ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Com...

By Naing447

89.9K 10.1K 444

ရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.20... More

အမှာစာ//အမွာစာ
Part 1(Uni+Zawgyi)
Part 2(Uni+Zawgyi)
Part 3(Uni+Zawgyi)
Part 4(Uni+Zawgyi)
Part 5(Uni+Zawgyi)
Part 6(Uni+Zawgyi)
Part 8(Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10(Uni+Zawgyi)
Part 11(Uni+Zawgyi)
Part 12(Uni+Zawgyi)
Part 13(Uni+Zawgyi)
Part 14(Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+Zawgyi)
Part 19(Uni+Zawgyi)
Part 20(Uni+Zawgyi)
Part 21(Uni+Zawgyi)
Part 22(Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24(Uni+Zawgyi)
💎Final💎
Extra

Part 7(Uni+Zawgyi)

3.1K 454 54
By Naing447

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက်မနက်မိုးလင်းလို့နိုးလာတော့ နေတောင်နဲနဲမြင့်နေပြီ....

ရိပေါ်ကတော့ ဘေးနားမှာမရှိတော့။အပြင်ထွက်သွား သည်နေမှာ...ခုတော့ ဂူထဲမှာသူတစ်ယောက်ထဲသာ....

အချိန်သိချင်တာကြောင့်ကျောပိုးအိတ်ထဲက ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တော့ ၈နာရီ...ဖုန်းမှာတိုင်တွေအမှားပြနေမှာကတော့ ပြောစရာပင်မလို။

ထို့နောက် ကျောပိုးအိတ်ထဲမှရေသန့်ဘူးနှင့် သွားတိုက်ဆေး၊သွားတိုက်တံ များကိုထုတ်ကာ မျက်နှာသစ်၊သွားတိုက်လိုက်သည်။

"တော်သေးတာပေါ့...လွယ်အိတ်ထဲ ဒါတွေပါ လိုလိုပိုပို ထည့်လာမိလို့"

ထို့နောက် ရှောင်းကျန့်တစ်ယောက် သတိထားမိသွားတာကတော့ သူနဲ့အတူ ပါလာတဲ့ နီညိုရောင် စာအုပ်လေးမရှိတော့သည်ကိုပင်။ကျောပိုးအိတ်တစ်ခုလုံး အနှံ့လိုက်ရှာပေမယ့် မတွေ့...ဖြစ်နိုင်တာက...

"ဒိုင်နိုဆောကြီးနဲ့ တွေ့တုန်းက ငါပြေးရင်းလွှားရင်းနဲ့ ကျကျန်ခဲ့တာဖြစ်မယ်...ထားလိုက်ပါတော့လေ အရေးမှမကြီးပဲ"

ရှောင်းကျန့်လည်း ဂူအပြင်သို့သာထွက်ဖို့လုပ်တော့သည်။အကောင်ပလောင်တွေ ကြောက်ပြီး ဂူထဲမှာပဲ အမြဲတော့မနေနိုင်ပါ။ကမ္ဘာဦးကို ရောက်တုန်း လေ့လာကြည့်ချင်သေးသည်...

ထိုစဥ်မှာပင် ရိပေါ်တစ်ယောက် အပြင်မှ ဂူထဲသို့ ပြန်ဝင်လာသည်ကိုတွေ့ရသည်။ရိပေါ်ရဲ့ လက်ထဲမှာလည်းအသီးတစ်ချို့ကို ကိုင်ထားလေသည်။ထို့နောက်သူ့အား ထိုအသီး များကိုပေးလာသည်။

ဒါဆို မနက်ထဲက အပြင်ထွက်သွားတာသူ့အတွက် အသီးတွေ သွားခူးပေးနေတာပေါ့လေ....

ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကအထက်သို့ အနည်းငယ်ကွေးညွှတ်သွားသည်။ထို့နောက် ရိပေါ်ရဲ့ လက်ထဲမှ အသီးများကိုယူလိုက်သည်။

အသီးများမှာ သူတစ်ခါမှ မမြင်ဖူးတဲ့အသီးများ...တစ်ချို့အသီးလေးတွေဆို စပျစ်သီးပုံစံနဲ့ဆင်တူပေမယ့်ခရမ်းရောင်မဟုတ်ဘဲ တစ်ခိုင်ထဲမှ အရောင်စုံလေးတွေ သီးနေလေသည်။အသီးတွေအားလုံးထဲမှာမှ သူသိတာကတော့ ပန်းသီးပင်...ထိုပန်းသီးမှာကြီးလွန်းတာကြောင့် လက်တစ်ဖက်ထဲဆိုရင်မနဲကိုင်ရသည်။ဒီပန်းသီးတစ်လုံးထဲနဲ့တင် မနက်စာတော့ လုံလောက်ပါပြီ....

ရှောင်းကျန့်လည်း ထိုနီရဲနေတဲ့ ပန်းသီးကို ကိုင်ကာ ကိုက်စားလိုက်သည်။စားခဲ့ဖူးတဲ့ ပန်းသီးပေါင်း များစွာထက် ချိုမြိန်နေတာမို့ စားပြီးရင်း စားနေမိသည်။

ရှောင်းကျန့် ပန်းသီးအား အားရပါးရ စားနေတာကို မြင်တော့မှ ရိပေါ်တစ်ယောက် ပြုံးနိုင်တော့သည်။ထို့နောက် ဘေးနားမှာပင် ရှောင်းကျန့်စားနေတာကို ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ ရိပေါ်....

(ကမ္ဘာဦးလူသားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ပန်းသီးပေးခြင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ဘဝလက်တွဲဖော် ကိုရွေးချယ် လိုက်ခြင်းပါတဲ့)

"ရိပေါ်...ပန်းသီးက အရမ်းစားကောင်းတာပဲ...ငါတော့ ကမ္ဘာဦးက ပန်းသီးကိုစားဖူးခဲ့ပြီ.."

"ဂူးးးဝါးးးဂါးးး"

ရိပေါ်​ ပြောနေတဲ့ဟာတွေကို နားမလည်ပေမယ့် ရှောင်းကျန့်တစ်ယောက် ထင်သလိုသာ ဘာသာပြန်လိုက်သည်။

"မင်းး စားချင်လို့လား ရိပေါ်...အင့်"

ရှောင့်ကျန့်လည်း ရိပေါ်အား သူစားလက်စ ပန်းသီးအား ရိပေါ်ပါးစပ်နားသို့ကပ်ပေးလိုက်သည်။ ရိပေါ်ကလည်း သူ့ခွံ့ကျွေးတဲ့ပန်းသီးကိုပင် ပြုံးရင်းစားနေသည်။

ရှောင်းကျန့်မသိတာက ကမ္ဘာဦးမှာ ပန်းသီးအပြန်အလှန်ကျွေးတာဟာ ဒီဖက်ခေတ်မှာ လက်ထပ်တာနဲ့ပုံစံတူပါတယ်တဲ့...

ဘာပဲဖြစ်ဖြစ် ကမ္ဘာဦးလူသားလေး
ရိပေါ်ကတော့ ရှောင်းကျန့်အား သူ့ရဲ့ အိမ်ထောင်ဖက်လို့ မှတ်ယူသွားတော့သည်။

"ရိပေါ်...ငါတို့ ဂူအပြင်ကိုထွက်ရအောင်"

ရှောင်းကျန့်တစ်ယောက် ဂူအပြင်ဘက်သို့ထွက်ချင်ကြောင်း လက်ညှိုးထိုးပြလိုက်သည်။

ရိပေါ်က နားလည်သည်ထင်တယ်...သူ့လက်အားဆွဲကာ ဂူအပြင်ဘက်သို့ ခေါ်သွားလေသည်။

သူနေထိုင်တဲ့ မြို့ပြတွေလို မွန်းကြပ်မနေပဲ သဘာဝလေတွေက လတ်ဆတ်စွာ...

"ဝါးးးးကမ္ဘာဦးက အရမ်းလှတာပဲ...ဟိုမှာ ပန်းတွေအများကြီးပဲ ရိပေါ်"

ရှောင်းကျန့် ရိပေါ်လက်အားဆွဲကာ မြင်နေရတဲ့ ပန်းခင်းသို့ သွားလိုက်သည်။

ပန်းခင်းမှာ ပန်းတွေက အရောင်စုံ၊တစ်ချို့အပင်တွေဆို ခရေပန်းနှင့်ဆင်တူပေမယ့် ခရေပန်းလိုမဟုတ်ဘဲ အရိုးတံရှည်များနှင့်ဖြစ်သည်။အားလုံးထဲမှာသူ့စိတ်ကိုဖမ်းစားသွားတာကတော့ ခရမ်းရောင်ပွင့်ဖတ်တွေနဲ့ ပန်းပွင့်အကြီးကြီးတွေ...

ရှောင်းကျန့်တစ်ယောက် ကိုင်ကြည့်ဖို့လုပ်ပေမယ့် ရိပေါ်ရဲ့ ဒေါသ တကြီးဟန့်တားခြင်းကြောင့် ရပ်တန့်သွားရသည်။

"ဂါးးးဂွီးး!!!"

ထိုစဥ်မှာပင် အကောင်တစ်ကောင်ဟာ ထိုပန်းပွင့်ပေါ်ကိုနားမိပြီး သေဆုံးသွားလေသည်။

"ဒါ...ဒါက အဆိပ်ရှိနေတာလား!!!ဟူးးးတော်သေးတာပေါ့...ကမ္ဘာဦးက ပန်းတွေက လှပေမယ့် ကြောက်စရာကြီးပဲ"

သူလည်း ထိုပန်းခင်းနားက အမြန်ထွက်လာခဲ့လိုက်သည်။ထိုစဥ်သူ့နောက်က လိုက်လာတဲ့ရိပေါ်... လက်ထဲမှာလည်း အဝါရောင်ပန်းလေးတစ်ပွင့်နှင့်။

ထို့နောက်ရိပေါ်က သူ့ရှေ့မှာ ပိတ်ရပ်ကာ ထိုပန်းပွင့်လေးကို သူ့အားပေးလေသည်။

"ငါ့ကိုပေးတာလား"

"ဂွါးးးဂူးး"

ရိပေါ်က သူ့အား အဝါရောင်ပန်းပွင့်လေးအားပန်ပေးလာသည်။

"ငါက ယောက်ျားလေးလေ ဘာလို့
ပန်းပန်ရမှာလဲ"

ရိပေါ်က သူ့စကားအားနားလည်သည်ထင်တယ်...မျက်နှာမှာ ဝမ်းနည်းတဲ့ အရိပ်ရောင်တစ်ချို့တွေ့လိုက်ရသည်။

"အဟမ်းးးး ဒါပေမယ့် ဒီပန်းက မင်းပန်ပေးထားတာမို့ ဒီတစ်ရက်တော့ ပန်ထားလိုက်တော့မယ်...."

ထိုအခါမှ ပြုံးသွားသော ရိပေါ်မျက်နှာ...ရှောင်းကျန့်လည်း
ထပ်တူ ထပ်မျှ ပြုံးလိုက်မိတော့သည်။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

⭐Zawgyi⭐

ေရွာင္းက်န္႔တစ္ေယာက္မနက္မိုးလင္းလို႔ႏိုးလာေတာ့ ေနေတာင္နဲနဲျမင့္ေနၿပီ....

ရိေပၚကေတာ့ ေဘးနားမွာမရိွေတာ့။အျပင္ထြက္သြား သည္ေနမွာ...ခုေတာ့ ဂူထဲမွာသူတစ္ေယာက္ထဲသာ....

အခ်ိန္သိခ်င္တာေၾကာင့္ေက်ာပိုးအိတ္ထဲက ဖုန္းကိုထုတ္ၿပီး ၾကည့္လိုက္ေတာ့ ၈နာရီ...ဖုန္းမွာတိုင္ေတြအမွားျပေနမွာကေတာ့ ေျပာစရာပင္မလို။

ထို႔ေနာက္ ေက်ာပိုးအိတ္ထဲမွ ေရသန္႔ဘူး ႏွင့္သြားတိုက္ေဆး၊သြားတိုက္တံ မ်ားကိုထုတ္ကာ မ်က္ႏွာသစ္၊သြားတိုက္လိုက္သည္။

"ေတာ္ေသးတာေပါ့...လြယ္အိတ္ထဲ ဒါေတြပါ လိုလိုပိုပို ထၫ့္လာမိလို႔"

ထို႔ေနာက္ ေရွာင္းက်န္႔တစ္ေယာက္ သတိထားမိသြားတာကေတာ့ သူနဲ႔အတူ ပါလာတဲ့ နီညိုေရာင္ စာအုပ္ေလးမရိွေတာ့သည္ကိုပင္။ေက်ာပိုးအိတ္တစ္ခုလံုး အႏွံ႔လိုက္ရွာေပမယ့္ မေတြ့...
ျဖစ္ႏိုင္တာက...

"ဒိုင္ႏိုေဆာႀကီးနဲ႔ ေတြ့တုန္းက ငါေျပးရင္းလႊားရင္းနဲ႔ က်က်န္ခဲ့တာျဖစ္မယ္...ထားလိုက္ပါေတာ့ေလ အေရးမွမႀကီးပဲ"

ေရွာင္းက်န္႔လည္း ဂူအျပင္သို႔သာထြက္ဖို႔လုပ္ေတာ့သည္။အေကာင္ပေလာင္ေတြ ေၾကာက္ၿပီး ဂူထဲမွာပဲ အၿမဲေတာ့မေနႏိုင္ပါ။ကမ႓ာဦးကို ေရာက္တုန္း ေလ့လာၾကည့္ခ်င္ေသးသည္...

ထိုစဥ္မွာပင္ ရိေပၚတစ္ေယာက္ အျပင္မွ ဂူထဲသို႔ ျပန္ဝင္လာသည္ကိုေတြ့ရသည္။ရိေပၚရဲ့ လက္ထဲမွာလည္း အသီးတစ္ခ်ိဳ႕ကို ကိုင္ထားေလသည္။ထို႔ေနာက္သူ႔အား ထိုအသီး မ်ားကိုေပးလာသည္။

ဒါဆို မနက္ထဲက အျပင္ထြက္သြားတာ
သူ႔အတြက္ အသီးေတြ သြားခူးေပးေနတာေပါ့ေလ....

ေရွာင္းက်န္႔ရဲ့ႏႈတ္ခမ္းေတြက အထက္သို႔ အနည္းငယ္ေကြးၫႊတ္သြားသည္။ထို႔ေနာက္ ရိေပၚရဲ့ လက္ထဲမွ အသီးမ်ားကိုယူလိုက္သည္။

အသီးမ်ားမွာ သူတစ္ခါမွ မျမင္ဖူးတဲ့အသီးမ်ား...တစ္ခ်ိဳ႕အသီးေလးေတြဆို စပ်စ္သီးပံုစံနဲ႔ဆင္တူေပမယ့္ ခရမ္းေရာင္မဟုတ္ဘဲ တစ္ခိုင္ထဲမွ အေရာင္စံုေလးေတြ သီးေနေလသည္။အသီးေတြအားလံုးထဲမွာမွ သူသိတာကေတာ့ ပန္းသီးပင္...ထိုပန္းသီးမွာ ႀကီးလြန္းတာေၾကာင့္ လက္တစ္ဖက္ထဲဆိုရင္မနဲကိုင္ရသည္။ဒီပန္းသီးတစ္လံုးထဲနဲ႔တင္ မနက္စာေတာ့ လံုေလာက္ပါၿပီ....

ေရွာင္းက်န္႔လည္း ထိုနီရဲေနတဲ့ ပန္းသီးကို ကိုင္ကာ ကိုက္စားလိုက္သည္။စားခဲ့ဖူးတဲ့ ပန္းသီးေပါင္း မ်ားစြာထက္ ခ်ိဳၿမိန္ေနတာမို႔ စားၿပီးရင္း စားေနမိသည္။

ေရွာင္းက်န္႔ ပန္းသီးအား အားရပါးရ စားေနတာကို ျမင္ေတာ့မွ ရိေပၚတစ္ေယာက္ ၿပံဳးႏိုင္ေတာ့သည္။ထို႔ေနာက္ ေဘးနားမွာပင္ ေရွာင္းက်န္႔စားေနတာကို ၿပံဳးၿပံဳးႀကီး ထိုင္ၾကည့္ေနတဲ့ ရိေပၚ....

(ကမ႓ာဦးလူသားေတြရဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပန္းသီးေပးျခင္းဟာ ကိုယ့္ရဲ့ အိမ္ေထာင္ဖက္၊ဘဝလက္တြဲေဖာ္ ကိုေရြးခ်ယ္ လိုက္ျခင္းပါတဲ့)

"ရိေပၚ...ပန္းသီးက အရမ္းစားေကာင္းတာပဲ...ငါေတာ့ ကမ႓ာဦးက ပန္းသီးကိုစားဖူးခဲ့ၿပီ.."

"ဂူးးးဝါးးးဂါးးး"

ရိေပၚ​ ေျပာေနတဲ့ဟာေတြကို နားမလည္ေပမယ့္ ေရွာင္းက်န္႔တစ္ေယာက္ ထင္သလိုသာ ဘာသာျပန္လိုက္သည္။

"မင္းး စားခ်င္လို႔လား ရိေပၚ...
အင့္"

ေရွာင့္က်န္လည္း ရိေပၚအား သူစားလက္စ ပန္းသီးအား ရိေပၚပါးစပ္နားသို႔ကပ္ေပးလိုက္သည္။ ရိေပၚကလည္း သူ႔ခြံ႔ေကြၽးတဲ့ပန္းသီးကိုပင္ ၿပံဳးရင္းစားေနသည္။

ေရွာင္းက်န္႔မသိတာက ကမ႓ာဦးမွာ ပန္းသီးအျပန္အလွန္ေကြၽးတာဟာ ဒီဖက္ေခတ္မွာ လက္ထပ္တာနဲ႔ပံုစံတူပါတယ္တဲ့...

ဘာပဲျဖစ္ျဖစ္ ကမ႓ာဦးလူသားေလးရိေပၚကေတာ့ ေရွာင္းက်န္႔အား သူ႔ရဲ့ အိမ္ေထာင္ဖက္လို႔ မွတ္ယူသြားေတာ့သည္။

"ရိေပၚ...ငါတို႔ ဂူအျပင္ကိုထြက္ရေအာင္"

ေရွာင္းက်န္႔တစ္ေယာက္ ဂူအျပင္ဘက္သို႔ထြက္ခ်င္ေၾကာင္း လက္ၫွိုးထိုးျပလိုက္သည္။

ရိေပၚက နားလည္သည္ထင္တယ္...သူ႔လက္အားဆြဲကာ ဂူအျပင္ဘက္သို႔ ေခၚသြားေလသည္။

သူေနထိုင္တဲ့ ၿမိဳ႔ျပေတြလို မြန္းၾကပ္မေနပဲသဘာဝေလေတြက လတ္ဆတ္စြာ...

"ဝါးးးးကမ႓ာဦးက အရမ္းလွတာပဲ...ဟိုမွာ ပန္းေတြအမ်ားႀကီးပဲ ရိေပၚ"

ေရွာင္းက်န္႔ ရိေပၚလက္အားဆြဲကာ ျမင္ေနရတဲ့ ပန္းခင္းသို႔ သြားလိုက္သည္။

ပန္းခင္းမွာ ပန္းေတြက အေရာင္စံု၊တစ္ခ်ိဳ႕အပင္ေတြဆို ခေရပန္းႏွင့္ဆင္တူေပမယ့္ ခေရပန္းလိုမဟုတ္ဘဲ အရိုးတံရွည္မ်ားႏွင့္ျဖစ္သည္။အားလံုးထဲမွာသူ႔စိတ္ကိုဖမ္းစားသြားတာကေတာ့ ခရမ္းေရာင္ပြင့္ဖတ္ေတြနဲ႔ ပန္းပြင့္အႀကီးႀကီးေတြ...

ေရွာင္းက်န္႔တစ္ေယာက္ ကိုင္ၾကည့္ဖို႔ လုပ္ေပမယ့္ ရိေပၚရဲ့ ေဒါသ တႀကီးဟန္႔တားျခင္းေၾကာင့္ ရပ္တန္႔သြားရသည္။

"ဂါးးးဂြီးး!!!"

ထိုစဥ္မွာပင္ အေကာင္တစ္ေကာင္ဟာ ထိုပန္းပြင့္ေပၚကိုနားမိၿပီး ေသဆံုးသြားေလသည္။

"ဒါ...ဒါက အဆိပ္ရိွေနတာလား!!!ဟူးးးေတာ္ေသးတာေပါ့...ကမ႓ာဦးက ပန္းေတြက လွေပမယ့္ ေၾကာက္စရာႀကီးပဲ"

သူလည္း ထိုပန္းခင္းနားက အျမန္ထြက္လာခဲ့လိုက္သည္။ထိုစဥ္သူ႔ေနာက္က လိုက္လာတဲ့ရိေပၚ...လက္ထဲမွာလည္း အဝါေရာင္ပန္းေလးတစ္ပြင့္ႏွင့္။

ထို႔ေနာက္ရိေပၚက သူ႔ေရ႔ွမွာ ပိတ္ရပ္ကာ ထိုပန္းပြင့္အား သူ႔အားေပးေလသည္။

"ငါ့ကိုေပးတာလား"

"ဂြါးးးဂူးး"

ရိေပၚက သူ႔အား အဝါေရာင္ပန္းပြင့္ေလးအားပန္ေပးလာသည္။

"ငါက ေယာက္်ားေလးေလ ဘာလို႔ပန္းပန္ရမွာလဲ"

ရိေပၚက သူ႔စကားအားနားလည္သည္ထင္တယ္...မ်က္ႏွာမွာ ဝမ္းနည္းတဲ့ အရိပ္ေရာင္တစ္ခ်ိဳ႕ေတြ့လိုက္ရသည္။

"အဟမ္းးးး ဒါေပမယ့္ ဒီပန္းက မင္းပန္ေပးထားတာမို႔ ဒီတစ္ရက္ေတာ့ ပန္ထားလိုက္ေတာ့မယ္...."

ထိုအခါမွ ၿပံဳးသြားေသာ ရိေပၚမ်က္ႏွာ...ေရွာင္းက်န္႔လည္း ထပ္တူထပ္မ်ွ ၿပံဳးလိုက္မိပါသည္။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Continue Reading

You'll Also Like

11.8K 1K 14
(n.) no longer feeling any affection for someone you once loved.
7.1K 829 18
|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)
574K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
595K 31.5K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019