ချစ်​သော.......

By Selenemoon945

160K 3.3K 339

🥀🥀🥀အတိတ်ကကိစ္စ​တွေ​ကြောင့်​ဘ​ဝကိုတိတ်တိတ်​လေးဖြတ်သန်း​နေရတဲ့​"ကြာရိပ်ချို " ဟာသူ​ကျောင်းတုန်းက တစ်ဖက်သတ်ချ... More

ချစ်​သော...... Part -1
Part (2)
Part (3)
Part(4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part(11)
Part (12)
Part (13)
Part (14)
Part (15)
Part (17)
Part (18)
Part (19)
Part(20)
Part (21)
Part (22)
Part (23)
Part 24
တောင်းပန်စာ
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Final
🤍

Part(16)

4.6K 109 9
By Selenemoon945

                                  အပိုင်း(16)

မ​နေ့ညကထိ ရိပ်​ နေလို့​နေလို့မ​ကောင်းပေမယ့် ညက ထက်က ကိုယ့်ပေါ်နွေး​ထွေး​ပေးလို့လားမသိ......မနက်တည်းက စိတ်​ရော လူ​ရော လန်းဆန်းနေသည်။ထက်က  ​နေမ​ကောင်း​သေးပဲ  ရိပ်ကိုမလိုက်နဲ့ဆို​သော​ကြောင့်  မနက်စာအတူစားပြီးတာနဲ့ ထက်က Company သို့သွားသည်။ရိပ်က အိမ်မှာလဲပျင်း​နေတာနဲ့ လိုအပ်တာ​တွေဝယ်ရ​အောင် Shopping ထွက်လာခြင်းဖြစ်သည်။

​စျေးထွက်မဝယ်ဖြစ်တာကြာ​တော့  လိုအပ်တာ​တွေများ​နေ​သော​ကြောင့် ရိပ်တစ်ခုချင်း စီစစ်ပြီး ဝယ်​နေလိုက်​တော့သည်။

ဗုန်း..........

"အမ​လေး........"

ရိပ် ​ငေးပြီးလျှောက်လာလိုက်တာ လူတစ်​ယောက်နှင့်တိုက်မိတဲ့အထိပါပဲ........။

"ရရဲ့လား......ကျ​တော်​တောင်းပန်ပါတယ်......ကျ​တော်မမြင်လိုက်လို့ပါ........."
ရိပ်ကဝင်တိုက်​တာဆို​ပေမယ့် သူကချည်း​တောင်းပန်​နေ​သော​ကြောင့် ​မော့ကြည့်လိုက်​တော့  အရပ်ရှည်ရှည် အသားညိုညိုနှင့်  ရှပ်အကျီအဖြူကို ခါးထည့်ပြီး စတိုင်​ဘောင်းဘီကိုတွဲပြီူဝတ်ဆင်ထား​သော​ကောင်​လေး...........​ချောတာမှန်​ပေမယ့်...ထက်နဲ့တိုက်မိတုန်းကလို​တော့ ရိပ် ရင်မခုန်။

"ဟင်.....ကြာရိပ်ချိုမဟုတ်လား.......ငါ  ထူးမြတ်ပိုင်​လေ....နင်မမှတ်မိဘူးလား.......နင်​ကျောင်း​ပြောင်းသွားတည်းက ငါဆက်သွယ်ကြည့်​သေးတယ် နင်ငါ့ကိုကူညီထားတဲ့ ​ငွေပြန်ဆပ်မယ်ဆိုပြီး.....ဟင်းဟင်း......."

ရီ​မောလျက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ  ပါးချိုင့်​ပေါ်​အောင်ပြုံးလိုက်​တော့မှ  ရိပ် မှတ်မိသွား​တော့သည်။

"ဟယ်.....နင်......ငါမှတ်မိပြီ.....နင်ဘယ်လိုလုပ် ​မိုးကုတ်ကို​ရောက်​နေတာလဲ.......ငါက​ကျောင်း​ပြောင်းပြီးတည်းက ဒီမှာပဲအ​ခြေကျ​နေတာ....နင်​ရော......"

ငယ်ငယ်က တစ်ခန်းတည်းတူတူစာသင်ခဲ့ရတဲ့ ပါးချိုင့်နဲ့​ကောင်​လေး။သူ့အ​​ဖေက သူငယ်ငယ်တည်းကဆုံးပါးသွားပြီး  သူ့အ​မေကပဲရှာ​ဖွေပြီး ​ကျောင်းထား​ပေးတာ​​ကြောင့် စာသိပ်ကြိုးစားလို့ ရိပ် သတိထားမိခဲ့သည်။ဆင်းရဲလို့ဆိုပြီး  သူငယ်ချင်း​တောင် သိပ်မရှိလို့  မုန့်စားဆင်းချိန်​တွေဆို  တစ်​ယောက်တည်းပဲ ထမင်းဘူး​လေးဖွင့်စား​နေခဲ့တာ။မှတ်မှတ်ရရ  တစ်​နေ့ သူ့အ​မေ အသည်းအသန်ဖြစ်လို့ ​ဆေးရုံကိုတန်းသွားရမှာမို့  ​ကျောင်းအဝနားမှာထိုင်ငို​နေလို့  ရိပ်မှာပါလာတဲ့ ပိုက်ဆံ အကုန်ထုတ်​ပေးလိုက်သည်။အစက လက်မခံ​ပေမယ့်  သူ့​အ​မေအ​ခြေ​နေက ဆိုးသည်ဆို​သော​ကြောင့် လက်ခံခဲ့သည်။ဒါ​တောင် ငါရ​အောင်ပြန်ဆပ်မယ်လို့ ​ပြော​သေးသည်။ထို​နေ့က  မိုးနဲ့အတူ နား​နေခန်းမှာအဝတ်သွားလဲတဲ့​နေ့ဖြစ်သည်။ မိုး​တောင်  သူ့ကို ရိပ်နဲ့အတူတူကူညီလိုက်​သေးသည်။အဖြစ်အပျက်​တွေက တိုက်ဆိုင်လွန်းလှသည်။ပြန်စဥ်းစားကြည့်​တော့  အချိန်​တွေဟာ အ​တော်ကြာခဲ့ပြီ။မိုးကိုလုပ်ကြံခဲ့တဲ့ တရားခံကိုရှာဖို့ဆို သူငယ်ချင်း​ဟောင်းနဲ့ပြန်​တွေ့တာလဲ အကူအညီဖြစ်​လောက်သည်မဟုတ်လား။

"နင်အချိန်ရလား......ငါတခုခုလိုက်​ကျွေးမယ်​​လေ....."

စဥ်းစား​နေတုန်း ထူးမြတ်ပိုင်မှ ဝင်​ပြောလိုက်သည်။

"အင်း....ငါလား ရပါတယ် .....ဒီနားကတဆိုင်ဆိုင်သွားကြမယ်​လေ  ငါလဲ နင့်ကို​မေးစရာ​လေး​​တွေရှိလိူ့......"

ထို့​နောက် ရိပ်နှင့်ထူးမြတ်ပိုင်တို့  ​ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်။

"ကြာရိပ်ချို.....ငါ​မေးချင်တာ​တွေ​မေးလို့ရမလား......"

ထူးမြတ်ပိုင်ကပဲ စကားစလိုက်သည်။ထူးမြတ်ပိုင် ဘာ​တွေ​မေးမလဲဆိုတာ ရိပ်​တွေးကြည့်တာနှင့်သိပါသည်။

"အင်း.....နင်ဘာ​တွေသိချင်လဲ ငါသိပါတယ် .......​မေးပါ ရပါတယ်......"

ဒီအ​ကြောင်း​တွေကိုအစပြန်မ​ဖော်ချင်​ပေမယ့် အဖြစ်မှန်ကိုသိရဖို့ဆိုရင် ဒီလိုအစ​ဖော်မှသာ ရ​တော့မည်။

"နင်နဲ့မိုးမြင့်စံ.....ဘာ​တွေဖြစ်ကုန်တာလဲ.....မျက်စိ​ရှေ့တင် အ​ဖြစ်အပျက်​တွေက ငါ​တောင်မယုံနိုင်ဘူး.....နင်မလုပ်ဘူးဆိုတာ​တော့ ငါယုံတယ်....နင်ကအဲ့လိုလူမျိုးမှမဟုတ်တာ......နင်​ရော  ​နောက်ကွယ်ကဘယ်သူဆိုတာ သိလား....."

စားပွဲထိုး​လေး လာချ​ပေးတဲ့​ကော်ဖီတစ်ခွက်ကို  တစ်ငုံ​သောက်ရင်း သိချင်တာကို ထူးမြတ်ပိုင် ​မေးလိုက်​တော့သည်။

"ငါ​သိရင် ငါ့ဘဝဒီလိုဖြစ်​နေပါ့မလားဟာ......​ကျောင်းကလဲ တာဝန်မယူ​ပေး​တော့ လူ​တွေအားလုံးက ငါပဲထင်​နေကြတာ...ငါဒီကိစ္စကိုစုံစမ်းဖို့ ​တွေး​နေတာ....နင်နဲ့​တွေ့တာ အ​တော်ပဲ........နင်​ရော ဘာ​တွေလုပ်​နေလဲဟင်... မိုးကုတ်ကိုလာတာက​ရော ဘာကိစ္စလဲ....."

"ငါ အခုရဲမှူး ဖြစ်​နေပီဟ......တာဝန်ကျလို့  မိုးကုတ်ကို​ပြောင်းလာတာ.....ငါစုံစမ်း​ပေးမယ်​လေ ဒီကိစ္စကို...နင်နဲ့မိုးမြင့်စံ ကူညီခဲ့တဲ့ ​ငွေအစား  နင့်သိက္ခာနဲ့ မိုးမြင့်စံအတွက် အမှန်တရားကို ငါပြန်ရှာ​ပေးမယ်........"

ထူးမြတ်ပိုင်က ရဲအရာရှိတစ်​ယောက်ဖြစ်​နေတဲ့အပြင် စုံစမ်း​ပေးမယ်ဆို​သော​ကြောင့်  ရိပ်​ ​ပျော်ပါသည်။ဘာပဲဖြစ်ဖြစ် ဒီအထင်လွဲမှုကိုရှင်းရမည်။.....အထူးသဖြင့် ထက်စိတ်ထဲက အရာ​တွေ​ကို​ပေါ့။

ထက်တစ်​ယောက်  ​ရိပ်ကို နေမ​ကောင်းလို့အိမ်မှာထားခဲ့ရ​ပေမယ့် အိမ်မှာ တစ်ခုခုဖြစ်​နေမှာလဲစိတ်ပူ​နေတာ​ကြောင့် အလုပ်ထဲတွင်ပင် စိတ်မ​ရောက်​တော့ပါ။သူ့ဘက်က ဘယ်လိုပဲထင်ထင် ဖုန်းဆက်ကြည့်ရန် ရိပ်၏ဖုန်းနံပါတ်​လေးကို နှိပ်လ်ုက်သည်။

ချက်ချင်းမကိုင်ပဲ အနည်းငယ်ကြာ​နေ​သော်လည်း ဖုန်းထဲက သူ့အသံ​လေးကြားလိုက်ရပြန်​တော့ အနည်းငယ် စိတ်အေးရသည်။

"ဟယ်လို......ထက် ​ပြော​လေ......."

"အိမ်မှာလား.......သက်သာရဲ့လား......ည​နေ ဘာစားချင်လဲ  ဘာဝယ်လာ​ပေးရမလဲ......"

ဒီလိုအလိုက်သိပြန်​တော့  ရိပ်မှာ ဒီအမျိုးသားကို ပိုချစ်ရပြန်သည်။

"အိမ်မှာမဟုတ်ဘူး....ရိပ် ဝယ်စရာ​လေး​တွေရှိ​နေလို့  အပြင်ထွက်လာတာ  ငယ်သူငယ်ချင်းတစ်​ယောက်နဲ့​တွေ့လို့  စကား​ပြော​နေကြတာ....ခဏ​နေ အိမ်ပြန်​​​တော့မှာ.....ဘာမှဝယ်မလာနဲ့​တော့​လေ....."

"​အော်.....ငယ်သူငယ်ချင်းနဲ့လား.....ဟုတ်ပီ​လေ ​စော​စောပြန်ဦး......ကိုယ်လဲ ​စော​စောပြန်ခဲ့မယ်......."

ဖုန်းချလိုက်​ပေမယ့်  ငယ်သူငယ်ချင်းက ဘယ်သူလဲသာ​ စဥ်းစား​နေမိ​တော့သည်။​မေးလိုက်ပြန်ရင်လဲ  အရမ်းသိချင်ရာကျ​နေမှာစိုး၍  ကိုယ့်သိက္ခာလဲ ကိုယ်ထိန်းရ​သေးသည်။ကိုယ်က  မုန်းပါတယ်လို့ ​ကြွေး​ကြော်ထားသူ မဟုတ်လား။

တစ်ဖက်တွင် ......

"ထက် ဟုတ်လား.....ဘယ်သူလဲ....."

ပြုံးစိစိနဲ့​မေးလာတဲ့  ထူးမြတ်ပိုင်​ကြောင့်  ရိပ်မှာ အနည်းငယ်​ရှက်ရပြန်သည်။

"အင်း  ဟုတ်တယ်.... ငါ့အမျိုးသား......."

"ငါသိတဲ့  ထက် ​​တော့မဟုတ်ပါဘူး​​နော်......."

"နင်ထင်​နေတဲ့  ထက်ပဲ......​နောက်မှ ငါအ​ကြောင်းစုံရှင်းပြ​တော့မယ်.....ခုက  ငါပြန်​တော့မယ်​နော် အိမ်မှာလုပ်စရာ​လေး​တွေရှိ​သေးလို့.... နင့်ဖုန်းနံပါတ်​ပေးထားဦး......."

ထူးမြတ်ပိုင်၏ဖုန်းနံပါတ်ကို ယူလာတာ အိမ်သို့  ပြန်လာလိုက်​တော့သည်။ထက်  သိချင်​နေတဲ့ တရားခံကို  ရိပ်ရ​အောင်​ဖော်ထုတ်မှာပါ ထက်......ရိပ်ဟာ  ထက် ထင်​နေသလိုမဟုတ်ဘူးဆိုတာလဲ  သိ​စေချင်​သေးသည်။

ရိပ် အိမ်​ရောက်​တော့ ​ရေမိုးချိုးပြီး  ထက်အတွက် ထမင်းဝိုင်းပြင်ထားကာ  company က အလုပ်​တွေကို ပြန်စီစစ်​နေ​တော့သည်။

"​နေမ​ကောင်းရင် နားပါ....အလုပ်က ​နောက်မှလုပ်လဲရတယ်.... "

​ရောက်လာတာနှင့် ပွစိပွစိလုပ်​နေ​သောထက်ကို ကြည့်ပီး ရီမိပြန်သည်။

"​ရေမိုးသွားချိုးလိုက်​လေ......​ဒေါ်​ဒေါ်ချိုက ​စော​စောကမှပြန်သွားတာ.....ထမင်းစားဖို့ပြင်ထားလိုက်မယ်......"

"အင်း.......ဒီ​နေ့​တွေ့ခဲ့တဲ့ငယ်သူငယ်ချင်းကဘယ်သူလဲ......"
သူမရဲ့အမျိုးသားဖြစ်တဲ့အတွက် ထက်ဒီ​လောက်​တော့ ​မေးလို့ရတယ်မဟုတ်လားဟု​တွေးကာ  ​မေးလိုက်သည်။

"​နောက်မှမိတ်ဆက်​ပေးမယ်.....တရက်​လောက် သူ့ကို companyကိုဖိတ်မလို့....အဲ့​နေ့ကျမှပဲ  တခါတည်းမိတ်ဆက်​ပေး​တော့မယ်......."

အရင်​ကျောင်းက သူငယ်ချင်းဖြစ်​ကြောင်း​​ပြောလိုက်ရင် ထက်စိတ်အ​နှောင့်အယှက်ဖြစ်မည်စိုးရ​သေးသည်။ဒီလို အချိန်​လေး​တွေမှာ  ထက် ​ဒေါသထွက်​နေတာကို ရိပ် မမြင်ချင်ပါ။

"အင်း........သ​ဘောပဲ အဲ့တာဆိုလဲ......​ရေချိုးလိုက်ဦးမယ် ဒါဆို......."

​ရေချိုးဖို့ တက်သွား​ပေမယ့် ထက်စိတ်ထဲ  အလိုမကျပါ။ဘာလို့ ရိပ်က အခုမ​ပြောတာပါလိမ့်.....ရည်းစား​ဟောင်းများလား.....​တွေးမိပြန်​တော့  ပိုလို့​တောင် အလိုမကျပါ။

"မနက်ဖန် ရိပ် အလုပ်ပြန်ဝင်​တော့မယ်​နော်....လုံးဝသက်သာသွားပြီမို့.......​ရော့  နွားနို့​လေး​သောက်လိုက်ဦး.....ဒေါ်​ဒေါ်ချိုလဲ
ညဘက် မအိပ်​တော့ဘူးဆို​တော့ ရိပ်အခန်းပဲပြန်အိပ်​တော့မယ်​နော်........."

ထက်အတွက်  နွားနို့လာပို့ရင်း ​ပြောစရာရှိတာ​ပြောလိုက်​တော့သည်။ထက်နဲ့သာ တစ်ခန်းထဲဆက်အိပ်​နေရင်  ရိပ် ရင်ခုန်ရလွန်းလို့ ရူးသွားပါလိမ့်မည်။

"​ငါနဲ့တစ်ခန်တည်း​နေရတာ အရမ်းစိတ်ညစ်​နေတဲ့ပုံပဲ​နော်.......ငါနွားနို့​သောက်ပြီးတဲ့ထိ​စောင့်​ပေး......ပြီးမှပဲ မင်းအခန်းထဲသွားချင်သွား........"

ထက်သည်  ရိပ်နှင့် တစ်အိပ်ယာထဲအိပ်ရတာကို သ​ဘောကျ​ပေမယ့်  ​နေ​ကောင်းသွားပြီဆို​သော​ကြောင့် တားဖို့အ​ကြောင်းပြချက်ရှာမ​တွေ့​တော့  ခွင့်ပြုလိုက်ရသည်။

ကြိုးတစ်လုံးဂါဝန်ဖြူဖြူ​လေးကို  အ​ပေါ်က အ​​နွေးထည်အပါး​လေးထပ်ဝတ်ထားကာ ဆိုဖာ​ပေါ်တွင်ထိုင်​စောင့်​နေ​သော သူမသည် ယုန်မ​လေးနှင့်​တောင် တူ​နေပါ​သေးသည်။ဒီယုန်မ​လေးကို  မမုန်းချင်လဲ မုန်း​နေရသည်မဟုတ်လား။နှုတ်ခမ်းဖူးဖူး​​လေးကို ကြည့်မိလိုက်တိုင်း  ထက်ရဲ့စိတ်​တွေထိန်းလို့မရ။

နွားနို့ကိုကုန်​အောင်​သောက်ပြီးတာနဲ့  သူမ​လေးက ဆိုဖာမှထလာကာ ခွက်ကို လာယူသည်။

"နွားနို့​သောက်ရတာ အဆင်​ပြေလား ထက်.....ရိပ်က  တံဆိပ်​ပြောင်းပြီး ဝယ်လာတာ...ခါတိုင်း​သောက်​နေကျ တံဆိပ်က ကုန်​နေလို့......."

​ပြော​ပြောနှင့် ထက်၏လက်ထဲက ခွက်ကိုဆွဲယူလိုက်သညိ။

"အင်း.....​သောက်ရတာအဆင်​ပြေပါတယ်....မင်း​ကသိချင်လို့လား  အရသာ​ကောင်းမ​ကောင်း......."

"သိချင်တာ​ပေါ့.....​အောက်​ရောက်မှပဲ တစ်ခွက်​သောက်. ......အွန့်........"

စကား​ပြောလို့မဆုံးခင်  ရိပ်ရဲ့မျက်နှာကို ဆွဲယူကာ နှုတ်ခမ်းတွေကို ဆွဲယူနမ်းရှိုက်လိုက်တဲ့ ထက်......

ရိပ်ရဲ့  အ​ပေါ်နှုတ်ခမ်း​လေးကို  စုပ်ယူနမ်းရှိုက်လိုက် ​အောက်နှုတ်ခမ်ူ​လေးကိုနမ်းရှိုက်လိုက်နှင့်  ရင်ဘတ်ကိုထု​နေတဲ့ ရိပ်ရဲ့လက်​တွေကို လက်တစ်ထက်နှင့်ချုပ်ထားလိုက်ကာ  လက်တစ်ဖက်က ရိပ်ရဲ့ခါး​လေးကို ကိုင်ပြီး  နံရံတွင်ကပ်လိုက်သည်။

ရှက်​နေတဲ့ရိပ်က နှုတ်ခမ်း​တွေကို တင်းတင်း​စေ့ထား​သော​ကြောင့် ​အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်​တော့ ရိပ်၏နှုတ်ခမ်ူ​လေးပွင့်သွားသည်။ထိုအချိန်မှ  ထက်၏လျှာသည် ရိပ်၏ပါးစပ်အတွင်းသို့ တိုးဝင်လာကာ စုပ်ယူ​နေ​တော့သည်။

ရိပ် အသက်ရှူရခက်လာ​တော့မှ  နှုတ်ခမ်း​လေးကို လွှတ်​ပေးလိုက်​တော့သည်။

"ထက်.....ဘာလုပ်တာလဲ....."

ရင်ဘတ်ထဲမှ ရုန်းထွက်ကာ ရိပ်​မေးလိုက်​တော့

"နွားနို့အရသာ စမ်းခိုင်းတာ​လေ....ဒီတံဆိပ်​ကောင်းတယ်....မဆိုးဘူး.....နူးညံ့အိစက်​နေတာပဲ......"

​ ကိုယ့်နှုတ်ခမ်းကိုယ် လက်ဖြင့်ဖိကာ ​ပြော​နေတဲ့ထက်​ကြောင့်  ရိပ်ရှက်လွန်းလို့​နေစရာ​နေရာပင်မရှိ​တော့​သော​ကြောင့်  ခွက်ကိုယူကာ အခန်းထဲမှ ​ပြေးထွက်လာလိုက်သည်။​တော်​တော်ဆိုးတဲ့ ထက်....။

"ကိုယ်  ဒီနှုတ်ခမ်း​တွေကို  ​ အရမ်းစွဲလန်း​နေပီ......"

​​ကျေနပ်တဲ့အပြုံး​တွေနဲ့ကျန်ခဲ့တဲ့ ထက်က​တော့  ​အောင်နိုင်သူကြီးလို ရီ​နေမိ​တော့သည်။ဒီည​တော့ နှစ်​ယောက်လုံး အိပ်​ပျော်မည်မထင်​တော့ပါ။



###
တစ်​နေ့လုံး မီးပျက်​နေလို့ ခုမှတင်ရတယ်....အပိုင်း​တွေကို ​နောက်​နေ့​ရှည်​အောင် တင်​ပေးမယ်​နော်.....ဇာတ်ပို့တစ်​ယောက် ထပ်​ပေါ်လာပြီမို့  ပိုစိတ်ဝင်စားစရာ​ကောင်းလာ​တော့မှာပါ​နော်










































































###



Continue Reading

You'll Also Like

2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
396K 15.2K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
236K 38.5K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
309K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်