ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၄၃

5.3K 977 13
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၄၃: ငါတို့ရဲ့ကျန်နေသေးတဲ့ ဘဝတစ်လျှောက်ကို အတူတူဖြတ်သန်းကြစို့

"ဟဲ့ အဲ့ဒါ...အဲ့ဒါ မိုရိချန် မဟုတ်ဘူးလား" မြစ်ကမ်းဘေးမှာ အပျော်တမ်းငါးဖမ်းနေတဲ့ ကောင်မလေးက သူမရဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။

သူမနဲ့အတူ လိုက်ပါလာတဲ့ သူငယ်ချင်းက စည်သွပ်ဘူးကို လက်ထဲမှာ ကိုင်ထားပြီး ငုံ့ကိုင်းကာ သားကောင်ကို ရှာနေရင်း "ကျေးဇူးပြုပြီး နင့်အိပ်ရာဘေး၊ နင့်ရဲ့ဖုန်းနဲ့ နင့်မှာရှိသမျှ အရာအားလုံးက မိုရိချန်နဲ့ ပြည့်နေမှတော့ နင့်အတွက် လူတိုင်းက သူနဲ့တူနေတော့မှာပဲလေ"

"တကယ်...တကယ်ဟဲ့" 

ကောင်မလေးက သူ့သူငယ်ချင်းရဲ့ စကတ်ထောင့်ကို ဆွဲလိုက်ပြီး

"သူ့ဘေးမှာ အရမ်းချောတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေတယ်!"

သူမရဲ့သူငယ်ချင်းက ခန့်ညားတဲ့ကောင်လေးရဲ့ ဘေးတွင် ချောမောတဲ့ကောင်လေးတစ်ယောက် ရှိနေကြောင်း ကြားတဲ့အခါ သူမရဲ့ခေါင်းကို ချက်ချင်း မော့လိုက်သည်။ 

"ဘယ်မှာလဲ ဘယ်မှာလဲ"

ကောင်မလေးက လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။

သူ့ရဲ့ပုံရိပ်နှင့် ဝေဝါးနေတဲ့ ကောက်ကြောင်းတွေကြောင့် မိုရိချန် ဟုတ်မဟုတ် သူမ မသိပေမယ့် သူက သေချာပေါက် ခန့်ညားတဲ့ ကောင်လေးဖြစ်ပြီး သူ့ဘေးက ကောင်လေးကလည်း အရမ်းချစ်စရာကောင်းတယ်ဆိုတာကိုတော့ သူမ ပြောနိုင်သည်။ သူတို့နှစ်ယောက်က ရိုးရိုးရှင်းရှင်းပင် ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့ အတွဲပင်!

"အားးးးး! သွားကြည့်ကြရအောင်!"

"သွား! သွား! သွား!"

မိုရိချန်က သူ့ဆီ ပြေးလာနေတဲ့ မိန်းကလေးနှစ်ယောက်ကို သတိထားမိပြီး သူ့မျက်နှာပေါ်တွင် ဘာမှမထူးခြားတဲ့ အမူအရာဖြင့် လက်နှစ်ဖက်ကို ကာထားလိုက်သည်။ ဒီလိုအခြေအနေက သူ့အတွက် မဆန်းပေမယ့် ဒီလိုအခြေအနေကို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ ယွမ်းစွော်က မိုရိချန်ရဲ့လက်မောင်းကို ကြောက်လန့်တကြားဖြင့် ဆုပ်ကိုင်လိုက်သည်။

"အဆင်ပြေပါတယ် မကြောက်နဲ့။ သူတို့က ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမယ့် ဖမ်းမိသွားရင်လည်း အရမ်းစိတ်အနှောက်အယှက် ဖြစ်ရလိမ့်မယ်။ ဒါကြောင့် နောက်ကျရင် ငါ့နောက်က လိုက်ခဲ့နော်။ နားလည်လား"

"အင်း!"

ယွမ်းစွော်ရဲ့တုံ့ပြန်မှုကို ရရှိပြီးနောက် သူက ယွမ်းစွော်ရဲ့အင်္ကျီခေါင်းစွပ်ကို ဆွဲတင်ပေးလိုက်ကာ တင်းတင်းကြပ်ကြပ် ချည်ပေးလိုက်ပြီးနောက်  သူ့ရဲ့လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ "ပြေး!"

ယွမ်းစွော်က မတုံ့ပြန်နိုင်ခင်မှာ  ခြေလှမ်းအနည်းငယ်လောက် ဆွဲခေါ်သွားခံလိုက်ရပြီးပြီဖြစ်သည်။သူက တုံ့ပြန်ပြီးနောက် ကမန်းကတန်း နောက်သို့ လိုက်သွားခဲ့သည်။ နှစ်ယောက်သား လမ်းတစ်လျှောက်လုံး ပြေးလွှားနေရင်း စိုစွတ်နေတဲ့ မြစ်ကမ်းဘေးမှ လေတွေက သူတို့မျက်နှာကို ဖြတ်တိုက်လာခဲ့သည်။ လေထုထဲတွင် အေးခဲမှုအရိပ်အယောင်တွေ ရှိနေတာ ထင်ရှားပေမယ့် ယွမ်းစွော်ရဲ့ မျက်နှာက ပိုပြီးနီရဲလာကာ မိုရိချန်ရဲ့လက်တွေကလည်း ပိုတင်းကြပ်လာခဲ့သည်။

ကောင်မလေးနှစ်ယောက်ကို ထပ်မတွေ့ရတော့တဲ့အခါမှ နှစ်ယောက်သား ရပ်လိုက်ကြသည်။ ပြင်းပြင်းထန်ထန် မောပန်းနေကြပြီး  မြစ်ကမ်းဘေးတွင် ထိုင်လိုက်ကြသည်။ အဝေးက နီယွန်မီးတွေကို ကြည့်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နောက်ဆုံးတွင် ရယ်မောလိုက်ကြသည်။

ရယ်မောပြီးနောက် မိုရိချန်က ယွမ်းစွော်ရဲ့ ပျော့ပျောင်းနေတဲ့ဆံပင်တွေကို ပွတ်ပေးလိုက်သည်။ "၁၉နှစ်မြောက်မွေးနေ့မှာ ပျော်ရွှင်ပါစေ"

မီးရှူးမီးပန်းတွေအစုလိုက်အပြုံလိုက်က ကောင်းကင်ယံတွင် ပေါက်ကွဲလာကာ သူတို့ရဲ့ မျက်လုံးတွေထဲတွင် အလင်းတန်းများ ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ် မိုရိချန်လည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ!" ယွမ်းစွော်ရဲ့အသံက တိုးသွားပြီးနောက် မိုရိချန်ရဲ့လက်က ဗလာဖြစ်သွားခဲ့သည်။ သူ့ရှေ့ရှိလူက သူ့မျက်စိရှေ့မှာပင် ပျောက်ကွယ်သွားခဲ့သည်...။

မိုရိချန်က ခဏလောက် အေးခဲသွားခဲ့သည်။ ဒါက ဂိမ်းထဲကို အသေးလေး ပြန်သွားတဲ့ အချိန်ပဲဆိုတာ သူကောင်းကောင်းသိပေမယ့် သူ့နှလုံးသားက ဘာကြောင့် ဒီလောက်ဗလာဖြစ်သွားမှန်း သူမသိပေ။

ကောင်းကင်တွင် နောက်ထပ်မီးရှူးမီးပန်းတစ်ခု ပေါက်ကွဲသွားချိန်မှာတော့ သူက ဖုန်းကို ထုတ်လိုက်ပြီး ယွမ်းစွော်ကို ပြောလိုက်သည်။ "မင်းရဲ့နောက်မွေးနေ့ရောက်ရင် မင်းကို ကမ္ဘာပေါ်မှာ အလှဆုံးမီးရှူးမီးပန်းတွေကို ကြည့်ဖို့ ခေါ်သွားပေးမယ်"

ယွမ်းစွော်က ဧည့်ခန်းထဲတွင် ရပ်နေကာ ညကောင်းကင်ယံလို နက်နဲနေတဲ့ မိုရိချန်ရဲ့ မျက်လုံးတွေနှင့် ကြယ်ရောင်စုံတဲ့ကောင်းကင်ရှိ စွဲမက်ဖွယ်မီးရှူးမီးပန်းတွေကို ကြည့်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

——

အချိန်တစ်ခုကြာပြီးနောက် ယွမ်းစွော်က ဖုန်းထဲကို ကျွမ်းကျင်စွာ ဝင်ထွက်နိုင်လာခဲ့ပေမယ့် ကြာချိန်က အလွန်တိုလှသည်။ တစ်နေ့လုံးကို ငါးနာရီသာအချိန်ရတာမို့ နှစ်ယောက်သား နေ့တိုင်း အဲ့ဒါကို ဘယ်လိုသုံးကြမလဲလို့  တွက်ချက်ကြပေမယ့် အချိန်ပြည့်သွားတဲ့အခါ ယွမ်းစွော်က လူအုပ်အလယ်တွင် ရုတ်တရက် ပျောက်ကွယ်သွားမှာကို စိုးရိမ်တာကြောင့် တတ်နိုင်သမျှ အပြင်ထွက်တဲ့အခါ ပိုသတိထားနေကြရသည်။ 

သူတို့က ဒီနေ့ ညစာစားပြီး ရုပ်ရှင် အတူကြည့်ကြပြီး မနက်ဖြန် ခွေးလေးနှင့်အတူ လမ်းလျှောက်ထွက်ကြကာ နောက်နေ့မှာတော့ လမ်းဘေးသရေစာဆိုင်ကို အတူတူသွားကြမည်။ အတိုချုပ်ပြောရလျှင် အချိန်အနည်းငယ်သာ ရှိပေမယ့်  စက္ကန့်တိုင်းတွင် ဒီအရေးတကြီးခံစားချက်က နှစ်ယောက်သားကို အတူရှိချိန်အား မြတ်နိုးလာစေသည်။

မိုရိချန်က ဒီနေ့ နောက်ကျမှ အလုပ်ပြီးတာကြောင့် ချန်ကျောင်က သူ့ကို ဟိုတယ်ကို ပြန်ပို့ပေးခဲ့သည်။

ကားထဲတွင် မိုရိချန်က မနက်ဖြန်ရိုက်ရမယ့် ဇာတ်ညွှန်းအပိုင်းတစ်ခုကို လှန်ကြည့်နေကာ သူ့မျက်နှာပေါ်တွင် အာရုံစူးစိုက်ထားတဲ့ အမူအရာတစ်ခု ရှိနေခဲ့သည်။

ချန်ကျောင်က ဖြေးဖြေးမှန်မှန် မောင်းနေပြီး မိုရိချန်က ကားမောင်းနေရင်း သီချင်းဖွင့်ရတာကို မကြိုက်တာကြောင့် ကားထဲရှိ လေထုက အလွန်တိတ်ဆိတ်နေခဲ့သည်။

ချန်ကျောင်က ပေါ့ပေါ့ပါးပါး အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဂျာကင်အင်္ကျီကို ၀တ်ဆင်ထားသည်။ ကိုယ်အလေးချိန် ကျသွားပြီးနောက် သူရဲ့ထွားကြိုင်းနေတဲ့ ပခုံးတွေက ပိုမိုပိန်ပါးလာပြီး သူရဲ့ပခုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားတာကြောင့် ကိုယ်အလေးချိန် ကျသွားပြီးနောက်တွင် သူဝတ်ထားတဲ့အနည်းငယ် ပိုကျယ်နေတဲ့ အဝတ်အစားတွေက သူက အလွန် အားနည်းနေတယ်လို့ လူတွေကို  ခံစားလာရစေသည်။

ရုတ်တရတ် ကားထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းရင်း သူ့လက်ကိုင်ဖုန်းက မြည်လာခဲ့သည်။

သူ မူလက ဒါကို တုန်ခါတဲ့မုဒ်အဖြစ် သတ်မှတ်ထားပေမယ့် ဘယ်အချိန်က အသံ ဖွင့်ထားမိမှန်းကို သူ မသိပေ။ ဖုန်းက နည်းနည်း ဟောင်းနေတာကြောင့် ဖြစ်နိုင်ပြီး အသေးအမွှားပြဿနာမျိုးစုံကို စတွေ့လာရသည်။ အတိုချုပ်ပြောရရင် ရုတ်တရက် ဖုန်းမြည်လာသံကြောင့် ချန်ကျောင်က အနည်းငယ် စိတ်ရှုပ်သွားပေမယ့် ဖုန်းက သူ့အိတ်ကပ်ထဲမှာ ရှိနေတာကြောင့် ထုတ်ဖို့ အဆင်မပြေတဲ့အတွက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။  

"တောင်းပန်ပါတယ် အစ်ကိုမို" 

မိုရိချန်က သူ့အမူအရာကို မမြင်နိုင်အောင် ခေါင်းကို လှည့်ထားပေမယ့် သူ့နားက ဘေးဘက်သို့ အနည်းငယ်လှည့်ကာ သေချာနားထောင်နေပုံရသည်။

မိုရိချန်က ပြောလိုက်သည်။ 

"ဒီအသံကို အရမ်းရင်းနှီးနေတယ်"

ချန်ကျောင်က အနည်းငယ်ရှက်သွားခဲ့သည်။ "အာ...အဲဒါ...အဲဒါက ကျွန်တော့်အသံပါ"

မိုရိချန်က မေးလိုက်သည်။ 

"ဒါ မင်းရဲ့သီချင်းလား"

 ဒီလို နက်နဲပြီး အနည်းငယ် အက်ရှတဲ့အသံမျိုးက အလွန်ရှားပါးကာ သီချင်းရဲ့စတိုင်က ချန်ကျောင်ပေးတဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်နှင့် အလွန်ကိုက်ညီလှသည်။

ချန်ကျောင်က အနည်းငယ်ရှက်သွားခဲ့သည်။ "ဒါ...ဒါက ဟိုးအရင်က လုပ်ထားတဲ့ နမူနာပါပဲ။ အဲဒါကို ဟိုနေ့ကမှ မတော်တဆတွေ့မိပြီး ဖုန်းမြည်သံအဖြစ် သတ်မှတ်ထားလိုက်တာ"

မိုရိချန်: "မင်းသီချင်းကြိုက်မှန်း ငါမသိဘူး"

ကူကယ်ရာမဲ့တဲ့ အပြုံးတစ်ခုက ချန်ကျောင်ရဲ့ နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။ 

"ကျွန်တော် ဂီတကို ကြိုက်လို့ ဖျော်ဖြေရေးလောကထဲကို ဝင်လာခဲ့တာပါ"

မိုရိချန်က မေးလိုက်သည်။ 

"ဘာလို့ သီချင်းဆက်မဆိုတော့တာလဲ"

ဒီအချိန်မှာ ဖုန်းမြည်သံရပ်သွားခဲ့သည်။ ချန်ကျောင်က ကားစတီယာရင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး "ကျွန်တော့်မှာ အရည်အချင်းမရှိလို့ လက်လျှော့လိုက်တာပါ"

မိုရိချန်က တခြားဘာမှ မပြောတော့ဘဲ သူ့မျက်လုံးတွေက ဇာတ်ညွှန်းဆီကို ပြန်ရောက်သွားခဲ့သည်။ ခဏအကြာတွင် ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သွားနေတဲ့ လမ်းပေါ်ရှိ ရှုခင်းတွေကို ကြည့်နေခဲ့သည်။

အိမ်ပြန်ရောက်တော့ ဂိမ်းထဲကို နှိပ်လိုက်သည်။ ၈နာရီမထိုးခင် အချိန်အနည်းငယ်လေးသာ ဖြစ်သည်။ မနက်ပိုင်းနှင့် နေ့လည်ပိုင်းတွေမှာ ထမင်းစားဖို့ သုံးနာရီနီးပါး အချိန်ကြာခဲ့ပြီး ယခုအချိန်တွင် အသေးလေး ထွက်လာလို့ရပေမယ့် သူ ခဏလောက် အနားယူလို့ရသည်။

သို့သော် ယွမ်းစွော်က မီးခိုးရောင်ယုန်ညအိပ်ဝတ်စုံဖြင့် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ ကော်ဖီစားပွဲပေါ်ရှိ ပစ္စည်းတွေကို ငုံ့ကြည့်နေရင်း သူ့နောက်ကျောမှ အသွင်အပြင်က အလွန်စိတ်ပျက်နေပုံ ပေါ်နေသည်။ ဘေးတွင် မာ့ရှ်မယ်လိုက မိုရိချန်ရှိနေတာကို လုံးဝသတိမထားမိဘဲ အိပ်ပျော်နေပြီး ဟောက်နေသည်။

ဒါပေမယ့် ယွမ်းစွော်က ဒီလိုကိစ္စမှာ မာ့ရှ်မယ်လိုထက် အများကြီး ပိုပြီးအကဲဆတ်တာကြောင့် မိုရိချန် ပေါ်လာတာနဲ့ သူက နှုတ်ဆက်ဖို့ ခေါင်းကို ​မော့လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေပေမယ့် သူ အရင်ကလို တက်ကြွမှုမရှိတာက ထင်ရှားလှသည်။

"ဘာမှားလို့လဲ" 

မိုရိချန်က အသေးလေး သူ့ကို စောင့်ရလို့ ပင်ပန်းနေတာလို့ထင်လိုက်သည်။ elf ကျောင်းက စာသင်နှစ် ကုန်ဆုံးသွားခဲ့ပြီး မကြာသေးမီက စာမေးပွဲတွေအများအပြား ရှိခဲ့တာကြောင့် ကျောင်းစာမှ ဖိအားတွေက သိသိသာသာ မြင့်တက်လာခဲ့သည်။

ယွမ်းစွော်က နှုတ်ခမ်းလေးကို စေ့ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက ကျွန်တော် ကောင်းကောင်း မလုပ်နိုင်တဲ့ ဇာတ်ကွက်တစ်ခု ရှိလို့ပါ။ ရက်အနည်းငယ်ကြာရင် စင်ပေါ်မှာ သရုပ်ဆောင်ရတော့မှာ ဖြစ်ပေမယ့် ကျွန်တော်က လူတိုင်းကို ဆွဲချသွားမိမှာကို ကြောက်တယ်"

မိုရိချန်က မေးလိုက်သည်။ "မင်းကိုင်ထားတဲ့ဟာက ဇာတ်ညွှန်းလား"

ယွမ်းစွော်က ခေါင်းညိတ်ပြလိုက်သည်။ "အွမ်း"

မိုရိချန်က ပြုံးလိုက်ပြီး 

"မင်းကို စာ​သားတွေ ကူကြည့်ပေးစေချင်လား"

ယွမ်းစွော်ရဲ့မျက်လုံးတွေထဲမှ တောက်ပမှုက အလွန်ထင်ရှားသွားသည်။ "တကယ်...တကယ်လား"

"သေချာတာပေါ့" 

မိုရိချန်က အသေးလေးကို ထွက်လာဖို့ လက်ဟန်ပြကာ ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး အင်္ကျီကော်လံကို ဖြည်လျှော့ကာ တောက်ပတဲ့ ကာတွန်းခေါင်းအုံးလေးတွေရှိတဲ့  ငွေဖြူရောင်သားရေဆိုဖာပေါ်တွင် အလွန်သက်တောင့်သက်သာရှိတဲ့ပုံစံဖြင့် ထိုင်နေခဲ့သည်။

ယွမ်းစွော်က မာ့ရှ်မယ်လို နိုးသွားမှာ စိုးတာကြောင့် ​တိတ်တိတ်လေးထရပ်ကာ ဂိမ်းထဲမှထွက်ပြီး လေထဲမှတစ်ဆင့် ဆိုဖာပေါ်တွင် ပေါ်လာခဲ့သည်။

သူက လက်ရှိတွင် ဂိမ်းထဲကို ဝင်ထွက်တဲ့အခါ သူ့အနေအထားကို ထိန်းနိုင်ခဲ့ပြီဖြစ်သည်။ အရင်က အကြိမ်ပေါင်းများစွာတုန်းပင် သူက မိုရိချန်ရဲ့အပေါ်မှာ ထိုင်လုနီးနီး ဖြစ်သွားတာ ဒါမှမဟုတ် သူနှင့် အရမ်းနီးကပ်သွားတာတွေ  ဖြစ်ပျက်မိတိုင်း မိုရိချန်က ရုတ်တရက် မပျော်မရွှင်ပုံဖြင့် မျက်မှောင်ကြုတ်သွားတတ်သည်...

"ဒါက ဇာတ်ညွှန်းလား" 

မိုရိချန်က ယွမ်းစွော်ရဲ့လက်ထဲက စာရွက်ကို ကြည့်လိုက်သည်။

"ဟမ် ဒါက ဇာတ်ညွှန်းပါ" 

ယွမ်းစွော်က ခေါင်းညိတ်လိုက်သည်။ သူ့အခန်းထဲမှာ အပူချိန်မြင့်မားမှုကြောင့် သူ့ရဲ့ညအိပ်ဝတ်အင်္ကျီကော်လာနားက ကြယ်သီးနှစ်ခုကို ဖြုတ်ထားပြီး လှပသွယ်လျတဲ့လည်တိုင်ကို ပေါ်လွင်နေစေခဲ့သည်။

မိုရိချန်က ချောင်းဆိုးလိုက်ပြီး "မင်းကဘာဇာတ်ရုပ်လဲ"

"ကောလိပ်ကျောင်းသား" 

ယွမ်းစွော်က မိုရိချန်ရဲ့ဘေးကို မသိစိတ်ဖြင့် ထပ်တိုးသွားခဲ့ပြီး စာမျက်နှာတစ်ရွက်သို့ လှန်ပါ ပြောလိုက်သည်။ 

"အဲ့မှာ ဝန်ခံတဲ့ဇာတ်ကွက်တစ်ခုရှိတယ်။ ကျွန်တော် စာကြောင်းတွေကို သေချာကျက်ထားပြီး လေ့ကျင့်နေတာလည်း ကြာလှပြီ။ ဒါပေမယ့် ကျွန်တော် ဇာတ်ကွက်ထဲကို မဝင်နိုင်ဘူး ဖြစ်နေတယ်။ ဆရာမက ကျွန်တော်သရုပ်ဆောင်တဲ့အခါ အကြည့်တွေက ဗလာဖြစ်နေတယ်လို့ပြောတယ်"

ထိုသို့ပြောပြီးနောက် ယွမ်းစွော်က သူ့ကို ဇာတ်ညွှန်း ပေးလိုက်သည်။

မိုရိချန်က အဲဒါကိုယူပြီး တစ်ခေါက် ဖတ်ကြည့်လိုက်သည်။ ဒါက မိနစ်၂၀လောက်ကြာတဲ့ ရှိုးတစ်ခုဖြစ်သည်။ ဇာတ်ကွက်နှင့် ဇာတ်ကောင်တွေကို ကောင်းမွန်စွာ ရေးဆွဲထားပြီး စာသားတွေကလည်း ကောင်းမွန်လှပေမယ့် ယွမ်းစွော်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို မြင်လိုက်တဲ့အခါ သူနားလည်သွားခဲ့သည်။ ဇာတ်ကွက်ထဲကို မဝင်နိုင်ဘူးလို့ သူပြောခဲ့တာ အံ့သြစရာမရှိတော့ပေ။ ဒီလိုအူကြောင်ကြောင် အသေးလေးကို သူ့အချစ်ကို ဝန်ခံတဲ့ စီနီယာတစ်ယောက်ရဲ့ အခန်းကဏ္ဍကို သရုပ်ဆောင်ခိုင်းဖို့က တကယ်ကို ခက်ခဲတဲ့အပြင်   အနည်းငယ်ခက်ခဲတဲ့ စကားလုံးတွေလည်း အများကြီးပါသေးသည်။

ယွမ်းစွော်က မိုရိချန်ရဲ့မျက်နှာအစိတ်အပိုင်း အများစုကို ဇာတ်ညွှန်းစာရွက်က ပိတ်ဆို့ထားတာကြောင့် မမြင်နိုင်ပေမယ့် သူ့ရဲ့ ပါးလွှာတဲ့နှုတ်ခမ်းက ကွေးညွှတ်သွားတာကို တစေ့တစောင်း ဖမ်းမိလိုက်သည်။

မိုရိချန်က ဘာရယ်နေတာလဲ။ ဇာတ်ရုပ်က ကလေးဆန်လွန်းနေလို့များလား...

ဇာတ်ညွှန်းကိုဖတ်ပြီးနောက် မိုရိချန်က ထရပ်ကာ စာကြည့်ခန်းထဲသွားပြီး မိတ္တူကူးကာ မူရင်းဇာတ်ညွှန်းကို ယွမ်းစွော်ဆီ ပြန်ပေးလိုက်သည်။

ယွမ်းစွော်က ဇာတ်ညွှန်းကိုယူလိုက်ကာ မိုရိချန်ကို မျှော်လင့်ချက်အနည်းငယ်ဖြင့် အလန့်တကြားကြည့်လိုက်သည်။

မိုရိချန်က လေထုကို ထိန်းညှိဖို့ ရှားရှားပါးပါး ကြိုးစားရင်း ပြောလိုက်သည်။ "အခုတော့ ဒီရုပ်ရှင်ဧကရာဇ်က မင်းကို သင်ပေးမယ့်အချိန် ရောက်ပြီ" 

ယွမ်းစွော်က ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။

"မင်း ဇာတ်ရုပ်တစ်ခုကို ကောင်းကောင်းသရုပ်ဆောင်ချင်ရင် ကျွမ်းကျင်မှုတွေအပြင်  စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုကလည်း အရေးကြီးတယ်။ မင်းက ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ခံစားချက်တွေအားလုံးကို တွေ့ကြုံခံစားနေရတယ်လို့ မင်းယုံကြည်ရမယ်"

ယွမ်းစွော်က ခေါင်းညိတ်လိုက်သည်။

"ကဲ မင်းရဲ့ ဒီစာ​သားတွေကို အစမ်းလေ့ကျင့်ကြည့်ကြရအောင်"

ယွမ်းစွော်က အေးခဲသွားခဲ့သည်။ စာ​သားတွေကို တိုက်ရိုက် အလွတ်ရွတ်ဆိုရတော့မှာလား။

"စကြစို့"

 မိုရိချန်က သရုပ်ဆောင်ဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့တာမဟုတ်ပဲ သူ့ရဲ့မဟာဘွဲ့က  စီးပွားရေးဘွဲ့ဖြစ်ကာ သရုပ်ဆောင်တစ်ဦး ဖြစ်လာဖို့ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ချိန်တွင် သူ့ရဲ့ပင်ကိုယ်စွမ်းရည်နှင့် သာလွန်ထူးကဲတဲ့နားလည်နိုင်စွမ်းတို့ကို ပိုမိုအားကိုးခဲ့သည်။

ယွမ်းစွော်က သူ့ရဲ့ဇာတ်ညွှန်းကို ဖွင့်ပြီး နောက်ကအမြန်လိုက်လိုက်သည်။

မိုရိချန်က ပြောလိုက်သည်။ "ငါအရင်သရုပ်ပြပေးမယ်"

"ကောင်းပါပြီ"

"ငါက ဝန်ခံတဲ့စီနီယာဖြစ်ပြီး မင်းက ငါ့ကို ငြင်းတဲ့ ကျောင်းသူလေးပဲ"

"...ကောင်းပြီလေ"

မိုရိချန်က စာ​သားတွေကို နှစ်ကြိမ်ဖတ်လိုက်ပြီး ခေါင်းကို မော့ကာ ယွမ်းစွော်ရဲ့မျက်လုံးတွေကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ယွမ်းစွော်က သူ့နှလုံးခုန်သံမြန်လာတာကို ချက်ချင်းခံစားလိုက်ရသည်။ မိုရိချန်ရဲ့ မျက်လုံးတွေက ပူလောင်နေပြီး အဝေးကို လှမ်းကြည့်ဖို့ ခက်ခဲစေကာ သူရဲ့နက်မှောင်တဲ့ မျက်လုံးတွေထဲတွင် ကြယ်လေးတွေ ရှိနေပုံရသည်။

မိုရိချန်ရဲ့အသံက နိမ့်ပြီး နက်နဲလှသည်။ "မင်းကို ပထမဆုံးတွေ့ခဲ့တာက စာသင်နှစ်အစမှာပဲ။ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ငါ့ညီအကိုတွေနဲ့ ငါက ကစားကွင်းကို ဖြတ်သွားတော့ နေရောင်ဖြန့်ကျက်ထားတဲ့ မင်းရဲ့မျက်တောင်အောက်ကအရိပ်ကို မြင်ခဲ့ပြီး ငါက အဲဒီအရိပ်ရဲ့လေပွေထဲကို ရောက်သွားပုံရတယ်။ ဒါပေမယ့် မင်းက အဲဒီအရိပ်ထဲမှာ တောက်ပနိုင်တဲ့ တစ်ခုတည်းသော နေရောင်လေးပါပဲ..."

ယွမ်းစွော်က မိုရိချန်ကို စိုက်ကြည့်နေခဲ့သည်။ သူ့အသံက သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထောင့်ကို ရောက်သွားပုံရပြီး ဒါက စာသားလေးတစ်ခု၊ ဇာတ်လမ်းလေးတစ်ခုသာ ဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းမွန်တယ်ဆိုတာကို သိနေပေမယ့် ယွမ်းစွော်က မထိန်းနိုင်တော့ဘဲ အသက်ရှူရခက်လာပြီး သူ့လက်ဖဝါးတွင် ချွေးအလွှာပါးပါးလေး ထွက်ပေါ်လာခဲ့သည်။

မိုရိချန်က သူ့အသံကို ထပ်လျှော့ချလိုက်ပြီး အက်ရှတဲ့အသံက တောင့်တမှုဖြင့် ပြည့်နေခဲ့သည်။ 

"ဒါဆို ငါ မင်းရဲ့လက်ကို ကိုင်ထားပြီး ကျန်နေသေးတဲ့ဘဝတစ်လျှောက်ကို အတူတူ ဖြတ်သန်းလို့ရနိုင်မလား"

ယွမ်းစွော်က အေးခဲသွားခဲ့သည်။

မိုရိချန်က နှစ်စက္ကန့်လောက် စောင့်နေခဲ့သည်။

တကယ်တော့ ယွမ်းစွော်ရဲ့စာ​သားက အလွန်ရိုးရှင်းကာ စကားလုံးသုံးလုံးသာ ရှိသည်:  "တောင်းပန်ပါတယ်"

(T/N: တရုတ်လိုဆို သုံးလုံးပေမယ့် ဘာသာပြန်လိုက်တော့ လေးလုံးဖြစ်သွားတာပါ)

သို့သော် အခုအချိန်မှာတော့ သူ့ပါးစပ်ထဲကို စကားလုံးတွေ ရောက်လာတဲ့အခါ သူ့ဘာသာတောင်  ရိုးရိုးရှင်းရှင်း မပြောနိုင်တော့ပေ။

မိုရိချန်က ငါ မင်းရဲ့လက်ကို ကိုင်ထားပြီး ကျန်နေသေးတဲ့ဘဝတစ်လျှောက်ကို အတူတူ ဖြတ်သန်းကြစို့လို့ ဆွဲဆောင်မှုအပြည့်နဲ့ ပြောလိုက်တာ...ဒါက တကယ်ဖြစ်နိုင်ပါ့မလား။

Zawgyi

အခန္း ၄၃: ငါတို႔ရဲ႕က်န္ေနေသးတဲ့ ဘဝတစ္ေလွ်ာက္ကို အတူတူျဖတ္သန္းၾကစို႔

"ဟဲ့ အဲ့ဒါ...အဲ့ဒါ မိုရိခ်န္ မဟုတ္ဘူးလား" ျမစ္ကမ္းေဘးမွာ အေပ်ာ္တမ္းငါးဖမ္းေနတဲ့ ေကာင္မေလးက သူမရဲ႕မ်က္လုံးေတြကို ပြတ္သပ္လိုက္သည္။

သူမနဲ႔အတူ လိုက္ပါလာတဲ့ သူငယ္ခ်င္းက စည္သြပ္ဘူးကို လက္ထဲမွာ ကိုင္ထားၿပီး ငုံ႔ကိုင္းကာ သားေကာင္ကို ႐ွာေနရင္း "ေက်းဇူးျပဳၿပီး နင့္အိပ္ရာေဘး၊ နင့္ရဲ႕ဖုန္းနဲ႔ နင့္မွာ႐ွိသမွ် အရာအားလုံးက မိုရိခ်န္နဲ႔ ျပည့္ေနမွေတာ့ နင့္အတြက္ လူတိုင္းက သူနဲ႔တူေနေတာ့မွာပဲေလ"

"တကယ္...တကယ္ဟဲ့" 

ေကာင္မေလးက သူ႕သူငယ္ခ်င္းရဲ႕ စကတ္ေထာင့္ကို ဆြဲလိုက္ၿပီး

"သူ႕ေဘးမွာ အရမ္းေခ်ာတဲ့ ေကာင္ေလးတစ္ေယာက္လည္း ႐ွိေနတယ္!"

သူမရဲ႕သူငယ္ခ်င္းက ခန္႔ညားတဲ့ေကာင္ေလးရဲ႕ ေဘးတြင္ ေခ်ာေမာတဲ့ေကာင္ေလးတစ္ေယာက္ ႐ွိေနေၾကာင္း ၾကားတဲ့အခါ သူမရဲ႕ေခါင္းကို ခ်က္ခ်င္း ေမာ့လိုက္သည္။ 

"ဘယ္မွာလဲ ဘယ္မွာလဲ"

ေကာင္မေလးက လက္ကို ေျမႇာက္ကာ ၫႊန္ျပလိုက္သည္။

သူ႕ရဲ႕ပုံရိပ္ႏွင့္ ေဝဝါးေနတဲ့ ေကာက္ေၾကာင္းေတြေၾကာင့္ မိုရိခ်န္ ဟုတ္မဟုတ္ သူမ မသိေပမယ့္ သူက ေသခ်ာေပါက္ ခန္႔ညားတဲ့ ေကာင္ေလးျဖစ္ၿပီး သူ႕ေဘးက ေကာင္ေလးကလည္း အရမ္းခ်စ္စရာေကာင္းတယ္ဆိုတာကိုေတာ့ သူမ ေျပာႏိုင္သည္။ သူတို႔ႏွစ္ေယာက္က ႐ိုး႐ိုး႐ွင္း႐ွင္းပင္ ေကာင္းကင္ဘုံက ဖန္ဆင္းေပးထားတဲ့ အတြဲပင္!

"အားးးးး! သြားၾကည့္ၾကရေအာင္!"

"သြား! သြား! သြား!"

မိုရိခ်န္က သူ႕ဆီ ေျပးလာေနတဲ့ မိန္းကေလးႏွစ္ေယာက္ကို သတိထားမိၿပီး သူ႕မ်က္ႏွာေပၚတြင္ ဘာမွမထူးျခားတဲ့ အမူအရာျဖင့္ လက္ႏွစ္ဖက္ကို ကာထားလိုက္သည္။ ဒီလိုအေျခအေနက သူ႕အတြက္ မဆန္းေပမယ့္ ဒီလိုအေျခအေနကို ပထမဆုံးအႀကိမ္ ေတြ႕ဖူးတဲ့ ယြမ္းေစြာ္က မိုရိခ်န္ရဲ႕လက္ေမာင္းကို ေၾကာက္လန္႔တၾကားျဖင့္ ဆုပ္ကိုင္လိုက္သည္။

"အဆင္ေျပပါတယ္ မေၾကာက္နဲ႔။ သူတို႔က ဘာအႏၲရာယ္မွ မ႐ွိပါဘူး။ ဒါေပမယ့္ ဖမ္းမိသြားရင္လည္း အရမ္းစိတ္အေႏွာက္အယွက္ ျဖစ္ရလိမ့္မယ္။ ဒါေၾကာင့္ ေနာက္က်ရင္ ငါ့ေနာက္က လိုက္ခဲ့ေနာ္။ နားလည္လား"

"အင္း!"

ယြမ္းေစြာ္ရဲ႕တုံ႔ျပန္မႈကို ရ႐ွိၿပီးေနာက္ သူက ယြမ္းေစြာ္ရဲ႕အက်ႌေခါင္းစြပ္ကို ဆြဲတင္ေပးလိုက္ကာ တင္းတင္းၾကပ္ၾကပ္ ခ်ည္ေပးလိုက္ၿပီးေနာက္  သူ႕ရဲ႕လက္ေကာက္ဝတ္ကို ဆြဲလိုက္သည္။ "ေျပး!"

ယြမ္းေစြာ္က မတုံ႔ျပန္ႏိုင္ခင္မွာ  ေျခလွမ္းအနည္းငယ္ေလာက္ ဆြဲေခၚသြားခံလိုက္ရၿပီးၿပီျဖစ္သည္။သူက တုံ႔ျပန္ၿပီးေနာက္ ကမန္းကတန္း ေနာက္သို႔ လိုက္သြားခဲ့သည္။ ႏွစ္ေယာက္သား လမ္းတစ္ေလွ်ာက္လုံး ေျပးလႊားေနရင္း စိုစြတ္ေနတဲ့ ျမစ္ကမ္းေဘးမွ ေလေတြက သူတို႔မ်က္ႏွာကို ျဖတ္တိုက္လာခဲ့သည္။ ေလထုထဲတြင္ ေအးခဲမႈအရိပ္အေယာင္ေတြ ႐ွိေနတာ ထင္႐ွားေပမယ့္ ယြမ္းေစြာ္ရဲ႕ မ်က္ႏွာက ပိုၿပီးနီရဲလာကာ မိုရိခ်န္ရဲ႕လက္ေတြကလည္း ပိုတင္းၾကပ္လာခဲ့သည္။

ေကာင္မေလးႏွစ္ေယာက္ကို ထပ္မေတြ႕ရေတာ့တဲ့အခါမွ ႏွစ္ေယာက္သား ရပ္လိုက္ၾကသည္။ ျပင္းျပင္းထန္ထန္ ေမာပန္းေနၾကၿပီး  ျမစ္ကမ္းေဘးတြင္ ထိုင္လိုက္ၾကသည္။ အေဝးက နီယြန္မီးေတြကို ၾကည့္ၿပီးေနာက္ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ေနာက္ဆုံးတြင္ ရယ္ေမာလိုက္ၾကသည္။

ရယ္ေမာၿပီးေနာက္ မိုရိခ်န္က ယြမ္းေစြာ္ရဲ႕ ေပ်ာ့ေပ်ာင္းေနတဲ့ဆံပင္ေတြကို ပြတ္ေပးလိုက္သည္။ "၁၉ႏွစ္ေျမာက္ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ"

မီး႐ွဴးမီးပန္းေတြအစုလိုက္အျပဳံလိုက္က ေကာင္းကင္ယံတြင္ ေပါက္ကြဲလာကာ သူတို႔ရဲ႕ မ်က္လုံးေတြထဲတြင္ အလင္းတန္းမ်ား ဆက္တိုက္ထြက္ေပၚေနခဲ့သည္။

"ေက်းဇူးတင္ပါတယ္ မိုရိခ်န္လည္း ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ!" ယြမ္းေစြာ္ရဲ႕အသံက တိုးသြားၿပီးေနာက္ မိုရိခ်န္ရဲ႕လက္က ဗလာျဖစ္သြားခဲ့သည္။ သူ႕ေ႐ွ႕႐ွိလူက သူ႕မ်က္စိေ႐ွ႕မွာပင္ ေပ်ာက္ကြယ္သြားခဲ့သည္...။

မိုရိခ်န္က ခဏေလာက္ ေအးခဲသြားခဲ့သည္။ ဒါက ဂိမ္းထဲကို အေသးေလး ျပန္သြားတဲ့ အခ်ိန္ပဲဆိုတာ သူေကာင္းေကာင္းသိေပမယ့္ သူ႕ႏွလုံးသားက ဘာေၾကာင့္ ဒီေလာက္ဗလာျဖစ္သြားမွန္း သူမသိေပ။

ေကာင္းကင္တြင္ ေနာက္ထပ္မီး႐ွဴးမီးပန္းတစ္ခု ေပါက္ကြဲသြားခ်ိန္မွာေတာ့ သူက ဖုန္းကို ထုတ္လိုက္ၿပီး ယြမ္းေစြာ္ကို ေျပာလိုက္သည္။ "မင္းရဲ႕ေနာက္ေမြးေန႔ေရာက္ရင္ မင္းကို ကမ႓ာေပၚမွာ အလွဆုံးမီး႐ွဴးမီးပန္းေတြကို ၾကည့္ဖို႔ ေခၚသြားေပးမယ္"

ယြမ္းေစြာ္က ဧည့္ခန္းထဲတြင္ ရပ္ေနကာ ညေကာင္းကင္ယံလို နက္နဲေနတဲ့ မိုရိခ်န္ရဲ႕ မ်က္လုံးေတြႏွင့္ ၾကယ္ေရာင္စုံတဲ့ေကာင္းကင္႐ွိ စြဲမက္ဖြယ္မီး႐ွဴးမီးပန္းေတြကို ၾကည့္ၿပီး ေလးနက္စြာ ေခါင္းညိတ္လိုက္သည္။

——

အခ်ိန္တစ္ခုၾကာၿပီးေနာက္ ယြမ္းေစြာ္က ဖုန္းထဲကို ကြၽမ္းက်င္စြာ ဝင္ထြက္ႏိုင္လာခဲ့ေပမယ့္ ၾကာခ်ိန္က အလြန္တိုလွသည္။ တစ္ေန႔လုံးကို ငါးနာရီသာအခ်ိန္ရတာမို႔ ႏွစ္ေယာက္သား ေန႔တိုင္း အဲ့ဒါကို ဘယ္လိုသုံးၾကမလဲလို႔  တြက္ခ်က္ၾကေပမယ့္ အခ်ိန္ျပည့္သြားတဲ့အခါ ယြမ္းေစြာ္က လူအုပ္အလယ္တြင္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားမွာကို စိုးရိမ္တာေၾကာင့္ တတ္ႏိုင္သမွ် အျပင္ထြက္တဲ့အခါ ပိုသတိထားေနၾကရသည္။ 

သူတို႔က ဒီေန႔ ညစာစားၿပီး ႐ုပ္႐ွင္ အတူၾကည့္ၾကၿပီး မနက္ျဖန္ ေခြးေလးႏွင့္အတူ လမ္းေလွ်ာက္ထြက္ၾကကာ ေနာက္ေန႔မွာေတာ့ လမ္းေဘးသေရစာဆိုင္ကို အတူတူသြားၾကမည္။ အတိုခ်ဳပ္ေျပာရလွ်င္ အခ်ိန္အနည္းငယ္သာ ႐ွိေပမယ့္  စကၠန္႔တိုင္းတြင္ ဒီအေရးတႀကီးခံစားခ်က္က ႏွစ္ေယာက္သားကို အတူ႐ွိခ်ိန္အား ျမတ္ႏိုးလာေစသည္။

မိုရိခ်န္က ဒီေန႔ ေနာက္က်မွ အလုပ္ၿပီးတာေၾကာင့္ ခ်န္ေက်ာင္က သူ႕ကို ဟိုတယ္ကို ျပန္ပို႔ေပးခဲ့သည္။

ကားထဲတြင္ မိုရိခ်န္က မနက္ျဖန္႐ိုက္ရမယ့္ ဇာတ္ၫႊန္းအပိုင္းတစ္ခုကို လွန္ၾကည့္ေနကာ သူ႕မ်က္ႏွာေပၚတြင္ အာ႐ုံစူးစိုက္ထားတဲ့ အမူအရာတစ္ခု ႐ွိေနခဲ့သည္။

ခ်န္ေက်ာင္က ေျဖးေျဖးမွန္မွန္ ေမာင္းေနၿပီး မိုရိခ်န္က ကားေမာင္းေနရင္း သီခ်င္းဖြင့္ရတာကို မႀကိဳက္တာေၾကာင့္ ကားထဲ႐ွိ ေလထုက အလြန္တိတ္ဆိတ္ေနခဲ့သည္။

ခ်န္ေက်ာင္က ေပါ့ေပါ့ပါးပါး အျဖဴေရာင္႐ွပ္အက်ႌႏွင့္ အနက္ေရာင္ဂ်ာကင္အက်ႌကို ၀တ္ဆင္ထားသည္။ ကိုယ္အေလးခ်ိန္ က်သြားၿပီးေနာက္ သူရဲ႕ထြားႀကိဳင္းေနတဲ့ ပခုံးေတြက ပိုမိုပိန္ပါးလာၿပီး သူရဲ႕ပခုံးေတြက အနည္းငယ္ က်ဥ္းေျမာင္းသြားတာေၾကာင့္ ကိုယ္အေလးခ်ိန္ က်သြားၿပီးေနာက္တြင္ သူဝတ္ထားတဲ့အနည္းငယ္ ပိုက်ယ္ေနတဲ့ အဝတ္အစားေတြက သူက အလြန္ အားနည္းေနတယ္လို႔ လူေတြကို  ခံစားလာရေစသည္။

႐ုတ္တရတ္ ကားထဲက တိတ္ဆိတ္မႈကို ၿဖိဳခြင္းရင္း သူ႕လက္ကိုင္ဖုန္းက ျမည္လာခဲ့သည္။

သူ မူလက ဒါကို တုန္ခါတဲ့မုဒ္အျဖစ္ သတ္မွတ္ထားေပမယ့္ ဘယ္အခ်ိန္က အသံ ဖြင့္ထားမိမွန္းကို သူ မသိေပ။ ဖုန္းက နည္းနည္း ေဟာင္းေနတာေၾကာင့္ ျဖစ္ႏိုင္ၿပီး အေသးအမႊားျပႆနာမ်ိဳးစုံကို စေတြ႕လာရသည္။ အတိုခ်ဳပ္ေျပာရရင္ ႐ုတ္တရက္ ဖုန္းျမည္လာသံေၾကာင့္ ခ်န္ေက်ာင္က အနည္းငယ္ စိတ္႐ႈပ္သြားေပမယ့္ ဖုန္းက သူ႕အိတ္ကပ္ထဲမွာ ႐ွိေနတာေၾကာင့္ ထုတ္ဖို႔ အဆင္မေျပတဲ့အတြက္ ႐ွက္႐ြံ႕စြာျဖင့္ ေျပာလိုက္သည္။  

"ေတာင္းပန္ပါတယ္ အစ္ကိုမို" 

မိုရိခ်န္က သူ႕အမူအရာကို မျမင္ႏိုင္ေအာင္ ေခါင္းကို လွည့္ထားေပမယ့္ သူ႕နားက ေဘးဘက္သို႔ အနည္းငယ္လွည့္ကာ ေသခ်ာနားေထာင္ေနပုံရသည္။

မိုရိခ်န္က ေျပာလိုက္သည္။ 

"ဒီအသံကို အရမ္းရင္းႏွီးေနတယ္"

ခ်န္ေက်ာင္က အနည္းငယ္႐ွက္သြားခဲ့သည္။ "အာ...အဲဒါ...အဲဒါက ကြၽန္ေတာ္႕အသံပါ"

မိုရိခ်န္က ေမးလိုက္သည္။ 

"ဒါ မင္းရဲ႕သီခ်င္းလား"

 ဒီလို နက္နဲၿပီး အနည္းငယ္ အက္႐ွတဲ့အသံမ်ိဳးက အလြန္႐ွားပါးကာ သီခ်င္းရဲ႕စတိုင္က ခ်န္ေက်ာင္ေပးတဲ့ ေႏြးေထြးၿပီး သက္ေတာင့္သက္သာ႐ွိတဲ့ ခံစားခ်က္ႏွင့္ အလြန္ကိုက္ညီလွသည္။

ခ်န္ေက်ာင္က အနည္းငယ္႐ွက္သြားခဲ့သည္။ "ဒါ...ဒါက ဟိုးအရင္က လုပ္ထားတဲ့ နမူနာပါပဲ။ အဲဒါကို ဟိုေန႔ကမွ မေတာ္တဆေတြ႕မိၿပီး ဖုန္းျမည္သံအျဖစ္ သတ္မွတ္ထားလိုက္တာ"

မိုရိခ်န္: "မင္းသီခ်င္းႀကိဳက္မွန္း ငါမသိဘူး"

ကူကယ္ရာမဲ့တဲ့ အျပဳံးတစ္ခုက ခ်န္ေက်ာင္ရဲ႕ ႏႈတ္ခမ္းေထာင့္တြင္ ေပၚလာခဲ့သည္။ 

"ကြၽန္ေတာ္ ဂီတကို ႀကိဳက္လို႔ ေဖ်ာ္ေျဖေရးေလာကထဲကို ဝင္လာခဲ့တာပါ"

မိုရိခ်န္က ေမးလိုက္သည္။ 

"ဘာလို႔ သီခ်င္းဆက္မဆိုေတာ့တာလဲ"

ဒီအခ်ိန္မွာ ဖုန္းျမည္သံရပ္သြားခဲ့သည္။ ခ်န္ေက်ာင္က ကားစတီယာရင္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ၿပီး "ကြၽန္ေတာ္႕မွာ အရည္အခ်င္းမ႐ွိလို႔ လက္ေလွ်ာ့လိုက္တာပါ"

မိုရိခ်န္က တျခားဘာမွ မေျပာေတာ့ဘဲ သူ႕မ်က္လုံးေတြက ဇာတ္ၫႊန္းဆီကို ျပန္ေရာက္သြားခဲ့သည္။ ခဏအၾကာတြင္ ျပတင္းေပါက္မွတစ္ဆင့္ ျဖတ္သြားေနတဲ့ လမ္းေပၚ႐ွိ ႐ႈခင္းေတြကို ၾကည့္ေနခဲ့သည္။

အိမ္ျပန္ေရာက္ေတာ့ ဂိမ္းထဲကို ႏွိပ္လိုက္သည္။ ၈နာရီမထိုးခင္ အခ်ိန္အနည္းငယ္ေလးသာ ျဖစ္သည္။ မနက္ပိုင္းႏွင့္ ေန႔လည္ပိုင္းေတြမွာ ထမင္းစားဖို႔ သုံးနာရီနီးပါး အခ်ိန္ၾကာခဲ့ၿပီး ယခုအခ်ိန္တြင္ အေသးေလး ထြက္လာလို႔ရေပမယ့္ သူ ခဏေလာက္ အနားယူလို႔ရသည္။

သို႔ေသာ္ ယြမ္းေစြာ္က မီးခိုးေရာင္ယုန္ညအိပ္ဝတ္စုံျဖင့္ ဆိုဖာေပၚတြင္ တင္ပ်ဥ္ေခြထိုင္ေနကာ ေကာ္ဖီစားပြဲေပၚ႐ွိ ပစၥည္းေတြကို ငုံ႔ၾကည့္ေနရင္း သူ႕ေနာက္ေက်ာမွ အသြင္အျပင္က အလြန္စိတ္ပ်က္ေနပုံ ေပၚေနသည္။ ေဘးတြင္ မာ့႐ွ္မယ္လိုက မိုရိခ်န္႐ွိေနတာကို လုံးဝသတိမထားမိဘဲ အိပ္ေပ်ာ္ေနၿပီး ေဟာက္ေနသည္။

ဒါေပမယ့္ ယြမ္းေစြာ္က ဒီလိုကိစၥမွာ မာ့႐ွ္မယ္လိုထက္ အမ်ားႀကီး ပိုၿပီးအကဲဆတ္တာေၾကာင့္ မိုရိခ်န္ ေပၚလာတာနဲ႔ သူက ႏႈတ္ဆက္ဖို႔ ေခါင္းကို ​ေမာ့လိုက္သည္။ သူ႕ႏႈတ္ခမ္းေထာင့္တြင္ အျပဳံးတစ္ခု႐ွိေနေပမယ့္ သူ အရင္ကလို တက္ႂကြမႈမ႐ွိတာက ထင္႐ွားလွသည္။

"ဘာမွားလို႔လဲ" 

မိုရိခ်န္က အေသးေလး သူ႕ကို ေစာင့္ရလို႔ ပင္ပန္းေနတာလို႔ထင္လိုက္သည္။ elf ေက်ာင္းက စာသင္ႏွစ္ ကုန္ဆုံးသြားခဲ့ၿပီး မၾကာေသးမီက စာေမးပြဲေတြအမ်ားအျပား ႐ွိခဲ့တာေၾကာင့္ ေက်ာင္းစာမွ ဖိအားေတြက သိသိသာသာ ျမင့္တက္လာခဲ့သည္။

ယြမ္းေစြာ္က ႏႈတ္ခမ္းေလးကို ေစ့ကာ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဒါက ကြၽန္ေတာ္ ေကာင္းေကာင္း မလုပ္ႏိုင္တဲ့ ဇာတ္ကြက္တစ္ခု ႐ွိလို႔ပါ။ ရက္အနည္းငယ္ၾကာရင္ စင္ေပၚမွာ သ႐ုပ္ေဆာင္ရေတာ့မွာ ျဖစ္ေပမယ့္ ကြၽန္ေတာ္က လူတိုင္းကို ဆြဲခ်သြားမိမွာကို ေၾကာက္တယ္"

မိုရိခ်န္က ေမးလိုက္သည္။ "မင္းကိုင္ထားတဲ့ဟာက ဇာတ္ၫႊန္းလား"

ယြမ္းေစြာ္က ေခါင္းညိတ္ျပလိုက္သည္။ "အြမ္း"

မိုရိခ်န္က ျပဳံးလိုက္ၿပီး 

"မင္းကို စာ​သားေတြ ကူၾကည့္ေပးေစခ်င္လား"

ယြမ္းေစြာ္ရဲ႕မ်က္လုံးေတြထဲမွ ေတာက္ပမႈက အလြန္ထင္႐ွားသြားသည္။ "တကယ္...တကယ္လား"

"ေသခ်ာတာေပါ့" 

မိုရိခ်န္က အေသးေလးကို ထြက္လာဖို႔ လက္ဟန္ျပကာ ဂ်ာကင္အက်ႌကို ခြၽတ္လိုက္ၿပီး အက်ႌေကာ္လံကို ျဖည္ေလွ်ာ့ကာ ေတာက္ပတဲ့ ကာတြန္းေခါင္းအုံးေလးေတြ႐ွိတဲ့  ေငြျဖဴေရာင္သားေရဆိုဖာေပၚတြင္ အလြန္သက္ေတာင့္သက္သာ႐ွိတဲ့ပုံစံျဖင့္ ထိုင္ေနခဲ့သည္။

ယြမ္းေစြာ္က မာ့႐ွ္မယ္လို ႏိုးသြားမွာ စိုးတာေၾကာင့္ ​တိတ္တိတ္ေလးထရပ္ကာ ဂိမ္းထဲမွထြက္ၿပီး ေလထဲမွတစ္ဆင့္ ဆိုဖာေပၚတြင္ ေပၚလာခဲ့သည္။

သူက လက္႐ွိတြင္ ဂိမ္းထဲကို ဝင္ထြက္တဲ့အခါ သူ႕အေနအထားကို ထိန္းႏိုင္ခဲ့ၿပီျဖစ္သည္။ အရင္က အႀကိမ္ေပါင္းမ်ားစြာတုန္းပင္ သူက မိုရိခ်န္ရဲ႕အေပၚမွာ ထိုင္လုနီးနီး ျဖစ္သြားတာ ဒါမွမဟုတ္ သူႏွင့္ အရမ္းနီးကပ္သြားတာေတြ  ျဖစ္ပ်က္မိတိုင္း မိုရိခ်န္က ႐ုတ္တရက္ မေပ်ာ္မ႐ႊင္ပုံျဖင့္ မ်က္ေမွာင္ၾကဳတ္သြားတတ္သည္...

"ဒါက ဇာတ္ၫႊန္းလား" 

မိုရိခ်န္က ယြမ္းေစြာ္ရဲ႕လက္ထဲက စာ႐ြက္ကို ၾကည့္လိုက္သည္။

"ဟမ္ ဒါက ဇာတ္ၫႊန္းပါ" 

ယြမ္းေစြာ္က ေခါင္းညိတ္လိုက္သည္။ သူ႕အခန္းထဲမွာ အပူခ်ိန္ျမင့္မားမႈေၾကာင့္ သူ႕ရဲ႕ညအိပ္ဝတ္အက်ႌေကာ္လာနားက ၾကယ္သီးႏွစ္ခုကို ျဖဳတ္ထားၿပီး လွပသြယ္လ်တဲ့လည္တိုင္ကို ေပၚလြင္ေနေစခဲ့သည္။

မိုရိခ်န္က ေခ်ာင္းဆိုးလိုက္ၿပီး "မင္းကဘာဇာတ္႐ုပ္လဲ"

"ေကာလိပ္ေက်ာင္းသား" 

ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ေဘးကို မသိစိတ္ျဖင့္ ထပ္တိုးသြားခဲ့ၿပီး စာမ်က္ႏွာတစ္႐ြက္သို႔ လွန္ပါ ေျပာလိုက္သည္။ 

"အဲ့မွာ ဝန္ခံတဲ့ဇာတ္ကြက္တစ္ခု႐ွိတယ္။ ကြၽန္ေတာ္ စာေၾကာင္းေတြကို ေသခ်ာက်က္ထားၿပီး ေလ့က်င့္ေနတာလည္း ၾကာလွၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္ ဇာတ္ကြက္ထဲကို မဝင္ႏိုင္ဘူး ျဖစ္ေနတယ္။ ဆရာမက ကြၽန္ေတာ္သ႐ုပ္ေဆာင္တဲ့အခါ အၾကည့္ေတြက ဗလာျဖစ္ေနတယ္လို႔ေျပာတယ္"

ထိုသို႔ေျပာၿပီးေနာက္ ယြမ္းေစြာ္က သူ႕ကို ဇာတ္ၫႊန္း ေပးလိုက္သည္။

မိုရိခ်န္က အဲဒါကိုယူၿပီး တစ္ေခါက္ ဖတ္ၾကည့္လိုက္သည္။ ဒါက မိနစ္၂၀ေလာက္ၾကာတဲ့ ႐ိႈးတစ္ခုျဖစ္သည္။ ဇာတ္ကြက္ႏွင့္ ဇာတ္ေကာင္ေတြကို ေကာင္းမြန္စြာ ေရးဆြဲထားၿပီး စာသားေတြကလည္း ေကာင္းမြန္လွေပမယ့္ ယြမ္းေစြာ္သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ကို ျမင္လိုက္တဲ့အခါ သူနားလည္သြားခဲ့သည္။ ဇာတ္ကြက္ထဲကို မဝင္ႏိုင္ဘူးလို႔ သူေျပာခဲ့တာ အံ့ၾသစရာမ႐ွိေတာ့ေပ။ ဒီလိုအူေၾကာင္ေၾကာင္ အေသးေလးကို သူ႕အခ်စ္ကို ဝန္ခံတဲ့ စီနီယာတစ္ေယာက္ရဲ႕ အခန္းက႑ကို သ႐ုပ္ေဆာင္ခိုင္းဖို႔က တကယ္ကို ခက္ခဲတဲ့အျပင္   အနည္းငယ္ခက္ခဲတဲ့ စကားလုံးေတြလည္း အမ်ားႀကီးပါေသးသည္။

ယြမ္းေစြာ္က မိုရိခ်န္ရဲ႕မ်က္ႏွာအစိတ္အပိုင္း အမ်ားစုကို ဇာတ္ၫႊန္းစာ႐ြက္က ပိတ္ဆို႔ထားတာေၾကာင့္ မျမင္ႏိုင္ေပမယ့္ သူ႕ရဲ႕ ပါးလႊာတဲ့ႏႈတ္ခမ္းက ေကြးၫႊတ္သြားတာကို တေစ့တေစာင္း ဖမ္းမိလိုက္သည္။

မိုရိခ်န္က ဘာရယ္ေနတာလဲ။ ဇာတ္႐ုပ္က ကေလးဆန္လြန္းေနလို႔မ်ားလား...

ဇာတ္ၫႊန္းကိုဖတ္ၿပီးေနာက္ မိုရိခ်န္က ထရပ္ကာ စာၾကည့္ခန္းထဲသြားၿပီး မိတၱဴကူးကာ မူရင္းဇာတ္ၫႊန္းကို ယြမ္းေစြာ္ဆီ ျပန္ေပးလိုက္သည္။

ယြမ္းေစြာ္က ဇာတ္ၫႊန္းကိုယူလိုက္ကာ မိုရိခ်န္ကို ေမွ်ာ္လင့္ခ်က္အနည္းငယ္ျဖင့္ အလန္႔တၾကားၾကည့္လိုက္သည္။

မိုရိခ်န္က ေလထုကို ထိန္းညႇိဖို႔ ႐ွား႐ွားပါးပါး ႀကိဳးစားရင္း ေျပာလိုက္သည္။ "အခုေတာ့ ဒီ႐ုပ္႐ွင္ဧကရာဇ္က မင္းကို သင္ေပးမယ့္အခ်ိန္ ေရာက္ၿပီ" 

ယြမ္းေစြာ္က ခ်က္ခ်င္း မတ္မတ္ထိုင္လိုက္သည္။

"မင္း ဇာတ္႐ုပ္တစ္ခုကို ေကာင္းေကာင္းသ႐ုပ္ေဆာင္ခ်င္ရင္ ကြၽမ္းက်င္မႈေတြအျပင္  စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးျမဳပ္ႏွံမႈကလည္း အေရးႀကီးတယ္။ မင္းက ဇာတ္ေကာင္တစ္ေယာက္ျဖစ္ၿပီး သူ႕ရဲ႕ခံစားခ်က္ေတြအားလုံးကို ေတြ႕ၾကဳံခံစားေနရတယ္လို႔ မင္းယုံၾကည္ရမယ္"

ယြမ္းေစြာ္က ေခါင္းညိတ္လိုက္သည္။

"ကဲ မင္းရဲ႕ ဒီစာ​သားေတြကို အစမ္းေလ့က်င့္ၾကည့္ၾကရေအာင္"

ယြမ္းေစြာ္က ေအးခဲသြားခဲ့သည္။ စာ​သားေတြကို တိုက္႐ိုက္ အလြတ္႐ြတ္ဆိုရေတာ့မွာလား။

"စၾကစို႔"

 မိုရိခ်န္က သ႐ုပ္ေဆာင္ဘာသာရပ္ျဖင့္ ေက်ာင္းၿပီးခဲ့တာမဟုတ္ပဲ သူ႕ရဲ႕မဟာဘြဲ႕က  စီးပြားေရးဘြဲ႕ျဖစ္ကာ သ႐ုပ္ေဆာင္တစ္ဦး ျဖစ္လာဖို႔ ႐ုပ္႐ွင္ေလာကထဲသို႔ ဝင္ေရာက္ခ်ိန္တြင္ သူ႕ရဲ႕ပင္ကိုယ္စြမ္းရည္ႏွင့္ သာလြန္ထူးကဲတဲ့နားလည္ႏိုင္စြမ္းတို႔ကို ပိုမိုအားကိုးခဲ့သည္။

ယြမ္းေစြာ္က သူ႕ရဲ႕ဇာတ္ၫႊန္းကို ဖြင့္ၿပီး ေနာက္ကအျမန္လိုက္လိုက္သည္။

မိုရိခ်န္က ေျပာလိုက္သည္။ "ငါအရင္သ႐ုပ္ျပေပးမယ္"

"ေကာင္းပါၿပီ"

"ငါက ဝန္ခံတဲ့စီနီယာျဖစ္ၿပီး မင္းက ငါ့ကို ျငင္းတဲ့ ေက်ာင္းသူေလးပဲ"

"...ေကာင္းၿပီေလ"

မိုရိခ်န္က စာ​သားေတြကို ႏွစ္ႀကိမ္ဖတ္လိုက္ၿပီး ေခါင္းကို ေမာ့ကာ ယြမ္းေစြာ္ရဲ႕မ်က္လုံးေတြကို တည္ၿငိမ္စြာ ၾကည့္လိုက္သည္။

ယြမ္းေစြာ္က သူ႕ႏွလုံးခုန္သံျမန္လာတာကို ခ်က္ခ်င္းခံစားလိုက္ရသည္။ မိုရိခ်န္ရဲ႕ မ်က္လုံးေတြက ပူေလာင္ေနၿပီး အေဝးကို လွမ္းၾကည့္ဖို႔ ခက္ခဲေစကာ သူရဲ႕နက္ေမွာင္တဲ့ မ်က္လုံးေတြထဲတြင္ ၾကယ္ေလးေတြ ႐ွိေနပုံရသည္။

မိုရိခ်န္ရဲ႕အသံက နိမ့္ၿပီး နက္နဲလွသည္။ "မင္းကို ပထမဆုံးေတြ႕ခဲ့တာက စာသင္ႏွစ္အစမွာပဲ။ စစ္ေရးေလ့က်င့္မႈအတြင္းမွာ ငါ့ညီအကိုေတြနဲ႔ ငါက ကစားကြင္းကို ျဖတ္သြားေတာ့ ေနေရာင္ျဖန္႔က်က္ထားတဲ့ မင္းရဲ႕မ်က္ေတာင္ေအာက္ကအရိပ္ကို ျမင္ခဲ့ၿပီး ငါက အဲဒီအရိပ္ရဲ႕ေလေပြထဲကို ေရာက္သြားပုံရတယ္။ ဒါေပမယ့္ မင္းက အဲဒီအရိပ္ထဲမွာ ေတာက္ပႏိုင္တဲ့ တစ္ခုတည္းေသာ ေနေရာင္ေလးပါပဲ..."

ယြမ္းေစြာ္က မိုရိခ်န္ကို စိုက္ၾကည့္ေနခဲ့သည္။ သူ႕အသံက သူ႕ႏွလုံးသားရဲ႕ အနက္႐ိႈင္းဆုံးေထာင့္ကို ေရာက္သြားပုံရၿပီး ဒါက စာသားေလးတစ္ခု၊ ဇာတ္လမ္းေလးတစ္ခုသာ ျဖစ္ၿပီး သူ႕ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းမြန္တယ္ဆိုတာကို သိေနေပမယ့္ ယြမ္းေစြာ္က မထိန္းႏိုင္ေတာ့ဘဲ အသက္႐ွဴရခက္လာၿပီး သူ႕လက္ဖဝါးတြင္ ေခြၽးအလႊာပါးပါးေလး ထြက္ေပၚလာခဲ့သည္။

မိုရိခ်န္က သူ႕အသံကို ထပ္ေလွ်ာ့ခ်လိုက္ၿပီး အက္႐ွတဲ့အသံက ေတာင့္တမႈျဖင့္ ျပည့္ေနခဲ့သည္။ 

"ဒါဆို ငါ မင္းရဲ႕လက္ကို ကိုင္ထားၿပီး က်န္ေနေသးတဲ့ဘဝတစ္ေလွ်ာက္ကို အတူတူ ျဖတ္သန္းလို႔ရႏိုင္မလား"

ယြမ္းေစြာ္က ေအးခဲသြားခဲ့သည္။

မိုရိခ်န္က ႏွစ္စကၠန္႔ေလာက္ ေစာင့္ေနခဲ့သည္။

တကယ္ေတာ့ ယြမ္းေစြာ္ရဲ႕စာ​သားက အလြန္႐ိုး႐ွင္းကာ စကားလုံးသုံးလုံးသာ ႐ွိသည္:  "ေတာင္းပန္ပါတယ္"

(T/N: တ႐ုတ္လိုဆို သုံးလုံးေပမယ့္ ဘာသာျပန္လိုက္ေတာ့ ေလးလုံးျဖစ္သြားတာပါ)

သို႔ေသာ္ အခုအခ်ိန္မွာေတာ့ သူ႕ပါးစပ္ထဲကို စကားလုံးေတြ ေရာက္လာတဲ့အခါ သူ႕ဘာသာေတာင္  ႐ိုး႐ိုး႐ွင္း႐ွင္း မေျပာႏိုင္ေတာ့ေပ။

မိုရိခ်န္က ငါ မင္းရဲ႕လက္ကို ကိုင္ထားၿပီး က်န္ေနေသးတဲ့ဘဝတစ္ေလွ်ာက္ကို အတူတူ ျဖတ္သန္းၾကစို႔လို႔ ဆြဲေဆာင္မႈအျပည့္နဲ႔ ေျပာလိုက္တာ...ဒါက တကယ္ျဖစ္ႏိုင္ပါ့မလား။

Continue Reading

You'll Also Like

2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
212K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
171K 18.1K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
31.4K 4.2K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...