Part 27

3.3K 93 16
                                    

          Part 27

"ဖြန်း........."
ရိပ်ရဲ့ မျက်လုံးတွေ အနည်းငယ်ပွင့်လာသည်။မျက်လုံးကိုအားယူပီး ဖွင့်လိုက်တော့ အလင်းရောင်အနည်းငယ်သာ ရှိတဲ့အခန်းတစ်ခုထဲတွင် ရောက်နေပြီဖြစ်သည်။ခေါင်းတစ်ခုလုံး ရေတွေရွှဲနေသည်။

"နိုးလာပီလား.....အရှုံးသမားရေ"
ပျိုဖြူက လက်ထဲကရေပုံးကိုချကာ ခုံပေါ်တွင်ထိုင်လိုက်သည်။
ရိပ် လက်တွေကိုရုန်းတော့ ကုလားထိုင်​၏နောက်တွင် လက်ပြန်ကြိုးတုပ်ခံထားရသည်။ပါးစပ်တွင်လည်း တိတ်နဲ့ကပ်ထားသောကြောင့် အသံပင်မထွက်နိုင်။

"ဟင် ......ကလေး ငါ့ကလေးလေး......"
ဗိုက်ထဲက ကလေးကိုစိတ်ပူမိကာ ရိပ်မျက်ရည်များကျလာသည်။တတ်နိုင်ရင် ရိပ်အော်ငိုပစ်ချင်တော့သည်။

"သူ့ကို စကားပြောခွင့်ပေးလိုက် .....တိတ်ခွာပေးလိုက် .....သူအသနားခံတာ ကြားချင်သေးတယ် အဟင်းဟင်း........"

ပျိုဖြူ့တပည့်တစ်ယောက်က ပါးစပ်ကိုတိတ်ကိုလာခွာပေးသည်။

"ပျိုဖြူခင်......နင် ခုထိယုတ်မာလို့မပြီးနိုင်သေးဘူးလား.......နင်နဲ့ငါတို့ဘာရန်ညှိုးရှိလို့လဲ.......မိုးလဲ နင့်ကြောင့်နဲ့ ဆုံးသွားရတယ်.....နင်တော်တော်ကြောက်စရာကောင်းတာပဲ........."

ရိပ် အားယူကာ အော်ပြောလိုက်သည်။

"အော်......သိသွားပီလား.....ဘာလဲ နင့်ရဲ့ထူးမြတ်ပိုင်လေးက စုံစမ်းပေးလိုက်တာလား......သိသွားလဲ ကိစ္စမရှိပါဘူး သက်သေလဲမရှိဘူး ပီးတော့နှစ်တွေလဲကြာခဲ့ပီလေ .....သေသင့်တဲ့သူကသေသွားပီ.....နောက်ထပ်သေဖို့ နင်ပဲကျန်တော့တာ......."

ပျိုဖြူက ရိပ်ရဲ့ပုခုံးနှစ်ဖက် ညှစ်ကာပြောလိုက်သည်။

"နင်ဘာရလိုက်လဲ......ပြော ဒီလိုလုပ်လို့ နင်ဘာရသွားလဲ........."

"ထက်ကိုလေ.......ငါ အလိုချင်ဆုံးက ထက်ပဲ......."

ပျိုဖြူခင် အော်ပြောလိုက်သည်။

"ဘာ........"
ရိပ် ဆွံ့အသွားသည်။

"ငါငယ်ငယ်တည်းက ထက်ကိုချစ်ခဲ့ရတာ မုန့်ဗန်းမှောက်လို့ ငိုနေတဲ့ကလေးလေးကိုချော့နေတဲ့နေ့တည်းက ငါစွဲလမ်းခဲ့ရတာ.....အဲ့နေရာမှာ နင်ပဲမဟုတ်ဘူး ငါလဲရှိခဲ့တယ်.........နင့်ထက်တောင် ပိုချစ်ခဲ့ရတာ.....အတန်းမတူလို့ ထက်ကို လာချောင်းကြည့်တိုင်း နင်နဲ့မိုးက ငါ့မျက်စိထဲ ကန့်လန့်ပဲ......ထက်အနားမှာ အမြဲရှိနေတာ ငါမကြိုက်ဘူး.........."

ချစ်​သော.......Where stories live. Discover now