That sounded like her teacher needed to talk to her parents but Gu Xi didn't figure out what she had done wrong. (1)
..........
Unicode
"ငါ့အသင်းလို့ ပြောလိုက်တာလား"
"ဟုတ် ဒီတစ်ခုလေ"
ဝမ်ဟွာကျိုးသည် ဂူရှောင်းအသင်း informationတွေကို ထုတ်ယူပြီး သူ့ရှေ့ကို ထားလိုက်သည်။
.............
သူ့အသင်းဆိုတဲ့ဒါက ဘာကြီးလဲ။
ဂူရှောင်းက ဝမ်ဟွာကျိုးဆီက registration informationကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
အလွန်ရင်းနှီးနေသော နာမည်ကို တွေ့၍ သူကြောင်သွားရသည်။ ဂူရှောင်းအံ့သြသွားတယ်ဆိုတာက နေ့တိုင်းမဖြစ်နိုင်ပေ။ သူ၏ပထမဆုံးတုံပြန်မှုက သူ့နှင့်နာမည်တူရှိတဲ့ လူတစ်ယောက်ဆိုပြီး ဖြစ်၍ နောက်အတွေးကတော့ သူ့identityအခိုးခံရပြီဆိုပြီးဖြစ်သည်။
အံအားသင့်မှုကို ဘေးထား၍ ဂူရှောင်းသည် စကားတစ်ခွန်းမဆိုဘဲ ဆက်ဖတ်နေသည်။
သူ့နာမည်၊ သူ့ID number၊ သူ့လိပ်စာတောင်မှ မှန်နေသည်။
ဘယ်လိုလုပ် ထျန်းချူအန်းပြိုင်ပွဲအတွက် registrationလုပ်မိသွားလဲ ဆိုတာကို သူမသိလိုက်သည်က လွဲ၍ပေါ့။
ဂူရှောင်းသည် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ပရိယာယ်များတဲ့ကောင်မလေးတစ်ယောက်၏ မျက်နှာသည် သူ့စိတ်ထဲပေါ်လာလေသည်။
အခု သူ့identityကို ခိုးသွားတဲ့သူက ဘယ်သူလဲဆိုတာကို သူသိရှိသွားလေသည်။
လူအများစုသည် သူ့၏ဤကဲ့သို့informationတွေကို မသိကြချေ။ ဂူမိသားစုကနေ ပြောင်းလာပြီးနောက် သခင်ကြီးဂူနှင့် တခြားလူတွေတောင်မှ သူ့အိမ်ထောင်စုဇယားပေါ်မှာ သုံးထားသော လိပ်စာကို မသိကြပေ။
သူ့လိပ်စာကို သိပြီး သူ့ID numberကို ဖြည့်နိုင်တဲ့ တစ်ဦးတည်းသောလူက သူနှင့် အိမ်ထောင်စုဇယားအတူတူထဲမှာ ရှိသော ကောင်မလေးပင်ဖြစ်သည်။
ဂူရှောင်း,"တခြားလူတွေရဲ့ informationရော"
"ဒီမှာပါ။ ဒါတွေက အသင်းကတခြားလူတွေရဲ့ informationတွေပါ"
ဝမ်ဟွာကျိုးသည် စာရွက်စာတမ်းတွေကို ဂူရှောင်းဆီသို့ ပေးလိုက်လေသည်။
ဂူရှောင်းသည် တခြားinformationတွေ၏ စာမျက်နှာအနည်းငယ်ကို အမြန်ကြည့်လိုက်သည်။
ဂူရှောင်း,"ရှန်ရီ" ရှန်မိသားစုရဲ့ အငယ်ဆုံးသားမလား။
သခင်ကြီးဂူနှင့် သခင်ကြီးရှန်တို့၏ relationshipကြောင့် ဂူရှောင်းလည်းပဲ ရှန်မိသားစုအကြောင်းကို နည်းနည်းသိပါသည်။ သူ့မှတ်ဉာဏ်တွေသာ မမှားဘူးဆိုရင် ရှန်မိသားစုမှာ ဂူရှီနှင့်ကျောင်းအတူတူတက်နေတဲ့ မြေးတစ်ယောက်ရှိလေသည်။
'ဂူယန်လင်း'ကို မြင်လိုက်ရချိန်တွင် ဂူရှောင်းအတော်အံ့သြသွားရသည်။
registrationလုပ်နေတဲ့ ကာလအတွင်းမှာ ဂူယန်လင်းက နိုင်ငံခြားမှာ ရှိနေသင့်တာ။ သူ ဘယ်လိုလုပ် ဂူရှီနဲ့ချိတ်ဆက်သွားနိုင်ရတာလဲ။
ဂူရှောင်း တစ်ကိုယ်တည်းတွေးနေသည်။
သို့သော် သူ့စိတ်ထဲတွင် သူ့သမီးက အကိုအကြီးဆုံး၏ကလေးကို ကြိုသိနေတယ်ဆိုရင်တောင်မှ ဂူရှီကို အချိတ်အချက်သွားလုပ်တာက ဂူယန်လင်းဆိုတာ သေချာ၏။
ဂူရှီကို ပြိုင်ပွဲထဲကို ခေါ်လာတာကလည်း သူဖြစ်နိုင်လောက်ပေသည်။
သူ့ညီမလေးရဲ့ သင်ကြားရေးကို ထိခိုက်စေတဲ့အတွက် ဒီနှစ် နှစ်သစ်ဟုန်ပေါင်ကို သူ ရတော့မည်မဟုတ်။
ဂူရှောင်း မျက်လုံးကိုကျဥ်းလိုက်သည်။
ဒါတွေကို ပထမဆုံးမြင်ဖူးသကဲ့သို့ စာရွက်စာတမ်းတွေကို အလေးနက်ဖတ်နေသည့် ဂူရှောင်းအား မြင်လိုက်ရတော့ ဝမ်ဟွာကျိုး အံ့သြသွားရသည်။
ဘော့စ်ဂူက ဤအကြောင်းတွေကို ဘာမှမသိဘူးလို့ ဆိုလိုတာလား။ တစ်ယောက်ယောက်က သူ့informationကို သုံးပြီးတော့ လျှောက်ခဲ့တာလား။
ထိုဖြစ်နိုင်ချေက ဝမ်ဟွာကျိုးကို ကြောက်ရွံ့သွားစေသည်။
"ဘော့စ်ဂူ ကျွန်တော်တို့ informationတွေကို စိစစ်တဲ့အချိန်တုန်းက အလုပ်ကိုနှံ့နှံ့စပ်စပ် မလုပ်ခဲ့မိပါဘူး။ ကျွန်တော်တို့ စိစစ်ရေးလုပ်နေချိန်က အမှားလုပ်မိသွားတယ် ထင်ပါရဲ့"
ဝမ်ဟွာကျိုးသည် ခေါင်းငုံ့ထားသည်။
သူက ရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။
"ကျွန်တော် တစ်ယောက်ယောက်ကို နောက်ထပ် informationကို ပြန်ကြည့်ခိုင်းပြီး ကျွန်တော်တို့တွေ ဘော့စ်ရဲ့informationကို စစ်ဆေးလိုက်ပါမယ်"
"မလိုတော့ဘူး"
ဂူရှောင်းသည် စာရွက်စာတမ်းတွေမှ မော့ကြည့်လျက် ပြောလေသည်။
"မလို၊ မလိုဘူးလား"
ဝမ်ဟွာကျိုး အံ့အားသင့်သွားရသည်။
နောက်စက္ကန့်တွင် ဂူရှောင်းပြောလာသည်က
"ဒါ ငါ့သမီးထင်တယ်"
ပြောပြီးနောက် ဂူရှောင်းသည် အခက်တွေ့နေရပုံပေါ်သည်။
သူမ၏ဉာဏ်များပေမယ့် နာခံချင်ယောင်ဆောင်တဲ့ပုံစံလေးကို သူပြန်အမှတ်ရသွားကာ တစ်ချိန်တည်းမှာပဲ ရယ်စရာကောင်းသည်ဟုရော အနှောင့်ယှက်ပေးသည်ဟုပါ ခံစားလိုက်ရသည်။
တခြားမိဘတွေက ဖော်ရမ်ထဲမှာ သူတို့ကလေးတွေက ဘယ်လိုမျိုး သူတို့IDနှင့် ဖုန်းနံပါတ်ကို သုံးပြီး social accountကို registerလုပ်ကြောင်း၊ online အသင်းဝင်ကြေးတွေကို ပေးကြောင်း မျှဝေထားချိန်တွင် သူတို့တွေ ဘယ်လိုခံစားရသလဲဆိုတာကို နောက်ဆုံးတော့ သူနားလည်လာပြီဖြစ်သည်။
ကြားလိုက်ရချိန်တွင် ဝမ်ဟွာကျိုးသည် ကြက်သေသေသွားရသည်။
"ဘော့စ်သမီး?!"
"သူမက ဒီပြိုင်ပွဲအကြောင်းကို သိချင်နေတာဖြစ်လောက်မယ်။ age limitကြောင့် blockခံလိုက်ရတော့ ငါ့ID numberကို သုံးပြီးဝင်တာ ဖြစ်ရမယ်"
ဝမ်ဟွာကျိုး,".........."Oh သဘောပေါက်ပြီ။
အထက်managementပိုင်းက အဖွဲ့သည် ဂူရှောင်း ဘာလို့ဒီလိုလုပ်ခဲ့တာလဲဆိုတာကို ကြိုးစားအဖြေရှာရန် ဝိုင်းထိုင်ခဲ့ကြတာကို စဥ်းစားကြည့်လျှင်
အရှက်ရသောအကြည့်သည် ဝမ်ဟွာကျိုးမျက်နှာတွင် ဖြတ်ပြေးသွားသည်။
သို့သော် လုံးဝကြီးသူတို့အမှားတော့ မဟုတ်ပေ။
နည်းနည်းအညံ့စားဆန်သော 'ထျန်းချူအန်းညီလာခံမှတိုက်ပွဲအသင်း' နာမည်မှလွဲ၍ သူတို့၏ဒီဇိုင်းအဆိုပြုချက်ကိုသာ ကြည့်လိုက်လျှင် သူတို့အသင်းmemberတွေထဲက တစ်ယောက်သည် အသက်မပြည့်သေးသော မိန်းကလေးတစ်ယောက် ဖြစ်မည်ဟု တွေကြည့်မိရန် ခဲယဥ်းလှသည်။
အကြမ်းပုံစံပဲရှိနေသော ဒီဇိုင်းအဆိုပြုချက်တောင်မှ တော်တော်ပြည့်စုံနေသည်။
ပြီးတော့ ideaကလည်း သဘောကျစရာကောင်းသည်။
သူတို့က ဒါကို ဂူရှောင်း၏personal researchတစ်ခုလို့ အမြဲတွေးနေကြတာဖြစ်သည်။
...............
Zawgi
"ဟုတ် ဒီတစ်ခုလေ"
.............
သူ့လိပ်စာကို သိပြီး သူ့ID numberကို ဖြည့်နိုင်တဲ့ တစ်ဉီးတည်းသောလူက သူနှင့် အိမ်ထောင်စုဇယားအတူတူထဲမှာ ရှိသော ကောင်မလေးပင်ဖြစ်သည်။
"မလိုတော့ဘူး"
"မလို၊ မလိုဘူးလား"
"ဒါ ငါ့သမီးထင်တယ်"
"ဘော့စ်သမီး?!"