အခန်း (၁၅၆၅ ) : ကျမ ရှင့်ကို မလိုချင်ဘူး။ မလိုချင်ဘူး
စနိတ်ခ်က ဂူမန်မန်ကို လွှတ်ပေးကာ ဒူးတစ်ဖက်ထောက်ရင်း ဂူမန်မန်ကို မော့ကြည့်ကာ ပြောလိုက်သည်
“ မန်(၂) ကိုယ့်တစ်သက်မှာ တစ်ခါပဲ လက်ထပ်ခွင့် တောင်းမယ်ဆိုပြီးတော့ ကိုယ် ပြောခဲ့ဖူးတယ်လေ။ ကိုယ့်ကို လက်ထပ်ပါနော်”
“ ရှင် စောစောကပြောတဲ့ ပုံရိပ်ယောင်ဆိုတာက…..”
စနိတ်ခ်က ဒူးထောက်ထားရင်း ပြုံးကာ ဖြေလိုက်သည်
“ မင်း ဒီမှာ ရောက်လာတယ်ဆိုတာက အချိန်နဲ့နေရာတွေရဲ့တံခါးပွင့်သွားတယ်လို့ ဆိုလိုတာနဲ့ အတူတူပဲ။ ဒါက မင်းရဲ့မူလ ကမ္ဘာလေ။ မင်းရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း ဒီကမ္ဘာမှာ ရှိတယ်လေ။ မင်းသာ ဒီကမ္ဘာကို ပြန်လာချင်တယ်ဆိုရင် ကိုယ်ဒီမှာ နေခဲ့တဲ့ ၁၉နှစ်တာ ကာလလုံးက မင်းရဲ့မှတ်ဉာဏ် ဖြစ်သွားပြီးတော့ ကိုယ်က မင်းကို တစ်သက်လုံး ပျော်ရွှင်အောင် ထားသွားမှာ။
ဒါပေမဲ့…တကယ်လို့…တကယ်လို့ မင်းသာ သားရဲကမ္ဘာကိုပဲ ပြန်သွားချင်တယ် ဆိုရင်တော့…ဒီမှာ ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက ပုံရိပ်ယောင် သက်သက်တစ်ခု ဖြစ်သွားပြီးတော့ ၁၉နှစ်တာ ကာလတစ်ခုလုံးကို အသုံးပြုထားတဲ့ အိပ်မက်တစ်ခု ဖြစ်သွားမှာ”
စနိတ်ခ်က လက်စွပ်ဘူးကို ဖွင့်လိုက်တော့ သည်းခြေအိတ်တစ်ခုထဲသာ ရှိသော မြွေနှစ်ကောင်ပုံစံ လက်စွပ်ကို တွေ့လိုက်ရသည်။
လက်စွပ်နှစ်ခုကို ပေါင်းလိုက်ပါက ပြီးပြည့်စုံသွားပြီး သူတို့ကို ခွဲလိုက်ပါက သည်းခြေအိတ်က အမျိုးသမီးဆီ ပါသွားပြီး အမျိုးသားကတော့ သည်းခြေအိတ် မရှိသည့် သေနေသောမြွေ၏ လက်စွပ်ပုံစံကို ဝတ်ထားရမည် ဖြစ်သည်။
“ မန်(၂) ကိုယ် မင်းကို ထပ်ပြီး မဆုံးရှုံးပါရစေနဲ့တော့။ ကိုယ့်ကို လက်ထပ်ပါကွာ…နော်”
ဂူမန်မန်ရဲ့စိတ်ထဲမှာ မရေတွက်နိုင်သော အမှတ်တရတွေကို မြင်နေရသည်။ သားရဲနတ်ဘုရားနဲ့ အတူတူကြည့်ခဲ့သော ဇာတ်လမ်းတွဲက သူမရဲ့ကိုယ်ပိုင်မှတ်ဉာဏ် ဖြစ်လာပြီး စနိတ်ခ်နဲ့တွဲခဲ့သူက သူမ ဖြစ်ခဲ့သည်ဟု ခံစားလာရသည်။
နေရာနှစ်ခုရှိ မှတ်ဉာဏ်တွေကြောင့် ဂူမန်မန်၏ စိတ်ထဲ အတော်လေး ရှုပ်ထွေးနေသည်။
သူမ ခေါင်းကို ကိုင်ကာ ယမ်းခါနေမိသည်။ သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော်လည်း သူမရဲ့ပါးစပ်ကနေ ဘာအသံမှ ထွက်မလာပေ။
စနိတ်ခ်က စိတ်ပူနေသလို တစ်ချိန်ထဲမှာပဲ သူ့နှလုံးသား နာကျင်နေရသည်။ သူက ဂူမန်မန်ကို တင်းကြပ်စွာ ဖက်ထားကာ ပြောလိုက်သည်
“ မန်(၂) မကြောက်နဲ့နော် အရာအားလုံး အဆင်ပြေသွားမှာ။ ကိုယ် ဒီမှာ ရှိတယ်လေ။ ကိုယ် မင်းကို ကာကွယ်မှာ။ သားရဲကမ္ဘာမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို မေ့လိုက်ပြီး ဒီမှာပဲနေပါကွာ….ကိုယ်လည်း မင်းဘေးမှာ ရှိနေမှာလေနော်”
“ ဟင့်အင်း…..ဟင့်အင်း…..” ဂူမန်မန်က မျက်လုံးတွေနီရဲနေပြီး အံကြိတ်ကာ ပြောလိုက်သည်။
အဲလ်ဗစ်နဲ့လီရာက သွေးပင်လယ်ထဲမှာ ရှိနေတာကြောင့် သူတို့နှစ်ယောက်ကို ဒီအတိုင်း မထားလိုက်နိုင်ပေ။
အဲလ်ဗစ်နဲ့လီရာ သေနေသော သနားစရာမြင်ကွင်းကို မြင်ယောင်လာရင်း အဲလ်ဗစ်နဲ့ မိတ်ဖက်တဲ့ နေ့တုန်းက သူမ အဲလ်ဗစ်ကို ပေးခဲ့သောကတိကိုပါ ပြန်လည် ကြားယောင်လာသည်။
“ အဲလ်ဗစ် ကျမ ရှင့်ကိုချစ်တယ်။ ဒီနေ့ကစပြီးတော့ ရှင့်ကို ကျမရဲ့ကောင်းကင်လို၊ ခင်ပွန်းလို ဆက်ဆံမယ်။ ရှင် ကျမကို မစွန့်ပစ်ခင်အထိ ရှင်နဲ့အမြဲ အတူနေမယ်။ ရှင် အန္တရာယ်နဲ့ကြုံရင် ရှင့်အတွက် ကျမ ကိုယ့်ကိုယ်ကို စတေးမယ်…..”
သူမ ဘယ်လောက်ပဲ လိမ်ညာနေပါစေ ဒီလိုလိမ်ညာမှုမျိုးကိုတော့ ဘယ်တော့မှမလုပ်ဖူးဟု သူမ အဲလ်ဗစ်နဲ့လီရာကို ကတိပေးခဲ့သည်။
သူမ သူတို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး…..ဘယ်တော့မှ မစွန့်ပစ်ဘူး
“ ကျမ ပြန်ချင်တယ်။ ကျမ သားရဲကမ္ဘာဆီကိုပဲ ပြန်ချင်တယ်” ဂူမန်မန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမကိုယ်တိုင် အသိဝင်လာဖို့အတွက် လျှာကိုလည်း ကိုက်နေသည်။ စနိတ်ခ်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေအကုန်လုံးက သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမျိုး မဟုတ်ပဲ သားရဲကမ္ဘာမှာ သားရဲနတ်ဘုရားနဲ့အတူတူ ကြည့်ခဲ့သော ဇာတ်လမ်းတွဲတစ်ခုသာ ဖြစ်သည်။
ထို့နောက် သူမကိုယ်သူမ သတိပေးလိုက်သည်
“ စနိတ်ခ်က သေသွားပြီးပြီ….ကျမရှေ့မှာရှိနေတဲ့သူက…..ပုံရိပ်ယောင် သက်သက်ပဲ”
“ ကျမ အဲလ်ဗစ်နဲ့လီရာကိုပဲ လိုချင်တယ်။ ရှင့်ကို မလိုချင်ဘူး မလိုချင်ဘူး” ဂူမန်မန်က အော်ပြောရင်း စနိတ်ခ်ကိုလည်း သူမ တတ်နိုင်သလောက် တွန်းထုတ်နေသည်။
စနိတ်ခ်က ဟန်ချက်ပျက်ကာ နောက်သို့ လဲကျသွားတော့ လက်စွပ်နှစ်ခုကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မြွေမလေးပေါ်မှာတော့ သည်းခြေအိတ်ပါသွားပြီး မြွေထီးလေးဆီမှာတော့ သည်းခြေအိတ် ပျောက်ဆုံးသွားသည်။
သူမရဲ့ ရှေ့မှာရှိသော ပုံရိပ်တွေကလည်း ဝေဝါးလာသည်။
သူမ ခေါင်းကိုက်တာလည်း သက်သာလာပြီး ရင်ဘတ်ကိုကိုင်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမရဲ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ရင်းနှီးသော နေရာဖြစ်နေသည်ကို သိလိုက်ရသည်။
အခန်း (၁၅၆၆) : ကျေးဇူးတင်ပါတယ် တောင်းလည်းတောင်းပန်ပါတယ်
အဖြူရောင်မြူခိုးတွေ ပျောက်ဆုံးသွားချိန် ဂူမန်မန်လည်း ကိုယ်ပိုင်အိပ်မက်ထဲသို့ ရောက်သွားသည်။
သူမ ဘေးပတ်ဝန်းကျင်ကို ရှာသော်လည်း သားရဲနတ်ဘုရားကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။
“ ဒယ်ဒီ….ဒယ်ဒီ….ဘယ်မှာလဲဟင်…ထွက်လာခဲ့ပါဦး။ သမီး…ဒယ်ဒီကို လိုအပ်တယ်” ဂူမန်မန်က မျက်ရည်တွေကျရင်း ဟိုဘက် ဒီဘက်ပြေးကာ အော်ပြောနေသည်။
သူမရဲ့ရှေ့က မြင်ကွင်းက ဝါးလာသော်လည်း လေထဲက အရိပ်တွေ စုပေါင်းကာ လူပုံစံပေါ်လာသည်။ ဂူမန်မန်လည်း မျက်လုံးကိုပွတ်ကာ အသေးစိတ်စိုက်ကြည့်နေသည်။
ဂူမန်မန်က မျက်မှောင်ကြုတ်ကာ ကြည့်ရင်း နာမည်ကို ခေါ်လိုက်သည်
“ ဝမ်…ရှောင်ရှင်းလား”
ဝမ်ရှောင်ရှင်းက နာကျင်စွာ ပြုံးကာ ရှေ့တိုးလာရင်း ဂူမန်မန်ကိုဖက်ကာ ပြောလိုက်သည်
“ကလေး ကျေးဇူးတင်ပါတယ်…ပြီးတော့ တောင်းလည်း တောင်းပန်ပါတယ်”
ဂူမန်မန်၏ စိတ်တွေ ရှုပ်ထွေးနေဆဲပင် ဖြစ်သည်။ ဒီအရာတွေက ရုတ်တရက် ဖြစ်ပျက်သွားသည့်အတွက် သူမ ကောင်းကောင်း မတွေးတောနိုင် ဖြစ်နေရသည်။
သူမ အခုလိုဖြစ်နေတာကို ဝမ်ရှောင်ရှင်းက သိသည့်အတွက် သူမ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်
“ ငါနဲ့ပတ်သက်ပြီး သတိထားနေစရာမလိုပါဘူး။ ငါတို့က သူစိမ်းတွေမှမဟုတ်တာ ဟုတ်တယ်မလား”
“ ရှင်…..”
“ ဒါမှမဟုတ် ငါသာ ပုံစံပြောင်းလိုက်ရင် မင်း ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်သွားမယ် ထင်တယ်” ဝမ်ရှောင်ရှင်းက ပြောရင်း ပုံစံပြောင်းလိုက်တော့ အဖြူရောင်ဝတ်စုံ ဝတ်ထားသော သားရဲနတ်ဘုရားကဲ့သို့ ပုံစံပြောင်းသွားသည်။
“ ရှင်…” ဂူမန်မန်အနေနဲ့ မေးစရာမေးခွန်းတွေ ထောင်ကျော်ရှိနေသော်လည်း အကုန်လုံး လည်ချောင်းမှာတစ်နေပြီး ဘာစကားမှပြောမထွက်နိုင်ဖြစ်နေသည်။
“ တောင်းပန်ပါတယ်……ငါ မင်းကို လိမ်ခဲ့တာ” ဝမ်ရှောင်ရှင်းက ဂူမန်မန်ကိုလက်ကနေ ဆွဲကာ သစ်သားထိုင်ခုံပေါ်မှာ အတူတူထိုင်စေသည်။ သူမက အားနာစွာဖြင့် ပြုံးကာ သက်ပြင်းချရင်း ပြောလိုက်သည်
“ သားရဲနတ်ဘုရားက လိမ်ညာလို့ မရဘူးဆိုတာကိုက အစကတည်းက အလိမ်အညာကြီး တစ်ခု ဖြစ်နေခဲ့ပြီ။ တောင်းပန်ပါတယ်နော်။ ငါ မင်းကို အစကတည်းက လိမ်ခဲ့တာ။ ဒါပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာကိုတော့ ယုံပေးပါ”
ဂူမန်မန်က ထိုင်ခုံကနေ ချက်ချင်းထကာ ထိတ်လန့်စွာဖြင့် ပြောလိုက်သည်
“ အဲလ်ဗစ်….အဲလ်ဗစ်နဲ့လီရာ…..”
“ မထိတ်လန့်ပါနဲ့။ အရင်ဆုံး စိတ်အေးအေးထားပြီးတော့ ငါ ပြောတာကို နားထောင်ပါဦး”
“ သူတို့က ကျမရဲ့ယောက်ျားတွေလေ ကျမ မထိတ်လန့်ပဲ နေနိုင်ပါ့မလား” ဂူမန်မန်က သားရဲနတ်ဘုရား၏ အင်္ကျီစကို ကိုင်ဆွဲကာ ဖျောင်းဖျနေသည်
“ ကျမကို ဘာတွေပဲ လိမ်ခဲ့ပါစေ ကျမ ဗွေမယူပါဘူး။ အဲလ်ဗစ်နဲ့လီရာကိုသာ ကျမဆီပြန်ပေးပါ…ကျမ တောင်းပန်နေတာပါ….သူတို့နှစ်ယောက်လုံးကို ကျမဆီပြန်ပေးပါ”
ဝမ်ရှောင်ရှင်းက သက်ပြင်းချကာ ဘေးဖက်သို့အကြည့်လွှဲလိုက်သည်။
ဂူမန်မန်လည်း ဝမ်ရှောင်ရှင်း ကြည့်ရာကို လိုက်ကြည့်တော့ ကြီးမားသော တံခါးချပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
အရမ်းကြီးမားလွန်းသည့်အတွက် အဆုံးမှာ ဘာရှိနေလဲဆိုတာကိုတော့ မမြင်နိုင်ပေ။
တံခါးပေါက်အလယ်မှာ အက်ကြောင်း တစ်ခုရှိနေပြီး အဲဒီနေရာမှာ စနိတ်ခ်က ရပ်နေသည်။
“ ကလေး အရင်တစ်ခေါက်တုန်းက ဟိုဘက်ကမ္ဘာမှာရှိတဲ့ စနိတ်ခ်ရဲ့ပုံရိပ်တွေက ပုံရိပ်ယောင်ဟုတ် မဟုတ် မင်း မေးခဲ့တယ်လေ။ အဲဒီတုန်းက မဟုတ်ဘူးလို့ ငါက ပြန်ပြောခဲ့တယ်။ အမှန်တော့ ငါ လိမ်ပြီး ဖြေခဲ့တာ။ ရတနာခုနစ်မျိုး စုစည်းသွားတဲ့အခါကျရင် အချိန်နဲ့နေရာတွေရဲ့ တံခါးပွင့်လာလိမ့်မယ်။ မင်းသာ တံခါးရဲ့တစ်ခြားတစ်ဖက်ကို သွားလိုက်မယ်ဆိုရင် စနိတ်ခ်ရဲ့ပုံရိပ်တွေက မင်းရဲ့မှတ်ဉာဏ်တွေ ဖြစ်လာပြီးတော့ ပုံရိပ်ယောင် မဟုတ်ဘူးဆိုတာကို မင်း သတိထားမိလာလိမ့်မယ်” ဝမ်ရှောင်ရှင်းက ဂူမန်မန်၏ နောက်မှာရပ်ကာ သူမ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်
“ အဲလ်ဗစ်နဲ့လီရာကလည်း သေသွားပြီလေ။ သားရဲကမ္ဘာမှာ မင်းအတွက် ဘာတွေများ တွယ်တာစရာ ရှိသေးလို့လဲ။ ဟိုဘက်ကမ္ဘာကို ဘာလို့ ပြန်မသွားတာလဲ။ စနိတ်ခ်က မင်းကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာမလို့ မင်းဘဝက ပျော်ရွှင်ကြည်နူးစရာ ကောင်းမှာပါ။
မင်းသာ ဆန္ဒရှိရင် သားရဲကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို မင်းရဲ့မှတ်ဉာဏ်ထဲကနေ ဖျက်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် မင်းလည်း နာကျင်ခံစားစရာ မလိုတော့သလို ငါတို့ ကြည့်တဲ့ ဇာတ်လမ်းတွဲထဲကလို ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်လို့ ရမှာလေ။ ဒါဆို ငါလည်း မင်းကို ကျေးဇူးပြန်ဆပ်ပြီးသား ဖြစ်သွားလိမ့်မယ်”
ဂူမန်မန် စနိတ်ခ်ကို လှမ်းကြည့်လိုက်တော့ သူ့ရဲ့အေးစက်သော မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူမ အခုလေးတင် လွတ်မြောက်လာသော ပုံရိပ်ယောင်ထဲမှာ စနိတ်ခ်က တကယ် တည်ရှိခဲ့မှန်း၊ သူမက သူ့ကို ရက်စက်သော စကားတွေပြောပြီး ဒုတိယအကြိမ် စွန့်ပစ်ခဲ့မှန်း သူမ ကောင်းကောင်း သိသည်။
****
အခန္း (၁၅၆၅ ) : က်မ ရွင့္ကို မလိုခ်င္ဘူး။ မလိုခ်င္ဘူး
စနိတ္ခ္က ဂူမန္မန္ကို လႊတ္ေပးကာ ဒူးတစ္ဖက္ေထာက္ရင္း ဂူမန္မန္ကို ေမာ့ၾကည့္ကာ ေျပာလိုက္သည္
“ မန္(၂) ကိုယ့္တစ္သက္မွာ တစ္ခါပဲ လက္ထပ္ခြင့္ ေတာင္းမယ္ဆိုၿပီးေတာ့ ကိုယ္ ေျပာခဲ့ဖူးတယ္ေလ။ ကိုယ့္ကို လက္ထပ္ပါေနာ္”
“ ရွင္ ေစာေစာကေျပာတဲ့ ပုံရိပ္ေယာင္ဆိုတာက…..”
စနိတ္ခ္က ဒူးေထာက္ထားရင္း ၿပဳံးကာ ေျဖလိုက္သည္
“ မင္း ဒီမွာ ေရာက္လာတယ္ဆိုတာက အခ်ိန္နဲ႔ေနရာေတြရဲ႕တံခါးပြင့္သြားတယ္လို႔ ဆိုလိုတာနဲ႔ အတူတူပဲ။ ဒါက မင္းရဲ႕မူလ ကမာၻေလ။ မင္းရဲ႕မိသားစုနဲ႔ သူငယ္ခ်င္းေတြလည္း ဒီကမာၻမွာ ရွိတယ္ေလ။ မင္းသာ ဒီကမာၻကို ျပန္လာခ်င္တယ္ဆိုရင္ ကိုယ္ဒီမွာ ေနခဲ့တဲ့ ၁၉ႏွစ္တာ ကာလလုံးက မင္းရဲ႕မွတ္ဉာဏ္ ျဖစ္သြားၿပီးေတာ့ ကိုယ္က မင္းကို တစ္သက္လုံး ေပ်ာ္႐ႊင္ေအာင္ ထားသြားမွာ။
ဒါေပမဲ့…တကယ္လို႔…တကယ္လို႔ မင္းသာ သားရဲကမာၻကိုပဲ ျပန္သြားခ်င္တယ္ ဆိုရင္ေတာ့…ဒီမွာ ျဖစ္ပ်က္ခဲ့တာေတြအကုန္လုံးက ပုံရိပ္ေယာင္ သက္သက္တစ္ခု ျဖစ္သြားၿပီးေတာ့ ၁၉ႏွစ္တာ ကာလတစ္ခုလုံးကို အသုံးျပဳထားတဲ့ အိပ္မက္တစ္ခု ျဖစ္သြားမွာ”
စနိတ္ခ္က လက္စြပ္ဘူးကို ဖြင့္လိုက္ေတာ့ သည္းေျခအိတ္တစ္ခုထဲသာ ရွိေသာ ေႁမြႏွစ္ေကာင္ပုံစံ လက္စြပ္ကို ေတြ႕လိုက္ရသည္။
လက္စြပ္ႏွစ္ခုကို ေပါင္းလိုက္ပါက ၿပီးျပည့္စုံသြားၿပီး သူတို႔ကို ခြဲလိုက္ပါက သည္းေျခအိတ္က အမ်ိဳးသမီးဆီ ပါသြားၿပီး အမ်ိဳးသားကေတာ့ သည္းေျခအိတ္ မရွိသည့္ ေသေနေသာေႁမြ၏ လက္စြပ္ပုံစံကို ဝတ္ထားရမည္ ျဖစ္သည္။
“ မန္(၂) ကိုယ္ မင္းကို ထပ္ၿပီး မဆုံးရႈံးပါရေစနဲ႔ေတာ့။ ကိုယ့္ကို လက္ထပ္ပါကြာ…ေနာ္”
ဂူမန္မန္ရဲ႕စိတ္ထဲမွာ မေရတြက္ႏိုင္ေသာ အမွတ္တရေတြကို ျမင္ေနရသည္။ သားရဲနတ္ဘုရားနဲ႔ အတူတူၾကည့္ခဲ့ေသာ ဇာတ္လမ္းတြဲက သူမရဲ႕ကိုယ္ပိုင္မွတ္ဉာဏ္ ျဖစ္လာၿပီး စနိတ္ခ္နဲ႔တြဲခဲ့သူက သူမ ျဖစ္ခဲ့သည္ဟု ခံစားလာရသည္။
ေနရာႏွစ္ခုရွိ မွတ္ဉာဏ္ေတြေၾကာင့္ ဂူမန္မန္၏ စိတ္ထဲ အေတာ္ေလး ရႈပ္ေထြးေနသည္။
သူမ ေခါင္းကို ကိုင္ကာ ယမ္းခါေနမိသည္။ သူမ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ခ်င္ေသာ္လည္း သူမရဲ႕ပါးစပ္ကေန ဘာအသံမွ ထြက္မလာေပ။
စနိတ္ခ္က စိတ္ပူေနသလို တစ္ခ်ိန္ထဲမွာပဲ သူ႔ႏွလုံးသား နာက်င္ေနရသည္။ သူက ဂူမန္မန္ကို တင္းၾကပ္စြာ ဖက္ထားကာ ေျပာလိုက္သည္
“ မန္(၂) မေၾကာက္နဲ႔ေနာ္ အရာအားလုံး အဆင္ေျပသြားမွာ။ ကိုယ္ ဒီမွာ ရွိတယ္ေလ။ ကိုယ္ မင္းကို ကာကြယ္မွာ။ သားရဲကမာၻမွာ ျဖစ္ပ်က္ခဲ့တာေတြ အားလုံးကို ေမ့လိုက္ၿပီး ဒီမွာပဲေနပါကြာ….ကိုယ္လည္း မင္းေဘးမွာ ရွိေနမွာေလေနာ္”
“ ဟင့္အင္း…..ဟင့္အင္း…..” ဂူမန္မန္က မ်က္လုံးေတြနီရဲေနၿပီး အံႀကိတ္ကာ ေျပာလိုက္သည္။
အဲလ္ဗစ္နဲ႔လီရာက ေသြးပင္လယ္ထဲမွာ ရွိေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္ကို ဒီအတိုင္း မထားလိုက္ႏိုင္ေပ။
အဲလ္ဗစ္နဲ႔လီရာ ေသေနေသာ သနားစရာျမင္ကြင္းကို ျမင္ေယာင္လာရင္း အဲလ္ဗစ္နဲ႔ မိတ္ဖက္တဲ့ ေန႔တုန္းက သူမ အဲလ္ဗစ္ကို ေပးခဲ့ေသာကတိကိုပါ ျပန္လည္ ၾကားေယာင္လာသည္။
“ အဲလ္ဗစ္ က်မ ရွင့္ကိုခ်စ္တယ္။ ဒီေန႔ကစၿပီးေတာ့ ရွင့္ကို က်မရဲ႕ေကာင္းကင္လို၊ ခင္ပြန္းလို ဆက္ဆံမယ္။ ရွင္ က်မကို မစြန႔္ပစ္ခင္အထိ ရွင္နဲ႔အၿမဲ အတူေနမယ္။ ရွင္ အႏၲရာယ္နဲ႔ႀကဳံရင္ ရွင့္အတြက္ က်မ ကိုယ့္ကိုယ္ကို စေတးမယ္…..”
သူမ ဘယ္ေလာက္ပဲ လိမ္ညာေနပါေစ ဒီလိုလိမ္ညာမႈမ်ိဳးကိုေတာ့ ဘယ္ေတာ့မွမလုပ္ဖူးဟု သူမ အဲလ္ဗစ္နဲ႔လီရာကို ကတိေပးခဲ့သည္။
သူမ သူတို႔ကို ဘယ္ေတာ့မွ စြန႔္ပစ္မွာမဟုတ္ဘူး…..ဘယ္ေတာ့မွ မစြန႔္ပစ္ဘူး
“ က်မ ျပန္ခ်င္တယ္။ က်မ သားရဲကမာၻဆီကိုပဲ ျပန္ခ်င္တယ္” ဂူမန္မန္ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။ သူမကိုယ္တိုင္ အသိဝင္လာဖို႔အတြက္ လွ်ာကိုလည္း ကိုက္ေနသည္။ စနိတ္ခ္နဲ႔ပတ္သက္တဲ့ မွတ္ဉာဏ္ေတြအကုန္လုံးက သူမကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတာမ်ိဳး မဟုတ္ပဲ သားရဲကမာၻမွာ သားရဲနတ္ဘုရားနဲ႔အတူတူ ၾကည့္ခဲ့ေသာ ဇာတ္လမ္းတြဲတစ္ခုသာ ျဖစ္သည္။
ထို႔ေနာက္ သူမကိုယ္သူမ သတိေပးလိုက္သည္
“ စနိတ္ခ္က ေသသြားၿပီးၿပီ….က်မေရွ႕မွာရွိေနတဲ့သူက…..ပုံရိပ္ေယာင္ သက္သက္ပဲ”
“ က်မ အဲလ္ဗစ္နဲ႔လီရာကိုပဲ လိုခ်င္တယ္။ ရွင့္ကို မလိုခ်င္ဘူး မလိုခ်င္ဘူး” ဂူမန္မန္က ေအာ္ေျပာရင္း စနိတ္ခ္ကိုလည္း သူမ တတ္ႏိုင္သေလာက္ တြန္းထုတ္ေနသည္။
စနိတ္ခ္က ဟန္ခ်က္ပ်က္ကာ ေနာက္သို႔ လဲက်သြားေတာ့ လက္စြပ္ႏွစ္ခုကလည္း ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားသည္။ ေႁမြမေလးေပၚမွာေတာ့ သည္းေျခအိတ္ပါသြားၿပီး ေႁမြထီးေလးဆီမွာေတာ့ သည္းေျခအိတ္ ေပ်ာက္ဆုံးသြားသည္။
သူမရဲ႕ ေရွ႕မွာရွိေသာ ပုံရိပ္ေတြကလည္း ေဝဝါးလာသည္။
သူမ ေခါင္းကိုက္တာလည္း သက္သာလာၿပီး ရင္ဘတ္ကိုကိုင္ကာ အသက္ျပင္းျပင္း ရႉသြင္းလိုက္သည္။ သူမရဲ႕ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္ေတာ့ ရင္းႏွီးေသာ ေနရာျဖစ္ေနသည္ကို သိလိုက္ရသည္။
အခန္း (၁၅၆၆) : ေက်းဇူးတင္ပါတယ္ ေတာင္းလည္းေတာင္းပန္ပါတယ္
အျဖဴေရာင္ျမဴခိုးေတြ ေပ်ာက္ဆုံးသြားခ်ိန္ ဂူမန္မန္လည္း ကိုယ္ပိုင္အိပ္မက္ထဲသို႔ ေရာက္သြားသည္။
သူမ ေဘးပတ္ဝန္းက်င္ကို ရွာေသာ္လည္း သားရဲနတ္ဘုရားကို ဘယ္ေနရာမွာမွ ရွာမေတြ႕ေပ။
“ ဒယ္ဒီ….ဒယ္ဒီ….ဘယ္မွာလဲဟင္…ထြက္လာခဲ့ပါဦး။ သမီး…ဒယ္ဒီကို လိုအပ္တယ္” ဂူမန္မန္က မ်က္ရည္ေတြက်ရင္း ဟိုဘက္ ဒီဘက္ေျပးကာ ေအာ္ေျပာေနသည္။
သူမရဲ႕ေရွ႕က ျမင္ကြင္းက ဝါးလာေသာ္လည္း ေလထဲက အရိပ္ေတြ စုေပါင္းကာ လူပုံစံေပၚလာသည္။ ဂူမန္မန္လည္း မ်က္လုံးကိုပြတ္ကာ အေသးစိတ္စိုက္ၾကည့္ေနသည္။
ဂူမန္မန္က မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ရင္း နာမည္ကို ေခၚလိုက္သည္
“ ဝမ္…ေရွာင္ရွင္းလား”
ဝမ္ေရွာင္ရွင္းက နာက်င္စြာ ၿပဳံးကာ ေရွ႕တိုးလာရင္း ဂူမန္မန္ကိုဖက္ကာ ေျပာလိုက္သည္
“ကေလး ေက်းဇူးတင္ပါတယ္…ၿပီးေတာ့ ေတာင္းလည္း ေတာင္းပန္ပါတယ္”
ဂူမန္မန္၏ စိတ္ေတြ ရႈပ္ေထြးေနဆဲပင္ ျဖစ္သည္။ ဒီအရာေတြက ႐ုတ္တရက္ ျဖစ္ပ်က္သြားသည့္အတြက္ သူမ ေကာင္းေကာင္း မေတြးေတာႏိုင္ ျဖစ္ေနရသည္။
သူမ အခုလိုျဖစ္ေနတာကို ဝမ္ေရွာင္ရွင္းက သိသည့္အတြက္ သူမ၏ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ေျပာလိုက္သည္
“ ငါနဲ႔ပတ္သက္ၿပီး သတိထားေနစရာမလိုပါဘူး။ ငါတို႔က သူစိမ္းေတြမွမဟုတ္တာ ဟုတ္တယ္မလား”
“ ရွင္…..”
“ ဒါမွမဟုတ္ ငါသာ ပုံစံေျပာင္းလိုက္ရင္ မင္း ပိုၿပီးေတာ့ သက္ေတာင့္သက္သာ ျဖစ္သြားမယ္ ထင္တယ္” ဝမ္ေရွာင္ရွင္းက ေျပာရင္း ပုံစံေျပာင္းလိုက္ေတာ့ အျဖဴေရာင္ဝတ္စုံ ဝတ္ထားေသာ သားရဲနတ္ဘုရားကဲ့သို႔ ပုံစံေျပာင္းသြားသည္။
“ ရွင္…” ဂူမန္မန္အေနနဲ႔ ေမးစရာေမးခြန္းေတြ ေထာင္ေက်ာ္ရွိေနေသာ္လည္း အကုန္လုံး လည္ေခ်ာင္းမွာတစ္ေနၿပီး ဘာစကားမွေျပာမထြက္ႏိုင္ျဖစ္ေနသည္။
“ ေတာင္းပန္ပါတယ္……ငါ မင္းကို လိမ္ခဲ့တာ” ဝမ္ေရွာင္ရွင္းက ဂူမန္မန္ကိုလက္ကေန ဆြဲကာ သစ္သားထိုင္ခုံေပၚမွာ အတူတူထိုင္ေစသည္။ သူမက အားနာစြာျဖင့္ ၿပဳံးကာ သက္ျပင္းခ်ရင္း ေျပာလိုက္သည္
“ သားရဲနတ္ဘုရားက လိမ္ညာလို႔ မရဘူးဆိုတာကိုက အစကတည္းက အလိမ္အညာႀကီး တစ္ခု ျဖစ္ေနခဲ့ၿပီ။ ေတာင္းပန္ပါတယ္ေနာ္။ ငါ မင္းကို အစကတည္းက လိမ္ခဲ့တာ။ ဒါေပမဲ့ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြ မရွိဘူးဆိုတာကိုေတာ့ ယုံေပးပါ”
ဂူမန္မန္က ထိုင္ခုံကေန ခ်က္ခ်င္းထကာ ထိတ္လန႔္စြာျဖင့္ ေျပာလိုက္သည္
“ အဲလ္ဗစ္….အဲလ္ဗစ္နဲ႔လီရာ…..”
“ မထိတ္လန႔္ပါနဲ႔။ အရင္ဆုံး စိတ္ေအးေအးထားၿပီးေတာ့ ငါ ေျပာတာကို နားေထာင္ပါဦး”
“ သူတို႔က က်မရဲ႕ေယာက္်ားေတြေလ က်မ မထိတ္လန႔္ပဲ ေနႏိုင္ပါ့မလား” ဂူမန္မန္က သားရဲနတ္ဘုရား၏ အက်ႌစကို ကိုင္ဆြဲကာ ေဖ်ာင္းဖ်ေနသည္
“ က်မကို ဘာေတြပဲ လိမ္ခဲ့ပါေစ က်မ ေဗြမယူပါဘူး။ အဲလ္ဗစ္နဲ႔လီရာကိုသာ က်မဆီျပန္ေပးပါ…က်မ ေတာင္းပန္ေနတာပါ….သူတို႔ႏွစ္ေယာက္လုံးကို က်မဆီျပန္ေပးပါ”
ဝမ္ေရွာင္ရွင္းက သက္ျပင္းခ်ကာ ေဘးဖက္သို႔အၾကည့္လႊဲလိုက္သည္။
ဂူမန္မန္လည္း ဝမ္ေရွာင္ရွင္း ၾကည့္ရာကို လိုက္ၾကည့္ေတာ့ ႀကီးမားေသာ တံခါးခ်ပ္ႀကီးတစ္ခုကို ေတြ႕လိုက္ရသည္။
အရမ္းႀကီးမားလြန္းသည့္အတြက္ အဆုံးမွာ ဘာရွိေနလဲဆိုတာကိုေတာ့ မျမင္ႏိုင္ေပ။
တံခါးေပါက္အလယ္မွာ အက္ေၾကာင္း တစ္ခုရွိေနၿပီး အဲဒီေနရာမွာ စနိတ္ခ္က ရပ္ေနသည္။
“ ကေလး အရင္တစ္ေခါက္တုန္းက ဟိုဘက္ကမာၻမွာရွိတဲ့ စနိတ္ခ္ရဲ႕ပုံရိပ္ေတြက ပုံရိပ္ေယာင္ဟုတ္ မဟုတ္ မင္း ေမးခဲ့တယ္ေလ။ အဲဒီတုန္းက မဟုတ္ဘူးလို႔ ငါက ျပန္ေျပာခဲ့တယ္။ အမွန္ေတာ့ ငါ လိမ္ၿပီး ေျဖခဲ့တာ။ ရတနာခုနစ္မ်ိဳး စုစည္းသြားတဲ့အခါက်ရင္ အခ်ိန္နဲ႔ေနရာေတြရဲ႕ တံခါးပြင့္လာလိမ့္မယ္။ မင္းသာ တံခါးရဲ႕တစ္ျခားတစ္ဖက္ကို သြားလိုက္မယ္ဆိုရင္ စနိတ္ခ္ရဲ႕ပုံရိပ္ေတြက မင္းရဲ႕မွတ္ဉာဏ္ေတြ ျဖစ္လာၿပီးေတာ့ ပုံရိပ္ေယာင္ မဟုတ္ဘူးဆိုတာကို မင္း သတိထားမိလာလိမ့္မယ္” ဝမ္ေရွာင္ရွင္းက ဂူမန္မန္၏ ေနာက္မွာရပ္ကာ သူမ၏ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ေျပာလိုက္သည္
“ အဲလ္ဗစ္နဲ႔လီရာကလည္း ေသသြားၿပီေလ။ သားရဲကမာၻမွာ မင္းအတြက္ ဘာေတြမ်ား တြယ္တာစရာ ရွိေသးလို႔လဲ။ ဟိုဘက္ကမာၻကို ဘာလို႔ ျပန္မသြားတာလဲ။ စနိတ္ခ္က မင္းကို ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္တာမလို႔ မင္းဘဝက ေပ်ာ္႐ႊင္ၾကည္ႏူးစရာ ေကာင္းမွာပါ။
မင္းသာ ဆႏၵရွိရင္ သားရဲကမာၻမွာ ျဖစ္ပ်က္ခဲ့တဲ့ အရာေတြအားလုံးကို မင္းရဲ႕မွတ္ဉာဏ္ထဲကေန ဖ်က္ေပးႏိုင္ပါတယ္။ ဒီလိုဆိုရင္ မင္းလည္း နာက်င္ခံစားစရာ မလိုေတာ့သလို ငါတို႔ ၾကည့္တဲ့ ဇာတ္လမ္းတြဲထဲကလို ေပ်ာ္႐ႊင္စရာ ေကာင္းတဲ့ ဘဝကို ပိုင္ဆိုင္လို႔ ရမွာေလ။ ဒါဆို ငါလည္း မင္းကို ေက်းဇူးျပန္ဆပ္ၿပီးသား ျဖစ္သြားလိမ့္မယ္”
ဂူမန္မန္ စနိတ္ခ္ကို လွမ္းၾကည့္လိုက္ေတာ့ သူ႔ရဲ႕ေအးစက္ေသာ မ်က္လုံးထဲမွာ ဝမ္းနည္းမႈေတြ ျပည့္ႏွက္ေနသည္ကို ေတြ႕လိုက္ရသည္။ သူမ အခုေလးတင္ လြတ္ေျမာက္လာေသာ ပုံရိပ္ေယာင္ထဲမွာ စနိတ္ခ္က တကယ္ တည္ရွိခဲ့မွန္း၊ သူမက သူ႔ကို ရက္စက္ေသာ စကားေတြေျပာၿပီး ဒုတိယအႀကိမ္ စြန႔္ပစ္ခဲ့မွန္း သူမ ေကာင္းေကာင္း သိသည္။