The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 51

1.2K 182 7
By Astronv_61

Unicode

ဘေးနောက်ခန်းတွင် တရှူးရှူးအိပ်ပျော်နေသော အီဂျူးရှိသည်။ ကြည့်ရသလောက်တော့ နာကျင်မှုတစ်စုံတစ်ရာပင် မရှိသည့်အလား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်။ မည်သို့မည်ဖုံဖြစ်သွားသလဲ၊ အီဂျူးအဆင်မှပြေသလား မေးခွန်းထုတ်ချင်သော်ငြား နံဘေးရှိကားမောင်းသူက တိတ်ဆိတ်နေ၍ ဘခ်ဟျွန်းလည်း အသံမထွက်ရဲ။

ချန်းယောလ်သည် ကားစမောင်းလာကတည်းက သူ့ထံ တစ်ချက်ပင်လှည့်မကြည့်ပါချေ။ စကားပြောလျှင်လည်း ပြန်မတုံ့ပြန်သလို အေးစက်စက်သာပြုမူနေ၍ ဘခ်ဟျွန်းတုပ်တုပ်မျှပင် မလှုပ်ရဲဘဲ နံဘေးတွင်သာငြိမ်ငြိမ်လေး လိုက်ပါလာရသည်။

ဓားခုတ်ကောင်နှင့်လည်း စိတ်ထဲကနေ အကြိမ်တစ်ရာမက အချင်းချင်းဆဲဆိုပြီးပြီမို့ မောပန်းလှပြီ။ ပိုဆိုးတာ ချန်းယောလ်အပြုအမူတို့ကြောင့် စိတ်ထဲလေးပင်လှသလို၊ သူမှားသည်ကို သိသော်ငြား မတုံ့ပြန်သောသူကို မည်သို့တောင်းပန်ရမလဲမသိ။ ဓားခုတ်ကောင်ကတော့ လမ်းပိတ်ထားသောနှစ်ကောင်ကို ရှင်းလိုက်ပြီဟုဆိုသော်ငြား မည်သို့ရှင်းလိုက်သလဲ ဘခ်ဟျွန်းမသိရ။ သတ်လိုက်သလား၊ အကျိုးအကန်းဖြစ်အောင်ပဲ လုပ်လိုက်သလား။ မည်သို့ပင်ဆိုစေ ၎င်းတို့သည် ဘခ်ဟျွန်းတို့ကျောင်းက ကျောင်းသားများဖြစ်နေဆဲသာဖြစ်သည်မို့ ပြဿနာတစ်စုံတစ်ရာ တက်လာမည်ကို စိုးရိမ်သော်ငြား လောလောဆယ်တော့ ချန်းယောလ်စိတ်ဆိုးနေသည့် ပြဿနာက ပိုကြီးကျယ်သည်။

ဘခ်ဟျွန်းလက်က ပေါင်ပေါ်ရှိလွယ်အိတ်ကို ခပ်ဖွဖွကုတ်ခြစ်နေမိပြီး မည်သို့အိမ်ကို ပြန်ရောက်လာသလဲပင် မသိလိုက်။ ချန်းယောလ်သည် ကားစက်သတ်ပြီးသည်နှင့် ဘခ်ဟျွန်းအားစကား​ပြောလာ၏။

"အထဲဝင်နှင့်"

မေးခွန်းများထုတ်ချင်နေသော်ငြား ယခုအခြေအနေသည် အချိန်ကောင်းမဟုတ်၍ ဘခ်ဟျွန်းတွင် လိုက်နာဖို့မှလွဲ၍ ငြင်းဆန်စရာမရှိ။ ခေါင်းညိတ်ပြကာ အသာစောင်းငဲ့ခိုးကြည့်တော့ ဘခ်ဟျွန်းကိုမကြည့်ဘဲ ရှေ့တူတူသာကြည့်နေသော ထိုလူကိုတွေ့ရသည်။

"ကျွန်တော် စောင့်နေမယ်နော်"

မေးခွန်းမထုတ်တော့ဘဲ ထိုစကားတစ်ခွန်းသာဆိုပြီးသည်နှင့် ဘခ်ဟျွန်းကားပေါ်ကဆင်းလာလိုက်သည်။ ဓားခုတ်ကောင်ကတော့ သူနှင့်အတူပါလာသော်ငြား အီဂျူးနှင့်ချန်းယောလ်ကမူ ကားပေါ်တွင်ကျန်နေခဲ့၏။ ချန်းယောလ်၏အပြုအမူတွေကို ဘခ်ဟျွန်းကြောက်လန့်နေရခြင်းသည် ယခင်အချိန်များက အေးတိအေးစက် ချန်းယောလ်ကို ပြန်လည်ခံစားနေမိသောကြောင့်လည်း ပါသည်။ မျက်ဝန်းများက သူ့အပေါ်စိမ်းသက်နေသော အကြည့်များအပြင် အေးစက်စက်စကားလုံးများကြောင့်။ ခါတိုင်းဂရုစိုက်နွေးထွေးပေးသည့် ချန်းယောလ်ကို ကျင့်သားရနေသည့်အားလျော်စွာ ယခုကဲ့သို့သော ပုံစံက ဘခ်ဟျွန်းအား မနားမကပ်ရဲဖြစ်စေသည်မို့။

အိပ်ခန်းထဲတန်းတန်းမတ်မတ်လျှောက်လာပြီးသည်နှင့် တံခါးပိတ်ချလိုက်သည်။

'သူဘာလုပ်နေတာထင်လဲ'

'ငါကဘယ်သိမလဲ'

ဓားခုတ်ကောင်ဟာလည်း ဘခ်ဟျွန်းထံမျက်နှာသာ မပေးချင်သည့်အလား၊ လေသံက ခပ်ဆတ်ဆတ်ဖြင့်။ နဂိုတည်းက သစ္စာဖောက်ထားသည့်အချက်နှင့်ပင် စိတ်မကြည်သော ဘခ်ဟျွန်းဟာလည်း ဒေါသလေးမဆိုစလောက် ပြူလစ်ထွက်လာ၏။

'မသိရအောင် သတင်းသွားပို့တာ ဘယ်ကောင်လဲ !'

ဓားခုတ်ကောင်ကလည်းပြန်ချေပရှာသည်။

'ဓားလေးတစ်ချောင်းတောင် နိုင်အောင် မ,မနိုင်ဘဲ တစ်ယောက်တည်း ဖြေရှင်းဖို့လုပ်နေတာ ဘယ်ကောင်လဲ !'

ဘခ်ဟျွန်း " .......... "

လက်မခံချင်သော်ငြား ထိုစကားက အရှိုက်ကိုထိသွားစေသည်။ အသက်ကိုပြင်းပြင်းရှူရှိုက်ရင်း ဘခ်ဟျွန်းရင်ထဲက လေအပူလုံးတွေကို ဟူးကနဲမှုတ်ထုတ်ကာ စိတ်ထိန်းလိုက်သည်။ ချန်းယောလ်နှင့်ပက်သတ်၍ အဆင်မပြေသေးသော ဤအခြေအနေတွင် သူဓားခုတ်ကောင်နှင့် ပြဿနာမတက်ချင်ပေ၊ တစ်ခုခုဆို တိုင်တောရန် အားကိုးကလည်း စိတ်ဆိုးနေသည်မဟုတ်ပေလား။

"မင်းဘာသာဖြေရှင်းမှာကို ယုံကြည်ပြီးစောင့်နေလို့ကတော့ ဟိုဝက်သိုးကောင်လည်း သေနေလောက်ပြီ"

ဆက်တိုက်ဆိုသလို ဓားခုတ်ကောင်ထံမှ ထွက်လာသည့်စကားလုံးများက အသက်ရှူပေါက်ပင် မချန်ပေး။

"မင်းဘာသာအီဂျူးကို စိတ်ပူလို့သတင်းပို့တယ်ဆိုရင်တောင် အရင်ဆုံးငါ့ကိုအခက်တွေ့အောင် မလုပ်လို့မရဘူးလား၊ နည်းနည်းပါးပါး အလိုက်သင့်လေး အမိန့်နာခံပေးနေရင်တောင် တိုက်ရင်တိုက်နိုင်မှာပေါ့ !"

အစက စိတ်ထဲကနေ တိုးတိုးတိတ်တိတ်ပြောနေသော်ငြား စကားနိုင်လုပွဲက တဖြည်းဖြည်းအားပါလာသည်နှင့်အမျှ အသံကလည်းကျယ်လာ၏။ ထိုဓားခုတ်ကောင် သူ့ဒေါသရေဆူမှတ်ထိစေမည့် စကားလုံးတွေနှင့် မည်သို့ကိုင်ပေါက်လာဦးမလဲ အတွေးနှင့်အတူ အသင့်ပြင်ထားသော်ငြား မထင်မှတ်ထားစွာပင် ထိုကောင်သည် အရှိုက်ကိုထိသွားသည့်အလား။

"ဘောကို စိတ်ပူရမှာလား ! ဒီသခင်ကြီးက ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေချင်လို့ ကြိုရှောင်ထားတာကွ ! အဲ့ဝက်သိုးကောင်ကို ငါကဘောမို့စိတ်ပူရအောင် ! ချီးပဲ !"

ဘခ်ဟျွန်း " ......... "

ဘာဖြစ်သွားသလဲ ဘခ်ဟျွန်းလိုက်၍ပင်မမှီလိုက်။

"ဘာလို့အဲ့လောက် ဒေါသထွက်သွားတာတုန်း"

ဘခ်ဟျွန်းရေရွတ်သလို ပြောသည်ကိုလည်း ပြန်မတုံ့ပြန်တော့သည့်ပုံစံက စိတ်ဆိုးမာန်ဆိုးဖြင့် လိုင်းအောက်သွားသည့်အလား။ ဘခ်ဟျွန်းလည်း ခေါင်းထဲကထုတ်ကာ တံခါးနားကပ်ရင်း အပြင်ကအသံများကို နားစွင့်ကြည့်မိသည်။ မည်သည့်အသံမှ မကြားရသေး၊ သို့နှင့် အဆောင်ကပြန်ပါလာသည့် အိတ်အသွယ်သွယ်တို့အား အရင်နေရာ ပြန်ချထားလိုက်သည်။ သိပ်ပြီးများများစားစား မဟုတ်သည့်တိုင် နှေးတိနှေးတုံ့ဖြစ်နေသည်က စိတ်ထဲလေးပင်နေသောကြောင့်။

အခန်းထဲ ခြေလက်ဆေးပြီး မျက်နှာသစ်နေစဥ်မှာပင် အပြင်ဘက်က ခြေသံတချို့ကြားလိုက်ရတာကြောင့် ဘခ်ဟျွန်းရေစက်လက်နှင့်ပင် အပြင်ပြေးထွက်လာမိသည်။ ချန်းယောလ်သည် သူ့အားလှည့်မကြည့်၊ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်တော့ အီဂျူးသည် ပို့လို့ပက်လက်လန်ကာ ရှိနေသည်။ ချန်းယောလ်မည်သို့မည်ဖုံ အီဂျူးကို သယ်လာသလဲ မတွေးတတ်သော်ငြား သေချာတာတော့ နူးနူးညံ့ညံ့လေး ဖြစ်နေမှာမဟုတ်။ အီဂျူး၏လည်ဆွဲတွင် အစိမ်းရောင်အလင်းဖျော့ဖျော့ ပျံ့နှံ့နေပုံကိုမြင်သည်နှင့် ချန်းယောလ်စွမ်းအားဖြင့်တစ်ခုခု လုပ်ထားမှန်းသိလိုက်သည်။ သို့တိုင် အီဂျူးနှင့်ပတ်သက်ပြီး မမေးနိုင်သေး၊ ခြေလှမ်းမှန်များဖြင့် စာကြည့်ခန်းထံ လျှောက်လှမ်းသွားနေသော ချန်းယောလ်နောက်ကို အလျင်လိုက်ရသည်။

"ချန်း"

တံခါးကိုတွန်းဖွင့်ခါနီး ချန်းယောလ်လက်တို့ ရပ်တန့်သွားသည်။ လှည့်မကြည့်လာသော်ငြား ဘခ်ဟျွန်းစကားအား နားထောင်နေဟန်ပြသော်ငြား ဘခ်ဟျွန်းနှုတ်ကထွက်လာသည်က -

"တောင်းပန်ပါတယ်" ဟူသောတစ်ခွန်းသာ။

ချန်းယောလ်သည် မည်သည့်တုံ့ပြန်မှုမှ မပြဘဲ အခန်းထဲဝင်သွားရင်း တံခါးကိုပါပိတ်သွားခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ နံရံများပင် တုန်ဟီးသွားစေအောင် အင်အားထည့်ထားပုံက ချန်းယောလ်၏စိတ်အခြေအနေကို မှန်းဆ၍ရနေနိုင်သည်။ သို့တိုင် ဘခ်ဟျွန်းအခန်းရှေ့မှာပင် မတုန်မလှုပ် ရပ်တန့်နေမိဆဲ။ အခန်းထဲဝင်သွားသင့် မသင့်ကို စိတ်ထဲလွန်ဆွဲနေမိပြီး နောက်ဆုံးလက်လျှော့ကာ ဧည့်ခန်းထံ ဦးတည်လျှောက်လာလိုက်သည်။

ချန်းကို အချိန်ခဏတော့ ပေးလိုက်ဦးမည်။ ဒေါသပြင်းထန်နေပုံရသည်မို့ စိတ်အေးမည့်အချိန်အထိ စောင့်ပြီးမှ လူကိုယ်တိုင်ကိုယ်ကျ ချော့ဖို့ တွေးလိုက်သည်။ အနည်းဆုံးတော့ ပြဿနာအစပြုရာဖြစ်သည့် အီဂျူးထံသာ ဦးတည်ရင်း ဘာဖြစ်သွားသလဲ အကဲခတ်ကြည့်ရသည်။ အီဂျူးသည် အိပ်ပျော်နေဟန်ပေါက်သော်ငြား ကောင်းကောင်းမွန်မွန်တော့ ဟုတ်ပုံမရ၊ မျက်ခုံးများတွန့်ချိုးထားပြီး ချွေးစေးများပြန်နေကာ လက်ချောင်းများက လှုပ်ရှားချင်ဟန်ဖြစ်နေသော်ငြား တစ်စုံတစ်ခုထံမှ ထိန်းချုပ်ခံထားရသကဲ့သို့၊ လှုပ်မရပြုမရဖြစ်နေသည့်ပုံပင်။

ဘခ်ဟျွန်းအကြည့်ကို အီဂျူးလည်ပင်းထက်မှ လည်ဆွဲထံပို့လိုက်သည်။ မကြာသေးခင်က မြင်ခဲ့သည့်အတိုင်း အစိမ်းရောင်အငွေ့အသက်တို့က ကူးလူးဝေ့ပတ်နေဆဲဖြစ်သည်မို့ ကြည့်ရသည်မှာ ချန်းယောလ်တစ်စုံတစ်ခုကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လိမ့်မည်။ အဘယ်ကြောင့်မူ ဓားခုတ်ကောင်ကိုပဲဖြစ်ဖြစ်၊ အီဂျူးကိုပဲဖြစ်ဖြစ် အကျဥ်းချတိုင်း ထိုသို့အငွေ့သဖွယ် စွမ်းအားများကို ဘခ်ဟျွန်းရင်းနှီးနေကျ ဖြစ်သည်မို့။ အီဂျူးသည်ကလည်း အိပ်ပျော်နေဆဲဖြစ်သည့်တိုင် မသိစိတ်ကလည်း ရုန်းကန်နေသကဲ့သို့။

ထိုကလေးထံ ဘာတွေဖြစ်ခဲ့သလဲ မသိပါချေ။

ဘခ်ဟျွန်းအပြစ်မကင်းစွာ သက်ပြင်းခပ်ဖွဖွချမိသည်။ တစ်အိမ်လုံးသည် တိတ်ဆိတ်နေလျက်ရှိပြီး အီဂျူးအသက်ရှူသံ ခပ်စိပ်စိပ်သာစိုးမိုးနေသည်။ ဘခ်ဟျွန်း ထိုင်နေရာမှ ထရပ်ကာ မီးဖိုချောင်ထံဝင်လာရင်း စပ်စုကြည့်တော့ ဘာဆိုဘာမျှမရှိဘဲ ပြောင်ရှင်းနေ၏။ ဘခ်ဟျွန်း ၃ ရက်မျှလောက် မရှိတော့သည်နှင့် ချန်းယောလ်လည်း ဘာမှပြင်ဆင်မနေဘူးထင်၏၊ တိတ်ဆိတ်မှုက ကြီးစိုးလာသည်နှင့်အမျှ ဘခ်ဟျွန်းရင်ထဲလည်း အထီးကျန်မှုက ခိုအောင်းလာသည်။

ဘာကြောင့်များ ဒီနေရာကြီးက အေးစက်နေရသလဲ။ သူမရှိတော့သည်နှင့် ဤအိမ်ကြီးထဲ တစ်ဦးတည်းကျန်ခဲ့မည်ဖြစ်သော ချန်းကိုပေါ့ပါးစွာပင် အဆင်ပြေလောက်မည်ထင်၍ ထားခဲ့ခြင်းသာ၊ သို့တိုင် ပြန်လည်ကြိုဆိုလာသည့် အခန်းတွင်းအငွေ့အသက်များက အေးခဲလှစွာပေမို့။

ဘခ်ဟျွန်းမနေနိုင်တော့ဘဲ ခြေလှမ်းများက စာကြည့်ခန်းရှေ့ ဦးတည်မိတော့သည်။

အခန်းရှေ့ရောက်သည်နှင့် အသက်ဖွဖွရှူထုတ်ကာ တံခါးကိုတွန်းဖွင့်ရင်း ခေါင်းလေးလျှိုကြည့်တော့ ချန်းယောလ်သည် သူ့ထံတစ်ချက်ပင်လှည့်မကြည့်ဘဲ လပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေပုံပေါ်သည်။ အလုပ်ရှိ၍ပဲ တမင်ပစ်ထားသလား၊ တမင်ပစ်ထားချင်လို့ပဲ အလုပ်ရှုပ်ပြနေတာလားမသိ။ ခါတိုင်း ချန်းယောလ်ထိုသို့ ခေါင်းပင်မမော့ကြည့်နိုင်သည်အထိ အလုပ်ရှုပ်နေချိန်ဆိုလျှင် ဘခ်ဟျွန်းသည် လိမ္မာသည့်ကလေးလေးလုပ်ကာ သွားမနှောင့်ယှက်ဘဲ နေလေ့ရှိသည်။ ယခုလို ချောင်းကြည့်လာချိန်မျိုးတွင် ချန်းယောလ်ထံမှ မော့ကြည့်လာသော အကြည့်ကိုရရှိမှသာ သွားရောက်ချွဲခြင်းဖြစ်သည့်တိုင် ယခုတော့
ရံဖန်ရံခါဆိုးနေကျအတိုင်း။ တံခါးကိုအသာပိတ်ကာ ချန်းယောလ်ထံ လျှောက်သွားလိုက်သည်။

ချန်းယောလ်သည် သူ့ထံမျက်လုံးပင် တစ်ချက်လှန်မကြည့်သေးပါချေ။ ဘခ်ဟျွန်းအနားရောက်သည်နှင့် ၂ စက္ကန့်မျှရပ်ကာ ချန်းယောလ်၏ဆုံလည်ထိုင်ခုံ လက်ရန်းနှစ်ဖက်ကနေ ကိုင်ဆွဲကာ ဘေးကိုဆွဲလှည့်ယူလိုက်သည်။ လပ်တော့ပေါ် တတောက်တောက်ပြေးလွှားသော လက်ချောင်းများက စားပွဲခုံနှင့်ဝေးကွာသွားသည်နှင့် ရပ်တန့်သွားသည့်တိုင် ထိုလူကတော့ ဘခ်ဟျွန်းကို မော့မကြည့်လာသေး။

ဘခ်ဟျွန်း ထိုလက်ရန်းနှစ်ဖက်ကိုသာ အားပြုရင်း ခြေထောက်တစ်ချောင်းချင်း ဖြည်းဖြည်းချင်းတင်ကာ ထိုလူ့အပေါ် ခွထိုင်လိုက်တော့သည်။

"ဘခ်ဟျွန်း"

ခါးနှစ်ဖက်ကနေ တွန်းဖယ်လာမည့် အရိပ်အယောင်ကို ခံစားမိသည်နှင့် ဘခ်ဟျွန်း ချန်းယောလ်လည်ပင်းကို တွဲခိုဖမ်းထားလိုက်ရင်း ခန္ဓာကိုယ်ကို ရှေ့ပိုတိုးမိသည်။ ဦးခေါင်းသည်မူ ချန်းယောလ်ပုခုံးတစ်ဖက်အပေါ် နေရာချရင်း။ အတင်းကို တိုးကပ်ဖက်တွယ်လာသော ဘခ်ဟျွန်းအပြုအမူကြောင့် ချန်းယောလ်သည် သူ့ခါးအားမတွန်းတော့သည့်တိုင် လေသံအေးစက်စက်ဖြင့်တော့ စကားဆိုလာ၏။

"ငါအလုပ်လုပ်နေတယ်လေ ဘခ်ဟျွန်း"

ဘခ်ဟျွန်းခေါင်းကိုမှောက်ချထားရင်းနှင့်ပင် ထိုလူ့လည်ပင်းကို ဖက်တွယ်ထားသော လက်များကိုတင်းကျပ်မိလိုက်သည်။

"ကိုကို ကျွန်တော့်ကို ဂရုမစိုက်မချင်း ဒီတိုင်းပဲနေမှာ၊ စိတ်ရှုပ်လို့တွန်းချရင်တောင် ရအောင်ပြန်တက်မှာ"

ပုခုံးနားခေါင်းမှောက်ထားသည်မို့ လေသံဟာလည်း မပီပြင်ဘဲ ခပ်အုပ်အုပ်။ ချန်းယောလ်ထံမှ အပြုအမူများဟာ ရပ်တန့်သွားလျက် စကားသံဟာလည်း တိတ်ဆိတ်သွား၏။ စက္ကန့်အချို့ကြာမှ ဘခ်ဟျွန်းကြားနိုင်သည့် သက်ပြင်းဖွဖွကိုချပြီး ခုံကိုပြန်လှည့်ကာ ထိုပုံစံအတိုင်းပင် သူ့အလုပ်သူဆက်လုပ်သည်။ ဘခ်ဟျွန်းအား တွန်းလည်းမချသလို စကားလည်းဆက်မပြောတော့။ လုပ်ချင်သလိုလုပ်ဟုသာ ခွင့်ပြုပေးလိုက်သည့်အလား။

ဘခ်ဟျွန်းစိတ်သက်သာရာရစွာ ပင့်သက်ရှိုက်မိလိုက်ကာ လက်ချောင်းလေးများကလည်း ချန်းယောလ်ဆွယ်တာအင်္ကျီအနက်အား အသာဆွဲဖွနေလျက်။ ချန်းယောလ်ထံမှ အာရုံစိုက်မှုကိုလည်း တောင်းခံချင်သလို စိတ်ရှုပ်သွားမည်ကိုလည်း စိုးရိမ်သည်။ ယခုပင် အတော်ကိုမှ နှောင့်ယှက်ရာကျနေပြီမဟုတ်ပေလား။

ထို့ကြောင့် ငြိမ်ငြိမ်လေးသာနေရန် ကိုယ့်ဘာသာအားပေးရင်း ချန်းယောလ်လည်ပင်းကို ဖက်ထားသည်ကိုလည်း တစ်ချက်မှမလှုပ်ရှားမိ။ ချန်းယောလ်အနားရောက်သည်နှင့် သိသိသာသာ ခံစားရသည်က အနွေးဓာတ်ဖြစ်သည်။ အမြဲလိုလို နွေးထွေးနေကျ အပူပေးစက်ကြီးနှင့် ၃ ရက်မျှ ခွဲခွာခဲ့ရခြင်းပေမို့ ယခုပြန်လည်ခံစားရသည့်အခိုက် ဘခ်ဟျွန်းအားပို၍ပင် ဇိမ်ကျစေကာ ချန်းယောလ်ပုခုံးပေါ်မှာပင် တအီအီအိပ်ပျော်သွားစေ၏။ ချန်းယောလ်အလုပ်ပြီးမှ ချော့မည်ဟု တွေးထားသော်ငြား တစ်ဖက်က အလုပ်ပင်မပြီးသေးခင်မှာ မျက်လုံးများက ပင်ပန်းမှုဒဏ်မခံနိုင်တော့ခြင်းသာ။

ပြန်ရောက်ကတည်းက ည ၉ နာရီလောက် ရှိနေပြီဖြစ်သည့်အားလျော်စွာ အချိန်သည်တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ ညတာလည်း နက်သထက်နက်လာသည်။ ဘခ်ဟျွန်းအထင်မှားခြင်းမဟုတ်ဘဲ ချန်းယောလ်သည် အမှန်တကယ်ကို အလုပ်ရှုပ်နေခြင်း ဖြစ်သည်။ အလုပ်ရှုပ်နေသည်နှင့် ကွက်တိ ထိုကလေးကို မဆူနိုင်သေးသည့်အားလျော်စွာ လက်ကျန်ကိစ္စတွေ ဦးစွာဇယားဖြတ်နေခြင်းဖြစ်သည်။ အလုံးစုံပြီးသည့်အချိန်တွင် နာရီကိုကြည့်မိတော့ ည ၁၂ နာရီကွက်တိ။

ပုခုံးပေါ်က ကြွက်ပေါက်စကတော့ ပါးပြင်တစ်ခြမ်းအပ်လျက် တခူးခူးအိပ်ပျော်နေသည်မှာ ငြိမ်းချမ်းစွာ။ နိုးသွားမည်စိုး၍ ပုခုံးတစ်ဖက်ကို မလှုပ်ရှားဘဲ တောင့်ပေးထားရသည်မို့ အနည်းငယ်နာကျင်နေသော်ငြား ချန်းယောလ်ကတော့ သိပ်ပြီးထူးထူးခြားခြား အာရုံမရှိ။ ကလေးပေါက်စတစ်ယောက်လို ခွတက်ထိုင်ပြီး အိပ်ပျော်နေသော ဘခ်ဟျွန်းအား ခေါင်းကိုစောင်းငဲ့ကြည့်လိုက်တော့ မျက်နှာနှစ်ခုက နီးကပ်သွားသည်။

သူ့အနားမှာမရှိတော့သည်နှင့် ကျွေးမွေးထားရသော ခန္ဓာကိုယ်လေးက ၃ ရက်အတွင်း တော်တော်ပေါ့သွားသယောင်။ မျက်တွင်းနက်များကလည်း ဝန်းရံထားသည်မှာ စိတ်မချမ်းသာပုံရမှန်း သိသိရက်နှင့်။

ကိုယ့်အားကိုယ်ကိုးချင်သတဲ့လား။

ခွဲနေဖို့ပြောသည်ထက်ကို ဒေါသထွက်စေသည့် စကားလုံးဖြစ်ပါ၏။ သူ့ကိုအလိုမရှိတော့ဟု ဆိုလိုက်သလိုမျိုး။ ဒီကောင်လေးက သိပ်ဆိုးသည်။

ချန်းယောလ် အတွေးတို့ကိုလက်စဖြတ်ကာ လပ်တော့ကိုပိတ်ပြီးသည်နှင့် ပေါင်ပေါ်ကခန္ဓာငယ်အား လက်ဖြင့်ထိန်းကိုင်ရင်း ထလာလိုက်သည်။ အနည်းငယ်လူးလွန့်လာသော ဘခ်ဟျွန်းက သူ၏လှုပ်ရှားမှုများကို အာရုံခံမိ၍ထင်၏။ အိပ်ချင်မူးတူး လေသံလေးဖြင့် ရေရွတ်လာ၏။

"ချန်း"

"အင်း"

ထူးပေးလိုက်တော့မှ အိပ်ချင်ပြေသွားပုံရသော ဘခ်ဟျွန်းက လည်ပင်းကိုဖက်လျက်သားပင် ချန်းယောလ်နှင့် မျက်နှာချင်းဆိုင်လာသည်။ ချီထားပေးရင် လမ်းလျှောက်နေသည်မို့ အန္တရာယ်များသည့် အနေအထားဖြစ်သော်ငြား ထိုကောင်လေးက ကြောက်ရွံ့ပုံမရ။

"ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းလား"

မျက်လုံးမှေးများက အိပ်ချင်မူးတူးဖြစ်နေ၍ သိပ်မပွင့်ချင်သော်ငြား လေသံကတော့ အတည်ပြုချင်နေသေးသည့်နှယ်။ လွန်စွာမှ အိပ်ချင်နေသည့်တိုင် ချန်းယောလ်စိတ်ကိုလည်း အရေးကြီးသတင်းအတည်ပြုနေသကဲ့သို့၊ စိတ်ဆိုးမပြေသေးမချင်း စိတ်ချလက်ချ မအိပ်နိုင်ပုံပင်။

"ငါစိတ်ဆိုးနေတာမဟုတ်ဘူး ဘခ်ဟျွန်း စိတ်တိုနေတာ"

သနားပေမယ့် ချန်းယောလ်လတ်တလောတော့ ဘခ်ဟျွန်းကို အလိုမလိုက်ချင်ပေ။ သူပြောလိုက်တော့မှ အိပ်ချင်မူးတူးဖြစ်နေရာကနေ ပြူးကျယ်လာသောမျက်ဝန်းများက အလန့်တကြားဖြစ်သွားသည့်နှယ်။

"ကျွန်တော် တောင်းပန်ပါတယ် ချန်း၊ နောက်မထားသွားတော့ပါဘူးလို့ နော်"

"မင်းတောင်းပန်တဲ့ကိစ္စမှားနေတယ်"

ပြူးကြောင်ကြောင်လေးကြည့်နေသေးသော ဘခ်ဟျွန်းအား စကားမဆက်သေးဘဲ အခန်းတံခါးဖွင့်ဝင်ရင်း ကုတင်ပေါ်ချပေးလိုက်သည်။

"ဘာလို့လဲ"

စိတ်မရှည်တော့သည့်နှယ် မေးခွန်းထုတ်လာသော ဘခ်ဟျွန်းအား နဖူးထံမှဆံစတချို့ကို သပ်တင်ပေးမိသည်။

"ပထမဆုံးအနေနဲ့ အပြင်လောကက မင်းအရင်ကကြုံတွေ့ခဲ့ရတာတွေလောက် မရိုးရှင်းဘူး ဘခ်ဟျွန်း"

"မင်းစွမ်းအားတွေက တိုးတက်လာလေ ရင်ဆိုင်ရမယ့်အန္တရာယ်တွေက အဆင့်မြင့်လာလေပဲ၊ သေးသေးမွှားမွှားလေးတွေနဲ့ပဲ တိုးပြီး အနိုင်ယူလို့ရနိုင်လိမ့်မယ်လို့ မတွေးထားနဲ့"

"ကျွန်တော် အဲ့လိုလျှော့မတွက်ပါဘူး"

"ပြောတာ ဆုံးအောင်နားထောင်ဦး"

ပြောလိုက်တော့လည်း ပါးစပ်ပိတ်သွားသော်ငြား နှုတ်ခမ်းပါးလေးကတော့ အသာမဲ့ကျသွားလျက်။ ချန်းယောလ်စကားဆက်သည်။

"အဲ့လိုအခြေအနေမှာ မင်းက ကိုယ့်အားကိုယ်ကိုးချင်တယ်ဆိုပြီး ငါ့ကိုလည်းအသိမပေးဘဲ လုပ်ချင်တိုင်းလုပ်နေရင်၊ ခုဏကလိုမျိုး ငါသာရောက်မလာခဲ့ရင် မင်းဘယ်လိုဖြေရှင်းဖို့ စဥ်းစားထားလဲ၊ ဟမ်"

လေသံအေးနှင့်ပြောနေသော ချန်းယောလ်က မျက်ဝန်းများကတော့ ပကတိငြိမ်သက်နေလျက်။ စိတ်ကိုထိန်းပြီးပြောနေမှန်း ဘခ်ဟျွန်းရိပ်မိလိုက်သည်မို့ ကလန်ကဆန်မလုပ်ဘဲ နားထောင်နေလိုက်သည်။ ချန်းယောလ်ပြောတာလည်း အမှန်ပင်။

"တစ်ခုခုဆို ငါ့ကိုအရင်အသိပေးနေကျ ဘခ်ဟျွန်းက အခုလိုတွေလုပ်နေတာ ဘယ်လိုအဓိပ္ပာယ်ကောက်ရမလဲ မင်းပြော"

ဘခ်ဟျွန်းသည် ခပ်တိုးတိုးလေး ရေရွတ်လာသည်။

"ကျွန်တော်က ဒီတိုင်း ..... ချန်းအတွက် အားနည်းချက်မဖြစ်ချင်ရုံပါ"

"အဲ့ဒီအတွက် ငါကဂရုစိုက်ပေးနေတယ် မဟုတ်လား၊ ဒီလိုမျိုး အသိမပေးဘဲ တည့်တည့်ကြီးသွားရင်ဆိုင်ဖို့တော့ စောသေးတယ် ဘခ်ဟျွန်း၊ မင်းကတော့ ရိုးရိုးလေးတွေးလိုက်ပေမယ့် အခုလိုလုပ်ရပ်က ငါ့ကိုအလိုမရှိတော့လို့ တွန်းထုတ်နေသလို ခံစားရတယ်။ နောက်ပြီး မင်းကငါ့အားသာချက်လည်း ဖြစ်နေသေးတယ်ဆိုတာကိုကျ ဘာလို့မေ့ပစ်ထားတာလဲ"

"......... ကျွန်တော်တောင်းပန်ပါတယ်"

"သိသိရချင်း ငါ့မှာမင်းကို စိတ်ပူရမှာလား ဆူရမှာလား ဆိုတာတောင် မသိတော့တဲ့အထိပဲ၊ တကယ်ဆိုးတယ်"

ဘခ်ဟျွန်းသည် သူ့ခါးထံလက်လျှိုဝင်လာရင်း ဖက်တွယ်လာ၏။ ခေါင်းလုံးလုံးလေးအား ရင်ဘတ်ထဲတိုးဝင်လျက်။

"လိမ္မာပါ့မယ်"

ချန်းယောလ်သည် ဘာမှပြန်မပြော၊ သူ့ခေါင်းလုံးလုံးလေးထံ အနမ်းတစ်ပွင့်ခြွေလာ၏။ ဘခ်ဟျွန်းခံစားမိသည်နှင့် ခေါင်းမော့ကြည့်လာ၏။

"စိတ်တိုနေသေးလား"

"..... နောက်တစ်ခါထပ်ဖြစ်လာရင်တော့ တကယ်အပြစ်ပေးတော့မှာ"

ဘခ်ဟျွန်းပြုံးမိသွားသည်။

"ကျွန်တော့်ကိုနမ်းပါဦး၊ သုံးရက်တောင် မောနင်းကစ်မရထားဘူးမလို့ သုံးရက်စာ နမ်း-"

ချန်းယောလ်သည် လက်ကျန်ရှိနေသေးသော စကားလုံးများအား ပိတ်ဆို့တားဆီးလာတော့၏။ ပူနွေးနေသော နှုတ်ခမ်းတစ်စုံက ဘခ်ဟျွန်းနှုတ်ခမ်းများထက် အနမ်းခြွေနေသည်မှာ နူးနူးညံ့ညံ့။ ကြမ်းတမ်းမှုအလျဥ်းမရှိဘဲ လွမ်းဆွတ်မှုတွေသာရှိသည်။

ဒါတောင် ၃ရက်သာဖြစ်ပေလို့။
ဘခ်ဟျွန်းစိတ်ထဲကတွေးမိရင်း သူကိုယ်တိုင်လည်း လွမ်းမောနေသည့်အားလျော်စွာ ချန်းယောလ်ရင်ဘတ်က အင်္ကျီစအား ဆွဲစုတ်ရင်း အနမ်းတို့ကို အားတက်သရော ပြန်လည်တုံ့ပြန်မိတော့၏။

"ခရစ်စမတ်နီးပြီနော်"

ပိတ်ရက်ကြီးတစ်ခုခုရှိတိုင်း စားပွဲသောက်ပွဲဖြစ်ဖြစ် လုပ်ရမှ ကျေနပ်လေ့ရှိသော ဘခ်ဟျွန်းအကျင့်ကြောင့် ထုံးစံအတိုင်း ဗလာဖြစ်နေသော ရေခဲသေတ္တာကြီးကို သွားသတိရမိသည်။

"နောက်ဆုံး စာမေးပွဲလည်းနီးပြီ"

ချန်းယောလ်သည် သူ့အား သတိပေးသလို ပြောလာ၏။ ဘခ်ဟျွန်းမျက်စောင်းထိုးမိလိုက်သည်။ သူကိုယ်တိုင်တောင် ခေါင်းထဲမထည့်သည့်ကိစ္စကို ချန်းက တကူးတက သတိရပေးနေသည်မို့။

"ဘာလုပ်ချင်လို့လဲ"

ချန်းယောလ်သည် မေးခွန်းထုတ်လာ၏။

"အရင်အတိုင်းပဲ တစ်ခုခုလုပ်စားရအောင်လေ အီဂျူးကပြောနေတာ ကျွန်တော့်လက်ရာလွမ်းနေတာတဲ့၊ ပြောကာမှ အီဂျူးဘာဖြစ်သွားတာလဲ"

နှစ်ယောက်သား၏ခံစားချက်ပြဿနာကို အရင်ဦးဆုံးဖြေရှင်းနေရသည်နှင့် ဘခ်ဟျွန်းအီဂျူးကို မေ့သွားမိသည်။

"အညှို့ခံလိုက်ရတာ"

"ဟင်"

"အရင်တုန်းကလိုမျိုး၊ သူ့ကိုညှို့ပြီးထိန်းချုပ်ဖို့ လုပ်နေတာ"

ဘခ်ဟျွန်းနှုတ်က အလျင်စလိုထွက်ကျသည်က -

"အဲ့ဒါဆို အဲ့ကျောင်းသားက ချန်းဝူးလား"

ချန်းယောလ်သည် တွေဝေမှုမရှိ ခေါင်းညိတ်ပြလာ၏။ ဘခ်ဟျွန်းသက်ပြင်းရှိုက်မိကာ တစ်ဆက်တည်းဆိုသလို ကြက်သီးမွှေးညှင်းများကလည်း ထလာ၏။ သူ သုံးရက်လုံး ထိုလီချန်းဝူးနှင့် အဆောင်အခန်းအတူတူသုံးခဲ့သည် ဟူသည့် အသိကြောင့်ဖြစ်သည်။ တစ်ခုခုဆို ကျောချမ်းသလို ခံစားနေရသည်မှာလည်း မထူးဆန်းတော့သလို ဘခ်ဟျွန်းအနိုင်မပိုင်းနိုင်တော့တာလည်း မထူးဆန်းတော့ချေ။

"နမ်အီဂျူးက နဂိုတည်းက သူစိတ်ညှို့ပြီးခေါ်လာတဲ့ သူလေ၊ အဲ့ဒါကြောင့်လည်း အဲ့ကောင် သိပ်ပြီးမရုန်းကန်နိုင်တာ။ မမှတ်မိရင်တောင် ငယ်ငယ်တည်းက ကြောက်ရွံ့လာတဲ့ခံစားချက်က စိုးမိုးနေမှာပေါ့"

"အီဂျူးအခု အဆင်ပြေရဲ့လား"

ချန်းယောလ်သည် တွေးဆဆပြန်ဖြေလာ၏။

"ငါရောက်တဲ့အချိန်မှာ နမ်အီဂျူးက အသိမဲ့ပြီး သူ့လူနီးပါးဖြစ်နေပြီ၊ ညှို့တာအောင်မြင်ခါနီးပြောရမယ်၊ အဆင်ပြေမပြေကတော့ နိုးလာရင်သိရမှာပဲ"

သူ့နယ်မြေအတွင်း ပထမဆုံးဝင်ရောက်လာတုန်းက ပုံစံလိုမျိုး။ အသိမရှိ၊ ခက်ထန်မှုတွေနှင့်သာ ပြည့်နေသော ကျားတစ်ကောင်နှယ်။

"ဘာလို့ အီဂျူးကိုမှလဲ"

ဘခ်ဟျွန်းရေရွတ်သလိုပြောမိ၏။ အီဂျူးလို အပြစ်မရှိသည့်၊ ရိုးရှင်းသည့်စိတ်လေးနှင့် အဖြူထည်လေးကိုမှ ထိုသို့လုပ်ရပ်မျိုး ပြုမူသည်တဲ့လား။

"အီဂျူးက မင်းအနားကပ်နိုင်တဲ့ကောင်မလို့လေ၊ အဲ့လိုကပ်နိုင်အောင် တမင်အနားပို့ထားတာလည်း ပါတာပေါ့"

သူကိုယ်တိုင် ညှို့ယူထားသည့်အီဂျူးကို သေသေရှင်ရှင် စည်းအတွင်းတွင်းပို့ပြီး ဘခ်ဟျွန်း၏ကြင်နာမှုနှင့် ယုံကြည်မှုကို သွားရောက်ရယူစေသည်။ ဘခ်ဟျွန်းသည် ချန်းယောလ်၏ နယ်နိမိတ်အတွင်း ရှိနေသည်ကို လီချန်းဝူးမည်သို့ သိကာ ထိုသို့ကြံစည်ခဲ့သလဲ ချန်းယောလ်မခန့်မှန်းနိုင်သော်ငြား သေချာသည်ကတော့ ချန်းယောလ်သာရှိသည်ဆိုလျှင် ထိုနမ်အီဂျူးဟာ သူ့လက်ချက်နှင့်ပင် သေမည်မှာမလွဲမသွေဖြစ်သည်မို့။ ယခုတော့ ဘခ်ဟျွန်း၏ကြင်နာမှုကြောင့် အသက်ရှင်ခဲ့ခြင်းဟု ဆို၍ရသည်။

အကယ်၍ ချန်းယောလ်လက်ချက်ကြောင့် မသေလျှင်တောင် အီဂျူးသည် ချန်းယောလ်၏နယ်နိမိတ် စည်းချက်ကြောင့် သေသွားနိုင်သည်။ သို့တိုင် လီချန်းဝူးအတွက်တော့ အရှုံးမရှိသလို ရှင်သွားခဲ့လျှင်လည်း အကျိုးအမြတ်သာဖြစ်သည်။ မထင်မှတ်ထားသည်က အီဂျူး၏ အညှို့ခံထားရသည့်စိတ်အာရုံကို ပျက်ပြယ်အောင်လုပ်လိုက်နိုင်ခြင်းဖြစ်သည်။ သူ၏အမိန့်နာခံသည့် အီဂျူးကို ဆုံးရှုံးလိုက်ရသည်နှင့် အစီရင်ခံနိုင်သည့် အဆက်အသွယ်ပါ ပြတ်တောက်သွားခြင်းပေမို့ ယခုပြန်လည်ခေါ်ယူ အသက်သွင်းခြင်းသာ။ အောင်မြင်၏မမြင်၏ အတိအကျ မသတ်မှတ်နိုင်သေး။ အကယ်၍ အောင်မြင်သွားမည်ဆိုပါက အီဂျူးသည် အချိန်မရွေး ဘခ်ဟျွန်းအတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။

ထို့ကြောင့်ပင် ချန်းယောလ်က အီဂျူးစွမ်းအားကို လောလောဆယ် ထိန်းချုပ်ထားခြင်းဖြစ်ပြီး နိုးလာလျှင်လည်း အန္တရာယ်မပြုနိုင်ရန် စည်းချထားခြင်းဖြစ်သည်။ အီဂျူးမူမမှန်သည်ကို တစ်စုံတစ်ခု သတိပြုမိသည်နှင့် ချန်းယောလ်သည် တွေဝေမှုမရှိ သတ်ပစ်မည်သာဖြစ်သည်။ အတွေးနှင့်အတူ ရင်ခွင်ထဲက ဘခ်ဟျွန်းကို ငုံ့ကြည့်မိလိုက်တော့ ထိုကောင်လေးက သူ့အတွေးနှင့်သူ နစ်မြုပ်နေဆဲဖြစ်ပြီး ချန်းယောလ်၏အုံ့မှိုင်းနေသော အမူအရာကို သတိမပြုမိ။

"အရင်ဆုံး နိုးလာတဲ့အထိ စောင့်ကြည့်ကြတာပေါ့"

ဘခ်ဟျွန်းသည် ထိုမျှသာပြောလာသည့်တိုင် မျက်ဝန်းများတွင် စိုးရိပ်များဖြင့်။ သူ့ပေါ့လျော့မှုတွေဟာလည်း တစ်စိတ်တစ်ပိုင်း ပါနေသည်မို့။

ဤသို့နှင့် နောက်တစ်နေ့ ကျောင်းရောက်ချိန် သတင်းများကြားချိန်၌ အီဂျူးအပေါ်စိုးရိမ်နေသည့် ဘခ်ဟျွန်းအာရုံသည် တခြားနေရာသို့ရောက်သွား၏။ ကျောင်းသားနှစ်ယောက် ဆေးရုံတင်ထားရသတဲ့။ တစ်ဦးသည်မူ ပျောက်ဆုံးနေလျက်။ ပျောက်ဆုံးနေသည်ဟူသော တစ်ယောက်သည် လီချန်းဝူးအရေခြုံထားသော ဂျီဟွန်းသာဖြစ်သည်ကို သိ၍ ဘခ်ဟျွန်းထူးထူးခြားခြား မခံစားရတော့သော်ငြား။ နှစ်ဦးက ဆေးရုံတင်ထားရသည်ဆိုသည်ကိုတော့ မထူးဆန်းဘဲ မနေနိုင်။

သေချာသလောက်တော့ ယမန်နေ့ညက သူရင်ဆိုင်ခဲ့ရသော ထိုနှစ်ဦးသည် သာမန်လူများမဟုတ်တော့ချေ။ အကြည့်များနှင့် အင်အားများ၊ အလျင်များကအစ ဘခ်ဟျွန်းသေချာမှတ်မိနေပါသည်။ သေချာပေါက် တစ်ခုတည်းသော နည်းလမ်းမှာ အရေခြုံထားခြင်းသာ ဖြစ်နိုင်သည်ဟု တွေးထားခြင်းဖြစ်သော်ငြား ယခုကဲ့သို့ မသေသေးဘဲ ဆေးရုံတင်ထားရသည်ဟု ကြားလိုက်ရတော့ ဘခ်ဟျွန်းမတွေးတတ်တော့။ ပြန်ရောက်မှ ချန်းယောလ်ကို မေးကြည့်ရမည်ဟု တေးထားလိုက်ပြီး တစ်နေ့လုံးဟာလည်း ထိုကိစ္စကြောင့် စိတ်နှင့်လူနှင့်မကပ်။

"ကြားရသလောက်တော့ ဂိုထောင်ဘက်မှာ သွေးတွေအိုင်ပြီး သတိလစ်နေတာတဲ့၊ လုံခြုံရေးအစောင့်က သေပြီတောင်ထင်တာ ဆေးရုံအတင်မြန်လို့ အသက်ရှင်တာတဲ့"

သတင်းဂုရုကြီး ဂယောင်ဆူး၏အသံက ဘခ်ဟျွန်းနားထဲ ဝင်တစ်ချက်မဝင်တစ်ချက်။

"အဲ့ကောင်တွေ ဘယ်သူနဲ့ ရန်ဖြစ်လဲမသိပေမယ့် ဒီလောက်ကြီးတဲ့ဒဏ်ရာတွေနဲ့ဆိုတော့ သတင်းတွေက ထိန်းရခက်မှာတော့ အမှန်ပဲ၊ မင်းလည်း အဆောင်ကစောစောစီးစီး ထွက်သွားလိုက်တာ တော်သေးတယ်"

ပုခုံးတစ်ဖက်ကိုပုတ်ကာ ပြောလာသော ဂယောင်ဆူးက လက်သည်တရားခံဟာဘခ်ဟျွန်းမှန်း သိလျှင် မည်သို့တုံ့ပြန်မလဲ မသိပါချေ။ ဘခ်ဟျွန်းကတော့ လူသားတွေမဟုတ်တော့ဘူး ဆိုသည့်အသိဖြင့် စိတ်လွတ်လပ်ပေါ့ပါးစွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်ငြား တကယ်တမ်းဒဏ်ချက်တွေကို ခံရသည်က ဘာဆိုဘာမှမသိလိုက်သည့် လူသားတွေ ဖြစ်နေခဲ့သည်။ ဘခ်ဟျွန်းစိတ်ထဲလေးပင်သွားရ၏။ ပြဿနာတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုရှုပ်ထွေးလာသလို ခံစားနေရသည်၊ ဘာကစမှားယွင်းနေမှန်းလည်း သူမသိတော့။

ချန်းယောလ်ကတော့ အိမ်ပြန်ရောက်သည့်အချိန်တွင် ထိုလူတွေက အညှို့ခံထားရတာ ဖြစ်နိုင်သည်ဟုဆို၏။ တစ်လောကလုံးတွင် လူတစ်ယောက်မဆိုလေနှင့် စွမ်းအားရှင်တစ်ယောက်၏စိတ်ကိုတောင် တခြားသူတစ်ယောက်ဖြစ်သွားသည်အထိ ညှို့ယူနိုင်သည့်သူဟူ၍ လီချန်းဝူးသာရှိသည်။ ချန်းယောလ်က ထိုမျှသာပြောပြီး ဘာမှသိပ်ဂရုမစိုက်ခိုင်းဘဲ စာမေးပွဲသာခေါင်းထဲထည့်ခိုင်းသည်။ ထိုနေ့ရက်နောက်ပိုင်းများဟာလည်း သိပ်ပြီးထူးထူးခြားခြား ပြဿနာမရှိတော့သည်မို့ ဘခ်ဟျွန်းအနည်းငယ် စိတ်ပြန်ပေါ့ပါးလာသည်။

တစ်ခုတည်းသော စိုးရိမ်စရာကတော့ အီဂျူးသာ၊ ထိုကောင်လေးသည် တစ်ပတ်မျှရှိပြီဖြစ်သည့်တိုင် ယခုအချိန်ထိ သတိမလည်လာသေး။ နေ့ရက်တိုင်းလိုလိုက အိပ်ပျော်နေသည်ဟု ထင်ရသည့်တိုင် ရုန်းကန်လှုပ်ရှားနေသည်များကိုလည်း တွေ့နေရသည်။

တစ်ခုသော နံနက်ခင်း၌ အီဂျူးသည် နိုးလာခဲ့သည်။ ထိုအချိန်သည် ဘခ်ဟျွန်းအခန်းထဲ၌ မျက်နှာသစ်နေဆဲအချိန်ဖြစ်ပြီး စိတ်အတွင်းမှ ဓားခုတ်ကောင်ထုတ်ပြောလာသော အသံကြောင့် အပြေးအလွှားထွက်ကြည့်ရခြင်းဖြစ်သည်။ အနားကပ်ဖို့ ပြင်မိသည့်တိုင် ချန်းယောလ်သည်ခွင့်မပြု။ အဝေးကနေသာ အကဲခတ်ခွင့်ပြုထားပြီး အီဂျူးအပြည့်အဝ အသိပြန်လည်ရရှိချိန်တွင်တော့ ချန်းယောလ်ခန့်မှန်းထားသလိုမျိုး ရန်လိုမှုလည်း အလျဥ်းမရှိသလို တိုက်ခိုက်လာမှုလည်းမရှိ။ ဤအစား ပြူးကြောင်ကြောင်သာ ကြည့်လာရင်း မေးခွန်းထုတ်လာ၏။

"ဘာလို့ ...... လဲဟင်"

အရှေ့ကနေထိုင်ကြည့်နေသော ချန်းယောလ်နှင့် ဘခ်ဟျွန်းကြောင့် သူ့ကိုယ်သူပင်ငုံ့ကြည့်လိုက်သေးပြီး ပြန်လည်မော့ကြည့်လာပုံက ခါတိုင်းကဲ့သို့ အူကြောင်ကြောင်ရုပ်လေးနှင့်။

"မင်း .... အဆင်ပြေလား"

ချန်းယောလ်သည် စူးစိုက်ကြည့်နေဆဲသာဖြစ်ပြီး မနေနိုင်သည့် ဘခ်ဟျွန်းကသာ စကားဟရသည်။

"ဟုတ် ပြေပါတယ်ဗျ ကျွန်တော့်ကိုဘာလို့ကြည့်နေကြတာလဲ"

ဘခ်ဟျွန်းပြန်မဖြေရသေးခင်မှာပင် ချန်းယောလ်သည် ရုတ်ချည်းထရပ်ကာ အီဂျူးအနားလျှောက်သွားရင်း မျက်လုံးများထံ သေချာစိုက်ကြည့်သည်။ မျက်ဝန်းများသည် ပကတိကြည်လင်နေလျက်။ သို့တိုင် ချန်းယောလ်သည် သတိအပြည့်ရှိသည့်သူဖြစ်သည်။

"မင်းစွမ်းအားတွေကို လောလောဆယ်ငါထိန်းချုပ်ထားတာမို့ သုံးလို့ရဦးမှာမဟုတ်ဘူး"

ချန်းယောလ်သည် ထိုတစ်ခွန်းသာဆိုသည်။ စွမ်းအားကို ချုပ်ထားသည်ကို ဖြည်ပေးလိုက်သည်နှင့် ပုံစံတစ်မျိုးမပြောင်းလဲသွားဟု အတပ်မပြောနိုင်။ မျက်ဝန်းများတွင် ပယင်းရောင်ရောမနေဘဲ ကြည်လက်နေသည့်တိုင် ချန်းယောလ်သည် မယုံကြည်ပါချေ၊ တစ်လောကလုံးတွင် လီချန်းဝူးက ဉာဏ်အများဆုံးဖြစ်သည်မို့။

အီဂျူးသည် ချန်းယောလ်၏စကားကိုကြားတော့ မေးခွန်းမထုတ်ဘဲ ဘခ်ဟျွန်းကိုသာ အားကိုးသလို ကြည့်လာ၏။ ဘခ်ဟျွန်းလည်း ရင်းနှီးနေသည့် မျက်ဝန်းများကိုမြင်သည်နှင့် အနားတိုးကပ်သွားလိုက်တော့သည်။

"ဘာမှမမှတ်မိဘူးလား အီဂျူး"

ပြောလိုက်တော့မှ အီဂျူးသည် ပြန်လည်သတိရသွားသလိုမျက်ဝန်းများဟာ တုံ့ကနဲ။

"ကျွန်တော် ..... မှတ်မိတာက ဟိုနှစ်ယောက်နောက်လိုက်နေရင်းနဲ့ ..... ဘယ်လိုဖြစ်သွားတာလဲမသိဘူး ကျွန်တော် ....... ကျွန်တော်က ပြန်အလိုက်ခံလိုက်ရသလိုပဲ"

စဥ်းစားရင်းစဥ်းစားရင်း မျက်မှောင်ကြုတ်သထက် ကြုတ်လာသော အီဂျူးအား ပုခုံးတစ်ဖက်ကပုတ်ပေးရင်း လက်ရှိအာရုံကိုပြန်လည် ဆွဲခေါ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတာတင် တော်ပါပြီ"

ချန်းယောလ်သည်မူ ဘာမှမပြောတော့ဘဲ လှည့်ထွက်သွား၏။ ဘခ်ဟျွန်းလည်း လိုက်သွားဖို့ပြင်လိုက်သော်ငြား အီဂျူးသည် သူ့အင်္ကျီစကိုဆွဲထားရင်း ခပ်တိုးတိုးလေးပြောလာ၏။

"ကျွန်တော် ဗိုက်ဆာတယ် သခင်လေး"

ဘခ်ဟျွန်းလွှတ်ကနဲရယ်မောမိတော့၏။

အီဂျူးနိုးလာသည့်အပြင် အဆင်ပြေသည်ဟူသောအသိက ဘခ်ဟျွန်းစိတ်ထဲ တစ်ပူကိုလျော့သွားစေပြီး နောက်ဆုံးကျန်ရှိသည်ကတော့ စာမေးပွဲအပူသာဖြစ်သည်။ ခရစ်စမတ်မတိုင်ခင် ဖြေရမည်ဖြစ်သည်မို့ ခရစ်စမတ်ပျော်မည့်အကြံကိုလည်း နောက်ဆုတ်ထားရသည်။

ပိုဆိုးသည်က ချန်းယောလ်ဖြစ်သည်။ ချန်းယောလ်သည် သူ့အား ယခုရက်ပိုင်းများတွင် ထိပင်မထိချေ။ မနက်ခင်းမိုးလင်းတိုင်း မောနင်းကစ်ပေးရုံမျှသာ ရှိပြီး အနမ်းပင်တိတိကျကျမရှိတာ အိပ်ရာထဲက ကိစ္စဟူသည်အာရုံထဲပင် ရောက်မလာနိုင်တော့။ နဂိုတည်းက ကျောင်းစာကိစ္စနှင့် လုံးပမ်းနေရသည်မို့ အားဆေးလိုချင်သည်ဆိုလျှင် ပေးသည်၊ သို့တိုင် အတိုင်းထက်လွန်လာလျှင်လည်း တွန်းထုတ်ကာ သူ့စိတ်သူထိန်းကာ ဝေးဝေးရှောင်သည်။

စာမေးပွဲရှိ၍ ရှောင်ပေးနေသည်ကိုသာ မသိထားလျှင် ဘခ်ဟျွန်းက အခွင့်အရေးယူမည့် လူယုတ်မာကြီးနှယ်။

ကံကောင်းသည်က စာမေးပွဲရက်က လျင်လျင်မြန်မြန်ကျရောက်လာခြင်းပင်။ ဘခ်ဟျွန်းအတွက်တော့ စိတ်ထဲမလေးပင်သည့် ဤစာမေးပွဲအား မြန်မြန်ပြီးဆုံးစေချင်သည်မှာ တစ်ဦးတည်းသော ချန်းယောလ်ကြောင့်။ သူတကယ် ဒီစာမေးပွဲပြီးသည်နှင့် ချန်းယောလ်ကို အခွင့်အရေးယူပစ်ချင်နေပြီ !

အခက်အခဲပြဿနာဟူ၍ သိပ်မရှိ။ စာမေးပွဲပြီးသည်နှင့် တန်းကျရောက်သော ခရစ်စမတ်နေ့ကြောင့် ဘခ်ဟျွန်းအပျော်ကြီးပျော်နေ၏။ နေ့ကောင်းနေ့မြတ်ပင်၊ ကျောင်းပြီးသွားသည့်ခံစားချက်ကပင် မြင်းဇောင်းထဲက လွတ်လပ်သွားသည့် မြင်းတစ်ကောင်လို ပေါ့ပါးသွားစေသည်ကိုမှ ကြိုဆိုနေသည့်ပိတ်ရက်ဟာလည်း ခရစ်စမတ်ဖြစ်နေတော့ ပျော်ရွှင်တာမှ စာဖွဲ့၍ပင်မမှီ။

"အမဲသားစားမယ်နော် ချန်း"

အနောက်ကခြင်းလှည်းကိုင်ကာ လိုက်နေသော ချန်းယောလ်က သူဘာပြော​ပြော ခေါင်းညိတ်မည်ကို သိသည့်တိုင် ဘခ်ဟျွန်းမေးခွန်းထုတ်နေမိသည်ကလည်း တစ်ခုမက မရပ်မနား။ ကျောင်းကဆင်းသည်နှင့် ဘခ်ဟျွန်းတို့လည်းတန်းပြီး မားကတ်ထဲဝင်ကာ စားဖို့သောက်ဖို့လိုအပ်သည်များ ဝယ်နေခြင်းဖြစ်သည်။ စာမေးပွဲရက်များအတွင်းရော မတိုင်မီကရော သိပ်ပြီးထူးထူးခြားခြား အရသာခံစားခဲ့ရတာ မရှိသည့်အတွက် လောလောဆယ် ပြင်ဆင်မည်က စပယ်ရှယ်မီနူးသာ။

အစားအသောက်တွေဘက် စိတ်ကြိုက်ရွေးပြီးသည်နှင့် ဘခ်ဟျွန်းနောက်ထပ် ခြေလှည့်လာသည်က ခရစ်စမတ်နေ့အထူးလျှော့စျေးဖြင့် မျိုးစုံရောင်းချနေသော promotion area ထံ ဖြစ်သည်။ အထူးသဖြင့် ခရစ်စမတ်ဝတ်စုံကြီး။ ဒီတစ်ခါတော့ ဘခ်ဟျွန်း ချန်းယောလ်ကိုမပြောတော့ဘဲ ခရစ်စမတ်ဘိုးဘိုးဝတ်စုံတစ်စုံအား ခြင်းထဲကောက်ထည့်လိုက်သည်။ ချန်းယောလ်၏ အာရုံသည်တခြားရောက်နေ၍ ခြင်းထဲထည့်လိုက်သည်ကို မတွေ့လိုက်။ တွေ့လိုက်လည်း ချန်းယောလ်ကသိပ်ပြီး ထူးထူးခြားခြားလုပ်နေမှာမဟုတ်၊ ဘခ်ဟျွန်းအား စိတ်ကြိုက်သာလုပ်ခွင့်ပြုထားသည်မို့။

ပြီးသည်နှင့် လျှောက်ပတ်ကြည့်နေဆဲမှာပင် ဘခ်ဟျွန်းမျက်လုံးထဲဝင်လာသည်က သမင်ဦးချိုကဲ့သို့ အလှဆင်ထားသည့် ဘီးကုပ်လေးတွေဖြစ်သည်။ ဘခ်ဟျွန်းသည် ထိုသို့ပစ္စည်းများ မကြိုက်တတ်တာ အသေချာပင်။ သို့တိုင် ဘခ်ဟျွန်း ထိုဘီးကုပ်တစ်ခုကို ဆွဲယူကြည့်ကာ ချန်းယောလ်ကိုလှည့်ကြည့်လိုက်သည်။ ချန်းယောလ်သည်လည်း သူ့ထံလှည့်ကြည့်လာပြီး လက်ထဲက သမင်ဦးချိုကိုမြင်သည်နှင့် မျက်မှောင်ကြုတ်သွားသည်။

သို့တိုင် ပါးစပ်က ဘာမှမပြောရသေးခင်မှာပင် ဘခ်ဟျွန်းသည်သွက်သွက်လက်လက်ပင် ခြေဖျားထောက်ကာ ချန်းယောလ်ခေါင်းပေါ် ဘီးကုပ်လေးတင်ပေးလိုက်တော့၏။ သမင်ဦးချိုနှစ်ဖက်က ချန်းယောလ်ခေါင်းပေါ်တွင် ကျကျနန ထိုးထွက်လျက်။ ချန်းယောလ်သည် ဘခ်ဟျွန်းအား ပြောမနိုင်တော့သည့်နှယ် သူ့ဘာသူလက်မြှောက်ရင်း ဆွဲယူဖို့ပြင်လိုက်သည့်တိုင် ဘခ်ဟျွန်းသည် ပြုံးဖြီးဖြီးဖြင့်လက်ကိုဆွဲယူတားမြစ်လာ၏။

ထို့နောက် ချန်းယောလ်နားထံ ခြေဖျားထောက်ရင်း တိုးတိုးလေးကပ်ပြောလိုက်သည်။

"ကျွန်တော် ဒီခရစ်စမတ်ညကျ သမင်စီးချင်တယ် ချန်း"

ချန်းယောလ်အပြုအမူတို့သည် ရုတ်ချည်းတောင့်ခဲသွားတော့၏။

____•°•°•°

မကြောက်မရွံ့ သွားဆွပြန်ပါပြီ
အမွှေးတိုင်ထွန်းပေးထားလိုက်ကြပါဦး 🙏

Zawgyi

ေဘးေနာက္ခန္းတြင္ တရႉးရႉးအိပ္ေပ်ာ္ေနေသာ အီဂ်ူးရိွသည္။ ၾကည့္ရသေလာက္ေတာ့ နာက်င္မႈတစ္စံုတစ္ရာပင္ မရိွသည့္အလား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနလ်က္။ မည္သို႔မည္ဖံုျဖစ္သြားသလဲ၊ အီဂ်ူးအဆင္မွေျပသလား ေမးခြန္းထုတ္ခ်င္ေသာ္ျငား နံေဘးရိွကားေမာင္းသူက တိတ္ဆိတ္ေန၍ ဘခ္ဟြၽန္းလည္း အသံမထြက္ရဲ။

ခ်န္းေယာလ္သည္ ကားစေမာင္းလာကတည္းက သူ႔ထံ တစ္ခ်က္ပင္လွည့္မၾကည့္ပါေခ်။ စကားေျပာလ်ွင္လည္း ျပန္မတံု႔ျပန္သလို ေအးစက္စက္သာျပဳမူေန၍ ဘခ္ဟြၽန္းတုပ္တုပ္မ်ွပင္ မလႈပ္ရဲဘဲ နံေဘးတြင္သာၿငိမ္ၿငိမ္ေလး လိုက္ပါလာရသည္။

ဓားခုတ္ေကာင္ႏွင့္လည္း စိတ္ထဲကေန အႀကိမ္တစ္ရာမက အခ်င္းခ်င္းဆဲဆိုၿပီးၿပီမို႔ ေမာပန္းလွၿပီ။ ပိုဆိုးတာ ခ်န္းေယာလ္အျပဳအမူတို႔ေၾကာင့္ စိတ္ထဲေလးပင္လွသလို၊ သူမွားသည္ကို သိေသာ္ျငား မတံု႔ျပန္ေသာသူကို မည္သို႔ေတာင္းပန္ရမလဲမသိ။ ဓားခုတ္ေကာင္ကေတာ့ လမ္းပိတ္ထားေသာႏွစ္ေကာင္ကို ရွင္းလိုက္ၿပီဟုဆိုေသာ္ျငား မည္သို႔ရွင္းလိုက္သလဲ ဘခ္ဟြၽန္းမသိရ။ သတ္လိုက္သလား၊ အက်ိဳးအကန္းျဖစ္ေအာင္ပဲ လုပ္လိုက္သလား။ မည္သို႔ပင္ဆိုေစ ၄တို႔သည္ ဘခ္ဟြၽန္းတို႔ေက်ာင္းက ေက်ာင္းသားမ်ားျဖစ္ေနဆဲသာျဖစ္သည္မို႔ ျပႆနာတစ္စံုတစ္ရာ တက္လာမည္ကို စိုးရိမ္ေသာ္ျငား ေလာေလာဆယ္ေတာ့ ခ်န္းေယာလ္စိတ္ဆိုးေနသည့္ ျပႆနာက ပိုႀကီးက်ယ္သည္။

ဘခ္ဟြၽန္းလက္က ေပါင္ေပၚရိွလြယ္အိတ္ကို ခပ္ဖြဖြကုတ္ျခစ္ေနမိၿပီး မည္သို႔အိမ္ကိုျပန္ေရာက္လာသလဲပင္ မသိလိုက္။ ခ်န္းေယာလ္သည္ ကားစက္သတ္ၿပီးသည္ႏွင့္ ဘခ္ဟြၽန္းအားစကား​ေျပာလာ၏။

"အထဲဝင္ႏွင့္"

ေမးခြန္းမ်ားထုတ္ခ်င္ေနေသာ္ျငား ယခုအေျခအေနသည္ အခ်ိန္ေကာင္းမဟုတ္၍ ဘခ္ဟြၽန္းတြင္ လိုက္နာဖို႔မွလြဲ၍ ျငင္းဆန္စရာမရိွ။ ေခါင္းညိတ္ျပကာ အသာေစာင္းငဲ့ခိုးၾကည့္ေတာ့ ဘခ္ဟြၽန္းကိုမၾကည့္ဘဲ ေရ႔ွတူတူသာၾကည့္ေနေသာ ထိုလူကိုေတြ့ရသည္။

"ကြၽန္ေတာ္ ေစာင့္ေနမယ္ေနာ္"

ေမးခြန္းမထုတ္ေတာ့ဘဲ ထိုစကားတစ္ခြန္းသာဆိုၿပီးသည္ႏွင့္ ဘခ္ဟြၽန္းကားေပၚကဆင္းလာလိုက္သည္။ ဓားခုတ္ေကာင္ကေတာ့ သူႏွင့္အတူပါလာေသာ္ျငား အီဂ်ူးႏွင့္ခ်န္းေယာလ္ကမူ ကားေပၚတြင္က်န္ေနခဲ့၏။ ခ်န္းေယာလ္၏အျပဳအမူေတြကို ဘခ္ဟြၽန္းေၾကာက္လန္႔ေနရျခင္းသည္ ယခင္အခ်ိန္မ်ားက ေအးတိေအးစက္ ခ်န္းေယာလ္ကို ျပန္လည္ခံစားေနမိေသာေၾကာင့္လည္း ပါသည္။ မ်က္ဝန္းမ်ားက သူ႔အေပၚစိမ္းသက္ေနေသာ အၾကည့္မ်ားအျပင္ ေအးစက္စက္စကားလံုးမ်ားေၾကာင့္။ ခါတိုင္းဂရုစိုက္ေနြးေထြးေပးသည့္ ခ်န္းေယာလ္ကိုက်င့္သားရေနသည့္အားေလ်ာ္စြာ ယခုကဲ့သို႔ေသာ ပံုစံက ဘခ္ဟြၽန္းအား မနားမကပ္ရဲျဖစ္ေစသည္မို႔။

အိပ္ခန္းထဲတန္းတန္းမတ္မတ္ေလ်ွာက္လာၿပီးသည္ႏွင့္ တံခါးပိတ္ခ်လိုက္သည္။

'သူဘာလုပ္ေနတာထင္လဲ'

'ငါကဘယ္သိမလဲ'

ဓားခုတ္ေကာင္ဟာလည္း ဘခ္ဟြၽန္းထံမ်က္ႏွာသာ မေပးခ်င္သည့္အလား၊ ေလသံက ခပ္ဆတ္ဆတ္ျဖင့္။ နဂိုတည္းက သစၥာေဖာက္ထားသည့္အခ်က္ႏွင့္ပင္ စိတ္မၾကည္ေသာ ဘခ္ဟြၽန္းဟာလည္း ေဒါသေလးမဆိုစေလာက္ ျပဴလစ္ထြက္လာ၏။

'မသိရေအာင္ သတင္းသြားပို႔တာ ဘယ္ေကာင္လဲ !'

ဓားခုတ္ေကာင္ကလည္းျပန္ေခ်ပရွာသည္။

'ဓားေလးတစ္ေခ်ာင္းေတာင္ ႏိုင္ေအာင္ မ,မႏိုင္ဘဲ တစ္ေယာက္တည္း ေျဖရွင္းဖို႔လုပ္ေနတာ ဘယ္ေကာင္လဲ !'

ဘခ္ဟြၽန္း " ............. "

လက္မခံခ်င္ေသာ္ျငား ထိုစကားက အရိႈက္ကိုထိသြားေစသည္။ အသက္ကိုျပင္းျပင္းရႉရိႈက္ရင္း ဘခ္ဟြၽန္းရင္ထဲက ေလအပူလံုးေတြကို ဟူးကနဲမႈတ္ထုတ္ကာ စိတ္ထိန္းလိုက္သည္။ ခ်န္းေယာလ္ႏွင့္ပက္သတ္၍ အဆင္မေျပေသးေသာ ဤအေျခအေနတြင္ သူဓားခုတ္ေကာင္ႏွင့္ ျပႆနာမတက္ခ်င္ေပ၊ တစ္ခုခုဆို တိုင္ေတာရန္ အားကိုးကလည္း စိတ္ဆိုးေနသည္မဟုတ္ေပလား။

"မင္းဘာသာေျဖရွင္းမွာကို ယံုၾကည္ၿပီးေစာင့္ေနလို႔ကေတာ့ ဟိုဝက္သိုးေကာင္လည္း ေသေနေလာက္ၿပီ"

ဆက္တိုက္ဆိုသလို ဓားခုတ္ေကာင္ထံမွ ထြက္လာသည့္စကားလံုးမ်ားက အသက္ရႉေပါက္ပင္ မခ်န္ေပး။

"မင္းဘာသာအီဂ်ူးကို စိတ္ပူလို႔သတင္းပို႔တယ္ဆိုရင္ေတာင္ အရင္ဆံုးငါ့ကိုအခက္ေတြ့ေအာင္ မလုပ္လို႔မရဘူးလား၊ နည္းနည္းပါးပါး အလိုက္သင့္ေလး အမိန္႔နာခံေပးေနရင္ေတာင္ တိုက္ရင္တိုက္ႏိုင္မွာေပါ့ !"

အစက စိတ္ထဲကေန တိုးတိုးတိတ္တိတ္ေျပာေနေသာ္ျငား စကားႏိုင္လုပြဲက တျဖည္းျဖည္းအားပါလာသည္ႏွင့္အမ်ွ အသံကလည္းက်ယ္လာ၏။ ထိုဓားခုတ္ေကာင္ သူ႔ေဒါသေရဆူမွတ္ထိေစမည့္ စကားလံုးေတြႏွင့္ မည္သို႔ကိုင္ေပါက္လာၪီးမလဲ အေတြးႏွင့္အတူ အသင့္ျပင္ထားေသာ္ျငား မထင္မွတ္ထားစြာပင္ ထိုေကာင္သည္ အရိႈက္ကိုထိသြားသည့္အလား။

"ေဘာကို စိတ္ပူရမွာလား ! ဒီသခင္ႀကီးက ကိုယ့္ကိုယ္ကိုယ္ မထိခိုက္ေစခ်င္လို႔ ႀကိဳေရွာင္ထားတာကြ ! အဲ့ဝက္သိုးေကာင္ကို ငါကေဘာမို႔စိတ္ပူရေအာင္ ! ခ်ီးပဲ !"

ဘခ္ဟြၽန္း " ........... "

ဘာျဖစ္သြားသလဲ ဘခ္ဟြၽန္းလိုက္၍ပင္မမွီလိုက္။

"ဘာလို႔အဲ့ေလာက္ ေဒါသထြက္သြားတာတုန္း"

ဘခ္ဟြၽန္းေရရြတ္သလို ေျပာသည္ကိုလည္း ျပန္မတံု႔ျပန္ေတာ့သည့္ပံုစံက စိတ္ဆိုးမာန္ဆိုးျဖင့္ လိုင္းေအာက္သြားသည့္အလား။ ဘခ္ဟြၽန္းလည္း ေခါင္းထဲကထုတ္ကာ တံခါးနားကပ္ရင္း အျပင္ကအသံမ်ားကို နားစြင့္ၾကည့္မိသည္။ မည္သည့္အသံမွ မၾကားရေသး၊ သို႔ႏွင့္ အေဆာင္ကျပန္ပါလာသည့္ အိတ္အသြယ္သြယ္တို႔အား အရင္ေနရာျပန္ခ်ထားလိုက္သည္။ သိပ္ၿပီးမ်ားမ်ားစားစား မဟုတ္သည့္တိုင္ ေနွးတိေနွးတံု႔ျဖစ္ေနသည္က စိတ္ထဲေလးပင္ေနေသာေၾကာင့္။

အခန္းထဲ ေျခလက္ေဆးၿပီး မ်က္ႏွာသစ္ေနစဥ္မွာပင္ အျပင္ဘက္က ေျခသံတခ်ိဳ႕ၾကားလိုက္ရတာေၾကာင့္ ဘခ္ဟြၽန္းေရစက္လက္ႏွင့္ပင္ အျပင္ေျပးထြက္လာမိသည္။ ခ်န္းေယာလ္သည္ သူ႔အားလွည့္မၾကည့္၊ ဧည့္ခန္းထဲက ဆိုဖာေပၚတြင္ေတာ့ အီဂ်ူးသည္ ပို႔လို႔ပက္လက္လန္ကာ ရိွေနသည္။ ခ်န္းေယာလ္မည္သို႔မည္ဖံု အီဂ်ူးကို သယ္လာသလဲ မေတြးတတ္ေသာ္ျငား ေသခ်ာတာေတာ့ ႏူးႏူးညံ့ညံ့ေလး ျဖစ္ေနမွာမဟုတ္။ အီဂ်ူး၏လည္ဆြဲတြင္ အစိမ္းေရာင္အလင္းေဖ်ာ့ေဖ်ာ့ ပ်ံ့ႏွံ႔ေနပံုကိုျမင္သည္ႏွင့္ ခ်န္းေယာလ္စြမ္းအားျဖင့္တစ္ခုခု လုပ္ထားမွန္းသိလိုက္သည္။ သို႔တိုင္ အီဂ်ူးႏွင့္ပတ္သက္ၿပီး မေမးႏိုင္ေသး၊ ေျခလွမ္းမွန္မ်ားျဖင့္ စာၾကည့္ခန္းထံ ေလ်ွာက္လွမ္းသြားေနေသာ ခ်န္းေယာလ္ေနာက္ကို အလ်င္လိုက္ရသည္။

"ခ်န္း"

တံခါးကိုတြန္းဖြင့္ခါနီး ခ်န္းေယာလ္လက္တို႔ရပ္တန္႔သြားသည္။ လွည့္မၾကည့္လာေသာ္ျငား ဘခ္ဟြၽန္းစကားအား နားေထာင္ေနဟန္ျပေသာ္ျငား ဘခ္ဟြၽန္းႏႈတ္ကထြက္လာသည္က -

"ေတာင္းပန္ပါတယ္" ဟူေသာတစ္ခြန္းသာ။

ခ်န္းေယာလ္သည္ မည္သည့္တံု႔ျပန္မႈမွ မျပဘဲ အခန္းထဲဝင္သြားရင္း တံခါးကိုပါပိတ္သြားခဲ့သည္။ ေဘးပတ္ပတ္လည္ရိွ နံရံမ်ားပင္ တုန္ဟီးသြားေစေအာင္ အင္အားထည့္ထားပံုက ခ်န္းေယာလ္၏စိတ္အေျခအေနကို မွန္းဆ၍ရေနႏိုင္သည္။ သို႔တိုင္ ဘခ္ဟြၽန္းအခန္းေရ႔ွမွာပင္ မတုန္မလႈပ္ ရပ္တန္႔ေနမိဆဲ။ အခန္းထဲဝင္သြားသင့္ မသင့္ကို စိတ္ထဲလြန္ဆြဲေနမိၿပီး ေနာက္ဆံုးလက္ေလ်ွာ့ကာ ဧည့္ခန္းထံ ၪီးတည္ေလ်ွာက္လာလိုက္သည္။

ခ်န္းကို အခ်ိန္ခဏေတာ့ ေပးလိုက္ၪီးမည္။ ေဒါသျပင္းထန္ေနပံုရသည္မို႔ စိတ္ေအးမည့္အခ်ိန္အထိ ေစာင့္ၿပီးမွ လူကိုယ္တိုင္ကိုယ္က် ေခ်ာ့ဖို႔ေတြးထားလိုက္သည္။ အနည္းဆံုးေတာ့ ျပႆနာအစျပဳရာျဖစ္သည့္ အီဂ်ူးထံသာ ၪီးတည္ရင္း ဘာျဖစ္သြားသလဲ အကဲခတ္ၾကည့္ရသည္။ အီဂ်ူးသည္ အိပ္ေပ်ာ္ေနဟန္ေပါက္ေသာ္ျငား ေကာင္းေကာင္းမြန္မြန္ေတာ့ ဟုတ္ပံုမရ၊ မ်က္ခံုးမ်ားတြန္႔ခ်ိဳးထားၿပီး ေခြၽးေစးမ်ားျပန္ေနကာ လက္ေခ်ာင္းမ်ားက လႈပ္ရွားခ်င္ဟန္ျဖစ္ေနေသာ္ျငား တစ္စံုတစ္ခုထံမွ ထိန္းခ်ဳပ္ခံထားရသကဲ့သို႔၊ လႈပ္မရျပဳမရျဖစ္ေနသည့္ပံုပင္။

ဘခ္ဟြၽန္းအၾကည့္ကို အီဂ်ူးလည္ပင္းထက္မွ လည္ဆြဲထံပို႔လိုက္သည္။ မၾကာေသးခင္က ျမင္ခဲ့သည့္အတိုင္း အစိမ္းေရာင္အေငြ့အသက္တို႔က ကူးလူးေဝ့ပတ္ေနဆဲျဖစ္သည္မို႔ ၾကည့္ရသည္မွာ ခ်န္းေယာလ္တစ္စံုတစ္ခုကို ထိန္းခ်ဳပ္ထားခဲ့ျခင္းျဖစ္လိမ့္မည္။ အဘယ္ေၾကာင့္မူ ဓားခုတ္ေကာင္ကိုပဲျဖစ္ျဖစ္၊ အီဂ်ူးကိုပဲျဖစ္ျဖစ္ အက်ဥ္းခ်တိုင္း ထိုသို႔အေငြ့သဖြယ္ စြမ္းအားမ်ားကို ဘခ္ဟြၽန္းရင္းႏွီးေနက် ျဖစ္သည္မို႔။ အီဂ်ူးသည္ကလည္း အိပ္ေပ်ာ္ေနဆဲျဖစ္သည့္တိုင္ မသိစိတ္ကလည္း ရုန္းကန္ေနသကဲ့သို႔။

ထိုကေလးထံ ဘာေတျြဖစ္ခဲ့သလဲ မသိပါေခ်။

ဘခ္ဟြၽန္းအျပစ္မကင္းစြာ သက္ျပင္းခပ္ဖြဖြခ်မိသည္။ တစ္အိမ္လံုးသည္ တိတ္ဆိတ္ေနလ်က္ရိွၿပီး အီဂ်ူးအသက္ရႉသံ ခပ္စိပ္စိပ္သာစိုးမိုးေနသည္။ ဘခ္ဟြၽန္း ထိုင္ေနရာမွ ထရပ္ကာ မီးဖိုေခ်ာင္ထံဝင္လာရင္း စပ္စုၾကည့္ေတာ့ ဘာဆိုဘာမ်ွမရိွဘဲ ေျပာင္ရွင္းေန၏။ ဘခ္ဟြၽန္း ၃ ရက္မ်ွေလာက္ မရိွေတာ့သည္ႏွင့္ ခ်န္းေယာလ္လည္း ဘာမျွပင္ဆင္မေနဘူးထင္၏၊ တိတ္ဆိတ္မႈက ႀကီးစိုးလာသည္ႏွင့္အမ်ွ ဘခ္ဟြၽန္းရင္ထဲလည္း အထီးက်န္မႈက ခိုေအာင္းလာသည္။

ဘာေၾကာင့္မ်ား ဒီေနရာႀကီးက ေအးစက္ေနရသလဲ။ သူမရိွေတာ့သည္ႏွင့္ ဤအိမ္ႀကီးထဲ တစ္ၪီးတည္းက်န္ခဲ့မည္ျဖစ္ေသာ ခ်န္းကိုေပါ့ပါးစြာပင္ အဆင္ေျပေလာက္မည္ထင္၍ ထားခဲ့ျခင္းသာ၊ သို႔တိုင္ ျပန္လည္ႀကိဳဆိုလာသည့္ အခန္းတြင္းအေငြ့အသက္မ်ားက ေအးခဲလွစြာေပမို႔။ ဘခ္ဟြၽန္းမေနႏိုင္ေတာ့ဘဲ ေျခလွမ္းမ်ားက စာၾကည့္ခန္းေရ႔ွ ၪီးတည္မိေတာ့သည္။

အခန္းေရ႔ွေရာက္သည္ႏွင့္ အသက္ဖြဖြရႉထုတ္ကာ တံခါးကိုတြန္းဖြင့္ရင္း ေခါင္းေလးလ်ိႈၾကည့္ေတာ့ ခ်န္းေယာလ္သည္ သူ႔ထံတစ္ခ်က္ပင္လွည့္မၾကည့္ဘဲ လပ္ေတာ့တစ္လံုးႏွင့္ အလုပ္ရႈပ္ေနပံုေပၚသည္။ အလုပ္ရိွ၍ပဲ တမင္ပစ္ထားသလား၊ တမင္ပစ္ထားခ်င္လို႔ပဲ အလုပ္ရႈပ္ျပေနတာလားမသိ။ ခါတိုင္း ခ်န္းေယာလ္ထိုသို႔ ေခါင္းပင္မေမာ့ၾကည့္ႏိုင္သည္အထိ အလုပ္ရႈပ္ေနခ်ိန္ဆိုလ်ွင္ ဘခ္ဟြၽန္းသည္ လိမၼာသည့္ကေလးေလးလုပ္ကာ သြားမေနွာင့္ယွက္ဘဲ ေနေလ့ရိွသည္။ ယခုလို ေခ်ာင္းၾကည့္လာခ်ိန္မ်ိဳးတြင္ ခ်န္းေယာလ္ထံမွ ေမာ့ၾကည့္လာေသာ အၾကည့္ကိုရရိွမွသာ သြားေရာက္ခြၽဲျခင္းျဖစ္သည့္တိုင္ ယခုေတာ့
ရံဖန္ရံခါဆိုးေနက်အတိုင္း။ တံခါးကိုအသာပိတ္ကာ ခ်န္းေယာလ္ထံ ေလ်ွာက္သြားလိုက္သည္။

ခ်န္းေယာလ္သည္ သူ႔ထံမ်က္လံုးပင္ တစ္ခ်က္လွန္မၾကည့္ေသးပါေခ်။ ဘခ္ဟြၽန္းအနားေရာက္သည္ႏွင့္ ၂ စကၠန္႔မ်ွရပ္ကာ ခ်န္းေယာလ္၏ဆံုလည္ထိုင္ခံု လက္ရန္းႏွစ္ဖက္ကေန ကိုင္ဆြဲကာ ေဘးကိုဆြဲလွည့္ယူလိုက္သည္။ လပ္ေတာ့ေပၚ တေတာက္ေတာက္ေျပးလႊားေသာ လက္ေခ်ာင္းမ်ားက စားပြဲခံုႏွင့္ေဝးကြာသြားသည္ႏွင့္ ရပ္တန္႔သြားသည့္တိုင္ ထိုလူကေတာ့ ဘခ္ဟြၽန္းကို ေမာ့မၾကည့္လာေသး။

ဘခ္ဟြၽန္း ထိုလက္ရန္းႏွစ္ဖက္ကိုသာ အားျပဳရင္း ေျခေထာက္တစ္ေခ်ာင္းခ်င္း ျဖည္းျဖည္းခ်င္းတင္ကာ ထိုလူ႔အေပၚ ခြထိုင္လိုက္ေတာ့သည္။

"ဘခ္ဟြၽန္း"

ခါးႏွစ္ဖက္ကေန တြန္းဖယ္လာမည့္ အရိပ္အေယာင္ကို ခံစားမိသည္ႏွင့္ ဘခ္ဟြၽန္း ခ်န္းေယာလ္လည္ပင္းကို တြဲခိုဖမ္းထားလိုက္ရင္း ခႏၶာကိုယ္ကို ေရ႔ွပိုတိုးမိသည္။ ၪီးေခါင္းသည္မူ ခ်န္းေယာလ္ပုခံုးတစ္ဖက္အေပၚ ေနရာခ်ရင္း။ အတင္းကို တိုးကပ္ဖက္တြယ္လာေသာ ဘခ္ဟြၽန္းအျပဳအမူေၾကာင့္ ခ်န္းေယာလ္သည္ သူ႔ခါးအားမတြန္းေတာ့သည့္တိုင္ ေလသံေအးစက္စက္ျဖင့္ေတာ့ စကားဆိုလာ၏။

"ငါအလုပ္လုပ္ေနတယ္ေလ ဘခ္ဟြၽန္း"

ဘခ္ဟြၽန္းေခါင္းကိုေမွာက္ခ်ထားရင္းႏွင့္ပင္ ထိုလူ႔လည္ပင္းကို ဖက္တြယ္ထားေသာ လက္မ်ားကိုတင္းက်ပ္မိလိုက္သည္။

"ကိုကို ကြၽန္ေတာ့္ကို ဂရုမစိုက္မခ်င္း ဒီတိုင္းပဲေနမွာ၊ စိတ္ရႈပ္လို႔တြန္းခ်ရင္ေတာင္ ရေအာင္ျပန္တက္မွာ"

ပုခံုးနားေခါင္းေမွာက္ထားသည္မို႔ ေလသံဟာလည္း မပီျပင္ဘဲ ခပ္အုပ္အုပ္။ ခ်န္းေယာလ္ထံမွ အျပဳအမူမ်ားဟာ ရပ္တန္႔သြားလ်က္ စကားသံဟာလည္း တိတ္ဆိတ္သြား၏။ စကၠန္႔အခ်ိဳ႕ၾကာမွ ဘခ္ဟြၽန္းၾကားႏိုင္သည့္ သက္ျပင္းဖြဖြကိုခ်ၿပီး ခံုကိုျပန္လွည့္ကာ ထိုပံုစံအတိုင္းပင္ သူ႔အလုပ္သူဆက္လုပ္သည္။ ဘခ္ဟြၽန္းအား တြန္းလည္းမခ်သလို စကားလည္းဆက္မေျပာေတာ့။ လုပ္ခ်င္သလိုလုပ္ဟုသာ ခြင့္ျပဳေပးလိုက္သည့္အလား။

ဘခ္ဟြၽန္းစိတ္သက္သာရာရစြာ ပင့္သက္ရိႈက္မိလိုက္ကာ လက္ေခ်ာင္းေလးမ်ားကလည္း ခ်န္းေယာလ္ဆြယ္တာအက်ႌအနက္အား အသာဆြဲဖြေနလ်က္။ ခ်န္းေယာလ္ထံမွ အာရံုစိုက္မႈကိုလည္း ေတာင္းခံခ်င္သလို စိတ္ရႈပ္သြားမည္ကိုလည္း စိုးရိမ္သည္။ ယခုပင္ အေတာ္ကိုမွ ေနွာင့္ယွက္ရာက်ေနၿပီမဟုတ္ေပလား။

ထို႔ေၾကာင့္ ၿငိမ္ၿငိမ္ေလးသာေနရန္ ကိုယ့္ဘာသာအားေပးရင္း ခ်န္းေယာလ္လည္ပင္းကို ဖက္ထားသည္ကိုလည္း တစ္ခ်က္မွမလႈပ္ရွားမိ။ ခ်န္းေယာလ္အနားေရာက္သည္ႏွင့္ သိသိသာသာ ခံစားရသည္က အေနြးဓာတ္ျဖစ္သည္။ အၿမဲလိုလို ေနြးေထြးေနက် အပူေပးစက္ႀကီးႏွင့္ ၃ ရက္မ်ွ ခြဲခြာခဲ့ရျခင္းေပမို႔ ယခုျပန္လည္ခံစားရသည့္အခိုက္ ဘခ္ဟြၽန္းအားပို၍ပင္ ဇိမ္က်ေစကာ ခ်န္းေယာလ္ပုခံုးေပၚမွာပင္ တအီအီအိပ္ေပ်ာ္သြားေစ၏။ ခ်န္းေယာလ္အလုပ္ၿပီးမွ ေခ်ာ့မည္ဟု ေတြးထားေသာ္ျငား တစ္ဖက္က အလုပ္ပင္မၿပီးေသးခင္မွာ မ်က္လံုးမ်ားက ပင္ပန္းမႈဒဏ္မခံႏိုင္ေတာ့ျခင္းသာ။

ျပန္ေရာက္ကတည္းက ည ၉ နာရီေလာက္ ရိွေနၿပီျဖစ္သည့္အားေလ်ာ္စြာ အခ်ိန္သည္တျဖည္းျဖည္း ၾကာလာသည္ႏွင့္အမ်ွ ညတာလည္း နက္သထက္နက္လာသည္။ ဘခ္ဟြၽန္းအထင္မွားျခင္းမဟုတ္ဘဲ ခ်န္းေယာလ္သည္ အမွန္တကယ္ကို အလုပ္ရႈပ္ေနျခင္း ျဖစ္သည္။ အလုပ္ရႈပ္ေနသည္ႏွင့္ ကြက္တိ ထိုကေလးကို မဆူႏိုင္ေသးသည့္အားေလ်ာ္စြာ လက္က်န္ကိစၥေတြ ၪီးစြာဇယားျဖတ္ေနျခင္းျဖစ္သည္။ အလံုးစံုၿပီးသည့္အခ်ိန္တြင္ နာရီကိုၾကည့္မိေတာ့ ည ၁၂ နာရီကြက္တိ။

ပုခံုးေပၚက ႂကြက္ေပါက္စကေတာ့ ပါးျပင္တစ္ျခမ္းအပ္လ်က္ တခူးခူးအိပ္ေပ်ာ္ေနသည္မွာ ၿငိမ္းခ်မ္းစြာ။ ႏိုးသြားမည္စိုး၍ ပုခံုးတစ္ဖက္ကို မလႈပ္ရွားဘဲ ေတာင့္ေပးထားရသည္မို႔ အနည္းငယ္နာက်င္ေနေသာ္ျငား ခ်န္းေယာလ္ကေတာ့ သိပ္ၿပီးထူးထူးျခားျခား အာရံုမရိွ။ ကေလးေပါက္စတစ္ေယာက္လို ခြတက္ထိုင္ၿပီး အိပ္ေပ်ာ္ေနေသာ ဘခ္ဟြၽန္းအား ေခါင္းကိုေစာင္းငဲ့ၾကည့္လိုက္ေတာ့ မ်က္ႏွာႏွစ္ခုက နီးကပ္သြားသည္။

သူ႔အနားမွာမရိွေတာ့သည္ႏွင့္ ေကြၽးေမြးထားရေသာ ခႏၶာကိုယ္ေလးက ၃ ရက္အတြင္း ေတာ္ေတာ္ေပါ့သြားသေယာင္။ မ်က္တြင္းနက္မ်ားကလည္း ဝန္းရံထားသည္မွာ စိတ္မခ်မ္းသာပံုရမွန္း သိသိရက္ႏွင့္။

ကိုယ့္အားကိုယ္ကိုးခ်င္သတဲ့လား။

ခြဲေနဖို႔ေျပာသည္ထက္ကို ေဒါသထြက္ေစသည့္ စကားလံုးျဖစ္ပါ၏။ သူ႔ကိုအလိုမရိွေတာ့ဟု ဆိုလိုက္သလိုမ်ိဳး။ ဒီေကာင္ေလးက သိပ္ဆိုးသည္။

ခ်န္းေယာလ္ အေတြးတို႔ကိုလက္စျဖတ္ကာ လပ္ေတာ့ကိုပိတ္ၿပီးသည္ႏွင့္ ေပါင္ေပၚကခႏၶာငယ္အား လက္ျဖင့္ထိန္းကိုင္ရင္း ထလာလိုက္သည္။ အနည္းငယ္လူးလြန္႔လာေသာ ဘခ္ဟြၽန္းက သူ၏လႈပ္ရွားမႈမ်ားကို အာရံုခံမိ၍ထင္၏။ အိပ္ခ်င္မူးတူး ေလသံေလးျဖင့္ ေရရြတ္လာ၏။

"ခ်န္း"

"အင္း"

ထူးေပးလိုက္ေတာ့မွ အိပ္ခ်င္ေျပသြားပံုရေသာ ဘခ္ဟြၽန္းက လည္ပင္းကိုဖက္လ်က္သားပင္ ခ်န္းေယာလ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လာသည္။ ခ်ီထားေပးရင္ လမ္းေလ်ွာက္ေနသည္မို႔ အႏၲရာယ္မ်ားသၫ့္ အေနအထားျဖစ္ေသာ္ျငား ထိုေကာင္ေလးက ေၾကာက္ရြံ႔ပံုမရ။

"ကြၽန္ေတာ့္ကိုစိတ္ဆိုးေနတုန္းလား"

မ်က္လံုးေမွးမ်ားက အိပ္ခ်င္မူးတူးျဖစ္ေန၍ သိပ္မပြင့္ခ်င္ေသာ္ျငား ေလသံကေတာ့ အတည္ျပဳခ်င္ေနေသးသည့္ႏွယ္။ လြန္စြာမွ အိပ္ခ်င္ေနသည့္တိုင္ ခ်န္းေယာလ္စိတ္ကိုလည္း အေရးႀကီးသတင္းအတည္ျပဳေနသကဲ့သို႔၊ စိတ္ဆိုးမေျပေသးမခ်င္း စိတ္ခ်လက္ခ် မအိပ္ႏိုင္ပံုပင္။

"ငါစိတ္ဆိုးေနတာမဟုတ္ဘူး ဘခ္ဟြၽန္း စိတ္တိုေနတာ"

သနားေပမယ့္ ခ်န္းေယာလ္လတ္တေလာေတာ့ ဘခ္ဟြၽန္းကို အလိုမလိုက္ခ်င္ေပ။ သူေျပာလိုက္ေတာ့မွ အိပ္ခ်င္မူးတူးျဖစ္ေနရာကေန ျပဴးက်ယ္လာေသာမ်က္ဝန္းမ်ားက အလန္႔တၾကားျဖစ္သြားသည့္ႏွယ္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ခ်န္း၊ ေနာက္မထားသြားေတာ့ပါဘူးလို႔ ေနာ္"

"မင္းေတာင္းပန္တဲ့ကိစၥမွားေနတယ္"

ျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေနေသးေသာ ဘခ္ဟြၽန္းအား စကားမဆက္ေသးဘဲ အခန္းတံခါးဖြင့္ဝင္ရင္း ကုတင္ေပၚခ်ေပးလိုက္သည္။

"ဘာလို႔လဲ"

စိတ္မရွည္ေတာ့သည့္ႏွယ္ ေမးခြန္းထုတ္လာေသာ ဘခ္ဟြၽန္းအား နဖူးထံမွဆံစတခ်ိဳ႕ကို သပ္တင္ေပးမိသည္။

"ပထမဆံုးအေနနဲ႔ အျပင္ေလာကက မင္းအရင္ကႀကံဳေတြ့ခဲ့ရတာေတြေလာက္ မရိုးရွင္းဘူး ဘခ္ဟြၽန္း"

"မင္းစြမ္းအားေတြက တိုးတက္လာေလ ရင္ဆိုင္ရမယ့္အႏၲရာယ္ေတြက အဆင့္ျမင့္လာေလပဲ၊ ေသးေသးမႊားမႊားေလးေတြနဲ႔ပဲ တိုးၿပီး အႏိုင္ယူလို႔ရႏိုင္လိမ့္မယ္လို႔ မေတြးထားနဲ႔"

"ကြၽန္ေတာ္ အဲ့လိုေလ်ွာ့မတြက္ပါဘူး"

"ေျပာတာ ဆံုးေအာင္နားေထာင္ၪီး"

ေျပာလိုက္ေတာ့လည္း ပါးစပ္ပိတ္သြားေသာ္ျငား ႏႈတ္ခမ္းပါးေလးကေတာ့ အသာမဲ့က်သြားလ်က္။ ခ်န္းေယာလ္စကားဆက္သည္။

"အဲ့လိုအေျခအေနမွာ မင္းက ကိုယ့္အားကိုယ္ကိုးခ်င္တယ္ဆိုၿပီး ငါ့ကိုလည္းအသိမေပးဘဲ လုပ္ခ်င္တိုင္းလုပ္ေနရင္၊ ခုဏကလိုမ်ိဳး ငါသာေရာက္မလာခဲ့ရင္ မင္းဘယ္လိုေျဖရွင္းဖို႔ စဥ္းစားထားလဲ၊ ဟမ္"

ေလသံေအးႏွင့္ေျပာေနေသာ ခ်န္းေယာလ္က မ်က္ဝန္းမ်ားကေတာ့ ပကတိၿငိမ္သက္ေနလ်က္။ စိတ္ကိုထိန္းၿပီးေျပာေနမွန္း ဘခ္ဟြၽန္းရိပ္မိလိုက္သည္မို႔ ကလန္ကဆန္မလုပ္ဘဲ နားေထာင္ေနလိုက္သည္။ ခ်န္းေယာလ္ေျပာတာလည္း အမွန္ပင္။

"တစ္ခုခုဆို ငါ့ကိုအရင္အသိေပးေနက် ဘခ္ဟြၽန္းက အခုလိုေတြလုပ္ေနတာ ဘယ္လိုအဓိပၸာယ္ေကာက္ရမလဲ မင္းေျပာ"

ဘခ္ဟြၽန္းသည္ ခပ္တိုးတိုးေလး ေရရြတ္လာသည္။

"ကြၽန္ေတာ္က ဒီတိုင္း ..... ခ်န္းအတြက္ အားနည္းခ်က္မျဖစ္ခ်င္ရံုပါ"

"အဲ့ဒီအတြက္ ငါကဂရုစိုက္ေပးေနတယ္ မဟုတ္လား၊ ဒီလိုမ်ိဳး အသိမေပးဘဲ တည့္တည့္ႀကီးသြားရင္ဆိုင္ဖို႔ေတာ့ ေစာေသးတယ္ ဘခ္ဟြၽန္း၊ မင္းကေတာ့ ရိုးရိုးေလးေတြးလိုက္ေပမယ့္ အခုလိုလုပ္ရပ္က ငါ့ကိုအလိုမရိွေတာ့လို႔ တြန္းထုတ္ေနသလို ခံစားရတယ္။ ေနာက္ၿပီး မင္းကငါ့အားသာခ်က္လည္း ျဖစ္ေနေသးတယ္ဆိုတာကိုက် ဘာလို႔ေမ့ပစ္ထားတာလဲ"

"......... ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"သိသိရခ်င္း ငါ့မွာမင္းကို စိတ္ပူရမွာလား ဆူရမွာလား ဆိုတာေတာင္ မသိေတာ့တဲ့အထိပဲ၊ တကယ္ဆိုးတယ္"

ဘခ္ဟြၽန္းသည္ သူ႔ခါးထံလက္လ်ိႈဝင္လာရင္း ဖက္တြယ္လာ၏။ ေခါင္းလံုးလံုးေလးအား ရင္ဘတ္ထဲတိုးဝင္လ်က္။

"လိမၼာပါ့မယ္"

ခ်န္းေယာလ္သည္ ဘာမျွပန္မေျပာ၊ သူ႔ေခါင္းလံုးလံုးေလးထံ အနမ္းတစ္ပြင့္ေႁခြလာ၏။ ဘခ္ဟြၽန္းခံစားမိသည္ႏွင့္ ေခါင္းေမာ့ၾကည့္လာ၏။

"စိတ္တိုေနေသးလား"

"..... ေနာက္တစ္ခါထပ္ျဖစ္လာရင္ေတာ့ တကယ္အျပစ္ေပးေတာ့မွာ"

ဘခ္ဟြၽန္းၿပံဳးမိသြားသည္။

"ကြၽန္ေတာ့္ကိုနမ္းပါၪီး၊ သံုးရက္ေတာင္ ေမာနင္းကစ္မရထားဘူးမလို႔ သံုးရက္စာ နမ္း-"

ခ်န္းေယာလ္သည္ လက္က်န္ရိွေနေသးေသာ စကားလံုးမ်ားအား ပိတ္ဆို႔တားဆီးလာေတာ့၏။ ပူေနြးေနေသာ ႏႈတ္ခမ္းတစ္စံုက ဘခ္ဟြၽန္းႏႈတ္ခမ္းမ်ားထက္ အနမ္းေႁခြေနသည္မွာ ႏူးႏူးညံ့ညံ့။ ၾကမ္းတမ္းမႈအလ်ဥ္းမရိွဘဲ လြမ္းဆြတ္မႈေတြသာရိွသည္။

ဒါေတာင္ ၃ရက္သာျဖစ္ေပလို႔။
ဘခ္ဟြၽန္းစိတ္ထဲကေတြးမိရင္း သူကိုယ္တိုင္လည္း လြမ္းေမာေနသည့္အားေလ်ာ္စြာ ခ်န္းေယာလ္ရင္ဘတ္က အက်ႌစအား ဆြဲစုတ္ရင္း အနမ္းတို႔ကို အားတက္သေရာ ျပန္လည္တံု႔ျပန္မိေတာ့၏။

"ခရစ္စမတ္နီးၿပီေနာ္"

ပိတ္ရက္ႀကီးတစ္ခုခုရိွတိုင္း စားပြဲေသာက္ပြဲျဖစ္ျဖစ္ လုပ္ရမွ ေက်နပ္ေလ့ရိွေသာ ဘခ္ဟြၽန္းအက်င့္ေၾကာင့္ ထံုးစံအတိုင္း ဗလာျဖစ္ေနေသာ ေရခဲေသတၲာႀကီးကို သြားသတိရမိသည္။

"ေနာက္ဆံုး စာေမးပြဲလည္းနီးၿပီ"

ခ်န္းေယာလ္သည္ သူ႔အား သတိေပးသလို ေျပာလာ၏။ ဘခ္ဟြၽန္းမ်က္ေစာင္းထိုးမိလိုက္သည္။ သူကိုယ္တိုင္ေတာင္ ေခါင္းထဲမထည့္သည့္ကိစၥကို ခ်န္းက တကူးတက သတိရေပးေနသည္မို႔။

"ဘာလုပ္ခ်င္လို႔လဲ"

ခ်န္းေယာလ္သည္ ေမးခြန္းထုတ္လာ၏။

"အရင္အတိုင္းပဲ တစ္ခုခုလုပ္စားရေအာင္ေလ အီဂ်ူးကေျပာေနတာ ကြၽန္ေတာ့္လက္ရာလြမ္းေနတာတဲ့၊ ေျပာကာမွ အီဂ်ူးဘာျဖစ္သြားတာလဲ"

ႏွစ္ေယာက္သား၏ခံစားခ်က္ျပႆနာကို အရင္ၪီးဆံုးေျဖရွင္းေနရသည္ႏွင့္ ဘခ္ဟြၽန္းအီဂ်ူးကို ေမ့သြားမိသည္။

"အၫွို႔ခံလိုက္ရတာ"

"ဟင္"

"အရင္တုန္းကလိုမ်ိဳး၊ သူ႔ကိုၫွို႔ၿပီးထိန္းခ်ဳပ္ဖို႔ လုပ္ေနတာ"

ဘခ္ဟြၽန္းႏႈတ္က အလ်င္စလိုထြက္က်သည္က -

"အဲ့ဒါဆို အဲ့ေက်ာင္းသားက ခ်န္းဝူးလား"

ခ်န္းေယာလ္သည္ ေတြေဝမႈမရိွ ေခါင္းညိတ္ျပလာ၏။ ဘခ္ဟြၽန္းသက္ျပင္းရိႈက္မိကာ တစ္ဆက္တည္းဆိုသလို ၾကက္သီးေမႊးၫွင္းမ်ားကလည္း ထလာ၏။ သူ သံုးရက္လံုး ထိုလီခ်န္းဝူးႏွင့္ အေဆာင္အခန္းအတူတူသံုးခဲ့သည္ ဟူသည့္ အသိေၾကာင့္ျဖစ္သည္။ တစ္ခုခုဆို ေက်ာခ်မ္းသလို ခံစားေနရသည္မွာလည္း မထူးဆန္းေတာ့သလို ဘခ္ဟြၽန္းအႏိုင္မပိုင္းႏိုင္ေတာ့တာလည္း မထူးဆန္းေတာ့ေခ်။

"နမ္အီဂ်ူးက နဂိုတည္းက သူစိတ္ၫွို႔ၿပီးေခၚလာတဲ့ သူေလ၊ အဲ့ဒါေၾကာင့္လည္း အဲ့ေကာင္ သိပ္ၿပီးမရုန္းကန္ႏိုင္တာ။ မမွတ္မိရင္ေတာင္ ငယ္ငယ္တည္းက ေၾကာက္ရြံ႔လာတဲ့ခံစားခ်က္က စိုးမိုးေနမွာေပါ့"

"အီဂ်ူးအခု အဆင္ေျပရဲ့လား"

ခ်န္းေယာလ္သည္ ေတြးဆဆျပန္ေျဖလာ၏။

"ငါေရာက္တဲ့အခ်ိန္မွာ နမ္အီဂ်ူးက အသိမဲ့ၿပီး သူ႔လူနီးပါးျဖစ္ေနၿပီ၊ ၫွို႔တာေအာင္ျမင္ခါနီးေျပာရမယ္၊ အဆင္ေျပမေျပကေတာ့ ႏိုးလာရင္သိရမွာပဲ"

သူ႔နယ္ေျမအတြင္း ပထမဆံုးဝင္ေရာက္လာတုန္းက ပံုစံလိုမ်ိဳး။ အသိမရိွ၊ ခက္ထန္မႈေတြႏွင့္သာ ျပည့္ေနေသာ က်ားတစ္ေကာင္ႏွယ္။

"ဘာလို႔ အီဂ်ူးကိုမွလဲ"

ဘခ္ဟြၽန္းေရရြတ္သလိုေျပာမိ၏။ အီဂ်ူးလို အျပစ္မရိွသည့္၊ ရိုးရွင္းသည့္စိတ္ေလးႏွင့္ အျဖဴထည္ေလးကိုမွ ထိုသို႔လုပ္ရပ္မ်ိဳး ျပဳမူသည္တဲ့လား။

"အီဂ်ူးက မင္းအနားကပ္ႏိုင္တဲ့ေကာင္မလို႔ေလ၊ အဲ့လိုကပ္ႏိုင္ေအာင္ တမင္အနားပို႔ထားတာလည္း ပါတာေပါ့"

သူကိုယ္တိုင္ ၫွို႔ယူထားသည့္အီဂ်ူးကို ေသေသရွင္ရွင္ စည္းအတြင္းတြင္းပို႔ၿပီး ဘခ္ဟြၽန္း၏ၾကင္နာမႈႏွင့္ ယံုၾကည္မႈကို သြားေရာက္ရယူေစသည္။ ဘခ္ဟြၽန္းသည္ ခ်န္းေယာလ္၏ နယ္နိမိတ္အတြင္း ရိွေနသည္ကို လီခ်န္းဝူးမည္သို႔ သိကာ ထိုသို႔ႀကံစည္ခဲ့သလဲ ခ်န္းေယာလ္မခန္႔မွန္းႏိုင္ေသာ္ျငား ေသခ်ာသည္ကေတာ့ ခ်န္းေယာလ္သာရိွသည္ဆိုလ်ွင္ ထိုနမ္အီဂ်ူးဟာ သူ႔လက္ခ်က္ႏွင့္ပင္ ေသမည္မွာမလြဲမေသျြဖစ္သည္မို႔။ ယခုေတာ့ ဘခ္ဟြၽန္း၏ၾကင္နာမႈေၾကာင့္ အသက္ရွင္ခဲ့ျခင္းဟု ဆို၍ရသည္။

အကယ္၍ ခ်န္းေယာလ္လက္ခ်က္ေၾကာင့္ မေသလ်ွင္ေတာင္ အီဂ်ူးသည္ ခ်န္းေယာလ္၏နယ္နိမိတ္ စည္းခ်က္ေၾကာင့္ ေသသြားႏိုင္သည္။ သို႔တိုင္ လီခ်န္းဝူးအတြက္ေတာ့ အရႈံးမရိွသလို ရွင္သြားခဲ့လ်ွင္လည္း အက်ိဳးအျမတ္သာျဖစ္သည္။ မထင္မွတ္ထားသည္က အီဂ်ူး၏ အၫွို႔ခံထားရသည့္စိတ္အာရံုကို ပ်က္ျပယ္ေအာင္လုပ္လိုက္ႏိုင္ျခင္းျဖစ္သည္။ သူ၏အမိန္႔နာခံသည့္ အီဂ်ူးကို ဆံုးရႈံးလိုက္ရသည္ႏွင့္ အစီရင္ခံႏိုင္သည့္ အဆက္အသြယ္ပါ ျပတ္ေတာက္သြားျခင္းေပမို႔ ယခုျပန္လည္ေခၚယူအသက္သြင္းျခင္းသာ။ ေအာင္ျမင္၏မျမင္၏ အတိအက် မသတ္မွတ္ႏိုင္ေသး။ အကယ္၍ ေအာင္ျမင္သြားမည္ဆိုပါက အီဂ်ူးသည္ အခ်ိန္မေရြး ဘခ္ဟြၽန္းအတြက္အႏၲရာယ္တစ္ခုျဖစ္လာႏိုင္သည္။

ထို႔ေၾကာင့္ပင္ ခ်န္းေယာလ္က အီဂ်ူးစြမ္းအားကိုေလာေလာဆယ္ ထိန္းခ်ဳပ္ထားျခင္းျဖစ္ၿပီး ႏိုးလာလ်ွင္လည္း အႏၲရာယ္မျပဳႏိုင္ရန္ စည္းခ်ထားျခင္းျဖစ္သည္။ အီဂ်ူးမူမမွန္သည္ကို တစ္စံုတစ္ခု သတိျပဳမိသည္ႏွင့္ ခ်န္းေယာလ္သည္ ေတြေဝမႈမရိွ သတ္ပစ္မည္သာျဖစ္သည္။ အေတြးႏွင့္အတူ ရင္ခြင္ထဲက ဘခ္ဟြၽန္းကိုငံု႔ၾကည့္မိလိုက္ေတာ့ ထိုေကာင္ေလးက သူ႔အေတြးႏွင့္သူ နစ္ျမဳပ္ေနဆဲျဖစ္ၿပီး ခ်န္းေယာလ္အမူအရာကို သတ္မျပဳမိ။

"အရင္ဆံုး ႏိုးလာတဲ့အထိ ေစာင့္ၾကည့္ၾကတာေပါ့"

ဘခ္ဟြၽန္းသည္ ထိုမ်ွသာေျပာလာသည့္တိုင္ မ်က္ဝန္းမ်ားတြင္ စိုးရိပ္မ်ားျဖင့္။ သူ႔ေပါ့ေလ်ာ့မႈေတြဟာလည္း တစ္စိတ္တစ္ပိုင္း ပါေနသည္မို႔။

ဤသို႔ႏွင့္ ေနာက္တစ္ေန့ ေက်ာင္းေရာက္ခ်ိန္ သတင္းမ်ားၾကားခ်ိန္၌ အီဂ်ူးအေပၚစိုးရိမ္ေနသည့္ ဘခ္ဟြၽန္းအာရံုသည္ တျခားေနရာသို႔ေရာက္သြား၏။ ေက်ာင္းသားႏွစ္ေယာက္ ေဆးရံုတင္ထားရသတဲ့။ တစ္ၪီးသည္မူ ေပ်ာက္ဆံုးေနလ်က္။ ေပ်ာက္ဆံုးေနသည္ဟူေသာ တစ္ေယာက္သည္ လီခ်န္းဝူးအေရၿခံဳထားေသာ ဂ်ီဟြန္းသာျဖစ္သည္ကို သိ၍ ဘခ္ဟြၽန္းထူးထူးျခားျခား မခံစားရေတာ့ေသာ္ျငား။ ႏွစ္ၪီးက ေဆးရံုတင္ထားရသည္ဆိုသည္ကိုေတာ့ မထူးဆန္းဘဲ မေနႏိုင္။

ေသခ်ာသေလာက္ေတာ့ ယမန္ေန့ညက သူရင္ဆိုင္ခဲ့ရေသာ ထိုႏွစ္ၪီးသည္ သာမန္လူမ်ားမဟုတ္ေတာ့ေခ်။ အၾကည့္မ်ားႏွင့္ အင္အားမ်ား၊ အလ်င္မ်ားကအစ ဘခ္ဟြၽန္းေသခ်ာမွတ္မိေနပါသည္။ ေသခ်ာေပါက္ တစ္ခုတည္းေသာ နည္းလမ္းမွာ အေရၿခံဳထားျခင္းသာ ျဖစ္ႏိုင္သည္ဟု ေတြးထားျခင္းျဖစ္ေသာ္ျငား ယခုကဲ့သို႔ မေသေသးဘဲ ေဆးရံုတင္ထားရသည္ဟု ၾကားလိုက္ရေတာ့ ဘခ္ဟြၽန္းမေတြးတတ္ေတာ့။ ျပန္ေရာက္မွ ခ်န္းေယာလ္ကို ေမးၾကည့္ရမည္ဟု ေတးထားလိုက္ၿပီး တစ္ေန့လံုးဟာလည္း ထိုကိစၥေၾကာင့္ စိတ္ႏွင့္လူႏွင့္မကပ္။

"ၾကားရသေလာက္ေတာ့ ဂိုေထာင္ဘက္မွာ ေသြးေတြအိုင္ၿပီး သတိလစ္ေနတာတဲ့၊ လံုၿခံဳေရးအေစာင့္က ေသၿပီေတာင္ထင္တာ ေဆးရံုအတင္ျမန္လို႔ အသက္ရွင္တာတဲ့"

သတင္းဂုရုႀကီး ဂေယာင္ဆူး၏အသံက ဘခ္ဟြၽန္းနားထဲ ဝင္တစ္ခ်က္မဝင္တစ္ခ်က္။

"အဲ့ေကာင္ေတြ ဘယ္သူနဲ႔ ရန္ျဖစ္လဲမသိေပမယ့္ ဒီေလာက္ႀကီးတဲ့ဒဏ္ရာေတြနဲ႔ဆိုေတာ့ သတင္းေတြက ထိန္းရခက္မွာေတာ့ အမွန္ပဲ၊ မင္းလည္း အေဆာင္ကေစာေစာစီးစီး ထြက္သြားလိုက္တာ ေတာ္ေသးတယ္"

ပုခံုးတစ္ဖက္ကိုပုတ္ကာ ေျပာလာေသာ ဂေယာင္ဆူးက လက္သည္တရားခံဟာဘခ္ဟြၽန္းမွန္း သိလ်ွင္ မည္သို႔တံု႔ျပန္မလဲ မသိပါေခ်။ ဘခ္ဟြၽန္းကေတာ့ လူသားေတြမဟုတ္ေတာ့ဘူး ဆိုသည့္အသိျဖင့္ စိတ္လြတ္လပ္ေပါ့ပါးစြာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေသာ္ျငား တကယ္တမ္းဒဏ္ခ်က္ေတြကို ခံရသည္က ဘာဆိုဘာမွမသိလိုက္သည့္ လူသားေတြ ျဖစ္ေနခဲ့သည္။ ဘခ္ဟြၽန္းစိတ္ထဲေလးပင္သြားရ၏။ ျပႆနာေတြက တစ္ေန့ထက္တစ္ေန့ ပိုမိုရႈပ္ေထြးလာသလို ခံစားေနရသည္၊ ဘာကစမွားယြင္းေနမွန္းလည္း သူမသိေတာ့။

ခ်န္းေယာလ္ကေတာ့ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ အၫွို႔ခံထားရတာ ျဖစ္ႏိုင္သည္ဟုဆို၏။ တစ္ေလာကလံုးတြင္ လူတစ္ေယာက္မဆိုေလႏွင့္ စြမ္းအားရွင္တစ္ေယာက္၏စိတ္ကိုေတာင္ တျခားသူတစ္ေယာက္ျဖစ္သြားသည္အထိ ၫွို႔ယူႏိုင္သည့္သူဟူ၍ လီခ်န္းဝူးသာရိွသည္။ ခ်န္းေယာလ္က ထိုမ်ွသာေျပာၿပီး ဘာမွသိပ္ဂရုမစိုက္ခိုင္းဘဲ စာေမးပြဲသာေခါင္းထဲထည့္ခိုင္းသည္။ ထိုေန့ရက္ေနာက္ပိုင္းမ်ားဟာလည္း သိပ္ၿပီးထူးထူးျခားျခား ျပႆနာမရိွေတာ့သည္မို႔ ဘခ္ဟြၽန္းအနည္းငယ္ စိတ္ျပန္ေပါ့ပါးလာသည္။

တစ္ခုတည္းေသာ စိုးရိမ္စရာကေတာ့ အီဂ်ူးသာ၊ ထိုေကာင္ေလးသည္ တစ္ပတ္မ်ွရိွၿပီျဖစ္သည့္တိုင္ ယခုအခ်ိန္ထိ သတိမလည္လာေသး။ ေန့ရက္တိုင္းလိုလိုက အိပ္ေပ်ာ္ေနသည္ဟု ထင္ရသည့္တိုင္ ရုန္းကန္လႈပ္ရွားေနသည္မ်ားကိုလည္း ေတြ့ေနရသည္။

တစ္ခုေသာ နံနက္ခင္း၌ အီဂ်ူးသည္ ႏိုးလာခဲ့သည္။ ထိုအခ်ိန္သည္ ဘခ္ဟြၽန္းအခန္းထဲ၌ မ်က္ႏွာသစ္ေနဆဲအခ်ိန္ျဖစ္ၿပီး စိတ္အတြင္းမွ ဓားခုတ္ေကာင္ထုတ္ေျပာလာေသာ အသံေၾကာင့္ အေျပးအလႊားထြက္ၾကည့္ရျခင္းျဖစ္သည္။ အနားကပ္ဖို႔ ျပင္မိသည့္တိုင္ ခ်န္းေယာလ္သည္ခြင့္မျပဳ။ အေဝးကေနသာ အကဲခတ္ခြင့္ျပဳထားၿပီး အီဂ်ူးအျပည့္အဝ အသိျပန္လည္ရရိွခ်ိန္တြင္ေတာ့ ခ်န္းေယာလ္ခန္႔မွန္းထားသလိုမ်ိဳး ရန္လိုမႈလည္း အလ်ဥ္းမရိွသလို တိုက္ခိုက္လာမႈလည္းမရိွ။ ဤအစား ျပဴးေၾကာင္ေၾကာင္သာ ၾကည့္လာရင္း ေမးခြန္းထုတ္လာ၏။

"ဘာလို႔ ...... လဲဟင္"

အေရ႔ွကေနထိုင္ၾကည့္ေနေသာ ခ်န္းေယာလ္ႏွင့္ ဘခ္ဟြၽန္းေၾကာင့္ သူ႔ကိုယ္သူပင္ငံု႔ၾကည့္လိုက္ေသးၿပီး ျပန္လည္ေမာ့ၾကၫ့္လာပံုက ခါတိုင္းကဲ့သို႔ အူေၾကာင္ေၾကာင္ရုပ္ေလးႏွင့္။

"မင္း .... အဆင္ေျပလား"

ခ်န္းေယာလ္သည္ စူးစိုက္ၾကည့္ေနဆဲသာျဖစ္ၿပီး မေနႏိုင္သည့္ ဘခ္ဟြၽန္းကသာ စကားဟရသည္။

"ဟုတ္ ေျပပါတယ္ဗ် ကြၽန္ေတာ့္ကိုဘာလို႔ၾကည့္ေနၾကတာလဲ"

ဘခ္ဟြၽန္းျပန္မေျဖရေသးခင္မွာပင္ ခ်န္းေယာလ္သည္ ရုတ္ခ်ည္းထရပ္ကာ အီဂ်ူးအနားေလ်ွာက္သြားရင္း မ်က္လံုးမ်ားထံ ေသခ်ာစိုက္ၾကည့္သည္။ မ်က္ဝန္းမ်ားသည္ ပကတိၾကည္လင္ေနလ်က္။ သို႔တိုင္ ခ်န္းေယာလ္သည္ သတိအျပည့္ရိွသည့္သူျဖစ္သည္။

"မင္းစြမ္းအားေတြကို ေလာေလာဆယ္ငါထိန္းခ်ဳပ္ထားတာမို႔ သံုးလို႔ရၪီးမွာမဟုတ္ဘူး"

ခ်န္းေယာလ္သည္ ထိုတစ္ခြန္းသာဆိုသည္။ စြမ္းအားကို ခ်ဳပ္ထားသည္ကို ျဖည္ေပးလိုက္သည္ႏွင့္ ပံုစံတစ္မ်ိဳးမေျပာင္းလဲသြားဟု အတပ္မေျပာႏိုင္။ မ်က္ဝန္းမ်ားတြင္ ပယင္းေရာင္ေရာမေနဘဲ ၾကည္လက္ေနသည့္တိုင္ ခ်န္းေယာလ္သည္ မယံုၾကည္ပါေခ်၊ တစ္ေလာကလံုးတြင္ လီခ်န္းဝူးကဉာဏ္အမ်ားဆံုးျဖစ္သည္မို႔။

အီဂ်ူးသည္ ခ်န္းေယာလ္၏စကားကိုၾကားေတာ့ ေမးခြန္းမထုတ္ဘဲ ဘခ္ဟြၽန္းကိုသာ အားကိုးသလိုၾကည့္လာ၏။ ဘခ္ဟြၽန္းလည္း ရင္းႏွီးေနသည့္ မ်က္ဝန္းမ်ားကိုျမင္သည္ႏွင့္ အနားတိုးကပ္သြားလိုက္ေတာ့သည္။

"ဘာမွမမွတ္မိဘူးလား အီဂ်ူး"

ေျပာလိုက္ေတာ့မွ အီဂ်ူးသည္ ျပန္လည္သတိရသြားသလိုမ်က္ဝန္းမ်ားဟာ တံု႔ကနဲ။

"ကြၽန္ေတာ္ ..... မွတ္မိတာက ဟိုႏွစ္ေယာက္ေနာက္လိုက္ေနရင္းနဲ႔ ..... ဘယ္လိုျဖစ္သြားတာလဲမသိဘူး ကြၽန္ေတာ္ ....... ကြၽန္ေတာ္က ျပန္အလိုက္ခံလိုက္ရသလိုပဲ"

စဥ္းစားရင္းစဥ္းစားရင္း မ်က္ေမွာင္ၾကဳတ္သထက္ၾကဳတ္လာေသာ အီဂ်ူးအား ပုခံုးတစ္ဖက္ကပုတ္ေပးရင္း လက္ရိွအာရံုကိုျပန္လည္ ဆြဲေခၚလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ အဆင္ေျပေနတာတင္ ေတာ္ပါၿပီ"

ခ်န္းေယာလ္သည္မူ ဘာမွမေျပာေတာ့ဘဲ လွည့္ထြက္သြား၏။ ဘခ္ဟြၽန္းလည္း လိုက္သြားဖို႔ျပင္လိုက္ေသာ္ျငား အီဂ်ူးသည္ သူ႔အက်ႌစကိုဆြဲထားရင္း ခပ္တိုးတိုးေလးေျပာလာ၏။

"ကြၽန္ေတာ္ ဗိုက္ဆာတယ္ သခင္ေလး"

ဘခ္ဟြၽန္းလႊတ္ကနဲရယ္ေမာမိေတာ့၏။

အီဂ်ူးႏိုးလာသည့္အျပင္ အဆင္ေျပသည္ဟူေသာအသိက ဘခ္ဟြၽန္းစိတ္ထဲ တစ္ပူကိုေလ်ာ့သြားေစၿပီး ေနာက္ဆံုးက်န္ရိွသည္ကေတာ့ စာေမးပြဲအပူသာျဖစ္သည္။ ခရစ္စမတ္မတိုင္ခင္ ေျဖရမည္ျဖစ္သည္မို႔ ခရစ္စမတ္ေပ်ာ္မည့္အႀကံကိုလည္း ေနာက္ဆုတ္ထားရသည္။

ပိုဆိုးသည္က ခ်န္းေယာလ္ျဖစ္သည္။ ခ်န္းေယာလ္သည္ သူ႔အား ယခုရက္ပိုင္းမ်ားတြင္ ထိပင္မထိေခ်။ မနက္ခင္းမိုးလင္းတိုင္း ေမာနင္းကစ္ေပးရံုမ်ွသာ ရိွၿပီး အနမ္းပင္တိတိက်က်မရိွတာ အိပ္ရာထဲက ကိစၥဟူသည္အာရံုထဲပင္ ေရာက္မလာႏိုင္ေတာ့။ နဂိုတည္းက ေက်ာင္းစာကိစၥႏွင့္ လံုးပမ္းေနရသည္မို႔ အားေဆးလိုခ်င္သည္ဆိုလ်ွင္ ေပးသည္၊ သို႔တိုင္ အတိုင္းထက္လြန္လာလ်ွင္လည္း တြန္းထုတ္ကာ သူ႔စိတ္သူထိန္းကာ ေဝးေဝးေရွာင္သည္။

စာေမးပြဲရိွ၍ ေရွာင္ေပးေနသည္ကိုသာ မသိထားလ်ွင္ ဘခ္ဟြၽန္းက အခြင့္အေရးယူမည့္ လူယုတ္မာႀကီးႏွယ္။

ကံေကာင္းသည္က စာေမးပြဲရက္က လ်င္လ်င္ျမန္ျမန္က်ေရာက္လာျခင္းပင္။ ဘခ္ဟြၽန္းအတြက္ေတာ့ စိတ္ထဲမေလးပင္သည့္ ဤစာေမးပြဲအား ျမန္ျမန္ၿပီးဆံုးေစခ်င္သည္မွာ တစ္ၪီးတည္းေသာ ခ်န္းေယာလ္ေၾကာင့္။ သူတကယ္ ဒီစာေမးပြဲၿပီးသည္ႏွင့္ ခ်န္းေယာလ္ကို အခြင့္အေရးယူပစ္ခ်င္ေနၿပီ !

အခက္အခဲျပႆနာဟူ၍ သိပ္မရိွ။ စာေမးပြဲၿပီးသည္ႏွင့္ တန္းက်ေရာက္ေသာ ခရစ္စမတ္ေန့ေၾကာင့္ ဘခ္ဟြၽန္းအေပ်ာ္ႀကီးေပ်ာ္ေန၏။ ေန့ေကာင္းေန့ျမတ္ပင္၊ ေက်ာင္းၿပီးသြားသည့္ခံစားခ်က္ကပင္ ျမင္းေဇာင္းထဲကလြတ္လပ္သြားသည့္ ျမင္းတစ္ေကာင္လို ေပါ့ပါးသြားေစသည္ကိုမွ ႀကိဳဆိုေနသည့္ပိတ္ရက္ဟာလည္း ခရစ္စမတ္ျဖစ္ေနေတာ့ ေပ်ာ္ရႊင္တာမွ စာဖြဲ႔၍ပင္မမွီ။

"အမဲသားစားမယ္ေနာ္ ခ်န္း"

အေနာက္ကျခင္းလွည္းကိုင္ကာ လိုက္ေနေသာ ခ်န္းေယာလ္က သူဘာေျပာ​ေျပာ ေခါင္းညိတ္မည္ကို သိသည့္တိုင္ ဘခ္ဟြၽန္းေမးခြန္းထုတ္ေနမိသည္ကလည္း တစ္ခုမက မရပ္မနား။ ေက်ာင္းကဆင္းသည္ႏွင့္ ဘခ္ဟြၽန္းတို႔လည္းတန္းၿပီး မားကတ္ထဲဝင္ကာ စားဖို႔ေသာက္ဖို႔လိုအပ္သည္မ်ား ဝယ္ေနျခင္းျဖစ္သည္။ စာေမးပြဲရက္မ်ားအတြင္းေရာ မတိုင္မီကေရာ သိပ္ၿပီးထူးထူးျခားျခား အရသာခံစားခဲ့ရတာ မရိွသည့္အတြက္ ေလာေလာဆယ္ ျပင္ဆင္မည္က စပယ္ရွယ္မီႏူးသာ။

အစားအေသာက္ေတြဘက္ စိတ္ႀကိဳက္ေရြးၿပီးသည္ႏွင့္ ဘခ္ဟြၽန္းေနာက္ထပ္ ေျခလွည့္လာသည္က ခရစ္စမတ္ေန့အထူးေလ်ွာ့ေစ်းျဖင့္ မ်ိဳးစံုေရာင္းခ်ေနေသာ promotion area ထံ ျဖစ္သည္။ အထူးသျဖင့္ ခရစ္စမတ္ဝတ္စံုႀကီး။ ဒီတစ္ခါေတာ့ ဘခ္ဟြၽန္း ခ်န္းေယာလ္ကိုမေျပာေတာ့ဘဲ ခရစ္စမတ္ဘိုးဘိုးဝတ္စံုတစ္စံုအား ျခင္းထဲေကာက္ထည့္လိုက္သည္။ ခ်န္းေယာလ္၏ အာရံုသည္တျခားေရာက္ေန၍ ျခင္းထဲထည့္လိုက္သည္ကို မေတြ့လိုက္။ ေတြ့လိုက္လည္း ခ်န္းေယာလ္ကသိပ္ၿပီး ထူးထူးျခားျခားလုပ္ေနမွာမဟုတ္၊ ဘခ္ဟြၽန္းအား စိတ္ႀကိဳက္သာလုပ္ခြင့္ျပဳထားသည္မို႔။

ၿပီးသည္ႏွင့္ ေလ်ွာက္ပတ္ၾကည့္ေနဆဲမွာပင္ ဘခ္ဟြၽန္းမ်က္လံုးထဲဝင္လာသည္က သမင္ၪီးခ်ိဳကဲ့သို႔ အလွဆင္ထားသည့္ ဘီးကုပ္ေလးေတျြဖစ္သည္။ ဘခ္ဟြၽန္းသည္ ထိုသို႔ပစၥည္းမ်ား မႀကိဳက္တတ္တာ အေသခ်ာပင္။ သို႔တိုင္ ဘခ္ဟြၽန္း ထိုဘီးကုပ္တစ္ခုကို ဆြဲယူၾကည့္ကာ ခ်န္းေယာလ္ကိုလွည့္ၾကည့္လိုက္သည္။ ခ်န္းေယာလ္သည္လည္း သူ႔ထံလွည့္ၾကည့္လာၿပီး လက္ထဲက သမင္ၪီးခ်ိဳကိုျမင္သည္ႏွင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။

သို႔တိုင္ ပါးစပ္က ဘာမွမေျပာရေသးခင္မွာပင္ ဘခ္ဟြၽန္းသည္သြက္သြက္လက္လက္ပင္ ေျခဖ်ားေထာက္ကာ ခ်န္းေယာလ္ေခါင္းေပၚ ဘီးကုပ္ေလးတင္ေပးလိုက္ေတာ့၏။ သမင္ၪီးခ်ိဳႏွစ္ဖက္က ခ်န္းေယာလ္ေခါင္းေပၚတြင္ က်က်နန ထိုးထြက္လ်က္။ ခ်န္းေယာလ္သည္ ဘခ္ဟြၽန္းအား ေျပာမႏိုင္ေတာ့သည့္ႏွယ္ သူ႔ဘာသူလက္ေျမႇာက္ရင္း ဆြဲယူဖို႔ျပင္လိုက္သည့္တိုင္ ဘခ္ဟြၽန္းသည္ ၿပံဳးၿဖီးၿဖီးျဖင့္လက္ကိုဆြဲယူတားျမစ္လာ၏။

ထို႔ေနာက္ ခ်န္းေယာလ္နားထံ ေျခဖ်ားေထာက္ရင္း တိုးတိုးေလးကပ္ေျပာလိုက္သည္။

"ကြၽန္ေတာ္ ဒီခရစ္စမတ္ညက် သမင္စီးခ်င္တယ္ ခ်န္း"

ခ်န္းေယာလ္အျပဳအမူတို႔သည္ ရုတ္ခ်ည္းေတာင့္ခဲသြားေတာ့၏။

____•°•°•°

မေၾကာက္မရြံ႔ သြားဆျြပန္ပါၿပီ
အေမႊးတိုင္ထြန္းေပးထားလိုက္ၾကပါၪီး 🙏

Continue Reading

You'll Also Like

43.8K 2.9K 48
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
105K 11.3K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
77.9K 5K 43
အချစ်က မာန ကြီးလိုက်တာ
55.1K 7.8K 29
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]