အပိုင်း 93 ချီလင်ဂိုဏ်းဟဲဖန်
ချူးယွန် ကျောက်စိမ်းအင်ပါယာဂိုဏ်းအပျက်ဆီးပုံတွေကြားမှာ လျှောက်သွားနေရင်း သူ့နှလုံးသားက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
သူတို့နေထိုင်နေတဲ့ ဒီကမ္ဘာကြီးက အကန့်သတ်မရှိကြီးမားလွန်းတယ်။ကျောက်စိမ်းအင်ပါယာဂိုဏ်းက အလယ်လတ်အဆင့်ဂိုဏ်းတစ်ခုဖြစ်ပြီး အတော်လဲ သန်မာအားကောင်းတယ်။
ဒါပေမယ့်အခုဘာလဲ?
ကျောက်စိမ်းအင်ပါယာဂိုဏ်းက အခုချိန်မှာတော့ အပျက်ဆီးတွေနဲ့ပြည့်နှက်နေခဲ့ပြီ။
ဒီလို အစွမ်းထက်ကျောက်စိမ်းအင်ပါယာဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ မရေတွက်နိုင်အောင်များပြားတဲ့ တပည့်တွေကို သတ်ဖြတ်ချေမှုန်းခဲ့သူက ပင်လယ်ထဲမှာရှိနေတဲ့ သားရဲကြီးပါ။
အရမ်းကြောက်စရာကောင်းလွန်းတယ်။တိုင်ဂန်တိုက်ကြီးက ကျယ်ပြန့်ပြီး သူ့ရဲ့အကန့်အသတ်ကို ဘယ်သူမှမသိနိုင်ဘူး။
"ဝှစ် "
"ဝှစ်"
ချူးယွန် ဒီအကြောင်းကိုစဉ်းစားနေချိန်မှာပဲ လေတိုးသံနဲ့အတူ အရိပ်နှစ်ခုက ပြေးလွှားနေပါတယ်။အရှေ့ကလူရိပ်က အားသွန်ခွန်စိုက်ပြေးလွှားနေပြီး နောက်ကတစ်ယောက်ကလဲ မလွတ်တမ်းလိုက်နေပါတယ်။
"အိုးဟူ... မင်းဘယ်အချိန်ထိ ပြေးနိုင်မလဲ ငါသိချင်သေးတယ်"
သူ့နောက်ကလိုက်နေတဲ့ လူရဲ့မျက်နှာက အေးစက်နေပြီး သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေ တရှိန်ရှိန်ထွက်ပေါ်နေခဲ့တယ်။
သူ့ခေါင်းပေါ်မှာတော့ ကြီးမားပြီးလှပတဲ့သားရဲကြီးပုံရိပ်က တောက်ပစွာထွက်ပေါ်နေပြီး ထူးခြားတဲ့အလင်းနှစ်ခုက ဝန်းရံနေပါတယ်။
နက်နဲအဆင့်နှစ်သိုင်းဝိညာဉ်....
အရှေ့ကနေ ကြောက်လန့်တကြား အသက်လုပြေးနေပုံရတဲ့လူရဲ့လက်ထဲမှာတော့ သွေးရောင်ဓါးတစ်လက်ကိုကိုင်ထားတယ်လေ။
သူကတော့ အိုးယွမ်ဂိုဏ်းက အိုးဟူပါ...
အခုချိန်မှာတော့ သူက အသက်လုပြေးနေရပါတယ်။သူ့မျက်နှာပေါ်မှာလဲ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
သူ့စိတ်ကဗလာကျင်းနေတယ်၊ အခုချိန်မှာ ဘာမှအရေးမကြီးတော့ဘူး။
အသက်ရှင်သန်နိုင်ဖို့ကသာ အရေးကြီးဆုံးပါ။
"ဟဲဖန် အတင့်အရမ်းမရဲနဲ့နော်၊ ငါ့ကိုအားကုန်ထုတ်လာရအောင် ဖိအားမပေးနဲ့၊ "
အိုးဟူ ကြောက်လန့်တကြားနဲ့ အော်ဟစ်နေပါတယ်။
"ဟမ့် ငါ့ရဲ့ဂျူနီယာညီလေးက မင်းနဲ့ သာမန်စကားများတာမျိုးပဲရှိတာကို မင်းက ချက်ချင်းသတ်ပစ်လိုက်ရလားကွ"
ဟဲဖန်ရဲ့မျက်နှာက သူ့ရဲ့ပန်းတိုင်မရောက်မချင်းရပ်တန့်မယ့်ပုံမပေါ်ဘူး။
ချူးယွန်က ဟဲဖန်နဲ့ပတ်သတ်ပြီး ဆိုးရွားတဲ့အမြင်မရှိပါဘူး။အနည်းဆုံးတော့ သူက အိုးယွမ်ဂိုဏ်းတို့ အရှေ့အလင်းရောင်ခြည်ဂိုဏ်းက မဟုတ်ခဲ့ဘူးလေ။ဒီဂိုဏ်းနှစ်ခုနဲ့ သူတို့ဂိုဏ်းကလွဲပြီး ကျန်တာတွေက ဂိုဏ်းသေးသေးလေးတွေပါ။
သူ့ရဲ့ နက်နဲအဆင့်နှစ်သိုင်းဝိညာဉ်က ပါရမီရှင်တွေထက် အဆင့်တစ်ဆင့်ပိုမြင့်မားပါတယ်။ဒီလို ပါရမီရှင်မျိုးက ဘယ်ဂိုဏ်းကများ ပေါ်လာတာပါလိမ့်...
ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပဲ။
အိုးဟူ ပြေးရင်းလွှားရင်း သူ့နဲ့နီးကပ်လာတာကိုမြင်တော့ ချူးယွန် ပြုံးလိုက်မိတယ်။
ဟဲဖန်နှလုံးသားထဲမှာ ဒေါသတွေနဲ့ ပြည့်နေပါတယ်။ဒီသာမန်လို့မြင်ရတဲ့သူက ဒီလောက်ထိ ကြောက်စရာကောင်းနေလိမ့်မယ် ထင်မထားခဲ့ဘူး။စီနီယာအကိုချောင်နန်ပဲ သူနဲ့ လက်ရည်တူတိုက်ခိုက်နိုင်လိမ့်မယ်။
ချီလင်ဂိုဏ်းက သာမန်ဂိုဏ်းလေးပါ၊ ဟဲဖန်လို အစွမ်းထက်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ရောက်နေတာလဲ?
"အိုးဟူ ဘာလို့ ဒီလောက်ထိ လောနေရတာလဲဟ"
ချူးယွန် ပြုံးရွှင်စွာနဲ့ အိုးဟူကို ဆီးတားလိုက်တယ်။
"ဘာ"
"ချူးယွန်လား"
အိုးဟူ ထိတ်လန့်သွားတယ်၊ အခုလိုခက်ခဲနေချိန်မှာ ချူးယွန်နဲ့လာဆုံတွေ့ရလိမ့်မယ်မထင်ထားခဲ့ဘူး။
အခုချိန်မှာ သူက ချူးယွန်နဲ့ မီတာတစ်ရာလောက်သာ ဝေးတော့တယ်။သူက လမ်းကြောင်းထပ်ပြောင်းဖို့ပြင်လိုက်ရင် ဟဲဖန်က အမြန်ရောက်လာလိမ့်မယ်။ဒါကြောင့် ချူးယွန်ကိုဖိနှိမ်တိုက်ခိုက်ပြီး အမြန်ဆုံးပြေးတာပိုကောင်းတယ်။
"ဗျို့ အရှေ့က မိတ်ဆွေ ငါက ချီလင်ဂိုဏ်းက ဟဲဖန်ပါ။အရှေ့ကကောင်အိုးဟူက ငါ့ရဲ့ဂိုဏ်းတူဂျူနီယာညီလေးကိုသတ်ခဲ့တယ်။ဒါကြောင့်မို့ အိုးဟူကိုတားဆီးပေးရင် ငါဟဲဖန်က မှတ်မိနေမှာပါ"
ဟဲဖန် ချူးယွန်ကိုမြင်တော့ အော်ပြောလိုက်တယ်။
"ချီလင်ဂိုဏ်း"
ချူးယွန် နဲနဲတော့ အံ့ဩသွားမိတယ်။ ဘာပဲဖြစ်ဖြစ် သူက ဒီဂိုဏ်းလေးအပေါ်မှာ ကောင်းမွန်တဲ့ထင်မြင်ချက်အချို့ရှိတယ်။
ချီလင်ဂိုဏ်းက အဆင့်နိမ့်ဂိုဏ်းတွေထဲမှာ သာမန်ပဲဆိုပေမယ့် ဘယ်သူ့ကိုမှမှီခိုခြင်းမရှိပါဘူး။
ကိုယ့်သဘော ကိုယ့်ရဲ့စိတ်ဆန္ဒအရလွတ်လွတ်လပ်လပ်နေကြတယ်။
ချီလင်ဂိုဏ်းချုပ်ရဲ့ သိုင်းဝိညာဉ်က ချီလင်သွေးမျိုးဆက်ပါတဲ့သားရဲတစ်ကောင်လို့ ကြားဖူးတယ်။ဂိုဏ်းအကြီးအကဲတစ်ယောက်နဲ့ ဟဲဖန်က သွေးချင်းနီးစပ်တယ်ဆိုတဲ့သဘောအရ ဟဲဖန်ခေါင်းပေါ်က သားရဲက ချီလင်သားရဲဖြစ်နိုင်တယ်။
ချူးယွန် စဉ်းစားတွေးတောရာကနေ သတိပြန်ဝင်လာတော့ ဟဲဖန်က သူနဲ့ ဆယ်မီတာလောက်ပဲ ဝေးပါတော့တယ်။
သူ့မျက်နှာပေါ်က သတ်ဖြတ်ချင်စိတ်တွေကိုပါ မြင်နိုင်ပါတယ်။
"ချူးယွန် မင်းငါ့ကိုတားဖို့ကြိုးစားရဲရင် ငါမင်းကိုသတ်မယ်"
အိုးဟူ အော်ဟစ်ခြိမ်းခြောက်ပြီး သူ့လက်ထဲမှာ သွေးရောင်အလင်းတန်းတွေနဲ့ သူ့လက်ထဲရှိ မူရင်းသွေးရောင်ဓါးကိုပိုပြီး တောက်ပလာစေခဲ့ကာ အော်ရာတွေကလဲပိုမြင့်တက်လာတယ်။
"သေစမ်း"
အိုးဟူ သွေးဓါးကို လက်နှစ်ဖက်နဲ့ကိုင်ကာ ရပ်တန့်ခြင်းမရှိပဲ ချူးယွန်ကို ခုတ်ပိုင်းလိုက်ပြီး အနောက်ကနေဆက်ပြီး ပြေးဝင်သွားခဲ့တယ်။
နီရဲစေးပျစ်တဲ့သွေးရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အိုးဟူရဲ့ အရူးအမူးတိုက်ခိုက်မှုနဲ့ရင်ဆိုင်ရတော့ ချူးယွန်လဲ ပေါ့ဆမနေရဲတော့ပါ။
သူ့ရဲ့လက်ထဲမှာ မိုးကောင်းကင်ဖြတ်သန်းခြင်းဓါးက ချက်ချင်းပေါ်လာပြီး သူ့လက်ကောင်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်တဲ့အခါ ထက်မြိတဲ့ဓါးအလင်းတန်းတစ်ခုကထွက်ပေါ်လာပြီး အိုးဟူရဲ့ နီရဲစေးပျစ်တဲ့ဓါးအလင်းနဲ့ လေထုထဲမှာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြတယ်။
"ဘန်း"
ကမ္ဘာမြေကြီးတောင် တုန်ခါသွားစေနိုင်တဲ့ ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာကာ ချူးယွန်ရင်ဘက်ထဲမှာအောင့်တက်သွားပြီး အနောကိုခြေလှမ်းအနည်းငယ်ဆုတ်ရင်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတယ်။
ချူးယွန်နဲ့ နှိုင်းယှဉ်ရင် အိုးဟူရဲ့အခြေအနေက ပိုဆိုးပါတယ်။နာကျင်မှာအပြည့်နဲ့ အော်ဟစ်သံတွေက ပျံ့လွင့်လာခဲ့တယ်။သူ့ရဲ့ဓါးကိုင်လက်က ရစရာတောင်မရှိပဲ စုတ်ပြတ်သတ်သွားပြီး အရိုးစုသက်သက်နီးပါး ဖြစ်သွားခဲ့ရတယ်။
အိုးဟူရဲ့ရင်ထဲမှာ နောင်တတွေနဲ့ စိတ်ပျက်အားလျော့မှုတွေခံစားနေရပါတယ်။တကယ်လို့ သူသာ ချူးယွန်ကိုဖိအားမပေးပဲ ထွက်ပြေးခဲ့ရင် သူ့မှာ လွတ်မြောက်ဖို့ အခွင့်အရေးရှိပါသေးတယ်။
အခုတော့...
ဒေါသတကြီးနဲ့ အရူးအမူးပြေးလိုက်လာတဲ့ ဟဲဖန် က ရောက်လာခဲ့ပြီး အိုးဟူကို လည်ပင်းကနေ ကိုင်မြှောက်ထားလိုက်တယ်။
"အိုးဟူ ငါ့ညီလေးကိုသတ်တဲ့အချိန်က ငါမင်းကိုပြန်လာသတ်မယ့်အချိန်ကို မင်း စဉ်းစားခဲ့ဖူးလား"
ဟဲဖန်မျက်လုံးတွေက နီရဲနေပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့တယ်။
အိုးဟူ အားအင်ချိနည်းစွာနဲ့ ရုန်းကန်နေရင်း
"ဟဲဖန် မင်းငါ့ကိုသတ်ရဲရင် စီနီယာချောင်နန်က မင်းကိုလက်စားချေပြီး မင်းတို့ ချီလင်ဂိုဏ်းစုတ်တစ်ခုလုံးကို နင်းချေပစ်လိမ့်မယ်"
"လာပါစေ၊ ငါကိုယ်တိုင် သူ့ကို ကောင်းကောင်းမွန်မွန်ကြိုဆိုပေးလိုက်မယ်"
ဟဲဖန် မောက်မာစွာပြောလိုက်ပြီး အိုးဟူရဲ့ မျက်နှာကို တအားထိုးချလိုက်တယ်။
အိုးဟူရဲ့ နှာခေါင်းရိုးကျိုးသွားပြီး သွေးတွေစီးကျလာခဲ့တယ်။
"ဖူး"
အိုးဟူ နာကျင်စွာနဲ့ သွေးတစ်လုတ်ကိုပါ ထပ်အန်ထုတ်လိုက်ရပါတယ်။
"ချူးယွန်၊ ဟဲဖန် ငါအိုးဟူသရဲဖြစ်သွားမယ်ဆိုရင်တောင် မင်းတို့ကို အလွတ်ပေးမယ်မထင်နဲ့"
"မင်းပြောပြီးရင် သေလို့ရပြီ"
ဟဲဖန်အနောက်က ချီလင်သားရဲကြီးက အိုးဟူရဲ့ခေါင်းကို ကိုက်ဖြတ်လိုက်ပြီး သူ့ရဲ့ခြေသည်းတွေနဲ့ ကုတ်ဆွဲလိုက်ရာ တစ်ကိုယ်လုံး ရစရာမရှိအောင်စုတ်ပြတ်သတ်ပြီး သေပွဲဝင်သွားခဲ့ရပါပြီ။
ဟဲဖန် အသက်ကိုပြင်းပြင်းရှုကာ ခနအနားယူပြီးနောက် ချူးယွန်ကိုကြည့်ကာပြောလိုက်တယ်။
"ငါက ချီလင်ဂိုဏ်းက ဟဲဖန်ပါ ၊ မိတ်ဆွေရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ဒီက မိတ်ဆွေရဲ့ နာမည်က ဘယ်လိုခေါ်လဲ"
"ငါက တီအန်တာအိုဂိုဏ်းက ချူးယွန်ပါ၊ မင်းကို ကူညီလိုက်တယ်ဆိုပေမယ့် တစ်ကယ်တမ်း အိုးဟူနဲ့ငါ့ကြားမှာ ရန်ငြိုးတွေရှိနေခဲ့တယ်လေ"
ချူးယွန် ပြုံးလိုက်တယ်။
ဒီလူက သူ့ရဲ့ဂိုဏ်းတူညီငယ်အတွက် အင်အားကြီးမားတဲ့ဂိုဏ်းသားတစ်ယောက်ကိုတောင် ဂရုမစိုက်ပဲ လိုက်ပါတိုက်ခိုက်ခဲ့တယ်။ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့ရတာက ကောင်းတဲ့အလုပ်ပါပဲ။
"ဒါဆိုမင်းက ချူးယွန်ပေါ့!"
ဟဲဖန် ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။
"တီအန်တာအိုဂိုဏ်းတည်ထောင်တဲ့အချိန်ကစပြီး မင်းက ရှားပါးတဲ့ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ။မော်တယ်နယ်ပယ်လေးနဲ့ ကီပြောင်းလဲခြင်းနယ်ပယ်က ဇွန်ယွမ်ဘိုင်ကိုသတ်ဖြတ်ခဲ့တာက တကယ်ကို အထင်ကြီးလေးစားဖို့ကောင်းတယ်"
ချူးယွန် အံ့အားသင့်သွားရတယ်၊ သူ့နာမည်က ဒီလောက်ကျော်ကြားနေလိမ့်မယ် ထင်မထားခဲ့ဘူး။
"ဟားဟား... ဒီလောက်လဲမဟုတ်ပါဘူးကွာ"
ဟဲဖန် လေးစားစိတ်တွေ ဝင်ရောက်လာခဲ့တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိ အောင်မြင်ကျော်ကြားနေပေမယ့် သူက နှိမ့်ချနေပြီး တည်ငြိမ်လွန်းတယ်။သူဒီလို အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး။
"အင်း... ဒါနဲ့ချူးယွန် မင်းဒီကိုလာတုန်းက ငါတို့ဂိုဏ်းသားလေးတွေများ တွေ့မိခဲ့သေးလား။ငါကလွဲရင် သူတို့ကိုယ်သူတို့ ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ကြမှာမဟုတ်ဘူး။ဒါကြောင့်မို့ ဒီလိုအဖြစ်မျိုးတွေထပ်မဖြစ်ရအောင် ငါအတတ်နိုင်ဆုံး ကာကွယ်ပေးရလိမ့်မယ်"
ဟဲဖန်က သူ့ရဲ့ဂိုဏ်းတူ ညီငယ်၊ ညီမငယ်လေးတွေကို စိတ်ပူနေဆဲပါပဲ။
ချူယွန် ခါးသက်သက်ရယ်မောလိုက်တယ်။
“ ငါလာတဲ့လမ်းတစ်လျှောက်မှာတော့ မင်းတို့ဂိုဏ်းသားနဲ့တူတဲ့လူ တစ်ယောက်မှ မတွေ့ခဲ့မိဘူး။ နောက်ပြီး ငါက တောထဲက လာခဲ့တာ။ မင်းကိုယ်မင်းကောင်းကောင်း မပြင်ဆင်ရသေးဘူးဆိုရင် ဝင်မသွားသင့်ဘူး။တောထဲက နတ်ဆိုးသားရဲတွေက ကြောက်ဖို့အရမ်းကောင်းတယ်။ငါရောက်လာတာပင်လယ်ကမ်းခြေကပဲ၊ အဲ့မှာထူးဆန်းတဲ့ ရေသတ္တဝါတွေနဲ့ အစွမ်းထက်နတ်ဆိုးသားရဲတွေရှိတယ်၊ တတ်နိုင်ရင်တော့ မသွားတာအကောင်းဆုံးပဲ။ဒီကိုရောက်အောင် ငါ့မှာ မနည်းပုန်းကွယ်ပြီးလာခဲ့ရတာ"
ချူးယွန် ပြောတာကြားတော့ ဟဲဖန်ကလဲ သူ့ရဲ့အတွေ့အကြုံကို ပြောပြလိုက်ပါတယ်။
အပိုင္း 93 ခ်ီလင္ဂိုဏ္းဟဲဖန္
ခ်ဴးယြန္ ေက်ာက္စိမ္းအင္ပါယာဂိုဏ္းအပ်က္ဆီးပုံေတြၾကားမွာ ေလွ်ာက္သြားေနရင္း သူ႕ႏွလုံးသားက စိတ္လႈပ္႐ွားမႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။
သူတို႔ေနထိုင္ေနတဲ့ ဒီကမ႓ာႀကီးက အကန္႔သတ္မ႐ွိႀကီးမားလြန္းတယ္။ေက်ာက္စိမ္းအင္ပါယာဂိုဏ္းက အလယ္လတ္အဆင့္ဂိုဏ္းတစ္ခုျဖစ္ၿပီး အေတာ္လဲ သန္မာအားေကာင္းတယ္။
ဒါေပမယ့္အခုဘာလဲ?
ေက်ာက္စိမ္းအင္ပါယာဂိုဏ္းက အခုခ်ိန္မွာေတာ့ အပ်က္ဆီးေတြနဲ႔ျပည့္ႏွက္ေနခဲ့ၿပီ။
ဒီလို အစြမ္းထက္ေက်ာက္စိမ္းအင္ပါယာဂိုဏ္းရဲ႕ အႀကီးအကဲေတြနဲ႔ မေရတြက္ႏိုင္ေအာင္မ်ားျပားတဲ့ တပည့္ေတြကို သတ္ျဖတ္ေခ်မႈန္းခဲ့သူက ပင္လယ္ထဲမွာ႐ွိေနတဲ့ သားရဲႀကီးပါ။
အရမ္းေၾကာက္စရာေကာင္းလြန္းတယ္။တိုင္ဂန္တိုက္ႀကီးက က်ယ္ျပန္႔ၿပီး သူ႕ရဲ႕အကန္႔အသတ္ကို ဘယ္သူမွမသိႏိုင္ဘူး။
"ဝွစ္ "
"ဝွစ္"
ခ်ဴးယြန္ ဒီအေၾကာင္းကိုစဥ္းစားေနခ်ိန္မွာပဲ ေလတိုးသံနဲ႔အတူ အရိပ္ႏွစ္ခုက ေျပးလႊားေနပါတယ္။အေ႐ွ႕ကလူရိပ္က အားသြန္ခြန္စိုက္ေျပးလႊားေနၿပီး ေနာက္ကတစ္ေယာက္ကလဲ မလြတ္တမ္းလိုက္ေနပါတယ္။
"အိုးဟူ... မင္းဘယ္အခ်ိန္ထိ ေျပးႏိုင္မလဲ ငါသိခ်င္ေသးတယ္"
သူ႕ေနာက္ကလိုက္ေနတဲ့ လူရဲ႕မ်က္ႏွာက ေအးစက္ေနၿပီး သတ္ျဖတ္ခ်င္တဲ့စိတ္ဆႏၵေတြ တ႐ွိန္႐ွိန္ထြက္ေပၚေနခဲ့တယ္။
သူ႕ေခါင္းေပၚမွာေတာ့ ႀကီးမားၿပီးလွပတဲ့သားရဲႀကီးပုံရိပ္က ေတာက္ပစြာထြက္ေပၚေနၿပီး ထူးျခားတဲ့အလင္းႏွစ္ခုက ဝန္းရံေနပါတယ္။
နက္နဲအဆင့္ႏွစ္သိုင္းဝိညာဥ္....
အေ႐ွ႕ကေန ေၾကာက္လန္႔တၾကား အသက္လုေျပးေနပုံရတဲ့လူရဲ႕လက္ထဲမွာေတာ့ ေသြးေရာင္ဓါးတစ္လက္ကိုကိုင္ထားတယ္ေလ။
သူကေတာ့ အိုးယြမ္ဂိုဏ္းက အိုးဟူပါ...
အခုခ်ိန္မွာေတာ့ သူက အသက္လုေျပးေနရပါတယ္။သူ႕မ်က္ႏွာေပၚမွာလဲ ထိတ္လန္႔တုန္လႈပ္မႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။
သူ႕စိတ္ကဗလာက်င္းေနတယ္၊ အခုခ်ိန္မွာ ဘာမွအေရးမႀကီးေတာ့ဘူး။
အသက္႐ွင္သန္ႏိုင္ဖို႔ကသာ အေရးႀကီးဆုံးပါ။
"ဟဲဖန္ အတင့္အရမ္းမရဲနဲ႔ေနာ္၊ ငါ့ကိုအားကုန္ထုတ္လာရေအာင္ ဖိအားမေပးနဲ႔၊ "
အိုးဟူ ေၾကာက္လန္႔တၾကားနဲ႔ ေအာ္ဟစ္ေနပါတယ္။
"ဟမ့္ ငါ့ရဲ႕ဂ်ဴနီယာညီေလးက မင္းနဲ႔ သာမန္စကားမ်ားတာမ်ိဳးပဲ႐ွိတာကို မင္းက ခ်က္ခ်င္းသတ္ပစ္လိုက္ရလားကြ"
ဟဲဖန္ရဲ႕မ်က္ႏွာက သူ႕ရဲ႕ပန္းတိုင္မေရာက္မခ်င္းရပ္တန္႔မယ့္ပုံမေပၚဘူး။
ခ်ဴးယြန္က ဟဲဖန္နဲ႔ပတ္သတ္ၿပီး ဆိုး႐ြားတဲ့အျမင္မ႐ွိပါဘူး။အနည္းဆုံးေတာ့ သူက အိုးယြမ္ဂိုဏ္းတို႔ အေ႐ွ႕အလင္းေရာင္ျခည္ဂိုဏ္းက မဟုတ္ခဲ့ဘူးေလ။ဒီဂိုဏ္းႏွစ္ခုနဲ႔ သူတို႔ဂိုဏ္းကလြဲၿပီး က်န္တာေတြက ဂိုဏ္းေသးေသးေလးေတြပါ။
သူ႕ရဲ႕ နက္နဲအဆင့္ႏွစ္သိုင္းဝိညာဥ္က ပါရမီ႐ွင္ေတြထက္ အဆင့္တစ္ဆင့္ပိုျမင့္မားပါတယ္။ဒီလို ပါရမီ႐ွင္မ်ိဳးက ဘယ္ဂိုဏ္းကမ်ား ေပၚလာတာပါလိမ့္...
ရန္သူရဲ႕ရန္သူက ငါ့မိတ္ေဆြပဲ။
အိုးဟူ ေျပးရင္းလႊားရင္း သူ႕နဲ႔နီးကပ္လာတာကိုျမင္ေတာ့ ခ်ဴးယြန္ ျပဳံးလိုက္မိတယ္။
ဟဲဖန္ႏွလုံးသားထဲမွာ ေဒါသေတြနဲ႔ ျပည့္ေနပါတယ္။ဒီသာမန္လို႔ျမင္ရတဲ့သူက ဒီေလာက္ထိ ေၾကာက္စရာေကာင္းေနလိမ့္မယ္ ထင္မထားခဲ့ဘူး။စီနီယာအကိုေခ်ာင္နန္ပဲ သူနဲ႔ လက္ရည္တူတိုက္ခိုက္ႏိုင္လိမ့္မယ္။
ခ်ီလင္ဂိုဏ္းက သာမန္ဂိုဏ္းေလးပါ၊ ဟဲဖန္လို အစြမ္းထက္တဲ့ လူတစ္ေယာက္က ဘယ္လိုလုပ္ေရာက္ေနတာလဲ?
"အိုးဟူ ဘာလို႔ ဒီေလာက္ထိ ေလာေနရတာလဲဟ"
ခ်ဴးယြန္ ျပဳံး႐ႊင္စြာနဲ႔ အိုးဟူကို ဆီးတားလိုက္တယ္။
"ဘာ"
"ခ်ဴးယြန္လား"
အိုးဟူ ထိတ္လန္႔သြားတယ္၊ အခုလိုခက္ခဲေနခ်ိန္မွာ ခ်ဴးယြန္နဲ႔လာဆုံေတြ႕ရလိမ့္မယ္မထင္ထားခဲ့ဘူး။
အခုခ်ိန္မွာ သူက ခ်ဴးယြန္နဲ႔ မီတာတစ္ရာေလာက္သာ ေဝးေတာ့တယ္။သူက လမ္းေၾကာင္းထပ္ေျပာင္းဖို႔ျပင္လိုက္ရင္ ဟဲဖန္က အျမန္ေရာက္လာလိမ့္မယ္။ဒါေၾကာင့္ ခ်ဴးယြန္ကိုဖိႏွိမ္တိုက္ခိုက္ၿပီး အျမန္ဆုံးေျပးတာပိုေကာင္းတယ္။
"ဗ်ိဳ႕ အေ႐ွ႕က မိတ္ေဆြ ငါက ခ်ီလင္ဂိုဏ္းက ဟဲဖန္ပါ။အေ႐ွ႕ကေကာင္အိုးဟူက ငါ့ရဲ႕ဂိုဏ္းတူဂ်ဴနီယာညီေလးကိုသတ္ခဲ့တယ္။ဒါေၾကာင့္မို႔ အိုးဟူကိုတားဆီးေပးရင္ ငါဟဲဖန္က မွတ္မိေနမွာပါ"
ဟဲဖန္ ခ်ဴးယြန္ကိုျမင္ေတာ့ ေအာ္ေျပာလိုက္တယ္။
"ခ်ီလင္ဂိုဏ္း"
ခ်ဴးယြန္ နဲနဲေတာ့ အံ့ဩသြားမိတယ္။ ဘာပဲျဖစ္ျဖစ္ သူက ဒီဂိုဏ္းေလးအေပၚမွာ ေကာင္းမြန္တဲ့ထင္ျမင္ခ်က္အခ်ိဳ႕႐ွိတယ္။
ခ်ီလင္ဂိုဏ္းက အဆင့္နိမ့္ဂိုဏ္းေတြထဲမွာ သာမန္ပဲဆိုေပမယ့္ ဘယ္သူ႕ကိုမွမွီခိုျခင္းမ႐ွိပါဘူး။
ကိုယ့္သေဘာ ကိုယ့္ရဲ႕စိတ္ဆႏၵအရလြတ္လြတ္လပ္လပ္ေနၾကတယ္။
ခ်ီလင္ဂိုဏ္းခ်ဳပ္ရဲ႕ သိုင္းဝိညာဥ္က ခ်ီလင္ေသြးမ်ိဳးဆက္ပါတဲ့သားရဲတစ္ေကာင္လို႔ ၾကားဖူးတယ္။ဂိုဏ္းအႀကီးအကဲတစ္ေယာက္နဲ႔ ဟဲဖန္က ေသြးခ်င္းနီးစပ္တယ္ဆိုတဲ့သေဘာအရ ဟဲဖန္ေခါင္းေပၚက သားရဲက ခ်ီလင္သားရဲျဖစ္ႏိုင္တယ္။
ခ်ဴးယြန္ စဥ္းစားေတြးေတာရာကေန သတိျပန္ဝင္လာေတာ့ ဟဲဖန္က သူနဲ႔ ဆယ္မီတာေလာက္ပဲ ေဝးပါေတာ့တယ္။
သူ႕မ်က္ႏွာေပၚက သတ္ျဖတ္ခ်င္စိတ္ေတြကိုပါ ျမင္ႏိုင္ပါတယ္။
"ခ်ဴးယြန္ မင္းငါ့ကိုတားဖို႔ႀကိဳးစားရဲရင္ ငါမင္းကိုသတ္မယ္"
အိုးဟူ ေအာ္ဟစ္ၿခိမ္းေျခာက္ၿပီး သူ႕လက္ထဲမွာ ေသြးေရာင္အလင္းတန္းေတြနဲ႔ သူ႕လက္ထဲ႐ွိ မူရင္းေသြးေရာင္ဓါးကိုပိုၿပီး ေတာက္ပလာေစခဲ့ကာ ေအာ္ရာေတြကလဲပိုျမင့္တက္လာတယ္။
"ေသစမ္း"
အိုးဟူ ေသြးဓါးကို လက္ႏွစ္ဖက္နဲ႔ကိုင္ကာ ရပ္တန္႔ျခင္းမ႐ွိပဲ ခ်ဴးယြန္ကို ခုတ္ပိုင္းလိုက္ၿပီး အေနာက္ကေနဆက္ၿပီး ေျပးဝင္သြားခဲ့တယ္။
နီရဲေစးပ်စ္တဲ့ေသြးေရာင္အလင္းတန္းေတြထြက္ေပၚလာခဲ့ပါတယ္။အိုးဟူရဲ႕ အ႐ူးအမူးတိုက္ခိုက္မႈနဲ႔ရင္ဆိုင္ရေတာ့ ခ်ဴးယြန္လဲ ေပါ့ဆမေနရဲေတာ့ပါ။
သူ႕ရဲ႕လက္ထဲမွာ မိုးေကာင္းကင္ျဖတ္သန္းျခင္းဓါးက ခ်က္ခ်င္းေပၚလာၿပီး သူ႕လက္ေကာင္ဝတ္ကို တစ္ခ်က္လႈပ္႐ွားလိုက္တဲ့အခါ ထက္ၿမိတဲ့ဓါးအလင္းတန္းတစ္ခုကထြက္ေပၚလာၿပီး အိုးဟူရဲ႕ နီရဲေစးပ်စ္တဲ့ဓါးအလင္းနဲ႔ ေလထုထဲမွာ ထိပ္တိုက္ေတြ႕ဆုံသြားခဲ့ၾကတယ္။
"ဘန္း"
ကမ႓ာေျမႀကီးေတာင္ တုန္ခါသြားေစႏိုင္တဲ့ ေပါက္ကြဲမႈႀကီးျဖစ္ေပၚလာကာ ခ်ဴးယြန္ရင္ဘက္ထဲမွာေအာင့္တက္သြားၿပီး အေနာကိုေျခလွမ္းအနည္းငယ္ဆုတ္ရင္း ေသြးတစ္လုတ္ကို အန္ထုတ္လိုက္ရတယ္။
ခ်ဴးယြန္နဲ႔ ႏိႈင္းယွဥ္ရင္ အိုးဟူရဲ႕အေျခအေနက ပိုဆိုးပါတယ္။နာက်င္မွာအျပည့္နဲ႔ ေအာ္ဟစ္သံေတြက ပ်ံ႕လြင့္လာခဲ့တယ္။သူ႕ရဲ႕ဓါးကိုင္လက္က ရစရာေတာင္မ႐ွိပဲ စုတ္ျပတ္သတ္သြားၿပီး အ႐ိုးစုသက္သက္နီးပါး ျဖစ္သြားခဲ့ရတယ္။
အိုးဟူရဲ႕ရင္ထဲမွာ ေနာင္တေတြနဲ႔ စိတ္ပ်က္အားေလ်ာ့မႈေတြခံစားေနရပါတယ္။တကယ္လို႔ သူသာ ခ်ဴးယြန္ကိုဖိအားမေပးပဲ ထြက္ေျပးခဲ့ရင္ သူ႕မွာ လြတ္ေျမာက္ဖို႔ အခြင့္အေရး႐ွိပါေသးတယ္။
အခုေတာ့...
ေဒါသတႀကီးနဲ႔ အ႐ူးအမူးေျပးလိုက္လာတဲ့ ဟဲဖန္ က ေရာက္လာခဲ့ၿပီး အိုးဟူကို လည္ပင္းကေန ကိုင္ေျမႇာက္ထားလိုက္တယ္။
"အိုးဟူ ငါ့ညီေလးကိုသတ္တဲ့အခ်ိန္က ငါမင္းကိုျပန္လာသတ္မယ့္အခ်ိန္ကို မင္း စဥ္းစားခဲ့ဖူးလား"
ဟဲဖန္မ်က္လုံးေတြက နီရဲေနၿပီး ေဒါသတႀကီး ေအာ္ဟစ္ေျပာဆိုေနခဲ့တယ္။
အိုးဟူ အားအင္ခ်ိနည္းစြာနဲ႔ ႐ုန္းကန္ေနရင္း
"ဟဲဖန္ မင္းငါ့ကိုသတ္ရဲရင္ စီနီယာေခ်ာင္နန္က မင္းကိုလက္စားေခ်ၿပီး မင္းတို႔ ခ်ီလင္ဂိုဏ္းစုတ္တစ္ခုလုံးကို နင္းေခ်ပစ္လိမ့္မယ္"
"လာပါေစ၊ ငါကိုယ္တိုင္ သူ႕ကို ေကာင္းေကာင္းမြန္မြန္ႀကိဳဆိုေပးလိုက္မယ္"
ဟဲဖန္ ေမာက္မာစြာေျပာလိုက္ၿပီး အိုးဟူရဲ႕ မ်က္ႏွာကို တအားထိုးခ်လိုက္တယ္။
အိုးဟူရဲ႕ ႏွာေခါင္း႐ိုးက်ိဳးသြားၿပီး ေသြးေတြစီးက်လာခဲ့တယ္။
"ဖူး"
အိုးဟူ နာက်င္စြာနဲ႔ ေသြးတစ္လုတ္ကိုပါ ထပ္အန္ထုတ္လိုက္ရပါတယ္။
"ခ်ဴးယြန္၊ ဟဲဖန္ ငါအိုးဟူသရဲျဖစ္သြားမယ္ဆိုရင္ေတာင္ မင္းတို႔ကို အလြတ္ေပးမယ္မထင္နဲ႔"
"မင္းေျပာၿပီးရင္ ေသလို႔ရၿပီ"
ဟဲဖန္အေနာက္က ခ်ီလင္သားရဲႀကီးက အိုးဟူရဲ႕ေခါင္းကို ကိုက္ျဖတ္လိုက္ၿပီး သူ႕ရဲ႕ေျခသည္းေတြနဲ႔ ကုတ္ဆြဲလိုက္ရာ တစ္ကိုယ္လုံး ရစရာမ႐ွိေအာင္စုတ္ျပတ္သတ္ၿပီး ေသပြဲဝင္သြားခဲ့ရပါၿပီ။
ဟဲဖန္ အသက္ကိုျပင္းျပင္း႐ႈကာ ခနအနားယူၿပီးေနာက္ ခ်ဴးယြန္ကိုၾကည့္ကာေျပာလိုက္တယ္။
"ငါက ခ်ီလင္ဂိုဏ္းက ဟဲဖန္ပါ ၊ မိတ္ေဆြရဲ႕အကူအညီအတြက္ ေက်းဇူးတင္ပါတယ္၊ ဒါနဲ႔ ဒီက မိတ္ေဆြရဲ႕ နာမည္က ဘယ္လိုေခၚလဲ"
"ငါက တီအန္တာအိုဂိုဏ္းက ခ်ဴးယြန္ပါ၊ မင္းကို ကူညီလိုက္တယ္ဆိုေပမယ့္ တစ္ကယ္တမ္း အိုးဟူနဲ႔ငါ့ၾကားမွာ ရန္ၿငိဳးေတြ႐ွိေနခဲ့တယ္ေလ"
ခ်ဴးယြန္ ျပဳံးလိုက္တယ္။
ဒီလူက သူ႕ရဲ႕ဂိုဏ္းတူညီငယ္အတြက္ အင္အားႀကီးမားတဲ့ဂိုဏ္းသားတစ္ေယာက္ကိုေတာင္ ဂ႐ုမစိုက္ပဲ လိုက္ပါတိုက္ခိုက္ခဲ့တယ္။ဒီလိုလူမ်ိဳးနဲ႔ မိတ္ေဆြဖြဲ႕ရတာက ေကာင္းတဲ့အလုပ္ပါပဲ။
"ဒါဆိုမင္းက ခ်ဴးယြန္ေပါ့!"
ဟဲဖန္ ထိတ္လန္႔တုန္လႈပ္သြားခဲ့တယ္။
"တီအန္တာအိုဂိုဏ္းတည္ေထာင္တဲ့အခ်ိန္ကစၿပီး မင္းက ႐ွားပါးတဲ့ထိပ္တန္းပါရမီ႐ွင္တစ္ေယာက္ပဲ။ေမာ္တယ္နယ္ပယ္ေလးနဲ႔ ကီေျပာင္းလဲျခင္းနယ္ပယ္က ဇြန္ယြမ္ဘိုင္ကိုသတ္ျဖတ္ခဲ့တာက တကယ္ကို အထင္ႀကီးေလးစားဖို႔ေကာင္းတယ္"
ခ်ဴးယြန္ အံ့အားသင့္သြားရတယ္၊ သူ႕နာမည္က ဒီေလာက္ေက်ာ္ၾကားေနလိမ့္မယ္ ထင္မထားခဲ့ဘူး။
"ဟားဟား... ဒီေလာက္လဲမဟုတ္ပါဘူးကြာ"
ဟဲဖန္ ေလးစားစိတ္ေတြ ဝင္ေရာက္လာခဲ့တယ္။ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီေလာက္ထိ ေအာင္ျမင္ေက်ာ္ၾကားေနေပမယ့္ သူက ႏွိမ့္ခ်ေနၿပီး တည္ၿငိမ္လြန္းတယ္။သူဒီလို ေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့တာ အံ့ဩစရာမဟုတ္ေတာ့ပါဘူး။
"အင္း... ဒါနဲ႔ခ်ဴးယြန္ မင္းဒီကိုလာတုန္းက ငါတို႔ဂိုဏ္းသားေလးေတြမ်ား ေတြ႕မိခဲ့ေသးလား။ငါကလြဲရင္ သူတို႔ကိုယ္သူတို႔ ေကာင္းေကာင္းမြန္မြန္ ကာကြယ္ႏိုင္ၾကမွာမဟုတ္ဘူး။ဒါေၾကာင့္မို႔ ဒီလိုအျဖစ္မ်ိဳးေတြထပ္မျဖစ္ရေအာင္ ငါအတတ္ႏိုင္ဆုံး ကာကြယ္ေပးရလိမ့္မယ္"
ဟဲဖန္က သူ႕ရဲ႕ဂိုဏ္းတူ ညီငယ္၊ ညီမငယ္ေလးေတြကို စိတ္ပူေနဆဲပါပဲ။
ခ်ဴယြန္ ခါးသက္သက္ရယ္ေမာလိုက္တယ္။
“ ငါလာတဲ့လမ္းတစ္ေလွ်ာက္မွာေတာ့ မင္းတို႔ဂိုဏ္းသားနဲ႔တူတဲ့လူ တစ္ေယာက္မွ မေတြ႕ခဲ့မိဘူး။ ေနာက္ၿပီး ငါက ေတာထဲက လာခဲ့တာ။ မင္းကိုယ္မင္းေကာင္းေကာင္း မျပင္ဆင္ရေသးဘူးဆိုရင္ ဝင္မသြားသင့္ဘူး။ေတာထဲက နတ္ဆိုးသားရဲေတြက ေၾကာက္ဖို႔အရမ္းေကာင္းတယ္။ငါေရာက္လာတာပင္လယ္ကမ္းေျခကပဲ၊ အဲ့မွာထူးဆန္းတဲ့ ေရသတၱဝါေတြနဲ႔ အစြမ္းထက္နတ္ဆိုးသားရဲေတြ႐ွိတယ္၊ တတ္ႏိုင္ရင္ေတာ့ မသြားတာအေကာင္းဆုံးပဲ။ဒီကိုေရာက္ေအာင္ ငါ့မွာ မနည္းပုန္းကြယ္ၿပီးလာခဲ့ရတာ"
ခ်ဴးယြန္ ေျပာတာၾကားေတာ့ ဟဲဖန္ကလဲ သူ႕ရဲ႕အေတြ႕အၾကဳံကို ေျပာျပလိုက္ပါတယ္။