိုင်း 45 ဓါးသူတော်စင်ရဲ့အမွေအနှစ်
အပိုင်း 46
အပိုင်း 47 ထိပ်တန်းအဆင့်သိုင်းပညာရပ်ကိုကျင့်ကြံပြီ
အပိုင်း 48 မင်းတို့တစ်မိသားစုလုံးအမှိုက်တွေပဲ
အပိုင်း 49 ငါ့ကို တရားစီရင်ခြင်းခန်းမဆီခေါ်သွားစမ်း
အပိုင်း 50 ငါမင်းတို့ကောင်တွေကိုဘာလို့မသတ်ရမှာလဲ?
အပိုင်း 51 အဆုံးမဲ့သတ်ဖြတ်ခြင်းမဟာမိတ်နဲ့ ရင်ဆိုင်ရခြင်း
အပိုင်း 52 ရင်ဟန်ဝမ်နဲ့ တိုက်ခိုက်ခြင်း
အပိုင်း 53 ယှဉ်ပြိုင်ပွဲစတင်ပြီ
အပိုင်း 54 အမည်တပ်ပြီးစိန်ခေါ်မှု
အပိုင်း 55 မင်း ဘယ်လောက်လှုပ်ရှားနိုင်မှာလဲ?
အပိုင်း 56 ခါးသီးစွာနဲ့ ရုန်းကန်တိုက်ခိုက်ကြခြင်း
အပိုင်း 57 ဇွန်ယွမ်ဘိုင်ရဲ့သိုင်းဝိညာဉ်
အပိုင်း 58 ဓါးချက်တစ်ချက်ထဲနဲ့ ပရိတ်သတ်အကုန်လုံးရဲ့ နှလုံးသားတွေကို လှုပ်ခါစေခဲ့
အပိုင်း 59 အိုးယွမ်ဂိုဏ်းက အမှိုက်တွေဆိုတာ အထူးပြောနေစရာမလိုတော့
အပိုင်း 60 ပြန်ပေးဆွဲခြင်း
အပိုင်း 61 ကျွန်တော်လဲကိုယ်ပိုင်ပုံစံနဲ့ပြုပြင်ချင်တယ်
အပိုင်း 62 ယုခိုင်ယွမ်
Attention pls 🔥🔥🔥🔥🔥
အပိုင်း 63 ချူးယွန်နားလည်ရဲ့လား
အပိုင်း ‌64 ခင်များကိုပါ ပါးရိုက်ပေးမယ်
အပိုင်း 65 လူအိုကြီးချူး
အပိုင်း 66 ရပ်လိုက်စမ်း....
အပိုင်း 67 နှစ်တစ်ထောင်သွေးနဂါးဂျင်ဆင်း
အပိုင်း 68
အပိုင်း 69
အပိုင်း 70
အပိုင်း 71 အခြေအနေတစ်ခုလုံးပြောင်းပြန်ပြန်လှန်
အပိုင်း 72
အပိုင်း 73 ကီပြောင်းလဲခြင်းနယ်ပယ်သို့ အဆင့်တက်ခြင်း
အပိုင်း 74 ရွှေရောင်နဂါးပုံရိပ်
အပိုင်း 75 ချူးယွန်ကိုစိန်ခေါ်တယ်
အပိုင်း 76 ကီပေါက်ကွဲခြင်း
အပိုင်း 77 တန်းဇီရှန်းရဲ့လက်ဆောင်
အပိုင်း 78 ကြေးဝါသော့
အပိုင်း 79 ခိုင်ရှန်ခန်းမ
အပိုင်း 80 ရင်ယုဖူအကြောင်း
🔥🔥အပိုင်း 81 ကစပြီး Unicodeတစ်မျိုးနဲ့ပဲ အရင်တင်ပါအုံးမယ်
အပိုင်း 81 ကောင်းကင်ပြာပညာရပ်ကို လေလံဆွဲခြင်း
အပိုင်း 82 သဘောထားကြီးတဲ့ လူအိုကြီးဆွန်း
အပိုင်း 83 အဆင့်ကိုး မီးတောက်ဝိညာဉ်ဂန္ဓမာ
အပိုင်း 84 နောက်ထပ်ပြဿနာတစ်ခု
အပိုင်း 85 ဇောင်ချီယန်
အပိုင်း 86 သတင်းဆိုး
အပိုင်း 87 နံပါတ်တစ်အဓိကတပည့်
အပိုင်း 88 ဂိုဏ်းချုပ်ထွက်ပေါ်လာခြင်း
အပိုင်း 89 ငါးဦးတိုး
အပိုင်း 90 မျိုချထားသမျှပြန်အန်ထုတ်ရမယ်
အပိုင်း 91 ကျောက်စိမ်းအင်ပါယာကျွန်း
အပိုင်း 92 ချင်ဟဲကျောက်စိမ်းပုတီးစေ့
အပိုင်း 93 ချီလင်ဂိုဏ်းဟဲဖန်
အပိုင်း 94 မြေအောက်လမ်း
အပိုင်း 95 ယင်အလောင်းကောင် ပေါ်လာခြင်း
အပိုင်း 96 ငါ့ကိုဘာတွေဖုံးကွယ်ထားတာလဲ?
အပိုင်း 97 လုယက်ခြင်း
အပိုင်း 98 ဧရာမသွေးသားသရဖူမြွေ
အပိုင်း 99 ချောင်နန်ရဲ့သိုင်းဝိညာဉ်
အပိုင်း 100 ကိုယ့်ကို အသက်အန္တရာယ်ပြုနိုင်လောက်သူကို အခွင့်အ‌ရေးမပေးရဘူး
အပိုင်း 101 ယန်မင်
အပိုင်း 102 ဘယ်ရီလူသစ်သီး
အပိုင်း 103 အစွမ်းထက်မျောက်ဝံ
အပိုင်း 104 စား! အစွမ်းထက်တယ်! ချချ!
အပိုင်း 105 အတင်းအဓမ္မဖိနှိပ်မှု
အပိုင်း 106 မျောက်ဝံရဲ့ နားလည်နိုင်စွမ်း
အပိုင်း 107 တာအိုနားလည်ခြင်းစင်မြင့်
အပိုင်း 108 အေးဆေးအနားယူရင်း သားကောင်ကိုစောင့်ဖမ်းခြင်း
အပိုင်း 109 သေမင်းနတ်ဘုရားချူးယွန်
အပိုင်း 110 တာအိုနားလည်ခြင်းစင်မြင့်ရဲ့ အံ့ဩစရာကောင်းမှု
အပိုင်း 111 မဟာပညာရှိနဲ့ ရတနာရှာဖွေခြင်း
အပိုင်း 112 စိတ်ဝိညာဉ်လက်နက်သန့်စင်သူ (ပန်းပဲပညာရှင်)
အပိုင်း 113 တစ်ယောက်မှ ပြန်မလာနိုင်စေရဘူး
အပိုင်း114 ကျွန်တော်သက်သေခံနိုင်တယ်
အပိုင်း 115 လျို့ဝှတ်ကျမ်းစာ
အပိုင်း 116 လူအိုကြီးရန်
အပိုင်း 117 တာအိုနားလည်ခြင်းစင်မြင့်ကို ငါ့ပေးစမ်း
အပိုင်း 118 တာအိုဆရာသခင်တစ်ပါးရဲ့နားလည်မှု
အပိုင်း 119 ရုပ်ပုံတွေကို စူးစမ်းခြင်း
အပိုင်း120 တာအိုကိုလေ့လာခြင်း
အပိုင်း121 ငါ့သားရဲကိုနိုင်အောင်ချပါ
အပိုင်း 122 သေခြင်းထက် ရှင်ခြင်းက ပိုကောင်းတယ်
အပိုင်း 123 ဘယ်လိုအစားထိုးမှာလဲ?
အပိုင်း 124 နေမင်းရောင်ခြည်ဂိုဏ်းသို့
အပိုင်း 125 အဖိုးတန်ဆေးလုံးနဲ့လာဏ်ထိုးခြင်း
အပိုင်း 126 နှလုံးသားထဲက မုန်းတီးမှု
အပိုင်း 128 မဟာပညာရှိက ရေဘဝဲကို‌ဆုတ်ဖြဲပစ်လိုက်တယ်
အပိုင်း 129 အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတယ်
အပိုင်း 130 ဓါးစိတ်ဆန္ဒနဲ့ နတ်ဆိုးသားရဲတွေကို သုတ်သင်ခြင်း
အပိုင်း 131 ကောင်းရန်ကျီတို့တိုက်ခိုက်ခံရခြင်း
အပိုင်း132 ဧရာမကျောက်တုံးလက်ကြီး
အပိုင်း 133 ကီကိုအသုံးပြုပြီးဓါးကိုထိန်းချုပ်ခြင်း
အပိုင်း 134 နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့လူ
အပိုင်း 135 မဟာပညာရှိ လှုပ်ရှားခြင်း
အပိုင်း 136 မိုးကြိုးချောက်နက်
အပိုင်း 137 လမ်းညွှန်ပေးပါ
အပိုင်း 138 လျှပ်စီးတွေကိုကာကွယ်မယ့် မိုးကြိုးပုလဲရယူခြင်း
အပိုင်း 139 ကံဆိုးသူက ဘယ်သူလဲ
အပိုင်း 140 မိုးကြိုးနဲ့ခန္ဓာကိုယ်သန့်စင်ခြင်း
အပိုင်း 141 ညီအကိုနှစ်ယောက်ရဲ့စွဲလမ်းမှု
အပိုင်း 142 ကြောက်စရာကောင်းတဲ့စွဲလမ်းမှု
အပိုင်း 143 အစစ်အမှန်သတ်ဖြတ်သူ
အပိုင်း 144 ညဏ်ဆင်၍သတ်ဖြတ်ခြင်း
အပိုင်း 145 ရုပ်သေးရုပ်ထိန်းချုပ်ခြင်းနည်းစနစ်
အပိုင်း 146 နေမင်းရောင်ခြည်ဂိုဏ်းပြိုင်ပွဲ
အပိုင်း 147 ဓါးကွက်ကျွမ်းကျင်မှုအပြောင်းအလဲများ ထုတ်ဖော်ပြသခြင်း
အပိုင်း 148 ပြိုင်ပွဲမှာစိန်ခေါ်မှု
အပိုင်း 149 ပန်းပွင့်လေးတွေ ဘယ်ကလာသလဲ
အပိုင်း 150 နင်ပြန်ဖြေရဲလား? နင်ကြိုးစားကြည့်ချင်လား?
အပိုင်း 151 လုံးဝကိုကျေနပ်သွားပြီ
အပိုင်း 152 အေးစိမ့်‌ရေခဲဂိုဏ်းရဲ့ လက်စားချေမှု
အပိုင်း 153 မင်းတို့ရဲ့ဘဝတွေကိုတန်ဖိုးမထားတော့လို့ လာခဲ့ကြတာလား?
အပိုင်း 154 မင်းတို့အကုန်သေရမယ်
အပိုင်း 155 ခေါင်းဖြတ်သတ်ခြင်း
အပိုင်း 156 နဂါးတစ်သောင်းကောင်းကင်ဖြိုခွင်းခြင်းဓါးချက်
အပိုင်း 157 တန်းဇီရှန်းရဲ့တောင်းဆိုမှု
အပိုင်း 158 လျို့ဝှတ်လက်ဝါးတံဆိပ်တော်
အပိုင်း 159 အနက်ရောင်နတ်ဆိုး အိုးယွမ်ဂိုဏ်းကိုဖျက်ဆီးခြင်း
အပိုင်း 160 ဝမ့်ရန်... ရွှမ်းဝူနယ်ပယ်
အပိုင်း 161 အိုးယွမ်ဂိုဏ်းပျက်ဆီးသွားပြီ
အပိုင်း 162 ဓါးနဲ့ဆေဘာသင်္ချိုင်းရဲ့တည်နေရာ
အပိုင်း 163 အားလုံးကိုသိမြင်နေခြင်း
အပိုင်း 164 နဂါးဂိတ်တံခါး
အပိုင်း_165 သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေနဲ့ပြည့်နှက်သွားခြင်း
အပိုင်း_166_ကိုယ့်ကိုယ့်ကိုယ်ပြန်တိုက်ခိုက်ရခြင်း
အပိုင်း_167_အကန့်အသတ်တွေကိုချိုးဖြတ်ခြင်း
အပိုင်း_168_နဂါးဂိတ်တံခါးရဲ့လက်ဆောင်များ
အပိုင်း_169_တိုက်ခိုက်ရေးစွမ်းအားအဆင့်ဇယားရဲ့ထိပ်ဆုံး
အပိုင်း_170_ချူးယွန်ကိုစိန်ခေါ်မယ်
အပိုင်း_171_တတိယသခင်‌လေးရှောင်ထျန်းချန်
အပိုင်း_172_ဘယ်သူကငါ့ထက်ပိုမောက်မာနိုင်မှာလဲ?
အပိုင်း_173_ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခု
အပိုင်း_174_တိုက်ပွဲအဟုန်မြင့်တက်လာပြီ
အပိုင်း_175_ရှောင်ထျန်းချန်ရဲ့သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ
အပိုင်း_176_မဟာကလလန်ကြီးလေးခု
အပိုင်း 177 ဓားနဲ့ ဆေဘာ သင်္ချိုင်းသို့
အပိုင်း_178_ဗုဒ္ဓသစ္စာဖောက်ဘုန်းကြီး
အပိုင်း_179_ဘုန်းကြီးရီကလတ်
အပိုင်း_180_ဓါးနဲ့ဆေဘာသင်္ချိုင်းထဲကိုဝင်ပြီ
အပိုင်း_181_ထိပ်တန်းလျို့ဝှတ်ချက်
အပိုင်း_182_နတ်ဆိုးဘိုးဘေးကြီး
အပိုင်း_183_နဲနဲလောက်‌ပိုပြော
အပ်ိုင်း_184_သားရဲတွေအုံကြွခြင်း
အပိုင်း_185_186_မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်
အပိုင်း_187_ဇောင်ချီယန်ကိုသတ်ဖြတ်ခြင်း
အပိုင်း_188_မိုးသောက်ဖြူမြို့တော်
အပိုင်း_189_နိမ့်ကျတဲ့ပုံရိပ်
အပိုင်း_190_ပြဿနာဖြစ်မှာကြောက်တာသာမန်လူ
အပိုင်း_191_တန်းဇီရှန်းရဲ့ပြဿနာ
အပိုင်း_192_ပြိုင်ပွဲစတင်ပြီ
အပိုင်း_193_လူတစ်ယောက်ရဲ့ဩ‌ဇာကြီးမာစေဖို့သတ်ဖြတ်ခြင်း
အပိုင်း_194_အရိပ်သိုင်းဝိညာဉ်
အပိုင်း_195_အရိပ်တောင်တန်း
အပိုင်း_196_ခရမ်းနီလာကောင်းကင်မီးလျှံဆေးလုံး
အပိုင်း 127 ငါနဲ့နေမလား သူနဲ့နေမလား
549 63 0
By KazunoMora
အပိုင်း 127 ငါနဲ့နေမလား သူနဲ့နေမလား
တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲကိုဝင်ပြီး သူမျက်လုံးတွေပြန်မဖွင့်နိုင်သေးခင်မှာပဲ အားကောင်းတဲ့လေပြင်းတွေတိုက်ခတ်နေပြီး ပြင်းထန်တဲ့ညှီစို့စို့အနံ့ကြီးတွေ ရနေခဲ့ပါတယ်။
လေပြင်းထဲမှာ ညှီးစို့စို့အနံ့အပြင် တစ်ခုခုပုပ်နေသလိုဆိုးရွားတဲ့အနံ့အသက်တွေက ရောနှောပါနေပြီး လူတွေကို မကောင်းမွန်တဲ့ခံစားချက်ကိုရစေတယ်။
အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ဖြစ်ပေါ်လာပြီး ဧရာမနဂါးကြီးတစ်ကောင်ဆင်းသက်လာသလို လျှပ်တပျက်အချိန်ခဏလေးအတွင်းမှာ ဖြစ်ပေါ်လာတဲ့အသံတွေက နားစည်ကွဲထွက်တော့မလို ခံစားရစေတယ်။
"ဟူးလားလား"
ကောင်းကင်ပေါ်က တစ်စက်တစ်စက်ကျဆင်းနေတဲ့ မိုးရေစက်တွေက သူ့တို့အပေါ်ကျဆင်းလာပြီး သူတို့ကိုသက်တောင့်သက်သာမရှိအောင် လုပ်နေပြန်တယ်။
ချူးယွန် မျက်လုံးတွေကို ဖြေးညှင်းစွာဖွင့်လိုက်တော့ သူက အမှောင်ကမ္ဘာထဲကိုရောက်နေပြီး ကောင်းကင်ပေါ်မှာတော့ ကြီးမားတဲ့လပြည့်ဝင်းကြီးက ထိန်ထိန်သာနေပါတယ်။
မိုးကြိုးတွေ၊ မိုးရေစက်တွေနဲ့အတူ ပုပ်အဲ့အဲ့အနံ့တွေက စုပေါင်းပြီး သူတို့ရှေ့မှာ ထူးခြားတဲ့မြင်ကွင်းတစ်ခုကို မြင်ရစေတယ်။
သူတို့အခု‌ခြေချထားကြတာက အတော်တန်ရှားပါးတဲ့ကုန်းမြေတစ်ခုပေါ်မှာပါ။သူတို့ရှေ့တစ်မျှော်တစ်ခေါ်မှာတော့ ရွှံ့ဗွက်အိုင်တွေကပဲ နေရာယူထားခဲ့တယ်။
"ဒါက မိုးကြိုးရွှံ့နယ်မြေပေါ့"
"ငါ ဒီကို မလာခင်က ဒီရွှံ့တွေထဲမှာ မရေတွက်နိုင်အောင်များပြားတဲ့ နတ်ဆိုးသားရဲတွေရှိနေတယ်လို့ စီနီယာတွေဆီကနေကြားခဲ့ဖူးတယ်။ဒီရွှံ့ဗွက်တွေကိုဖြတ်သွားကြရင် နဲနဲလေးမှနှောင့်နှေးလို့မရဘူး၊ တတ်နိုင်သမျှမြန်မြန်သွားကြရမယ်၊ ဒီသုံးစက္ကန့်တောင်နေလို့မဖြစ်ဘူး"
"အဲ... အကြီးအကဲဟူးအိုဘယ်မလဲဟ"
"အေးကွ၊ အကြီးအကဲဟူးအိုက ငါတို့အရင် ဝင်လာတာမဟုတ်ဘူးလား"
နေမင်းရောင်ခြည်ဂိုဏ်းသားတွေ ကျီးကန်းတောင်မှောက်‌ နေရာအနှံ့ကိုလှည့်ပတ်လို့ ကြည့်လိုက်ကြပေမယ့် အကြီးအကဲဟူးအိုရဲ့အရိပ်အယောင်လေးတောင်မမြင်ရပါ။
ရှုချီဟန်ပြုံးပြီး ဝင်ပြောလိုက်တယ်။
"ဒါက စမ်းသပ်မှုတစ်ခုပဲလေ.... ငါတို့က သူများရဲ့အကာကွယ်ပေးမှုအောက်မှာပဲ နေနေလို့မရဘူး၊ နောက်ပြီး အကြီးအကဲဟူးအိုသာအနားမှာရှိနေရင် ငါတို့ကလွတ်လွတ်လပ်လပ်ရှ်ိမှာ မဟုတ်ဘူးလေ"
"စီနီယာအကိုရှုပြောတာမှန်တယ်၊ မိုးကြိုးရွှံ့နယ်မြေက အန္တရာယ်များတာမှန်ပေမယ့် ငါတို့သာ စည်းစည်းလုံးလုံးရှိနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"
အရပ်သိပ်မရှည်တဲ့ ကောင်မလေးတစ်ယောက်က ချိုသာတဲ့အပြုံးလေးနဲ့ ဝင်ပြောလာခဲ့ပါတယ်။
သူမက တစ်ဖွဲ့လုံးမှာ တစ်ဦးတည်းသောမိန်းကလေးဖြစ်ပြီး ပါးချိုင့်လေးနှစ်ခုကလဲ သူမရဲ့ပါးမို့မို့လေးပေါ်မှာနေရာယူထားကာ တစ်မျိုးလေး ချစ်စရာကောင်းနေပြန်ပါရော.....
အခြားသူတွေကလဲ သူမနဲ့ တူညီတဲ့အမြင်ရှိကြပါတယ်။
"အကြီးအကဲဟူးအိုက ဒီမှာမရှိဘူး"
ကောင်းရန်ကျီရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့ညွှတ်တက်လာကာ ရက်စက်ကြမ်းကြုတ်ဟန် အပြုံးတစ်ခုနဲ့အတူ ရုတ်တရက် ချူးယွန်ကို ချာခနဲလှည့်ကြည့်လိုက်တယ်။
"ကောင်လေး မစိုးရိမ်နဲ့ဟုတ်လား.... မိုးကြိုးရွှံ့ထဲမှာရှိနေချိန် ငါမင်းနဲ့ ဖြေးဖြေးချင်းကစားပေးမှာပါ"
ချူးယွန်နှုတ်ခမ်းတွေက အနဲငယ်တွန့်ကွေးသွားကြကာ သူ့လက်ကိုဆန့်ထုတ်လို့ အညောင်းညာဖြေလိုက်တယ်။ သိသိသာသာပဲ ကောင်းရန်ကျီပြောတာတွေကို သူက နဲနဲမှဂရုစိုက်ခြင်းရှိပါဘူး။
"ငါတို့ လူစုကွဲလို့မရဘူး၊ ငါတို့သာ အတူရှ်ိနေရင် ကြုံလာတဲ့အန္တရာယ်တွေကို ပယ်ရှားနိုင်လိမ့်မယ်။အကုန်လုံးပဲ ဘယ်လိုထင်ကြလဲ? "
ကောင်မလေးကပြောလိုက်တယ်။သူမရဲ့ချစ်စရာမျက်နှာလေးနဲ့ ချိုသာတဲ့အသံလေးကြောင့် ဘယ်သူကမှ မငြင်းဆန်နိုင်ကြဘူး။
"ဂျူနီယာညီမလေးမက်မွန်လေးပြောတာကို ငါသဘောတူတယ်"
ရှူချီဟန် က အရင်ဆုံးထောက်ခံလိုက်တယ်။
"ငါလဲသဘောတူတယ်ဟေ့"
များပြားတဲ့ အဓိကတပည့်တွေကလဲ ချက်ချင်းသဘောတူလိုက်ကြတယ်။
"ငါသဘောမတူဘူး"
ကောင်းရန်ကျီရဲ့အသံက ထူးဆန်းစွာထွက်ပေါ်လာပါတယ်။
"ငါတို့ဆယ့်ငါးယောက်လုံးက တစ်ဂိုဏ်းထဲသားချင်းအတူတူဖြစ်သလို စစ်မှန်သောစွမ်းအားနယ်ပယ်ကို အကုန်ရောက်နေကြပြီ။ ဒါကြောင့်မို့ အချင်းချင်းရိုင်းပင်းကူညီကြတာက ဘာမှမဆန်းဘူး...
ဒါပေမယ့်လဲ အချို့ အမှိုက်ကောင်တွေက ငါတို့ကြားထဲကနေအရှက်မရှိလိုက်နေပြီး ငါတို့ကို ဝန်ထုတ်ဝန်ပိုးပဲဖြစ်စေလိမ့်မယ်"
"ဒါအမှန်ပဲ၊ မိုးကြိုးရွှံ့နယ်မြေက အလွန်အန္တရာယ်များပြီး လူတစ်ယောက်ကိုအမြဲကာကွယ်ပေးမနေနိုင်ဘူး"
ကောင်းရန်ကျီရဲ့ နောက်လိုက်တွေက အမြန်ပြောလိုက်ကြတယ်။‌သူတို့က ထုတ်မပြောပေမယ့် ကောင်းရန်ကျီရဲ့ပစ်မှတ်က ချူးယွန်ဆိုတာ သိကြပါတယ်။
မိန်းမငယ်လေးက ကူကယ်ရာမဲ့သွားပြီး ဝင်ဖျောင်းဖျပြောလိုက်တယ်။
"စီနီယာအကိုကောင်း၊ အခုဒီမှာရှိနေကြသူအကုန်လုံးက တစ်ယောက်ကိုတစ်ယောက်ကာကွယ်ရမယ်၊ စည်းလုံးနေရမယ်လေ၊ မိုးကြိုးရွှံ့နယ်မြေက အလွန်အန္တရာယ်များတာလူတိုင်းသိနေတာပဲ.... နင့်အနေနဲ့ သတိထားနေမှ၊ မဟုတ်ရင် အသက်ပါ သေဆုံးးနိုင်တယ်"
ကောင်းရန်ကျီရဲ့မျက်လုံးတွေက မက်မွန်လေးရဲ့လှပတဲ့ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီး ပြုံးသွားကာ ချူးယွန်ကို ပြန်လှည့်ကြည့်ရင်း ပြောလိုက်တယ်။
"မင်းတို့ဘယ်သူပဲဖြစ်ဖြစ် ငါနဲ့အတူသွားလို့ရတယ်၊ ဒါပေမယ့် ဒီအမှိုက်ကိုတော့ ငါခေါ်မသွားနိုင်ဘူး"
"နင်..."
ကောင်းရန်ကျီ က ဒီလိုပြောလာမယ်မထင်တာကြောင့် မက်မွန်လေး အလွန်အံ့ဩသွားခဲ့တယ်။
အခြားတပည့်တွေကလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ပြောရရင် ကောင်းရန်ကျီရဲ့နောက်ကိုလိုက်တာက သူတို့အတွက် အကောင်းဆုံးပါ။
ကောင်းရန်ကျီရဲ့ သန္ဓေပြောင်းသိုင်းဝိညာဉ် နဲ့ စစ်မှန်သောစွမ်းအားနယ်ပယ် ကျင့်ကြံမှုအဆင့်အရ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားတယ်။သူ့အနောက်ကိုလိုက်ရင် အသက်ရှင်သန်နိုင်စွမ်း ပိုမြင့်မားလာမယ်။
တီအန်တာအိုဂိုဏ်းက ထိုငတိလေးကတော့ သနားစရာကောင်းလောက်အောင် ကီပြောင်းလဲခြင်းနယ်ပယ်အဆင့်ခြောက်ပဲ ရှိသေးတယ်။
သူ့ကိုယ်သူ ကာကွယ်ဖို့ ဘာအင်အားမှ ရှိမှာ မဟုတ်ပဲ အမြဲ သူ့ကိုပဲ ကာကွယ်နေရလိမ့်မယ်။
နောက် ထိုတပည့်တွေအနေနဲ့ ငယ်စဉ်ကထဲက ကောင်းမွန်တဲ့ပညာရပ်တွေကို သင်ယူခဲ့ရပြီး သူတို့ရဲ့အသက်တွေကို လွယ်လွယ်နဲ့ မသေဆုံးစေချင်ကြဘူး။
ချူးယွန်အနေနဲ့ ကောင်းရန်ကျီက သူ့ကို လက်စားချေဖို့ကြိုးစားနေတာသူသိတယ်။ဒါပေမယ့် သူ့ရဲ့ နည်းလမ်းတွေက ကလေးဆန်လွန်းတယ်။
ချူးယွန်က တပည့်တွေရဲ့ မျက်နှာပေါ်က ခက်ခဲနေတဲ့အမူအရာကိုမြင်တော့ ပြုံးလိုက်တယ်။
"စီနီယာအကိုကောင်းက ငါနဲ့အတူမသွားချင်မှတော့ ငါက တစ်ယောက်ထဲပဲ သွားပါမယ်"
"ဒီလို မဖြစ်ရဘူး၊ ဂျူနီယာချူးက ငါတို့ဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ပဲ... ငါတို့ကအိမ်ရှင်လေ... ငါတို့က ဘာလို့ သူ့ကိုတစ်ယောက်ထဲသွားစေမှာလဲ?
ဂျူနီယာချူး ငါမင်းနဲ့သွားမယ်"
ရှုချီဟန်ရဲ့မျက်လုံးတွေက စက်ဆုတ်ရွံ့ရှာတဲ့ အရိပ်အယောင်တွေ ပြည့်နှက်နေတယ်။
သူက ကောင်းရန်ကျီကိုတစ်ချက်ကြည့်ပြီး ချူးယွန် အနားကို လျှောက်သွားလိုက်တယ်။
"ငါ... ငါလဲ နင်နဲ့အတူလိုက်ခဲ့မယ်"
မက်မွန်လေးက ချီတုံချတုံဖြစ်နေပြီးမှ ဆုံးဖြတ်ချက်ချလိုက်ဟန်နဲ့ ချူးယွန်ဆီကို လျှောက်သွားပါတယ်။
ကောင်းရန်ကျီက မျက်လုံးကိုမှေးစင်းပြီး ပြောလိုက်တယ်။
"ကောင်းတယ်... နောက်ထပ် ဘယ်သူရှိသေးလဲ"
ကျန်တဲ့တပည့် အားလုံးက ခေါင်းကိုခါလိုက်ကြတယ်။
ဒီလိုအချိန်မျိုးမှာ ချူးယွန်ကို ထားခဲ့ပြီး ထွက်သွားတာက ဖြောင့်မတ်တဲ့ကိစ္စမဟုပ်ပေမယ့် မိုးကြိုးရွှံ့ထဲမှာတော့ ကိုယ့်အသက်က အရေးကြီးဆုံးပါပဲ။
"ရှုချီဟန်တစ်ယောက်ပဲ အဲအဖက်မှာရှိတာနော်၊ ဂျူနီယာညီမလေး မင်းအသက်က ဟာသလုပ်စရာမဟုတ်ဘူးနော်.... သူတို့နဲ့သွားရင် နင့်အသက်ကိုတာဝန်ယူနိုင်မှာ မဟုတ်ဘူး"
ကောင်းရန်ကျီက ပြောလိုက်တယ်။
"မလိုဘူး... နင်က အရမ်းရှက်ဖို့ကောင်းတယ်၊ ငါသေရင်တောင် နင်နဲ့ အတူမသေနိုင်ဘူး"
"ကောင်းတယ်.... သိပ်ကောင်းတယ်"
ကောင်းရန်ကျီက ချူးယွန်နဲ့ ရှုချီဟန်ကိုကြည့်ပြီး မကျေမနပ်နဲ့ ပြောလိုက်တယ်။
"သုံးရက်အကြာမှာမင်းတို့ရဲ့အလောင်းတွေကို
ငါလာကောက်မယ်"
ပြောပြီးတာနဲ့ ကောင်းရန်ကျီ သူ့လူတွေကို ဦးဆောင်ပြီး ထွက်ခွာသွားခဲ့ကြတယ်။
"တစ်ကယ်ကိုထူးဆန်းတဲ့အမှိုက်ပဲ"
"အမှိုက်တွေ"
ချူးယွန် ခေါင်းကိုခါရမ်းလိုက်တယ်။
သူ့အနေနဲ့ မိုးကြိုးရွှံ့ကို မကျော်ဖြတ်နိုင်ရင်တောင် မဟာပညာရှိ ရှိနေတာကြောင့် အန္တရာယ်တော်တော်များများကို ရှောင်တိမ်းနိုင်လိမ့်မယ်။
"ဂျူနီယာချူးနဲ့ ဂျူနီယာညီမလေး သွားကြမယ်"
ရှုချီဟန်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပြီး သူ့အနေနဲ့ လက်ရှိအခြေအနေအတွက် စိုးရိမ်နေလား၊ မစိုးရိမ်ဘူးလားဆိုတာ မသိရဘူး။
"စီနီယာအကိုရှု... အခုဘာလုပ်ကြမလဲ?
မိုးကြိုးရွှံ့နယ်မြေက အန္တရာယ်များတယ်နော်.... တို့မှာက အခုလူလေးသုံးယောက်ပဲရှိတာ"
သူမရဲ့ ဖြူစင်ပြီး ရိုးသားဖြောင့်မတ်တဲ့စိတ်ထားကြောင့် ချူးယွန်ဘက်ကိုရွေးလိုက်ရပေမယ့် အနဲငယ်လဲ နောင်တရနေခဲ့တယ်။
"ဘာမှပြဿနာမရှိပါဘူး... နတ်ဆိုးသားရဲတွေကိုငါတွေ့ရင် မင်းကို အတတ်နိုင်ဆုံးကာကွယ်သွားမှာပါ"
ရှုချီဟန် မက်မွန်လေးကိုနှစ်သိမ့်လိုက်ပေမယ့်လဲ သူ့ရဲ့စကားပေါ်မှာတောင် အပြည့်အဝယုံကြည်မှုမရှိပါဘူး။
"ဂျိန်း"
မိုးချိန်းသံနဲ့အတူလျပ်စီးအငယ်စားလေးတွေဖြစ်ပေါ်သွားခဲ့ချိန် ရုတ်တရက် သူတို့အနောက်ကနေ ‌ငါးညှီနံ့တစ်ချက်ရလာပါတယ်။
' နတ်ဆိုးတစ်ကောင်ရှိနေတယ်!'
ချူးယွန် မျက်မှောင်ကြုတ်သွားခဲ့တယ်။
ရှုချီဟန်နဲ့ ဂျူနီယာညီမလေးတောက်တို့က စကားပြောနေကြလို့ မသိလိုက်ကြပေမယ့် ချူးယွန်ရဲ့ တုံ့ပြန်မှုနှုန်းက အလွန်မြန်ဆန်တယ်။
နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စူးရှချွန်မြိနေတဲ့လက်သည်းတွေရှိနေတဲ့ လက်အစုံက လေဟာနယ်ကိုဖြတ်သန်းရင်း ချူးယွန်တို့ဆီကိုလှစ်ခနဲ ပြေးဝင်လာပါတယ်။
"ရွှစ်"
ချူးယွန် ချာခနနောက်လှည့်ကာ စိတ်လှုပ်ရှားမှု မရှိပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဝင်ရောက်လာတဲ့ လက်အစုံပိုင်ရှင်ကို တားဆီးဖို့ သူ့လက်တစ်ဖက်ကလှုပ်ရှားသွားခဲ့တယ်။
မြှားနဲ့ပစ်လိုက်သလို မြန်ဆန်လွန်းတဲ့ မိုးကြိုးပြိုကွဲခြင်းလက်သီးက ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးသားရဲရဲ့ နဖူးကိုဖောက်ထွင်းသွားခဲ့တယ်။
ထိုနတ်ဆိုးသားရဲက ကြောင်တစ်ဝက်လူသားတစ်ဝက်နဲ့ ကြောင်လူသားနတ်ဆိုးသားရဲဖြစ်ပြီး တစ်မီတာခန့်အရှည်ရှိပါတယ်။
သူ့ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်တဲ့အလင်းတွေ တောက်ပနေခဲ့ပြီး ခြေသည်းလက်သည်းတွေကလဲ စူးရှချွန်မြိနေပါတယ်။
သူ့ရဲ့အမြန်နှုန်းက တကယ်ကိုမြန်ဆန်လွန်းပါတယ်၊ ဒါပေမယ့်လဲ ချူးယွန်ရဲ့ မိုးကြိုးပြိုကွဲခြင်းလက်သီးလောက်တော့ မမြန်ဆန်နိုင်ခဲ့ဘူး။
"ညောင်"
ကြောင်နတ်ဆိုးသားရဲ နေရာတွင်ပင် လဲကျသွားခဲ့ပြီး နာကျင်စွာအော်မည်လိုက်ပါတယ်။
ရှုချီဟန်နဲ့ မက်မွန်လေးတို့ ထိတ်လန့်စွာနဲ့ ချာခနဲလှည့်ကြည့်လိုက်ကြတယ်။ဒီအခါ မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့ကို မအံ့ဩပဲ မနေစေနိုင်တော့ဘူး။
"လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲ?
ဘယ်အချိန်က တိုက်ခိုက်လိုက်တာလဲဟ"
"လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲက အလွန်မြန်ဆန်ပြီး သူတို့ရဲ့ လက်သည်းခြေသည်းတွေက ကျောက်တုံးကြီးတွေကိုတောင်ပိုင်းဖြတ်နိုင်တယ်... သူတို့နဲ့ အရမ်းနီးကပ်သွားရင် မကောင်းဘူး"
မက်မွန်လေးရဲ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူရော်နေပြီး လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲကို သတ်လိုက်တဲ့ ချူးယွန်ကိုလဲ အံ့အားသင့်စွာကြည့်လိုက်တယ်။
သူနဲ့ စီနီယာအကိုရှုတို့ စကားပြောနေကြတဲ့အချိန်တိုလေးအတွင်းမှာပဲ ခိုးကြောင်ခိုးဝှတ်တိုက်ခိုက်လာတဲ့ ကြောင်နတ်ဆိုးသားရဲကို ချူးယွန်က သတ်နိုင်ခဲ့တယ်။
"ကံကောင်းသွားတာပါ၊ ငါ့ရဲ့အမြန်နှုန်းက ဒီအကောင်ထက် နဲနဲလေးသာသွားလို့ ငါသတ်လိုက်နိုင်တာ"
ချူးယွန် ပြုံးပြီး ပြောလိုက်တယ်။
ရှချီဟန် ရဲ့မျက်နှာက ရုတ်တရက် ကြောင်အသွားခဲ့‌ပေမယ့် နောက်တော့ သူနားလည်သွားခဲ့ပါတယ်။
ချူးယွန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကီပြောင်းလဲခြင်းနယ်ပယ်အဆင့်ခြောက်ဆိုပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့မတူညီပါ။
အဆိုပါ လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲက ကီပြောင်းလဲခြင်းနယ်ပယ်အဆင့်ခုနှစ်ရှိ နတ်ဆိုးသားရဲကြီးပါ။
သူ့ရဲ့ခုခံကာကွယ်ရေးက ဒီလောက်မဟုတ်ပေမယ့် သူ့ရဲ့လျင်မြန်မှုကတော့ တော်ရုံနတ်ဆိုးသားရဲတွေ လိုက်မမှီနိုင်ပါဘူး။
ပြောရရင် ချူးယွန်သာ သာမန်ကီပြောင်းလဲခြင်းနယ်ပယ် အဆင့်ခြောက်ရှိ ကျင့်ကြံသူတစ်ယောက်ဆိုရင် လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲရဲ့လက်က လွတ်မှာမဟုတ်ဘူး။
သာမန်မဟုတ်တဲ့ ကိုယ့်ထက် ကျင့်ကြံခြင်းအဆင့်မြင့်နေသူတွေကိုတောင် တိုက်ခိုက်နိုင်တဲ့ ပါရမီရှင်တွေရှိတာ သူကြားဖူးပါတယ်...
ချူးယွန်က ဒီလိုလူမျိုးပဲဖြစ်ရမယ်။
ရှုချီဟန် သေချာစဉ်းစားပြီးနောက် ဒါက ဖြစ်နိုင်ကြောင်း သူကောက်ချက်ချနိုင်ခဲ့တယ်။
တီအန်တာအိုဂိုဏ်းက မိုးကြိုးရွှံ့နယ်မြေရဲ့ အန္တရာယ်ကြီးမားမှုကိုသိနေပေမယ့်လဲ ကီပြောင်းလဲခြင်းနယ်ပယ်အဆင့်ခြောက်ပဲ ရှိသေးတဲ့တပည့်ကိုလွှတ်ရဲတယ်။
ကြည့်ရတာ သူတို့က ငတုံးတွေမဟုတ်ကြဘူး... တစ်နည်းပြောရရင် သူတို့က ချူးယွန်ကို အကြွင်းမဲ့ယုံကြည်စိတ်ချလို့ လွှတ်လိုက်တာပါ။
သူမအနေနဲ့ အစောပိုင်းက ချူးယွန်ကို အခြားသူတွေလိုပဲ အထင်မြင်သေးခဲ့ပြီး ကြည့်ရတာ သူမက ရယ်စရာဖြစ်နေတဲ့ပုံပါပဲ။။
သူက သာမန်လူတွေ တုံ့ပြန်ဖို့မဖြစ်နိုင်တဲ့ လူသားတစ်ဝက်ကြောင်နတ်ဆိုးသားရဲရဲ့ ခိုးကြောင်ခိုးဝှတ်တိုက်ခိုက်မှုကို ခုခံနိုင်ရုံတင်မကဘူး သတ်ပါ သတ်ပစ်လိုက်နိုင်တယ်။
"ဒီလိုနေရာတွေမှာ လူသားတဝက်ကြောင်တွေ ရှိနေတတ်ကြတယ်၊ အမြန်သွားကြရအောင်"
ရှချီဟန် ချူးယွန်ဆီကနေ သူ့ရဲ့အကြည့်ကိုရုတ်သိမ်းလိုက်ပြီး ရှေ့ဆက်သွားဖို့ ပြောလိုက်တယ်။
မက်မွန်လေးက ကြောက်ကြောက်လန့်လန့်နဲ့ အလယ်ကနေလိုက်သွားခဲ့ပြီး ချူးယွန်ကတော့ အနောက်ဆုံးကနေ လိုက်သွားခဲ့ပါတယ်၊ တကယ်လို့ ထင်မှတ်မထားတာတွေသာဖြစ်လာခဲ့ရင် ချူးယွန်အနေနဲ့ မက်မွန်လေးကို ကာကွယ်နိုင်လိမ့်မယ်။
"ဟူးလားလား"
"ဒါက စမ်းသပ်မှုတစ်ခုပဲလေ.... ငါတို့က သူများရဲ့အကာကွယ်ပေးမှုအောက်မှာပဲ နေနေလို့မရဘူး၊ နောက်ပြီး အကြီးအကဲဟူးအိုသာအနားမှာရှိနေရင် ငါတို့ကလွတ်လွတ်လပ်လပ်ရှိမှာ မဟုတ်ဘူးလေ"
"ငါလဲသဘောတူတယ်ဟေ့"
"ငါသဘောမတူဘူး"
"နင်..."
ငါလာကောက်မယ်"
"အမှိုက်တွေ"
"ဂျိန်း"
"ရွှစ်"
"ညောင်"
Continue Reading
You'll Also Like
723K 41.2K 26
Jk - Possessive type #Warning Cv_ Pinterest
591K 15.2K 77
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
977K 76K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest