NC-7

2.2K 179 1
                                    

Uni..

အေးစက်တဲ့ ရာသီဥတုမှာတောင် ပူစပ်စပ်ဖြစ်နေတဲ့ စိတ်တွေကြောင့် လည်ပင်းက နက်ခ်တိုင်ကို လျှော့ချလိုက်တယ်။

"အခုထက်ထိမတွေ့သေးဘူးလား "

"တောင်းပန်ပါတယ်.. "

ခေါင်းငုံ့အရိုအသေပေးနေတဲ့ ရှေ့ကလူကို စားပွဲပေါ်က ဖိုင်တွေနဲ့ ကောက်ပေါက်လိုက်တယ်။ စိတ်ရှည်သည်းခံမှုတွေနဲ့အတူ အကြင်နာမေတ္တာတစ်ချို့ဟာ လူတစ်ယောက်နဲ့အတူ ပျောက်ဆုံးနေခဲ့တာ အတော်ကြာပါပြီ ။

"အသုံးမကျဘူး.."

"ကျွန်တော်တောင်း.."

"ထွက်သွားတော့ "

ကြောက်ရွံ့စွာကြည့်ပြီး ထွက်သွားတဲ့ ရှေ့ကလူက ကိုယ့်အတွက်တော့ စိတ်ပျက်စရာကောင်းနေတယ်။

"ဒါလား.. မင်းတို့အေဂျင်စီက အတော်ဆုံးတွေဆိုတာ "

"စိတ်ရှည်စမ်းပါ Mr.XZရဲ့..။ ကျွန်မတို့လည်း ရှာနေတာပဲ"

ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ လီဆူယောင်းက ကော်ဖီတစ်ငုံကို ညင်ညင်သာသာသောက်လိုက်ရင်း ကိုယ့်ကို စကားလှမ်းပြောတယ်။

ထောက်လှမ်းရေးအေဂျင်စီတစ်ခုကို ထောင်ထားတဲ့ လီဆူယောင်းက တရုတ်-ကိုးရီးယား ကပြားတစ်ယောက်။ သူကလည်း စိတ်ပျက်စရာ အကြီးစားပဲ။

"မင်းလည်း ထွက်သွားတော့ "

"နေပါဦး..
Mr.XZတို့ Companyက တိုက်တဲ့ ကော်ဖီလေးက သောက်လို့ကောင်းနေလို့ "

"ကျစ်.."

အနားမှာရပ်နေတဲ့ ကိုယ့်အတွင်းရေးမှူးကျိယန်းက စားပွဲရှေ့မှာ ပြန့်ကျဲနေတဲ့ ဖိုင်တွေကို သွားကောက်ပြီးတော့ စားပွဲပေါ်ပြန်တင်လိုက်တယ်။

"Boss.. ဟိုလေ..."

"မင်းကရော ဘာဖြစ်ပြန်တာလဲ "

"Bossရော ကော်ဖီသောက်မလားလို့ မေးမလို့ပါ

"မသောက်ဘူးး.. "

"ဟုတ်ကဲ့ "

ခေါင်းငုံ့ပြီးထွက်သွားတဲ့ အတွင်းရေးမှူးကျိယန်းကို ကြည့်နေတဲ့ လီဆူယောင်းရဲ့ နှုတ်ခမ်းရဲရဲတွေက တွန့်ကွေးနေတယ်။ နောက်တော့ ဟက်ဟက်ပက်ပက်ကို ရယ်မောနေပြန်တယ်။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now