π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23
Episode:24

Episode: 10

1.1K 166 172
By sunflower06h

မျက်ဝန်းစိမ်းပိုင်ရှင် Alphaအား ကိုယ်ရံတော်အဖြစ် ရွေးချယ်လိုက်သည်ဟူသော သတင်းသည် နန်းတွင်းအမှုထမ်းတို့ကြား အတော်လေး လှုပ်ခတ်စေသည့် သတင်းပင် ဖြစ်သည်။ အရှင့်နန်းသက်တောက်လျှောက် အနီးကပ် ကိုယ်ရံတော်ဟူ၍ သတ်သတ်မှတ်မှတ်ထားခဲ့ခြင်း မရှိရာ ပထမဆုံး ခန့်အပ်သည့် ကိုယ်ရံတော်က Alphaတစ်ဦး ဖြစ်နေခြင်းမှာ ပို၍ အံ့အားသင့်စေပါသည်။ ဒါ့အပြင် နောက်ဆုံးရွေးချယ်စဥ်တွင် ကျိန်းသေပေါက် ပြုတ်ပြီဟု မှန်းထားခဲ့ကြသူမို့ ပို၍ အံ့ဩကြခြင်းပင်။

ထိုသို့ အံ့အားသင့်ရသူထဲတွင် အရှင့်၏ အနီးကပ်လူယုံဖြစ်သော သမားတော်မင်မှာတော့ ထိပ်ဆုံးပင်။

"အရှင်!"

"အယ် သမားတော်မင်။ ကိုယ်တော် ခင်ဗျားကို မခေါ်ထားမိဘူးထင်တယ်"

အသက်ရှူနှုန်းများ မြန်ဆန်နေပုံအရ သိချင်ဇောဖြင့် အလျင်အမြန်ပြေးလွှားလာဟန်ပါပင်။ တယ်လည်း အိဒ္ဓြေပျက်ပါကော။

"alphaတစ်ယောက်ကို ကိုယ်ရံတော်ခန့်လိုက်တယ်တဲ့လား အရှင်။ ကျနော်ကြားထားတာ သတင်းအမှားမဟုတ်လား"

အမောပင် မဖြေရသေးခင်မှာပင် လေလုံးမဆက်သည့် အသံဖြင့် အလျင်အမြန် မေးခွန်းထုတ်လေသော သမားတော်မင်။

"ဟုတ်တယ်လေ။ ကိုယ်တော့်ရဲ့ ကိုယ်ရံတော်အသစ်က alphaပဲ။ အဲ့ဒါ ဘာဖြစ်လို့လဲ သမားတော်မင်"

"မသိလို့ မေးနေတာလား အရှင်။ အရှင် ဆေးမသွင်းဖြစ်တော့ဘူးလေ။ alphaသူစိမ်းတစ်ယောက် အနားမှာရှိနေမယ်ဆို အကျိုးနည်းကုန်မှာပေါ့ အရှင်ရဲ့"

"စိတ်လျှော့ပါ သမားတော်မင်ရယ်။ ကိုယ်တော့်ဘာသာ ကြည့်လုပ်ပါမယ်။"

"အရှင်ရယ်။ ဘယ်လိုများ စိတ်မပူပဲနေနိုင်မှာလဲ။ မတော်လို့များ မသမာတဲ့ alphaသာဖြစ်ခဲ့မယ်ဆိုရင်---"

"သမားတော်မင်ရယ်။ ခင်ဗျားနှယ်လည်း အပူအပင်က များလိုက်တာ။ အဲ့လူက စိတ်ချရတာမို့ ကိုယ်တော်ခန့်လိုက်တာပါ"

"ဒါပေမယ့်လည်း အရှင်ရယ်--"

"ဟူး...အဲဒီalphaက ဝတ်ရုံပိုင်ရှင်ပဲ သမားတော်မင်။ ရပြီလား"

မဖြေရှင်းမချင်း မေးခွန်းတို့က များပြီးရင်များမည့်ဟန်မို့ အဖြစ်မှန်ကို ဖွင့်ဟလိုက်လေတော့ စကားသံပျောက်ကာ ငြိမ်သက်သွားလေသော သမားတော်မင်။ ဘယ်လိုစကားများ ​ပြောလာလိမ့်မည်လဲဟူသော အတွေးဖြင့် အာရုံတစိုက် ကြည့်နေမိသော်လည်း အတန်ငယ်အကြာ ကြားလိုက်ရသော စကားသည်တော့ အသည်းပေါက်စရာပင် ဖြစ်သည်။

"ဟင် ဒါဖြင့်ရင် အရှင့်alphaပေါ့..."

"ဘာ အရှင့်alphaလဲ! သမားတော်မင်! ခင်ဗျားနော်!!"

ရာရာစစ သူ့alphaပဲ ဖြစ်ရဦးမည်တဲ့လား။ inner wolfက စွဲလမ်းနေတာလေ။ သူက စွဲလမ်းနေသည်မှ မဟုတ်ပဲ။ သမားတော်မင်ကတော့ မဆင်မခြင်ပြောပြန်ပါပြီ။

"စိုးရွံ့မိပါတယ် အရှင်။ စကားမှားသွားလို့ပါ"

စကားတစုံတရာ မဆက်ပဲ မျက်စောင်းခဲလာသည့် အရှင့်ပုံစံမှာ ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းနေသည်မို့ ရယ်ချင်မိသော်လည်း အမျက်ရှပါလျှင် ကောင်းကျိုးမရှိသည်မို့ သမားတော်မင် တစ်ယောက် ရယ်ချင်စိတ်ကို အမြန်ထိန်းသိမ်းလိုက်ရပါတော့သည်။ အရှင်သည် တခါတရံ သည်လိုလည်း ချစ်စရာကောင်းပါသည်လေ။

"ဝတ်ရုံပိုင်ရှင် alphaဆိုတော့ ကောင်းတာပေါ့ အရှင်။ ဖြစ်လာမယ့် ​ပြဿနာတွေရဲ့ တဝက်လောက်ကို ကြိုဖြေရှင်းပြီးသလိုဖြစ်နိုင်ပါတယ်"

"ဒါပေမယ့် တခုတော့ သတိပြုစေချင်ပါတယ် အရှင်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ alphaနဲ့ ရုတ်တရက် အနီးကပ်နေရတာကြောင့် အချိန်မတန်သေးပဲ Heatဆန်ဆန် ဝေဒနာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွက်ဆမိလို့ပါ။ ဒါကို အဲ့ဒီalphaကိုလည်း အသိပေးထားသင့်တယ်လို့ ထင်ပါတယ်"

"ကောင်းပြီ သမားတော်မင်။ သတိပေးတဲ့အတွက် ကျေးဇူးပါ။"

•••••

မုဆိုးဘဝမှ ကိုယ်ရံတော်ဘဝသို့ နေ့ချင်းညချင်းကူးပြောင်းသွားသော Alphaမှာတော့ ချက်ချင်းပင် ဘဝမြင့်သွားသည့် အနေအထားပါပင်။ အရှင့်အား အနီးကပ်စောင့်ကျပ်ရမည်မို့ အရှင့်နန်းဆောင်ရှိသော အထပ်မှာပင် အဆောင်ရရှိကာ ကိုယ်ရံတော် အဆောင်အယောင်တို့ကိုလည်း ရရှိသည်​လေ​​။

သို့သော်လည်း ဘဝမြင့်သွားသည့် အလျောက် တာဝန်တို့ကလည်း ကြီးလေးသွားသည်မို့ မလွယ်ကူပါလေ။ အရှင့်အား ပေါ်တင်ရန်ပြုဝံ့သူ နည်းသည်မို့ အင်အားသုံးရမည့်ကိစ္စ နည်းပါးသော်လည်း အချိုးမပြေသော အမှုထမ်းတို့နှင့် စိတ်ကြီးသော အရှင့်ကြား အလုပ်လုပ်ရသည်မှာတော့ အင်အားသုံးရသည်ထက်ပင် ပင်ပန်းပါသည်။

"သွားရင် သွားတော့ ကိုယ်ရံတော်ကင်မ်။ အရှင်စာဖတ်ခန်းထဲမှာ ရှိတယ်"

"ဟုတ်ကဲ့ပါ လူကြီးမင်း"

တာဝန်ခံအမတ်တဦးအား နှုတ်ဆက်ကာ စာဖတ်ခန်းသို့ ခြေဦးတည်မိသည်။ အုပ်ချုပ်သူအနေအထားဖြင့် အလုပ်ကြိုးစားနေမည့် အရှင့်၏ ပုံစံအား ခိုးကြည့်ရန် ခြေသံဖွဖွဖြင့် တံခါးကို ဖွင့်မိသော်လည်း တိတ်ဆိတ်မှုအစား မာန်ပါပါ အသံစူးစူးလေးက ဆီးကြို၍ နေလေသည်။ ထုံးစံမပျက် အရှင်နှင့် အကြံပေးကြီး၏ ရန်ပွဲစတင်ပြန်ပါပြီထင်။

"မတွေ့ဘူး! မတွေ့နိုင်ဘူး! အကြံပေးကြီးတို့က ကိုယ်တော့် ဆုံးဖြတ်ချက်ကို ဘာလို့ ဒီလောက်တောင် မလေးစားရတာလဲ!"

"ပြန်စဥ်းစားတော်မူပါ အရှင်။ ဘဏ္ဍာရေးအမတ်တို့က မျိုးရိုးသန့်တာမို့ သခင်လေးကလည်း အရှင့်အတွက်ဆို သင့်တော်တဲ့ ကြင်ယာတော်ဖြစ်မှာပါ။ သာမန် omegaတွေထက်ကို နူးညံ့ယဥ်ကျေးပြီး ထက်မြက်ပါတယ် အရှင်။ omegaတွေကို တော်ရုံအထင်မကြီးတဲ့ ကျနော်လိုလူမျိုးတောင် သခင်လေးကိုတော့ အထင်ကြီးမိတာမို့ အရှင်နဲ့ဆိုရင် နတ်ဖက်တဲ့ စုံတွဲဖြစ်နေမှာ"

နှစ်ဦးနှစ်ဖက် ပြောစကားတို့အရ ကြင်ယာတော်ကိစ္စကို ထပ်၍ ဆွေးနွေးလေဟန်တူသည်။ ကာယကံရှင်က ဆန္ဒမရှိသည်ကို အရောက်ပို့နေသော ထိုအမှုထမ်းတို့မှာ ခက်ပါသည်လေ။

"အဲ့လောက် သဘောကျနေလည်း ခင်ဗျားပဲ ယူလိုက်"

"မသင့်လျော်ကြောင်းပါ။ အို အရှင်! ဘယ်ကို သွားမလို့များလဲ"

စိတ်ဆိုးမာန်ဆိုးဖြင့် ထထွက်လာသည်မို့ တံခါးကို မာန်ပါပါဆွဲဖွင့်လိုက်သည့်အခါ မိုးရနံ့တို့ သင်း၍နေသော ရင်အုပ်ကျယ်ကျယ်အတွင်းသို့ ခြေချော်မတတ်ပင် ဖြစ်လေတော့ မျက်ဝန်းစိမ်းပိုင်ရှင်မှာ ​ပြာပြာသလဲပင် ထိန်းသိမ်းပေးလိုက်ရပြန်သေးသည်။

"အဆင်ပြေရဲ့လား အရှင်"

"သွားမယ် ကိုယ်ရံတော်ကင်မ်"

"အယ်.. ဘယ်ကိုလဲ အရှင်"

"ရှည်လိုက်တာ ​ကိုယ်တော်သွားမယ်ဆို လိုက်ခဲ့ပေါ့။ မလိုက်ရင်လည်း နေ။ ကိုယ်တော့်ဘာသာ သွားမယ်"

မိမိပြောချင်သည်ကိုသာ ဆက်တိုက်ပြော၍ ခပ်ဆောင့်ဆောင့်ထွက်သွားသော အရှင် လာဗင်ဒါလေးသည် တယ်လည်း စိတ်ကြီးပါသည်လေ။ သို့ပေတည့် ထိုသို့ စိတ်ဆတ်သည့် ပုံစံလေးကပင် ဘာကြောင့် ချစ်ဖွယ်အတိဖြစ်နေသည်မှန်း ထယ်ဟျောင်းကိုယ်တိုင်လည်း မဝေခွဲတတ်တော့ပါ။ ခပ်ကြောင်ကြောင်ကြည့်နေသော အကြံပေးကြီးအား နှုတ်ဆက်ကာ အရှင့်​ခြေလှမ်းကို မှီစေရန် အပြေးလိုက်ရပါတော့သည်။

•••••

မြို့တွင်းသို့ လာခဲ့ရာ နှစ်ဦးသားလုံး ဝတ်ရုံရှည်တို့ကို လုံခြုံစွာ ဝတ်ဆင်ကာ ရုပ်ဖျက်၍လာခဲ့သည်မို့ အရပ်သားတို့ တဦးတလေမျှ ရိပ်မိခြင်းမရှိခဲ့ကြ။ အရှင့်အပြင် ကိုယ်ရံတော်ကင်မ်ပါ ရုပ်ဖျက်ရခြင်းသည်တော့ ကိုယ်ရံတော်ပြိုင်ပွဲမှ ကျော်ဇောသွားသော ဂုဏ်သတင်းကြောင့်ပင် ဖြစ်သည်။ နန်းတွင်းထဲတွင် စိတ်ရှုပ်ခဲ့ရခြင်းသည် နေရာအပြောင်းအလဲဖြစ်သွား၍လား မသိ အနည်းငယ်တော့ သက်သာပါသည်လေ။

လူထူထပ်သည့် မြို့တွင်းမှ ဈေးကြီးရှိရာသို့ ရောက်လေတော့ ပွဲတော်ရက်မဟုတ်ပဲ ခါတိုင်းထက်ပင် ပို၍ စည်ကားကာနေသည်မို့ လမ်းသွားလမ်းလာ အချို့ထံတွင် စပ်စုမိတော့ ကုန်သည်တစ်ဦးက အခြားတိုင်းပြည်မှ ပစ္စည်းတို့ကို ရောင်းချမည်ဆိုသည်ကြောင့် ဖြစ်သည်ဟူ၍ အာရုံရောက်မိတော့သည်။ Eldoraနှင့် အခြားတိုင်းပြည် ကူးလူးဆက်သွယ်ရန်သည် မြေနေရာအနေအထားအရ လွယ်ကူသည့် အခြေအနေမဟုတ်သည်ကြောင့် ကျိန်းသေပေါက် စုံစမ်းမှ ဖြစ်ချေလိမ့်မည်လေ။

"ဟင်...ခရမ်းစွဲကျောက်တွေ"

သယံဇာတကြွယ်ဝသည့်တိုင် ခရမ်းစွဲကျောက်တို့သည် Eldoraမြေတွင် ထွက်ရှိခြင်း မရှိသည်မှာ နှစ်ရှည်ကြာပြီ မဟုတ်လား။ မိမိသရဖူမှ ခရမ်းစွဲကျောက်တို့သည်ပင် မယ်မယ့်၏ ဘိုးဘွား အမွေအနှစ် လက်ကောက်ကိုဖျက်၍ ပြုလုပ်ထားသည်မို့ သည်လိုဈေးထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်သည်မှာ အံ့ဩဖွယ်ရာပင်။

"ဒါတွေ ဘယ်က ရတာလဲ"

"ကျုပ် စားပေါက် ပိတ်မယ့်ဟာမျိုးကို ပြောစရာလား"

"ဒီလူကတော့---"

အမျက်ထွက်နေသော အခံကလေးနှင့် ဘုဆတ်ဆတ်ဆိုင်ရှင်၏ အပြောတို့ကြောင့် လိုရင်းမရောက်မည်ကို ကြိုခန့်မှန်းမိသော မျက်ဝန်းစိမ်းပိုင်ရှင် alphaက သက်ပြင်းချကာ စွာတေးလေး အရှင်အား လက်ကာ၍ တားလိုက်ပြီး

"စားပေါက်ပိတ်အောင်တော့ ကျုပ်တို့က လုပ်ပါ့မလား ကုန်သည်ကြီးရယ်။ ကျောက်တွေက သိပ်လှတာမို့ သိချင်ရုံပါ။ ခင်ဗျားနေရာပြောပြရင်တောင် ကျုပ်တို့က သွားမှမသွားတတ်ပဲ"

သည်လိုကျပြန်တော့လည်း စကားပြောတတ်သားပဲဟု ကောက်ချက်ချကာ တည်ခင်းရောင်းချထားသော ပစ္စည်းအချို့ကိုသာ အကြည့်ပို့မိတော့သည်။

"ဟင်း... မင်းက စကားအပြောတတ်တော့ မင်းကို ပြောပြမယ်။ မိုးမခတောနဲ့ ကျောက်ဆောင်တွေရဲ့ အလွန်၊ တော်တော်လေး လှမ်းတဲ့နေရာမှာ တိုင်းပြည်တစ်ခု ရှိတယ်။ အဲ့ကနေ ရလာခဲ့တာ။ သွားလို့တော့ မလွယ်ဘူး။ လမ်းခရီးကြမ်းလို့ အန္တရာယ် သိပ်များတယ်။ ကျုပ်တောင် ကံကောင်းလို့ မသေတာ"

"မလွယ်ကူတဲ့ ခရီးပဲ။ အသက်ရှင်လျက် ပြန်ရောက်လာနိုင်တာ ဦးလေး တော်တော်ကံကောင်းတယ်"

"ဒါပေါ့။ မင်းက ကြင်နာတတ်လိုက်တာ။ ဘေးကတစ်ယောက်နဲ့ကွာပါ့"

"သူစိတ်မကြည်နေလို့ပါ။ တကယ်တမ်း စိတ်ကောင်းရှိတဲ့သူတစ်ယောက်ပါပဲ။ အမြင်လည်း ပွင့်လင်းပြီးတော့ အရည်အချင်းလည်းရှိ-- "

"ရပြီ။ ရပြီ။ ငါမှားတာ။ ငါမှားပြောမိတာ။ စုံတွဲတွေများလား မသိ။ ငါတော့ ပြောမိတာ မှားသွားတာပဲ တောင်းပန်တယ်ဟေ့"

"စုံတွဲတွေ မဟုတ်ပါဘူးနော်!"

သူ့ဘက်မှ ငြင်းဆန်ခြင်း မပြုရသေးမှီမှာပင် အတိအလင်းငြင်းလာသော အရှင်လာဗင်ဒါလေး၏ အသံမှာ စိတ်အနှောင့်အယှက်ဖြစ်နေခြင်းကြောင့် မာန်စွယ်ဟပ်သည်ထက် ခပ်စာစာလေး ဖြစ်ကာနေလေသည်။

"မင်းကိုလည်း မမေးပါဘူး။ စွာလိုက်တာ တကတည်း"

"ဒီလူကြီးကတော့ အတင့်ရဲလိုက်တာ"

"လာဗင်ဒါ။ တော်ပြီလေနော်။ ဟိုဘက်ကို သွားကြရအောင် လာ"

ပို၍ အရှည်အရှည် မဖြစ်လေရအောင် ပုခုံးမှဆွဲကိုင်ကာ လမ်းတစ်ဖက်သို့ ဦးတည်မည်လုပ်တော့ စိတ်ဆတ်သူလေးက ပုခုံးကို တွန့်ချကာ

"မထိနဲ့ ကိုယ့်ဟာကို သွားမယ်"

"အင်း အင်း။ ဒါဖြင့်ရင်လည်း ရှေ့ကသွားနော်"

အတင်းအကျပ်လုပ်လျှင်လည်း alphaမို့ အနိုင်ကျင့်သည်ဆိုကာ စိတ်ခုဦးမည်မို့ စိတ်ချမ်းသာစေရန်သာ လိုက်လျောပေးလိုက်တော့သည်။ စိတ်လက်မကြည်သာသော လာဗင်ဒါလေးနှင့် တစ်နေ့တာ ကုန်ဆုံးရမည်မှာ တွေးကြည့်ရုံနှင့်ပင် မလွယ်ကူပါလေ။

"တခုခုစားချင်လား အရှင်။ ဈေးထဲက ဘာဝယ်ပေးရမလဲ"

"ဘာမှမစားချင်ဘူး။ မိုးမခတောကို သွားရအောင်။ ခင်ဗျားပါ လိုက်ခဲ့"

"ရုတ်တရက်ကြီး ဘာလို့များလဲ အရှင်။ မဟုတ်မှလွဲရော heat...?"

"ဘာတွေ လျှောက်ပြောနေတာလဲ။ အဲ့တောထဲ heatဖြစ်မှ သွားရမယ်လို့ သတ်မှတ်ချက်ရှိတာမှ မဟုတ်ပဲ"

"ဟုတ်ပါပြီ။ ကျုပ်စကားပြောမှားသွားလို့ပါ။"

"အာ...ဒါနဲ့ မြင်းက တစ်ကောင်ပဲပါတော့ အဆင်ပြေပါ့မလား"

"ရပါတယ် ကျုပ်ခြေလျင်လိုက်ခဲ့မယ်လေ အရှင်"

အရှင့်၏ စီးတော်မြင်းကိုပါ တပါတည်းယူလာလျှင် လူအများရိပ်မိမည်စိုးသည်ကြောင့် ကိုယ်ရံတော်၏ မြင်းကိုသာ ယူဆောင်ခဲ့၍ အရှင့်ကို စီးနင်းစေခဲ့သော်လည်း ကျယ်ပြန့်သော မိုးမခတောအတွင်းသို့ တစ်ဦးကမြင်းဖြင့်သွား၍ တစ်ဦးက ​ခြေလျင်လိုက်ရန်မှာ မလွယ်ကူသော ကိစ္စပင်ဖြစ်သည်လေ။

"ခင်ဗျားကိုယ်ခင်ဗျား စွမ်းအားရှင်ကြီးလို့များ ထင်နေသလား ကင်မ်ထယ်ဟျောင်း။ ကိုယ်တော်သွားမယ့်နေရာကို ခြေလျင်သာလိုက်မယ်ဆို ကိုယ်တော် မြို့ထဲပြန်ရောက်တောင်  ခင်ဗျားအဲ့နေရာကို ရောက်မှာ မဟုတ်ဘူး"

"ဒါဖြင့်ရင် ဘယ်လိုလုပ်စေချင်လို့လဲ အရှင်ရဲ့။ နှစ်ယောက်လုံး ခြေလျင်သွားရင်လည်း နန်းတော်ကို အချိန်မှီပြန်ရောက်မှာ မဟုတ်ဘူးလေ"

alpha၏ စကားနောက်တွင်တော့ အရှင် အနည်းငယ် ခေါင်းစားသွားရသည်။ မိုးမခတော၏ အကျယ်အဝန်းသည် နည်းနည်းနောနောမှမဟုတ်ပဲ။ တောနက်တွင်းရှိသော ရေကန်ဆီသို့သွားသည့် ခရီးသည် ခြေလျင်သွားပါလျှင် ကျိန်းသေပေါက် နေ့ချင်းပြန်နိုင်မည့် အကွာအဝေးမဟုတ်ပေ။

"အတူတူ...စီးရင်ကော...."

"သင့်တော်ပါ့မလား အရှင်"

"တခြားနည်းကော ရှိသေးလို့လား။ ခုစိတ်အခြေအနေနဲ့ နန်းတော်ကိုလည်း ပြန်မသွားချင်ဘူး။ နောက်ပြီး ခင်ဗျားဘက်က မရိုးမသား အတွေးမရှိဘူးဆိုရင် ဘာမှ အန္တရာယ်ဖြစ်စရာမရှိဘူးလေ"

alphaတစ်ဦးနှင့် အနီးကပ်ရှိရမည်ကို သက်တောင့်သက်သာမဖြစ်မည် စိုးသည်ကြောင့် မေးခွန်းထုတ်မိသော်လည်း အရှင်လာဗင်ဒါလေး စကားကြောင့် သူကနှာဘူးလုံးလုံး ဖြစ်ရမည့် အနေအထားပါပင်။ ရှင်ဘုရင်ဖြစ်သည့်အပြင် စိတ်ဆတ်နေသည့် အချိန်အခါမို့ သဘောထားကြီးသော သူကသာ ခွင့်လွှတ်ပေးလိုက်ပါတော့မည်လေ။

"ခင်ဗျား ရှေ့က မတက်ဘူးလား"

"ကျုပ်ရှေ့ကတက်ရင် အရှင် ရှေ့ကို ဘယ်မြင်ရပါ့မလဲ"

alpha၏ စကားတို့က မမှားယွင်းပါလေ။ အရှင်သည် သာမန် omegaများထက် ထွားကျိုင်းသော ခန္ဓာရှိသော်လည်း alphaပီပီ အရပ်အမောင်းကောင်း၍ ပုခုံးကျယ်သော ထယ်ဟျောင်းထက်တော့ သေးညှက်သည်မို့ ​နောက်မှ စီးရန်မှာ မဖြစ်နိုင်ပါလေ။ သို့သော်လည်း သူ့အား သွယ်ဝှိုက်သော နည်းလမ်းဖြင့် သူ့အား အကောင်သေးသည်ဟု နှိမ်ချလိုက်လေသယောင်မို့ ထိုalphaအား အနည်းငယ်တော့ စိတ်ခုမိသည်ပင်။

"သိတယ်။ ဒီတိုင်းမေးတာ။ တက်တော့"

တဖက်မှ ထယ်ဟျောင်းသည်တော့ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရတော့သည်။ ဩဇာအာဏာကြီးသော တိုင်းပြည်၏ အရှင်သခင် လာဗင်ဒါလေးသည် စိတ်ကြီးသလောက် စိတ်ဆတ်နေသည့်အချိန်မှာပင် အသည်းယားစဖွယ်ဖြစ်နေသည်မှာ အရှင့်၏ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်လိမ့်မည်ထင်ပါသည်လေ။

•••••

မိုးမခတောတွင်းသို့ ခရီးဆက်လာသည့်တောက်လျှောက် မြင်းခွာသံနှင့် တောတွင်းအကောင်ငယ်လေးတို့၏ အော်မြည်သံမှလွဲ၍ အခြားအသံကြားရခြင်းမရှိ။ မြင်းပေါ်ရှိ အရှင်နှင့် မျက်ဝန်းစိမ်းပိုင်ရှင်သည်လည်း စကားတခွန်းတလေမျှ ဟခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထယ်ဟျောင်းက ​အရှင့်နောက်မှ နေ၍ မြင်းဇက်ကြိုးကို ဆွဲကိုင်ထားသည်မို့ သိုင်းဖက်ထားသယောင် အနေအထားသည် အတော်လေးပင် စနိုးစနှောင့်ဖြစ်လောက်စရာ အနေအထားပင် ဖြစ်သည်လေ။

"ဒီနေ့မှ တောက ပိုနက်သလိုပဲ"

"အင်း မွှေးနေတာပဲ"

"ဘာရယ်?"

"အိုး စိုးရွံ့ပါတယ် အရှင်။ တောပန်းအနံ့လေးတွေ မွှေးလို့ အာရုံပြန့်သွားလို့ပါ။ အရှင် ဘာပြောလိုက်တာများလဲ"

ပူးကပ်နေသည့် ခန္ဓာကိုယ်ကြောင့် ပို၍ထင်းလင်းစွာ ရနေသော လာဗင်ဒါအနံ့တွင် ယစ်မူးနေမိစဥ် ရုတ်တရက် စကားဆိုလာသော အရှင်ကြောင့် တွေးမိတွေးရာ ဆင်ခြေကို ပေးလိုက်မိသည်။ သစ်ရွက်စိမ်းစိမ်းတို့မှတပါး မရှိသော နေရာတွင် တောပန်းအနံ့ဖြင့် ဆင်ခြေပေးလိုက်သည်က အနည်းငယ်တော့ အူကြောင်ကြောင်နိုင်လှသော်လည်း စိတ်မကြည်သည်ကြောင့် အာရုံမထားနိုင်သော အရှင်လေးမှာ ရိပ်မိဟန်မပေါ်ပါလေ။

"တောက ဒီနေ့မှ ပိုနက်သလိုပဲလို့"

"အမြန်ရောက်ချင်ရင် အဲ့လိုပဲလေ အရှင်။ ကျုပ်တို့ရောက်ခါနီးပါပြီ။ အိုအေစစ်လေးကိုသွားမှာမလား"

"အင်း။ ခင်ဗျားဘယ်လိုသိတာလဲ"

"ဒီတောထဲမှာ အရှင့်ကို တွေ့ခဲ့တဲ့ နှစ်ကြိမ်တိတိက အဲ့နေရာမှာမို့ အခုလည်း အဲ့ကိုသွားမယ်လို့ ခန့်မှန်းမိလို့ပါ"

"ဟင် ဒါဆိုရင် အဲ့တုန်းက ကိုယ်တော်ရေချိုးတာကို ချောင်းကြည့်နေခဲ့တာ ခင်ဗျားပေါ့?"

"အဲ့... အဲ့ဒါက မတော်တဆပါ အရှင်"

"ခင်ဗျား!!! ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်တော်ဆီ ချဥ်းကပ်ခဲ့တာမလား ဟမ်?!"

"မဟုတ်ဘူးလေ အရှင်ရဲ့။ စိတ်-စိတ်လျှော့ပါ"

"မလျှော့နိုင်ဘူး ခုလည်း တမင်အခွင့်အရေးယူဖို့ နောက်ကစီးတာမလား။ ဖယ်! ကျုပ်ဘာသာ လမ်းဆင်းလျှောက်တော့မယ်"

"အရှင်! အို အရှင်နဲ့တော့ ခက်ရချည်ရဲ့"

မြင်းပေါ်မှ ဆင်းကာ ဘောက်ဆတ်ဆတ်ဖြင့်လျှောက်သွားသော အရှင်လာဗင်ဒါလေးက သူ့အား အမှန်ပင် အမျက်ရှသွားပုံမို့ ပြေးလိုက်ရမည်လား နေခဲ့ရမည်လား ကြောင်အန်းအန်းဖြင့်သာ ကြည့်နေမိသည်။ သို့သော်လည်း အရှင်လေး၏ ဦးတည်ရာကို မြင်သည့်အခါတွင်တော့ မျက်စိများပင် ပြာဝေမတတ်ဖြစ်ရလေတော့သည်။ ကိုယ်ရံတော် မဖြစ်ခင် မုဆိုးဘဝက မိမိလုံခြုံမှုအတွက် သားရဲထောင်ချောက်အချို့ ပြုလုပ်ထားခဲ့သည်မဟုတ်လား။ အရှင်လေး၏ ဦးတည်ရာသည် သူ့ခန့်မှန်းချက် မမှားပါလျှင် ထောင်ချောက်ရှိရာသို့ပင်ဖြစ်သည်လေ။

"အရှင် အဲ့ဘက်ကို မသွား----"

တားလိုက်သည့် စကား မဆုံးသေးခင်မှာပင် သစ်ရွက်​ခြောက်တို့ဖြင့် ဖုံးထားသော မြေတွင်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကျသွားလေသော Eldoraအရှင်။ ဒေါသပေါ် ဒေါသဆင့်ကာ မင်းမျက်သင့်မည့် အနေအထားမို့ သာမန်လူသာဆို ထွက်ပြေးပုန်းရှောင်လောက်မည်ဖြစ်သော်လည်း ထယ်ဟျောင်းမှာတော့ စိုးရိမ်မှုဖြင့် အနီးသို့ အလျင်အမြန်ပြေးသွားမိတော့သည်။

"လာဗင်ဒါ--အဲ့--အရှင်... အဆင်ပြေရဲ့လား"

"မေးခွန်းတွေ မများပဲ ဒီကတက်လို့ရအောင်သာ လုပ်ပေး"

"ခဏလေးပါ အရှင် နွယ်ကြိုးသွားရှာလိုက်ဦးမယ်"

ကံကောင်းထောက်မ၍ ခပ်လှမ်းလှမ်းတွင် နွယ်ကြိုးတစ်ခုကို တွေ့ရသည်မို့ အလျင်အမြန်ပင် ပြေးယူကာ ချပေးလိုက်သေယ်လည်း အရှင်လာဗင်ဒါလေးသည် အခြားပြဿနာ ရင်ဆိုင်နေရပုံပါပင်။

"ခြေထောက်က ထောက်မရဘူးလား အရှင်?"

"ရတယ်... ကိုယ်တော် ကြိုးစားကြည့်ဦးမယ်"

"ကျစ်! လာဗင်ဒါရာ"

တခဏတွင်းမှာပင် မြေတွင်းထဲသို့ ခုန်ချလာသည့် ထိုalphaကြောင့် အရှင့် မျက်လုံးလေးများပင် ဝိုင်းစက်သွားသည်အထိ။ မြေတွင်းထဲကလူကို ကယ်ရမည့်အစား ခုန်ချလာသည့် ကင်မ်ထယ်ဟျောင်းက တမင်ပဲ လုပ်သည်လား တုံးလွန်းသည်လား မဝေခွဲတတ်တော့။

"ခင်ဗျား ဘာလို့ ဒီထဲခုန်ဆင်းလာတာလဲ။ ရူးနေတာလား"

"ခြေထောက်က အဆင်ပြေရဲ့လား"

"မေးတာကို ဖြေစမ်းပါ။ ခင်ဗျားဆင်းလာရင် အပေါ်က ဘယ်သူဆွဲတင်မှာလဲ မြင်းကလား"

"အပေါ်ရောက်ဖို့ ကိစ္စက ကျုပ်ကြံနိုင်ပါတယ်။ အရှင် ခြေထောက်ဒဏ်ရာ ရသွားတယ်ထင်လို့ ဆင်းလာတာ။ ထောက်လို့ရရဲ့လား ခြေထောက်က"

အဖြေစကားမပြုပဲ ငြိမ်နေသော အရှင်လာဗင်ဒါလေးကြောင့် သက်ပြင်းရှည်တစ်ခုကိုသာ ချကာ ခြေကျင်းဝတ်အား ဆွဲကိုင်လိုက်မိတော့ မျက်ခုံးတန်းလေးများ တွန့်ချိုးသွားသည်မို့ ခြေထောက်ခေါက်သွားကြောင်း ရိပ်စားမိလိုက်တော့သည်။

"မထိနဲ့လေ နာတယ် အရူးရဲ့"

"ခြေထောက်ထိသွားတယ်ဆို ပြောမှပေါ့ အရှင်"

"သေးသေးမွှားမွှား ဒဏ်ရာကို ဇာချဲ့နေစရာမှ မလိုတာ"

"ထောက်လို့တောင် မရတာကို ဘယ်လိုလုပ် သေးသေးမွှားမွှား ဒဏ်ရာဖြစ်မှာလဲ"

"ခင်ဗျား ဘာလုပ်---ဟာ!"

တခဏတွင်းမှာပင် ဂုတ်ပေါ်သို့ ပင့်ချီပေးလိုက်သော ထိုalphaကြောင့် အရှင့်မှာ တုံ့ပြန်ချိန်ပင် အသေအချာ မရလိုက်ပါလေ။ တခါတရံ မပြောမဆိုနှင့် ဇွတ်လုပ်တတ်သော ထိုalphaနှင့်ရှေ့လျှောက် ဘယ်လိုများ စခန်းသွားရပါ့မလဲ

"ဒီလိုဆို အပေါ်ကို မှီတယ်မလား အရှင်။ တွယ်ပြီး တက်လိုက်ပါ။ ပြီးမှ ကျုပ်ကို နွယ်ကြိုးပြန်ချပေးလိုက်"

တောတွင်း၌ ကျင်လည်ခဲ့သူမို့ ထယ်ဟျောင်း၏ အကြံအစည်မှာ ကျိန်းသေပေါက် အလုပ်ဖြစ်လေသည်။ သို့သော် အပေါ်သို့ရောက်ပြီးကာမှ ပညာပေးချင်သည်မို့ အရှင်၏ ညစ်ကျယ်ကျယ် အကြံအစည်လေးက စတင်လာတော့သည်။

"အရှင်။ ကျုပ်ကို နွယ်ကြိုးချပေးဦးလေ"

"မချပေးဘူး။ ခင်ဗျားဘာသာ တက်ခဲ့"

"ဟာ အရှင်။ အဲ့လိုမလုပ်ရဘူးလေ"

"ခင်ဗျားထောင်ထားတဲ့ ထောင်ချောက်ဆို? ခင်ဗျားဘာသာ တက်တတ်မှာပေါ့။ ခင်ဗျားဘာသာ ခုန်ဆင်းခဲ့တာ မဟုတ်လား"

"မဟုတ်ဘူးလေ။ ကျုပ်က စွမ်းအားရှင်လည်းမဟုတ်ပဲ ဘယ်လိုလုပ် လက်ဗလာနဲ့ တက်နိုင်မှာတုန်း"

"အရှင်။ ကျုပ်ကို နွယ်ကြိုးချပေးလို့"

alpha၏ စကားတို့အား မသိကျိုးကျွံပြုကာ အရှင်လေးမှာ အကျေနပ်ကြီး ကျေနပ်နေတော့သည်။ မြင်းစီးလာသည့် တောက်လျှောက် လိုအပ်သည်ထက်ပို၍ နီးနီးကပ်ကပ် နောက်မှ ထိုင်ကာ အသားယူလာကတည်းက ထိုalphaကို မကြည်ခြင်းဖြစ်သည်မို့ ယခုလို အခွင့်ရတုန်း အနိုင်ယူလိုက်ရသည်က အင်မတန် စိတ်ချမ်းသာစရာဖြစ်သည်လေ။ နောက်ပြီး သူ့ပညာပေးနည်းသည် တပါးသူလည်း ထိခိုက်သည်မှမဟုတ်ပဲ။

"ဟင် အခု ပြုံးနေတာလား အရှင်"

မြေတွင်းထဲ ဒုက္ခရောက်နေသည့် အချိန်တောင် အမှတ်တမဲ့ သူ့မျက်နှာထားအား မြင်ဖြစ်အောင်မြင်လိုက်သေးသော ထိုalphaက မျက်စိလျင်လွန်းသည်လားပင် မဝေခွဲတတ်တော့ပါ။ ချက်ချင်းပင် မျက်နှာကို တည်၍ လည်ချောင်းရှင်းကာ

"မဟုတ်ပါဘူး။ ခင်ဗျား အမြင်မှားနေတာ"

"မဟုတ်တာ အရှင် ခုလေးတင် ပြုံးလိုက်ပါတယ်။ အဲ့လိုလေး နေပါလား။ မျက်မှောင်ကြုံ့ထားတာထက် အများကြီး ပိုလိုက်ဖက်တယ်"

"ဒါက ကိုယ်တော့်ကိစ္စပါ"

"ဒီလိုသာ အပေါက်ဆိုးနေမယ်ဆိုရင် ဘယ်alphaမှ ကြိုက်မှာ မဟုတ်ဘူးနော်"

alpha၏ ရွှတ်နောက်နောက်စကားက ပြေလုနီး  အရှင့်၏ ဒေါသကို ပြန်၍ ဆူပွက်စေသည်မို့ ချပေးရန် စိတ်ကူးရှိသော နွယ်ကြိုးကိုပင် ပြန်သိမ်းလိုက်မိတော့သည်။ နှုတ်စည်းမစောင့်သည့် alphaကတော့ ကိုယ့်ဒုက္ခဖြင့်ကိုယ်သာ ခံပေရော့။

"omegaဆိုတိုင်း alphaတွေ အကြိုက်ကို လိုက်ဖို့ပဲ မွေးဖွားလာ​ကြတယ်လို့ ထင်နေလား ခင်ဗျား?"

"ဟာ မဟုတ်တာ။ ကျုပ်က စတာပါ အရှင်ရဲ့။ သဘောမကျရင် မပြောတော့ပါဘူး"

"မသိဘူး။ ခင်ဗျား ကိုယ့်ဒုက္ခ ကိုယ်ရှာတာမို့ အဲ့ထဲမှာပဲ နေလိုက်တော့။ ကိုယ်တော် ပြန်ပြီ"

"ဟင် ဒါနဲ့ မြင်းကော? "

ခြေထောက်မှ နာသည့် ဒဏ်ကို မသိကျိုးကျွံ ပြုကာ ထော့နင်းထော့နင်းဖြင့် မြင်းရှာပုံတော် ဖွင့်နေမိသည်ကြောင့် မြေတွင်းနံရံကို ဓားဖြင့်ထောက်ကာ ပြန်တက်လာသော alphaအား သတိမပြုမိသော အရှင်။

"အရှင်"

"ဟင် ကင်မ်ထယ်ဟျောင်း။ ခင်ဗျား ဘယ်လိုဖြစ်ပြီး"

"ဓားနဲ့ထောက်ပြီး တက်လာခဲ့တာလေ အရှင်။ ကျုပ်တော်တယ်မဟုတ်လား"

"ကျစ်။ အပေါ်ရောက်ရင်လည်း ပြီးရော။ မြင်းဘယ်ရောက်သွားလဲမသိဘူး။ တချက်ရှာပါဦး"

"ဟုတ်ပါရဲ့။ မြင်းဘယ်ရောက်သွားပါလိမ့်"

မြေပြင်ပေါ်ရှိ မြင်းခွာရာတို့၏ ဦးတည်ချက်အရ လာရာလမ်းအတိုင်း ပြန်ပြေးသွားခဲ့ပုံမို့ ယခုချိန်မှ အမှီလိုက်ရန်မှာမဖြစ်နိုင်တော့ပါလေ။ မြေတွင်းထဲမှ ပြန်ထွက်လာနိုင်ခဲ့သည့်တိုင် ချက်ချင်းဆိုသလို နောက်ထပ်ပြဿနာတစ်ခုနှင့် ရင်ဆိုင်လာရသည့်အခါတွင်တော့ အရှင်လာဗင်ဒါလေး သည်းမခံနိုင်တော့ပါ။

"ကင်မ်ထယ်ဟျောင်း!!"

"စိုးရွံ့ပါတယ် အရှင်။ စိုးရွံ့မိပါတယ်"

"ခင်ဗျားဟာလေ တကယ်ပဲ! ပေါ့ပေါ့ဆဆနဲ့"

"ကျုပ် အရှင့်ကို စိတ်ပူသွားတာနဲ့ မြင်းကို အာရုံမရောက်လိုက်ဘူး ဖြစ်သွားလို့ပါ။ ခုတော့ စိတ်လျှော့ပြီး ခြေထောက်ဒဏ်ရာကို အရင်ကြည့်ရအောင် အရှင်။ နန်းတော်ပြန်ရောက်ရင် ကျုပ်ကို ကြိုက်ရာ အပြစ် ပေးနိုင်ပါတယ်"

"တော်ပြီ။ တကယ်ပဲ စိတ်ကုန်လိုက်တာ။ အာ့--"

စိတ်ရှုပ်စွာဖြင့် ထိုalpha၏ အဝေးသို့ သွားမည်ပြုသော်လည်း ခြေထောက်မှ ဒဏ်ရာကြောင့် ခွေယိုင်ကျမတတ် ဖြစ်ရလေတော့ ပို၍ ဒေါသထွက်လာတော့သည်။ ဘာကြောင့် အဆင်မပြေမှုများသာ ဆက်တိုက်ဖြစ်နေရသည်လဲ

ထော့နင်းထော့နင်းဖြင့် ခပ်ဆတ်ဆတ် လျှောက်သွားသော ကျောပြင်ငယ်ကိုကြည့်ကာ သက်ပြင်းရှည်ချမိသူကတော့ မျက်ဝန်းစိမ်းတို့ပိုင်ရှင်ပင်။ ခြေထောက် ဒဏ်ရာရထားသည်ကိုတောင် စိတ်ကြီးနေသေးသော အရှင်လာဗင်ဒါလေးသည် အမှန်ပင် ခက်ပါပေကော။

ခြေထောက် ဒဏ်ရာရနေသည့်ကြားမှ သည်အတိုင်း ဆက်သွားနေပါလျှင် ပိုဆိုးရန်သာရှိသည်မို့ အပြေးသွား၍ ပွေ့ချီလိုက်မိတော့ မျက်ဝန်းဝိုင်းဝိုင်းလေးတို့က ပို၍အဆမတန်ပြူးကျယ်သွားကာ

"ဘာလုပ်တာတုန်း!"

"ငြိမ်ငြိမ်လေး လိုက်ခဲ့ပါ အရှင်။ ဒီလိုမျိုး ခေါင်းမာနေမယ်ဆို ဒဏ်ရာကပိုဆိုးလိမ့်မယ်"

"ချပေး ငါ့ကို! alphaဆိုပြီး အနိုင်ကျင့်တာလား ခင်ဗျား"

ဒေါသအိုးလေးအား စကားနိုင်လုလေ ပိုဆိုးလေဖြစ်မည်ကြောင့် ဘာမှမပြောတော့ပဲ ဦးတည်ရာ အိုအေစစ်လေးဆီသို့သာ ချီပိုးသွားလိုက်မိတော့သည်။ နန်းတော်ရောက်မှ အမျက်ရှချင်လည်း ရှပါစေလေ။ လောလောဆယ်တော့ အရှည်အရှည်မဖြစ်ရအောင် ဆိတ်ဆိတ်နေခြင်းကသာ အကောင်းဆုံးပင် ဖြစ်ပါလိမ့်မည်လေ။

•••••

အိုအေစစ်လေးသို့ ရောက်ကတည်းက မျက်ဝန်းစိမ်းalphaမှာ ပို၍အလုပ်ရှုပ်တော့သည်။ ဒဏ်ရာအား ရေအရင်ဆေးကာ ဘယ်ကရှာလာမှန်းမသိသော ဆေးမြစ်အချို့ လိမ်းပေးသည်။ ထို့နောက်တွင် အဝတ်စကို ဖြဲကာ ပတ်တီးသဖွယ် စီးပေးသည်။ ဆေးဆရာသဖွယ် ​ကျွမ်းကျင်နေခြင်းမဟုတ်သည့်တိုင် အရေးပေါ်တော့ ကုသနိုင်စွမ်းသည်ကြောင့် အရှင့်မှာ စိတ်ထဲမှ ကြိတ်၍တော့ ချီးကျူးမိပါသေးသည်။

"ရပြီ။ လောလောဆယ်တော့ မလှုပ်ရှားပါနဲ့ဦး အရှင်"

"ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ ခင်ဗျားက။ ဒါပေမယ့် အပြစ်တွေက များတော့ စိတ်တိုသေးတယ်"

"ဟုတ်လား။ ဘာတွေများလဲ ပြောပြပါဦး လာဗင်ဒါရဲ့"

ကျောက်ဆောင်ကို လက်ထောက်ကာ ခပ်ပြုံးပြုံးဖြင့် မမှိတ်မသုန်နားထောင်နေသည့် alphaမှာ တိုင်းပြည်အရှင်သခင်က စကားဆိုနေသည်ကို အရေးတယူနားထောင်နေသော အမှုထမ်းထက် ကလေးငယ်လေးများ ရောက်တတ်ရာရာ စကားပြောသည်ကို ချော့မြူ၍ နားထောင်နေသည့်ဟန်ဖြင့် ပို၍တူလေသည်။

"ခင်ဗျားကြောင့် မြင်းပျောက်တယ်။ ခြေထောက်ခေါက်တယ်လေ"

"အဲ့ဒါကြောင့် အခု ခြေထောက်သက်သာအောင် ပြန်လုပ်ပေးတယ်လေ။ လိုအပ်ရင် နန်းတော်ထိလည်း ချီခေါ်သွားပါမယ်လို့ ကတိပေးထားပြီးသားကို"

"မလိုဘူး! နောက်ပြီး ရှိသေးတယ်။ ကိုယ်တော်ရေချိုးတာကိုလည်း ချောင်းကြည့်ခဲ့တယ်။ ကိုယ်တော် ခွင့်ပြုချက်မပါပဲလည်း အတင်းအကျပ်နမ်းခဲ့သေးတယ်လေ နန်းဆောင်ထဲမှာ"

"အဲ့ဒါ တမင်တကာ ချောင်းကြည့်တာ မဟုတ်ပါဘူးဆို အရှင်ရယ်။ ဘာမှလည်း သေချာမမြင်ခဲ့ပါဘူး"

"ခင်ဗျားက ဘာမြင်ချင်သေးလို့လဲ"

"ရော်.. ခက်ပြီကော။ နောက်ပြီး နန်းဆောင်ထဲကကိစ္စက ကျုပ်တောင် မေ့လောက်လျော့လောက် ဖြစ်နေပြီကို သတိရနေတယ်လား။ ဟုတ်လား လာဗင်ဒါ"

အဓိပ္ပါယိဖော်ရခက်သော အပြုံးကြီးဖြင့် အခေါ်အဝေါ်က အစ ပြောင်းလဲသွားသော မျက်ဝန်းစိမ်းပိုင်ရှင် alphaကြောင့် အရှင်လေးမှာ နောက်သို့ တရွေ့ဆုတ်လိုက်ကာ ခပ်တင်းတင်းပြန်ကြည့်လိုက်မိတော့သည်။ နန်းတွင်းမှာ မဟုတ်သည်ကြောင့် သူ့အား မထီမဲ့မြင်ပြုချင်နေသည်များလား။

"ဘာမှ သတိမရဘူး။ ဒီတိုင်းတွေးမိလို့ပြောတာ။ နောက်ပြီး ကိုယ်တော့်ကို အဲ့လိုမခေါ်နဲ့လို့ ပြောထားတယ်လေ"

"အခုက နန်းတွင်းမှာ မဟုတ်ဘူးလေ။ အရှင်ဆိုတာကြီးက ခေါ်ရတာ အသားမကျဘူး လာဗင်ဒါရဲ့"

"ကျစ်။ ခင်ဗျား တကယ်ခက်တာပဲ။ ကိုယ်တော်တော့ ကိုယ်ရံတော်အနေနဲ့ ရွေးမိတာမှားပြီထင်ပါရဲ့။ ခင်ဗျားကို အနီးမှာ ကိုယ်ရံတော်အနေနဲ့ထားတယ်ဆိုတာကလေ  တခြားalphaတွေလို မဟုတ်ဘူးလို့ ခံစားမိလို့။ ဒီလိုအပြုအမူတွေအတိုင်းဆိုရင်တော့ နှင်ထုတ်ပစ်ဖို့ ဝန်မလေးဘူးနော်"

"ကျူပ်က စိတ်ပေါ့ပါးပြီး ပိုပြီး ရင်းနှီးမှုရအောင် ဒီလိုပေါ့ပေါ့ပါးပါး ပြောမိတာပါ။ ဒါက လာဗင်ဒါရဲ့ သိက္ခာကို ထိခိုက်တယ်လို့ ခံစားစေရဖို့ မရည်ရွယ်ပါဘူး။ ကျုပ်ရဲ့ ပေါ့ဆမှုကြောင့် omegaတွေဆို တစ်ဆင့်နိမ့်တဲ့ လူတွေလို အထင်သေးတတ်တဲ့ ရှေးရိုးစွဲ alphaတွေလိုပဲလို့တော့ မထင်စေချင်ဘူး။ ကျုပ် လာဗင်ဒါကို--အဲ့--အရှင့်ကို အများကြီး လေးစားပါတယ်။ လေးစားသလောက် ရင်းနှီးချင်တာကလည်း ကျုပ်ဆန္ဒမို့။ ဒါပေမယ့် ဒီလိုပြောတာတွေ မကြိုက်ဘူးဆိုရင်တော့ နောက်ကို ကျုပ်ဆင်ခြင်မယ်လေ"

အလျှောက်ကောင်း၍ အထောင်းသက်သာဟူသော စကားသည် ထိုalphaအတွက် ဖန်တီးပေးထားသည်ဟုပင် ထင်ရလောက်အောင် စကားပြောကောင်းသော alphaကြောင့်  အရှင့်မှာ ခေါင်းသာ အသာယမ်းမိတော့သည်။ မျက်စိရှေ့မှ မျက်ဝန်းစိမ်းပိုင်ရှင် ထိုalphaသည် ကိုယ်ရံတော် မဟုတ်ပဲ အကြံပေးရာထူးနှင့် ပို၍သင့်တော်မည့် လူမျိုးပါပင်။

"ထားလိုက်ပါတော့။ ခင်ဗျား အဆင်ပြေသလိုသာ ခေါ်တော့"

မိမိအား မျက်နှာလွှဲကာ ကြည်လဲ့လဲ့ ကန်ရေပြင်ကိုသာ ကြည့်ရင်းစကားဆိုလာသည်မို့ ထိုရေကန်ထဲမှ အမှတ်တရတချို့သည်ပင် မှတ်မိလာပါသေးသည်။ ထိုအချိန်ကတော့ heatကြောင့်ပင်လား။ ယခုထက် နူးညံ့ပါသေးသည်လေ။ သို့သော် ယခုလို မာနခဲ ဒေါသအိုး အုပ်ချုပ်သူလေးသည်လည်း ဆွဲဆောင်မှုတမျိုးရှိပါသေးသည်။

"ဒါနဲ့ သိချင်တာရှိတယ် အရှင်"

"အင်း"

"ခြေထောက်ထောက်ဖို့ ခဲယဥ်းတဲ့အထိ ခေါက်သွားတာတောင် ဘယ်လိုလုပ်ပြီး မနာကျင်သလို တုံ့ပြန်ရတာလဲ"

"ကိုယ်တော့်အတွက်တော့ ပုံမှန်လို ဖြစ်နေပြီမို့ မထူးဆန်းတော့ဘူးလေ။ အုပ်ချုပ်သူတစ်ယောက်ရဲ့ အရည်အချင်းတွေကို ပြည့်မှီဖို့ လေ့ကျင့်ရင်း ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ ယှဥ်ခဲ့ရင် ဒါက ဘာမှမပြောပဘူး"

မမှားယွင်းသော ဝန်ခံချက်ပင်ဖြစ်သည်။ Eldoaပြည်၏ တဦးတည်းသော ဆက်ခံသူဖြစ်သည်ကြောင့် အဖက်ဖက်မှ ထားရှိသော မျှော်လင့်ချက်တို့အား ရိုက်မချိုးမိစေရန်၊ အုပ်ချုပ်သူဟူသော အရည်အချင်းပြည့်ဝအောင် အစွမ်းကုန် ကြိုးစားခဲ့ရသည်မှာ ကြီးကောင်ဝင်စ အရွယ်ကတည်းကပင် ဖြစ်သည်။ မိမိသည် omegaမှန်း သိရှိရချိန်တွင်တော့ ပို၍ စိတ်မပျက်စေရန် နှစ်ဆတိုး ကြိုးစားခဲ့ရသည်မို့ ရခဲ့ဖူးသော ဒဏ်ရာဒဏ်ချက်တို့မှာ ရေတွက်၍ပင် လောက်လိမ့်မည် မထင်ပါ။ ထိုအချင်းအရာတို့ကြောင့် omegaတို့သည် အားနည်းသည်၊ လုပ်နိုင်စွမ်း နည်းပါးသည်ဟူ၍ နှိမ်ချချင်သည့် စကားများကြားပါလျှင် ပြက်ရယ်သာ ပြုချင်မိခြင်းဖြစ်သည်။

"ဒါပေမယ့်လည်းနာရင် နာတယ်။ အဆင်ပြေမနေရင် အဆင်ပြေမနေဘူးဆိုပြီး ဖော်ပြရမှာပါ့ အရှင်"

"ကိုယ်တော်က အုပ်ချုပ်သူလေ။ ပျော့ညံ့တဲ့ ပုံစံကို ပြလို့မဖြစ်ဘူး မဟုတ်လား။ နောက်ပြီး omegaမို့ ပိုလို့တောင် အဲ့လိုပုံစံကို မဖော်ပြချင်ဘူး။ လူတွေရဲ့ရှေ့မှာတော့ သန်မာတဲ့ အုပ်ချုပ်သူ တစ်ယောက်ဆိုတဲ့ ပုံစံကိုပဲ ပြချင်မိတယ်"

"alpha omegaမှ မဟုတ်ပဲ လူတိုင်းမှာ အားနည်းတဲ့အချိန် ရှိတတ်ပါတယ် အရှင်။ ကျုပ်ကိုယ်တိုင်လည်း alphaဆိုပေမယ့် ကျုပ်မှာလည်း အားအင်ချိနဲ့တဲ့ အချိန်မျိုးရှိတာပဲ။ အဲ့လိုပဲ အရှင့်မှာလည်း အားနည်းတဲ့အချိန်ဆိုတာ ရှိမှာပါ။ ဒါက အပြစ်မဟုတ်ပဲ သက်ရှိသဘာဝမို့ ကျုပ်တို့က လက်ခံဖို့ လိုအပ်တာပေါ့ အရှင်။ အမြဲတမ်း သန်မာနေဖို့မှ မလိုပဲ"

"နောက်ပြီး စံနှုန်းတွေကို ချိုးဖောက်နိုင်ကတည်းက အရှင်က အများကြီး သန်မာနေပြီးပါပြီ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်မယ်ဆို ပိုလို့တောင် သန်မာဦးမှာ။ အခြားသူတွေကို မဖော်ပြချင်ဘူးဆိုရင်တောင် ကျုပ်ရှေ့မှာတော့ ပွင့်လင်းလို့ရပါတယ် အရှင်"

လေးလေးနက်နက်ပြောလာသော ထိုalpha၏ စကားတို့မှာ အမှန်ပင် အရှင့်စိတ်တွင်း ပျော်ဝင်စေပါသည်။ alphaတစ်ဦးဖြစ်သည့်တိုင် သမရိုးကျနှင့် ကွဲထွက်နေသော အတွေးအခေါ်တို့သည် အထင်ကြီးစေလောက်ပါသည်လေ။

"ကိုယ်ရံတော်ကင်မ်"

"ဟင်"

"ခုနက စကားကို ပြန်ရုတ်သိမ်းတယ်။ ခင်ဗျားကို ရွေးချယ်မိတာ မမှားဘူးထင်ပါတယ်"

"ရှေ့ဆက်ပြီးလည်း အရှင့် ရွေးချယ်မှု နောင်တမရအောင် ကျုပ်ကအမျိုးမျိုး သက်သေပြပေးဦးမှာပါ။ အရှင့်အတွက် အကူအညီ ဖြစ်ပေးချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"စောင့်ကြည့်ကြတာပေါ့ ကိုယ်ရံတော်ကင်မ်"

Eldoraအရှင်နှင့် ကိုယ်ရံတော်ကင်မ်၊ လေးနက်စွာ ဆုံဆည်း၍နေကြသော ကျောက်စိမ်းရောင်နှင့် ခရမ်းစွဲရောင် မျက်ဝန်းတို့၊ ထို့အပြင် မိုးမခတော၏ လေထုထဲ လိုက်ဖက်စွာ ရောယှက်နေသော မိုးရနံ့နှင့် လာဗင်ဒါရနံ့၊ ပနံသင့်လှပါသည်လေ။

#Tbc

A/N: ပုံပြင်တွေ အရမ်းပြောတဲ့ 해바라기ဟာ ဒီတခါလည်း အကြာကြီးစောင့်ခိုင်းမိပြန်တယ်နော် :'D အားနာပါတယ်ဆိုတဲ့စကားအပြင် ပြောစရာရှာလို့မတွေ့တော့ပါဘူး aigooo... ဒါကိုတောင် စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြတဲ့ ဒါဒါnimတို့ကိုလည်း ကျေးဇူးတင်ပြီးရင်းကို တင်ရပါတယ်ရှင်။ လာဗင်ဒါလေးတို့လည်း မကြာခင် ဇာတ်ရှိန်တက်မယ့် အပိုင်းတွေ ရောက်လာတော့မှာမို့ ခုဇာတ်မျောကြီးလိုဖြစ်နေရင် ခဏလေး သည်းခံပြီး ဖတ်ပေးကြပါဦးနော် ><

See you in next episode~

-해바라기

ZG

မ်က္ဝန္းစိမ္းပိုင္ရွင္ Alphaအား ကိုယ္ရံေတာ္အျဖစ္ ေ႐ြးခ်ယ္လိုက္သည္ဟူေသာ သတင္းသည္ နန္းတြင္းအမႈထမ္းတို႔ၾကား အေတာ္ေလး လႈပ္ခတ္ေစသည့္ သတင္းပင္ ျဖစ္သည္။ အရွင့္နန္းသက္ေတာက္ေလွ်ာက္ အနီးကပ္ ကိုယ္ရံေတာ္ဟူ၍ သတ္သတ္မွတ္မွတ္ထားခဲ့ျခင္း မရွိရာ ပထမဆုံး ခန့္အပ္သည့္ ကိုယ္ရံေတာ္က Alphaတစ္ဦး ျဖစ္ေနျခင္းမွာ ပို၍ အံ့အားသင့္ေစပါသည္။ ဒါ့အျပင္ ေနာက္ဆုံးေ႐ြးခ်ယ္စဥ္တြင္ က်ိန္းေသေပါက္ ျပဳတ္ၿပီဟု မွန္းထားခဲ့ၾကသူမို႔ ပို၍ အံ့ဩၾကျခင္းပင္။

ထိုသို႔ အံ့အားသင့္ရသူထဲတြင္ အရွင့္၏ အနီးကပ္လူယုံျဖစ္ေသာ သမားေတာ္မင္မွာေတာ့ ထိပ္ဆုံးပင္။

"အရွင္!"

"အယ္ သမားေတာ္မင္။ ကိုယ္ေတာ္ ခင္ဗ်ားကို မေခၚထားမိဘူးထင္တယ္"

အသက္ရႉႏႈန္းမ်ား ျမန္ဆန္ေနပုံအရ သိခ်င္ေဇာျဖင့္ အလ်င္အျမန္ေျပးလႊားလာဟန္ပါပင္။ တယ္လည္း အိေျဒၶပ်က္ပါေကာ။

"alphaတစ္ေယာက္ကို ကိုယ္ရံေတာ္ခန့္လိုက္တယ္တဲ့လား အရွင္။ က်ေနာ္ၾကားထားတာ သတင္းအမွားမဟုတ္လား"

အေမာပင္ မေျဖရေသးခင္မွာပင္ ေလလုံးမဆက္သည့္ အသံျဖင့္ အလ်င္အျမန္ ေမးခြန္းထုတ္ေလေသာ သမားေတာ္မင္။

"ဟုတ္တယ္ေလ။ ကိုယ္ေတာ့္ရဲ႕ ကိုယ္ရံေတာ္အသစ္က alphaပဲ။ အဲ့ဒါ ဘာျဖစ္လို႔လဲ သမားေတာ္မင္"

"မသိလို႔ ေမးေနတာလား အရွင္။ အရွင္ ေဆးမသြင္းျဖစ္ေတာ့ဘူးေလ။ alphaသူစိမ္းတစ္ေယာက္ အနားမွာရွိေနမယ္ဆို အက်ိဳးနည္းကုန္မွာေပါ့ အရွင္ရဲ႕"

"စိတ္ေလွ်ာ့ပါ သမားေတာ္မင္ရယ္။ ကိုယ္ေတာ့္ဘာသာ ၾကည့္လုပ္ပါမယ္။"

"အရွင္ရယ္။ ဘယ္လိုမ်ား စိတ္မပူပဲေနနိုင္မွာလဲ။ မေတာ္လို႔မ်ား မသမာတဲ့ alphaသာျဖစ္ခဲ့မယ္ဆိုရင္---"

"သမားေတာ္မင္ရယ္။ ခင္ဗ်ားႏွယ္လည္း အပူအပင္က မ်ားလိုက္တာ။ အဲ့လူက စိတ္ခ်ရတာမို႔ ကိုယ္ေတာ္ခန့္လိုက္တာပါ"

"ဒါေပမယ့္လည္း အရွင္ရယ္--"

"ဟူး...အဲဒီalphaက ဝတ္႐ုံပိုင္ရွင္ပဲ သမားေတာ္မင္။ ရၿပီလား"

မေျဖရွင္းမခ်င္း ေမးခြန္းတို႔က မ်ားၿပီးရင္မ်ားမည့္ဟန္မို႔ အျဖစ္မွန္ကို ဖြင့္ဟလိုက္ေလေတာ့ စကားသံေပ်ာက္ကာ ၿငိမ္သက္သြားေလေသာ သမားေတာ္မင္။ ဘယ္လိုစကားမ်ား ေျပာလာလိမ့္မည္လဲဟူေသာ အေတြးျဖင့္ အာ႐ုံတစိုက္ ၾကည့္ေနမိေသာ္လည္း အတန္ငယ္အၾကာ ၾကားလိုက္ရေသာ စကားသည္ေတာ့ အသည္းေပါက္စရာပင္ ျဖစ္သည္။

"ဟင္ ဒါျဖင့္ရင္ အရွင့္alphaေပါ့..."

"ဘာ အရွင့္alphaလဲ! သမားေတာ္မင္! ခင္ဗ်ားေနာ္!!"

ရာရာစစ သူ႕alphaပဲ ျဖစ္ရဦးမည္တဲ့လား။ inner wolfက စြဲလမ္းေနတာေလ။ သူက စြဲလမ္းေနသည္မွ မဟုတ္ပဲ။ သမားေတာ္မင္ကေတာ့ မဆင္မျခင္ေျပာျပန္ပါၿပီ။

"စိုး႐ြံ႕မိပါတယ္ အရွင္။ စကားမွားသြားလို႔ပါ"

စကားတစုံတရာ မဆက္ပဲ မ်က္ေစာင္းခဲလာသည့္ အရွင့္ပုံစံမွာ ေၾကာက္စရာမေကာင္းပဲ ခ်စ္စရာေကာင္းေနသည္မို႔ ရယ္ခ်င္မိေသာ္လည္း အမ်က္ရွပါလွ်င္ ေကာင္းက်ိဳးမရွိသည္မို႔ သမားေတာ္မင္ တစ္ေယာက္ ရယ္ခ်င္စိတ္ကို အျမန္ထိန္းသိမ္းလိုက္ရပါေတာ့သည္။ အရွင္သည္ တခါတရံ သည္လိုလည္း ခ်စ္စရာေကာင္းပါသည္ေလ။

"ဝတ္႐ုံပိုင္ရွင္ alphaဆိုေတာ့ ေကာင္းတာေပါ့ အရွင္။ ျဖစ္လာမယ့္ ျပႆနာေတြရဲ႕ တဝက္ေလာက္ကို ႀကိဳေျဖရွင္းၿပီးသလိုျဖစ္နိုင္ပါတယ္"

"ဒါေပမယ့္ တခုေတာ့ သတိျပဳေစခ်င္ပါတယ္ အရွင္။ ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးနဲ႕ alphaနဲ႕ ႐ုတ္တရက္ အနီးကပ္ေနရတာေၾကာင့္ အခ်ိန္မတန္ေသးပဲ Heatဆန္ဆန္ ေဝဒနာမ်ိဳးျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ တြက္ဆမိလို႔ပါ။ ဒါကို အဲ့ဒီalphaကိုလည္း အသိေပးထားသင့္တယ္လို႔ ထင္ပါတယ္"

"ေကာင္းၿပီ သမားေတာ္မင္။ သတိေပးတဲ့အတြက္ ေက်းဇူးပါ။"

မုဆိုးဘဝမွ ကိုယ္ရံေတာ္ဘဝသို႔ ေန႕ခ်င္းညခ်င္းကူးေျပာင္းသြားေသာ Alphaမွာေတာ့ ခ်က္ခ်င္းပင္ ဘဝျမင့္သြားသည့္ အေနအထားပါပင္။ အရွင့္အား အနီးကပ္ေစာင့္က်ပ္ရမည္မို႔ အရွင့္နန္းေဆာင္ရွိေသာ အထပ္မွာပင္ အေဆာင္ရရွိကာ ကိုယ္ရံေတာ္ အေဆာင္အေယာင္တို႔ကိုလည္း ရရွိသည္ေလ။

သို႔ေသာ္လည္း ဘဝျမင့္သြားသည့္ အေလ်ာက္ တာဝန္တို႔ကလည္း ႀကီးေလးသြားသည္မို႔ မလြယ္ကူပါေလ။ အရွင့္အား ေပၚတင္ရန္ျပဳဝံ့သူ နည္းသည္မို႔ အင္အားသုံးရမည့္ကိစၥ နည္းပါးေသာ္လည္း အခ်ိဳးမေျပေသာ အမႈထမ္းတို႔ႏွင့္ စိတ္ႀကီးေသာ အရွင့္ၾကား အလုပ္လုပ္ရသည္မွာေတာ့ အင္အားသုံးရသည္ထက္ပင္ ပင္ပန္းပါသည္။

"သြားရင္ သြားေတာ့ ကိုယ္ရံေတာ္ကင္မ္။ အရွင္စာဖတ္ခန္းထဲမွာ ရွိတယ္"

"ဟုတ္ကဲ့ပါ လူႀကီးမင္း"

တာဝန္ခံအမတ္တဦးအား ႏႈတ္ဆက္ကာ စာဖတ္ခန္းသို႔ ေျခဦးတည္မိသည္။ အုပ္ခ်ဳပ္သူအေနအထားျဖင့္ အလုပ္ႀကိဳးစားေနမည့္ အရွင့္၏ ပုံစံအား ခိုးၾကည့္ရန္ ေျခသံဖြဖြျဖင့္ တံခါးကို ဖြင့္မိေသာ္လည္း တိတ္ဆိတ္မႈအစား မာန္ပါပါ အသံစူးစူးေလးက ဆီးႀကိဳ၍ ေနေလသည္။ ထုံးစံမပ်က္ အရွင္ႏွင့္ အႀကံေပးႀကီး၏ ရန္ပြဲစတင္ျပန္ပါၿပီထင္။

"မေတြ႕ဘူး! မေတြ႕နိုင္ဘူး! အႀကံေပးႀကီးတို႔က ကိုယ္ေတာ့္ ဆုံးျဖတ္ခ်က္ကို ဘာလို႔ ဒီေလာက္ေတာင္ မေလးစားရတာလဲ!"

"ျပန္စဥ္းစားေတာ္မူပါ အရွင္။ ဘ႑ာေရးအမတ္တို႔က မ်ိဳးရိုးသန့္တာမို႔ သခင္ေလးကလည္း အရွင့္အတြက္ဆို သင့္ေတာ္တဲ့ ၾကင္ယာေတာ္ျဖစ္မွာပါ။ သာမန္ omegaေတြထက္ကို ႏူးညံ့ယဥ္ေက်းၿပီး ထက္ျမက္ပါတယ္ အရွင္။ omegaေတြကို ေတာ္႐ုံအထင္မႀကီးတဲ့ က်ေနာ္လိုလူမ်ိဳးေတာင္ သခင္ေလးကိုေတာ့ အထင္ႀကီးမိတာမို႔ အရွင္နဲ႕ဆိုရင္ နတ္ဖက္တဲ့ စုံတြဲျဖစ္ေနမွာ"

ႏွစ္ဦးႏွစ္ဖက္ ေျပာစကားတို႔အရ ၾကင္ယာေတာ္ကိစၥကို ထပ္၍ ေဆြးႏြေးေလဟန္တူသည္။ ကာယကံရွင္က ဆႏၵမရွိသည္ကို အေရာက္ပို႔ေနေသာ ထိုအမႈထမ္းတို႔မွာ ခက္ပါသည္ေလ။

"အဲ့ေလာက္ သေဘာက်ေနလည္း ခင္ဗ်ားပဲ ယူလိုက္"

"မသင့္ေလ်ာ္ေၾကာင္းပါ။ အို အရွင္! ဘယ္ကို သြားမလို႔မ်ားလဲ"

စိတ္ဆိုးမာန္ဆိုးျဖင့္ ထထြက္လာသည္မို႔ တံခါးကို မာန္ပါပါဆြဲဖြင့္လိုက္သည့္အခါ မိုးရနံ႕တို႔ သင္း၍ေနေသာ ရင္အုပ္က်ယ္က်ယ္အတြင္းသို႔ ေျခေခ်ာ္မတတ္ပင္ ျဖစ္ေလေတာ့ မ်က္ဝန္းစိမ္းပိုင္ရွင္မွာ ျပာျပာသလဲပင္ ထိန္းသိမ္းေပးလိုက္ရျပန္ေသးသည္။

"အဆင္ေျပရဲ႕လား အရွင္"

"သြားမယ္ ကိုယ္ရံေတာ္ကင္မ္"

"အယ္.. ဘယ္ကိုလဲ အရွင္"

"ရွည္လိုက္တာ ကိုယ္ေတာ္သြားမယ္ဆို လိုက္ခဲ့ေပါ့။ မလိုက္ရင္လည္း ေန။ ကိုယ္ေတာ့္ဘာသာ သြားမယ္"

မိမိေျပာခ်င္သည္ကိုသာ ဆက္တိုက္ေျပာ၍ ခပ္ေဆာင့္ေဆာင့္ထြက္သြားေသာ အရွင္ လာဗင္ဒါေလးသည္ တယ္လည္း စိတ္ႀကီးပါသည္ေလ။ သို႔ေပတည့္ ထိုသို႔ စိတ္ဆတ္သည့္ ပုံစံေလးကပင္ ဘာေၾကာင့္ ခ်စ္ဖြယ္အတိျဖစ္ေနသည္မွန္း ထယ္ေဟ်ာင္းကိုယ္တိုင္လည္း မေဝခြဲတတ္ေတာ့ပါ။ ခပ္ေၾကာင္ေၾကာင္ၾကည့္ေနေသာ အႀကံေပးႀကီးအား ႏႈတ္ဆက္ကာ အရွင့္ေျခလွမ္းကို မွီေစရန္ အေျပးလိုက္ရပါေတာ့သည္။

•••••

ၿမိဳ႕တြင္းသို႔ လာခဲ့ရာ ႏွစ္ဦးသားလုံး ဝတ္႐ုံရွည္တို႔ကို လုံၿခဳံစြာ ဝတ္ဆင္ကာ ႐ုပ္ဖ်က္၍လာခဲ့သည္မို႔ အရပ္သားတို႔ တဦးတေလမွ် ရိပ္မိျခင္းမရွိခဲ့ၾက။ အရွင့္အျပင္ ကိုယ္ရံေတာ္ကင္မ္ပါ ႐ုပ္ဖ်က္ရျခင္းသည္ေတာ့ ကိုယ္ရံေတာ္ၿပိဳင္ပြဲမွ ေက်ာ္ေဇာသြားေသာ ဂုဏ္သတင္းေၾကာင့္ပင္ ျဖစ္သည္။ နန္းတြင္းထဲတြင္ စိတ္ရႈပ္ခဲ့ရျခင္းသည္ ေနရာအေျပာင္းအလဲျဖစ္သြား၍လား မသိ အနည္းငယ္ေတာ့ သက္သာပါသည္ေလ။

လူထူထပ္သည့္ ၿမိဳ႕တြင္းမွ ေဈးႀကီးရွိရာသို႔ ေရာက္ေလေတာ့ ပြဲေတာ္ရက္မဟုတ္ပဲ ခါတိုင္းထက္ပင္ ပို၍ စည္ကားကာေနသည္မို႔ လမ္းသြားလမ္းလာ အခ်ိဳ႕ထံတြင္ စပ္စုမိေတာ့ ကုန္သည္တစ္ဦးက အျခားတိုင္းျပည္မွ ပစၥည္းတို႔ကို ေရာင္းခ်မည္ဆိုသည္ေၾကာင့္ ျဖစ္သည္ဟူ၍ အာ႐ုံေရာက္မိေတာ့သည္။ Eldoraႏွင့္ အျခားတိုင္းျပည္ ကူးလူးဆက္သြယ္ရန္သည္ ေျမေနရာအေနအထားအရ လြယ္ကူသည့္ အေျခအေနမဟုတ္သည္ေၾကာင့္ က်ိန္းေသေပါက္ စုံစမ္းမွ ျဖစ္ေခ်လိမ့္မည္ေလ။

"ဟင္...ခရမ္းစြဲေက်ာက္ေတြ"

သယံဇာတႂကြယ္ဝသည့္တိုင္ ခရမ္းစြဲေက်ာက္တို႔သည္ Eldoraေျမတြင္ ထြက္ရွိျခင္း မရွိသည္မွာ ႏွစ္ရွည္ၾကာၿပီ မဟုတ္လား။ မိမိသရဖူမွ ခရမ္းစြဲေက်ာက္တို႔သည္ပင္ မယ္မယ့္၏ ဘိုးဘြား အေမြအႏွစ္ လက္ေကာက္ကိုဖ်က္၍ ျပဳလုပ္ထားသည္မို႔ သည္လိုေဈးထဲမွာ လြယ္လြယ္ကူကူ ဝယ္လို႔ရနိုင္သည္မွာ အံ့ဩဖြယ္ရာပင္။

"ဒါေတြ ဘယ္က ရတာလဲ"

"က်ဳပ္ စားေပါက္ ပိတ္မယ့္ဟာမ်ိဳးကို ေျပာစရာလား"

"ဒီလူကေတာ့---"

အမ်က္ထြက္ေနေသာ အခံကေလးႏွင့္ ဘုဆတ္ဆတ္ဆိုင္ရွင္၏ အေျပာတို႔ေၾကာင့္ လိုရင္းမေရာက္မည္ကို ႀကိဳခန့္မွန္းမိေသာ မ်က္ဝန္းစိမ္းပိုင္ရွင္ alphaက သက္ျပင္းခ်ကာ စြာေတးေလး အရွင္အား လက္ကာ၍ တားလိုက္ၿပီး

"စားေပါက္ပိတ္ေအာင္ေတာ့ က်ဳပ္တို႔က လုပ္ပါ့မလား ကုန္သည္ႀကီးရယ္။ ေက်ာက္ေတြက သိပ္လွတာမို႔ သိခ်င္႐ုံပါ။ ခင္ဗ်ားေနရာေျပာျပရင္ေတာင္ က်ဳပ္တို႔က သြားမွမသြားတတ္ပဲ"

သည္လိုက်ျပန္ေတာ့လည္း စကားေျပာတတ္သားပဲဟု ေကာက္ခ်က္ခ်ကာ တည္ခင္းေရာင္းခ်ထားေသာ ပစၥည္းအခ်ိဳ႕ကိုသာ အၾကည့္ပို႔မိေတာ့သည္။

"ဟင္း... မင္းက စကားအေျပာတတ္ေတာ့ မင္းကို ေျပာျပမယ္။ မိုးမခေတာနဲ႕ ေက်ာက္ေဆာင္ေတြရဲ႕ အလြန္၊ ေတာ္ေတာ္ေလး လွမ္းတဲ့ေနရာမွာ တိုင္းျပည္တစ္ခု ရွိတယ္။ အဲ့ကေန ရလာခဲ့တာ။ သြားလို႔ေတာ့ မလြယ္ဘူး။ လမ္းခရီးၾကမ္းလို႔ အႏၱရာယ္ သိပ္မ်ားတယ္။ က်ဳပ္ေတာင္ ကံေကာင္းလို႔ မေသတာ"

"မလြယ္ကူတဲ့ ခရီးပဲ။ အသက္ရွင္လ်က္ ျပန္ေရာက္လာနိုင္တာ ဦးေလး ေတာ္ေတာ္ကံေကာင္းတယ္"

"ဒါေပါ့။ မင္းက ၾကင္နာတတ္လိုက္တာ။ ေဘးကတစ္ေယာက္နဲ႕ကြာပါ့"

"သူစိတ္မၾကည္ေနလို႔ပါ။ တကယ္တမ္း စိတ္ေကာင္းရွိတဲ့သူတစ္ေယာက္ပါပဲ။ အျမင္လည္း ပြင့္လင္းၿပီးေတာ့ အရည္အခ်င္းလည္းရွိ-- "

"ရၿပီ။ ရၿပီ။ ငါမွားတာ။ ငါမွားေျပာမိတာ။ စုံတြဲေတြမ်ားလား မသိ။ ငါေတာ့ ေျပာမိတာ မွားသြားတာပဲ ေတာင္းပန္တယ္ေဟ့"

"စုံတြဲေတြ မဟုတ္ပါဘူးေနာ္!"

သူ႕ဘက္မွ ျငင္းဆန္ျခင္း မျပဳရေသးမွီမွာပင္ အတိအလင္းျငင္းလာေသာ အရွင္လာဗင္ဒါေလး၏ အသံမွာ စိတ္အႏွောင့္အယွက္ျဖစ္ေနျခင္းေၾကာင့္ မာန္စြယ္ဟပ္သည္ထက္ ခပ္စာစာေလး ျဖစ္ကာေနေလသည္ယ

"မင္းကိုလည္း မေမးပါဘူး။ စြာလိုက္တာ တကတည္း"

"ဒီလူႀကီးကေတာ့ အတင့္ရဲလိုက္တာ"

"လာဗင္ဒါ။ ေတာ္ၿပီေလေနာ္။ ဟိုဘက္ကို သြားၾကရေအာင္ လာ"

ပို၍ အရွည္အရွည္ မျဖစ္ေလရေအာင္ ပုခုံးမွဆြဲကိုင္ကာ လမ္းတစ္ဖက္သို႔ ဦးတည္မည္လုပ္ေတာ့ စိတ္ဆတ္သူေလးက ပုခုံးကို တြန့္ခ်ကာ

"မထိနဲ႕ ကိုယ့္ဟာကို သြားမယ္"

"အင္း အင္း။ ဒါျဖင့္ရင္လည္း ေရွ႕ကသြားေနာ္"

အတင္းအက်ပ္လုပ္လွ်င္လည္း alphaမို႔ အနိုင္က်င့္သည္ဆိုကာ စိတ္ခုဦးမည္မို႔ စိတ္ခ်မ္းသာေစရန္သာ လိုက္ေလ်ာေပးလိုက္ေတာ့သည္။ စိတ္လက္မၾကည္သာေသာ လာဗင္ဒါေလးႏွင့္ တစ္ေန႕တာ ကုန္ဆုံးရမည္မွာ ေတြးၾကည့္႐ုံႏွင့္ပင္ မလြယ္ကူပါေလ။

"တခုခုစားခ်င္လား အရွင္။ ေဈးထဲက ဘာဝယ္ေပးရမလဲ"

"ဘာမွမစားခ်င္ဘူး။ မိုးမခေတာကို သြားရေအာင္။ ခင္ဗ်ားပါ လိုက္ခဲ့"

"႐ုတ္တရက္ႀကီး ဘာလို႔မ်ားလဲ အရွင္။ မဟုတ္မွလြဲေရာ heat...?"

"ဘာေတြ ေလွ်ာက္ေျပာေနတာလဲ။ အဲ့ေတာထဲ heatျဖစ္မွ သြားရမယ္လို႔ သတ္မွတ္ခ်က္ရွိတာမွ မဟုတ္ပဲ"

"ဟုတ္ပါၿပီ။ က်ဳပ္စကားေျပာမွားသြားလို႔ပါ။"

"အာ...ဒါနဲ႕ ျမင္းက တစ္ေကာင္ပဲပါေတာ့ အဆင္ေျပပါ့မလား"

"ရပါတယ္ က်ဳပ္ေျခလ်င္လိုက္ခဲ့မယ္ေလ အရွင္"

အရွင့္၏ စီးေတာ္ျမင္းကိုပါ တပါတည္းယူလာလွ်င္ လူအမ်ားရိပ္မိမည္စိုးသည္ေၾကာင့္ ကိုယ္ရံေတာ္၏ ျမင္းကိုသာ ယူေဆာင္ခဲ့၍ အရွင့္ကို စီးနင္းေစခဲ့ေသာ္လည္း က်ယ္ျပန့္ေသာ မိုးမခေတာအတြင္းသို႔ တစ္ဦးကျမင္းျဖင့္သြား၍ တစ္ဦးက ေျခလ်င္လိုက္ရန္မွာ မလြယ္ကူေသာ ကိစၥပင္ျဖစ္သည္ေလ။

"ခင္ဗ်ားကိုယ္ခင္ဗ်ား စြမ္းအားရွင္ႀကီးလို႔မ်ား ထင္ေနသလား ကင္မ္ထယ္ေဟ်ာင္း။ ကိုယ္ေတာ္သြားမယ့္ေနရာကို ေျခလ်င္သာလိုက္မယ္ဆို ကိုယ္ေတာ္ ၿမိဳ႕ထဲျပန္ေရာက္ေတာင္ ခင္ဗ်ားအဲ့ေနရာကို ေရာက္မွာ မဟုတ္ဘူး"

"ဒါျဖင့္ရင္ ဘယ္လိုလုပ္ေစခ်င္လို႔လဲ အရွင္ရဲ႕။ ႏွစ္ေယာက္လုံး ေျခလ်င္သြားရင္လည္း နန္းေတာ္ကို အခ်ိန္မွီျပန္ေရာက္မွာ မဟုတ္ဘူးေလ"

alpha၏ စကားေနာက္တြင္ေတာ့ အရွင္ အနည္းငယ္ ေခါင္းစားသြားရသည္။ မိုးမခေတာ၏ အက်ယ္အဝန္းသည္ နည္းနည္းေနာေနာမွမဟုတ္ပဲ။ ေတာနက္တြင္းရွိေသာ ေရကန္ဆီသို႔သြားသည့္ ခရီးသည္ ေျခလ်င္သြားပါလွ်င္ က်ိန္းေသေပါက္ ေန႕ခ်င္းျပန္နိုင္မည့္ အကြာအေဝးမဟုတ္ေပ။

"အတူတူ...စီးရင္ေကာ...."

"သင့္ေတာ္ပါ့မလား အရွင္"

"တျခားနည္းေကာ ရွိေသးလို႔လား။ ခုစိတ္အေျခအေနနဲ႕ နန္းေတာ္ကိုလည္း ျပန္မသြားခ်င္ဘူး။ ေနာက္ၿပီး ခင္ဗ်ားဘက္က မရိုးမသား အေတြးမရွိဘူးဆိုရင္ ဘာမွ အႏၱရာယ္ျဖစ္စရာမရွိဘူးေလ"

alphaတစ္ဦးႏွင့္ အနီးကပ္ရွိရမည္ကို သက္ေတာင့္သက္သာမျဖစ္မည္ စိုးသည္ေၾကာင့္ ေမးခြန္းထုတ္မိေသာ္လည္း အရွင္လာဗင္ဒါေလး စကားေၾကာင့္ သူကႏွာဘူးလုံးလုံး ျဖစ္ရမည့္ အေနအထားပါပင္။ ရွင္ဘုရင္ျဖစ္သည့္အျပင္ စိတ္ဆတ္ေနသည့္ အခ်ိန္အခါမို႔ သေဘာထားႀကီးေသာ သူကသာ ခြင့္လႊတ္ေပးလိုက္ပါေတာ့မည္ေလ။

"ခင္ဗ်ား ေရွ႕က မတက္ဘူးလား"

"က်ဳပ္ေရွ႕ကတက္ရင္ အရွင္ ေရွ႕ကို ဘယ္ျမင္ရပါ့မလဲ"

alpha၏ စကားတို႔က မမွားယြင္းပါေလ။ အရွင္သည္ သာမန္ omegaမ်ားထက္ ထြားက်ိဳင္းေသာ ခႏၶာရွိေသာ္လည္း alphaပီပီ အရပ္အေမာင္းေကာင္း၍ ပုခုံးက်ယ္ေသာ ထယ္ေဟ်ာင္းထက္ေတာ့ ေသးညွက္သည္မို႔ ေနာက္မွ စီးရန္မွာ မျဖစ္နိုင္ပါေလ။ သို႔ေသာ္လည္း သူ႕အား သြယ္ဝွိုက္ေသာ နည္းလမ္းျဖင့္ သူ႕အား အေကာင္ေသးသည္ဟု ႏွိမ္ခ်လိဳက္ေလသေယာင္မို႔ ထိုalphaအား အနည္းငယ္ေတာ့ စိတ္ခုမိသည္ပင္။

"သိတယ္။ ဒီတိုင္းေမးတာ။ တက္ေတာ့"

တဖက္မွ ထယ္ေဟ်ာင္းသည္ေတာ့ရယ္ခ်င္စိတ္ကို မနည္းထိန္းခ်ဳပ္ထားရေတာ့သည္။ ဩဇာအာဏာႀကီးေသာ တိုင္းျပည္၏ အရွင္သခင္ လာဗင္ဒါေလးသည္ စိတ္ႀကီးသေလာက္ စိတ္ဆတ္ေနသည့္အခ်ိန္မွာပင္ အသည္းယားစဖြယ္ျဖစ္ေနသည္မွာ အရွင့္၏ ဆြဲေဆာင္မႈတစ္ခုပင္ ျဖစ္လိမ့္မည္ထင္ပါသည္ေလ။

•••••

မိုးမခေတာတြင္းသို႔ ခရီးဆက္လာသည့္ေတာက္ေလွ်ာက္ ျမင္းခြာသံႏွင့္ ေတာတြင္းအေကာင္ငယ္ေလးတို႔၏ ေအာ္ျမည္သံမွလြဲ၍ အျခားအသံၾကားရျခင္းမရွိ။ ျမင္းေပၚရွိ အရွင္ႏွင့္ မ်က္ဝန္းစိမ္းပိုင္ရွင္သည္လည္း စကားတခြန္းတေလမွ် ဟခဲ့ျခင္းမရွိေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ထယ္ေဟ်ာင္းက အရွင့္ေနာက္မွ ေန၍ ျမင္းဇက္ႀကိဳးကို ဆြဲကိုင္ထားသည္မို႔ သိုင္းဖက္ထားသေယာင္ အေနအထားသည္ အေတာ္ေလးပင္ စနိုးစႏွောင့္ျဖစ္ေလာက္စရာ အေနအထားပင္ ျဖစ္သည္ေလ။

"ဒီေန႕မွ ေတာက ပိုနက္သလိုပဲ"

"အင္း ေမႊးေနတာပဲ"

"ဘာရယ္?"

"အိုး စိုး႐ြံ႕ပါတယ္ အရွင္။ ေတာပန္းအနံ႕ေလးေတြ ေမႊးလို႔ အာ႐ုံျပန့္သြားလို႔ပါ။ အရွင္ ဘာေျပာလိုက္တာမ်ားလဲ"

ပူးကပ္ေနသည့္ ခႏၶာကိုယ္ေၾကာင့္ ပို၍ထင္းလင္းစြာ ရေနေသာ လာဗင္ဒါအနံ႕တြင္ ယစ္မူးေနမိစဥ္ ႐ုတ္တရက္ စကားဆိုလာေသာ အရွင္ေၾကာင့္ ေတြးမိေတြးရာ ဆင္ေျခကို ေပးလိုက္မိသည္။ သစ္႐ြက္စိမ္းစိမ္းတို႔မွတပါး မရွိေသာ ေနရာတြင္ ေတာပန္းအနံ႕ျဖင့္ ဆင္ေျခေပးလိုက္သည္က အနည္းငယ္ေတာ့ အူေၾကာင္ေၾကာင္နိုင္လွေသာ္လည္း စိတ္မၾကည္သည္ေၾကာင့္ အာ႐ုံမထားနိုင္ေသာ အရွင္ေလးမွာ ရိပ္မိဟန္မေပၚပါေလ။

"ေတာက ဒီေန႕မွ ပိုနက္သလိုပဲလို႔"

"အျမန္ေရာက္ခ်င္ရင္ အဲ့လိုပဲေလ အရွင္။ က်ဳပ္တို႔ေရာက္ခါနီးပါၿပီ။ အိုေအစစ္ေလးကိုသြားမွာမလား"

"အင္း။ ခင္ဗ်ားဘယ္လိုသိတာလဲ"

"ဒီေတာထဲမွာ အရွင့္ကို ေတြ႕ခဲ့တဲ့ ႏွစ္ႀကိမ္တိတိက အဲ့ေနရာမွာမို႔ အခုလည္း အဲ့ကိုသြားမယ္လို႔ ခန့္မွန္းမိလို႔ပါ"

"ဟင္ ဒါဆိုရင္ အဲ့တုန္းက ကိုယ္ေတာ္ေရခ်ိဳးတာကို ေခ်ာင္းၾကည့္ေနခဲ့တာ ခင္ဗ်ားေပါ့?"

"အဲ့... အဲ့ဒါက မေတာ္တဆပါ အရွင္"

"ခင္ဗ်ား!!! ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ကိုယ္ေတာ္ဆီ ခ်ဥ္းကပ္ခဲ့တာမလား ဟမ္?!"

"မဟုတ္ဘူးေလ အရွင္ရဲ႕။ စိတ္-စိတ္ေလွ်ာ့ပါ"

"မေလွ်ာ့နိုင္ဘူး ခုလည္း တမင္အခြင့္အေရးယူဖို႔ ေနာက္ကစီးတာမလား။ ဖယ္! က်ဳပ္ဘာသာ လမ္းဆင္းေလွ်ာက္ေတာ့မယ္"

"အရွင္! အို အရွင္နဲ႕ေတာ့ ခက္ရခ်ည္ရဲ႕"

ျမင္းေပၚမွ ဆင္းကာ ေဘာက္ဆတ္ဆတ္ျဖင့္ေလွ်ာက္သြားေသာ အရွင္လာဗင္ဒါေလးက သူ႕အား အမွန္ပင္ အမ်က္ရွသြားပုံမို႔ ေျပးလိုက္ရမည္လား ေနခဲ့ရမည္လား ေၾကာင္အန္းအန္းျဖင့္သာ ၾကည့္ေနမိသည္။ သို႔ေသာ္လည္း အရွင္ေလး၏ ဦးတည္ရာကို ျမင္သည့္အခါတြင္ေတာ့ မ်က္စိမ်ားပင္ ျပာေဝမတတ္ျဖစ္ရေလေတာ့သည္။ ကိုယ္ရံေတာ္ မျဖစ္ခင္ မုဆိုးဘဝက မိမိလုံၿခဳံမႈအတြက္ သားရဲေထာင္ေခ်ာက္အခ်ိဳ႕ ျပဳလုပ္ထားခဲ့သည္မဟုတ္လား။ အရွင္ေလး၏ ဦးတည္ရာသည္ သူ႕ခန့္မွန္းခ်က္ မမွားပါလွ်င္ ေထာင္ေခ်ာက္ရွိရာသို႔ပင္ျဖစ္သည္ေလ။

"အရွင္ အဲ့ဘက္ကို မသြား----"

တားလိုက္သည့္ စကား မဆုံးေသးခင္မွာပင္ သစ္႐ြက္ေျခာက္တို႔ျဖင့္ ဖုံးထားေသာ ေျမတြင္းထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္က်သြားေလေသာ Eldoraအရွင္။ ေဒါသေပၚ ေဒါသဆင့္ကာ မင္းမ်က္သင့္မည့္ အေနအထားမို႔ သာမန္လူသာဆို ထြက္ေျပးပုန္းေရွာင္ေလာက္မည္ျဖစ္ေသာ္လည္း ထယ္ေဟ်ာင္းမွာေတာ့ စိုးရိမ္မႈျဖင့္ အနီးသို႔ အလ်င္အျမန္ေျပးသြားမိေတာ့သည္။

"လာဗင္ဒါ--အဲ့--အရွင္... အဆင္ေျပရဲ႕လား"

"ေမးခြန္းေတြ မမ်ားပဲ ဒီကတက္လို႔ရေအာင္သာ လုပ္ေပး"

"ခဏေလးပါ အရွင္ ႏြယ္ႀကိဳးသြားရွာလိုက္ဦးမယ္"

ကံေကာင္းေထာက္မ၍ ခပ္လွမ္းလွမ္းတြင္ ႏြယ္ႀကိဳးတစ္ခုကို ေတြ႕ရသည္မို႔ အလ်င္အျမန္ပင္ ေျပးယူကာ ခ်ေပးလိုက္ေသယ္လည္း အရွင္လာဗင္ဒါေလးသည္ အျခားျပႆနာ ရင္ဆိုင္ေနရပုံပါပင္။

"ေျခေထာက္က ေထာက္မရဘူးလား အရွင္?"

"ရတယ္... ကိုယ္ေတာ္ ႀကိဳးစားၾကည့္ဦးမယ္"

"က်စ္! လာဗင္ဒါရာ"

တခဏတြင္းမွာပင္ ေျမတြင္းထဲသို႔ ခုန္ခ်လာသည့္ ထိုalphaေၾကာင့္ အရွင့္ မ်က္လုံးေလးမ်ားပင္ ဝိုင္းစက္သြားသည္အထိ။ ေျမတြင္းထဲကလူကို ကယ္ရမည့္အစား ခုန္ခ်လာသည့္ ကင္မ္ထယ္ေဟ်ာင္းက တမင္ပဲ လုပ္သည္လား တုံးလြန္းသည္လား မေဝခြဲတတ္ေတာ့။

"ခင္ဗ်ား ဘာလို႔ ဒီထဲခုန္ဆင္းလာတာလဲ။ ႐ူးေနတာလား"

"ေျခေထာက္က အဆင္ေျပရဲ႕လား"

"ေမးတာကို ေျဖစမ္းပါ။ ခင္ဗ်ားဆင္းလာရင္ အေပၚက ဘယ္သူဆြဲတင္မွာလဲ ျမင္းကလား"

"အေပၚေရာက္ဖို႔ ကိစၥက က်ဳပ္ႀကံနိုင္ပါတယ္။ အရွင္ ေျခေထာက္ဒဏ္ရာ ရသြားတယ္ထင္လို႔ ဆင္းလာတာ။ ေထာက္လို႔ရရဲ႕လား ေျခေထာက္က"

အေျဖစကားမျပဳပဲ ၿငိမ္ေနေသာ အရွင္လာဗင္ဒါေလးေၾကာင့္ သက္ျပင္းရွည္တစ္ခုကိုသာ ခ်ကာ ေျခက်င္းဝတ္အား ဆြဲကိုင္လိုက္မိေတာ့ မ်က္ခုံးတန္းေလးမ်ား တြန့္ခ်ိဳးသြားသည္မို႔ ေျခေထာက္ေခါက္သြားေၾကာင္း ရိပ္စားမိလိုက္ေတာ့သည္။

"မထိနဲ႕ေလ နာတယ္ အ႐ူးရဲ႕"

"ေျခေထာက္ထိသြားတယ္ဆို ေျပာမွေပါ့ အရွင္"

"ေသးေသးမႊားမႊား ဒဏ္ရာကို ဇာခ်ဲ့ေနစရာမွ မလိုတာ"

"ေထာက္လို႔ေတာင္ မရတာကို ဘယ္လိုလုပ္ ေသးေသးမႊားမႊား ဒဏ္ရာျဖစ္မွာလဲ"

"ခင္ဗ်ား ဘာလုပ္---ဟာ!"

တခဏတြင္းမွာပင္ ဂုတ္ေပၚသို႔ ပင့္ခ်ီေပးလိုက္ေသာ ထိုalphaေၾကာင့္ အရွင့္မွာ တုံ႕ျပန္ခ်ိန္ပင္ အေသအခ်ာ မရလိုက္ပါေလ။ တခါတရံ မေျပာမဆိုႏွင့္ ဇြတ္လုပ္တတ္ေသာ ထိုalphaႏွင့္ေရွ႕ေလွ်ာက္ ဘယ္လိုမ်ား စခန္းသြားရပါ့မလဲ

"ဒီလိုဆို အေပၚကို မွီတယ္မလား အရွင္။ တြယ္ၿပီး တက္လိုက္ပါ။ ၿပီးမွ က်ဳပ္ကို ႏြယ္ႀကိဳးျပန္ခ်ေပးလိုက္"

ေတာတြင္း၌ က်င္လည္ခဲ့သူမို႔ ထယ္ေဟ်ာင္း၏ အႀကံအစည္မွာ က်ိန္းေသေပါက္ အလုပ္ျဖစ္ေလသည္။ သို႔ေသာ္ အေပၚသို႔ေရာက္ၿပီးကာမွ ပညာေပးခ်င္သည္မို႔ အရွင္၏ ညစ္က်ယ္က်ယ္ အႀကံအစည္ေလးက စတင္လာေတာ့သည္။

"အရွင္။ က်ဳပ္ကို ႏြယ္ႀကိဳးခ်ေပးဦးေလ"

"မခ်ေပးဘူး။ ခင္ဗ်ားဘာသာ တက္ခဲ့"

"ဟာ အရွင္။ အဲ့လိုမလုပ္ရဘူးေလ"

"ခင္ဗ်ားေထာင္ထားတဲ့ ေထာင္ေခ်ာက္ဆို? ခင္ဗ်ားဘာသာ တက္တတ္မွာေပါ့။ ခင္ဗ်ားဘာသာ ခုန္ဆင္းခဲ့တာ မဟုတ္လား"

"မဟုတ္ဘူးေလ။ က်ဳပ္က စြမ္းအားရွင္လည္းမဟုတ္ပဲ ဘယ္လိုလုပ္ လက္ဗလာနဲ႕ တက္နိုင္မွာတုန္း"

"အရွင္။ က်ဳပ္ကို ႏြယ္ႀကိဳးခ်ေပးလို႔"

alpha၏ စကားတို႔အား မသိက်ိဳးကြၽံျပဳကာ အရွင္ေလးမွာ အေက်နပ္ႀကီး ေက်နပ္ေနေတာ့သည္။ ျမင္းစီးလာသည့္ ေတာက္ေလွ်ာက္ လိုအပ္သည္ထက္ပို၍ နီးနီးကပ္ကပ္ ေနာက္မွ ထိုင္ကာ အသားယူလာကတည္းက ထိုalphaကို မၾကည္ျခင္းျဖစ္သည္မို႔ ယခုလို အခြင့္ရတုန္း အနိုင္ယူလိုက္ရသည္က အင္မတန္ စိတ္ခ်မ္းသာစရာျဖစ္သည္ေလ။ ေနာက္ၿပီး သူ႕ပညာေပးနည္းသည္ တပါးသူလည္း ထိခိုက္သည္မွမဟုတ္ပဲ။

"ဟင္ အခု ၿပဳံးေနတာလား အရွင္"

ေျမတြင္းထဲ ဒုကၡေရာက္ေနသည့္ အခ်ိန္ေတာင္ အမွတ္တမဲ့ သူ႕မ်က္ႏွာထားအား ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးေသာ ထိုalphaက မ်က္စိလ်င္လြန္းသည္လားပင္ မေဝခြဲတတ္ေတာ့ပါ။ ခ်က္ခ်င္းပင္ မ်က္ႏွာကို တည္၍ လည္ေခ်ာင္းရွင္းကာ

"မဟုတ္ပါဘူး။ ခင္ဗ်ား အျမင္မွားေနတာ"

"မဟုတ္တာ အရွင္ ခုေလးတင္ ၿပဳံးလိုက္ပါတယ္။ အဲ့လိုေလး ေနပါလား။ မ်က္ေမွာင္ႀကဳံ႕ထားတာထက္ အမ်ားႀကီး ပိုလိုက္ဖက္တယ္"

"ဒါက ကိုယ္ေတာ့္ကိစၥပါ"

"ဒီလိုသာ အေပါက္ဆိုးေနမယ္ဆိုရင္ ဘယ္alphaမွ ႀကိဳက္မွာ မဟုတ္ဘူးေနာ္"

alpha၏ ႐ႊတ္ေနာက္ေနာက္စကားက ေျပလုနီး အရွင့္၏ ေဒါသကို ျပန္၍ ဆူပြက္ေစသည္မို႔ ခ်ေပးရန္ စိတ္ကူးရွိေသာ ႏြယ္ႀကိဳးကိုပင္ ျပန္သိမ္းလိုက္မိေတာ့သည္။ ႏႈတ္စည္းမေစာင့္သည့္ alphaကေတာ့ ကိုယ့္ဒုကၡျဖင့္ကိုယ္သာ ခံေပေရာ့။

"omegaဆိုတိုင္း alphaေတြ အႀကိဳက္ကို လိုက္ဖို႔ပဲ ေမြးဖြားလာၾကတယ္လို႔ ထင္ေနလား ခင္ဗ်ား?"

"ဟာ မဟုတ္တာ။ က်ဳပ္က စတာပါ အရွင္ရဲ႕။ သေဘာမက်ရင္ မေျပာေတာ့ပါဘူး"

"မသိဘူး။ ခင္ဗ်ား ကိုယ့္ဒုကၡ ကိုယ္ရွာတာမို႔ အဲ့ထဲမွာပဲ ေနလိုက္ေတာ့။ ကိုယ္ေတာ္ ျပန္ၿပီ"

"ဟင္ ဒါနဲ႕ ျမင္းေကာ? "

ေျခေထာက္မွ နာသည့္ ဒဏ္ကို မသိက်ိဳးကြၽံ ျပဳကာ ေထာ့နင္းေထာ့နင္းျဖင့္ ျမင္းရွာပုံေတာ္ ဖြင့္ေနမိသည္ေၾကာင့္ ေျမတြင္းနံရံကို ဓားျဖင့္ေထာက္ကာ ျပန္တက္လာေသာ alphaအား သတိမျပဳမိေသာ အရွင္။

"အရွင္"

"ဟင္ ကင္မ္ထယ္ေဟ်ာင္း။ ခင္ဗ်ား ဘယ္လိုျဖစ္ၿပီး"

"ဓားနဲ႕ေထာက္ၿပီး တက္လာခဲ့တာေလ အရွင္။ က်ဳပ္ေတာ္တယ္မဟုတ္လား"

"က်စ္။ အေပၚေရာက္ရင္လည္း ၿပီးေရာ။ ျမင္းဘယ္ေရာက္သြားလဲမသိဘူး။ တခ်က္ရွာပါဦး"

"ဟုတ္ပါရဲ႕။ ျမင္းဘယ္ေရာက္သြားပါလိမ့္"

ေျမျပင္ေပၚရွိ ျမင္းခြာရာတို႔၏ ဦးတည္ခ်က္အရ လာရာလမ္းအတိုင္း ျပန္ေျပးသြားခဲ့ပုံမို႔ ယခုခ်ိန္မွ အမွီလိုက္ရန္မွာမျဖစ္နိုင္ေတာ့ပါေလ။ ေျမတြင္းထဲမွ ျပန္ထြက္လာနိုင္ခဲ့သည့္တိုင္ ခ်က္ခ်င္းဆိုသလို ေနာက္ထပ္ျပႆနာတစ္ခုႏွင့္ ရင္ဆိုင္လာရသည့္အခါတြင္ေတာ့ အရွင္လာဗင္ဒါေလး သည္းမခံနိုင္ေတာ့ပါ။

"ကင္မ္ထယ္ေဟ်ာင္း!!"

"စိုး႐ြံ႕ပါတယ္ အရွင္။ စိုး႐ြံ႕မိပါတယ္"

"ခင္ဗ်ားဟာေလ တကယ္ပဲ! ေပါ့ေပါ့ဆဆနဲ႕"

"က်ဳပ္ အရွင့္ကို စိတ္ပူသြားတာနဲ႕ ျမင္းကို အာ႐ုံမေရာက္လိုက္ဘူး ျဖစ္သြားလို႔ပါ။ ခုေတာ့ စိတ္ေလွ်ာ့ၿပီး ေျခေထာက္ဒဏ္ရာကို အရင္ၾကည့္ရေအာင္ အရွင္။ နန္းေတာ္ျပန္ေရာက္ရင္ က်ဳပ္ကို ႀကိဳက္ရာ အျပစ္ ေပးနိုင္ပါတယ္"

"ေတာ္ၿပီ။ တကယ္ပဲ စိတ္ကုန္လိုက္တာ။ အာ့--"

စိတ္ရႈပ္စြာျဖင့္ ထိုalpha၏ အေဝးသို႔ သြားမည္ျပဳေသာ္လည္း ေျခေထာက္မွ ဒဏ္ရာေၾကာင့္ ေခြယိုင္က်မတတ္ ျဖစ္ရေလေတာ့ ပို၍ ေဒါသထြက္လာေတာ့သည္။ ဘာေၾကာင့္ အဆင္မေျပမႈမ်ားသာ ဆက္တိုက္ျဖစ္ေနရသည္လဲ

ေထာ့နင္းေထာ့နင္းျဖင့္ ခပ္ဆတ္ဆတ္ ေလွ်ာက္သြားေသာ ေက်ာျပင္ငယ္ကိုၾကည့္ကာ သက္ျပင္းရွည္ခ်မိသူကေတာ့ မ်က္ဝန္းစိမ္းတို႔ပိုင္ရွင္ပင္။ ေျခေထာက္ ဒဏ္ရာရထားသည္ကိုေတာင္ စိတ္ႀကီးေနေသးေသာ အရွင္လာဗင္ဒါေလးသည္ အမွန္ပင္ ခက္ပါေပေကာ။

ေျခေထာက္ ဒဏ္ရာရေနသည့္ၾကားမွ သည္အတိုင္း ဆက္သြားေနပါလွ်င္ ပိုဆိုးရန္သာရွိသည္မို႔ အေျပးသြား၍ ေပြ႕ခ်ီလိုက္မိေတာ့ မ်က္ဝန္းဝိုင္းဝိုင္းေလးတို႔က ပို၍အဆမတန္ျပဴးက်ယ္သြားကာ

"ဘာလုပ္တာတုန္း!"

"ၿငိမ္ၿငိမ္ေလး လိုက္ခဲ့ပါ အရွင္။ ဒီလိုမ်ိဳး ေခါင္းမာေနမယ္ဆို ဒဏ္ရာကပိုဆိုးလိမ့္မယ္"

"ခ်ေပး ငါ့ကို! alphaဆိုၿပီး အနိုင္က်င့္တာလား ခင္ဗ်ား"

ေဒါသအိုးေလးအား စကားနိုင္လုေလ ပိုဆိုးေလျဖစ္မည္ေၾကာင့္ ဘာမွမေျပာေတာ့ပဲ ဦးတည္ရာ အိုေအစစ္ေလးဆီသို႔သာ ခ်ီပိုးသြားလိုက္မိေတာ့သည္။ နန္းေတာ္ေရာက္မွ အမ်က္ရွခ်င္လည္း ရွပါေစေလ။ ေလာေလာဆယ္ေတာ့ အရွည္အရွည္မျဖစ္ရေအာင္ ဆိတ္ဆိတ္ေနျခင္းကသာ အေကာင္းဆုံးပင္ ျဖစ္ပါလိမ့္မည္ေလ။

•••••

အိုေအစစ္ေလးသို႔ ေရာက္ကတည္းက မ်က္ဝန္းစိမ္းalphaမွာ ပို၍အလုပ္ရႈပ္ေတာ့သည္။ ဒဏ္ရာအား ေရအရင္ေဆးကာ ဘယ္ကရွာလာမွန္းမသိေသာ ေဆးျမစ္အခ်ိဳ႕ လိမ္းေပးသည္။ ထို႔ေနာက္တြင္ အဝတ္စကို ၿဖဲကာ ပတ္တီးသဖြယ္ စီးေပးသည္။ ေဆးဆရာသဖြယ္ ကြၽမ္းက်င္ေနျခင္းမဟုတ္သည့္တိုင္ အေရးေပၚေတာ့ ကုသနိုင္စြမ္းသည္ေၾကာင့္ အရွင့္မွာ စိတ္ထဲမွ ႀကိတ္၍ေတာ့ ခ်ီးက်ဴးမိပါေသးသည္။

"ရၿပီ။ ေလာေလာဆယ္ေတာ့ မလႈပ္ရွားပါနဲ႕ဦး အရွင္"

"ဒီလိုက်ေတာ့လည္း ဘယ္ဆိုးလို႔လဲ ခင္ဗ်ားက။ ဒါေပမယ့္ အျပစ္ေတြက မ်ားေတာ့ စိတ္တိုေသးတယ္"

"ဟုတ္လား။ ဘာေတြမ်ားလဲ ေျပာျပပါဦး လာဗင္ဒါရဲ႕"

ေက်ာက္ေဆာင္ကို လက္ေထာက္ကာ ခပ္ၿပဳံးၿပဳံးျဖင့္ မမွိတ္မသုန္နားေထာင္ေနသည့္ alphaမွာ တိုင္းျပည္အရွင္သခင္က စကားဆိုေနသည္ကို အေရးတယူနားေထာင္ေနေသာ အမႈထမ္းထက္ ကေလးငယ္ေလးမ်ား ေရာက္တတ္ရာရာ စကားေျပာသည္ကို ေခ်ာ့ျမဴ၍ နားေထာင္ေနသည့္ဟန္ျဖင့္ ပို၍တူေလသည္။

"ခင္ဗ်ားေၾကာင့္ ျမင္းေပ်ာက္တယ္။ ေျခေထာက္ေခါက္တယ္ေလ"

"အဲ့ဒါေၾကာင့္ အခု ေျခေထာက္သက္သာေအာင္ ျပန္လုပ္ေပးတယ္ေလ။ လိုအပ္ရင္ နန္းေတာ္ထိလည္း ခ်ီေခၚသြားပါမယ္လို႔ ကတိေပးထားၿပီးသားကို"

"မလိုဘူး! ေနာက္ၿပီး ရွိေသးတယ္။ ကိုယ္ေတာ္ေရခ်ိဳးတာကိုလည္း ေခ်ာင္းၾကည့္ခဲ့တယ္။ ကိုယ္ေတာ္ ခြင့္ျပဳခ်က္မပါပဲလည္း အတင္းအက်ပ္နမ္းခဲ့ေသးတယ္ေလ နန္းေဆာင္ထဲမွာ"

"အဲ့ဒါ တမင္တကာ ေခ်ာင္းၾကည့္တာ မဟုတ္ပါဘူးဆို အရွင္ရယ္။ ဘာမွလည္း ေသခ်ာမျမင္ခဲ့ပါဘူး"

"ခင္ဗ်ားက ဘာျမင္ခ်င္ေသးလို႔လဲ"

"ေရာ္.. ခက္ၿပီေကာ။ ေနာက္ၿပီး နန္းေဆာင္ထဲကကိစၥက က်ဳပ္ေတာင္ ေမ့ေလာက္ေလ်ာ့ေလာက္ ျဖစ္ေနၿပီကို သတိရေနတယ္လား။ ဟုတ္လား လာဗင္ဒါ"

အဓိပျပါယိေဖာ႐ြခကေသြာ အၿပဳံးႀကီးျဖင့္ အေခၚအေဝၚက အစ ေျပာင္းလဲသြားေသာ မ်က္ဝန္းစိမ္းပိုင္ရွင္ alphaေၾကာင့္ အရွင္ေလးမွာ ေနာက္သို႔ တေ႐ြ႕ဆုတ္လိုက္ကာ ခပ္တင္းတင္းျပန္ၾကည့္လိုက္မိေတာ့သည္။ နန္းတြင္းမွာ မဟုတ္သည္ေၾကာင့္ သူ႕အား မထီမဲ့ျမင္ျပဳခ်င္ေနသည္မ်ားလား။

"ဘာမွ သတိမရဘူး။ ဒီတိုင္းေတြးမိလို႔ေျပာတာ။ ေနာက္ၿပီး ကိုယ္ေတာ့္ကို အဲ့လိုမေခၚနဲ႕လို႔ ေျပာထားတယ္ေလ"

"အခုက နန္းတြင္းမွာ မဟုတ္ဘူးေလ။ အရွင္ဆိုတာႀကီးက ေခၚရတာ အသားမက်ဘဴး လာဗင္ဒါရဲ႕"

"က်စ္။ ခင္ဗ်ား တကယ္ခက္တာပဲ။ ကိုယ္ေတာ္ေတာ့ ကိုယ္ရံေတာ္အေနနဲ႕ ေ႐ြးမိတာမွားၿပီထင္ပါရဲ႕။ ခင္ဗ်ားကို အနီးမွာ ကိုယ္ရံေတာ္အေနနဲ႕ထားတယ္ဆိုတာကေလ တျခားalphaေတြလို မဟုတ္ဘူးလို႔ ခံစားမိလို႔။ ဒီလိုအျပဳအမူေတြအတိုင္းဆိုရင္ေတာ့ ႏွင္ထုတ္ပစ္ဖို႔ ဝန္မေလးဘူးေနာ္"

"က်ဴပ္က စိတ္ေပါ့ပါးၿပီး ပိုၿပီး ရင္းႏွီးမႈရေအာင္ ဒီလိုေပါ့ေပါ့ပါးပါး ေျပာမိတာပါ။ ဒါက လာဗင္ဒါရဲ႕ သိကၡာကို ထိခိုက္တယ္လို႔ ခံစားေစရဖို႔ မရည္႐ြယ္ပါဘူး။ က်ဳပ္ရဲ႕ ေပါ့ဆမႈေၾကာင့္ omegaေတြဆို တစ္ဆင့္နိမ့္တဲ့ လူေတြလို အထင္ေသးတတ္တဲ့ ေရွးရိုးစြဲ alphaေတြလိုပဲလို႔ေတာ့ မထင္ေစခ်င္ဘူး။ က်ဳပ္ လာဗင္ဒါကို--အဲ့--အရွင့္ကို အမ်ားႀကီး ေလးစားပါတယ္။ ေလးစားသေလာက္ ရင္းႏွီးခ်င္တာကလည္း က်ဳပ္ဆႏၵမို႔။ ဒါေပမယ့္ ဒီလိုေျပာတာေတြ မႀကိဳက္ဘူးဆိုရင္ေတာ့ ေနာက္ကို က်ဳပ္ဆင္ျခင္မယ္ေလ"

အေလွ်ာက္ေကာင္၍ အေထာင္းသက္သာဟူေသာ စကားသည္ ထိုalphaအတြက္ ဖန္တီးေပးထားသည္ဟုပင္ ထင္ရေလာက္ေအာင္ စကားေျပာေကာင္းေသာ alphaေၾကာင့္ အရွင့္မွာ ေခါင္းသာ အသာယမ္းမိေတာ့သည္။ မ်က္စိေရွ႕မွ မ်က္ဝန္းစိမ္းပိုင္ရွင္ ထိုalphaသည္ ကိုယ္ရံေတာ္ မဟုတ္ပဲ အႀကံေပးရာထူးႏွင့္ ပို၍သင့္ေတာ္မည့္ လူမ်ိဳးပါပင္။

"ထားလိုက္ပါေတာ့။ ခင္ဗ်ား အဆင္ေျပသလိုသာ ေခၚေတာ့"

မိမိအား မ်က္ႏွာလႊဲကာ ၾကည္လဲ့လဲ့ ကန္ေရျပင္ကိုသာ ၾကည့္ရင္းစကားဆိုလာသည္မို႔ ထိုေရကန္ထဲမွ အမွတ္တရတခ်ိဳ႕သည္ပင္ မွတ္မိလာပါေသးသည္။ ထိုအခ်ိန္ကေတာ့ heatေၾကာင့္ပင္လား။ ယခုထက္ ႏူးညံ့ပါေသးသည္ေလ။ သို႔ေသာ္ ယခုလို မာနခဲ ေဒါသအိုး အုပ္ခ်ဳပ္သူေလးသည္လည္း ဆြဲေဆာင္မႈတမ်ိဳးရွိပါေသးသည္။

"ဒါနဲ႕ သိခ်င္တာရွိတယ္ အရွင္"

"အင္း"

"ေျခေထာက္ေထာက္ဖို႔ ခဲယဥ္းတဲ့အထိ ေခါက္သြားတာေတာင္ ဘယ္လိုလုပ္ၿပီး မနာက်င္သလို တုံ႕ျပန္ရတာလဲ"

"ကိုယ္ေတာ့္အတြက္ေတာ့ ပုံမွန္လို ျဖစ္ေနၿပီမို႔ မထူးဆန္းေတာ့ဘူးေလ။ အုပ္ခ်ဳပ္သူတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြကို ျပည့္မွီဖို႔ ေလ့က်င့္ရင္း ရခဲ့တဲ့ ဒဏ္ရာေတြနဲ႕ ယွဥ္ခဲ့ရင္ ဒါက ဘာမွမေျပာပဘူး"

မမွားယြင္းေသာ ဝန္ခံခ်က္ပင္ျဖစ္သည္။ Eldoaျပည္၏ တဦးတည္းေသာ ဆက္ခံသူျဖစ္သည္ေၾကာင့္ အဖက္ဖက္မွ ထားရွိေသာ ေမွ်ာ္လင့္ခ်က္တို႔အား ရိုက္မခ်ိဳးမိေစရန္၊ အုပ္ခ်ဳပ္သူဟူေသာ အရည္အခ်င္းျပည့္ဝေအာင္ အစြမ္းကုန္ ႀကိဳးစားခဲ့ရသည္မွာ ႀကီးေကာင္ဝင္စ အ႐ြယ္ကတည္းကပင္ ျဖစ္သည္။ မိမိသည္ omegaမွန္း သိရွိရခ်ိန္တြင္ေတာ့ ပို၍ စိတ္မပ်က္ေစရန္ ႏွစ္ဆတိုး ႀကိဳးစားခဲ့ရသည္မို႔ ရခဲ့ဖူးေသာ ဒဏ္ရာဒဏ္ခ်က္တို႔မွာ ေရတြက္၍ပင္ ေလာက္လိမ့္မည္ မထင္ပါ။ ထိုအခ်င္းအရာတို႔ေၾကာင့္ omegaတို႔သည္ အားနည္းသည္၊ လုပ္နိုင္စြမ္း နည္းပါးသည္ဟူ၍ ႏွိမ္ခ်ခ်င္သည့္ စကားမ်ားၾကားပါလွ်င္ ျပက္ရယ္သာ ျပဳခ်င္မိျခင္းျဖစ္သည္။

"ဒါေပမယ့္လည္းနာရင္ နာတယ္။ အဆင္ေျပမေနရင္ အဆင္ေျပမေနဘူးဆိုၿပီး ေဖာ္ျပရမွာပါ့ အရွင္"

"ကိုယ္ေတာ္က အုပ္ခ်ဳပ္သူေလ။ ေပ်ာ့ညံ့တဲ့ ပုံစံကို ျပလို႔မျဖစ္ဘူး မဟုတ္လား။ ေနာက္ၿပီး omegaမို႔ ပိုလို႔ေတာင္ အဲ့လိုပုံစံကို မေဖာ္ျပခ်င္ဘူး။ လူေတြရဲ႕ေရွ႕မွာေတာ့ သန္မာတဲ့ အုပ္ခ်ဳပ္သူ တစ္ေယာက္ဆိုတဲ့ ပုံစံကိုပဲ ျပခ်င္မိတယ္"

"alpha omegaမွ မဟုတ္ပဲ လူတိုင္းမွာ အားနည္းတဲ့အခ်ိန္ ရွိတတ္ပါတယ္ အရွင္။ က်ဳပ္ကိုယ္တိုင္လည္း alphaဆိုေပမယ့္ က်ဳပ္မွာလည္း အားအင္ခ်ိနဲ႕တဲ့ အခ်ိန္မ်ိဳးရွိတာပဲ။ အဲ့လိုပဲ အရွင့္မွာလည္း အားနည္းတဲ့အခ်ိန္ဆိုတာ ရွိမွာပါ။ ဒါက အျပစ္မဟုတ္ပဲ သက္ရွိသဘာဝမို႔ က်ဳပ္တို႔က လက္ခံဖို႔ လိုအပ္တာေပါ့ အရွင္။ အၿမဲတမ္း သန္မာေနဖို႔မွ မလိုပဲ"

"ေနာက္ၿပီး စံႏႈန္းေတြကို ခ်ိဳးေဖာက္နိုင္ကတည္းက အရွင္က အမ်ားႀကီး သန္မာေနၿပီးပါၿပီ။ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို လက္ခံနိုင္မယ္ဆို ပိုလို႔ေတာင္ သန္မာဦးမွာ။ အျခားသူေတြကို မေဖာ္ျပခ်င္ဘူးဆိုရင္ေတာင္ က်ဳပ္ေရွ႕မွာေတာ့ ပြင့္လင္းလို႔ရပါတယ္ အရွင္"

ေလးေလးနက္နက္ေျပာလာေသာ ထိုalpha၏ စကားတို႔မွာ အမွန္ပင္ အရွင့္စိတ္တြင္း ေပ်ာ္ဝင္ေစပါသည္။ alphaတစ္ဦးျဖစ္သည့္တိုင္ သမရိုးက်ႏွင့္ ကြဲထြက္ေနေသာ အေတြးအေခၚတို႔သည္ အထင္ႀကီးေစေလာက္ပါသည္ေလ။

"ကိုယ္ရံေတာ္ကင္မ္"

"ဟင္"

"ခုနက စကားကို ျပန္႐ုတ္သိမ္းတယ္။ ခင္ဗ်ားကို ေ႐ြးခ်ယ္မိတာ မမွားဘူးထင္ပါတယ္"

"ေရွ႕ဆက္ၿပီးလည္း အရွင့္ ေ႐ြးခ်ယ္မႈ ေနာင္တမရေအာင္ က်ဳပ္ကအမ်ိဳးမ်ိဳး သက္ေသျပေပးဦးမွာပါ။ အရွင့္အတြက္ အကူအညီ ျဖစ္ေပးခ်င္တယ္လို႔ ေျပာခဲ့တယ္ မဟုတ္လား"

"ေစာင့္ၾကည့္ၾကတာေပါ့ ကိုယ္ရံေတာ္ကင္မ္"

Eldoraအရွင္ႏွင့္ ကိုယ္ရံေတာ္ကင္မ္၊ ေလးနက္စြာ ဆုံဆည္း၍ေနၾကေသာ ေက်ာက္စိမ္းေရာင္ႏွင့္ ခရမ္းစြဲေရာင္ မ်က္ဝန္းတို႔၊ ထို႔အျပင္ မိုးမခေတာ၏ ေလထုထဲ လိုက္ဖက္စြာ ေရာယွက္ေနေသာ မိုးရနံ႕ႏွင့္ လာဗင္ဒါရနံ႕၊ ပနံသင့္လွပါသည္ေလ။

#Tbc

A/N: ပုံျပင္ေတြ အရမ္းေျပာတဲ့ 해바라기ဟာ ဒီတခါလည္း အၾကာႀကီးေစာင့္ခိုင္းမိျပန္တယ္ေနာ္ :'D အားနာပါတယ္ဆိုတဲ့စကားအျပင္ ေျပာစရာရွာလို႔မေတြ႕ေတာ့ပါဘူး aigooo... ဒါကိုေတာင္ စိတ္ရွည္ရွည္နဲ႕ ေစာင့္ေပးၾကတဲ့ ဒါဒါnimတို႔ကိုလည္း ေက်းဇူးတင္ၿပီးရင္းကို တင္ရပါတယ္ရွင္။ လာဗင္ဒါေလးတို႔လည္း မၾကာခင္ ဇာတ္ရွိန္တက္မယ့္ အပိုင္းေတြ ေရာက္လာေတာ့မွာမို႔ ခုဇာတ္ေမ်ာႀကီးလိုျဖစ္ေနရင္ ခဏေလး သည္းခံၿပီး ဖတ္ေပးၾကပါဦးေနာ္ ><

See you in next episode~

- 해바라기

Continue Reading

You'll Also Like

1.5K 110 10
ΨΈΩ†Ω†Ψͺُ Ψ§Ω†Ω†ΩŠ Ω†Ψ¬ΩˆΨͺ... Ψ¬ΩˆΩ†ΨΊ Ω‡ΩˆΨ³ΩˆΩƒ β€’Ψ±ΩˆΨ§ΩŠΨ© Ψ°Ψ§Ψͺ ΩΨ΅ΩˆΩ„ Ω‚Ψ΅ΩŠΨ±Ψ© "Ω…ΩƒΨͺΩ…Ω„Ψ© βœ”οΈ"
163K 6.2K 22
Oc female Jackson x Hermes x Apollo x Ares
1M 22.3K 58
A 'slut' of a 21 year old Nidhi is married to the disabled thakur, who is paralysed below his waist. What will happen when her sexual frustration wil...
51.8K 4.5K 22
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK #Crd Photo to the owner α€˜α€šα€Ήα€€α€™α€½α€”α€Ήα€Έα€™α€žα€­α€±α€›α€¬α€€α€Ήα€œα€¬α€α€²α€· α€šα€―α€”α€Ήα€±α€•α€«α€€α€Ήα€±α€œα€Έα€€α€­α€― α€α€Ία€…α€Ήα€™α€­α€žα€Όα€¬α€Έα€α€²α€· α€€α€Ία€¬α€Έα€žα€…α€Ήα€”α€€α€Ήα€˜α€―α€›α€„α€Ήα€€α€„α€Ήα€™α€Ήα€‘α€šα€Ήα€±...