Te Amo Por Siempre (I Love Yo...
By flickstar1
55.1K 4.9K 167
တစ်ခြားသူတွေနဲ့ မတူညီတဲ့ချစ်ခြင်းမျိုးဆိုရင်တော့ မမကို ညီမက အပြည့်ထက်ကျော်လွန်တဲ့ ၁၀၁% ချစ်ခြင်းမျိုးနဲ့ ချစ်... More
Author Note
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
ဇာတ်သိမ်းပိုင်း
5.2K 412 26
By flickstar1
(Zawgyi)
"ဟယ်လို မသိင်္ဂီ...ရန်ကုန်ရောက်ပြီလားဟင်..."
"မမက အိပ်နေတယ် မသိင်္ဂီရဲ့...မနက်က ဘုရားသွားပြီးပင်ပန်းသွားတယ်ထင်ပါတယ်...အိပ်နေတာအကြာကြီးပဲ...ဘာလို့လဲဟင် အစ်မ"
"အစ်မက ဆေးရုံရောက်နေပြီ...ခေတ်တို့အခန်းရှေ့မှာ ခဏထွက်လာလို့ရမလား..."
"အန်တီ...ဟို...မသိင်္ဂီ...အန်တီက ဘယ်လိုလုပ်..."
"သမီး သိင်္ဂီ...မိုးသားကိုခဏကြည့်ပေးထားလို့ရမလား...အန်တီကလေးမလေးနဲ့ စကားပြောချင်လို့"
"ဟုတ်ရပါတယ် အန်တီ...အန်တီတို့ လွတ်လွတ်လပ်လပ်ပြောကြပါ...ခေတ် ညီမလေး အန်တီသိသင့်သလောက်တော့ အစ်မပြောထားတယ်...ကျန်တာကိုတော့ ညီမလေး အန်တီနဲ့ပြောလိုက်နော်"
"လာလေ ကလေးမ...အန်တီတို့ ဆေးရုံက ကော်ဖီဆိုင်မှာသွားထိုင်ကြရအောင်"
ခေတ်က တစ်ခွန်းမှပြန်မပြောနိုင်သေးဘဲ မမမေမေခေါ်ဆောင်ရာသို့သာ ခေါင်းလေးငုံ့၍လိုက်သွားခဲ့မိသည်။
"ဟုတ်ကဲ့ အန်တီ...ခေတ်တို့ပြနေကြ ဆရာဝန်မကြီးက ဒီနေရာရယ် တောင်ဥက္ကလာက ဆေးရုံတစ်ခုရယ်မှာပဲ ထိုင်တော့လေ...ဒီမှာကျတော့ စက်ပစ္စည်းအစုံအလင်ရှိတာရော ပိုပြီးစိတ်ချရတယ်လို့လည်း ပြောလို့ပါ"
"အဲ့တော့ ဘယ်လိုနေလဲ"
"ရှင် ဘာကိုပြောတာလဲဟင် အန်တီ"
"ကိုယ့်ဒူးကိုယ်ချွန်ပြီး နေကြတာလေ...မိန်းကလေးအချင်းချင်း တူတူနေကြတာ အခုလိုခက်ခဲလာတဲ့အချိန်မှာ ဘယ်လိုနေကြလဲလို့...ဘာလို့တားခဲ့လဲ သိလား...အခုလိုတွေဖြစ်မှာစိုးလို့ပဲ...အန်တီ့သမီးကို သမီးတို့တူတူနေပြီးထဲက တင့်တောင့်တင့်တယ်နဲ့ သမီးထားနိုင်လား...အခု အန်တီ့သမီးလေးဆေးရုံတက်ရတယ်...သမီး မိုးသားကို အကောင်းဆုံးလုပ်ပေးနိုင်လား...လိုနေတဲ့ပိုက်ဆံသိန်း(၃၀)ကို အတိုးနင့်နေအောင် ချေးပြီးဆေးရုံစရိတ်ရှာရတယ်မဟုတ်လား...ဟုတ်ပါပြီ အကောင်းဆုံးဆရာဝန်အကောင်းဆုံးဆေးရုံမှာ ထားပြီးကုပေးတယ်...နေပြန်ကောင်းလာရင် အဲ့အကြွေးကိုဘယ်လိုဆပ်မလဲ...အကြွေးကျေဖို့ အန်တီ့သမီးလေး မိုးသားကို သမီးနဲ့တူတူ ဒုက္ခခံခိုင်းမယ်ပေါ့...သမီးနဲ့တူတူ အနေအစားဆင်းရဲခံခိုင်းမယ်ပေါ့...အဲ့တာကို သမီးတို့က ချစ်တယ်လို့ခေါ်ကြတာလား...မဟုတ်ဘူးနော် အဲ့တာကိုချစ်တယ်လို့မခေါ်ဘူး...ကိုယ်ချစ်တဲ့သူကိုနှစ်နေတာ..."
"ဒါပေမဲ့ မပူပါနဲ့...အန်တီအဲ့ပိုက်ဆံကို ပြန်ဆပ်ပေးလိုက်ပြီ...သမီးဆပ်နိုင်မှာ မဟုတ်ဘူးဆိုတာသိတယ်"
"အဲ့လိုတော့မဟုတ်ပါဘူး အန်တီ...ခေတ် ငွေချေးတယ်ဆိုတာကလည်း မတတ်သာတဲ့အခြေအနေမို့လို့ပါ...အရင်က ခေတ်တို့ဆီမှာ ငွေကြေးအလုံအလောက်ရှိပါတယ်...အန်တီခုဏက ခေတ်ကိုပြောနေသလိုမျိုးတွေ ခေတ် မမကိုတစ်ခါမှ မထားခဲ့ဖူးပါဘူး အန်တီရယ်...မမ ဒီရောဂါစဖြစ်တယ်ဆိုတာ သိထဲက ခေတ်မမကိုအလုပ်ထွက်ခိုင်းခဲ့ပြီး ခေတ်နိုင်တာထက်ပိုပြီး မမကို ပြုစုပေးခဲ့တာပါ...ဒါတွေကို ခေတ် နာမည်ကောင်းရချင်လို့ အန်တီ့ကိုပြောနေတာမျိုးမဟုတ်ပါဘူး...အန်တီက မိခင်တစ်ယောက်အနေနဲ့ မမကိုချစ်တာဆိုရင် ခေတ်ကလည်း အန်တီမမကိုချစ်တဲ့အချစ်တွေထက် မလျော့တဲ့ချစ်ခြင်းတွေနဲ့ ချစ်တဲ့သူပါ"
"ဟုတ်တယ် အန်တီသိတယ်...သမီးတို့ချစ်တာကိုလည်းသိတယ်...ဒါပေမဲ့ ချစ်တာတစ်ခုတည်းနဲ့ လောကမှာ​နေထိုင်လို့ရလား...ယုတ်စွအဆုံး သမီးရယ် သမီးတို့ချစ်ပါတယ်ထိုင်အော်နေလို့ ဆေးရုံစရိတ်ရှာရခဲ့လို့လား...ရှာမရလို့ပဲ အတိုးတွေအများကြီးနဲ့ ချေးယူခဲ့ရတာမဟုတ်လား...အန်တီပြောချင်တာအဲ့တာပဲ...သမီး အန်တီ့သမီးလေးမိုးသားကို ချစ်တယ်ပြောနေပြီး သူ့အတွက်ခိုင်ခိုင်မာမာ နေထိုင်နိုင်မဲ့ ငွေကြေးအင်အားမျိုးရှိပြီလား...သူ့ဘဝစာအတွက် ဘယ်လိုအာမခံချက်မျိုးတွေရှိပြီလဲ... အခုဆိုပိုဆိုးသွားပြီ မိုးသားက ကင်ဆာရောဂါသည်...သူ့ရောဂါက operation ပြီးသွားရင် အပြီးပျောက်သွားမှာလား...ဒီရောဂါကြီးကို ထပ်ကုနေရအုံးမှာလား အန်တီတို့မသိနိုင်ဘူး...အဲ့အတွက် သမီးဘက်ကဘာတွေပြင်ဆင်ထားပြီးပြီလဲ...အန်တီ့သမီးလေးအတွက်...သမီးသာ အန်တီ့နေရာမှာဆိုရင်ရော သမီးလိုလူရဲ့လက်ထဲကို အန်တီ့သမီးလေးကို ကြည်ကြည်ဖြူဖြူထည့်ပေးနိုင်ပါ့မလား...အန်တီပြောတာရှင်းရှင်းလေးပဲ သမီးတို့စိတ်နဲ့သမီးတို့ တူတူဘဝတစ်ခုကိုထူထောင်ကြတာ အန်တီစိတ်ဆိုးတာမှန်တယ်...ဒါပေမဲ့ မိုးသားက သူ့ခြေထောက်ပေါ်သူရပ်တည်နေတဲ့ ကလေးဖြစ်လို့ အန်တီမလုပ်ပါနဲ့လို့တားယုံကလွဲပြီး ဝင်စွက်ဖက်ပိုင်ခွင့်မရှိတော့ဘူး...သို့ပေမဲ့ သားသမီးတစ်ယောက် မပူမပန်မကြောင့်မကျဘဲ ဘဝမှာနေထိုင်သွားတာကိုပဲ မြင်ချင်ကြတာ မိဘတိုင်းရဲ့ မေတ္တာလေ မဟုတ်ဘူးလား...အဲ့အတွက် အန်တီ့ဘက်က သမီးကိုဒီလိုပြောနေရတာ...ဒီလိုအခြေအနေတွေရောက်တော့မှ အန်တီသဘောမတူဘူးလို့ မပြောတော့ဘူးနော်...ဒါပေမဲ့ သမီးဘက်မှာ သေချာရေရာပြီး အန်တီ့သမီးလေး မပူမပင်နေရမဲ့ ဘဝအာမခံချက်မျိုး ရှိမှသာ အန်တီစိတ်ချလက်ချ သမီးလက်ထဲထည့်ပေးနိုင်မယ်...မဟုတ်ရင် အန်တီစိတ်မချဘူး"
ခေတ်လည်း တွေးပါတယ်။ ခေတ်မှာ ငွေကြေးသာမတတ်နိုင်ခဲ့တော့ရင် မမရောဂါခံစားနေရတာကို ရင်နာနာနှင့် ထိုင်ကြည့်နေရမှာလားဆိုပြီးတော့လေ။
"အန်တီက ခေတ်တို့ကို ဘာဖြစ်စေချင်လို့လဲဟင်..."
"ဘာဖြစ်စေချင်တယ်ဆိုတာ အန်တီ့ကိုမေးရမှာမဟုတ်ဘူး...သမီးကိုယ့်ကိုယ်ကိုမေးရမှာ...နောက်တစ်ခုက သမီးမိဘတွေနဲ့ အန်တီသွားတွေ့ပြီးပြီ...မထင်ထားမိတာက သမီးမိဘတွေက သမီးကို တော်တော်လေး ပစ်ပယ်ထားကြတာပဲ...သမီးကိစ္စဆိုရင် ဘာမှလာမပြောပါနဲ့ဆိုပြီး အန်တီ့ကိုပြောလွှတ်လိုက်တယ်...သမီးမှာ အန်တီ့သမီးလေးမိုးသားနဲ့ မလိုက်ဖက်တာတွေမှ တော်တော်မလိုက်ဖက်တာပါ...ဒါပေမဲ့ ဒါတွေထားပါ...သမီးတို့ မိသားစုအိမ်တွင်းရေးကိစ္စမို့လို့ အန်တီမပြောချင်ပါဘူး...အန်တီပြောချင်တာက မိုးသားနဲ့သမီးကိစ္စပဲ...ဘာလုပ်သင့်တယ် ဘာဖြစ်ချင်တယ်...အန်တီ့ကို ဘယ်လိုကတိမျိုးတွေပေးမယ်...ဘာလုပ်ပြမယ်ဆိုတာ သမီးဆုံးဖြတ်ရမှာ..."
"အကယ်၍ ခေတ်သာ မမကို တစ်ဘစာလုံးတာဝန်ယူနိုင်မဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင် မမကိုခေတ်လက်ထဲ ကြည်ကြည်ဖြူဖြူထည့်ပေးမှာလား အန်တီ"
"အန်တီ့မှာ သမီးတို့ကိုခွဲဖို့ စိတ်ကူးမရှိဘူး...သမီးပြောသလို အန်တီ့သမီးလေးကို တစ်ဘဝလုံးတာဝန်ယူနိုင်မဲ့ အခြေအနေမျိုးဆိုရင် အန်တီ သမီးလက်ထဲကိုကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်မယ်"
"ဒီလက်စွပ်နှစ်ကွင်းကို အန်တီသိမ်းထားမယ်...အန်တီ့ဆီမှာ တစ်နေ့ သမီးလာတောင်းယူနိုင်လိမ့်မယ်လို့ အန်တီယုံတယ်...မိုးသားoperationလုပ်ပြီးသွားရင်တော့ သမီးတစ်ခုခုကိုဆုံးဖြတ်ပါ"
အရာရာမှာ ငွေကြေးကသာ အဆုံးအဖြတ်ပေးစမြဲဖြစ်လို့ ခေတ်တို့လို လူတန်းစားတွေဟာ ဘယ်အချိန်ဖြစ်ဖြစ် တစ်ဗန်းရှုံးကြပါတယ်။
"ခေတ်...ဘာလုပ်နေတာလဲ...မပြီးသေးဘူးလား...မျက်နှာလည်းမကောင်းပါလား...ထမင်းလည်း မစားသေးဘူး...ခေတ်ကို မမ မေကြီး တစ်ခုခုပြောလိုက်တယ် မဟုတ်လား...မေကြီးနဲ့ ခေတ်တို့ဘာတွေပြောကြတာလဲ"
"ခေတ်နေကောင်းပါတယ် မမရယ်...မမမေမေနဲ့ပြောတယ်ဆိုတာ ခေတ်တို့နှစ်ယောက်ရဲ့ ရှေ့ရေးပြောကြတာပါ...မမက အဲ့တာတွေမတွေးဘဲ မနက်ဖြန်ခွဲစိတ်တာ အောင်မြင်ရမယ်လို့ပဲတွေးနော် မမ"
"ခွဲစိတ်တာ အောင်မြင်မှာပါ ခေတ်ရဲ့...အောင်မြင်မယ်လို့လည်း ယုံကြည်တယ်...ဒါပေမဲ့လေ မမ ရင်သားတစ်ဖက်ခွဲစိတ်လိုက်ရင် အရင်ကလို မြန်မာအင်္ကျီလေးတွေ ဝတ်မရတော့ဘူးထင်တယ်နော် ခေတ်"
"မမ ခေတ်ကိုကြည့်ပါအုံး...မမက အရင်ကတည်းက လှပြီးသားလေ မမရဲ့...မြန်မာအင်္ကျီပဲဝတ်ဝတ်...free styleလေးပဲဝတ်ဝတ် လှပြီးသား...ရင်သားတစ်ဖက်မရှိလည်း ဘာဖြစ်လဲ...ကျန်းမာရေးကြောင့်ခွဲစိတ်ခဲ့ရတာပဲ အားမငယ်ပါနဲ့မမရဲ့နော်..."
"မမ အားငယ်တာ မဟုတ်ပါဘူး...ပုံစံမကျတော့တဲ့ ခန္ဓာကိုယ်ကြောင့် မမကိုခေတ်မချစ်တော့မှာကို ကြောက်မိတာ"
"မမရယ်...မမက ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ ခေတ်ကချစ်ပြီးသားမို့လို့ အဲ့တာမျိုးတွေကိုမစိုးရိမ်ပါနဲ့နော်...ခေတ်နှလုံးသားက မမကလွဲပြီး နောက်ထပ် ဘယ်သူ့ကိုမှ လက်ခံလို့မရတော့ဘူးဆိုတာ မမယုံတယ်မဟုတ်လား...ခေတ်က စကားကိုဟုတ်တိပတ်တိ လည်လည်ဝယ်ဝယ် မပြောတတ်တာ မမသိတယ်မဟုတ်လား...အဲ့တာကို ကတိပေးတယ်လို့ပြောရမှာလား ခေတ်က မမတစ်ယောက်ကိုပဲချစ်မြတ်နိုးပါ့မယ်ဆိုတဲ့ ကတိစကားကို ခေတ်အသက်နဲ့ ကျိန်ဆိုပါ့မယ်...အကယ်၍များ မမအပေါ် ခေတ်သစ္စာဖောက်ပျက်ခဲ့သည်ရှိသော်..."
"မမ ကျိန်တာတွေမကြိုက်ဘူးဆိုတာ သိတယ်မဟုတ်လား...မမြင်ရတဲ့ကံကြမ္မာကြောင့် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တောင် ခေတ်ကို မမက အနာတရသေးသေးလေးတောင် အဖြစ်မခံနိုင်လို့လေ"
မမဆီမှ ကြားရသောစကားကြောင့် ခေတ်က မမကို ဒုတိယအကြိမ် ဖက်ထားလိုက်ပြီး ခေတ်လက်လေးဖြင့် မမဆံနွယ်လေးတွေအားဖွဖွပွတ်၍...
"ခေတ်က သစ္စာဖောက်ခဲ့သည်ရှိသော်...ချစ်သူခင်သူနှင့်ကွေ ကွင်းရသော ဘဝနှင့် သံသရာအဆက်ဆက် ရှင်သန်နေရပါစေ"
"ကြည့် မလုပ်ပါနဲ့ဆို"
ဇွန်လ (၂၀)ရက်နေ့...
"အန်တီ ခေတ်...စကားတစ်ခွန်းနှစ်လောက်ပြောချင်လို့်ရမလားဟင်"
အန်တီကပင် ဦးဆောင်ပြီး ဆေးရုံရှိ ကော်ဖီဆိုင်သို့ခေတ်ကိုခေါ်သွားခဲ့သည်။ ခေတ်ကတော့ ဆုံးဖြတ်ချထားသော ကိစ္စကို ပြောဖို့တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်...
"ခေတ်နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ပါ အန်တီ...အန်တီ မမကိုစောင့်ရှောက်ပေးလို့ရနိုင်မလားဟင်...လိုအပ်တဲ့ငွေကြေးမှန်သမျှကို ခေတ် ဟိုကနေ ပို့ပေးပါ့မယ်...အန်တီပြောသလို ခေတ်မမကို မပူမပင်မကြောင့်မကျဘဲ ထားနိုင်ဖို့၊ ခေတ်မှာ ခိုင်မာတဲ့ငွေကြေးအင်အားရှိဖို့ဆိုတာ ဘွဲ့မရ၊ အတတ်ပညာလည်း သိပ်မရှိတဲ့ ခေတ်အတွက် ဒီနိုင်ငံမှာရှာဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်...အဲ့အတွက် ခေတ် နိုင်ငံခြားထွက်အလုပ်လုပ်မှပဲရမှာ...ခေတ် ဟိုကိုသွားရင် မမကိုတော့ စိတ်ချထားချင်လို့ပါ"
"အန်တီသိမှာပါ...ခေတ်မိဘတွေကို တွေ့ပြီးပြီဆိုတော့လေ...ခေတ်မှာ တွယ်တာစရာဆိုလို့ ခေတ်ဘဝမှာ မမပဲရှိတော့တာမို့လို့...ခေတ်တို့ကိုတော့ မခွဲပါနဲ့နော် အန်တီ...အန်တီစိတ်ပူသလို မဖြစ်ရအောင် ခေတ်ကြိုးစားပါ့မယ်...မမကိုတော့ အန်တီက နေကောင်းတဲ့အချိန်ထိ စောင့်ရှောက်ပေးပါနော်"
ဒေါ်ခင်ပြုံးချိုက ကလေးမလေးရဲ့လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်ကာ...
"အခုချိန်ထိ အန်တီလို့ခေါ်နေအုံးမှာလား...မိုးသားခေါ်သလို မေကြီးလို့ပဲခေါ်လေ သမီးလေး...အန်တီ့သမီးလေးမိုးသားကိုချစ်ပေးလို့ အန်တီက ကျေးဇူးအများကြီးတင်ပါတယ် သမီးရယ်...သားသမီးချင်း မစာနာတတ်ဘူးလို့မထင်လိုက်ပါနဲ့...အန်တီလည်းထောက်ပံ့နိုင်သလောက် ထောက်ပံ့ပေးတယ် ဆိုပေမဲ့...အန်တီမရှိတော့တဲ့အချိန်ကျရင် သမီးတို့နှစ်ယောက်စလုံး မျက်နှာငယ်နဲ့ကျန်နေခဲ့ရမှာစိုးလို့ အန်တီကအခုလိုတွေ ပြောနေရတာပါကွယ်...နောက်တစ်ခုက မိုးသားလေးက ရောဂါသယ်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ရေးမှာ ပင်ပန်းဆင်းရဲဒုက္ခခံနေရတာမျိုး မမြင်ချင်လို့ပါ သမီးရယ်...မိုးသားသာ ကျန်းမာနေတဲ့သူဆိုရင် သူ့ဝင်ငွေလေးနဲ့သူမို့လို့ အန်တီသမီးတို့ကိုစိတ်ချပါတယ်...အန်တီဖြစ်နေတဲ့ မိခင်တစ်ယောက်ရဲ့စိတ်ကို သမီးနားလည်နိုင်မယ်လို့ အန်တီမျှော်လင့်ပါတယ်"
မမမေမေဆီမှ ကြားလိုက်ရသော စကားကြောင့် ခေတ်မှာ ဝမ်းသွာလွန်းတာကြောင့် ဟန်ပင်မဆောင်နိုင်ခဲ့ပေ။ ခေတ်တို့နှစ်ယောက်ကို မမမေမေက သဘောတူသွားပြီမို့လို့လေ။ ကျန်တာတွေကတော့ ခေတ်ရဲ့အချစ်တွေနှင့် ရအောင်ကျော်ဖြတ်ရမှာပေါ့။
မမကိုခေတ် သိပ်ချစ်တာပဲကို...ဘယ်လိုအခက်အခဲမဆိုကို ကျော်ဖြတ်ဖို့ရာ ခေတ်အဆင်သင့်ပြင်ထားပြီးသား...။
ခေတ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်လိုအရာကမှ ခွဲလို့မရဘူးဆိုတာလည်း ခေတ်က ယုံပြီးသား။
-------
(၈)နှစ်ကြာပြီးနောက်....
"မမရယ်...ဘာလို့ငိုရတာလဲ...ခေတ်ပြန်လာပြီပဲကိုနော်...မငိုနဲ့တိတ်တိတ် ခေတ်မမလေးကလေ အသက်က (၄၀)သာကျော်နေတာနော် အခုထိ ကလေးလေးလိုပဲ...ချစ်ဖို့ကောင်းနေတုန်း"
အသက်အရွယ်ရလာလို့ စကားပြောပုံ၊ ဆိုပုံလေးတွေ ရင့်ကျက်သည့်ဟန် ပေါက်နေသည်ကလွဲရင်တော့ မိုးသားမျက်လုံးထဲမှာ လွန်ခဲ့သော (၈)နှစ်က ခေတ်လေးလိုပင်ရှိနေသေး၏။
"ဟုတ်တယ် ခေတ်ရဲ့...အိမ်မှာပဲ...မခေါ်လာတော့တာလေ..."
"ဒီတစ်ခါ နောက်ထပ်ထပ်ပြီး မခွဲတော့ဘူးနော် ခေတ်...အကြာကြီးခွဲနေရတဲ့ ဒဏ်ကိုမခံစားနိုင်တော့ဘူး...ပြီးတော့ မမကလေးလေးကို သိပ်ကိုသနားတယ်...မမကြောင့်နဲ့..."
"ခေတ်ကိုယ်တိုင်ကိုက ရွေးချယ်ခဲ့တာပါ မမရယ်...မမကြောင့်ဆိုပြီးမတွေးပါနဲ့...ခေတ်ကိုယ်က ဒီလိုလျှောက်ဖို့ရွေးချယ်ခဲ့တာပါ...ဒါတောင် ဒီလောက်နှစ်တွေအကြာကြီးသွားလုပ်တာတောင် လက်ထဲဘယ်လောက်ပဲ ကျန်လဲ မမအမြင်ပဲလေ...ဒါပေမဲ့ ဘာပဲပြောပြော ဒီမှာနေပြီး မမကိုဒုက္ခခံခိုင်းတာထက်စာရင်...ခေတ်တစ်ယောက်တည်းဟိုမှာ ဒုက္ခခံပြီး မမကျန်းမာရေးအခုလိုကောင်းလာအောင် လုပ်လိုက်ရတာပိုမကောင်းဘူးလား...အခုတော့ ခေတ်တို့ အဖွားကြီးတွေဖြစ်တဲ့ထိ တူတူနေလို့ရပြီလေ မမရဲ့"
"ခေတ်ရယ်..."
လွန်ခဲ့သော (၈)နှစ် မမ၏ ရင်သားခွဲစိတ်မှုပြီးတော့ ခေတ် မလေးရှားသို့ မီးဖိုချောင်ဆိုင်အကူဖြင့် (၄)နှစ်အလုပ်ထွက်လုပ်ခဲ့သည်။ အတန်းပညာမတတ် အင်္ဂလိပ်စာလေး မတောက်တခေါက်သာတတ်သော ခေတ်က အလုပ်ရွေးမရခဲ့ဘဲ ကိုယ့်အတန်းပညာနှင့်တန်သော အလုပ်ကိုသာ လုပ်ခဲ့ရသည်။ ရသမျှလစာကို ခေတ်သုံးစွဲဖို့အနည်းငယ်သာ ချန်ထားကာ မမဆေးစရိတ်အတွက် အကုန် မမဆီသို့လတိုင်း ပို့ပေးဖြစ်သည်။
ခေတ် မလေးရှားကပြန်ရောက်တော့ မမကျန်းမာရေးက တော်တော်လေးကောင်းမန်နေပြီး ခေတ်ကိုနိုင်ငံခြားထွက်မလုပ်ဘဲ ဒီမှာလုပ်ဖို့မေကြီးရော မမပါပြောကြပေမဲ့ ခေတ်က မမမျက်နှာငယ်မှာစိုးသည့် စိတ်တစ်ခုတည်းဖြင့် စင်္ကာပူသို့တစ်ခေါက်ပြန်ထွက်ခဲ့သည်။
"ခေတ် ဘာတွေတွေးနေတာလဲ..."
"ဘာမှ မဟုတ်ပါဘူးမမရယ်...ခေတ်တို့ မတွေ့ရတာ (၄)နှစ်နော်...ခေတ်မိန်းမလေးက (၄)နှစ်အတွင်းမှာ အခုထိ အရင်တိုင်းလှနေတုန်းပဲ...လူတွေရှိနေလို့ပေါ့ နှစ်ယောက်တည်းသာဆိုရင် မွှေးမွှေးတွေအများကြီးပေးပစ်ပြီးပြီ"
"အေးနော် ကြည့်နေသိလား ဒေါ်ယွန်းခေတ်သဒ္ဒါ...ဒီအရွယ်ကြီးရောက်နေပြီ အရင်လို ကလေးကလားနဲ့ လူကြားထဲကဲချင်နေတယ်ဆိုရင်လည်း ဒီမှာ ဗိုက်ခေါက်ဆွဲဖို့ လက်သွေးထားတယ် မြင်လား"
"မမနော် အခုချိန်ထိ ဗိုက်ဆွဲမယ်ဆိုတဲ့အကျင့်ကြီးက မပျောက်သေးဘူး...ဒီအရွယ်ကြီးတွေရောက်နေပါပြီ ဘာလို့များ ဗိုက်ခေါက်ကဆွဲချင်နေရသေးတယ်လို့...ပြောနေရင်း ခေတ်ရဲ့အဆီဗိုက်ခေါက်ကြီးတွေ ယားချင်သလိုလိုတောင်ရှိလာပြီ"
ချစ်ပါတယ်လို့ တစ်ဖွဖွပြောနေသော စကားတွေထက် မည်မျှထိ ချစ်ကြောင်းကို ခေတ်က မိုးသားအား သက်သေပြသွားခဲ့သည်။
ခေတ်ကို ရွေးချယ်ခဲ့တာ မှန်ကန်ကြောင်းကို မိုးသား မေကြီးကိုကအစ ခေတ်က သူ့အချစ်တွေဖြင့် အနိုင်ယူနိုင်ခဲ့သည်။
မိုးသားတို့ လူဖြစ်ရတယ်ဆိုတဲ့ သက်တမ်းဟာ တကယ်တော့ တိုတိုလေးပါ။ အဲ့ဒီသက်တမ်းတိုတိုလေးမှာ မိုးသားတို့ကို သိပ်ချစ်တဲ့ ဘဝလက်တွဲဖော် တစ်ယောက်ရှိတယ်ဆိုရင်ပဲ သက်တမ်းတိုတိုလေးသာ ရှိတဲ့ မိုးသားတို့ရဲ့ ဘဝလေးဟာ လောကကြီးထဲ လူဖြစ်ရကျိုးနပ်နေပါပြီ။
အကယ်၍များ နောက်ထပ်ဘဝတွေ ထပ်ရှိခဲ့မယ်ဆိုရင် မိုးသားကလည်း ချစ်ရသူ၊ မိုးသားကိုလည်း ချစ်ရသူ ခေတ်ရဲ့လက်တွဲဖော်အဖြစ်နဲ့ပဲ ဘဝဆက်တိုင်း မိုးသားဆိုတဲ့ တည်ရှိမှုလေးသာ ဖြစ်ချင်ပါ၏။
ထိုအရာဟာ ချစ်ခြင်းမေတ္တာဆိုရင် မိုးသားဟာ ခေတ်ရဲ့ ချစ်ခြင်းမေတ္တာတွေမှာ အရောင်ကင်းမဲ့စွာနဲ့ ပျော်ဝင်ခဲ့မိပါတော့သည်။
×××××××
*ပြီးပါပြီ*
Hello!
အလုပ်ကိစ္စလေးတွေနဲ့ ဒီလတွေမှာရှုပ်နေတာကြောင့် စာရေးတဲ့ဘက်ကိုလုံးဝကို မလှည့်နိုင်လို့ အပိုင်းသစ်တွေလည်း မတင်ပေးဖြစ်ရတာပါ။ ရိပ်တို့ပန်းတို့ရဲ့အပိုင်းသစ်ကိုလည်း ဒီတစ်ပတ်ပြီးရင်တော့ တင်ပေးဖို့စဉ်းစားထားတာမို့လို့ တစ်ပတ်လောက်တော့စောင့်ပါအုံးလို့ပဲ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်နော်။
*P.S*
မိုးသားနှင်းဆီရဲ့ မွေးနေ့ရက်မှာပဲ ဇာတ်သိမ်းပိုင်းထိတင်ပေးလိုက်ပါတယ်*
❤Love you all❤
Flickstar
---------
(Unicode)
(Zawgyi)
ခေတ်တို့ ရွှေတိဂုံသွားပြီး ဆေးရုံရောက်တော့ နေ့လယ်ထမင်းစားချိန်ကျော်နေလေပြီ။ နှစ်ယောက်သား ပါလာသော ကြက်သားကြော်လေးရယ်၊ ငံပြာရည်ကြော်လေးရယ်နှင့် ထမင်းစားသောက်ပြီး မမကေတာ့ ပင်ပန်းလို့ထင်ပါတယ် ဆေးရုံးကုတင်ပေါ်လေးမှာတင် အိပ်ပျော်သွားလေ၏။
ခေတ်ကတော့ ပါလာသော ပစ္စည်းလေးတွေကို အခန်းထဲ နေရာတကျထား၊ အဆင်သင့်ထုတ်စရာရှိသည့် အဝတ်လေးတွေထုတ်နှင့် အလုပ်တွေရှုပ်နေပြန်သည်။အကုန်လုံးလုပ်ပြီးသည် အထိ မမက မနိုးသေးတော့ ချွေးတွေနှင့် စေးကပ်နေတာကြောင့် ရေချိုးဖို့ပြင်နေတုန်း ခေတ် ဖုန်းသို့ မသိင်္ဂီဖုန်းနံပါတ်ဝင်လာလေသည်။
"ဟယ္လို မသိင်္ဂီ...ရန်ကုန်ရောက်ပြီလားဟင်..."
"ရန်ကုန်ရောက်တာကြာပြီခေတ်...အခုဘေးမှာ မိုးသားရှိလား..."
"မမက အိပ်နေတယ် မသိင်္ဂီရ့ဲ...မနက္က ဘုရားသွားပြီးပင်ပန်းသွားတယ်ထင်ပါတယ်...အိပ်နေတာအကြာကြီးပဲ...ဘာလို့လဲဟင် အစ္မ"
"အစ္မက ဆေးရုံရောက်နေပြီ...ခေတ်တို့အခန်းရှေ့မှာ ခဏထွက်လာလို့ရမလား..."
"အယ် အခန်းရှေ့မှာလား...ဒါများဝင်လာတာမဟုတ်ဘူး မသိင်္ဂီရယ်...ခေတ်အခုပဲ တံခါးဖွင့်ပေးမယ်နော်"
ခေတ်က ဖုန်းက်ုချလိုက်ပြီး တံခါးဖွင့်လိုက်သည်။ ပထမဆုံးမြင်ရတာဟာ မသိင်္ဂီဖြစ်ပြီး မသိင်္ဂီဘေးမှာတော့ မမေမေမက မတ်တပ်ရပ်နေလေ၏။
"အန္တီ...ဟို...မသိင်္ဂီ...အန္တီက ဘယ်လိုလုပ်..."
"သမီး သိင်္ဂီ...မိုးသားကိုခဏကြည့်ပေးထားလို့ရမလား...အန်တီကလေးမလေးန့ဲ စကားပြောချင်လို့"
"ဟုတ်ရပါတယ် အန္တီ...အန်တီတို့ လွတ်လွတ်လပ်လပ်ပြောကြပါ...ခေတ် ညီမေလး အန်တီသိသင့်သလောက်တော့ အစ်မပြောထားတယ်...ကျန်တာကိုတော့ ညီမေလး အန်တီန့ဲပြောလိုက်နော်"
ခေတ်က ကြောင်တောင်တာင်လေးဖြင့် တစ်ခွန်းမှ ပြန်မပြောနိုင်သေး...ရင်ထဲမှာတော့ ကမ္ဘာစစ်တွေ ဖြစ်နေကြလေပြီ။ ခေတ်ကို မမနှင့် လာများခွဲတာလားဆိုသည့် စိတ်ကြီးကြောင့်လည်း ကြောက်စိတ်တွေ ဖြစ်ပေါ်နေမိ၏။
"လာလေ ကေလးမ...အန်တီတို့ ဆေးရုံက ကော်ဖီဆိုင်မှာသွားထိုင်ကြရအောင်"
ခေတ်က တစ်ခွန်းမှပြန်မပြောနိုင်သေးဘဲ မမမေမေခေါ်ဆောင်ရာသို့သာ ခေါင်းလေးငုံ့၍လိုက်သွားခ့ဲမိသည်။
"ဆေးရုံကောင်းကောင်းရွေးထားတာတော့ မဆိုးပါဘူး..."
ကော်ဖီဆိုင်ထိုင်ချိန်၌ အန်တီပထမဆုံးပြောသောစကားပါ။ ခေတ်က မမေမေမအား ကြည့်၍...
"ဟုတ်က့ဲ အန္တီ...ခေတ်တို့ပြနေကြ ဆရာဝန်မကြီးက ဒီနေရာရယ် တောင်ဥက္ကလာက ဆေးရုံတစ်ခုရယ်မှာပဲ ထိုင်တော့လေ...ဒီမှာကျတော့ စက်ပစ္စည်းအစုံအလင်ရှိတာရော ပိုပြီးစိတ်ချရတယ်လို့လည်း ပြောလို့ပါ"
"အ့ဲတော့ ဘယ်လိုနေလဲ"
"ရှင် ဘာကိုပြောတာလဲဟင် အန္တီ"
"ကိုယ့်ဒူးကိုယ်ချွန်ပြီး နေကြတာလေ...မိန်းကလေးအချင်းချင်း တူတူနေကြတာ အခုလိုခက်ခဲလာတ့ဲအချိန်မှာ ဘယ်လိုနေကြလဲလို့...ဘာလို့တားခ့ဲလဲ သိလား...အခုလိုတွေဖြစ်မှာစိုးလို့ပဲ...အန္တီ့သမီးကို သမီးတို့တူတူနေပြီးထဲက တင့်တောင့်တင့်တယ်န့ဲ သမီးထားနို်င်လား...အခု အန်တီ့သမီးလေးဆေးရုံတက်ရတယ်...သမီး မိုးသားကို အကောင်းဆုံးလုပ်ပေးနိုင်လား...လိုနေတ့ဲပိုက်ဆံသိန်း(၃၀)ကို အတိုးနင့်နေအောင် ချေးပြီးဆေးရုံစရိတ်ရှာရတယ်မဟုတ်လား...ဟုတ်ပါပြီ အကောင်းဆုံးဆရာဝန်အကောင်းဆုံးဆေးရုံမှာ ထားပြီးကုပေးတယ်...နေပြန်ကောင်းလာရင် အ့ဲအကြွေးကိုဘယ်လိုဆပ်မလဲ...အကြွေးကျေဖို့ အန်တီ့သမီးလေး မိုးသားကို သမီးန့ဲတူတူ ဒုက္ခခံခိုင်းမယ်ပေါ့...သမီးန့ဲတူတူ အနေအစားဆင်းရဲခံခိုင်းမယ်ပေါ့...အ့ဲတာကို သမီးတို့က ချစ်တယ်လို့ခေါ်ကြတာလား...မဟုတ်ဘူးနော် အ့ဲတာကိုချစ်တယ်လို့မခေါ်ဘူး...ကိုယ်ချစ်တ့ဲသူကိုနှစ်နေတာ..."
ခေတ်မှာ အာစေးမိထားသလို စကားတို့ထွက်မလာခ့ဲ။ ရင်ထဲမှာတော့ ဝမ်းနည်းစိတ်တွေနှင့် စို့နင့်နေကာ public areaမှန်းလည်းမသိနိုင် မျက်ရည်များထွေကျလို့သာနေလေသည်။
"ဒါပေမ့ဲ မပူပါန့ဲ...အန်တီအ့ဲပိုက်ဆံကို ပြန်ဆပ်ပေးလိုက်ပြီ...သမီးဆပ်နိုင်မှာ မဟုတ်ဘူးဆိုတာသိတယ်"
"အ့ဲလိုတော့မဟုတ်ပါဘူး အန္တီ...ခေတ် ငွေချေးတယ်ဆိုတာကလည်း မတတ်သာတ့ဲအခြေအနေမို့လို့ပါ...အရင်က ခေတ်တို့ဆီမှာ ငွေကြေးအလုံအလောက်ရှိပါတယ်...အန္တီခုဏက ခေတ်ကိုပြောနေသလိုမျိုးတွေ ခေတ် မမကိုတစ်ခါမှ မထားခ့ဲဖူးပါဘူး အန်တီရယ်...မမ ဒီရောဂါစဖြစ်တယ်ဆိုတာ သိထဲက ခေတ်မမကိုအလုပ်ထွက်ခိုင်းခ့ဲပြီး ခေတ်နိုင်တာထက်ပိုပြီး မမကို ပြုစုပေးခ့ဲတာပါ...ဒါတွေကို ခေတ် နာမည်ကောင်းရချင်လို့ အန်တီ့ကိုပြောနေတာမျိုးမဟုတ်ပါဘူး...အန္တီက မိခင်တစ်ယောက်အနေန့ဲ မမကိုချစ်တာဆိုရင် ခေတ်ကလည်း အန်တီမမကိုချစ်တ့ဲအချစ်တွေထက် မလျော့တ့ဲချစ်ခြင်းတွေန့ဲ ချစ်တ့ဲသူပါ"
"ဟုတ်တယ် အန်တီသိတယ်...သမီးတို့ချစ်တာကိုလည်းသိတယ်...ဒါပေမ့ဲ ချစ်တာတစ်ခုတည်းန့ဲ လောကမှာနေထိုင်လို့ရလား...ယုတ္စြအဆုံး သမီးရယ် သမီးတို့ချစ်ပါတယ်ထိုင်အော်နေလို့ ဆေးရုံစရိတ်ရှာရခ့ဲလို့လား...ရှာမရလို့ပဲ အတိုးတွေအများကြီးန့ဲ ချေးယူခ့ဲရတာမဟုတ်လား...အန်တီပြောချင်တာအ့ဲတာပဲ...သမီး အန်တီ့သမီးလေးမိုးသားကို ချစ်တယ်ပြောနေပြီး သူ့အတွက်ခိုင်ခိုင်မာမာ နေထိုင်နိုင်မ့ဲ ငွေကြေးအင်အားမျိုးရှိပြီလား...သူ့ဘဝစာအတွက် ဘယ်လိုအာမခံချက်မျိုးတွေရှိပြီလဲ... အခုဆိုပိုဆိုးသွားပြီ မိုးသားက ကင်ဆာရောဂါသည်...သူ့ရောဂါက operation ပြီးသွားရင် အပြီးပျောက်သွားမှာလား...ဒီရောဂါကြီးကို ထပ်ကုနေရအုံးမှာလား အန်တီတို့မသိနိုင်ဘူး...အ့ဲအတွက် သမီးဘက်ကဘာတွေပြင်ဆင်ထားပြီးပြီလဲ...အန်တီ့သမီးလေးအတွက်...သမီးသာ အန်တီ့နေရာမှာဆိုရင်ရော သမီးလိုလူရ့ဲလက်ထဲကို အန်တီ့သမီးလေးကို ကြည်ကြည်ဖြူဖြူထည့်ပေးနိုင်ပါ့မလား...အန်တီပြောတာရှင်းရှင်းလေးပဲ သမီးတို့စိတ်န့ဲသမီးတို့ တူတူဘဝတစ်ခုကိုထူထောင်ကြတာ အန်တီစိတ်ဆိုးတာမှန်တယ်...ဒါပေမ့ဲ မိုးသားက သူ့ခြေထောက်ပေါ်သူရပ်တည်နေတ့ဲ ကလေးဖြစ်လို့ အန်တီမလုပ်ပါန့ဲလို့တားယုံကလွဲပြီး ဝင်စွက်ဖက်ပိုင်ခွင့်မရှိတော့ဘူး...သို့ပေမ့ဲ သားသမီးတစ်ယောက် မပူမပန်မကြောင့်မကျဘဲ ဘဝမှာနေထိုင်သွားတာကိုပဲ မြင်ချင်ကြတာ မိဘတိုင်းရ့ဲ မေတ္တာလေ မဟုတ္ဘူးလား...အ့ဲအတွက် အန္တီ့ဘက္က သမီးကိုဒီလိုပြောနေရတာ...ဒီလိုအခြေအနေတွေရောက်တော့မှ အန်တီသဘောမတူဘူးလို့ မပြောတော့ဘူးနော်...ဒါပေမ့ဲ သမီးဘက်မှာ သေချာရေရာပြီး အန်တီ့သမီးလေး မပူမပင်နေရမ့ဲ ဘဝအာမခံချက်မျိုး ရှိမှသာ အန္တီစိတ္ခ်လက္ခ် သမီးလက်ထဲထည့်ပေးနိုင်မယ်...မဟုတ်ရင် အန်တီစိတ်မချဘူး"
မမမေမေစကားတွေကြောင့် ခေတ် ဘာပြန်ပြောလို့ပြောရမှန်းမသိ။ အန်တီပြောတာတွေကလည်း အမှန်တွေလေ။ ခေတ်မှာ ချစ်ခြင်းမေတ္တာကလွဲပြီး မမကိုဘာတစ္ခုမ်ား လုပ်ပေးနိုင်ခ့ဲလို့လဲ။ ဆေးရုံတက်ရဖို့ လိုနေသည့် ပိုက်ဆံကိုတောင် ရှာမရနို်င်ခ့ဲလို့ နေ့နေ့ညညတွေးပူပြီး အိပ်မပျော်နို်င်ခ့ဲတာ။ နောက်ထပ်နောက်ထပ်တွေသော အခုလိုအခြေအနေတွေများ ကြုံလာခ့ဲရင် ခေတ် ဘယ္လိုမ်ား ဖြေရှင်းရမလဲ။
ခေတ်လည်း တွေးပါတယ်။ ခေတ်မှာ ငွေကြေးသာမတတ်နို်င်ခ့ဲတော့ရင် မမရောဂါခံစားနေရတာကို ရင်နာနာနှင့် ထိုင်ကြည့်နေရမှာလားဆိုပြီးတော့လေ။
ခေတ်က ကျနေသော မျက်ရည်လေးတွေအား လက်ဖြင့်သုတ်လိုက်သည်။ ထို့နောက် မမေမေမအား ကြည့်ကာ...
"အန္တီက ခေတ်တို့ကို ဘာဖြစ်စေချင်လို့လဲဟင်..."
"ဘာဖြစ်စေချင်တယ်ဆိုတာ အန်တီ့ကိုမေးရမှာမဟုတ်ဘူး...သမီးကိုယ့်ကိုယ်ကိုမေးရမှာ...နောက်တစ်ခုက သမီးမိဘတွေန့ဲ အန်တီသွားတွေ့ပြီးပြီ...မထင်ထားမိတာက သမီးမိဘေတြက သမီးကို တော်တော်လေး ပစ်ပယ်ထားကြတာပဲ...သမီးကိစ္စဆိုရင် ဘာမှလာမပြောပါန့ဲဆိုပြီး အန်တီ့ကိုပြောလွှတ်လိုက်တယ်...သမီးမွာ အန်တီ့သမီးလေးမိုးသားန့ဲ မလိုက်ဖက်တာတွေမှ တော်တော်မလို်က်ဖက်တာပါ...ဒါပေမ့ဲ ဒါတွေထားပါ...သမီးတို့ မိသားစုအိမ်တွင်းရေးကိစ္စမို့လို့ အန်တီမပြောချင်ပါဘူး...အန်တီပြောချင်တာက မိုးသားန့ဲသမီးကိစ္စပဲ...ဘာလုပ်သင့်တယ် ဘာဖြစ်ချင်တယ်...အန္တီ့ကို ဘယ်လိုကတိမျိုးတွေပေးမယ်...ဘာလုပ်ပြမယ်ဆိုတာ သမီးဆုံးဖြတ်ရမှာ..."
မေမေတို့အကြောင်းကြားရတော့ ခေတ်က တော်တော်လေး ဝမ်းနည်းမိသွားသည်။ ခေတ်ကို သူတို့တကယ်သေခန်း ဖြတ်ကြတာပဲလို့တွေးမိပြီးတော့ပါ။ ခေတ်က သူတို့ဘဝမှာ မရှိခ့ဲဘူးတ့ဲ လူတစ်ယောက်လို့သူတို့သတ်မှတ်လိုက်ပြီထင်ပါတယ်။
"အကယ်၍ ခေတ်သာ မမကို တစ်ဘစာလုံးတာဝန်ယူနိုင်မ့ဲ လူတစ်ယောက်ဖြစ်မယ်ဆိုရင် မမကိုခေတ်လက်ထဲ ကြည်ကြည်ဖြူဖြူထည့်ပေးမှာလား အန္တီ"
ဒေါ်ခင်ပြုံးရီက သူမအရှေ့တွင်ကျုံ့ကျုံ့လေးထိုင်နေသော ကလေးမလေးကိုကြည့်လိုက်သည်။ သမီးလေးကိုချစ်တာကိုတော့ သူမယုံပါတယ်။ သမီးသူငယ်ချင်းကလည်း ဒီကေလးမေလး သမီးကို ဘယ်လောက်ထိချစ်တယ်...သမီးအပေါ်မှာ ဘယ်လောက်ထိ အနစ်နာခံတယ်ဆိုတ့ဲ သမီးပြောပြနေကျအကြောင်းတွေကို သူမအားပြောပြသည်။ ဒါပေမ့ဲ ချစ်ယုံ၊ အနစ္နာခံယုံ၊ အနွံတာခံယုံနှင့်တော့ သမီးဘဝကို ထိုအချစ်နွံထဲ စိတ်ချမထားစေချင်ပေ။ သမီးလေး မပူမပင် မကြောင့်မကျနေရသည့် ဘဝေလးကိုသာ မိခင်တစ်ယောက်၏ အတ္တစိတ်ဖြင့် မြင်တွေ့ချင်မိသည်။ အထူးသဖြင့် သမီးတို့လို မိန်းကလေးအချင်းချင်းယူထားကြသည်ဆိုသော အခြေအနေမျိုးနှင့်ဖြတ်သန်းရမည့် မိန်းကလေးနှစ်ယောက်အတွက် ငွေကြေးဂုဏ်ဆိုတာကြီးက လိုကိုလိုအပ်သည်။
သူမဘက္က ကေလးမေလးကို ဖိအားပေးသလိုဖြစ်နေပေမ့ဲ သားမြတ်တစ်ဖက်ဖြတ်လိုက်ရမည့် ကင်ဆာရောဂါသည် သမီးလေးကိုတော့ ဘယ်သူန့ဲပဲနေနေ အခြေတကျဘဝလေးဖြင့်သာ နေထိုင်စေလိုသည်။ ဒီအချိန်မှတော့ အတင်းကြီးခွဲနေလို့လည်း သမီးစိတ်ဆင်းရဲမှာပဲ အဖတ်တင်တော့မှာမို့လို့ သူမလည်းမခွဲလိုတော့ပေ။ ဒါပေသိ သူမ မရှိတော့တ့ဲနောက်ပိုင်းမှာလည်း သမီးကို သူမစိတ်ချချင်သည်။
"အန္တီ့မွာ သမီးတို့ကိုခွဲဖို့ စိတ်ကူးမရှိဘူး...သမီးပြောသလို အန်တီ့သမီးလေးကို တစ်ဘဝလုံးတာဝန်ယူနိုင်မ့ဲ အခြေအနေမျိုးဆိုရင် အန္တီ သမီးလက်ထဲကိုကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်မယ်"
ခေတ်တို့ စကားဝိုင်းလေးဟာ ခတ္တခဏလောက် တိတ်ဆိတ်သွားလေသည်။ ခေတ် ခေါင်းခဲမှာလည်း အတွေးမျိုးစုံဟာ ယောက်ယက်ခတ်လို့နေ၏။
"ဒီလက်စွပ်နှစ်ကွင်းကို အန်တီသိမ်းထားမယ်...အန္တီ့ဆီမွာ တစ်နေ့ သမီးလာတောင်းယူနိုင်လိမ့်မယ်လို့ အန်တီယုံတယ်...မိုးသားoperationလုပ်ပြီးသွားရင်တော့ သမီးတစ်ခုခုကိုဆုံးဖြတ်ပါ"
ခေတ်က ခေတ်တို့နှစ်ယောက်လုပ်အားခလေးဖြင့် ဝယ်ထားသည့် လက်စွပ်ထည့်ထားသော ကတ္တီပါဗူးလေးအား ငေးကြည့်နေမိသည်။ ထို့နောက် ထိုလက်စွပ်လေးတွေဝယ်တုန်းက ခေတ်နှင့်မမ ပျော်နေခ့ဲကြသော ပုံရိပ်လေးတွေဟာလည်း ခေတ်အာရုံထဲ ထင်ဟပ်လို့နေလေ၏။
မမ မေမေ ပြောတာတွေဟာ မှန်သင့်သလောက်မှန်တာမို့လို့ ခေတ် ဆုံးဖြတ်ချက်တစ်ခုချရတော့မယ် မမရယ်။
အရာရာမွာ ငွေကြေးကသာ အဆုံးအဖြတ်ပေးစမြဲဖြစ်လို့ ခေတ်တို့လို လူတန်းစားတွေဟာ ဘယ်အချိန်ဖြစ်ဖြစ် တစ်ဗန်းရှုံးကြပါတယ်။
ခေတ်နှင့် မမေမေမ ဆေးရုံခန်းထဲဝင်တော့ မမက သူ့အမေမြင်တာနှင့် ဖက်ငိုလေသည်။ ခေတ်ကတော့ မမတို့သားအမိနှစ်ယောက်ကို ငေးကြည့်၍သာ နေခ့ဲသည်။ မမ မေမေက ခေတ်ကို မမအရှေ့ခေါ်၍ ခေတ်တို့ကိုမခွဲတော့တာကြောင့် နေကောင်းအောင်နေပါဟုပြောသည်။ မမ မေမေက ဆေးရုံစောင့်ပေးမယ်ပြောပေမ့ဲ မမက ခေတ်န့ဲနှစ်ယောက်တည်း ဒီညရှိချင်လို့ပါပြောကာ အကုန်လုံးကိုအိမ်ပြန်ခိုင်းခ့ဲသည်။ ခေတ်ကတော့ ကြားထဲကနေ တစ်ခွန်းမှ ဝင်မပြောဖြစ်။ မမပြောသမျှကိုသာ ခေါင်းညိမ့်နာခံခ့ဲမိသည်။
ခေတ်က အားလုံးပြန်သွားကြတော့ အခန်းသန့်ရှင်းရေလုပ်...ထည့်စရာရှိတာလေးတွေအိတ်ထဲထည့်...မမ နေ့လည်ကဝတ်ထားသော အတွင်းခံလေးကိုလျှော်ပြီး ရေချိုးခန်းထဲ လှမ်း၊ ပြီးတော့ ပါလာသည့် ဟင်းခွက်ဗူးလေးတွေကို ရေခဲသေတ္တာလေးထဲထည့်လိုက်သည်။ ခေတ်လုပ်သမျှကို မမ ကြည့်နေမယ်ဆိုတာ ခေတ်သိပေမ့ဲ ခေတ်က လုပ်စရာရှိတာတွေအား ပြီးဆုံးအောင်အကုန်လုပ်လိုက်သည်။
တော်ကြာ ဆရာဝန်တွေ roundလှည့်လို့ ခေတ်တို့အခန်းက ညစ်ပတ်နေတာမျိုးဆိုရင် မကောင်းဘူးလေ။
"ခေတ်...ဘာလုပ်နေတာလဲ...မပြီးသေးဘူးလား...မျက်နှာလည်းမကောင်းပါလား...ထမင်းလည်း မစားသေးဘူး...ခေတ်ကို မမ မေကြီး တစ်ခုခုပြောလိုက်တယ် မဟုတ္လား...မေကြီးန့ဲ ခေတ်တို့ဘာတွေပြောကြတာလဲ"
ခေတ်က ခေါက်လက်စလက်သုတ်ပဝါအား နောက်ဆုံးအချိုးခေါက်လိုက်ပြီး ခြင်းတောင်းထဲထည့်လိုက်သည်။ ပြီးတော့မှ မမကုတင်ဘေးတွင်ဝင်ထိုင်၍...
"ခေတ်နေကောင်းပါတယ် မမရယ်...မမမေမေန့ဲပြောတယ်ဆိုတာ ခေတ်တို့နှစ်ယောက်ရ့ဲ ရှေ့ရေးပြောကြတာပါ...မမက အ့ဲတာတွေမတွေးဘဲ မနက်ဖြန်ခွဲစိတ်တာ အောင်မြင်ရမယ်လို့ပဲတွေးနော် မမ"
"ခြဲစိတ္တာ အောင်မြင်မှာပါ ခေတ်ရ့ဲ...အောင်မြင်မယ်လို့လည်း ယုံကြည်တယ်...ဒါပေမ့ဲလေ မမ ရင်သားတစ်ဖက်ခွဲစိတ်လိုက်ရင် အရင်ကလို မြန်မာအကျႌလေးတွေ ဝတ်မရတော့ဘူးထင်တယ်နော် ခေတ်"
မမက ပြောနေရင်းဖြင့် မျက်နှာလွှာလေးချကာ ဆက်မပြောဘဲနေနေလေသည်။ ခေတ်က မမဘာဖြစ်သွားတယ်ဆိုသည်အား သိတာကြောင့် မမလက်လေးနှစ်ဖက်အားဆုပ်ကိုင်ကာ...
"မမ ခေတ်ကြည့်ပါအုံး...မမက အရင်ကတည်းက လှပြီးသားလေ မမရ့ဲ...မြန်မာအကျႌပဲဝတ်ဝတ်...free styleလေးပဲဝတ်ဝတ် လှပြီးသား...ရင်သားတစ်ဖက်မရှိလည်း ဘာဖြစ်လဲ...ကျန်းမာရေးကြောင့်ခွဲစိတ်ခ့ဲရတာပဲ အားမငယ်ပါန့ဲမမရ့ဲနော်..."
"မမ အားငယ္တာ မဟုတ်ပါဘူး...ပုံစံမကျတော့တ့ဲ ခန္ဓာကိုယ်ကြောင့် မမကိုခေတ်မချစ်တော့မှာကို ကြောက်မိတာ"
မမစကားကြောင့် ခေတ်မှာ ဘာမှပြန်မပြောနိုင်လောက်အောင်ကိုပင် ဆွံ့အသွားမိသည်။ မမက ဒီ Operation ကေန ဖြစ်လာမ့ဲ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည့် ပုံပန်းသဏ္႑ာန်အချိုးမကျခ့ဲလျင် ခေတ် ထားသြားမွာကို စိုးရိမ်နေပုံရသည်။ အားငယ်နေပုံလည်းရသည်။ မမထိုသို့ပြောလိုက်တော့ ခေတ်မှာ စိတ်မကောင်း...ထို့ကြောင့် ခေတ်က မတ်တပ်လေးရပ်ကာ မမအား ရင်ခွင်ထဲဆွဲသွင်း၍ ခပ်တင်းတင်လေးဖက်ထားလိုက်မိသည်။
ထို့အပြင် မမနဖူးလေးအား ဖွဖွလေးဖိကပ်နမ်းကာ...
"မမရယ်...မမက ဘယ္လိုပုံစံပဲ ဖြစ်နေပါစေ ခေတ်ကချစ်ပြီးသားမို့လို့ အ့ဲတာမျိုးတွေကိုမစိုးရိမ်ပါန့ဲနော်...ခေတ်နှလုံးသားက မမကလွဲပြီး နောက်ထပ် ဘယ်သူ့ကိုမှ လက်ခံလို့မရတော့ဘူးဆိုတာ မမယုံတယ္မဟုတ္လား...ခေတ်က စကားကိုဟုတ္တိပတ္တိ လည်လည်ဝယ်ဝယ် မပြောတတ်တာ မမသိတယ္မဟုတ္လား...အ့ဲတာကို ကတိပေးတယ်လို့ပြောရမှာလား ခေတ်က မမတစ်ယောက်ကိုပဲချစ်မြတ်နိုးပါ့မယ်ဆိုတ့ဲ ကတိစကားကို ခေတ်အသက်န့ဲ ကျိန်ဆိုပါ့မယ်...အကယ်၍များ မမအပေါ် ခေတ်သစ္စာဖောက်ပျက်ခ့ဲသည်ရှိသော်..."
ခေတ် စကားမဆုံးသေး မမက ခေတ်နှုတ်ခမ်းတွေအား ဖိကပ်နမ်းပစ်လိုက်လေသည်။ စက္ကန့်ပိုင်းလောက်ကြာပြီးမှ အနမ်းတွေရုတ်သိမ်းလိုက်ပြီး...
"မမ ကျိန်တာတွေမကြိုက်ဘူးဆိုတာ သိတယ္မဟုတ္လား...မမြင်ရတ့ဲကံကြမ္မာကြောင့် တစ်ခုခုဖြစ်ခ့ဲမယ်ဆိုရင်တောင် ခေတ်ကို မမက အနာတရသေးသေးလေးတောင် အဖြစ်မခံနိုင်လို့လေ"
မမဆီမွ ကြားရသောစကားကြောင့် ခေတ်က မမကို ဒုတိယအကြိမ် ဖက်ထားလိုက်ပြီး ခေတ်လက်လေးဖြင့် မမဆံနွယ်လေးတွေအားဖွဖွပွတ်၍...
"ခေတ်က သစ္စာဖောက်ခ့ဲသည်ရှိသော်...ချစ်သူခင်သူနှင့်ကွေ ကွင်းရသော ဘဝနှင့် သံသရာအဆက်ဆက် ရှင်သန်နေရပါစေ"
"ကြည့် မလုပ်ပါန့ဲဆို"
လျှက်တပြတ်အတွင်း ဖြစ်သွားသော ကျိန်ဆိုမှုကြောင့် မမကနှုတ်ခမ်းလေး ဆူကာ ခေတ်ကို ဆူလေသည်။
"မမကိုသိပ်ချစ်တယ် မမရယ်"
ဟု ဆိုကာ ခေတ်ကတော့ မမကိုတင်းတင်းလေးသာ ဖက်ထားမိတော့သည်။ ရင်ထဲမှာ ဗလောင်ဆူနေတာတော့ မမကိုမသိစေခ့ဲပေ။
ဇြန္လ (၂၀)ရက်နေ့...
ခြဲစိတ္တာ အောင်မြင်ပါတယ် ဟု ဆရာမကြီးကပြောလိုက်တော့မှ ခွဲခန်းအရှေ့ ဂါထာပေါင်းသောင်းခြောက်ထောင် ရွတ်နေသော ခေတ်မှာ စိတ်ဒုန်းဒုန်းချနိုင်တော့သည်။ အခန်းထဲ ပြန်စောင့်ပါပြောတာကြောင့် ခေတ်တို့အခန်းထဲရောက်ပြီးသိပ်မကြာ မမကိုတင်ထားသည့် ကုတင်လေးရောက်လို့လာလေသည်။
မမကေတာ့ ကုတင်ပေါ်တွင်မေ့မြောနေကာ မျက်နှာလေးတွေဖြူဆုတ်နေလေ၏။ ခေတ်ကပင် ဆရာဝန်များညွှန်ကြားသမျှကို မွတ္ထားကာ ဝယ်စရာရှိသည့်ဆေးများ၊ လိုအပ္တာမ်ားကို လိုက်ဝယ်ရလေသည်။ မမ မေမေနှင့် မသိင်္ဂီကတော့ မမကိုကြည့်ပေးကြသည်။ သူတို့ရှိတာကြောင့် ခေတ်မှာ မမကိုစိတ်ချထားလို့ရတာလည်းဖြစ်သည်။
မမရ့ဲ မေမေပြောသလိုပင် မမရောဂါဟာအခုခွဲစိတ်ပြီး အခုပျောက်သွားမှာမျိုးမဟုတ်...အရှင်းပျောက်အောင် ဆရာဝန်နှင့် ကြိမ်ဖန်များစွာ ပြရမည်။ တန်ဖိုးကြီးဆေးတွေ လစဉ်လတိုင်း ဝယ်တိုက်ရမည်။ ထို့အပြင် အာဟာရမပြတ်ရအောင် လိုအပ်သော ဖြည့်စွက်စာတွေလည်း အချိန်နှင့်အညီကျွေးပေးဖို့လိုအပ်ပြန်သည်။ ဒါတွေအကုန်လုံးရ့ဲ တစ္လစာစရိတ္ဆိုတာ မနည်းမနောမဟုတ်...အခုတောင် ဆေးရုံတက်ဖို့ depositတင်သည့်ငွေနှင့် လိုအပ်သောဆေးတွေဝယ်ခြမ်းတာပေါင်းလိုက်လျင် လက်ထဲကိုင်ထားသော ပိုက်ဆံလေးက (၅)သိန်းပင်မပြည့်ချင်တော့။
ထို့အတွက် ရေရှည်ကိုစဉ်းစားလိုက်လျင် ခေတ်၏Delivery ပို့သော အလုပ်လေးတွေနှင့် ဘယ်လိုမှမဖြစ်နိုင်။ ဒါ့ကြောင့်ပင် ခေတ်က ဆုံးဖြတ်ချက်တစ်ခုအား ချလိုက်မိသည်။ မမသိလျင်တော့ စိတ်မကောင်းဖြစ်ချင်ဖြစ်နိုင်ပေမ့ဲ ခေတ် ဒီလိုလုပ်မှသာ မမရောဂါအရှင်းပျောက်ဖို့ရာ လိုအပ်သောအရာမှန်သမျှကို ထောက်ပ့ံနိုင်မှာဖြစ်သည်။
"အန္တီ ခေတ်...စကားတစ်ခွန်းနှစ်လောက်ပြောချင်လို့်ရမလားဟင်"
"ရတယ်လေ သမီး...အန်တီတို့အပြင်ထွက်ပြောကြရအောင်"
အန်တီကပင် ဦးဆောင်ပြီး ဆေးရုံရှိ ကော်ဖီဆိုင်သို့ခေတ်ကိုခေါ်သွားခ့ဲသည်။ ခေတ်ကတော့ ဆုံးဖြတ်ချထားသော ကိစ္စကို ပြောဖို့တု့ံဆိုင်းတု့ံဆိုင်းဖြင့်...
"ကဲ ပြောစရာရှိတယ် ဆိုတာက ဘာလဲ သမီး..."
စကားလမ်းကြောင်းပေးပေမ့ဲ ခေတ်မှာပြောဖို့ကို အတော်လေးအရှိန်ယူရသေးသည်။ တစ်မိနစ်ကျော်ကျော်ကြာပြီးခါမှ...
"ခေတ်နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ပါ အန္တီ...အန္တီ မမကိုစောင့်ရှောက်ပေးလို့ရနိုင်မလားဟင်...လိုအပ်တ့ဲငွေကြေးမှန်သမျှကို ခေတ် ဟိုကေန ပို့ပေးပါ့မယ်...အန်တီပြောသလို ခေတ်မမကို မပူမပင်မကြောင့်မကျဘဲ ထားနိုင်ဖို့၊ ခေတ်မှာ ခိုင်မာတ့ဲငွေကြေးအင်အားရှိဖို့ဆိုတာ ဘွ့ဲမရ၊ အတတ်ပညာလည်း သိပ်မရှိတ့ဲ ခေတ်အတွက် ဒီနိုင်ငံမှာရှာဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်...အ့ဲအတွက် ခေတ် နိုင်ငံခြားထွက်အလုပ်လုပ်မှပဲရမှာ...ခေတ် ဟိုကိုသွားရင် မမကိုတော့ စိ်တ်ချထားချင်လို့ပါ"
ဒေါ်ခင်ပြုံးရီက ကလေးမလေးစကားကြောင့် စိတ်မကောင်းတော်တော်လေးဖြစ်မိသွားသည်။ သမီးကိုတော်တော်လေးချစ်လို့သာ အခုလိုလေးလေးနက်နက်စဉ်းစားတွေးပြီး သူ့ကိုပြောနေတာဖြစ်မှန်း သူမကောင်းကောင်းကြီးနားလည်သည်။ ကေလးမေလးက မိန်းကလေးဖြစ်နေယုံကလွဲပြီး၊ ပညာအရည်အချင်းမရှိယုံကလွဲပြီး သမီးကိုတော်တော်လေးချစ်ရှာသည်။ ဒီကလေးမလေးနှင့်မှ သူမသိလိုက်ရတာဟာ ယောကျာ်းလေးနှင့် မိန်းကလေးနှစ်ယောက်ချစ်မှ အချစ်မဟုတ်ဘဲ၊ ဘဝတစ်ခုထူထောင်လို့ရတာမဟုတ်ဘဲ၊ မိန်းကလေးအချင်းချင်း ချစ်မိကြတာလည်း အချစ်ဖြစ်ကာ ထိုချစ်ခြင်းတွေဖြင့် အတူတူလက်တွဲအရာရာရင်ဆိုင်ဖြေရှင်းကာ ဘဝတစ္ခုကို ထူထောင်လို့ရသည် ဆိုတာကိုပင်။
သမီးကို ထောက်ပ့ံပေးဖို့ရာ နိုင်ငံခြားထွက် အလုပ်လုပ်၍ ငွေးပ်ု့ပေးဖို့အား စိတ်အားထက်သန်စွာပြောနေသော ကေလးမေလးကို ကြည့်ကာ သနားမိပေမ့ဲ သမီးလေးရှေ့ရေးအတွက်ကို တွေးပြီးမိခင်တစ်ယောက်၏ အတ္တအနေဖြင့် သူမမွာ တားဖို့အင်အားမရှိခ့ဲ။ မိန်းကလေးတစ်ယောက်က အိမ်ထောင်ဦးစီးတစ်ယောက်လို ဒီလောက်တာဝန်တွေ တစ်ယောက်တည်းယူပြီး သမီးကိုချစ်ပေးနေတာမြင်တော့ သားသမီးတွေထဲမှာ မိုးသားလေးက လူရွေးအမှန်ဆုံးဆိုသည့် စိတ်တွေဟာဖြစ်ပေါ်လာရသည်အထိပင်။
"အန္တီသိမွာပါ...ခေတ်မိဘတွေကို တွေ့ပြီးပြီဆိုတော့လေ...ခေတ်မှာ တွယ်တာစရာဆိုလို့ ခေတ်ဘဝမှာ မမပဲရှိတော့တာမို့လို့...ခေတ်တို့ကိုတော့ မခွဲပါန့ဲနော် အန္တီ...အန္တီစိတ္ပူသလို မဖြစ်ရအောင် ခေတ်ကြိုးစားပါ့မယ်...မမကိုတော့ အန္တီက နေကောင်းတ့ဲအချိန်ထိ စောင့်ရှောက်ပေးပါနော်"
ဒေါ်ခင်ပြုံးချိုက ကလေးမလေးရ့ဲလက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်ကာ...
"အခုချိန်ထိ အန်တီလို့ခေါ်နေအုံးမှာလား...မိုးသားခေါ်သလို မေကြီးလို့ပဲခေါ်လေ သမီးလေး...အန်တီ့သမီးလေးမိုးသားကိုချစ်ပေးလို့ အန္တီက ကျေးဇူးအများကြီးတင်ပါတယ် သမီးရယ်...သားသမီးချင်း မစာနာတတ်ဘူးလို့မထင်လိုက်ပါန့ဲ...အန်တီလည်းထောက်ပ့ံနိုင်သလောက် ထောက်ပ့ံပေးတယ် ဆိုပေမ့ဲ...အန်တီမရှိတော့တ့ဲအချိန်ကျရင် သမီးတို့နှစ်ယောက်စလုံး မျက်နှာငယ်န့ဲကျန်နေခ့ဲရမှာစိုးလို့ အန်တီကအခုလိုတွေ ပြောနေရတာပါကွယ်...နောက်တစ်ခုက မိုးသားလေးက ရောဂါသယ်တစ်ယောက်ဖြစ်တ့ဲအတွက် ရှေ့ရေးမှာ ပင်ပန်းဆင်းရဲဒုက္ခခံနေရတာမျိုး မမြင်ချင်လို့ပါ သမီးရယ်...မိုးသားသာ ကျန်းမာနေတ့ဲသူဆိုရင် သူ့ဝင်ငွေလေးန့ဲသူမို့လို့ အန်တီသမီးတို့ကိုစိတ်ချပါတယ်...အန်တီဖြစ်နေတ့ဲ မိခင်တစ်ယောက်ရ့ဲစိတ်ကို သမီးနားလည်နိုင်မယ်လို့ အန်တီမျှော်လင့်ပါတယ်"
မမေမေမဆီမွ ကြားလိုက်ရသော စကားကြောင့် ခေတ်မှာ ဝမ်းသွာလွန်းတာကြောင့် ဟန်ပင်မဆောင်နိုင်ခ့ဲပေ။ ခေတ်တို့နှစ်ယောက်ကို မမေမေမက သဘောတူသွားပြီမို့လို့လေ။ ကျန်တာတွေကတော့ ခေတ်ရ့ဲအချစ်တွေနှင့် ရအောင်ကျော်ဖြတ်ရမှာပေါ့။
မမကိုခေတ် သိပ္ခ်စ္တာပဲကို...ဘယ်လိုအခက်အခဲမဆိုကို ကျော်ဖြတ်ဖို့ရာ ခေတ်အဆင်သင့်ပြင်ထားပြီးသား...။
ခေတ်တို့နှစ်ယောက်ရ့ဲ ချစ်ခြင်းကို ဘယ္လိုအရာကမွ ခွဲလို့မရဘူးဆိုတာလည်း ခေတ်က ယုံပြီးသား။
-------
(၈)နှစ်ကြာပြီးနောက်....
လေဆိပ်ထဲမှ ခရီးသည်များ အလျှိုလိျှုထွက်လာကြပေမ့ဲလို့ မိုးသားမျှော်နေရသော အရိပ်လေးကို မတွေ့ရသေး။ ခရီးသည်တွေတစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေပေမ့ဲ မိုးသားချစ်ရသူလေး၏ အရိပ်ယောင်ကိုမျှ မမြင်ရ။ ခရီးသည် အားလုံးနီးပါးကုန်ခါနီးကျမှ မိုးသား၏ ချစ်ရသူလေးက Luggageလေးတွန်း၍ ထွက်လာသည်ကို မြင်ရတော့သည်။ ခေတ်ကိုမြင်တော့ မိုးသားမွာ ဟန်မဆောင်နိုင် အပြေးလေးသွားပြီး တင်းတင်းဖက်ထားလိုက်မိ၏။
"ခေတ်...ခေတ်ရယ်...မမ ကလေးလေးရယ်"
ပြောချင်နေသည့် စကားလုံးတွေအများကြီးရှိနေပေမ့ဲ မည်သည့်စကားလုံးမှ ထွက်မလာဘဲ မျက်ရည်များကသာ စကားလုံးတွေနေရာ၌ နေရာယူကြသည်။ ခေတ်ကတော့ အသက်တွေသာကြီးသွားတယ် အရင်တုန်းက မပြောင်းလဲသောအကျင့်လေးအတိုင်း မိုးသားငိုတာကိုမြင်တာနှင့် ပြာပြာသလဲလဲဖြင့် မျက်ရည်များအား သုတ်ပေးရှာသည်။ နှုတ်ကနေလည်း...
"မမရယ်...ဘာလို့ငိုရတာလဲ...ခေတ်ပြန်လာပြီပဲကိုနော်...မငိုန့ဲတိတ်တိတ် ခေတ်မမလေးကလေ အသက္က (၄၀)သာကျော်နေတာနော် အခုထိ ကလေးလေးလိုပဲ...ချစ်ဖို့ကောင်းနေတုန်း"
ခေတ် စကားကြောင့် မိုးသားက ခေတ်ကို အနီးကပ်လေးထပ်ကြည့်မိပြန်သည်။ လွန်ခ့ဲတ့ဲ (၄)နှစ်မြန်မာပြည်ကို ခဏပြန်လာတုန်းကလို ရုပ်မျိုးမဟုတ်တော့ပေမ့ဲ အရမ်းကြီးရုပ်ရင့်သွားတာမျိုးတော့မရှိ။ မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းလေးအနည်းငယ်ရှိယုံ...လူကြီးရုပ်လေး ပြောင်းသွားယုံကလွဲပြီး အရင်တုန်းကအတိုင်းလေးပင်။
အသက်အရွယ်ရလာလို့ စကားပြောပုံ၊ ဆိုပုံလေးတွေ ရင့်ကျက်သည့်ဟန် ပေါက်နေသည်ကလွဲရင်တော့ မိုးသားမ်က္လုံးထဲမွာ လွန်ခ့ဲသော (၈)နှစ်က ခေတ်လေးလိုပင်ရှိနေသေး၏။
"မေကြီးရော မမ...အိမ်မှာပဲလား..."
"ဟုတ်တယ် ခေတ်ရ့ဲ...အိမ်မှာပဲ...မခေါ်လာတော့တာလေ..."
မိုးသားကပြောလည်းပြော ခေတ်လက်လေးတွေအားဆုပ်ကိုင်ကာ...
"ဒီတစ်ခါ နောက်ထပ်ထပ်ပြီး မခွဲတော့ဘူးနော် ခေတ်...အကြာကြီးခွဲနေရတ့ဲ ဒဏ်ကိုမခံစားနိုင်တော့ဘူး...ပြီးတော့ မမကလေးလေးကို သိပ်ကိုသနားတယ်...မမကြောင့်န့ဲ..."
ခေတ်က လူတွေရှိတာကို ဂရုမစိုက် လမ်းလျှောက်နေရာမှ ရပ်၍ မမပခုံလေးကို နှစ်ဖက်အားကိုင်ကာ...
"ခေတ်ကိုယ်တိုင်ကိုက ရွေးချယ်ခ့ဲတာပါ မမရယ်...မမကြောင့်ဆိုပြီးမတွေးပါန့ဲ...ခေတ်ကိုယ်က ဒီလိုလျှောက်ဖို့ရွေးချယ်ခ့ဲတာပါ...ဒါတောင် ဒီလောက်နှစ်တွေအကြာကြီးသွားလုပ်တာတောင် လက်ထဲဘယ်လောက်ပဲ ကျန်လဲ မမအမြင်ပဲလေ...ဒါပေမ့ဲ ဘာပဲပြောပြော ဒီမှာနေပြီး မမကိုဒုက္ခခံခိုင်းတာထက်စာရင်...ခေတ်တစ်ယောက်တည်းဟိုမှာ ဒုက္ခခံပြီး မမကျန်းမာရေးအခုလိုကောင်းလာအောင် လုပ်လိုက်ရတာပိုမကောင်းဘူးလား...အခုတော့ ခေတ်တို့ အဖွားကြီးတွေဖြစ်တ့ဲထိ တူတူနေလို့ရပြီလေ မမရ့ဲ"
"ခေတ်ရယ်..."
ခေတ်လက်လေးအား တင်းတင်းဆုပ်ကိုင်ထားသော မမကို ခေတ်က ငေးကြည့်နေမိသည်။ မမက အသက်တွေသာကြီးလာတာ အရင်ကလို လွေနဆဲ။ အရင်ကလို ခေတ်ကိုဂရုစိုက်မြဲ ကြင်နာမြဲ။ ခေတ်ကိုချစ်နေမြဲပင်။
လွန်ခ့ဲသော (၈)နှစ် မမ၏ ရင်သားခွဲစိတ်မှုပြီးတော့ ခေတ် မလေးရှားသို့ မီးချောင်ဆိုင်အကူဖြင့် (၄)နှစ်အလုပ်ထွက်လုပ်ခ့ဲသည်။ အတန်းပညာမတတ် အင်္ဂလိပ်စာလေး မတောက်တခေါက်သာတတ်သော ခေတ်က အလုပ်ရွေးမရခ့ဲဘဲ ကိုယ့်အတန်းပညာနှင့်တန်သော အလုပ္ကိုသာ လုပ်ခ့ဲရသည်။ ရသမွ်လစာကို ခေတ်သုံးစွဲဖို့အနည်းငယ်သာ ခ်န္ထားကာ မမဆေးစရိတ်အတွက် အကုန်မမဆီသို့လတိုင်း ပို့ပေးသည်။
ခေတ် မလေးရှားကပြန်ရောက်တော့ မမကျန်းမာရေးက တော်တော်လေးကောင်းမန်နေပြီး ခေတ်ကိုနိုင်ငံခြားထွက်မလုပ်ဘဲ ဒီမှာလုပ်ဖို့မေကြီးရော မမပါပြောကြပေမ့ဲ ခေတ်က မမမျက်နှာငယ်မှာစိုးသည့် စိတ်တစ်ခုတည်းဖြင့် စင်္ကာပူသို့တစ်ခေါက်ပြန်ထွက်ခ့ဲသည်။
မလေးရှားတွင် လုပ်သက်လေးရှိခ့ဲသော ခေတ်က ကံကောင်းလို့လားမသိ စင်္ကာပူရှိ နာမည်ကြီးစားသောက်ဆိုင်၏ မီးဖိုချောင်အကူအနေဖြင့်အလုပ်ထပ်ရခ့ဲသည်။ နေစရိတ်၊စားစရိတ်ငြိမ်းဖြင့် ရခ့ဲသည့်အလုပ်ဖြစ်တာကြောင့် အ့ဲနှစ်နှစ်မှာ ခေတ် မမဆီကို တော်တော်လေးပို့ပေးနိုင်ခ့ဲသည်။ အ့ဲကနေမှ နှစ်ပြည့်၍ နောက်ထပ် စားပြဲထိုးအလုပ္ကို ထပ်ပြောင်းခ့ဲလေသည်။ စားပွဲထိုးဆိုတော့ မီးဖိုချောင်အကူထက် Otကြေးလေးလည်း များများရပြီး၊ tip moneyလေးတွေလည်း ရတာကြောင့် စားပွဲထိုးလုပ်သည့်နှစ်မှာတော့ ခေတ်တို့တော်တော်လေးစုမိနိုင်ခ့ဲသည်။ မမ၏ စစ်စစ်စီစီဖြင့် ငွေကြေးစီမံသုံးစွဲမှုကြောင့်လည်း ပါတယ်ပေါ့လေ။
"ခေတ် ဘာတွေတွေးနေတာလဲ..."
မမ အသံကြားမှ ခေတ်က အတွေးတွေထဲက ထွက်လာနိုင်တော့၏။ ခေတ်က မမကို င့ဲကြည့်ရင်းပြုံးပြလိုက်ကာ...
"ဘာမွ မဟုတ်ပါဘူးမမရယ်...ခေတ်တို့ မတွေ့ရတာ (၄)နှစ်နော်...ခေတ်မိန်းမလေးက (၄)နှစ်အတွင်းမှာ အခုထိ အရင်တိုင်းလှနေတုန်းပဲ...လူတွေရှိနေလို့ပေါ့ နှစ်ယောက်တည်းသာဆိုရင် မွှေးမွှေးတွေအများကြီးပေးပစ်ပြီးပြီ"
"အေးနော် ကြည့်နေသိလား ဒေါ်ယွန်းခေတ်သဒ္ဒါ...ဒီအရွယ်ကြီးရောက်နေပြီ အရင်လို ကလေးကလားန့ဲ လူကြားထဲကဲချင်နေတယ်ဆိုရင်လည်း ဒီမွာ ဗိုက်ခေါက်ဆွဲဖို့ လက်သွေးထားတယ် မြင်လား"
မမက လက်သည်းအရှည်လေးတွေနှင့် သွယ်လျလျလက်လေးကို ပြတော့ ခေတ်က နှစ်နှစ်ကာကာပြုံးလိုက်ကာ...
"မမနော် အခုချိန်ထိ ဗိုက်ဆွဲမယ်ဆိုတ့ဲအကျင့်ကြီးက မပျောက်သေးဘူး...ဒီအရွယ်ကြီးတွေရောက်နေပါပြီ ဘာလို့များ ဗိုက်ခေါက်ကဆွဲချင်နေရသေးတယ်လို့...ပြောနေရင်း ခေတ်ရ့ဲအဆီဗို်က်ခေါက်ကြီးတွေ ယားချင်သလိုလိုတောင်ရှိလာပြီ"
ခေတ် စကားကြောင့် မိုးသားနှစ်နှစ်ခြိုက်ခြိုက်ကို ရယ်မိသွားလေသည်။ မိုးသားချစ်သူလေးဟာ ဟိုးအရင်အချိန်ကစလို့ အခုအသက်တွေကြီးတ့ဲအချိန်ထိ မိုးသားကို ပျော်ရွှင်မှုတွေ ပေးနိုင်နေတုန်း...မိုးသားမျက်နှာမှာ အပြုံးတွေ ပျောက်ကွယ်မသွားအောင် လုပ်ပေးနေနိုင်တုန်းပင်။
မိုးသားတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ လက်ချင်းတွဲထားလျက်ပင် လေဆိပ်ထဲ နှစ်နှစ်ခြိုက်ခြိုက် ရယ်မိကြသည်။
ဒီတွဲလက်လေးဟာ မိုးသားတို့အသက်တွေကြီးသည် အထိ မည်သည့်အကြောင်းကြောင်းနှင့်မျှ မဖြုတ်ဖြစ်ကြတော့ဘူးဆိုတာ မိုသားတို့နှစ်ယောက်လုံး ပြောစရာမလိုအောင်ပင် သိကြလေသည်။
ချစ်ပါတယ်လို့ တစ်ဖွဖွပြောနေသော စကားတွေထက် မည်မျှထိ ချစ်ကြောင်းကို ခေတ်က မိုးသားအား သက်သေပြသွားခ့ဲသည်။
ခေတ်ကို ရွေးချယ်ခ့ဲတာ မှန်ကန်ကြောင်းကို မိုးသား မေကြီးကိုကအစ ခေတ်က သူ့အချစ်တွေဖြင့် အနိုင်ယူနို်င်ခ့ဲသည်။
မိုးသားတို့ လူဖြစ်ရတယ်ဆိုတ့ဲ သက်တမ်းဟာ တကယ်တော့ တိုတိုလေးပါ။ အ့ဲဒီသက်တမ်းတိုတိုလေးမှာ မိုးသားတို့ကို သိပ်ချစ်တ့ဲ ဘဝလက်တွဲဖော် တစ်ယောက်ရှိတယ်ဆိုရင်ပဲ သက်တမ်းတိုတိုလေးသာ ရှိတ့ဲ မိုးသားတို့ရ့ဲ ဘဝေလးဟာ လောကကြီးထဲ လူဖြစ်ရကျိုးနပ်နေပါပြီ။
အကယ်၍များ နောက်ထပ်ဘဝတွေ ထပ်ရှိခ့ဲမယ်ဆိုရင် မိုးသားကလည်း ချစ်ရသူ၊ မိုးသားကိုလည်း ချစ်ရသူ ခေတ်ရ့ဲလက်တွဲဖော်အဖြစ်န့ဲပဲ ဘဝဆက်တိုင်း မိုးသားဆိုတ့ဲ တည်ရှိမှုလေးသာ ဖြစ်ချင်ပါ၏။
ထိုအရာဟာ ချစ်ခြင်းမေတ္တာဆိုရင် မိုးသားဟာ ခေတ်ရ့ဲ ချစ်ခြင်းမေတ္တာတွေမှာ အရောင်ကင်းမ့ဲစွာန့ဲ ပျော်ဝင်ခ့ဲမိပါတော့သည်။
*ပြီးပါပြီ*
Hello!
ဒီ ficလေးကို ကိုယ့် Accမွာ စတင်တ့ဲအချိန်ထဲက dialogue လွလွေတြမပါ..ဖွ့ဲနွဲ့နေမ့ဲကဗျာတွေစာတွေမပါဘဲ တကယ့်အပြင်ဘဝမှာ လက်တွေ့ဆန်ဆန် ပြောဆိုခံစားရတ့ဲ ရိုးရိုးရှင်းရှင်းပုံစံန့ဲရေးထားတ့ဲ ficပါလို့ကိုယ်ပြောခ့ဲဖူးပါတယ်။ တကယ့်တကယ် ရေးတော့လည်း အပိုင်း(၁၂)(၁၃)ထိလောက်က ရေးရတာအဆင်ပြေပြီး အခုနောက်ဆုံးနှစ်ပိုင်းမှာတော့ ရေးရတာ စိတ်တထင့်ထင်ရယ်ပါ။ အဓိကဇာတ်ကောင် ခေတ်က စကားမပြောမဆိုတတ်တ့ဲ ကောင်မလေးဆိုတော့ သူရေးသမျှ စာတွေ(သူ့ရ့ဲ စကားပြောမကြွယ်ဝတ့ဲ ပုံစံန့ဲ ရေးရတ့ဲ စာ၁၉စောင်ဟာ ရေးရတာ အခက္ဆုံးပါ) ပြောသမျှတွေဟာ အပြင်လောကက စကားပြော မကြွယ်ဝတ့ဲကောင်မလေးတစ်ယောက်လို ရေးရတာတွေဟာ ကိုယ့်အတွက်တော့ dialogue လှလှလေးတွေရေးရတာထက် ပိုပြီးခက်ခဲပါတယ်။ ပြီးတော့ အပြင်လောကန့ဲ စကားပြောဆိုပုံတွေက အစထပ်တူမကျမှာကိုလည်း ရေးနေရင်းန့ဲ သိပ်ကိုစိုးရိမ်မိပါတယ်။ ဒါပေမ့ဲလည်း အကောင်းဆုံးဖြစ်အောင် အဆုံးထိလေးရေးနိုင်တော့မှပဲ ဟင်းချနိုင်ပါတော့တယ်။
အလုပ်ကိစ္စလေးတွေန့ဲ ဒီလတွေမှာရှုပ်နေတာကြောင့် စာရေးတ့ဲဘက်ကိုလုံးဝကို မလှည့်နို်င်လို့ အပိုင်းသစ်တွေလည်း မတင်ပေးဖြစ်ရတာပါ။ ရိပ်တို့ပန်းတို့ရ့ဲအပိုင်းသစ်ကိုလည်း ဒီတစ်ပတ်ပြီးရင်တော့ တင်ပေးဖို့စဉ်းစားထားတာမို့လို့ တစ်ပတ်လောက်တော့စောင့်ပါအုံးလို့ပဲ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်နော်။
*P.S*
မိုးသားနှင်းဆီရ့ဲ မွေးနေ့ရက်မှာပဲ ဇာတ်သိမ်းပိုင်းထိတင်ပေးလိုက်ပါတယ်*
-------
❤ Love you all❤
Flickstar
Continue Reading
You'll Also Like
29.3K 1.5K 18
သူမကို လက်လွှတ်ပေးဖို့ မတွေးနိုင်ခဲ့ဘူး တကယ်က အမြဲဆုပ်ကိုင်ထားပေးတဲ့ သူမရဲ့လက်ကို မလွှတ်စေချင်ခဲ့တာပါ ကျမက သူမရဲ့နွေးထွေးမှုမှာ အသားကျနေပြီးတဲ့ လူတယ...
99.9K 3.4K 26
G x G (OC) ~Romance~ About - Forgive you!
445K 38.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
40.6K 2.4K 15
❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤