[Unicode]
အဖွားက ထိုသို့ပြောတော့ ရင်ခွင်ထဲကအဆိုးလေးက သူ့ကိုတစ်ချက်ပြန်ကြည့်လာသည်။ ရုပ်လေးလဲ ရူံ့မဲ့မဲ့နှင့်။
"မောင်..ပြောပေးဦး"
တိုးတိုးလေးပြောလာသည့်ဂျွန်ကြောင့် ရယ်မိသေး၏။ ခါးကိုဖက်ထား၍ မျက်နှာကို ရင်ခွင်၌အပ်ကာ အနောက်က အဖွားကိုတောင်လှည့်မကြည့်သောဂျွန်။
"ဖွားဖွားရယ်..ဂျွန်က"
"တော်! "
အဖွားဆီက ထွက်လာတော့စကားကြောင့် ဂျွန့်ကိုယ်လုံးလေးမှာ တုန်သွားရသလို သူလဲပါးစပ်ပိတ်သွားရလေသည်။
"ဒီနေ့လဲ ငါ့သူငယ်ချင်းဆီပဲသွားအိပ်တော့မယ်.."
"အာ..ဂျွန်ကအဲ့လိုပြောတာမဟုတ်ပါဘူး အဖွားကလဲ.."
"ဟင့်! ကျနော်..ကျနော်တောင်းပန်ပါတယ်..အီးးးဟီးးး!"
အဖွားကအော်လိုက်တော့ ထိုကလေးကငိုလေပြီ။ သူ့မှာ ရင်ခွင်ထဲကငိုနေသည့် ဂျွန့်ကြောင့် အဖွားအားအမြန်ပြင်ပြောရလေသည်။ ကျောလေးအားပွတ်ပေးနေပေမဲ့ သူ့ကိုဖက်ကာ အဆိုးလေးကတောက်လျောက်ငိုနေလေသည်။
"အဖွားရယ်..ကျေးဇူးပြုပြီး"
"အဟမ်း! ဟိုကလေးငိုမနေနဲ့တော့..အဖွားကတိုင်းပြောလိုက်တာ.."
"အီးးးဟီးးးဖွားးဖွားးး.."
ငို၍အဖွားဆီသို့ပြေးသွားပြီး အဖွားအားဖက်ကာ ငိုနေပြန်သည့်ဂျွန်။ အော်..ဒီကလေးနှယ်။
"မငိုနဲ့တော့လို့..အဖွားကသက်သက်ပြောလိုက်တာပါ.."
"ဟင့်! တကယ်လားဟင်.."
"တကယ်ပေါ့ကွယ်..သွားသွား မင်းမောင်နဲ့ အချိန်တွေဖြုန်းလိုက်ဦး..အဖွားက ရက်လည်သွားရဦးမယ်.."
"ဟင့်! ဟုတ်"
သူ့အား ဖက်ထားရာကနေခွာတာတောင် ပေကပ်ပေကပ်နဲ့ ထွက်သွားလေသည်။
"ဟိုကလေး..ငိုမနေနဲ့တော့ အဖွားကဒီတိုင်းးပြောတာနော်.."
"ဟုတ်.."
အဖွားသည် သူ့အား မသွားခင်ပြောသွားလေသည်။ သူသည်လဲထမင်းစားစားပိုင်းဝိုင်း၌ထိုင်လိုက်သည်။ မျက်ရည်တွေအားသုတ်နေသည့်သူ့ကို မောင်ကာ လက်ကြီးပိုက်ကာ ရယ်နေရဲ့။
"မောင်နော်.."
"ဟဟ..ကလေးလဲမဟုတ်ပဲ ငိုနေတယ်"
"မရယ်နဲ့လို့.."
"ဟုတ်ပါပြီဗျာ..အခုတော့ မနက်စာစားရအောင်.."
"အင်း.."
သူရှေ့၌ ဟင်းချိုပန်းကန်လာချပေး၍မောင်က ၀င်ထိုင်လေသည်။ သူသည်လဲ ဗိုက်ဆာနေပြီဖြစ်တာကြောင့် အရှေ့ကအစားကိုသာ ရန်ရှာပြီးစားနေလိုက်သည်။
"ဖုန်းလာတယ်..မောင်သွားကိုင်လိုက်ဦးမယ်.."
"အွန်းအွန်းး"
အစားကိုပလုတ်ပလောင်းစားနေသည့်ဂျွန့်ကြောင့် သူ့မှာအသဲတယားယားဖြင့် ထွက်သွားရ၏။
ထမင်းတို့ကော ဟင်းတို့ကော ကုန်သွားလေပြီ။ သို့သော် မောင်ကတော့အပေါ်ကနေဆင်းမလာသေးပေ။သူလဲ ပန်းကန်တွေအားဆေးနေလိုက်သည်။ ပန်းကန်တွေဆေးနေရင်းမောင်သည် အောက်သို့ဆင်းလာ၍ ထမင်းစားဝိုင်း၌ထိုင်နေသည်။ သို့သော် ခုနကဲ့သို့ ပျော်ရွှင်နေသော မျက်နှာတော့မဟုတ်။
သူလဲ လက်ကရေတွေကို အ၀တ်နှင့်သုတ်ပြီးမောင့်ဘေးသို့၀င်ထိုင်လိုက်သည်။
"ဘာလို့လဲဟင်မောင်..မျက်နှာလဲမကောင်းပါလား.."
"ဂျွန်.."
"အွန်း..ဘာလို့လဲ.."
"မောင်တို့ဒီနေ့ညနေပြန်ရမယ်..ညနေကျရုပ်ရှင်ပွဲရှိတယ်..မောင့်ဇာတ်ကားတင်မှာ.."
"ဒါမဲ့..ငါတို့တစ်ပါတ်နေမယ်ပြောထားတယ်လေ.."
"ဂျွန်ရယ်မောင်လဲမပြန်ချင်ပါဘူး..ဒါမဲ့အခုဟာက အရေးကြီးတယ်လေ.."
မောင့်စကားတို့ကြောင့် သူစိတ်တို့အလိုမကျတော့။ မဟုတ်ဘူး။အလိုမကျတာမဟုတ်ဘူး။အမြဲအလုပ်နဲ့ယှဉ်လာရင် သူ့ကိုဦးစားမပေးတာကို မကြိုက်တာ။
"အင်းပါ..ပြန်ကြတာပေါ့..မောင့်အလုပ်က အရေးကြီးနေတာပဲကို.."
"စိတ်မခုစေချင်ဘူးနော်ဂျွန်.."
"ငါစိတ်ခုတယ်လို့မပြောပါဘူး..မောင်ပြန်မယ်ဆို အဖွားကိုဖုန်းဆက်လိုက်တော့မယ်.."
စကားလမ်းကြောင်းလွှဲပြီး အပေါ်ထပ်ကိုတက်ခဲ့လိုက်သည်။ အ၀တ်လှဲခန်းထဲ၌ဖုန်းလေးယူ၍ ထိုင်နေမိသည်။ တံခါးအားလဲ လော့ချထားမိသေးသည်။
"ဂျွန်..."
"ငါအ၀တ်လှဲမို့.."
"အင်းအင်း.."
တကယ်တော့ ဘာအ၀တ်မှမလှဲသောသူပါ။ ငုတ်တုတ်လေးထိုင်ပြီး တွေဝေနေမိသည်။ ဖုန်းလေးအားကိုင်ပြီး ဒူးလေးထောင်ကာ ထိုင်နေမိတာ။ ဒီနေ့နဲ့ဆို (၂)ရက်၊သူတို့(၂)ရက်ပဲနေရသေးတာ။ ဘာလို့မောင်က အမြဲ သူ့ဘက်ကိုမတွေးပေးရတာလဲ။ဘာလို့ ပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်တွေကို မေ့ပြီးသူနဲ့အတူမနေပေးနိုင်ရတာလဲ။
မနက်ကမောင့်ကို အတူတူနေမယ်လို့ပြောခဲ့တယ်။ ဒီနေ့ကလေးယူဖို့အကြောင်းကို မောင်နဲ့အေးဆေးတိုင်ပင်ချင်တာကြောင့် အတူတူနေဖို့ပြောခဲ့တယ်။ ဒါမဲ့အဲ့တာတွေက သဲထဲရေသွန် ဖြစ်သွားလေပြီ။
"ဂျွန်..အင်္ကျီလှဲတာကြာလှချည်လား.."
စိတ်ထဲမှာဘာဖြစ်နေရင်ဘာဖြစ်နေတယ်ဆိုပြီး မပြောပဲ အမြဲရှောင်ရှောင်ထွက်သွားတဲ့ဂျွန့်ကိုနားမလည်နိုင်ပါ။ မောင်ကမင်းယောကျာ်းမို့ မင်းအားလုံးပွင့်လင်းလို့ရတယ်။ ဒါမဲ့မင်းကဘယ်တော့မှ မပွင့်လင်းဘူး။ အခုလဲ မောင့်ကိုမင်းစိတ်ရူပ်အောင် ထပ်လုပ်နေသလားဂျွန်။ မောင်ဖြင့် မင်းကိုနားမလည်နိုင်တော့ဘူး။
"အင်း.."
"ဘာလုပ်နေတာလဲအထဲမှာ.."
"ထိုင်နေတာ.."
သူပြောလိုက်တော့ မောင်ကသူ့ကိုစိုက်ကြည့်သည်။ လက်ကိုပိုက်လိုက်ပြီးမောင်က..
"ဘာဖြစ်နေတာလဲ..ဟင် မင်းဘာဖြစ်နေတာလဲ..မောင့်ကိုပွင့်လင်းစမ်းပါ..မင်းဘာတွေဖြစ်နေလဲဆိုတာ မောင့်ကိုပွင့်လင်းစမ်းပါ.."
"မောင်နဲ့မဆိုင်ဘူး.."
"ဘာ.."
ဂျွန်က သူ့ကိုထိုစကားသာပြောပြီး ထွက်သွားလေသည်။ မောင်နဲ့မဆိုင်ဘူး။ ငါနဲ့ဆိုင်ဘူးဆိုတော့..ဟာကွာ!
ပါးစောင်ကိုလျှာနှင့်ထိုးထားမိရင်း လက်သီးကိုဆုပ်ထားမိသည်။ အခုချိန်မှာ သူထပြီးပြောလိုက်ရင် နှစ်ယောက်လုံး ပြသနာဖြစ်သွားးမှာအမှန်။ ဂျွန်ကတော့ ဘာမှမပြောပဲ အခန်းထဲကပစ္စည်းတွေကို သေချာ ပြန်ရှင်းလင်းနေသည်။
"ဒုန်း! "
တံခါးကို စောင့်ကာပိတ်သွားပြီး ထွက်သွားသောမောင်။ မောင်ထွက်သွားမှ ထိုတံခါးအားသူပြန်ကြည့်မိသည်။
"ငါ့အပေါ်မှာဆို ဘယ်တော့မှ စိတ်မရှည်တဲ့မောင့်ကို စိတ်ကုန်တယ်..."
အခန်းအားသေချာပြန်ရှင်းပေးခဲ့လေသည်။ ပျော်ရွှင်မူဆိုတာလဲ တစ်ပါတ်တောင်မခံပါလား။ အလုပ်တွေနဲ့ယှဉ်လာရင် ဂျွန်ဂျောင်ကု ဆိုတဲ့ငါကအမြဲနောက်ဆုံးပါလားမောင်။ အဲ့လောက်တောင် ငါ့ကိုချစ်တာကို။
"သွားမယ်.."
ခနနေတော့ အခန်းထဲသို့ပြန်၀င်လာသောမောင်။ စားပွဲပေါ်က နာရီကို၀တ်ရင်း ထိုတစ်လုံးထဲသာပြောလာသည်။ သူ့လဲစိတ်မကြည်တာကြောင့်မောင့်အား ပြန်ပြောမနေတော့။
"မင်းတို့ကချက်ချင်းကြီးကွယ်.."
"ဒီလိုပါပဲဖွားဖွားရင်..အလုပ်တွေက အတူတူနေရဖို့ထက်အရေးကြီးတယ်လေ.."
"မင်းစကားကိုရွဲ့မပြောနဲ့ဂျွန်! အခုဟာကလဲ ရုပ်ရှင်ပွဲတော်မို့ ပြန်တာ..! အလေလိုက်ဖို့မဟုတ်ဘူး.."
"အိုကွယ်..သွားခါနီးလာခါနီးကို ရန်ဖြစ်နေကြပြန်ပြီ.."
"ဟူး..အဖွားကျနော် ကားထဲကပဲစောင့်နေလိုက်တော့မယ်.."
"အေးအေးသွား.."
မောင်က သက်ပြင်းချ၍ကားထဲသို့အရင်သွားနှင့်လေသည်။ အောက်နူတ်ခမ်းကို စိတ်ဆိုးလွန်းလို့ ကိုက်ထားမိသည်။ ဒါကိုအဖွားကသတိထားမိဟန်။
"ဂျွန်ရယ်...မင်းမောင်က မင်းကိုသိပ်ချစ်တာပါအခုဟာကလဲ အရမ်းအရေးကြီးလို့နေမှာပါ.."
"ဟုတ်ကျနော်ကပဲ နားလည်ပေးလိုက်ပါ့မယ်.."
"အဲ့လိုလုပ်ပါကွယ်..လမ်းမှာလဲ ရန်ဖြစ်မနေနဲ့ဦးနော်.."
"ဟုတ် ကျနော်သွားဝောာ့မယ်နော်.."
"အေးအေးသွား!ဂရုစိုက်ကြဦး.."
ထို့နောက်အဖွားအားနူတ်ဆက်ရင်း ထိုကားလေးသည် အရင်ကနေခဲ့သော အိမ်သို့ပြန်ရောက်လာသည်။
"ညနေကျ ဂျွန်ပါလိုက်ရမယ်.."
"ငါမလိုက်ချင်ဘူး.."
"လိုက်ရမှာမင်းတာ၀န်ပဲ မောင်ဘာစကားမှ ထပ်မပြောချင်ဘူး.."
ထိုစကားကိုမောင့်က ရင့်သီးစွာပြောရင်း အိမ်ထဲသို့အရင်၀င်သွားလေသည်။ တာ၀န်အရပေါ့။ ငါကတာ၀န်အရလိုက်ရတာပေါ့လေ။ဟုတ်လားမောင်။ ဘာလဲ။ ငါ့ကိုလက်ထက်ထားတာလဲ တာ၀န်အရပဲလား။
"ငါ့ကိုတစ်ဖြည်းဖြည်းစိတ်ကုန်လာအောင်လုပ်နေတာ "
ဟုတ်ပါသည်။ ထိုသို့ပွဲတွေဆို သူမလိုက်ချင်ဘူး။ဘာလို့ဆို မျက်လုံးတောင်ဖွင့်လို့မရအောင် ကင်မရာတွေရဲ့မီးကိုမခံနိုင်လို့။ နားမလည်သူမောင်ကတော့ တာ၀န်တဲ့လေ။
"ငါ့ကိုနားမလည်ပေးသောမောင့်ကို ငါဘယ်လိုတောင် လက်ထက်ခဲ့မိတာပါလိမ့်.."
စကားကိုချိုသာစွာပြောနေလျင်မရ။အမြဲဘုကန့်လန့်ပြောလွန်းသော ဂျွန့်ကိုတာ၀န်အရဆိုပြီး ပိတ်ခဲ့လိုက်သည်။ ဟုတ်ပါသည်။ မလိုက်ချင်လဲလိုက်ရမှာပဲ။ ဒါဟာ ကိုယ့်ယောက်ျားရဲ့အလုပ်ကို ဖြည့်ပေးရမှာ အိမ်ထောင်ဖက်ရဲ့တာ၀န်မဟုတ်သလား။
ကိုယ့်ယောက်ျားက ဆိုင်ဖွင့်ထားရင် ကူညီရမှာကိုယ့်တာ၀န်။ ကိုယ့်ယောက်ျားက ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ရင် သူနှင့်အတူ ပွဲတွေအတူတက်ပေးရမှာ ကိုယ့်တာဝန်။ဘာလို့အဲ့လောက်တောင် နားမလည်နိုင်ရတာလဲဂျွန်က။
ထို့သို့ဖြင့် တင်းမာနေသော မျက်နှာထားတွေနှင့် ထိုစုံတွဲလေးဟာ ရုပ်ရှင်ပွဲတော်သို့ရောက်လာပါပြီ။
ဂျွန်က မိုးပြာရောင်အင်္ကျီကို အနက်ရောင်ဂျင်းဘောင်းဘီနှင့်တွဲ၀တ်ထားလေသည်။ အဖြူရောင် နားဆွဲတန်းလန်းလေးကလဲ အသင့်အတင့်လိုက်ဖက်လျက်။ နားထက်အုပ်နေသော ဆံပင်လေးကလဲ မိန်းကလေးတွေအရူံးပေးရသည်အထိ။ ထို့အပြင် မနီမရဲသော ဆေးကာလာလေးကလဲ သိပ်ကိုလိုက်ဖက်နေလွန်းပါသည်။
သို့သော် တင်းမာနေသော မျက်နှာထားနှင့်ထိုအလှအပတွေက လုံး၀မလိုက်ဖက်စွာ။ ကားမောင်းနေရင်း ဘေးကဂျွန့်အား လှည့်လှည့်ကြည့်မိသည်။
ဘယ်လောက်ပဲ အနီးကပ်မြင်ဖူးပါစေ။
လှလွန်းလို့ ခိုးခိုးကြည့်မိပါသည်။
ဟော..တွေ့လား။ လှပြန်ပြီ။
မျက်နှာအားကားမှန်ဘက်ကို လှည့်သွားသည်ကြောင့် ရမ်းခါသွားသောနားဆွဲလေးသည် လှလွန်းလို့ တစ်ဆုံးငေးကြည့်နေမိသည်။
ကားလေးလဲမောင်းရင်း၊ဘေးကအပိုင်လေးလဲ ခိုးကြည့်ရင်းအလုပ်ရူပ်နေမိပါတော့သည်။ အခုလိုကျတော့လဲ မနေနိုင်စွာ ချော့ချင်မိပါရော။နေနိုင်သူဂျွန်ကတော့ လှည့်တောင်မကြည့်ပေ။
*ဟားးဟားး သူဘက်ကသာ မဆွဲရင်ပြတ်သွားမဲ့ဆက်ဆံရေးကြီးပဲ..*
သူကိုယ်သူစိတ်ထဲကတွေး၍ ရယ်မိပြန်ပါရော။ ခေါင်းကိုရမ်းလိုက်၍ ကားကိုသာအာရုံစိုက်ပြီးမောင်းလာလိုက်သည်။
အတော်ကြာတော့ မီးရောင်စုံနှင့်လှပနေပါသော ထိုပွဲကြီးသို့ရောက်လေပြီ။
"ဂျွန်.."
"အင်း.."
ကားပေါ်က ဆင်းတော့မည်ဂျွန့်အား လက်ကနေလှမ်းဆွဲတော့ သူ့ကိုလှည့်ကြည့်သည်။
"ပြုံးပြုံးလေးနေ.."
"တာ၀န်အရနေပေးမှာမို့ စိတ်မပူပါနဲ့.."
"အင်း..ဘယ်လိုပဲနေနေ ပြုံးထားဖို့ မမေ့ပါနဲ့.."
ဂျွန်က ဘာမှမပြောပဲဆင်းသွားလေသည်။ ကားပေါ်ကကျန်ခဲ့သော သူကတော့ သက်ပြင်းချ၍သာ။ ဘာလို့များသူ့ချစ်သူက သူ့စိတ်ကို နားမလည်ပေးနိုင်ရတာလဲ..။
မောင်က ကားပေါ်ကနေဆင်းလာလေသည်။ အနက်ရောင် ကုတ်အရှည်ကြီးနှင့်ဆံပင်ကိုလှန်တင်ထားသောမောင်က မိုက်နေတာထက်ကို ပိုပြန်ပါရော။ကားဘေး၌ရပ်ထားသော သူ့ဆီသို့မောင်ကလာသည်။
အနားသို့ရောက်တော့ အနောက်ကနေ ခါးကိုဖက်လေသည်။ ထို့သို့ဖက်ရင်းကပင်။
"သွားကြမယ်.."
မောင်ဒီလိုဖက်ထားတော့လဲ သူရဲ့မသိစိတ်က ကျေနပ်ပြန်ပါရော။သူက မောင့်ရဲ့အပိုင်ပါဆိုတာ လူအများကြားထဲမှာအဲ့လိုပြရင် သူကိုယ်သူ ပျော်သည်။ မောင့်အပိုင်ဆိုသည့်အသိက သူကိုယ်သူ ပျော်မဆုံးဖြစ်၍ ဂုဏ်ယူရဆုံး။
"မင်းသားကင်မ်ရောက်လာပြီ.."
သူတို့၀င်လာသည်နှင့် သူတို့ရှေ့သို့ပြုံပြီး ရောက်လာသည့် ကင်မရာသမားတို့။ ရိုက်လွန်းသော ထိုကင်မရာတွေကြား မျက်တောင်တစ်ချက်မခတ်သော မောင်သည် အံ့ဩစရာ။ သူ့မှာတော့ ထိုမီးထိုးဒဏ်တွေကို မခံနိုင်စွာ မျက်စိတွေပင်ကြိမ်းလာရသည်။ ဒါကိုမောင်ကရိပ်မိဟန်။
"ကျနော့်အိမ်သူက ကင်မရာရဲ့မီးထိုးဒဏ်ကိုမခံနိုင်တာမို့ ခွင့်ပြုပါဦး.."
"မင်းသားကင်မ်ရဲ့ အိမ်သူကအချောလေး!*
"လိုက်ဖက်နေရောဗျာ! နှစ်ယောက်လုံးကအချောလေးတွေ!"
ကင်မရာသမားတွေဆီက ထိုသို့ကြားတော့နှစ်ယောက်လုံးမှာ ကိုယ်စီအပြုံးတွေဖြင့်။
××××××××××××
မောင်သည် ပွဲထဲရောက်တော့ သူ့ကိုထားခဲ့ကာ ဘယ်သွားမှန်းမသိ။ ဘာမှလဲပြောမသွားသောမောင့်ကြောင့် နဂိုထဲကမကြည်သောစိတ်တွေက ပြန်ထလာလေသည်။
"အာ့! "
အနောက်သို့အလှည့်တိုက်မိသွားသောကြောင့် သူ့မှာလှန်ကျမလိုဖြစ်သွားလေသည်။ သို့သော် အရှေ့ကထိုလူက သူ့ကိုခါးကနေပြန်ဆွဲကာ ထိန်းထားလေရဲ့။
သူ့မှာ ထိုအခြေနေကနေ လန့်လွန်းလို့ အသက်တောင် မနည်းရူမိပါရဲ့။ ထိုလူသည်အခုထိ သူ့ကိုခါးကနေဖက်ထားတုန်းပင်။
"ဟင်..အကို"
"ဂရုစိုက်လေကွာ..ဘယ်လိုလုပ်.."
ထိုဖက်ထားတဲ့အချိန် အနားသို့ရုတ်တရက်ရောက်လာသောမောင်။ မောင်ကထိုလူ့လက်ထဲက သူ့ရဲ့ခါးသိမ်သိမ်အားဆွဲယူလိုက်သည်မို့ သူ့မှာ မောင့်ရင်ခွင်ထဲသို့ အင့်ခနဲ။ လက်နှစ်ဖက်ကလဲ အရန်သင့် ရင်ဘတ်ပေါ်သို့ ကျရောက်သွားသေးသည်။
သူ့လဲ မောင့်ရင်ခွင်ထဲသို့ မှီရင်းတိုးတိုးလေးပြောလိုက်ပေမဲ့ မောင်ကသူ့စကားတောင် ဆုံးအောင် နားမထောင်ချေ။
"မောင်..မောင်ထင်သလို..မဟုတ်"
"ငါ့အပိုင်ကို ခါးကနေတောင် ဖက်လိုက်တာလား ဆော့ဂျင်ရှီး.."
#𝑣𝑖𝑜𝑙𝑎_𝐾𝑖𝑚
.................................................
Thank you for reading 🌟
[Zawgyi]
အဖြားက ထိုသို႔ေျပာေတာ့ ရင္ခြင္ထဲကအဆိုးေလးက သူ႔ကိုတစ္ခ်က္ျပန္ၾကည့္လာသည္။ ႐ုပ္ေလးလဲ ႐ူံ႕မဲ့မဲ့ႏွင့္။
"ေမာင္..ေျပာေပးဦး"
တိုးတိုးေလးေျပာလာသည့္ဂြၽန္ေၾကာင့္ ရယ္မိေသး၏။ ခါးကိုဖက္ထား၍ မ်က္ႏွာကို ရင္ခြင္၌အပ္ကာ အေနာက္က အဖြားကိုေတာင္လွည့္မၾကည့္ေသာဂြၽန္။
"ဖြားဖြားရယ္..ဂြၽန္က"
"ေတာ္! "
အဖြားဆီက ထြက္လာေတာ့စကားေၾကာင့္ ဂြၽန႔္ကိုယ္လုံးေလးမွာ တုန္သြားရသလို သူလဲပါးစပ္ပိတ္သြားရေလသည္။
"ဒီေန႔လဲ ငါ့သူငယ္ခ်င္းဆီပဲသြားအိပ္ေတာ့မယ္.."
"အာ..ဂြၽန္ကအဲ့လိုေျပာတာမဟုတ္ပါဘူး အဖြားကလဲ.."
"ဟင့္! က်ေနာ္..က်ေနာ္ေတာင္းပန္ပါတယ္..အီးးးဟီးးး!"
အဖြားကေအာ္လိုက္ေတာ့ ထိုကေလးကငိုေလၿပီ။ သူ႔မွာ ရင္ခြင္ထဲကငိုေနသည့္ ဂြၽန႔္ေၾကာင့္ အဖြားအားအျမန္ျပင္ေျပာရေလသည္။ ေက်ာေလးအားပြတ္ေပးေနေပမဲ့ သူ႔ကိုဖက္ကာ အဆိုးေလးကေတာက္ေလ်ာက္ငိုေနေလသည္။
"အဖြားရယ္..ေက်းဇူးျပဳၿပီး"
"အဟမ္း! ဟိုကေလးငိုမေနနဲ႔ေတာ့..အဖြားကတိုင္းေျပာလိုက္တာ.."
"အီးးးဟီးးးဖြားးဖြားးး.."
ငို၍အဖြားဆီသို႔ေျပးသြားၿပီး အဖြားအားဖက္ကာ ငိုေနျပန္သည့္ဂြၽန္။ ေအာ္..ဒီကေလးႏွယ္။
"မငိုနဲ႔ေတာ့လို႔..အဖြားကသက္သက္ေျပာလိုက္တာပါ.."
"ဟင့္! တကယ္လားဟင္.."
"တကယ္ေပါ့ကြယ္..သြားသြား မင္းေမာင္နဲ႔ အခ်ိန္ေတြျဖဳန္းလိုက္ဦး..အဖြားက ရက္လည္သြားရဦးမယ္.."
"ဟင့္! ဟုတ္"
သူ႔အား ဖက္ထားရာကေနခြာတာေတာင္ ေပကပ္ေပကပ္နဲ႔ ထြက္သြားေလသည္။
"ဟိုကေလး..ငိုမေနနဲ႔ေတာ့ အဖြားကဒီတိုင္းးေျပာတာေနာ္.."
"ဟုတ္.."
အဖြားသည္ သူ႔အား မသြားခင္ေျပာသြားေလသည္။ သူသည္လဲထမင္းစားစားပိုင္းဝိုင္း၌ထိုင္လိုက္သည္။ မ်က္ရည္ေတြအားသုတ္ေနသည့္သူ႔ကို ေမာင္ကာ လက္ႀကီးပိုက္ကာ ရယ္ေနရဲ႕။
"ေမာင္ေနာ္.."
"ဟဟ..ကေလးလဲမဟုတ္ပဲ ငိုေနတယ္"
"မရယ္နဲ႔လို႔.."
"ဟုတ္ပါၿပီဗ်ာ..အခုေတာ့ မနက္စာစားရေအာင္.."
"အင္း.."
သူေရွ႕၌ ဟင္းခ်ိဳပန္းကန္လာခ်ေပး၍ေမာင္က ၀င္ထိုင္ေလသည္။ သူသည္လဲ ဗိုက္ဆာေနၿပီျဖစ္တာေၾကာင့္ အေရွ႕ကအစားကိုသာ ရန္ရွာၿပီးစားေနလိုက္သည္။
"ဖုန္းလာတယ္..ေမာင္သြားကိုင္လိုက္ဦးမယ္.."
"အြန္းအြန္းး"
အစားကိုပလုတ္ပေလာင္းစားေနသည့္ဂြၽန႔္ေၾကာင့္ သူ႔မွာအသဲတယားယားျဖင့္ ထြက္သြားရ၏။
ထမင္းတို႔ေကာ ဟင္းတို႔ေကာ ကုန္သြားေလၿပီ။ သို႔ေသာ္ ေမာင္ကေတာ့အေပၚကေနဆင္းမလာေသးေပ။သူလဲ ပန္းကန္ေတြအားေဆးေနလိုက္သည္။ ပန္းကန္ေတြေဆးေနရင္းေမာင္သည္ ေအာက္သို႔ဆင္းလာ၍ ထမင္းစားဝိုင္း၌ထိုင္ေနသည္။ သို႔ေသာ္ ခုနကဲ့သို႔ ေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာေတာ့မဟုတ္။
သူလဲ လက္ကေရေတြကို အ၀တ္ႏွင့္သုတ္ၿပီးေမာင့္ေဘးသို႔၀င္ထိုင္လိုက္သည္။
"ဘာလို႔လဲဟင္ေမာင္..မ်က္ႏွာလဲမေကာင္းပါလား.."
"ဂြၽန္.."
"အြန္း..ဘာလို႔လဲ.."
"ေမာင္တို႔ဒီေန႔ညေနျပန္ရမယ္..ညေနက်႐ုပ္ရွင္ပြဲရွိတယ္..ေမာင့္ဇာတ္ကားတင္မွာ.."
"ဒါမဲ့..ငါတို႔တစ္ပါတ္ေနမယ္ေျပာထားတယ္ေလ.."
"ဂြၽန္ရယ္ေမာင္လဲမျပန္ခ်င္ပါဘူး..ဒါမဲ့အခုဟာက အေရးႀကီးတယ္ေလ.."
ေမာင့္စကားတို႔ေၾကာင့္ သူစိတ္တို႔အလိုမက်ေတာ့။ မဟုတ္ဘူး။အလိုမက်တာမဟုတ္ဘူး။အၿမဲအလုပ္နဲ႔ယွဥ္လာရင္ သူ႔ကိုဦးစားမေပးတာကို မႀကိဳက္တာ။
"အင္းပါ..ျပန္ၾကတာေပါ့..ေမာင့္အလုပ္က အေရးႀကီးေနတာပဲကို.."
"စိတ္မခုေစခ်င္ဘူးေနာ္ဂြၽန္.."
"ငါစိတ္ခုတယ္လို႔မေျပာပါဘူး..ေမာင္ျပန္မယ္ဆို အဖြားကိုဖုန္းဆက္လိုက္ေတာ့မယ္.."
စကားလမ္းေၾကာင္းလႊဲၿပီး အေပၚထပ္ကိုတက္ခဲ့လိုက္သည္။ အ၀တ္လွဲခန္းထဲ၌ဖုန္းေလးယူ၍ ထိုင္ေနမိသည္။ တံခါးအားလဲ ေလာ့ခ်ထားမိေသးသည္။
"ဂြၽန္..."
"ငါအ၀တ္လွဲမို႔.."
"အင္းအင္း.."
တကယ္ေတာ့ ဘာအ၀တ္မွမလွဲေသာသူပါ။ ငုတ္တုတ္ေလးထိုင္ၿပီး ေတြေဝေနမိသည္။ ဖုန္းေလးအားကိုင္ၿပီး ဒူးေလးေထာင္ကာ ထိုင္ေနမိတာ။ ဒီေန႔နဲ႔ဆို (၂)ရက္၊သူတို႔(၂)ရက္ပဲေနရေသးတာ။ ဘာလို႔ေမာင္က အၿမဲ သူ႔ဘက္ကိုမေတြးေပးရတာလဲ။ဘာလို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔အလုပ္ေတြကို ေမ့ၿပီးသူနဲ႔အတူမေနေပးႏိုင္ရတာလဲ။
မနက္ကေမာင့္ကို အတူတူေနမယ္လို႔ေျပာခဲ့တယ္။ ဒီေန႔ကေလးယူဖို႔အေၾကာင္းကို ေမာင္နဲ႔ေအးေဆးတိုင္ပင္ခ်င္တာေၾကာင့္ အတူတူေနဖို႔ေျပာခဲ့တယ္။ ဒါမဲ့အဲ့တာေတြက သဲထဲေရသြန္ ျဖစ္သြားေလၿပီ။
"ဂြၽန္..အက်ႌလွဲတာၾကာလွခ်ည္လား.."
စိတ္ထဲမွာဘာျဖစ္ေနရင္ဘာျဖစ္ေနတယ္ဆိုၿပီး မေျပာပဲ အၿမဲေရွာင္ေရွာင္ထြက္သြားတဲ့ဂြၽန႔္ကိုနားမလည္ႏိုင္ပါ။ ေမာင္ကမင္းေယာက်ာ္းမို႔ မင္းအားလုံးပြင့္လင္းလို႔ရတယ္။ ဒါမဲ့မင္းကဘယ္ေတာ့မွ မပြင့္လင္းဘူး။ အခုလဲ ေမာင့္ကိုမင္းစိတ္႐ူပ္ေအာင္ ထပ္လုပ္ေနသလားဂြၽန္။ ေမာင္ျဖင့္ မင္းကိုနားမလည္ႏိုင္ေတာ့ဘူး။
"အင္း.."
"ဘာလုပ္ေနတာလဲအထဲမွာ.."
"ထိုင္ေနတာ.."
သူေျပာလိုက္ေတာ့ ေမာင္ကသူ႔ကိုစိုက္ၾကည့္သည္။ လက္ကိုပိုက္လိုက္ၿပီးေမာင္က..
"ဘာျဖစ္ေနတာလဲ..ဟင္ မင္းဘာျဖစ္ေနတာလဲ..ေမာင့္ကိုပြင့္လင္းစမ္းပါ..မင္းဘာေတြျဖစ္ေနလဲဆိုတာ ေမာင့္ကိုပြင့္လင္းစမ္းပါ.."
"ေမာင္နဲ႔မဆိုင္ဘူး.."
"ဘာ.."
ဂြၽန္က သူ႔ကိုထိုစကားသာေျပာၿပီး ထြက္သြားေလသည္။ ေမာင္နဲ႔မဆိုင္ဘူး။ ငါနဲ႔ဆိုင္ဘူးဆိုေတာ့..ဟာကြာ!
ပါးေစာင္ကိုလွ်ာႏွင့္ထိုးထားမိရင္း လက္သီးကိုဆုပ္ထားမိသည္။ အခုခ်ိန္မွာ သူထၿပီးေျပာလိုက္ရင္ ႏွစ္ေယာက္လုံး ျပသနာျဖစ္သြားးမွာအမွန္။ ဂြၽန္ကေတာ့ ဘာမွမေျပာပဲ အခန္းထဲကပစၥည္းေတြကို ေသခ်ာ ျပန္ရွင္းလင္းေနသည္။
"ဒုန္း! "
တံခါးကို ေစာင့္ကာပိတ္သြားၿပီး ထြက္သြားေသာေမာင္။ ေမာင္ထြက္သြားမွ ထိုတံခါးအားသူျပန္ၾကည့္မိသည္။
"ငါ့အေပၚမွာဆို ဘယ္ေတာ့မွ စိတ္မရွည္တဲ့ေမာင့္ကို စိတ္ကုန္တယ္..."
အခန္းအားေသခ်ာျပန္ရွင္းေပးခဲ့ေလသည္။ ေပ်ာ္႐ႊင္မူဆိုတာလဲ တစ္ပါတ္ေတာင္မခံပါလား။ အလုပ္ေတြနဲ႔ယွဥ္လာရင္ ဂြၽန္ေဂ်ာင္ကု ဆိုတဲ့ငါကအၿမဲေနာက္ဆုံးပါလားေမာင္။ အဲ့ေလာက္ေတာင္ ငါ့ကိုခ်စ္တာကို။
"သြားမယ္.."
ခနေနေတာ့ အခန္းထဲသို႔ျပန္၀င္လာေသာေမာင္။ စားပြဲေပၚက နာရီကို၀တ္ရင္း ထိုတစ္လုံးထဲသာေျပာလာသည္။ သူ႔လဲစိတ္မၾကည္တာေၾကာင့္ေမာင့္အား ျပန္ေျပာမေနေတာ့။
"မင္းတို႔ကခ်က္ခ်င္းႀကီးကြယ္.."
"ဒီလိုပါပဲဖြားဖြားရင္..အလုပ္ေတြက အတူတူေနရဖို႔ထက္အေရးႀကီးတယ္ေလ.."
"မင္းစကားကို႐ြဲ႕မေျပာနဲ႔ဂြၽန္! အခုဟာကလဲ ႐ုပ္ရွင္ပြဲေတာ္မို႔ ျပန္တာ..! အေလလိုက္ဖို႔မဟုတ္ဘူး.."
"အိုကြယ္..သြားခါနီးလာခါနီးကို ရန္ျဖစ္ေနၾကျပန္ၿပီ.."
"ဟူး..အဖြားက်ေနာ္ ကားထဲကပဲေစာင့္ေနလိုက္ေတာ့မယ္.."
"ေအးေအးသြား.."
ေမာင္က သက္ျပင္းခ်၍ကားထဲသို႔အရင္သြားႏွင့္ေလသည္။ ေအာက္ႏူတ္ခမ္းကို စိတ္ဆိုးလြန္းလို႔ ကိုက္ထားမိသည္။ ဒါကိုအဖြားကသတိထားမိဟန္။
"ဂြၽန္ရယ္...မင္းေမာင္က မင္းကိုသိပ္ခ်စ္တာပါအခုဟာကလဲ အရမ္းအေရးႀကီးလို႔ေနမွာပါ.."
"ဟုတ္က်ေနာ္ကပဲ နားလည္ေပးလိုက္ပါ့မယ္.."
"အဲ့လိုလုပ္ပါကြယ္..လမ္းမွာလဲ ရန္ျဖစ္မေနနဲ႔ဦးေနာ္.."
"ဟုတ္ က်ေနာ္သြားေဝာာ့မယ္ေနာ္.."
"ေအးေအးသြား!ဂ႐ုစိုက္ၾကဦး.."
ထို႔ေနာက္အဖြားအားႏူတ္ဆက္ရင္း ထိုကားေလးသည္ အရင္ကေနခဲ့ေသာ အိမ္သို႔ျပန္ေရာက္လာသည္။
"ညေနက် ဂြၽန္ပါလိုက္ရမယ္.."
"ငါမလိုက္ခ်င္ဘူး.."
"လိုက္ရမွာမင္းတာ၀န္ပဲ ေမာင္ဘာစကားမွ ထပ္မေျပာခ်င္ဘူး.."
ထိုစကားကိုေမာင့္က ရင့္သီးစြာေျပာရင္း အိမ္ထဲသို႔အရင္၀င္သြားေလသည္။ တာ၀န္အရေပါ့။ ငါကတာ၀န္အရလိုက္ရတာေပါ့ေလ။ဟုတ္လားေမာင္။ ဘာလဲ။ ငါ့ကိုလက္ထက္ထားတာလဲ တာ၀န္အရပဲလား။
"ငါ့ကိုတစ္ျဖည္းျဖည္းစိတ္ကုန္လာေအာင္လုပ္ေနတာ "
ဟုတ္ပါသည္။ ထိုသို႔ပြဲေတြဆို သူမလိုက္ခ်င္ဘူး။ဘာလို႔ဆို မ်က္လုံးေတာင္ဖြင့္လို႔မရေအာင္ ကင္မရာေတြရဲ႕မီးကိုမခံႏိုင္လို႔။ နားမလည္သူေမာင္ကေတာ့ တာ၀န္တဲ့ေလ။
"ငါ့ကိုနားမလည္ေပးေသာေမာင့္ကို ငါဘယ္လိုေတာင္ လက္ထက္ခဲ့မိတာပါလိမ့္.."
စကားကိုခ်ိဳသာစြာေျပာေနလ်င္မရ။အၿမဲဘုကန႔္လန႔္ေျပာလြန္းေသာ ဂြၽန႔္ကိုတာ၀န္အရဆိုၿပီး ပိတ္ခဲ့လိုက္သည္။ ဟုတ္ပါသည္။ မလိုက္ခ်င္လဲလိုက္ရမွာပဲ။ ဒါဟာ ကိုယ့္ေယာက္်ားရဲ႕အလုပ္ကို ျဖည့္ေပးရမွာ အိမ္ေထာင္ဖက္ရဲ႕တာ၀န္မဟုတ္သလား။
ကိုယ့္ေယာက္်ားက ဆိုင္ဖြင့္ထားရင္ ကူညီရမွာကိုယ့္တာ၀န္။ ကိုယ့္ေယာက္်ားက ႐ုပ္ရွင္မင္းသားတစ္ေယာက္ျဖစ္ရင္ သူႏွင့္အတူ ပြဲေတြအတူတက္ေပးရမွာ ကိုယ့္တာဝန္။ဘာလို႔အဲ့ေလာက္ေတာင္ နားမလည္ႏိုင္ရတာလဲဂြၽန္က။
ထို႔သို႔ျဖင့္ တင္းမာေနေသာ မ်က္ႏွာထားေတြႏွင့္ ထိုစုံတြဲေလးဟာ ႐ုပ္ရွင္ပြဲေတာ္သို႔ေရာက္လာပါၿပီ။
ဂြၽန္က မိုးျပာေရာင္အက်ႌကို အနက္ေရာင္ဂ်င္းေဘာင္းဘီႏွင့္တြဲ၀တ္ထားေလသည္။ အျဖဴေရာင္ နားဆြဲတန္းလန္းေလးကလဲ အသင့္အတင့္လိုက္ဖက္လ်က္။ နားထက္အုပ္ေနေသာ ဆံပင္ေလးကလဲ မိန္းကေလးေတြအ႐ူံးေပးရသည္အထိ။ ထို႔အျပင္ မနီမရဲေသာ ေဆးကာလာေလးကလဲ သိပ္ကိုလိုက္ဖက္ေနလြန္းပါသည္။
သို႔ေသာ္ တင္းမာေနေသာ မ်က္ႏွာထားႏွင့္ထိုအလွအပေတြက လုံး၀မလိုက္ဖက္စြာ။ ကားေမာင္းေနရင္း ေဘးကဂြၽန႔္အား လွည့္လွည့္ၾကည့္မိသည္။
ဘယ္ေလာက္ပဲ အနီးကပ္ျမင္ဖူးပါေစ။
လွလြန္းလို႔ ခိုးခိုးၾကည့္မိပါသည္။
ေဟာ..ေတြ႕လား။ လွျပန္ၿပီ။
မ်က္ႏွာအားကားမွန္ဘက္ကို လွည့္သြားသည္ေၾကာင့္ ရမ္းခါသြားေသာနားဆြဲေလးသည္ လွလြန္းလို႔ တစ္ဆုံးေငးၾကည့္ေနမိသည္။
ကားေလးလဲေမာင္းရင္း၊ေဘးကအပိုင္ေလးလဲ ခိုးၾကည့္ရင္းအလုပ္႐ူပ္ေနမိပါေတာ့သည္။ အခုလိုက်ေတာ့လဲ မေနႏိုင္စြာ ေခ်ာ့ခ်င္မိပါေရာ။ေနႏိုင္သူဂြၽန္ကေတာ့ လွည့္ေတာင္မၾကည့္ေပ။
*ဟားးဟားး သူဘက္ကသာ မဆြဲရင္ျပတ္သြားမဲ့ဆက္ဆံေရးႀကီးပဲ..*
သူကိုယ္သူစိတ္ထဲကေတြး၍ ရယ္မိျပန္ပါေရာ။ ေခါင္းကိုရမ္းလိုက္၍ ကားကိုသာအာ႐ုံစိုက္ၿပီးေမာင္းလာလိုက္သည္။
အေတာ္ၾကာေတာ့ မီးေရာင္စုံႏွင့္လွပေနပါေသာ ထိုပြဲႀကီးသို႔ေရာက္ေလၿပီ။
"ဂြၽန္.."
"အင္း.."
ကားေပၚက ဆင္းေတာ့မည္ဂြၽန႔္အား လက္ကေနလွမ္းဆြဲေတာ့ သူ႔ကိုလွည့္ၾကည့္သည္။
"ၿပဳံးၿပဳံးေလးေန.."
"တာ၀န္အရေနေပးမွာမို႔ စိတ္မပူပါနဲ႔.."
"အင္း..ဘယ္လိုပဲေနေန ၿပဳံးထားဖို႔ မေမ့ပါနဲ႔.."
ဂြၽန္က ဘာမွမေျပာပဲဆင္းသြားေလသည္။ ကားေပၚကက်န္ခဲ့ေသာ သူကေတာ့ သက္ျပင္းခ်၍သာ။ ဘာလို႔မ်ားသူ႔ခ်စ္သူက သူ႔စိတ္ကို နားမလည္ေပးႏိုင္ရတာလဲ..။
ေမာင္က ကားေပၚကေနဆင္းလာေလသည္။ အနက္ေရာင္ ကုတ္အရွည္ႀကီးႏွင့္ဆံပင္ကိုလွန္တင္ထားေသာေမာင္က မိုက္ေနတာထက္ကို ပိုျပန္ပါေရာ။ကားေဘး၌ရပ္ထားေသာ သူ႔ဆီသို႔ေမာင္ကလာသည္။
အနားသို႔ေရာက္ေတာ့ အေနာက္ကေန ခါးကိုဖက္ေလသည္။ ထို႔သို႔ဖက္ရင္းကပင္။
"သြားၾကမယ္.."
ေမာင္ဒီလိုဖက္ထားေတာ့လဲ သူရဲ႕မသိစိတ္က ေက်နပ္ျပန္ပါေရာ။သူက ေမာင့္ရဲ႕အပိုင္ပါဆိုတာ လူအမ်ားၾကားထဲမွာအဲ့လိုျပရင္ သူကိုယ္သူ ေပ်ာ္သည္။ ေမာင့္အပိုင္ဆိုသည့္အသိက သူကိုယ္သူ ေပ်ာ္မဆုံးျဖစ္၍ ဂုဏ္ယူရဆုံး။
"မင္းသားကင္မ္ေရာက္လာၿပီ.."
သူတို႔၀င္လာသည္ႏွင့္ သူတို႔ေရွ႕သို႔ၿပဳံၿပီး ေရာက္လာသည့္ ကင္မရာသမားတို႔။ ႐ိုက္လြန္းေသာ ထိုကင္မရာေတြၾကား မ်က္ေတာင္တစ္ခ်က္မခတ္ေသာ ေမာင္သည္ အံ့ဩစရာ။ သူ႔မွာေတာ့ ထိုမီးထိုးဒဏ္ေတြကို မခံႏိုင္စြာ မ်က္စိေတြပင္ႀကိမ္းလာရသည္။ ဒါကိုေမာင္ကရိပ္မိဟန္။
"က်ေနာ့္အိမ္သူက ကင္မရာရဲ႕မီးထိုးဒဏ္ကိုမခံႏိုင္တာမို႔ ခြင့္ျပဳပါဦး.."
"မင္းသားကင္မ္ရဲ႕ အိမ္သူကအေခ်ာေလး!*
"လိုက္ဖက္ေနေရာဗ်ာ! ႏွစ္ေယာက္လုံးကအေခ်ာေလးေတြ!"
ကင္မရာသမားေတြဆီက ထိုသို႔ၾကားေတာ့ႏွစ္ေယာက္လုံးမွာ ကိုယ္စီအၿပဳံးေတြျဖင့္။
××××××××××××
ေမာင္သည္ ပြဲထဲေရာက္ေတာ့ သူ႔ကိုထားခဲ့ကာ ဘယ္သြားမွန္းမသိ။ ဘာမွလဲေျပာမသြားေသာေမာင့္ေၾကာင့္ နဂိုထဲကမၾကည္ေသာစိတ္ေတြက ျပန္ထလာေလသည္။
"အာ့! "
အေနာက္သို႔အလွည့္တိုက္မိသြားေသာေၾကာင့္ သူ႔မွာလွန္က်မလိုျဖစ္သြားေလသည္။ သို႔ေသာ္ အေရွ႕ကထိုလူက သူ႔ကိုခါးကေနျပန္ဆြဲကာ ထိန္းထားေလရဲ႕။
သူ႔မွာ ထိုအေျခေနကေန လန႔္လြန္းလို႔ အသက္ေတာင္ မနည္း႐ူမိပါရဲ႕။ ထိုလူသည္အခုထိ သူ႔ကိုခါးကေနဖက္ထားတုန္းပင္။
"ဟင္..အကို"
"ဂ႐ုစိုက္ေလကြာ..ဘယ္လိုလုပ္.."
ထိုဖက္ထားတဲ့အခ်ိန္ အနားသို႔႐ုတ္တရက္ေရာက္လာေသာေမာင္။ ေမာင္ကထိုလူ႔လက္ထဲက သူ႔ရဲ႕ခါးသိမ္သိမ္အားဆြဲယူလိုက္သည္မို႔ သူ႔မွာ ေမာင့္ရင္ခြင္ထဲသို႔ အင့္ခနဲ။ လက္ႏွစ္ဖက္ကလဲ အရန္သင့္ ရင္ဘတ္ေပၚသို႔ က်ေရာက္သြားေသးသည္။
သူ႔လဲ ေမာင့္ရင္ခြင္ထဲသို႔ မွီရင္းတိုးတိုးေလးေျပာလိုက္ေပမဲ့ ေမာင္ကသူ႔စကားေတာင္ ဆုံးေအာင္ နားမေထာင္ေခ်။
"ေမာင္..ေမာင္ထင္သလို..မဟုတ္"
"ငါ့အပိုင္ကို ခါးကေနေတာင္ ဖက္လိုက္တာလား ေဆာ့ဂ်င္ရွီး.."
#𝑣𝑖𝑜𝑙𝑎_𝐾𝑖𝑚
.................................................
Thank you for reading 🌟