NC- 8 (Final)

4K 243 15
                                    

Uni..

"Y for Z.. "

ဟိုတယ်လုပ်ငန်းတွေထဲမှာ ဒီဇိုင်းဆန်းတဲ့ အဆောက်အဦးပုံစံတွေကြောင့် နာမည်ကြီးနေတဲ့ Hotel 'Y for Z'.

"ဝင်ရအောင်လေ.. "

ကားတစ်ဖက်ခြမ်းကနေ ထွက်လာတဲ့ လီဆူယောင်းက ကိုယ့်လက်ကို ချိတ်တွဲလိုက်တယ်။

ဟိုတယ်ထဲကိုရောက်တော့ ရောက်နှင့်နေပြီဖြစ်တဲ့ စီးပွားရေးမိတ်ဆွေတစ်ချို့က ကိုယ်နဲ့လီဆူယောင်းကို နှုတ်ဆက်ကြတယ်။

ကိုယ်နဲ့လီဆူယောင်းကလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေရှိရာဝိုင်းမှာ ဝင်ထိုင်လိုက်ကြရင်း စကားကောင်းနေခဲ့​ကြတယ်။

"ဒီဟိုတယ်ရဲ့ပိုင်ရှင်က လူငယ်စီးပွားရေးသမား တစ်ယောက်လေ။ ကိုးရီးယားကနေ ပြန်ရောက်တာမကြာသေးဘူး... "

လီဆူယောင်းက သူ(မ)မိတ်ဆွေဖြစ်သူ ဟိုတယ်ပိုင်ရှင်အကြောင်းကို ပြောပြနေခဲ့တယ်။

လီဆူယောာင်းစကားကို နားထောင်ရင်းနဲ့ ကိုယ်ကလည်း ဟိုတယ်ရဲ့အပြင်အဆင်တွေကို လေ့လာနေမိတယ်။ ခန်းမထဲကို ဝေ့ဝဲ​ကြည့်လိုက်တဲ့အခါ မတွေ့တာကြာပြီဖြစ်တဲ့ မျက်ဝန်းတစ်စုံကို ကိုယ်တွေ့လိုက်ရတယ် ။

ဟုတ်တယ်..
ကိုယ်သိတဲ့ သူတစ်ယောက်မှာရှိတဲ့ ပုံစံလေးတွေလေ။

သေးသေးလေးနဲ့ ဝိုင်းသွားတဲ့မျက်ဝန်းမျိုး၊
စင်းစင်းလေးနဲ့ လုံးသွားတဲ့နှာတံမျိုး၊ ပြီးတော့
သွယ်သွယ်လေးနဲ့ သေးတဲ့မျက်နှာမျိုး..

ဝမ်ရိပေါ်..
ဒါဟာ ကိုယ့်နှလုံးသားမှာ ရင်းနှီးနေတဲ့ လူသား၊
ကိုယ်ရှာဖွေနေတဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှု၊
ကိုယ်နှစ်သက်လွန်းလို့ စွဲလန်းနေရတဲ့ တိမ်ဖြူကလေး..။

"ဝမ်ရိပေါ်..."

မင်းမျက်ဝန်းတွေက ကိုယ့်ကိုစိုက်ကြည့်နေတယ်။

"Mr.XZ.."

လီဆူယောင်းက လှမ်းဆွဲလိုက်ချိန်မှ ကိုယ်ကရပ်တန့်လိုက်မိတယ်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကိုယ့်ခြေလှမ်းတွေက မင်းဆီကို ဦးတည်လှမ်းနေခဲ့တယ်လေ။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now