Scroll down ⬇️ Zawgyi version is below .
#Unicode
မွေးဖွားလာစဥ်တည်းက နန်းတော်ကြီးတစ်ခုထဲ ပိတ်မိနေတဲ့ မင်းသမီးလေးတစ်ပါးအတွက် စိတ်ကူးတွေယဉ်ဖို့ အချိန်တွေ သိပ်ကိုများခဲ့၏ ။ လက်တွေ့ဘဝထက် အိပ်မက်ဆန်သော ဇာတ်လမ်းပုံပြင်ကလေးများက ပိုဆွဲဆောင်မှုရှိခဲ့၏ ။
မည်သူတစ်ဦးတစ်ယောက်ရဲ့ထိန်းချုပ်မှုမှမပါတဲ့ စိတ်ကူးအိပ်မက်များဟာ လွတ်လပ်တယ် ။ ဒါကြောင့်ပဲ အိပ်မက်တွေကို သူမ စွဲလမ်းခဲ့တယ် ။
သူမအား နာကျင်စေသည့် လူများရဲ့အဝေး ... သူမအား လက်တွေ့ဘဝဆီ နိုးထစေသော လူများရဲ့အဝေးမှာ တစ်ယောက်တည်း အိပ်မက်တွေထဲ ကူးခတ်ရင်းရှင်သန်ခဲ့တယ် ။ Raven နန်းတော်ကြီးထဲမှာ နိုးထနေလျက်နဲ့ ဘယ်လိုမှ of သူမ အသက်ဆက်နိုင်ခဲ့မှာ မဟုတ်ဘူးလေ ။ မျက်စိကိုမှိတ် နားကိုပိတ်ပြီး အိပ်မက်ပဲ မက်နေခဲ့တယ် ။
အဲသလိုမှ မလုပ်ရင် Afa ဟာ 'ချစ်သင့်သည့်သူတွေ' ကို မုန်းမိလိမ့်မည် ။ မိမိသွေးသားကို မုန်းမိတဲ့လူတစ်ယောက်ဟာ ပျော်ရွှင်မှုကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ သူမ ယုံကြည်ခဲ့သည် ။
ထိုစဉ်ကတည်းက Afa သည် လူတွေသတ်မှတ်ထားတဲ့ ' ပျော်ရွှင်မှု ' ဟူသော အရာကို မရရတဲ့နည်းနဲ့ လိုချင်ခဲ့သည် ။ တကယ်မရှိနေတဲ့ အရာတွေကိုတောင် လုပ်ကြံဖန်တီးယူရတဲ့အထိ ... သူမ မက်မောခဲ့သည် ။ မိမိအား မချစ်တဲ့ဖခမည်းတော်က မိမိကို ချစ်သယောင် ၊ မိမိအား မုန်းတဲ့အစ်မတော်က မိမိကို သံယောဇဉ်ရှိသယောင် ၊ မိမိအား ဆိုးရွားစွာ အနိုင်ကျင့်တတ်တဲ့ အစ်ကိုတော်တွေက မိမိကို မေတ္တာထားကြသယောင် ... Afa ဟန်ဆောင်ခဲ့သည် ၊ စိတ်ကူးခဲ့သည် ။ အရှိကိုအရှိအတိုင်းမြင်ရန် ငြင်းဆန်ခဲ့သည် ။ ထိုသို့ပြုခြင်းက သူမအား သက်သာစေသည် ။
ယခု အချစ်နဲ့တွေ့တော့လည်း အဲ့သလို လုပ်နေပြန်ပြီ ။
မိမိအား ဖမ်းစီးပိတ်လှောင်ထားတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ လက်ထဲမှာ အသက်ရှူကြပ်စွာ ရှင်သန်နေရင်းပဲ ထိုသူကို ချစ်ကျွမ်းဝင်သွားခဲ့သည် ။ အကြင်သူက နှိပ်စက်တဲ့အခါလည်း ခွင့်လွှတ်ပေးကာ ၊ ဆော့ကစားတဲ့အခါ ရင်ခုန်မိသည် ။
Afa ရဲ့ အချစ်အပေါ် ခံယူချက်များဟာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲက ပုံရိပ်ယောင်တွေဖြစ်နေမလားတောင်မသိ ။ ဒါဟာ အချစ်စစ်ဆိုတာ မှန်ရဲ့လားတောင် Afa မသိ ။
ထိုသူ့ဆီမှာ ရံဖန်ရံခါမြင်ရတတ်တဲ့ အကြည့်နွေးနွေးတွေဟာ ကျဉ်းမြောင်းသောကမ္ဘာငယ်လေးမှာ နေထိုင်တဲ့ ရုပ်ဆိုးဆိုး သတ္တဝါလေးတစ်ကောင်ရဲ့ စိတ်ကူးယဉ်အိပ်မက်ပဲဖြစ်နေပြီလား ? သူမဘဝက သိပ်ကို စိတ်ပျက်ဖွယ်ကောင်းလှသည်မို့ ဖန်တီးယူမိတဲ့ ထွက်ပေါက်ပဲလားတောင်မသိတော့ပါ ။
ငိုပြီးရင်း ငိုရရင်း ရှေ့ဆက်လို့မဖြစ်တော့သည့် ရှက်စဖွယ် ခံစားချက်တွေအား တွယ်တာနေသေးတဲ့ မိမိကိုယ်ကို မုန်းတီးလာမိသည် ။
မထိန်းနိုင်တဲ့ ခံစားချက်တွေ ဖိတ်ကျကုန်တဲ့ Afa ဟာ သိပ်ကိုသရုပ်ပျက်နေခဲ့မှာပဲ ... ။
မနက်တုန်းက သူ့ရဲ့ရှေ့မှာ ရှက်ဖွယ်အတိဖြစ်ခဲ့ရတာမို့ Afa ထိုဧကရာဇ်လေးကို မျက်နှာချင်းမဆိုင်ရဲပါ ။ ခွေးနေရာမသိ ရာရာစစ နတ်သားတစ်ပါးကို ချစ်မိလေသတဲ့ ... ။ ဒါနဲ့မပြီး သူ့ဆီက တန်ပြန်အကြင်နာတွေကို တောင်းတမိလေတယ် ။
အခုတော့ ကွယ်ဝှက်ထားခဲ့တဲ့ မေတ္တာတွေကို အကြင်သူ မြင်သွားပြီပေါ့ ။
သရုပ်ပျက်လိုက်လေခြင်း ... ။
' ကိုယ့်နေရာမှာ ကိုယ်နေကြရအောင် ' တဲ့ ။
သူ သတိပေးခဲ့တယ် ။
ထိုစကားတွေကို ဆိုခဲ့သော သူ့နှုတ်ခမ်းရဲ့ လှုပ်ရှားသွားပုံကို ပြန်လည်မြင်ယောင်ရင်း Afa တိုးတိုးလေး ရေရွတ်မိသည် ။
" ကိုယ့်နေရာ ကိုယ်သိ "
ဒါဟာ နိမ့်ကျတဲ့ကျွန်တစ်ယောက် သေချာပေါက် သိနေရမည့်အချက် ။ ထိုစကားကို သူ့နှုတ်မှ ထွက်လာရအောင် တွန်းပို့ခဲ့သူက နေရာမသိတဲ့ Afa ပင် ။
ရှက်ဖွယ်ကောင်း၏ ။
* ဒေါက် ဒေါက် ဒေါက် *
Lila ပြန်ရောက်လာပြီ ဖြစ်တာကြောင့် ပါးပြင်ပေါ်မှ မျက်ရည်တွေကို ပျာသလဲလဲ လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည် ။
" ဝင်ခဲ့ပါ "
အသံထွက်သွားမှ လည်ချောင်းတွေ နာနေကြောင်းသိရ၏ ။ လည်မျိုမှာ ဝေဒနာတွေစို့နေအောင် ငိုသံတွေကို ချုပ်တည်းထားခဲ့တာကြောင့်နေမည် ။
အခန်းထဲ ဝင်ရောက်လာတာနဲ့ ကုတင်ပေါ်က ကောင်မလေးကို Lila အကဲခတ်လိုက်၏ ။ Lila နဲ့ မျက်လုံးချင်းမဆုံရဲပုံရတဲ့ သူမ မျက်လုံးထောင့်တွေ နီရဲမို့ယောင်နေသည် ။
Lila ထိုပုံစံကို မြင်တော့ ပင့်သက်ရှိုက်မိ၏ ။
Lila : " ဧကရာဇ်က ဘာတဲ့လဲ ? အဆူခံရပြန်ပြီလား ? "
ပါးနပ်လွန်းတဲ့ Lila ရဲ့အမေးကြောင့် Afa ခေါင်းခါလိုက်သည် ။
" ဟင့်အင်း မဟုတ်ပါဘူး ။ အရှင်က ... နန်းတော်ထဲမှာ ဘယ်လိုနေထိုင်ရမလဲ သိသင့်သိထိုက်တာလေးတွေ Afa. ကို သတိပေးသွားတာပါ "
Lila : " အဲဒါက ငိုရလောက်တဲ့အထိ ဖြစ်စေမလား ? ဘာဖြစ်လဲ မှန်မှန်ပြောပါဟာ "
Lila က ကုတင်ပေါ်တက်လာကာ Afa ၏လက်နှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်သည် ။ သူမ နားထောင်ပေးဖို့ အသင့်ဆိုတဲ့သဘော ... ။
Afa မှာ ထိုကဲ့သို့သော အားထားရမှုမျိုးကို မရဖူးသည်ဖြစ်ရာ စိတ်အနည်းငယ် ပေါ့ပါးသွားရသည် ။ Lila သည် မိမိ၏ သရုပ်မဲ့သောလျှို့ဝှက်ချက်များကို ပုံအပ်ထားရင်တောင် လုံခြုံစေတဲ့ သူငယ်ချင်းကောင်းမျိုးပင် ။ သူမကို ဖွင့်ဟဖို့ တွန့်မနေတော့ပါ ။
" Afa မသိတော့ဘူး ။ ဒီခံစားချက်တွေက မှားနေတာကို ... ဒီလောက် ရှက်စရာကောင်းတာကိုတောင် ... "
Lila : " ... ရပ်လို့မရဘူး ဟုတ်တယ်မလား ? "
Lila သည် Afa ပါးစပ်ဟလိုက်တည်းက အူဘယ်နှခွေရှိကြောင်း သိနေဟန် စကားကိုပင် အဆုံးသတ်ပေးလိုက်၏ ။ Afa အောက်နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ခေါင်းညိတ်ပြမိ၏ ။
Lila : " ဒါသဘာဝပါပဲ ။ အချစ်က အလုံးစုံ မချိုနေပေမယ့် ချိုတဲ့အခိုက်တန့်လေးတွေကတော့ စွဲလမ်းဖို့ကောင်းတယ် ။ နောက်တစ်ခါပဲ နောက်တစ်ခါပဲနဲ့ ... မူးယစ်ဆေးလိုပဲ စွဲသွားရော ... "
အစီအရီထွက်လာတဲ့ စကားလုံးတိုင်းဟာ အရူးအမူးချစ်ဖူးသော လူတစ်ယောက်ဆီမှလာသလို... ။ Afa ရဲ့ လက်တွေကို ကျစ်ကျစ်ဆုပ်ထားပေးရင်း အချစ်ဟာ မျည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း Afa အား အသိပေးဖို့ Lila ကြိုးပမ်းနေ၏ ။
Afa အံကိုကြိတ်ကာ ခေါင်းငုံထားမိသည် ။ သူ့ကို အဲသလောက် စွဲလမ်းနေမိပြီလား ?
" Afa မစွဲလမ်းချင်ဘူး ၊ ဘယ်လိုလုပ်ရမလဲ ဟင် ? "
ထိုအခါ Lila ခပ်ဟဟရယ်လေ၏ ။ နုနယ်သော ပန်းပွင့်ငယ်၏ မေးခွန်းဟာ အဓိပ္ပါယ်မဲ့သည်မို့ ... ။
အေးစိမ့်တဲ့ ထိုနှင်းစက်ကိုမှ မသောက်သုံးလျှင် သူမ သေဆုံးရာ၏ ။ သူမမှာ ရွေးချယ်စရာမရှိ ။ အချစ်က သည်လိုပဲ မမျှတပေ ။
Afa ဟာ အချစ်နှင့်အသည်းကွဲမှုအား ပထမဦးဆုံးတွေ့ဖူးသော ကလေးငယ်ကလေးနှယ် ... အသည်းကွဲစတွေကို ရင်ဝယ်ပိုက်ကာ အကြင်သူကို စောင့်နေရုံသာ တတ်နိုင်မည် ။ ကယ်ရာမဲ့နေသော်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်နိုင် ။
Lila : " သူ မရှိပဲ နေနိုင်တဲ့တစ်နေ့ ... အဲ့ဒီစွဲလမ်းမှု ပျောက်ကင်းသွားလိမ့်မယ် ။ အဲ့မတိုင်ခင်တော့ ဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်ရမှာပေါ့ ။ သူ့အချစ်ကို ပြန်ရနိုင်ဖို့ကျတော့ မသေချာဘူး ။ ဘာကြောင့်ဆို တစ်ဖက်လူက သာမန်ယောင်္ကျားတစ်ယောက်မဟုတ်လို့လေ "
Afa အသက်ကို အောင့်ထားမိသည် ။ Lila ရဲ့ စကားတွေအား အချစ်၏သဘောတရားတစ်ခုပမာ မမှိတ်မသုန် နာကြားနေမိသည် ။
Lila : " ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ အကြံပေးရရင် , သူနဲ့ ခွာခွာနေစေချင်တယ် ။ သူနဲ့ အတူရှိနေရင် နင် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး "
Lila ပြောနေရင်း တခဏ ရပ်သွားသည် ။ သူမ မောပန်းသွားသလိုပင် ... ပင့်သက်ချသည် ။
Lila : " သူ နင့်ကို ဘယ်တော့မှ အပြည့်အဝချစ်လာမှာမဟုတ်ဘူး ။ သူက လောဘကြီးတဲ့ ယောင်္ကျားတစ်ယောက်ပဲ ။ သူ နင့်ကိုရော ၊ နင့်အချစ်တွေကိုပါ မလေးစားဘူး ။ နင့်အသက်က သူ့လက်ထဲမှာ ရှိနေတာကြောင့်လည်း ပါတယ် ၊ နင်လည်း သိပါတယ် အဲဒါကို ... ။ သူ့သဘောရှိရင် ရှိသလို နင့်ကို ကြင်နာပြမယ် ၊ စိတ်မပါတော့ရင် ပစ်ထားမယ် ၊ နင့်အချစ်ကို နင်းမယ် ၊ အသုံးချမယ် ၊ ဒေါသဖြစ်ရင် ..... သတ်ပစ်ချင် သတ်ပစ်မှာ "
Lila မှာ နောက်ဆုံးစာကြောင်းကို အများကြီးစဉ်းစားပြီးမှ ထုတ်ပြောလိုက်သည် ။
နှင်းစက်တွေဟာ ပန်းပွင့်ကလေးကို သနားညှာတာ၍ ကောင်းကင်ပေါ်မှာ ကြွေကျသည်မဟုတ် ။ သူတို့သဘာဝအရ ပြုမူခြင်းပင် ။ ထိုအဖြစ်ကို ဂရုဏာလို့ အထင်မှားပြီး စောင့်စားနေခြင်းက သိပ်ကိုရိုးအသည် ။
Lila ပြောသမျှ အကျွင်းမဲ့မှန်ခဲ့သည် ။ သူမ ပြောသလိုပဲ အကြင်သူဟာ Afa. အပေါ် စိတ်အလိုရှိလျှင် ရှိသလို လှန်လိုက် မှောက်လိုက် ... ။ တခါတရံ သူ့ပါးပြင်ထပ်က ပါးချိုင့်လေးတွေဟာ Afaရဲ့ ထင်ယောင်ထင်မှားတွေလားဟု အငြင်းပွားစရာ ... ။
" ဟုတ်တယ် သူ လုပ်နိုင်တယ် ... လုပ်မှာ ... ။ တစ်နေ့တော့ Afa ဒီလိုနဲ့ပဲ သေသွားမယ် ထင်ပါတယ် "
သူ့ဖက်ကနေပြီး ခုခံပေးဖို့ စိတ်ထဲ အထောက်အထားတွေ ရှာဖွေနေခဲ့ပေမယ့် တစ်ခုမှ ထွက်မလာခဲ့ပါ ။
သူဆိုတဲ့ ဖြစ်တည်မှုဟာ ချစ်ဖို့ရော မုန်းဖို့ပါ သိပ်ခက်သည်ပင် ။
Lila : " ချစ်တာက ကိုယ့်ကိုယ်ကို လုံခြုံအောင်ထားပြီးမှလည်း ချစ်လို့ရပါတယ် ။ တချိန်လုံး ကိုယ့်နှလုံးသားကို ထုတ်ပြဆက်သနေစရာမလိုဘူး ။ ကိုယ်ဘာလိုချင်သလဲ သေချာစဉ်းစားပေါ့ "
Afa ရဲ့ပြဿနာများအား ကိုယ်ရောစိတ်ပါ အလေးအနက် စဉ်းစားပေးနေသည့် Lila ၏ မျက်လုံးစိမ်းများမှာ စိုးရိမ်မှုတွေအပြည့် ။
Lila ပြောလိုက်တဲ့ စကားလုံးများကို မှတ်သားရန် နှုတ်မှသံယောင်လိုက်လိုက်သည် ။
" ကိုယ်ဘာလိုချင်သလဲ ..... "
Afa ကိုယ်တိုင်က ဘာလိုချင်နေသလဲ ?
အမှန်တကယ် ရှိသလား မရှိသလား မသိတဲ့ တိမ်တိုက်တွေကို ... အတည်ပြုဖို့ လှမ်းဆုပ်လိုက်တော့ လက်တွေပဲ စိုစွတ်သွားရသည် ။ မျက်ရည်တွေနဲ့ ..... ။ ဖြစ်နိုင်တာက ကောင်းကင်ကြီးကို အကြာကြီး မော့ကြည့်နေမိခဲ့သည်ထင့် ... ။
အမြင်အာရုံတို့ပဲ ဝေဝါးသွားခဲ့သည် ။
Afa မျက်ခွံတို့ကို မှိတ်ချလိုက်သည် ။
ဆက်မငေးတော့ ... ။
__________________________________
ရွှေရောင်လှောင်အိမ်ငယ်လေး၏ အပေါက်ဝတွင် သူ ရပ်နေမိသည် ။ အထဲရှိ ကုတင်ဖြူပေါ်၌ ငှက်ငယ်လေးတစ်ကောင် အိပ်တမ်းဝင်လျက် ... ။
အကြောစိမ်းတို့ ထောင်သည်အထိ လက်သီးနှစ်ဖက်ကို သူ ကျစ်ကျစ်ဆုပ်ထားသည် ။ သူ ဤလှောင်အိမ်အား ကျူးကျော်လို၏ ။
ညပေါင်းများစွာ သူမရဲ့ လှောင်အိမ်အရှေ့ မဆုံးနိုင်သော တောင့်တမှုများကို သူ မြိုသိပ်သည်းခံခဲ့ရသည် ။ ရံဖန်ရံခါတွင် သူဟာ နိုးနေလျက်နဲ့ အိပ်မက်မက်နေသလို ... စိတ်ကူးများ စည်းဘောင်လွန်ဖူးသည်အထိ ။
သူ၏ဝေဒနာများ ပျောက်ကင်းသွားစေရန် သူ ခြေတစ်လှမ်း လှမ်းဖို့သာလိုအပ်လေသည် ။ သို့သော် ...
ဒီမျဉ်းကို ကျော်ပြီးလျှင် သူ့ရဲ့ အပေါ်ယံအလွှာတို့ ကွာကျပြီး အထိအခိုက်လွယ်တဲ့ အသားနုလေးပဲ ကျန်ခဲ့မှာ စိုးရွံ့သည် ။
ဒီမျဉ်းကို ကျော်ပြီးလျှင် သူ့ရဲ့ ရင်တွင်း အနက်ကြီးမှာ မြှုပ်နှံထားတဲ့ အရာတွေ ပြန်လည်ထွက်ပေါ်လာမှာ စိုးရွံ့သည် ။
ဒီမျဉ်းရဲ့ တစ်ဖက်ခြမ်းမှာ သူဟာ အားနည်းသည် ။
အနှီလှောင်အိမ်သည် သူ့ကိုယ်သူ သူမထံမှ ကာကွယ်ရန် အဟန့်အတားဖြစ်ခဲ့သည် ။ သို့သော် သူမအား သူ မတားနိုင်ခဲ့ ... ။
သူမဟာ အလင်းရောင်မို့ ... ။
သူ ပိတ်ထားတဲ့ တံခါးကြားကနေ သူ့ဆီ ဝင်ရောက်ခဲ့ကာ ၊ မတောင်းဆိုပါပဲ သူ့ကို အနွေးပေးခဲ့သည် ။
အခုတော့ သူ အလင်းတန်းတွေထက် ပိုလိုချင်ပြီ ။
သူမရဲ့ ဆံနွယ်တွေဟာ နေခြည်ရဲ့ သင်းရနံ့ ...။
သူရိန်နေမင်း နေတစ်စင်းကို ထွေးပိုက် နမ်းရှိုက်ရခြင်းဟာ ဘယ်လို အနှစ်အရသာလဲ သိချင်လှပြီ ။
အတွေးတွေနောက်ကျသွား၏ ။ သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ နှာဖျားဟာ ရွှေအိုရောင်သမ်းနေတဲ့ အညိုရောင်လှိုင်းလေးများအား နမ်းရှိုက်လိုက်မိပြီ ။
အသိစိတ်ဝင်လာတာနဲ့ သူ့လက်ထဲ ဆံနွယ်လေးများ ... ။ သူ မတင်းတိမ်နိုင်တော့ပေ ။
သူမ ဘေးနား သူ အသာလေး ဝင်လှဲလိုက်မိသည် ။
သူသိခဲ့သင့်သည် ။ မိုးသည်းတဲ့ နေ့တွေမှာတောင် သစ်ကိုင်းတွေကြား မှီရင်း သူသည် ... တံစပ်မြိတ်အောက်မှာ မိုးစက်တွေကို လက်ကလေးနဲ့ ခံနေတဲ့ သူမအား ခိုးကြောင်ခိုးဝှက် ငေးမိစဉ်ကတည်းက သူ့နှလုံးသားရဲ့အခွင့်အာဏာကို သူမဆီ ပေးအပ်လိုက်ပြီဖြစ်ကြောင်း ... ။
သူမရဲ့ နှုတ်ခမ်းပါးထပ် ခပ်ဖွဖွလေး ဖိနမ်းလိုက်သည် ။ နေမင်းကို နမ်းရှိုက်ခြင်း ။
Ash : " မင်းသာ မုန်းစရာ ကောင်းနေခဲ့ရင် ဒီဝေဒနာတွေ ခံစားရမှာ မဟုတ်ဘူး "
_________________________________
ကျိုးကျေနေသော သစ်ကိုင်းချောက်ပမာ ကြမ်းပြင်ပေါ် ပြိုလဲနေတဲ့ အမျိုးသမီးကို Ash ကောက်ချီလိုက်သည် ။ သူမ တစ်ကိုယ်လုံး အေးစက်ကာ သရုပ်ပျက်စွာ အဝတ်အထည်မပါ ။
မိုးသောက်ယံအလင်းပျပျထဲ အခန်းကျဉ်းလေးဟာ မှောင်မိုက်နေ၏ ။ သွေးညှီနံ့နှင့် အောင့်သက်သက် မှိုနံ့တွေပါ ရောနေ၏ ။
အမျိုးသမီး၏ မျက်နှာကို ပုံပင်ဖော်မရ ... ။
သို့ပေမယ့် Ash သူမအား ပွေ့ဖက်ထားသည် ။သူမအား နှစ်သိမ့်စကားပြောရန် သူ ကြိုးပမ်းနေသည် ။ အသံတွေမထွက် ။
" နားထောင် ... Ash နားထောင် "
အသက်ငွေ့ငွေ့ကြားမှ သူမ အားယူဆိုသည် ။ သူ နာခံစွာ သူမ ပါးစပ်နား နားကပ်ထောင်လိုက်သည် ။
" တနေ့ ... လူတစ်ယောက်ကို ... ရင်နင့်အောင် ချစ်မိခဲ့ပြီဆိုရင် ... အဲ့ဒီလူကို ... "
အမျက်ဒေါသတွေဖြင့် သူမ သူ့ရဲ့ပုခုံးမှ အကျီစကို ကျစ်ကျစ်ဆုပ်လာ၏ ။
" သတ်ပစ်လိုက် ! "
_______________________________
_______________________________
#Zawgyi
ေမြးဖြားလာစဥ္တည္းက နန္းေတာ္ႀကီးတစ္ခုထဲ ပိတ္မိေနတဲ့ မင္းသမီးေလးတစ္ပါးအတြက္ စိတ္ကူးေတြယဥ္ဖို႔ အခ်ိန္ေတြ သိပ္ကိုမ်ားခဲ့၏ ။ လက္ေတြ႕ဘဝထက္ အိပ္မက္ဆန္ေသာ ဇာတ္လမ္းပုံျပင္ကေလးမ်ားက ပိုဆြဲေဆာင္မႈရွိခဲ့၏ ။
မည္သူတစ္ဦးတစ္ေယာက္ရဲ႕ထိန္းခ်ဳပ္မႈမွမပါတဲ့ စိတ္ကူးအိပ္မက္မ်ားဟာ လြတ္လပ္တယ္ ။ ဒါေၾကာင့္ပဲ အိပ္မက္ေတြကို သူမ စြဲလမ္းခဲ့တယ္ ။
သူမအား နာက်င္ေစသည့္ လူမ်ားရဲ႕အေဝး ... သူမအား လက္ေတြ႕ဘဝဆီ ႏိုးထေစေသာ လူမ်ားရဲ႕အေဝးမွာ တစ္ေယာက္တည္း အိပ္မက္ေတြထဲ ကူးခတ္ရင္းရွင္သန္ခဲ့တယ္ ။ Raven နန္းေတာ္ႀကီးထဲမွာ ႏိုးထေနလ်က္နဲ႔ ဘယ္လိုမွ of သူမ အသက္ဆက္ႏိုင္ခဲ့မွာ မဟုတ္ဘူးေလ ။ မ်က္စိကိုမွိတ္ နားကိုပိတ္ၿပီး အိပ္မက္ပဲ မက္ေနခဲ့တယ္ ။
အဲသလိုမွ မလုပ္ရင္ Afa ဟာ 'ခ်စ္သင့္သည့္သူေတြ' ကို မုန္းမိလိမ့္မည္ ။ မိမိေသြးသားကို မုန္းမိတဲ့လူတစ္ေယာက္ဟာ ေပ်ာ္႐ႊင္မႈကို ဘယ္ေတာ့မွ ပိုင္ဆိုင္ႏိုင္မွာမဟုတ္ဘူးလို႔ သူမ ယုံၾကည္ခဲ့သည္ ။
ထိုစဥ္ကတည္းက Afa သည္ လူေတြသတ္မွတ္ထားတဲ့ ' ေပ်ာ္႐ႊင္မႈ ' ဟူေသာ အရာကို မရရတဲ့နည္းနဲ႔ လိုခ်င္ခဲ့သည္ ။ တကယ္မရွိေနတဲ့ အရာေတြကိုေတာင္ လုပ္ႀကံဖန္တီးယူရတဲ့အထိ ... သူမ မက္ေမာခဲ့သည္ ။ မိမိအား မခ်စ္တဲ့ဖခမည္းေတာ္က မိမိကို ခ်စ္သေယာင္ ၊ မိမိအား မုန္းတဲ့အစ္မေတာ္က မိမိကို သံေယာဇဥ္ရွိသေယာင္ ၊ မိမိအား ဆိုး႐ြားစြာ အႏိုင္က်င့္တတ္တဲ့ အစ္ကိုေတာ္ေတြက မိမိကို ေမတၱာထားၾကသေယာင္ ... Afa ဟန္ေဆာင္ခဲ့သည္ ၊ စိတ္ကူးခဲ့သည္ ။ အရွိကိုအရွိအတိုင္းျမင္ရန္ ျငင္းဆန္ခဲ့သည္ ။ ထိုသို႔ျပဳျခင္းက သူမအား သက္သာေစသည္ ။
ယခု အခ်စ္နဲ႔ေတြ႕ေတာ့လည္း အဲ့သလို လုပ္ေနျပန္ၿပီ ။
မိမိအား ဖမ္းစီးပိတ္ေလွာင္ထားတဲ့ ေယာက်ၤားတစ္ေယာက္ရဲ႕ လက္ထဲမွာ အသက္ရႉၾကပ္စြာ ရွင္သန္ေနရင္းပဲ ထိုသူကို ခ်စ္ကြၽမ္းဝင္သြားခဲ့သည္ ။ အၾကင္သူက ႏွိပ္စက္တဲ့အခါလည္း ခြင့္လႊတ္ေပးကာ ၊ ေဆာ့ကစားတဲ့အခါ ရင္ခုန္မိသည္ ။
Afa ရဲ႕ အခ်စ္အေပၚ ခံယူခ်က္မ်ားဟာ စိတ္ကူးယဥ္ကမာၻတစ္ခုထဲက ပုံရိပ္ေယာင္ေတြျဖစ္ေနမလားေတာင္မသိ ။ ဒါဟာ အခ်စ္စစ္ဆိုတာ မွန္ရဲ႕လားေတာင္ Afa မသိ ။
ထိုသူ႔ဆီမွာ ရံဖန္ရံခါျမင္ရတတ္တဲ့ အၾကည့္ေႏြးေႏြးေတြဟာ က်ဥ္းေျမာင္းေသာကမာၻငယ္ေလးမွာ ေနထိုင္တဲ့ ႐ုပ္ဆိုးဆိုး သတၱဝါေလးတစ္ေကာင္ရဲ႕ စိတ္ကူးယဥ္အိပ္မက္ပဲျဖစ္ေနၿပီလား ? သူမဘဝက သိပ္ကို စိတ္ပ်က္ဖြယ္ေကာင္းလွသည္မို႔ ဖန္တီးယူမိတဲ့ ထြက္ေပါက္ပဲလားေတာင္မသိေတာ့ပါ ။
ငိုၿပီးရင္း ငိုရရင္း ေရွ႕ဆက္လို႔မျဖစ္ေတာ့သည့္ ရွက္စဖြယ္ ခံစားခ်က္ေတြအား တြယ္တာေနေသးတဲ့ မိမိကိုယ္ကို မုန္းတီးလာမိသည္ ။
မထိန္းႏိုင္တဲ့ ခံစားခ်က္ေတြ ဖိတ္က်ကုန္တဲ့ Afa ဟာ သိပ္ကိုသ႐ုပ္ပ်က္ေနခဲ့မွာပဲ ... ။
မနက္တုန္းက သူ႔ရဲ႕ေရွ႕မွာ ရွက္ဖြယ္အတိျဖစ္ခဲ့ရတာမို႔ Afa ထိုဧကရာဇ္ေလးကို မ်က္ႏွာခ်င္းမဆိုင္ရဲပါ ။ ေခြးေနရာမသိ ရာရာစစ နတ္သားတစ္ပါးကို ခ်စ္မိေလသတဲ့ ... ။ ဒါနဲ႔မၿပီး သူ႔ဆီက တန္ျပန္အၾကင္နာေတြကို ေတာင္းတမိေလတယ္ ။
အခုေတာ့ ကြယ္ဝွက္ထားခဲ့တဲ့ ေမတၱာေတြကို အၾကင္သူ ျမင္သြားၿပီေပါ့ ။
သ႐ုပ္ပ်က္လိုက္ေလျခင္း ... ။
' ကိုယ့္ေနရာမွာ ကိုယ္ေနၾကရေအာင္ ' တဲ့ ။
သူ သတိေပးခဲ့တယ္ ။
ထိုစကားေတြကို ဆိုခဲ့ေသာ သူ႔ႏႈတ္ခမ္းရဲ႕ လႈပ္ရွားသြားပုံကို ျပန္လည္ျမင္ေယာင္ရင္း Afa တိုးတိုးေလး ေရ႐ြတ္မိသည္ ။
" ကိုယ့္ေနရာ ကိုယ္သိ "
ဒါဟာ နိမ့္က်တဲ့ကြၽန္တစ္ေယာက္ ေသခ်ာေပါက္ သိေနရမည့္အခ်က္ ။ ထိုစကားကို သူ႔ႏႈတ္မွ ထြက္လာရေအာင္ တြန္းပို႔ခဲ့သူက ေနရာမသိတဲ့ Afa ပင္ ။
ရွက္ဖြယ္ေကာင္း၏ ။
* ေဒါက္ ေဒါက္ ေဒါက္ *
Lila ျပန္ေရာက္လာၿပီ ျဖစ္တာေၾကာင့္ ပါးျပင္ေပၚမွ မ်က္ရည္ေတြကို ပ်ာသလဲလဲ လက္ဖမိုးျဖင့္ ဖိသုတ္လိုက္သည္ ။
" ဝင္ခဲ့ပါ "
အသံထြက္သြားမွ လည္ေခ်ာင္းေတြ နာေနေၾကာင္းသိရ၏ ။ လည္မ်ိဳမွာ ေဝဒနာေတြစို႔ေနေအာင္ ငိုသံေတြကို ခ်ဳပ္တည္းထားခဲ့တာေၾကာင့္ေနမည္ ။
အခန္းထဲ ဝင္ေရာက္လာတာနဲ႔ ကုတင္ေပၚက ေကာင္မေလးကို Lila အကဲခတ္လိုက္၏ ။ Lila နဲ႔ မ်က္လုံးခ်င္းမဆုံရဲပုံရတဲ့ သူမ မ်က္လုံးေထာင့္ေတြ နီရဲမို႔ေယာင္ေနသည္ ။
Lila ထိုပုံစံကို ျမင္ေတာ့ ပင့္သက္ရႈိက္မိ၏ ။
Lila : " ဧကရာဇ္က ဘာတဲ့လဲ ? အဆူခံရျပန္ၿပီလား ? "
ပါးနပ္လြန္းတဲ့ Lila ရဲ႕အေမးေၾကာင့္ Afa ေခါင္းခါလိုက္သည္ ။
" ဟင့္အင္း မဟုတ္ပါဘူး ။ အရွင္က ... နန္းေတာ္ထဲမွာ ဘယ္လိုေနထိုင္ရမလဲ သိသင့္သိထိုက္တာေလးေတြ Afa. ကို သတိေပးသြားတာပါ "
Lila : " အဲဒါက ငိုရေလာက္တဲ့အထိ ျဖစ္ေစမလား ? ဘာျဖစ္လဲ မွန္မွန္ေျပာပါဟာ "
Lila က ကုတင္ေပၚတက္လာကာ Afa ၏လက္ႏွစ္ဖက္ကို ဆြဲယူဆုပ္ကိုင္လိုက္သည္ ။ သူမ နားေထာင္ေပးဖို႔ အသင့္ဆိုတဲ့သေဘာ ... ။
Afa မွာ ထိုကဲ့သို႔ေသာ အားထားရမႈမ်ိဳးကို မရဖူးသည္ျဖစ္ရာ စိတ္အနည္းငယ္ ေပါ့ပါးသြားရသည္ ။ Lila သည္ မိမိ၏ သ႐ုပ္မဲ့ေသာလွ်ိဳ႕ဝွက္ခ်က္မ်ားကို ပုံအပ္ထားရင္ေတာင္ လုံၿခဳံေစတဲ့ သူငယ္ခ်င္းေကာင္းမ်ိဳးပင္ ။ သူမကို ဖြင့္ဟဖို႔ တြန႔္မေနေတာ့ပါ ။
" Afa မသိေတာ့ဘူး ။ ဒီခံစားခ်က္ေတြက မွားေနတာကို ... ဒီေလာက္ ရွက္စရာေကာင္းတာကိုေတာင္ ... "
Lila : " ... ရပ္လို႔မရဘူး ဟုတ္တယ္မလား ? "
Lila သည္ Afa ပါးစပ္ဟလိုက္တည္းက အူဘယ္ႏွေခြရွိေၾကာင္း သိေနဟန္ စကားကိုပင္ အဆုံးသတ္ေပးလိုက္၏ ။ Afa ေအာက္ႏႈတ္ခမ္းေလးကို ဖိကိုက္ရင္း ေခါင္းညိတ္ျပမိ၏ ။
Lila : " ဒါသဘာဝပါပဲ ။ အခ်စ္က အလုံးစုံ မခ်ိဳေနေပမယ့္ ခ်ိဳတဲ့အခိုက္တန႔္ေလးေတြကေတာ့ စြဲလမ္းဖို႔ေကာင္းတယ္ ။ ေနာက္တစ္ခါပဲ ေနာက္တစ္ခါပဲနဲ႔ ... မူးယစ္ေဆးလိုပဲ စြဲသြားေရာ ... "
အစီအရီထြက္လာတဲ့ စကားလုံးတိုင္းဟာ အ႐ူးအမူးခ်စ္ဖူးေသာ လူတစ္ေယာက္ဆီမွလာသလို... ။ Afa ရဲ႕ လက္ေတြကို က်စ္က်စ္ဆုပ္ထားေပးရင္း အခ်စ္ဟာ မ်ည္မွ်ေၾကာက္မက္ဖြယ္ေကာင္းေၾကာင္း Afa အား အသိေပးဖို႔ Lila ႀကိဳးပမ္းေန၏ ။
Afa အံကိုႀကိတ္ကာ ေခါင္းငုံထားမိသည္ ။ သူ႔ကို အဲသေလာက္ စြဲလမ္းေနမိၿပီလား ?
" Afa မစြဲလမ္းခ်င္ဘူး ၊ ဘယ္လိုလုပ္ရမလဲ ဟင္ ? "
ထိုအခါ Lila ခပ္ဟဟရယ္ေလ၏ ။ ႏုနယ္ေသာ ပန္းပြင့္ငယ္၏ ေမးခြန္းဟာ အဓိပၸါယ္မဲ့သည္မို႔ ... ။
ေအးစိမ့္တဲ့ ထိုႏွင္းစက္ကိုမွ မေသာက္သုံးလွ်င္ သူမ ေသဆုံးရာ၏ ။ သူမမွာ ေ႐ြးခ်ယ္စရာမရွိ ။ အခ်စ္က သည္လိုပဲ မမွ်တေပ ။
Afa ဟာ အခ်စ္ႏွင့္အသည္းကြဲမႈအား ပထမဦးဆုံးေတြ႕ဖူးေသာ ကေလးငယ္ကေလးႏွယ္ ... အသည္းကြဲစေတြကို ရင္ဝယ္ပိုက္ကာ အၾကင္သူကို ေစာင့္ေန႐ုံသာ တတ္ႏိုင္မည္ ။ ကယ္ရာမဲ့ေနေသာ္လည္း ဘယ္သူ႔ကိုမွ အျပစ္မတင္ႏိုင္ ။
Lila : " သူ မရွိပဲ ေနႏိုင္တဲ့တစ္ေန႔ ... အဲ့ဒီစြဲလမ္းမႈ ေပ်ာက္ကင္းသြားလိမ့္မယ္ ။ အဲ့မတိုင္ခင္ေတာ့ ဒုကၡေတြအမ်ားႀကီးနဲ႔ ရင္ဆိုင္ရမွာေပါ့ ။ သူ႔အခ်စ္ကို ျပန္ရႏိုင္ဖို႔က်ေတာ့ မေသခ်ာဘူး ။ ဘာေၾကာင့္ဆို တစ္ဖက္လူက သာမန္ေယာက်ၤားတစ္ေယာက္မဟုတ္လို႔ေလ "
Afa အသက္ကို ေအာင့္ထားမိသည္ ။ Lila ရဲ႕ စကားေတြအား အခ်စ္၏သေဘာတရားတစ္ခုပမာ မမွိတ္မသုန္ နာၾကားေနမိသည္ ။
Lila : " ဒါေပမယ့္ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ အႀကံေပးရရင္ , သူနဲ႔ ခြာခြာေနေစခ်င္တယ္ ။ သူနဲ႔ အတူရွိေနရင္ နင္ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ ရွာေတြ႕မွာ မဟုတ္ဘူး "
Lila ေျပာေနရင္း တခဏ ရပ္သြားသည္ ။ သူမ ေမာပန္းသြားသလိုပင္ ... ပင့္သက္ခ်သည္ ။
Lila : " သူ နင့္ကို ဘယ္ေတာ့မွ အျပည့္အဝခ်စ္လာမွာမဟုတ္ဘူး ။ သူက ေလာဘႀကီးတဲ့ ေယာက်ၤားတစ္ေယာက္ပဲ ။ သူ နင့္ကိုေရာ ၊ နင့္အခ်စ္ေတြကိုပါ မေလးစားဘူး ။ နင့္အသက္က သူ႔လက္ထဲမွာ ရွိေနတာေၾကာင့္လည္း ပါတယ္ ၊ နင္လည္း သိပါတယ္ အဲဒါကို ... ။ သူ႔သေဘာရွိရင္ ရွိသလို နင့္ကို ၾကင္နာျပမယ္ ၊ စိတ္မပါေတာ့ရင္ ပစ္ထားမယ္ ၊ နင့္အခ်စ္ကို နင္းမယ္ ၊ အသုံးခ်မယ္ ၊ ေဒါသျဖစ္ရင္ ..... သတ္ပစ္ခ်င္ သတ္ပစ္မွာ "
Lila မွာ ေနာက္ဆုံးစာေၾကာင္းကို အမ်ားႀကီးစဥ္းစားၿပီးမွ ထုတ္ေျပာလိုက္သည္ ။
ႏွင္းစက္ေတြဟာ ပန္းပြင့္ကေလးကို သနားညႇာတာ၍ ေကာင္းကင္ေပၚမွာ ေႂကြက်သည္မဟုတ္ ။ သူတို႔သဘာဝအရ ျပဳမူျခင္းပင္ ။ ထိုအျဖစ္ကို ဂ႐ုဏာလို႔ အထင္မွားၿပီး ေစာင့္စားေနျခင္းက သိပ္ကို႐ိုးအသည္ ။
Lila ေျပာသမွ် အကြၽင္းမဲ့မွန္ခဲ့သည္ ။ သူမ ေျပာသလိုပဲ အၾကင္သူဟာ Afa. အေပၚ စိတ္အလိုရွိလွ်င္ ရွိသလို လွန္လိုက္ ေမွာက္လိုက္ ... ။ တခါတရံ သူ႔ပါးျပင္ထပ္က ပါးခ်ိဳင့္ေလးေတြဟာ Afaရဲ႕ ထင္ေယာင္ထင္မွားေတြလားဟု အျငင္းပြားစရာ ... ။
" ဟုတ္တယ္ သူ လုပ္ႏိုင္တယ္ ... လုပ္မွာ ... ။ တစ္ေန႔ေတာ့ Afa ဒီလိုနဲ႔ပဲ ေသသြားမယ္ ထင္ပါတယ္ "
သူ႔ဖက္ကေနၿပီး ခုခံေပးဖို႔ စိတ္ထဲ အေထာက္အထားေတြ ရွာေဖြေနခဲ့ေပမယ့္ တစ္ခုမွ ထြက္မလာခဲ့ပါ ။
သူဆိုတဲ့ ျဖစ္တည္မႈဟာ ခ်စ္ဖို႔ေရာ မုန္းဖို႔ပါ သိပ္ခက္သည္ပင္ ။
Lila : " ခ်စ္တာက ကိုယ့္ကိုယ္ကို လုံၿခဳံေအာင္ထားၿပီးမွလည္း ခ်စ္လို႔ရပါတယ္ ။ တခ်ိန္လုံး ကိုယ့္ႏွလုံးသားကို ထုတ္ျပဆက္သေနစရာမလိုဘူး ။ ကိုယ္ဘာလိုခ်င္သလဲ ေသခ်ာစဥ္းစားေပါ့ "
Afa ရဲ႕ျပႆနာမ်ားအား ကိုယ္ေရာစိတ္ပါ အေလးအနက္ စဥ္းစားေပးေနသည့္ Lila ၏ မ်က္လုံးစိမ္းမ်ားမွာ စိုးရိမ္မႈေတြအျပည့္ ။
Lila ေျပာလိုက္တဲ့ စကားလုံးမ်ားကို မွတ္သားရန္ ႏႈတ္မွသံေယာင္လိုက္လိုက္သည္ ။
" ကိုယ္ဘာလိုခ်င္သလဲ ..... "
Afa ကိုယ္တိုင္က ဘာလိုခ်င္ေနသလဲ ?
အမွန္တကယ္ ရွိသလား မရွိသလား မသိတဲ့ တိမ္တိုက္ေတြကို ... အတည္ျပဳဖို႔ လွမ္းဆုပ္လိုက္ေတာ့ လက္ေတြပဲ စိုစြတ္သြားရသည္ ။ မ်က္ရည္ေတြနဲ႔ ..... ။ ျဖစ္ႏိုင္တာက ေကာင္းကင္ႀကီးကို အၾကာႀကီး ေမာ့ၾကည့္ေနမိခဲ့သည္ထင့္ ... ။
အျမင္အာ႐ုံတို႔ပဲ ေဝဝါးသြားခဲ့သည္ ။
Afa မ်က္ခြံတို႔ကို မွိတ္ခ်လိုက္သည္ ။
ဆက္မေငးေတာ့ ... ။
__________________________________
ေ႐ႊေရာင္ေလွာင္အိမ္ငယ္ေလး၏ အေပါက္ဝတြင္ သူ ရပ္ေနမိသည္ ။ အထဲရွိ ကုတင္ျဖဴေပၚ၌ ငွက္ငယ္ေလးတစ္ေကာင္ အိပ္တမ္းဝင္လ်က္ ... ။
အေၾကာစိမ္းတို႔ ေထာင္သည္အထိ လက္သီးႏွစ္ဖက္ကို သူ က်စ္က်စ္ဆုပ္ထားသည္ ။ သူ ဤေလွာင္အိမ္အား က်ဴးေက်ာ္လို၏ ။
ညေပါင္းမ်ားစြာ သူမရဲ႕ ေလွာင္အိမ္အေရွ႕ မဆုံးႏိုင္ေသာ ေတာင့္တမႈမ်ားကို သူ ၿမိဳသိပ္သည္းခံခဲ့ရသည္ ။ ရံဖန္ရံခါတြင္ သူဟာ ႏိုးေနလ်က္နဲ႔ အိပ္မက္မက္ေနသလို ... စိတ္ကူးမ်ား စည္းေဘာင္လြန္ဖူးသည္အထိ ။
သူ၏ေဝဒနာမ်ား ေပ်ာက္ကင္းသြားေစရန္ သူ ေျခတစ္လွမ္း လွမ္းဖို႔သာလိုအပ္ေလသည္ ။ သို႔ေသာ္ ...
ဒီမ်ဥ္းကို ေက်ာ္ၿပီးလွ်င္ သူ႔ရဲ႕ အေပၚယံအလႊာတို႔ ကြာက်ၿပီး အထိအခိုက္လြယ္တဲ့ အသားႏုေလးပဲ က်န္ခဲ့မွာ စိုး႐ြံ႕သည္ ။
ဒီမ်ဥ္းကို ေက်ာ္ၿပီးလွ်င္ သူ႔ရဲ႕ ရင္တြင္း အနက္ႀကီးမွာ ျမႇဳပ္ႏွံထားတဲ့ အရာေတြ ျပန္လည္ထြက္ေပၚလာမွာ စိုး႐ြံ႕သည္ ။
ဒီမ်ဥ္းရဲ႕ တစ္ဖက္ျခမ္းမွာ သူဟာ အားနည္းသည္ ။
အႏွီေလွာင္အိမ္သည္ သူ႔ကိုယ္သူ သူမထံမွ ကာကြယ္ရန္ အဟန႔္အတားျဖစ္ခဲ့သည္ ။ သို႔ေသာ္ သူမအား သူ မတားႏိုင္ခဲ့ ... ။
သူမဟာ အလင္းေရာင္မို႔ ... ။
သူ ပိတ္ထားတဲ့ တံခါးၾကားကေန သူ႔ဆီ ဝင္ေရာက္ခဲ့ကာ ၊ မေတာင္းဆိုပါပဲ သူ႔ကို အေႏြးေပးခဲ့သည္ ။
အခုေတာ့ သူ အလင္းတန္းေတြထက္ ပိုလိုခ်င္ၿပီ ။
သူမရဲ႕ ဆံႏြယ္ေတြဟာ ေနျခည္ရဲ႕ သင္းရနံ႔ ...။
သူရိန္ေနမင္း ေနတစ္စင္းကို ေထြးပိုက္ နမ္းရႈိက္ရျခင္းဟာ ဘယ္လို အႏွစ္အရသာလဲ သိခ်င္လွၿပီ ။
အေတြးေတြေနာက္က်သြား၏ ။ သူ႔ရဲ႕ ႏႈတ္ခမ္းေတြနဲ႔ ႏွာဖ်ားဟာ ေ႐ႊအိုေရာင္သမ္းေနတဲ့ အညိဳေရာင္လႈိင္းေလးမ်ားအား နမ္းရႈိက္လိုက္မိၿပီ ။
အသိစိတ္ဝင္လာတာနဲ႔ သူ႔လက္ထဲ ဆံႏြယ္ေလးမ်ား ... ။ သူ မတင္းတိမ္ႏိုင္ေတာ့ေပ ။
သူမ ေဘးနား သူ အသာေလး ဝင္လွဲလိုက္မိသည္ ။
သူသိခဲ့သင့္သည္ ။ မိုးသည္းတဲ့ ေန႔ေတြမွာေတာင္ သစ္ကိုင္းေတြၾကား မွီရင္း သူသည္ ... တံစပ္ၿမိတ္ေအာက္မွာ မိုးစက္ေတြကို လက္ကေလးနဲ႔ ခံေနတဲ့ သူမအား ခိုးေၾကာင္ခိုးဝွက္ ေငးမိစဥ္ကတည္းက သူ႔ႏွလုံးသားရဲ႕အခြင့္အာဏာကို သူမဆီ ေပးအပ္လိုက္ၿပီျဖစ္ေၾကာင္း ... ။
သူမရဲ႕ ႏႈတ္ခမ္းပါးထပ္ ခပ္ဖြဖြေလး ဖိနမ္းလိုက္သည္ ။ ေနမင္းကို နမ္းရႈိက္ျခင္း ။
Ash : "မင္းသာ မုန္းစရာ ေကာင္းေနခဲ့ရင္ ... ဒီလိုေဝဒနာေတြ ခံစားရမွာမဟုတ္ဘူး "
_________________________________
က်ိဳးေက်ေနေသာ သစ္ကိုင္းေခ်ာက္ပမာ ၾကမ္းျပင္ေပၚ ၿပိဳလဲေနတဲ့ အမ်ိဳးသမီးကို Ash ေကာက္ခ်ီလိုက္သည္ ။ သူမ တစ္ကိုယ္လုံး ေအးစက္ကာ သ႐ုပ္ပ်က္စြာ အဝတ္အထည္မပါ ။
မိုးေသာက္ယံအလင္းပ်ပ်ထဲ အခန္းက်ဥ္းေလးဟာ ေမွာင္မိုက္ေန၏ ။ ေသြးညႇီနံ႔ႏွင့္ ေအာင့္သက္သက္ မႈိနံ႔ေတြပါ ေရာေန၏ ။
အမ်ိဳးသမီး၏ မ်က္ႏွာကို ပုံပင္ေဖာ္မရ ... ။
သို႔ေပမယ့္ Ash သူမအား ေပြ႕ဖက္ထားသည္ ။သူမအား ႏွစ္သိမ့္စကားေျပာရန္ သူ ႀကိဳးပမ္းေနသည္ ။ အသံေတြမထြက္ ။
" န... နားေထာင္ ... Ash နားေထာင္ "
အသက္ေငြ႕ေငြ႕ၾကားမွ သူမ အားယူဆိုသည္ ။ သူ နာခံစြာ သူမ ပါးစပ္နား နားကပ္ေထာင္လိုက္သည္ ။
" တေန႔ ... လူတစ္ေယာက္ကို ... ရင္နင့္ေအာင္ ခ်စ္မိခဲ့ၿပီဆိုရင္ ... အဲ့ဒီလူကို ... "
အမ်က္ေဒါသေတြျဖင့္ သူမ သူ႔ရဲ႕ပုခုံးမွ အက်ီစကို က်စ္က်စ္ဆုပ္လာ၏ ။
" သတ္ပစ္လိုက္ ! "
_______________________________