Unicode
"အီဂျူး ?!!"
အပေါက်ဝတွင်ရပ်နေသည်က သေချာပေါက်အီဂျူးဖြစ်သည်။ သို့တိုင် ဆံပင်ဝါဝါလေးများအထိ ပေတလူးနေသော အီဂျူး။ ညစ်ပေစုတ်ပြတ်နေသော ပုံရိပ်ကတစ်ရက်လေးအတွင်းမှာ မည်သည့်နေရာထိ သွားသောင်းကျန်းလာလို့ ထိုသို့ဖြစ်လာရသလဲ။ ဘခ်ဟျွန်းကသာ အတွေးတွေနှင့်မျက်လုံးပြူးနေသော်ငြား ထိုကောင်လေးကတော့ အပြုံးအကြီးကြီးကို ချိတ်ဆွဲပြလာ၏။
"ကျွန်တော် သခင်လေးကိုဒီအခန်းထဲ ဝင်သွားတာတွေ့သားပဲ၊ အမြင်မှားတယ်ထင်ပြီး လိုက်ဝင်ဖို့လုပ်ပေမယ့် ကျွန်တော့်ကိုပြန်ပြန်တွန်းထုတ်တယ် ဘယ်လိုကြီးလဲမသိဘူး"
"အင်း အဲ့ဒါထက် နေပါဦး မင်းဘယ်တွေလျှောက်သွားနေတာလဲ"
အီဂျူးသည် ငတုံးလိုမျိုး ဟီးကနဲရယ်ပြလာပြန်၏။
"ကျွန်တော်သူငယ်ချင်းအသစ်တွေနဲ့ ဆော့နေတာ"
ဘခ်ဟျွန်းမှာ ရယ်ရခက်ငိုရခက်။ အီဂျူးကတော့ သူ့အတွေ့အကြုံအသစ်အား ဘခ်ဟျွန်းထံပြန်လည် ဖောက်သည်ချနေပုံက ကလေးပေါက်စတွေအတိုင်း။ ဘခ်ဟျွန်းလည်း သူ့စကားများအကြားမှ စားဖို့သောက်ဖို့ရန် ရေမိုးချိုးဖို့ရန် အတင်းဖြတ်ပြောရသော်ငြား နားထဲဝင်မဝင်တော့မသိ။ ယခုလည်း သူ့သူငယ်ချင်းတွေက ဘယ်ရောက်သွားမှန်းမသိလို့ စံအိမ်တွင်းလျှောက်ပတ်ကြည့်နေရာမှ ဘခ်ဟျွန်းနှင့်ဆုံခြင်းဖြစ်သည် တဲ့။
ဘခ်ဟျွန်းနှင့်စကားများနေရင်း ခန်းမအတွင်းကို ခေါ်သွားပေးကာ စားပွဲသောက်ပွဲအကြီးကြီးကို မြင်စေတော့မှ ဗိုက်ဆာရကောင်းမှန်း သတိရသည်ထင်၏။ စံအိမ်ကိုမျက်စိလည်မည်စိုး၍ သေချာပြောပြနေသော်ငြား အီဂျူးသည် နေရာများကို သေချာနားလည်သွားပြီဟု ဆိုလာသည့်အပြင် သူနေစရာပင်ရှိသတဲ့။
"ဘယ်လိုဖြစ်လို့လဲ"
မေးချင်သည်များက များပြားလှသော်ငြား ထိုတစ်ခွန်းတည်းသာ ဘခ်ဟျွန်းပါးစပ်ကထွက်တော့သည်။
"နေရာတွေက တူတူပုန်းတိုင်း ကစားပြီးသိသွားတာ၊ အိပ်တာကတော့ သူတို့နဲ့အတူတူ အိပ်လို့ရတယ်တဲ့ သခင်လေး သူတို့အခန်းက တကယ်အကျယ်ကြီးပဲ စိုးရိမ်စရာမလိုပါဘူး"
ဘခ်ဟျွန်းသက်ပြင်းသာချမိတော့၏။ စိုးရိမ်သည်တော့မှန်သော်ငြား အီဂျူးသည် အူလည်လည်လေးမို့ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ခြင်းသာ။
"ဟုတ်ပါပြီ မင်းသူငယ်ချင်းတွေနဲ့လည်း ကြုံရင်မိတ်ဆက်ပေးဦး"
ဘယ်လိုပဲဖြစ်ဖြစ် ဘခ်ဟျွန်းထက်ပင်အယုံလွယ်လှသော ဤကလေးပါးစပ်က ထွက်သမျှကိုတော့ တထစ်ချ ဘခ်ဟျွန်းမယုံကြည်နိုင်။ ထိုသူငယ်ချင်းများဆိုသည့် အုပ်စုကိုတော့ တွေ့ဖို့လိုသည်မို့။ အီဂျူးကတော့ ခေါင်းသာ တဆတ်ဆတ်ညိတ်ပြလာပြီး အစားအသောက်၌သာ အာရုံစုပြုံသွားပြန်၏။
ထိုစဥ်မှာပင် ဘခ်ဟျွန်းနားကိုလျှောက်လာသော ဆယ်ဟွန်းကိုတွေ့လိုက်ရသည်။
"ချန်းရော"
ပါးစပ်ကလွှတ်ကနဲထွက်ပြီးသွားတော့မှ ဘခ်ဟျွန်းလည်း နေရခက်သွားသော်ငြား ပထမလောက် ထူးထူးခြားခြားရှက်မနေတော့။ ဘာပဲဖြစ်ဖြစ် သူတို့အကြောင်း မသိသူမှလည်းမရှိဘဲ။
"မင်းတို့အခန်းဘေးက စာကြည့်ခန်းထဲရှိတယ် အလုပ်များနေတုန်းပဲ"
ဘခ်ဟျွန်းမျက်နှာက မသိသာသော်ငြား အနည်းငယ်မိုးအုံ့သွားပါ၏။ ခေါင်းသာညိတ်ပြလိုက်ပြီး ထိုလူကြီးကို ခေါင်းထဲက ခေတ္တထုတ်ထားလိုက်သည်။ ထို့နောက် အီဂျူးကိုအကဲခတ်နေသော ဆယ်ဟွန်းကြောင့် မိတ်ဆက်ပေးလိုက်ပြီးသည်နှင့် ထိုခန်းမအတွင်းမှ ပြန်ထွက်လာလိုက်သည်။
အချိန်သည်တဖြည်းဖြည်းလင့်လာပြီဖြစ်သည်။ အပြင်ဘက်ရှိ နေ့အလင်းရောင်ဟာလည်း တဖြည်းဖြည်းဖျော့လာပြီးနောက် ညတာသည် လျင်မြန်စွာရောက်ရှိသည်။
ဘခ်ဟျွန်းသည် အခန်းထဲမှာဖြစ်ပြီး သူ့ညောင်းကိုက်နေသော ခြေထောက်တွေကြောင့် ရေနွေးနွေးနှင့်စိမ်နေလျက် ရှိသည်။ ရေလှိုင်းသံတချို့နှင့်အတူ မီးရောင်အောက် တလှုပ်လှုပ်ဖြစ်နေသော ရေအကြည်ရောက်သည် ဘခ်ဟျွန်း၏ခြေဖမိုးဖွေးဖွေးကို ဖောက်ထွင်းမြင်ရနေစေလျက်။
ချန်းယောလ်သည် ယခုအချိန်ထိကို အခန်းထဲပြန်မရောက်သေးပါချေ။ ဘေးအခန်းတွင်ရှိသည်ကို သူသိသည်။ တမင်တကာ အမြင်ကပ်၍သွားမရှာတာဖြစ်ပြီး စိတ်ကောက်မည့်အတွေးဖြင့် ပေတေနေနေတာဖြစ်သော်ငြား ယခုအချိန်ထိ တစ်ယောက်တည်းပူလောင်နေရတာ ကြာတော့ ရူးတော့မလိုပင်။ စာဖတ်ပြီး အာရုံလွှဲနေသော်ငြားလည်း ခေါင်းထဲထိုလူကသာ ကြီးစိုးထားပါ၏။ ထိုလူကတော့ လက်ထပ်ပွဲနေ့ကြီးမှာတောင် သူ့ကိုပစ်ထားလျက်။
နောက်ဆုံးမနေနိုင်တော့၍ ရေထဲကခြေထောက်အား ဝုန်းကနဲဆောင့်ချကာ ရေသုတ်ပြီးသည်နှင့် အခန်းထဲကထွက်လာလိုက်သည်။ ထို့နောက်ဘေးအခန်းရှိ တံခါးကိုခေါက်မနေတော့ဘဲ ဆတ်ကနဲတွန်းဖွင့်လိုက်တော့၏။
မှောင်မဲနေပြီး ဖယောင်းတိုင်အလင်းတစ်ခုသာ ရှိသော နေရာက ဘခ်ဟျွန်းကိုကြိုဆိုလာသည်။ အခန်းထိပ်ရှိ စားပွဲနောက်တွင် နောက်ကျောမှီထိုင်လျက် မျက်လုံးများမှေးမှိတ်ထားသော လူတစ်ယောက်သည် မျက်ဝန်းတို့ဖွင့်ကြည့်လာသည်။ ရင်းနှီးမှုရှိသည့် စိမ်းတောက်နေသော မျက်ဝန်းစိမ်းများနှင့် ဘခ်ဟျွန်းတည့်တည့်ဆုံသည်နှင့် အခန်းတံခါးအား အသာပိတ်ကာ ထိုရှေ့တည့်တည့် လမ်းလျှောက်လာလိုက်သည်။
အနီးကပ်သေချာမြင်ရမှ သတိထားမိသည်။ ချန်းယောလ်မျက်ဝန်းတွေက ရီဝေနေသလိုမျိုး။ ဘခ်ဟျွန်း၏ အေးဆေးလာနေသော ခြေလှမ်းများကို သွက်သွက်လက်လက်ရှေ့တိုးလိုက်ကာ ချန်းယောလ်လက်ကို ဆွဲကိုင်လိုက်သည်။ ပူခြစ်နေပါ၏။
"ချန်း ဘာဖြစ်နေတာလဲ"
စိတ်ဆိုးမည်ပြင်ထားသမျှဟာ ထိုလူ၏ပုံမှန်မဟုတ်သော အမူအရာအောက်တွင် တိုးလျှိုးပျောက်ကွယ်သည်။
"ခဏပဲ ပြီးရင်ပျောက်သွားလိမ့်မယ် မင်းအခန်းပြန်နေ"
သူ့လက်ကိုတွန်းထုတ်လာသော ချန်းယောလ်အား ဘခ်ဟျွန်းပြန်လည်ဆွဲယူလိုက်သည်။
"ခဏက ဘယ်လောက်ကြာနိုင်မှာမလို့လဲ၊ မဟုတ်မှ ခင်ဗျားတစ်နေ့လုံး ဒါကြောင့် ကျွန်တော့်ကိုရှောင်နေတာလား။ ဘာဖြစ်တာမလို့လဲ"
အမေးစကားတရဆက်နှင့်အတူ ဘခ်ဟျွန်းလက်သွယ်သွယ်လေးတွေက ချန်းယောလ်နဖူးနှင့် ပါးပြင်တွေအပေါ်ရောက်လာ၏။ သိပ်တော့မပူပြင်းသော်ငြား သူခါတိုင်းထိတွေ့နေကျ ချန်းယောလ်၏အသားအရည်နှင့် ယှဥ်လျှင်တော့ ပူသည်ဟု ပြောလို့ရသည့်အခြေအနေ။
"ခန္ဓာကိုယ်ထဲက စွမ်းအားအခြေအနေက ကမောက်ကမဖြစ်သွားရုံပဲ စိုးရိမ်စရာမလိုဘူး"
ပြောပြီးသည်နှင့် မျက်လုံးတို့မှေးမှိတ်သွားသော ချန်းယောလ်က ထပ်မံတွန်းထုတ်ခြင်းတော့မရှိတော့။
"မင်းလက်တွေအေးနေတယ်"
"ခုဏကမှ ရေကိုင်လာလို့"
ချန်းယောလ်သည်မျက်လုံးဖွင့်ကြည့်လာ၏။ ဘခ်ဟျွန်းဆက်ပြောလိုက်သည်။
"ခြေထောက်တွေကိုက်ခဲနေလို့ ရေနွေးစိမ်နေတာလေ၊ တစ်နေ့လုံး ရပ်နေရလို့ဖြစ်မယ်"
ဒီကြားထဲ တောင်လျှောက်သွား၊ မြောက်လျှောက်သွားက ပါသေးသည်။ ချန်းယောလ်သည်ခပ်ဖြည်းဖြည်းဆိုလာ၏။
"ပေါင်ပေါ်တက်ခဲ့"
ရင်ထဲသိမ့်ကနဲဖြစ်သွားသော်ငြား နှုတ်ခမ်းကတော့ ပက်ကနဲ အထွန့်တက်မိသေးသည်။
"ရလို့လား ခင်ဗျားအဆင်မပြေဖြစ်နေတာကို"
ချန်းယောလ်သည် အသံခပ်နိမ့်နိမ့်ဖြင့်သာ ဆက်ပြောလာ၏။
"ရတယ် ငါမင်းကိုဖက်ထားချင်လို့"
ထိုအသံနှင့်အကြည့်အောက်မှာတင် ဘခ်ဟျွန်းဘာမှ အထွန့်တက်မနေတော့ဘဲ ချန်းယောလ်ပေါ် ကြုံ့ကြုံ့လေးတက်ထိုင်လာတော့၏။ ဖက်တွယ်လာသော ချန်းယောလ်အသားအရည်က ပူလောင်လှသည့်တိုင် ဘခ်ဟျွန်း၏အေးစက်နေသော ခန္ဓာကိုယ်ကြောင့် အနည်းငယ်အဆင်ပြေသည်ထင်၏။ ဘခ်ဟျွန်းလည်း ထိုလူလွှတ်ပေးလာသော အနွေးဓာတ်တွေအောက်မှာ နေရထိုင်ရသက်သာသွားသည်။
"ဘယ်အချိန်က စဖြစ်နေတာလဲ"
ရင်ဘတ်ကိုမျက်နှာအပ်ကာ မေးမိသောစကားကြောင့် နားနေသည်ကို အနှောင့်အယှက်ဖြစ်သွားမလား တွေးမိသော်ငြား ချန်းယောလ်ကတော့ ပြန်ဖြေပေးလာ၏။
"နေ့လယ်ကမှ"
"ဖြစ်နေကျလား"
"အင်း တခါတလေ ချိတ်ပိတ်ခံထားရတဲ့စွမ်းအားက ထိုးထွက်ချင်လာရင် ဖြစ်တတ်တယ်"
ဘခ်ဟျွန်းသည်ထိုလူကို တင်းတင်းကြပ်ကြပ် ဖက်မိလိုက်သည်။ ခါတိုင်းအသံကလည်း ခပ်ဩဩပေမယ့် ယခုကဲ့သို့ တိတ်ဆိတ်နေသော အခန်းတွင်း၌ အက်ရှနေသော ချန်းယောလ်၏လေသံက ပို၍ဆွဲဆောင်မှု ပြင်းထန်နေသလိုပင်။
ရင်ခွင်ထဲ ကလေးလိုနေနေရင်းမှ မျက်ဝန်းထောင့်ကနေ ရုတ်တရက်သူ့အာရုံကို ဖမ်းဆောင်သွားသည်က စားပွဲပေါ်က စုတ်တံတစ်ချောင်း။ ချန်းယောလ် ကိုယ်ပူကျသွားမည့်အချိန်ကို ဖြည်းဖြည်းချင်းစောင့်နေရင်းမှ စိတ်ကအငြိမ်မနေနိုင်။ ထိုစုတ်တံကို သူ့မျက်ဝန်းထောင့်ကနေ မြင်နေတာ စစချင်းရောက်ကတည်းကဖြစ်ပြီး အစပထမတော့ ချန်းယောလ်ကိုယ်ပူနေ၍ လျစ်လျူရှုထားသေးသည်။ သို့တိုင် အချိန်ကြာလာသည်နှင့်အမျှ မျက်လုံးထောင့်မြင်နေရသော စုတ်တံကို မထိတွေ့ဖူးသူပီပီ ကောက်ကိုင်လိုက်ချင်စိတ်သည် ကြီးစိုးနေ၏။ စိတ်၏တောင်းဆိုမှုကို ခန္ဓာကိုယ်ကလည်းအလိုလိုက်သည်။
အနည်းငယ် ချန်းယောလ်ရင်ဘတ်ထဲမှ ထွက်ကာ စုတ်တံကိုလှမ်းယူတော့ ခါးနားက ချန်းယောလ်လက်တွေက စိုးရိမ်တကြီးတင်းကျပ်သွား၏။ တစ်ဆက်တည်းဆိုသလို မျက်လုံးပါပွင့်လာရင်း အမေးဆိုလာ၏။
"ဘာဖြစ်တာလဲ"
"ဟီး ဒါယူတာ"
လက်ထဲကစုတ်တံကိုထောင်ပြလိုက်တော့ ချန်းယောလ်မျက်ခုံးတွေ တွန့်သွားသလို။ ဘခ်ဟျွန်းဆက်ပြောလိုက်သည်။
"ကျွန်တော် စုတ်တံနဲ့အရမ်းရေးဖူးချင်တာ ချန်း ရေးတတ်လား"
"ဒီမှာက တော်တော်များများ စုတ်တံပဲသုံးကြတာ"
ချန်းယောလ်၏မျက်ဝန်းတွေသည် အစပထမလောက် သိပ်ပြီး ရီဝေအုံ့မှိုင်းမှုမရှိတော့သည်မို့ ဘခ်ဟျွန်းသည် ပေါင်ပေါ်ကနေ အငြိမ်မနေတော့။
"ကျွန်တော့်ကိုသင်ပေးလို့ရလား"
ပါးစပ်ကသာ မကောင်းတတ်၍မေးနေပုံပေါ်သည်။ လက်ကတော့ စားပွဲပေါ်ရှိ စာရွက်အလွတ်တွေကို လိုက်ရှာနေပြီဖြစ်ပြီး ချန်းယောလ်လည်း ထိုင်ခုံကိုရှေ့ဆွဲကပ်ပြီးသည်နှင့် အံဆွဲထဲက စာရွက်အထပ်လိုက်ကို ထုတ်ပေးလိုက်ရတော့သည်။
ဘခ်ဟျွန်းမျက်ဝန်းတွေက လတ်သွားသည်မှာ ဆော့စရာတွေ့သွားသည့်နှယ်။ ချန်းယောလ် ဘာမှမဆိုဘဲ စုတ်တံကိုင်ထားသည့် ဘခ်ဟျွန်းလက်တွေအပေါ်ကနေ အုပ်မိုးကာ စတင်ရွေ့လျားလိုက်သည်။
စာရွက်သားနှင့်စုတ်တံ၏ အထိအတွေ့ကို လွန်စွာမှ သဘောကျနေပုံဖြင့် စတင်ရေးဆွဲလိုက်သည်နှင့် မျက်စိရှေ့က ကောင်လေးထံမှ အသံပလုံစီအောင် ထွက်လာတော့၏။ ရေးနေသည့်စာလုံးက ဘခ်ဟျွန်း၏နာမည်ကိုသာ ဖြစ်သည့်တိုင် ထိုကောင်လေးကတော့ အတော်ကိုမှ သဘောကျနေပုံပေါ်ပါသည်၊ တစ်ခုပြီးတစ်ခု ရေးခိုင်းလာ၏။
ကျောပေးထားသော ဘခ်ဟျွန်း၏လည်တိုင်ကျော့ကျော့က သူ့မျက်စိရှေ့တော့ သားကောင်ပေါက်နှယ်။ လွတ်လပ်နေသည့်လက်တစ်ဖက် မနေနိုင်ဘဲ အင်္ကျီစအောက်ကိုလျှိုဝင်ကာ ခါးကိုအသာပွတ်သပ်မိသည်။ ဘခ်ဟျွန်းခန္ဓာကိုယ်သည် အသာတွန့်သွားသည်။
"ခင်ဗျား ..... လက်တွေပြန်ပူလာသလိုပဲ"
အမှန်တကယ်ပင်၊ ပြန်ပူလာခြင်းဖြစ်သော်ငြား ဤတစ်ကြိမ်တွင်တော့ အကြောင်းပြချက်မတူညီတော့။ ခါးပေါ်ကလက်တို့က အတင့်ရဲကာ ရင်ဘတ်ရှေ့ပိုင်းရှိ ပွင့်ချပ်တွေထံဖိချေလာတော့ ဘခ်ဟျွန်းလက်သည် တွန့်ကာ စုတ်တံကချော်ထွက်သွားသည်။
"ခဏ လေး ချန်း နေမကောင်းဘူးလေ"
ငြင်းနေလည်းအထမမြောက်မည်ကို သိသိရက်နှင့် ဘခ်ဟျွန်းပြောနေမိသေးသည်။ ချန်းယောလ်ချေပလာပုံက တစ်ချက်တည်း။
"မင်္ဂလာဦးရဦးမယ်"
တစ်ဆက်တည်းဆိုသလို လွှမ်းခြုံလာသည့် အငွေ့အသက်များကို သိသိသာသာ ခံစားလိုက်ရပြီး ဘခ်ဟျွန်းခြေထောက်များသည် ပျော့ခွေကုန်တော့၏။ ဤအခိုက်အတန့်တွင် သူများတွေပြောနေကြသော ချန်းယောလ်၏အနံ့အသက်ဟူသည်ကို သူပထမဆုံးခံစားမိလိုက်သလို။ ထိုအငွေ့အသက်တို့က ချန်းယောလ်အပိုင်မှန်း သိသည်နှင့် ဘခ်ဟျွန်း၏ ပထမဆုံးအတွေးသည် သူ့အားစိတ်ကြွစေသည်ဟူ၍သာ။
ထို့နောက် သူ့အားဖိနှိပ်နိုင်သည်။ တစ်ဖက်လူ၏ လိုသလို စိတ်ကြိုက်ပြုမူနေသော လှုပ်ရှားမှုတွေအောက်မှာ ဘခ်ဟျွန်းခန္ဓာကိုယ်က သူ့အပိုင်မဟုတ်တော့သလိုမျိုး။ ထိုအခန်းထဲ၌သာ ဘခ်ဟျွန်းနည်းမျိုးစုံဖြင့် ခြယ်လှယ်ခံနေရတော့၏။
___
ကုတင်ထက်ရှိ ဘခ်ဟျွန်းသည် ငြိမ်းချမ်းစွာ အိပ်မောကျလျက်ရှိသည်။ သေချာရေပတ်တိုက် သန့်ရှင်းပေးပြီး အဝတ်အစားပါလဲထားပေးသည်မို့ စောင်အောက်က လှစ်ဟထွက်နေသော မျက်နှာနုနုက ကြည်လင်လျက်။ ချန်းယောလ် ထိုကောင်လေး၏နဖူးပေါ်အား ခပ်ဖွဖွအနမ်းခြွေပြီး အခန်းထဲကထွက်လာလိုက်သည်။
အခန်းထဲကအထွက်မှာပင် ဆယ်ဟွန်းနှင့်တိုက်ဆိုင်စွာ တိုးသည်။ ဆယ်ဟွန်းသည် တံခါးခေါက်တော့မည့် အသွင်ဖြင့်၊ လက်တစ်ဖက်ကိုမြှောက်လျက်။
"ဪ"
ဆယ်ဟွန်းထံမှအသံ။ ချန်းယောလ်တံခါးကို ပြန်ပိတ်ပြီးမှ စကားစလိုက်သည်။
"ဘခ်ဟျွန်း ခုဏကမှအိပ်ပျော်သွားတာ၊ ဟိုဘက်အခန်းထဲသွားမယ်"
ချန်းယောလ်အသံက တစ်ယောက်သောသူ အနှောင့်အယှက်ဖြစ်သွားမည် စိုးသည့်အလား ခပ်နိမ့်နိမ့်သာ။
အခန်းထဲရောက်တော့မှ ဆယ်ဟွန်းကလည်း ပြောလာတော့၏။
"အခြေအနေ အဆင်ပြေလား"
မနေ့က နေမကောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းနေသည်ကို သိသည့်အားလျော်စွာ ချန်းယောလ်ခေါင်းညိတ်ပြလိုက်သည်။
"ဘာကိစ္စရှိလို့လဲ အစောကြီး"
အမေးစကားနှင့်အတူ ချန်းယောလ်ဝင်ထိုင်ရန် ခုံကိုဆွဲထုတ်လိုက်သည်။
"နတ်ဝိဉာဥ်သစ်ပင်နဲ့ပတ်သက်ပြီး"
ချန်းယောလ်လက်တို့က အတန်ငယ်တုံ့ဆိုင်းသွား၏။ ဆယ်ဟွန်းသည် စကားဆက်လာ၏။
"ငါ့စိတ်ထဲနည်းနည်းထူးဆန်းနေတယ်"
"ဘယ်လိုမျိုးလဲ"
ချန်းယောလ်ခုံတွင်ဝင်ထိုင်လိုက်တော့ ဆယ်ဟွန်းသည်လည်း သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ချလာသည်။
"ပုံမှန် အခုရက်ပိုင်းလောက်ဆို နတ်ဝိဉာဥိသစ်ပင်ရဲ့တံခါးက ပွင့်လာလောက်ပြီ ဒါပေမယ့် အခုနောက်ကျနေတယ်"
"သူကနဂိုတည်းက ရက်အတိအကျမရှိဘူးပဲ မဟုတ်လား"
"ဒါပေမယ့် ငါနှစ်တွေအများကြီး အဲ့အထဲကိုအဝင်အထွက်လုပ်လာရတာ ချန်းယောလ်၊ ဒီအချိန်လောက်က သူပွင့်လာဖို့ အကောင်းဆုံးအချိန်ကို မပွင့်လာသေးတာက ....... တစ်ခုခုက ငါ့စိတ်ထဲထူးဆန်းနေတယ်"
ချန်းယောလ်သည် ကွေ့ဝိုက်မနေတော့။
"အဲ့ဒီတော့ မင်းကဘာထင်လို့လဲ"
ဆယ်ဟွန်းသည် သူ့မျက်လုံးများထံ စိုက်ကြည့်လာ၏။ မျက်ဝန်းပြာများက စိုးရိပ်အနည်းငယ်ကြောင့် မျက်ခုံးတန်းများဟာလည်း အတန်ငယ်တွန့်လျက်။ ထို့နောက် သူ့အတွေးတွေကို ခေါင်းခါထုတ်ဟန်ပြုသည်။
"ဘာမှမဟုတ်ပါဘူး ငါအတွေးလွန်တာဖြစ်မှာပါ"
"ပွင့်မလာလောက်ဘူးထင်လို့လား"
"တစ်နှစ်တစ်ကြိမ် အမြဲလိုလိုပွင့်နေကျ တံခါးက ပွင့်မလာရင်ဘယ်လိုဖြစ်သွားမလဲ ချန်းယောလ်၊ အထူးသဖြင့် စွမ်းအားဖြန့်ကျက်ပွဲ"
"မင်းအစိုးရိမ်လွန်နေပြီ"
ဆယ်ဟွန်းသည် မျက်မှောင်ကြုတ်လျက်သားပင် အကြည့်ကိုလွှဲသည်။
"ငါလည်း အစိုးရိမ်လွန်နေတာပဲ ဖြစ်ဖို့မျှော်လင့်တယ်"
စကားဆုံးသော်ငြား အတွေးထဲကမထွက်နိုင်သေးသော ဆယ်ဟွန်းအား ချန်းယောလ်ဖြတ်ပြောလိုက်သည်။
"မနက်အစောကြီးလာတာ ဒါပဲပြောဖို့လား"
ဆယ်ဟွန်းအကြည့်သည် သူ့ထံရောက်လာ၏။ ထို့နောက် နေရခက်သလို အပြုံးဖွဖွကိုထုတ်ပြပြီးနောက် ဆိုလာသည်။
"ငါတောင်းပန်စရာလည်းရှိလို့"
ချန်းယောလ်သည် မျက်ခုံးပင့်ကြည့်သည်။ သေချာပေါက်တော့ တောင်းပန်စကားတွေ ကျေးဇူးတင်စကားတွေဆိုတာ သူတို့ကြားထဲ လိုအပ်မနေသည့်အရာတွေဖြစ်သည်မို့။ သူ့တုံ့ပြန်သော အမူအရာကို ဆယ်ဟွန်းကနားလည်သည့်တိုင် ဆက်ပြောလာ၏။
"မင်းနဲ့ကြင်ရာတော်ရဲ့ သတင်းတွေက ..... ငါ့ဆီက ကျိုးပေါက်နေတာ ဖြစ်နေတယ်"
စကားအဆုံး ဆယ်ဟွန်းက ခါးသက်သက်ပြုံးသည်။ ချန်းယောလ်မျက်မှောင်ကြုတ်လိုက်သည်။
"ဘာရယ်"
"အရင်က မင်းတို့နေတဲ့နေရာကို လီချန်းဝူးဘယ်လိုသိပြီး ကျားကိုလွှတ်လိုက်သလဲ ဆိုတာတွေကအစ ဘခ်ဟျွန်းအဆောင်နေတော့ ဖြစ်တဲ့ပြဿနာတွေအဆုံး ......"
ချန်းယောလ်ထံမှ လွင့်ကနဲကျလာသော အပြုံးက တစ်နည်းတစ်ဖုံ ကြောက်ဖို့ကောင်းနေခဲ့၏။
"မင်းတော့မဖြစ်နိုင်ဘူး မင်းဘေးကကောင်လား"
ဆယ်ဟွန်းသည် ဘာမှပြန်မဖြေ။ သို့တိုင် နာကျည်းနေသောအပြုံးနှင့်ပင် အဖြေကိုမှန်းဆမိလိုက်သည်။ ချန်းယောလ် အံတင်းတင်းကြိတ်ကာ အသက်ကိုပြင်းပြင်းရှူထုတ်ရင်း နောက်ကျောမှီချလိုက်သည်။
"ဘာမှမပြောတော့ဘူးလား"
ဆယ်ဟွန်းသည်မေးလာ၏။
"မင်းအမူအရာကိုကြည့်ရုံနဲ့တင် ဆုံးဖြတ်ချက်ကို ခန့်မှန်းနိုင်ပါတယ်၊ ငါပြောလည်းဘာတတ်နိုင်မှာလဲ"
ဆယ်ဟွန်းသည် ခပ်တိုးတိုးရယ်မောလာ၏။
"ငါသူ့ကိုအရမ်းယုံကြည်ခဲ့တာ သူကတော့ ငါ့ဆီကရသမျှသတင်းတွေအကုန် ရောင်းစားနေခဲ့တာတဲ့"
ချန်းယောလ်သည် ဘာမှမပြော။ နှစ်သိမ့်တာတွေက သူအကျွမ်းကျင်ဆုံးအလုပ်မဟုတ်ပေ။ သို့တိုင် ချစ်ရသည့်သူ၏ လှည့်စားခြင်းကို ခံလိုက်ရသော ဆယ်ဟွန်း၏ခံစားချက်ကိုတော့ သူမှန်းဆနိုင်သည်ပင်။
"အဲ့ကိစ္စအတွက်ဆိုရင် မင်းတောင်းပန်စရာမလိုဘူး"
ဆယ်ဟွန်းသည် ခေါင်းခါယမ်းပြလာ၏။
"အဲ့အတွက်မဟုတ်ဘူး ငါသူ့ကိုဘာမှမလုပ်နိုင်ဘဲ လွှတ်ပေးမိလိုက်တဲ့အတွက် တောင်းပန်တာ"
ချန်းယောလ်သည် အချိန်အတော်ကြာအထိ ဘာမှမတုံ့ပြန်နိုင်ခဲ့ပါချေ။ သို့တိုင် ဒေါသကြီးသည့်သူ့မှာ ဒေါသလည်းမထွက်နိုင်။ ရိုက်ချင်လျှင်တောင် ထိုကောင်က နဂိုဒဏ်ရာနှင့် နာပြနေတော့ ချန်းယောလ်သူ့စိတ်ကိုလျှော့ချဖို့သာ ရှိတော့၏။ မည်သို့ပင်ဆိုပါစေ ထိုကိစ္စတွေက ဖြစ်ပြီးခဲ့ပြီဖြစ်သလို တစ်ရန်လည်းရှင်းသွားသည်ဟုသာ မှတ်ယူလိုက်တော့သည်။
"ငါ့ကိုသာ အချစ်ရူးလို့ပြောနေတာ မင်းကိုယ်မင်းလည်းပြန်ကြည့်ပါဦး"
ဆယ်ဟွန်းသည် သူ့စကားနှင့်သူပိတ်မိသွားသလိုမျိုး ဟက်ကနဲ ရယ်မောလာ၏။
"နတ်ဝိဉာဥ်သစ်ပင်ကိုတော့ ငါပဲဆက်စုံစမ်းထားလိုက်မယ် မင်းအနားယူဦး ဘာပြောစရာကျန်သေးလဲ"
"ဒါပဲ၊ ဪ ဒါနဲ့ မင်းကောင်လေးက တကယ်ဇပဲကွ၊ စာကြည့်တိုက်က စာအုပ်တွေကိုများ စိတ်ကြိုက်ပဲ သယ်ချသွားတာ၊ သူ့ကိုတွေ့လိုက်တဲ့အစောင့်လေးခမျာ ပြောရနိုး မပြောရနိုးနဲ့ နောက်ဆုံးမင်းမျက်နှာကြီးမြင်ယောင်လာလို့ ဒီအတိုင်းလွှတ်ပေးလိုက်တယ်ဆိုပြီး ငါ့ကိုငိုယိုပြီး လာတိုင်နေတာ မနေ့ကတည်းက"
ချန်းယောလ်ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ စာကြည့်တိုက်က စာအုပ်တွေသည် မျိုးရိုးအစဥ်အလာအရ ပြုစုခဲ့ကြသော စာတမ်းများ များပြားသဖြင့် ထိုအခန်းအတွင်းမှ ထုတ်ယူခွင့်မရှိပါချေ။ သို့တိုင် ချန်းယောလ်ဆိုသည်ကလည်း အစဥ်အမြဲဘခ်ဟျွန်းဘက်ကသာ ဖြစ်သည်။
"ဘာစာအုပ်မလို့လဲ"
"နေအဖွဲ့အစည်းက စွမ်းအားတွေအကြောင်းတဲ့၊ တကယ့်အကောင်းကြိုက်လေးပဲ"
စာအုပ်နာမည်ကြားသော်ငြား ချန်းယောလ်အမူအရာသည် တစ်ချက်ပြောင်းလဲမှုမရှိ။ အရေးမပါသကဲ့သို့။
"သူဖတ်ပြီးတာနဲ့ ငါပြန်ထားပေးမယ်"
ဪ အခုပြန်ထားပေးပြီး သူ့ကောင်လေးကိုလည်း သေချာမှာထားမယ် လို့တော့ မပြောဘူးပဲ။ ဆယ်ဟွန်းအတွေးနှင့်အတူ နှုတ်ခမ်းကလည်း မချိုမချဥ်ဖြစ်သွားသည်။ သို့တိုင် သူ့အတွေးမဆုံးသေးခင်မှာပင် ချန်းယောလ်က ထပ်ပြောလာပြန်၏။
"အစေခံတွေကိုလည်း တစ်ခါတည်းပြောထားလိုက်။ နောက်လည်း ဘခ်ဟျွန်းဘာလုပ်လုပ် တွေ့ရင်လွှတ်ထားပေးလိုက်လို့ ကျန်တာအကုန်ငါရှင်းမယ်"
ဆယ်ဟွန်းသည် ရင်ဘတ်ကိုအသာဖိသည်။ ပြောလေဆိုးလေ သည်းသည်းလှုပ်နေသည့် ပတ်ချန်းယောလ်အား ဆက်ပြောမနေတော့ဘဲ မျက်ဆံသာလှန်ပြီး မြန်မြန်ပြေးထွက်လာတော့၏။
___
ဘခ်ဟျွန်းအိပ်ရာက နိုးလာသည့်အခိုက် ချန်းယောလ်က နံဘေးတွင်မရှိပြန်။ အထူးအခွင့်ရေးကြီးဖြစ်သည့် နာမည်ခေါ်လျှင်ရောက်လာမည့်ကဒ်အား အလိုက်သိစွာ မသုံးဘဲထားထားသော်ငြား ယခုတော့နိုးလာ၍ စိတ်မကြည်သည်နှင့်အညီ ဘခ်ဟျွန်းအော်ခေါ်မိတော့၏။
"ချန်း !!!"
နိုးကာစမို့ အသံကခပ်အစ်အစ်။ ချက်ချင်းအခန်းထဲပေါ်လာသော ချန်းယောလ်က မြန်မြန်ဆန်ဆန်ပင် အနားကိုရောက်လာရင်း ဘခ်ဟျွန်းကိုပွေ့ဖက်လာသည်။
"ဘယ်တွေသွားနေပြန်တာလဲ"
ဖက်လိုက်တော့လည်း ရင်ငွေ့ကိုခိုလှုံလာသော ကောင်လေးက စူပုပ်ပုပ်လေသံကိုလည်း တစ်ထစ်မလျှော့။
"ဘေးအခန်းမှာ ဆယ်ဟွန်းနဲ့ စကားပြောနေတာ"
ဘခ်ဟျွန်းသည် ရင်ဘတ်ထဲကနေ ခေါင်းထုတ်ကာ သူ့ထံမျက်စောင်းထိုးကြည့်လာသည်။
"မနက်စောစောစီးစီး ကျွန်တော့်အနားကျမနေဘဲ သူများနဲ့ပဲ စကားသွားပြောနေတယ် ..... စားပြီးနားမလည်လုပ်တဲ့လူ"
ချန်းယောလ် - "............. ဟုတ်ပါပြီကွာ၊ နောက်အခါ အနားမှာနေပါ့မယ်"
ပြန်ဖြေလိုက်တော့မှ ကျေနပ်သလို ရင်ခွင်ထဲပြန်လည်ပြိုဆင်းသွားသော ဘခ်ဟျွန်းအား ခါးကနေအသာပွေ့ကိုင်ရင်း ဆံပင်လုံးလုံးလေးများထံ အသာဖိနမ်းမိသည်။
"ဘာအကြောင်းပြောနေတာလဲ ကျွန်တော့်အတင်းလား"
ချန်းယောလ်အနည်းငယ်ပင် တွန့်သွားသည်။ သူ့ဘခ်ဟျွန်းဟာ အကြားအမြင်များ ရနေသလား။ ဘခ်ဟျွန်းမရိပ်မိခင်မှာပင် ချန်းယောလ်လေသံကို ပုံမှန်အတိုင်းထားရင်းသာ ဖြေလိုက်သည်။
"စွမ်းအားဖြန့်ကျက်ပွဲအကြောင်း ပြောနေတာ"
ဘခ်ဟျွန်းသည် သူ့ရင်ဘတ်အား မေးထောက်လျက် မော့ကြည့်လာ၏။ မျက်ခုံးတန်းသွယ်သွယ်လေးများဟာ တွန့်ချိုးလျက်။ အနည်းငယ် အိပ်ချင်ပြေသွားပုံပေါ်သော မျက်လုံးမှေးမှေးများက သိပ်ရီဝေမနေတော့ဘဲ စိတ်ဝင်စားစရာ အကြောင်းအရာတွေ့သွားသလိုမျိုး တောက်ပသွားလျက်။
"အဲ့ဒါဘာလဲ ကျွန်တော် မနေ့ကတည်းက သူများတွေပြောတာ ကြားနေရတာ"
"တစ်နှစ်တစ်ခါ လုပ်လေ့ရှိတဲ့ ပွဲပါပဲ"
"စွမ်းအားတွေဖြန့်ကျက်ရတာလား"
"အင်း နယ်မြေကြီးလေးခုရဲ့ စွမ်းအားတွေကို စုပေါင်းပြီးဖြန့်ကျက်ပေးရတာ"
"မိုက်လိုက်တာ"
အသံခပ်သေးသေးလေးနှင့်ပြောလာသော ဘခ်ဟျွန်းက သူ့ရင်ခွင်ထဲ ပြန်လည်ဖက်တွယ်လာပြန်၏။ ချန်းယောလ် အင်းဟုသာ ခပ်သဲ့သဲ့တုံ့ပြန်မိတော့ ထိုကောင်လေးက မေးလာပြန်၏။
"ကျွန်တော်ရော အဲ့ဒါလုပ်နေတဲ့အချိန် ကြည့်လို့ရလား"
ချန်းယောလ်သည် ပြန်မဖြေခင် ခေတ္တတုံ့ဆိုင်းနေ၏။ ဘခ်ဟျွန်းနားလည်အောင် မည်သို့ပြောရမလဲကို စဥ်းစားနေဟန်ပေါ်သည်။
"အများစုကတော့ အဲ့အချိန်မှာ မကြည့်နိုင်ကြဘူး ....... နတ်ဘုရားလေးပါးရဲ့ စွမ်းအားတွေပေါင်းစုံတဲ့နေရာနားမှာ ဘယ်သူမှ မနေနိုင်ကြလို့၊ မဟုတ်ရင် ပတ်ပတ်လည်ကလူတွေကို ထိခိုက်စေတယ်"
"အာ ......"
"ဒါပေမယ့် တချို့က ခံနိုင်ရည်ရှိရင်တော့ ရတယ်"
"နှမြောစရာပဲ၊ အဲ့ဒါက ဘယ်နေ့လုပ်ရမှာလဲ"
"အတိအကျမရှိဘူး တစ်နှစ်ကိုတစ်ကြိမ် သူသတ်မှတ်ပေးလာတဲ့နေ့မှာ လုပ်ရတာ"
"ဘယ်သူသတ်မှတ်ပေးတာ"
"နတ်ဝိဉာဥ်သစ်ပင်"
ဘခ်ဟျွန်းသည် သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ကာ ထထိုင်လာ၏။ စိတ်ပါဝင်စားမှုက အလုံးစုံမြင့်တက်သွားမှန်းသိသာသည်မို့ ချန်းယောလ်ခပ်ဖွဖွပြုံးလိုက်မိသည်။ ဘခ်ဟျွန်းကတော့ မျက်မှောင်ကြုတ်လာ၏။
"ကျွန်တော်မသိသေးတဲ့ ကိစ္စတစ်ခုရှိတာကို သိလိုက်ရတာ တော်တော်ခံရခက်တာပဲ အဲ့ဒါအကြောင်းပြုစုထားတဲ့ စာအုပ်ရောရှိလား"
"ဆယ်ဟွန်းကိုမေးကြည့်၊ သူက စာကြည့်တိုက်မှူးလိုပဲ။ အဲ့နေရာတစ်ခုလုံးကို မွှေမွှေနှောက်နှောက် သိတယ်"
ဘခ်ဟျွန်းသည် အတည်ပေါက်လေးဖြင့် ခေါင်းညိတ်ပြလာ၏။ ချန်းယောလ် ဆက်ပြောလိုက်သည်။
"မင်းမနေ့က ယူလာတဲ့စာအုပ်ရော ဖတ်ပြီးပြီလား"
"ဟင် မပြီးသေးဘူး၊ ကျွန်တော်ယူလာတာ ချန်းကဘယ်လိုသိတာလဲ"
"စာကြည့်တိုက်မှူးက သူ့တိုက်က စာအုပ်တစ်အုပ်လျော့တာနဲ့သိတယ်လေ။ ခုဏကလေးတင် ပြောသွားတာ"
ဘခ်ဟျွန်းပခုံးလေးကျုံ့လိုက်မိသည်။
"ကျွန်တော်အသိမပေးဘဲ ယူသွားတာ တစ်ခုခုပြောသေးလားဟင်"
"မင်းကငါ့ကြင်ရာတော်လေ၊ ဘယ်သူကပြောရဲမှာလဲ ဂရုစိုက်မနေနဲ့"
ဘခ်ဟျွန်းသည် အတန်ငယ်ပြုံးချင်သွားသော်ငြား ဆယ်ဟွန်းအပေါ် အားနာမှုကလည်း မပျောက်ပျက်သေးဟန်ဖြင့်။
"အွန်း အဲ့ဒါပထမတစ်အုပ် မပြီးသေးရင် နောက်တစ်အုပ်ယူလို့ မရဘူးလား"
"ရတယ် ကြိုက်သလောက်ယူဖတ်၊ ပြီးရင် ပြန်ထားပေးလိုက်လို့ပဲ ပြောမလို့"
"ဪ တော်သေးတာပေါ့ အဲ့ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်"
"ဟင်"
ဘခ်ဟျွန်းသည် ချန်းယောလ်ကို အဖက်မလုပ်တော့။ ကုတင်ပေါ်က ဆင်းကာ ဖိနပ်စီးပြီးသည်နှင့် ချန်းယောလ်ပါးတစ်ဖက်ကို မွကနဲမြည်အောင်နမ်းသည်။
"မောနင်းကစ် ချန်း"
ပြီးသည်နှင့် ပြေးထွက်သွားသောကောင်လေးက ထိုစာအုပ်တွေကို သူ့ထက်ပိုပြီးအရေးပေးနေတာလား။ မောနင်းကစ်ကိုက ပြီးစလွယ်နှင့်။ အတွေးနှင့်အတူ ချန်းယောလ်မျက်မှောင်ကြီး ကြုတ်သထက် ကြုတ်လာကာ စာအုပ်ကိစ္စ အလိုလိုက်မိသည်ကိုပင် နောင်တရချင်လာတော့သည်။ မနေ့ကတစ်နေ့လုံး ချန်းယောလ်မအားသည့် နေ့ဆိုလျှင် ယနေ့ကတော့ ဘခ်ဟျွန်းမအားသည့်နေ့ပင် ဖြစ်တော့၏။
___
နတ်ဝိဉာဥ်သစ်ပင်အကြောင်း ပြုစုထားသည့်စာအုပ်သည် ဘခ်ဟျွန်းဖတ်ဖူးသည့် ရှိသမျှစာအုပ်များထက်ကို သိသိသာသာ ပါးလှနေ၏။
သူနှင့်ပတ်သက်သည့် အကြောင်းအရာများများစားစားမရှိသည့်နှယ်။ လှန်လှောကြည့်တော့လည်း အမှန်တကယ်ကိုပင် သိပ်ပြီးမရှိပါချေ။ ချန်းယောလ်ပြောထားသလို တစ်နှစ်တစ်ကြိမ် တံခါးပွင့်သည်ဆိုတာနှင့် သူ၏အရေးပါပုံ အလုပ်လုပ်ပုံများသာ။
နတ်ဝိဉာဥ်သစ်ပင်သည် နယ်မြေကြီးလေးစု၏ အချက်အချာဗဟိုအကျဆုံးဖြစ်သည်။ နယ်မြေကြီးလေးခုလုံး၏ စွမ်းအားတွေ ပိုင်စိုးရာနေရာဖြစ်ပြီး ထိုလေးခုသောနယ်မြေကို အုပ်စိုးနေနိုင်သည်ဟုပင် သုံး၍ရသယောင်။ အဘယ်ကြောင့်မူ စောင့်ရှောက်သူခေါင်းဆောင် သတ်မှတ်မှုများ၊ ကြင်ရာတော်သတ်မှတ်မှုများသည် ထိုနတ်ဝိဉာဥ်သစ်ပင်ထံမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ကံကြမ္မာရေးဆွဲသူလို စွမ်းအားအကြီးဆုံးသူလိုပင်။
သို့တိုင် ထိုနတ်ဝိဉာဥ်သစ်ပင်သည် တစ်နှစ်မှတစ်ကြိမ်သာ ပေါ်ပေါက်လာလေ့ရှိပြီး သူ၏အသွင်သဏ္ဍာန်ကို ထုတ်ပြလေ့ရှိသည်။ ရွှေဝါရောင်အရွက်တို့ တလတ်လတ်တောက်ပနေသော သစ်ပင်အကြီးကြီးဖြစ်သတဲ့။ ထိုသစ်ပင်ကြီးသည် မည်သို့ပေါ်ပေါက်လာသလဲ မည်သူမှ မသိရှိကြ။ ရှေးအကျဆုံးနှင့် ဖန်တီးရှင်ဟုခေါ်၍ရသည်အထိ ထိုသစ်ပင်သည် စွမ်းအားကြီးလှ၏။
ပေါ်လာသည့် တစ်နှစ်တစ်ကြိမ်တွင် ပြုလုပ်လေ့ရှိသော စွမ်းအားဖြန့်ကျက်ပွဲဆိုသည်ကား ထိုနတ်ဝိဉာဥ်သစ်ပင်အား ဗဟိုပြုကာ ပြုလုပ်ခြင်းဖြစ်သည်။ စွမ်းအားတွေကို တိုက်ရိုက်ဖြန့်ကျက်၍မရ။ ထိုသစ်ပင်ကသာ နတ်ဘုရားလေးပါး၏ စွမ်းအားတွေကို စုပ်ယူကာ ပတ်ဝန်းကျင်လောကကို ရေမှတစ်ဆင့် လေမှတစ်ဆင့် စသဖြင့် နည်းမျိုးစုံနှင့် ဖြန့်ကျက်ပေးသည်။
ထိုသို့တစ်နှစ်တစ်ခါ စုပ်ယူပြီးသည်နှင့် လောကကိုပုံမှန်လည်ပတ်စေကာ ထိုသစ်ပင်ကတော့ နောက်တစ်နှစ်မပြည့်မချင်း ပေါ်ထွက်မလာတော့ချေ။
ဤမျှသာ။
နတ်ဝိဉာဥ်သစ်ပင်အကြောင်းသည် ဤမျှသာဖြစ်ပြီး အလွန်ဆုံးရှိ ပုံလေးတစ်ပုံတောင် မပါချေ။ ဘခ်ဟျွန်း ပျင်းရိစွာပင် စာအုပ်ကိုပြန်ပိတ်လိုက်သည်။
နယ်မြေကြီးလေးခုကို ဗဟိုပြုသည့် သစ်ပင်ကြီးတစ်ပင်ပဲ မဟုတ်ပေလား။ ဘခ်ဟျွန်းစဥ်းစားဖူးသည်မို့ သိပ်တော့မထူးဆန်းပါချေ။
စာအုပ်ကိုပြန်လည်ပိတ်ကာ နေရာတကျ ပြန်လည်ထိုးထည့်လိုက်ရင်း ဘခ်ဟျွန်းထရပ်လိုက်သည်။ အပြင်ဘက် ထွက်လာလိုက်တော့ လျှောက်လမ်းထိပ်တွင်ရှိနေသော ပြတင်းပေါက်ကြီးကြောင့် အနီးကပ်သွားရောက် ငုံ့ကြည့်လိုက်သည်။
တိုက်ခတ်သွားသော လေများက ပန်းရနံ့ပေါင်းစုံကို သယ်ဆောင်လာသည့်အားလျော်စွာ ဘခ်ဟျွန်းစိတ်ကို မြူးထူးသွားစေ၏။ ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းကလည်း စိတ်ကိုလန်းဆန်းသွားစေသယောင်။ တကယ်ကိုပင် မြက်ခင်းစိမ်းတွေက စိတ်ကိုပေါ့ပါးစေသည်။ ဒီကိုရောက်ကတည်းက ဘခ်ဟျွန်းအပြင်ဘက်ကို ခြေလှမ်းမချရသေးသလို ခံစားလိုက်ရသည်မို့ ခပ်မြန်မြန်ပင် လှေကားကနေ ဆင်းလာပြီး အပြင်ဘက်ကိုထွက်လာမိသည်။
ကျောက်သားလှေကားတွေကနေ အောက်ကိုလှမ်းမြင်နေရသည့် မြင်ကွင်းက ဘခ်ဟျွန်းပထမဆုံးစရောက်သည့်နေ့က မြင်ကွင်းနှင့် တစ်ထပ်တည်း။ ထို့အတူ မင်သက်သဘောကျသွားစေသည့် ခံစားချက်ကလည်း တစ်ထပ်တည်းဖြစ်သည်။ တိုးတိုက်လာသည့်လေပြေညင်းအား တဝကြီးရှူရှိုက်ကာ သဘောတကျပြုံးမိသည်။
ထို့နောက် လှေကားပေါ်က မြန်မြန်ဆင်းလာလိုက်တော့ မြင်ကွင်းကပိုမိုကျယ်ပြန့်သွားသယောင်။ အဝေးကလှမ်းမြင်နေရသော တိုင်လုံးကြီးများနှင့် အခုံးသဏ္ဍာန်အမိုးရှိရာ နေရာကိုလည်းသွားချင်သည်။ မျက်စိရှေ့တင်မြင်နေရသည့် သစ်နွယ်ပင်တွေကြားက ပန်းပင်တွေဆီလည်းသွားချင်သည်။
ဝေခွဲရခက်နေစဥ်မှာပင် ထိုသစ်ပင်ကြီးများကြားမှ အနီရောင်လုံးလုံးလေး သုံးလုံး။ ဘခ်ဟျွန်းအနည်းငယ် ကြောင်အသွားပြီး သေချာကြည့်တော့မှ ဤသည်ကား ကလေးလေးတွေမှန်းသိလိုက်ရသည်။ အလွန်ဆုံးရှိ ၃ ၊ ၄ နှစ်လောက်သာ ရှိနိုင်သော်ငြား ပြေးလွှားဆော့ကစားနေနိုင်ကြပုံက သာမန်ကလေးများမဟုတ်၍ထင်၏။
ဝေခွဲရခက်နေသည့် ဘခ်ဟျွန်းခြေလှမ်းတို့က ထိုကလေးလေးတွေကို မြင်သည်နှင့် ထိုနေရာထံတိုးကပ်သွားလိုက်သည်။ အနီးကပ်မြင်လာရလေ နီကြောင်ကြောင်ဆံပင်လေးများ၏ အမူအရာသည် ပုံမမှန်လေဆိုတာ ဘခ်ဟျွန်းသတိထားမိသွားသည်။ မျက်နှာထားလေးတွေဟာ ငိုမဲ့မဲ့။
"ဘာဖြစ်ထားလို့လဲ"
မေးသာမေးလိုက်သော်ငြား ထိုပေါက်စလေးတွေထံမှ အဖြေထွက်လာလိမ့်မည်ဟုတော့ ဘခ်ဟျွန်းမမျှော်လင့်ထား။
"ဟို - ဟိုထဲမှာ"
လက်ညှိုးထိုးပြလာသည်က သစ်နွယ်ပင်တွေနောက်က ဝင်ပေါက်တစ်ခုထံ။ ကလေးပေါက်စတစ်ယောက်က စကားမဆုံးသေးခင်မှာပင် နောက်တစ်ယောက်က ပြောလာပြန်၏။
"ကိုကြီးအီဂျူး"
"ဟင် အီဂျူး !?"
အေးဆေးနေသည့် ဘခ်ဟျွန်းအမူအရာသည် အီဂျူးနာမည်ကြားတော့မှ မျက်လုံးပြူးသွား၏။
"ဘာဖြစ်လို့လဲ အီဂျူး"
အလျင်စလိုမေးမိတော့ ဒုတိယတစ်ယောက်က ငိုမဲ့မဲ့ကနေ မျက်ရည်ဘူးသီးလုံးလောက်ကြီးတွေကျလာပြီး တတိယတစ်ယောက်က ပြောလာပြန်၏။
"တူတူပုန်းတိုင်းဆော့နေရင်း ရှာမတွေ့တော့လို့"
ဘခ်ဟျွန်းနဖူးကိုပင် ပြန်ရိုက်မိမတတ်။ ဒါ အီဂျူးပြောပြောနေသည့် သူငယ်ချင်းတွေဆိုတာများလားဟူသော အတွေးက ဝင်လာသည့်တိုင် မဖြစ်နိုင်ဟု ပယ်ချမိနေလျက်။ မဖြစ်နိုင်စရာ အကြောင်းလည်းမရှိပါချေ။ အီဂျူးသည် သူနှင့်ရွယ်တူကို သူငယ်ချင်းဖွဲ့မည်ထက် ထိုကလေးပေါက်စတွေနှင့်မှပဲ အပေါင်းအသင်းသွားဖွဲ့လောက်သည်က အသေချာနီးပါးပေမို့။
"ဒီထဲမှာသွားပုန်းတာလား"
ဘခ်ဟျွန်းအမေးပြုလိုက်တော့ သုံးယောက်လုံးက တစ်ပြိုင်နက်တည်း အွန်း ဟုဖြေလာကြ၏။ ဘခ်ဟျွန်းလည်း သက်ပြင်းသာခပ်နက်နက်ချရင်း နွယ်ပင်တွေကို အသာဖယ်လျက် ဝင်လာလိုက်တော့ ဝင်ပေါက်တစ်ခုကိုတွေ့သည်။ တွေဝေမနေဘဲ ထိုဝင်ပေါက်ကနေ ဖြတ်ကျော်လာလိုက်တော့ မြင်လိုက်ရသည်က တောနက်တစ်ခုသာ။ သို့တိုင် ခါတိုင်းကဲ့သို့ သာယာလှပမှုအလျဥ်းမရှိတော့သည်ကို အီဂျူးအပူနှင့် ဘခ်ဟျွန်းက သတိမထားမိ။
တဖြည်းဖြည်းရှေ့သို့သာဆက်လာရင်း အီဂျူးနာမည်ကိုလည်း အော်ခေါ်နေလျက်။ ဤကလေး ဘယ်တွေအထိသွားပုန်းရသလဲ။ အတွေးကသာရိုးရှင်းနေသော်ငြား အနောက်ပါးတွင်ကျန်ခဲ့သည့် ကလေးသုံးကောင်၏အပြုံးတွေကတော့ မရိုးရှင်းခဲ့။
ထို့အတူ ဘခ်ဟျွန်းနောက်ကျောရှိ ဝင်လာရာဝင်ပေါက်ဟာ တဖြည်းဖြည်းပိတ်ကျသွားလျက် နံရံကြီးတစ်ခုသာကျန်ခဲ့တော့၏။
___•°•°•
Zawgyi
"အီဂ်ူး ?!!"
အေပါက္ဝတြင္ရပ္ေနသည္က ေသခ်ာေပါက္အီဂ်ူးျဖစ္သည္။ သို႔တိုင္ ဆံပင္ဝါဝါေလးမ်ားအထိ ေပတလူးေနေသာ အီဂ်ူး။ ညစ္ေပစုတ္ျပတ္ေနေသာ ပံုရိပ္ကတစ္ရက္ေလးအတြင္းမွာ မည္သည့္ေနရာထိ သြားေသာင္းက်န္းလာလို႔ ထိုသို႔ျဖစ္လာရသလဲ။
ဘခ္ဟြၽန္းကသာ အေတြးေတြႏွင့္မ်က္လံုးျပဴးေနေသာ္ျငား ထိုေကာင္ေလးကေတာ့ အၿပံဳးအႀကီးႀကီးကိုခ်ိတ္ဆြဲလာလ်က္။
"ကြၽန္ေတာ္ သခင္ေလးကိုဒီအခန္းထဲ ဝင္သြားတာေတြ့သားပဲ၊ အျမင္မွားတယ္ထင္ၿပီး လိုက္ဝင္ဖို႔လုပ္ေပမယ့္ ကြၽန္ေတာ့္ကိုျပန္ျပန္တြန္းထုတ္တယ္ ဘယ္လိုႀကီးလဲမသိဘူး"
"အင္း အဲ့ဒါထက္ ေနပါၪီး မင္းဘယ္ေတြေလ်ွာက္သြားေနတာလဲ"
အီဂ်ူးသည္ ဟီးကနဲရယ္ျပလာ၏။
"ကြၽန္ေတာ္သူငယ္ခ်င္းအသစ္ေတြနဲ႔ ေဆာ့ေနတာ"
ဘခ္ဟြၽန္းမွာ ရယ္ရခက္ငိုရခက္။ အီဂ်ူးကေတာ့ သူ႔အေတြ့အႀကံဳအသစ္အား ဘခ္ဟြၽန္းထံျပန္လည္ ေဖာက္သည္ခ်ေနပံုက ကေလးေပါက္စေတြအတိုင္း။ ဘခ္ဟြၽန္းလည္း သူ႔စကားမ်ားအၾကားမွ စားဖို႔ေသာက္ဖို႔ရန္ ေရမိုးခ်ိဳးဖို႔ရန္ အတင္းျဖတ္ေျပာရေသာ္ျငား နားထဲဝင္မဝင္ေတာ့မသိ။ ယခုလည္း သူ႔သူငယ္ခ်င္းေတြက ဘယ္ေရာက္သြားမွန္းမသိလို႔ စံအိမ္တြင္းေလ်ွာက္ပတ္ၾကည့္ေနရာမွ ဘခ္ဟြၽန္းႏွင့္ဆံုျခင္းျဖစ္သည္။
ဘခ္ဟြၽန္းႏွင့္စကားမ်ားေနရင္း ခန္းမအတြင္းကိုေခၚသြားေပးကာ စားပြဲေသာက္ပြဲအႀကီးႀကီးကိုျမင္ေစေတာ့မွ ဗိုက္ဆာရေကာင္းမွန္း သတိရသည္ထင္၏။ စံအိမ္ကိုမ်က္စိလည္မည္စိုး၍ ေသခ်ာေျပာျပေနေသာ္ျငား အီဂ်ူးသည္ ေနရာမ်ားကို ေသခ်ာနားလည္သြားၿပီဟု ဆိုလာသည့္အျပင္ သူေနစရာပင္ရိွသတဲ့။
"ဘယ္လိုျဖစ္လို႔လဲ"
ေမးခ်င္သည္မ်ားက မ်ားျပားလွေသာ္ျငား ထိုတစ္ခြန္းတည္းသာ ဘခ္ဟြၽန္းပါးစပ္ကထြက္ေတာ့သည္။
"ေနရာေတြက တူတူပုန္းတိုင္း ကစားၿပီးသိသြားတာ၊ အိပ္တာကေတာ့ သူတို႔နဲ႔အတူတူ အိပ္လို႔ရတယ္တဲ့ သခင္ေလး သူတို႔အခန္းက တကယ္အက်ယ္ႀကီးပဲ စိုးရိမ္စရာမလိုပါဘူး"
ဘခ္ဟြၽန္းသက္ျပင္းသာခ်မိေတာ့၏။ စိုးရိမ္သည္ေတာ့မွန္ေသာ္ျငား အီဂ်ူးသည္ အူလည္လည္ေလးမို႔ အႏိုင္က်င့္ခံရမည္ကို စိုးရိမ္ျခင္းသာ။
"ဟုတ္ပါၿပီ မင္းသူငယ္ခ်င္းေတြနဲ႔လည္း ႀကံဳရင္မိတ္ဆက္ေပးၪီး"
ဘယ္လိုပဲျဖစ္ျဖစ္ ဘခ္ဟြၽန္းထက္ပင္အယံုလြယ္လွေသာ ဤကေလးပါးစပ္က ထြက္သမ်ွကိုေတာ့ တထစ္ခ် ဘခ္ဟြၽန္းမယံုၾကည္ႏိုင္။ ထိုသူငယ္ခ်င္းမ်ားဆိုသည့္ အုပ္စုကိုေတာ့ ေတြ့ဖို႔လိုသည္မို႔။ အီဂ်ူးကေတာ့ ေခါင္းသာ တဆတ္ဆတ္ညိတ္ျပလာၿပီး အစားအေသာက္၌သာ အာရံုစုၿပံဳသြားျပန္၏။
ထိုစဥ္မွာပင္ ဘခ္ဟြၽန္းနားကိုေလ်ွာက္လာေသာ ဆယ္ဟြန္းကိုေတြ့လိုက္ရသည္။
"ခ်န္းေရာ"
ပါးစပ္ကလႊတ္ကနဲထြက္ၿပီးသြားေတာ့မွ ဘခ္ဟြၽန္းလည္း ေနရခက္သြားေသာ္ျငား ပထမေလာက္ ထူးထူးျခားျခားရွက္မေနေတာ့။ ဘာပဲျဖစ္ျဖစ္ သူတို႔အေၾကာင္း မသိသူမွလည္းမရိွဘဲ။
"မင္းတို႔အခန္းေဘးက စာၾကည့္ခန္းထဲရိွတယ္ အလုပ္မ်ားေနတုန္းပဲ"
ဘခ္ဟြၽန္းမ်က္ႏွာက မသိသာေသာ္ျငား အနည္းငယ္မိုးအံု႔သြားပါ၏။ ေခါင္းသာညိတ္ျပလိုက္ၿပီး ထိုလူႀကီးကို ေခါင္းထဲက ေခတၲထုတ္ထားလိုက္သည္။ ထို႔ေနာက္ အီဂ်ူးကိုအကဲခတ္ေနေသာ ဆယ္ဟြန္းေၾကာင့္ မိတ္ဆက္ေပးလိုက္ၿပီးသည္ႏွင့္ ထိုခန္းမအတြင္းမွ ျပန္ထြက္လာလိုက္သည္။
အခ်ိန္သည္တျဖည္းျဖည္းလင့္လာၿပီျဖစ္သည္။ အျပင္ဘက္ရိွ ေန့အလင္းေရာင္ဟာလည္း တျဖည္းျဖည္းေဖ်ာ့လာၿပီးေနာက္ ညတာသည္ လ်င္ျမန္စြာေရာက္ရိွသည္။ ဘခ္ဟြၽန္းသည္ အခန္းထဲမွာျဖစ္ၿပီး သူ႔ေညာင္းကိုက္ေနေသာ ေျခေထာက္ေတြေၾကာင့္ ေရႏြေးေနြးႏွင့္စိမ္ေနလ်က္။ ခ်န္းေယာလ္သည္ ယခုအခ်ိန္ထိကို အခန္းထဲျပန္မေရာက္ေသးပါေခ်။ ေဘးအခန္းတြင္ရိွသည္ကို သိသည္။ တမင္တကာ အျမင္ကပ္၍သြားမရွာတာျဖစ္ၿပီး စိတ္ေကာက္မည့္အေတြးျဖင့္ ေပေတေနေနတာျဖစ္ေသာ္ျငား ယခုအခ်ိန္ထိ တစ္ေယာက္တည္းပူေလာင္ေနရတာ ၾကာေတာ့ ရူးေတာ့မလိုပင္။ စာဖတ္ၿပီး အာရံုလႊဲေနေသာ္ျငားလည္း ေခါင္းထဲထိုလူကသာ ႀကီးစိုးထားပါ၏။ ထိုလူကေတာ့ လက္ထပ္ပြဲေန့ႀကီးမွာေတာင္ သူ႔ကိုပစ္ထားလ်က္။
ေနာက္ဆံုးမေနႏိုင္ေတာ့၍ ေရထဲကေျခေထာက္အား ဝုန္းကနဲေဆာင့္ခ်ကာ ေရသုတ္ၿပီးသည္ႏွင့္ အခန္းထဲကထြက္လာလိုက္သည္။ ထို႔ေနာက္ေဘးအခန္းရိွ တံခါးကိုေခါက္မေနေတာ့ဘဲ ဆတ္ကနဲတြန္းဖြင့္လိုက္ေတာ့၏။
ေမွာင္မဲေနၿပီး ဖေယာင္းတိုင္အလင္းတစ္ခုသာ ရိွေသာ ေနရာက ဘခ္ဟြၽန္းကိုႀကိဳဆိုလာသည္။ အခန္းထိပ္ရိွ စားပြဲေနာက္တြင္ ေနာက္ေက်ာမွီထိုင္လ်က္ မ်က္လံုးမ်ားေမွးမိွတ္ထားေသာ လူတစ္ေယာက္သည္ မ်က္ဝန္းတို႔ဖြင့္ၾကည့္လာသည္။ ရင္းႏွီးမႈရိွသည့္ စိမ္းေတာက္ေနေသာ မ်က္ဝန္းစိမ္းမ်ားႏွင့္ ဘခ္ဟြၽန္းတည့္တည့္ဆံုသည္ႏွင့္ အခန္းတံခါးအား အသာပိတ္ကာ ထိုေရ႔ွတည့္တည့္ လမ္းေလ်ွာက္လာလိုက္သည္။
အနီးကပ္ေသခ်ာျမင္ရမွ သတိထားမိသည္။ ခ်န္းေယာလ္မ်က္ဝန္းေတြက ရီေဝေနသလိုမ်ိဳး။ ဘခ္ဟြၽန္း၏ ေအးေဆးလာေနေသာ ေျခလွမ္းမ်ားကို သြက္သြက္လက္လက္ေရ႔ွတိုးလိုက္ကာ ခ်န္းေယာလ္လက္ကို ဆြဲကိုင္လိုက္သည္။ ပူျခစ္ေနပါ၏။
"ခ်န္း ဘာျဖစ္ေနတာလဲ"
စိတ္ဆိုးမည္ျပင္ထားသမ်ွဟာ ထိုလူ၏ပံုမွန္မဟုတ္ေသာ အမူအရာေအာက္တြင္ တိုးလ်ိႈးေပ်ာက္ကြယ္သည္။
"ခဏပဲ ၿပီးရင္ေပ်ာက္သြားလိမ့္မယ္ မင္းအခန္းျပန္ေန"
သူ႔လက္ကိုတြန္းထုတ္လာေသာ ခ်န္းေယာလ္အား ဘခ္ဟြၽန္းျပန္လည္ဆြဲယူလိုက္သည္။
"ခဏက ဘယ္ေလာက္ၾကာႏိုင္မွာမလို႔လဲ၊ မဟုတ္မွ ခင္ဗ်ားတစ္ေန့လံုး ဒါေၾကာင့္ ကြၽန္ေတာ့္ကိုေရွာင္ေနတာလား။ ဘာျဖစ္တာမလို႔လဲ"
အေမးစကားတရဆက္ႏွင့္အတူ ဘခ္ဟြၽန္းလက္သြယ္သြယ္ေလးေတြက ခ်န္းေယာလ္နဖူးႏွင့္ ပါးျပင္ေတြအေပၚေရာက္လာ၏။ သိပ္ေတာ့မပူျပင္းေသာ္ျငား သူခါတိုင္းထိေတြ့ေနက် ခ်န္းေယာလ္၏အသားအရည္ႏွင့္ ယွဥ္လ်ွင္ေတာ့ ပူသည္ဟု ေျပာလို႔ရသည့္အေျခအေန။
"ခႏၶာကိုယ္ထဲက စြမ္းအားအေျခအေနက ကေမာက္ကမျဖစ္သြားရံုပဲ စိုးရိမ္စရာမလိုဘူး"
ေျပာၿပီးသည္ႏွင့္ မ်က္လံုးတို႔ေမွးမိွတ္သြားေသာ ခ်န္းေယာလ္က ထပ္မံတြန္းထုတ္ျခင္းေတာ့မရိွေတာ့။
"မင္းလက္ေတြေအးေနတယ္"
"ခုဏကမွ ေရကိုင္လာလို႔"
ခ်န္းေယာလ္သည္မ်က္လံုးဖြင့္ၾကည့္လာ၏။ ဘခ္ဟြၽန္းဆက္ေျပာလိုက္သည္။
"ေျခေထာက္ေတြကိုက္ခဲေနလို႔ ေရႏြေးစိမ္ေနတာေလ၊ တစ္ေန့လံုး ရပ္ေနရလို႔ျဖစ္မယ္"
ဒီၾကားထဲ ေတာင္ေလ်ွာက္သြား၊ ေျမာက္ေလ်ွာက္သြားက ပါေသးသည္။ ခ်န္းေယာလ္သည္ခပ္ျဖည္းျဖည္းဆိုလာ၏။
"ေပါင္ေပၚတက္ခဲ့"
ရင္ထဲသိမ့္ကနဲျဖစ္သြားေသာ္ျငား ႏႈတ္ခမ္းကေတာ့ ပက္ကနဲ အထြန္႔တက္မိေသးသည္။
"ရလို႔လား ခင္ဗ်ားအဆင္မေျပျဖစ္ေနတာကို"
ခ်န္းေယာလ္သည္ အသံခပ္နိမ့္နိမ့္ျဖင့္သာ ဆက္ေျပာလာ၏။
"ရတယ္ ငါမင္းကိုဖက္ထားခ်င္လို႔"
ထိုအသံႏွင့္အၾကည့္ေအာက္မွာတင္ ဘခ္ဟြၽန္းဘာမွ အထြန္႔တက္မေနေတာ့ဘဲ ခ်န္းေယာလ္ေပၚ ႀကံဳ႔ႀကံဳ႔ေလးတက္ထိုင္လာေတာ့၏။ ဖက္တြယ္လာေသာ ခ်န္းေယာလ္အသားအရည္က ပူေလာင္လွသည့္တိုင္ ဘခ္ဟြၽန္း၏ေအးစက္ေနေသာ ခႏၶာကိုယ္ေၾကာင့္ အနည္းငယ္အဆင္ေျပသည္ထင္၏။ ဘခ္ဟြၽန္းလည္း ထိုလူလႊတ္ေပးလာေသာ အေနြးဓာတ္ေတြေအာက္မွာ ေနရထိုင္ရသက္သာသြားသည္။
"ဘယ္အခ်ိန္က စျဖစ္ေနတာလဲ"
ရင္ဘတ္ကိုမ်က္ႏွာအပ္ကာ ေမးမိေသာစကားေၾကာင့္ နားေနသည္ကို အေနွာင့္အယွက္ျဖစ္သြားမလား ေတြးမိေသာ္ျငား ခ်န္းေယာလ္ကေတာ့ ျပန္ေျဖေပးလာ၏။
"ေန့လယ္ကမွ"
"ျဖစ္ေနက်လား"
"အင္း တခါတေလ ခ်ိတ္ပိတ္ခံထားရတဲ့စြမ္းအားက ထိုးထြက္ခ်င္လာရင္ ျဖစ္တတ္တယ္"
ဘခ္ဟြၽန္းသည္ထိုလူကို တင္းတင္းၾကပ္ၾကပ္ ဖက္မိလိုက္သည္။ ခါတိုင္းအသံကလည္း ခပ္ဩဩေပမယ့္ ယခုကဲ့သို႔ တိတ္ဆိတ္ေနေသာ အခန္းတြင္း၌ အက္ရွေနေသာ ခ်န္းေယာလ္၏ေလသံက ပို၍ဆြဲေဆာင္မႈ ျပင္းထန္ေနသလိုပင္။
ရင္ခြင္ထဲ ကေလးလိုေနေနရင္းမွ မ်က္ဝန္းေထာင့္ကေန ရုတ္တရက္သူ႔အာရံုကို ဖမ္းေဆာင္သြားသည္က စားပြဲေပၚက စုတ္တံတစ္ေခ်ာင္း။ ခ်န္းေယာလ္ကိုယ္ပူက်သြားမည့္အခ်ိန္ကို ျဖည္းျဖည္းခ်င္းေစာင့္ေနရင္းမွ စိတ္ကအၿငိမ္မေနႏိုင္။ စိတ္၏ေတာင္းဆိုမႈကို ခႏၶာကိုယ္ကလည္းအလိုလိုက္သည္။
အနည္းငယ္ ခ်န္းေယာလ္ရင္ဘတ္ထဲမွ ထြက္ကာ စုတ္တံကိုလွမ္းယူေတာ့ ခါးနားက ခ်န္းေယာလ္လက္ေတြက စိုးရိမ္တႀကီးတင္းက်ပ္သြား၏။ တစ္ဆက္တည္းဆိုသလို မ်က္လံုးပါပြင့္လာရင္း အေမးဆိုလာ၏။
"ဘာျဖစ္တာလဲ"
"ဟီး ဒါယူတာ"
လက္ထဲကစုတ္တံကိုေထာင္ျပလိုက္ေတာ့ ခ်န္းေယာလ္မ်က္ခံုးေတြ တြန္႔သြားသလို။ ဘခ္ဟြၽန္းဆက္ေျပာလိုက္သည္။
"ကြၽန္ေတာ္ စုတ္တံနဲ႔အရမ္းေရးဖူးခ်င္တာ ခ်န္း ေရးတတ္လား"
"ဒီမွာက ေတာ္ေတာ္မ်ားမ်ား စုတ္တံပဲသံုးၾကတာ"
ခ်န္းေယာလ္၏မ်က္ဝန္းေတြသည္ အစပထမေလာက္ သိပ္ၿပီး ရီေဝအံု႔မိႈင္းမႈမရိွေတာ့သည္မို႔ ဘခ္ဟြၽန္းသည္ ေပါင္ေပၚကေန အၿငိမ္မေနေတာ့။
"ကြၽန္ေတာ့္ကိုသင္ေပးလို႔ရလား"
ပါးစပ္ကသာ မေကာင္းတတ္၍ေမးေနပံုေပၚသည္။ လက္ကေတာ့ စားပြဲေပၚရိွ စာရြက္အလြတ္ေတြကို လိုက္ရွာေနၿပီျဖစ္ၿပီး ခ်န္းေယာလ္လည္း ထိုင္ခံုကိုေရ႔ွဆြဲကပ္ၿပီးသည္ႏွင့္ အံဆြဲထဲက စာရြက္အထပ္လိုက္ကို ထုတ္ေပးလိုက္ရေတာ့သည္။
ဘခ္ဟြၽန္းမ်က္ဝန္းေတြက လတ္သြားသည္မွာ ေဆာ့စရာေတြ့သြားသည့္ႏွယ္။ ခ်န္းေယာလ္ ဘာမွမဆိုဘဲ စုတ္တံကိုင္ထားသည့္ ဘခ္ဟြၽန္းလက္ေတြအေပၚကေန အုပ္မိုးကာ စတင္ေရြ့လ်ားလိုက္သည္။
စာရြက္သားႏွင့္စုတ္တံ၏ အထိအေတြ့ကို လြန္စြာမွ သေဘာက်ေနပံုျဖင့္ စတင္ေရးဆြဲလိုက္သည္ႏွင့္ မ်က္စိေရ႔ွက ေကာင္ေလးထံမွ အသံပလံုစီေအာင္ ထြက္လာေတာ့၏။ ေရးေနသည့္စာလံုးက ဘခ္ဟြၽန္း၏နာမည္ကိုသာ ျဖစ္သည့္တိုင္ ထိုေကာင္ေလးကေတာ့ အေတာ္ကိုမွ သေဘာက်ေနပံုေပၚပါသည္၊ တစ္ခုၿပီးတစ္ခု ေရးခိုင္းလာ၏။
ေက်ာေပးထားေသာ ဘခ္ဟြၽန္း၏လည္တိုင္ေက်ာ့ေက်ာ့က သူ႔မ်က္စိေရ႔ွေတာ့ သားေကာင္ေပါက္ႏွယ္။ လြတ္လပ္ေနသည့္လက္တစ္ဖက္ မေနႏိုင္ဘဲ အက်ႌစေအာက္ကိုလ်ိႈဝင္ကာ ခါးကိုအသာပြတ္သပ္မိသည္။ ဘခ္ဟြၽန္းခႏၶာကိုယ္သည္ အသာတြန္႔သြားသည္။
"ခင္ဗ်ား ..... လက္ေတျြပန္ပူလာသလိုပဲ"
အမွန္တကယ္ပင္၊ ျပန္ပူလာျခင္းျဖစ္ေသာ္ျငား ဤတစ္ႀကိမ္တြင္ေတာ့ အေၾကာင္းျပခ်က္မတူညီေတာ့။ ခါးေပၚကလက္တို႔က အတင့္ရဲကာ ရင္ဘတ္ေရ႔ွပိုင္းရိွ ပြင့္ခ်ပ္ေတြထံဖိေခ်လာေတာ့ ဘခ္ဟြၽန္းလက္သည္ တြန္႔ကာ စုတ္တံကေခ်ာ္ထြက္သြားသည္။
"ခဏ ေလး ခ်န္း ေနမေကာင္းဘူးေလ"
ျငင္းေနလည္းအထမေျမာက္မည္ကို သိသိရက္ႏွင့္ ဘခ္ဟြၽန္းေျပာေနမိေသးသည္။ ခ်န္းေယာလ္ေခ်ပလာပံုက တစ္ခ်က္တည္း။
"မဂၤလာၪီးရၪီးမယ္"
တစ္ဆက္တည္းဆိုသလို လႊမ္းၿခံဳလာသည့္ အေငြ့အသက္မ်ားကို သိသိသာသာ ခံစားလိုက္ရၿပီး ဘခ္ဟြၽန္းေျခေထာက္မ်ားသည္ ေပ်ာ့ေခြကုန္ေတာ့၏။ ဤအခိုက္အတန္႔တြင္ သူမ်ားေတြေျပာေနၾကေသာ ခ်န္းေယာလ္၏အနံ႔အသက္ဟူသည္ကို သူပထမဆံုးခံစားမိလိုက္သလို။ ထိုအေငြ့အသက္တို႔က ခ်န္းေယာလ္အပိုင္မွန္း သိသည္ႏွင့္ ဘခ္ဟြၽန္း၏ ပထမဆံုးအေတြးသည္ သူ႔အားစိတ္ႂကြေစသည္ဟူ၍သာ။
ထို႔ေနာက္ သူ႔အားဖိႏိွပ္ႏိုင္သည္။ တစ္ဖက္လူ၏ လိုသလို စိတ္ႀကိဳက္ျပဳမူေနေသာ အာဏာရွင္ဆန္ဆန္လႈပ္ရွားမႈေတြေအာက္မွာ ဘခ္ဟြၽန္းခႏၶာကိုယ္က သူ႔အပိုင္မဟုတ္ေတာ့သလိုမ်ိဳး။ ထိုအခန္းထဲ၌သာ ဘခ္ဟြၽန္းနည္းမ်ိဳးစံုျဖင့္ ျခယ္လွယ္ခံေနရေတာ့၏။
___
ကုတင္ထက္ရိွ ဘခ္ဟြၽန္းသည္ ၿငိမ္းခ်မ္းစြာ အိပ္ေမာက်လ်က္ရိွသည္။ ေသခ်ာေရပတ္တိုက္ သန္႔ရွင္းေပးၿပီး အဝတ္အစားပါလဲထားေပးသည္မို႔ ေစာင္ေအာက္က လွစ္ဟထြက္ေနေသာ မ်က္ႏွာႏုႏုက ၾကည္လင္လ်က္။ ခ်န္းေယာလ္ ထိုေကာင္ေလး၏နဖူးေပၚအား ခပ္ဖြဖြအနမ္းေႁချြပီး အခန္းထဲကထြက္လာလိုက္သည္။
အခန္းထဲကအထြက္မွာပင္ ဆယ္ဟြန္းႏွင့္တိုက္ဆိုင္စြာ တိုးသည္။ ဆယ္ဟြန္းသည္ တံခါးေခါက္ေတာ့မည့္ အသြင္ျဖင့္၊ လက္တစ္ဖက္ကိုေျမႇာက္လ်က္။
"ဪ"
ဆယ္ဟြန္းထံမွအသံ။ ခ်န္းေယာလ္တံခါးကို ျပန္ပိတ္ၿပီးမွ စကားစလိုက္သည္။
"ဘခ္ဟြၽန္း ခုဏကမွအိပ္ေပ်ာ္သြားတာ၊ ဟိုဘက္အခန္းထဲသြားမယ္"
ခ်န္းေယာလ္အသံက တစ္ေယာက္ေသာသူ အေနွာင့္အယွက္ျဖစ္သြားမည္ စိုးသည့္အလား ခပ္နိမ့္နိမ့္သာ။
အခန္းထဲေရာက္ေတာ့မွ ဆယ္ဟြန္းကလည္း ေျပာလာေတာ့၏။
"အေျခအေန အဆင္ေျပလား"
မေန့က ေနမေကာင္းသည့္ကိစၥႏွင့္ပတ္သက္ၿပီး ေမးျမန္းေနသည္ကို သိသည့္အားေလ်ာ္စြာ ခ်န္းေယာလ္ေခါင္းညိတ္ျပလိုက္သည္။
"ဘာကိစၥရိွလို႔လဲ အေစာႀကီး"
အေမးစကားႏွင့္အတူ ခ်န္းေယာလ္ဝင္ထိုင္ရန္ ခံုကိုဆြဲထုတ္လိုက္သည္။
"နတ္ဝိဉာဥ္သစ္ပင္နဲ႔ပတ္သက္ၿပီး"
ခ်န္းေယာလ္လက္တို႔က အတန္ငယ္တံု႔ဆိုင္းသြား၏။ ဆယ္ဟြန္းသည္ စကားဆက္လာ၏။
"ငါ့စိတ္ထဲနည္းနည္းထူးဆန္းေနတယ္"
"ဘယ္လိုမ်ိဳးလဲ"
ခ်န္းေယာလ္ခံုတြင္ဝင္ထိုင္လိုက္ေတာ့ ဆယ္ဟြန္းသည္လည္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ခ်လာသည္။
"ပံုမွန္ အခုရက္ပိုင္းေလာက္ဆို နတ္ဝိဉာဥိသစ္ပင္ရဲ့တံခါးက ပြင့္လာေလာက္ၿပီ ဒါေပမယ့္ အခုေနာက္က်ေနတယ္"
"သူကနဂိုတည္းက ရက္အတိအက်မရိွဘူးပဲ မဟုတ္လား"
"ဒါေပမယ့္ ငါႏွစ္ေတြအမ်ားႀကီး အဲ့အထဲကိုအဝင္အထြက္လုပ္လာရတာ ခ်န္းေယာလ္၊ ဒီအခ်ိန္ေလာက္က သူပြင့္လာဖို႔ အေကာင္းဆံုးအခ်ိန္ကို မပြင့္လာေသးတာက ....... တစ္ခုခုက ငါ့စိတ္ထဲထူးဆန္းေနတယ္"
ခ်န္းေယာလ္သည္ ေကြ့ဝိုက္မေနေတာ့။
"အဲ့ဒီေတာ့ မင္းကဘာထင္လို႔လဲ"
ဆယ္ဟြန္းသည္ သူ႔မ်က္လံုးမ်ားထံ စိုက္ၾကည့္လာ၏။ မ်က္ဝန္းျပာမ်ားက စိုးရိပ္အနည္းငယ္ေၾကာင့္ မ်က္ခံုးတန္းမ်ားဟာလည္း အတန္ငယ္တြန္႔လ်က္။ ထို႔ေနာက္ သူ႔အေတြးေတြကို ေခါင္းခါထုတ္ဟန္ျပဳသည္။
"ဘာမွမဟုတ္ပါဘူး ငါအေတြးလြန္တာျဖစ္မွာပါ"
"ပြင့္မလာေလာက္ဘူးထင္လို႔လား"
"တစ္ႏွစ္တစ္ႀကိမ္ အၿမဲလိုလိုပြင့္ေနက် တံခါးက ပြင့္မလာရင္ဘယ္လိုျဖစ္သြားမလဲ ခ်န္းေယာလ္၊ အထူးသျဖင့္ စြမ္းအားျဖန္႔က်က္ပြဲ"
"မင္းအစိုးရိမ္လြန္ေနၿပီ"
ဆယ္ဟြန္းသည္ မ်က္ေမွာင္ၾကဳတ္လ်က္သားပင္ အၾကည့္ကိုလႊဲသည္။
"ငါလည္း အစိုးရိမ္လြန္ေနတာပဲ ျဖစ္ဖို႔ေမ်ွာ္လင့္တယ္"
စကားဆံုးေသာ္ျငား အေတြးထဲကမထြက္ႏိုင္ေသးေသာ ဆယ္ဟြန္းအား ခ်န္းေယာလ္ျဖတ္ေျပာလိုက္သည္။
"မနက္အေစာႀကီးလာတာ ဒါပဲေျပာဖို႔လား"
ဆယ္ဟြန္းအၾကည့္သည္ သူ႔ထံေရာက္လာ၏။ ထို႔ေနာက္ ေနရခက္သလို အၿပံဳးဖြဖြကိုထုတ္ျပၿပီးေနာက္ ဆိုလာသည္။
"ငါေတာင္းပန္စရာလည္းရိွလို႔"
ခ်န္းေယာလ္သည္ မ်က္ခံုးပင့္ၾကည့္သည္။ ေသခ်ာေပါက္ေတာ့ ေတာင္းပန္စကားေတြ ေက်းဇူးတင္စကားေတြဆိုတာ သူတို႔ၾကားထဲ လိုအပ္မေနသည့္အရာေတျြဖစ္သည္မို႔။ သူ႔တံု႔ျပန္ေသာ အမူအရာကို ဆယ္ဟြန္းကနားလည္သည့္တိုင္ ဆက္ေျပာလာ၏။
"မင္းနဲ႔ၾကင္ရာေတာ္ရဲ့ သတင္းေတြက ..... ငါ့ဆီက က်ိဳးေပါက္ေနတာ ျဖစ္ေနတယ္"
စကားအဆံုး ဆယ္ဟြန္းက ခါးသက္သက္ၿပံဳးသည္။ ခ်န္းေယာလ္မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဘာရယ္"
"အရင္က မင္းတို႔ေနတဲ့ေနရာကို လီခ်န္းဝူးဘယ္လိုသိၿပီး က်ားကိုလႊတ္လိုက္သလဲ ဆိုတာေတြကအစ ဘခ္ဟြၽန္းအေဆာင္ေနေတာ့ ျဖစ္တဲ့ျပႆနာေတြအဆံုး ......"
ခ်န္းေယာလ္ထံမွ လြင့္ကနဲက်လာေသာ အၿပံဳးက တစ္နည္းတစ္ဖံု ေၾကာက္ဖို႔ေကာင္းေနခဲ့၏။
"မင္းေတာ့မျဖစ္ႏိုင္ဘူး မင္းေဘးကေကာင္လား"
ဆယ္ဟြန္းသည္ ဘာမျွပန္မေျဖ။ သို႔တိုင္ နာက်ည္းေနေသာအၿပံဳးႏွင့္ပင္ အေျဖကိုမွန္းဆမိလိုက္သည္။ ခ်န္းေယာလ္ အံတင္းတင္းႀကိတ္ကာ အသက္ကိုျပင္းျပင္းရႉထုတ္ရင္း ေနာက္ေက်ာမွီခ်လိုက္သည္။
"ဘာမွမေျပာေတာ့ဘူးလား"
ဆယ္ဟြန္းသည္ေမးလာ၏။
"မင္းအမူအရာကိုၾကည့္ရံုနဲ႔တင္ ဆံုးျဖတ္ခ်က္ကို ခန္႔မွန္းႏိုင္ပါတယ္၊ ငါေျပာလည္းဘာတတ္ႏိုင္မွာလဲ"
ဆယ္ဟြန္းသည္ ခပ္တိုးတိုးရယ္ေမာလာ၏။
"ငါသူ႔ကိုအရမ္းယံုၾကည္ခဲ့တာ သူကေတာ့ ငါ့ဆီကရသမ်ွသတင္းေတြအကုန္ ေရာင္းစားေနခဲ့တာတဲ့"
ခ်န္းေယာလ္သည္ ဘာမွမေျပာ။ ႏွစ္သိမ့္တာေတြက သူအကြၽမ္းက်င္ဆံုးအလုပ္မဟုတ္ေပ။ သို႔တိုင္ ခ်စ္ရသည့္သူ၏ လွည့္စားျခင္းကို ခံလိုက္ရေသာ ဆယ္ဟြန္း၏ခံစားခ်က္ကိုေတာ့ သူမွန္းဆႏိုင္သည္ပင္။
"အဲ့ကိစၥအတြက္ဆိုရင္ မင္းေတာင္းပန္စရာမလိုဘူး"
ဆယ္ဟြန္းသည္ ေခါင္းခါယမ္းျပလာ၏။
"အဲ့အတြက္မဟုတ္ဘူး ငါသူ႔ကိုဘာမွမလုပ္ႏိုင္ဘဲ လႊတ္ေပးမိလိုက္တဲ့အတြက္ ေတာင္းပန္တာ"
ခ်န္းေယာလ္သည္ အခ်ိန္အေတာ္ၾကာအထိ ဘာမွမတံု႔ျပန္ႏိုင္ခဲ့ပါေခ်။ သို႔တိုင္ ေဒါသႀကီးသည့္သူ႔မွာ ေဒါသလည္းမထြက္ႏိုင္။ ရိုက္ခ်င္လ်ွင္ေတာင္ ထိုေကာင္က နဂိုဒဏ္ရာႏွင့္ နာျပေနေတာ့ ခ်န္းေယာလ္သူ႔စိတ္ကိုေလ်ွာ့ခ်ဖို႔သာ ရိွေတာ့၏။ မည္သို႔ပင္ဆိုပါေစ ထိုကိစၥေတြက ျဖစ္ၿပီးခဲ့ၿပီျဖစ္သလို တစ္ရန္လည္းရွင္းသြားသည္ဟုသာ မွတ္ယူလိုက္ေတာ့သည္။
"ငါ့ကိုသာ အခ်စ္ရူးလို႔ေျပာေနတာ မင္းကိုယ္မင္းလည္းျပန္ၾကည့္ပါၪီး"
ဆယ္ဟြန္းသည္ သူ႔စကားႏွင့္သူပိတ္မိသြားသလိုမ်ိဳး ဟက္ကနဲ ရယ္ေမာလာ၏။
"နတ္ဝိဉာဥ္သစ္ပင္ကိုေတာ့ ငါပဲဆက္စံုစမ္းထားလိုက္မယ္ မင္းအနားယူၪီး ဘာေျပာစရာက်န္ေသးလဲ"
"ဒါပဲ၊ ဪ ဒါနဲ႔ မင္းေကာင္ေလးက တကယ္ဇပဲကြ၊ စာၾကည့္တိုက္က စာအုပ္ေတြကိုမ်ား စိတ္ႀကိဳက္ပဲ သယ္ခ်သြားတာ၊ သူ႔ကိုေတြ့လိုက္တဲ့အေစာင့္ေလးခမ်ာ ေျပာရႏိုး မေျပာရႏိုးနဲ႔ ေနာက္ဆံုးမင္းမ်က္ႏွာႀကီးျမင္ေယာင္လာလို႔ ဒီအတိုင္းလႊတ္ေပးလိုက္တယ္ဆိုၿပီး ငါ့ကိုငိုယိုၿပီး လာတိုင္ေနတာ မေန့ကတည္းက"
ခ်န္းေယာလ္ရယ္ရခက္ ငိုရခက္ျဖစ္သြားသည္။ စာၾကည့္တိုက္က စာအုပ္ေတြသည္ မ်ိဳးရိုးအစဥ္အလာအရ ျပဳစုခဲ့ၾကေသာ စာတမ္းမ်ား မ်ားျပားသျဖင့္ ထိုအခန္းအတြင္းမွ ထုတ္ယူခြင့္မရိွပါေခ်။ သို႔တိုင္ ခ်န္းေယာလ္ဆိုသည္ကလည္း အစဥ္အၿမဲဘခ္ဟြၽန္းဘက္ကသာ ျဖစ္သည္။
"ဘာစာအုပ္မလို႔လဲ"
"ေနအဖြဲ႔အစည္းက စြမ္းအားေတြအေၾကာင္းတဲ့၊ တကယ့္အေကာင္းႀကိဳက္ေလးပဲ"
စာအုပ္နာမည္ၾကားေသာ္ျငား ခ်န္းေယာလ္အမူအရာသည္ တစ္ခ်က္ေျပာင္းလဲမႈမရိွ။ အေရးမပါသကဲ့သို႔။
"သူဖတ္ၿပီးတာနဲ႔ ငါျပန္ထားေပးမယ္"
ဪ အခုျပန္ထားေပးၿပီး သူ႔ေကာင္ေလးကိုလည္း ေသခ်ာမွာထားမယ္ လို႔ေတာ့ မေျပာဘူးပဲ။ ဆယ္ဟြန္းအေတြးႏွင့္အတူ ႏႈတ္ခမ္းကလည္း မခ်ိဳမခ်ဥ္ျဖစ္သြားသည္။ သို႔တိုင္ သူ႔အေတြးမဆံုးေသးခင္မွာပင္ ခ်န္းေယာလ္က ထပ္ေျပာလာျပန္၏။
"အေစခံေတြကိုလည္း တစ္ခါတည္းေျပာထားလိုက္။ ေနာက္လည္း ဘခ္ဟြၽန္းဘာလုပ္လုပ္ ေတြ့ရင္လႊတ္ထားေပးလိုက္လို႔ က်န္တာအကုန္ငါရွင္းမယ္"
ဆယ္ဟြန္းသည္ ရင္ဘတ္ကိုအသာဖိသည္။ ေျပာေလဆိုးေလ သည္းသည္းလႈပ္ေနသည့္ ပတ္ခ်န္းေယာလ္အား ဆက္ေျပာမေနေတာ့ဘဲ မ်က္ဆံသာလွန္ၿပီး ျမန္ျမန္ေျပးထြက္လာေတာ့၏။
___
ဘခ္ဟြၽန္းအိပ္ရာက ႏိုးလာသည့္အခိုက္ ခ်န္းေယာလ္က နံေဘးတြင္မရိျွပန္။ အထူးအခြင့္ေရးႀကီးျဖစ္သည့္ နာမည္ေခၚလ်ွင္ေရာက္လာမည့္ကဒ္အား အလိုက္သိစြာ မသံုးဘဲထားထားေသာ္ျငား ယခုေတာ့ႏိုးလာ၍ စိတ္မၾကည္သည္ႏွင့္အညီ ဘခ္ဟြၽန္းေအာ္ေခၚမိေတာ့၏။
"ခ်န္း !!!"
ႏိုးကာစမို႔ အသံကခပ္အစ္အစ္။ ခ်က္ခ်င္းအခန္းထဲေပၚလာေသာ ခ်န္းေယာလ္က ျမန္ျမန္ဆန္ဆန္ပင္ အနားကိုေရာက္လာရင္း ဘခ္ဟြၽန္းကိုေပြ့ဖက္လာသည္။
"ဘယ္ေတြသြားေနျပန္တာလဲ"
ဖက္လိုက္ေတာ့လည္း ရင္ေငြ့ကိုခိုလႈံလာေသာ ေကာင္ေလးက စူပုပ္ပုပ္ေလသံကိုလည္း တစ္ထစ္မေလ်ွာ့။
"ေဘးအခန္းမွာ ဆယ္ဟြန္းနဲ႔ စကားေျပာေနတာ"
ဘခ္ဟြၽန္းသည္ ရင္ဘတ္ထဲကေန ေခါင္းထုတ္ကာ သူ႔ထံမ်က္ေစာင္းထိုးၾကည့္လာသည္။
"မနက္ေစာေစာစီးစီး ကြၽန္ေတာ့္အနားက်မေနဘဲ သူမ်ားနဲ႔ပဲ စကားသြားေျပာေနတယ္ ..... စားၿပီးနားမလည္လုပ္တဲ့လူ"
ခ်န္းေယာလ္ - "............. ဟုတ္ပါၿပီကြာ၊ ေနာက္အခါ အနားမွာေနပါ့မယ္"
ျပန္ေျဖလိုက္ေတာ့မွ ေက်နပ္သလို ရင္ခြင္ထဲျပန္လည္ၿပိဳဆင္းသြားေသာ ဘခ္ဟြၽန္းအား ခါးကေနအသာေပြ့ကိုင္ရင္း ဆံပင္လံုးလံုးေလးမ်ားထံ အသာဖိနမ္းမိသည္။
"ဘာအေၾကာင္းေျပာေနတာလဲ ကြၽန္ေတာ့္အတင္းလား"
ခ်န္းေယာလ္အနည္းငယ္ပင္ တြန္႔သြားသည္။ သူ႔ဘခ္ဟြၽန္းဟာ အၾကားအျမင္မ်ား ရေနသလား။ ဘခ္ဟြၽန္းမရိပ္မိခင္မွာပင္ ခ်န္းေယာလ္ေလသံကို ပံုမွန္အတိုင္းထားရင္းသာ ေျဖလိုက္သည္။
"စြမ္းအားျဖန္႔က်က္ပြဲအေၾကာင္း ေျပာေနတာ"
ဘခ္ဟြၽန္းသည္ သူ႔ရင္ဘတ္အား ေမးေထာက္လ်က္ ေမာ့ၾကည့္လာ၏။ မ်က္ခံုးတန္းသြယ္သြယ္ေလးမ်ားဟာ တြန္႔ခ်ိဳးလ်က္။ အနည္းငယ္ အိပ္ခ်င္ေျပသြားပံုေပၚေသာ မ်က္လံုးေမွးေမွးမ်ားက သိပ္ရီေဝမေနေတာ့ဘဲ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြ့သြားသလိုမ်ိဳး ေတာက္ပသြားလ်က္။
"အဲ့ဒါဘာလဲ ကြၽန္ေတာ္ မေန့ကတည္းက သူမ်ားေတြေျပာတာ ၾကားေနရတာ"
"တစ္ႏွစ္တစ္ခါ လုပ္ေလ့ရိွတဲ့ ပြဲပါပဲ"
"စြမ္းအားေတျြဖန္႔က်က္ရတာလား"
"အင္း နယ္ေျမၾကီးေလးခုရဲ့ စြမ္းအားေတြကို စုေပါင္းၿပီးျဖန္႔က်က္ေပးရတာ"
"မိုက္လိုက္တာ"
အသံခပ္ေသးေသးေလးႏွင့္ေျပာလာေသာ ဘခ္ဟြၽန္းက သူ႔ရင္ခြင္ထဲ ျပန္လည္ဖက္တြယ္လာျပန္၏။ ခ်န္းေယာလ္ အင္းဟုသာ ခပ္သဲ့သဲ့တံု႔ျပန္မိေတာ့ ထိုေကာင္ေလးက ေမးလာျပန္၏။
"ကြၽန္ေတာ္ေရာ အဲ့ဒါလုပ္ေနတဲ့အခ်ိန္ ၾကည့္လို႔ရလား"
ခ်န္းေယာလ္သည္ ျပန္မေျဖခင္ ေခတၲတံု႔ဆိုင္းေန၏။ ဘခ္ဟြၽန္းနားလည္ေအာင္ မည္သို႔ေျပာရမလဲကို စဥ္းစားေနဟန္ေပၚသည္။
"အမ်ားစုကေတာ့ အဲ့အခ်ိန္မွာ မၾကည့္ႏိုင္ၾကဘူး ....... နတ္ဘုရားေလးပါးရဲ့ စြမ္းအားေတြေပါင္းစံုတဲ့ေနရာနားမွာ ဘယ္သူမွ မေနႏိုင္ၾကလို႔၊ မဟုတ္ရင္ ပတ္ပတ္လည္ကလူေတြကို ထိခိုက္ေစတယ္"
"အာ ......"
"ဒါေပမယ့္ တခ်ိဳ႕က ခံႏိုင္ရည္ရိွရင္ေတာ့ ရတယ္"
"ႏွေျမာစရာပဲ၊ အဲ့ဒါက ဘယ္ေန့လုပ္ရမွာလဲ"
"အတိအက်မရိွဘူး တစ္ႏွစ္ကိုတစ္ႀကိမ္ သူသတ္မွတ္ေပးလာတဲ့ေန့မွာ လုပ္ရတာ"
"ဘယ္သူသတ္မွတ္ေပးတာ"
"နတ္ဝိဉာဥ္သစ္ပင္"
ဘခ္ဟြၽန္းသည္ သူ႔ရင္ခြင္ထဲကေန ရုန္းထြက္ကာ ထထိုင္လာ၏။ စိတ္ပါဝင္စားမႈက အလံုးစံုျမင့္တက္သြားမွန္းသိသာသည္မို႔ ခ်န္းေယာလ္ခပ္ဖြဖြၿပံဳးလိုက္မိသည္။ ဘခ္ဟြၽန္းကေတာ့ မ်က္ေမွာင္ၾကဳတ္လာ၏။
"ကြၽန္ေတာ္မသိေသးတဲ့ ကိစၥတစ္ခုရိွတာကို သိလိုက္ရတာ ေတာ္ေတာ္ခံရခက္တာပဲ အဲ့ဒါအေၾကာင္းျပဳစုထားတဲ့ စာအုပ္ေရာရိွလား"
"ဆယ္ဟြန္းကိုေမးၾကည့္၊ သူက စာၾကည့္တိုက္မွဴးလိုပဲ။ အဲ့ေနရာတစ္ခုလံုးကို ေမႊေမႊေနွာက္ေနွာက္ သိတယ္"
ဘခ္ဟြၽန္းသည္ အတည္ေပါက္ေလးျဖင့္ ေခါင္းညိတ္ျပလာ၏။ ခ်န္းေယာလ္ ဆက္ေျပာလိုက္သည္။
"မင္းမေန့က ယူလာတဲ့စာအုပ္ေရာ ဖတ္ၿပီးၿပီလား"
"ဟင္ မၿပီးေသးဘူး၊ ကြၽန္ေတာ္ယူလာတာ ခ်န္းကဘယ္လိုသိတာလဲ"
"စာၾကည့္တိုက္မွဴးက သူ႔တိုက္က စာအုပ္တစ္အုပ္ေလ်ာ့တာနဲ႔သိတယ္ေလ။ ခုဏကေလးတင္ ေျပာသြားတာ"
ဘခ္ဟြၽန္းပခံုးေလးက်ံဳ႔လိုက္မိသည္။
"ကြၽန္ေတာ္အသိမေပးဘဲ ယူသြားတာ တစ္ခုခုေျပာေသးလားဟင္"
"မင္းကငါ့ၾကင္ရာေတာ္ေလ၊ ဘယ္သူကေျပာရဲမွာလဲ ဂရုစိုက္မေနနဲ႔"
ဘခ္ဟြၽန္းသည္ အတန္ငယ္ၿပံဳးခ်င္သြားေသာ္ျငား ဆယ္ဟြန္းအေပၚ အားနာမႈကလည္း မေပ်ာက္ပ်က္ေသးဟန္ျဖင့္။
"အြန္း အဲ့ဒါပထမတစ္အုပ္ မၿပီးေသးရင္ ေနာက္တစ္အုပ္ယူလို႔ မရဘူးလား"
"ရတယ္ ႀကိဳက္သေလာက္ယူဖတ္၊ ၿပီးရင္ ျပန္ထားေပးလိုက္လို႔ပဲ ေျပာမလို႔"
"ဪ ေတာ္ေသးတာေပါ့ အဲ့ဒါဆို ကြၽန္ေတာ္သြားလိုက္ၪီးမယ္"
"ဟင္"
ဘခ္ဟြၽန္းသည္ ခ်န္းေယာလ္ကို အဖက္မလုပ္ေတာ့။ ကုတင္ေပၚက ဆင္းကာ ဖိနပ္စီးၿပီးသည္ႏွင့္ ခ်န္းေယာလ္ပါးတစ္ဖက္ကို မြကနဲျမည္ေအာင္နမ္းသည္။
"ေမာနင္းကစ္ ခ်န္း"
ၿပီးသည္ႏွင့္ ေျပးထြက္သြားေသာေကာင္ေလးက ထိုစာအုပ္ေတြကို သူ႔ထက္ပိုၿပီးအေရးေပးေနတာလား။ ေမာနင္းကစ္ကိုက ၿပီးစလြယ္ႏွင့္။ အေတြးႏွင့္အတူ ခ်န္းေယာလ္မ်က္ေမွာင္ႀကီး ၾကဳတ္သထက္ ၾကဳတ္လာကာ စာအုပ္ကိစၥ အလိုလိုက္မိသည္ကိုပင္ ေနာင္တရခ်င္လာေတာ့သည္။ မေန့ကတစ္ေန့လံုး ခ်န္းေယာလ္မအားသည့္ ေန့ဆိုလ်ွင္ ယေန့ကေတာ့ ဘခ္ဟြၽန္းမအားသည့္ေန့ပင္ ျဖစ္ေတာ့၏။
___
နတ္ဝိဉာဥ္သစ္ပင္အေၾကာင္း ျပဳစုထားသည့္စာအုပ္သည္ ဘခ္ဟြၽန္းဖတ္ဖူးသည့္ ရိွသမ်ွစာအုပ္မ်ားထက္ကို သိသိသာသာ ပါးလွေန၏။
သူႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားမ်ားစားစားမရိွသည့္ႏွယ္။ လွန္ေလွာၾကည့္ေတာ့လည္း အမွန္တကယ္ကိုပင္ သိပ္ၿပီးမရိွပါေခ်။ ခ်န္းေယာလ္ေျပာထားသလို တစ္ႏွစ္တစ္ႀကိမ္ တံခါးပြင့္သည္ဆိုတာႏွင့္ သူ၏အေရးပါပံု အလုပ္လုပ္ပံုမ်ားသာ။
နတ္ဝိဉာဥ္သစ္ပင္သည္ နယ္ေျမၾကီးေလးစု၏ အခ်က္အခ်ာဗဟိုအက်ဆံုးျဖစ္သည္။ နယ္ေျမၾကီးေလးခုလံုး၏ စြမ္းအားေတြ ပိုင္စိုးရာေနရာျဖစ္ၿပီး ထိုေလးခုေသာနယ္ေျမကို အုပ္စိုးေနႏိုင္သည္ဟုပင္ သံုး၍ရသေယာင္။ အဘယ္ေၾကာင့္မူ ေစာင့္ေရွာက္သူေခါင္းေဆာင္ သတ္မွတ္မႈမ်ား၊ ၾကင္ရာေတာ္သတ္မွတ္မႈမ်ားသည္ ထိုနတ္ဝိဉာဥ္သစ္ပင္ထံမွ ေပၚေပါက္လာျခင္းျဖစ္သည္။ တစ္နည္းဆိုရေသာ္ ကံၾကမၼာေရးဆြဲသူလို စြမ္းအားအႀကီးဆံုးသူလိုပင္။
သို႔တိုင္ ထိုနတ္ဝိဉာဥ္သစ္ပင္သည္ တစ္ႏွစ္မွတစ္ႀကိမ္သာ ေပၚေပါက္လာေလ့ရိွၿပီး သူ၏အသြင္သ႑ာန္ကို ထုတ္ျပေလ့ရိွသည္။ ေရႊဝါေရာင္အရြက္တို႔ တလတ္လတ္ေတာက္ပေနေသာ သစ္ပင္အႀကီးႀကီးျဖစ္သတဲ့။ ထိုသစ္ပင္ႀကီးသည္ မည္သို႔ေပၚေပါက္လာသလဲ မည္သူမွ မသိရိွၾက။ ေရွးအက်ဆံုးႏွင့္ ဖန္တီးရွင္ဟုေခၚ၍ရသည္အထိ ထိုသစ္ပင္သည္ စြမ္းအားႀကီးလွ၏။
ေပၚလာသည့္ တစ္ႏွစ္တစ္ႀကိမ္တြင္ ျပဳလုပ္ေလ့ရိွေသာ စြမ္းအားျဖန႔္က်က္ပြဲဆိုသည္ကား ထိုနတ္ဝိဉာဥ္သစ္ပင္အား ဗဟိုျပဳကာ ျပဳလုပ္ျခင္းျဖစ္သည္။ စြမ္းအားေတြကို တိုက္ရိုက္ျဖန္႔က်က္၍မရ။ ထိုသစ္ပင္ကသာ နတ္ဘုရားေလးပါး၏ စြမ္းအားေတြကို စုပ္ယူကာ ပတ္ဝန္းက်င္ေလာကကို ေရမွတစ္ဆင့္ ေလမွတစ္ဆင့္ စသျဖင့္ နည္းမ်ိဳးစံုႏွင့္ ျဖန္႔က်က္ေပးသည္။
ထိုသို႔တစ္ႏွစ္တစ္ခါ စုပ္ယူၿပီးသည္ႏွင့္ ေလာကကိုပံုမွန္လည္ပတ္ေစကာ ထိုသစ္ပင္ကေတာ့ ေနာက္တစ္ႏွစ္မျပည့္မခ်င္း ေပၚထြက္မလာေတာ့ေခ်။
ဤမ်ွသာ။
နတ္ဝိဉာဥ္သစ္ပင္အေၾကာင္းသည္ ဤမ်ွသာျဖစ္ၿပီး အလြန္ဆံုးရိွ ပံုေလးတစ္ပံုေတာင္ မပါေခ်။ ဘခ္ဟြၽန္း ပ်င္းရိစြာပင္ စာအုပ္ကိုျပန္ပိတ္လိုက္သည္။
နယ္ေျမၾကီးေလးခုကို ဗဟိုျပဳသည့္ သစ္ပင္ႀကီးတစ္ပင္ပဲ မဟုတ္ေပလား။ ဘခ္ဟြၽန္းစဥ္းစားဖူးသည္မို႔ သိပ္ေတာ့မထူးဆန္းပါေခ်။
စာအုပ္ကိုျပန္လည္ပိတ္ကာ ေနရာတက် ျပန္လည္ထိုးထၫ့္လိုက္ရင္း ဘခ္ဟြၽန္းထရပ္လိုက္သည္။ အျပင္ဘက္ ထြက္လာလိုက္ေတာ့ ေလ်ွာက္လမ္းထိပ္တြင္ရိွေနေသာ ျပတင္းေပါက္ႀကီးေၾကာင့္ အနီးကပ္သြားေရာက္ ငံု႔ၾကည့္လိုက္သည္။
တိုက္ခတ္သြားေသာ ေလမ်ားက ပန္းရနံ႔ေပါင္းစံုကို သယ္ေဆာင္လာသည့္အားေလ်ာ္စြာ ဘခ္ဟြၽန္းစိတ္ကို ျမဴးထူးသြားေစ၏။ ထို႔ေနာက္ ျမင္လိုက္ရသည့္ျမင္ကြင္းကလည္း စိတ္ကိုလန္းဆန္းသြားေစသေယာင္။ တကယ္ကိုပင္ ျမက္ခင္းစိမ္းေတြက စိတ္ကိုေပါ့ပါးေစသည္။ ဒီကိုေရာက္ကတည္းက ဘခ္ဟြၽန္းအျပင္ဘက္ကို ေျခလွမ္းမခ်ရေသးသလို ခံစားလိုက္ရသည္မို႔ ခပ္ျမန္ျမန္ပင္ ေလွကားကေန ဆင္းလာၿပီး အျပင္ဘက္ကိုထြက္လာမိသည္။
ေက်ာက္သားေလွကားေတြကေန ေအာက္ကိုလွမ္းျမင္ေနရသည့္ ျမင္ကြင္းက ဘခ္ဟြၽန္းပထမဆံုးစေရာက္သည့္ေန့က ျမင္ကြင္းႏွင့္ တစ္ထပ္တည္း။ ထို႔အတူ မင္သက္သေဘာက်သြားေစသည့္ ခံစားခ်က္ကလည္း တစ္ထပ္တည္းျဖစ္သည္။ တိုးတိုက္လာသၫ့္ေလေျပညင္းအား တဝႀကီးရႉရိႈက္ကာ သေဘာတက်ၿပံဳးမိသည္။
ထို႔ေနာက္ ေလွကားေပၚက ျမန္ျမန္ဆင္းလာလိုက္ေတာ့ ျမင္ကြင္းကပိုမိုက်ယ္ျပန႔္သြားသေယာင္။ အေဝးကလွမ္းျမင္ေနရေသာ တိုင္လံုးႀကီးမ်ားႏွင့္ အခံုးသ႑ာန္အမိုးရိွရာ ေနရာကိုလည္းသြားခ်င္သည္။ မ်က္စိေရ႔ွတင္ျမင္ေနရသည့္ သစ္ႏြယ္ပင္ေတြၾကားက ပန္းပင္ေတြဆီလည္းသြားခ်င္သည္။
ေဝခြဲရခက္ေနစဥ္မွာပင္ ထိုသစ္ပင္ႀကီးမ်ားၾကားမွ အနီေရာင္လံုးလံုးေလး သံုးလံုး။ ဘခ္ဟြၽန္းအနည္းငယ္ ေၾကာင္အသြားၿပီး ေသခ်ာၾကည့္ေတာ့မွ ဤသည္ကား ကေလးေလးေတြမွန္းသိလိုက္ရသည္။ အလြန္ဆံုးရိွ ၃ ၊ ၄ ႏွစ္ေလာက္သာ ရိွႏိုင္ေသာ္ျငား ေျပးလႊားေဆာ့ကစားေနႏိုင္ၾကပံုက သာမန္ကေလးမ်ားမဟုတ္၍ထင္၏။
ေဝခြဲရခက္ေနသည့္ ဘခ္ဟြၽန္းေျခလွမ္းတို႔က ထိုကေလးေလးေတြကို ျမင္သည္ႏွင့္ ထိုေနရာထံတိုးကပ္သြားလိုက္သည္။ အနီးကပ္ျမင္လာရေလ နီေၾကာင္ေၾကာင္ဆံပင္ေလးမ်ား၏ အမူအရာသည္ ပံုမမွန္ေလဆိုတာ ဘခ္ဟြၽန္းသတိထားမိသြားသည္။ မ်က္ႏွာထားေလးေတြဟာ ငိုမဲ့မဲ့။
"ဘာျဖစ္ထားလို႔လဲ"
ေမးသာေမးလိုက္ေသာ္ျငား ထိုေပါက္စေလးေတြထံမွ အေျဖထြက္လာလိမ့္မည္ဟုေတာ့ ဘခ္ဟြၽန္းမေမ်ွာ္လင့္ထား။
"ဟို - ဟိုထဲမွာ"
လက္ၫွိုးထိုးျပလာသည္က သစ္ႏြယ္ပင္ေတြေနာက္က ဝင္ေပါက္တစ္ခုထံ။ ကေလးေပါက္စတစ္ေယာက္က စကားမဆံုးေသးခင္မွာပင္ ေနာက္တစ္ေယာက္က ေျပာလာျပန္၏။
"ကိုႀကီးအီဂ်ူး"
"ဟင္ အီဂ်ူး !?"
ေအးေဆးေနသည့္ ဘခ္ဟြၽန္းအမူအရာသည္ အီဂ်ူးနာမည္ၾကားေတာ့မွ မ်က္လံုးျပဴးသြား၏။
"ဘာျဖစ္လို႔လဲ အီဂ်ူး"
အလ်င္စလိုေမးမိေတာ့ ဒုတိယတစ္ေယာက္က ငိုမဲ့မဲ့ကေန မ်က္ရည္ဘူးသီးလံုးေလာက္ႀကီးေတြက်လာၿပီး တတိယတစ္ေယာက္က ေျပာလာျပန္၏။
"တူတူပုန္းတိုင္းေဆာ့ေနရင္း ရွာမေတြ့ေတာ့လို႔"
ဘခ္ဟြၽန္းနဖူးကိုပင္ ျပန္ရိုက္မိမတတ္။ ဒါ အီဂ်ူးေျပာေျပာေနသည့္ သူငယ္ခ်င္းေတြဆိုတာမ်ားလားဟူေသာ အေတြးက ဝင္လာသည့္တိုင္ မျဖစ္ႏိုင္ဟု ပယ္ခ်မိေနလ်က္။ မျဖစ္ႏိုင္စရာ အေၾကာင္းလည္းမရိွပါေခ်။ အီဂ်ူးသည္ သူႏွင့္ရြယ္တူကို သူငယ္ခ်င္းဖြဲ႔မည္ထက္ ထိုကေလးေပါက္စေတြႏွင့္မွပဲ အေပါင္းအသင္းသြားဖြဲ႔ေလာက္သည္က အေသခ်ာနီးပါးေပမို႔။
"ဒီထဲမွာသြားပုန္းတာလား"
ဘခ္ဟြၽန္းအေမးျပဳလိုက္ေတာ့ သံုးေယာက္လံုးက တစ္ၿပိဳင္နက္တည္း အြန္း ဟုေျဖလာၾက၏။ ဘခ္ဟြၽန္းလည္း သက္ျပင္းသာခပ္နက္နက္ခ်ရင္း ႏြယ္ပင္ေတြကို အသာဖယ္လ်က္ ဝင္လာလိုက္ေတာ့ ဝင္ေပါက္တစ္ခုကိုေတြ့သည္။ ေတြေဝမေနဘဲ ထိုဝင္ေပါက္ကေန ျဖတ္ေက်ာ္လာလိုက္ေတာ့ ျမင္လိုက္ရသည္က ေတာနက္တစ္ခုသာ။ သို႔တိုင္ ခါတိုင္းကဲ့သို႔ သာယာလွပမႈအလ်ဥ္းမရိွေတာ့သည္ကို အီဂ်ူးအပူႏွင့္ ဘခ္ဟြၽန္းက သတိမထားမိ။
တျဖည္းျဖည္းေရ႔ွသို႔သာဆက္လာရင္း အီဂ်ူးနာမည္ကိုလည္း ေအာ္ေခၚေနလ်က္။ ဤကေလး ဘယ္ေတြအထိသြားပုန္းရသလဲ။ အေတြးကသာရိုးရွင္းေနေသာ္ျငား အေနာက္ပါးတြင္က်န္ခဲ့သည့္ ကေလးသံုးေကာင္၏အၿပံဳးေတြကေတာ့ မရိုးရွင္းခဲ့။
ထို႔အတူ ဘခ္ဟြၽန္းေနာက္ေက်ာရိွ ဝင္လာရာဝင္ေပါက္ဟာ တျဖည္းျဖည္းပိတ္က်သြားလ်က္ နံရံႀကီးတစ္ခုသာက်န္ခဲ့ေတာ့၏။
___•°•°•