ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

552K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၆၄

4.6K 683 44
By Kay_Wine

{Zawgyi}

လင္ရွန္း မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ စာအုပ္ကို ေတာင့္ေတာင့္ႀကီး ၾကည့္ေနမိတယ္။

ေမာ့က်ဴးခ်န္...

လင္ယြမ္ရဲ႕အိပ္ခန္းထဲက အိပ္ရာေဘးက စာအုပ္မွာ စိတ္ႀကီးဝင္ေနတဲ့ေက်ာင္းျမက္ႀကီးရဲ႕နာမည္ကို အမွတ္မထင္ေတြ႕လိုက္ရတယ္။

ေနာက္ၿပီးေတာ့ေရာ?

သူ ေနရာမွာတင္ ေၾကာင္ေတာင္ရပ္ေနမိတယ္။

သူ႔လက္ထဲက အိမ္ေနရင္းအဝတ္အစားေတြ ၾကမ္းျပင္ေပၚက်သြားတာကိုေတာင္ သူသတိမထားမိဘူး။

စာအုပ္က သူနဲ႔အေတာ့္ကို နီးကပ္ေနတယ္။ ဒါကို ေနာက္တစ္ႀကိမ္ ဖြင့္ၾကည့္ဖို႔ လင္ရွန္းအတြက္ လက္တစ္ကမ္းေလာက္သာ လိုတယ္။ ဒါေပမယ့္ အဲ့တာက သူ႔အတြက္ ပန္ဒိုရာေသတၱာလိုမ်ိဳးပဲ၊ သူ႔ကို ေၾကာက္လန႔္ေနေစတယ္။

ရွင္းလင္းေနတဲ့အဖုံး။

သိပ္မထူတဲ့စာအုပ္တစ္အုပ္...

ဟုတ္တယ္?

မထူဘူး?!

တစ္ခုခုေတာ့ မွားေနတယ္ဆိုတာကို လင္ရွန္း ႐ုတ္တရက္ ခံစားလိုက္ရတယ္။

သူ အရင္က ဖတ္ခဲ့တဲ့ မယ္ရီဆူးမူၾကမ္းက e-bookဆိုေပမယ့္ စာလုံးေရေတာ္ေတာ့္ကိုမ်ားတယ္။ စာအုပ္တစ္အုပ္ထုတ္မယ္ဆိုရင္ ေသခ်ာေပါက္ မတန္တဆထူပိန္းေနမွာ။

တအားပါးေနတာမ်ိဳး မျဖစ္ႏိုင္ဘူး။

လင္ရွန္း မသိစိတ္ထဲကေန တံေတြးၿမိဳခ်မိလိုက္တယ္။

အဲ့တာ ေမာ့က်ဴးခ်န္လား?

သူ မေရမရာျဖစ္လာေတာ့တယ္။

'ခုေလးတင္ ငါျမင္လိုက္ရတာက အရမ္းျမန္လြန္းလို႔ မွားသြားတာမ်ားလား?'

'ဒါမွမဟုတ္ ေနာက္တစ္ခ်က္ေလာက္ ၾကည့္ၾကည့္ရမလား?'

လင္ရွန္းရဲ႕လည္ေစ့က အေပၚတက္ေအာက္ဆင္း အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ေနေတာ့တယ္။

သူ႔အစ္ကိုႀကီးရဲ႕စာအုပ္ကို ဒီလိုမ်ိဳး တိတ္တိတ္ေလးဖတ္ၾကည့္တာက မမွန္ကန္ဘူးဆိုေပမယ့္ စာအုပ္ထဲပါအေၾကာင္းအရာကို သိခ်င္ေနတဲ့စိတ္က သူ႔ကိုေနာက္တစ္ႀကိမ္ စာအုပ္ဆီလက္လွမ္းဖို႔ သတၱိေတြျဖစ္ေစတယ္...

"ရွန္းရွန္း"

"အား!" လင္ရွန္း အာေမဋိတ္သံထြက္သြားၿပီး ထခုန္မိလုနီးနီးေတာင္ျဖစ္သြားတယ္။

'ေထာက္'ဆိုတဲ့အသံနဲ႔အတူ စာအုပ္က ၾကမ္းပင္နဲ႔ထိသြားျပန္တယ္။

"ရွန္းရွန္း?" လင္ယြမ့္အသံ ထြက္ေပၚလာျပန္တယ္ "ဘာျဖစ္တာလဲ?"

"ဟင့္အင္း..." လင္ရွန္း စိတ္လႈပ္ရွားၿပီး အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနေတာ့တယ္။

သူ႔အစ္ကိုႀကီးကို လွည့္ၾကည့္ကာ "ဘာမွ မျဖစ္ပါဘူး"

လင္ယြမ္က သူ႔ကို မသကၤာဟန္နဲ႔ၾကည့္ၿပီး သူ႔မ်က္လုံးေတြက ၾကမ္းျပင္ေပၚက်ေနတဲ့ အိမ္ေနရင္းအဝတ္အစားေတြနဲ႔ စာအုပ္ဆီ ေရာက္သြားတယ္။

သူ ခပ္ဟဟရယ္ၿပီး လင္ရွန္းဆီ တည္ၿငိမ္စြာ ေလွ်ာက္သြားလိုက္တယ္။

လင္ယြမ္က ကိုယ္ကို ကိုင္းကာ အိမ္ေနရင္းအဝတ္အစားေတြကို အရင္ဆုံးေကာက္ယူၿပီး ဖုန္ခါကာ လင္ရွန္းလက္ထဲ ထိုးေပးတယ္။ ထို႔ေနာက္ စာအုပ္ဆီ ေရာက္သြားတယ္။

လင္ယြမ္က စာအုပ္ကို အိပ္ရာေဘးကစားပြဲေပၚ ျပန္တင္ထားၿပီး လင္ရွန္းကို ၿပဳံးျပလာတယ္ "ရွာရခက္ေနလို႔လား?"

သူက တံခါးကို လက္ညႇိဳးထိုးျပကာ "မင္းရဲ႕အတန္းေဖာ္ေလးက မင္းကိုေခၚေနတာ ၾကားလိုက္ရတယ္၊ သူ ေရခ်ိဳးလို႔ ၿပီးသြားတာျဖစ္မယ္"

"အိုး... အိုး..." လင္ရွန္း ငူငိုင္ငိုင္နဲ႔ ျပန္ေျဖလိုက္တယ္။

သူ႔အၾကည့္ကို လုံးဝထိန္းခ်ဳပ္မရျဖစ္ကာ စာအုပ္ဆီကိုပဲ အၾကည့္ေရာက္ေရာက္သြားတယ္။

မျဖစ္ႏိုင္တာ!

လင္ရွန္းစိတ္ထဲမွာ အသံတစ္ခုက သူ႔ကိုေျပာေနတယ္ : 'မင္း ဒီတိုင္းၾကည့္လိုက္လို႔ မရဘူးေလ! အဲ့တာက...'

'မင္း ဘာလုပ္ႏိုင္မွာမို႔လို႔လဲ?'

သူ ေၾကာင္အေနတယ္။

သူက ဘာကို ေၾကာက္ေနတာလဲ?

သူ႔အစ္ကိုလိုမ်ိဳး သိမ္ေမြ႕ၿပီး ခ်င့္ခ်ိန္ေတြးတတ္တဲ့လူကို... ေၾကာက္ေနတာလား?

"ဘာျဖစ္လို႔လဲ?"

"ဘာမွ မျဖစ္ပါဘူး" လင္ရွန္း ေခါင္းအျမန္ခါလိုက္တယ္။

အိမ္ေနရင္းအဝတ္အစားေတြကိုပိုက္ကာ လင္ယြမ္ရဲ႕အိပ္ခန္းထဲကေန အျမန္ထြက္လာလိုက္တယ္။

သူ႔အိပ္ခန္းဆီ ျပန္ေျပးလာကာ တံခါးကိုပိတ္ၿပီးမွ သက္ျပင္းခ်မိတယ္။

တံခါးကို ေက်ာမွီၿပီး ေလဟာနယ္ထဲကို ေငါင္ေၾကာင္ေနတဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနမိတယ္။

တျခားရွိေသးလား?

အဲ့စာအုပ္ထဲမွာ ေမာ့က်ဴးခ်န္နာမည္ရွိတာလား?

အခု ပိုလို႔ေတာင္ မေရရာျဖစ္လာတယ္။

ခုေလးတင္ ျဖတ္ခနဲျမင္လိုက္ရတာက တကယ္ပဲ အမွားတစ္ခုလား?

သူ႔အစ္ကိုႀကီးက သိပ္ကိုသေဘာထားႀကီးၿပီး ဟန္ေဆာင္ျခင္းမရွိတဲ့လူတစ္ေယာက္။ အကယ္၍မ်ား ျပႆနာရွိမယ္ဆိုရင္ သူ႔အေပၚ ဘယ္လိုလုပ္ တအားေကာင္းေပးၿပီး စဥ္းစားေပးေနမွာလဲ!

အမွန္ပဲ!

သူပဲ မွားသြားတာျဖစ္မယ္!

သူ႔ကိုယ္သူႏွစ္သိမ့္ရင္း လင္ရွန္း ေခါင္းကို အားပါပါၿငိတ္လိုက္တယ္__

ေသခ်ာေပါက္ သူမွားသြားတာပဲ!

ဒီအေတာအတြင္း သူနဲ႔ ေမာ့က်ဴးခ်န္ၾကားမွာ ကိစၥေတြအမ်ားႀကီးျဖစ္သြားခဲ့တယ္၊ ေနာက္ၿပီး သူတို႔က ခုေလးတင္ နားေနခန္းထဲမွာ...

သူ႔ေခါင္းထဲမွာ တကယ့္ကို တစ္ေယာက္ခ်င္းစီနဲ႔တင္ ျပည့္ႏွက္ေနၿပီ။

သူမွားသြားတာပဲ ျဖစ္မွာပါ!

လင္ရွန္းတစ္ေယာက္ အိမ္ေနရင္းအဝတ္အစားေတြကို တင္းက်ပ္စြာကိုင္ထားၿပီး ေနာက္တစ္ႀကိမ္ ေခါင္းတၿငိတ္ၿငိတ္လုပ္ေနျပန္တယ္။

'ကလစ္'ဆိုတဲ့ အသံတိုးတိုးနဲ႔အတူ သူ႔အိပ္ခန္းထဲက ေရခ်ိဳးခန္းတံခါးပြင့္လာတယ္။

တဘတ္ေလးတစ္ထည္သာ ခါးမွာပတ္ထားၿပီး ေမာ့က်ဴးခ်န္ ထြက္လာေတာ့တယ္။

လင္ရွန္းကေတာ့ တံခါးကို မွီေနတုန္းပဲ။

ေမာ့က်ဴးခ်န္ ထြက္လာတယ္ဆိုတာနဲ႔ လင္ရွန္းနဲ႔ မ်က္လုံးခ်င္းဆုံသြားတယ္။

သူက အေပၚပိုင္းဗလာနဲ႔။

အခုေလးတင္ ေရခ်ိဳးထားတာေၾကာင့္ ေရခ်ိဳးခန္းထဲက ေရေငြ႕ေတြကလည္း သူ႔ေနာက္ကေန တိုးေဝွ႔ထြက္ေပၚလာတယ္။

ေမာ့က်ဴးခ်န္ရဲ႕ဆံပင္က စိုစြတ္ေနတယ္။ သူ႔ရဲ႕ဆံပင္အဖ်ားေလးေတြကေန ေရတစ္စက္လိမ့္ဆင္းလာၿပီး သူ႔ရဲ႕က်စ္လ်စ္တဲ့ပုခုံးေပၚ တင္က်န္သြားတယ္။

ေနာက္ဆုံးမွာ သူ႔ရဲ႕အဆီကင္းမဲ့တဲ့ ေနာက္ေက်ာကေန ေရခ်ိဳးတဘတ္ထဲကို စီးက်သြားတယ္။

လင္ရွန္း "!!!"

ေမာ့က်ဴးခ်န္ရဲ႕ ဒီလိုပုံစံမ်ိဳးကို ျမင္ဖူးတာ အခုက ပထမဆုံးလည္းမဟုတ္ေတာ့ဘူး။

ဒါေပမယ့္ ေနာက္ဆုံးအႀကိမ္ ျမင္ခဲ့ရတုန္းက ေရပူစမ္းဟိုတယ္မွာျဖစ္ၿပီး ေမာ့က်ဴးခ်န္နဲ႔ ပက္သက္လို႔ ဘာဆိုဘာမွ အေတြးမဝင္မိဘူး။ အဲ့တုန္းက သူတို႔ေတြ နမ္းမွမနမ္းရေသးတာ။

သူတို႔ႏွစ္ေယာက္ၾကားမွာ အျဖဴစင္ဆုံးအတန္းေဖာ္ သူငယ္ခ်င္းဆက္ဆံေရးသာ ရွိၾကေသးတယ္။

မွန္မၾကည့္ဘဲနဲ႔ေတာင္ သူ႔မ်က္ႏွာက နီရဲေနေလာက္တယ္ဆိုတာကို လင္ရွန္း သိေနတယ္။

သူ အေတာင့္လိုက္ႀကီးျဖစ္သြားၿပီး မိန္းမငယ္ေလးတစ္ေယာက္လို မေအာ္လိုက္ေပမယ့္ သူ႔နား႐ြက္ေတြကေတာ့ ပူေလာင္လာတယ္။

"မင္း..." လင္ရွန္း တံေတြးၿမိဳခ်ကာ လက္ကိုဆန႔္ထုတ္ၿပီး အိမ္ေနရင္းအဝတ္အစားေတြကို လွမ္းေပးလိုက္တယ္ "မင္းအတြက္ အဝတ္အစားေတြ"

အာ...

ေမာ့က်ဴးခ်န္က ခပ္ဟဟရယ္လိုပုံေပၚတယ္။

သူက အိမ္ေနရင္းအဝတ္အစားေတြကို လွမ္းယူၿပီး အမႈမဲ့အမွတ္မဲ့လိုမ်ိဳး သူ႔ရဲ႕စိုစြတ္စြတ္လက္ထိပ္ေတြနဲ႔ လင္ရွန္းရဲ႕ လက္ေခ်ာင္းေတြကို ပြတ္လိုက္တယ္။

လင္ရွန္း ေနာက္တစ္ဖန္ အပူေလာင္သြားသလိုမ်ိဳး ျဖစ္သြားရတယ္။

သူ႔လက္ကို ႐ုတ္ျခည္းျပန္႐ုတ္သိမ္းကာ သက္ျပင္းကို တိုးတိုးေလးအႀကိမ္အနည္းငယ္ခ်ကာ စိတ္ၿငိမ္ေအာင္ မလုပ္ႏိုင္သေလာက္ ျဖစ္ေနတယ္။

လင္ရွန္း ေခါင္းလွည့္ကာ သူ႔အိပ္ယာကို ၾကည့္ရင္း "အိပ္ရာကေတာ့ နည္းနည္းေလး က်ဥ္းသလိုပဲ..."

"တိတ္စမ္း!" ေမာ့က်ဴးခ်န္ ခပ္တင္းတင္းေျပာလိုက္တယ္ "မင္းရဲ႕အစ္ကိုေရွ႕မွာ မင္းကို နမ္းျပေစခ်င္ေနတာလား?"

ၿခိမ္းေျခာက္မႈက အရွက္ကင္းမဲ့လွေပမယ့္ အေတာ္ေလးေတာ့ ထိေရာက္မႈရွိတယ္။

လင္ရွန္းက သူ႔စိတ္ထဲမွာ တစ္စုံတစ္ရာရွိေနတာေၾကာင့္ ပါးစပ္ပိတ္ၿပီး ေရသာသြားခ်ိဳးလိုက္ေတာ့တယ္။

တကယ္ေတာ့ ေမာ့က်ဴးခ်န္နဲ႔ပက္သက္လို႔ သူ အေတာ္ေလးေတာ့ စိတ္ခ်တယ္။

တစ္ဖက္လူက ေမာက္မာလွတယ္ဆိုေပမယ့္ သူ တကယ္မေပ်ာ္မ႐ႊင္ျဖစ္မွာမ်ိဳးကို ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးဘူး။

သူ ေရခ်ိဳးၿပီးထြက္လာခ်ိန္မွာ ေမာ့က်ဴးခ်န္က အိပ္ရာေပၚမွာ လွဲေတာင္လွဲေနၿပီ။

သူက သူ႔ကိုယ္သူ ေစာင္နဲ႔ တင္းတင္းက်ပ္က်ပ္ ထုပ္ထားၿပီး ေခါင္းေလးသာ ေဖာ္ထားတယ္။

လင္ရွန္း အိပ္ရာဆီ ေလွ်ာက္သြားေတာ့ သူ႔ကိုယ္သူ ပိုးတုံးလုံးေကာင္လို ထုပ္ထားတဲ့ ေမာ့က်ဴးခ်န္က ေမာ့ၾကည့္လာတယ္။

"ငါ..."

"ငါ..."

သူတို႔ႏွစ္ေယာက္လုံး တစ္ခ်ိန္တည္းမွာ ေျပာမိသလိုျဖစ္သြားၿပီးေနာက္ ပါးစပ္ပိတ္သြားၾကတယ္။

"မင္း အရင္ေျပာ" ေမာ့က်ဴးခ်န္က ႏွာေခါင္းရႈတ္လိုက္ၿပီး လင္ရွန္းကို အရင္ေျပာဖို႔ မ်က္ရိပ္ျပလိုက္တယ္။

"ငါ့သူငယ္ခ်င္းေတြကို အိမ္လာလည္ဖို႔ မဖိတ္ဖူးဘူး" လင္ရွန္းက ေျပာေနရင္းနဲ႔ သူ႔ရဲ႕ေရခ်ိဳးတဘတ္ကို ခ်လိုက္တယ္။

ေမာ့က်ဴးခ်န္အတြက္ ရွာေပးခဲ့တဲ့ ေရခ်ိဳးတဘတ္အသစ္ေလးက ထိုင္ခုံလက္ရမ္းေလးမွာ ေသေသသပ္သပ္ေလး ေခါက္ၿပီး တင္ထားတာကို ေတြ႕လိုက္ရတယ္။

ေမာ့က်ဴးခ်န္ရဲ႕ေက်ာင္းယူနီေဖာင္းေတြနဲ႔အတူ ေဘးမွာ အားလုံးေခါက္ၿပီး ေနရာတက်ထားထားတယ္။

လင္ရွန္းလည္း ေစာင္ထဲကို ခပ္သြက္သြက္ေလး ဝင္လိုက္တယ္။ သူတို႔ေတြ ဂြမ္းကပ္ေစာင္ေအာက္ ေရာက္သြားၾကတယ္။

အိပ္ရာက တစ္မီတာနဲ႔ ရွစ္မီတာအရွည္ရွိၿပီး ေစာင္က လက္တစ္ဆန႔္စာအရွည္ရွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္ မွ်ၿခဳံဖို႔ လုံေလာက္တယ္။

သူလည္း ေမာ့က်ဴးခ်န္နည္းလမ္းအတိုင္းလိုက္ကာ ေစာင္နဲ႔ ခပ္တင္းတင္းပတ္လိုက္ၿပီး အျပင္မွာ ေခါင္းေလးသာ ထုတ္ထားတယ္။

အိပ္ခန္းထဲမွာ ခဏေလာက္ၾကာတဲ့အထိ ဘယ္သူမွ စကားမေျပာျဖစ္ၾကဘူး။

ေမာ့က်ဴးခ်န္ရဲ႕အသက္ရႈသံက သူ႔နားထဲ လာ႐ိုက္ခတ္ေနတာကို လင္ရွန္းၾကားေနရတယ္။

သူစိမ္းဆန္သေယာင္နဲ႔ ရင္းႏွီးလွတဲ့ အသက္ရႈသံခပ္ရွည္ရွည္။

သူ႔အိပ္ခန္းထဲမွာ တစ္ျခားလူတစ္ေယာက္ရဲ႕ အသက္ရႈေငြ႕ေတြနဲ႔ ေရာေထြးသြားတယ္ဆိုေပမယ့္ သူ႔ကို ရင္းႏွီးသလိုလို မရင္းႏွီးသလိုလိုသာ ျဖစ္ေစတယ္။

"မင္း ဘာေျပာခ်င္လို႔လဲ?"

ခဏေလာက္ တိတ္ဆိတ္သြားၿပီးမွ လင္ရွန္း ေမးလိုက္တယ္။

ဒီခံစားခ်က္က သူ႔အတြက္ အေတာ့္ကို အသစ္အဆန္းျဖစ္ေနေစတယ္။

သူနဲ႔ သက္တူ႐ြယ္တူေတြနဲ႔ အိပ္ရာတစ္ခုတည္း မွ်အိပ္ဖို႔မေျပာနဲ႔ အိမ္ကို ဧည့္သည္တစ္ေယာက္ေတာင္ ဘယ္တုန္းကမွ မဖိတ္ခဲ့ဖူးဘူး။

သူ႔ရဲ႕ကိုယ္ပိုင္သီးသန႔္ပိုင္နက္ေလးကို တျခားသူေတြနဲ႔ မွ်ေဝရတဲ့ခံစားခ်က္က လင္ရွန္းကို ေျပာမျပတတ္ေအာင္ စိတ္လႈပ္ရွားေစတယ္။

"ငါလည္း တျခားလူရဲ႕အိမ္မွာ ညအိပ္ဖူးတာ ပထမဆုံးပဲ" ေမာ့က်ဴးခ်န္ ေျပာလာတယ္။

ေျပာလို႔ၿပီးတာနဲ႔ လက္ေျမႇာက္ကာ အိပ္ခန္းမီးကို မွိတ္လိုက္တယ္။

မ်က္ႏွာၾကက္ကေန ၾကမ္းျပင္အထိ ရွည္တဲ့လိုက္ကာအထူႀကီးေတြက ျပတင္းေပါက္အျပင္မွာရွိတဲ့ ၾကယ္ေတြနဲ႔ လေရာင္ကို တားဆီးထားၿပီး တံခါးေထာင့္နားက ညမီးေရာင္ေလးတစ္ခုကသာ ဝါေဖ်ာ့ေဖ်ာ့ေလးအလင္းေရာင္ေပးေနတယ္။

လင္ရွန္း မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ေနမိတယ္။ သူ ေကာလိပ္တက္ေတာ့ မ်ားေသာအားျဖင့္ ေက်ာင္းအေဆာင္မွာသာ ေနခဲ့တယ္။

ဒါေပမယ့္ သူက သူသိပ္မေတာ္တဲ့အျပင္ သေဘာအက်ႀကီးမဟုတ္တဲ့ ဘာသာရပ္ကို ေ႐ြးခဲ့ရတာေၾကာင့္ အိမ္စာေတြ ေနာက္မက်ေရး ေန႔တိုင္း အေစာႀကီးထကာ ေနာက္က်မွ ျပန္ရေလ့ရွိတယ္။ အခ်ိန္အမ်ားစုက စာၾကည့္တိုက္ထဲမွာသာျဖစ္ၿပီး ပိတ္ေတာ့မွသာ ျပန္ရတယ္။

ေနာက္ဆုံးစာေမးပြဲမတိုင္ခင္မွာေတာ့ စာၾကည့္တိုက္က ညလုံးေပါက္စာၾကည့္ခန္းေတြ ဖြင့္ေပးတတ္တယ္။

မနက္ဆို ငါးနာရီေလာက္ အေဆာင္ကထြက္လာၿပီး ေနာက္တစ္ေန႔ မနက္တစ္နက္ရီေလာက္မွ လင္ရွန္း ျပန္ထြက္လာေလ့ရွိတယ္။

အေဆာင္ထဲမွာဆို လူေတာ္ေတာ္မ်ားမ်ားက တုံးလုံးပက္လက္လွဲၿပီး အိပ္ရာမဝင္ခင္ စကားစျမည္ေျပာေလ့ရွိတာကို သူသိတယ္။

ညပိုင္းစကားေျပာတာက တကၠသိုလ္မွာ နာမည္အႀကီးဆုံးအေဆာင္႐ိုးရာေတြထဲက တစ္ခုျဖစ္တယ္။

ျပန္ေတြးၾကည့္မယ္ဆိုရင္ လင္ရွန္း အဲ့တာမ်ိဳးမွာ တစ္ခါေလးေတာင္ မပါဖူးဘူး။

ပိတ္ရက္ေတြဆို အိမ္ကိုျပန္ၿပီး အေဆာင္ရဲ႕လႈပ္ရွားမႈေတြမွာ ပါဝင္တယ္ဆိုတာ ခဲယဥ္းတယ္။

အခ်ိန္အေတာ္ၾကာတဲ့ေနာက္မွာ လင္ရွန္းက သူ႔အတန္းေဖာ္ေတြၾကား သီးသန႔္ကြဲထြက္ေနတဲ့လူတစ္ေယာက္ျဖစ္လာတယ္။

ပထမဆုံးစာသင္ႏွစ္မွာ တတိယအဆင့္ရတာေၾကာင့္ အတန္းေဖာ္ေတြ တအံ့တဩျဖစ္ခဲ့ရတာကလြဲလို႔ သူ႔ရဲ႕တည္ရွိမႈက မရွိသေလာက္နီးပါးပဲ။

ေနာက္ပိုင္း အတန္းလႈပ္ရွားမႈေတြမွာေတာင္ အတန္းေခါင္းေဆာင္က သူ႔ကို ေမးတယ္ဆို႐ုံသာ လာေမးေတာ့တယ္။

မပါဘူးဆိုလည္း တြန္းအားမေပးေတာ့ဘူး။

ဒါကို ေတြးမိေတာ့ လင္ရွန္း မေနသာစြာ ခပ္ဟဟရယ္မိတယ္။

"ဘာေတြရယ္ေနတာလဲ?"

သူ႔ရယ္သံက တိုေတာင္းလွေပမယ့္ ကိုယ့္ကိုယ္ကို အျပစ္တင္မႈတို႔နဲ႔ ျပည့္ႏွက္ေနတယ္။

ေမာ့က်ဴးခ်န္က ခ်က္ခ်င္း ထေမးေတာ့တယ္ "ငါ့ကို ရယ္ေနတာလား?"

"မဟုတ္ပါဘူးကြာ" လင္ရွန္း မ်က္ေတာင္ခတ္လိုက္တယ္။

မီးမွိတ္ထားတာေၾကာင့္ အေမွာင္ထဲမွာ အခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ မျမင္ရဘူး။

သူ႔ႏႈတ္ခမ္းေတြကို တြန႔္ခ်ိဳးကာ သူ႔ကိုယ္သူ တိတ္တိတ္ေလး ေလွာင္ရယ္ေနလိုက္တယ္။

အတိတ္တုန္းက သူ႔ရဲ႕ဉာဏ္ႀကီးရွင္အစ္ကိုႀကီးရဲ႕ ေနာက္ေကာက္မက်ေရးနဲ႔ သူ႔မိဘေတြ သူ႔ကိုပိုၿပီး အေရးစိုက္ေရးကို တကယ္အမ်ားႀကီး အေလးထားခဲ့တယ္။

ဒါက ေပးဆပ္လိုက္တာမ်ိဳးမဟုတ္ဘူး။

သူ႔အသက္အ႐ြယ္ သာမန္ေကာင္ေလးတစ္ေယာက္ ေတြ႕ႀကဳံရမယ့္ ကိစၥေတြအမ်ားႀကီးကို စြန႔္ပစ္လိုက္သလိုမ်ိဳးေတာင္ ျဖစ္ေနခဲ့တယ္။

ၿပီးေတာ့ စ႐ိုက္ကပါ အေတာ္ေလးမႏွစ္ၿမိဳ႕စရာ ျဖစ္ခဲ့ရတယ္။

လင္ရွန္း ႏႈတ္ခမ္းေတြကို တင္းေနေအာင္ ေစ့ထားလိုက္တယ္။

ေစာင္ထဲမွာရွိတဲ့ သူ႔လက္ေတြက တေျဖးေျဖးခ်င္း ေကြးသြားကာ လက္သီးဆုပ္ေတြအျဖစ္ ေျပာင္းလဲသြားေတာ့တယ္။

သူ အရက္လည္းေသာက္ထားတယ္။ အခုက အေမွာင္ထဲမွာ။ သူ႔မ်က္ႏွာေပၚက အမူအယာကို ဘယ္သူမွာ ျမင္ႏိုင္မွာမဟုတ္ဘူး။ သူ႔အေတြးေတြကို ဘယ္သူမွ ၾကားမွာမဟုတ္ဘူး။

ဒီလိုအခိုက္အတန႔္မွာ ႐ုတ္တရက္ဆိုသလို သူ႔ရဲ႕ႏွလုံးသားကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္။

ခုေလးတင္ လင္ယြမ္ရဲ႕အိပ္ခန္းထဲမွာ စာအုပ္ကို ဖြင့္ၿပီး တစ္ခ်က္ေလာက္ၾကည့္ဖို႔ အခြင့္အေရးရခဲ့တယ္ဆိုတာ သိသာလွတယ္။

လင္ယြမ္ရဲ႕အခန္းထဲကို ဝင္ေတာ့မွ အဲ့စာအုပ္ကို ပထမဆုံးအႀကိမ္ ထိေတြ႕ဖူးတာျဖစ္တယ္။

အဲ့တာက အခ်ိန္တိုေလးတစ္ခုမဟုတ္ခဲ့ဘူး။

ဒါေပမယ့္ သူကေတာ့ ေနရာမွာတင္ ေၾကာင္အကာ ရပ္ေနခဲ့ၿပီး ေတာင့္ေတာင့္တင္းတင္းႀကီး ျဖစ္ေနခဲ့တယ္။

ေနာက္တစ္ႀကိမ္ စာအုပ္ကို လွမ္းယူကာ စာမ်က္ႏွာေတြ လွန္ၾကည့္ဖို႔ မလုပ္ႏိုင္ခဲ့ဘူး။

__ ဘာေၾကာင့္ဆို အဲ့တာက ပန္ဒိုရာေသတၱာျဖစ္ေနမွာကို သူ စိုးရိမ္ခဲ့မိတယ္။

သူ႔ေၾကာင့္မို႔...

ျဖစ္ေကာင္းျဖစ္ႏိုင္တာက အေစာပိုင္းမွာတုန္းက သူ႔ႏွလုံးသားထဲမွာ အေတြးတစ္ခုက တိတ္တိတ္ေလး ထြက္ေပၚလာခဲ့တာျဖစ္မယ္။

__ သူ ျပန္မသြားခ်င္ေတာ့ဘူး!

သူ တကယ့္ကို သူ႔မိသားစုနဲ႔ သူငယ္ခ်င္းေတြကို အမ်ားႀကီး ခ်စ္ေနၿပီ!

႐ုတ္တရက္ လင္ရွန္း လက္ကို ျဖန႔္ကာ ေစာင္ကို ဆုပ္ကိုင္လိုက္တယ္။

သူ႔ေခါင္းကိုပါ ေစာင္ပုံထဲ ထည့္လိုက္ၿပီး သူ႔ကိုယ္သူ ပိုးတုံးလုံးလိုမ်ိဳး ရစ္ပတ္လိုက္တယ္။

ဒီေနရာမွာပဲ။

သူ႔ကိုခ်စ္တဲ့ ေလးစားရတဲ့မိဘေတြရွိတယ္။

တူညီတဲ့ ဉာဏ္ႀကီးရွင္ေပမယ့္ သိမ္ေမြ႕ၿပီး စဥ္းစားေပးတတ္တဲ့ အစ္ကိုႀကီးရွိတယ္။

႐ႊင္႐ႊင္ျပျပေနတတ္တဲ့ ညီေလးတစ္ေယာက္ရွိတယ္။

သူ႔ကို 'ရွန္းေကာ'လို႔ ေခၚတတ္တဲ့ ခ်င္မင္းမင္းနဲ႔ ေတာက္ရန္ရွိတယ္။

ရႈခ်န္းနဲ႔ စုတ်န္းတ်န္းရွိတယ္။

ေနာက္...

"ေဟး!" လင္ရွန္းေဘးမွာ အိပ္ေနတဲ့ ေမာ့က်ဴးခ်န္က ႐ုတ္ျခည္းလွည့္ကာ ထထိုင္လိုက္တယ္။

သူ႔ရဲ႕လက္တစ္ဖက္က အိပ္ရာေပၚေထာက္ထားကာ မ်က္လုံးေတြက ဟိုလွိမ့္ဒီလွိမ့္တြန္းထိုးေနတဲ့ 'လင္ရွန္းပိုးတုံးလုံး'ကို ၾကည့္ရင္း အေမွာင္ကို တျဖည္းျဖည္း ၾကည့္သားရလာတယ္။

"ဘာေတြလုပ္ေနတာလဲ?" ေမာ့က်ဴးခ်န္က လကက္ကို ဆန႔္ထုတ္ကာ လင္ရွန္းရဲ႕ေစာင္ကို ပုတ္လိုက္တယ္။

"ငါ့ကို လႊတ္ထားေပးစမ္းပါ" လင္ရွန္းရဲ႕ဗလုံးဗေထြးအသံက ေစာင္ထဲကေန ထြက္ေပၚလာတယ္ "ငါ တိတ္တိတ္ေလး ေနခ်င္လို႔"

"တလႈပ္လႈပ္လုပ္ေနတာ ဘယ္သူလဲ?" ေမာ့က်ဴးခ်န္က သိသိသာသာ စိတ္ၾကည္ေနတာေၾကာင့္ အနားတိုးကပ္သြားတယ္။

"ငါ့ဖာသာ အသံတိတ္ေနတာကို လာအေရးစိုက္ေနတယ္" လင္ရွန္း ခဏေလာက္ အသံတိတ္သြားၿပီးမွ မပီမသေလသံနဲ႔ ထပ္ေျပာလိုက္တယ္ "ငါ သတိရေနတာ!"

"ဒီလိုေနေနရင္ မြန္းသြားလိမ့္မယ္" ေမာ့က်ဴးခ်န္က ကိုယ္ကို မတ္မတ္ေနကာ သူ႔လက္နဲ႔ လင္ရွန္းရဲ႕ေစာင္ကို ဆြဲေနတယ္။

"လႊတ္ပါဆိုေနမွပဲ" လင္ရွန္းကလည္း အတြင္းထဲကေန ေစာင္ကို ဆြဲထားကာ ဖြင့္ေပးဖို႔ ျငင္းဆန္ေနတယ္။

သူ႔ခႏၶာကိုယ္က ေစာင္ပိုးတုံးလုံးလိုမ်ိဳး က်ဳံ႕ေနၿပီး သူ႔ေအာက္မွာ ေစာင္ကို တင္းေနေအာင္ ဖိထားတယ္။

"အိပ္ေလ မင္းဖာသာ အိပ္ပါလား" လင္ရွန္းေျပာလိုက္တယ္။

"အိပ္မရလို႔ေပါ့" ေမာ့က်ဴးခ်န္ကေတာ့ ပြင့္ပြင့္လင္းလင္း ဝန္ခံလာတယ္ "ငါက အိပ္ရာဆို မွတ္ထားတာ"

လင္ရွန္း "..."

သူ မေနသာစြာ မေက်မခ်မ္းေျပာမိေတာ့တယ္။ အိပ္ရာေပၚမွာေနဖို႔ သေဘာလည္း တူေပးထားရေသးတယ္။

သို႔ေပမယ့္ ေမာ့က်ဴးခ်န္ရဲ႕ ေႏွာင့္ယွက္မႈခံလိုက္ရတာေၾကာင့္ ခုေလးတင္ စိတ္ဓာတ္က်သလိုစိတ္အေျခအေနကေန သက္သာရာရခဲ့ရတယ္။

လင္ရွန္း ေစာင္ကို ဆြဲကာ ထထိုင္လိုက္တယ္။

ႏွစ္ေယာက္လုံးက မီးမဖြင့္ဘဲ အိပ္ရာေပၚမွာသာ ထိုင္ေနၾကတယ္။

သူ႔မ်က္လုံးေတြက အေမွာင္နဲ႔ တျဖည္းျဖည္းက်င့္သား ရလာၿပီဆိုေပမယ့္ ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာေပၚက အမူအယာကိုေတာ့ လင္ရွန္း ရွင္းရွင္းလင္းလင္း မျမင္ရေသးဘူး။

အခ်င္းခ်င္းရဲ႕မ်က္လုံးေတြကိုပဲ ျမင္ရတယ္။

မွိန္ပ်ပ်အိပ္ခန္းထဲမွာေတာင္ ေတာက္ပေနၿပီး ေကာင္းကင္က ၾကယ္ေတြနဲ႔ေတာင္ တူေနေသးတယ္။

"ငါ အိပ္လို႔မရဘူး" ေမာ့က်ဴးခ်န္ ထပ္ေျပာလာတယ္ "ဒါက ငါတို႔ႏွစ္ေယာက္လုံးအတြက္ မေကာင္းဘူး..."

"ငါလည္း အိပ္လို႔မရဘူး" လင္ရွန္း ေျပာလိုက္တယ္ "စကားေျပာၾကမလား?"

ဒီလိုေျပာရတာႀကီးက နည္းနည္းေတာ့ ေဂးေနသလိုပဲ။

ဒါေပမယ့္ အိပ္ရာထဲမွာ သက္တူ႐ြယ္တူသူငယ္ခ်င္းေတြနဲ႔ စကားေျပာရတာကလည္း လူငယ္ဘဝရဲ႕တစ္စိတ္တစ္ပိုင္းပဲေလ။

"...ေကာင္းၿပီေလ" ေမာ့က်ဴးခ်န္က ကုတင္ေခါင္းရင္းကို မွီကာ သူ႔လက္ေတြေပၚမွာ ေခါင္းတင္လိုက္တယ္။

သူက လင္ရွန္းကို မ်က္လုံးေမွးၾကည့္ၿပီး "မင္းက ဘာအေၾကာင္း ေျပာခ်င္တာလဲ?"

"ငါလည္း မသိဘူးေလ" လင္ရွန္းက အေနအထားကိုျပင္ကာ ကုတင္ကို မွီထားလိုက္တယ္။

"တကယ္လို႔သာ ဒီေနရာမွာ ေတာက္ရန္နဲ႔ တျခားသူေတြဆိုရင္ အခုလိုအခ်ိန္မွာ မင္း ဘာအေၾကာင္းကို ေျပာမွာလဲ?" သူ ေမးလိုက္တယ္။

"ဘာအေၾကာင္းေျပာမွာလဲ?" ေမာ့က်ဴးခ်န္ ခဏေလာက္ ေတြးလိုက္တယ္ "အေၾကာင္းစုံေပါ့၊ ေတာက္ရန္နဲ႔ ရႈခ်န္းရဲ႕ အႀကိဳက္ဆုံးအသင္း၊ ဂိမ္းအသစ္ေတြ၊ ႐ုပ္ရွင္ကားေတြ... ၿပီးေတာ့ တစ္ခါတစ္ေလ မိသားစုအေရးကိစၥေတြေပါ့"

လင္ရွန္း သူ႔ကို လွည့္ၾကည့္လိုက္တယ္ "အိုး"

ဒီလိုဆိုရင္ေတာင္ ဘာအေၾကာင္းေျပာရမွန္း မသိေသးဘူး။

လင္ရွန္း အေလးအနက္ျပန္ေတြးလိုက္တယ္။

သူနဲ႔ ေမာ့က်ဴးခ်န္အတူရွိခဲ့တဲ့ ဒီအေတာအတြင္း ပုံမွန္အားျဖင့္ စာအုပ္ေတြပဲ ဖတ္ခဲ့ၾကတယ္။

အခ်ိန္က မေလာက္တာေၾကာင့္ ဘယ္လိုလုပ္ ဂိမ္းေဆာ့ခ်ိန္နဲ႔ ႐ုပ္ရွင္ၾကည့္ခ်ိန္ ရပါေတာ့မလဲ?

အသင္းအေၾကာင္းေျပာရေအာင္လည္း သူက ေဘာလုံးပြဲေရာ ဘတ္စကတ္ေဘာပြဲပါ မၾကည့္ဘူး။

လင္ရွန္း နည္းနည္းေတာ့ စိတ္ဓာတ္က်သြားတယ္။

ၾကည့္ရတာ စာေလ့လာတာကလြဲရင္ သူသိတာဆိုလို႔ တကယ္ ဘာဆိုဘာမွမရွိဘူးပဲ။ သူငယ္ခ်င္းမဖြဲ႕ႏိုင္တဲ့အျပင္ အ႐ိုးစင္းဆုံး စကားလက္ဆုံေျပာစရာ အေၾကာင္းအရာေတြကိုေတာင္ မရွာႏိုင္တာ အံ့ဩစရာမရွိေတာ့ပါဘူး။

"ခုနက မင္းအဝတ္အစားေတြသြားယူၿပီး ျပန္လာေတာ့ ဘယ္လိုျဖစ္ၿပီး အိမ္မွာ မေနခ်င္သလို ပုံမ်ိဳးျဖစ္ေနရတာလဲ?" ေမာ့က်ဴးခ်န္ ႐ုတ္တရက္ ေမးလာတယ္။

ဒီအေၾကာင္းအရာက ေကာင္းေပမယ့္ သူ ေမာ့က်ဴးခ်န္ကို မေျပာႏိုင္ဘူး။

လင္ရွန္း ခဏေလာက္အသံတိတ္သြားၿပီးေနာက္ ႐ုတ္တရက္ လက္ကိုေျမႇာက္ကာ ေစာင္ဟလိုက္တယ္။

ေနာက္ေတာ့ အိပ္ရာေပၚကထကာ ေမာ့က်ဴးခ်န္ေဘးက အိပ္ရာဘက္ကို ေလွ်ာက္သြားၿပီး အံဆြဲထဲက စာအုပ္တစ္အုပ္ ထုတ္လိုက္တယ္။

လင္ရွန္းက ေမာ့က်ဴးခ်န္ဆီကို စာအုပ္ထိုးေပးလိုက္ၿပီး "ငါဒါကို ေတြးထားတာ၊ နမူနာေမးခြန္းေတြကို မွတ္တယ္ဆိုတာက အခ်ိန္တိုအတြင္း အမွတ္ေတြတိုးလာႏိုင္တယ္ဆိုေပမယ့္ အဲ့တာက ေရရွည္အတြက္ မဟုတ္ဘူးေလ၊ အဲ့တာေၾကာင့္..."

သူ ေနာက္ထပ္စာအုပ္တစ္အုပ္ထုတ္ၿပီး အိပ္ရာေပၚမွာ ျပန္ထိုင္လိုက္တယ္ "ႏွစ္ေယာက္လုံးလည္း မအိပ္ႏိုင္ဘူးဆိုမွေတာ့ စာအုပ္ပဲ အတူတူဖတ္ၾကတာေပါ့"

ေမာ့က်ဴးခ်န္ "..."

သူ လင္ရွန္းကို မယုံႏိုင္စြာ ၾကည့္လိုက္မိတယ္။

ခုမွ လပတ္စာေမးပြဲၿပီးထားတာေလ!

တစ္ဖက္လူက ဝိုင္လည္း ေသာက္ထားေသးတယ္။

ကားထဲမွာတုန္းကေတာင္ ေတာ္ေတာ္ေလး မူးေနေသးတာကို... အခု သူေျပာလိုက္တာက : 'စာအုပ္ဖတ္ၾကတာေပါ့!' တဲ့လား။

ေမာ့က်ဴးခ်န္တစ္ေယာက္ လက္ထဲမွာ စာအုပ္ကိုကိုင္ထားၿပီး အိပ္ရာေပၚမွာ ေငါင္ေၾကာင္စြာ ထိုင္ေနမိတယ္။

သူ မိန္းေမာေနတုန္းမွာ လင္ရွန္းက စာမ်က္ႏွာတစ္႐ြက္ေတာင္ လွန္ၿပီးသြားၿပီ။

သူက မ်က္လႊာပင့္ကာ ေမာ့က်ဴးခ်န္ကိုၾကည့္ၿပီး အားတက္သေရာေျပာလာတယ္ "လပတ္စာေမးပြဲက ၿပီးခါစဆိုေပမယ့္ ငါတို႔မွာ ေကာလိပ္ဝင္စာေမးပြဲေျဖဖို႔ ရွစ္လေလာက္ပဲ က်န္ေတာ့တယ္၊ အခ်ိန္က ဘယ္သူ႔ကိုမွ ေစာင့္ေနမွာမဟုတ္ဘူး၊ အခ်ိန္မရွိဘူးေလ... မင္းလည္း အိပ္မရျဖစ္ေနမွေတာ့ အခ်ိန္ျဖဳန္းမေနဘဲနဲ႔ စာအုပ္ေလးတစ္အုပ္ ဖတ္လိုက္ေပါ့"

ေမာ့က်ဴးခ်န္ "..."

သူ႔မ်က္လုံးေတြကို အနည္းငယ္ေမွးက်ဥ္းလိုက္ၿပီး "ခုေလးတင္ တစ္ခုခုျဖစ္လာခဲ့တာလား?"

သူ ရပ္လိုက္ကာ ဆက္ေမးတယ္ "မင္းရဲ႕အစ္ကိုႀကီးနဲ႔ ဆက္ႏြယ္ေနတာလား?"

စာအုပ္ကိုကိုင္ထားတဲ့ လင္ရွန္းရဲ႕လက္ေတြ ေတာင့္ခဲသြားတယ္။

သို႔ေပမယ့္ သူ ျမန္ျမန္ပဲ စိတ္ၿငိမ္ေအာင္ထားကာ ေနာက္ထပ္စာမ်က္ႏွာအသစ္ကို ေပါ့ေပါ့ပါးပါး လွန္လိုက္တယ္ "ဘာမွ မဆိုင္ဘူး"

"မဟုတ္ဘူးလား?" ေမာ့က်ဴးခ်န္ လင္ရွန္းကို မ်က္လုံးေမွးကာ ၾကည့္ေနေတာ့တယ္။

သူ႔ရဲ႕နက္ရႈိင္းတဲ့အၾကည့္က တစ္ဖက္လူရဲ႕မ်က္ႏွာနဲ႔ စာအုပ္ဆီကို အႀကိမ္အနည္းငယ္ ျဖတ္ေျပးသြားတယ္။

လင္ရွန္း စာ႐ြက္ကို ထပ္လွန္လိုက္တယ္။ အနည္းဆုံးေတာ့ အေပၚယံမွာ သူက စာအုပ္ကို ေလးေလးနက္နက္ ဖတ္ေနသေယာင္ေပါ့။

စူးစူးစိုက္စိုက္နဲ႔ အာ႐ုံစိုက္ၿပီး ၾကည့္ေနတာမ်ိဳး။

"လိမ္ေနတယ္!" ေမာ့က်ဴးခ်န္က လက္ကိုဆန႔္ကာ လင္ရွန္းလက္ထဲက စာအုပ္ကို ဆြဲယူလိုက္တယ္။

"ဘာလုပ္တာလဲ?" လင္ရွန္းက လက္ဆန႔္ကာ ျပန္ဆြဲယူေတာ့တယ္။

လက္ေျမႇာက္တုန္းမွာတင္ ေမာ့က်ဴးခ်န္က စာအုပ္ကို စားပြဲမွာ ျပန္ထားလိုက္တယ္။

"မင္း စာအုပ္တစ္အုပ္ဖတ္ၿပီဆိုရင္ အဲ့စာမ်က္ႏွာက မင္းနဲ႔အကြၽမ္းတဝင္ရွိၿပီးသားဆိုရင္ေတာင္မွ မင္းက အားလုံးကို ျမန္ျမန္လိုက္ၾကည့္ၿပီး မ်က္လုံးမွိတ္တယ္၊ မိနစ္ပိုင္းေလာက္ ေတြးၿပီးေတာ့မွ ေနာက္တစ္မ်က္ႏွာကို လွန္တာ"

ေမာ့က်ဴးခ်န္ ေျပာလာတယ္ "ငါထင္တာ မင္းမ်က္လုံးမွိတ္ၿပီး ေတြးေနတဲ့အခ်ိန္မွာ မင္းက အဲ့စာမ်က္ႏွာမွာပါတဲ့ အေၾကာင္းအရာေတြကို မင္းစိတ္ထဲမွာ ျပန္ဖတ္ၾကည့္ေနတာပဲျဖစ္ရမယ္"

သူနဲ႔ လင္ရွန္းက စာအတူတူလုပ္ခဲ့ၾကတာ တစ္လနီးပါးေလာက္ရွိေနၿပီ၊ ေန႔တိုင္း ေန႔လည္စာနားခ်ိန္ပဲ ယူကာ ညအထိ အတူတူ စာလုပ္ခဲ့ၾကတာျဖစ္တယ္။

ေမာ့က်ဴးခ်န္က တစ္ဖက္ေကာင္ေလးရဲ႕ အမူအက်င့္ေသးေသးေလးေတြကိုေတာင္ သိရွိေနၿပီ။

လင္ရွန္း "..."

"အဲ့ေတာ့ မင္းက စာအုပ္ကို ၾကည့္ေတာင္မၾကည့္လိုက္ဘူးေလ" သူ အခိုင္အမာ ေျပာလိုက္တယ္ "မင္း ေရွာင္ေျပးေနတာပဲ"

လင္ရွန္း "..."

စိတ္ႀကီးဝင္တတ္တဲ့ ေက်ာင္းျမက္ႀကီးက ရံဖန္ရံခါ ထက္ျမက္တဲ့ပုံေပၚတယ္။ ဒါက သူသိလိုက္ရတာ ပထမဆုံးအႀကိမ္လည္း မဟုတ္ေတာ့ဘူး။ ဒါေပမယ့္လည္း အဆင္ေျပပါတယ္!

လင္ရွန္း သူ႔ကိုယ္သူ ႏွစ္သိမ့္လိုက္တယ္။ ဘယ္လိုေနေန ေနာက္ဆုံးက်ရင္ သူေတာင္မွ စိတ္ကူးလို႔မရတဲ့ ေနာက္ထပ္အေတြးဝင္လာတာနဲ႔ပဲ အဆုံးသတ္သြားလိမ့္မယ္။

သူ႔ကို ရိပ္စားမိသြားမွာ စိတ္ပူေနစရာမလိုဘူး။

"ခုေလးတင္ မင္းက ငါ့အတြက္ ညအိပ္ဝတ္စုံသြားယူေပးတယ္၊ ျပန္လာတဲ့အခ်ိန္က်ေတာ့ အထိတ္တလန႔္ျဖစ္ေနသလိုမ်ိဳးနဲ႔"

ေမာ့က်ဴးခ်န္ လင္ရွန္းကို ေတြးဆဆနဲ႔ ၾကည့္ကာ "လင္မိသားစုအိမ္ထဲမွာ ငါတို႔သုံးေယာက္ပဲ ရွိၾကတာ၊ မင္းက မင္းအစ္ကိုရဲ႕အဝတ္အစားေတြကို သြားယူတုန္းျဖစ္တာဆိုေတာ့..."

သူ ေကာက္ခ်က္ခ်လိုက္တယ္ "မင္းအစ္ကိုႀကီးေၾကာင့္ လန႔္သြားတာလား?"

လင္ရွန္းကေတာ့ သူ႔ကိုယ္သူပဲ ဆက္ႏွစ္သိမ့္ေနလိုက္တယ္။

ကိစၥမရွိဘူး၊ စိတ္ႀကီးဝင္တတ္တဲ့ေက်ာင္းျမက္ႀကီးက အဆုံးသတ္ကို သြားႏိုင္မွာမဟုတ္ဘူး!

"လင္ယြမ္က ယဥ္ေက်းၿပီး မင္းကိုလည္း ေကာင္းေကာင္း ဆက္ဆံေပးမယ္၊ ငါ့ကိုေရာပဲ... မင္းရဲ႕အတန္းေဖာ္က ယဥ္ေက်းၿပီး ေတြးေပးတတ္တာေၾကာင့္မို႔ အမွားက နည္းနည္းေလးေတာင္ လုပ္မိမွာမဟုတ္ဘူး" ေမာ့က်ဴးခ်န္ ဆက္ေျပာတယ္ "မင္းအစ္ကိုႀကီးက စာၾကည့္ခန္းထဲမွာ အလုပ္ရႈပ္ေနတာ၊ မင္းအေပၚ သူ႔သေဘာထားအရဆိုရင္ မင္းကိုယ္တိုင္ အက်ီသြားယူတာကို ဘယ္လိုမွ စိတ္ထဲထားေနမွာမဟုတ္ဘူး"

သူ ေမးလိုက္တယ္ "မင္းအစ္ကိုရဲ႕အခန္းထဲမွာ ဘာေတြ႕လိုက္လို႔လဲ? သူ ဝွက္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္လား? အဲ့တာေၾကာင့္ မင္းဒီလိုမ်ိဳး အလန႔္တၾကားျဖစ္ေနတာလား!"

လင္ရွန္း "!!!"

"ငါ ဘာမွ မေတြ႕ခဲ့ဘူး!" သူ ခပ္သြက္သြက္ေျပာလိုက္တယ္။

"ဟမ့္_" ေမာ့က်ဴးခ်န္ ႏွာေခါင္းအသာရႈံ႕သြားတယ္။

သူ႔မ်က္လုံးေတြက လင္ရွန္းမ်က္လုံးေတြကိုၾကည့္ကာ "ျငင္းတာကလည္း ျမန္လိုက္တာ၊ အျပစ္မကင္းျဖစ္ေနတယ္ေပါ့ေလ"

သူ လင္ရွန္းနားကို တိုးကပ္သြားၿပီး "မင္း ဘာေတြ႕ခဲ့တာလဲ? မင္းအစ္ကိုႀကီးရဲ႕ လွ်ိဳ႕ဝွက္ဆက္ဆံေရးလား? ဒါမွမဟုတ္ သိမ္ေမြ႕တဲ့အသြင္အျပင္ေအာက္မွာ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ဖုံးကြယ္ထားတာလား?"

"တစ္ခုမွမဟုတ္ဘူး!" လင္ရွန္း ျမန္ျမန္ခြန္းတုန႔္ျပန္လိုက္တယ္ "ဘာကို လွ်ိဳ႕ဝွက္ခ်က္ရွိရမွာလဲ? ငါ့အစ္ကိုႀကီးက ေျဖာင့္မတ္တဲ့လူ၊ သူ႔မွာ ဘယ္လိုလွ်ိဳ႕ဝွက္ခ်က္ေတြ ရွိရမွာလဲ?"

ေမာ့က်ဴးခ်န္ သူ႔ႏႈတ္ခမ္းေတြကို တြန႔္ခ်ိဳးလိုက္တယ္ "မင္းရဲ႕အစ္ကိုႀကီးက နည္းနည္း ထူးဆန္းတယ္လို႔ မထင္ဘူးလား?"

လင္ရွန္းရဲ႕ႏွလုံးသားထဲမွာ တစ္စုံတစ္ရာရွိေနေပမယ့္ ေမာ့က်ဴးခ်န္ဘက္က ဒီလိုေျပာလာမွ သူပါပိုၿပီး စိတ္လႈပ္ရွားလာတယ္။

သတိလက္လြတ္နဲ႔ သူ႔ႏႈတ္ခမ္းေတြကို ဖြင့္ဟလိုက္ၿပီး လည္ေခ်ာင္းပါ အနည္းငယ္ေျခာက္ကပ္လာတယ္။

"သူက တကယ္ေကာင္းပါတယ္" ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္ "ဒါေပမယ့္ ငါကေတာ့ အၿမဲတမ္း တမ်ိဳးႀကီးျဖစ္ေနတယ္လို႔ ခံစားမိတယ္"

"အင္း ဘာက တမ်ိဳးႀကီးျဖစ္တာလဲ?" လင္ရွန္း ျပန္ေမးလိုက္တယ္။

အခုခ်ိန္မွာေတာ့ သူ႔အသံက ေပ်ာ့ေျပာင္းကာ မဝံ့မရဲသလိုေလသံျဖစ္ေနတယ္။ "သူက ခုတေလာ ကုမၸဏီမွာ လုပ္စရာေလးေတြရွိေနလို႔ပါ အဲ့တာေၾကာင့္ တအားအလုပ္ရႈပ္ေနတာ"

"အဲ့လိုမ်ိဳးမဟုတ္ဘူး"

ေမာ့က်ဴးခ်န္က သူ႔မ်က္လုံးေတြကို အနည္းငယ္ေမွးက်ဥ္းလိုက္တယ္ "ငါကေတာ့ နည္းနည္းထူးဆန္းတယ္လို႔ကို ထင္ေနတာ"

သူက လင္ရွန္းလက္ေမာင္းေပၚ လက္တင္လိုက္ၿပီး "ငါ့အေပၚကို သူ႔ရဲ႕အျပဳအမူက အံ့ဩစရာေကာင္းေလာက္ေအာင္ ေကာင္းေနတယ္လို႔ မင္း မထင္ဘူးလား?"

"ပုံမွန္လူေတြဆိုရင္ သူတို႔ရဲ႕ညီငယ္ေလးက သက္တူ႐ြယ္တူေကာင္ေလးတစ္ေယာက္နဲ႔ နမ္းတယ္ဆိုတာကို ၾကားတဲ့အခ်ိန္မွာ အံ့ဩသြားတာမ်ိဳး ဒါမွမဟုတ္ ေဒါသထြက္တာမ်ိဳး ျဖစ္သြားသင့္တာမဟုတ္ဘူးလား ၿပီးေတာ့ သူတို႔ကို ခ်က္ခ်င္း တကြဲတျပားျဖစ္ေအာင္လုပ္ပစ္ၿပီး က်န္ေနတဲ့သက္တမ္းတစ္ေလွ်ာက္လုံး မေတြ႕ႏိုင္ေတာ့ေအာင္ လုပ္သင့္တာ မဟုတ္ဘူးလား?"

"နမ္း... နမ္းတယ္?!" လင္ရွန္းဦးေႏွာက္က ကြဲေၾကေတာ့မလိုျဖစ္သြားတယ္။ "ညီက ေကာင္ေလးတစ္ေယာက္နဲ႔ နမ္းတယ္ဆိုတာ ၾကားလိုက္တယ္?!"

သူ ႐ုတ္တရက္ ထေအာ္မိသြားတယ္။

ကယ္ၾကပါ!

သူ႔အစ္ကိုႀကီးက သိသြားတယ္ေပါ့?!

ဒါကို ဘယ္တုန္းက သိသြားရတာလဲ?!

ေမာ့က်ဴးခ်န္က ထုတ္ႂကြားလိုက္တာလား?

လင္ရွန္း အိပ္ရာထဲမွာ တြင္းတစ္ခုသာ တူးပစ္လိုက္ခ်င္ေနၿပီ။

မဟုတ္ေသးဘူး!

သူ အိပ္ရာထဲမွာ တြင္းတစ္ခုတူးတာက ေမာ့က်ဴးခ်န္ကို ျမႇဳပ္ပစ္ဖို႔ပဲ ျဖစ္သင့္တာ။

ေမာ့က်ဴးခ်န္တစ္ေယာက္ ပါးစပ္ဖြာၿပီး ႂကြားလုံးထုတ္တာပဲျဖစ္ရမယ္ဆိုတာ ေျခေထာက္နဲ႔ေတြးရင္ေတာင္ သိႏိုင္တယ္။

အမွန္ပဲ! အဲ့တာ သူ႔ေၾကာင့္!

သူ အဲ့မနက္တုန္းက ေက်ာင္းေပါက္ဝမွာ ဖြခဲ့တာေၾကာင့္ လူေတြအမ်ားႀကီး သိသြားခဲ့တယ္။ ေနာက္ေတာ့ ေက်ာင္းဖိုရမ္ေပၚကို ေရာက္သြားေရာ!

ကိစၥေတြက မၾကာခင္မွာပဲ ေပ်ာက္သြားတယ္ဆိုေပမယ့္ သူ႔အစ္ကိုႀကီးက ေက်ာင္းဖိုရမ္ကို ဝင္ၾကည့္တတ္တာေၾကာင့္ အဲ့အခ်ိန္တုန္းက ျမင္ရင္လည္း ျမင္သြားႏိုင္တယ္!

လင္ရွန္း လက္ကိုဆန႔္ကာ ေမာ့က်ဴးခ်န္ရဲ႕အက်ီကို တင္းေနေအာင္ ဆုပ္ကိုင္လိုက္တယ္ "ငါတို႔ အဲ့လိုလုပ္ခဲ့တာကို ငါ့အစ္ကိုႀကီးသိသြားတာ... အဲ့တာက၊ အဲ့တာက မင္းအျပစ္ေတြခ်ည္းပဲ မဟုတ္ဘူးလား!"

"မင္း ဘယ္လိုလုပ္ ငါ့ကို အျပစ္လာတင္ေနရတာလဲ?" ေမာ့က်ဴးခ်န္ရဲ႕ အမူအယာကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲ "အေစာပိုင္းက မင္းအစ္ကိုႀကီးက အိမ္ကို ေမာင္းလာေပးတယ္ေလ၊ ၿပီးေတာ့ မင္းကိုယ္တိုင္ပဲ မွတ္ခ်က္ေပးခဲ့တာ... ဘာတဲ့ ငါက နမ္းတာ မေတာ္ဘူးတဲ့... ငါေျပာမယ္ ငါ့ရဲ႕အနမ္းစေကးက ေတာ္ေတာ္ေလးေကာင္းတယ္!"

လင္ရွန္း "..."

သူ႔ရဲ႕ႏုံခ်ာလွတဲ့အနမ္းစေကးေတြကို သေဘာမက်ေၾကာင္း ဒီမတိုင္ခင္က ေမာ့က်ဴးခ်န္ ေျပာခဲ့တယ္ဆိုတာ သိသာလွတယ္။

မ်က္လုံးေတြဖြင့္ထားၿပီး အလိမ္အညာေတြ ေျပာတာကေတာ့ လြန္လြန္းအားႀကီးတယ္။

"မင္းအစ္ကိုႀကီးက အဲ့စကားေတြ ၾကားသြားတာ" ေမာ့က်ဴးခ်န္က ေခါင္းကိုလွန္ခ်ၿပီး ခဏၾကာတိတ္ေနမိတယ္။ ရွက္ရမွာလား ဒါမွမဟုတ္ ေဒါသထြက္ရမွာလားေတာင္ မသိေတာ့ဘူး။

ႏွစ္မိနစ္အၾကာမွာ သူဆက္ေျပာလာတယ္ "ဒါေတာင္ သူက အားတက္သေရာနဲ႔ မင္းအိမ္ထဲမွာ လာေဆာ့ဖို႔ ငါ့ကို ဖိတ္လိုက္ေသးတယ္ ၿပီးေတာ့ ဒီမွာေနဖို႔ကိုေတာင္ အားတက္သေရာေျပာေသးတယ္!"

"မင္း..." သူ လင္ရွန္းကို ေမးလိုက္တယ္ "အဲ့တာက တကယ္ထူးဆန္းတယ္လို႔ မခံစားမိဘူးလား?"

ဒါက တကယ္ထူးဆန္းတာေၾကာင့္ အသိတရားႂကြယ္ဝရင္ေတာင္မွ ရွင္းျပႏိုင္မွာမဟုတ္ဘူး။

လင္ရွန္း ပါးစပ္ကို ပိတ္လိုက္ဖြင့္လိုက္ လုပ္မိျပန္တယ္။

သူ ေမာ့က်ဴးခ်န္ကို ေငါင္ေတာင္ေတာင္ ၾကည့္ေနမိတယ္။

တစ္ဖက္လူရဲ႕မ်က္လုံးေတြက ေတာက္ေလာင္ေနၿပီး သူ႔ကိုလည္း ျပန္ၾကည့္ေနတယ္။ ဒါက နည္းနည္းထူးဆန္းတယ္။

ေနာက္ၿပီး အိပ္ခန္းထဲမွာ သူျမင္ခဲ့တဲ့စာအုပ္။

အခုေတာ့ ထိုအထဲမွာရွိတဲ့ 'ေမာ့က်ဴးခ်န္'ဆိုတဲ့ စကားလုံးသုံးလုံးက တကယ္ပဲလားဆိုတာ ပိုလို႔ေတာင္ မေရမရာျဖစ္လာတယ္။

"အိပ္ေတာ့!" သူ စိတ္ရႈပ္လာတာေၾကာင့္ အိပ္ရာထဲလွဲကာ ေစာင္ကို ေခါင္းၿမီးၿခဳံလိုက္တယ္။

"ႏိုးလာမွပဲ အားလုံးေျပာေတာ့မယ္!" လင္ရွန္း ဗလုံးဗေထြးေျပာလိုက္တယ္။

"မင္းက အိပ္ေပ်ာ္လို႔လား?" ေမာ့က်ဴးခ်န္ ေမးလာတယ္။

"ေပ်ာ္တယ္!" လင္ရွန္း အခိုင္အမာ ေျပာလိုက္တယ္။

"ေကာင္းၿပီေလ" ေမာ့က်ဴးခ်န္ပါ လွဲလိုက္ေတာ့တယ္။

မီးကိုပါ ေနာက္တစ္ဖန္မွိတ္လိုက္တယ္။ အေမွာင္ထဲမွာ ဘယ္သူမွ စကားမေျပာျဖစ္ၾကေတာ့ဘူး။

လူႏွစ္ေယာက္ရဲ႕ အသက္ရႈသံေတြက ေရွ႕ဆင့္ေနာက္ဆင့္ထြက္ေပၚေနၿပီး ခဏၾကာတဲ့အထိ ဘယ္သူမွ အိပ္မေပ်ာ္ႏိုင္မွန္း သိသာတယ္။

သူ ဘယ္အခ်ိန္ အိပ္ေပ်ာ္သြားမွန္းေတာင္ လင္ရွန္း မသိလိုက္ဘူး။ သူ႔ေခါင္းထဲမွာ အရႈပ္ထုပ္ႀကီးတစ္ခု ရွိေနတာကိုသာ မွတ္မိတယ္။

လင္ယြမ္ျဖစ္လိုက္ ခဏေန ေမာ့က်ဴးခ်န္ျဖစ္လိုက္နဲ႔၊ အဆုံးမွာ လူႏွစ္ေယာက္ရဲ႕ပုံရိပ္က သူ႔ေခါင္းထဲ တိုးဝင္ေနေတာ့တယ္။

မိန္းေမာၿပီး အိပ္ေပ်ာ္သြားေပမယ့္ တစ္ညလုံး ေကာင္းေကာင္းအိပ္လို႔ မေပ်ာ္ခဲ့ဘူး။

ေနာက္တစ္ေန႔ ႏိုးလာခ်ိန္မွာ လင္ရွန္း လုံးဝကို ဆြံ႕အေနေတာ့တယ္။

သူ႔ရင္ဘတ္ေပၚမွာ ေၾကးနီေရာင္လက္ေမာင္းတစ္ခု။

လက္ေမာင္းပိုင္ရွင္က အိပ္ေပ်ာ္ေနတုန္းျဖစ္ၿပီး လင္ရွန္း ေခါင္းလွည့္လိုက္ေတာ့ တစ္ဖက္လူရဲ႕အနီးကပ္ၾကည့္ေကာင္းတဲ့မ်က္ႏွာကို ျမင္လိုက္ရတယ္။

__ တအားနီးကပ္ေနတာေတာင္မွ ျပစ္ခ်က္ျမဴတစ္မႈန္ေလာက္ေတာင္ မျမင္ရဘူး။

သူ ေမာ့က်ဴးခ်န္ကို ခဏေလာက္ ေငးၾကည့္ေနၿပီးမွ သတိျပန္ဝင္လာေတာ့တယ္။

မေန႔တုန္းက တစ္ဖက္လူကို အိမ္မွာေဆာ့ဖို႔အတြက္ ဖိတ္ခဲ့ၿပီး သူကလည္း အိမ္မွာပဲ အိပ္ခဲ့ေသးတယ္။

သူ အိမ္မက္ဆိုးေတြခ်ည္းပဲ ဆက္တိုက္မက္ေနတာ အံ့ဩစရာမရွိေတာ့ဘူး၊ ျဖစ္ခ်င္ေတာ့ တစ္ဖက္လူရဲ႕လက္က သူ႔ရင္ဘတ္ေပၚကို ဖိထားတာကိုး။

လင္ရွန္း လက္ကိုေျမႇာက္ကာ ေမာ့က်ဴးခ်န္ရဲ႕လက္ကို ဂ႐ုတစိုက္နဲ႔ မ,ကာ သူ႔ကိုယ္ေပၚက ဖယ္ဖို႔ ႀကိဳးစားလိုက္တယ္။

သူ လႈပ္လိုက္တယ္ဆိုရင္ပဲ ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြ ပြင့္လာတယ္။

"ႏိုးၿပီလား?" သူ လွိမ့္ကာ ႏွဖူးကို ပြတ္ရင္း "ဘယ္အခ်ိန္ရွိၿပီလဲ?"

"ရွစ္နာရီ" လင္ရွန္း ေျပာလိုက္တယ္။

"အာ..." ေမာ့က်ဴးခ်န္ မ်က္လုံးမွိတ္လိုက္ၿပီး အိပ္ရာေပၚမွာသာ လွဲေနတယ္။

"ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးလား?" လင္ရွန္း ငုတ္တုပ္ကေန မတ္တပ္ထရပ္လိုက္တယ္။

သူ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္ေတာ့ တစ္ဖက္လူက ပင္ပန္းေနပုံေပၚတယ္။

မ်က္လုံးေအာက္မွာေတာင္ ညိဳေဖ်ာ့ေဖ်ာ့သမ္းေနတယ္။

ခုေလးတင္မွ ႏိုးလာတာနဲ႔မတူဘဲ ညလုံးေပါက္ ႏိုးေနတာနဲ႔ တူေနတယ္။

"ဟမ့္_" ေမာ့က်ဴးခ်န္ ႏွာေခါင္းအသာရႈံ႕လိုက္တယ္။

"မင္း နည္းနည္းေလာက္ ထပ္အိပ္လိုက္အုံးမလား?" လင္ရွန္း ေမးလိုက္တယ္။

"ထားလိုက္ပါေတာ့" ေမာ့က်ဴးခ်န္က မ်က္လုံးကို မွိတ္ကာ လွိမ့္ၿပီးမွ ထထိုင္လာတယ္။

ကိုယ္လက္သန႔္စင္ၿပီးေနာက္ ေအာက္ထပ္ကို ဆင္းလာၾကတယ္။

လင္ယြမ္ကေတာ့ မေန႔ညက ဘယ္အခ်ိန္ထိ အလုပ္ရႈပ္ခဲ့မွန္းမသိသလို ဘယ္အခ်ိန္မွ ထလာမလဲဆိုတာ မသိႏိုင္ဘူး။

လင္မိသားစုအိမ္ရဲ႕ ပထမထပ္က တိတ္ဆိတ္ေနတယ္။

ေမာ့က်ဴးခ်န္က လင္ယြမ္ရဲ႕အိမ္ေနရင္းအဝတ္အစားေတြကို ဝတ္ထားတုန္းပဲ။

သူက မီးဖိုေခ်ာင္ဘက္ကို ေလွ်ာက္သြားၿပီး လင္ရွန္းကို သဘာဝက်စြာ ေမးလာတယ္ "မနက္ပိုင္း ဘာစားခ်င္လဲ?"

"ဘာျဖစ္ျဖစ္" လင္ရွန္း ေခါင္းလွည့္ကာ အေပၚထပ္ကို ၾကည့္လိုက္တယ္။

သူ႔စိတ္ကို ျပင္ဆင္ၿပီး သူ႔အစ္ကိုႀကီးရဲ႕အိပ္ခန္းထဲက စာအုပ္ကို ေနာက္ထပ္ဖတ္ၾကည့္ဖို႔ စိတ္ကူးထားတယ္။

ဒီလိုနည္းလမ္းနဲ႔ တစ္ျခားလူရဲ႕သီးသန႔္ေနရာကို ခိုးေၾကာင္ခိုးဝွက္ သြားၾကည့္တာ မေကာင္းဘူးဆိုေပမယ့္ ျပႆနာကို မေဖာ္ႏိုင္မျခင္း သူ တကယ္အိပ္လို႔ေပ်ာ္မွာမဟုတ္ဘူး။

သူတို႔ မထင္ထားတာက စားပြဲေပၚမွာ ႐ိုးရွင္းတဲ့မနက္စာ ႏွစ္ပြဲက ျပင္ထားၿပီးသားျဖစ္ေနလိမ့္မယ္ဆိုတာကိုပဲ။

ၾကက္ဥညႇပ္ထည့္ထားတဲ့ေပါင္မုန႔္၊ လက္ညႇစ္အသီးေဖ်ာ္ရည္ လတ္လတ္ဆတ္ဆတ္နဲ႔ ဖန္ခြက္အၾကည္ေဘးမွာ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔အတြက္ သစ္သီးသၾကားလုံးေလးေတာင္ ထားေပးထားေသးတယ္။

ဒီအရာေတြကိုၾကည့္ျခင္းအားျဖင့္ လင္ယြမ္ရဲ႕လက္ထြက္ေတြမွန္း သိသာေနတာေၾကာင့္ လင္ရွန္း တြန႔္ဆုတ္ရျပန္တယ္။

သူ႔ရဲ႕တြန႔္ဆုတ္ဆုတ္အမူအယာက ေမာ့က်ဴးခ်န္မ်က္လုံးထဲ က်ေရာက္သြားတယ္။

တစ္ဖက္လူက ေဖ်ာ္ရည္ကို ေနာက္ဆုံးတစ္ငုံေသာက္လို႔ၿပီးသြားတဲ့အခါ လင္ရွန္းကို ေျပာလာတယ္ "မင္းဘာျဖစ္လို႔ ကိစၥေတြကို တခ်ိန္လုံး လိုက္ၿပီး ေတြးေနရတာလဲ?"

သူ ေျပာလိုက္တယ္ "မင္း လုပ္ခ်င္တာကိုသာ လုပ္လိုက္၊ မင္းကိုယ္တိုင္ ေနာင္တမရသေ႐ြ႕ေပါ့"

"ဒါေပမယ့္..."

"ဒါေပမယ့္ ဘာျဖစ္လဲ?" ေမာ့က်ဴးခ်န္က သူ႔ကိုၾကားျဖတ္ေျပာလိုက္တယ္ "မင္းကိုယ္မင္း ေမးၾကည့္ဖို႔ပဲလိုတာ"

"ပထမဆုံးအေနနဲ႔ မင္းလုပ္ခ်င္တာကိုလုပ္လိုက္၊ ဒုတိယအေနနဲ႔ အဲ့လိုလုပ္ၿပီးရင္ အက်ိဳးဆက္ေတြဆိုတာကေတာ့ လာမွာပဲ" သူ ေျပာလာတယ္ "တကယ္လို႔ အေျဖက ခိုင္မာတယ္ဆိုရင္ လုပ္လိုက္ေတာ့!"

ပထမဆုံး မင္းလုပ္ခ်င္တာကို လုပ္လိုက္? ဒါကို အေျဖရွာခ်င္တယ္!

ဒုတိယအေနနဲ႔ ေနာက္ဆက္တြဲေတြကေတာ့ လာမွာပဲ? ဒီတစ္ခုက...

လင္ရွန္း တြန႔္ဆုတ္သြားျပန္တယ္။

"ဟုတ္ၿပီေလ" ေမာ့က်ဴးခ်န္ ခဏေလာက္ ေတြးၾကည့္လိုက္တယ္ "ငါလည္း ဒီမွာရွိေနၿပီး မင္းရဲ႕မနက္စာကိုပါ စားခဲ့ၿပီးၿပီဆိုေတာ့ မင္း တတိယအခ်က္ပါ ထည့္လို႔ရေသးတယ္"

"ဘာႀကီး?" လင္ရွန္း သတိလက္လြတ္ ေမးမိသြားတယ္။

"တတိယအခ်က္က တကယ္လို႔မ်ား ေနာက္ဆက္တြဲေတြက မင္းရဲ႕တာဝန္ခံႏိုင္စြမ္းထက္ ေက်ာ္လြန္ေနခဲ့တယ္ပဲထား ငါဆိုရင္ေရာ ဘယ္လိုလဲ?"

ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္ "ထပ္ေပါင္းေျပာရရင္ ငါလုပ္ႏိုင္တာဆို လုပ္လိုက္ေတာ့"

သူ လင္ရွန္းရဲ႕မ်က္လုံးေတြထဲကို ၾကည့္ကာ ေပါ့ေပါ့ပါးပါး ေျပာလိုက္ေတာ့တယ္။

___________________________________

{Unicode}

လင်ရှန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စာအုပ်ကို တောင့်တောင့်ကြီး ကြည့်နေမိတယ်။

မော့ကျူးချန်...

လင်ယွမ်ရဲ့အိပ်ခန်းထဲက အိပ်ရာဘေးက စာအုပ်မှာ စိတ်ကြီးဝင်နေတဲ့ကျောင်းမြက်ကြီးရဲ့နာမည်ကို အမှတ်မထင်တွေ့လိုက်ရတယ်။

နောက်ပြီးတော့ရော?

သူ နေရာမှာတင် ကြောင်တောင်ရပ်နေမိတယ်။

သူ့လက်ထဲက အိမ်နေရင်းအဝတ်အစားတွေ ကြမ်းပြင်ပေါ်ကျသွားတာကိုတောင် သူသတိမထားမိဘူး။

စာအုပ်က သူနဲ့အတော့်ကို နီးကပ်နေတယ်။ ဒါကို နောက်တစ်ကြိမ် ဖွင့်ကြည့်ဖို့ လင်ရှန်းအတွက် လက်တစ်ကမ်းလောက်သာ လိုတယ်။ ဒါပေမယ့် အဲ့တာက သူ့အတွက် ပန်ဒိုရာသေတ္တာလိုမျိုးပဲ၊ သူ့ကို ကြောက်လန့်နေစေတယ်။

ရှင်းလင်းနေတဲ့အဖုံး။

သိပ်မထူတဲ့စာအုပ်တစ်အုပ်...

ဟုတ်တယ်?

မထူဘူး?!

တစ်ခုခုတော့ မှားနေတယ်ဆိုတာကို လင်ရှန်း ရုတ်တရက် ခံစားလိုက်ရတယ်။

သူ အရင်က ဖတ်ခဲ့တဲ့ မယ်ရီဆူးမူကြမ်းက e-bookဆိုပေမယ့် စာလုံးရေတော်တော့်ကိုများတယ်။ စာအုပ်တစ်အုပ်ထုတ်မယ်ဆိုရင် သေချာပေါက် မတန်တဆထူပိန်းနေမှာ။

တအားပါးနေတာမျိုး မဖြစ်နိုင်ဘူး။

လင်ရှန်း မသိစိတ်ထဲကနေ တံတွေးမြိုချမိလိုက်တယ်။

အဲ့တာ မော့ကျူးချန်လား?

သူ မရေမရာဖြစ်လာတော့တယ်။

'ခုလေးတင် ငါမြင်လိုက်ရတာက အရမ်းမြန်လွန်းလို့ မှားသွားတာများလား?'

'ဒါမှမဟုတ် နောက်တစ်ချက်လောက် ကြည့်ကြည့်ရမလား?'

လင်ရှန်းရဲ့လည်စေ့က အပေါ်တက်အောက်ဆင်း အကြိမ်ပေါင်းများစွာ ဖြစ်နေတော့တယ်။

သူ့အစ်ကိုကြီးရဲ့စာအုပ်ကို ဒီလိုမျိုး တိတ်တိတ်လေးဖတ်ကြည့်တာက မမှန်ကန်ဘူးဆိုပေမယ့် စာအုပ်ထဲပါအကြောင်းအရာကို သိချင်နေတဲ့စိတ်က သူ့ကိုနောက်တစ်ကြိမ် စာအုပ်ဆီလက်လှမ်းဖို့ သတ္တိတွေဖြစ်စေတယ်...

"ရှန်းရှန်း"

"အား!" လင်ရှန်း အာမေဋိတ်သံထွက်သွားပြီး ထခုန်မိလုနီးနီးတောင်ဖြစ်သွားတယ်။

'ထောက်'ဆိုတဲ့အသံနဲ့အတူ စာအုပ်က ကြမ်းပင်နဲ့ထိသွားပြန်တယ်။

"ရှန်းရှန်း?" လင်ယွမ့်အသံ ထွက်ပေါ်လာပြန်တယ် "ဘာဖြစ်တာလဲ?"

"ဟင့်အင်း..." လင်ရှန်း စိတ်လှုပ်ရှားပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတော့တယ်။

သူ့အစ်ကိုကြီးကို လှည့်ကြည့်ကာ "ဘာမှ မဖြစ်ပါဘူး"

လင်ယွမ်က သူ့ကို မသင်္ကာဟန်နဲ့ကြည့်ပြီး သူ့မျက်လုံးတွေက ကြမ်းပြင်ပေါ်ကျနေတဲ့ အိမ်နေရင်းအဝတ်အစားတွေနဲ့ စာအုပ်ဆီ ရောက်သွားတယ်။

သူ ခပ်ဟဟရယ်ပြီး လင်ရှန်းဆီ တည်ငြိမ်စွာ လျှောက်သွားလိုက်တယ်။

လင်ယွမ်က ကိုယ်ကို ကိုင်းကာ အိမ်နေရင်းအဝတ်အစားတွေကို အရင်ဆုံးကောက်ယူပြီး ဖုန်ခါကာ လင်ရှန်းလက်ထဲ ထိုးပေးတယ်။ ထို့နောက် စာအုပ်ဆီ ရောက်သွားတယ်။

လင်ယွမ်က စာအုပ်ကို အိပ်ရာဘေးကစားပွဲပေါ် ပြန်တင်ထားပြီး လင်ရှန်းကို ပြုံးပြလာတယ် "ရှာရခက်နေလို့လား?"

သူက တံခါးကို လက်ညှိုးထိုးပြကာ "မင်းရဲ့အတန်းဖော်လေးက မင်းကိုခေါ်နေတာ ကြားလိုက်ရတယ်၊ သူ ရေချိုးလို့ ပြီးသွားတာဖြစ်မယ်"

"အိုး... အိုး..." လင်ရှန်း ငူငိုင်ငိုင်နဲ့ ပြန်ဖြေလိုက်တယ်။

သူ့အကြည့်ကို လုံးဝထိန်းချုပ်မရဖြစ်ကာ စာအုပ်ဆီကိုပဲ အကြည့်ရောက်ရောက်သွားတယ်။

မဖြစ်နိုင်တာ!

လင်ရှန်းစိတ်ထဲမှာ အသံတစ်ခုက သူ့ကိုပြောနေတယ် : 'မင်း ဒီတိုင်းကြည့်လိုက်လို့ မရဘူးလေ! အဲ့တာက...'

'မင်း ဘာလုပ်နိုင်မှာမို့လို့လဲ?'

သူ ကြောင်အနေတယ်။

သူက ဘာကို ကြောက်နေတာလဲ?

သူ့အစ်ကိုလိုမျိုး သိမ်မွေ့ပြီး ချင့်ချိန်တွေးတတ်တဲ့လူကို... ကြောက်နေတာလား?

"ဘာဖြစ်လို့လဲ?"

"ဘာမှ မဖြစ်ပါဘူး" လင်ရှန်း ခေါင်းအမြန်ခါလိုက်တယ်။

အိမ်နေရင်းအဝတ်အစားတွေကိုပိုက်ကာ လင်ယွမ်ရဲ့အိပ်ခန်းထဲကနေ အမြန်ထွက်လာလိုက်တယ်။

သူ့အိပ်ခန်းဆီ ပြန်ပြေးလာကာ တံခါးကိုပိတ်ပြီးမှ သက်ပြင်းချမိတယ်။

တံခါးကို ကျောမှီပြီး လေဟာနယ်ထဲကို ငေါင်ကြောင်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေမိတယ်။

တခြားရှိသေးလား?

အဲ့စာအုပ်ထဲမှာ မော့ကျူးချန်နာမည်ရှိတာလား?

အခု ပိုလို့တောင် မရေရာဖြစ်လာတယ်။

ခုလေးတင် ဖြတ်ခနဲမြင်လိုက်ရတာက တကယ်ပဲ အမှားတစ်ခုလား?

သူ့အစ်ကိုကြီးက သိပ်ကိုသဘောထားကြီးပြီး ဟန်ဆောင်ခြင်းမရှိတဲ့လူတစ်ယောက်။ အကယ်၍များ ပြဿနာရှိမယ်ဆိုရင် သူ့အပေါ် ဘယ်လိုလုပ် တအားကောင်းပေးပြီး စဉ်းစားပေးနေမှာလဲ!

အမှန်ပဲ!

သူပဲ မှားသွားတာဖြစ်မယ်!

သူ့ကိုယ်သူနှစ်သိမ့်ရင်း လင်ရှန်း ခေါင်းကို အားပါပါငြိတ်လိုက်တယ်__

သေချာပေါက် သူမှားသွားတာပဲ!

ဒီအတောအတွင်း သူနဲ့ မော့ကျူးချန်ကြားမှာ ကိစ္စတွေအများကြီးဖြစ်သွားခဲ့တယ်၊ နောက်ပြီး သူတို့က ခုလေးတင် နားနေခန်းထဲမှာ...

သူ့ခေါင်းထဲမှာ တကယ့်ကို တစ်ယောက်ချင်းစီနဲ့တင် ပြည့်နှက်နေပြီ။

သူမှားသွားတာပဲ ဖြစ်မှာပါ!

လင်ရှန်းတစ်ယောက် အိမ်နေရင်းအဝတ်အစားတွေကို တင်းကျပ်စွာကိုင်ထားပြီး နောက်တစ်ကြိမ် ခေါင်းတငြိတ်ငြိတ်လုပ်နေပြန်တယ်။

'ကလစ်'ဆိုတဲ့ အသံတိုးတိုးနဲ့အတူ သူ့အိပ်ခန်းထဲက ရေချိုးခန်းတံခါးပွင့်လာတယ်။

တဘတ်လေးတစ်ထည်သာ ခါးမှာပတ်ထားပြီး မော့ကျူးချန် ထွက်လာတော့တယ်။

လင်ရှန်းကတော့ တံခါးကို မှီနေတုန်းပဲ။

မော့ကျူးချန် ထွက်လာတယ်ဆိုတာနဲ့ လင်ရှန်းနဲ့ မျက်လုံးချင်းဆုံသွားတယ်။

သူက အပေါ်ပိုင်းဗလာနဲ့။

အခုလေးတင် ရေချိုးထားတာကြောင့် ရေချိုးခန်းထဲက ရေငွေ့တွေကလည်း သူ့နောက်ကနေ တိုးဝှေ့ထွက်ပေါ်လာတယ်။

မော့ကျူးချန်ရဲ့ဆံပင်က စိုစွတ်နေတယ်။ သူ့ရဲ့ဆံပင်အဖျားလေးတွေကနေ ရေတစ်စက်လိမ့်ဆင်းလာပြီး သူ့ရဲ့ကျစ်လျစ်တဲ့ပုခုံးပေါ် တင်ကျန်သွားတယ်။

နောက်ဆုံးမှာ သူ့ရဲ့အဆီကင်းမဲ့တဲ့ နောက်ကျောကနေ ရေချိုးတဘတ်ထဲကို စီးကျသွားတယ်။

လင်ရှန်း "!!!"

မော့ကျူးချန်ရဲ့ ဒီလိုပုံစံမျိုးကို မြင်ဖူးတာ အခုက ပထမဆုံးလည်းမဟုတ်တော့ဘူး။

ဒါပေမယ့် နောက်ဆုံးအကြိမ် မြင်ခဲ့ရတုန်းက ရေပူစမ်းဟိုတယ်မှာဖြစ်ပြီး မော့ကျူးချန်နဲ့ ပက်သက်လို့ ဘာဆိုဘာမှ အတွေးမဝင်မိဘူး။ အဲ့တုန်းက သူတို့တွေ နမ်းမှမနမ်းရသေးတာ။

သူတို့နှစ်ယောက်ကြားမှာ အဖြူစင်ဆုံးအတန်းဖော် သူငယ်ချင်းဆက်ဆံရေးသာ ရှိကြသေးတယ်။

မှန်မကြည့်ဘဲနဲ့တောင် သူ့မျက်နှာက နီရဲနေလောက်တယ်ဆိုတာကို လင်ရှန်း သိနေတယ်။

သူ အတောင့်လိုက်ကြီးဖြစ်သွားပြီး မိန်းမငယ်လေးတစ်ယောက်လို မအော်လိုက်ပေမယ့် သူ့နားရွက်တွေကတော့ ပူလောင်လာတယ်။

"မင်း..." လင်ရှန်း တံတွေးမြိုချကာ လက်ကိုဆန့်ထုတ်ပြီး အိမ်နေရင်းအဝတ်အစားတွေကို လှမ်းပေးလိုက်တယ် "မင်းအတွက် အဝတ်အစားတွေ"

အာ...

မော့ကျူးချန်က ခပ်ဟဟရယ်လိုပုံပေါ်တယ်။

သူက အိမ်နေရင်းအဝတ်အစားတွေကို လှမ်းယူပြီး အမှုမဲ့အမှတ်မဲ့လိုမျိုး သူ့ရဲ့စိုစွတ်စွတ်လက်ထိပ်တွေနဲ့ လင်ရှန်းရဲ့ လက်ချောင်းတွေကို ပွတ်လိုက်တယ်။

လင်ရှန်း နောက်တစ်ဖန် အပူလောင်သွားသလိုမျိုး ဖြစ်သွားရတယ်။

သူ့လက်ကို ရုတ်ခြည်းပြန်ရုတ်သိမ်းကာ သက်ပြင်းကို တိုးတိုးလေးအကြိမ်အနည်းငယ်ချကာ စိတ်ငြိမ်အောင် မလုပ်နိုင်သလောက် ဖြစ်နေတယ်။

လင်ရှန်း ခေါင်းလှည့်ကာ သူ့အိပ်ယာကို ကြည့်ရင်း "အိပ်ရာကတော့ နည်းနည်းလေး ကျဉ်းသလိုပဲ..."

"တိတ်စမ်း!" မော့ကျူးချန် ခပ်တင်းတင်းပြောလိုက်တယ် "မင်းရဲ့အစ်ကိုရှေ့မှာ မင်းကို နမ်းပြစေချင်နေတာလား?"

ခြိမ်းခြောက်မှုက အရှက်ကင်းမဲ့လှပေမယ့် အတော်လေးတော့ ထိရောက်မှုရှိတယ်။

လင်ရှန်းက သူ့စိတ်ထဲမှာ တစ်စုံတစ်ရာရှိနေတာကြောင့် ပါးစပ်ပိတ်ပြီး ရေသာသွားချိုးလိုက်တော့တယ်။

တကယ်တော့ မော့ကျူးချန်နဲ့ပက်သက်လို့ သူ အတော်လေးတော့ စိတ်ချတယ်။

တစ်ဖက်လူက မောက်မာလှတယ်ဆိုပေမယ့် သူ တကယ်မပျော်မရွှင်ဖြစ်မှာမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။

သူ ရေချိုးပြီးထွက်လာချိန်မှာ မော့ကျူးချန်က အိပ်ရာပေါ်မှာ လှဲတောင်လှဲနေပြီ။

သူက သူ့ကိုယ်သူ စောင်နဲ့ တင်းတင်းကျပ်ကျပ် ထုပ်ထားပြီး ခေါင်းလေးသာ ဖော်ထားတယ်။

လင်ရှန်း အိပ်ရာဆီ လျှောက်သွားတော့ သူ့ကိုယ်သူ ပိုးတုံးလုံးကောင်လို ထုပ်ထားတဲ့ မော့ကျူးချန်က မော့ကြည့်လာတယ်။

"ငါ..."

"ငါ..."

သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ ပြောမိသလိုဖြစ်သွားပြီးနောက် ပါးစပ်ပိတ်သွားကြတယ်။

"မင်း အရင်ပြော" မော့ကျူးချန်က နှာခေါင်းရှုတ်လိုက်ပြီး လင်ရှန်းကို အရင်ပြောဖို့ မျက်ရိပ်ပြလိုက်တယ်။

"ငါ့သူငယ်ချင်းတွေကို အိမ်လာလည်ဖို့ မဖိတ်ဖူးဘူး" လင်ရှန်းက ပြောနေရင်းနဲ့ သူ့ရဲ့ရေချိုးတဘတ်ကို ချလိုက်တယ်။

မော့ကျူးချန်အတွက် ရှာပေးခဲ့တဲ့ ရေချိုးတဘတ်အသစ်လေးက ထိုင်ခုံလက်ရမ်းလေးမှာ သေသေသပ်သပ်လေး ခေါက်ပြီး တင်ထားတာကို တွေ့လိုက်ရတယ်။

မော့ကျူးချန်ရဲ့ကျောင်းယူနီဖောင်းတွေနဲ့အတူ ဘေးမှာ အားလုံးခေါက်ပြီး နေရာတကျထားထားတယ်။

လင်ရှန်းလည်း စောင်ထဲကို ခပ်သွက်သွက်လေး ဝင်လိုက်တယ်။ သူတို့တွေ ဂွမ်းကပ်စောင်အောက် ရောက်သွားကြတယ်။

အိပ်ရာက တစ်မီတာနဲ့ ရှစ်မီတာအရှည်ရှိပြီး စောင်က လက်တစ်ဆန့်စာအရှည်ရှိတာကြောင့် သူတို့နှစ်ယောက် မျှခြုံဖို့ လုံလောက်တယ်။

သူလည်း မော့ကျူးချန်နည်းလမ်းအတိုင်းလိုက်ကာ စောင်နဲ့ ခပ်တင်းတင်းပတ်လိုက်ပြီး အပြင်မှာ ခေါင်းလေးသာ ထုတ်ထားတယ်။

အိပ်ခန်းထဲမှာ ခဏလောက်ကြာတဲ့အထိ ဘယ်သူမှ စကားမပြောဖြစ်ကြဘူး။

မော့ကျူးချန်ရဲ့အသက်ရှုသံက သူ့နားထဲ လာရိုက်ခတ်နေတာကို လင်ရှန်းကြားနေရတယ်။

သူစိမ်းဆန်သယောင်နဲ့ ရင်းနှီးလှတဲ့ အသက်ရှုသံခပ်ရှည်ရှည်။

သူ့အိပ်ခန်းထဲမှာ တစ်ခြားလူတစ်ယောက်ရဲ့ အသက်ရှုငွေ့တွေနဲ့ ရောထွေးသွားတယ်ဆိုပေမယ့် သူ့ကို ရင်းနှီးသလိုလို မရင်းနှီးသလိုလိုသာ ဖြစ်စေတယ်။

"မင်း ဘာပြောချင်လို့လဲ?"

ခဏလောက် တိတ်ဆိတ်သွားပြီးမှ လင်ရှန်း မေးလိုက်တယ်။

ဒီခံစားချက်က သူ့အတွက် အတော့်ကို အသစ်အဆန်းဖြစ်နေစေတယ်။

သူနဲ့ သက်တူရွယ်တူတွေနဲ့ အိပ်ရာတစ်ခုတည်း မျှအိပ်ဖို့မပြောနဲ့ အိမ်ကို ဧည့်သည်တစ်ယောက်တောင် ဘယ်တုန်းကမှ မဖိတ်ခဲ့ဖူးဘူး။

သူ့ရဲ့ကိုယ်ပိုင်သီးသန့်ပိုင်နက်လေးကို တခြားသူတွေနဲ့ မျှဝေရတဲ့ခံစားချက်က လင်ရှန်းကို ပြောမပြတတ်အောင် စိတ်လှုပ်ရှားစေတယ်။

"ငါလည်း တခြားလူရဲ့အိမ်မှာ ညအိပ်ဖူးတာ ပထမဆုံးပဲ" မော့ကျူးချန် ပြောလာတယ်။

ပြောလို့ပြီးတာနဲ့ လက်မြှောက်ကာ အိပ်ခန်းမီးကို မှိတ်လိုက်တယ်။

မျက်နှာကြက်ကနေ ကြမ်းပြင်အထိ ရှည်တဲ့လိုက်ကာအထူကြီးတွေက ပြတင်းပေါက်အပြင်မှာရှိတဲ့ ကြယ်တွေနဲ့ လရောင်ကို တားဆီးထားပြီး တံခါးထောင့်နားက ညမီးရောင်လေးတစ်ခုကသာ ဝါဖျော့ဖျော့လေးအလင်းရောင်ပေးနေတယ်။

လင်ရှန်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေမိတယ်။ သူ ကောလိပ်တက်တော့ များသောအားဖြင့် ကျောင်းအဆောင်မှာသာ နေခဲ့တယ်။

ဒါပေမယ့် သူက သူသိပ်မတော်တဲ့အပြင် သဘောအကျကြီးမဟုတ်တဲ့ ဘာသာရပ်ကို ရွေးခဲ့ရတာကြောင့် အိမ်စာတွေ နောက်မကျရေး နေ့တိုင်း အစောကြီးထကာ နောက်ကျမှ ပြန်ရလေ့ရှိတယ်။ အချိန်အများစုက စာကြည့်တိုက်ထဲမှာသာဖြစ်ပြီး ပိတ်တော့မှသာ ပြန်ရတယ်။

နောက်ဆုံးစာမေးပွဲမတိုင်ခင်မှာတော့ စာကြည့်တိုက်က ညလုံးပေါက်စာကြည့်ခန်းတွေ ဖွင့်ပေးတတ်တယ်။

မနက်ဆို ငါးနာရီလောက် အဆောင်ကထွက်လာပြီး နောက်တစ်နေ့ မနက်တစ်နက်ရီလောက်မှ လင်ရှန်း ပြန်ထွက်လာလေ့ရှိတယ်။

အဆောင်ထဲမှာဆို လူတော်တော်များများက တုံးလုံးပက်လက်လှဲပြီး အိပ်ရာမဝင်ခင် စကားစမြည်ပြောလေ့ရှိတာကို သူသိတယ်။

ညပိုင်းစကားပြောတာက တက္ကသိုလ်မှာ နာမည်အကြီးဆုံးအဆောင်ရိုးရာတွေထဲက တစ်ခုဖြစ်တယ်။

ပြန်တွေးကြည့်မယ်ဆိုရင် လင်ရှန်း အဲ့တာမျိုးမှာ တစ်ခါလေးတောင် မပါဖူးဘူး။

ပိတ်ရက်တွေဆို အိမ်ကိုပြန်ပြီး အဆောင်ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတာ ခဲယဉ်းတယ်။

အချိန်အတော်ကြာတဲ့နောက်မှာ လင်ရှန်းက သူ့အတန်းဖော်တွေကြား သီးသန့်ကွဲထွက်နေတဲ့လူတစ်ယောက်ဖြစ်လာတယ်။

ပထမဆုံးစာသင်နှစ်မှာ တတိယအဆင့်ရတာကြောင့် အတန်းဖော်တွေ တအံ့တဩဖြစ်ခဲ့ရတာကလွဲလို့ သူ့ရဲ့တည်ရှိမှုက မရှိသလောက်နီးပါးပဲ။

နောက်ပိုင်း အတန်းလှုပ်ရှားမှုတွေမှာတောင် အတန်းခေါင်းဆောင်က သူ့ကို မေးတယ်ဆိုရုံသာ လာမေးတော့တယ်။

မပါဘူးဆိုလည်း တွန်းအားမပေးတော့ဘူး။

ဒါကို တွေးမိတော့ လင်ရှန်း မနေသာစွာ ခပ်ဟဟရယ်မိတယ်။

"ဘာတွေရယ်နေတာလဲ?"

သူ့ရယ်သံက တိုတောင်းလှပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်မှုတို့နဲ့ ပြည့်နှက်နေတယ်။

မော့ကျူးချန်က ချက်ချင်း ထမေးတော့တယ် "ငါ့ကို ရယ်နေတာလား?"

"မဟုတ်ပါဘူးကွာ" လင်ရှန်း မျက်တောင်ခတ်လိုက်တယ်။

မီးမှိတ်ထားတာကြောင့် အမှောင်ထဲမှာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မမြင်ရဘူး။

သူ့နှုတ်ခမ်းတွေကို တွန့်ချိုးကာ သူ့ကိုယ်သူ တိတ်တိတ်လေး လှောင်ရယ်နေလိုက်တယ်။

အတိတ်တုန်းက သူ့ရဲ့ဉာဏ်ကြီးရှင်အစ်ကိုကြီးရဲ့ နောက်ကောက်မကျရေးနဲ့ သူ့မိဘတွေ သူ့ကိုပိုပြီး အရေးစိုက်ရေးကို တကယ်အများကြီး အလေးထားခဲ့တယ်။

ဒါက ပေးဆပ်လိုက်တာမျိုးမဟုတ်ဘူး။

သူ့အသက်အရွယ် သာမန်ကောင်လေးတစ်ယောက် တွေ့ကြုံရမယ့် ကိစ္စတွေအများကြီးကို စွန့်ပစ်လိုက်သလိုမျိုးတောင် ဖြစ်နေခဲ့တယ်။

ပြီးတော့ စရိုက်ကပါ အတော်လေးမနှစ်မြို့စရာ ဖြစ်ခဲ့ရတယ်။

လင်ရှန်း နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်တယ်။

စောင်ထဲမှာရှိတဲ့ သူ့လက်တွေက တဖြေးဖြေးချင်း ကွေးသွားကာ လက်သီးဆုပ်တွေအဖြစ် ပြောင်းလဲသွားတော့တယ်။

သူ အရက်လည်းသောက်ထားတယ်။ အခုက အမှောင်ထဲမှာ။ သူ့မျက်နှာပေါ်က အမူအယာကို ဘယ်သူမှာ မြင်နိုင်မှာမဟုတ်ဘူး။ သူ့အတွေးတွေကို ဘယ်သူမှ ကြားမှာမဟုတ်ဘူး။

ဒီလိုအခိုက်အတန့်မှာ ရုတ်တရက်ဆိုသလို သူ့ရဲ့နှလုံးသားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ခုလေးတင် လင်ယွမ်ရဲ့အိပ်ခန်းထဲမှာ စာအုပ်ကို ဖွင့်ပြီး တစ်ချက်လောက်ကြည့်ဖို့ အခွင့်အရေးရခဲ့တယ်ဆိုတာ သိသာလှတယ်။

လင်ယွမ်ရဲ့အခန်းထဲကို ဝင်တော့မှ အဲ့စာအုပ်ကို ပထမဆုံးအကြိမ် ထိတွေ့ဖူးတာဖြစ်တယ်။

အဲ့တာက အချိန်တိုလေးတစ်ခုမဟုတ်ခဲ့ဘူး။

ဒါပေမယ့် သူကတော့ နေရာမှာတင် ကြောင်အကာ ရပ်နေခဲ့ပြီး တောင့်တောင့်တင်းတင်းကြီး ဖြစ်နေခဲ့တယ်။

နောက်တစ်ကြိမ် စာအုပ်ကို လှမ်းယူကာ စာမျက်နှာတွေ လှန်ကြည့်ဖို့ မလုပ်နိုင်ခဲ့ဘူး။

__ ဘာကြောင့်ဆို အဲ့တာက ပန်ဒိုရာသေတ္တာဖြစ်နေမှာကို သူ စိုးရိမ်ခဲ့မိတယ်။

သူ့ကြောင့်မို့...

ဖြစ်ကောင်းဖြစ်နိုင်တာက အစောပိုင်းမှာတုန်းက သူ့နှလုံးသားထဲမှာ အတွေးတစ်ခုက တိတ်တိတ်လေး ထွက်ပေါ်လာခဲ့တာဖြစ်မယ်။

__ သူ ပြန်မသွားချင်တော့ဘူး!

သူ တကယ့်ကို သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို အများကြီး ချစ်နေပြီ!

ရုတ်တရက် လင်ရှန်း လက်ကို ဖြန့်ကာ စောင်ကို ဆုပ်ကိုင်လိုက်တယ်။

သူ့ခေါင်းကိုပါ စောင်ပုံထဲ ထည့်လိုက်ပြီး သူ့ကိုယ်သူ ပိုးတုံးလုံးလိုမျိုး ရစ်ပတ်လိုက်တယ်။

ဒီနေရာမှာပဲ။

သူ့ကိုချစ်တဲ့ လေးစားရတဲ့မိဘတွေရှိတယ်။

တူညီတဲ့ ဉာဏ်ကြီးရှင်ပေမယ့် သိမ်မွေ့ပြီး စဉ်းစားပေးတတ်တဲ့ အစ်ကိုကြီးရှိတယ်။

ရွှင်ရွှင်ပြပြနေတတ်တဲ့ ညီလေးတစ်ယောက်ရှိတယ်။

သူ့ကို 'ရှန်းကော'လို့ ခေါ်တတ်တဲ့ ချင်မင်းမင်းနဲ့ တောက်ရန်ရှိတယ်။

ရှုချန်းနဲ့ စုတျန်းတျန်းရှိတယ်။

နောက်...

"ဟေး!" လင်ရှန်းဘေးမှာ အိပ်နေတဲ့ မော့ကျူးချန်က ရုတ်ခြည်းလှည့်ကာ ထထိုင်လိုက်တယ်။

သူ့ရဲ့လက်တစ်ဖက်က အိပ်ရာပေါ်ထောက်ထားကာ မျက်လုံးတွေက ဟိုလှိမ့်ဒီလှိမ့်တွန်းထိုးနေတဲ့ 'လင်ရှန်းပိုးတုံးလုံး'ကို ကြည့်ရင်း အမှောင်ကို တဖြည်းဖြည်း ကြည့်သားရလာတယ်။

"ဘာတွေလုပ်နေတာလဲ?" မော့ကျူးချန်က လကက်ကို ဆန့်ထုတ်ကာ လင်ရှန်းရဲ့စောင်ကို ပုတ်လိုက်တယ်။

"ငါ့ကို လွှတ်ထားပေးစမ်းပါ" လင်ရှန်းရဲ့ဗလုံးဗထွေးအသံက စောင်ထဲကနေ ထွက်ပေါ်လာတယ် "ငါ တိတ်တိတ်လေး နေချင်လို့"

"တလှုပ်လှုပ်လုပ်နေတာ ဘယ်သူလဲ?" မော့ကျူးချန်က သိသိသာသာ စိတ်ကြည်နေတာကြောင့် အနားတိုးကပ်သွားတယ်။

"ငါ့ဖာသာ အသံတိတ်နေတာကို လာအရေးစိုက်နေတယ်" လင်ရှန်း ခဏလောက် အသံတိတ်သွားပြီးမှ မပီမသလေသံနဲ့ ထပ်ပြောလိုက်တယ် "ငါ သတိရနေတာ!"

"ဒီလိုနေနေရင် မွန်းသွားလိမ့်မယ်" မော့ကျူးချန်က ကိုယ်ကို မတ်မတ်နေကာ သူ့လက်နဲ့ လင်ရှန်းရဲ့စောင်ကို ဆွဲနေတယ်။

"လွှတ်ပါဆိုနေမှပဲ" လင်ရှန်းကလည်း အတွင်းထဲကနေ စောင်ကို ဆွဲထားကာ ဖွင့်ပေးဖို့ ငြင်းဆန်နေတယ်။

သူ့ခန္ဓာကိုယ်က စောင်ပိုးတုံးလုံးလိုမျိုး ကျုံ့နေပြီး သူ့အောက်မှာ စောင်ကို တင်းနေအောင် ဖိထားတယ်။

"အိပ်လေ မင်းဖာသာ အိပ်ပါလား" လင်ရှန်းပြောလိုက်တယ်။

"အိပ်မရလို့ပေါ့" မော့ကျူးချန်ကတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံလာတယ် "ငါက အိပ်ရာဆို မှတ်ထားတာ"

လင်ရှန်း "..."

သူ မနေသာစွာ မကျေမချမ်းပြောမိတော့တယ်။ အိပ်ရာပေါ်မှာနေဖို့ သဘောလည်း တူပေးထားရသေးတယ်။

သို့ပေမယ့် မော့ကျူးချန်ရဲ့ နှောင့်ယှက်မှုခံလိုက်ရတာကြောင့် ခုလေးတင် စိတ်ဓာတ်ကျသလိုစိတ်အခြေအနေကနေ သက်သာရာရခဲ့ရတယ်။

လင်ရှန်း စောင်ကို ဆွဲကာ ထထိုင်လိုက်တယ်။

နှစ်ယောက်လုံးက မီးမဖွင့်ဘဲ အိပ်ရာပေါ်မှာသာ ထိုင်နေကြတယ်။

သူ့မျက်လုံးတွေက အမှောင်နဲ့ တဖြည်းဖြည်းကျင့်သား ရလာပြီဆိုပေမယ့် မော့ကျူးချန်ရဲ့မျက်နှာပေါ်က အမူအယာကိုတော့ လင်ရှန်း ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး။

အချင်းချင်းရဲ့မျက်လုံးတွေကိုပဲ မြင်ရတယ်။

မှိန်ပျပျအိပ်ခန်းထဲမှာတောင် တောက်ပနေပြီး ကောင်းကင်က ကြယ်တွေနဲ့တောင် တူနေသေးတယ်။

"ငါ အိပ်လို့မရဘူး" မော့ကျူးချန် ထပ်ပြောလာတယ် "ဒါက ငါတို့နှစ်ယောက်လုံးအတွက် မကောင်းဘူး..."

"ငါလည်း အိပ်လို့မရဘူး" လင်ရှန်း ပြောလိုက်တယ် "စကားပြောကြမလား?"

ဒီလိုပြောရတာကြီးက နည်းနည်းတော့ ဂေးနေသလိုပဲ။

ဒါပေမယ့် အိပ်ရာထဲမှာ သက်တူရွယ်တူသူငယ်ချင်းတွေနဲ့ စကားပြောရတာကလည်း လူငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။

"...ကောင်းပြီလေ" မော့ကျူးချန်က ကုတင်ခေါင်းရင်းကို မှီကာ သူ့လက်တွေပေါ်မှာ ခေါင်းတင်လိုက်တယ်။

သူက လင်ရှန်းကို မျက်လုံးမှေးကြည့်ပြီး "မင်းက ဘာအကြောင်း ပြောချင်တာလဲ?"

"ငါလည်း မသိဘူးလေ" လင်ရှန်းက အနေအထားကိုပြင်ကာ ကုတင်ကို မှီထားလိုက်တယ်။

"တကယ်လို့သာ ဒီနေရာမှာ တောက်ရန်နဲ့ တခြားသူတွေဆိုရင် အခုလိုအချိန်မှာ မင်း ဘာအကြောင်းကို ပြောမှာလဲ?" သူ မေးလိုက်တယ်။

"ဘာအကြောင်းပြောမှာလဲ?" မော့ကျူးချန် ခဏလောက် တွေးလိုက်တယ် "အကြောင်းစုံပေါ့၊ တောက်ရန်နဲ့ ရှုချန်းရဲ့ အကြိုက်ဆုံးအသင်း၊ ဂိမ်းအသစ်တွေ၊ ရုပ်ရှင်ကားတွေ... ပြီးတော့ တစ်ခါတစ်လေ မိသားစုအရေးကိစ္စတွေပေါ့"

လင်ရှန်း သူ့ကို လှည့်ကြည့်လိုက်တယ် "အိုး"

ဒီလိုဆိုရင်တောင် ဘာအကြောင်းပြောရမှန်း မသိသေးဘူး။

လင်ရှန်း အလေးအနက်ပြန်တွေးလိုက်တယ်။

သူနဲ့ မော့ကျူးချန်အတူရှိခဲ့တဲ့ ဒီအတောအတွင်း ပုံမှန်အားဖြင့် စာအုပ်တွေပဲ ဖတ်ခဲ့ကြတယ်။

အချိန်က မလောက်တာကြောင့် ဘယ်လိုလုပ် ဂိမ်းဆော့ချိန်နဲ့ ရုပ်ရှင်ကြည့်ချိန် ရပါတော့မလဲ?

အသင်းအကြောင်းပြောရအောင်လည်း သူက ဘောလုံးပွဲရော ဘတ်စကတ်ဘောပွဲပါ မကြည့်ဘူး။

လင်ရှန်း နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်။

ကြည့်ရတာ စာလေ့လာတာကလွဲရင် သူသိတာဆိုလို့ တကယ် ဘာဆိုဘာမှမရှိဘူးပဲ။ သူငယ်ချင်းမဖွဲ့နိုင်တဲ့အပြင် အရိုးစင်းဆုံး စကားလက်ဆုံပြောစရာ အကြောင်းအရာတွေကိုတောင် မရှာနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။

"ခုနက မင်းအဝတ်အစားတွေသွားယူပြီး ပြန်လာတော့ ဘယ်လိုဖြစ်ပြီး အိမ်မှာ မနေချင်သလို ပုံမျိုးဖြစ်နေရတာလဲ?" မော့ကျူးချန် ရုတ်တရက် မေးလာတယ်။

ဒီအကြောင်းအရာက ကောင်းပေမယ့် သူ မော့ကျူးချန်ကို မပြောနိုင်ဘူး။

လင်ရှန်း ခဏလောက်အသံတိတ်သွားပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ စောင်ဟလိုက်တယ်။

နောက်တော့ အိပ်ရာပေါ်ကထကာ မော့ကျူးချန်ဘေးက အိပ်ရာဘက်ကို လျှောက်သွားပြီး အံဆွဲထဲက စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။

လင်ရှန်းက မော့ကျူးချန်ဆီကို စာအုပ်ထိုးပေးလိုက်ပြီး "ငါဒါကို တွေးထားတာ၊ နမူနာမေးခွန်းတွေကို မှတ်တယ်ဆိုတာက အချိန်တိုအတွင်း အမှတ်တွေတိုးလာနိုင်တယ်ဆိုပေမယ့် အဲ့တာက ရေရှည်အတွက် မဟုတ်ဘူးလေ၊ အဲ့တာကြောင့်..."

သူ နောက်ထပ်စာအုပ်တစ်အုပ်ထုတ်ပြီး အိပ်ရာပေါ်မှာ ပြန်ထိုင်လိုက်တယ် "နှစ်ယောက်လုံးလည်း မအိပ်နိုင်ဘူးဆိုမှတော့ စာအုပ်ပဲ အတူတူဖတ်ကြတာပေါ့"

မော့ကျူးချန် "..."

သူ လင်ရှန်းကို မယုံနိုင်စွာ ကြည့်လိုက်မိတယ်။

ခုမှ လပတ်စာမေးပွဲပြီးထားတာလေ!

တစ်ဖက်လူက ဝိုင်လည်း သောက်ထားသေးတယ်။

ကားထဲမှာတုန်းကတောင် တော်တော်လေး မူးနေသေးတာကို... အခု သူပြောလိုက်တာက : 'စာအုပ်ဖတ်ကြတာပေါ့!' တဲ့လား။

မော့ကျူးချန်တစ်ယောက် လက်ထဲမှာ စာအုပ်ကိုကိုင်ထားပြီး အိပ်ရာပေါ်မှာ ငေါင်ကြောင်စွာ ထိုင်နေမိတယ်။

သူ မိန်းမောနေတုန်းမှာ လင်ရှန်းက စာမျက်နှာတစ်ရွက်တောင် လှန်ပြီးသွားပြီ။

သူက မျက်လွှာပင့်ကာ မော့ကျူးချန်ကိုကြည့်ပြီး အားတက်သရောပြောလာတယ် "လပတ်စာမေးပွဲက ပြီးခါစဆိုပေမယ့် ငါတို့မှာ ကောလိပ်ဝင်စာမေးပွဲဖြေဖို့ ရှစ်လလောက်ပဲ ကျန်တော့တယ်၊ အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာမဟုတ်ဘူး၊ အချိန်မရှိဘူးလေ... မင်းလည်း အိပ်မရဖြစ်နေမှတော့ အချိန်ဖြုန်းမနေဘဲနဲ့ စာအုပ်လေးတစ်အုပ် ဖတ်လိုက်ပေါ့"

မော့ကျူးချန် "..."

သူ့မျက်လုံးတွေကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး "ခုလေးတင် တစ်ခုခုဖြစ်လာခဲ့တာလား?"

သူ ရပ်လိုက်ကာ ဆက်မေးတယ် "မင်းရဲ့အစ်ကိုကြီးနဲ့ ဆက်နွယ်နေတာလား?"

စာအုပ်ကိုကိုင်ထားတဲ့ လင်ရှန်းရဲ့လက်တွေ တောင့်ခဲသွားတယ်။

သို့ပေမယ့် သူ မြန်မြန်ပဲ စိတ်ငြိမ်အောင်ထားကာ နောက်ထပ်စာမျက်နှာအသစ်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်တယ် "ဘာမှ မဆိုင်ဘူး"

"မဟုတ်ဘူးလား?" မော့ကျူးချန် လင်ရှန်းကို မျက်လုံးမှေးကာ ကြည့်နေတော့တယ်။

သူ့ရဲ့နက်ရှိုင်းတဲ့အကြည့်က တစ်ဖက်လူရဲ့မျက်နှာနဲ့ စာအုပ်ဆီကို အကြိမ်အနည်းငယ် ဖြတ်ပြေးသွားတယ်။

လင်ရှန်း စာရွက်ကို ထပ်လှန်လိုက်တယ်။ အနည်းဆုံးတော့ အပေါ်ယံမှာ သူက စာအုပ်ကို လေးလေးနက်နက် ဖတ်နေသယောင်ပေါ့။

စူးစူးစိုက်စိုက်နဲ့ အာရုံစိုက်ပြီး ကြည့်နေတာမျိုး။

"လိမ်နေတယ်!" မော့ကျူးချန်က လက်ကိုဆန့်ကာ လင်ရှန်းလက်ထဲက စာအုပ်ကို ဆွဲယူလိုက်တယ်။

"ဘာလုပ်တာလဲ?" လင်ရှန်းက လက်ဆန့်ကာ ပြန်ဆွဲယူတော့တယ်။

လက်မြှောက်တုန်းမှာတင် မော့ကျူးချန်က စာအုပ်ကို စားပွဲမှာ ပြန်ထားလိုက်တယ်။

"မင်း စာအုပ်တစ်အုပ်ဖတ်ပြီဆိုရင် အဲ့စာမျက်နှာက မင်းနဲ့အကျွမ်းတဝင်ရှိပြီးသားဆိုရင်တောင်မှ မင်းက အားလုံးကို မြန်မြန်လိုက်ကြည့်ပြီး မျက်လုံးမှိတ်တယ်၊ မိနစ်ပိုင်းလောက် တွေးပြီးတော့မှ နောက်တစ်မျက်နှာကို လှန်တာ"

မော့ကျူးချန် ပြောလာတယ် "ငါထင်တာ မင်းမျက်လုံးမှိတ်ပြီး တွေးနေတဲ့အချိန်မှာ မင်းက အဲ့စာမျက်နှာမှာပါတဲ့ အကြောင်းအရာတွေကို မင်းစိတ်ထဲမှာ ပြန်ဖတ်ကြည့်နေတာပဲဖြစ်ရမယ်"

သူနဲ့ လင်ရှန်းက စာအတူတူလုပ်ခဲ့ကြတာ တစ်လနီးပါးလောက်ရှိနေပြီ၊ နေ့တိုင်း နေ့လည်စာနားချိန်ပဲ ယူကာ ညအထိ အတူတူ စာလုပ်ခဲ့ကြတာဖြစ်တယ်။

မော့ကျူးချန်က တစ်ဖက်ကောင်လေးရဲ့ အမူအကျင့်သေးသေးလေးတွေကိုတောင် သိရှိနေပြီ။

လင်ရှန်း "..."

"အဲ့တော့ မင်းက စာအုပ်ကို ကြည့်တောင်မကြည့်လိုက်ဘူးလေ" သူ အခိုင်အမာ ပြောလိုက်တယ် "မင်း ရှောင်ပြေးနေတာပဲ"

လင်ရှန်း "..."

စိတ်ကြီးဝင်တတ်တဲ့ ကျောင်းမြက်ကြီးက ရံဖန်ရံခါ ထက်မြက်တဲ့ပုံပေါ်တယ်။ ဒါက သူသိလိုက်ရတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်!

လင်ရှန်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်တယ်။ ဘယ်လိုနေနေ နောက်ဆုံးကျရင် သူတောင်မှ စိတ်ကူးလို့မရတဲ့ နောက်ထပ်အတွေးဝင်လာတာနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။

သူ့ကို ရိပ်စားမိသွားမှာ စိတ်ပူနေစရာမလိုဘူး။

"ခုလေးတင် မင်းက ငါ့အတွက် ညအိပ်ဝတ်စုံသွားယူပေးတယ်၊ ပြန်လာတဲ့အချိန်ကျတော့ အထိတ်တလန့်ဖြစ်နေသလိုမျိုးနဲ့"

မော့ကျူးချန် လင်ရှန်းကို တွေးဆဆနဲ့ ကြည့်ကာ "လင်မိသားစုအိမ်ထဲမှာ ငါတို့သုံးယောက်ပဲ ရှိကြတာ၊ မင်းက မင်းအစ်ကိုရဲ့အဝတ်အစားတွေကို သွားယူတုန်းဖြစ်တာဆိုတော့..."

သူ ကောက်ချက်ချလိုက်တယ် "မင်းအစ်ကိုကြီးကြောင့် လန့်သွားတာလား?"

လင်ရှန်းကတော့ သူ့ကိုယ်သူပဲ ဆက်နှစ်သိမ့်နေလိုက်တယ်။

ကိစ္စမရှိဘူး၊ စိတ်ကြီးဝင်တတ်တဲ့ကျောင်းမြက်ကြီးက အဆုံးသတ်ကို သွားနိုင်မှာမဟုတ်ဘူး!

"လင်ယွမ်က ယဉ်ကျေးပြီး မင်းကိုလည်း ကောင်းကောင်း ဆက်ဆံပေးမယ်၊ ငါ့ကိုရောပဲ... မင်းရဲ့အတန်းဖော်က ယဉ်ကျေးပြီး တွေးပေးတတ်တာကြောင့်မို့ အမှားက နည်းနည်းလေးတောင် လုပ်မိမှာမဟုတ်ဘူး" မော့ကျူးချန် ဆက်ပြောတယ် "မင်းအစ်ကိုကြီးက စာကြည့်ခန်းထဲမှာ အလုပ်ရှုပ်နေတာ၊ မင်းအပေါ် သူ့သဘောထားအရဆိုရင် မင်းကိုယ်တိုင် အကျီသွားယူတာကို ဘယ်လိုမှ စိတ်ထဲထားနေမှာမဟုတ်ဘူး"

သူ မေးလိုက်တယ် "မင်းအစ်ကိုရဲ့အခန်းထဲမှာ ဘာတွေ့လိုက်လို့လဲ? သူ ဝှက်ထားတဲ့ လျှို့ဝှက်ချက်လား? အဲ့တာကြောင့် မင်းဒီလိုမျိုး အလန့်တကြားဖြစ်နေတာလား!"

လင်ရှန်း "!!!"

"ငါ ဘာမှ မတွေ့ခဲ့ဘူး!" သူ ခပ်သွက်သွက်ပြောလိုက်တယ်။

"ဟမ့်_" မော့ကျူးချန် နှာခေါင်းအသာရှုံ့သွားတယ်။

သူ့မျက်လုံးတွေက လင်ရှန်းမျက်လုံးတွေကိုကြည့်ကာ "ငြင်းတာကလည်း မြန်လိုက်တာ၊ အပြစ်မကင်းဖြစ်နေတယ်ပေါ့လေ"

သူ လင်ရှန်းနားကို တိုးကပ်သွားပြီး "မင်း ဘာတွေ့ခဲ့တာလဲ? မင်းအစ်ကိုကြီးရဲ့ လျှို့ဝှက်ဆက်ဆံရေးလား? ဒါမှမဟုတ် သိမ်မွေ့တဲ့အသွင်အပြင်အောက်မှာ သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာလား?"

"တစ်ခုမှမဟုတ်ဘူး!" လင်ရှန်း မြန်မြန်ခွန်းတုန့်ပြန်လိုက်တယ် "ဘာကို လျှို့ဝှက်ချက်ရှိရမှာလဲ? ငါ့အစ်ကိုကြီးက ဖြောင့်မတ်တဲ့လူ၊ သူ့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိရမှာလဲ?"

မော့ကျူးချန် သူ့နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်တယ် "မင်းရဲ့အစ်ကိုကြီးက နည်းနည်း ထူးဆန်းတယ်လို့ မထင်ဘူးလား?"

လင်ရှန်းရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ရာရှိနေပေမယ့် မော့ကျူးချန်ဘက်က ဒီလိုပြောလာမှ သူပါပိုပြီး စိတ်လှုပ်ရှားလာတယ်။

သတိလက်လွတ်နဲ့ သူ့နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်ပြီး လည်ချောင်းပါ အနည်းငယ်ခြောက်ကပ်လာတယ်။

"သူက တကယ်ကောင်းပါတယ်" မော့ကျူးချန် ပြောလိုက်တယ် "ဒါပေမယ့် ငါကတော့ အမြဲတမ်း တမျိုးကြီးဖြစ်နေတယ်လို့ ခံစားမိတယ်"

"အင်း ဘာက တမျိုးကြီးဖြစ်တာလဲ?" လင်ရှန်း ပြန်မေးလိုက်တယ်။

အခုချိန်မှာတော့ သူ့အသံက ပျော့ပြောင်းကာ မဝံ့မရဲသလိုလေသံဖြစ်နေတယ်။ "သူက ခုတလော ကုမ္ပဏီမှာ လုပ်စရာလေးတွေရှိနေလို့ပါ အဲ့တာကြောင့် တအားအလုပ်ရှုပ်နေတာ"

"အဲ့လိုမျိုးမဟုတ်ဘူး"

မော့ကျူးချန်က သူ့မျက်လုံးတွေကို အနည်းငယ်မှေးကျဉ်းလိုက်တယ် "ငါကတော့ နည်းနည်းထူးဆန်းတယ်လို့ကို ထင်နေတာ"

သူက လင်ရှန်းလက်မောင်းပေါ် လက်တင်လိုက်ပြီး "ငါ့အပေါ်ကို သူ့ရဲ့အပြုအမူက အံ့ဩစရာကောင်းလောက်အောင် ကောင်းနေတယ်လို့ မင်း မထင်ဘူးလား?"

"ပုံမှန်လူတွေဆိုရင် သူတို့ရဲ့ညီငယ်လေးက သက်တူရွယ်တူကောင်လေးတစ်ယောက်နဲ့ နမ်းတယ်ဆိုတာကို ကြားတဲ့အချိန်မှာ အံ့ဩသွားတာမျိုး ဒါမှမဟုတ် ဒေါသထွက်တာမျိုး ဖြစ်သွားသင့်တာမဟုတ်ဘူးလား ပြီးတော့ သူတို့ကို ချက်ချင်း တကွဲတပြားဖြစ်အောင်လုပ်ပစ်ပြီး ကျန်နေတဲ့သက်တမ်းတစ်လျှောက်လုံး မတွေ့နိုင်တော့အောင် လုပ်သင့်တာ မဟုတ်ဘူးလား?"

"နမ်း... နမ်းတယ်?!" လင်ရှန်းဦးနှောက်က ကွဲကြေတော့မလိုဖြစ်သွားတယ်။ "ညီက ကောင်လေးတစ်ယောက်နဲ့ နမ်းတယ်ဆိုတာ ကြားလိုက်တယ်?!"

သူ ရုတ်တရက် ထအော်မိသွားတယ်။

ကယ်ကြပါ!

သူ့အစ်ကိုကြီးက သိသွားတယ်ပေါ့?!

ဒါကို ဘယ်တုန်းက သိသွားရတာလဲ?!

မော့ကျူးချန်က ထုတ်ကြွားလိုက်တာလား?

လင်ရှန်း အိပ်ရာထဲမှာ တွင်းတစ်ခုသာ တူးပစ်လိုက်ချင်နေပြီ။

မဟုတ်သေးဘူး!

သူ အိပ်ရာထဲမှာ တွင်းတစ်ခုတူးတာက မော့ကျူးချန်ကို မြှုပ်ပစ်ဖို့ပဲ ဖြစ်သင့်တာ။

မော့ကျူးချန်တစ်ယောက် ပါးစပ်ဖွာပြီး ကြွားလုံးထုတ်တာပဲဖြစ်ရမယ်ဆိုတာ ခြေထောက်နဲ့တွေးရင်တောင် သိနိုင်တယ်။

အမှန်ပဲ! အဲ့တာ သူ့ကြောင့်!

သူ အဲ့မနက်တုန်းက ကျောင်းပေါက်ဝမှာ ဖွခဲ့တာကြောင့် လူတွေအများကြီး သိသွားခဲ့တယ်။ နောက်တော့ ကျောင်းဖိုရမ်ပေါ်ကို ရောက်သွားရော!

ကိစ္စတွေက မကြာခင်မှာပဲ ပျောက်သွားတယ်ဆိုပေမယ့် သူ့အစ်ကိုကြီးက ကျောင်းဖိုရမ်ကို ဝင်ကြည့်တတ်တာကြောင့် အဲ့အချိန်တုန်းက မြင်ရင်လည်း မြင်သွားနိုင်တယ်!

လင်ရှန်း လက်ကိုဆန့်ကာ မော့ကျူးချန်ရဲ့အကျီကို တင်းနေအောင် ဆုပ်ကိုင်လိုက်တယ် "ငါတို့ အဲ့လိုလုပ်ခဲ့တာကို ငါ့အစ်ကိုကြီးသိသွားတာ... အဲ့တာက၊ အဲ့တာက မင်းအပြစ်တွေချည်းပဲ မဟုတ်ဘူးလား!"

"မင်း ဘယ်လိုလုပ် ငါ့ကို အပြစ်လာတင်နေရတာလဲ?" မော့ကျူးချန်ရဲ့ အမူအယာကတော့ တည်တည်ငြိမ်ငြိမ်ပဲ "အစောပိုင်းက မင်းအစ်ကိုကြီးက အိမ်ကို မောင်းလာပေးတယ်လေ၊ ပြီးတော့ မင်းကိုယ်တိုင်ပဲ မှတ်ချက်ပေးခဲ့တာ... ဘာတဲ့ ငါက နမ်းတာ မတော်ဘူးတဲ့... ငါပြောမယ် ငါ့ရဲ့အနမ်းစကေးက တော်တော်လေးကောင်းတယ်!"

လင်ရှန်း "..."

သူ့ရဲ့နုံချာလှတဲ့အနမ်းစကေးတွေကို သဘောမကျကြောင်း ဒီမတိုင်ခင်က မော့ကျူးချန် ပြောခဲ့တယ်ဆိုတာ သိသာလှတယ်။

မျက်လုံးတွေဖွင့်ထားပြီး အလိမ်အညာတွေ ပြောတာကတော့ လွန်လွန်းအားကြီးတယ်။

"မင်းအစ်ကိုကြီးက အဲ့စကားတွေ ကြားသွားတာ" မော့ကျူးချန်က ခေါင်းကိုလှန်ချပြီး ခဏကြာတိတ်နေမိတယ်။ ရှက်ရမှာလား ဒါမှမဟုတ် ဒေါသထွက်ရမှာလားတောင် မသိတော့ဘူး။

နှစ်မိနစ်အကြာမှာ သူဆက်ပြောလာတယ် "ဒါတောင် သူက အားတက်သရောနဲ့ မင်းအိမ်ထဲမှာ လာဆော့ဖို့ ငါ့ကို ဖိတ်လိုက်သေးတယ် ပြီးတော့ ဒီမှာနေဖို့ကိုတောင် အားတက်သရောပြောသေးတယ်!"

"မင်း..." သူ လင်ရှန်းကို မေးလိုက်တယ် "အဲ့တာက တကယ်ထူးဆန်းတယ်လို့ မခံစားမိဘူးလား?"

ဒါက တကယ်ထူးဆန်းတာကြောင့် အသိတရားကြွယ်ဝရင်တောင်မှ ရှင်းပြနိုင်မှာမဟုတ်ဘူး။

လင်ရှန်း ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်မိပြန်တယ်။

သူ မော့ကျူးချန်ကို ငေါင်တောင်တောင် ကြည့်နေမိတယ်။

တစ်ဖက်လူရဲ့မျက်လုံးတွေက တောက်လောင်နေပြီး သူ့ကိုလည်း ပြန်ကြည့်နေတယ်။ ဒါက နည်းနည်းထူးဆန်းတယ်။

နောက်ပြီး အိပ်ခန်းထဲမှာ သူမြင်ခဲ့တဲ့စာအုပ်။

အခုတော့ ထိုအထဲမှာရှိတဲ့ 'မော့ကျူးချန်'ဆိုတဲ့ စကားလုံးသုံးလုံးက တကယ်ပဲလားဆိုတာ ပိုလို့တောင် မရေမရာဖြစ်လာတယ်။

"အိပ်တော့!" သူ စိတ်ရှုပ်လာတာကြောင့် အိပ်ရာထဲလှဲကာ စောင်ကို ခေါင်းမြီးခြုံလိုက်တယ်။

"နိုးလာမှပဲ အားလုံးပြောတော့မယ်!" လင်ရှန်း ဗလုံးဗထွေးပြောလိုက်တယ်။

"မင်းက အိပ်ပျော်လို့လား?" မော့ကျူးချန် မေးလာတယ်။

"ပျော်တယ်!" လင်ရှန်း အခိုင်အမာ ပြောလိုက်တယ်။

"ကောင်းပြီလေ" မော့ကျူးချန်ပါ လှဲလိုက်တော့တယ်။

မီးကိုပါ နောက်တစ်ဖန်မှိတ်လိုက်တယ်။ အမှောင်ထဲမှာ ဘယ်သူမှ စကားမပြောဖြစ်ကြတော့ဘူး။

လူနှစ်ယောက်ရဲ့ အသက်ရှုသံတွေက ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်နေပြီး ခဏကြာတဲ့အထိ ဘယ်သူမှ အိပ်မပျော်နိုင်မှန်း သိသာတယ်။

သူ ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် လင်ရှန်း မသိလိုက်ဘူး။ သူ့ခေါင်းထဲမှာ အရှုပ်ထုပ်ကြီးတစ်ခု ရှိနေတာကိုသာ မှတ်မိတယ်။

လင်ယွမ်ဖြစ်လိုက် ခဏနေ မော့ကျူးချန်ဖြစ်လိုက်နဲ့၊ အဆုံးမှာ လူနှစ်ယောက်ရဲ့ပုံရိပ်က သူ့ခေါင်းထဲ တိုးဝင်နေတော့တယ်။

မိန်းမောပြီး အိပ်ပျော်သွားပေမယ့် တစ်ညလုံး ကောင်းကောင်းအိပ်လို့ မပျော်ခဲ့ဘူး။

နောက်တစ်နေ့ နိုးလာချိန်မှာ လင်ရှန်း လုံးဝကို ဆွံ့အနေတော့တယ်။

သူ့ရင်ဘတ်ပေါ်မှာ ကြေးနီရောင်လက်မောင်းတစ်ခု။

လက်မောင်းပိုင်ရှင်က အိပ်ပျော်နေတုန်းဖြစ်ပြီး လင်ရှန်း ခေါင်းလှည့်လိုက်တော့ တစ်ဖက်လူရဲ့အနီးကပ်ကြည့်ကောင်းတဲ့မျက်နှာကို မြင်လိုက်ရတယ်။

__ တအားနီးကပ်နေတာတောင်မှ ပြစ်ချက်မြူတစ်မှုန်လောက်တောင် မမြင်ရဘူး။

သူ မော့ကျူးချန်ကို ခဏလောက် ငေးကြည့်နေပြီးမှ သတိပြန်ဝင်လာတော့တယ်။

မနေ့တုန်းက တစ်ဖက်လူကို အိမ်မှာဆော့ဖို့အတွက် ဖိတ်ခဲ့ပြီး သူကလည်း အိမ်မှာပဲ အိပ်ခဲ့သေးတယ်။

သူ အိမ်မက်ဆိုးတွေချည်းပဲ ဆက်တိုက်မက်နေတာ အံ့ဩစရာမရှိတော့ဘူး၊ ဖြစ်ချင်တော့ တစ်ဖက်လူရဲ့လက်က သူ့ရင်ဘတ်ပေါ်ကို ဖိထားတာကိုး။

လင်ရှန်း လက်ကိုမြှောက်ကာ မော့ကျူးချန်ရဲ့လက်ကို ဂရုတစိုက်နဲ့ မ,ကာ သူ့ကိုယ်ပေါ်က ဖယ်ဖို့ ကြိုးစားလိုက်တယ်။

သူ လှုပ်လိုက်တယ်ဆိုရင်ပဲ မော့ကျူးချန်ရဲ့မျက်လုံးတွေ ပွင့်လာတယ်။

"နိုးပြီလား?" သူ လှိမ့်ကာ နှဖူးကို ပွတ်ရင်း "ဘယ်အချိန်ရှိပြီလဲ?"

"ရှစ်နာရီ" လင်ရှန်း ပြောလိုက်တယ်။

"အာ..." မော့ကျူးချန် မျက်လုံးမှိတ်လိုက်ပြီး အိပ်ရာပေါ်မှာသာ လှဲနေတယ်။

"ကောင်းကောင်း အိပ်မပျော်ဘူးလား?" လင်ရှန်း ငုတ်တုပ်ကနေ မတ်တပ်ထရပ်လိုက်တယ်။

သူ မော့ကျူးချန်ကို ကြည့်လိုက်တော့ တစ်ဖက်လူက ပင်ပန်းနေပုံပေါ်တယ်။

မျက်လုံးအောက်မှာတောင် ညိုဖျော့ဖျော့သမ်းနေတယ်။

ခုလေးတင်မှ နိုးလာတာနဲ့မတူဘဲ ညလုံးပေါက် နိုးနေတာနဲ့ တူနေတယ်။

"ဟမ့်_" မော့ကျူးချန် နှာခေါင်းအသာရှုံ့လိုက်တယ်။

"မင်း နည်းနည်းလောက် ထပ်အိပ်လိုက်အုံးမလား?" လင်ရှန်း မေးလိုက်တယ်။

"ထားလိုက်ပါတော့" မော့ကျူးချန်က မျက်လုံးကို မှိတ်ကာ လှိမ့်ပြီးမှ ထထိုင်လာတယ်။

ကိုယ်လက်သန့်စင်ပြီးနောက် အောက်ထပ်ကို ဆင်းလာကြတယ်။

လင်ယွမ်ကတော့ မနေ့ညက ဘယ်အချိန်ထိ အလုပ်ရှုပ်ခဲ့မှန်းမသိသလို ဘယ်အချိန်မှ ထလာမလဲဆိုတာ မသိနိုင်ဘူး။

လင်မိသားစုအိမ်ရဲ့ ပထမထပ်က တိတ်ဆိတ်နေတယ်။

မော့ကျူးချန်က လင်ယွမ်ရဲ့အိမ်နေရင်းအဝတ်အစားတွေကို ဝတ်ထားတုန်းပဲ။

သူက မီးဖိုချောင်ဘက်ကို လျှောက်သွားပြီး လင်ရှန်းကို သဘာဝကျစွာ မေးလာတယ် "မနက်ပိုင်း ဘာစားချင်လဲ?"

"ဘာဖြစ်ဖြစ်" လင်ရှန်း ခေါင်းလှည့်ကာ အပေါ်ထပ်ကို ကြည့်လိုက်တယ်။

သူ့စိတ်ကို ပြင်ဆင်ပြီး သူ့အစ်ကိုကြီးရဲ့အိပ်ခန်းထဲက စာအုပ်ကို နောက်ထပ်ဖတ်ကြည့်ဖို့ စိတ်ကူးထားတယ်။

ဒီလိုနည်းလမ်းနဲ့ တစ်ခြားလူရဲ့သီးသန့်နေရာကို ခိုးကြောင်ခိုးဝှက် သွားကြည့်တာ မကောင်းဘူးဆိုပေမယ့် ပြဿနာကို မဖော်နိုင်မခြင်း သူ တကယ်အိပ်လို့ပျော်မှာမဟုတ်ဘူး။

သူတို့ မထင်ထားတာက စားပွဲပေါ်မှာ ရိုးရှင်းတဲ့မနက်စာ နှစ်ပွဲက ပြင်ထားပြီးသားဖြစ်နေလိမ့်မယ်ဆိုတာကိုပဲ။

ကြက်ဥညှပ်ထည့်ထားတဲ့ပေါင်မုန့်၊ လက်ညှစ်အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်နဲ့ ဖန်ခွက်အကြည်ဘေးမှာ လင်ရှန်းနဲ့ မော့ကျူးချန်တို့အတွက် သစ်သီးသကြားလုံးလေးတောင် ထားပေးထားသေးတယ်။

ဒီအရာတွေကိုကြည့်ခြင်းအားဖြင့် လင်ယွမ်ရဲ့လက်ထွက်တွေမှန်း သိသာနေတာကြောင့် လင်ရှန်း တွန့်ဆုတ်ရပြန်တယ်။

သူ့ရဲ့တွန့်ဆုတ်ဆုတ်အမူအယာက မော့ကျူးချန်မျက်လုံးထဲ ကျရောက်သွားတယ်။

တစ်ဖက်လူက ဖျော်ရည်ကို နောက်ဆုံးတစ်ငုံသောက်လို့ပြီးသွားတဲ့အခါ လင်ရှန်းကို ပြောလာတယ် "မင်းဘာဖြစ်လို့ ကိစ္စတွေကို တချိန်လုံး လိုက်ပြီး တွေးနေရတာလဲ?"

သူ ပြောလိုက်တယ် "မင်း လုပ်ချင်တာကိုသာ လုပ်လိုက်၊ မင်းကိုယ်တိုင် နောင်တမရသရွေ့ပေါ့"

"ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ?" မော့ကျူးချန်က သူ့ကိုကြားဖြတ်ပြောလိုက်တယ် "မင်းကိုယ်မင်း မေးကြည့်ဖို့ပဲလိုတာ"

"ပထမဆုံးအနေနဲ့ မင်းလုပ်ချင်တာကိုလုပ်လိုက်၊ ဒုတိယအနေနဲ့ အဲ့လိုလုပ်ပြီးရင် အကျိုးဆက်တွေဆိုတာကတော့ လာမှာပဲ" သူ ပြောလာတယ် "တကယ်လို့ အဖြေက ခိုင်မာတယ်ဆိုရင် လုပ်လိုက်တော့!"

ပထမဆုံး မင်းလုပ်ချင်တာကို လုပ်လိုက်? ဒါကို အဖြေရှာချင်တယ်!

ဒုတိယအနေနဲ့ နောက်ဆက်တွဲတွေကတော့ လာမှာပဲ? ဒီတစ်ခုက...

လင်ရှန်း တွန့်ဆုတ်သွားပြန်တယ်။

"ဟုတ်ပြီလေ" မော့ကျူးချန် ခဏလောက် တွေးကြည့်လိုက်တယ် "ငါလည်း ဒီမှာရှိနေပြီး မင်းရဲ့မနက်စာကိုပါ စားခဲ့ပြီးပြီဆိုတော့ မင်း တတိယအချက်ပါ ထည့်လို့ရသေးတယ်"

"ဘာကြီး?" လင်ရှန်း သတိလက်လွတ် မေးမိသွားတယ်။

"တတိယအချက်က တကယ်လို့များ နောက်ဆက်တွဲတွေက မင်းရဲ့တာဝန်ခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့တယ်ပဲထား ငါဆိုရင်ရော ဘယ်လိုလဲ?"

မော့ကျူးချန် ပြောလိုက်တယ် "ထပ်ပေါင်းပြောရရင် ငါလုပ်နိုင်တာဆို လုပ်လိုက်တော့"

သူ လင်ရှန်းရဲ့မျက်လုံးတွေထဲကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့တယ်။

_____

Thanks 🌹

Continue Reading

You'll Also Like

717K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
269K 25.6K 76
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
273K 14K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...