I hate that ' I love you '

By geum_ie

14.3K 1.6K 519

ကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021 More

Part : 1 💘
Part : 2 💘
Part : 3 💘
Part : 4 💘
Special Part 💘(A)
Special Part 💘 (B)
Part : 5 💘
Part : 6 💘
Part : 7 💘
Part : 8 💘
Not Update
Part : 9 💘
Part : 10 💘
Part : 11 💘
Part : 12 💘
Part : 13 💘
Part : 14 💘
Part : 15 💘
Taegi Oneshot
Part : 16 💘
Part : 17 💘
Part : 18 💘
🤪
Part : 19 💘
Part : 20 💘
Part : 21 💘
Part : 22 💘
Part : 23 💘
Part : 24 💘
Part : 25 💘
Part : 26 💘
Part : 27 💘
Part : 29 💘
Part : 30 💘

Part : 28 💘

366 50 10
By geum_ie

" Jungkook! ဟုတ်တယ်မလား "

ကျောင်းခန်းမအတွက် ဝယ်ရမယ့် soundbox နဲ့ တခြားတိုလီမုတ်စ ပစ္စည်းတွေကိုလိုက်ကြည့်နေတုန်း ကြားလိုက်ရတဲ့ ရင်းနှီးပြီးသားအသံတစ်ခုကြောင့်လှည့်ကြည့်မိလိုက်တဲ့အခါ Jungkook ရဲ့ နဖူးပေါ်က အရေပြား တစ်ချို့အနည်းငယ် တွန့်ကျိုးသွားကြသည်။ အလာကြီးလာခဲ့ရတဲ့ ဆိုးလ်မြို့မှာ အကြာကြီးနေမှ ပြန်တွေ့ရတဲ့သူက ဒီလူဖြစ်နေတယ်ဆိုတာ နည်းနည်းတော့မလွန်လွန်းဘူးလား။

" အစ်ကိုကြီး Park "

" တကယ်ဟုတ်နေတာပဲ Jungkook... ငါမင်းကိုတွေ့ချင်နေတာ "

ဆိုးလ်ကိုရောက်လာတော့ တစ်ယောက်ယောက်နဲ့ တွေ့ချင်စိတ်‌တွေတော့ ဖြစ်မိပါရဲ့။ Jimin ကိုပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် Hoseok Hyung ကိုပဲဖြစ်ဖြစ်ပေါ့။ အစွန်းစွန်ဆုံး ဒါရိုက်တာကြီးကိုပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အစ်ကိုကြီး Park နဲ့တွေ့ချင်စိတ်ကတော့ လုံးဝမရှိနေပါ။

" အသိလား Jungkook "

" မဟုတ်ပါဘူး "

ဘေးကသူငယ်ချင်းရဲ့မေးခွန်းကို Jungkook က ခပ်တည်တည်ပဲ ဗြောင်ငြင်းလိုက်သည်။ အစ်ကိုကြီး Park ရဲ့မျက်နှာက ကွက်ခနဲပျက်သွားတာကိုကြည့်ပြီး သူနည်းနည်းကျေနပ်သွားသည်။

" ရှေ့ကဆိုင်ကိုသွားရအောင် "

" အင်း သွားမယ် "

Jungkook က လှည့်မကြည့်တော့ဘဲ ထွက်သွားလိုက်သည်။ အစ်ကိုကြီး Park ကို လက်ခံစကားပြောရင် ဘာစကားတွေပြောဦးမှာလဲဆိုတာကို သူသိနေပါသည်။ ကိုယ်ဖြစ်ချင်တာကိုသာ ဇွတ်အတင်းဖြစ်အောင်လုပ်တတ်တဲ့သူဆီကနေ သူ့လုပ်ရပ်က ဘယ်လောက်မှန်ကန်ကြောင်း အခုဆို Jimin ဘဝက ဘယ်လိုကောင်းစားနေပြီဖြစ်ကြောင်းတွေကိုတော့ သူတကူးတက နားမထောင်ချင်တော့ပါ။

ဆိုင်မှာပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုမေးမြန်းနေတုန်း  Jungkook က အပြင်ဘက်ကို မသိမသာ အကဲခတ်ကြည့်သည်။ အစ်ကိုကြီး Park က အခုထိ မသွားသေးဘဲ ဆိုင်နဲ့မလှမ်းမကမ်းနားမှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကြောင့် သူနည်းနည်းတော့ စိတ်ထဲထင့်သွားမိသည်။

ဒါပေမဲ့ အစ်ကိုကြီး Park က သူ့ကိုတွေ့တယ်ဆိုတာနဲ့ Jimin ကို ဝမ်းသာအားရအကြောင်းကြားပေးမယ့်သူမျိုးလား။ ဝေးပါသေးတယ်။ သူစိတ်ထင့်ရ‌ခြင်းမှာ ဘာတွေကြံစည်နေပြန်တာလဲဟု တွေးမိခြင်းကြောင့်ဖြစ်ပါသည်။

တစ်ဆိုင်ကနေ နှစ်ဆိုင်ကူးပြီးတဲ့နောက်မှာတော့ အစ်ကိုကြီး Park မရှိတော့သည့်အပြင် ဘာထူးထူးဆန်းဆန်းမှလည်း မရှိနေသဖြင့် သူနည်းနည်းစိတ်အေးလက်အေးဖြစ်သွားသည်။ ပစ္စည်းတွေ ကားပေါ်တင်ပြီးမှ ဒီအကြောင်းကို Min PD ဆီဖုန်းဆက်ပြောရမယ်ဟု ‌သူတွေးနေလိုက်သည်။

" ကားက ဟိုဘက်အပြင်မှာ...ကားဆရာကြီးကို မင်းသွားခေါ်ထားနှင့်မလား ငါပစ္စည်းသယ်လာတဲ့လူတွေကို လမ်းပြလိုက်မယ် "

" အေး ရတယ် "

Jungkook က ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ ဈေးကြီးရဲ့ အနောက်ဘက်အပေါက်က ကားတွေရပ်ထားသည့်နေရာဆီသို့လျှောက်လာသည်။ ပစ္စည်းသယ်တဲ့ကားတွေက ရပ်ထားကြတာအများကြီးမို့ သူတို့ကားနံပါတ်ကို မနည်းလိုက်ရှာနေရပါသည်။

" ရှာတွေ့ပြီ! "

ဒီစကားက Jungkook ပြောလိုက်ခြင်းမဟုတ်ပါ။ မြန်ဆန်လွန်းစွာ Jungkook ရဲ့ဘေးကိုရောက်လာတဲ့ တစ်ချိန်က သူရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ခပ်ဖူးဖူးနှုတ်ခမ်းလေးတွေက ပြောလာခြင်းဖြစ်သည်။

" Koo "

" Jimin!! "

အစ်ကိုကြီး Park ကိုတွေ့တုန်းက ဘယ်လိုမှမနေပေမဲ့ Jimin ကိုတွေ့လိုက်တဲ့အခါ သူထွက်ပြေးချင်စိတ်တွေပေါက်သွားမိသည်။ တစ်ခါမဟုတ် တစ်ခါမှာတော့ သူ့စိတ်သူအဆင်သင့်ပြင်ပြီး Jimin ကိုလာရှာမယ်လို့ စိတ်ကူးထားတာရှိပါသည်။ ဒါပေမဲ့ အခုအခြေအနေကတော့ ရုတ်တရက်ဆန်လွန်းနေတာကြောင့် သူကြောင်အစွာရပ်နေမိသည်။

" ဘာမှမပြောတော့ဘူးလား "

" ..... ငါ ဘာပြောရမလဲ "

" မင်းက အရင်အတိုင်းပဲ "

Jimin ကတော့ တစ်နှစ်အတွင်းမှာ အများကြီးပြောင်းလဲသွားပုံရပါသည်။ အရင်ကလို ခပ်ရွှင်ရွှင်မျက်လုံးတွေနှင့် ပေါ့ပေါ့ပါးပါး လေယူလေသိမ်းလေးက မပြောင်းလဲသော်လည်း Jimin ရဲ့ဝတ်ပုံစားပုံကိုကြည့်ရသလောက် လူကြီးတစ်ယောက်ဖြစ်စပြုနေပြီဆိုတာကို သူခံစားမိလိုက်သည်။

" အချိန်ရလား ငါ့မှာတော့ ပြောစရာတွေ သိပ်များတယ် "

သူစဉ်းစားနေပုံကိုကြည့်ပြီး Jimin က ခပ်ဟဟလေးပြုံးသည်။ ထိုအပြုံးလေးကို မလွမ်းမိပါဘူးလို့တော့သူမညာချင်ပါ။ ဒါပေမဲ့ တစ်နှစ်အတွင်းမှာ အနည်ထိုင်စပြုနေပြီဖြစ်တဲ့ သူ့ခံစားချက်တချို့ကို ပြန်ပြီးနောက်ကျိအောင် လုပ်သင့်ရဲ့လားလို့တော့ သူ‌တွေးနေမိသည်။

" ငါ ကားလိုက်ရှာပြီး ပစ္စည်းတွေတင်ပေးလိုက်ဦးမယ် "

" ခဏစောင့်လို့ရလား "

Jimin က ခေါင်းငြိမ့်ပြလိုက်သည်။ ကားရှာဖို့ထွက်သွားပြီဖြစ်တဲ့ Jungkook ရဲ့ကျောပြင်လေး တဖြေးဖြေးဝေးသွားတာကိုကြည့်ရင်းမှ သူခပ်တိုးတိုးရေရွတ်လိုက်သည်။

" တစ်နှစ်တောင် စောင့်ပြီးပြီပဲ Koo ရယ် "

#...💘...#

ရှုတင်ကနေ ဒုန်းစိုင်းပြေးထွက်လာတဲ့ မင်းသားက အပြင်မှာ အဆင်သင့်စောင့်နေတဲ့ ကားဆရာလက်ထဲကသော့ကို လှမ်းဆွဲလိုက်သည်။ ကားဆရာက ကြောင်နေတုန်းမှာပဲ နောက်ကလိုက်ထွက်လာတဲ့ သူ့မန်နေဂျာက မင်းသားကို အလျင်အမြန်တားလိုက်သည်။

" မင်းသား မဖြစ်ဘူး "

မင်းသားက နားထောင်ဖို့စိတ်ကူးရှိပုံမပေါ်ဘဲ ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ပြီးဖြစ်သည်။ မင်းသားရဲ့ ကိုယ်ပိုင်ဖုန်းက တဒွီဒွီနဲ့မြည်နေတာကြောင့် ရှုတင်ခဏနားတဲ့အချိန်မှာ ဖုန်းသွား‌ပေးမိခြင်းအပေါ် မန်နေဂျာကြီးမှာ ချက်ချင်းနောင်တရသွားမိသည်။

" မန်နေဂျာ Hyung အကူအညီတောင်းပါတယ် ကြည့်ကြပ်ဖြေရှင်းထားလိုက်ပါ ကျနော့်ကိစ္စက အရမ်းအရေးကြီးနေလို့ "

" ဘယ်ကိုသွားမလို့လဲ ကားဆရာနဲ့သွားပါ...မင်းစိတ်လှုပ်ရှားနေပုံပေါ်နေတယ် Taehyung ကားမောင်းဖို့မကောင်းဘူး "

ကားစက်နှိုးသံနဲ့ မန်နေဂျာ Hyung ရဲ့တားမြစ်သံတွေရောသွားသည်။ သူ့မှာ ဆွဲနေဖို့အချိန်မရှိပါ။ ပထမ Jimin ရဲ့ရုံးခန်းမှာ Jungkook ရောက်နေတယ်ဆိုတာကိုကြားတော့ သူမတ်တပ်ထရပ်လိုက်သည်။ ဒုတိယ Jeju ကအိမ်မှာ Yoongi ရောက်နေပြီဆိုတာကိုသိလိုက်ရတဲ့အခါ သူအခုလိုထွက်လာခဲ့လိုက်ပြီဖြစ်သည်။

စိတ်လှုပ်ရှားနေတာ‌ကြောင့် ကားကိုမဆင်မခြင်မောင်းမိတာက တစ်ခေါက်ဆို လုံလောက်ပါပြီ။ အဲ့ဒီရဲ့ အကျိုးဆက်တွေကို ခံလိုက်ရတာကလည်း တစ်နှစ်ဆိုလုံလောက်ပြီ။ ဒီအချိန်က တိတိကျကျလုပ်ရမယ့်အချိန်မို့ စိတ်ပူစရာမရှိအောင် ကားကို သူသေချာမောင်းမှာပါ။ ပြီးတော့ တစ်ယောက်သောသူကိုလည်း သေချာပြန်ခေါ်လာခဲ့တော့မှာ။ 

" Boss Jin...Jeju ကိုသွားဖို့ air ticket လိုချင်တယ် "

လေဆိပ်ကို ဦးတည်နေရင်းနဲ့ပဲ Boss Jin ကို အပူကပ်ရသည်။ လိုအပ်ရင်လိုအပ်သလို ခရီးတွေထွက်နေရတာမို့ air ticket ကိုခပ်မြန်မြန်ရနိုင်မယ့် နည်းလမ်းတွေ Boss Jin ဆီမှာရှိပါသည်။ နောက် ၁၀ မိနစ်လောက်နေတော့ first class ticket တစ်စောင် ဖုန်းထဲဝင်လာသည်။ လေယာဉ်ထွက်ချိန်ကလည်း သိပ်စောင့်စရာမလိုတဲ့အချိန်ကိုက်။ ဒီလောက်ဆိုရင် သူ့ကို ကံကြမ္မာက မျက်သာပေးလိုက်ပြီလို့ ယူဆလို့ရပြီမလား။

" ဟူး "

အလျင်လိုနေတဲ့စိတ်ကြောင့် မီးပွိုင့်တစ်ခါမိတိုင်း သူလေပူတွေ တစ်ခါမှုတ်ထုတ်နေမိသည်။ လီဗာကို အတင်းဖိဖိနင်းချင်နေတဲ့ စိတ်ကိုလည်း ထိန်းချုပ်ရသလို တလှပ်လှပ်တုန်နေတဲ့ ရင်တွင်းက လှုပ်ရှားမှုကိုလည်း ချိုးနှိမ်ထားရသည်။ Min PD ရောက်ရောက်ခြင်း လှမ်းအကြောင်းကြားဖော်ရတဲ့ ဆရာမဆီကိုလည်း ဖုန်းထပ်မဆက်မိအောင် တားရဆီးရသေးသည်။  

အတတ်နိုင်ဆုံး သူ့စိတ်ကို တည်ငြိမ်အောင်ထားပြီး အမှားအယွင်းမရှိအောင်လုပ်ရပါမည်။ တမင်တကာထွက်သွားတဲ့သူမို့ သူလာနေတယ်ဆိုတာသိရင် ထပ်ပြီးပျောက်ကွယ်ကောင်းပျောက်ကွယ်သွားနိုင်တယ်မဟုတ်လား။ အဲ့လိုအတွေးမျိုးတွေးရတာက ရင်နာဖို့တော့ကောင်းသည်။ ဒါပေမဲ့ သူ့အတွက်သူဆို ဘယ်တော့မှ ရင်မနာတတ်ခဲ့ပါ။ 

သူတကယ်ရင်နာရခြင်းမှာ သိသိသာသာပိန်ချုံးသွားတဲ့သူကို မြင်လိုက်ရတော့မှဖြစ်သည်။ ဘယ်သူ့ကိုမှ စိတ်မ‌ဝင်စားတတ်တဲ့ ခပ်ချေချေမျက်လုံးတွေက ဘာလို့အဲ့ဒီလောက် အရောင်တွေမှေးမှိန်နေရတာလဲ။ ရှိုက်သံရောနေတဲ့ အက်ကွဲကွဲခံစားချက်လေးတွေကို ဆုံးအောင် တိတ်တဆိတ်သာ နားထောင်ကြည့်ဦးမလို့ပါပဲ။ ဒါပေမဲ့ တိတ်တဆိတ်နေနိုင်စွမ်း မရှိတော့လို့သာ ကြားဖြတ်ဝင်ပြောမိလိုက်တာပါ။

အံ့အားသင့်သွားသည့် အချိန်ခဏပြီးသွားတာနှင့် ထင်သည့်အတိုင်းပင် သူထွက်ပြေးဖို့ကြိုးစားသည်။ ထွက်သွားခွင့်ပေးပါ Tae ဆိုတာကို ‌ဘာမှပြန်မပြောနိုင်တဲ့ သတိရတစ်ချက်လူနာမှမဟုတ်တော့တာပဲ။ ပျက်ယွင်းမှုမရှိသော ကျနော့်ရဲ့ ခြေလှမ်းတွေက သူ့ရဲ့နောက်မှာထပ်ကြပ်မကွာပါ‌နေခဲ့ပါသည်။ ကြံကမ္မာကအစ အားလုံးက ကျနော့်ဘက်မှာရှိနေပြီမို့ ဘာတွေကိုကြောက်နေရဦးမလဲ။

ပြေးရမယ်ဆိုတဲ့ မသိ‌စိတ်ကြောင့် အလိုလိုထွက်ပြေးမိပုံရသော သူ့ခြေလှမ်းတွေက တဖြည်းဖြည်းချင်း အရှိန်လျှော့လာတဲ့အခါ ပင်လယ်ကမ်းစပ်အနားတောင်ရောက်ခါနီးနေပြီဖြစ်သည်။ ရင်ဆိုင်မှဖြစ်တော့မယ်ဆိုတာကို သိသွားပုံပေါ်သွားသူက ကျနော့်ကို ပြန်လှည့်ကြည့်တဲ့အခါ သူ့စိတ်သူပြင်ဆင်ထားပြီးသလို အကြည့်တွေက စူးစူးရဲရဲ။

" ခုနပြောတာတွေက အမှန်မဟုတ်ဘူး "

" ဆရာကြီးသနားအောင် ငါလျှောက်ပြောနေတာ မင်းအထင်မှားမနေနဲ့ "

" မင်းဘာလို့ ရောက်လာတာလဲတော့ ငါမသိဘူး..အပြစ်တင်ဖို့ဆို မင်းကြိုက်သလောက်ပြောနိုင်တယ်...ငါကတော့ မတောင်းပန်နိုင်ဘူး...မင်းကို ထားခဲ့တဲ့အကြောင်းပြချက်ကို သိချင်လို့ဆိုရင်တော့ တစ်ခုပဲရှိတယ် ငါမင်းကို ဘယ်တုန်းကမှ မချစ်လို့ပဲ "

" မင်းဘဝနဲ့မင်း အဆင်ပြေနေတာတွေကို ငါမြင်တယ် အဲ့ဒီအတွက်လည်း ငါ ဝမ်းသာပါတယ် ငါလည်း ငါ့ဟာငါအဆင်ပြေနေပြီ...မင်းပြောချင်တာရှိရင်ပြောပါ...ပြီးရင်တော့ ဒီနေ့တွေ့တာ နောက်ဆုံးဖြစ်ပါစေ "

ဘယ်ကတည်းက ကြိုတင်လေ့ကျင်ထားမှန်းမသိသော စကားလုံးတွေကို မျက်နှာတစ်ချက်မပျက်ဘဲ ပြောနေတဲ့သူက မုန်းတတ်မယ်ဆိုရင် မုန်းချင်စရာအလွန်ကောင်းပါသည်။ ဒါပေမဲ့...။

" ပြောလို့ပြီးပြီလား ပြီးရင် အိမ်ပြန်မယ် "

လက်ကိုလှမ်းဆွဲလိုက်တော့မှ သူ့လက်ဖျားတွေက တုန်ရီအေးစက်နေမှန်းသိရပါသည်။ သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားကြတဲ့ အထိတ်တလန့်အရိပ်အယောင်တွေကို ကျနော်အခွင့်ကောင်းယူလိုက်သည်။

" မင်းသား Kim Taehyung ရဲ့ချစ်သူက ခင်ဗျားဆိုတာကို ချက်ချင်းလူသိရှင်ကြားဖြစ်သွားစေရင်တော့ ရုန်းပေါ့ "

ရုန်းဖို့အားယူပြီးသား သူ့လက်မောင်း‌တွေက ချက်ချင်းပြေလျော့သွားကြသည်။ ဒါပေမဲ့ ခြေလှမ်းတွေကတော့ ဆွဲခေါ်နေရာနောက်သို့ မပါလာဘဲ ရသလောက်ပေကပ်ဖို့အတွက် ဉာဏ်များနေပါသည်။

" အရင်ဆုံး ဆရာကြီးတို့အိမ်ကို ပြန်မယ်...ပြီးမှ ကျ‌နော်တို့အိမ်ကို ပြန်မယ်... ပေကပ်နေရင် ပွေ့ချီသွားရလိမ့်မယ်...အခုချိန်မှာ မလုပ်နိုင်တာမရှိဘူးဆိုတာ ခင်ဗျားသိထားပါ "

သူထင်ထားတဲ့ ကျနော့်ရဲ့ တုံ့ပြန်မှုတွေထဲ ဒီလိုပုံစံမျိုးပါပုံမရပါ။ ခဏလောက် သတိလက်လွတ်ဖြစ်သွားတိုင်း သူ့မျက်လုံးတွေက ဝိုင်းခနဲပါပဲ။ ဘယ်တုန်းကမှ လေသံမာမာနဲ့တောင် မပြောဖူးတာပဲလေ။ သူစိမ်းဆန်ဆန် ကျနော်တွေ ခင်ဗျားတွေနဲ့ ရင့သီးနေဖို့ဆိုတာ အဝေးကြီးပါ။ ဒါက တကယ်ကို မဖြစ်လွန်းလို့သာပါ။

အိမ်ရှေ့ရောက်တာနဲ့ ဆွဲထားတဲ့လက်ကို အတင်းရုန်းတာကြောင့် နာသွားမှာစိုးတဲ့စိတ်နဲ့ လွှတ်ပေးလိုက်ရသည်။ လက်တွဲပြီးပြန်လာတာကိုမြင်လို့ မျှော်လင့်ချက်အရောင်တောက်သွားတဲ့ ဆရာမရဲ့ အမူအရာတောင် နည်းနည်းပြန်ပြောင်းသွားသည်။

" ဆရာမ Min PD မှာ အဝတ်အစားတွေပါလား "

" ငါ့နောက်ကလိုက်ခဲ့ Kim Taehyung!! "

လိုအပ်တာထက်ပိုပြီး တင်းမာနေတဲ့သူ့ရဲ့အသံက အဆုံးစွန်ထိသွားတော့မယ်လို့ သတိပေးလိုက်သလိုပါပဲ။ ကျနော့်မေးခွန်းကို ပြန်ဖြေဖို့ပြင်နေတဲ့ဆရာမတောင် လန့်သွားသဖြင့် ဆရာကြီးနှင့်အတူတူ အိမ်ကြီးထဲပဲ ဝင်နှင့်ဖို့အတွက် ပြောလိုက်ရသည်။ ကျနော်ကတော့ သူဦးတည်နေတဲ့ အပြင်ဘက်က အခန်းငယ်တစ်ခုဆီသို့ လိုက်သွားဖို့ပြင်ရပါသည်။

သူက သမုဒ္ဒရာအနက်အထိခုန်ဆင်းမည်ဆိုလျှင် ကျနော်ကလည်း သူ့ကို ‌ကောင်းကင်အစွန်အဖျားအထိ ပြန်ခေါ်လာဖို့ အဆင်သင့်ပြင်ထားသည်ဆိုတာကို သူသိဖို့ကောင်းသည်။

" မင်း ဘာဖြစ်ချင်နေတာလဲ!!! "

" ခင်ဗျားကို အိမ်ပြန်ခေါ်နေတာလေ "

" ဘယ်အိမ်ကို ပြန်ခိုင်းနေတာလဲ ငါ့အိမ်က ဘယ်တုန်းကမှ မင်းမဟုတ်ဘူး ငါဘယ်တော့မှ မင်းဆီပြန်မလာဘူး မင်းမရှက်တတ်ဘူးလား!! မနာတတ်ဘူးလား!! "

" ဒီလောက်အထိလုပ်မှဖြစ်မှာလား ခင်ဗျားရဲ့စကားတွေက ယုံချင်စရာ တစ်ကွက်မှမရှိဘူး "

" ငါလျှောက်ပြောနေတာ တစ်ခုမှမရှိဘူး!! ငါတို့ဇာတ်လမ်းက ပြီးတာဖြင့်ကြာလှပြီ မင်း အခုမှ ဘာတွေလာဖြစ်နေတာလဲ!! "

" ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ ဟမ်! ကြည့်စမ်း ကျနော့်ကို သေချာကြည့်စမ်းပါ!! တရား၀င်လက်ထပ်ထားတာသာမရှိတာ ကျနော်က ခင်ဗျားရဲ့ယောကျာ်းပဲ...အမှိုက်တစ်စလို လွှင့်ပစ်ချင်တိုင်း ပစ်လို့ရတဲ့သူမဟုတ်ဘူး!!! "

" ပစ်တော့ဘာဖြစ်လဲ!!!! မင်းက ငါ့အတွက် အဲ့လိုလူပဲ... ယောကျာ်းဟုတ်လား ရယ်စရာကောင်းလိုက်တာစောက်ရေးမပါတဲ့ ခန္ဓာကိုယ်ချင်း ပတ်သက်မှုလောက်ကို... "

" ခင်ဗျားတော်တော့!!!!! "

လောင်စာများသာ ထပ်ထပ်အထည့်ခံနေရသော မီးတောက်ကြီးတစ်ခုနှယ် အရှိန်မသေနိုင်တော့သော စကားလုံးတွေကို နားထောင်နိုင်စွမ်းမရှိတော့တဲ့အဆုံးမှာ အော်ဟစ်ပစ်လိုက်သည်။ ကျနော့်အရှေ့က ကျောက်တုံးလေးကတော့ မျက်လွှာတစ်ချက်မချဘဲ ကျနော်ထင်ထားသည်ထက် များစွာသွေးအေးမာကျောလှပါသည်။ ကျနော် ခြေကုန်လက်ပမ်းကျနေပြီဆိုတာကို မြင်တဲ့အခါ သူနိုင်သွားပြီအထင်နှင့် ထပ်ထွက်သွားဖို့ သူ့ခြေလှမ်းတွေပြင်ပြန်သည်။

" ရပ်လိုက်!! "

" လွှတ်စမ်းငါ့ကို "

တင်းတင်းကြပ်ကြပ်‌ကလေး ဖက်ထားရင်တောင် မလုံလောက်နိုင်တဲ့အထဲ လူဆိုးဖမ်းသလို ဖမ်းချုပ်ဖက်ထားရတဲ့ အခြေအနေကြီးက တကယ်ကို စိတ်မသက်သာစရာကောင်းလှသည်။ ရုန်းကန်ဖို့ကြိုးစားနေပေမဲ့ တုန်ရီပူနွေးနေတဲ့ သူ့တစ်ကိုယ်လုံးကလည်း အားအင်များများစားစားရှိတော့သည်မဟုတ်ပါ။

" ဒါက အဖြေမှန်မဟုတ်ဘူးလေ....စိတ်ထဲက မပါတာတွေကို မပြောပါနဲ့လား အချစ်ရယ် "

" မင်းတော်တော်ပြောရခက်ပါလား!! ငါ့ကို လွှတ်စမ်းပါ!! "

" မတတ်သာချင်ယောင်ဆောင်ပြီး ဒီတစ်ခါပဲ ကိုယ့်ကို အရှုံးပေးလိုက်ပါကွာ ဒါဆို ကိုယ့်တစ်သက်လုံးထပ်ပြီး အနိုင်မယူတော့ပါဘူး "

ရင်ခွင်ထဲက တွန်းကန်အားလေးသည် ဘတ်ထရီကုန်သွားသည့် အရုပ်ကလေးတစ်ရုပ်နှယ် မလှုပ်မယှက်ငြိမ်ကျလို့သွားသည်။ အတင်းချုပ်ထားတဲ့ လက်မောင်းအားတွေကို အားနာစွာ ဖြေလျှော့ပေးရင်း ‌မျက်နှာချင်းဆိုင်စေတော့ နဂိုဖြူဖွေးပြီးသား မျက်နှာလေးက သွေးမရှိတော့သလို ဖြူစုပ်နေသည်ကို တွေ့လိုက်ရသည်။

" Yoongi ရယ် "

မဆင်မခြင်ထိမိလိုက်ရင် ပွန်းပဲ့သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးဖြင့် ပါးပြင်လေးနှစ်ဖက်ကို အညင်သာဆုံး အုပ်မိုးကိုင်ဆောင်ပြီး နှုတ်ခမ်းပါးလေးကို အနူးညံ့ဆုံးနီးကပ်စေလိုက်သည်။ ပထမဆုံး အနမ်းကို ပုံဖော်ခဲ့ကြတုန်းက ရင်ခုန်မှုမျိုးကို ပြန်ခံစားရသည့်နှယ် နှလုံးသားတစ်ခုလုံးက ပူနွေးလှိုက်မောလို့သွားသည်။ ရင်ဘတ်ကိုခပ်ဖွဖွအတွန်းမခံရခင်အထိ စက္ကန့်ပိုင်းလေးလောက်သာကြာမြင့်လိုက်ရသော အနမ်းလေးသည် တစ်နှစ်စာ အလွမ်းတွေကို ဖြေဖျောက်ပေးနိုင်စွမ်းရှိပါသည်။

" မင်း နောင်တရလိမ့်မယ် "

" ဟင့်အင်း ဘယ်တော့မှ "

" ငါက ထပ်ထွက်သွား.. "

" တော်ပြီ စကားတွေအများကြီး မပြောကြစို့လား "

သူလည်း လွမ်းနေခဲ့တာပါပဲ။ သူလည်း နာကျင်နေခဲ့တာပါပဲ။ သူလည်း ဘယ်ထားခဲ့ချင်ပါ့မလဲ။ တော်ရုံဆို တစ်ခါနမ်းတိုင်း သူ့မျက်ဝန်းမှာ မျက်ရည်စလေးတွေ တစ်ခါစိုစွတ်နေပါ့မလား။

သူ့ကို ကျနော် ကောင်းကင်အစွန်အဖျားအထိ ပြန်ခေါ်လာနိုင်ရဲ့လားတော့ သေချာမသိပါ။ ဒါပေမဲ့ ထိုနေ့ညက ကျနော်တို့နှစ်ယောက်စလုံး တိမ်တွေပေါ်အလည်ရောက်ခဲ့ရသည်ဆိုတာကတော့ သေချာပါသည်။

#...💘...#

" Jungkook! ဟုတ္တယ္မလား "

ေက်ာင္းခန္းမအတြက္ ဝယ္ရမယ့္ soundbox နဲ႕ တျခားတိုလီမုတ္စ ပစၥည္းေတြကိုလိုက္ၾကည့္ေနတုန္း ၾကားလိုက္ရတဲ့ ရင္းႏွီးၿပီးသားအသံတစ္ခုေၾကာင့္လွည့္ၾကည့္မိလိုက္တဲ့အခါ Jungkook ရဲ႕ နဖူးေပၚက အေရျပား တစ္ခ်ိဳ႕အနည္းငယ္ တြန႔္က်ိဳးသြားၾကသည္။ အလာႀကီးလာခဲ့ရတဲ့ ဆိုးလ္ၿမိဳ႕မွာ အၾကာႀကီးေနမွ ျပန္ေတြ႕ရတဲ့သူက ဒီလူျဖစ္ေနတယ္ဆိုတာ နည္းနည္းေတာ့မလြန္လြန္းဘူးလား။

" အစ္ကိုႀကီး Park "

" တကယ္ဟုတ္ေနတာပဲ Jungkook... ငါမင္းကိုေတြ႕ခ်င္ေနတာ "

ဆိုးလ္ကိုေရာက္လာေတာ့ တစ္ေယာက္ေယာက္နဲ႕ ေတြ႕ခ်င္စိတ္‌ေတြေတာ့ ျဖစ္မိပါရဲ႕။ Jimin ကိုပဲျဖစ္ျဖစ္ ဒါမွမဟုတ္ရင္ Hoseok Hyung ကိုပဲျဖစ္ျဖစ္ေပါ့။ အစြန္းစြန္ဆုံး ဒါရိုက္တာႀကီးကိုပဲ ျဖစ္ျဖစ္ေပါ့။ ဒါေပမဲ့ အစ္ကိုႀကီး Park နဲ႕ေတြ႕ခ်င္စိတ္ကေတာ့ လုံးဝမရွိေနပါ။

" အသိလား Jungkook "

" မဟုတ္ပါဘူး "

ေဘးကသူငယ္ခ်င္းရဲ႕ေမးခြန္းကို Jungkook က ခပ္တည္တည္ပဲ ေျဗာင္ျငင္းလိုက္သည္။ အစ္ကိုႀကီး Park ရဲ႕မ်က္ႏွာက ကြက္ခနဲပ်က္သြားတာကိုၾကည့္ၿပီး သူနည္းနည္းေက်နပ္သြားသည္။

" ေရွ႕ကဆိုင္ကိုသြားရေအာင္ "

" အင္း သြားမယ္ "

Jungkook က လွည့္မၾကည့္ေတာ့ဘဲ ထြက္သြားလိုက္သည္။ အစ္ကိုႀကီး Park ကို လက္ခံစကားေျပာရင္ ဘာစကားေတြေျပာဦးမွာလဲဆိုတာကို သူသိေနပါသည္။ ကိုယ္ျဖစ္ခ်င္တာကိုသာ ဇြတ္အတင္းျဖစ္ေအာင္လုပ္တတ္တဲ့သူဆီကေန သူ႕လုပ္ရပ္က ဘယ္ေလာက္မွန္ကန္ေၾကာင္း အခုဆို Jimin ဘဝက ဘယ္လိုေကာင္းစားေနၿပီျဖစ္ေၾကာင္းေတြကိုေတာ့ သူတကူးတက နားမေထာင္ခ်င္ေတာ့ပါ။

ဆိုင္မွာပစၥည္းေတြရဲ႕ ေဈးႏႈန္းေတြကိုေမးျမန္းေနတုန္း  Jungkook က အျပင္ဘက္ကို မသိမသာ အကဲခတ္ၾကည့္သည္။ အစ္ကိုႀကီး Park က အခုထိ မသြားေသးဘဲ ဆိုင္နဲ႕မလွမ္းမကမ္းနားမွာ ဖုန္းတစ္လုံးနဲ႕ အလုပ္ရႈပ္ေနတာေၾကာင့္ သူနည္းနည္းေတာ့ စိတ္ထဲထင့္သြားမိသည္။

ဒါေပမဲ့ အစ္ကိုႀကီး Park က သူ႕ကိုေတြ႕တယ္ဆိုတာနဲ႕ Jimin ကို ဝမ္းသာအားရအေၾကာင္းၾကားေပးမယ့္သူမ်ိဳးလား။ ေဝးပါေသးတယ္။ သူစိတ္ထင့္ရ‌ျခင္းမွာ ဘာေတြႀကံစည္ေနျပန္တာလဲဟု ေတြးမိျခင္းေၾကာင့္ျဖစ္ပါသည္။

တစ္ဆိုင္ကေန ႏွစ္ဆိုင္ကူးၿပီးတဲ့ေနာက္မွာေတာ့ အစ္ကိုႀကီး Park မရွိေတာ့သည့္အျပင္ ဘာထူးထူးဆန္းဆန္းမွလည္း မရွိေနသျဖင့္ သူနည္းနည္းစိတ္ေအးလက္ေအးျဖစ္သြားသည္။ ပစၥည္းေတြ ကားေပၚတင္ၿပီးမွ ဒီအေၾကာင္းကို Min PD ဆီဖုန္းဆက္ေျပာရမယ္ဟု ‌သူေတြးေနလိုက္သည္။

" ကားက ဟိုဘက္အျပင္မွာ...ကားဆရာႀကီးကို မင္းသြားေခၚထားႏွင့္မလား ငါပစၥည္းသယ္လာတဲ့လူေတြကို လမ္းျပလိုက္မယ္ "

" ေအး ရတယ္ "

Jungkook က ခပ္သြက္သြက္ေျခလွမ္းေတြနဲ႕ ေဈးႀကီးရဲ႕ အေနာက္ဘက္အေပါက္က ကားေတြရပ္ထားသည့္ေနရာဆီသို႔ေလွ်ာက္လာသည္။ ပစၥည္းသယ္တဲ့ကားေတြက ရပ္ထားၾကတာအမ်ားႀကီးမို႔ သူတို႔ကားနံပါတ္ကို မနည္းလိုက္ရွာေနရပါသည္။

" ရွာေတြ႕ၿပီ! "

ဒီစကားက Jungkook ေျပာလိုက္ျခင္းမဟုတ္ပါ။ ျမန္ဆန္လြန္းစြာ Jungkook ရဲ႕ေဘးကိုေရာက္လာတဲ့ တစ္ခ်ိန္က သူရင္းႏွီးကြၽမ္းဝင္ခဲ့ဖူးေသာ ခပ္ဖူးဖူးႏႈတ္ခမ္းေလးေတြက ေျပာလာျခင္းျဖစ္သည္။

" Koo "

" Jimin!! "

အစ္ကိုႀကီး Park ကိုေတြ႕တုန္းက ဘယ္လိုမွမေနေပမဲ့ Jimin ကိုေတြ႕လိုက္တဲ့အခါ သူထြက္ေျပးခ်င္စိတ္ေတြေပါက္သြားမိသည္။ တစ္ခါမဟုတ္ တစ္ခါမွာေတာ့ သူ႕စိတ္သူအဆင္သင့္ျပင္ၿပီး Jimin ကိုလာရွာမယ္လို႔ စိတ္ကူးထားတာရွိပါသည္။ ဒါေပမဲ့ အခုအေျခအေနကေတာ့ ႐ုတ္တရက္ဆန္လြန္းေနတာေၾကာင့္ သူေၾကာင္အစြာရပ္ေနမိသည္။

" ဘာမွမေျပာေတာ့ဘူးလား "

" ..... ငါ ဘာေျပာရမလဲ "

" မင္းက အရင္အတိုင္းပဲ "

Jimin ကေတာ့ တစ္ႏွစ္အတြင္းမွာ အမ်ားႀကီးေျပာင္းလဲသြားပုံရပါသည္။ အရင္ကလို ခပ္႐ႊင္႐ႊင္မ်က္လုံးေတြႏွင့္ ေပါ့ေပါ့ပါးပါး ေလယူေလသိမ္းေလးက မေျပာင္းလဲေသာ္လည္း Jimin ရဲ႕ဝတ္ပုံစားပုံကိုၾကည့္ရသေလာက္ လူႀကီးတစ္ေယာက္ျဖစ္စျပဳေနၿပီဆိုတာကို သူခံစားမိလိုက္သည္။

" အခ်ိန္ရလား ငါ့မွာေတာ့ ေျပာစရာေတြ သိပ္မ်ားတယ္ "

သူစဥ္းစားေနပုံကိုၾကည့္ၿပီး Jimin က ခပ္ဟဟေလးၿပဳံးသည္။ ထိုအၿပဳံးေလးကို မလြမ္းမိပါဘူးလို႔ေတာ့သူမညာခ်င္ပါ။ ဒါေပမဲ့ တစ္ႏွစ္အတြင္းမွာ အနည္ထိုင္စျပဳေနၿပီျဖစ္တဲ့ သူ႕ခံစားခ်က္တခ်ိဳ႕ကို ျပန္ၿပီးေနာက္က်ိေအာင္ လုပ္သင့္ရဲ႕လားလို႔ေတာ့ သူ‌ေတြးေနမိသည္။

" ငါ ကားလိုက္ရွာၿပီး ပစၥည္းေတြတင္ေပးလိုက္ဦးမယ္ "

" ခဏေစာင့္လို႔ရလား "

Jimin က ေခါင္းၿငိမ့္ျပလိုက္သည္။ ကားရွာဖို႔ထြက္သြားၿပီျဖစ္တဲ့ Jungkook ရဲ႕ေက်ာျပင္ေလး တေျဖးေျဖးေဝးသြားတာကိုၾကည့္ရင္းမွ သူခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

" တစ္ႏွစ္ေတာင္ ေစာင့္ၿပီးၿပီပဲ Koo ရယ္ "

#...💘...#

ရႈတင္ကေန ဒုန္းစိုင္းေျပးထြက္လာတဲ့ မင္းသားက အျပင္မွာ အဆင္သင့္ေစာင့္ေနတဲ့ ကားဆရာလက္ထဲကေသာ့ကို လွမ္းဆြဲလိုက္သည္။ ကားဆရာက ေၾကာင္ေနတုန္းမွာပဲ ေနာက္ကလိုက္ထြက္လာတဲ့ သူ႕မန္ေနဂ်ာက မင္းသားကို အလ်င္အျမန္တားလိုက္သည္။

" မင္းသား မျဖစ္ဘူး "

မင္းသားက နားေထာင္ဖို႔စိတ္ကူးရွိပုံမေပၚဘဲ ကားေမာင္းသူေနရာမွာ ဝင္ထိုင္လိုက္ၿပီးျဖစ္သည္။ မင္းသားရဲ႕ ကိုယ္ပိုင္ဖုန္းက တဒြီဒြီနဲ႕ျမည္ေနတာေၾကာင့္ ရႈတင္ခဏနားတဲ့အခ်ိန္မွာ ဖုန္းသြား‌ေပးမိျခင္းအေပၚ မန္ေနဂ်ာႀကီးမွာ ခ်က္ခ်င္းေနာင္တရသြားမိသည္။

" မန္ေနဂ်ာ Hyung အကူအညီေတာင္းပါတယ္ ၾကည့္ၾကပ္ေျဖရွင္းထားလိုက္ပါ က်ေနာ့္ကိစၥက အရမ္းအေရးႀကီးေနလို႔ "

" ဘယ္ကိုသြားမလို႔လဲ ကားဆရာနဲ႕သြားပါ...မင္းစိတ္လႈပ္ရွားေနပုံေပၚေနတယ္ Taehyung ကားေမာင္းဖို႔မေကာင္းဘူး "

ကားစက္ႏွိုးသံနဲ႕ မန္ေနဂ်ာ Hyung ရဲ႕တားျမစ္သံေတြေရာသြားသည္။ သူ႕မွာ ဆြဲေနဖို႔အခ်ိန္မရွိပါ။ ပထမ Jimin ရဲ႕႐ုံးခန္းမွာ Jungkook ေရာက္ေနတယ္ဆိုတာကိုၾကားေတာ့ သူမတ္တပ္ထရပ္လိုက္သည္။ ဒုတိယ Jeju ကအိမ္မွာ Yoongi ေရာက္ေနၿပီဆိုတာကိုသိလိုက္ရတဲ့အခါ သူအခုလိုထြက္လာခဲ့လိုက္ၿပီျဖစ္သည္။

စိတ္လႈပ္ရွားေနတာ‌ေၾကာင့္ ကားကိုမဆင္မျခင္ေမာင္းမိတာက တစ္ေခါက္ဆို လုံေလာက္ပါၿပီ။ အဲ့ဒီရဲ႕ အက်ိဳးဆက္ေတြကို ခံလိုက္ရတာကလည္း တစ္ႏွစ္ဆိုလုံေလာက္ၿပီ။ ဒီအခ်ိန္က တိတိက်က်လဳပ္ရမယ့္အခ်ိန္မို႔ စိတ္ပူစရာမရွိေအာင္ ကားကို သူေသခ်ာေမာင္းမွာပါ။ ၿပီးေတာ့ တစ္ေယာက္ေသာသူကိုလည္း ေသခ်ာျပန္ေခၚလာခဲ့ေတာ့မွာ။ 

" Boss Jin...Jeju ကိုသြားဖို႔ air ticket လိုခ်င္တယ္ "

ေလဆိပ္ကို ဦးတည္ေနရင္းနဲ႕ပဲ Boss Jin ကို အပူကပ္ရသည္။ လိုအပ္ရင္လိုအပ္သလို ခရီးေတြထြက္ေနရတာမို႔ air ticket ကိုခပ္ျမန္ျမန္ရနိုင္မယ့္ နည္းလမ္းေတြ Boss Jin ဆီမွာရွိပါသည္။ ေနာက္ ၁၀ မိနစ္ေလာက္ေနေတာ့ first class ticket တစ္ေစာင္ ဖုန္းထဲဝင္လာသည္။ ေလယာဥ္ထြက္ခ်ိန္ကလည္း သိပ္ေစာင့္စရာမလိုတဲ့အခ်ိန္ကိုက္။ ဒီေလာက္ဆိုရင္ သူ႕ကို ကံၾကမၼာက မ်က္သာေပးလိုက္ၿပီလို႔ ယူဆလို႔ရၿပီမလား။

" ဟူး "

အလ်င္လိုေနတဲ့စိတ္ေၾကာင့္ မီးပြိုင့္တစ္ခါမိတိုင္း သူေလပူေတြ တစ္ခါမႈတ္ထုတ္ေနမိသည္။ လီဗာကို အတင္းဖိဖိနင္းခ်င္ေနတဲ့ စိတ္ကိုလည္း ထိန္းခ်ဳပ္ရသလို တလွပ္လွပ္တုန္ေနတဲ့ ရင္တြင္းက လႈပ္ရွားမႈကိုလည္း ခ်ိဳးႏွိမ္ထားရသည္။ Min PD ေရာက္ေရာက္ျခင္း လွမ္းအေၾကာင္းၾကားေဖာ္ရတဲ့ ဆရာမဆီကိုလည္း ဖုန္းထပ္မဆက္မိေအာင္ တားရဆီးရေသးသည္။  

အတတ္နိုင္ဆုံး သူ႕စိတ္ကို တည္ၿငိမ္ေအာင္ထားၿပီး အမွားအယြင္းမရွိေအာင္လုပ္ရပါမည္။ တမင္တကာထြက္သြားတဲ့သူမို႔ သူလာေနတယ္ဆိုတာသိရင္ ထပ္ၿပီးေပ်ာက္ကြယ္ေကာင္းေပ်ာက္ကြယ္သြားနိုင္တယ္မဟုတ္လား။ အဲ့လိုအေတြးမ်ိဳးေတြးရတာက ရင္နာဖို႔ေတာ့ေကာင္းသည္။ ဒါေပမဲ့ သူ႕အတြက္သူဆို ဘယ္ေတာ့မွ ရင္မနာတတ္ခဲ့ပါ။ 

သူတကယ္ရင္နာရျခင္းမွာ သိသိသာသာပိန္ခ်ဳံးသြားတဲ့သူကို ျမင္လိုက္ရေတာ့မွျဖစ္သည္။ ဘယ္သူ႕ကိုမွ စိတ္မ‌ဝင္စားတတ္တဲ့ ခပ္ေခ်ေခ်မ်က္လုံးေတြက ဘာလို႔အဲ့ဒီေလာက္ အေရာင္ေတြေမွးမွိန္ေနရတာလဲ။ ရွိုက္သံေရာေနတဲ့ အက္ကြဲကြဲခံစားခ်က္ေလးေတြကို ဆုံးေအာင္ တိတ္တဆိတ္သာ နားေထာင္ၾကည့္ဦးမလို႔ပါပဲ။ ဒါေပမဲ့ တိတ္တဆိတ္ေနနိုင္စြမ္း မရွိေတာ့လို႔သာ ၾကားျဖတ္ဝင္ေျပာမိလိုက္တာပါ။

အံ့အားသင့္သြားသည့္ အခ်ိန္ခဏၿပီးသြားတာႏွင့္ ထင္သည့္အတိုင္းပင္ သူထြက္ေျပးဖို႔ႀကိဳးစားသည္။ ထြက္သြားခြင့္ေပးပါ Tae ဆိုတာကို ‌ဘာမွျပန္မေျပာနိုင္တဲ့ သတိရတစ္ခ်က္လူနာမွမဟုတ္ေတာ့တာပဲ။ ပ်က္ယြင္းမႈမရွိေသာ က်ေနာ့္ရဲ႕ ေျခလွမ္းေတြက သူ႕ရဲ႕ေနာက္မွာထပ္ၾကပ္မကြာပါ‌ေနခဲ့ပါသည္။ ႀကံကမၼာကအစ အားလုံးက က်ေနာ့္ဘက္မွာရွိေနၿပီမို႔ ဘာေတြကိုေၾကာက္ေနရဦးမလဲ။

ေျပးရမယ္ဆိုတဲ့ မသိ‌စိတ္ေၾကာင့္ အလိုလိုထြက္ေျပးမိပုံရေသာ သူ႕ေျခလွမ္းေတြက တျဖည္းျဖည္းခ်င္း အရွိန္ေလွ်ာ့လာတဲ့အခါ ပင္လယ္ကမ္းစပ္အနားေတာင္ေရာက္ခါနီးေနၿပီျဖစ္သည္။ ရင္ဆိုင္မွျဖစ္ေတာ့မယ္ဆိုတာကို သိသြားပုံေပၚသြားသူက က်ေနာ့္ကို ျပန္လွည့္ၾကည့္တဲ့အခါ သူ႕စိတ္သူျပင္ဆင္ထားၿပီးသလို အၾကည့္ေတြက စူးစူးရဲရဲ။

" ခုနေျပာတာေတြက အမွန္မဟုတ္ဘူး "

" ဆရာႀကီးသနားေအာင္ ငါေလွ်ာက္ေျပာေနတာ မင္းအထင္မွားမေနနဲ႕ "

" မင္းဘာလို႔ ေရာက္လာတာလဲေတာ့ ငါမသိဘူး..အျပစ္တင္ဖို႔ဆို မင္းႀကိဳက္သေလာက္ေျပာနိုင္တယ္...ငါကေတာ့ မေတာင္းပန္နိုင္ဘူး...မင္းကို ထားခဲ့တဲ့အေၾကာင္းျပခ်က္ကို သိခ်င္လို႔ဆိုရင္ေတာ့ တစ္ခုပဲရွိတယ္ ငါမင္းကို ဘယ္တုန္းကမွ မခ်စ္လို႔ပဲ "

" မင္းဘဝနဲ႕မင္း အဆင္ေျပေနတာေတြကို ငါျမင္တယ္ အဲ့ဒီအတြက္လည္း ငါ ဝမ္းသာပါတယ္ ငါလည္း ငါ့ဟာငါအဆင္ေျပေနၿပီ...မင္းေျပာခ်င္တာရွိရင္ေျပာပါ...ၿပီးရင္ေတာ့ ဒီေန႕ေတြ႕တာ ေနာက္ဆုံးျဖစ္ပါေစ "

ဘယ္ကတည္းက ႀကိဳတင္ေလ့က်င္ထားမွန္းမသိေသာ စကားလုံးေတြကို မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ေျပာေနတဲ့သူက မုန္းတတ္မယ္ဆိုရင္ မုန္းခ်င္စရာအလြန္ေကာင္းပါသည္။ ဒါေပမဲ့...။

" ေျပာလို႔ၿပီးၿပီလား ၿပီးရင္ အိမ္ျပန္မယ္ "

လက္ကိုလွမ္းဆြဲလိုက္ေတာ့မွ သူ႕လက္ဖ်ားေတြက တုန္ရီေအးစက္ေနမွန္းသိရပါသည္။ သူ႕မ်က္လုံးထဲမွာ ျဖတ္ေျပးသြားၾကတဲ့ အထိတ္တလန႔္အရိပ္အေယာင္ေတြကို က်ေနာ္အခြင့္ေကာင္းယူလိုက္သည္။

" မင္းသား Kim Taehyung ရဲ႕ခ်စ္သူက ခင္ဗ်ားဆိုတာကို ခ်က္ခ်င္းလူသိရွင္ၾကားျဖစ္သြားေစရင္ေတာ့ ႐ုန္းေပါ့ "

႐ုန္းဖို႔အားယူၿပီးသား သူ႕လက္ေမာင္း‌ေတြက ခ်က္ခ်င္းေျပေလ်ာ့သြားၾကသည္။ ဒါေပမဲ့ ေျခလွမ္းေတြကေတာ့ ဆြဲေခၚေနရာေနာက္သို႔ မပါလာဘဲ ရသေလာက္ေပကပ္ဖို႔အတြက္ ဉာဏ္မ်ားေနပါသည္။

" အရင္ဆုံး ဆရာႀကီးတို႔အိမ္ကို ျပန္မယ္...ၿပီးမွ က်‌ေနာ္တို႔အိမ္ကို ျပန္မယ္... ေပကပ္ေနရင္ ေပြ႕ခ်ီသြားရလိမ့္မယ္...အခုခ်ိန္မွာ မလုပ္နိုင္တာမရွိဘူးဆိုတာ ခင္ဗ်ားသိထားပါ "

သူထင္ထားတဲ့ က်ေနာ့္ရဲ႕ တုံ႕ျပန္မႈေတြထဲ ဒီလိုပုံစံမ်ိဳးပါပုံမရပါ။ ခဏေလာက္ သတိလက္လြတ္ျဖစ္သြားတိုင္း သူ႕မ်က္လုံးေတြက ဝိုင္းခနဲပါပဲ။ ဘယ္တုန္းကမွ ေလသံမာမာနဲ႕ေတာင္ မေျပာဖူးတာပဲေလ။ သူစိမ္းဆန္ဆန္ က်ေနာ္ေတြ ခင္ဗ်ားေတြနဲ႕ ရင့္ရင့္သီးေနဖို႔ဆိုတာ အေဝးႀကီးပါ။ ဒါက တကယ္ကို မျဖစ္လြန္းလို႔သာပါ။

အိမ္ေရွ႕ေရာက္တာနဲ႕ ဆြဲထားတဲ့လက္ကို အတင္း႐ုန္းတာေၾကာင့္ နာသြားမွာစိုးတဲ့စိတ္နဲ႕ လႊတ္ေပးလိုက္ရသည္။ လက္တြဲၿပီးျပန္လာတာကိုျမင္လို႔ ေမွ်ာ္လင့္ခ်က္အေရာင္ေတာက္သြားတဲ့ ဆရာမရဲ႕ အမူအရာေတာင္ နည္းနည္းျပန္ေျပာင္းသြားသည္။

" ဆရာမ Min PD မွာ အဝတ္အစားေတြပါလား "

" ငါ့ေနာက္ကလိုက္ခဲ့ Kim Taehyung!! "

လိုအပ္တာထက္ပိုၿပီး တင္းမာေနတဲ့သူ႕ရဲ႕အသံက အဆုံးစြန္ထိသြားေတာ့မယ္လို႔ သတိေပးလိုက္သလိုပါပဲ။ က်ေနာ့္ေမးခြန္းကို ျပန္ေျဖဖို႔ျပင္ေနတဲ့ဆရာမေတာင္ လန႔္သြားသျဖင့္ ဆရာႀကီးႏွင့္အတူတူ အိမ္ႀကီးထဲပဲ ဝင္ႏွင့္ဖို႔အတြက္ ေျပာလိုက္ရသည္။ က်ေနာ္ကေတာ့ သူဦးတည္ေနတဲ့ အျပင္ဘက္က အခန္းငယ္တစ္ခုဆီသို႔ လိုက္သြားဖို႔ျပင္ရပါသည္။

သူက သမုဒၵရာအနက္အထိခုန္ဆင္းမည္ဆိုလွ်င္ က်ေနာ္ကလည္း သူ႕ကို ‌ေကာင္းကင္အစြန္အဖ်ားအထိ ျပန္ေခၚလာဖို႔ အဆင္သင့္ျပင္ထားသည္ဆိုတာကို သူသိဖို႔ေကာင္းသည္။

" မင္း ဘာျဖစ္ခ်င္ေနတာလဲ!!! "

" ခင္ဗ်ားကို အိမ္ျပန္ေခၚေနတာေလ "

" ဘယ္အိမ္ကို ျပန္ခိုင္းေနတာလဲ ငါ့အိမ္က ဘယ္တုန္းကမွ မင္းမဟုတ္ဘူး ငါဘယ္ေတာ့မွ မင္းဆီျပန္မလာဘူး မင္းမရွက္တတ္ဘူးလား!! မနာတတ္ဘူးလား!! "

" ဒီေလာက္အထိလုပ္မွျဖစ္မွာလား ခင္ဗ်ားရဲ႕စကားေတြက ယုံခ်င္စရာ တစ္ကြက္မွမရွိဘူး "

" ငါေလွ်ာက္ေျပာေနတာ တစ္ခုမွမရွိဘူး!! ငါတို႔ဇာတ္လမ္းက ၿပီးတာျဖင့္ၾကာလွၿပီ မင္း အခုမွ ဘာေတြလာျဖစ္ေနတာလဲ!! "

" ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕လဲ ဟမ္! ၾကည့္စမ္း က်ေနာ့္ကို ေသခ်ာၾကည့္စမ္းပါ!! တရား၀င္လက္ထပ္ထားတာသာမရွိတာ က်ေနာ္က ခင္ဗ်ားရဲ႕ေယာက်ာ္းပဲ...အမွိုက္တစ္စလို လႊင့္ပစ္ခ်င္တိုင္း ပစ္လို႔ရတဲ့သူမဟုတ္ဘူး!!! "

" ပစ္ေတာ့ဘာျဖစ္လဲ!!!! မင္းက ငါ့အတြက္ အဲ့လိုလူပဲ... ေယာက်ာ္းဟုတ္လား ရယ္စရာေကာင္းလိုက္တာေစာက္ေရးမပါတဲ့ ခႏၶာကိုယ္ခ်င္း ပတ္သက္မႈေလာက္ကို... "

" ခင္ဗ်ားေတာ္ေတာ့!!!!! "

ေလာင္စာမ်ားသာ ထပ္ထပ္အထည့္ခံေနရေသာ မီးေတာက္ႀကီးတစ္ခုႏွယ္ အရွိန္မေသနိုင္ေတာ့ေသာ စကားလုံးေတြကို နားေထာင္နိုင္စြမ္းမရွိေတာ့တဲ့အဆုံးမွာ ေအာ္ဟစ္ပစ္လိုက္သည္။ က်ေနာ့္အေရွ႕က ေက်ာက္တုံးေလးကေတာ့ မ်က္လႊာတစ္ခ်က္မခ်ဘဲ က်ေနာ္ထင္ထားသည္ထက္ မ်ားစြာေသြးေအးမာေက်ာလွပါသည္။ က်ေနာ္ ေျခကုန္လက္ပမ္းက်ေနၿပီဆိုတာကို ျမင္တဲ့အခါ သူနိုင္သြားၿပီအထင္ႏွင့္ ထပ္ထြက္သြားဖို႔ သူ႕ေျခလွမ္းေတြျပင္ျပန္သည္။

" ရပ္လိုက္!! "

" လႊတ္စမ္းငါ့ကို "

တင္းတင္းၾကပ္ၾကပ္‌ကေလး ဖက္ထားရင္ေတာင္ မလုံေလာက္နိုင္တဲ့အထဲ လူဆိုးဖမ္းသလို ဖမ္းခ်ဳပ္ဖက္ထားရတဲ့ အေျခအေနႀကီးက တကယ္ကို စိတ္မသက္သာစရာေကာင္းလွသည္။ ႐ုန္းကန္ဖို႔ႀကိဳးစားေနေပမဲ့ တုန္ရီပူေႏြးေနတဲ့ သူ႕တစ္ကိုယ္လုံးကလည္း အားအင္မ်ားမ်ားစားစားရွိေတာ့သည္မဟုတ္ပါ။

" ဒါက အေျဖမွန္မဟုတ္ဘူးေလ....စိတ္ထဲက မပါတာေတြကို မေျပာပါနဲ႕လား အခ်စ္ရယ္ "

" မင္းေတာ္ေတာ္ေျပာရခက္ပါလား!! ငါ့ကို လႊတ္စမ္းပါ!! "

" မတတ္သာခ်င္ေယာင္ေဆာင္ၿပီး ဒီတစ္ခါပဲ ကိုယ့္ကို အရႈံးေပးလိုက္ပါကြာ ဒါဆို ကိုယ့္တစ္သက္လုံးထပ္ၿပီး အနိုင္မယူေတာ့ပါဘူး "

ရင္ခြင္ထဲက တြန္းကန္အားေလးသည္ ဘတ္ထရီကုန္သြားသည့္ အ႐ုပ္ကေလးတစ္႐ုပ္ႏွယ္ မလႈပ္မယွက္ၿငိမ္က်လိဳ႕သြားသည္။ အတင္းခ်ဳပ္ထားတဲ့ လက္ေမာင္းအားေတြကို အားနာစြာ ေျဖေလွ်ာ့ေပးရင္း ‌မ်က္ႏွာခ်င္းဆိုင္ေစေတာ့ နဂိုျဖဴေဖြးၿပီးသား မ်က္ႏွာေလးက ေသြးမရွိေတာ့သလို ျဖဴစုပ္ေနသည္ကို ေတြ႕လိုက္ရသည္။

" Yoongi ရယ္ "

မဆင္မျခင္ထိမိလိုက္ရင္ ပြန္းပဲ့သြားမလားဆိုတဲ့ စိုးရိမ္စိတ္ေလးျဖင့္ ပါးျပင္ေလးႏွစ္ဖက္ကို အညင္သာဆုံး အုပ္မိုးကိုင္ေဆာင္ၿပီး ႏႈတ္ခမ္းပါးေလးကို အႏူးညံ့ဆုံးနီးကပ္ေစလိုက္သည္။ ပထမဆုံး အနမ္းကို ပုံေဖာ္ခဲ့ၾကတုန္းက ရင္ခုန္မႈမ်ိဳးကို ျပန္ခံစားရသည့္ႏွယ္ ႏွလုံးသားတစ္ခုလုံးက ပူေႏြးလွိုက္ေမာလို႔သြားသည္။ ရင္ဘတ္ကိုခပ္ဖြဖြအတြန္းမခံရခင္အထိ စကၠန႔္ပိုင္းေလးေလာက္သာၾကာျမင့္လိုက္ရေသာ အနမ္းေလးသည္ တစ္ႏွစ္စာ အလြမ္းေတြကို ေျဖေဖ်ာက္ေပးနိုင္စြမ္းရွိပါသည္။

" မင္း ေနာင္တရလိမ့္မယ္ "

" ဟင့္အင္း ဘယ္ေတာ့မွ "

" ငါက ထပ္ထြက္သြား.. "

" ေတာ္ၿပီ စကားေတြအမ်ားႀကီး မေျပာၾကစို႔လား "

သူလည္း လြမ္းေနခဲ့တာပါပဲ။ သူလည္း နာက်င္ေနခဲ့တာပါပဲ။ သူလည္း ဘယ္ထားခဲ့ခ်င္ပါ့မလဲ။ ေတာ္႐ုံဆို တစ္ခါနမ္းတိုင္း သူ႕မ်က္ဝန္းမွာ မ်က္ရည္စေလးေတြ တစ္ခါစိုစြတ္ေနပါ့မလား။

သူ႕ကို က်ေနာ္ ေကာင္းကင္အစြန္အဖ်ားအထိ ျပန္ေခၚလာနိုင္ရဲ႕လားေတာ့ ေသခ်ာမသိပါ။ ဒါေပမဲ့ ထိုေန႕ညက က်ေနာ္တို႔ႏွစ္ေယာက္စလုံး တိမ္ေတြေပၚအလည္ေရာက္ခဲ့ရသည္ဆိုတာကေတာ့ ေသခ်ာပါသည္။

#...💘...#

Continue Reading

You'll Also Like

32.4K 7K 41
tk sinhala
13.6K 2.6K 29
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...
109K 4.8K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...