The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 50

1.4K 205 29
By Astronv_61

Unicode

ကျောင်း၏အပေါ်ဆုံးထပ်သည် နေ့လယ်ခင်းပီပီ နေရှိန်သည်မို့ လူတစ်ဦးတစ်ယောက်မှ မရှိချေ။ သို့တိုင် ဘခ်ဟျွန်းကတော့ တိုက်ခတ်သော လေအေးကိုသဘောကျသည်နှင့်အညီ အီဂျူးအတွက်လည်း လွတ်လပ်သောနေရာတစ်ခု ဖြစ်သောကြောင့် ဤနေရာတွင်သာ နေ့လယ်စာကိုအပြီးသတ်မြဲ။

"သူ့လက်ထဲရောက်နေတဲ့အချိန် ခံစားချက်ကို အခုထိ မှတ်မိသေးတယ်၊ တကယ်ကြီးကျွန်တော့် ဝါးစားတော့မလို ပုံစံကြီးနဲ့ပါဆို"

အီဂျူးပုံစံသည် ပြောရင်းဆိုရင်းဖြင့် မျက်ရည်ကြည်များက လတ်လာသည်။ ထိုနေ့က အီဂျူးအတော်ကြာအထိ လန့်သွားတာမှန်း ဘခ်ဟျွန်းရိပ်မိလိုက်သည်မို့ စကားပြောရရန် နောက်နေ့ချက်ချင်းပင် ဤနေရာကိုခေါ်လာပေးခြင်းသာ။ ဘာမှမပြောဘဲ ဘေးကချထားသည့် နို့ပေါင်မုန့်တစ်ထုပ်အား ဆွဲဖောက်ကာ ပေးလိုက်တော့ အလုတ်ကြီးကြီးတစ်ကိုက် ကိုက်ချရင်း ဝူးဝူးဝါးဝါး ဆက်ပြောလာပြန်၏။

"ကျွန်တော် အားအများကြီးသုံးပြီး ရုန်းတာတောင် မလွှတ်ပေးဘူး။ တကယ်ပြောတာ သခင်လေး သူကအရမ်းအင်အားကြီးတယ် ကျွန်တော်တို့-"

အီဂျူးဆက်ပြောချင်သည့်စကားအား ဘခ်ဟျွန်းနားလည်သည်။ အီဂျူးသည် ချန်းယောလ်အား ပြောပြစေချင်နေမှန်း သိသည့်တိုင် ဘခ်ဟျွန်းသည် မလှုပ်မယှက်။ အီဂျူးသည် တစ်ခုခုဆို ချန်းယောလ်အား အရင်ဆုံးပြေးတင်ပြတတ်သည့် ကောင်လေးမဟုတ်တော့။ ဘခ်ဟျွန်းနှင့်ချန်းယောလ်ကြား ဆက်ဆံရေးကို သိသွားသည့်နေ့မှစကာ အီဂျူးသည် ဘခ်ဟျွန်းစကားကိုသာ ပို၍နားထောင်တော့၏။ တစ်အိမ်လုံးတွင် မည်သူက အရေးပါဆုံးလဲ သိသွားသည့်နှယ်။

အီဂျူး၏ စကားကိုတော့ ဓားခုတ်ကောင်ကဝင်ဖြတ်သည်။

"ဘာမှကြောက်စရာမကောင်းဘူး"

"ကောင်းတယ်"

"မင်းကညံ့တာ"

"... ခြိမ်းခြောက်ခံရတာ ... ခင်ဗျားမှမဟုတ်တာ"

ရှိစုမဲ့စုသတ္တိထဲက ပြန်ခံပြောသော အီဂျူးအသံ ခြင်တဝီဝီလုပ်နေသလောက်ပင် မရှိ။

အပြောနှင့်အတူ ပေါင်မုန့်ကို ခပ်ကြီးကြီးကိုက်ချတော့ ပါးနှစ်ဖက်က ဘေးကိုဖောင်းကားထွက်လာ၏။ အီဂျူးမျက်နှာသည် နေရောင်အောက်မို့ ခပ်ရဲရဲ၊ ဓားခုတ်ကောင်သည် ထူးခြားဆန်းပြားပင် ခွန်းတုံ့မပြန်တော့ဘဲ တိတ်သွားသည်။ ဘခ်ဟျွန်းသည်မူ ချန်းယောလ်အား ပြောသင့်မပြောသင့် တွေဝေနေဆဲ။

မပြောပြချင်တာတော့ မဟုတ်သည့်တိုင်၊ ဘခ်ဟျွန်း မပြောပြသင့်ဟု ခံစားနေရ၍ဖြစ်သည်။ သူကိုယ်တိုင် ဤနေရာကိုလာဖို့ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပေလား။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် အားကိုးလိုခြင်းဖြစ်သည်။ ကြောက်တာတော့ကြောက်သည်။ သို့တိုင် သူကတိပေးခဲ့သည်က ချန်းယောလ်အားနည်းချက် မဖြစ်စေဖို့ပင်၊ ထိုသို့ ပြဿနာတစ်ခုခုတိုင်း ချန်းယောလ်သာဆက်လက် အားကိုးနေပါက ချန်းယောလ်၏အားနည်းချက်သာ ဖြစ်နေဦးမည်မှာ မလွဲမသွေမို့။

တကယ်တမ်း အဆောင်နေဖို့ တားမြစ်ခံရမည်ထက် ထိုအတွေးတွေကြောင့် သူအဓိက ပိုတွန့်ဆုတ်နေရခြင်းလည်း ပါသည်။ ဘာပဲဖြစ်ဖြစ် တစ်ပတ်ပဲလို့သာ ပြောထားသည်မို့။ အဆင်ပြေပါသည်။ သိပ်ပြီး ပြဿနာကြီးကြီးမားမား ရှိမည်မထင်ပါ၊ သူ့ဘေးမှာလည်း ဤနှစ်ကောင်ရှိသည်မို့။

အတွေးနှင့်အတူ လက်ထဲကမုန့်ကို လက်စသတ်ကာ ထရန် ပြင်လိုက်သည်။ သို့တိုင် ရုတ်တရက် အဝေးတစ်နေရာကနေ နီးကပ်လာသော ခြေသံတို့ကြောင့် ဘခ်ဟျွန်းခေတ္တခဏငြိမ်မိလိုက်သည်။ အီဂျူးသည် အသွင်မပြောင်းရသေး။ တမြုံ့မြုံ့ဝါးနေသည့် ပါးစပ်မှာ တုံ့ကနဲရပ်တန့်သွားပြီး ဘခ်ဟျွန်းနည်းတူ သတိအနေအထားနှင့် ဖြစ်သွားသည်။

"လခွမ်းလိုပဲ အဲ့ကောင်က သူ့ကိုယ်သူဘာထင်နေတာလဲ"

ခြေသံအရတော့ လူနှစ်ယောက်ဖြစ်သည်။ ဘခ်ဟျွန်းသည် နံရံတစ်ဘက်ခြမ်းတွင် ထိုင်နေခြင်းဖြစ်သည်မို့ အသံသာကြားရပြီး၊ ရုပ်ကိုမမြင်ရ။ ထိုနှစ်ယောက်လည်း ဘခ်ဟျွန်းဘက်အခြမ်း မလာမချင်း မြင်မည်မဟုတ်ချေ။ ရုပ်မမြင်သော်ငြား အသံနှင့်ပင် သိလိုက်သည်ကား ထိုအသံပိုင်ရှင်သည် သူနှင့်ရန်ဖြစ်မလိုဖြစ်ခဲ့သည့် ညီလေးတွေထဲက တစ်ယောက်ဆိုသည်ကိုပင်။ ဆိုတော့ ဖြစ်နိုင်ချေရှိသည့် နောက်တစ်ယောက်ကား အကောင်ခပ်ကြီးကြီးနှင့် ရုပ်ရင့်သည့်ကောင်ဖြစ်မည်။

"ဆေးလိပ်ပါလား"

"အေး တစ်လိပ်ပေး"

သူတို့အချင်းချင်းပြောဆိုနေသည့်စကားများသည် တိုးသည်ထင်ရသော်ငြား ဘခ်ဟျွန်းနားထဲတော့ ပြတ်သားစွာ ကြားရသည်။

"တကယ် အဲ့ကောင်က တစ်နေ့ထက်တစ်နေ့ ပိုမောက်မာလာတယ် လွန်လွန်းအားကြီးနေပြီ လူကို ကျွန်လို ဆက်ဆံနေတာ အားမရလို့"

ဆဲဆိုသံများသာ ဆက်ထွက်လာ၏။

"ငါပဲစိတ်ထင်တာလားမသိပေမယ့် ..... ဂျီဟွန်းက တကယ်ပြောင်းလဲသွားတယ်"

"ချီး ပြောင်းလဲမှာပေါ့ တစ်နေ့လုံး မျက်နှာလိုမျက်နှာရပဲ လုပ်ခံနေရတော့ လေပေါ်မြောက်တက်နေတာပေါ့၊ အမှိုက်လိုကောင်ပဲ စောက်ရမ်းအာရုံနောက်တယ်"

သူတို့အချင်းချင်း ပြန်လည်ဆဲဆိုနေခြင်းဖြစ်ပါ၏။ ဘခ်ဟျွန်း အသက်ရှူသံကို ထိန်းချုပ်ကာ နံရံတွင်ကျောမှီလိုက်သည်။ ပြောင်းလဲသွားသည်ဟူသော စကားစုများက ဘခ်ဟျွန်းခေါင်းထဲ တဝဲလည်လည်။ ခေါင်းထဲ မသေချာ မရေရာမှုက လတ်ကနဲဖြစ်သွားသည့်တိုင် သေချာမှုမရှိသေးသည်မို့ မလှုပ်မရှားရှိနေဆဲ။ ထိုနှစ်ကောင်သည် ဆေးလိပ်တစ်လိပ်စာ ကုန်သည်အထိ စကားပြောပြီးသည်နှင့် ပြန်လည် ထွက်ခွာသွားသည်။ ဘခ်ဟျွန်း နံဘေးရှိ အီဂျူးထံအကြည့်ပို့လိုက်သည်။

"လိုက်သွားကြည့်လိုက် မရိပ်မိစေနဲ့ဦး"

အီဂျူးသည် ခေါင်းကိုသာညိတ်ပြကာ ဖျက်ကနဲပျောက်သွားသည်။ ကျန်ခဲ့သည်က ဘခ်ဟျွန်းနှင့်ဓားခုတ်ကောင်သာ။ အချိန်တစ်ခုလောက် ထိုင်စောင့်ပြီးမှ ဘခ်ဟျွန်းလည်း အောက်ထပ်ကို ပြန်ဆင်းလာလိုက်တော့ တည့်တိုးသည်က ဂယောင်ဆူးနှင့်။ မျက်တွင်းဟောက်ပင်ဖြင့် ဂယောင်ဆူးက အတော်အတန်ပင်ပန်းနေဟန်ရှိသည့်တိုင် ဘခ်ဟျွန်းကိုမြင်တော့ နှုတ်ဆက်မေးမြန်လာဆဲ။

"အဆောင်က အဆင်ပြေရဲ့လား"

"မင်းအဲ့စကားကိုပြောနေတာ သုံးရက်မြောက်ပြီ၊ မျက်တွင်းတွေက ဘယ်လိုဖြစ်တာလဲ"

ဂယောင်ဆူးသည် သက်ပြင်းအသာချရင်း အသံကခပ်တိုးတိုး။

"ငါ့အမေ ဆေးရုံစောင့်ပေးနေရလို့"

ဂယောင်ဆူးအမေ ဆေးရုံတက်နေသည့်ကိစ္စသည် ဘခ်ဟျွန်းမေ့ထား၍မရသည်အထိ အခြေအနေပိုပိုဆိုးလာတာ သတိထားမိသည်။ မည်သည့်စကားမဆို အားမဖြစ်စေသည်ကို သိသည့်အားလျော်စွာ ဂယောင်ဆူးပုခုံးကိုသာ ခပ်သာသာဖိပုတ်မိသည်။

"ဒါနဲ့ ငါ့အဆောင်ထဲက သုံးယောက်ကို မင်းသိလား"

နဂိုတည်းက မေးချင်နေသည့်အဓိကကိစ္စအား ပြောလိုက်တော့ ဂယောင်ဆူးလည်း အာရုံလွှဲသွားသည်။

"ဂျီဟွန်းတို့အဖွဲ့လား အဲ့အဖွဲ့က နဂိုတည်းက ကျောင်းမှာ နာမည်ကခပ်ဆိုးဆိုးပါပဲ၊ မင်းကသာ စာချည်းပဲ တကုပ်ကုပ်လုပ်နေလို့ မသိတာ"

တကယ်တော့ စာချည်းပဲတကုပ်ကုပ်လုပ်တာ မဟုတ်ဘဲ ချန်းယောလ်နှင့်ချည်းပဲ တစ်တီတူးနေတာသာဖြစ်သည်။ ဘခ်ဟျွန်း ဘာမှပြန်မ​ဖြေဘဲ နေရခက်သလိုသာ ရယ်မောမိသည်။

"ဘာလို့မေးတာလဲ အဆင်မပြေဘူးမလား"

ဘခ်ဟျွန်း ခေါင်းအသာခါပြလိုက်သည်။

"ဒီလိုပါပဲ၊ အနှောင့်အယှက်လေး နည်းနည်းဖြစ်ရုံပါ"

"တတ်နိုင်ရင်တော့ အဆက်အဆံသာမလုပ်ဘဲ နေ ဘခ်ဟျွန်း၊ အဲ့ထဲက ဂျီဟွန်းဆိုတဲ့ကောင်က အဆိုးဆုံးပဲ"

"ဟုတ်လား"

"ငါကြားဖူးသလောက်တော့ ထောင်ကိုအိမ်လိုဝင်ထွက်နေတာတဲ့"

ဘခ်ဟျွန်း မျက်ခုံးအစုံ ပင့်တက်သွား၏။

"ရုပ်ကြည့်တော့ မထင်ရသလိုပဲ"

ဂယောင်ဆူးသည် ကျစ်စုပ်သတ်ကာ လက်ခါပြလာ၏။

"ရုပ်ခံလေးရှိနေလို့လည်း ကြာကူလီကောင်ဆိုတဲ့ နာမည်ပါ အဆစ်ရထားတာလေ"

"ဪ"

"အဲ့ဒါကြောင့်ပြောတာ ဝေးဝေးနေလို့ ဟုတ်ပြီလား။ ဒါနဲ့ မင်းဘဲကြီးကရော၊ အဆောင်ရောက်ပြီးကတည်းက လာတွေ့တာတောင် မမြင်ရဘူး သွေးအေးလှချည်လား"

ချန်းယောလ်အား အပြစ်ဆိုလာသမျှ ငြင်းရန်ပြင်လိုက်သော်ငြား ဂယောင်ဆူး၏နောက်ဆုံးတစ်ခွန်းကြောင့် ဘခ်ဟျွန်းလည်း နှုတ်ခမ်းအသာပြန်စေ့ကာ နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်ပါ့ တကယ်သွေးအေးတဲ့လူ"

"ရန်ဖြစ်ထားတာလား"

"အဲ့လိုလည်းမဟုတ်ပါဘူး"

စကားပြောရင်းလမ်းလျှောက်လာသည်မှာ အတန်းပြန်ရောက်ပြီဖြစ်သည်။ အတန်းမတူသည်မို့ ဘခ်ဟျွန်းလည်း ဂယောင်ဆူးအားနှုတ်ဆက်ပြီးသည်နှင့် စာသင်ချိန်အတွက် စတင်လိုက်တော့သည်။

ပုံမှန် ဤအချိန်များတွင် အီဂျူးအား အဆောင်တွင်နေခိုင်းခဲ့သည်မို့ ထူးထူးခြားခြား ပြဿနာမရှိသည့်တိုင် ယခုတွင်မူ စိတ်မပူမိဘဲ မနေနိုင်။ ထိုကောင်လေးကို သူ လူအသွင်ဖြင့် လွှတ်လိုက်မိတာဖြစ်သည်၊ တစ်ခုခုဆိုသည်နှင့် ပြန်မတုံ့ပြန်နိုင်လောက်သည်အထိ အီဂျူးက ထိုမျှမတုံးအသည်ကို ဘခ်ဟျွန်းသိသော်ငြား အတန်းချိန် အမြန်ကုန်ဆုံးဖို့သာ စိတ်ထဲရောက်နေသည်။

နောက်ဆုံးစာမေးပွဲနီးလာပြီဖြစ်သည်နှင့်အမျှ မှာကြားနေသော ပရော်ဖက်ဆာ၏ စကားလုံးတိုင်းကိုလည်း လက်လွတ်ခံ၍မရချေ။ အတန်းပြီးသည်နှင့် လွယ်အိတ်ကောက်ဆွဲကာ ခပ်မြန်မြန်ပြန်ပြေးလာမိသည်က အဆောင်သို့။

'ခဏလေး'

မပြေးရုံတမယ် လှမ်းနေသော ခြေလှမ်းတို့သည် စိတ်ထဲရှိတစ်စုံတစ်ယောက် စကားပြောလိုက်ချိန်တွင် တိကနဲရပ်တန့်သည်။

'ဘာဖြစ်လို့လဲ'

ဘခ်ဟျွန်းပြန်မေးလိုက်သည်။ အဆောင်ရှိရာ အထပ်ကို ရောက်ကာစတွင် တားမြစ်ခြင်းဖြစ်၍ ပေါ့ပေါ့ဆဆတော့ မဟုတ်တန်ရာ။

'တစ်ခုခု ....... ထူးဆန်းတဲ့ အငွေ့အသက်ရနေတယ်'

ဘခ်ဟျွန်းပင့်သက်တစ်ချက် ရှိုက်ကာ ခြေလှမ်းတို့ကို သတိဖြင့်ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ ဓားခုတ်ကောင်သည် စွမ်းအားနှင့်ပတ်သက်လျှင် အာရုံခံနိုင်စွမ်းကောင်းသည်မို့ ဘခ်ဟျွန်း လက်လွတ်စပယ်မလှုပ်ရှားရဲတော့။ ကော်ရစ်တာဘက်ကို ချိုးကွေ့လိုက်သည်နှင့် အဆောင်အခန်းပေါင်းများစွာရှိသည်။

လမ်းတစ်လျှောက်သည် ရှည်လျားပြီး ဘခ်ဟျွန်းတို့အခန်းသည် အလယ်လောက်တွင်ရှိသော်ငြား ရုတ်ချည်းပင် မီးချောင်းများသည် မီးအားကျသည့်နှယ် ဖြည်းဖြည်းချင်း မှိန်ကျသွားလျက် နောက်ဆုံးပျက်တောက်သွားတော့သည်။ ညနေစောင်းနေပြီ ဖြစ်သည့်အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် အုံ့မိုးနေသော ကောင်းကင်ယံကြောင့် ဘခ်ဟျွန်းလွယ်အိတ်ထဲက ဖုန်းကိုထုတ်ယူကာ မီးဖွင့်လိုက်သည်။ သူ့မျက်စိရှေ့ ကော်ရစ်တာလျှောက်လမ်းက အနည်းငယ်တော့ လင်းကျင်းသွားလျက် ဘခ်ဟျွန်းခြေလှမ်းတို့ကို ရှေ့ဆက်လိုက်သည်။

'သတိထား'

ဓားခုတ်ကောင်ထံမှ အသံခပ်နိမ့်နိမ့်က သူ့စိတ်အတွင်းပျံ့နှံ့လာ၏။

ဘခ်ဟျွန်းအသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဓားအားညာလက်ထဲ ဆင့်ခေါ်လိုက်သည်။ အသွင်အစစ်နှင့်ဖြစ်သော ထိုဓားခုတ်ကောင်၏ ဓားသွားသည် အမှောင်ထုအောက်တွင် လတ်ကနဲဖြစ်သွားလျက်။ နှစ်ဦးသား၏ ဝိဉာဥ်များသည် ထိတွေ့မိတော့မှ ပို၍ အချိတ်အဆက်မိသွားသည့်အလား၊ ဘခ်ဟျွန်းခြေလှမ်းများသည် အကြောက်အလန့်ကင်းသွားပြီး သတိလည်းပိုသွား၏။

ခြေသံအား အတတ်နိုင်ဆုံးထိန်းရင်း လျှောက်လှမ်းလာပြီး အဆောင်ခန်းရှေ့ရောက်သည်နှင့် ​ခြေစုံရပ်လိုက်သည်။ အခန်းထဲတွင် ပကတိငြိမ်သက်နေ၏။ ခါတိုင်းဤအချိန်ဆိုလျှင် အခန်းထဲလူစုံနေပြီဖြစ်ပြီး ဘေးပတ်ပတ်လည်ကလည်း အသံများညံနေလျက်ရှိသည့်တိုင် ယခုတော့ ထူးဆန်းစွာပင် ခြောက်ကပ်တိတ်ဆိတ်လျက်။ လေတိုးသံပင်မရှိသယောင်။ သို့တိုင် ဘခ်ဟျွန်းအတွက်မထူးဆန်းတော့သည်မို့ မကြောက်မိ။ သူ့ယခင် ခေါင်မိုးထပ်အိမ်ခန်းလေးထံ ပြန်သွားစဥ်က ရခဲ့ဖူးသော အငွေ့အသက်တွေပင်ဖြစ်ပါ၏။

ဘခ်ဟျွန်းတံခါးအား တွန်းဖွင့်လိုက်သည်။ အခန်းဝတွင် မျှော်မှန်းထားသည့်အတိုင်း ပင့်ကူမျှင်များက သွယ်တန်းနေလျက်၊ ခြေလှမ်းတွေကိုသာ တရဆက်လျှောက်လှမ်းမိလိုက်ပါက ဤမသန့်ရှင်းမှုပြယုဂ်ဖြစ်သည့် ပင့်ကူမျှင်တွေကို ဝင်တိုးမိမှာ မလွဲမသွေ။ ဘခ်ဟျွန်း လက်ထဲကဓားမြှောင်ကို လှစ်ကနဲဝှေ့ယမ်းကာ ထိုအမျှင်တန်းများကို ဖယ်ရှားပစ်လိုက်သည်နှင့်တစ်ပြိုင်နက် အဆောင်ခန်းများသည် မီးများတရှိန်ထိုး ပြန်လာတော့၏။

အလင်းများသည် မျက်စိကျိန်းသွားစေသည့်အားလျော်စွာ ဘခ်ဟျွန်းမျက်လုံးကို လက်မောင်းဖြင့်ကာပြီးမှ ပြန်အကဲခတ်ကြည့်တော့ အခန်းထဲမည်သူမှမရှိ။ အိပ်ရာ၊ စားပွဲစသည်များက ယခင်အတိုင်းကဲ့သို့ ပြောင်းလဲမှုမရှိသော်ငြား အခန်းထဲရှိ အငွေ့အသက်သည် မှိုင်းမှိုင်းထိုင်းထိုင်းနှင့် သိပ်မကောင်းလှချေ။

ဘခ်ဟျွန်းမျက်မှောင်ကြုတ်ကာ လက်ထဲကဓားကို ပြန်ဝှက်ပြီးသည်နှင့် မိမိအိပ်ရာထံ သွားလိုက်သည်။ အနည်းငယ် စမ်းကြည့်တော့ စိုထိုင်းထိုင်းနှင့် အိပ်ရာခင်းက စိတ်ထဲမသိုးမသန့်ဖြစ်စေသယောင်။

"အီဂျူး"

ဘခ်ဟျွန်းနှုတ်က အသံပေးကြည့်သော်ငြား မည်သည့်တုံ့ပြန်မှုမှ မရလာသေး။ ခေါ်တိုင်း ရောက်လာတတ်သော ဤကောင်လေးက ယခုတော့ပေါ်မလာသည့်အပြင် အခန်းထဲမှာပါ မရှိ။ ဘခ်ဟျွန်းရင်ထဲ စိုးရိမ်စိတ်အပူလုံးက ဆောင့်တက်သည်။

"ဒီနေရာမှာ တစ်ခုခုဖြစ်သွားတယ်"

ဓားက ထုတ်ပြောလာ၏။ ဘခ်ဟျွန်းလည်း သိသည်။ ပင့်ကူမျှင်တွေသည် ကြွင်းကျန်ရစ်ခဲ့သော စွမ်းအားတွေရှိသည့် နေရာတိုင်းတွင် ပေါ်လာတတ်ပြီး မကောင်းဆိုးဝါးတချို့ ကိန်းအောင်းနေတတ်သည်မို့။ ခါတိုင်း ဆူညံနေကျ အဆောင်ကတိတ်ဆိတ်နေကတည်းက တစ်ခုခုဖြစ်ခဲ့သည်မှန်း ခန့်မှန်းမိသည်ဖြစ်ပြီး အီဂျူးကိုပျောက်သွားလိမ့်မည်ဟု မခန့်မှန်းထားမိရုံသာ။

"သူဘယ်မှာရှိလဲ မင်းလိုက်နိုင်လား"

'ငါ့ကိုခွေးနှာခေါင်းများ မှတ်နေလား'

စိတ်ထဲကပြောလိုက်သော ဓားခုတ်ကောင်၏စကားက ဘခ်ဟျွန်းနားထဲဖြတ်သန်းလာ၏။ ဘခ်ဟျွန်း မတုံ့ပြန်နိုင်ခင်မှာပင် ဓားခုတ်ကောင်သည် ဆက်ပြောလာ၏။

"စွမ်းအားကြွင်းကျန်ရစ်နေလို့သာ ငါသိရတာ၊ ကျန်တာကတော့ မပြောတတ်ဘူး"

ဘခ်ဟျွန်း ဘာမဆက်မပြောတော့ဘဲ အခန်းထဲကပြန်ထွက်လာလိုက်သည်။ ကော်ရစ်တာတစ်လျှောက် လင်းကျင်းနေသော်ငြား မည်သူမှမရှိ၍ တိတ်ဆိတ်ခြောက်ကပ်နေဆဲ။ ဘခ်ဟျွန်းခြေလှမ်းတို့က လျင်မြန်စွာ နေရာတစ်ခုထံ ဦးတည်လျှောက်သွားတော့ ဓားခုတ်ကောင်ထံမှ သံသယမေးခွန်းထွက်လာသည်။

"ဘယ်ရောက်နေလဲ မင်းသိလို့လား"

"ဟင့်အင်း"

ဘခ်ဟျွန်းအသံသည် မတည်ငြိမ်။ သူအီဂျူးကိုစိုးရိမ်နေသည်။ အထူးသဖြင့် သူခိုင်းလွှတ်လိုက်တာဖြစ်သည့်အချိန်တွင် အီဂျူးပျောက်သွားခြင်းကား သူ့အပြစ်နှင့်မခြားသည်မို့။

"မစဥ်းစားဘဲ ရှာနေရင် ပိုဆိုးမယ်"

ဓားခုတ်ကောင်က အကြံပြုလာ၏။ ဘခ်ဟျွန်းခေါင်းညိတ်ပြလိုက်မိသည့်တိုင် ခြေလှမ်းတွေကို မရပ်တန့်မိ။ သူ့စိတ်ထဲ ခန့်မှန်းမိသည့်နေရာ မရှိသည့်တိုင် ခြေလှမ်းတွေကပဲ စိတ်ကိုဦးဆောင်သွားလိုမျိုး။

"ဘယ်သွားနေတာလဲ"

ဓားခုတ်ကောင်ထံမှ ခပ်ဆတ်ဆတ်ထွက်လာသော အမေးအား ပြန်ဖြေနိုင်ရန် ဘခ်ဟျွန်းမနည်းစဥ်းစားလိုက်ရပြီးနောက် ခေါင်းထဲကထွက်လာသည်ကား -

"ဂို - ဂိုထောင်ဘက် !"

ဓားသည်မည်သည့်မေးခွန်းမှ မထုတ်တော့။ ဘခ်ဟျွန်းခြေလှမ်းကို ပိုမြှင့်လိုက်သည်။ ဂိုထောင်ဟူသည် ဘခ်ဟျွန်းတို့၏ကျောင်းဆောင်နောက် အသုံးမလိုသော ပစ္စည်းများနှင့် အဟောင်းပစ္စည်းများ စုပြုံထားရာ အခန်းတစ်ခုသာဖြစ်သည်။ များသောအားဖြင့် ပစ္စည်းအဟောင်းတွေသာ စုထားရာ နေရာတစ်ခုဖြစ်သည်နှင့်အညီ ဖုန်များဟာလည်း တသောသောတက်လျက်ရှိသည်မို့ မည်သူကမှလည်း အဝင်အထွက် မလုပ်ချင်ကြချေ။

"ဘာလို့မှန်း မသိပေမယ့် အဲ့ဒီဘက်မှာ ရှိနေလိမ့်မယ်လို့ ခံစားနေရလို့"

ဘခ်ဟျွန်းစိတ်ထဲ အလိုလိုခံစားနေသည်ဆိုတာထက် သူ့စိတ်ကို ခြေလှမ်းတို့က ဦးဆောင်နေခြင်းသာ။ သို့တိုင် သူ့ခန့်မှန်းမှုသည် မမှားယွင်းလောက်ချေ။ ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် လူခြေတိတ်သထက်တိတ်လာသလို စွမ်းအားအငွေ့အသက်တွေကလည်း ပိုမိုထူထဲလာလေပေမို့။ ဂိုထောင်နား ၁၀ ပေ အလိုတွင် လူတစ်စုံတစ်ယောက် မဝင်လာနိုင်အောင် စည်းတားထားသလို စွမ်းအားတစ်စုံအား ဘခ်ဟျွန်း ခံစားမိလိုက်သည်။ ကာရံထားသော်ငြား ၎င်းတို့စွမ်းအားသည် ပျော့သည်ထင်၏၊ ဘခ်ဟျွန်းအတွက်တော့ မနည်းငယ်ပင် မဖြုံချေ။ တိုးဝင်လိုက်သည်နှင့် လေညှင်းခပ်ဖျော့ဖျော့နှင့် တိုးတိုက်မိလိုက်သည့်အလား။

သို့တိုင် ဘခ်ဟျွန်းခြေလှမ်းတို့က ရှေ့သို့တစ်လှမ်းတိုးလိုက်သည်နှင့် ရုတ်ချည်းပင် မြင်လွှာထဲ တန်းတန်းမတ်မတ်ဝင်ရောက်လာသည်က လူနှစ်ယောက်။ နေ့လယ်ခင်းကမှ ကျောင်းခေါင်မိုးထပ်တွင် စီးကရက်သောက်ရင်း စကားပြောနေခဲ့ကြသည့် နှစ်ကောင်ဖြစ်သည်။ စည်းအပြင်ဘက်တွင်တုန်းက မမြင်လိုက်နိုင်သော်ငြား အထဲရောက်မှ ပေါ်လာပုံအရ တောက်လျှောက် ရပ်စောင့်နေပုံရသည်။ အဓိကအားဖြင့်တော့ ဂိုထောင်ထဲတွင် အီဂျူးရှိသောကြောင့် ဆိုသည်ကို ဘခ်ဟျွန်းရိပ်မိလိုက်၏။ ထိုနှစ်ကောင်သည်လည်း ဘခ်ဟျွန်းအားမြင်သည်နှင့် သတိအနေအထားတွေပါ ဖြစ်ကုန်သော်ငြား .... ဘခ်ဟျွန်းအထူးတလည် မထိတ်လန့်မိ။ သို့တိုင် သူ့စိတ်ထဲ ထူးဆန်းသည်ဟု ခံစားနေရသည်မှာ မျက်လုံးတွေဖြစ်သည်။

မျက်ဆံသည် အနက်ရောင်သာ ဖြစ်ဆဲဖြစ်သော်ငြား ပယင်းရောင်ကဲ့သို့သော အဝါရောင်ခပ်ရောရောကလည်း ပျံ့နှံ့လျက်။ အကြည့်တို့ဟာလည်း ရေသေကန်နှယ် မင်သေလျက်၊ သာမန်လူသားတစ်ယောက်နှင့် လားလားမျှမတူ။

ဘခ်ဟျွန်းတိတ်တဆိတ်ပင် လက်ထဲဓားကိုပြန်ဆင့်ခေါ်လိုက်သည်။ ၎င်းတို့တွေ အဘယ်ကြောင့် အီဂျူးကို အလိုရှိနေမှန်း ဘခ်ဟျွန်းမသိသော်ငြား အီဂျူးသည်သူ့လူဖြစ်သည်မို့ ဤအတိုင်းတော့ မလွှတ်ထားနိုင်ချေ။

လတ်ကနဲ အလင်းတစ်ချက်ပြန်ကာ ဘခ်ဟျွန်းလက်အတွင်း ဝင်ရောက်လာသော ဓားသွားကိုမြင်သည်နှင့် ဘခ်ဟျွန်းမလှုပ်ရှားရသေးခင်မှာပင် မျက်စိရှေ့က နှစ်ကောင်သည် သူ့ထံပြေးဝင်လာ၏။ ဘခ်ဟျွန်းခြေလှမ်းတို့ကို နောက်မဆုတ်လိုက်ချေ။ လက်ထဲကဓားကို မသိစိတ်၏ဦးဆောင်မှုနှင့်အတူ အလျင်မြှောက်ချလျက် ဝှေ့ယမ်းလိုက်ချိန်မှာ မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင် ခံစားလိုက်ရသည်က လက်ထဲကဓားက ပိုမိုလေးပင်သွားသလို။

အဖြူရောင်အလင်းတန်းတစ်ချက် လတ်သွားပြီးနောက် နှစ်ယောက်အနက်မှ တစ်ယောက်သည် ဝမ်းဗိုက်မှသွေးများ တတောက်တောက် စီးကျလျက်ရှိကာ ကျန်တစ်ကောင်သည်မူ ခြေလှမ်းတို့ကို မလဲကျစေရန် အရှိန်ထိန်းထားရဟန်။ ဘခ်ဟျွန်း ဘာဖြစ်သွားသလဲ စဥ်းစား၍မဆုံးသေးခင်မှာပင် သူ၏မြှောက်ထားရသော လက်တစ်ဖက်သည် အတော်ကိုလေးပင်လာကာ အောက်သို့ပြုတ်ကျသည်။

တစ်ဆက်တည်းဆိုသလို ထွက်လာသည်က ကြမ်းပြင်နှင့်ချွင်ကနဲ ဆွဲထွက်လာသော ဓားသံ။ အလန့်တဖြတ် ငုံ့ကြည့်လိုက်တော့မှ ဘခ်ဟျွန်းလက်ထဲ ရောက်နေသည်ကား အလေးချိန်အတော်အတန်စီးသည့် နှစ်ဖက်သွားဓားရှည်တစ်ချောင်း ဖြစ်နေမှန်း သိလိုက်ရသည်။ ဓားသွားထက်၌လည်း ရဲရဲနီစွေးလျက်ရှိသော သွေးများက ပေကျံလျက်သား။

သို့တိုင် ဘခ်ဟျွန်းကိုကြာကြာ အံ့ဩချိန်မပေး။ ဝမ်းဗိုက်က အလျားလိုက်လျှပ်တိုက်ခံထားရသော ဒဏ်ရာမှ သွေးများတစက်စက်စီးကျနေသော ကောင်သည် နာကျင်မှုကို မခံစားရသည့်အလား၊ မျက်နှာတစ်ချက်ပင်မပျက်ဘဲ ဘခ်ဟျွန်းထံ နောက်တစ်ကြိမ် တိုးဝင်လာပြန်၏။ ဤတစ်ကြိမ်တွင်တော့ သာမန်လူတစ်ယောက် မစွမ်းဆောင်နိုင်သော အလျင်မျိုးဖြင့် ပြေးဝင်လာခြင်းဖြစ်ပြီး ဘခ်ဟျွန်းစိတ်ကလည်း အလျင်အမြန်တုံ့ပြန်မိကာ လက်နှစ်ဖက်ဖြင့် ဓားကိုမနိုင်မနင်းမရင်း နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်သည်။

လေခုကိုတိုးဝင်ဖြိုခွဲလာသော ရွှမ်း ဟူသောအသံနှင့်အတူ တစ်ဖက်ကောင်သည် လွင့်ထွက်သွားပြီးနောက် ဘခ်ဟျွန်းသည်လည်း ဓားအရှိန်ကိုမထိန်းနိုင်စွာ ခန္ဓာကိုယ်ပါတစ်ပတ်လည်ရင်း ဓားထိပ်ဖျားချွန်သည်လည်း ချွင်ကနဲကြမ်းပြင်နှင့် နောက်တစ်ကြိမ် ပွတ်ဆွဲမိပြန်သည်။

"ဘယ်လိုဖြစ်တာလဲ ငါပြောင်းတာ ဒါမဟုတ်ဘူးလေ"

ဘခ်ဟျွန်းအလန့်တဖြတ် ပါးစပ်က ထုတ်မေးမိပြီးချင်းမှာပင် နောက်ထပ်တစ်ကောင်သည် ပြေးဝင်လာပြန်၏။

"ငါပြောင်းတာ"

မင်သေသေဖြင့်ထွက်လာသော ဓားခုတ်ကောင်အသံက ဘခ်ဟျွန်းကို ဒေါသထွက်သွားစေသော်ငြား သူဘာမှမလုပ်နိုင်သေး။ မျက်စိရှေ့ပြေးဝင်လာသော နောက်တစ်ကောင်ကို လွင့်ထွက်အောင် ဝှေ့ယမ်းပြီးသည်နှင့် ဓားဖျားကိုကြမ်းပြင်ထံချွင်ကနဲထပ်မံ ပစ်ချမိကာ ဒူးပေါ်လက်ထောက်ရင်း အမောဖြေရသည်။ ဓားကိုမနိုင်နိုင်အောင် ကိုင်နေရသည်နှင့်ပင် မောပန်းနေပြီဖြစ်သော်ငြား တိုက်ခိုက်နေရသေးသည်မို့ ပင်ပန်းမှုက စာဖွဲ့၍ပင်မမှီ။

"ခွေးမသား .......... ငါမနိုင်ဘူးကွ"

လေသံသည် ဟောဟဲလိုက်နေရ၍ မပီမပြင်။

"ဒါကငါ့ရဲ့စွမ်းအားအကြီးဆုံး ပုံစံတွေထဲကတစ်ခုပဲ"

ဓားခုတ်ကောင်သည် ဘခ်ဟျွန်း၏အမိန့်သဘောကို လွန်ဆန်ကာ သူ့သဘောနှင့်သူကြိုက်ရာ အသွင်ကိုပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုကောင်သည် ရံဖန်ရံခါ ထိုသို့လုပ်တတ်လေ့ရှိသော်ငြား ထိုအချိန်များတုန်းက လေ့ကျင့်ဆဲအချိန်များသာဖြစ်ပြီး အများစုဟာလည်း ပေါ့ပေါ့ပါးပါးအသွင်များသာ။ အရှင်းဆုံးဆိုရသော် ဤကဲ့သို့အသွင်ဏ္ဍာန် နှစ်ဖက်သွားဓားရှည်ကို ဘခ်ဟျွန်း တစ်ကြိမ်တစ်ခါမျှ မလေ့ကျင့်ဖူးသည့်အားလျော်စွာ ထိန်း၍လည်း မနိုင်ပါချေ။

"ပုံစံတွေထဲကတစ်ခုဆိုတော့ ........ မင်းမှာ ဘယ်နှခုများ ရှိနေလို့လဲ"

ဘခ်ဟျွန်းအမေးစကား ဆိုနေစဥ်မှာပင် မျက်စိရှေ့ရှိ အလဲလဲအပြိုပြိုဖြစ်နေသော နှစ်ကောင်သည် ဖြည်းဖြည်းချင်းထရပ်လာ၏။ သွေးများသည် တစ်စက်ချင်းစီးကျနေရာမှ တဖြည်းဖြည်း သွေးအိုင်သည်အထိ များပြားလာပြီဖြစ်သော်ငြား ထိုကောင်သည်မူ အားယုတ်လျော့မှုပင်မရှိ၊ နာကျင်မှုကိုလည်း မသိနားမလည်သည့်အလား ဘခ်ဟျွန်းကိုသာအကြည့်မလွှဲ စူးစိုက်ကြည့်လျက် ဖြည်းဖြည်းချင်းထရပ်လာကြသည်။

"ချီး ဒီကောင်တွေက ဇွန်ဘီတွေလား"

အမေးနှင့်အတူ ဘခ်ဟျွန်း ကြမ်းပြင်ကိုထောက်ထားသော ဓားအဖျားချွန်ကို အားတင်းကာ ဆွဲမရင်း ဓားဦးဖျားကို ထိုနှစ်ကောင်ထံ ဦးညွှန်လိုက်သည်။ သုံးကြိမ်သာ လွှဲယမ်းရသေးသော ဘခ်ဟျွန်းလက်များက အင်အားမကျန်တော့သည့်အလား တဆတ်ဆတ်တုန်ရီလျက်၊ ဓားဖျားသည်လည်း မငြိမ်ဘဲ ယိမ်းယိုင်နေလျက်။

ဘခ်ဟျွန်း၏လှောင်ရယ်စရာကောင်းနေသော ပုံစံကြောင့် ဇွန်ဘီနှစ်ကောင်အနက်မှ တစ်ကောင်သည် ရုတ်ချည်းပင် ပထမဆုံးသော မျက်နှာထက်အမူအရာကို ထုတ်လှစ်ပြလာ၏။ နှုတ်ခမ်းထောင့်စွန်းသည် လှစ်ကနဲပင့်တက်သွားပြီး ပြုံးလာခြင်းဖြစ်သည်။ သို့တိုင် အပြုံးဟုမခံစားရသည်အထိ ကျောချမ်းမှုခံစားချက်ကိုသာပေးသည်။ နဂိုခန္ဓာကိုယ်၏ ပုံစံနှင့် မတူစွာပင် ကွဲထွက်နေသော အပြုံးမျိုး၊ ဘခ်ဟျွန်းအတွက် တရင်းတနှီးရှိနေသော အပြုံးမျိုး၊ ဘယ်အချိန်တွေမှာ မြင်ဖူးသလဲ ဘခ်ဟျွန်းမမှတ်မိသည့်တိုင် ရိပ်မိသလောက်တော့ရှိပြီးဖြစ်၏။ ထိုအပြုံးနှင့်လူသည် ဘခ်ဟျွန်းထံစူးစိုက်ကြည့်ရင်း ပြောလာ၏။

"မင်း အဲ့ဒီဟာကိုတောင် မနိုင်ဘဲ ငါ့ကိုအနိုင်တိုက်မလို့လား"

သေချာပေါက်တော့ ဘခ်ဟျွန်းရင်ဆိုင်နေရသည်က နှစ်ယောက်သာဖြစ်သော်ငြား ထိုလူသုံးသွားသည့်လေသံအရ တစ်ဦးဆိုင်နာမ်သာဖြစ်သည်။ ဘခ်ဟျွန်းအတွေးတို့ လုံးလည်ချာလည်ရိုက်နေစဥ်မှာပင် သူ့စိတ်ထဲကအသံတစ်သံက တိုးထွက်လာ၏။

"သူတိုက်မှာမဟုတ်ဘူး။ ဒီသခင်ကြီးက ကိုယ်တိုင်တိုက်မှာ"

အပြောဆုံးသည်နှင့် ဘခ်ဟျွန်းလက်ထဲက ဓားသည်လွတ်ထွက်ကာ ပျံပြေးသွားသည်မှာ ဘခ်ဟျွန်းကိုအားမကိုးတော့ဘူး ဟု ဆိုလိုက်သည့်အလား။

"နမ်အီဂျူးကို မြန်မြန်သွားရှာ !"

အော်ပြောလာသော ဓားခုတ်ကောင်သည် မျက်စိနှင့်ပင် မမြင်ရနိုင်သော အလျင်မျိုးဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီး အံ့ဩဖို့ကောင်းစွာပင် ထိုနှစ်ကောင်သည်ကလည်း လက်ဗလာနှင့်ပင် ခုခံနေနိုင်သည်။ ဘခ်ဟျွန်းလည်း နောက်ဆုံးတစ်ကြိမ် သေချာအောင်ကြည့်ပြီးသည်နှင့် ဆက်တွေးမနေတော့ဘဲ ဂိုထောင်အနောက်ဘက် တရှိန်ထိုးပြေးလာလိုက်သည်။

"ချန်း"

အစောပိုင်းအချိန်များကတည်းက ခေါ်သင့်မခေါ်သင့် တွေဝေနေသော ဘခ်ဟျွန်းစိတ်လေးသည် ယခုအခက်အခဲအောက်တွင် ကျိုးပဲ့သွားတော့သည်။ အီဂျူးပျောက်သွားသည်ကို သိလိုက်ရကတည်းက ချန်းကိုအားကိုးဖို့ရန် တွေးမိလိုက်သော်ငြား တတ်နိုင်သလောက် မိမိဘာသာ ဖြေရှင်းလိုခြင်းဖြစ်သည်။ သို့တိုင် ယခုတွေ့လိုက်ရသော ပုံစံများက သေးသေးမွှားမွှားများ မဟုတ်မှန်းသိသာနေသည်။ သေချာတွေးကြည့်တော့မှ သိပ်တော့လည်းမထူးဆန်း။ အီဂျူးကဲ့သို့သော ပထမအဆင့်ကျားတစ်ကောင်အား ဖမ်းချုပ်သွားရန်ဆိုသည်မှာ ပထမအဆင့်ထက်ပင် မြင့်နေနိုင်သည်မို့။ ထိုသို့တွေးမိလိုက်သည်နှင့် ဘခ်ဟျွန်းအလျင်လိုစွာပင် နှုတ်ခမ်းက တစ်ယောက်သောသူ၏နာမည်ကို နောက်တစ်ကြိမ်ထွက်ကျသည်။

"ချန်း"

သို့သော် ချန်းယောလ်သည် မည်သည့်နေရာတွင်မှ ပေါ်မလာချေ။ ဘခ်ဟျွန်းခေါင်းခြောက်သွားသည်။

စိတ်ဆိုးနေသေးတာများလား

"ချန်း အီဂျူးဒုက္ခရောက်နေတယ်ထင်တယ်"

လေသံသည်အလျင်စလို စိုးရိပ်များသန်းနေသော်ငြား ပတ်ပတ်လည်ကလေထုသည်မူ တစ်ချက်ပင်မပြောင်းလဲသွားပါချေ။ ချန်းယောလ်သည် ပေါ်လာမည့်အရိပ်အယောင်မရှိသည့်အလား။ ဘခ်ဟျွန်းငိုချချင်သွားသည်။

ဒီအချိန်ကြီးကျမှ ဟူသော အတွေးကစိုးမိုးလာသော်ငြား ခြေလှမ်းတို့ကိုမရပ်တန့်ဘဲ ပိုမိုအရှိန်တင်ကာ ပြေးသွားလိုက်တော့ ဂိုထောင်ဝင်ပေါက်ကိုတွေ့ရသည်။ မဲမှောင်နေဟန်ရှိသော်ငြား ဘခ်ဟျွန်းတွန့်ဆုတ်မနေဘဲ ပြေးဝင်သွားလိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းက ဘခ်ဟျွန်းကိုခဲသေသွားစေသလို။

"ချန်း ?"

နောက်ကျောပြင်သာမြင်ရသော်ငြား တောင့်တင်းခိုင်မာနေပုံအပြင် ဘခ်ဟျွန်းနေ့စဥ်ရင်းနှီးနေကျဖြစ်သည်မို့ ချန်းယောလ်မှန်း နှစ်ခါတွေးနေစရာပင်မလိုလိုက်ချေ။ ချန်းယောလ်သည် တစ်စုံတစ်ယောက်အား လည်ပင်းညှစ်နေ၏။ ကျောပြင်ကြွက်သားများ တင်းနေပုံအရ အားအတော်အတန်သုံးထားဟန်ဖြင့်။ နံဘေးတွင်လည်း ကြမ်းပြင်ပေါ် ပုံ့ပုံ့လေး လဲကျနေသည်က ရွှေဝါရောင် ဆံပင်များနှင့် ကောင်လေးတစ်ယောက်ရှိနေပြီး ဖြစ်ပျက်နေသမျှကို အသိမရှိစွာ မေ့မြောနေလျက်။

ဘခ်ဟျွန်း၏အသံကြောင့်ထင်၏၊ ချန်းယောလ်လက်များအတွင်း အချုပ်ခံထားရသောသူသည် ချန်းယောလ်သတိလစ်ဟင်းသွားသည်ကို အပြည့်အဝအသုံးချကာ ရုန်းကန်ရှောင်ထွက်ရင်း မျက်စိဖြင့်လိုက်မမှီသောအရှိန်ဖြင့် ပြေးထွက်သွား၏။ ချန်းယောလ်သည် ပြေးလိုက်သော်ငြား တစ်နေရာအရောက်တွင် တိကနဲရပ်ကာ အနောက်ကိုခြေလှမ်းအမြန်ပြန်ဆုတ်သည်။

အဘယ်ကြောင့်မူ ထိုပြေးလွှားသွားသော ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားသောကြောင့်ဖြစ်သည်။ သို့တိုင် မည်သည့်အသားအစအနများ ထွက်မလာဘဲ အဝတ်အစားများသာ ကျန်ခဲ့ပြီး ဘခ်ဟျွန်း အလျင်အမြန်အနားတိုးကပ်ကြည့်မှသာ အဝတ်များအောက်မှ တွန့်လိမ်ထိုးထွက်လာသော မြွေအကောင်ရေများကို တွေ့ရတော့သည်။ ဆယ်ကောင်ပင်မကလောက်ပါချေ။ မြင်ရသည်မှာ ကျောချမ်းစရာကောင်းသည်နှင့် ဘခ်ဟျွန်းခြေလှမ်းတို့ အလျင်အမြန်ပြန်ဆုတ်လိုက်သည်။

သိပ်မကြာခင်မှာပင် ထိုမြွေသိုက်ကဲ့သို့ဖြစ်နေသော နေရာအပုံလိုက်ကို တောက်လောင်သွားသောမီးတောက် ခပ်ရဲရဲကြောင့် ဘခ်ဟျွန်းအကြည့်ကို လန့်ဖြတ်စွာ ချန်းယောလ်ထံပို့လိုက်မိသည်။ ချန်းယောလ်သည် မည်သည့်အချိန်ကမှန်းမသိ ဘခ်ဟျွန်းကိုစိုက်ကြည့်နေလျက်။ အကြည့်များသည် အဓိပ္ပာယ်ဖတ်မရ၊ အေးခဲနေလျက်။ မျက်မှောင်ကြုတ်နေသည်လည်းမဟုတ်၊ ဘခ်ဟျွန်းကို နေရထိုင်ရကျဥ်းကျပ်လာစေသည့် အကြည့်မျိုး။

"ချန်း ..... ဒီကိုဘယ်လိုရောက်နေတာလဲ"

ပြဿနာအထွေထွေကို မည်သို့မည်ဖုံ ဖြစ်သွားရသလဲ မေးခွန်းများ တန်းစီထုတ်ချင်နေသော်ငြား ချန်းယောလ်၏ပုံစံကြောင့် ဤစကားသာ ပါးစပ်ကထွက်လာသည်။ အသံကလည်း ခပ်တိုးတိုး။ သို့တိုင် ချန်းယောလ်သည် ပြန်မဖြေ၊ မျက်ခုံးတန်းများသာ တွန့်ကနဲကြုံ့သွားပြီး စူးစိုက်ကြည့်နေမြဲ။ ဘခ်ဟျွန်းအကြည့်လွှဲကာ ခေါင်းငုံ့ချလိုက်သည်။

"........... ကျွန်တော် ....... ပြဿနာကဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ မထင်ခဲ့မိလို့ပါ"

ဘခ်ဟျွန်းအသံသည် တဖြည်းဖြည်း တိုးသထက်တိုးလာသည်။ အမှားကျူးလွန်မိထားသော အပြစ်သားတစ်ဦးကဲ့သို့။

အသက်ပင် မရူရဲလောက်အောင် ဖိအားများလာသည့်အချိန်မှာပင် ချန်းယောလ်ထံမှ သက်ပြင်းချသံကိုကြားလိုက်ရသည်။

"ဒီနားလာ"

မကြားရတာ သုံးလေးရက်မျှသာရှိသေးသော ချန်းယောလ်၏အသံသည် ခါတိုင်းထက်ပိုဩနေသလို။ ဘခ်ဟျွန်းတစ်ခွန်းမှမဆိုဘဲ အနားကိုတိုးကပ်သွားလိုက်တော့ ချန်းယောလ်သည် စိတ်မရှည်စွာ လက်မောင်းကနေ အနားကိုဆွဲယူသည်။

"ဘယ်နားထိခိုက်သွားသေးလဲ"

အမေးနှင့်အတူ လက်တစ်ဖက်ကလည်း စမ်းသပ်လာ၏။ ဘခ်ဟျွန်းခေါင်းခါပြလိုက်သည်။ ချန်းယောလ်သည် သူ၏လက်ကိုလွှတ်ချလိုက်ရင်း အသာဆိုလာ၏။

"ဘာလို့ငါ့ကိုအစောကတည်းက မပြောတာလဲ"

ဘခ်ဟျွန်းနှုတ်ခမ်းအသာစေ့မိသွားသည်။ မေးသည့်ပုံစံအရ ရှေ့ရက်များကတည်းက ဘခ်ဟျွန်းဤအခြေအနေကို ကြုံတွေ့နေရမှန်း သိနေသည်ဟူသော အရိပ်အယောင်များဖြင့်။ တမင်တကာ ဘခ်ဟျွန်း၏အကူအညီတောင်းခံလာမည်ကို ထိုင်စောင့်ကြည့်နေသည့်အလား။ ဤသို့နှင့် ဘခ်ဟျွန်းလည်း အနားတွင် အရာရာကိုအစီရင်ခံတင်ပြနေသည့် သစ္စာဖောက်တစ်ကောင်ရှိနေမှန်း ရိပ်မိလိုက်သည်။

နံဘေးတွင်လဲကျနေသော အီဂျူးလူအသွင်ထံ တစ်ချက်စောင်းငဲ့ကြည့်ပြီး ထိုကလေးမဟုတ်မှန်း အလိုလိုသိလိုက်မိသည်နှင့် နောက်ကျန်သည့်သစ္စာဖောက်ဟူသည်ကား တစ်ကောင်သာကျန်တော့သည်မို့။

ဓားခုတ်ကောင်။

"သူများကိုလိုက်ကြည့်မနေဘဲ မေးတာဖြေ"

ဘခ်ဟျွန်းမျက်လုံးစုံမှိတ်ကာ စိတ်ထဲ၌ ဓားခုတ်ကောင်၏ မျိုးရိုးစဥ်ဆက် ဘိုးဘေးဘီဘင် အဆက်ဆက်ကို ရစရာမရှိအောင် ဦးစွာဆဲရေးလိုက်သည်။

"ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်မယ်ထင်လို့"

ဘခ်ဟျွန်းအသံသည် အမှားပါသွားမည်ကို စိုးရိမ်နေသည်မို့ ခပ်ဖြည်းဖြည်း ခပ်နှေးနှေးသာ။

"မင်းကငါ့ကိုမယုံတော့တာပဲလား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသွားတာပဲလား"

ချန်းယောလ်လေသံသည် ခပ်ဆတ်ဆတ်။

"မဟုတ်ဘူး !"

ထိုလူ၏စကားက ဘခ်ဟျွန်းအား အလိုအလျောက် လျင်မြန်စွာ တုံ့ပြန်မိသွားစေသည်။ သူယုံကြည်မှုလွန်ကဲနေတာလည်း မဟုတ်သလို ချန်းယောလ်ကို အထင်သေးတာလည်းမဟုတ်ပါချေ။ ဒီတိုင်း ....

"ဒီအတိုင်း ကျွန်တော် ကိုယ့်အားကိုယ်ကိုးချင်ရုံပါ"

ချန်းယောလ်သည် မျက်ခုံးတစ်ဖက်ပင့်ရုံသာတုံ့ပြန်သည်။ ဘခ်ဟျွန်းသူ၏ အကြောင်းပြချက်က မခိုင်လုံသေးသလို ခံစားရကာ ထပ်မံဖြည့်စွက်ပြောမိသည်။

"မဟုတ်ရင် ကျွန်တော် ချန်းအတွက် အားနည်းချက်ဖြစ်နေဦးမှာ"

တစ်ဖက်သူ၏သံသယကို တိုက်ဖျက်ချင်ဇောအားကြီးစွာ ဘခ်ဟျွန်းလေသံသည် နှေးတုံ့မနေတော့။ ချန်းယောလ်သည် တုံ့ပြန်လာ၏။

"အဲ့ဒီတော့ အဆောင်နေရတဲ့အဓိကအကြောင်းပြချက်က ဒါဖြစ်နေတာလား"

"အဲ့ဒီလိုမဟုတ် ....."

မဟုတ်ဟုသာဆိုလိုက်သော်ငြား မသိစိတ်ထဲ ကိန်းအောင်းနေသည့် ရည်ရွယ်ချက်အမှန်ကို သတိပြုမိသွားတော့ ဘခ်ဟျွန်းဆက်လက် မတုံ့ပြန်နိုင်တော့။ ချန်းယောလ်သည် အကြည့်လွှဲသွားသည်။ ဘခ်ဟျွန်းခြောက်သွေ့နေသည့် နှုတ်ခမ်းပါးတို့ကြောင့် လျှာတစ်ချက်သပ်ကာ လက်ကလည်း ချန်းယောလ်လက်ဖဝါးတို့အား ဆွဲယူမိသည်။

"အဲ့လိုလည်း ပြောလို့ရပေမယ့် ကျွန်တော်က တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့ သဘောနဲ့ -"

"တော်ပြီ ဘခ်ဟျွန်း"

ချန်းယောလ်သည် သူဆွဲကိုင်ထားသောလက်အား အသာရုန်းဖယ်သွားသည်။ ဘခ်ဟျွန်းပြန်လည်ဆွဲယူချိန်မရလိုက်။

"ကြည့်ရတာ ငါမင်းကိုအလိုလိုက်တာများသွားတဲ့ပုံပဲ၊ အခုချက်ချင်းအိမ်ပြန်ဖို့လုပ်တော့"

​ပြောပြီးသည်နှင့်လှည့်ထွက်သွားသော ချန်းယောလ်၏ကျောပြင်ကျယ်ကိုကြည့်ရင်း ဘခ်ဟျွန်း ပထမဆုံးအကြိမ် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။

_______•°•°•°•

Wuwuwuwu ထိပ်စီး ၅၀ လေးပြည့်ဖို့ကို ရုန်းကန်လိုက်ရတာ TwT

Zawgyi

ေက်ာင္း၏အေပၚဆံုးထပ္သည္ ေန့လယ္ခင္းပီပီ ေနရိွန္သည္မို႔ လူတစ္ၪီးတစ္ေယာက္မွ မရိွေခ်။ သို႔တိုင္ ဘခ္ဟြၽန္းကေတာ့ တိုက္ခတ္ေသာ ေလေအးကိုသေဘာက်သည္ႏွင့္အညီ အီဂ်ူးအတြက္လည္း လြတ္လပ္ေသာေနရာတစ္ခု ျဖစ္ေသာေၾကာင့္ ဤေနရာတြင္သာ ေန့လယ္စာကိုအၿပီးသတ္ၿမဲ။

"သူ႔လက္ထဲေရာက္ေနတဲ့အခ်ိန္ ခံစားခ်က္ကို အခုထိ မွတ္မိေသးတယ္၊ တကယ္ႀကီးကြၽန္ေတာ့္ ဝါးစားေတာ့မလို ပံုစံႀကီးနဲ႔ပါဆို"

အီဂ်ူးပံုစံသည္ ေျပာရင္းဆိုရင္းျဖင့္ မ်က္ရည္ၾကည္မ်ားက လတ္လာသည္။ ထိုေန့က အီဂ်ူးအေတာ္ၾကာအထိ လန္႔သြားတာမွန္း ဘခ္ဟြၽန္းရိပ္မိလိုက္သည္မို႔ စကားေျပာရရန္ ေနာက္ေန့ခ်က္ခ်င္းပင္ ဤေနရာကိုေခၚလာေပးျခင္းသာ။ ဘာမွမေျပာဘဲ ေဘးကခ်ထားသည့္ ႏို႔ေပါင္မုန္႔တစ္ထုပ္အား ဆြဲေဖာက္ကာ ေပးလိုက္ေတာ့ အလုတ္ႀကီးႀကီးတစ္ကိုက္ ကိုက္ခ်ရင္း ဝူးဝူးဝါးဝါး ဆက္ေျပာလာျပန္၏။

"ကြၽန္ေတာ္ အားအမ်ားႀကီးသံုးၿပီး ရုန္းတာေတာင္ မလႊတ္ေပးဘူး။ တကယ္ေျပာတာ သခင္ေလး သူကအရမ္းအင္အားႀကီးတယ္ ကြၽန္ေတာ္တို႔-"

အီဂ်ူးဆက္ေျပာခ်င္သည့္စကားအား ဘခ္ဟြၽန္းနားလည္သည္။ အီဂ်ူးသည္ ခ်န္းေယာလ္အား ေျပာျပေစခ်င္ေနမွန္း သိသည့္တိုင္ ဘခ္ဟြၽန္းသည္ မလႈပ္မယွက္။ အီဂ်ူးသည္ တစ္ခုခုဆို ခ်န္းေယာလ္အား အရင္ဆံုးေျပးတင္ျပတတ္သည့္ ေကာင္ေလးမဟုတ္ေတာ့။ ဘခ္ဟြၽန္းႏွင့္ခ်န္းေယာလ္ၾကား ဆက္ဆံေရးကို သိသြားသည့္ေန့မွစကာ အီဂ်ူးသည္ ဘခ္ဟြၽန္းစကားကိုသာ ပို၍နားေထာင္ေတာ့၏။ တစ္အိမ္လံုးတြင္ မည္သူက အေရးပါဆံုးလဲ သိသြားသည့္ႏွယ္။

အီဂ်ူး၏ စကားကိုေတာ့ ဓားခုတ္ေကာင္ကဝင္ျဖတ္သည္။

"ဘာမွေၾကာက္စရာမေကာင္းဘူး"

"ေကာင္းတယ္"

"မင္းကညံ့တာ"

"... ၿခိမ္းေျခာက္ခံရတာ ... ခင္ဗ်ားမွမဟုတ္တာ"

ရိွစုမဲ့စုသတၲိထဲက ျပန္ခံေျပာေသာ အီဂ်ူးအသံ ျခင္တဝီဝီလုပ္ေနသေလာက္ပင္ မရိွ။

အေျပာႏွင့္အတူ ေပါင္မုန္႔ကို ခပ္ႀကီးႀကီးကိုက္ခ်ေတာ့ ပါးႏွစ္ဖက္က ေဘးကိုေဖာင္းကားထြက္လာ၏။ အီဂ်ူးမ်က္ႏွာသည္ ေနေရာင္ေအာက္မို႔ ခပ္ရဲရဲ၊ ဓားခုတ္ေကာင္သည္ ထူးျခားဆန္းျပားပင္ ခြန္းတံု႔မျပန္ေတာ့ဘဲ တိတ္သြားသည္။ ဘခ္ဟြၽန္းသည္မူ ခ်န္းေယာလ္အား ေျပာသင့္မေျပာသင့္ ေတြေဝေနဆဲ။

မေျပာျပခ်င္တာေတာ့ မဟုတ္သည့္တိုင္၊ ဘခ္ဟြၽန္း မေျပာျပသင့္ဟု ခံစားေနရ၍ျဖစ္သည္။ သူကိုယ္တိုင္ ဤေနရာကိုလာဖို႔ ဆံုးျဖတ္ခဲ့ျခင္းမဟုတ္ေပလား။ အထူးသျဖင့္ ကိုယ့္ကိုယ္ကိုယ္ အားကိုးလိုျခင္းျဖစ္သည္။ ေၾကာက္တာေတာ့ေၾကာက္သည္။ သို႔တိုင္ သူကတိေပးခဲ့သည္က ခ်န္းေယာလ္အားနည္းခ်က္ မျဖစ္ေစဖို႔ပင္၊ ထိုသို႔ ျပႆနာတစ္ခုခုတိုင္း ခ်န္းေယာလ္သာဆက္လက္ အားကိုးေနပါက ခ်န္းေယာလ္၏အားနည္းခ်က္သာ ျဖစ္ေနၪီးမည္မွာ မလြဲမေသြမို႔။

တကယ္တမ္း အေဆာင္ေနဖို႔ တားျမစ္ခံရမည္ထက္ ထိုအေတြးေတြေၾကာင့္ သူအဓိက ပိုတြန္႔ဆုတ္ေနရျခင္းလည္း ပါသည္။ ဘာပဲျဖစ္ျဖစ္ တစ္ပတ္ပဲလို႔သာ ေျပာထားသည္မို႔။ အဆင္ေျပပါသည္။ သိပ္ၿပီး ျပႆနာႀကီးႀကီးမားမား ရိွမည္မထင္ပါ၊ သူ႔ေဘးမွာလည္း ဤႏွစ္ေကာင္ရိွသည္မို႔။

အေတြးႏွင့္အတူ လက္ထဲကမုန္႔ကို လက္စသတ္ကာ ထရန္ ျပင္လိုက္သည္။ သို႔တိုင္ ရုတ္တရက္ အေဝးတစ္ေနရာကေန နီးကပ္လာေသာ ေျခသံတို႔ေၾကာင့္ ဘခ္ဟြၽန္းေခတၲခဏၿငိမ္မိလိုက္သည္။ အီဂ်ူးသည္ အသြင္မေျပာင္းရေသး။ တၿမံဳ႔ၿမံဳ႔ဝါးေနသည့္ ပါးစပ္မွာ တံု႔ကနဲရပ္တန္႔သြားၿပီး ဘခ္ဟြၽန္းနည္းတူ သတိအေနအထားႏွင့္ ျဖစ္သြားသည္။

"လခြမ္းလိုပဲ အဲ့ေကာင္က သူ႔ကိုယ္သူဘာထင္ေနတာလဲ"

ေျခသံအရေတာ့ လူႏွစ္ေယာက္ျဖစ္သည္။ ဘခ္ဟြၽန္းသည္ နံရံတစ္ဘက္ျခမ္းတြင္ ထိုင္ေနျခင္းျဖစ္သည္မို႔ အသံသာၾကားရၿပီး၊ ရုပ္ကိုမျမင္ရ။ ထိုႏွစ္ေယာက္လည္း ဘခ္ဟြၽန္းဘက္အျခမ္း မလာမခ်င္း ျမင္မည္မဟုတ္ေခ်။ ရုပ္မျမင္ေသာ္ျငား အသံႏွင့္ပင္ သိလိုက္သည္ကား ထိုအသံပိုင္ရွင္သည္ သူႏွင့္ရန္ျဖစ္မလိုျဖစ္ခဲ့သည့္ ညီေလးေတြထဲက တစ္ေယာက္ဆိုသည္ကိုပင္။ ဆိုေတာ့ ျဖစ္ႏိုင္ေခ်ရိွသည့္ ေနာက္တစ္ေယာက္ကား အေကာင္ခပ္ႀကီးႀကီးႏွင့္ ရုပ္ရင့္သည့္ေကာင္ျဖစ္မည္။

"ေဆးလိပ္ပါလား"

"ေအး တစ္လိပ္ေပး"

သူတို႔အခ်င္းခ်င္းေျပာဆိုေနသည့္စကားမ်ားသည္ တိုးသည္ထင္ရေသာ္ျငား ဘခ္ဟြၽန္းနားထဲေတာ့ ျပတ္သားစြာ ၾကားရသည္။

"တကယ္ အဲ့ေကာင္က တစ္ေန့ထက္တစ္ေန့ ပိုေမာက္မာလာတယ္ လြန္လြန္းအားႀကီးေနၿပီ လူကို ကြၽန္လို ဆက္ဆံေနတာ အားမရလို႔"

ဆဲဆိုသံမ်ားသာ ဆက္ထြက္လာ၏။

"ငါပဲစိတ္ထင္တာလားမသိေပမယ့္ ..... ဂ်ီဟြန္းက တကယ္ေျပာင္းလဲသြားတယ္"

"ခ်ီး ေျပာင္းလဲမွာေပါ့ တစ္ေန့လံုး မ်က္ႏွာလိုမ်က္ႏွာရပဲ လုပ္ခံေနရေတာ့ ေလေပၚေျမာက္တက္ေနတာေပါ့၊ အမိႈက္လိုေကာင္ပဲ ေစာက္ရမ္းအာရံုေနာက္တယ္"

သူတို႔အခ်င္းခ်င္း ျပန္လည္ဆဲဆိုေနျခင္းျဖစ္ပါ၏။ ဘခ္ဟြၽန္း အသက္ရႉသံကို ထိန္းခ်ဳပ္ကာ နံရံတြင္ေက်ာမွီလိုက္သည္။ ေျပာင္းလဲသြားသည္ဟူေသာ စကားစုမ်ားက ဘခ္ဟြၽန္းေခါင္းထဲ တဝဲလည္လည္။ ေခါင္းထဲ မေသခ်ာ မေရရာမႈက လတ္ကနဲျဖစ္သြားသည့္တိုင္ ေသခ်ာမႈမရိွေသးသည္မို႔ မလႈပ္မရွားရိွေနဆဲ။ ထိုႏွစ္ေကာင္သည္ ေဆးလိပ္တစ္လိပ္စာ ကုန္သည္အထိ စကားေျပာၿပီးသည္ႏွင့္ ျပန္လည္ ထြက္ခြာသြားသည္။ ဘခ္ဟြၽန္း နံေဘးရိွ အီဂ်ူးထံအၾကည့္ပို႔လိုက္သည္။

"လိုက္သြားၾကည့္လိုက္ မရိပ္မိေစနဲ႔ၪီး"

အီဂ်ူးသည္ ေခါင္းကိုသာညိတ္ျပကာ ဖ်က္ကနဲေပ်ာက္သြားသည္။ က်န္ခဲ့သည္က ဘခ္ဟြၽန္းႏွင့္ဓားခုတ္ေကာင္သာ။ အခ်ိန္တစ္ခုေလာက္ ထိုင္ေစာင့္ၿပီးမွ ဘခ္ဟြၽန္းလည္း ေအာက္ထပ္ကို ျပန္ဆင္းလာလိုက္ေတာ့ တည့္တိုးသည္က ဂေယာင္ဆူးႏွင့္။ မ်က္တြင္းေဟာက္ပင္ျဖင့္ ဂေယာင္ဆူးက အေတာ္အတန္ပင္ပန္းေနဟန္ရိွသည့္တိုင္ ဘခ္ဟြၽန္းကိုျမင္ေတာ့ ႏႈတ္ဆက္ေမးျမန္လာဆဲ။

"အေဆာင္က အဆင္ေျပရဲ့လား"

"မင္းအဲ့စကားကိုေျပာေနတာ သံုးရက္ေျမာက္ၿပီ၊ မ်က္တြင္းေတြက ဘယ္လိုျဖစ္တာလဲ"

ဂေယာင္ဆူးသည္ သက္ျပင္းအသာခ်ရင္း အသံကခပ္တိုးတိုး။

"ငါ့အေမ ေဆးရံုေစာင့္ေပးေနရလို႔"

ဂေယာင္ဆူးအေမ ေဆးရံုတက္ေနသည့္ကိစၥသည္ ဘခ္ဟြၽန္းေမ့ထား၍မရသည္အထိ အေျခအေနပိုပိုဆိုးလာတာ သတိထားမိသည္။ မည္သည့္စကားမဆို အားမျဖစ္ေစသည္ကို သိသည့္အားေလ်ာ္စြာ ဂေယာင္ဆူးပုခံုးကိုသာ ခပ္သာသာဖိပုတ္မိသည္။

"ဒါနဲ႔ ငါ့အေဆာင္ထဲက သံုးေယာက္ကို မင္းသိလား"

နဂိုတည္းက ေမးခ်င္ေနသည့္အဓိကကိစၥအား ေျပာလိုက္ေတာ့ ဂေယာင္ဆူးလည္း အာရံုလႊဲသြားသည္။

"ဂ်ီဟြန္းတို႔အဖြဲ႔လား အဲ့အဖြဲ႔က နဂိုတည္းက ေက်ာင္းမွာ နာမည္ကခပ္ဆိုးဆိုးပါပဲ၊ မင္းကသာ စာခ်ည္းပဲ တကုပ္ကုပ္လုပ္ေနလို႔ မသိတာ"

တကယ္ေတာ့ စာခ်ည္းပဲတကုပ္ကုပ္လုပ္တာ မဟုတ္ဘဲ ခ်န္းေယာလ္ႏွင့္ခ်ည္းပဲ တစ္တီတူးေနတာသာျဖစ္သည္။ ဘခ္ဟြၽန္း ဘာမျွပန္မ​ေျဖဘဲ ေနရခက္သလိုသာ ရယ္ေမာမိသည္။

"ဘာလို႔ေမးတာလဲ အဆင္မေျပဘူးမလား"

ဘခ္ဟြၽန္း ေခါင္းအသာခါျပလိုက္သည္။

"ဒီလိုပါပဲ၊ အေနွာင့္အယွက္ေလး နည္းနည္းျဖစ္ရံုပါ"

"တတ္ႏိုင္ရင္ေတာ့ အဆက္အဆံသာမလုပ္ဘဲ ေန ဘခ္ဟြၽန္း၊ အဲ့ထဲက ဂ်ီဟြန္းဆိုတဲ့ေကာင္က အဆိုးဆံုးပဲ"

"ဟုတ္လား"

"ငါၾကားဖူးသေလာက္ေတာ့ ေထာင္ကိုအိမ္လိုဝင္ထြက္ေနတာတဲ့"

ဘခ္ဟြၽန္း မ်က္ခံုးအစံု ပင့္တက္သြား၏။

"ရုပ္ၾကည့္ေတာ့ မထင္ရသလိုပဲ"

ဂေယာင္ဆူးသည္ က်စ္စုပ္သတ္ကာ လက္ခါျပလာ၏။

"ရုပ္ခံေလးရိွေနလို႔လည္း ၾကာကူလီေကာင္ဆိုတဲ့ နာမည္ပါ အဆစ္ရထားတာေလ"

"ဪ"

"အဲ့ဒါေၾကာင့္ေျပာတာ ေဝးေဝးေနလို႔ ဟုတ္ၿပီလား။ ဒါနဲ႔ မင္းဘဲႀကီးကေရာ၊ အေဆာင္ေရာက္ၿပီးကတည္းက လာေတြ့တာေတာင္ မျမင္ရဘူး ေသြးေအးလွခ်ည္လား"

ခ်န္းေယာလ္အား အျပစ္ဆိုလာသမ်ွ ျငင္းရန္ျပင္လိုက္ေသာ္ျငား ဂေယာင္ဆူး၏ေနာက္ဆံုးတစ္ခြန္းေၾကာင့္ ဘခ္ဟြၽန္းလည္း ႏႈတ္ခမ္းအသာျပန္ေစ့ကာ ႏွာေခါင္းရႈံ႔လိုက္သည္။

"ဟုတ္ပါ့ တကယ္ေသြးေအးတဲ့လူ"

"ရန္ျဖစ္ထားတာလား"

"အဲ့လိုလည္းမဟုတ္ပါဘူး"

စကားေျပာရင္းလမ္းေလ်ွာက္လာသည္မွာ အတန္းျပန္ေရာက္ၿပီျဖစ္သည္။ အတန္းမတူသည္မို႔ ဘခ္ဟြၽန္းလည္း ဂေယာင္ဆူးအားႏႈတ္ဆက္ၿပီးသည္ႏွင့္ စာသင္ခ်ိန္အတြက္ စတင္လိုက္ေတာ့သည္။

ပံုမွန္ ဤအခ်ိန္မ်ားတြင္ အီဂ်ူးအား အေဆာင္တြင္ေနခိုင္းခဲ့သည္မို႔ ထူးထူးျခားျခား ျပႆနာမရိွသည့္တိုင္ ယခုတြင္မူ စိတ္မပူမိဘဲ မေနႏိုင္။ ထိုေကာင္ေလးကို သူ လူအသြင္ျဖင့္ လႊတ္လိုက္မိတာျဖစ္သည္၊ တစ္ခုခုဆိုသည္ႏွင့္ ျပန္မတံု႔ျပန္ႏိုင္ေလာက္သည္အထိ အီဂ်ူးက ထိုမ်ွမတံုးအသည္ကို ဘခ္ဟြၽန္းသိေသာ္ျငား အတန္းခ်ိန္ အျမန္ကုန္ဆံုးဖို႔သာ စိတ္ထဲေရာက္ေနသည္။

ေနာက္ဆံုးစာေမးပြဲနီးလာၿပီျဖစ္သည္ႏွင့္အမ်ွ မွာၾကားေနေသာ ပေရာ္ဖက္ဆာ၏ စကားလံုးတိုင္းကိုလည္း လက္လြတ္ခံ၍မရေခ်။ အတန္းၿပီးသည္ႏွင့္ လြယ္အိတ္ေကာက္ဆြဲကာ ခပ္ျမန္ျမန္ျပန္ေျပးလာမိသည္က အေဆာင္သို႔။

'ခဏေလး'

မေျပးရံုတမယ္ လွမ္းေနေသာ ေျခလွမ္းတို႔သည္ စိတ္ထဲရိွတစ္စံုတစ္ေယာက္ စကားေျပာလိုက္ခ်ိန္တြင္ တိကနဲရပ္တန္႔သည္။

'ဘာျဖစ္လို႔လဲ'

ဘခ္ဟြၽန္းျပန္ေမးလိုက္သည္။ အေဆာင္ရိွရာ အထပ္ကို ေရာက္ကာစတြင္ တားျမစ္ျခင္းျဖစ္၍ ေပါ့ေပါ့ဆဆေတာ့ မဟုတ္တန္ရာ။

'တစ္ခုခု ....... ထူးဆန္းတဲ့ အေငြ့အသက္ရေနတယ္'

ဘခ္ဟြၽန္းပင့္သက္တစ္ခ်က္ ရိႈက္ကာ ေျခလွမ္းတို႔ကို သတိျဖင့္ေရ႔ွတစ္လွမ္းလွမ္းလိုက္သည္။ ဓားခုတ္ေကာင္သည္ စြမ္းအားႏွင့္ပတ္သက္လ်ွင္ အာရံုခံႏိုင္စြမ္းေကာင္းသည္မို႔ ဘခ္ဟြၽန္း လက္လြတ္စပယ္မလႈပ္ရွားရဲေတာ့။ ေကာ္ရစ္တာဘက္ကို ခ်ိဳးေကြ့လိုက္သည္ႏွင့္ အေဆာင္အခန္းေပါင္းမ်ားစြာရိွသည္။

လမ္းတစ္ေလ်ွာက္သည္ ရွည္လ်ားၿပီး ဘခ္ဟြၽန္းတို႔အခန္းသည္ အလယ္ေလာက္တြင္ရိွေသာ္ျငား ရုတ္ခ်ည္းပင္ မီးေခ်ာင္းမ်ားသည္ မီးအားက်သည့္ႏွယ္ ျဖည္းျဖည္းခ်င္း မိွန္က်သြားလ်က္ ေနာက္ဆံုးပ်က္ေတာက္သြားေတာ့သည္။ ညေနေစာင္းေနၿပီ ျဖစ္သည့္အျပင္ တိုက္တိုက္ဆိုင္ဆိုင္ပင္ အံု႔မိုးေနေသာ ေကာင္းကင္ယံေၾကာင့္ ဘခ္ဟြၽန္းလြယ္အိတ္ထဲက ဖုန္းကိုထုတ္ယူကာ မီးဖြင့္လိုက္သည္။ သူ႔မ်က္စိေရ႔ွ ေကာ္ရစ္တာေလ်ွာက္လမ္းက အနည္းငယ္ေတာ့ လင္းက်င္းသြားလ်က္ ဘခ္ဟြၽန္းေျခလွမ္းတို႔ကို ေရ႔ွဆက္လိုက္သည္။

'သတိထား'

ဓားခုတ္ေကာင္ထံမွ အသံခပ္နိမ့္နိမ့္က သူ႔စိတ္အတြင္းပ်ံ့ႏွံ႔လာ၏။

ဘခ္ဟြၽန္းအသက္ျပင္းျပင္းရႉလိုက္ၿပီးေနာက္ ဓားအားညာလက္ထဲ ဆင့္ေခၚလိုက္သည္။ အသြင္အစစ္ႏွင့္ျဖစ္ေသာ ထိုဓားခုတ္ေကာင္၏ ဓားသြားသည္ အေမွာင္ထုေအာက္တြင္ လတ္ကနဲျဖစ္သြားလ်က္။ ႏွစ္ၪီးသား၏ ဝိဉာဥ္မ်ားသည္ ထိေတြ့မိေတာ့မွ ပို၍ အခ်ိတ္အဆက္မိသြားသည့္အလား၊ ဘခ္ဟြၽန္းေျခလွမ္းမ်ားသည္ အေၾကာက္အလန္႔ကင္းသြားၿပီး သတိလည္းပိုသြား၏။

ေျခသံအား အတတ္ႏိုင္ဆံုးထိန္းရင္း ေလ်ွာက္လွမ္းလာၿပီး အေဆာင္ခန္းေရ႔ွေရာက္သည္ႏွင့္ ​ေျခစံုရပ္လိုက္သည္။ အခန္းထဲတြင္ ပကတိၿငိမ္သက္ေန၏။ ခါတိုင္းဤအခ်ိန္ဆိုလ်ွင္ အခန္းထဲလူစံုေနၿပီျဖစ္ၿပီး ေဘးပတ္ပတ္လည္ကလည္း အသံမ်ားညံေနလ်က္ရိွသည့္တိုင္ ယခုေတာ့ ထူးဆန္းစြာပင္ ေျခာက္ကပ္တိတ္ဆိတ္လ်က္။ ေလတိုးသံပင္မရိွသေယာင္။ သို႔တိုင္ ဘခ္ဟြၽန္းအတြက္မထူးဆန္းေတာ့သည္မို႔ မေၾကာက္မိ။ သူ႔ယခင္ ေခါင္မိုးထပ္အိမ္ခန္းေလးထံ ျပန္သြားစဥ္က ရခဲ့ဖူးေသာ အေငြ့အသက္ေတြပင္ျဖစ္ပါ၏။

ဘခ္ဟြၽန္းတံခါးအား တြန္းဖြင့္လိုက္သည္။ အခန္းဝတြင္ ေမ်ွာ္မွန္းထားသည့္အတိုင္း ပင့္ကူမ်ွင္မ်ားက သြယ္တန္းေနလ်က္၊ ေျခလွမ္းေတြကိုသာ တရဆက္ေလ်ွာက္လွမ္းမိလိုက္ပါက ဤမသန္႔ရွင္းမႈျပယုဂ္ျဖစ္သည့္ ပင့္ကူမ်ွင္ေတြကို ဝင္တိုးမိမွာ မလြဲမေသြ။ ဘခ္ဟြၽန္း လက္ထဲကဓားေျမႇာင္ကို လွစ္ကနဲေဝ႔ွယမ္းကာ ထိုအမ်ွင္တန္းမ်ားကို ဖယ္ရွားပစ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အေဆာင္ခန္းမ်ားသည္ မီးမ်ားတရိွန္ထိုး ျပန္လာေတာ့၏။

အလင္းမ်ားသည္ မ်က္စိက်ိန္းသြားေစသည့္အားေလ်ာ္စြာ ဘခ္ဟြၽန္းမ်က္လံုးကို လက္ေမာင္းျဖင့္ကာၿပီးမွ ျပန္အကဲခတ္ၾကည့္ေတာ့ အခန္းထဲမည္သူမွမရိွ။ အိပ္ရာ၊ စားပြဲစသည္မ်ားက ယခင္အတိုင္းကဲ့သို႔ ေျပာင္းလဲမႈမရိွေသာ္ျငား အခန္းထဲရိွ အေငြ့အသက္သည္ မိႈင္းမိႈင္းထိုင္းထိုင္းႏွင့္ သိပ္မေကာင္းလွေခ်။

ဘခ္ဟြၽန္းမ်က္ေမွာင္ၾကဳတ္ကာ လက္ထဲကဓားကို ျပန္ဝွက္ၿပီးသည္ႏွင့္ မိမိအိပ္ရာထံ သြားလိုက္သည္။ အနည္းငယ္ စမ္းၾကည့္ေတာ့ စိုထိုင္းထိုင္းႏွင့္ အိပ္ရာခင္းက စိတ္ထဲမသိုးမသန္႔ျဖစ္ေစသေယာင္။

"အီဂ်ူး"

ဘခ္ဟြၽန္းႏႈတ္က အသံေပးၾကည့္ေသာ္ျငား မည္သည့္တံု႔ျပန္မႈမွ မရလာေသး။ ေခၚတိုင္း ေရာက္လာတတ္ေသာ ဤေကာင္ေလးက ယခုေတာ့ေပၚမလာသည့္အျပင္ အခန္းထဲမွာပါ မရိွ။ ဘခ္ဟြၽန္းရင္ထဲ စိုးရိမ္စိတ္အပူလံုးက ေဆာင့္တက္သည္။

"ဒီေနရာမွာ တစ္ခုခုျဖစ္သြားတယ္"

ဓားက ထုတ္ေျပာလာ၏။ ဘခ္ဟြၽန္းလည္း သိသည္။ ပင့္ကူမ်ွင္ေတြသည္ ႂကြင္းက်န္ရစ္ခဲ့ေသာ စြမ္းအားေတြရိွသည့္ ေနရာတိုင္းတြင္ ေပၚလာတတ္ၿပီး မေကာင္းဆိုးဝါးတခ်ိဳ႕ ကိန္းေအာင္းေနတတ္သည္မို႔။ ခါတိုင္း ဆူညံေနက် အေဆာင္ကတိတ္ဆိတ္ေနကတည္းက တစ္ခုခုျဖစ္ခဲ့သည္မွန္း ခန္႔မွန္းမိသည္ျဖစ္ၿပီး အီဂ်ူးကိုေပ်ာက္သြားလိမ့္မည္ဟု မခန္႔မွန္းထားမိရံုသာ။

"သူဘယ္မွာရိွလဲ မင္းလိုက္ႏိုင္လား"

'ငါ့ကိုေခြးႏွာေခါင္းမ်ား မွတ္ေနလား'

စိတ္ထဲကေျပာလိုက္ေသာ ဓားခုတ္ေကာင္၏စကားက ဘခ္ဟြၽန္းနားထဲျဖတ္သန္းလာ၏။ ဘခ္ဟြၽန္း မတံု႔ျပန္ႏိုင္ခင္မွာပင္ ဓားခုတ္ေကာင္သည္ ဆက္ေျပာလာ၏။

"စြမ္းအားႂကြင္းက်န္ရစ္ေနလို႔သာ ငါသိရတာ၊ က်န္တာကေတာ့ မေျပာတတ္ဘူး"

ဘခ္ဟြၽန္း ဘာမဆက္မေျပာေတာ့ဘဲ အခန္းထဲကျပန္ထြက္လာလိုက္သည္။ ေကာ္ရစ္တာတစ္ေလ်ွာက္ လင္းက်င္းေနေသာ္ျငား မည္သူမွမရိွ၍ တိတ္ဆိတ္ေျခာက္ကပ္ေနဆဲ။ ဘခ္ဟြၽန္းေျခလွမ္းတို႔က လ်င္ျမန္စြာ ေနရာတစ္ခုထံ ၪီးတည္ေလ်ွာက္သြားေတာ့ ဓားခုတ္ေကာင္ထံမွ သံသယေမးခြန္းထြက္လာသည္။

"ဘယ္ေရာက္ေနလဲ မင္းသိလို႔လား"

"ဟင့္အင္း"

ဘခ္ဟြၽန္းအသံသည္ မတည္ၿငိမ္။ သူအီဂ်ူးကိုစိုးရိမ္ေနသည္။ အထူးသျဖင့္ သူခိုင္းလႊတ္လိုက္တာျဖစ္သည့္အခ်ိန္တြင္ အီဂ်ူးေပ်ာက္သြားျခင္းကား သူ႔အျပစ္ႏွင့္မျခားသည္မို႔။

"မစဥ္းစားဘဲ ရွာေနရင္ ပိုဆိုးမယ္"

ဓားခုတ္ေကာင္က အႀကံျပဳလာ၏။ ဘခ္ဟြၽန္းေခါင္းညိတ္ျပလိုက္မိသည့္တိုင္ ေျခလွမ္းေတြကို မရပ္တန္႔မိ။ သူ႔စိတ္ထဲ ခန္႔မွန္းမိသည့္ေနရာ မရိွသည့္တိုင္ ေျခလွမ္းေတြကပဲ စိတ္ကိုၪီးေဆာင္သြားလိုမ်ိဳး။

"ဘယ္သြားေနတာလဲ"

ဓားခုတ္ေကာင္ထံမွ ခပ္ဆတ္ဆတ္ထြက္လာေသာ အေမးအား ျပန္ေျဖႏိုင္ရန္ ဘခ္ဟြၽန္းမနည္းစဥ္းစားလိုက္ရၿပီးေနာက္ ေခါင္းထဲကထြက္လာသည္ကား -

"ဂို - ဂိုေထာင္ဘက္ !"

ဓားသည္မည္သည့္ေမးခြန္းမွ မထုတ္ေတာ့။ ဘခ္ဟြၽန္းေျခလွမ္းကို ပိုျမႇင့္လိုက္သည္။ ဂိုေထာင္ဟူသည္ ဘခ္ဟြၽန္းတို႔၏ေက်ာင္းေဆာင္ေနာက္ အသံုးမလိုေသာ ပစၥည္းမ်ားႏွင့္ အေဟာင္းပစၥည္းမ်ား စုၿပံဳထားရာ အခန္းတစ္ခုသာျဖစ္သည္။ မ်ားေသာအားျဖင့္ ပစၥည္းအေဟာင္းေတြသာ စုထားရာ ေနရာတစ္ခုျဖစ္သည္ႏွင့္အညီ ဖုန္မ်ားဟာလည္း တေသာေသာတက္လ်က္ရိွသည္မို႔ မည္သူကမွလည္း အဝင္အထြက္ မလုပ္ခ်င္ၾကေခ်။

"ဘာလို႔မွန္း မသိေပမယ့္ အဲ့ဒီဘက္မွာ ရိွေနလိမ့္မယ္လို႔ ခံစားေနရလို႔"

ဘခ္ဟြၽန္းစိတ္ထဲ အလိုလိုခံစားေနသည္ဆိုတာထက္ သူ႔စိတ္ကို ေျခလွမ္းတို႔က ၪီးေဆာင္ေနျခင္းသာ။ သို႔တိုင္ သူ႔ခန္႔မွန္းမႈသည္ မမွားယြင္းေလာက္ေခ်။ ျဖတ္သြားရာ လမ္းတစ္ေလ်ွာက္တြင္ လူေျခတိတ္သထက္တိတ္လာသလို စြမ္းအားအေငြ့အသက္ေတြကလည္း ပိုမိုထူထဲလာေလေပမို႔။ ဂိုေထာင္နား ၁၀ ေပ အလိုတြင္ လူတစ္စံုတစ္ေယာက္ မဝင္လာႏိုင္ေအာင္ စည္းတားထားသလို စြမ္းအားတစ္စံုအား ဘခ္ဟြၽန္း ခံစားမိလိုက္သည္။ ကာရံထားေသာ္ျငား ၄တို႔စြမ္းအားသည္ ေပ်ာ့သည္ထင္၏၊ ဘခ္ဟြၽန္းအတြက္ေတာ့ မနည္းငယ္ပင္ မၿဖံဳေခ်။ တိုးဝင္လိုက္သည္ႏွင့္ ေလၫွင္းခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ တိုးတိုက္မိလိုက္သည့္အလား။

သို႔တိုင္ ဘခ္ဟြၽန္းေျခလွမ္းတို႔က ေရ႔ွသို႔တစ္လွမ္းတိုးလိုက္သည္ႏွင့္ ရုတ္ခ်ည္းပင္ ျမင္လႊာထဲ တန္းတန္းမတ္မတ္ဝင္ေရာက္လာသည္က လူႏွစ္ေယာက္။ ေန့လယ္ခင္းကမွ ေက်ာင္းေခါင္မိုးထပ္တြင္ စီးကရက္ေသာက္ရင္း စကားေျပာေနခဲ့ၾကသည့္ ႏွစ္ေကာင္ျဖစ္သည္။ စည္းအျပင္ဘက္တြင္တုန္းက မျမင္လိုက္ႏိုင္ေသာ္ျငား အထဲေရာက္မွ ေပၚလာပံုအရ ေတာက္ေလ်ွာက္ ရပ္ေစာင့္ေနပံုရသည္။ အဓိကအားျဖင့္ေတာ့ ဂိုေထာင္ထဲတြင္ အီဂ်ူးရိွေသာေၾကာင့္ ဆိုသည္ကို ဘခ္ဟြၽန္းရိပ္မိလိုက္၏။ ထိုႏွစ္ေကာင္သည္လည္း ဘခ္ဟြၽန္းအားျမင္သည္ႏွင့္ သတိအေနအထားေတြပါ ျဖစ္ကုန္ေသာ္ျငား .... ဘခ္ဟြၽန္းအထူးတလည္ မထိတ္လန္႔မိ။ သို႔တိုင္ သူ႔စိတ္ထဲ ထူးဆန္းသည္ဟု ခံစားေနရသည္မွာ မ်က္လံုးေတျြဖစ္သည္။

မ်က္ဆံသည္ အနက္ေရာင္သာ ျဖစ္ဆဲျဖစ္ေသာ္ျငား ပယင္းေရာင္ကဲ့သို႔ေသာ အဝါေရာင္ခပ္ေရာေရာကလည္း ပ်ံ့ႏွံ႔လ်က္။ အၾကည့္တို႔ဟာလည္း ေရေသကန္ႏွယ္ မင္ေသလ်က္၊ သာမန္လူသားတစ္ေယာက္ႏွင့္ လားလားမ်ွမတူ။

ဘခ္ဟြၽန္းတိတ္တဆိတ္ပင္ လက္ထဲဓားကိုျပန္ဆင့္ေခၚလိုက္သည္။ ၄တို႔ေတြ အဘယ္ေၾကာင့္ အီဂ်ူးကို အလိုရိွေနမွန္း ဘခ္ဟြၽန္းမသိေသာ္ျငား အီဂ်ူးသည္သူ႔လူျဖစ္သည္မို႔ ဤအတိုင္းေတာ့ မလႊတ္ထားႏိုင္ေခ်။

လတ္ကနဲ အလင္းတစ္ခ်က္ျပန္ကာ ဘခ္ဟြၽန္းလက္အတြင္း ဝင္ေရာက္လာေသာ ဓားသြားကိုျမင္သည္ႏွင့္ ဘခ္ဟြၽန္းမလႈပ္ရွားရေသးခင္မွာပင္ မ်က္စိေရ႔ွက ႏွစ္ေကာင္သည္ သူ႔ထံေျပးဝင္လာ၏။ ဘခ္ဟြၽန္းေျခလွမ္းတို႔ကို ေနာက္မဆုတ္လိုက္ေခ်။ လက္ထဲကဓားကို မသိစိတ္၏ၪီးေဆာင္မႈႏွင့္အတူ အလ်င္ေျမႇာက္ခ်လ်က္ ေဝ႔ွယမ္းလိုက္ခ်ိန္မွာ မ်က္စိတစ္မိွတ္စာ အခ်ိန္ေလးအတြင္းမွာပင္ ခံစားလိုက္ရသည္က လက္ထဲကဓားက ပိုမိုေလးပင္သြားသလို။

အျဖဴေရာင္အလင္းတန္းတစ္ခ်က္ လတ္သြားၿပီးေနာက္ ႏွစ္ေယာက္အနက္မွ တစ္ေယာက္သည္ ဝမ္းဗိုက္မွေသြးမ်ား တေတာက္ေတာက္ စီးက်လ်က္ရိွကာ က်န္တစ္ေကာင္သည္မူ ေျခလွမ္းတို႔ကို မလဲက်ေစရန္ အရိွန္ထိန္းထားရဟန္။ ဘခ္ဟြၽန္း ဘာျဖစ္သြားသလဲ စဥ္းစား၍မဆံုးေသးခင္မွာပင္ သူ၏ေျမႇာက္ထားရေသာ လက္တစ္ဖက္သည္ အေတာ္ကိုေလးပင္လာကာ ေအာက္သို႔ျပဳတ္က်သည္။

တစ္ဆက္တည္းဆိုသလို ထြက္လာသည္က ၾကမ္းျပင္ႏွင့္ခြၽင္ကနဲ ဆြဲထြက္လာေသာ ဓားသံ။ အလန္႔တျဖတ္ ငံု႔ၾကည့္လိုက္ေတာ့မွ ဘခ္ဟြၽန္းလက္ထဲ ေရာက္ေနသည္ကား အေလးခ်ိန္အေတာ္အတန္စီးသည့္ ႏွစ္ဖက္သြားဓားရွည္တစ္ေခ်ာင္း ျဖစ္ေနမွန္း သိလိုက္ရသည္။ ဓားသြားထက္၌လည္း ရဲရဲနီေစြးလ်က္ရိွေသာ ေသြးမ်ားက ေပက်ံလ်က္သား။

သို႔တိုင္ ဘခ္ဟြၽန္းကိုၾကာၾကာ အံ့ဩခ်ိန္မေပး။ ဝမ္းဗိုက္က အလ်ားလိုက္လ်ွပ္တိုက္ခံထားရေသာ ဒဏ္ရာမွ ေသြးမ်ားတစက္စက္စီးက်ေနေသာ ေကာင္သည္ နာက်င္မႈကို မခံစားရသည့္အလား၊ မ်က္ႏွာတစ္ခ်က္ပင္မပ်က္ဘဲ ဘခ္ဟြၽန္းထံ ေနာက္တစ္ႀကိမ္ တိုးဝင္လာျပန္၏။ ဤတစ္ႀကိမ္တြင္ေတာ့ သာမန္လူတစ္ေယာက္ မစြမ္းေဆာင္ႏိုင္ေသာ အလ်င္မ်ိဳးျဖင့္ ေျပးဝင္လာျခင္းျဖစ္ၿပီး ဘခ္ဟြၽန္းစိတ္ကလည္း အလ်င္အျမန္တံု႔ျပန္မိကာ လက္ႏွစ္ဖက္ျဖင့္ ဓားကိုမႏိုင္မနင္းမရင္း ေနာက္တစ္ႀကိမ္ေဝ႔ွယမ္းလိုက္သည္။

ေလခုကိုတိုးဝင္ၿဖိဳခြဲလာေသာ ရႊမ္း ဟူေသာအသံႏွင့္အတူ တစ္ဖက္ေကာင္သည္ လြင့္ထြက္သြားၿပီးေနာက္ ဘခ္ဟြၽန္းသည္လည္း ဓားအရိွန္ကိုမထိန္းႏိုင္စြာ ခႏၶာကိုယ္ပါတစ္ပတ္လည္ရင္း ဓားထိပ္ဖ်ားခြၽန္သည္လည္း ခြၽင္ကနဲၾကမ္းျပင္ႏွင့္ ေနာက္တစ္ႀကိမ္ ပြတ္ဆြဲမိျပန္သည္။

"ဘယ္လိုျဖစ္တာလဲ ငါေျပာင္းတာ ဒါမဟုတ္ဘူးေလ"

ဘခ္ဟြၽန္းအလန္႔တျဖတ္ ပါးစပ္က ထုတ္ေမးမိၿပီးခ်င္းမွာပင္ ေနာက္ထပ္တစ္ေကာင္သည္ ေျပးဝင္လာျပန္၏။

"ငါေျပာင္းတာ"

မင္ေသေသျဖင့္ထြက္လာေသာ ဓားခုတ္ေကာင္အသံက ဘခ္ဟြၽန္းကို ေဒါသထြက္သြားေစေသာ္ျငား သူဘာမွမလုပ္ႏိုင္ေသး။ မ်က္စိေရ႔ွေျပးဝင္လာေသာ ေနာက္တစ္ေကာင္ကို လြင့္ထြက္ေအာင္ ေဝ႔ွယမ္းၿပီးသည္ႏွင့္ ဓားဖ်ားကိုၾကမ္းျပင္ထံခြၽင္ကနဲထပ္မံ ပစ္ခ်မိကာ ဒူးေပၚလက္ေထာက္ရင္း အေမာေျဖရသည္။ ဓားကိုမႏိုင္ႏိုင္ေအာင္ ကိုင္ေနရသည္ႏွင့္ပင္ ေမာပန္းေနၿပီျဖစ္ေသာ္ျငား တိုက္ခိုက္ေနရေသးသည္မို႔ ပင္ပန္းမႈက စာဖြဲ႔၍ပင္မမွီ။

"ေခြးမသား .......... ငါမႏိုင္ဘူးကြ"

ေလသံသည္ ေဟာဟဲလိုက္ေနရ၍ မပီမျပင္။

"ဒါကငါ့ရဲ့စြမ္းအားအႀကီးဆံုး ပံုစံေတြထဲကတစ္ခုပဲ"

ဓားခုတ္ေကာင္သည္ ဘခ္ဟြၽန္း၏အမိန္႔သေဘာကို လြန္ဆန္ကာ သူ႔သေဘာႏွင့္သူႀကိဳက္ရာ အသြင္ကိုေျပာင္းလဲလိုက္ျခင္းျဖစ္သည္။ ထိုေကာင္သည္ ရံဖန္ရံခါ ထိုသို႔လုပ္တတ္ေလ့ရိွေသာ္ျငား ထိုအခ်ိန္မ်ားတုန္းက ေလ့က်င့္ဆဲအခ်ိန္မ်ားသာျဖစ္ၿပီး အမ်ားစုဟာလည္း ေပါ့ေပါ့ပါးပါးအသြင္မ်ားသာ။ အရွင္းဆံုးဆိုရေသာ္ ဤကဲ့သို႔အသြင္႑ာန္ ႏွစ္ဖက္သြားဓားရွည္ကို ဘခ္ဟြၽန္း တစ္ႀကိမ္တစ္ခါမ်ွ မေလ့က်င့္ဖူးသည့္အားေလ်ာ္စြာ ထိန္း၍လည္း မႏိုင္ပါေခ်။

"ပံုစံေတြထဲကတစ္ခုဆိုေတာ့ ........ မင္းမွာ ဘယ္ႏွခုမ်ား ရိွေနလို႔လဲ"

ဘခ္ဟြၽန္းအေမးစကား ဆိုေနစဥ္မွာပင္ မ်က္စိေရ႔ွရိွ အလဲလဲအၿပိဳၿပိဳျဖစ္ေနေသာ ႏွစ္ေကာင္သည္ ျဖည္းျဖည္းခ်င္းထရပ္လာ၏။ ေသြးမ်ားသည္ တစ္စက္ခ်င္းစီးက်ေနရာမွ တျဖည္းျဖည္း ေသြးအိုင္သည္အထိ မ်ားျပားလာၿပီျဖစ္ေသာ္ျငား ထိုေကာင္သည္မူ အားယုတ္ေလ်ာ့မႈပင္မရိွ၊ နာက်င္မႈကိုလည္း မသိနားမလည္သည့္အလား ဘခ္ဟြၽန္းကိုသာအၾကည့္မလႊဲ စူးစိုက္ၾကည့္လ်က္ ျဖည္းျဖည္းခ်င္းထရပ္လာၾကသည္။

"ခ်ီး ဒီေကာင္ေတြက ဇြန္ဘီေတြလား"

အေမးႏွင့္အတူ ဘခ္ဟြၽန္း ၾကမ္းျပင္ကိုေထာက္ထားေသာ ဓားအဖ်ားခြၽန္ကို အားတင္းကာ ဆြဲမရင္း ဓားၪီးဖ်ားကို ထိုႏွစ္ေကာင္ထံ ၪီးၫႊန္လိုက္သည္။ သံုးႀကိမ္သာ လႊဲယမ္းရေသးေသာ ဘခ္ဟြၽန္းလက္မ်ားက အင္အားမက်န္ေတာ့သည့္အလား တဆတ္ဆတ္တုန္ရီလ်က္၊ ဓားဖ်ားသည္လည္း မၿငိမ္ဘဲ ယိမ္းယိုင္ေနလ်က္။

ဘခ္ဟြၽန္း၏ေလွာင္ရယ္စရာေကာင္းေနေသာ ပံုစံေၾကာင့္ ဇြန္ဘီႏွစ္ေကာင္အနက္မွ တစ္ေကာင္သည္ ရုတ္ခ်ည္းပင္ ပထမဆံုးေသာ မ်က္ႏွာထက္အမူအရာကို ထုတ္လွစ္ျပလာ၏။ ႏႈတ္ခမ္းေထာင့္စြန္းသည္ လွစ္ကနဲပင့္တက္သြားၿပီး ၿပံဳးလာျခင္းျဖစ္သည္။ သို႔တိုင္ အၿပံဳးဟုမခံစားရသည္အထိ ေက်ာခ်မ္းမႈခံစားခ်က္ကိုသာေပးသည္။ နဂိုခႏၶာကိုယ္၏ ပံုစံႏွင့္ မတူစြာပင္ ကြဲထြက္ေနေသာ အၿပံဳးမ်ိဳး၊ ဘခ္ဟြၽန္းအတြက္ တရင္းတႏွီးရိွေနေသာ အၿပံဳးမ်ိဳး၊ ဘယ္အခ်ိန္ေတြမွာ ျမင္ဖူးသလဲ ဘခ္ဟြၽန္းမမွတ္မိသည့္တိုင္ ရိပ္မိသေလာက္ေတာ့ရိွၿပီးျဖစ္၏။ ထိုအၿပံဳးႏွင့္လူသည္ ဘခ္ဟြၽန္းထံစူးစိုက္ၾကည့္ရင္း ေျပာလာ၏။

"မင္း အဲ့ဒီဟာကိုေတာင္ မႏိုင္ဘဲ ငါ့ကိုအႏိုင္တိုက္မလို႔လား"

ေသခ်ာေပါက္ေတာ့ ဘခ္ဟြၽန္းရင္ဆိုင္ေနရသည္က ႏွစ္ေယာက္သာျဖစ္ေသာ္ျငား ထိုလူသံုးသြားသည့္ေလသံအရ တစ္ၪီးဆိုင္နာမ္သာျဖစ္သည္။ ဘခ္ဟြၽန္းအေတြးတို႔ လံုးလည္ခ်ာလည္ရိုက္ေနစဥ္မွာပင္ သူ႔စိတ္ထဲကအသံတစ္သံက တိုးထြက္လာ၏။

"သူတိုက္မွာမဟုတ္ဘူး။ ဒီသခင္ႀကီးက ကိုယ္တိုင္တိုက္မွာ"

အေျပာဆံုးသည္ႏွင့္ ဘခ္ဟြၽန္းလက္ထဲက ဓားသည္လြတ္ထြက္ကာ ပ်ံေျပးသြားသည္မွာ ဘခ္ဟြၽန္းကိုအားမကိုးေတာ့ဘူး ဟု ဆိုလိုက္သည့္အလား။

"နမ္အီဂ်ူးကို ျမန္ျမန္သြားရွာ !"

ေအာ္ေျပာလာေသာ ဓားခုတ္ေကာင္သည္ မ်က္စိႏွင့္ပင္ မျမင္ရႏိုင္ေသာ အလ်င္မ်ိဳးျဖင့္တိုက္ခိုက္ေနျခင္းျဖစ္ၿပီး အံ့ဩဖို႔ေကာင္းစြာပင္ ထိုႏွစ္ေကာင္သည္ကလည္း လက္ဗလာႏွင့္ပင္ ခုခံေနႏိုင္သည္။ ဘခ္ဟြၽန္းလည္း ေနာက္ဆံုးတစ္ႀကိမ္ ေသခ်ာေအာင္ၾကည့္ၿပီးသည္ႏွင့္ ဆက္ေတြးမေနေတာ့ဘဲ ဂိုေထာင္အေနာက္ဘက္ တရိွန္ထိုးေျပးလာလိုက္သည္။

"ခ်န္း"

အေစာပိုင္းအခ်ိန္မ်ားကတည္းက ေခၚသင့္မေခၚသင့္ ေတြေဝေနေသာ ဘခ္ဟြၽန္းစိတ္ေလးသည္ ယခုအခက္အခဲေအာက္တြင္ က်ိဳးပဲ့သြားေတာ့သည္။ အီဂ်ူးေပ်ာက္သြားသည္ကို သိလိုက္ရကတည္းက ခ်န္းကိုအားကိုးဖို႔ရန္ ေတြးမိလိုက္ေသာ္ျငား တတ္ႏိုင္သေလာက္ မိမိဘာသာ ေျဖရွင္းလိုျခင္းျဖစ္သည္။ သို႔တိုင္ ယခုေတြ့လိုက္ရေသာ ပံုစံမ်ားက ေသးေသးမႊားမႊားမ်ား မဟုတ္မွန္းသိသာေနသည္။ ေသခ်ာေတြးၾကည့္ေတာ့မွ သိပ္ေတာ့လည္းမထူးဆန္း။ အီဂ်ူးကဲ့သို႔ေသာ ပထမအဆင့္က်ားတစ္ေကာင္အား ဖမ္းခ်ဳပ္သြားရန္ဆိုသည္မွာ ပထမအဆင့္ထက္ပင္ ျမင့္ေနႏိုင္သည္မို႔။ ထိုသို႔ေတြးမိလိုက္သည္ႏွင့္ ဘခ္ဟြၽန္းအလ်င္လိုစြာပင္ ႏႈတ္ခမ္းက တစ္ေယာက္ေသာသူ၏နာမည္ကို ေနာက္တစ္ႀကိမ္ထြက္က်သည္။

"ခ်န္း"

သို႔ေသာ္ ခ်န္းေယာလ္သည္ မည္သည့္ေနရာတြင္မွ ေပၚမလာေခ်။ ဘခ္ဟြၽန္းေခါင္းေျခာက္သြားသည္။

စိတ္ဆိုးေနေသးတာမ်ားလား

"ခ်န္း အီဂ်ူးဒုကၡေရာက္ေနတယ္ထင္တယ္"

ေလသံသည္အလ်င္စလို စိုးရိပ္မ်ားသန္းေနေသာ္ျငား ပတ္ပတ္လည္ကေလထုသည္မူ တစ္ခ်က္ပင္မေျပာင္းလဲသြားပါေခ်။ ခ်န္းေယာလ္သည္ ေပၚလာမည့္အရိပ္အေယာင္မရိွသည့္အလား။ ဘခ္ဟြၽန္းငိုခ်ခ်င္သြားသည္။

ဒီအခ်ိန္ႀကီးက်မွ ဟူေသာ အေတြးကစိုးမိုးလာေသာ္ျငား ေျခလွမ္းတို႔ကိုမရပ္တန္႔ဘဲ ပိုမိုအရိွန္တင္ကာ ေျပးသြားလိုက္ေတာ့ ဂိုေထာင္ဝင္ေပါက္ကိုေတြ့ရသည္။ မဲေမွာင္ေနဟန္ရိွေသာ္ျငား ဘခ္ဟြၽန္းတြန္႔ဆုတ္မေနဘဲ ေျပးဝင္သြားလိုက္ေတာ့ ျမင္လိုက္ရသည့္ ျမင္ကြင္းက ဘခ္ဟြၽန္းကိုခဲေသသြားေစသလို။

"ခ်န္း ?"

ေနာက္ေက်ာျပင္သာျမင္ရေသာ္ျငား ေတာင့္တင္းခိုင္မာေနပံုအျပင္ ဘခ္ဟြၽန္းေန့စဥ္ရင္းႏွီးေနက်ျဖစ္သည္မို႔ ခ်န္းေယာလ္မွန္း ႏွစ္ခါေတြးေနစရာပင္မလိုလိုက္ေခ်။ ခ်န္းေယာလ္သည္ တစ္စံုတစ္ေယာက္အား လည္ပင္းၫွစ္ေန၏။ ေက်ာျပင္ႂကြက္သားမ်ား တင္းေနပံုအရ အားအေတာ္အတန္သံုးထားဟန္ျဖင့္။ နံေဘးတြင္လည္း ၾကမ္းျပင္ေပၚ ပံု႔ပံု႔ေလး လဲက်ေနသည္က ေရႊဝါေရာင္ ဆံပင္မ်ားႏွင့္ ေကာင္ေလးတစ္ေယာက္ရိွေနၿပီး ျဖစ္ပ်က္ေနသမ်ွကို အသိမရိွစြာ ေမ့ေျမာေနလ်က္။

ဘခ္ဟြၽန္း၏အသံေၾကာင့္ထင္၏၊ ခ်န္းေယာလ္လက္မ်ားအတြင္း အခ်ဳပ္ခံထားရေသာသူသည္ ခ်န္းေယာလ္သတိလစ္ဟင္းသြားသည္ကို အျပည့္အဝအသံုးခ်ကာ ရုန္းကန္ေရွာင္ထြက္ရင္း မ်က္စိျဖင့္လိုက္မမွီေသာအရိွန္ျဖင့္ ေျပးထြက္သြား၏။ ခ်န္းေယာလ္သည္ ေျပးလိုက္ေသာ္ျငား တစ္ေနရာအေရာက္တြင္ တိကနဲရပ္ကာ အေနာက္ကိုေျခလွမ္းအျမန္ျပန္ဆုတ္သည္။

အဘယ္ေၾကာင့္မူ ထိုေျပးလႊားသြားေသာ ခႏၶာကိုယ္သည္ ေပါက္ကြဲထြက္သြားေသာေၾကာင့္ျဖစ္သည္။ သို႔တိုင္ မည္သည့္အသားအစအနမ်ား ထြက္မလာဘဲ အဝတ္အစားမ်ားသာ က်န္ခဲ့ၿပီး ဘခ္ဟြၽန္း အလ်င္အျမန္အနားတိုးကပ္ၾကည့္မွသာ အဝတ္မ်ားေအာက္မွ တြန္႔လိမ္ထိုးထြက္လာေသာ ေႁမြအေကာင္ေရမ်ားကို ေတြ့ရေတာ့သည္။ ဆယ္ေကာင္ပင္မကေလာက္ပါေခ်။ ျမင္ရသည္မွာ ေက်ာခ်မ္းစရာေကာင္းသည္ႏွင့္ ဘခ္ဟြၽန္းေျခလွမ္းတို႔ အလ်င္အျမန္ျပန္ဆုတ္လိုက္သည္။

သိပ္မၾကာခင္မွာပင္ ထိုေႁမြသိုက္ကဲ့သို႔ျဖစ္ေနေသာ ေနရာအပံုလိုက္ကို ေတာက္ေလာင္သြားေသာမီးေတာက္ ခပ္ရဲရဲေၾကာင့္ ဘခ္ဟြၽန္းအၾကည့္ကို လန္႔ျဖတ္စြာ ခ်န္းေယာလ္ထံပို႔လိုက္မိသည္။ ခ်န္းေယာလ္သည္ မည္သၫ့္အခ်ိန္ကမွန္းမသိ ဘခ္ဟြၽန္းကိုစိုက္ၾကၫ့္ေနလ်က္။ အၾကၫ့္မ်ားသည္ အဓိပၸာယ္ဖတ္မရ၊ ေအးခဲေနလ်က္။ မ်က္ေမွာင္ၾကဳတ္ေနသည္လည္းမဟုတ္၊ ဘခ္ဟြၽန္းကို ေနရထိုင္ရက်ဥ္းက်ပ္လာေစသည့္ အၾကည့္မ်ိဳး။

"ခ်န္း ..... ဒီကိုဘယ္လိုေရာက္ေနတာလဲ"

ျပႆနာအေထြေထြကို မည္သို႔မည္ဖံု ျဖစ္သြားရသလဲ ေမးခြန္းမ်ား တန္းစီထုတ္ခ်င္ေနေသာ္ျငား ခ်န္းေယာလ္၏ပံုစံေၾကာင့္ ဤစကားသာ ပါးစပ္ကထြက္လာသည္။ အသံကလည္း ခပ္တိုးတိုး။ သို႔တိုင္ ခ်န္းေယာလ္သည္ ျပန္မေျဖ၊ မ်က္ခံုးတန္းမ်ားသာ တြန္႔ကနဲႀကံဳ႔သြားၿပီး စူးစိုက္ၾကည့္ေနၿမဲ။ ဘခ္ဟြၽန္းအၾကည့္လႊဲကာ ေခါင္းငံု႔ခ်လိုက္သည္။

"........... ကြၽန္ေတာ္ ....... ျပႆနာကဒီေလာက္ထိ ႀကီးသြားလိမ့္မယ္လို႔ မထင္ခဲ့မိလို႔ပါ"

ဘခ္ဟြၽန္းအသံသည္ တျဖည္းျဖည္း တိုးသထက္တိုးလာသည္။ အမွားက်ူးလြန္မိထားေသာ အျပစ္သားတစ္ၪီးကဲ့သို႔။

အသက္ပင္ မရူရဲေလာက္ေအာင္ ဖိအားမ်ားလာသည့္အခ်ိန္မွာပင္ ခ်န္းေယာလ္ထံမွ သက္ျပင္းခ်သံကိုၾကားလိုက္ရသည္။

"ဒီနားလာ"

မၾကားရတာ သံုးေလးရက္မ်ွသာရိွေသးေသာ ခ်န္းေယာလ္၏အသံသည္ ခါတိုင္းထက္ပိုဩေနသလို။ ဘခ္ဟြၽန္းတစ္ခြန္းမွမဆိုဘဲ အနားကိုတိုးကပ္သြားလိုက္ေတာ့ ခ်န္းေယာလ္သည္ စိတ္မရွည္စြာ လက္ေမာင္းကေန အနားကိုဆြဲယူသည္။

"ဘယ္နားထိခိုက္သြားေသးလဲ"

အေမးႏွင့္အတူ လက္တစ္ဖက္ကလည္း စမ္းသပ္လာ၏။ ဘခ္ဟြၽန္းေခါင္းခါျပလိုက္သည္။ ခ်န္းေယာလ္သည္ သူ၏လက္ကိုလႊတ္ခ်လိုက္ရင္း အသာဆိုလာ၏။

"ဘာလို႔ငါ့ကိုအေစာကတည္းက မေျပာတာလဲ"

ဘခ္ဟြၽန္းႏႈတ္ခမ္းအသာေစ့မိသြားသည္။ ေမးသည့္ပံုစံအရ ေရ႔ွရက္မ်ားကတည္းက ဘခ္ဟြၽန္းဤအေျခအေနကို ႀကံဳေတြ့ေနရမွန္း သိေနသည္ဟူေသာ အရိပ္အေယာင္မ်ားျဖင့္။ တမင္တကာ ဘခ္ဟြၽန္း၏အကူအညီေတာင္းခံလာမည္ကို ထိုင္ေစာင့္ၾကည့္ေနသည့္အလား။ ဤသို႔ႏွင့္ ဘခ္ဟြၽန္းလည္း အနားတြင္ အရာရာကိုအစီရင္ခံတင္ျပေနသည့္ သစၥာေဖာက္တစ္ေကာင္ရိွေနမွန္း ရိပ္မိလိုက္သည္။

နံေဘးတြင္လဲက်ေနေသာ အီဂ်ူးလူအသြင္ထံ တစ္ခ်က္ေစာင္းငဲ့ၾကည့္ၿပီး ထိုကေလးမဟုတ္မွန္း အလိုလိုသိလိုက္မိသည္ႏွင့္ ေနာက္က်န္သည့္သစၥာေဖာက္ဟူသည္ကား တစ္ေကာင္သာက်န္ေတာ့သည္မို႔။

ဓားခုတ္ေကာင္။

"သူမ်ားကိုလိုက္ၾကည့္မေနဘဲ ေမးတာေျဖ"

ဘခ္ဟြၽန္းမ်က္လံုးစံုမိွတ္ကာ စိတ္ထဲ၌ ဓားခုတ္ေကာင္၏ မ်ိဳးရိုးစဥ္ဆက္ ဘိုးေဘးဘီဘင္ အဆက္ဆက္ကို ရစရာမရိွေအာင္ ၪီးစြာဆဲေရးလိုက္သည္။

"ကြၽန္ေတာ့္ဘာသာ ေျဖရွင္းႏိုင္မယ္ထင္လို႔"

ဘခ္ဟြၽန္းအသံသည္ အမွားပါသြားမည္ကို စိုးရိမ္ေနသည္မို႔ ခပ္ျဖည္းျဖည္း ခပ္ေနွးေနွးသာ။

"မင္းကငါ့ကိုမယံုေတာ့တာပဲလား ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈလြန္ကဲသြားတာပဲလား"

ခ်န္းေယာလ္ေလသံသည္ ခပ္ဆတ္ဆတ္။

"မဟုတ္ဘူး !"

ထိုလူ၏စကားက ဘခ္ဟြၽန္းအား အလိုအေလ်ာက္ လ်င္ျမန္စြာ တံု႔ျပန္မိသြားေစသည္။ သူယံုၾကည္မႈလြန္ကဲေနတာလည္း မဟုတ္သလို ခ်န္းေယာလ္ကို အထင္ေသးတာလည္းမဟုတ္ပါေခ်။ ဒီတိုင္း ....

"ဒီအတိုင္း ကြၽန္ေတာ္ ကိုယ့္အားကိုယ္ကိုးခ်င္ရံုပါ"

ခ်န္းေယာလ္သည္ မ်က္ခံုးတစ္ဖက္ပင့္ရံုသာတံု႔ျပန္သည္။ ဘခ္ဟြၽန္းသူ၏ အေၾကာင္းျပခ်က္က မခိုင္လံုေသးသလို ခံစားရကာ ထပ္မံျဖည့္စြက္ေျပာမိသည္။

"မဟုတ္ရင္ ကြၽန္ေတာ္ ခ်န္းအတြက္ အားနည္းခ်က္ျဖစ္ေနၪီးမွာ"

တစ္ဖက္သူ၏သံသယကို တိုက္ဖ်က္ခ်င္ေဇာအားႀကီးစြာ ဘခ္ဟြၽန္းေလသံသည္ ေနွးတံု႔မေနေတာ့။ ခ်န္းေယာလ္သည္ တံု႔ျပန္လာ၏။

"အဲ့ဒီေတာ့ အေဆာင္ေနရတဲ့အဓိကအေၾကာင္းျပခ်က္က ဒါျဖစ္ေနတာလား"

"အဲ့ဒီလိုမဟုတ္ ....."

မဟုတ္ဟုသာဆိုလိုက္ေသာ္ျငား မသိစိတ္ထဲ ကိန္းေအာင္းေနသည့္ ရည္ရြယ္ခ်က္အမွန္ကို သတိျပဳမိသြားေတာ့ ဘခ္ဟြၽန္းဆက္လက္ မတံု႔ျပန္ႏိုင္ေတာ့။ ခ်န္းေယာလ္သည္ အၾကည့္လႊဲသြားသည္။ ဘခ္ဟြၽန္းေျခာက္ေသြ့ေနသၫ့္ ႏႈတ္ခမ္းပါးတို႔ေၾကာင့္ လ်ွာတစ္ခ်က္သပ္ကာ လက္ကလည္း ခ်န္းေယာလ္လက္ဖဝါးတို႔အား ဆြဲယူမိသည္။

"အဲ့လိုလည္း ေျပာလို႔ရေပမယ့္ ကြၽန္ေတာ္က တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ဆိုတဲ့ သေဘာနဲ႔ -"

"ေတာ္ၿပီ ဘခ္ဟြၽန္း"

ခ်န္းေယာလ္သည္ သူဆြဲကိုင္ထားေသာလက္အား အသာရုန္းဖယ္သြားသည္။ ဘခ္ဟြၽန္းျပန္လည္ဆြဲယူခ်ိန္မရလိုက္။

"ၾကၫ့္ရတာ ငါမင္းကိုအလိုလိုက္တာမ်ားသြားတဲ့ပံုပဲ၊ အခုခ်က္ခ်င္းအိမ္ျပန္ဖို႔လုပ္ေတာ့"

​ေျပာၿပီးသည္ႏွင့္လွည့္ထြက္သြားေသာ ခ်န္းေယာလ္၏ေက်ာျပင္က်ယ္ကိုၾကၫ့္ရင္း ဘခ္ဟြၽန္း ပထမဆံုးအႀကိမ္ ကူကယ္ရာမဲ့မႈကို ခံစားလိုက္ရသည္။

_______•°•°•°•

Wuwuwuwu ထိပ္စီး ၅၀ ေလးျပည့္ဖို႔ကို ရုန္းကန္လိုက္ရတာ TwT

Continue Reading

You'll Also Like

Always By 𐤀

Fanfiction

19.9K 2.6K 7
Why not me? Season 2 Start -22.10.23 End-?
91.1K 4.3K 43
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
529K 104K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
43.7K 11.8K 43
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥