*contains a little bit of spicy scene 😬 but not too much
Heatပြီးခါနီးဖြစ်သည်မို့ ရှေ့ရက်များထက် အများကြီး သက်သာလာသည်ကြောင့် နှုန်းချိချိဖြစ်နေသော ခန္ဓာကိုယ်အား သန့်စင်ရန် ဂူအရှေ့ရှိ ရေအိုင်တွင်းသို့ ဆင်းကာ စိမ်နေမိသည်။
သိုသော်လည်း မျက်နှာတစ်ဝက်ကို ဖုံးအပ်ထားသော ဇာပဝါစကိုတော့ မချွတ်မိ။ ချွတ်မိလျှင် လုံခြုံမှုမရှိသည့် ခံစားချက်ကြောင့်ဆို ပို၍ မှန်မည် ထင်ပါရဲ့။
သို့ပေမယ့် အရှင့်၏ သီးသန့်အိုအေစစ်လေး ဖြစ်သည့်အပြင် သာ်နေရာကို သိထားသော မိုးရနံ့ရှိသည့် လူထူးဆန်းကလည်း ဒီအချိန် လာလေ့လာထမရှိသည်မို့ စိတ်ပူရန်မလိုပါလေ။
Heatဖြစ်သော်လည်း ကြားဖူးသလို အသိစိတ်လွတ်၍ ဟော်မုန်းများထကြွကာ Alpha၏ ထိတွေ့ခြင်းကိုသာ တောင့်တနေခြင်းမျိုးမရှိသည်ကြောင့် ကျေလည်း ကျေနပ်မိသည်။ သို့သော် heat၏ မာယာကိုတော့ မေ့လျော့နေဟန်ပေါ်ပါသည်။
မိမိအတွေးနှင့် မိမိ ကျေနပ်စွာ ကျောက်ဆောင်ကို မှီလျက် မျက်လုံးမှိတ်ကာ သက်တောင့်သက်သာနေနေလေသော အရှင်။ ခပ်လှမ်းလှမ်းတွင် ရောက်နေသော မိုးရနံ့ပိုင်ရှင်ကိုတော့ သတိထားမိဟန်မပေါ်ပေ။
တဖက်မှ မိုးရနံ့ပိုင်ရှင်မှာလည်း ရေကန်ထဲမှ ဖြူဝင်းသော အလှတရားလေးအား ဆက်၍ပဲ ကြည့်နေရမည်လား၊စိတ်ကြီးသူမို့ သတိမထားမိခင် ပြန်ပဲ ပြေးရမည်လား၊ ထိုအခါမှ သူ့အနံ့ကို သတိထားမိကာ တမျိုးထင်သွားမည် စိုး၍ ရောက်ကြောင်း အသိပဲ ပေးရမည်လား အကျပ်ရိုက်လေသည်။
မျက်နှာတစ်ဝက်ကို ပဝါဖြင့် အုပ်ထားသည်ကြောင့် မမြင်ရသော်လည်း မျက်ခုံးနက်နက်နှင့် ကော့ညွတ်သော မျက်တောင်တို့က သူမြင်ဖူးသော ခရမ်းစွဲရောင်မျက်ဝန်းတို့နှင့် သိပ်လိုက်ဖက်လွန်းသည်။ ထို့အပြင် မျက်နှာချင်းဆိုင် အနေအထားဖြစ်နေသည်ကြောင့် မျက်ဝါးထင်ထင်တွေ့နေရသော ညှပ်ရိုးလှလှ၊ ရင်ဘတ်ဖွေးဖွေးနှင့် ချယ်ရီသီးသဖွယ် နီရဲနေသော အငုံအဖူးလေးတို့က သူ့စိတ်ကို မရိုးမရွဖြစ်စေလေသည်။ ထိုမှတဆင့် သိမ်ဆင်းသွားသည့် ခါးသွယ်သွယ်က လာဗင်ဒါလေး၏ ဆွဲဆောင်မှုကို ပိုစေသည်။ သူ့နေရာမှာ အခြား ရာဂစိတ်ပြင်းပျသော alphaသာဆိုလျှင် လာဗင်ဒါလေးအတွက် မတွေးရဲစရာပါလေ။
မလှုပ်မယှက် ငေးကြည့်နေမိသော မိုးရနံ့ပိုင်ရှင် alphaသည် ခရမ်းဆွဲရောင် မျက်ဝန်းများ ပွင့်လာသည်ကိုတော့ သတိမထားမိရှာပေ။ နဖူးတွင် စူးခနဲ နာကျင်သည့် ဒဏ် ဖြစ်လာသည့် အခါမှ သတိကပ်ကာ ကြည့်မိတော့ လာဗင်ဒါလေးသည် ကိုယ်လုံးကို ကျောက်ဆောင်နှင့် ကွယ်ကာ ခရမ်းဆွဲရောင် မျက်ဝန်းတို့ဖြင့် စူးဝါးစွာ ကြည့်၍ နေလေသည်။
ထို့အပြင် နားထင်သို့ စီးကျလာသည့် စေးပျစ်ပျစ်အရည်တို့ကြောင့် သိလိုက်ရပါတော့သည်။ လာဗင်ဒါလေးသည် သူ့ကို ကျောက်ခဲနှင့် ပေါက်လိုက်သည်ကိုး။
"ကျွတ်ကျွတ်...မင်း လက်သံပြောင်လှချည်လား လာဗင်ဒါရဲ့"
"ခင်ဗျား!! ကျုပ်ရေချိုးတာကို ဘာလို့ စိုက်ကြည့်နေတာလဲ နှာဘူးရဲ့! သေချင်နေပြီလား"
"ဟာ ကျုပ်အဲ့လိုသဘောနဲ့ ကြည့်တာမဟုတ်ရပါဘူး လာဗင်ဒါရယ်။ မင်းက အနားယူနေတဲ့ပုံပေါ်တော့ လှမ်းခေါ်ရမလား လှည့်ပဲ ပြန်သွားရမလား တွေးရင်းနဲ့ အဲ့လိုဖြစ်သွားတာပါ"
"တော်စမ်းပါ! ခင်ဗျား စကားကို ကျုပ်က ဘယ်လိုယုံရမှာလဲ!"
"မင်းအပေါ် မကောင်းတဲ့ အတွေးတွေရှိနေမှဖြင့် ပထမဆုံးရက်ကတည်းက အရယူပြီးပြီပေါ့ လာဗင်ဒါ။ သေချာစဥ်းစားကြည့်ပါဦး"
"တော်တော့ ခင်ဗျား!"
"ဟုတ်ကဲ့ အမိန့်အတိုင်းပါပဲဗျာ"
ထို့နောက် ထိုalphaက ကမ်းစပ်သို့ လျှောက်လာကာ ထိုင်ချလိုက်သည်မို့ လိုရမယ်ရ ကျောက်စရစ်ခဲအချို့ကို ထပ်၍ ကောက်ယူထားလိုက်သည်။ အရှင့်၏ ရုတ်တရက်ဆန်သော အပြုအမူကို မြင်ကာ ထိုalphaကလည်း နှစ်နှစ်ချိုက်ချိုက်ရယ်လေတော့သည်။
"လာဗင်ဒါရယ် မင်းနှယ်လည်း တကယ်ပါပဲ"
"ဘာလာလုပ်တာလဲ ဒီနားကို!"
စွာလိုက်တာဟု ကောက်ချက်ချကာ ခေါင်းကို ယမ်းလျက် ထိုalphaက ရေကန်ထဲမှ ရေအချို့ကို ခပ်ကာ မျက်နှာသစ်ပြီးမှ
"မင်းလက်ချက်ကြောင့် ပေါက်သွားတဲ့ နဖူးကို ရေဆေးသန့်စင်ရမယ်လေ လာဗင်ဒါ။ ပိုးဝင်သွားမှဖြင့် ကျုပ်စောစောစီးစီး သေရွာသွားနေရမှာပေါ့"
ရယ်ရင်းနှင့် မျက်နှာပေါ်ရှိရေတို့ကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်သည့် alphaကို သေချာကြည့်မိရင်း Eldoraအရှင်တစ်ယောက် ခေတ္တတော့ မှင်သက်သွားလေသည်။
အရပ်အမောင်းကောင်း၍ ညိုစိုသော အသားအရည်ရှိသည့် ထိုalphaက အညတရမုဆိုးတစ်ယောက်ဟု ထင်ရက်စရာမရှိသော တော်ဝင်ဆန်သည့် မျက်နှာပေါက်ကို ပိုင်ဆိုင်ထားလေသည်။ မျက်ခုံးကောင်းကောင်းနှင့် စူးရဲရဲ မျက်ဝန်းတို့ အားဖြည့်သော ထို alpha၏ ရုပ်ရည်သည် ဝန်မခံချင်သော်လည်း အလွန်ကြည့်ကောင်းပါသည်။
"လာဗင်ဒါ?? မင်းအနံ့တွေ ရုတ်တရက်ကြီး အရမ်းပြင်းလာသလိုပဲ။ Heatပြီးခါနီးပြီမဟုတ်ဘူးလား?"
"ဟင်??"
alpha၏ စကားကြောင့် သတိထားကြည့်လေတော့မှ သာမန်ထက် ပို၍ပြင်းထန်စူးရှလာသော လာဗင်ဒါအနံ့က ခေါင်းများ နောက်ကျိသည်အထိ တိုက်ခိုက်လာလေသည်။ ထို့အပြင် ရုတ်တရက် ဆောင့်တက်လာသော နာကျင်မှုကြောင့် ရေထဲရှိ အရှင်မှာ ကျောက်ဆောင်ကို အားဖြင့် ကုပ်ထားမိသည်အထိ ဖြစ်ရတော့သည်။
"အာ့!"
"လာဗင်ဒါ! မင်း အဆင်ပြေရဲ့လား"
"ရ...တယ် ဘာမှ မဖြစ်ဘူး"
အဆင်ပြေကြောင်းပြောမိသော်လည်း တကယ်တမ်း ရှေ့ရက်တွေကထက် အများကြီးပိုသော နာကျင်မှုကြောင့် အတော်လေးပင် ခံရခက်နေရှာသော အရှင်။ မသိစိတ်တို့ကလည်း တစုံတရာကို တောင့်တနေသယောင်ယောင် ထူးဆန်းသော ခံစားမှုတို့ ဖြစ်ပေါ်နေလေသည်။
"ဒီသုံးရက်အတွင်း ရခဲ့သမျှထဲမှာ ဒီတခါ အနံ့အပြင်းဆုံးပဲ လာဗင်ဒါ။ တကယ် အဆင်ပြေနေတာကော ဟုတ်ရဲ့လား"
"ပြေပါတယ်ဆိုနေ--အင့်!"
"ကျစ်! တကယ်ပဲကွာ"
ကမ်းစပ်နှင့် ခပ်လှမ်းလှမ်းကျောက်ဆောင်နောက်တွင် ရှိနေသည်မို့ ကမ်းပေါ်မှ လှမ်း၍ ဆွဲရန်မှာ မဖြစ်နိုင်။ လာဗင်ဒါလေး၏ အခြေအနေမှာလည်း လှုပ်ရှားရန်ပင် မလွယ်ကူသည့်ပုံမို့ မိုးရနံ့ပိုင်ရှင် alphaသည်လည်း ကိုယ်တိုင် ရေထဲဆင်းသွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အနားသို့ ရောက်သည့်အခါ ပုခုံးမှ ဖမ်းကိုင်မိတော့ ရေထဲမှာရှိနေသည်ကိုပင် အရှိန်မသေသော ခန္ဓာကိုယ်အပူရှိန်ကြောင့် အလန့်တကြားပင် ဖြစ်သွားရသည်။ Heat၏ အရှိန်သည် ပြီးခါနီးရက်မှ အတော်လေး ပြင်းထန်နေပါရောလား။
"လာဗင်ဒါ။ လာဗင်ဒါ! ဟေ့! ကျုပ်ကို ကြည့်ဦး"
alpha၏ ခေါ်သံကို ကြားနေရပါသော်လည်း တုံ့ပြန်မှုမပြုနိုင်ပဲ မျက်လုံးများကို ဖိမှိတ်ရင်း အံကြိတ်၍သာ နေနိုင်လေသည်။ မထင်မှတ်သည့်အချိန်တွင် အပြင်းထန်ဆုံး တက်လာသော heatက သည်လောက်ထိဆိုးရွားသည်တဲ့လားလေ။
"န-နာတယ်"
တဖက်မှ alphaသည်လည်း Omegaတို့၏ heatအကြောင်း အနည်းငယ်တော့ နားလည်သည်မို့ ကိုယ်တွင်းမှ နာကျင်မှုကို ပြောမှန်း ရိပ်စားမိပါသည်။ ထိုအချက်ကြောင့် အနံ့များကို ပို၍လွှတ်ပေးမိတော့ လာဗင်ဒါက ကျောက်ဆောင်ကို မှီရင်း ခေတ္တတော့ ငြိမ်ကျသွားလေသည်။
"မင်းကို ဂူထဲ ပြန်ပို့ပေးမယ်နော် ခဏ"
ရေထဲမှ ပွေ့ချီရန် ပုခုံးနှစ်ဖက်ကို ကိုင်မိတော့ မျက်ခုံးများ တွန့်ချိုးကာ ခေါင်းကို တွင်တွင်ခါယမ်းလေသော လာဗင်ဒါလေး။ ပို၍ဆိုးလာသော တင်းကျပ်နာကျင်မှုကြောင့် alpha၏ လက်မောင်းတို့အား ခပ်တင်းတင်း ဆွဲဆုပ်မိသည်အထိပင်။
ထိုအချင်းအရာကြောင့် ကျောက်စိမ်းရောင် မျက်ဝန်း ပိုင်ရှင်မှာလည်း အခက်တွေ့ရတော့သည်။ ဖြေရှင်းနည်းကို သိသော်လည်း နေရခက်သွားမည်စိုး၍က တစ်ကြောင်း၊ အခွင့်အရေးယူသည့် ရမ္မက်ကြီးသော alphaဟူ၍ အထင်မခံလို၍က တစ်ကြောင်းကြောင့် တွန့်ဆုတ်နေခြင်းပင် ဖြစ်သည်။
သို့သော်လည်း မျက်စိရှေ့မှ လာဗင်ဒါလေး၏ အခြေအနေကိုလည်း ဒီအတိုင်းလက်ပိုက်၍ ကြည့်မနေရက်သည်ကြောင့်
"သက်သာအောင် လုပ်ပေးရမလား။ ကျုပ်မှာ နည်းလမ်းရှိတယ်။ ဒါပေမယ့် မင်းကျုပ်ကို တမျိုးထင်မှာလည်း စိုးတယ်။"
"....."
"မင်းကို ကျိန်းသေပေါက် အခွင့်အရေးမယူဘူးလို့ ကတိပေးတယ်။ သက်သာအောင်ပဲ လုပ်ပေးမှာ.. ဒါပေမယ့် မင်းအဆင်မပြေဘူးဆိုလည်း----"
"ကူ..ညီ..ပေး.."
ပထမဆုံးပါပဲ။ Eldoraအရှင်အနေနဲ့ အခြားလူတစ်ယောက်ကို အကူအညီတောင်းမိတာ ဒါပထမဆုံးပါ။ ဝေဒနာ ပြင်းထန်လွန်းတာမို့ ရေနစ်သူက ကောက်ရိုးမျှင်စလေးကိုပင် လှမ်းဆွဲတတ်သည့်အတိုင်း အရှင်သည်လည်း ဝေဒနာ သက်သာမည့် နည်းလမ်းသာရှိလျှင် ကျားကုပ်ကျားခဲ ဆွဲယူထားရတော့ပေမည်။
ထို့အပြင် အခြားလူမဟုတ်ပဲ heatတစ်လျှောက် ကူညီစောင့်ရှောက်ပေးခဲ့သော alphaမို့ ထုတ်သာမပြောသော်လည်း မဖြစ်သင့်သည်များ မဖြစ်ရအောင်တော့ ထိန်းကွပ်နိုင်မည်ဟု ယုံကြည်ပါသည်။
"ခင်ဗျားသိတဲ့ နည်းအတိုင်း သက်သာအောင် လုပ်ပေးပါ"
"အင်း.. ဒါဖြင့်ရင် ကြိုပြီး တောင်းပန်ပါတယ် လာဗင်ဒါ..."
တောင်းပန်စကား၏ အဆုံး ကိုယ်ပေါ်သို့ ကျရောက်လာသည့် လက်နွေးနွေးကြီးများ၊ သူ၏ ရင်ညွန့် ပုခုံး ခါးနှင့် ဗိုက်သားပြင်တို့ကို မချင့်မရဲဖြင့် အလှည့်ကျ ပွတ်သပ်ကာနေလေသည်မို့ ခံစားချက်ကြီးမှာ အတော်လေး ထူးဆန်းလှသည်။ သို့ပေတည့် ဖယ်ထုတ်ပစ်ရန်လည်း မကြိုးစားမိ။
ထို့နောက်တွင်တော့ လက်ရှည်ရှည်တို့က သူ၏ အထိမခံသောချယ်ရီဖူးလေးများကို နယ်ကျွံလေသည်။ ကိုယ်တွင်းမှ ထူးဆန်းသည့် ခံစားချက်ကြီးမှာလည်း တရိပ်ရိပ်နှင့်ပင်။
"အင့်... တော်..တော့... ခံစားချက်ကြီးက ထူးဆန်းတယ်"
ထိုalphaက သူ့စကားကိုတော့ လေးစားမှုရှိပါသည်။ ချက်ချင်းပင် ပြေးလွှားနေသော ထိုလက်တို့ကို ဖယ်ပေးလေသည်။ သို့သော်လည်း ရပ်တန့်ခိုင်းပြီးမှ အဆင်မပြေသူက အရှင်ဖြစ်လေသည်။
"ဘယ်လိုနေသေးလဲ လာဗင်ဒါ"
"အဆင် မပြေဘူး..."
"ဟင်း... ဒါဖြင့်ရင် အဆင်ပြေသွားတဲ့အထိ ကျုပ်ကူညီပေးပါ့မယ်။ ဒီတခါတော့ ကျုပ်မရပ်တော့ဘူးနော်"
ဘာကိုမှ ထပ်မတွေးတော့ပဲ ခေါင်းသာ ငြှိမ့်လိုက်တော့သည်။အရှင်ကိုယ်တိုင်လည်း ရိပ်မိပါသည်။ မိမိ၏ သဘာဝဖြစ်သော လာဗင်ဒါလေးသည် alpha၏ အထိအတွေ့အား တောင့်တနေသည်ကိုလေ။
ထို့အပြင် မိုးရနံ့ရှိသည့် ယခုalphaသည်လည်း သင်းကွဲတစ်ယောက်ဖြစ်သည်မို့ Eldoraမြို့ထဲ ဝင်လာရန်မှာ မဖြစ်နိုင်။ သူရှိရာ နန်းတော်သို့ လာရန်ဆိုသည်မှာ ပို၍တောင် ဝေးလံဦးမည်လေ။ ဒါ့ကြောင့် သူမပြောမချင်း Eldoraအရှင်မှန်း သိလာနိုင်မည်မဟုတ်သည်ကြောင့် နောက်ကျော ဓားနှင့်ထိုးကာ အရှက်ကွဲရမည့်အဖြစ်မျိုးကိုလည်း ပူစရာမလိုပါ။
ခွင့်ပြုချက်ရပြီးသည်နှင့် ပထမအကြိမ်ကထက် ပို၍ ရဲတင်းစွာ ထိတွေ့လာသော လက်နွေးနွေးများ၊ အထိမခံသည့် နေရာအချို့ကို ထိတွေ့မိသည့်အခါတွင်တော့ ကျောက်ဆောင်ကို မှီတင်းရင်း ရှက်ရွံ့ဖွယ် အသံတို့ ထွက်မလာနိုင်စေရန် အံကြိတ်၍ပင် နေနေရပါလေသော အရှင် လာဗင်ဒါလေး။ ဝန်မခံချင်သော်လည်း ခံစားချက်က နေလို့ကောင်းနေသည်ကိုတော့ မငြင်းဆန်နိုင်ပါလေ။
အတန်ငယ်ကြာသည့်တိုင် လက်တို့၏ လှုပ်ရှားမှုကို အဆက်မပြတ်စေသည့် ထိုalphaက ကျောက်စိမ်းရောင် တောက်ပနေသော မျက်ဝန်းတို့ဖြင့် ပြန်ကြည့်ကာ တီးတိုးစကားဆိုလေသည်။ အိုအေစစ်လေး၏ လေထုအတွင်းတွင်လည်း မိုးရနံ့နှင့် လာဗင်ဒါရနံ့တို့က လိုက်ဖက်စွာ ပေါင်းယှက်ရင်း ပြင်းပြင်းထန်ထန် ပြန့်လွင့်ကာနေလေသည်။
"လှတယ်... မင်းက သိပ်လှတာပဲ လာဗင်ဒါ"
သာမန်ထက်ပို၍ ဩရှသော အသံကြီးဖြင့် ပြောလာသည့် ထိုalphaကြောင့် ခြေထောက်များပါ ယိုင်နဲ့ချင်လာတော့သည်။ Heatကြောင့် သည်လောက်ထိ တုန့်ပြန်ပုံ ပြင်းထန်နေပုံပေါ်သည်ဟုလည်း တွေးမိလိုက်သေးသည်။ ပုံမှန်စိတ်နှင့်သာဆို ဒီလို အခြေအနေမျိုးပင် ရောက်လာနိုင်ချေ မရှိသည်လေ။
ရုတ်တရက် အနီးသို့ တိုးကပ်လာသော ထိုalpha၏ မျက်နှာချောချော။ လက်တဖက်၏ လှုပ်ရှားမှုကိုလည်း မပြတ်စေပဲ ပဝါအုပ်ထားသည့် ပါးပြင်တဖက်အား အခြားလက်တဖက်ဖြင့် အုပ်ကိုင်လိုက်ရင်း နှစ်ဦးတည်းသာ ကြားနိုင်မည့်လေသံတိုးတိုးဖြင့်..
"စိတ်ကို ချုပ်တည်းမထားနဲ့ လာဗင်ဒါ... လွှတ်ချပေးလိုက်ပါ~"
ထို့နောက် ဇာပဝါအပါးစလေးပေါ်မှ တစ်ဆင့် နှုတ်ခမ်းထူထူတို့နှင့် ဖောင်းပြည့်သော သူ့ နှူတ်ခမ်းပါးကို နူးညံ့စွာ နမ်းလာလေတော့ လာဗင်ဒါလေး၏ ခန္ဓာကိုယ်တွင်းမှ ထိန်းချုပ်ထားသည့် အရာတချို့ လွတ်မြောက်သွားသလို ခံစားချက်ဖြစ်ပေါ်ကာ ပို၍ပေါ့ပါးသွားတော့သည်။
ထို့နောက် မိနစ်ပိုင်းခန့် ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး အသက်ရှူသံ ပြင်းပြင်းတို့ကသာ ကြီးစိုး၍နေလေသည်။ အရှင်လာဗင်ဒါလေး၏ အပူရှိန်သည်လည်း တရွေ့ရွေ့လျော့ကျကာ ဝေဒနာမှာလည်း ယူပစ်သလို သက်သာသွားလေသည်ကြောင့် အသိစိတ်သေချာ ပြန်ဝင်လာသည့်အခါ မျက်နှာတစ်ခုလုံး ပူထူလာသည်အထိ ရှက်စိတ်ဝင်လာရသည်မို့..
"ပြန်..ပြန်တော့"
"အယ် အဆင်ကောပြေသွားရဲ့လား လာဗင်ဒါ"
"ပြေတယ်။ ပြေသွားပြီမို့ ကျေးဇူးတင်တယ်။ ခင်ဗျားလည်း ပြန်တော့"
"ချက်ချင်းပါလား"
"ခင်ဗျားက ဆက်နေပြီး ဘာလုပ်ချင်လို့လဲ"
"ဟောလ် ပြန်မှာပါကွာ။ စိတ်ကလည်း ကြီးလိုက်တာ။ မင်းအဆင်မပြေ သေချာချင်ရုံပဲ။ နက်ဖြန်မနက်မှ ထပ်လာခဲ့မယ်။ ကမ်းစပ်မှာ အသီးနဲ့ ထင်းခြောက်တွေ ထားခဲ့တယ်နော်"
"အင်း ... သိပြီမို့.. ပြန်လိုက်ပါတော့"
"မနှင်ရင်တောင် ပြန်ပါပြီကွာ"
အပြောင်းအလဲ မြန်လှသော လာဗင်ဒါလေးကြောင့် ရယ်ချင်ပါသော်လည်း စောစောက အခြေအနေကြောင့် အရှက်သည်းနေမည်ကိုလည်း ခံစားမိသည့် alphaသည် အလိုက်တသိနှင့် ရှောင်ထွက်ပေးပါသည်။ လာဗင်ဒါလေး၏ နာမည်မေးကာ တရားဝင်မိတ်ဆက် မိတ်ဖွဲ့မည့် မိမိအစီအစဥ်ကိုတော့ နောက်နေ့ မနက်ကိုသာ ရွေ့လိုက်ရတော့ပါမည်လေ။
သို့သော်လည်း ထိုalphaမသိခဲ့သည်က လာဗင်ဒါလေးသည် heatပြီး၍ နားရက်ပြည့်သည်က တစ်ကြောင်း မျက်နှာချင်းဆိုင်ရမည်ကို မျက်နှာပူသည်က တစ်ကြောင်းကြောင့် ညတွင်းချင်း မြို့တွင်းသို့ ပြန်သွားခဲ့ခြင်းပင်....
•••••
မိုးမခတောတွင် heatကုန်ဆုံးခဲ့ပြီးသည်မှာ တစ်ပတ်နီးနီး ကြာမြင့်ပြီး heatမဖြစ်ခင်က နေ့စဥ်အမျှ ခံစားခဲ့ရသည့် ခေါင်းခဲဝေဒနာသည်လည်း အတော်လေး သက်သာကာ အကြိမ်ရေနည်းပါးလာလေသည်။ သမားတော်မင်မှာလည်း တိုးတက်လာသည့် အရှင့်အခြေအနေကြောင့် အတော်လေးပင် ဝမ်းမြောက်ရသည်။ ဆေးများဖြင့် ထိန်းချုပ်ထားခဲ့သော အရှင့်၏ heatသည် ထင်ထားသလောက် မဆိုးရွားခဲ့သည်မှာ ကျေးဇူးတင်စရာပင် မဟုတ်လား။
သို့သော်လည်း သမားတော်မင်အား မပြောပဲ ထိမ်ချန်ထားသည့် မိုးမခတောမှ အဖြစ်အပျက်အချို့ကတော့ တွေးမိတိုင်း အရှင့်အား အင်မတန် မျက်နှာ ပူစေလေသည်။ ဘယ်လိုပင် ခြေလွန်လက်လွန် မဖြစ်ခဲ့သည်ပြောပြော အခြား alphaတစ်ယောက်၏ အထိအတွေ့ဖြင့် သည်လောက်ထိ သက်ရောက်မှု ရှိခဲ့သည်ဆိုသည်မှာ ရှက်စရာပါပင်။
သင်းကွဲ alphaဖြစ်သည်ကြောင့် မြို့တွင်းသို့ ဝင်မလာနိုင်သည်ကို သိသော်လည်း ပြတင်းပေါက်မှ စိမ်းစိမ်းစိုစို မိုးမခတောကြီးအား လှမ်း၍ တွေ့ရသည့်အခါတိုင်း မျက်နှာပူနေရပါဦးပေမည်။ အတော်လည်း ဒုက္ခပေးနိုင်သော heatပါလားလေ။
အရေးထဲ ဘယ်သူကစ၍ ဖြန့်သော အချေအမြစ်မရှိသည့် သတင်းမှန်းမသိ။ ကြင်ဖက်မရှိသည်ကြောင့် rutကို တစ်ဦးတည်း တိတ်တဆိတ် ဖြတ်သန်းရရှာသည့် Eldoraအရှင်ဆိုသည့် သတင်းကလည်း အမှူအရာထမ်းများကြား အတော်လေး ရေပန်းစားနေသည်မို့ စိတ်ရှုပ်ရပြန်သည်။ သည်အတိုင်းဆို ကြင်ယာတော်နှင့် နန်းဆက်ကိစ္စကို စကားစလာကြပြန်ဦးမည်လေ။
အချို့ကလည်း နန်းတော်တွင်းမှ လာသော သတင်း အချို့ကလည်း နန်းပြင်မှ ကောလဟလဟုဆိုသည်ကြောင့် တစ်ရက်တော့ မြို့တွင်းသို့ ရုပ်ဖျက်၍ သွားကာ စုံစမ်းရပါဦးမည်။
အုပ်ချုပ်သူပီပီ စိတ်ရှုပ်စရာများသည်မို့ ခေါင်းခဲဝေဒနာသည်လည်း ပြန်ထလာပြန်သည်။ အရင်ကလောက် မပြင်းထန်တော့သော်လည်း စိတ်အနှောင့်အယှက်တော့ အတော်လေး ဖြစ်ရပါသည်။
ထို့ကြောင့် စိတ်ရှုပ်စွာဖြင့် သလွန်ပေါ် လှဲမိတော့ ကြေးမုံဘေးရှိစင်ပေါ်မှ သေတ္တာငယ်က သူ့အာရုံထဲသို့ တိုးဝင်လာလေသည်။
မိုးမခတောမှ အသည်းအသန်ပြန်လာခဲ့သည်ကြောင့် လူထူးဆန်းalpha၏ ဝတ်ရုံကိုပါ တပါတည်း ယူလာခဲ့မိပြီး သက်တောင့်သက်သာဖြစ်သွားသည့် အခြေအနေတွင် ပိုင်ရှင်အား ပြန်ပေးရန် ဝတ်ရုံကို ထိုသေတ္တာလေးထဲ ထည့်သိမ်းထားခဲ့သည်မဟုတ်လား။ စိတ်ရှုပ်စရာများသည်ကြောင့် သည်အချက်ကို သူလုံးဝမေ့သွားခဲ့သည်လေ။
ခေါင်းခဲဝေဒနာအား လျစ်လျူရှုကာ သလွန်ပေါ် မှ အမြန်ထ၍ ထိုသေတ္တာလေးအား ဖွင့်လေတော့ ယခုထိတိုင် စွဲ၍ကျန်နေသော မိုးရနံ့။ သေတ္တာထဲ လုံခြုံစွာသိမ်းထားသည်မို့ မပြယ်ပျက်ပဲရှိနေခြင်းဖြစ်သည်။
အံ့အားသင့်ဖွယ်ကောင်းသည်ကတော့ မိုးရနံ့က အာရုံထဲဝင်ရောက်လာသည်နှင့် ရက်သတ္တပတ်တစ်ခုစာနီးပါး သူ့အား ဒုက္ခပေးနေခဲ့သော ခေါင်းခဲဝေဒနာက ယူပစ်လိုက်သကဲ့သို့ ပျောက်သွားခြင်းပင် ဖြစ်သည်။ ဒါဟာ ဘယ်လိုဆန်းကြယ်မှုမျိုးများလဲ။
ပထမဆုံး Heatကို သက်သာအောင် ကူညီပေးခဲ့သူမို့လား။ ထိုသူ၏ အနံ့ကပင် ထိုကဲ့သို့ အစွမ်းအာနိသင်ရှိနေသည်လား မပြောတတ်သော်လည်း အညတရမုဆိုးဟူ၍သာ သိကာ နာမည်ပင် မသိရသော ထိုလူထူးဆန်းသည် အရှင့်အား အတွေးတို့ များစေပါသည်။
"ဘာကြောင့် ခင်ဗျား အနံ့က ဒီလိုစွမ်းဆောင်နိုင်နေရတာလဲ... ခင်ဗျားက ဘယ်လိုလူများလဲ.."
•••••
အလုပ်ပါးသည့်တစ်ရက် ရုပ်ဖျက်ကာ မြို့တွင်းသို့ ထွက်လာခဲ့သည်။ ကောလဟလများ၏ အရင်းအမြစ်ကို သိလိုသည်ကြောင့် ထွက်လာခဲ့သည်ဆိုလျှင်လည်း မမှားပေ။
သို့ပေမယ့် မြို့ထဲရောက်တော့ မူလရည်ရွယ်ချက်ကိုပင် မေ့ချင်ချင်ဖြစ်ရသည်။ သူအုပ်ချုပ်သည့် Eldoraပြည်ဟာ ဘယ်လိုတောင် စည်ပင်ဝပြော စည်းကားလိုက်သလဲလေ။ သာယာလွန်းသည်ကြောင့် အခြားနိုင်ငံများ၏ မျက်စိကျခြင်း မခံရစေရန် မဟာမိတ်ပင် မထားရှိခဲ့ခြင်း မဟုတ်လား။
သည်လိုနှင့် မြို့အစွန် မိုးမခတော အစပ်သို့ ရောက်လေတော့ စိတ်မသန့်သလိုလိုနှင့် မချင့်မရဲဖြစ်လာသည်ကြောင့် လှည့်ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ တခုတည်းသော ဘုံဗိမာန် မိုးမခတောသည်ပင် ခုတော့ မလုံခြုံသည့်နေရာလို ခံစားနေရပြီတဲ့လားလေ။
လိုချင်သည့် သတင်းလည်း မရခဲ့သည်မို့ စိတ်ရှုပ်စွာဖြင့် ပြန်မည်အလုပ် ဆူဆူညံညံအသံ အချို့ကြောင့် အာရုံတို့က ထိုဆူညံမှုသို့ရောက်စေသည်။ ရဲမက်အချို့နှင့် လူတစ်ယောက် အချေအတင်ဖြစ်နေသည့် ပုံပါပင်။
ရဲမက်ပင် ဖြစ်သော်ငြား တိုင်းသူပြည်သားတို့ကို အပြစ်မရှိပဲ နိုင့်ထက်စီးနင်းခြင်း ပြုမည်ကို မနှစ်သက်သည်ကြောင့် မသိမသာပင် အုံအုံကျတ်ကျတ်ဖြစ်နေသော ထိုနေရာသို့ ခြေဦးတည်မိလေသည်။
"ကျုပ် ပစ္စည်း ပြန်ရပြီးရင် ပြန်မှာပါ။ ခင်ဗျားတို့ ထင်သလို လူဆိုးသူခိုးတေလေဂျပိုးလည်း မဟုတ်ရပါဘူး"
"ဒါဖြင့်ရင် ဘာလို့ ခိုးဝင်ဖို့ ကြိုးစားတာလဲ"
"ခင်ဗျားတို့က ဝင်ခွင့်မှ မပေးပဲ။ လုပ်ပါဗျာ။ ကျုပ်အတွက် အရေးပါတဲ့ ပစ္စည်းမို့ ပြန်ရမှ ဖြစ်မှာမို့ပါ"
ရဲမက်တို့နှင့် အချေအတင်ဖြစ်နေသော လူသား၏ အသံကို ထင်းလင်းစွာ ကြားလိုက်ရသည့် အချိန်တွင်တော့ အရှင်တစ်ယောက် အလန့်တကြားဖြစ်ရတော့သည်။
ဒီအသံက... ထို လူထူးဆန်းရဲ့ အသံပင် မဟုတ်လား။
ကြောင်အစွာ ရပ်ကြည့်နေမိရာမှ အမြန် ထွက်ခွာရန် ပြင်လိုက်ပါသော်လည်း ဖျတ်လတ်သော ကျောက်စိမ်းရောင် မျက်ဝန်းတို့၏ သတိထားမိခြင်းကို ခံလိုက်ရသော အရှင်ဟာ ကံမကောင်းခဲ့ပေ။
"လာဗင်ဒါ!!"
#Tbc
A/N: spicy scene ပိစိလေးပါပေမယ့် 라기လည်း အရှင့်လိုပဲ မျက်နှာပူလို့ လိုအပ်တာရှိရင် ကိုယ့်ဟာကို ဖြည့်တွေးပြီး ဖတ်လိုက်ကြပါ XD
နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒါလေးတွေ့ခဲ့လို့😹 ရယ်လိုက်ရတာဆိုတာ 😹 ဒီထဲက အရှင်နဲ့ အရှင့်လူထူးဆန်းကတော့ နှပ်တွဲလောင်းနဲ့ မဟုတ်ဘူးပေါ့နော်🤣🤣 ဆွဲလဲ ဆွဲတတ်ပါရဲ့ 🤣💜
(credit to @mokku_milk nim on twitter)
See you in next episode~
- 해바라기
ZG
*contains a little bit of spicy scene 😬 but not too much
Heatၿပီးခါနီးျဖစ္သည္မို႔ ေရွ႕ရက္မ်ားထက္ အမ်ားႀကီး သက္သာလာသည္ေၾကာင့္ ႏႈန္းခ်ိခ်ိျဖစ္ေနေသာ ခႏၶာကိုယ္အား သန့္စင္ရန္ ဂူအေရွ႕ရွိ ေရအိုင္တြင္းသို႔ ဆင္းကာ စိမ္ေနမိသည္။
သိုေသာ္လည္း မ်က္ႏွာတစ္ဝက္ကို ဖုံးအပ္ထားေသာ ဇာပဝါစကိုေတာ့ မခြၽတ္မိ။ ခြၽတ္မိလွ်င္ လုံၿခဳံမႈမရွိသည့္ ခံစားခ်က္ေၾကာင့္ဆို ပို၍ မွန္မည္ ထင္ပါရဲ႕။
သို႔ေပမယ့္ အရွင့္၏ သီးသန့္အိုေအစစ္ေလး ျဖစ္သည့္အျပင္ သာ္ေနရာကို သိထားေသာ မိုးရနံ႕ရွိသည့္ လူထူးဆန္းကလည္း ဒီအခ်ိန္ လာေလ့လာထမရွိသည္မို႔ စိတ္ပူရန္မလိုပါေလ။
Heatျဖစ္ေသာ္လည္း ၾကားဖူးသလို အသိစိတ္လြတ္၍ ေဟာ္မုန္းမ်ားထႂကြကာ Alpha၏ ထိေတြ႕ျခင္းကိုသာ ေတာင့္တေနျခင္းမ်ိဳးမရွိသည္ေၾကာင့္ ေက်လည္း ေက်နပ္မိသည္။ သို႔ေသာ္ heat၏ မာယာကိုေတာ့ ေမ့ေလ်ာ့ေနဟန္ေပၚပါသည္။
မိမိအေတြးႏွင့္ မိမိ ေက်နပ္စြာ ေက်ာက္ေဆာင္ကို မွီလ်က္ မ်က္လုံးမွိတ္ကာ သက္ေတာင့္သက္သာေနေနေလေသာ အရွင္။ ခပ္လွမ္းလွမ္းတြင္ ေရာက္ေနေသာ မိုးရနံ႕ပိုင္ရွင္ကိုေတာ့ သတိထားမိဟန္မေပၚေပ။
တဖက္မွ မိုးရနံ႕ပိုင္ရွင္မွာလည္း ေရကန္ထဲမွ ျဖဴဝင္းေသာ အလွတရားေလးအား ဆက္၍ပဲ ၾကည့္ေနရမည္လား၊စိတ္ႀကီးသူမို႔ သတိမထားမိခင္ ျပန္ပဲ ေျပးရမည္လား၊ ထိုအခါမွ သူ႕အနံ႕ကို သတိထားမိကာ တမ်ိဳးထင္သြားမည္ စိုး၍ ေရာက္ေၾကာင္း အသိပဲ ေပးရမည္လား အက်ပ္ရိုက္ေလသည္။
မ်က္ႏွာတစ္ဝက္ကို ပဝါျဖင့္ အုပ္ထားသည္ေၾကာင့္ မျမင္ရေသာ္လည္း မ်က္ခုံးနက္နက္ႏွင့္ ေကာ့ၫြတ္ေသာ မ်က္ေတာင္တို႔က သူျမင္ဖူးေသာ ခရမ္းစြဲေရာင္မ်က္ဝန္းတို႔ႏွင့္ သိပ္လိုက္ဖက္လြန္းသည္။ ထို႔အျပင္ မ်က္ႏွာခ်င္းဆိုင္ အေနအထားျဖစ္ေနသည္ေၾကာင့္ မ်က္ဝါးထင္ထင္ေတြ႕ေနရေသာ ညွပ္ရိုးလွလွ၊ ရင္ဘတ္ေဖြးေဖြးႏွင့္ ခ်ယ္ရီသီးသဖြယ္ နီရဲေနေသာ အငုံအဖူးေလးတို႔က သူ႕စိတ္ကို မရိုးမ႐ြျဖစ္ေစေလသည္။ ထိုမွတဆင့္ သိမ္ဆင္းသြားသည့္ ခါးသြယ္သြယ္က လာဗင္ဒါေလး၏ ဆြဲေဆာင္မႈကို ပိုေစသည္။ သူ႕ေနရာမွာ အျခား ရာဂစိတ္ျပင္းပ်ေသာ alphaသာဆိုလွ်င္ လာဗင္ဒါေလးအတြက္ မေတြးရဲစရာပါေလ။
မလႈပ္မယွက္ ေငးၾကည့္ေနမိေသာ မိုးရနံ႕ပိုင္ရွင္ alphaသည္ ခရမ္းဆြဲေရာင္ မ်က္ဝန္းမ်ား ပြင့္လာသည္ကိုေတာ့ သတိမထားမိရွာေပ။ နဖူးတြင္ စူးခနဲ နာက်င္သည့္ ဒဏ္ ျဖစ္လာသည့္ အခါမွ သတိကပ္ကာ ၾကည့္မိေတာ့ လာဗင္ဒါေလးသည္ ကိုယ္လုံးကို ေက်ာက္ေဆာင္ႏွင့္ ကြယ္ကာ ခရမ္းဆြဲေရာင္ မ်က္ဝန္းတို႔ျဖင့္ စူးဝါးစြာ ၾကည့္၍ ေနေလသည္။
ထို႔အျပင္ နားထင္သို႔ စီးက်လာသည့္ ေစးပ်စ္ပ်စ္အရည္တို႔ေၾကာင့္ သိလိုက္ရပါေတာ့သည္။ လာဗင္ဒါေလးသည္ သူ႕ကို ေက်ာက္ခဲႏွင့္ ေပါက္လိုက္သည္ကိုး။
"ကြၽတ္ကြၽတ္...မင္း လက္သံေျပာင္လွခ်ည္လား လာဗင္ဒါရဲ႕"
"ခင္ဗ်ား!! က်ဳပ္ေရခ်ိဳးတာကို ဘာလို႔ စိုက္ၾကည့္ေနတာလဲ ႏွာဘူးရဲ႕! ေသခ်င္ေနၿပီလား"
"ဟာ က်ဳပ္အဲ့လိုသေဘာနဲ႕ ၾကည့္တာမဟုတ္ရပါဘူး လာဗင္ဒါရယ္။ မင္းက အနားယူေနတဲ့ပုံေပၚေတာ့ လွမ္းေခၚရမလား လွည့္ပဲ ျပန္သြားရမလား ေတြးရင္းနဲ႕ အဲ့လိုျဖစ္သြားတာပါ"
"ေတာ္စမ္းပါ! ခင္ဗ်ား စကားကို က်ဳပ္က ဘယ္လိုယုံရမွာလဲ!"
"မင္းအေပၚ မေကာင္းတဲ့ အေတြးေတြရွိေနမွျဖင့္ ပထမဆုံးရက္ကတည္းက အရယူၿပီးၿပီေပါ့ လာဗင္ဒါ။ ေသခ်ာစဥ္းစားၾကည့္ပါဦး"
"ေတာ္ေတာ့ ခင္ဗ်ား!"
"ဟုတ္ကဲ့ အမိန့္အတိုင္းပါပဲဗ်ာ"
ထို႔ေနာက္ ထိုalphaက ကမ္းစပ္သို႔ ေလွ်ာက္လာကာ ထိုင္ခ်လိဳက္သည္မို႔ လိုရမယ္ရ ေက်ာက္စရစ္ခဲအခ်ိဳ႕ကို ထပ္၍ ေကာက္ယူထားလိုက္သည္။ အရွင့္၏ ႐ုတ္တရက္ဆန္ေသာ အျပဳအမူကို ျမင္ကာ ထိုalphaကလည္း ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ရယ္ေလေတာ့သည္။
"လာဗင္ဒါရယ္ မင္းႏွယ္လည္း တကယ္ပါပဲ"
"ဘာလာလုပ္တာလဲ ဒီနားကို!"
စြာလိုက္တာဟု ေကာက္ခ်က္ခ်ကာ ေခါင္းကို ယမ္းလ်က္ ထိုalphaက ေရကန္ထဲမွ ေရအခ်ိဳ႕ကို ခပ္ကာ မ်က္ႏွာသစ္ၿပီးမွ
"မင္းလက္ခ်က္ေၾကာင့္ ေပါက္သြားတဲ့ နဖူးကို ေရေဆးသန့္စင္ရမယ္ေလ လာဗင္ဒါ။ ပိုးဝင္သြားမွျဖင့္ က်ဳပ္ေစာေစာစီးစီး ေသ႐ြာသြားေနရမွာေပါ့"
ရယ္ရင္းႏွင့္ မ်က္ႏွာေပၚရွိေရတို႔ကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္း သုတ္ပစ္သည့္ alphaကို ေသခ်ာၾကည့္မိရင္း Eldoraအရွင္တစ္ေယာက္ ေခတၱေတာ့ မွင္သက္သြားေလသည္။
အရပ္အေမာင္းေကာင္း၍ ညိုစိုေသာ အသားအရည္ရွိသည့္ ထိုalphaက အညတရမုဆိုးတစ္ေယာက္ဟု ထင္ရက္စရာမရွိေသာ ေတာ္ဝင္ဆန္သည့္ မ်က္ႏွာေပါက္ကို ပိုင္ဆိုင္ထားေလသည္။ မ်က္ခုံးေကာင္းေကာင္းႏွင့္ စူးရဲရဲ မ်က္ဝန္းတို႔ အားျဖည့္ေသာ ထို alpha၏ ႐ုပ္ရည္သည္ ဝန္မခံခ်င္ေသာ္လည္း အလြန္ၾကည့္ေကာင္းပါသည္။
"လာဗင္ဒါ?? မင္းအနံ႕ေတြ ႐ုတ္တရက္ႀကီး အရမ္းျပင္းလာသလိုပဲ။ Heatၿပီးခါနီးၿပီမဟုတ္ဘူးလား?"
"ဟင္??"
alpha၏ စကားေၾကာင့္ သတိထားၾကည့္ေလေတာ့မွ သာမန္ထက္ ပို၍ျပင္းထန္စူးရွလာေသာ လာဗင္ဒါအနံ႕က ေခါင္းမ်ား ေနာက္က်ိသည္အထိ တိုက္ခိုက္လာေလသည္။ ထို႔အျပင္ ႐ုတ္တရက္ ေဆာင့္တက္လာေသာ နာက်င္မႈေၾကာင့္ ေရထဲရွိ အရွင္မွာ ေက်ာက္ေဆာင္ကို အားျဖင့္ ကုပ္ထားမိသည္အထိ ျဖစ္ရေတာ့သည္။
"အာ့!"
"လာဗင္ဒါ! မင္း အဆင္ေျပရဲ႕လား"
"ရ...တယ္ ဘာမွ မျဖစ္ဘူး"
အဆင္ေျပေၾကာင္းေျပာမိေသာ္လည္း တကယ္တမ္း ေရွ႕ရက္ေတြကထက္ အမ်ားႀကီးပိုေသာ နာက်င္မႈေၾကာင့္ အေတာ္ေလးပင္ ခံရခက္ေနရွာေသာ အရွင္။ မသိစိတ္တို႔ကလည္း တစုံတရာကို ေတာင့္တေနသေယာင္ေယာင္ ထူးဆန္းေသာ ခံစားမႈတို႔ ျဖစ္ေပၚေနေလသည္။
"ဒီသုံးရက္အတြင္း ရခဲ့သမွ်ထဲမွာ ဒီတခါ အနံ႕အျပင္းဆုံးပဲ လာဗင္ဒါ။ တကယ္ အဆင္ေျပေနတာေကာ ဟုတ္ရဲ႕လား"
"ေျပပါတယ္ဆိုေန--အင့္!"
"က်စ္! တကယ္ပဲကြာ"
ကမ္းစပ္ႏွင့္ ခပ္လွမ္းလွမ္းေက်ာက္ေဆာင္ေနာက္တြင္ ရွိေနသည္မို႔ ကမ္းေပၚမွ လွမ္း၍ ဆြဲရန္မွာ မျဖစ္နိုင္။ လာဗင္ဒါေလး၏ အေျခအေနမွာလည္း လႈပ္ရွားရန္ပင္ မလြယ္ကူသည့္ပုံမို႔ မိုးရနံ႕ပိုင္ရွင္ alphaသည္လည္း ကိုယ္တိုင္ ေရထဲဆင္းသြားရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္။
အနားသို႔ ေရာက္သည့္အခါ ပုခုံးမွ ဖမ္းကိုင္မိေတာ့ ေရထဲမွာရွိေနသည္ကိုပင္ အရွိန္မေသေသာ ခႏၶာကိုယ္အပူရွိန္ေၾကာင့္ အလန့္တၾကားပင္ ျဖစ္သြားရသည္။ Heat၏ အရွိန္သည္ ၿပီးခါနီးရက္မွ အေတာ္ေလး ျပင္းထန္ေနပါေရာလား။
"လာဗင္ဒါ။ လာဗင္ဒါ! ေဟ့! က်ဳပ္ကို ၾကည့္ဦး"
alpha၏ ေခၚသံကို ၾကားေနရပါေသာ္လည္း တုံ႕ျပန္မႈမျပဳနိုင္ပဲ မ်က္လုံးမ်ားကို ဖိမွိတ္ရင္း အံႀကိတ္၍သာ ေနနိုင္ေလသည္။ မထင္မွတ္သည့္အခ်ိန္တြင္ အျပင္းထန္ဆုံး တက္လာေသာ heatက သည္ေလာက္ထိဆိုး႐ြားသည္တဲ့လားေလ။
"န-နာတယ္"
တဖက္မွ alphaသည္လည္း Omegaတို႔၏ heatအေၾကာင္း အနည္းငယ္ေတာ့ နားလည္သည္မို႔ ကိုယ္တြင္းမွ နာက်င္မႈကို ေျပာမွန္း ရိပ္စားမိပါသည္။ ထိုအခ်က္ေၾကာင့္ အနံ႕မ်ားကို ပို၍လႊတ္ေပးမိေတာ့ လာဗင္ဒါက ေက်ာက္ေဆာင္ကို မွီရင္း ေခတၱေတာ့ ၿငိမ္က်သြားေလသည္။
"မင္းကို ဂူထဲ ျပန္ပို႔ေပးမယ္ေနာ္ ခဏ"
ေရထဲမွ ေပြ႕ခ်ီရန္ ပုခုံးႏွစ္ဖက္ကို ကိုင္မိေတာ့ မ်က္ခုံးမ်ား တြန့္ခ်ိဳးကာ ေခါင္းကို တြင္တြင္ခါယမ္းေလေသာ လာဗင္ဒါေလး။ ပို၍ဆိုးလာေသာ တင္းက်ပ္နာက်င္မႈေၾကာင့္ alpha၏ လက္ေမာင္းတို႔အား ခပ္တင္းတင္း ဆြဲဆုပ္မိသည္အထိပင္။
ထိုအခ်င္းအရာေၾကာင့္ ေက်ာက္စိမ္းေရာင္ မ်က္ဝန္း ပိုင္ရွင္မွာလည္း အခက္ေတြ႕ရေတာ့သည္။ ေျဖရွင္းနည္းကို သိေသာ္လည္း ေနရခက္သြားမည္စိုး၍က တစ္ေၾကာင္း၊ အခြင့္အေရးယူသည့္ ရမၼက္ႀကီးေသာ alphaဟူ၍ အထင္မခံလို၍က တစ္ေၾကာင္းေၾကာင့္ တြန့္ဆုတ္ေနျခင္းပင္ ျဖစ္သည္။
သို႔ေသာ္လည္း မ်က္စိေရွ႕မွ လာဗင္ဒါေလး၏ အေျခအေနကိုလည္း ဒီအတိုင္းလက္ပိုက္၍ ၾကည့္မေနရက္သည္ေၾကာင့္
"သက္သာေအာင္ လုပ္ေပးရမလား။ က်ဳပ္မွာ နည္းလမ္းရွိတယ္။ ဒါေပမယ့္ မင္းက်ဳပ္ကို တမ်ိဳးထင္မွာလည္း စိုးတယ္။"
"....."
"မင္းကို က်ိန္းေသေပါက္ အခြင့္အေရးမယူဘူးလို႔ ကတိေပးတယ္။ သက္သာေအာင္ပဲ လုပ္ေပးမွာ.. ဒါေပမယ့္ မင္းအဆင္မေျပဘူးဆိုလည္း----"
"ကူ..ညီ..ေပး.."
ပထမဆုံးပါပဲ။ Eldoraအရွင္အေနနဲ႕ အျခားလူတစ္ေယာက္ကို အကူအညီေတာင္းမိတာ ဒါပထမဆုံးပါ။ ေဝဒနာ ျပင္းထန္လြန္းတာမို႔ ေရနစ္သူက ေကာက္ရိုးမွ်င္စေလးကိုပင္ လွမ္းဆြဲတတ္သည့္အတိုင္း အရွင္သည္လည္း ေဝဒနာ သက္သာမည့္ နည္းလမ္းသာရွိလွ်င္ က်ားကုပ္က်ားခဲ ဆြဲယူထားရေတာ့ေပမည္။
ထို႔အျပင္ အျခားလူမဟုတ္ပဲ heatတစ္ေလွ်ာက္ ကူညီေစာင့္ေရွာက္ေပးခဲ့ေသာ alphaမို႔ ထုတ္သာမေျပာေသာ္လည္း မျဖစ္သင့္သည္မ်ား မျဖစ္ရေအာင္ေတာ့ ထိန္းကြပ္နိုင္မည္ဟု ယုံၾကည္ပါသည္။
"ခင္ဗ်ားသိတဲ့ နည္းအတိုင္း သက္သာေအာင္ လုပ္ေပးပါ"
"အင္း.. ဒါျဖင့္ရင္ ႀကိဳၿပီး ေတာင္းပန္ပါတယ္ လာဗင္ဒါ..."
ေတာင္းပန္စကား၏ အဆုံး ကိုယ္ေပၚသို႔ က်ေရာက္လာသည့္ လက္ႏြေးႏြေးႀကီးမ်ား၊ သူ၏ ရင္ၫြန့္ ပုခုံး ခါးႏွင့္ ဗိုက္သားျပင္တို႔ကို မခ်င့္မရဲျဖင့္ အလွည့္က် ပြတ္သပ္ကာေနေလသည္မို႔ ခံစားခ်က္ႀကီးမွာ အေတာ္ေလး ထူးဆန္းလွသည္။ သို႔ေပတည့္ ဖယ္ထုတ္ပစ္ရန္လည္း မႀကိဳးစားမိ။
ထို႔ေနာက္တြင္ေတာ့ လက္ရွည္ရွည္တို႔က သူ၏ အထိမခံေသာခ်ယ္ရီဖူးေလးမ်ားကို နယ္ကြၽံေလသည္။ ကိုယ္တြင္းမွ ထူးဆန္းသည့္ ခံစားခ်က္ႀကီးမွာလည္း တရိပ္ရိပ္ႏွင့္ပင္။
"အင့္... ေတာ္..ေတာ့... ခံစားခ်က္ႀကီးက ထူးဆန္းတယ္"
ထိုalphaက သူ႕စကားကိုေတာ့ ေလးစားမႈရွိပါသည္။ ခ်က္ခ်င္းပင္ ေျပးလႊားေနေသာ ထိုလက္တို႔ကို ဖယ္ေပးေလသည္။ သို႔ေသာ္လည္း ရပ္တန့္ခိုင္းၿပီးမွ အဆင္မေျပသူက အရွင္ျဖစ္ေလသည္။
"ဘယ္လိုေနေသးလဲ လာဗင္ဒါ"
"အဆင္ မေျပဘူး..."
"ဟင္း... ဒါျဖင့္ရင္ အဆင္ေျပသြားတဲ့အထိ က်ဳပ္ကူညီေပးပါ့မယ္။ ဒီတခါေတာ့ က်ဳပ္မရပ္ေတာ့ဘူးေနာ္"
ဘာကိုမွ ထပ္မေတြးေတာ့ပဲ ေခါင္းသာ ျငႇိမ့္လိုက္ေတာ့သည္။အရွင္ကိုယ္တိုင္လည္း ရိပ္မိပါသည္။ မိမိ၏ သဘာဝျဖစ္ေသာ လာဗင္ဒါေလးသည္ alpha၏ အထိအေတြ႕အား ေတာင့္တေနသည္ကိုေလ။
ထို႔အျပင္ မိုးရနံ႕ရွိသည့္ ယခုalphaသည္လည္း သင္းကြဲတစ္ေယာက္ျဖစ္သည္မို႔ Eldoraၿမိဳ႕ထဲ ဝင္လာရန္မွာ မျဖစ္နိုင္။ သူရွိရာ နန္းေတာ္သို႔ လာရန္ဆိုသည္မွာ ပို၍ေတာင္ ေဝးလံဦးမည္ေလ။ ဒါ့ေၾကာင့္ သူမေျပာမခ်င္း Eldoraအရွင္မွန္း သိလာနိုင္မည္မဟုတ္သည္ေၾကာင့္ ေနာက္ေက်ာ ဓားႏွင့္ထိုးကာ အရွက္ကြဲရမည့္အျဖစ္မ်ိဳးကိုလည္း ပူစရာမလိုပါ။
ခြင့္ျပဳခ်က္ရၿပီးသည္ႏွင့္ ပထမအႀကိမ္ကထက္ ပို၍ ရဲတင္းစြာ ထိေတြ႕လာေသာ လက္ႏြေးႏြေးမ်ား၊ အထိမခံသည့္ ေနရာအခ်ိဳ႕ကို ထိေတြ႕မိသည့္အခါတြင္ေတာ့ ေက်ာက္ေဆာင္ကို မွီတင္းရင္း ရွက္႐ြံ႕ဖြယ္ အသံတို႔ ထြက္မလာနိုင္ေစရန္ အံႀကိတ္၍ပင္ ေနေနရပါေလေသာ အရွင္ လာဗင္ဒါေလး။ ဝန္မခံခ်င္ေသာ္လည္း ခံစားခ်က္က ေနလို႔ေကာင္းေနသည္ကိုေတာ့ မျငင္းဆန္နိုင္ပါေလ။
အတန္ငယ္ၾကာသည့္တိုင္ လက္တို႔၏ လႈပ္ရွားမႈကို အဆက္မျပတ္ေစသည့္ ထိုalphaက ေက်ာက္စိမ္းေရာင္ ေတာက္ပေနေသာ မ်က္ဝန္းတို႔ျဖင့္ ျပန္ၾကည့္ကာ တီးတိုးစကားဆိုေလသည္။ အိုေအစစ္ေလး၏ ေလထုအတြင္းတြင္လည္း မိုးရနံ႕ႏွင့္ လာဗင္ဒါရနံ႕တို႔က လိုက္ဖက္စြာ ေပါင္းယွက္ရင္း ျပင္းျပင္းထန္ထန္ ျပန့္လြင့္ကာေနေလသည္။
"လွတယ္... မင္းက သိပ္လွတာပဲ လာဗင္ဒါ"
သာမန္ထက္ပို၍ ဩရွေသာ အသံႀကီးျဖင့္ ေျပာလာသည့္ ထိုalphaေၾကာင့္ ေျခေထာက္မ်ားပါ ယိုင္နဲ႕ခ်င္လာေတာ့သည္။ Heatေၾကာင့္ သည္ေလာက္ထိ တုန့္ျပန္ပုံ ျပင္းထန္ေနပုံေပၚသည္ဟုလည္း ေတြးမိလိုက္ေသးသည္။ ပုံမွန္စိတ္ႏွင့္သာဆို ဒီလို အေျခအေနမ်ိဳးပင္ ေရာက္လာနိုင္ေခ် မရွိသည္ေလ။
႐ုတ္တရက္ အနီးသို႔ တိုးကပ္လာေသာ ထိုalpha၏ မ်က္ႏွာေခ်ာေခ်ာ။ လက္တဖက္၏ လႈပ္ရွားမႈကိုလည္း မျပတ္ေစပဲ ပဝါအုပ္ထားသည့္ ပါးျပင္တဖက္အား အျခားလက္တဖက္ျဖင့္ အုပ္ကိုင္လိုက္ရင္း ႏွစ္ဦးတည္းသာ ၾကားနိုင္မည့္ေလသံတိုးတိုးျဖင့္..
"စိတ္ကို ခ်ဳပ္တည္းမထားနဲ႕ လာဗင္ဒါ... လႊတ္ခ်ေပးလိုက္ပါ~"
ထို႔ေနာက္ ဇာပဝါအပါးစေလးေပၚမွ တစ္ဆင့္ ႏႈတ္ခမ္းထူထူတို႔ႏွင့္ ေဖာင္းျပည့္ေသာ သူ႕ ႏႉတ္ခမ္းပါးကို ႏူးညံ့စြာ နမ္းလာေလေတာ့ လာဗင္ဒါေလး၏ ခႏၶာကိုယ္တြင္းမွ ထိန္းခ်ဳပ္ထားသည့္ အရာတခ်ိဳ႕ လြတ္ေျမာက္သြားသလို ခံစားခ်က္ျဖစ္ေပၚကာ ပို၍ေပါ့ပါးသြားေတာ့သည္။
ထို႔ေနာက္ မိနစ္ပိုင္းခန့္ ၾကာေအာင္ တိတ္ဆိတ္ၿငိမ္သက္သြားၿပီး အသက္ရႉသံ ျပင္းျပင္းတို႔ကသာ ႀကီးစိုး၍ေနေလသည္။ အရွင္လာဗင္ဒါေလး၏ အပူရွိန္သည္လည္း တေ႐ြ႕ေ႐ြ႕ေလ်ာ့က်ကာ ေဝဒနာမွာလည္း ယူပစ္သလို သက္သာသြားေလသည္ေၾကာင့္ အသိစိတ္ေသခ်ာ ျပန္ဝင္လာသည့္အခါ မ်က္ႏွာတစ္ခုလုံး ပူထူလာသည္အထိ ရွက္စိတ္ဝင္လာရသည္မို႔..
"ျပန္..ျပန္ေတာ့"
"အယ္ အဆင္ေကာေျပသြားရဲ႕လား လာဗင္ဒါ"
"ေျပတယ္။ ေျပသြားၿပီမို႔ ေက်းဇူးတင္တယ္။ ခင္ဗ်ားလည္း ျပန္ေတာ့"
"ခ်က္ခ်င္းပါလား"
"ခင္ဗ်ားက ဆက္ေနၿပီး ဘာလုပ္ခ်င္လို႔လဲ"
"ေဟာလ္ ျပန္မွာပါကြာ။ စိတ္ကလည္း ႀကီးလိုက္တာ။ မင္းအဆင္မေျပ ေသခ်ာခ်င္႐ုံပဲ။ နက္ျဖန္မနက္မွ ထပ္လာခဲ့မယ္။ ကမ္းစပ္မွာ အသီးနဲ႕ ထင္းေျခာက္ေတြ ထားခဲ့တယ္ေနာ္"
"အင္း ... သိၿပီမို႔.. ျပန္လိုက္ပါေတာ့"
"မႏွင္ရင္ေတာင္ ျပန္ပါၿပီကြာ"
အေျပာင္းအလဲ ျမန္လွေသာ လာဗင္ဒါေလးေၾကာင့္ ရယ္ခ်င္ပါေသာ္လည္း ေစာေစာက အေျခအေနေၾကာင့္ အရွက္သည္းေနမည္ကိုလည္း ခံစားမိသည့္ alphaသည္ အလိုက္တသိႏွင့္ ေရွာင္ထြက္ေပးပါသည္။ လာဗင္ဒါေလး၏ နာမည္ေမးကာ တရားဝင္မိတ္ဆက္ မိတ္ဖြဲ႕မည့္ မိမိအစီအစဥ္ကိုေတာ့ ေနာက္ေန႕ မနက္ကိုသာ ေ႐ြ႕လိုက္ရေတာ့ပါမည္ေလ။
သို႔ေသာ္လည္း ထိုalphaမသိခဲ့သည္က လာဗင္ဒါေလးသည္ heatၿပီး၍ နားရက္ျပည့္သည္က တစ္ေၾကာင္း မ်က္ႏွာခ်င္းဆိုင္ရမည္ကို မ်က္ႏွာပူသည္က တစ္ေၾကာင္းေၾကာင့္ ညတြင္းခ်င္း ၿမိဳ႕တြင္းသို႔ ျပန္သြားခဲ့ျခင္းပင္....
•••••
မိုးမခေတာတြင္ heatကုန္ဆုံးခဲ့ၿပီးသည္မွာ တစ္ပတ္နီးနီး ၾကာျမင့္ၿပီး heatမျဖစ္ခင္က ေန႕စဥ္အမွ် ခံစားခဲ့ရသည့္ ေခါင္းခဲေဝဒနာသည္လည္း အေတာ္ေလး သက္သာကာ အႀကိမ္ေရနည္းပါးလာေလသည္။ သမားေတာ္မင္မွာလည္း တိုးတက္လာသည့္ အရွင့္အေျခအေနေၾကာင့္ အေတာ္ေလးပင္ ဝမ္းေျမာက္ရသည္။ ေဆးမ်ားျဖင့္ ထိန္းခ်ဳပ္ထားခဲ့ေသာ အရွင့္၏ heatသည္ ထင္ထားသေလာက္ မဆိုး႐ြားခဲ့သည္မွာ ေက်းဇူးတင္စရာပင္ မဟုတ္လား။
သို႔ေသာ္လည္း သမားေတာ္မင္အား မေျပာပဲ ထိမ္ခ်န္ထားသည့္ မိုးမခေတာမွ အျဖစ္အပ်က္အခ်ိဳ႕ကေတာ့ ေတြးမိတိုင္း အရွင့္အား အင္မတန္ မ်က္ႏွာ ပူေစေလသည္။ ဘယ္လိုပင္ ေျခလြန္လက္လြန္ မျဖစ္ခဲ့သည္ေျပာေျပာ အျခား alphaတစ္ေယာက္၏ အထိအေတြ႕ျဖင့္ သည္ေလာက္ထိ သက္ေရာက္မႈ ရွိခဲ့သည္ဆိုသည္မွာ ရွက္စရာပါပင္။
သင္းကြဲ alphaျဖစ္သည္ေၾကာင့္ ၿမိဳ႕တြင္းသို႔ ဝင္မလာနိုင္သည္ကို သိေသာ္လည္း ျပတင္းေပါက္မွ စိမ္းစိမ္းစိုစို မိုးမခေတာႀကီးအား လွမ္း၍ ေတြ႕ရသည့္အခါတိုင္း မ်က္ႏွာပူေနရပါဦးေပမည္။ အေတာ္လည္း ဒုကၡေပးနိုင္ေသာ heatပါလားေလ။
အေရးထဲ ဘယ္သူကစ၍ ျဖန့္ေသာ အေခ်အျမစ္မရွိသည့္ သတင္းမွန္းမသိ။ ၾကင္ဖက္မရွိသည္ေၾကာင့္ rutကို တစ္ဦးတည္း တိတ္တဆိတ္ ျဖတ္သန္းရရွာသည့္ Eldoraအရွင္ဆိုသည့္ သတင္းကလည္း အမႉအရာထမ္းမ်ားၾကား အေတာ္ေလး ေရပန္းစားေနသည္မို႔ စိတ္ရႈပ္ရျပန္သည္။ သည္အတိုင္းဆို ၾကင္ယာေတာ္ႏွင့္ နန္းဆက္ကိစၥကို စကားစလာၾကျပန္ဦးမည္ေလ။
အခ်ိဳ႕ကလည္း နန္းေတာ္တြင္းမွ လာေသာ သတင္း အခ်ိဳ႕ကလည္း နန္းျပင္မွ ေကာလဟလဟုဆိုသည္ေၾကာင့္ တစ္ရက္ေတာ့ ၿမိဳ႕တြင္းသို႔ ႐ုပ္ဖ်က္၍ သြားကာ စုံစမ္းရပါဦးမည္။
အုပ္ခ်ဳပ္သူပီပီ စိတ္ရႈပ္စရာမ်ားသည္မို႔ ေခါင္းခဲေဝဒနာသည္လည္း ျပန္ထလာျပန္သည္။ အရင္ကေလာက္ မျပင္းထန္ေတာ့ေသာ္လည္း စိတ္အႏွောင့္အယွက္ေတာ့ အေတာ္ေလး ျဖစ္ရပါသည္။
ထို႔ေၾကာင့္ စိတ္ရႈပ္စြာျဖင့္ သလြန္ေပၚ လွဲမိေတာ့ ေၾကးမုံေဘးရွိစင္ေပၚမွ ေသတၱာငယ္က သူ႕အာ႐ုံထဲသို႔ တိုးဝင္လာေလသည္။
မိုးမခေတာမွ အသည္းအသန္ျပန္လာခဲ့သည္ေၾကာင့္ လူထူးဆန္းalpha၏ ဝတ္႐ုံကိုပါ တပါတည္း ယူလာခဲ့မိၿပီး သက္ေတာင့္သက္သာျဖစ္သြားသည့္ အေျခအေနတြင္ ပိုင္ရွင္အား ျပန္ေပးရန္ ဝတ္႐ုံကို ထိုေသတၱာေလးထဲ ထည့္သိမ္းထားခဲ့သည္မဟုတ္လား။ စိတ္ရႈပ္စရာမ်ားသည္ေၾကာင့္ သည္အခ်က္ကို သူလုံးဝေမ့သြားခဲ့သည္ေလ။
ေခါင္းခဲေဝဒနာအား လ်စ္လ်ဴရႈကာ သလြန္ေပၚ မွ အျမန္ထ၍ ထိုေသတၱာေလးအား ဖြင့္ေလေတာ့ ယခုထိတိုင္ စြဲ၍က်န္ေနေသာ မိုးရနံ႕။ ေသတၱာထဲ လုံၿခဳံစြာသိမ္းထားသည္မို႔ မျပယ္ပ်က္ပဲရွိေနျခင္းျဖစ္သည္။
အံ့အားသင့္ဖြယ္ေကာင္းသည္ကေတာ့ မိုးရနံ႕က အာ႐ုံထဲဝင္ေရာက္လာသည္ႏွင့္ ရက္သတၱပတ္တစ္ခုစာနီးပါး သူ႕အား ဒုကၡေပးေနခဲ့ေသာ ေခါင္းခဲေဝဒနာက ယူပစ္လိုက္သကဲ့သို႔ ေပ်ာက္သြားျခင္းပင္ ျဖစ္သည္။ ဒါဟာ ဘယ္လိုဆန္းၾကယ္မႈမ်ိဳးမ်ားလဲ။
ပထမဆုံး Heatကို သက္သာေအာင္ ကူညီေပးခဲ့သူမို႔လား။ ထိုသူ၏ အနံ႕ကပင္ ထိုကဲ့သို႔ အစြမ္းအာနိသင္ရွိေနသည္လား မေျပာတတ္ေသာ္လည္း အညတရမုဆိုးဟူ၍သာ သိကာ နာမည္ပင္ မသိရေသာ ထိုလူထူးဆန္းသည္ အရွင့္အား အေတြးတို႔ မ်ားေစပါသည္။
"ဘာေၾကာင့္ ခင္ဗ်ား အနံ႕က ဒီလိုစြမ္းေဆာင္နိုင္ေနရတာလဲ... ခင္ဗ်ားက ဘယ္လိုလူမ်ားလဲ.."
•••••
အလုပ္ပါးသည့္တစ္ရက္ ႐ုပ္ဖ်က္ကာ ၿမိဳ႕တြင္းသို႔ ထြက္လာခဲ့သည္။ ေကာလဟလမ်ား၏ အရင္းအျမစ္ကို သိလိုသည္ေၾကာင့္ ထြက္လာခဲ့သည္ဆိုလွ်င္လည္း မမွားေပ။
သို႔ေပမယ့္ ၿမိဳ႕ထဲေရာက္ေတာ့ မူလရည္႐ြယ္ခ်က္ကိုပင္ ေမ့ခ်င္ခ်င္ျဖစ္ရသည္။ သူအုပ္ခ်ဳပ္သည့္ Eldoraျပည္ဟာ ဘယ္လိုေတာင္ စည္ပင္ဝေျပာ စည္းကားလိုက္သလဲေလ။ သာယာလြန္းသည္ေၾကာင့္ အျခားနိုင္ငံမ်ား၏ မ်က္စိက်ျခင္း မခံရေစရန္ မဟာမိတ္ပင္ မထားရွိခဲ့ျခင္း မဟုတ္လား။
သည္လိုႏွင့္ ၿမိဳ႕အစြန္ မိုးမခေတာ အစပ္သို႔ ေရာက္ေလေတာ့ စိတ္မသန့္သလိုလိုႏွင့္ မခ်င့္မရဲျဖစ္လာသည္ေၾကာင့္ လွည့္ျပန္ရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္။ တခုတည္းေသာ ဘုံဗိမာန္ မိုးမခေတာသည္ပင္ ခုေတာ့ မလုံၿခဳံသည့္ေနရာလို ခံစားေနရၿပီတဲ့လားေလ။
လိုခ်င္သည့္ သတင္းလည္း မရခဲ့သည္မို႔ စိတ္ရႈပ္စြာျဖင့္ ျပန္မည္အလုပ္ ဆူဆူညံညံအသံ အခ်ိဳ႕ေၾကာင့္ အာ႐ုံတို႔က ထိုဆူညံမႈသို႔ေရာက္ေစသည္။ ရဲမက္အခ်ိဳ႕ႏွင့္ လူတစ္ေယာက္ အေခ်အတင္ျဖစ္ေနသည့္ ပုံပါပင္။
ရဲမက္ပင္ ျဖစ္ေသာ္ျငား တိုင္းသူျပည္သားတို႔ကို အျပစ္မရွိပဲ နိုင့္ထက္စီးနင္းျခင္း ျပဳမည္ကို မႏွစ္သက္သည္ေၾကာင့္ မသိမသာပင္ အုံအုံက်တ္က်တ္ျဖစ္ေနေသာ ထိုေနရာသို႔ ေျခဦးတည္မိေလသည္။
"က်ဳပ္ ပစၥည္း ျပန္ရၿပီးရင္ ျပန္မွာပါ။ ခင္ဗ်ားတို႔ ထင္သလို လူဆိုးသူခိုးေတေလဂ်ပိဳးလည္း မဟုတ္ရပါဘူး"
"ဒါျဖင့္ရင္ ဘာလို႔ ခိုးဝင္ဖို႔ ႀကိဳးစားတာလဲ"
"ခင္ဗ်ားတို႔က ဝင္ခြင့္မွ မေပးပဲ။ လုပ္ပါဗ်ာ။ က်ဳပ္အတြက္ အေရးပါတဲ့ ပစၥည္းမို႔ ျပန္ရမွ ျဖစ္မွာမို႔ပါ"
ရဲမက္တို႔ႏွင့္ အေခ်အတင္ျဖစ္ေနေသာ လူသား၏ အသံကို ထင္းလင္းစြာ ၾကားလိုက္ရသည့္ အခ်ိန္တြင္ေတာ့ အရွင္တစ္ေယာက္ အလန့္တၾကားျဖစ္ရေတာ့သည္။
ဒီအသံက... ထို လူထူးဆန္းရဲ႕ အသံပင္ မဟုတ္လား။
ေၾကာင္အစြာ ရပ္ၾကည့္ေနမိရာမွ အျမန္ ထြက္ခြာရန္ ျပင္လိုက္ပါေသာ္လည္း ဖ်တ္လတ္ေသာ ေက်ာက္စိမ္းေရာင္ မ်က္ဝန္းတို႔၏ သတိထားမိျခင္းကို ခံလိုက္ရေသာ အရွင္ဟာ ကံမေကာင္းခဲ့ေပ။
"လာဗင္ဒါ!!"
#Tbc
A/N: spicy scene ပိစိေလးပါေပမယ့္ 라기 လည္း အရွင့္လိုပဲ မ်က္ႏွာပူလို႔ လိုအပ္တာရွိရင္ ကိုယ့္ဟာကို ျဖည့္ေတြးၿပီး ဖတ္လိုက္ၾကပါ XD
ေနာက္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ ဒါေလးေတြ႕ခဲ့လို႔😹 ရယ္လိုက္ရတာဆိုတာ 😹 ဒီထဲက အရွင္နဲ႕ အရွင့္လူထူးဆန္းကေတာ့ ႏွပ္တြဲေလာင္းနဲ႕ မဟုတ္ဘူးေပါ့ေနာ္🤣 ဆြဲလဲ ဆြဲတတ္ပါရဲ႕ 🤣💜
(credit to @mokku_milk nim on twitter)
See you in next episode~
- 해바라기