"ခြယ်"

By KhinPhone2001

4.2K 217 12

'ခြယ်'ဆိုတဲ့ GL ficလေးကပထမဆုံးဖန်တီးဖူးတဲ့အရာလေးဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင် ခင့်အမှားသာဖြစ်ပါတယ်ရှင့်🧡 More

Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 12
Announcement
Part 13
'စားပွဲပေါ်ကဓာတ်ပုံ'
Part 15
Part 16
Part 17
Part 18

Part 6

144 14 0
By KhinPhone2001

'ဂန်ဟန်'လဲ'ခြယ်'နှင့်ချိန်းထားသောကြောင့် ချိန်းထားသောအချိန်ထပ်နာရီဝက်လောက်စော၍ အိမ်မှထွက်လာခဲ့လိုက်သည်။

တိုက်ရှေ့ရောက်တော့ကားပေါ်မှာပဲသီချင်းဖွင့်၍စောင့်နေစဉ်

ကလင်.....

'ဘယ်တုန်းထဲကရောက်တာလဲညီမ၊အမဆင်းခဲ့မယ်ခနနော်ခုမှရေချိုးပီးလို့၊ဝရံတာကနေအောက်မှာကားရပ်ထားတာလှမ်းတွေ့လိုက်တာနဲ့ဆက်လိုက်တာ'

'မကြာသေးပါဘူး၊ခုမှရောက်တာ'ဟုလိမ်ပြောလိုက်၏။

'အောက်မှာစောင့်မနေနဲ့လေ၊လာအပေါ်တက်ခဲ့ပါ'

'ရပါတယ် ကားပေါ်ကပဲစောင့်တော့မယ်'ဟုသာပါးစပ်ကထွက်သွားသော်လည်းလက်ကကားတံခါးဖွင့်ပီးဖြစ်၏။

'လာပါတက်ခဲ့ပါ၊အမအခန်းလဲရောက်ဖူးသွားတာပေါ့'

'အင်းတက်ခဲ့မယ်'ဟုပြောကာဖုန်းချလိုက်သည်။

'ဂန်ဟန်'လဲboxထဲကရေမွှေးဘူးလေးထုတ်ကာလည်ပင်းမှာစွတ်လိုက်ပီးတိုက်ပေါ်သို့တက်လာခဲ့၏။

တင်း....တောင်....bellတစ်ချက်တီးလိုက်တော့
ထဘီရင်ပြတ်ဝတ်ထားပီး ကပြာကယာနှင့်တံခါးလာဖွင့်သည်။ခေါင်းလျှော်ထားသောကြောင့်ဆံပင်တို့ပင်မခြောက်သေး။ဆံဖျားလေးများတွင်ရေစက်လေးတွေတစ်စက်တစ်စက်နှင့်ကျနေ၏။

'ခနနော် အမပီးတော့မယ် နောက်များကျသွားလားမသိဘူး နာရီမကြည့်မိလိုက်တာ'

'နောက်မကျပါဘူး ဝယ်စရာရှိတာနဲ့စောထွက်လာလိုက်တာ'ဟုကြည့်ကောင်းအောင်ပြောလိုက်သည်။သဘောကျသည်ဆိုဦးတော့ တွေ့တာမကြာသေးသောကြောင့်'ဂန်ဟန်'ကမရိပ်မိစေလို။

'ဒီမှာခနထိုင်ဦးနော်ညီမ'လို့ပြောပီးအခန်းထဲပြန်ဝင်သွား၏။

အထဲတွင်အခန်းဖွဲ့စည်းပုံအရဧည့်ခန်းနှင့်မီးဖိုချောင်တွဲရက်သိပ်မကျဉ်းမကျယ်အခန်းလေးနှင့်အိပ်ခန်းတစ်ခန်းသာပါသော်လည်း 'ဂန်ဟန်' အတွက်စိတ်ဝင်စားစရာတို့များနေသည်။အကြောင်းမှာ အခန်းမကျယ်သလောက်အိမ်ထဲတွင်ထားထားသောအရာများကြောင့်ဖြစ်သည်။
ကြည့်ရသလောက်ဆိုလျှင် 'ခြယ်' သည်အပင်တွေကိုနှစ်သက်သူဖြစ်နိုင်သည်ဟုတွေးနေမိသည်။ဝရံတာရှေ့တွင်အပင်များစိုက်ထားသလို အိမ်ထဲတွင်လဲနေရာအနှံ့အပင်ငယ်လေးများစိုက်ထားသည့်အပြင် စားပွဲပေါ်တွင်လဲ marigold ပန်းအိုးလေးတင်စိုက်ထားတာတွေ့ရသည်။
နံရံတို့တွင်လည်း ပန်းချီကားလေးတွေတော်တော်များများချိတ်ထားလျက်ရှိသည်။စားပွဲအောက်တွင် ခဲရောင်ကြောင်လေးတစ်ကောင်အိပ်နေတာ မြင်တော့ 'ဂန်ဟန်' လှမ်းစကားပြောဖို့ကြိုးစားလိုက်၏။

ထိုစဉ် အခန်းထဲမှဂါဝန်အဖြူလေးဝတ်ကာ လောလောလောလောနှင့်ထွက်လာသည့် ​'ခြယ်'ကအနားသို့ရောက်လာပီး 'ကော်ဖီသောက်မလားညီမ အမဖျော်ပေးမယ်'ဟု ဆိုသည်။ကိုယ်ရောက်နေတာနှင့်ဆံပင်တောင်ခြောက်အောင်မသုတ်ပဲထွက်လာပုံရသဖြင့် 'ရပါတယ်၊ပီးမှသောက်မယ်၊ဆံပင်အရင်ခြောက်အောင်သုတ်လိုက်ပါ' လို့ပြောရ၏။'ခြယ်'့ဆံပင်မှာခါးလည်ထိရှိပီးနက်မှောက်အုံထူလှသည်။ထို့ကြောင့် dryerနှင့်မှုတ်မှအဆင်ပြေမည်ဖြစ်သဖြင့် အံဇွဲထဲကdryerဖွင့်မည်အလုပ် ရုတ်တရက်မီးပျက်သွား၏။

'အဲ့မီးကလဲလာတယ်ကိုမရှိဘူး ကဲပါမီးလဲပျက်သွားပီဆိုတော့ဒီတိုင်းပဲသုတ်ပီးသွားကြမလား၊ကော်ဖီတောင်ဖျော်မတိုက်လိုက်ရဘူးဧည့်သည်ကိုခေါ်ထားပီး'ဟုပြောသဖြင့် 'ရပါတယ်ကော်ဖီက နောက်မှပေါ့'။

ကျောပေးကာ တင်ထိရှည်ကျနေသော ဆံပင်တို့ကိုသုတ်နေဟန်သည် 'ဂန်ဟန်' ကိုမျက်တောင် မခတ်ကြည့်နေမိစေသည်။ဘာကြောင့်ရယ်မသိရုတ်တရုတ်သုတ်ပေးချင်စိတ်ပေါ်လာသဖြင့်အနားသို့သွားကာသဘက်ကို'ခြယ်'လက်မှယူကာ

'သုတ်ပေးမယ်လေ ဟိုဖက်လှည့်'

'အင်းသုတ်ပေးတော့လဲမြန်မြန်ခြောက်တာပေါ့လေ'ထိုလူသားသည်တစ်ချက်တောင်မငြင်း မိမိမှာရင်တွေခုန်လာ၏။သဘောကျရတဲ့ဒီလူသားအနား တစ်ဖြည်းဖြည်းနီးကပ်လာရသည်က ဒီလောက်ကြည်နူးစရာကောင်းမှန်းမသိရိုးအမှန်။

ဘယ်လိုပုံစံနဲ့ပဲနေရနေရပါလေ သူမ အနားသာနေရမယ်ဆိုရင် ဖြစ်တာမို့ အနားမှာအမြဲဒီလိုဂရုစိုက်ပေးချင်မိတယ်။

'ဒီနေ့ဘယ်သွားမှာလဲဟင်'

'မြို့ပြင်က လိမ္မော်ခြံကို၊ပြောဖို့မေ့နေတာ အဲ့ဒီမှာရိုက်မယ့်သူက အမပဲ'

'ဘယ်လို အမရိုက်ရမှာဟုတ်လား၊အမကဓာတ်ပုံမှအရိုက်မခံတတ်ပဲ၊မဖြစ်လောက်ဘူး'

'ဟိုရောက်ရင်ဖြစ်သွားပါလိမ့်မယ် တစ်ခြားလူတွေမှမရှိတာ ရှက်စရာမလိုပါဘူး'

ဒီလိုနဲ့လိမ္မော်ခြံကိုနှစ်ယောက် တူတူရောက်လာခဲ့ကြတယ်။'ဂန်ဟန်'ကfreelance photographerမို့ shootingလဲ သဘောကျတဲ့နေရာလေးတွေတွေ့တိုင်းသွားသွားရိုက်တတ်သည်။ပုံမှန်ဆိုတစ်ယောက်ထဲ ရှူခင်းအလှကိုသာခံစားရင်းရိုက်ဖြစ်သော်လည်း ယနေ့တော့ခါတိုင်းနှင့်မတူ။
ချစ်ရသောထိုလူသားလေးနှင့်နှစ်ယောက်ထဲအတူရှိနိုင်ရန်တမင်ခေါ်လာခဲ့ခြင်းဖြစ်သည်။

'အမဘယ်လိုနေရမလဲ ပုံစံကို'

'ဟိုးအဝေးကနေသာပြေးလာခဲ့ပေး၊ပုံကနည်းနည်းပဲရိုက်မှာမလို့ စိတ်ထဲဓာတ်ပုံရိုက်နေတယ်လို့မတွေးပဲလိမ္မော်ခင်းရဲ့အလှကိုသာခံစားနေလိုက်နော်'

အဖြူရောင်ဂါဝန်လွှလွှကလေးနှင့်လိမ္မော်ခင်းထဲပြေးလာနေပုံက ဓာတ်ပုံရိုက်ဖို့ကိုပင်မေ့ထားရလောက်သည်အထိ မြတ်နိုးချင်စဖွယ်ကောင်းလှသည်။တိုးဝှေ့တိုက်ခိုက်နေသော ညနေဆောင်းရဲ့လေနုအေးလေးတွေကြောင့် ဆံစတို့ဝဲလွင့်လျက် ခပ်ညိုညိုအသားအရေပေါ်ကိုမှထိုးကျနေသည့် နေရောင်ကြောင့် ကင်မရာထဲတွင်ပန်းချီကားသဖွယ်ပုံရိပ်တစ်ခုဖြစ်ပေါ်လာပြန်၏။အဝေးကိုလှမ်းကြည့်ရင်း 'ခြယ်ဆိုသည့်အမက ဂန်ဟန်အတွက် ညနေဆောင်းတွင်တိုက်ခတ်လာသည့် လေနုအေးလေးလို၊တောင်တွေထဲ နိမ့်ဆင်းသက်ဝင်သွားတဲ့ ဆည်းဆာရဲ့ပုံရိပ်ကလေးတစ်ခုလို သိပ်ကိုလူသားဆန်တဲ့သဘာဝကဖန်ဆင်းပေးတဲ့အလှတရားလေးပဲ' လို့တင်စားနေမိသည်။

အနားကိုရောက်လာတော့ 'ပုံကအဆင်ပြေရဲ့လားဟင်'

'အင်းပြေတယ် ဒီမှာ'ဟုကင်မရာထဲကပုံလေးတွေကိုပြလိုက်တော့ သူမခြေလှမ်းတွေကကိုယ်နဲ့အနီးဆုံးဆီသို့ တိုးလာ၏။အသက်ရှူတို့ပင်ရပ်သွားလောက်အောင် တိုးတိုးလာသည်မို့ ချောင်းကိုပင်တစ်ချက်ထဆိုးမိသည်။တစ်ဖက်လူကတော့ 'ဂန်ဟန်' ဖြစ်ပျက်နေသည်ကိုဘာမှမသိသည့် ကလေးတစ်ယောက်သဖွယ်

'ညီမကဓာတ်ပုံရိုက်တာတော်တာပဲ၊အမလိုမလှတဲ့သူကိုတောင်လှအောင်ရိုက်နိုင်တယ်နော် ဟီးဟီး'။ထိုသို့ပြောသောအမကိုအမဟာဘယ်လောက်လှကြောင်း ဒီကမ္ဘာပေါ်ကသဘာဝအလှတရားတွေနဲ့ယှဉ်ရင်တောင် အမကပိုလှကြောင်းပြောပြပစ်လိုက်ချင်စိတ်ဖြစ်မိသည်။

'ဟာ ဟိုးဘေးမှာစမ်းချောင်းလေးပဲ အဲ့ကိုသွားရအောင် လာ'

စမ်းချောင်းကိုတွေ့တာနဲ့ ကလေးတွေလိုရေထဲပြေးဆင်းသွား၏။ကိုယ်ကတော့ရေကြောက်သူမို့ စမ်းချောင်းဘေးကကျောက်ဆောင်ပေါ်လေးမှာသာနေရာယူလိုက်သည်။ဂါဝန်ဒူးနားထိရေစိုလျက်နှင့် ကိုယ့်ဆီပြေးလာပီး အမှတ်တမဲ့လက်ကိုလှမ်းဆွဲလိုက်တော့ ရင်ဘက်၏ဘက်ဘယ်ခြမ်းမှ တဒုတ်ဒုတ်ခုန်လာသံကိုပင် နားမှကြားနေရပြန်သည်။

'လာပါတူတူရေသွားဆော့ရအောင် ပျော်စရာကောင်းတယ်' ဟု လက်ကိုမလွှတ်တမ်းကိုင်ထားပီးရေနှင့်လှမ်းပက်လိုက်သည်။'ဂန်ဟန်'မျက်နှာတွင်အပြုံးတို့ပေါ်လာပီး တသွင်သွင်စီးနေသောစမ်းချောင်းကလေးထဲ လက်တို့ကိုတင်းနေအောင်ကိုင်ထားပီး ပြေးဆော့ပစ်လိုက်သည်။အချိန်ကြာအောင်တူတူဆော့ပီးတဲ့နောက်

'ညီမကပြုံးတတ်သားပဲ ပြုံးနေရယ်နေရင်ဒီလောက်ချစ်ဖို့ကောင်းတာ ဘာလို့အမြဲရုပ်တည်ကြီးနေတာလဲ၊နောက်ဆိုခုလိုရယ်ရယ်မောမော ပြုံးပြုံးလေးနေစမ်းပါ'ဟုပြောသည်။

'ငယ်ငယ်ထဲကမေမေဆုံးသွားတော့ အိမ်ရဲ့အလုပ်ကိုငယ်ငယ်လေးနဲ့ဦးစီးခဲ့ရတယ်၊အလုပ်မှာကလဲအသက်ငယ်တော့ မလေးစားကြမှာစိုးလို့အမြဲရုပ်တည်တည်ပဲနေလာတာလေ'

'အခုကအလုပ်မှာမှမဟုတ်တာပဲ အမနဲ့ဆိုရင်တော့ပြုံးပြုံးလေးနေပါ ရေမဆော့သေးခင်ကထိညီမနှင့်သိပ်မရင်းနှီးသလိုခံစားရပေမယ့် အခုတော့တော်တော်ရင်းနှီးသွားပီလို့ခံစားရတယ် ညီမရော၊ပီးတော့ သိပ်မသိခင်ကအမနဲ့မို့မပြုံးပဲနေတာလားလို့'

'အင်း ရင်းနှီးသွားပီလို့ခံစားရပါတယ် ပီးတော့အမကြောင့်ပဲပြုံးလာရတာ' နှစ်ယောက်သားမျက်လုံးချင်းစုံမိကြပီး စကားသံတို့တိတ်သွားကြ၏။

ကလင်......
'ခြယ်'ဖုန်းကိုထုတ်ကြည့်ပီးမကိုင်ပဲ အိတ်ပြန်ထည့်လိုက်၏။

ကလင်.....
အဆက်မပြတ်လာနေသောဖုန်းသံအပီးmsgတစ်စောင်ဝင်လာသောနိုတီသံ။

'ညီမ အမကိုအိမ်ထိလိုက်မပို့နဲ့တော့နော် သူငယ်ချင်းတစ်ယောက်နဲ့တွေ့စရာရှိသေးလို့ သူနဲ့လိုက်သွားလိုက်တော့မယ်'

'အင်းအင်း ဘယ်ကိုပို့ပေးခဲ့ရမလဲဒါဆို'

'ဟိုးရှေ့ကတံတားနားမှာပဲချခဲ့ပေးနော်'

'အဲ့တာဆိုပြန်ပီနော်'

'အင်းအင်းဂရုစိုက်ပြန်နော်ညီမ'

'ဂန်ဟန်' လဲကားမောင်းကာအရှေ့လမ်းသို့ကွေ့ဝင်လာခဲ့ပီး 'ခြယ်'လဲကျန်နေခဲ့၏။ဘေးကိုကြည့်လိုက်တော့ 'ခြယ်' အပေါ်ဝတ်အင်္ကျီ။'ဂန်ဟန်'လဲပြန်ဆင်းပေးဖို့ ကားကိုဘေးနားရပ်လိုက်ပီး ကားပေါ်မှဆင်းလာခဲ့လိုက်သည်။တံတားအောက်တွင်ရပ်ထားသောကားအဖြူလေးပေါ်သို့ တက်သွားသည့် 'ခြယ်' ကိုဘေးကအမျိုးသမီးတဦးက ရုတ်တရက်လှမ်းဖက်လိုက်၏။သာမန်သူငယ်ချင်းတွေအနေဖြင့်ဖက်ကြသည်မှာလဲ မထူးဆန်းသောကိစ္စဆိုပေမယ့် ဘေးမှာထိုင်နေသည့်'ခြယ်' ကအတင်းရုန်းနေ၍ငိုနေသည်။အဲ့ဒီနောက် အဲ့ဒီနောက်မှာတော့ ရုတ်တရက်ဆိုသလို တစ်ဖက်အမျိုးသမီးက 'ခြယ်' ပါးပြင်ကိုနမ်းလိုက်၏။

'ဂန်ဟန်' ရဲ့ခြေလှမ်းတွေရပ်တန့်သွားပီး အချိန်အတန်ကြာအောင် လှမ်းငေးကြည့်၍ အနောက်သို့ပြန်လှည့်လာခဲ့လိုက်သည်။'ခြယ်'့ပါးပြင်ကိုဒီလိုပိုင်စိုးပိုင်နင်းနမ်းလိုက်တဲ့ အဲ့ဒီအမျိုးသမီးသည် 'ခြယ်' တစ်ခါပြောခဲ့ဖူးသော သူ့ရည်းစားပဲဖြစ်လိမ့်မယ်ဟုတွေးနေမိသည်။သူတို့တူတူရှိနေပီဆိုတော့ ပြန်တွဲသွားပီလား၊ 'ခြယ်' ကပြန်လက်ခံလိုက်ပီလား၊ညနေကအတူရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့်ရှိခဲ့သည့်ပုံရိပ်တို့ကလည်း အတွေးထဲပျံ့လွင်လာနေသည်။သူတို့သာပြန်တွဲဖြစ်သွားခဲ့ရင် ငါ ငါဘာဆက်လုပ်ရမလဲ။ဒီနားတင်ရပ်ထားလိုက်ရမလား။ရင်ဘတ်ထဲမှ ပူလောင်လာ၏။ထို့နောက် လက်တို့တုန်ယင်စွာနဲ့  'ခြယ်' အင်္ကျီလေးကိုတင်းတင်းဆုပ်ကိုင်လိုက်ရင်း

ဘာပဲဖြစ်ဖြစ်ပါလေ သိပ်သဘောကျရတဲ့အဲ့ဒီလူသားလေး ပျော်ရွှင်မယ်ဆိုလဲ ငါရှေ့ဆက်မတိုးပဲနေရဲရမှာပေါ့။ကိုယ်သိပ်ချစ်ရတဲ့လူကိုအကောင်းဆုံးချစ်ပေးနိုင်တဲ့နည်းလမ်းက ဘဝထဲကိုမခေါ်ခြင်းပဲမဟုတ်လား ဟုတွေးရင်း မျက်ရည်တို့စီးကျလျက်ညတာတစ်ခုကိုရှည်လျားစေခဲ့တော့သည်။     ။

Continue Reading

You'll Also Like

460K 11.4K 30
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
546K 34.7K 70
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
763K 107K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
237K 14.2K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...