Uni..
"Y for Z.. "
ဟိုတယ်လုပ်ငန်းတွေထဲမှာ ဒီဇိုင်းဆန်းတဲ့ အဆောက်အဦးပုံစံတွေကြောင့် နာမည်ကြီးနေတဲ့ Hotel 'Y for Z'.
"ဝင်ရအောင်လေ.. "
ကားတစ်ဖက်ခြမ်းကနေ ထွက်လာတဲ့ လီဆူယောင်းက ကိုယ့်လက်ကို ချိတ်တွဲလိုက်တယ်။
ဟိုတယ်ထဲကိုရောက်တော့ ရောက်နှင့်နေပြီဖြစ်တဲ့ စီးပွားရေးမိတ်ဆွေတစ်ချို့က ကိုယ်နဲ့လီဆူယောင်းကို နှုတ်ဆက်ကြတယ်။
ကိုယ်နဲ့လီဆူယောင်းကလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေရှိရာဝိုင်းမှာ ဝင်ထိုင်လိုက်ကြရင်း စကားကောင်းနေခဲ့ကြတယ်။
"ဒီဟိုတယ်ရဲ့ပိုင်ရှင်က လူငယ်စီးပွားရေးသမား တစ်ယောက်လေ။ ကိုးရီးယားကနေ ပြန်ရောက်တာမကြာသေးဘူး... "
လီဆူယောင်းက သူ(မ)မိတ်ဆွေဖြစ်သူ ဟိုတယ်ပိုင်ရှင်အကြောင်းကို ပြောပြနေခဲ့တယ်။
လီဆူယောာင်းစကားကို နားထောင်ရင်းနဲ့ ကိုယ်ကလည်း ဟိုတယ်ရဲ့အပြင်အဆင်တွေကို လေ့လာနေမိတယ်။ ခန်းမထဲကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ မတွေ့တာကြာပြီဖြစ်တဲ့ မျက်ဝန်းတစ်စုံကို ကိုယ်တွေ့လိုက်ရတယ် ။
ဟုတ်တယ်..
ကိုယ်သိတဲ့ သူတစ်ယောက်မှာရှိတဲ့ ပုံစံလေးတွေလေ။
သေးသေးလေးနဲ့ ဝိုင်းသွားတဲ့မျက်ဝန်းမျိုး၊
စင်းစင်းလေးနဲ့ လုံးသွားတဲ့နှာတံမျိုး၊ ပြီးတော့
သွယ်သွယ်လေးနဲ့ သေးတဲ့မျက်နှာမျိုး..
ဝမ်ရိပေါ်..
ဒါဟာ ကိုယ့်နှလုံးသားမှာ ရင်းနှီးနေတဲ့ လူသား၊
ကိုယ်ရှာဖွေနေတဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှု၊
ကိုယ်နှစ်သက်လွန်းလို့ စွဲလန်းနေရတဲ့ တိမ်ဖြူကလေး..။
"ဝမ်ရိပေါ်..."
မင်းမျက်ဝန်းတွေက ကိုယ့်ကိုစိုက်ကြည့်နေတယ်။
"Mr.XZ.."
လီဆူယောင်းက လှမ်းဆွဲလိုက်ချိန်မှ ကိုယ်ကရပ်တန့်လိုက်မိတယ်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကိုယ့်ခြေလှမ်းတွေက မင်းဆီကို ဦးတည်လှမ်းနေခဲ့တယ်လေ။
"လီဆူယောင်း.. ကိုယ်မြင်နေရတာက တကယ်ပဲ ဝမ်ရိပေါ်ပါနော်."
"ဟုတ်ပါတယ်.. ရှင်မြင်နေရတာ အမှန်ပါ.. ဒါပေမဲ့ နေပါဦး"
ဝမ်ရိပေါ်ဆီသွားဖို့ပြင်နေတဲ့ ကိုယ့်ကို လီဆူယောင်းက ထပ်ဆွဲထားတယ်။
"ကျွန်မ ရှင့်ကို ဝမ်ရိပေါ်ဆီပေးသွားမှာပါ။ ဒါပေမဲ့ ခဏလေးတော့ ရှင့်မျက်နှာကို အလွတ်ကျက်ပါရစေဦး။ ကျွန်မက ရှင့်လို အဝေးကနေပဲ ငေးကြည့်ချင်တဲ့လူမျိုးမဟုတ်ဘူးလေ.."
လီဆူယောင်းက ကိုယ့်လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။ မော့ကြည့်လာတဲ့ မျက်လုံးတွေက ကိုယ့်မျက်နှာပေါ်က အစိတ်အပိုင်းတွေ တစ်ခုချင်းစီကို တည်ငြိမ်စွာ မှတ်သားနေဟန်ရပါတယ်။
"အရမ်းသဘောကျရပေမဲ့ မပိုင်ဆိုင်နိုင်တော့မယ့် အရာတစ်ခုဆိုရင် ကျွန်မအကြာကြီးကြည့်လိုက်မယ်။ ပြီးတော့ အဆုံးထိလွှတ်ချလိုက်မယ် "
ဆုပ်ကိုင်ထားတဲ့ လီဆူယောင်းရဲ့ လက်ချောင်းတွေက ပြေလျော့ကုန်တယ်။
"နှုတ်ဆက်ပါတယ် Mr.XZ.."
လီဆူယောင်းက ကိုယ့်ကိုကျောခိုင်းလိုက်တဲ့နောက်မှာ ကိုယ်လည်း ဝမ်ရိပေါ်ဆီ ပြန်လှည့်ကြည့်လိုက်တယ်။ ဝမ်ရိပေါ်ကတော့ ကိုယ့်ကိုယ်ကြည့်နေဆဲ..။
ခပ်တည်တည်စိုက်ကြည့်နေတဲ့ မင်းရဲ့အနားကို တစ်လှမ်းချင်းစီ ကိုယ်တိုးသွားတော့ မင်းက တစ်ခြမ်းစောင်းလေးတောင် ပြုံးလိုက်သေးတယ်။ ၆နှစ်တာအတောအတွင်းမှာ ဝမ်ရိပေါ်က ဘာမှမပြောင်းလဲသွားဘူး။ တစ်ခုတော့ရှိတယ်။ ပါးလေးတွေတော့ ပိုဖောင်းလာတယ်။
ရင်ခုန်သံတွေငြိမ်သက်အောင် ကြိုးစားရင်း မင်းရှေ့တည့်တည့်ကို ကိုယ်ရောက်လာတော့ မင်းက ကိုယ့်ရှေ့ကနေပြေးထွက်သွားတယ်။
"ရိပေါ်.. "
ထွက်ပြေးသွားတဲ့ ရိပေါ်နောက်ကို ကိုယ်ပြေးလိုက်တယ်။ နောက်ထပ်တစ်ကြိမ် မင်းထွက်ပြေးပြီး ပျောက်သွားဦးမှာကို ကိုယ့်မှာစိုးရိမ်နေရလို့။
"မပြေးပါနဲ့.. ရိပေါ်.. ကိုယ်မင်းနဲ့စကားပြောချင်တယ် "
အပေါ်ထပ်က အိပ်ခန်းတစ်ခန်းထဲကို မင်းက ပြေးဝင်သွားတယ်။ လော့ခ်မချထားတာမို့ ကိုယ်လည်းတံခါးဖွင့်ဝင်လိုက်တော့ မထင်ထားစရာတစ်ခုကို မင်းလုပ်လိုက်တယ်။
"ပြွတ်စ်.. "
ဝမ်ရိပေါ်က ကိုယ့်ကိုတံခါးမှာကပ်ပြီး နမ်းလိုက်တာပါပဲ။
နှုတ်ခမ်းတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်နမ်းနေတဲ့ ရိပေါ်က ကိုယ့်လည်တိုင်တွေကို သိုင်းဖက်လျက်သား။ရိပေါ်က ကိုယ့်အောက်နှုတ်ခမ်းကို ခပ်ဆတ်ဆတ်လေး ကိုက်ပြီး နမ်းနေရာကနေခွာလိုက်တယ်။
"မင်းက ငါနဲ့စကားပြောချင်ရုံပဲလား"
လည်တိုင်မှာချိတ်ထားတဲ့ ရိပေါ်ရဲ့လက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့ချုပ်ကိုင်လိုက်ပြီး နံရံမှာကပ်လိုက်တယ်။ ရိပေါ်ဝတ်ထားတဲ့ အနက်ရောင်suitက ကြယ်သီးတွေကို ဖြုတ်ပစ်လိုက်ပြီး ခါးသိမ်လေးကို ပွေ့ဖက်လိုက်တယ်။
"မင်းခွင့်ပြုရင်တော့ စကားပြောတာထက် ပိုသွားမှာပေါ့.."
ခေါင်းမော့ထားတာကြောင့် ထင်ပေါ်နေတဲ့ လည်တိုင်ဖွေးဖွေးကို အနမ်းတွေနဲ့တိုးဝှေ့လိုက်တယ်။
"ဖြည်းဖြည်းနမ်း မင်း ငါ့ကိုလွမ်းနေမှန်းငါသိတယ် "
ဝမ်ရိပေါ်ရဲ့လည်တိုင်ကို နမ်းနေရာကနေရပ်လိုက်တယ်။ ချုပ်ထားတဲ့လက်တွေကို လွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ်ချင်းပူးကပ်နေရာမှ ခွာလိုက်တယ်။
"ဘာဖြစ်သွားတာလဲ.. ဆက်လုပ်လေ..."
မင်းကကြောင်အအမျက်ဝန်းတွေနဲ့ ကိုယ့်ကိုကြည့်နေတယ်။
"မင်းဘာလို့ပျောက်သွားတာလဲ "
"......"
"ဘာလို့ထွက်ပြေးသွားရတာလဲ.."
ဝမ်ရိပေါ်က မျက်နှာလွှဲသွားတယ်။
"ငါကြောက်လို့ပါ "
"မင်းကဘာကိုကြောက်တာလဲ"
"မင်းကိုပေါ့.. "
"ဘာဆိုင်လို့လဲ.. ကိုယ်ကမင်းကို ဘာမှမလုပ်ဘူးလေ"
"အင်.. ဘာမှမလုပ်လို့.."
"ဟင်.. "
ကိုယ်နားမလည်နိုင်တော့လို့ မင်းကိုရပ်ကြည့်နေလိုက်တော့ မင်းက အိပ်ရာပေါ်ကို ထိုင်ချလိုက်တယ်။
"မင်းအမြင်မှာ ငါကပွေတယ်၊ ရှုပ်တယ်၊ ဆိုးတယ်လေ။ မင်းမကြိုက်တာတွေပဲလုပ်နေတဲ့ ငါ့ကို မင်းမုန်းသွားမှာကြောက်လို့.."
အိပ်ရာခုတင်ပေါ်မှာ မျက်နှာငယ်လေးနဲ့ ထိုင်ပြောနေတဲ့ရိပေါ်ကို ကိုယ်နောက်ကနေ ပွေ့ဖက်ထားလိုက်တယ်။ ဝမ်ရိပေါ်က ချစ်ခြင်းမေတ္တာကို နှစ်သက်ပြီးတော့ မုန်းခြင်းသဘောကိုလည်း ကြောက်တတ်တဲ့ကောင်လေးဖြစ်တယ်။
"စိတ်ကြိုက်ဆိုးပါ။ စိတ်ကြိုက်ပွေရှုပ်ပါ။ ပြီးတော့ နောက်ထပ် ဘယ်တော့မှ ငါ့ကိုမချန်ခဲ့ပါနဲ့.."
"ငတုံးကောင်..
မင်းရှိနေမှတော့ ငါကဘယ်သူ့ကိုများ ထပ်ပြီးတော့လိုအပ်ဦးမှာလဲ "
ဝမ်ရိပေါ်ကပွေ့ဖက်ထားတဲ့ ကိုယ့်လက်တွေကို ပြန်ဆုပ်ကိုင်ထားတယ်။
သိပ်ချစ်လွန်းရင် မျက်ရည်ကျရတတ်တယ်လို့ ဆုံးပါးသွားပြီဖြစ်တဲ့ မားမားကပြောဖူးတယ်။ မှန်ပါတယ်။ ကိုယ်မျက်ရည်တွေ ကျနေခဲ့မိတယ်။ ဒီမျက်ရည်တွေက ဝမ်ရိပေါ်ကို သိပ်ချစ်လွန်းလို့ ကျလာတာပါ။
"မင်းမေးဖူးတယ်.. ဘဝဆိုတာဘာလဲလို့ မင်းမေးဖူးတယ် မှတ်မိသေးလား.."
" ငါမမေ့ပါဘူး "
"အခုပြန်ဖြေချင်တယ် ရိပေါ်.. ကိုယ့်အတွက်တော့ ဘဝဆိုတာ မင်းပဲ.."
ရင်ခွင်ထဲကရိပေါ်က ကိုယ့်ကိုလှည့်ကြည့်တယ်။
"ရှောင်းကျန့် ငါထွက်သွားတာ အရမ်းကြာသွားတယ်နော်.."
"အင်.. အရမ်းကြာတာပဲ"
"ငါစောစောပြန်လာခဲ့သင့်တာ.."
"အခုလည်း နောက်မကျသေးပါဘူး.."
နှုတ်ခမ်းလုံးလေးတွေ တွန့်ကွေးသွားအောင် ပြုံးလိုက်တဲ့ ရိပေါ်ရဲ့ လက်ချောင်းရှည်တွေက ကိုယ့်ပါးပြင်ပေါ်မှာ ပြေးလွှားနေလေရဲ့။
"မင်းက ပိုခန့်ညားလာတယ်.."
"မင်းလည်း ပိုချစ်ဖို့ကောင်းလာတာပဲ..ပါးဖောင်းလေးတွေနဲ့.. "
ကိုယ့်စကားကြောင့် ဝမ်ရိပေါ်က နှာခေါင်းလေးရှုံ့လိုက်တယ်။
"မင်းမျက်မှန်ကြီးရော.."
"မတပ်တော့ဘူးလေ.. မင်းကြိုက်တယ်မလား.."
"ကြိုက်တယ်.. မင်းဘယ်လိုနေနေ ငါကြိုက်တယ်။ ကျိယန်းနဲ့ ဆူယောင်းဆီက မင်းသတင်းတွေကို ငါကြားတိုင်း မင်းကိုပြေးတွေ့ချင်တာ ရူးမတက်ဘဲ..။ "
"မင်း သူတို့ကိုသိတာလား "
"သိတယ်လေ.. ကျိယန်းက ငါ့သူငယ်ချင်း၊ လီဆူယောင်းကတော့ ကိုးရီးယားမှာကျောင်းတက်တုန်းက ငါ့ရဲ့စီနီယာ.."
"ဒါဆို မင်းက မင်းလူတွေနဲ့ ကိုယ့်ကိုလှည့်စားလိုက်တာပေါ့.. "
"အဲ့လိုတော့ မရည်ရွယ်ပေမဲ့ အွန်.. အဲ့လိုသဘောမျိုးဖြစ်သွားတယ်.. ဟဲဟဲ...စိတ်မဆိုးပါနဲ့ "
"မင်းတော်တော်ဆိုးတာပဲ.. နေဦး.. မင်းကိုကိုယ်အပြစ်ပေးမှဖြစ်တော့မယ်.."
ရင်ဘတ်ထဲကရိပေါ်ကို အိပ်ရာပေါ်တွန်းလှဲလိုက်ပြီး နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်တယ်။ ဖိနပ်နဲ့ခြေအိတ်တွေကိုလည်း ဆွဲချွတ်ပေးလိုက်တယ်။
"ပေးပေး.. မင်းကြိုက်သလောက်ပေး..ငါ့ကိုမင်းပိုင်တယ်"
ခုတင်ပေါ်မှာ ပိုးလို့ပက်လက်လန်နေတဲ့ အဆိုးလေးရဲ့ ခြေဖဝါးတစ်ဖက်ကို အုပ်ကိုင်လိုက်တယ်။
"ရှောင်းကျန့်.. မင်းဘာလုပ်မလို့လဲ.. မလုပ်နဲ့နော်.. မလုပ်နဲ့ "
"ငြိမ်ငြိမ်လေးနေပေး.."
လက်ထဲမှာရုန်းနေတဲ့ ခြေဖဝါးကို တင်းတင်းဆုပ်ပြီး ခြေဖမိုးဖြူဖြူလေးကို ဖွဖွနမ်းလိုက်တယ်။
"ဆိုးချင်လည်း ကိုယ့်ကိုဒီလိုအကြာကြီးထားခဲ့ပြီးတော့ မဆိုးပါနဲ့ ။ အနားမှာမခွာဘဲ ဆိုးစမ်းပါ"
"ရှောင်းကျန့်.... "
"......"
"မင်းကိုငါထားခဲ့လို့ ငါ့ကိုရိုက်လိုက်ပါလား၊ မင်းကိုခံစားရစေလို့ ငါ့ကိုထိုးလိုက်ပါလား.. လုပ်လိုက်ပါ..ငါ.. ငါကျေကျေနပ်နပ်ကြီး ခံယူမှာပါ"
"ကိုယ်မလုပ်နိုင်ဘူး ရိပေါ်.. မင်းကို ကိုယ်လိုက်ရှာနေခဲ့တာက ၊ မင်းအလာကို ကိုယ်စောင့်နေခဲ့တာက ထိုးဖို့၊ရိုက်ဖို့မှ မဟုတ်ဘဲ.."
" **Sob.. "
မျက်နှာရဲရဲပေါ်က စီးကျလာတဲ့ ဝမ်ရိပေါ်ရဲ့မျက်ရည်တွေကို နမ်းလိုက်တယ်။
"မင်းကို ချစ်မြတ်နိုးတယ်ဆိုတာထက် ပိုရပါတယ် ရိပေါ်.."
"ရှောင်းကျန့်က ငါ့ကို ရူးသွားစေချင်တာပဲ.."
ဝမ်ရိပေါ်ရဲ့ မျက်နှာကိုပင့်မော့ပြီးတော့ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်တယ်။ အချိန်တစ်ခုကြာတဲ့အခါမှာ ဖယ်ခွာလိုက်တယ်။
"ရှောင်းကျန့်.. ငါအသက်ပြည့်ပြီ "
တစ်လွှာချင်းစီချွတ်ချလိုက်တဲ့အဝတ်တွေက ခုတင်ဘေးမှာ ပြန့်ကျဲနေတယ်။ ဖွေးဖွေးအိအိ ခန္ဓာကိုယ်လေးက ကိုယ့်ရဲ့အောက်မှာ ပြားပြားဝပ်နေတယ်။
နာနာကျင်ကျင် တိုးဝင်မှုတွေ၊ ပြင်းပြင်းထန်ထန် နှီးနှောမှုတွေကို ဝမ်ရိပေါ်က အံကြိတ်ညည်းညူရင်းနဲ့ ခံယူတယ်။
ကောင်းကင်ယံက တိမ်စိုင်တွေက အခိုးအငွေ့လေးတဲ့။ ကိုယ့်ရင်ခွင်ထဲက တိမ်ဖြူလေးကတော့ နွေးနွေးအိအိလေး။
ဒါနဲ့ စကားမစပ်..
တိမ်တွေငိုရင် သိပ်လှတာဗျ...။
»»» 𝒩ℯℯ𝒹 𝒯ℴ ℬℯ 𝒞𝓁ℴ𝓈ℯ «««
သင်္ခါရ သဘောတရားအရဆို
ဘယ်အရာမှမမြဲဘူးတဲ့..။
အရာရာဟာ တစ်ခဏဆိုရင်တောင်
မင်းနဲ့တော့ တစ်ဘဝမြဲချင်တယ်။
နောင်ဘဝတွေမှာ ဆက်ချစ်ဦးမှာကတော့
တစ်ကဏ္ဍပေါ့ အချစ်ရယ်။ ။
#𝑻𝒉𝒆𝒐𝒅𝒐𝒓𝒂❦︎
~~~~~~~~ ပြီးပါပြီ ~~~~~~~~
အပိုင်းမရှည်ဖို့ ရည်ရွယ်ထားတာမို့ ဒီလောက်နဲ့ပဲ ဇာတ်သိမ်းလိုက်ပါပြီ။ ဇာတ်သိမ်းမှာ မှောင်မယ်လို့တွေးထားပေမဲ့ မမှောင်ရဲဘူး ဖြစ်နေတယ်။ ကိုယ်ဟာ ငကြောက်လေးပါ
Thanks for your time.
Give me some feedback. 🧡
Zaw...
"Y for Z.. "
ဟိုတယ္လုပ္ငန္းေတြထဲမွာ ဒီဇိုင္းဆန္းတဲ့ အေဆာက္အဦးပုံစံေတြေၾကာင့္ နာမည္ႀကီးေနတဲ့ Hotel 'Y for Z'.
"ဝင္ရေအာင္ေလ.. "
ကားတစ္ဖက္ျခမ္းကေန ထြက္လာတဲ့ လီဆူေယာင္းက ကိုယ့္လက္ကို ခ်ိတ္တြဲလိုက္တယ္။
ဟိုတယ္ထဲကိုေရာက္ေတာ့ ေရာက္ႏွင့္ေနၿပီျဖစ္တဲ့ စီးပြားေရးမိတ္ေဆြတစ္ခ်ိဳ႕က ကိုယ္နဲ႕လီဆူေယာင္းကို ႏႈတ္ဆက္ၾကတယ္။
ကိုယ္နဲ႕လီဆူေယာင္းကလည္း ရင္းႏွီးတဲ့ မိတ္ေဆြေတြရွိရာဝိုင္းမွာ ဝင္ထိုင္လိုက္ၾကရင္း စကားေကာင္းေနခဲ့ၾကတယ္။
"ဒီဟိုတယ္ရဲ႕ပိုင္ရွင္က လူငယ္စီးပြားေရးသမား တစ္ေယာက္ေလ။ ကိုးရီးယားကေန ျပန္ေရာက္တာမၾကာေသးဘူး... "
လီဆူေယာင္းက သူ(မ)မိတ္ေဆြျဖစ္သူ ဟိုတယ္ပိုင္ရွင္အေၾကာင္းကို ေျပာျပေနခဲ့တယ္။
လီဆူယောာင်းစကားကို နားေထာင္ရင္းနဲ႕ ကိုယ္ကလည္း ဟိုတယ္ရဲ႕အျပင္အဆင္ေတြကို ေလ့လာေနမိတယ္။ ခန္းမထဲကို ေဝ့ဝဲၾကည့္လိုက္တဲ့အခါ မေတြ႕တာၾကာၿပီျဖစ္တဲ့ မ်က္ဝန္းတစ္စုံကို ကိုယ္ေတြ႕လိုက္ရတယ္ ။
ဟုတ္တယ္..
ကိုယ္သိတဲ့ သူတစ္ေယာက္မွာရွိတဲ့ ပုံစံေလးေတြေလ။
ေသးေသးေလးနဲ႕ ဝိုင္းသြားတဲ့မ်က္ဝန္းမ်ိဳး၊
စင္းစင္းေလးနဲ႕ လုံးသြားတဲ့ႏွာတံမ်ိဳး၊ ၿပီးေတာ့
သြယ္သြယ္ေလးနဲ႕ ေသးတဲ့မ်က္ႏွာမ်ိဳး..
ဝမ္ရိေပၚ..
ဒါဟာ ကိုယ့္ႏွလုံးသားမွာ ရင္းႏွီးေနတဲ့ လူသား၊
ကိုယ္ရွာေဖြေနတဲ့ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈ၊
ကိုယ္ႏွစ္သက္လြန္းလို႔ စြဲလန္းေနရတဲ့ တိမ္ျဖဴကေလး..။
"ဝမ္ရိေပၚ..."
မင္းမ်က္ဝန္းေတြက ကိုယ့္ကိုစိုက္ၾကည့္ေနတယ္။
"Mr.XZ.."
လီဆူေယာင္းက လွမ္းဆြဲလိုက္ခ်ိန္မွ ကိုယ္ကရပ္တန့္လိုက္မိတယ္။ ကိုယ္ကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ ကိုယ့္ေျခလွမ္းေတြက မင္းဆီကို ဦးတည္လွမ္းေနခဲ့တယ္ေလ။
"လီဆူေယာင္း.. ကိုယ္ျမင္ေနရတာက တကယ္ပဲ ဝမ္ရိေပၚပါေနာ္."
"ဟုတ္ပါတယ္.. ရွင္ျမင္ေနရတာ အမွန္ပါ.. ဒါေပမဲ့ ေနပါဦး"
ဝမ္ရိေပၚဆီသြားဖို႔ျပင္ေနတဲ့ ကိုယ့္ကို လီဆူေယာင္းက ထပ္ဆြဲထားတယ္။
"ကြၽန္မ ရွင့္ကို ဝမ္ရိေပၚဆီေပးသြားမွာပါ။ ဒါေပမဲ့ ခဏေလးေတာ့ ရွင့္မ်က္ႏွာကို အလြတ္က်က္ပါရေစဦး။ ကြၽန္မက ရွင့္လို အေဝးကေနပဲ ေငးၾကည့္ခ်င္တဲ့လူမ်ိဳးမဟုတ္ဘူးေလ.."
လီဆူေယာင္းက ကိုယ့္လက္ဖဝါးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္တယ္။ ေမာ့ၾကည့္လာတဲ့ မ်က္လုံးေတြက ကိုယ့္မ်က္ႏွာေပၚက အစိတ္အပိုင္းေတြ တစ္ခုခ်င္းစီကို တည္ၿငိမ္စြာ မွတ္သားေနဟန္ရပါတယ္။
"အရမ္းသေဘာက်ရေပမဲ့ မပိုင္ဆိုင္နိုင္ေတာ့မယ့္ အရာတစ္ခုဆိုရင္ ကြၽန္မအၾကာႀကီးၾကည့္လိုက္မယ္။ ၿပီးေတာ့ အဆုံးထိလႊတ္ခ်လိဳက္မယ္ "
ဆုပ္ကိုင္ထားတဲ့ လီဆူေယာင္းရဲ႕ လက္ေခ်ာင္းေတြက ေျပေလ်ာ့ကုန္တယ္။
"ႏႈတ္ဆက္ပါတယ္ Mr.XZ.."
လီဆူေယာင္းက ကိုယ့္ကိုေက်ာခိုင္းလိုက္တဲ့ေနာက္မွာ ကိုယ္လည္း ဝမ္ရိေပၚဆီ ျပန္လွည့္ၾကည့္လိုက္တယ္။ ဝမ္ရိေပၚကေတာ့ ကိုယ့္ကိုယ္ၾကည့္ေနဆဲ..။
ခပ္တည္တည္စိုက္ၾကည့္ေနတဲ့ မင္းရဲ႕အနားကို တစ္လွမ္းခ်င္းစီ ကိုယ္တိုးသြားေတာ့ မင္းက တစ္ျခမ္းေစာင္းေလးေတာင္ ၿပဳံးလိုက္ေသးတယ္။ ၆ႏွစ္တာအေတာအတြင္းမွာ ဝမ္ရိေပၚက ဘာမွမေျပာင္းလဲသြားဘူး။ တစ္ခုေတာ့ရွိတယ္။ ပါးေလးေတြေတာ့ ပိုေဖာင္းလာတယ္။
ရင္ခုန္သံေတြၿငိမ္သက္ေအာင္ ႀကိဳးစားရင္း မင္းေရွ႕တည့္တည့္ကို ကိုယ္ေရာက္လာေတာ့ မင္းက ကိုယ့္ေရွ႕ကေနေျပးထြက္သြားတယ္။
"ရိေပၚ.. "
ထြက္ေျပးသြားတဲ့ ရိေပၚေနာက္ကို ကိုယ္ေျပးလိုက္တယ္။ ေနာက္ထပ္တစ္ႀကိမ္ မင္းထြက္ေျပးၿပီး ေပ်ာက္သြားဦးမွာကို ကိုယ့္မွာစိုးရိမ္ေနရလို႔။
"မေျပးပါနဲ႕.. ရိေပၚ.. ကိုယ္မင္းနဲ႕စကားေျပာခ်င္တယ္ "
အေပၚထပ္က အိပ္ခန္းတစ္ခန္းထဲကို မင္းက ေျပးဝင္သြားတယ္။ ေလာ့ခ္မခ်ထားတာမို႔ ကိုယ္လည္းတံခါးဖြင့္ဝင္လိုက္ေတာ့ မထင္ထားစရာတစ္ခုကို မင္းလုပ္လိုက္တယ္။
"ႁပြတ္စ္.. "
ဝမ္ရိေပၚက ကိုယ့္ကိုတံခါးမွာကပ္ၿပီး နမ္းလိုက္တာပါပဲ။
ႏႈတ္ခမ္းေတြကို အေပၚတစ္လွည့္ ေအာက္တစ္လွည့္ စုပ္နမ္းေနတဲ့ ရိေပၚက ကိုယ့္လည္တိုင္ေတြကို သိုင္းဖက္လ်က္သား။ရိေပၚက ကိုယ့္ေအာက္ႏႈတ္ခမ္းကို ခပ္ဆတ္ဆတ္ေလး ကိုက္ၿပီး နမ္းေနရာကေနခြာလိုက္တယ္။
"မင္းက ငါနဲ႕စကားေျပာခ်င္႐ုံပဲလား"
လည္တိုင္မွာခ်ိတ္ထားတဲ့ ရိေပၚရဲ႕လက္ႏွစ္ဖက္ကို လက္တစ္ဖက္နဲ႕ခ်ဳပ္ကိုင္လိုက္ၿပီး နံရံမွာကပ္လိုက္တယ္။ ရိေပၚဝတ္ထားတဲ့ အနက္ေရာင္suitက ၾကယ္သီးေတြကို ျဖဳတ္ပစ္လိုက္ၿပီး ခါးသိမ္ေလးကို ေပြ႕ဖက္လိုက္တယ္။
"မင္းခြင့္ျပဳရင္ေတာ့ စကားေျပာတာထက္ ပိုသြားမွာေပါ့.."
ေခါင္းေမာ့ထားတာေၾကာင့္ ထင္ေပၚေနတဲ့ လည္တိုင္ေဖြးေဖြးကို အနမ္းေတြနဲ႕တိုးေဝွ႕လိုက္တယ္။
"ျဖည္းျဖည္းနမ္း မင္း ငါ့ကိုလြမ္းေနမွန္းငါသိတယ္ "
ဝမ္ရိေပၚရဲ႕လည္တိုင္ကို နမ္းေနရာကေနရပ္လိုက္တယ္။ ခ်ဳပ္ထားတဲ့လက္ေတြကို လႊတ္ေပးလိုက္ၿပီး ခႏၶာကိုယ္ခ်င္းပူးကပ္ေနရာမွ ခြာလိုက္တယ္။
"ဘာျဖစ္သြားတာလဲ.. ဆက္လုပ္ေလ..."
မင္းကေၾကာင္အအမ်က္ဝန္းေတြနဲ႕ ကိုယ့္ကိုၾကည့္ေနတယ္။
"မင္းဘာလို႔ေပ်ာက္သြားတာလဲ "
"......"
"ဘာလို႔ထြက္ေျပးသြားရတာလဲ.."
ဝမ္ရိေပၚက မ်က္ႏွာလႊဲသြားတယ္။
"ငါေၾကာက္လို႔ပါ "
"မင္းကဘာကိုေၾကာက္တာလဲ"
"မင္းကိုေပါ့.. "
"ဘာဆိုင္လို႔လဲ.. ကိုယ္ကမင္းကို ဘာမွမလုပ္ဘူးေလ"
"အင္.. ဘာမွမလုပ္လို႔.."
"ဟင္.. "
ကိုယ္နားမလည္နိုင္ေတာ့လို႔ မင္းကိုရပ္ၾကည့္ေနလိုက္ေတာ့ မင္းက အိပ္ရာေပၚကို ထိုင္ခ်လိဳက္တယ္။
"မင္းအျမင္မွာ ငါကေပြတယ္၊ ရႈပ္တယ္၊ ဆိုးတယ္ေလ။ မင္းမႀကိဳက္တာေတြပဲလုပ္ေနတဲ့ ငါ့ကို မင္းမုန္းသြားမွာေၾကာက္လို႔.."
အိပ္ရာခုတင္ေပၚမွာ မ်က္ႏွာငယ္ေလးနဲ႕ ထိုင္ေျပာေနတဲ့ရိေပၚကို ကိုယ္ေနာက္ကေန ေပြ႕ဖက္ထားလိုက္တယ္။ ဝမ္ရိေပၚက ခ်စ္ျခင္းေမတၱာကို ႏွစ္သက္ၿပီးေတာ့ မုန္းျခင္းသေဘာကိုလည္း ေၾကာက္တတ္တဲ့ေကာင္ေလးျဖစ္တယ္။
"စိတ္ႀကိဳက္ဆိုးပါ။ စိတ္ႀကိဳက္ေပြရႈပ္ပါ။ ၿပီးေတာ့ ေနာက္ထပ္ ဘယ္ေတာ့မွ ငါ့ကိုမခ်န္ခဲ့ပါနဲ႕.."
"ငတုံးေကာင္..
မင္းရွိေနမွေတာ့ ငါကဘယ္သူ႕ကိုမ်ား ထပ္ၿပီးေတာ့လိုအပ္ဦးမွာလဲ "
ဝမ္ရိေပၚကေပြ႕ဖက္ထားတဲ့ ကိုယ္လက္ေတြကို ျပန္ဆုပ္ကိုင္ထားတယ္။
သိပ္ခ်စ္လြန္းရင္ မ်က္ရည္က်ရတတ္တယ္လို႔ ဆုံးပါးသြားၿပီျဖစ္တဲ့ မားမားကေျပာဖူးတယ္။ မွန္ပါတယ္။ ကိုယ္မ်က္ရည္ေတြ က်ေနခဲ့မိတယ္။ ဒီမ်က္ရည္ေတြက ဝမ္ရိေပၚကို သိပ္ခ်စ္လြန္းလို႔ က်လာတာပါ။
"မင္းေမးဖူးတယ္.. ဘဝဆိုတာဘာလဲလို႔ မင္းေမးဖူးတယ္ မွတ္မိေသးလား.."
" ငါမေမ့ပါဘူး "
"အခုျပန္ေျဖခ်င္တယ္ ရိေပၚ.. ကိုယ့္အတြက္ေတာ့ ဘဝဆိုတာ မင္းပဲ.."
ရင္ခြင္ထဲကရိေပၚက ကိုယ့္ကိုလွည့္ၾကည့္တယ္။
"ေရွာင္းက်န့္ ငါထြက္သြားတာ အရမ္းၾကာသြားတယ္ေနာ္.."
"အင္.. အရမ္းၾကာတာပဲ"
"ငါေစာေစာျပန္လာခဲ့သင့္တာ.."
"အခုလည္း ေနာက္မက်ေသးပါဘူး.."
ႏႈတ္ခမ္းလုံးေလးေတြ တြန့္ေကြးသြားေအာင္ ၿပဳံးလိုက္တဲ့ ရိေပၚရဲ႕ လက္ေခ်ာင္းရွည္ေတြက ကိုယ့္ပါးျပင္ေပၚမွာ ေျပးလႊားေနေလရဲ႕။
"မင္းက ပိုခန့္ညားလာတယ္.."
"မင္းလည္း ပိုခ်စ္ဖို႔ေကာင္းလာတာပဲ..ပါးေဖာင္းေလးေတြနဲ႕.. "
ကိုယ့္စကားေၾကာင့္ ဝမ္ရိေပၚက ႏွာေခါင္းေလးရႈံ႕လိုက္တယ္။
"မင္းမ်က္မွန္ႀကီးေရာ.."
"မတပ္ေတာ့ဘူးေလ.. မင္းႀကိဳက္တယ္မလား.."
"ႀကိဳက္တယ္.. မင္းဘယ္လိုေနေန ငါႀကိဳက္တယ္။ က်ိယန္းနဲ႕ ဆူေယာင္းဆီက မင္းသတင္းေတြကို ငါၾကားတိုင္း မင္းကိုေျပးေတြ႕ခ်င္တာ ႐ူးမတက္ဘဲ..။ "
"မင္း သူတို႔ကိုသိတာလား "
"သိတယ္ေလ.. က်ိယန္းက ငါ့သူငယ္ခ်င္း၊ လီဆူေယာင္းကေတာ့ ကိုးရီးယားမွာေက်ာင္းတက္တုန္းက ငါ့ရဲ႕စီနီယာ.."
"ဒါဆို မင္းက မင္းလူေတြနဲ႕ ကိုယ့္ကိုလွည့္စားလိုက္တာေပါ့.. "
"အဲ့လိုေတာ့ မရည္႐ြယ္ေပမဲ့ အြန္.. အဲ့လိုသေဘာမ်ိဳးျဖစ္သြားတယ္.. ဟဲဟဲ...စိတ္မဆိုးပါနဲ႕ "
"မင္းေတာ္ေတာ္ဆိုးတာပဲ.. ေနဦး.. မင္းကိုကိုယ္အျပစ္ေပးမွျဖစ္ေတာ့မယ္.."
ရင္ဘတ္ထဲကရိေပၚကို အိပ္ရာေပၚတြန္းလွဲလိုက္ၿပီး ႏႈတ္ခမ္းကို တစ္ခ်က္နမ္းလိုက္တယ္။ ဖိနပ္နဲ႕ေျခအိတ္ေတြကိုလည္း ဆြဲခြၽတ္ေပးလိုက္တယ္။
"ေပးေပး.. မင္းႀကိဳက္သေလာက္ေပး..ငါ့ကိုမင္းပိုင္တယ္"
ခုတင္ေပၚမွာ ပိုးလို႔ပက္လက္လန္ေနတဲ့ အဆိုးေလးရဲ႕ ေျခဖဝါးတစ္ဖက္ကို အုပ္ကိုင္လိုက္တယ္။
"ေရွာင္းက်န့္.. မင္းဘာလုပ္မလို႔လဲ.. မလုပ္နဲ႕ေနာ္.. မလုပ္နဲ႕ "
"ၿငိမ္ၿငိမ္ေလးေနေပး.."
လက္ထဲမွာ႐ုန္းေနတဲ့ ေျခဖဝါးကို တင္းတင္းဆုပ္ၿပီး ေျခဖမိုးျဖဴျဖဴေလးကို ဖြဖြနမ္းလိုက္တယ္။
"ဆိုးခ်င္လည္း ကိုယ့္ကိုဒီလိုအၾကာႀကီးထားခဲ့ၿပီးေတာ့ မဆိုးပါနဲ႕ ။ အနားမွာမခြာဘဲ ဆိုးစမ္းပါ"
"ေရွာင္းက်န့္.... "
"......"
"မင္းကိုငါထားခဲ့လို႔ ငါ့ကိုရိုက္လိုက္ပါလား၊ မင္းကိုခံစားရေစလို႔ ငါ့ကိုထိုးလိုက္ပါလား.. လုပ္လိုက္ပါ..ငါ.. ငါေက်ေက်နပ္နပ္ႀကီး ခံယူမွာပါ"
"ကိုယ္မလုပ္နိုင္ဘူး ရိေပၚ.. မင္းကို ကိုယ္လိုက္ရွာေနခဲ့တာက ၊ မင္းအလာကို ကိုယ္ေစာင့္ေနခဲ့တာက ထိုးဖို႔၊ရိုက္ဖို႔မွ မဟုတ္ဘဲ.."
" **Sob.. "
မ်က္ႏွာရဲရဲေပၚက စီးက်လာတဲ့ ဝမ္ရိေပၚရဲ႕မ်က္ရည္ေတြကို နမ္းလိုက္တယ္။
"မင္းကို ခ်စ္ျမတ္နိုးတယ္ဆိုတာထက္ ပိုရပါတယ္ ရိေပၚ.."
"ေရွာင္းက်န့္က ငါ့ကို ႐ူးသြားေစခ်င္တာပဲ.."
ဝမ္ရိေပၚရဲ႕ မ်က္ႏွာကိုပင့္ေမာ့ၿပီးေတာ့ ႏႈတ္ခမ္းေတြကို နမ္းရွိုက္လိုက္တယ္။ အခ်ိန္တစ္ခုၾကာတဲ့အခါမွာ ဖယ္ခြာလိုက္တယ္။
"ေရွာင္းက်န့္.. ငါအသက္ျပည့္ၿပီ "
တစ္လႊာခ်င္းစီခြၽတ္ခ်လိဳက္တဲ့အဝတ္ေတြက ခုတင္ေဘးမွာ ျပန့္က်ဲေနတယ္။ ေဖြးေဖြးအိအိ ခႏၶာကိုယ္ေလးက ကိုယ့္ရဲ႕ေအာက္မွာ ျပားျပားဝပ္ေနတယ္။
နာနာက်င္က်င္ တိုးဝင္မႈေတြ၊ ျပင္းျပင္းထန္ထန္ ႏွီးႏွောမႈေတြကို ဝမ္ရိေပၚက အံႀကိတ္ညည္းၫူရင္းနဲ႕ ခံယူတယ္။
ေကာင္းကင္ယံက တိမ္စိုင္ေတြက အခိုးအေငြ႕ေလးတဲ့။ ကိုယ့္ရင္ခြင္ထဲက တိမ္ျဖဴေလးကေတာ့ ႏြေးႏြေးအိအိေလး။
ဒါနဲ႕ စကားမစပ္..
တိမ္ေတြငိုရင္ သိပ္လွတာဗ်...။
»»» 𝒩ℯℯ𝒹 𝒯ℴ ℬℯ 𝒞𝓁ℴ𝓈ℯ «««
သခၤါရ သေဘာတရားအရဆို
ဘယ္အရာမွမၿမဲဘူးတဲ့..။
အရာရာဟာ တစ္ခဏဆိုရင္ေတာင္
မင္းနဲ႕ေတာ့ တစ္ဘဝၿမဲခ်င္တယ္။
ေနာင္ဘဝေတြမွာ ဆက္ခ်စ္ဦးမွာကေတာ့
တစ္က႑ေပါ့ အခ်စ္ရယ္။ ။
#𝑻𝒉𝒆𝒐𝒅𝒐𝒓𝒂❦︎
~~~~~~~~ ၿပီးပါၿပီ ~~~~~~~~
အပိုင္းမရွည္ဖို႔ ရည္႐ြယ္ထားတာမို႔ ဒီေလာက္နဲ႕ပဲ ဇာတ္သိမ္းလိုက္ပါၿပီ။ ဇာတ္သိမ္းမွာ ေမွာင္မယ္လို႔ေတြးထားေပမဲ့ မေမွာင္ရဲဘူး ျဖစ္ေနတယ္။ ကိုယ္ဟာ ငေၾကာက္ေလးပါ
Thanks for your time.
Give me some feedback.
🧡