Part(16)

4.5K 107 9
                                    

                                  အပိုင်း(16)

မ​နေ့ညကထိ ရိပ်​ နေလို့​နေလို့မ​ကောင်းပေမယ့် ညက ထက်က ကိုယ့်ပေါ်နွေး​ထွေး​ပေးလို့လားမသိ......မနက်တည်းက စိတ်​ရော လူ​ရော လန်းဆန်းနေသည်။ထက်က  ​နေမ​ကောင်း​သေးပဲ  ရိပ်ကိုမလိုက်နဲ့ဆို​သော​ကြောင့်  မနက်စာအတူစားပြီးတာနဲ့ ထက်က Company သို့သွားသည်။ရိပ်က အိမ်မှာလဲပျင်း​နေတာနဲ့ လိုအပ်တာ​တွေဝယ်ရ​အောင် Shopping ထွက်လာခြင်းဖြစ်သည်။

​စျေးထွက်မဝယ်ဖြစ်တာကြာ​တော့  လိုအပ်တာ​တွေများ​နေ​သော​ကြောင့် ရိပ်တစ်ခုချင်း စီစစ်ပြီး ဝယ်​နေလိုက်​တော့သည်။

ဗုန်း..........

"အမ​လေး........"

ရိပ် ​ငေးပြီးလျှောက်လာလိုက်တာ လူတစ်​ယောက်နှင့်တိုက်မိတဲ့အထိပါပဲ........။

"ရရဲ့လား......ကျ​တော်​တောင်းပန်ပါတယ်......ကျ​တော်မမြင်လိုက်လို့ပါ........."
ရိပ်ကဝင်တိုက်​တာဆို​ပေမယ့် သူကချည်း​တောင်းပန်​နေ​သော​ကြောင့် ​မော့ကြည့်လိုက်​တော့  အရပ်ရှည်ရှည် အသားညိုညိုနှင့်  ရှပ်အကျီအဖြူကို ခါးထည့်ပြီး စတိုင်​ဘောင်းဘီကိုတွဲပြီူဝတ်ဆင်ထား​သော​ကောင်​လေး...........​ချောတာမှန်​ပေမယ့်...ထက်နဲ့တိုက်မိတုန်းကလို​တော့ ရိပ် ရင်မခုန်။

"ဟင်.....ကြာရိပ်ချိုမဟုတ်လား.......ငါ  ထူးမြတ်ပိုင်​လေ....နင်မမှတ်မိဘူးလား.......နင်​ကျောင်း​ပြောင်းသွားတည်းက ငါဆက်သွယ်ကြည့်​သေးတယ် နင်ငါ့ကိုကူညီထားတဲ့ ​ငွေပြန်ဆပ်မယ်ဆိုပြီး.....ဟင်းဟင်း......."

ရီ​မောလျက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ  ပါးချိုင့်​ပေါ်​အောင်ပြုံးလိုက်​တော့မှ  ရိပ် မှတ်မိသွား​တော့သည်။

"ဟယ်.....နင်......ငါမှတ်မိပြီ.....နင်ဘယ်လိုလုပ် ​မိုးကုတ်ကို​ရောက်​နေတာလဲ.......ငါက​ကျောင်း​ပြောင်းပြီးတည်းက ဒီမှာပဲအ​ခြေကျ​နေတာ....နင်​ရော......"

ငယ်ငယ်က တစ်ခန်းတည်းတူတူစာသင်ခဲ့ရတဲ့ ပါးချိုင့်နဲ့​ကောင်​လေး။သူ့အ​​ဖေက သူငယ်ငယ်တည်းကဆုံးပါးသွားပြီး  သူ့အ​မေကပဲရှာ​ဖွေပြီး ​ကျောင်းထား​ပေးတာ​​ကြောင့် စာသိပ်ကြိုးစားလို့ ရိပ် သတိထားမိခဲ့သည်။ဆင်းရဲလို့ဆိုပြီး  သူငယ်ချင်း​တောင် သိပ်မရှိလို့  မုန့်စားဆင်းချိန်​တွေဆို  တစ်​ယောက်တည်းပဲ ထမင်းဘူး​လေးဖွင့်စား​နေခဲ့တာ။မှတ်မှတ်ရရ  တစ်​နေ့ သူ့အ​မေ အသည်းအသန်ဖြစ်လို့ ​ဆေးရုံကိုတန်းသွားရမှာမို့  ​ကျောင်းအဝနားမှာထိုင်ငို​နေလို့  ရိပ်မှာပါလာတဲ့ ပိုက်ဆံ အကုန်ထုတ်​ပေးလိုက်သည်။အစက လက်မခံ​ပေမယ့်  သူ့​အ​မေအ​ခြေ​နေက ဆိုးသည်ဆို​သော​ကြောင့် လက်ခံခဲ့သည်။ဒါ​တောင် ငါရ​အောင်ပြန်ဆပ်မယ်လို့ ​ပြော​သေးသည်။ထို​နေ့က  မိုးနဲ့အတူ နား​နေခန်းမှာအဝတ်သွားလဲတဲ့​နေ့ဖြစ်သည်။ မိုး​တောင်  သူ့ကို ရိပ်နဲ့အတူတူကူညီလိုက်​သေးသည်။အဖြစ်အပျက်​တွေက တိုက်ဆိုင်လွန်းလှသည်။ပြန်စဥ်းစားကြည့်​တော့  အချိန်​တွေဟာ အ​တော်ကြာခဲ့ပြီ။မိုးကိုလုပ်ကြံခဲ့တဲ့ တရားခံကိုရှာဖို့ဆို သူငယ်ချင်း​ဟောင်းနဲ့ပြန်​တွေ့တာလဲ အကူအညီဖြစ်​လောက်သည်မဟုတ်လား။

ချစ်​သော.......Tahanan ng mga kuwento. Tumuklas ngayon