ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၄၂

5.4K 979 7
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၄၂: မိုရိရှုရဲ့ ခယ်မ

ဘန်း!

သူပြောနေတဲ့စကားတစ်ဝက်တစ်ပျက်မှာပင် မိုရိရှုရဲ့အကြည့်က တစ်ဖက်ဖန်သားပြင်ပေါ်တွင် ရပ်သွားခဲ့ပြီး သူ့ပါးစပ်က တဝက်ခန့်ပွင့်နေကာ သူ့ရဲ့ဒုတိယအစ်ကိုပေါ်ကို ခုန်ဝင်လာတဲ့ ဆယ်ကျော်သက်လေးအား ကြည့်ရင်း နေရာမှာပင် အေးခဲသွားခဲ့သည်။

မိုရိချန်က ကြမ်းပြင်ပေါ်သို့ လဲကျမသွားခင် ယွမ်းစွော်က ဂိမ်းထဲသို့ စိတ်ကြိုက် ဝင်ထွက်နိုင်နေပြီဖြစ်ကြောင်း မသိခဲ့ပေ။ သူ့ရင်ခွင်ထဲကို ရုတ်​တရက်​ ခုန်​ဝင်​လာတဲ့လူက ​နူးညံ့ပြီး နွေး​ထွေးနေသည်။ ပထမတော့ သူက ထိတ်လန့်သွားပေမယ့် နောက်တော့ အံ့အားသင့်သွားကာ နောက်ဆုံးတွင် ထိခိုက်မိသွားသေးလားလို့ ထပ်ခါထပ်ခါမေးရင်း စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထဲက လူကို ဆွဲထုတ်လိုက်သည်။

မိုရိချန်ရဲ့ရင်ဘတ်ကို တိုက်မိလိုက်တာကြောင့် ယွမ်းစွော်ရဲ့နှာခေါင်းက နာကျင်သွားခဲ့သည်။ သူက စိတ်မကောင်းဖြစ်ကာ သူ့ကိုယ်သူအပြစ်တင်စိတ်ဖြင့် ခေါင်းယမ်းပြလိုက်သည်။ "ကျွန်တော်...ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်...ကျွန်တော် တောင်းပန်ပါတယ်။ တမင် ရည်ရွယ်ချက်ရှိရှိ ထွက်လာတာ မဟုတ်ပါဘူး..." 

အဲဒီ့မတိုင်ခင်က မိုရိချန်က သူ့ကို ဖော်ထုတ်မပြရဘူးလို့ ပြောခဲ့တာကြောင့် သူ ထပ်ပြီး ပြသာနာရှာမိပြန်တာလား...

"အဆင်ပြေပါတယ် မစိုးရိမ်နဲ့" အနီရောင်ပြောင်းနေတဲ့ ယွမ်းစွော်ရဲ့ နှာခေါင်းထိပ်နှင့် ကြမ်းပြင်ပေါ်ကို ပွတ်ဆွဲလိုက်တာကြောင့် အနည်းငယ်နီသွားတဲ့ လက်ဖဝါးလေးကို ကြည့်ရင်း မိုရိချန်က စိတ်မကောင်းစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။  

"နာလား"

"မနာပါဘူး" 

ယွမ်းစွော်က ဟိုလူထပ်ကြားသွားမှာ စိုးတာကြောင့် သူ့အသံကို တတ်နိုင်သမျှ တိုးအောင် ကြိုးစားပြောလိုက်သည်။

တစ်ဖက်မှ မိုရိရှုက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ အရင်တုန်းက သူ့ရဲ့ ဒုတိယအစ်ကိုက တစ်ယောက်ယောက်ကို ဒီလောက် နူးညံ့နွေးထွေးစွာ ပြောတာကို မမြင်ခဲ့ဖူးပေ။ " ဒုတိယအစ်ကို ဒါက... ဒါက ကျွန်တော့်ခယ်မလား"

မိုရိချန်က ယွမ်းစွော်ကို မတ်တပ်ရပ်ဖို့ ကူညီပေးခဲ့ပြီး တခြားဘယ်နေရာမှာမှ ထိခိုက်သွားတာ မရှိကြောင်း သေချာအောင် လုပ်ပြီးနောက် ဖုန်းရဲ့တစ်ဖက်က မိုရိရှုကို လေးနက်တဲ့အသံဖြင့် ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာမပြောနဲ့"

"အာ ကျွန်တော်သိပါတယ် လျှို့ဝှက်ထားလိုက်ပါ့မယ်!" 

မိုရိရှုက ဘယ်သူ့ကိုမှ စကားတစ်ခွန်းမှ မပြောဘူးလို့ သူ့အမူအရာဖြင့် ပြလိုက်သည်။ သူ့အစ်ကိုကြီးက ယောက်ျားလေးတွေကို သဘောကျပြီး အခု သူ့ဒုတိယအစ်ကိုလည်း အတူတူပင်။ ဒီအကြောင်းကို မေမေမိုသိရင် ပြောစရာတောင် မလိုအောင်ပင် လက်ထပ်ဖို့ စတင်တိုက်တွန်းခံရမယ့်သူက သူသာဖြစ်သည်။

မိုရိချန်က သူနားလည်မှုလွဲနေတာကို မြင်ပေမယ့် ဘာမှထပ်မရှင်းပြချင်တော့တာကြောင့် ဗီဒီယိုcallခေါ်ဆိုမှုကို ပိတ်ဖို့ သူ့လက်ကို မြှောက်လိုက်သည်။

"အိုင်း အိုင်း အိုင်း ဒုတိယအစ်ကို အစ်ကိုသာ အခု ဖုန်းချလိုက်ရင် ကျွန်တော်တော့ အရမ်းအထီးကျန်လွန်းလို့ အမေ့ဆီကို ဖုန်းဆက်ရတော့မှာပဲ။ သူမသာ ဒါကိုသိသွားရင်..."

မိုရိချန်ရဲ့လက်က လေထဲတွင် တန့်သွားခဲ့သည်။

"ဟားဟား ဒုတိယအစ်ကို ကျွန်တော် တခြားဘာမှ ရည်ရွယ်ချက်မရှိပါဘူး။ ခယ်မက အစ်ကို့ပေါ်ကို ခုန်ဝင်လာတဲ့ အခိုက်အတန့်က မြန်ဆန်လွန်းလို့ ကျွန်တော်က နောက်ဆက်တွဲအဖြစ်အပျက်တွေပဲ မြင်လိုက်ရတယ်။ သူ့မျက်နှာကိုတောင် မမြင်လိုက်ရဘူး" 

မိုရိချန်က သူ့ရဲ့အကြီးဆုံးအစ်ကိုကြီးနှင့် မတူပေ။ သူ့အမြင်အရတော့ ဒီနှစ်တွေအတွင်းတွင်  သူ့ရဲ့ဒုတိယအစ်ကိုမှာ ဘယ်မိန်းကလေးမှ... အာ...ဒါမှမဟုတ် ဘယ်ယောက်ျားလေးမှ ဘေးမှာ  မရှိခဲ့တာကြောင့်  တစ်စုံတစ်ယောက်က ရုတ်တရက် သူ့ရင်ခွင်ထဲကို ပြေးဝင်လာတဲ့အခါ မိုရိရှုရဲ့ သိချင်စိတ်ကို နှိုးဆွသွားစေတယ်ဆိုတာ ကျိုးကြောင်းဆီလျော်ပေသည်။

"မင်း ဘာလိုချင်လို့လဲ"

 မိုရိချန်က အေးစက်နေတဲ့ မျက်နှာဖြင့် မေးလိုက်သည်။

မိုရိရှုက သူ့မေးစေ့ကို လက်ဖြင့် ထိလိုက်ရင်း မကြောက်ဘဲ ပြောလိုက်သည်။  

"ဟဲ ဟဲ ကျွန်တော်က တစ်ခုခုလိုချင်ရဲပါ့မလား။ ကျွန်တော်က နည်းနည်းလောက် ရင်းနှီးချင်ပြီး  သူ့မျက်နှာလေးကို မြင်ချင်လို့ပါ!"

မိုရိချန်က ခဏလောက် စဉ်းစားလိုက်သည်။ သူ့ရဲ့ညီလေးက ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရပြီး ထိုနည်းအတိုင်း အနည်းငယ် ဖြစ်နေဆဲဖြစ်ကာ သူ့စရိုက်ကို ချုပ်ကိုင်ဖို့ခက်သည်။ သူက တကယ်သွားပြီး သူတို့အမေကို တိုင်ကြားမှာ မဟုတ်ပေမယ့် နည်းနည်းတော့ ပြဿနာဖြစ်မှာ အသေအချာပင်။

မိုရိချန်က ယွမ်းစွော်ဆီမှ ခွင့်ပြုချက်ကို သူ့မျက်လုံးဖြင့် မေးလိုက်သည်။ ယွမ်းစွော်က ခဏလောက် အေးခဲသွားခဲ့ပြီးနောက် မိုရိချန်က ဘာကိုဆိုလိုတာလဲကို နားလည်သွားကာ ခေါင်းမညိတ်ခင် တုန့်ဆိုင်းနေခဲ့သည်။

"ကြည့်ရုံပဲကြည့်  အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့!" 

မိုရိချန်က သတိပေးလိုက်သည်။

မိုရိရှုက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ကြည့်ရတော့ ဒီနေ့သူလုပ်ခဲ့တဲ့မွေးနေ့ ဗီဒီယိုcallခေါ်ဆိုမှုက အချည်းနှီး မဖြစ်ခဲ့ပုံပင်။

မိုရိချန်က ယွမ်းစွော်ကို ကင်မရာထဲပါလာအောင် ဖုန်းကင်မရာကို အနည်းငယ်ပြောင်းလိုက်ပြီး  မိုရိရှုကို ညွှန်ပြရင်း ပြောလိုက်သည်။ 

"ဒါက ငါ့ရဲ့ တတိယညီလေး မိုရိရှုပဲ"

ယွမ်းစွော်က စိတ်လှုပ်ရှားနေပေမယ့် ရည်မွန်စွာဖြင့် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ 

"ဟယ်လို ကျွန်တော့်နာမည်က ဒူဒူပါ"

မိုရိချန် : "....."

ဖန်သားပြင်ရှေ့ရှိ မိုရိရှုက အံ့သြသွားခဲ့သည်။ ဒုတိယအစ်ကိုရဲ့ မျက်လုံးတွေက.... တကယ်ကို ကောင်းတာပဲ!။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ကြည်လင်နေတဲ့မျက်လုံးတွေနှင့် တောက်ပတဲ့အပြုံးတို့ဖြင့် ဆယ်ကျော်သက်လေးက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူစင်ကြောင်း သူပြောနိုင်သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေပေမယ့် သူရဲဘောကြောင်သူတော့ မဟုတ်ပေ။

ဒုတိယအစ်ကိုရဲ့ စိတ်နေစိတ်ထားက မြင့်မား အေးစက်ပြီး လူတွေကို မကြာခဏ ဖယ်ခွာပြေးစေချင်တဲ့ခံစားချက်ကို ပေးစွမ်းတတ်ပေမယ့် ဒီဆယ်ကျော်သက်လေးရဲ့ ဘေးမှာ ရပ်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး ပျော့ပျောင်းနေတဲ့ပုံစံကို သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒူဒူ မင်္ဂလာပါ!" 

မိုရိရှုက နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ မင်း သူ့ကို မြင်ဖူးပြီးပြီ" မိုရိချန်က အေးစက်စွာပြောပြီးနောက် ဖုန်းကို လှည့်လိုက်သည်။ ယွမ်းစွော်က ဖန်သားပြင်ထက်မှ ပျောက်ကွယ်သွားခဲ့သည်။

မြင်ကွင်းကို ပိတ်ဆို့ခံလိုက်ရတဲ့ မိုရိရှုက  သူ့ရဲ့ ဒုတိယအစ်ကို၏တွန့်တိုမှုကို သူ့နှလုံးသားထဲတွင် တိတ်တဆိတ်သာ ညည်းညူနိုင်ခဲ့သည်။ သူ နောက်တစ်ခါလောက်ကြည့်လိုက်မိရင်  အသားပဲ့ပါသွားတော့မလိုပင်။

"ကောင်းပြီ ဒုတိယအစ်ကို ဒီနေ့တော့ ဒီလောက်ပဲပေါ့။ ဒါပေမယ့် အစ်ကိုအချိန်ရရင် သူ့အကြောင်း ကျွန်တော့်ကို ထပ်ပြောပြရမယ်နော်... ဟား~" 

သူက နောက်ဆုံးစကားလုံးကို အသံရှည်ဆွဲကာ ပြောလိုက်ပြီး သူ့ရဲ့ချောမောတဲ့မျက်နှာက အတင်းအဖျင်းအပြုံးဖြင့်  ပြည့်နေခဲ့သည်။

မိုရိချန်က တကယ်ကို ထပ်ပြီး  သည်းမခံနိုင်တော့တာကြောင့် လက်ကို မြှောက်လိုက်ပြီး ဗီဒီယိုcallကို ပိတ်လိုက်သည်။ အဲဒါကို တွေးပြီးနောက် သူက မိုရိရှုဆီကို စာအိတ်အနီရောင်အကြီးကြီးကို စာတိုတစ်စောင်နှင့်အတူ ပို့လိုက်သည်: 'အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့။ သူက ဒီတိုင်း သူငယ်ချင်းကောင်းပဲ'

မိုရိရှုက စာအိတ်အနီကို လက်ခံရရှိတဲ့အချိန်တွင် သွေးရူးသွေးတန်းပင့်ထားတဲ့ မျက်ခုံးမွှေးတစ်ခုနှင့်အတူ သိုဝှက်ထားတဲ့ အပြုံးကြီးဖြင့် emojiတစ်ခုကို   အကြိမ်ပေါင်းများစွာ ပေးပို့ခဲ့သည်: 'ကျွန်တော် သိပါတယ်။ ကျွန်တော့်ပါးစပ်ကို  သေချာပိတ်ထားပါ့မယ်!'

ကြည့်ရတာက... ရှင်းပြချက်က မရှင်းသေးတဲ့ပုံပင်။

မိုရိချန်က ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး ယွမ်းစွော်ကို ထပ်ကြည့်လိုက်သည်။

ယွမ်းစွော်က ဘေးနားတွင် ရပ်နေရင်း အနည်းငယ် ကသိကအောက်ဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်က လက်တွေ့တွင် အရင်က တစ်ကြိမ်တွေ့ဖူးခဲ့ပေမယ့် တွေ့ချိန်က တိုတောင်းတဲ့အတွက် ယွမ်းစွော်က သက်ဝင်လှုပ်ရှားနေတဲ့ မိုရိချန်ကို ထပ်တွေ့လိုက်ရတာကြောင့် ရှင်းမပြနိုင်လောက်အောင်  ထိတ်လန့်နေဆဲဖြစ်သည်။

"ဒူဒူ မင်း ဘယ်တုန်းက အဆင့်မြှင့်ခဲ့တာလဲ" မိုရိချန်က အဆင့် ၂၀ရောက်ရင် ထွက်လာမယ့် အသေးလေးကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့တာဖြစ်သည်။

ယွမ်းစွော်က အမြန်ရှင်းပြလိုက်သည်။ "ဒီနေ့တင်ပဲ။ ကျောင်းက အရင်က အနုပညာစာမေးပွဲရလဒ်တွေကို ကြေညာခဲ့ပြီး ကျွန်တော်က ပထမရခဲ့တာကြောင့် အမှတ်တစ်မှတ် ရခဲ့တယ်။ အစကတော့ မိုရိချန် ကို supriseလုပ်မလို့ပေမယ့်...အခုလေးတင် ဘာဖြစ်သွားလဲ မသိဘူး။ ကျွန်တော်က ဂိမ်းထဲက အဝင်အထွက်ကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ ဖြစ်ရမယ်။ ကျွန်တော် ထပ်ပြီး...ထပ်ပြီး ပြသာနာရှာမိပြန်ပြီလားဟင်"  

ယွမ်းစွော်က အဲ့လိုပြောနေရင်း သူ့ရဲ့အခွံထဲကို အချိန်မရွေးပြန်ကျုံ့ဝင်သွားနိုင်တဲ့ ခရုလေးလို သူ့ရဲ့အရှိန်တစ်ခုလုံးက အားနည်းသွားခဲ့သည်။

မိုရိချန်က သက်ပြင်းချလိုက်သည်။ သူဘယ်နှစ်ခါပဲ ကတိပေးခဲ့ပါစေ အသေးလေးက နောက်ဆုံးအကြိမ်က ဖြစ်ခဲ့တဲ့ စနစ်ချွတ်ယွင်းချက်​ကို ကြောက်လန့်နေပြီး 'ဒုက္ခဖြစ်စေမှာ'ကို ​စိုးရိမ်နေပုံရသည်။ စနစ် ချွတ်ယွင်းတဲ့အကြောင်းကို  တွေးလိုက်မိတော့ မိုရိချန်ရဲ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ သူက သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးက ယွမ်းစွော်ရဲ့ခေါင်းပေါ်ကို ရောက်သွားပြီး သူ့ရဲ့ပါးလွှာပျော့ပျောင်းနေတဲ့ ဆံပင်တွေကို... သူစိတ်ကူးထားခဲ့ဖူးတဲ့အတိုင်း ပွတ်လိုက်သည်။

"မင်းပြသာနာ မရှာခဲ့ပါဘူး။ မိုရိရှုက ငါ့ညီလေ။အဆင်ပြေပါတယ်"

"ဒါဆို… ကောင်းလိုက်တာ"  သူပြသာနာမရှာခဲ့ကြောင်း အတည်ပြုပြီးနောက် ယွမ်းစွော်က ထပ်ပြုံးလိုက်သည်။

မိုရိချန်က ပြောလိုက်သည်။ 

"ကဲ အခု ကိတ်မုန့်ကို ထုတ်ကြရအောင်"

ယွမ်းစွော်က ခေါင်းညိတ်လိုက်ပြီး 

"အွမ်း!"

မိုရိချန်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကိတ်မုန့်ထုတ်ဖို့ ဂိမ်းထဲ ဝင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ရလဒ်အနေဖြင့် ယွမ်းစွော်က သူ့အင်္ကျီလက်တွေကို ရုတ်တရတ် ဆွဲလိုက်ပြီး "ကျွန်တော်အထဲဝင်ပြီး သွားယူလိုက်မယ် မဟုတ်ရင် ရွှေဒင်္ဂါးပြားတွေ ကုန်နေလိမ့်မယ်"

မိုရိချန်က မထိန်းနိုင်ပဲ ရယ်လိုက်သည်။ အသေးလေးက ပိုက်ဆံစုဖို့ တွေးနေပုံပင်။

"ကောင်းပြီလေ" 

မိုရိချန်က သူ့အဆိုပြုချက်ကို သဘောတူလိုက်သည်။

ထို့နောက် သူကအသက်ရှုကြပ်နေရင်း ယွမ်းစွော်က ပထမဆုံးအကြိမ် ဖုန်းထဲကို အလိုအလျောက် အဝင်၊အထွက်လုပ်ရန် စနစ်ရဲ့ညွှန်ကြားချက်တွေကို လိုက်နာခဲ့သည်။ သူက ဂိမ်းထဲမှ တိုက်ခန်းထဲကို တဖြေးဖြေး ဆင်းသက်သွားခဲ့သည်။ သူ့ပိုင်ရှင်က ပေါ်လာတဲ့အခါ အလွန်ပျော်သွားပြီး ခဏနေတော့ ပြန်ပျောက်သွားတာကိုမြင်တော့ မာ့ရှ်မယ်လိုက အဆက်မပြတ်ဟောင်နေခဲ့သည်။ ယွမ်းစွော်က ကိတ်ကိုယူပြီး မိုရိချန်ရဲ့ဘေးကို ပြန်မလာခင် မာ့ရှ်မယ်လိုအတွက် သရေစာနှင့် အရုပ်တွေကို ပြင်ဆင်ပေးထားခဲ့သည်။ 

နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ ဖယောင်းတိုင်မီးတွေ ထွန်းညှိပြီး ဆုတောင်းဆန္ဒတစ်ခု ပြုကြကာ ဖယောင်းတိုင်ကို အတူမှုတ်လိုက်ကြသည်။ သူတို့ဆုတောင်းနေကြစဉ် မိုရိချန်က သူ့မျက်လုံးတွေကို ဖွင့်ကာ ဖယောင်းတိုင်မီးရောင်အောက်တွင် အလွန်လေးနက်တဲ့အမူအရာဖြင့် ယွမ်းစွော်ရဲ့ နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးကို ကြည့်နေခဲ့သည်။ ထို့နောက် ယွမ်းစွော်ကို ဘာဆုတောင်းခဲ့သလဲလို့  မေးလိုက်သည်။ ယွမ်းစွော်က တုံ့ဆိုင်းသွားခဲ့ပြီး အကျယ်ကြီးပြောလိုက်ရင် ဆုတောင်းဆန္ဒက တကယ်ဖြစ်လာမှာမဟုတ်ဘူးလို့ အထစ်ထစ်အငေါ့ငေါ့ပြောရင်း သူ့မျက်နှာလေးက ရုတ်တရက်နီရဲသွားခဲ့သည်။

နှစ်ယောက်သား ကိတ်မုန့် အတူတူစားပြီးချိန်တွင် ည ရှစ်နာရီ ထိုးနေပြီ။ ယွမ်းစွော် ဂိမ်းထဲမှ ထွက်ခဲ့သည်မှာ သုံးနာရီခန့်ရှိပြီဖြစ်သည်။

မိုရိချန်က မေးလိုက်သည်။ 

"မင်း အခု အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်မှာလဲ"

ယွမ်းစွော်က ပြန်ဖြေလိုက်သည်။ 

"ငါးနာရီ"

တစ်နည်းအားဖြင့် သုံးဖို့ နှစ်နာရီကျန်သေးသည်။

"ဒူဒူ အပြင်ကို သွားကြည့်ကြရအောင်" မိုရိချန်က ဂိမ်းအတွင်းက ဒူဒူ့ရဲ့ကန့်သတ်ခံထားရတဲ့ လှုပ်ရှားမှုဧရိယာကို တွေးမိပြီး အကြံပြုလိုက်သည်။ သူက အားလပ်ရက်တွေမှသာ ပန်းခြံသို့ လမ်းလျှောက်ထွက်နိုင်ပြီး နေ့ဘက်မှသာ သွားလာနိုင်တာဖြစ်သည်။

ယွမ်းစွော်က မိုရိချန်ရဲ့စကားကို ကြားတဲ့အခါ ပါးစပ်ထဲမှာ ရှိနေဆဲဖြစ်တဲ့ ကိတ်မုန့်စားဖို့ သုံးတဲ့ ခက်ရင်းလေးကို ကိုက်ရင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။

မိုရိချန်က ယွမ်းစွော်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ခက်ရင်းကို ထုတ်ယူကာ အမြန်တုံ့ပြန်လိုက်သည်။

"နောက်ခါ ခက်ရင်းကို ကိုက်ပြီး ခေါင်းမညိတ်နဲ့။ မင်းရဲ့သွားဖုံးတွေ ပေါက်သွားလိမ့်မယ် နားလည်ရဲ့လား"  မိုရိချန်က သတိပေးလိုက်ရင်း ယွမ်းစွော်ရဲ့ လက်ကောက်ဝတ်ဖြူလေးကို လွှတ်ပေးလိုက်သည်။

ယွမ်းစွော်က နာခံစွာ ခေါင်းညိတ်လိုက်သည်။

ယွမ်းစွော်က ဂိမ်းထဲသို့ ပြန်သွားပြီး အဝတ်အစားလဲလိုက်သည်။ သူထွက်လာတဲ့အခါ မိုရိချန်က သပ်သပ်ရပ်ရပ် ပြင်ဆင်ထားပြီးပြီ ဖြစ်တာကြောင့် နှစ်ယောက်သား အိမ်အပြင်ကို အတူတကွ ထွက်ခဲ့ကြသည်။

ဒါက ယွမ်းစွော်အတွက် တကယ့်ကမ္ဘာကြီးနဲ့ ပထမဆုံးထိတွေ့တာဖြစ်သည်။

မိုရိချန်နေတဲ့အထပ်က သိပ်မမြင့်ပေမယ့် ဓာတ်လှေကားကို သုံးဖို့လိုနေဆဲ ဖြစ်သည်။ ယွမ်းစွော်က အရင်က အဲ့ဒါကို  TVထဲတွင်သာ မြင်ဖူးခဲ့သည်။

ဓာတ်လှေကားထဲကို ဝင်ပြီးနောက် မိုရိချန်က မြေညီထပ်ကို နှိပ်လိုက်သည်။

ယွမ်းစွော်က ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်ပေမယ့် တံခါးပိတ်သွားတဲ့အခိုက်အတန့်တွင် သူက တုန်လှုပ်သွားခဲ့သည်။ မိုရိချန်က အဲ့ဒါကို သေချာ သတိပြုမိလိုက်တာကြောင့် ယွမ်းစွော်ဆီ လှမ်းကြည့်ကာ မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား" ယွမ်းစွော်မှာ claustrophobiaနှင့် အခြား သူမသိတဲ့ ပြသာနာတွေ ရှိနေမှာကို စိုးရိမ်သွားခဲ့သည်။ 

"မင်းအဆင်မပြေရင် ငါတို့ အခု ထွက်လိုက်ပြီး လှေကားကနေ သွားကြမယ်လေ" 

ထိုသို့ပြောပြီးနောက် သူက ဓာတ်လှေကားကို ရပ်လိုက်သည်။

(T/N: claustrophobia (fear of enclosed space)ဆိုတာက နေရာသေးသေးကျဥ်းကျဥ်းလေးတွေကို ဝင်ရမှာ ကြောက်တဲ့စိတ်ပါတဲ့)

"အဲ့ဒါ အဲ့ဒါက အဆင်ပြေပါတယ်"

မိုရိချန်ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားပေမယ့် အသေးလေးရဲ့ ခံစားချက်အပြောင်းအလဲကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။ တံခါးပိတ်သွားတဲ့အချိန်တွင် သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြန်သည်။

"အရင်က ဓာတ်လှေကား မစီးဖူးလို့ ကြောက်နေတာလား"

ယွမ်းစွော်က ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ 

"အဲ့လို အဲ့လို မဟုတ်ပါဘူး။  ငယ်ငယ်တုန်းက အမှားလုပ်မိရင် အကျဥ်းခန်းထဲမှာ ပြန်တွေးဖို့ အပြစ်ပေးခံရတယ်။ ဒီနေရာနဲ့ ခပ်ဆင်ဆင်တူပေမယ့်...အရမ်းတော့ မတူပါဘူး။ ဒီမှာက မီးရောင်ရှိတယ်ဆိုတော့ အရမ်းကြောက်စရာ မကောင်းပါဘူး" ပြီးတော့ မိုရိချန်လည်း ဒီမှာရှိတယ်လေ!

မိုရိချန်က ယွမ်းစွော်ရဲ့ ဘဝဇာတ်ကြောင်းကို မသိပေ။ elvesတွေက သူတို့ရဲ့ ကစားသမားတွေကို မပြောခင် သတ်မှတ်ထားတဲ့အဆင့်တစ်ခုထိ ရောက်ဖို့လိုပေမယ့် သူ အသေးလေးရဲ့အတိတ်ကို ကြားသိလိုက်မိတိုင်း သူ့နှလုံးသားက ကြေကွဲသွားရသည်။

"ဒါဆို အခုကစပြီး ငါတို့ ဓာတ်လှေကားကို ဘယ်တော့မှ မစီးတော့ဘူး"

"အမ်...ကျေးဇူးတင်ပါတယ် မိုရိချန်" ယွမ်းစွော်က မိုရိချန်ရဲ့ဘေးသို့ ဂရုတစိုက် ရွေ့သွားပြီး  ထိုနည်းဖြင့် သူ ထပ်မကြောက်တော့ပေ!

မိုရိချန်က ယွမ်းစွော်ကို ခဏလောက် ကားပတ်မောင်းပေးလိုက်သည်။ သူတို့က ညဘက်အပန်းဖြေ ပန်းခြံကို ဖြတ်သွားတဲ့အခါ အတွင်းရှိ မီးရောင်တွေက ပြိုးပြိုးပြက်ပြက်ဖြင့် တောက်ပကာ လှပနေခဲ့သည်။ ယွမ်းစွော်က မျှော်လင့်တကြီးဖြင့် ကားပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။

"အခုက နောက်ကျနေပြီ။ နောက်တစ်ခေါက်ကျ ကစားဖို့ခေါ်သွားပေးမယ် ဟုတ်ပြီလား"

ယွမ်းစွော်က သူ့ခေါင်းကို ချက်ချင်း ပြန်လှည့်လိုက်သည်။ 

"ဒူ...ဒူဒူက ကလေးမဟုတ်တော့ပါဘူး" ဒါပေမယ့် သူတကယ်ဆော့ချင်မိတယ်။ အဲဒီ့ mouse slide ကြီးက တကယ်ကို ချစ်စရာကောင်းတာပဲ...

Mouse slide

မိုရိချန်က မနေနိုင်ပဲ ပြုံးနိုင်ကာ

 "မင်းက ကလေးမဟုတ်ရင်တောင် ကစားလို့ရသေးတယ်"

"တကယ်...တကယ်လား" 

ယွမ်းစွော်က အံ့သြသွားခဲ့သည်။ ကြယ်တာရာကမ္ဘာတွင် ကစားစရာအရုပ်တွေက အသက်ငါးနှစ်အောက် ကလေးများအတွက်သာ ဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်ရောက်ရင် တိုက်ပွဲဝင်ရမယ့် အရွယ်ရောက်နေပြီလို့ ဆိုလိုတယ်...မဟုတ်ဘူး သူက အခု အသက် ဆယ့်ကိုးနှစ်ရှိပြီဖြစ်ပြီး ဆိုလိုတာက ကြယ်တာရာကမ္ဘာမှာဆို လက်ထပ်လို့ရနေပြီ... မဟုတ်သေးပါဘူး သူအရမ်းတွေးလွန်းနေပြီ! ယွမ်းစွော်က သူ့အတွေးတွေကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။

မိုရိချန်က ပြောလိုက်သည်။ "သေချာတာပေါ့ နောက်တစ်ကြိမ်ကျ ငါတို့အတူ လာပြီး ကစားကြမယ်"

ကားက မြစ်ကမ်းဘေးတွင် ရပ်သွားခဲ့သည်။

နှစ်ယောက်သား မြစ်ကမ်းဘေးတစ်လျှောက်တွင် ဘေးချင်းကပ် လမ်းလျှောက်နေကြသည်။ တစ်ယောက်က သဘာဝအလျောက် အေးစက်တဲ့ စိတ်နေစိတ်ထားနှင့်အတူ အရပ်ရှည်ပြီး ချောမောကာ ကျန်တစ်ယောက်ကတော့  သွယ်လျပြီး တောက်ပကာ သူ့ရဲ့လက်တွေကို နောက်ကျောမှာ ထားရင်း ပျော်ရွှင်စွာဖြင့် လမ်းလျှောက်နေခဲ့သည်။

Zawgyi

အခန္း ၄၂: မိုရိ႐ႈရဲ႕ ခယ္မ

ဘန္း!

သူေျပာေနတဲ့စကားတစ္ဝက္တစ္ပ်က္မွာပင္ မိုရိ႐ႈရဲ႕အၾကည့္က တစ္ဖက္ဖန္သားျပင္ေပၚတြင္ ရပ္သြားခဲ့ၿပီး သူ႕ပါးစပ္က တဝက္ခန္႔ပြင့္ေနကာ သူ႕ရဲ႕ဒုတိယအစ္ကိုေပၚကို ခုန္ဝင္လာတဲ့ ဆယ္ေက်ာ္သက္ေလးအား ၾကည့္ရင္း ေနရာမွာပင္ ေအးခဲသြားခဲ့သည္။

မိုရိခ်န္က ၾကမ္းျပင္ေပၚသို႔ လဲက်မသြားခင္ ယြမ္းေစြာ္က ဂိမ္းထဲသို႔ စိတ္ႀကိဳက္ ဝင္ထြက္ႏိုင္ေနၿပီျဖစ္ေၾကာင္း မသိခဲ့ေပ။ သူ႕ရင္ခြင္ထဲကို ႐ုတ္​တရက္​ ခုန္​ဝင္​လာတဲ့လူက ​ႏူးညံ့ၿပီး ေႏြး​ေထြးေနသည္။ ပထမေတာ့ သူက ထိတ္လန္႔သြားေပမယ့္ ေနာက္ေတာ့ အံ့အားသင့္သြားကာ ေနာက္ဆုံးတြင္ ထိခိုက္မိသြားေသးလားလို႔ ထပ္ခါထပ္ခါေမးရင္း စိတ္လႈပ္႐ွားစြာျဖင့္ သူ႕လက္ထဲက လူကို ဆြဲထုတ္လိုက္သည္။

မိုရိခ်န္ရဲ႕ရင္ဘတ္ကို တိုက္မိလိုက္တာေၾကာင့္ ယြမ္းေစြာ္ရဲ႕ႏွာေခါင္းက နာက်င္သြားခဲ့သည္။ သူက စိတ္မေကာင္းျဖစ္ကာ သူ႕ကိုယ္သူအျပစ္တင္စိတ္ျဖင့္ ေခါင္းယမ္းျပလိုက္သည္။ "ကြၽန္ေတာ္...ကြၽန္ေတာ္ အဆင္ေျပပါတယ္။ ကြၽန္ေတာ္...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ တမင္ ရည္႐ြယ္ခ်က္႐ွိ႐ွိ ထြက္လာတာ မဟုတ္ပါဘူး..." 

အဲဒီ့မတိုင္ခင္က မိုရိခ်န္က သူ႕ကို ေဖာ္ထုတ္မျပရဘူးလို႔ ေျပာခဲ့တာေၾကာင့္ သူ ထပ္ၿပီး ျပသာနာ႐ွာမိျပန္တာလား...

"အဆင္ေျပပါတယ္ မစိုးရိမ္နဲ႔" အနီေရာင္ေျပာင္းေနတဲ့ ယြမ္းေစြာ္ရဲ႕ ႏွာေခါင္းထိပ္ႏွင့္ ၾကမ္းျပင္ေပၚကို ပြတ္ဆြဲလိုက္တာေၾကာင့္ အနည္းငယ္နီသြားတဲ့ လက္ဖဝါးေလးကို ၾကည့္ရင္း မိုရိခ်န္က စိတ္မေကာင္းစြာျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။  

"နာလား"

"မနာပါဘူး" 

ယြမ္းေစြာ္က ဟိုလူထပ္ၾကားသြားမွာ စိုးတာေၾကာင့္ သူ႕အသံကို တတ္ႏိုင္သမွ် တိုးေအာင္ ႀကိဳးစားေျပာလိုက္သည္။

တစ္ဖက္မွ မိုရိ႐ႈက ခက္ခက္ခဲခဲ တံေတြးမ်ိဳခ်လိုက္သည္။ အရင္တုန္းက သူ႕ရဲ႕ ဒုတိယအစ္ကိုက တစ္ေယာက္ေယာက္ကို ဒီေလာက္ ႏူးညံ့ေႏြးေထြးစြာ ေျပာတာကို မျမင္ခဲ့ဖူးေပ။ " ဒုတိယအစ္ကို ဒါက... ဒါက ကြၽန္ေတာ္႕ခယ္မလား"

မိုရိခ်န္က ယြမ္းေစြာ္ကို မတ္တပ္ရပ္ဖို႔ ကူညီေပးခဲ့ၿပီး တျခားဘယ္ေနရာမွာမွ ထိခိုက္သြားတာ မ႐ွိေၾကာင္း ေသခ်ာေအာင္ လုပ္ၿပီးေနာက္ ဖုန္းရဲ႕တစ္ဖက္က မိုရိ႐ႈကို ေလးနက္တဲ့အသံျဖင့္ ေျပာလိုက္သည္။ "အဓိပၸါယ္မ႐ွိတာမေျပာနဲ႔"

"အာ ကြၽန္ေတာ္သိပါတယ္ လွ်ိဳ႕ဝွက္ထားလိုက္ပါ့မယ္!" 

မိုရိ႐ႈက ဘယ္သူ႕ကိုမွ စကားတစ္ခြန္းမွ မေျပာဘူးလို႔ သူ႕အမူအရာျဖင့္ ျပလိုက္သည္။ သူ႕အစ္ကိုႀကီးက ေယာက်္ားေလးေတြကို သေဘာက်ၿပီး အခု သူ႕ဒုတိယအစ္ကိုလည္း အတူတူပင္။ ဒီအေၾကာင္းကို ေမေမမိုသိရင္ ေျပာစရာေတာင္ မလိုေအာင္ပင္ လက္ထပ္ဖို႔ စတင္တိုက္တြန္းခံရမယ့္သူက သူသာျဖစ္သည္။

မိုရိခ်န္က သူနားလည္မႈလြဲေနတာကို ျမင္ေပမယ့္ ဘာမွထပ္မ႐ွင္းျပခ်င္ေတာ့တာေၾကာင့္ ဗီဒီယိုcallေခၚဆိုမႈကို ပိတ္ဖို႔ သူ႕လက္ကို ေျမႇာက္လိုက္သည္။

"အိုင္း အိုင္း အိုင္း ဒုတိယအစ္ကို အစ္ကိုသာ အခု ဖုန္းခ်လိုက္ရင္ ကြၽန္ေတာ္ေတာ့ အရမ္းအထီးက်န္လြန္းလို႔ အေမ့ဆီကို ဖုန္းဆက္ရေတာ့မွာပဲ။ သူမသာ ဒါကိုသိသြားရင္..."

မိုရိခ်န္ရဲ႕လက္က ေလထဲတြင္ တန္႔သြားခဲ့သည္။

"ဟားဟား ဒုတိယအစ္ကို ကြၽန္ေတာ္ တျခားဘာမွ ရည္႐ြယ္ခ်က္မ႐ွိပါဘူး။ ခယ္မက အစ္ကို႔ေပၚကို ခုန္ဝင္လာတဲ့ အခိုက္အတန္႔က ျမန္ဆန္လြန္းလို႔ ကြၽန္ေတာ္က ေနာက္ဆက္တြဲအျဖစ္အပ်က္ေတြပဲ ျမင္လိုက္ရတယ္။ သူ႕မ်က္ႏွာကိုေတာင္ မျမင္လိုက္ရဘူး" 

မိုရိခ်န္က သူ႕ရဲ႕အႀကီးဆုံးအစ္ကိုႀကီးႏွင့္ မတူေပ။ သူ႕အျမင္အရေတာ့ ဒီႏွစ္ေတြအတြင္းတြင္  သူ႕ရဲ႕ဒုတိယအစ္ကိုမွာ ဘယ္မိန္းကေလးမွ... အာ...ဒါမွမဟုတ္ ဘယ္ေယာက်္ားေလးမွ ေဘးမွာ  မ႐ွိခဲ့တာေၾကာင့္  တစ္စုံတစ္ေယာက္က ႐ုတ္တရက္ သူ႕ရင္ခြင္ထဲကို ေျပးဝင္လာတဲ့အခါ မိုရိ႐ႈရဲ႕ သိခ်င္စိတ္ကို ႏိႈးဆြသြားေစတယ္ဆိုတာ က်ိဳးေၾကာင္းဆီေလ်ာ္ေပသည္။

"မင္း ဘာလိုခ်င္လို႔လဲ"

 မိုရိခ်န္က ေအးစက္ေနတဲ့ မ်က္ႏွာျဖင့္ ေမးလိုက္သည္။

မိုရိ႐ႈက သူ႕ေမးေစ့ကို လက္ျဖင့္ ထိလိုက္ရင္း မေၾကာက္ဘဲ ေျပာလိုက္သည္။  

"ဟဲ ဟဲ ကြၽန္ေတာ္က တစ္ခုခုလိုခ်င္ရဲပါ့မလား။ ကြၽန္ေတာ္က နည္းနည္းေလာက္ ရင္းႏွီးခ်င္ၿပီး  သူ႕မ်က္ႏွာေလးကို ျမင္ခ်င္လို႔ပါ!"

မိုရိခ်န္က ခဏေလာက္ စဥ္းစားလိုက္သည္။ သူ႕ရဲ႕ညီေလးက ငယ္စဥ္ကတည္းက အလိုလိုက္ခံထားရၿပီး ထိုနည္းအတိုင္း အနည္းငယ္ ျဖစ္ေနဆဲျဖစ္ကာ သူ႕စ႐ိုက္ကို ခ်ဳပ္ကိုင္ဖို႔ခက္သည္။ သူက တကယ္သြားၿပီး သူတို႔အေမကို တိုင္ၾကားမွာ မဟုတ္ေပမယ့္ နည္းနည္းေတာ့ ျပႆနာျဖစ္မွာ အေသအခ်ာပင္။

မိုရိခ်န္က ယြမ္းေစြာ္ဆီမွ ခြင့္ျပဳခ်က္ကို သူ႕မ်က္လုံးျဖင့္ ေမးလိုက္သည္။ ယြမ္းေစြာ္က ခဏေလာက္ ေအးခဲသြားခဲ့ၿပီးေနာက္ မိုရိခ်န္က ဘာကိုဆိုလိုတာလဲကို နားလည္သြားကာ ေခါင္းမညိတ္ခင္ တုန္႔ဆိုင္းေနခဲ့သည္။

"ၾကည့္႐ုံပဲၾကည့္  အဓိပၸါယ္မ႐ွိတဲ့စကားေတြ မေျပာနဲ႔!" 

မိုရိခ်န္က သတိေပးလိုက္သည္။

မိုရိ႐ႈက ခ်က္ခ်င္း ေခါင္းညိတ္လိုက္သည္။ ၾကည့္ရေတာ့ ဒီေန႔သူလုပ္ခဲ့တဲ့ေမြးေန႔ ဗီဒီယိုcallေခၚဆိုမႈက အခ်ည္းႏွီး မျဖစ္ခဲ့ပုံပင္။

မိုရိခ်န္က ယြမ္းေစြာ္ကို ကင္မရာထဲပါလာေအာင္ ဖုန္းကင္မရာကို အနည္းငယ္ေျပာင္းလိုက္ၿပီး  မိုရိ႐ႈကို ၫႊန္ျပရင္း ေျပာလိုက္သည္။ 

"ဒါက ငါ့ရဲ႕ တတိယညီေလး မိုရိ႐ႈပဲ"

ယြမ္းေစြာ္က စိတ္လႈပ္႐ွားေနေပမယ့္ ရည္မြန္စြာျဖင့္ လက္ကိုေဝွ႔ယမ္းျပလိုက္သည္။ 

"ဟယ္လို ကြၽန္ေတာ္႕နာမည္က ဒူဒူပါ"

မိုရိခ်န္ : "....."

ဖန္သားျပင္ေ႐ွ႕႐ွိ မိုရိ႐ႈက အံ့ၾသသြားခဲ့သည္။ ဒုတိယအစ္ကိုရဲ႕ မ်က္လုံးေတြက.... တကယ္ကို ေကာင္းတာပဲ!။ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ ၾကည္လင္ေနတဲ့မ်က္လုံးေတြႏွင့္ ေတာက္ပတဲ့အျပဳံးတို႔ျဖင့္ ဆယ္ေက်ာ္သက္ေလးက စကၠဴျဖဴတစ္႐ြက္ကဲ့သို႔ ျဖဴစင္ေၾကာင္း သူေျပာႏိုင္သည္။ သူက အနည္းငယ္ စိတ္လႈပ္႐ွားေနေပမယ့္ သူရဲေဘာေၾကာင္သူေတာ့ မဟုတ္ေပ။

ဒုတိယအစ္ကိုရဲ႕ စိတ္ေနစိတ္ထားက ျမင့္မား ေအးစက္ၿပီး လူေတြကို မၾကာခဏ ဖယ္ခြာေျပးေစခ်င္တဲ့ခံစားခ်က္ကို ေပးစြမ္းတတ္ေပမယ့္ ဒီဆယ္ေက်ာ္သက္ေလးရဲ႕ ေဘးမွာ ရပ္လိုက္တဲ့အခါ သူ႕တစ္ကိုယ္လုံး ေပ်ာ့ေပ်ာင္းေနတဲ့ပုံစံကို သူ အရင္က တစ္ခါမွ မျမင္ဖူးခဲ့ေပ။

"ဒူဒူ မဂၤလာပါ!" 

မိုရိ႐ႈက ႏႈတ္ဆက္လိုက္သည္။

"ေကာင္းၿပီ မင္း သူ႕ကို ျမင္ဖူးၿပီးၿပီ" မိုရိခ်န္က ေအးစက္စြာေျပာၿပီးေနာက္ ဖုန္းကို လွည့္လိုက္သည္။ ယြမ္းေစြာ္က ဖန္သားျပင္ထက္မွ ေပ်ာက္ကြယ္သြားခဲ့သည္။

ျမင္ကြင္းကို ပိတ္ဆို႔ခံလိုက္ရတဲ့ မိုရိ႐ႈက  သူ႕ရဲ႕ ဒုတိယအစ္ကို၏တြန္႔တိုမႈကို သူ႕ႏွလုံးသားထဲတြင္ တိတ္တဆိတ္သာ ညည္းညဴႏိုင္ခဲ့သည္။ သူ ေနာက္တစ္ခါေလာက္ၾကည့္လိုက္မိရင္  အသားပဲ့ပါသြားေတာ့မလိုပင္။

"ေကာင္းၿပီ ဒုတိယအစ္ကို ဒီေန႔ေတာ့ ဒီေလာက္ပဲေပါ့။ ဒါေပမယ့္ အစ္ကိုအခ်ိန္ရရင္ သူ႕အေၾကာင္း ကြၽန္ေတာ္႕ကို ထပ္ေျပာျပရမယ္ေနာ္... ဟား~" 

သူက ေနာက္ဆုံးစကားလုံးကို အသံ႐ွည္ဆြဲကာ ေျပာလိုက္ၿပီး သူ႕ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာက အတင္းအဖ်င္းအျပဳံးျဖင့္  ျပည့္ေနခဲ့သည္။

မိုရိခ်န္က တကယ္ကို ထပ္ၿပီး  သည္းမခံႏိုင္ေတာ့တာေၾကာင့္ လက္ကို ေျမႇာက္လိုက္ၿပီး ဗီဒီယိုcallကို ပိတ္လိုက္သည္။ အဲဒါကို ေတြးၿပီးေနာက္ သူက မိုရိ႐ႈဆီကို စာအိတ္အနီေရာင္အႀကီးႀကီးကို စာတိုတစ္ေစာင္ႏွင့္အတူ ပို႔လိုက္သည္: 'အဓိပၸါယ္မ႐ွိတဲ့စကားေတြ မေျပာနဲ႔။ သူက ဒီတိုင္း သူငယ္ခ်င္းေကာင္းပဲ'

မိုရိ႐ႈက စာအိတ္အနီကို လက္ခံရ႐ွိတဲ့အခ်ိန္တြင္ ေသြး႐ူးေသြးတန္းပင့္ထားတဲ့ မ်က္ခုံးေမႊးတစ္ခုႏွင့္အတူ သိုဝွက္ထားတဲ့ အျပဳံးႀကီးျဖင့္ emojiတစ္ခုကို   အႀကိမ္ေပါင္းမ်ားစြာ ေပးပို႔ခဲ့သည္: 'ကြၽန္ေတာ္ သိပါတယ္။ ကြၽန္ေတာ့္ပါးစပ္ကို  ေသခ်ာပိတ္ထားပါ့မယ္!'

ၾကည့္ရတာက... ႐ွင္းျပခ်က္က မ႐ွင္းေသးတဲ့ပုံပင္။

မိုရိခ်န္က ေခါင္းကို ကူကယ္ရာမဲ့စြာ ခါယမ္းလိုက္ၿပီး ယြမ္းေစြာ္ကို ထပ္ၾကည့္လိုက္သည္။

ယြမ္းေစြာ္က ေဘးနားတြင္ ရပ္ေနရင္း အနည္းငယ္ ကသိကေအာက္ျဖစ္ေနခဲ့သည္။ သူတို႔ႏွစ္ေယာက္က လက္ေတြ႕တြင္ အရင္က တစ္ႀကိမ္ေတြ႕ဖူးခဲ့ေပမယ့္ ေတြ႕ခ်ိန္က တိုေတာင္းတဲ့အတြက္ ယြမ္းေစြာ္က သက္ဝင္လႈပ္႐ွားေနတဲ့ မိုရိခ်န္ကို ထပ္ေတြ႕လိုက္ရတာေၾကာင့္ ႐ွင္းမျပႏိုင္ေလာက္ေအာင္  ထိတ္လန္႔ေနဆဲျဖစ္သည္။

"ဒူဒူ မင္း ဘယ္တုန္းက အဆင့္ျမႇင့္ခဲ့တာလဲ" မိုရိခ်န္က အဆင့္ ၂၀ေရာက္ရင္ ထြက္လာမယ့္ အေသးေလးကို စိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနခဲ့တာျဖစ္သည္။

ယြမ္းေစြာ္က အျမန္႐ွင္းျပလိုက္သည္။ "ဒီေန႔တင္ပဲ။ ေက်ာင္းက အရင္က အႏုပညာစာေမးပြဲရလဒ္ေတြကို ေၾကညာခဲ့ၿပီး ကြၽန္ေတာ္က ပထမရခဲ့တာေၾကာင့္ အမွတ္တစ္မွတ္ ရခဲ့တယ္။ အစကေတာ့ မိုရိခ်န္ ကို supriseလုပ္မလို႔ေပမယ့္...အခုေလးတင္ ဘာျဖစ္သြားလဲ မသိဘူး။ ကြၽန္ေတာ္က ဂိမ္းထဲက အဝင္အထြက္ကို ေကာင္းေကာင္း မထိန္းခ်ဳပ္ႏိုင္လို႔ ျဖစ္ရမယ္။ ကြၽန္ေတာ္ ထပ္ၿပီး...ထပ္ၿပီး ျပသာနာ႐ွာမိျပန္ၿပီလားဟင္"  

ယြမ္းေစြာ္က အဲ့လိုေျပာေနရင္း သူ႕ရဲ႕အခြံထဲကို အခ်ိန္မေ႐ြးျပန္က်ံဳ႕ဝင္သြားႏိုင္တဲ့ ခ႐ုေလးလို သူ႕ရဲ႕အ႐ွိန္တစ္ခုလုံးက အားနည္းသြားခဲ့သည္။

မိုရိခ်န္က သက္ျပင္းခ်လိုက္သည္။ သူဘယ္ႏွစ္ခါပဲ ကတိေပးခဲ့ပါေစ အေသးေလးက ေနာက္ဆုံးအႀကိမ္က ျဖစ္ခဲ့တဲ့ စနစ္ခြၽတ္ယြင္းခ်က္​ကို ေၾကာက္လန္႔ေနၿပီး 'ဒုကၡျဖစ္ေစမွာ'ကို ​စိုးရိမ္ေနပုံရသည္။ စနစ္ ခြၽတ္ယြင္းတဲ့အေၾကာင္းကို  ေတြးလိုက္မိေတာ့ မိုရိခ်န္ရဲ႕ႏွလုံးသားက တုန္လႈပ္သြားခဲ့သည္။ သူက သူ႕လက္ကို ေျမႇာက္လိုက္ၿပီး သူ႕လက္ဖဝါးက ယြမ္းေစြာ္ရဲ႕ေခါင္းေပၚကို ေရာက္သြားၿပီး သူ႕ရဲ႕ပါးလႊာေပ်ာ့ေပ်ာင္းေနတဲ့ ဆံပင္ေတြကို... သူစိတ္ကူးထားခဲ့ဖူးတဲ့အတိုင္း ပြတ္လိုက္သည္။

"မင္းျပသာနာ မ႐ွာခဲ့ပါဘူး။ မိုရိ႐ႈက ငါ့ညီေလ။အဆင္ေျပပါတယ္"

"ဒါဆို… ေကာင္းလိုက္တာ"  သူျပသာနာမ႐ွာခဲ့ေၾကာင္း အတည္ျပဳၿပီးေနာက္ ယြမ္းေစြာ္က ထပ္ျပဳံးလိုက္သည္။

မိုရိခ်န္က ေျပာလိုက္သည္။ 

"ကဲ အခု ကိတ္မုန္႔ကို ထုတ္ၾကရေအာင္"

ယြမ္းေစြာ္က ေခါင္းညိတ္လိုက္ၿပီး 

"အြမ္း!"

မိုရိခ်န္က ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး ကိတ္မုန္႔ထုတ္ဖို႔ ဂိမ္းထဲ ဝင္ရန္ အဆင္သင့္ျဖစ္ေနခဲ့သည္။ ရလဒ္အေနျဖင့္ ယြမ္းေစြာ္က သူ႕အက်ႌလက္ေတြကို ႐ုတ္တရတ္ ဆြဲလိုက္ၿပီး "ကြၽန္ေတာ္အထဲဝင္ၿပီး သြားယူလိုက္မယ္ မဟုတ္ရင္ ေ႐ႊဒဂၤါးျပားေတြ ကုန္ေနလိမ့္မယ္"

မိုရိခ်န္က မထိန္းႏိုင္ပဲ ရယ္လိုက္သည္။ အေသးေလးက ပိုက္ဆံစုဖို႔ ေတြးေနပုံပင္။

"ေကာင္းၿပီေလ" 

မိုရိခ်န္က သူ႕အဆိုျပဳခ်က္ကို သေဘာတူလိုက္သည္။

ထို႔ေနာက္ သူကအသက္႐ႈၾကပ္ေနရင္း ယြမ္းေစြာ္က ပထမဆုံးအႀကိမ္ ဖုန္းထဲကို အလိုအေလ်ာက္ အဝင္၊အထြက္လုပ္ရန္ စနစ္ရဲ႕ၫႊန္ၾကားခ်က္ေတြကို လိုက္နာခဲ့သည္။ သူက ဂိမ္းထဲမွ တိုက္ခန္းထဲကို တေျဖးေျဖး ဆင္းသက္သြားခဲ့သည္။ သူ႕ပိုင္႐ွင္က ေပၚလာတဲ့အခါ အလြန္ေပ်ာ္သြားၿပီး ခဏေနေတာ့ ျပန္ေပ်ာက္သြားတာကိုျမင္ေတာ့ မာ့႐ွ္မယ္လိုက အဆက္မျပတ္ေဟာင္ေနခဲ့သည္။ ယြမ္းေစြာ္က ကိတ္ကိုယူၿပီး မိုရိခ်န္ရဲ႕ေဘးကို ျပန္မလာခင္ မာ့႐ွ္မယ္လိုအတြက္ သေရစာႏွင့္ အ႐ုပ္ေတြကို ျပင္ဆင္ေပးထားခဲ့သည္။ 

ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ကာ ဖေယာင္းတိုင္မီးေတြ ထြန္းညႇိၿပီး ဆုေတာင္းဆႏၵတစ္ခု ျပဳၾကကာ ဖေယာင္းတိုင္ကို အတူမႈတ္လိုက္ၾကသည္။ သူတို႔ဆုေတာင္းေနၾကစဥ္ မိုရိခ်န္က သူ႕မ်က္လုံးေတြကို ဖြင့္ကာ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ အလြန္ေလးနက္တဲ့အမူအရာျဖင့္ ယြမ္းေစြာ္ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့မ်က္ႏွာေလးကို ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ ယြမ္းေစြာ္ကို ဘာဆုေတာင္းခဲ့သလဲလို႔  ေမးလိုက္သည္။ ယြမ္းေစြာ္က တုံ႔ဆိုင္းသြားခဲ့ၿပီး အက်ယ္ႀကီးေျပာလိုက္ရင္ ဆုေတာင္းဆႏၵက တကယ္ျဖစ္လာမွာမဟုတ္ဘူးလို႔ အထစ္ထစ္အေငါ့ေငါ့ေျပာရင္း သူ႕မ်က္ႏွာေလးက ႐ုတ္တရက္နီရဲသြားခဲ့သည္။

ႏွစ္ေယာက္သား ကိတ္မုန္႔ အတူတူစားၿပီးခ်ိန္တြင္ ည ႐ွစ္နာရီ ထိုးေနၿပီ။ ယြမ္းေစြာ္ ဂိမ္းထဲမွ ထြက္ခဲ့သည္မွာ သုံးနာရီခန္႔႐ွိၿပီျဖစ္သည္။

မိုရိခ်န္က ေမးလိုက္သည္။ 

"မင္း အခု အျပင္မွာ ဘယ္ေလာက္ၾကာၾကာေနႏိုင္မွာလဲ"

ယြမ္းေစြာ္က ျပန္ေျဖလိုက္သည္။ 

"ငါးနာရီ"

တစ္နည္းအားျဖင့္ သုံးဖို႔ ႏွစ္နာရီက်န္ေသးသည္။

"ဒူဒူ အျပင္ကို သြားၾကည့္ၾကရေအာင္" မိုရိခ်န္က ဂိမ္းအတြင္းက ဒူဒူ႕ရဲ႕ကန္႔သတ္ခံထားရတဲ့ လႈပ္႐ွားမႈဧရိယာကို ေတြးမိၿပီး အၾကံျပဳလိုက္သည္။ သူက အားလပ္ရက္ေတြမွသာ ပန္းျခံသို႔ လမ္းေလွ်ာက္ထြက္ႏိုင္ၿပီး ေန႔ဘက္မွသာ သြားလာႏိုင္တာျဖစ္သည္။

ယြမ္းေစြာ္က မိုရိခ်န္ရဲ႕စကားကို ၾကားတဲ့အခါ ပါးစပ္ထဲမွာ ႐ွိေနဆဲျဖစ္တဲ့ ကိတ္မုန္႔စားဖို႔ သုံးတဲ့ ခက္ရင္းေလးကို ကိုက္ရင္း စိတ္လႈပ္႐ွားစြာ ေခါင္းညိတ္ျပလိုက္သည္။

မိုရိခ်န္က ယြမ္းေစြာ္ရဲ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး ခက္ရင္းကို ထုတ္ယူကာ အျမန္တုံ႔ျပန္လိုက္သည္။

"ေနာက္ခါ ခက္ရင္းကို ကိုက္ၿပီး ေခါင္းမညိတ္နဲ႔။ မင္းရဲ႕သြားဖုံးေတြ ေပါက္သြားလိမ့္မယ္ နားလည္ရဲ႕လား"  မိုရိခ်န္က သတိေပးလိုက္ရင္း ယြမ္းေစြာ္ရဲ႕ လက္ေကာက္ဝတ္ျဖဴေလးကို လႊတ္ေပးလိုက္သည္။

ယြမ္းေစြာ္က နာခံစြာ ေခါင္းညိတ္လိုက္သည္။

ယြမ္းေစြာ္က ဂိမ္းထဲသို႔ ျပန္သြားၿပီး အဝတ္အစားလဲလိုက္သည္။ သူထြက္လာတဲ့အခါ မိုရိခ်န္က သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားၿပီးၿပီ ျဖစ္တာေၾကာင့္ ႏွစ္ေယာက္သား အိမ္အျပင္ကို အတူတကြ ထြက္ခဲ့ၾကသည္။

ဒါက ယြမ္းေစြာ္အတြက္ တကယ့္ကမ႓ာႀကီးနဲ႔ ပထမဆုံးထိေတြ႕တာျဖစ္သည္။

မိုရိခ်န္ေနတဲ့အထပ္က သိပ္မျမင့္ေပမယ့္ ဓာတ္ေလွကားကို သုံးဖို႔လိုေနဆဲ ျဖစ္သည္။ ယြမ္းေစြာ္က အရင္က အဲ့ဒါကို  TVထဲတြင္သာ ျမင္ဖူးခဲ့သည္။

ဓာတ္ေလွကားထဲကို ဝင္ၿပီးေနာက္ မိုရိခ်န္က ေျမညီထပ္ကို ႏွိပ္လိုက္သည္။

ယြမ္းေစြာ္က ဓာတ္ေလွကားထဲသို႔ ဝင္သြားလိုက္ေပမယ့္ တံခါးပိတ္သြားတဲ့အခိုက္အတန္႔တြင္ သူက တုန္လႈပ္သြားခဲ့သည္။ မိုရိခ်န္က အဲ့ဒါကို ေသခ်ာ သတိျပဳမိလိုက္တာေၾကာင့္ ယြမ္းေစြာ္ဆီ လွမ္းၾကည့္ကာ ေမးလိုက္သည္။ 

"ဘာျဖစ္လို႔လဲ အဆင္မေျပဘူးလား" ယြမ္းေစြာ္မွာ claustrophobiaႏွင့္ အျခား သူမသိတဲ့ ျပသာနာေတြ ႐ွိေနမွာကို စိုးရိမ္သြားခဲ့သည္။ 

"မင္းအဆင္မေျပရင္ ငါတို႔ အခု ထြက္လိုက္ၿပီး ေလွကားကေန သြားၾကမယ္ေလ" 

ထိုသို႔ေျပာၿပီးေနာက္ သူက ဓာတ္ေလွကားကို ရပ္လိုက္သည္။

(T/N: claustrophobia (fear of enclosed space)ဆိုတာက ေနရာေသးေသးက်ဥ္းက်ဥ္းေလးေတြကို ဝင္ရမွာ ေၾကာက္တဲ့စိတ္ပါတဲ့)

"အဲ့ဒါ အဲ့ဒါက အဆင္ေျပပါတယ္"

မိုရိခ်န္ရဲ႕ လႈပ္႐ွားမႈေတြက ရပ္တန္႔သြားေပမယ့္ အေသးေလးရဲ႕ ခံစားခ်က္အေျပာင္းအလဲကို ႐ွင္းလင္းစြာ ခံစားမိလိုက္သည္။ တံခါးပိတ္သြားတဲ့အခ်ိန္တြင္ သူ႕မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားျပန္သည္။

"အရင္က ဓာတ္ေလွကား မစီးဖူးလို႔ ေၾကာက္ေနတာလား"

ယြမ္းေစြာ္က ခဏေလာက္ တုံ႔ဆိုင္းသြားခဲ့သည္။ 

"အဲ့လို အဲ့လို မဟုတ္ပါဘူး။  ငယ္ငယ္တုန္းက အမွားလုပ္မိရင္ အက်ဥ္းခန္းထဲမွာ ျပန္ေတြးဖို႔ အျပစ္ေပးခံရတယ္။ ဒီေနရာနဲ႔ ခပ္ဆင္ဆင္တူေပမယ့္...အရမ္းေတာ့ မတူပါဘူး။ ဒီမွာက မီးေရာင္႐ွိတယ္ဆိုေတာ့ အရမ္းေၾကာက္စရာ မေကာင္းပါဘူး" ၿပီးေတာ့ မိုရိခ်န္လည္း ဒီမွာ႐ွိတယ္ေလ!

မိုရိခ်န္က ယြမ္းေစြာ္ရဲ႕ ဘဝဇာတ္ေၾကာင္းကို မသိေပ။ elvesေတြက သူတို႔ရဲ႕ ကစားသမားေတြကို မေျပာခင္ သတ္မွတ္ထားတဲ့အဆင့္တစ္ခုထိ ေရာက္ဖို႔လိုေပမယ့္ သူ အေသးေလးရဲ႕အတိတ္ကို ၾကားသိလိုက္မိတိုင္း သူ႕ႏွလုံးသားက ေၾကကြဲသြားရသည္။

"ဒါဆို အခုကစၿပီး ငါတို႔ ဓာတ္ေလွကားကို ဘယ္ေတာ့မွ မစီးေတာ့ဘူး"

"အမ္...ေက်းဇူးတင္ပါတယ္ မိုရိခ်န္" ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ေဘးသို႔ ဂ႐ုတစိုက္ ေ႐ြ႕သြားၿပီး  ထိုနည္းျဖင့္ သူ ထပ္မေၾကာက္ေတာ့ေပ!

မိုရိခ်န္က ယြမ္းေစြာ္ကို ခဏေလာက္ ကားပတ္ေမာင္းေပးလိုက္သည္။ သူတို႔က ညဘက္အပန္းေျဖ ပန္းျခံကို ျဖတ္သြားတဲ့အခါ အတြင္း႐ွိ မီးေရာင္ေတြက ၿပိဳးၿပိဳးျပက္ျပက္ျဖင့္ ေတာက္ပကာ လွပေနခဲ့သည္။ ယြမ္းေစြာ္က ေမွ်ာ္လင့္တႀကီးျဖင့္ ကားျပတင္းေပါက္မွ လွမ္းၾကည့္လိုက္သည္။

"အခုက ေနာက္က်ေနၿပီ။ ေနာက္တစ္ေခါက္က် ကစားဖို႔ေခၚသြားေပးမယ္ ဟုတ္ၿပီလား"

ယြမ္းေစြာ္က သူ႕ေခါင္းကို ခ်က္ခ်င္း ျပန္လွည့္လိုက္သည္။ 

"ဒူ...ဒူဒူက ကေလးမဟုတ္ေတာ့ပါဘူး" ဒါေပမယ့္ သူတကယ္ေဆာ့ခ်င္မိတယ္။ အဲဒီ့ mouse slide ႀကီးက တကယ္ကို ခ်စ္စရာေကာင္းတာပဲ...

Mouse slide

မိုရိခ်န္က မေနႏိုင္ပဲ ျပဳံးႏိုင္ကာ

 "မင္းက ကေလးမဟုတ္ရင္ေတာင္ ကစားလို႔ရေသးတယ္"

"တကယ္...တကယ္လား" 

ယြမ္းေစြာ္က အံ့ၾသသြားခဲ့သည္။ ၾကယ္တာရာကမ႓ာတြင္ ကစားစရာအ႐ုပ္ေတြက အသက္ငါးႏွစ္ေအာက္ ကေလးမ်ားအတြက္သာ ျဖစ္သည္။ အသက္ဆယ့္႐ွစ္ႏွစ္အ႐ြယ္ေရာက္ရင္ တိုက္ပြဲဝင္ရမယ့္ အ႐ြယ္ေရာက္ေနၿပီလို႔ ဆိုလိုတယ္...မဟုတ္ဘူး သူက အခု အသက္ ဆယ့္ကိုးႏွစ္႐ွိၿပီျဖစ္ၿပီး ဆိုလိုတာက ၾကယ္တာရာကမ႓ာမွာဆို လက္ထပ္လို႔ရေနၿပီ... မဟုတ္ေသးပါဘူး သူအရမ္းေတြးလြန္းေနၿပီ! ယြမ္းေစြာ္က သူ႕အေတြးေတြကို အျမန္ျပန္ဆြဲထုတ္လိုက္သည္။

မိုရိခ်န္က ေျပာလိုက္သည္။ "ေသခ်ာတာေပါ့ ေနာက္တစ္ႀကိမ္က် ငါတို႔အတူ လာၿပီး ကစားၾကမယ္"

ကားက ျမစ္ကမ္းေဘးတြင္ ရပ္သြားခဲ့သည္။

ႏွစ္ေယာက္သား ျမစ္ကမ္းေဘးတစ္ေလွ်ာက္တြင္ ေဘးခ်င္းကပ္ လမ္းေလွ်ာက္ေနၾကသည္။ တစ္ေယာက္က သဘာဝအေလ်ာက္ ေအးစက္တဲ့ စိတ္ေနစိတ္ထားႏွင့္အတူ အရပ္႐ွည္ၿပီး ေခ်ာေမာကာ က်န္တစ္ေယာက္ကေတာ့  သြယ္လ်ၿပီး ေတာက္ပကာ သူ႕ရဲ႕လက္ေတြကို ေနာက္ေက်ာမွာ ထားရင္း ေပ်ာ္႐ႊင္စြာျဖင့္ လမ္းေလွ်ာက္ေနခဲ့သည္။

Continue Reading

You'll Also Like

600K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
495K 64.8K 60
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
171K 18.1K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
155K 19.9K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ