ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

479K 82.2K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အပိုင်း ၄၁

5.3K 1K 11
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၄၁: မွေးနေ့လက်ဆောင်

ဒီနေ့က မိုရိချန်ရဲ့မွေးနေ့ဖြစ်သည်။

ယွမ်းစွော်က ပန်းခြံကနေ စောစောပြန်လာပြီး အဘိုးအေဘယ်လ်ပေးခဲ့တဲ့ သစ်သားမြင်းရုပ်လေးတွေကို စာအုပ်စင်ရဲ့ အံဆွဲအောက်​ခြေ၌ ဂရုတစိုက် သိမ်းထားလိုက်သည်။ သစ်သားမြင်းရုပ်လေးတွေကို ပုံစံအမျိုးမျိုးဖြင့် အသက်ဝင်စွာ ထွင်းထုထားကာ လက်ရာမြောက်လှသည်။

သိမ်းဆည်းပြီးနောက် ယွမ်းစွော်က သူကိုယ်တိုင်လုပ်ထားတဲ့ ဓာတ်ပုံဘောင်ကို လက်ဆောင်ထုပ်တဲ့ ရောင်စုံစက္ကူဖြင့် ထုပ်လိုက်ပြီး အထဲတွင် မှတ်စုလေးတစ်ခု ထည့်လိုက်သည်။ ထို့နောက် မိုရိချန် ဂိမ်းထဲကို မဝင်ရသေးခင် သူကျောင်းမှာ လုပ်ခဲ့တဲ့ ကိတ်မုန့်လေးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး  သူ့ကို အယ်လ်နီပေးလိုက်တဲ့ ဖယောင်းတိုင်တွေကို မုန့်ပေါ်တွင် တင်လိုက်သည်။

ထို့အပြင် သူက ဒီနေ့ ပန်းချီစာမေးပွဲတွင် အတန်းထဲ၌ ပထမ ရရှိခဲ့ကာ ထိုအတွက် creditအမှတ်ကိုလည်း ရရှိခဲ့ပြီး ဆိုလိုတာက စနစ်က သူ့အတွက် ဂိမ်းထဲကို ဝင်ရန်၊ထွက်ရန် ခွင့်ပြုချက်ဖွင့်ပေးခဲ့ပြီဖြစ်ပေမယ့် သူက စနစ်ရဲ့အကြောင်းကြားစာကို တိတ်တိတ်လေး ဖျက်ပစ်ခဲ့သည်...ဒါပေမယ့် ဒါက suprise ဖြစ်မလား မဖြစ်မလား သူလည်း မသေချာပေ။

ဆယ်မိနစ်အကြာတွင် အရာအားလုံးအဆင်သင့်ဖြစ်နေပြီးနောက် ယွမ်းစွော်က ဆိုဖာပေါ်တွင်ထိုင်ကာ ပြန်လာမယ့် မိုရိချန်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားရင်း သူ့ရဲ့လက်တွေကို ပွတ်နေခဲ့သည်။

မိုရိချန်က သူ့ရဲ့လက်ဆောင်ကို ကြိုက်ပါ့မလား။ သူကိုယ်တိုင်လုပ်ထားတဲ့ ဓာတ်ပုံဘောင်နှင့် အချိန်အကြာကြီး လေ့ကျင့်ထားပြီး သူ  ကြိုးကြိုးစားစား လုပ်ခဲ့ရတဲ့ ကိတ်မုန့်က မိုရိချန်ရဲ့အကြိုက် ဖြစ်ပါ့မလားဆိုတာကို  သူမသိပေ။

မာ့ရှ်မယ်လိုနှင့်အတူ ဆယ်မိနစ်လောက် ထိုင်ကာ စောင့်ပြီးနောက် ယွမ်းစွော်က စိုးရိမ်စိတ်တွေ စဖြစ်လာခဲ့သည်။ မိုရိချန်က အရင်ဆုံး သူ့မိသားစုနဲ့ ညစာစားဖို့ အိမ်ကို ပြန်သွားခဲ့ပေမယ့် စောစောပြန်လာခဲ့မယ်လို့ ကတိပေးသွားခဲ့သည်။ တစ်ခုခုကို တွေးလိုက်မိရင်း သူက ဆိုဖာပေါ်မှထကာ ဖန်သားပြင်ရှေ့သို့ လျှောက်သွားလိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးနောက် အပြင်ဘက်ကို ကြည့်ဖို့ ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်ပေမယ့် ဘာမှ ထူးခြားမနေတာကို တွေ့လိုက်ရသည်။ စနစ်ချို့ယွင်းမှုက နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်တော့ပါဘူး ဟုတ်တယ်မို့လား။

ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး မိုရိချန် ဂိမ်းထဲကို ဝင်လာမှာကို စောင့်နေစဥ်မှာပဲ သူ့ရဲ့နောက်မှ အင်ဂျင်စက်လည်ပတ်နေတဲ့ အသံဖျော့ဖျော့က ရုတ်တရက် ထွက်လာခဲ့သည်။

သူက မသိစိတ်မှ လှည့်ကြည့်လိုက်တော့ သူ့နေရာနဲ့ တစ်မီတာကျော်လောက်ဝေးတဲ့ လေထဲတွင် အပေါ်မှာ အပြာရောင်ပိုးထည်နှင့် အောက်ဘက်တွင် ချည်ထားတဲ့ သေတ္တာဘူးလေးပါပြီး  တွဲလောင်းကျနေတဲ့ အဝေးထိန်းစက်တွင်း လေယာဉ်တစ်စင်းကို တွေ့လိုက်ရသည်။ 

ယွမ်းစွော်က ခဏလောက် ထိတ်လန့်သွားပြီးနောက် ထိုလှပစွာထုပ်ပိုးထားတဲ့ သေတ္တာဘူးလေးက မိုရိချန်ဆီမှ လက်ဆောင်ဖြစ်ရမယ်ဆိုတာကို သဘောပေါက်သွားခဲ့သည်။ 

"ဝုတ် ဝုတ် ဝုတ်!" 

မာ့ရှ်မယ်လိုက လက်ဆောင်သေတ္တာဘူးကို ကိုက်ဖို့ ခုန်နေခဲ့သည်။ ယွမ်းစွော်က အံ့သြတကြီး ပြေးလာကာ ယူဖို့ ရောက်သွားခဲ့ပေမယ့် သေတ္တာဘူးကို ထိတော့မယ့်အချိန်၌ ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

"မို...မိုရိချန် မင်း အဲဒီမှာလား" 

မိုရိချန်ကို  သူ့ဘေးဘက်ရှိ ဖန်သားပြင်တွင် မပြသထားကြောင်း ရုတ်တရက် သဘောပေါက်လိုက်တာကြောင့် စက်ကို ဘယ်သူက ထိန်းချုပ်နေတာပါလိမ့်။

ရုတ်တရက် အသင့်ဖြစ်နေတဲ့ဖန်သားပြင်က တောက်ပလာကာ မျက်နှာပေါ်တွင် နူးညံ့ညင်သာတဲ့အပြုံးတစ်ခုဖြင့် မိုရိချန်က ပေါ်လာခဲ့ပြီး မျှော်လင့်ထားသလိုပင် လေယာဉ်အတွက် အဝေးထိန်းခလုတ်က သူ့လက်ထဲတွင် ရှိနေခဲ့သည်။

မိုရိချန်က လေယာဉ်ကို ယွမ်းစွော်နှင့် ပိုမိုနီးကပ်စေရန် အဝေးထိန်းခလုတ်ကို အသုံးပြုနေရင်း ပြောလိုက်သည်။ 

"ဒါက ဂိမ်းရဲ့ လျှို့ဝှက်လုပ်ဆောင်ချက်ပဲ"

"လျှို့ဝှက်...လျှို့ဝှက်လုပ်ဆောင်ချက်လား" ယွမ်းစွော်က အံ့သြသွားခဲ့သည်။

"ဒါက ရှိနေတာ ကြာလှပြီ"

"ဟမ်..." 

ဒါဆို မိုရိချန်က တခါတလေ သူမသိပဲ ပေါ်လာတတ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ယွမ်းစွော်က ချက်ချင်း တုန်လှုပ်သွားပြီး အရင်က ရှက်စရာကောင်းတဲ့ တစ်ခုခုများ လုပ်ခဲ့မိသလားလို့ သူ့စိတ်ထဲတွင် အမြန် ပြန်တွေးလိုက်သည်။

မိုရိချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

 "မင်း အဲ့ဒါကို စဉ်းစားနေစရာ မလိုပါဘူ။ အများကြီး ရှိတယ်လေ" 

ဥပမာဆိုရင် ရေခဲသေတ္တာရှေ့မှာ ထိုင်နေပြီး ရေခဲမုန့်ကိုကြည့်ရင်း သွားရည်ကျနေပြီး နောက်ဆုံးတွင် ဇွန်းသေးသေးလေးဖြင့် ခြစ်ယူလိုက်ပြီးနောက် မျက်နှာပြင်ကို ပြန်ပြီးချောမွေ့စေကာ သူ သန့်ရှင်းရေးစက်ရုပ်ကို တွေ့တဲ့အခါက  အိမ်ထဲမှာ ကြွက်တစ်ကောင်ရှိနေတာလားလို့ ပထမဆုံးအကြိမ် မှားယွင်းစွာ တွေးခဲ့မိသလိုမျိုးပင်...

ယွမ်းစွော်က နောက်ဆုံးတွင် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်မတုံ့ပြန်ခင် မိုရိချန်ရဲ့စကားကြောင့် မျက်နှာလေးနီသွားခဲ့သည်။ "ချောင်း...ချောင်းကြည့်တာက မှားတယ်!"

မိုရိချန်က သူ့ကို ခဏလောက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်ပါတယ်။ ဒီနေ့က ဒီလုပ်ဆောင်ချက်ကို ငါအသုံးပြုတဲ့ နောက်ဆုံးအကြိမ်ပဲ။ အနာဂတ်မှာ မင်းရဲ့ ကိုယ်ရေးကိုယ်တာနှင့် ရွေးချယ်မှုတွေကို လေးစားပါ့မယ်။ ဒါက ဒီနေ့အတွက် မင်းရဲ့ ပထမဆုံးလက်ဆောင်ပဲ"

"...ကျေးဇူးတင်ပါတယ်" 

ယွမ်းစွော်ရဲ့ မျက်လုံးတွေက အနည်းငယ် ပူလာခဲ့သည်။ မိုရိချန်က သူ့ရဲ့ကိုယ်ရေးကိုယ်တာနှင့် ရွေးချယ်မှုတွေကို လေးစားလိမ့်မယ်လို့ ပြောလာတာကို ပထမဆုံးအကြိမ် ကြားခဲ့ရခြင်းဖြစ်သည်။

"ဒါဆို ဒီနေ့အတွက် ဒုတိယလက်ဆောင်ကို ကြည့်ဖို့အချိန်ရောက်ပြီ" 

မိုရိချန်က သေတ္တာဘူးလေးကို ဖွင့်ဖို့ ယွမ်းစွော်ကို လှုံ့ဆော်လိုက်သည်။

ယွမ်းစွော်က သေတ္တာကို စိတ်လှုပ်ရှားစွာ ဖြည်လိုက်သည်။ မိုရိချန်က လက်ဆောင်ကို ဖွင့်ဖို့ သူ့ကို စောင့်နေရင်း ယွမ်းစွော်ကို စူးစိုက်စွာ ကြည့်ရင်း လေယာဉ်ကို ဘေးသို့ ဆင်းသက်လိုက်သည်။

ယွမ်းစွော်က သေတ္တာဘူးကိုဖွင့်လိုက်ပြီး အတွင်းတွင် အလွန်လှပတဲ့သော့တစ်ချောင်းကို တွေ့ရှိခဲ့သည်။ သူက အဲ့ဒါကို ထုတ်ယူလိုက်ပြီး သေချာ စူးစမ်းနေတဲ့အချိန်တွင်  ရုတ်​တရက်​ ​သူ့အနောက်မှ သော့ခတ်ထားပြီး လူအရပ်တဝက်လောက်မြင့်တဲ့ နောက်ထပ် ပုံးတစ်ပုံးပေါ်လာခဲ့သည်။

"ဖွင့်ကြည့်လိုက်တော့" 

မိုရိချန်က ညွှန်ကြားလိုက်သည်။

ယွမ်းစွော်က စိတ်ဝင်တစား လျှောက်သွားပြီး သော့ပေါက်ထဲသို့ သော့ကို သေချာထည့်လိုက်ကာ လှည့်လိုက်ပြီးနောက် မိုရိချန်ကို ပြန်ကြည့်လိုက်သည်။ မိုရိချန်က သူ့ကို အဖုံးဖွင့်ဖို့ အချက်ပြရင်း ခေါင်းညိတ်ပြလိုက်သည်။ ယွမ်းစွော်က အဖုံးကိုဖွင့်ရန် အင်အားအနည်းငယ်သုံးလိုက်ကာ ရုတ်တရက် သူ့မျက်လုံးထဲတွင် ကြယ်ပွင့်လေးများဖြင့်  အံ့သြသွားကာ ပါးစပ်ကို မပိတ်နိုင်တော့ပေ။

မိုရိချန်က သူ့ကို ရုပ်ပြစာအုပ်တွေအပြည့်ဖြင့်...ပုံးတစ်ပုံးကို တကယ်ပေးခဲ့တာပင်။ အများစုက စျေးကွက်တွင်  ရှားပါးပြီး အလွန်အဖိုးတန်တဲ့ စုဆောင်းသူရဲ့ထုတ်ဝေမှုများ ဖြစ်သည်။ ထိုပုံးထဲရှိ ဒီလောက်ကြီးမားတဲ့ အပုံလိုက်ကြီးက သူ့ရဲ့စိတ်ရင်းမှန်ကို  ပြသဖို့ လုံလောက်ပါသည်။

ယွမ်းစွော်က သူ့လက်မောင်းလေးကို သေတ္တာထဲသို့ ဆန့်ထုတ်လိုက်ကာ စာအုပ်တွေအပေါ် သူ့ရဲ့ချစ်ခင်နှစ်ငက်မှုကို ပြသရင်း စာအုပ်တွေကို သူ့လက်ချောင်းထိပ်တွေဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူက ပုံဆွဲခြင်းကို နှစ်သက်ပေမယ့် ကြယ်တာရာကမ္ဘာတွင် ဘယ်သူကမှ သူ့ကို မထောက်ခံခဲ့ပေ။ သူ့ကို အရမ်းချစ်တဲ့ သူ့အမေတောင်မှ ဒါကို အပျင်းပြေဖျော်ဖြေရေးတစ်ခုအနေနဲ့သာ ယူဆခဲ့သည်။

"ကျေးဇူးတင်ပါတယ် မိုရိချန်"

"ကိစ္စမရှိပါဘူး။ နောက်ဆုံးလက်ဆောင်က မင်းကိုစောင့်နေပြီ" 

မိုရိချန်က သူ့မေးစေ့ဖြင့် သေတ္တာကို ညွှန်ပြလိုက်သည်။

ထိုအခါမှပင် ယွမ်းစွော်က သေတ္တာထဲတွင် ရုပ်ပြစာအုပ်များ သာမကဘဲ ညာဘက်အပေါ်ထောင့်၌ "happy birthday ဒူဒူ" လို့ ရေးထားတဲ့ ကော်ဖီရောင်စာအိတ်တစ်ခုလည်း ရှိနေတာကို တွေ့သွားခဲ့သည်။ ဒါက မိုရိချန်ရဲ့ လက်မှတ်ဖြစ်ပြီး လက်ရေးမှာ တောက်ပပြီး ခမ်းနားသည်။

ဒီနေ့ အံ့သြစရာတွေ အများကြီးရှိခဲ့သည်။ ယွမ်းစွော်က စာအိတ်ကိုယူကာ ဖွင့်လိုက်ရင်း သူ့လက်က အနည်းငယ်တုန်ခါနေခဲ့ပြီး ထိုအရာက နာမည်ကတ်ပြားအရွယ် စာရွက်ခွံတစ်ခုသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

စာရွက်ခွံပေါ်တွင် ရေးထားတာက ယွမ်းစွော် မသိတဲ့  လူတစ်ယောက်ရဲ့အမည် ပါရှိသည်: မင်ကျောက်။ အောက်တွင် အလျားမတူညီတဲ့ မျဥ်းနှစ်ကြောင်းရှိသည်။

သူ့မျက်နှာပေါ်က ရှုပ်ထွေးမှုတွေကို  မြင်တော့ မိုရိချန်က ရှင်းပြလိုက်သည်။ "မင်ကျောက်က ဖုန်းယွင်မဂ္ဂဇင်းရဲ့ အယ်ဒီတာဖြစ်ပြီး ဆောင်းပါးတွေကို သရုပ်ဖော်ဖို့ တာဝန်ယူထားတယ်။ ဒါက သူမကို ဆက်သွယ်နိုင်တဲ့ အချက်အလက်ပဲ။ မင်း ဆန္ဒရှိရင် ဒီဖုန်းနံပါတ်ကနေ ဆက်သွယ်နိုင်တယ်"

ယွမ်းစွော်က အေးခဲသွားခဲ့သည်။ ငါက အချိန်ပိုင်းအလုပ်လုပ်နိုင်သလား။ မဟုတ်ဘူး... သူထပ်ပြီးပြသာနာရှာမိမှာ မဟုတ်ဘူးလား။

မိုရိချန်က ယွမ်းစွော်ရဲ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရသည်။ 

"ဒါက ဒီနေ့အတွက် တတိယမြောက်လက်ဆောင်ပဲ။ မင်းဆန္ဒရှိရင် လုပ်လို့ရတယ်။ တကယ်လို့ မင်းပြသာနာရှာခဲ့မိရင်တောင် မင်းမှာ ငါရှိတယ်လေ"

ယွမ်းစွော်ရဲ့ နှလုံးသားထဲတွင် ခံစားချက်တွေ စုပုံလာခဲ့ပြီး သူ့မျက်လုံးတွေထဲတွင် မျက်ရည်တွေ ဝဲလာခဲ့သည်။ "ကျေးဇူးတင်ပါတယ်...မိုရိချန်"

"မင်းကြိုက်တယ်ဆို ကောင်းတာပေါ့" မိုရိချန်က ပြောလိုက်သည်။

မိုရိချန်ရဲ့လက်ဆောင်ကိုမြင်ပြီးနောက် စိတ်လှုပ်ရှားမှု၊ပျော်ရွှင်မှုအပြင် ယွမ်းစွော် ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ မိုရိချန်ရဲ့ရည်ရွယ်ချက်တွေနှင့် ယှဥ်ကြည့်လျှင် သူ့လက်ဆောင်က တအားရိုးရှင်းလွန်းနေတာ မဟုတ်ဘူးလား။

မမျှော်လင့်ဘဲ ဓာတ်ပုံဘောင်လေးကို ထုတ်ယူကာ ပို့လွှတ်လိုက်ပြီးနောက် မိုရိချန်က အောက်ကိုတောင်ချမထားနိုင်ဘဲ ယွမ်းစွော်ကို ဆက်တိုက်ချီးကျူးနေခဲ့သည်။

"ဒါကို ကုတင်ဘေးမှာ ထားလို့ရတယ်။ ဘောင်အနောက်မှာထောက်တိုင်လေး ပါတယ်" 

ယွမ်းစွော်က အသံတိုးတိုးလေးဖြင့် ရှင်းပြရင်း သူ့အဝတ်အစားရဲ့ထောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

"တကယ်လား" 

မိုရိချန်က အနောက်တွင် သိမ်မွေ့စွာ ခေါက်ထားတဲ့ ထောက်တိုင်လေးကို ကြည့်ပြီး ပိုသဘောကျသွားခဲ့သည်။ သူက ကုတင်ဘေးမှာ ထားရမလား ဒါမှမဟုတ် မီးခံသေတ္တာထဲမှာပဲ ထားရမလား မသိတော့ဘဲ ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။

"ဟို...ဟိုမှာ ကိတ်မုန့်လည်း ရှိသေးတယ်" 

မိုရိချန်က ဓာတ်ပုံဘောင်ကို သဘောကျတာကို မြင်လိုက်ရတဲ့အခါ ယွမ်းစွော်က သူ့ရဲ့ဒုတိယလက်ဆောင်ကို ထုတ်ကာ ကိတ်မုန့်အပေါ်မှ အဖုံးကို ဖွင့်လိုက်ရင်း သူ့ရဲ့ယုံကြည်မှုက အလွန်တိုးလာခဲ့သည်။

ကိတ်မုန့်က မကြီးပေ။ ချောကလက်ထောပတ်အလွှာ သုံးလွှာပါရှိတဲ့ ပန်းကန်ပြားအရွယ်လောက်သာ ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် အဖြူရောင်ခရင်မ်အချိုနှင့် ဘယ်လ်ဂျီယံ အနက်ရောင် ချောကလက်စစ်စစ်တို့ဖြင့် စုံပုံထားသည်။ မိုရိချန်က ဖန်သားပြင်မှတစ်ဆင့်တောင် ကြွယ်ဝတဲ့အရသာကို မြည်းစမ်းနိုင်သည်။

"ဒူဒူ ဒါကို မင်းကိုယ်တိုင်လုပ်ထားတာလား" ဒါက ယွမ်းစွော် ကျောင်းကနေ သူ့အလုပ်ကို ပြန်ယူလာခဲ့တဲ့ပထမဆုံးအကြိမ် ဖြစ်သည်။

"အွမ်း" ကျောင်းမှာ ချက်ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို အများအားဖြင့်  ခွင့်ပြုချက်မရှိဘဲ elvesတွေအား ပြန်လည်ယူဆောင်ခွင့်မပြုပေမယ့် ဒါက သူ့ရဲ့ကစားသမားအတွက် မွေးနေ့လက်ဆောင် ဖြစ်တာကြောင့် ယွမ်းစွော်က ကြိုတင်ခွင့်ပြုချက် လျှောက်ထားခဲ့ပြီး အတည်ပြုချက် ရပြီးမှသာ ပြုလုပ်ခဲ့တဲ့ပစ္စည်းကို ပြန်လည်ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဒူဒူ"

"ကိစ္စ...ကိစ္စမရှိပါဘူး"

"အခု ငါတို့ ကိတ်မုန့်စားပြီး ဆန္ဒတစ်ခု ပြုသင့်လား" 

မိုရိချန်က သူပြင်ဆင်ထားတဲ့ ကိတ်မုန့်ကို မဖယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဟမ် ကောင်းပြီလေ!" 

ထို့နောက် ယွမ်းစွော်က သူ့ကို အယ်လ်နီပေးလိုက်တဲ့ မွေးနေ့ဖယောင်းတိုင်တွေက  သူ့ကျောင်းလွယ်အိတ်ထဲမှာပဲ ရှိနေသေးတာကို သိလိုက်ကာ  လှည့်ထွက်ပြီး သွားယူလိုက်သည်။ သူပြန်လာတဲ့အခါ သူ့မှာ မိုရိချန်ကို ပေးဖို့ တတိယလက်ဆောင် ရှိနေသေးသည်။ အဲ့ဒါကတော့ သူ ထပ်အဆင့်မြှင့်သွားပြီး သိပ်မကျွမ်းကျင်သေးပေမယ့် အခု ဂိမ်းထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပြီဆိုတာပဲဖြစ်သည်...

ယွမ်းစွော်က ဖယောင်းတိုင်တွေ ယူဖို့  ထွက်သွားနေချိန်၌ မိုရိချန်ရဲ့ အခြားဖုန်းမှ ဗီဒီယိုcallခေါ်ဆိုမှု အသိပေးချက်တစ်ခု ပေးပို့လာခဲ့သည်။ သူကြည့်လိုက်တော့ ပြင်သစ်မှာ ပညာသင်နေတဲ့ မိုရိရှုဖြစ်နေ​တာကို တွေ့လိုက်ရသည်။ သူက တုံ့ဆိုင်းနေပေမယ့် ကောက်ကိုင်လိုက်ပြီး ချိတ်ဆက်ရန် နှိပ်လိုက်သည်။

"ဒုတိယအစ်ကို! မွေးနေ့မှာ ပျော်ရွှင်ပါစေ!" ဖုန်းမျက်နှာပြင်ရဲ့ ဆန့်ကျင်ဘက်တွင် မိုမိသားစုရဲ့ခန့်ညားတဲ့မျက်ခုံးမွှေးတွေကို ထိန်းသိမ်းထားတဲ့ မျက်စိဖမ်းစားနိုင်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် ဖြစ်ပြီး သူက တခြားအစ်ကိုနှစ်ယောက်ထက် အနည်းငယ် ပို၍ပေါ့ပေါ့ပါးပါးနှင့် ပေါင်းသင်းရလွယ်ကူပုံပေါ်သည်။ ပြင်သစ်မှာက နေ့လည်ပိုင်းသာ ရှိနေသေးပြီး သူက ဘောလုံးကစားတာ ပြီးကာစမို့ အားကစားဝတ်စုံ ဝတ်ထားပြီး နဖူးတွင် ချွေးစက်တွေ ရွှဲနေခဲ့သည်။

မိုရိချန်က ပြုံးလိုက်သည်။ သူ မိုရိရှုကို မတွေ့ရတာ အတော်ကြာနေပြီ ဖြစ်သည်။ "ကျေးဇူးပဲ"

"ဒုတိယအစ်ကို ကျွန်တော် အစကတော့ အိမ်ကအချိန်အတိုင်း ဆယ့်နှစ်နာရီမှာ မွေးနေ့ ဂုဏ်ပြုတဲ့စာပို့ဖို့ နှိုးစက်ချထားခဲ့ပေမယ့် ကျွန်တော့်ရဲ့ဖုန်းက လွန်ခဲ့ရက်အနည်းငယ်တုန်းက အိမ်သာထဲကို ပြုတ်ကျသွားခဲ့ပြီး မှတ်တမ်းတွေ အကုန်ပျက်သွားလို့..." 

"အဟွတ် အဟွတ် အဟွတ်..." ဖယောင်းတိုင်တွေ သွားယူပြီး ပြန်လာတဲ့ ယွမ်းစွော်က သူ့ရဲ့ဖုန်း အိမ်သာထဲသို့ ကျသွားတယ်လို့ ကြားတဲ့အခါ အလွန်လန့်သွားပြီး တံတွေးသီးကာ အကြိမ်ပေါင်းများစွာ ချောင်းဆိုးတော့သည်။

"ဟမ်" 

မိုရိရှုရဲ့ထက်မြက်တဲ့နားက မိုရိချန်ရဲ့ဘက်အခြမ်းမှ ထွက်လာတဲ့ ဆူညံသံကို ကြားလိုက်တဲ့အခိုက်တွင် သူ့မျက်လုံးတွေက သံသယစိတ်ဖြင့် ဖန်သားပြင်ရဲ့ထောင့်ကို စိုက်ကြည့်လာခဲ့သည်။ သူက မေးလိုက်သည်။ 

"ဒုတိယအစ်ကို အစ်ကို့ရဲ့ကိုယ်ပိုင်အိမ်မှာ နေနေတာလား"

"အင်း"

 မိုရိချန်က ယွမ်းစွော် ချောင်းဆိုးနေတာကို မြင်လိုက်တဲ့အခါ အနည်းငယ် မျက်မှောင်ကြုတ်သွားပေမယ့် မိုရိရှုရဲ့ရှေ့တွင် ပြဖို့ ခက်နေခဲ့သည်။

"မေမေက အခုပဲ ဖုန်းဆက်ပြီး ပြောတယ်။အစ်ကိုက နေ့လည်တုန်းက အိမ်မှာ ထမင်းစားသွားပြီးတော့ ဒီည အစ်ကို့မှာ အရေးကြီးတဲ့ လုပ်စရာတစ်ခု ရှိလို့ ဆက်မနေတော့ဘူးလို့ ပြောခဲ့တယ်ဆို။ ဒုတိယအစ်ကို ဒါက ဒီနှစ်တွေအတွင်းမှာ ဒီလိုပြောလာတာ ပထမဆုံးအကြိမ်ပဲလေ။ အရင်ကဆို အစ်ကိုက Sမြို့မှာ ရှိနေသရွေ့ အစ်ကို့မွေးနေ့ရောက်ရင် ရိုက်ကူးရေးမှာ ရှိနေခဲ့ရင်တောင်  အိမ်ပြန်လာခဲ့ပြီး တစ်ညလုံးနေတတ်တယ်လေ" 

မိုရိရှုက ပူပန်ကြောင့်ကျမှုကင်းပုံ ပေါ်ပေမယ့် သူ့စိတ်က တကယ်ကိုမြန်သည်။

မိုရိချန်က ခဏရပ်သွားပြီး 

"ဒါက အရမ်းအရေးကြီးတဲ့တစ်ခုခုပါပဲ"

မိုရိရှုက သူ့မျက်လုံးကို မှေးလိုက်ပြီး "ဒုတိယအစ်ကို ကျွန်တော့်မှာ ခယ်မရှိနေပြီ ဟုတ်တယ်မို့လား"

"အဟမ်း..." 

မိုရိချန်က မိုရိရှုကို အေးစက်စွာ တစ်ချက်ကြည့်ရင်း မထိန်းနိုင်တော့ဘဲ ချောင်းဟန့်လိုက်သည်။ 

"မဟုတ်ပါဘူး"  

မိုရိရှုက အရှုံးမပေးဘဲ 

"ဒါဆို ဒုတိယအစ်ကို အခု အစ်ကိုတစ်ယောက်တည်းလား"

မိုရိချန်က တုံ့ဆိုင်းသွားပြီး

 "ဟုတ်တယ်လေ" 

ယခုအခါတွင် မိုရိရှုက တစ်ခုခုရှိနေတယ်ဆိုတာ   ပိုသေချာသွားခဲ့သည်။ 

"မဖြစ်နိုင်ဘူး ဒုတိယအစ်ကို ကျွန်တော် အခုလေးတင် တခြားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်ထင်တာပဲ"

ဖုန်းထဲမှာရှိနေတဲ့ယွမ်းစွော်က  အလွန်တုန်လှုပ်သွားပြီး အသက်ရှူတောင်မရှူရဲတော့ဘဲ ပါးစပ်ကို အမြန်ပိတ်ထားလိုက်သည်။

"မဟုတ်ပါဘူး" 

မိုရိချန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ဒုတိယအစ်ကို အစ်ကိုက အစ်ကို့ရဲ့သခင်မအတွက် ခမ်းနားတဲ့အိမ်ဆောက်ဖို့ လမ်းဖောက်နေတာတော့...မဟုတ်လောက်ပါဘူး ဟုတ်တယ်မို့လား။ ပြီးတော့ အဲဒီ့မိန်းကလေးက အွန်လိုင်းပေါ်မှာ လူပြောများတဲ့ လင်းမန်ရွှယ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မို့လား" 

မိုရိရှုက နိုင်ငံခြားတွင် အချိန်အတော်ကြာနေခဲ့ပြီး အိမ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို အနည်းငယ်သာသိတာကြောင့် သူက ကြုံသလို ခန့်မှန်းတော့သည်။

ယွမ်းစွော်က လင်းမန်ရွှယ်ရဲ့နာမည်ကို ကြားတဲ့အခါ သူ့ရဲ့သိမ်မွေ့တဲ့မျက်ခုံးတွေက တွန့်သွားခဲ့သည်။ မိုရိချန်က လင်းမန်ရွှယ်နဲ့ မဟုတ်ပါဘူးနော် အဲ့ဒါတွေက သတင်းအမှားတွေပဲ! 

မိုရိချန်က သဘာဝကျစွာပင် ငြင်းလိုက်သည်။ 

"မင်းမှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် မျက်စိစုံမှိတ် ခန့်မှန်းတာကို ရပ်လိုက်တော့။ မွေးနေ့ဆုတောင်း ကို ငါလက်ခံပြီးပြီ။ ဟိုမှာ ကိုယ့်ကိုကိုယ် ဂရုစိုက် ပြီးတော့ ဘာမှလုပ်စရာမရှိရင် အိမ်ကို ဖုန်းခေါ်" ထိုသို့ပြောပြီးနောက် သူက ဖုန်းချဖို့ လုပ်လိုက်သည်။

"ဟေး ဟေး...ဒုတိယအစ်ကို ကျွန်တော့်စကား မဆုံးသေးဘူးလေ။ တကယ်တော့ လင်းမန်ရွှယ်က အရမ်းကြည့်ကောင်းတယ်လို့ ကျွန်တော်ထင်တယ်..."

ယွမ်းစွော်က ခက်ရင်းကို ကိုက်လိုက်သည်။ အဲ့ဒါ မဟုတ်ဘူး...မိုရိချန်က လင်းမန်ရွှယ်က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတောင် မဟုတ်ကြောင်း ပြောခဲ့တယ်လေ...ယွမ်းစွော်က ထိုအကြောင်းကို ပိုတွေးလေလေ ဘာကြောင့်မှန်းမသိပဲ ဒေါသထွက်လာလေလေဖြစ်လာပြီး သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံပေါ်လာတာကို ခံစားလိုက်ရသည်။

သူက အဆင့်၂၀ကို ရောက်နေပြီဖြစ်ပြီး ဖုန်းထဲကို အလိုအလျောက် အဝင်၊အထွက် မလုပ်ဖူးတာကြောင့် ဖြစ်နိုင်ကာ ယွမ်းစွော်က ဒီလုပ်ဆောင်ချက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတဲ့အတွက် သူ့ရဲ့စိတ်ခံစားမှုတွေက အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီးနောက် သူ့ရဲ့မသိစိတ်က လိုက်သွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်က ဂိမ်းထဲမှထွက်ကာ ထိုလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်မိတော့သည်။  

စနစ်က သူ့ကို ကြိုတင်မပြင်ဆင်ရသေးဘဲ တွန်းထုတ်ခဲ့ပြီး ဗီဒီယိုcallခေါ်ဆိုမှုကို ချတော့မယ့် မိုရိချန်အပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ မိုရိချန်က သူ့လက်မောင်းတွေဖြင့်ဖမ်းလိုက်ကာ ကာကွယ်ပေးလိုက်ရင်း ယွမ်းစွော်နှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

Zawgyi

အခန္း ၄၁: ေမြးေန႔လက္ေဆာင္

ဒီေန႔က မိုရိခ်န္ရဲ႕ေမြးေန႔ျဖစ္သည္။

ယြမ္းေစြာ္က ပန္းျခံကေန ေစာေစာျပန္လာၿပီး အဘိုးေအဘယ္လ္ေပးခဲ့တဲ့ သစ္သားျမင္း႐ုပ္ေလးေတြကို စာအုပ္စင္ရဲ႕ အံဆြဲေအာက္​ေျခ၌ ဂ႐ုတစိုက္ သိမ္းထားလိုက္သည္။ သစ္သားျမင္း႐ုပ္ေလးေတြကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ အသက္ဝင္စြာ ထြင္းထုထားကာ လက္ရာေျမာက္လွသည္။

သိမ္းဆည္းၿပီးေနာက္ ယြမ္းေစြာ္က သူကိုယ္တိုင္လုပ္ထားတဲ့ ဓာတ္ပုံေဘာင္ကို လက္ေဆာင္ထုပ္တဲ့ ေရာင္စုံစကၠဴျဖင့္ ထုပ္လိုက္ၿပီး အထဲတြင္ မွတ္စုေလးတစ္ခု ထည့္လိုက္သည္။ ထို႔ေနာက္ မိုရိခ်န္ ဂိမ္းထဲကို မဝင္ရေသးခင္ သူေက်ာင္းမွာ လုပ္ခဲ့တဲ့ ကိတ္မုန္႔ေလးကို ထုတ္ကာ စားပြဲေပၚတင္လိုက္ၿပီး  သူ႕ကို အယ္လ္နီေပးလိုက္တဲ့ ဖေယာင္းတိုင္ေတြကို မုန္႔ေပၚတြင္ တင္လိုက္သည္။

ထို႔အျပင္ သူက ဒီေန႔ ပန္းခ်ီစာေမးပြဲတြင္ အတန္းထဲ၌ ပထမ ရ႐ွိခဲ့ကာ ထိုအတြက္ creditအမွတ္ကိုလည္း ရ႐ွိခဲ့ၿပီး ဆိုလိုတာက စနစ္က သူ႕အတြက္ ဂိမ္းထဲကို ဝင္ရန္၊ထြက္ရန္ ခြင့္ျပဳခ်က္ဖြင့္ေပးခဲ့ၿပီျဖစ္ေပမယ့္ သူက စနစ္ရဲ႕အေၾကာင္းၾကားစာကို တိတ္တိတ္ေလး ဖ်က္ပစ္ခဲ့သည္...ဒါေပမယ့္ ဒါက surprise ျဖစ္မလား မျဖစ္မလား သူလည္း မေသခ်ာေပ။

ဆယ္မိနစ္အၾကာတြင္ အရာအားလုံးအဆင္သင့္ျဖစ္ေနၿပီးေနာက္ ယြမ္းေစြာ္က ဆိုဖာေပၚတြင္ထိုင္ကာ ျပန္လာမယ့္ မိုရိခ်န္ကို စိတ္လႈပ္႐ွားစြာ ေမွ်ာ္လင့္ေစာင့္စားရင္း သူ႕ရဲ႕လက္ေတြကို ပြတ္ေနခဲ့သည္။

မိုရိခ်န္က သူ႕ရဲ႕လက္ေဆာင္ကို ႀကိဳက္ပါ့မလား။ သူကိုယ္တိုင္လုပ္ထားတဲ့ ဓာတ္ပုံေဘာင္ႏွင့္ အခ်ိန္အၾကာႀကီး ေလ့က်င့္ထားၿပီး သူ  ႀကိဳးႀကိဳးစားစား လုပ္ခဲ့ရတဲ့ ကိတ္မုန္႔က မိုရိခ်န္ရဲ႕အႀကိဳက္ ျဖစ္ပါ့မလားဆိုတာကို  သူမသိေပ။

မာ့႐ွ္မယ္လိုႏွင့္အတူ ဆယ္မိနစ္ေလာက္ ထိုင္ကာ ေစာင့္ၿပီးေနာက္ ယြမ္းေစြာ္က စိုးရိမ္စိတ္ေတြ စျဖစ္လာခဲ့သည္။ မိုရိခ်န္က အရင္ဆုံး သူ႕မိသားစုနဲ႔ ညစာစားဖို႔ အိမ္ကို ျပန္သြားခဲ့ေပမယ့္ ေစာေစာျပန္လာခဲ့မယ္လို႔ ကတိေပးသြားခဲ့သည္။ တစ္ခုခုကို ေတြးလိုက္မိရင္း သူက ဆိုဖာေပၚမွထကာ ဖန္သားျပင္ေ႐ွ႕သို႔ ေလွ်ာက္သြားလိုက္ၿပီး ပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္ၿပီးေနာက္ အျပင္ဘက္ကို ၾကည့္ဖို႔ ျပတင္းေပါက္ဆီသို႔ ေျပးသြားလိုက္ေပမယ့္ ဘာမွ ထူးျခားမေနတာကို ေတြ႕လိုက္ရသည္။ စနစ္ခ်ိဳ႕ယြင္းမႈက ေနာက္တစ္ႀကိမ္ ထပ္မျဖစ္ႏိုင္ေတာ့ပါဘူး ဟုတ္တယ္မို႔လား။

ဆိုဖာေပၚတြင္ ျပန္ထိုင္လိုက္ၿပီး မိုရိခ်န္ ဂိမ္းထဲကို ဝင္လာမွာကို ေစာင့္ေနစဥ္မွာပဲ သူ႕ရဲ႕ေနာက္မွ အင္ဂ်င္စက္လည္ပတ္ေနတဲ့ အသံေဖ်ာ့ေဖ်ာ့က ႐ုတ္တရက္ ထြက္လာခဲ့သည္။

သူက မသိစိတ္မွ လွည့္ၾကည့္လိုက္ေတာ့ သူ႕ေနရာနဲ႔ တစ္မီတာေက်ာ္ေလာက္ေဝးတဲ့ ေလထဲတြင္ အေပၚမွာ အျပာေရာင္ပိုးထည္ႏွင့္ ေအာက္ဘက္တြင္ ခ်ည္ထားတဲ့ ေသတၱာဘူးေလးပါၿပီး  တြဲေလာင္းက်ေနတဲ့ အေဝးထိန္းစက္တြင္း ေလယာဥ္တစ္စင္းကို ေတြ႕လိုက္ရသည္။ 

ယြမ္းေစြာ္က ခဏေလာက္ ထိတ္လန္႔သြားၿပီးေနာက္ ထိုလွပစြာထုပ္ပိုးထားတဲ့ ေသတၱာဘူးေလးက မိုရိခ်န္ဆီမွ လက္ေဆာင္ျဖစ္ရမယ္ဆိုတာကို သေဘာေပါက္သြားခဲ့သည္။ 

"ဝုတ္ ဝုတ္ ဝုတ္!" 

မာ့႐ွ္မယ္လိုက လက္ေဆာင္ေသတၱာဘူးကို ကိုက္ဖို႔ ခုန္ေနခဲ့သည္။ ယြမ္းေစြာ္က အံ့ၾသတႀကီး ေျပးလာကာ ယူဖို႔ ေရာက္သြားခဲ့ေပမယ့္ ေသတၱာဘူးကို ထိေတာ့မယ့္အခ်ိန္၌ ႐ုတ္တရက္ ရပ္လိုက္ၿပီး လွည့္ၾကည့္လိုက္သည္။

"မို...မိုရိခ်န္ မင္း အဲဒီမွာလား" 

မိုရိခ်န္ကို  သူ႕ေဘးဘက္႐ွိ ဖန္သားျပင္တြင္ မျပသထားေၾကာင္း ႐ုတ္တရက္ သေဘာေပါက္လိုက္တာေၾကာင့္ စက္ကို ဘယ္သူက ထိန္းခ်ဳပ္ေနတာပါလိမ့္။

႐ုတ္တရက္ အသင့္ျဖစ္ေနတဲ့ဖန္သားျပင္က ေတာက္ပလာကာ မ်က္ႏွာေပၚတြင္ ႏူးညံ့ညင္သာတဲ့အျပဳံးတစ္ခုျဖင့္ မိုရိခ်န္က ေပၚလာခဲ့ၿပီး ေမွ်ာ္လင့္ထားသလိုပင္ ေလယာဥ္အတြက္ အေဝးထိန္းခလုတ္က သူ႕လက္ထဲတြင္ ႐ွိေနခဲ့သည္။

မိုရိခ်န္က ေလယာဥ္ကို ယြမ္းေစြာ္ႏွင့္ ပိုမိုနီးကပ္ေစရန္ အေဝးထိန္းခလုတ္ကို အသုံးျပဳေနရင္း ေျပာလိုက္သည္။ 

"ဒါက ဂိမ္းရဲ႕ လွ်ိဳ႕ဝွက္လုပ္ေဆာင္ခ်က္ပဲ"

"လွ်ိဳ႕ဝွက္...လွ်ိဳ႕ဝွက္လုပ္ေဆာင္ခ်က္လား" ယြမ္းေစြာ္က အံ့ၾသသြားခဲ့သည္။

"ဒါက ႐ွိေနတာ ၾကာလွၿပီ"

"ဟမ္..." 

ဒါဆို မိုရိခ်န္က တခါတေလ သူမသိပဲ ေပၚလာတတ္တယ္လို႔ ဆိုလိုတာ မဟုတ္ဘူးလား။ ယြမ္းေစြာ္က ခ်က္ခ်င္း တုန္လႈပ္သြားၿပီး အရင္က ႐ွက္စရာေကာင္းတဲ့ တစ္ခုခုမ်ား လုပ္ခဲ့မိသလားလို႔ သူ႕စိတ္ထဲတြင္ အျမန္ ျပန္ေတြးလိုက္သည္။

မိုရိခ်န္က ေပါ့ေပါ့ပါးပါး ျပဳံးလိုက္ၿပီး

 "မင္း အဲ့ဒါကို စဥ္းစားေနစရာ မလိုပါဘူ။ အမ်ားႀကီး ႐ွိတယ္ေလ" 

ဥပမာဆိုရင္ ေရခဲေသတၱာေ႐ွ႕မွာ ထိုင္ေနၿပီး ေရခဲမုန္႔ကိုၾကည့္ရင္း သြားရည္က်ေနၿပီး ေနာက္ဆုံးတြင္ ဇြန္းေသးေသးေလးျဖင့္ ျခစ္ယူလိုက္ၿပီးေနာက္ မ်က္ႏွာျပင္ကို ျပန္ၿပီးေခ်ာေမြ႕ေစကာ သူ သန္႔႐ွင္းေရးစက္႐ုပ္ကို ေတြ႕တဲ့အခါက  အိမ္ထဲမွာ ႂကြက္တစ္ေကာင္႐ွိေနတာလားလို႔ ပထမဆုံးအႀကိမ္ မွားယြင္းစြာ ေတြးခဲ့မိသလိုမ်ိဳးပင္...

ယြမ္းေစြာ္က ေနာက္ဆုံးတြင္ အထစ္ထစ္အေငါ့ေငါ့ျဖင့္ ျပန္မတုံ႔ျပန္ခင္ မိုရိခ်န္ရဲ႕စကားေၾကာင့္ မ်က္ႏွာေလးနီသြားခဲ့သည္။ "ေခ်ာင္း...ေခ်ာင္းၾကည့္တာက မွားတယ္!"

မိုရိခ်န္က သူ႕ကို ခဏေလာက္ၾကည့္ၿပီးေနာက္ ေခါင္းညိတ္ျပလိုက္သည္။ 

"ဟုတ္ပါတယ္။ ဒီေန႔က ဒီလုပ္ေဆာင္ခ်က္ကို ငါအသုံးျပဳတဲ့ ေနာက္ဆုံးအႀကိမ္ပဲ။ အနာဂတ္မွာ မင္းရဲ႕ ကိုယ္ေရးကိုယ္တာႏွင့္ ေ႐ြးခ်ယ္မႈေတြကို ေလးစားပါ့မယ္။ ဒါက ဒီေန႔အတြက္ မင္းရဲ႕ ပထမဆုံးလက္ေဆာင္ပဲ"

"...ေက်းဇူးတင္ပါတယ္" 

ယြမ္းေစြာ္ရဲ႕ မ်က္လုံးေတြက အနည္းငယ္ ပူလာခဲ့သည္။ မိုရိခ်န္က သူ႕ရဲ႕ကိုယ္ေရးကိုယ္တာႏွင့္ ေ႐ြးခ်ယ္မႈေတြကို ေလးစားလိမ့္မယ္လို႔ ေျပာလာတာကို ပထမဆုံးအႀကိမ္ ၾကားခဲ့ရျခင္းျဖစ္သည္။

"ဒါဆို ဒီေန႔အတြက္ ဒုတိယလက္ေဆာင္ကို ၾကည့္ဖို႔အခ်ိန္ေရာက္ၿပီ" 

မိုရိခ်န္က ေသတၱာဘူးေလးကို ဖြင့္ဖို႔ ယြမ္းေစြာ္ကို လႈံ႕ေဆာ္လိုက္သည္။

ယြမ္းေစြာ္က ေသတၱာကို စိတ္လႈပ္႐ွားစြာ ျဖည္လိုက္သည္။ မိုရိခ်န္က လက္ေဆာင္ကို ဖြင့္ဖို႔ သူ႕ကို ေစာင့္ေနရင္း ယြမ္းေစြာ္ကို စူးစိုက္စြာ ၾကည့္ရင္း ေလယာဥ္ကို ေဘးသို႔ ဆင္းသက္လိုက္သည္။

ယြမ္းေစြာ္က ေသတၱာဘူးကိုဖြင့္လိုက္ၿပီး အတြင္းတြင္ အလြန္လွပတဲ့ေသာ့တစ္ေခ်ာင္းကို ေတြ႕႐ွိခဲ့သည္။ သူက အဲ့ဒါကို ထုတ္ယူလိုက္ၿပီး ေသခ်ာ စူးစမ္းေနတဲ့အခ်ိန္တြင္  ႐ုတ္​တရက္​ ​သူ႕အေနာက္မွ ေသာ့ခတ္ထားၿပီး လူအရပ္တဝက္ေလာက္ျမင့္တဲ့ ေနာက္ထပ္ ပုံးတစ္ပုံးေပၚလာခဲ့သည္။

"ဖြင့္ၾကည့္လိုက္ေတာ့" 

မိုရိခ်န္က ၫႊန္ၾကားလိုက္သည္။

ယြမ္းေစြာ္က စိတ္ဝင္တစား ေလွ်ာက္သြားၿပီး ေသာ့ေပါက္ထဲသို႔ ေသာ့ကို ေသခ်ာထည့္လိုက္ကာ လွည့္လိုက္ၿပီးေနာက္ မိုရိခ်န္ကို ျပန္ၾကည့္လိုက္သည္။ မိုရိခ်န္က သူ႕ကို အဖုံးဖြင့္ဖို႔ အခ်က္ျပရင္း ေခါင္းညိတ္ျပလိုက္သည္။ ယြမ္းေစြာ္က အဖုံးကိုဖြင့္ရန္ အင္အားအနည္းငယ္သုံးလိုက္ကာ ႐ုတ္တရက္ သူ႕မ်က္လုံးထဲတြင္ ၾကယ္ပြင့္ေလးမ်ားျဖင့္  အံ့ၾသသြားကာ ပါးစပ္ကို မပိတ္ႏိုင္ေတာ့ေပ။

မိုရိခ်န္က သူ႕ကို ႐ုပ္ျပစာအုပ္ေတြအျပည့္ျဖင့္...ပုံးတစ္ပုံးကို တကယ္ေပးခဲ့တာပင္။ အမ်ားစုက ေစ်းကြက္တြင္  ႐ွားပါးၿပီး အလြန္အဖိုးတန္တဲ့ စုေဆာင္းသူရဲ႕ထုတ္ေဝမႈမ်ား ျဖစ္သည္။ ထိုပုံးထဲ႐ွိ ဒီေလာက္ႀကီးမားတဲ့ အပုံလိုက္ႀကီးက သူ႕ရဲ႕စိတ္ရင္းမွန္ကို  ျပသဖို႔ လုံေလာက္ပါသည္။

ယြမ္းေစြာ္က သူ႕လက္ေမာင္းေလးကို ေသတၱာထဲသို႔ ဆန္႔ထုတ္လိုက္ကာ စာအုပ္ေတြအေပၚ သူ႕ရဲ႕ခ်စ္ခင္ႏွစ္ငက္မႈကို ျပသရင္း စာအုပ္ေတြကို သူ႕လက္ေခ်ာင္းထိပ္ေတြျဖင့္ ညင္သာစြာ ပြတ္သပ္လိုက္သည္။ သူက ပုံဆြဲျခင္းကို ႏွစ္သက္ေပမယ့္ ၾကယ္တာရာကမ႓ာတြင္ ဘယ္သူကမွ သူ႕ကို မေထာက္ခံခဲ့ေပ။ သူ႕ကို အရမ္းခ်စ္တဲ့ သူ႕အေမေတာင္မွ ဒါကို အပ်င္းေျပေဖ်ာ္ေျဖေရးတစ္ခုအေနနဲ႔သာ ယူဆခဲ့သည္။

"ေက်းဇူးတင္ပါတယ္ မိုရိခ်န္"

"ကိစၥမ႐ွိပါဘူး။ ေနာက္ဆုံးလက္ေဆာင္က မင္းကိုေစာင့္ေနၿပီ" 

မိုရိခ်န္က သူ႕ေမးေစ့ျဖင့္ ေသတၱာကို ၫႊန္ျပလိုက္သည္။

ထိုအခါမွပင္ ယြမ္းေစြာ္က ေသတၱာထဲတြင္ ႐ုပ္ျပစာအုပ္မ်ား သာမကဘဲ ညာဘက္အေပၚေထာင့္၌ "happy birthday ဒူဒူ" လို႔ ေရးထားတဲ့ ေကာ္ဖီေရာင္စာအိတ္တစ္ခုလည္း ႐ွိေနတာကို ေတြ႕သြားခဲ့သည္။ ဒါက မိုရိခ်န္ရဲ႕ လက္မွတ္ျဖစ္ၿပီး လက္ေရးမွာ ေတာက္ပၿပီး ခမ္းနားသည္။

ဒီေန႔ အံ့ၾသစရာေတြ အမ်ားႀကီး႐ွိခဲ့သည္။ ယြမ္းေစြာ္က စာအိတ္ကိုယူကာ ဖြင့္လိုက္ရင္း သူ႕လက္က အနည္းငယ္တုန္ခါေနခဲ့ၿပီး ထိုအရာက နာမည္ကတ္ျပားအ႐ြယ္ စာ႐ြက္ခြံတစ္ခုသာျဖစ္ေၾကာင္း ေတြ႕႐ွိခဲ့သည္။

စာ႐ြက္ခြံေပၚတြင္ ေရးထားတာက ယြမ္းေစြာ္ မသိတဲ့  လူတစ္ေယာက္ရဲ႕အမည္ ပါ႐ွိသည္: မင္ေက်ာက္။ ေအာက္တြင္ အလ်ားမတူညီတဲ့ မ်ဥ္းႏွစ္ေၾကာင္း႐ွိသည္။

သူ႕မ်က္ႏွာေပၚက ႐ႈပ္ေထြးမႈေတြကို  ျမင္ေတာ့ မိုရိခ်န္က ႐ွင္းျပလိုက္သည္။ "မင္ေက်ာက္က ဖုန္းယြင္မဂၢဇင္းရဲ႕ အယ္ဒီတာျဖစ္ၿပီး ေဆာင္းပါးေတြကို သ႐ုပ္ေဖာ္ဖို႔ တာဝန္ယူထားတယ္။ ဒါက သူမကို ဆက္သြယ္ႏိုင္တဲ့ အခ်က္အလက္ပဲ။ မင္း ဆႏၵ႐ွိရင္ ဒီဖုန္းနံပါတ္ကေန ဆက္သြယ္ႏိုင္တယ္"

ယြမ္းေစြာ္က ေအးခဲသြားခဲ့သည္။ ငါက အခ်ိန္ပိုင္းအလုပ္လုပ္ႏိုင္သလား။ မဟုတ္ဘူး... သူထပ္ၿပီးျပသာနာ႐ွာမိမွာ မဟုတ္ဘူးလား။

မိုရိခ်န္က ယြမ္းေစြာ္ရဲ႕မ်က္ႏွာေပၚမွ စိုးရိမ္ပူပန္မႈကို ေတြ႕လိုက္ရသည္။ 

"ဒါက ဒီေန႔အတြက္ တတိယေျမာက္လက္ေဆာင္ပဲ။ မင္းဆႏၵ႐ွိရင္ လုပ္လို႔ရတယ္။ တကယ္လို႔ မင္းျပသာနာ႐ွာခဲ့မိရင္ေတာင္ မင္းမွာ ငါ႐ွိတယ္ေလ"

ယြမ္းေစြာ္ရဲ႕ ႏွလုံးသားထဲတြင္ ခံစားခ်က္ေတြ စုပုံလာခဲ့ၿပီး သူ႕မ်က္လုံးေတြထဲတြင္ မ်က္ရည္ေတြ ဝဲလာခဲ့သည္။ "ေက်းဇူးတင္ပါတယ္...မိုရိခ်န္"

"မင္းႀကိဳက္တယ္ဆို ေကာင္းတာေပါ့" မိုရိခ်န္က ေျပာလိုက္သည္။

မိုရိခ်န္ရဲ႕လက္ေဆာင္ကိုျမင္ၿပီးေနာက္ စိတ္လႈပ္႐ွားမႈ၊ေပ်ာ္႐ႊင္မႈအျပင္ ယြမ္းေစြာ္ ႐ုတ္တရက္ အနည္းငယ္ တုန္လႈပ္သြားခဲ့သည္။ မိုရိခ်န္ရဲ႕ရည္႐ြယ္ခ်က္ေတြႏွင့္ ယွဥ္ၾကည့္လွ်င္ သူ႕လက္ေဆာင္က တအား႐ိုး႐ွင္းလြန္းေနတာ မဟုတ္ဘူးလား။

မေမွ်ာ္လင့္ဘဲ ဓာတ္ပုံေဘာင္ေလးကို ထုတ္ယူကာ ပို႔လႊတ္လိုက္ၿပီးေနာက္ မိုရိခ်န္က ေအာက္ကိုေတာင္ခ်မထားႏိုင္ဘဲ ယြမ္းေစြာ္ကို ဆက္တိုက္ခ်ီးက်ဴးေနခဲ့သည္။

"ဒါကို ကုတင္ေဘးမွာ ထားလို႔ရတယ္။ ေဘာင္အေနာက္မွာေထာက္တိုင္ေလး ပါတယ္" 

ယြမ္းေစြာ္က အသံတိုးတိုးေလးျဖင့္ ႐ွင္းျပရင္း သူ႕အဝတ္အစားရဲ႕ေထာင့္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားခဲ့သည္။

"တကယ္လား" 

မိုရိခ်န္က အေနာက္တြင္ သိမ္ေမြ႕စြာ ေခါက္ထားတဲ့ ေထာက္တိုင္ေလးကို ၾကည့္ၿပီး ပိုသေဘာက်သြားခဲ့သည္။ သူက ကုတင္ေဘးမွာ ထားရမလား ဒါမွမဟုတ္ မီးခံေသတၱာထဲမွာပဲ ထားရမလား မသိေတာ့ဘဲ ႐ုတ္တရက္ တုံ႔ဆိုင္းသြားခဲ့သည္။

"ဟို...ဟိုမွာ ကိတ္မုန္႔လည္း ႐ွိေသးတယ္" 

မိုရိခ်န္က ဓာတ္ပုံေဘာင္ကို သေဘာက်တာကို ျမင္လိုက္ရတဲ့အခါ ယြမ္းေစြာ္က သူ႕ရဲ႕ဒုတိယလက္ေဆာင္ကို ထုတ္ကာ ကိတ္မုန္႔အေပၚမွ အဖုံးကို ဖြင့္လိုက္ရင္း သူ႕ရဲ႕ယုံၾကည္မႈက အလြန္တိုးလာခဲ့သည္။

ကိတ္မုန္႔က မႀကီးေပ။ ေခ်ာကလက္ေထာပတ္အလႊာ သုံးလႊာပါ႐ွိတဲ့ ပန္းကန္ျပားအ႐ြယ္ေလာက္သာ ျဖစ္ၿပီး မ်က္ႏွာျပင္ေပၚတြင္ အျဖဴေရာင္ခရင္မ္အခ်ိဳႏွင့္ ဘယ္လ္ဂ်ီယံ အနက္ေရာင္ ေခ်ာကလက္စစ္စစ္တို႔ျဖင့္ စုံပုံထားသည္။ မိုရိခ်န္က ဖန္သားျပင္မွတစ္ဆင့္ေတာင္ ႂကြယ္ဝတဲ့အရသာကို ျမည္းစမ္းႏိုင္သည္။

"ဒူဒူ ဒါကို မင္းကိုယ္တိုင္လုပ္ထားတာလား" ဒါက ယြမ္းေစြာ္ ေက်ာင္းကေန သူ႕အလုပ္ကို ျပန္ယူလာခဲ့တဲ့ပထမဆုံးအႀကိမ္ ျဖစ္သည္။

"အြမ္း" ေက်ာင္းမွာ ခ်က္ျပဳတ္ထားတဲ့ ပါဝင္ပစၥည္းေတြကို အမ်ားအားျဖင့္  ခြင့္ျပဳခ်က္မ႐ွိဘဲ elvesေတြအား ျပန္လည္ယူေဆာင္ခြင့္မျပဳေပမယ့္ ဒါက သူ႕ရဲ႕ကစားသမားအတြက္ ေမြးေန႔လက္ေဆာင္ ျဖစ္တာေၾကာင့္ ယြမ္းေစြာ္က ႀကိဳတင္ခြင့္ျပဳခ်က္ ေလွ်ာက္ထားခဲ့ၿပီး အတည္ျပဳခ်က္ ရၿပီးမွသာ ျပဳလုပ္ခဲ့တဲ့ပစၥည္းကို ျပန္လည္ယူေဆာင္လာခဲ့ျခင္း ျဖစ္သည္။

"ေက်းဇူးတင္ပါတယ္ ဒူဒူ"

"ကိစၥ...ကိစၥမ႐ွိပါဘူး"

"အခု ငါတို႔ ကိတ္မုန္႔စားၿပီး ဆႏၵတစ္ခု ျပဳသင့္လား" 

မိုရိခ်န္က သူျပင္ဆင္ထားတဲ့ ကိတ္မုန္႔ကို မဖယ္ထုတ္ဖို႔ ဆုံးျဖတ္လိုက္သည္။

"ဟမ္ ေကာင္းၿပီေလ!" 

ထို႔ေနာက္ ယြမ္းေစြာ္က သူ႕ကို အယ္လ္နီေပးလိုက္တဲ့ ေမြးေန႔ဖေယာင္းတိုင္ေတြက  သူ႕ေက်ာင္းလြယ္အိတ္ထဲမွာပဲ ႐ွိေနေသးတာကို သိလိုက္ကာ  လွည့္ထြက္ၿပီး သြားယူလိုက္သည္။ သူျပန္လာတဲ့အခါ သူ႕မွာ မိုရိခ်န္ကို ေပးဖို႔ တတိယလက္ေဆာင္ ႐ွိေနေသးသည္။ အဲ့ဒါကေတာ့ သူ ထပ္အဆင့္ျမႇင့္သြားၿပီး သိပ္မကြၽမ္းက်င္ေသးေပမယ့္ အခု ဂိမ္းထဲကို လြတ္လြတ္လပ္လပ္ ဝင္ထြက္ႏိုင္ၿပီဆိုတာပဲျဖစ္သည္...

ယြမ္းေစြာ္က ဖေယာင္းတိုင္ေတြ ယူဖို႔  ထြက္သြားေနခ်ိန္၌ မိုရိခ်န္ရဲ႕ အျခားဖုန္းမွ ဗီဒီယိုcallေခၚဆိုမႈ အသိေပးခ်က္တစ္ခု ေပးပို႔လာခဲ့သည္။ သူၾကည့္လိုက္ေတာ့ ျပင္သစ္မွာ ပညာသင္ေနတဲ့ မိုရိ႐ႈျဖစ္ေန​တာကို ေတြ႕လိုက္ရသည္။ သူက တုံ႔ဆိုင္းေနေပမယ့္ ေကာက္ကိုင္လိုက္ၿပီး ခ်ိတ္ဆက္ရန္ ႏွိပ္လိုက္သည္။

"ဒုတိယအစ္ကို! ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ!" ဖုန္းမ်က္ႏွာျပင္ရဲ႕ ဆန္႔က်င္ဘက္တြင္ မိုမိသားစုရဲ႕ခန္႔ညားတဲ့မ်က္ခုံးေမႊးေတြကို ထိန္းသိမ္းထားတဲ့ မ်က္စိဖမ္းစားႏိုင္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးတစ္ေယာက္ ျဖစ္ၿပီး သူက တျခားအစ္ကိုႏွစ္ေယာက္ထက္ အနည္းငယ္ ပို၍ေပါ့ေပါ့ပါးပါးႏွင့္ ေပါင္းသင္းရလြယ္ကူပုံေပၚသည္။ ျပင္သစ္မွာက ေန႔လည္ပိုင္းသာ ႐ွိေနေသးၿပီး သူက ေဘာလုံးကစားတာ ၿပီးကာစမို႔ အားကစားဝတ္စုံ ဝတ္ထားၿပီး နဖူးတြင္ ေခြၽးစက္ေတြ ႐ႊဲေနခဲ့သည္။

မိုရိခ်န္က ျပဳံးလိုက္သည္။ သူ မိုရိ႐ႈကို မေတြ႕ရတာ အေတာ္ၾကာေနၿပီ ျဖစ္သည္။ "ေက်းဇူးပဲ"

"ဒုတိယအစ္ကို ကြၽန္ေတာ္ အစကေတာ့ အိမ္ကအခ်ိန္အတိုင္း ဆယ့္ႏွစ္နာရီမွာ ေမြးေန႔ ဂုဏ္ျပဳတဲ့စာပို႔ဖို႔ ႏိႈးစက္ခ်ထားခဲ့ေပမယ့္ ကြၽန္ေတာ္႕ရဲ႕ဖုန္းက လြန္ခဲ့ရက္အနည္းငယ္တုန္းက အိမ္သာထဲကို ျပဳတ္က်သြားခဲ့ၿပီး မွတ္တမ္းေတြ အကုန္ပ်က္သြားလို႔..." 

"အဟြတ္ အဟြတ္ အဟြတ္..." ဖေယာင္းတိုင္ေတြ သြားယူၿပီး ျပန္လာတဲ့ ယြမ္းေစြာ္က သူ႕ရဲ႕ဖုန္း အိမ္သာထဲသို႔ က်သြားတယ္လို႔ ၾကားတဲ့အခါ အလြန္လန္႔သြားၿပီး တံေတြးသီးကာ အႀကိမ္ေပါင္းမ်ားစြာ ေခ်ာင္းဆိုးေတာ့သည္။

"ဟမ္" 

မိုရိ႐ႈရဲ႕ထက္ျမက္တဲ့နားက မိုရိခ်န္ရဲ႕ဘက္အျခမ္းမွ ထြက္လာတဲ့ ဆူညံသံကို ၾကားလိုက္တဲ့အခိုက္တြင္ သူ႕မ်က္လုံးေတြက သံသယစိတ္ျဖင့္ ဖန္သားျပင္ရဲ႕ေထာင့္ကို စိုက္ၾကည့္လာခဲ့သည္။ သူက ေမးလိုက္သည္။ 

"ဒုတိယအစ္ကို အစ္ကို႔ရဲ႕ကိုယ္ပိုင္အိမ္မွာ ေနေနတာလား"

"အင္း"

 မိုရိခ်န္က ယြမ္းေစြာ္ ေခ်ာင္းဆိုးေနတာကို ျမင္လိုက္တဲ့အခါ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ မိုရိ႐ႈရဲ႕ေ႐ွ႕တြင္ ျပဖို႔ ခက္ေနခဲ့သည္။

"ေမေမက အခုပဲ ဖုန္းဆက္ၿပီး ေျပာတယ္။အစ္ကိုက ေန႔လည္တုန္းက အိမ္မွာ ထမင္းစားသြားၿပီးေတာ့ ဒီည အစ္ကို႔မွာ အေရးႀကီးတဲ့ လုပ္စရာတစ္ခု ႐ွိလို႔ ဆက္မေနေတာ့ဘူးလို႔ ေျပာခဲ့တယ္ဆို။ ဒုတိယအစ္ကို ဒါက ဒီႏွစ္ေတြအတြင္းမွာ ဒီလိုေျပာလာတာ ပထမဆုံးအႀကိမ္ပဲေလ။ အရင္ကဆို အစ္ကိုက Sၿမိဳ႕မွာ ႐ွိေနသေ႐ြ႕ အစ္ကို႔ေမြးေန႔ေရာက္ရင္ ႐ိုက္ကူးေရးမွာ ႐ွိေနခဲ့ရင္ေတာင္  အိမ္ျပန္လာခဲ့ၿပီး တစ္ညလုံးေနတတ္တယ္ေလ" 

မိုရိ႐ႈက ပူပန္ေၾကာင့္က်မႈကင္းပုံ ေပၚေပမယ့္ သူ႕စိတ္က တကယ္ကိုျမန္သည္။

မိုရိခ်န္က ခဏရပ္သြားၿပီး 

"ဒါက အရမ္းအေရးႀကီးတဲ့တစ္ခုခုပါပဲ"

မိုရိ႐ႈက သူ႕မ်က္လုံးကို ေမွးလိုက္ၿပီး "ဒုတိယအစ္ကို ကြၽန္ေတာ္႕မွာ ခယ္မ႐ွိေနၿပီ ဟုတ္တယ္မို႔လား"

"အဟမ္း..." 

မိုရိခ်န္က မိုရိ႐ႈကို ေအးစက္စြာ တစ္ခ်က္ၾကည့္ရင္း မထိန္းႏိုင္ေတာ့ဘဲ ေခ်ာင္းဟန္႔လိုက္သည္။ 

"မဟုတ္ပါဘူး"  

မိုရိ႐ႈက အ႐ႈံးမေပးဘဲ 

"ဒါဆို ဒုတိယအစ္ကို အခု အစ္ကိုတစ္ေယာက္တည္းလား"

မိုရိခ်န္က တုံ႔ဆိုင္းသြားၿပီး

 "ဟုတ္တယ္ေလ" 

ယခုအခါတြင္ မိုရိ႐ႈက တစ္ခုခု႐ွိေနတယ္ဆိုတာ   ပိုေသခ်ာသြားခဲ့သည္။ 

"မျဖစ္ႏိုင္ဘူး ဒုတိယအစ္ကို ကြၽန္ေတာ္ အခုေလးတင္ တျခားတစ္ေယာက္ရဲ႕အသံကို ၾကားလိုက္ရတယ္ထင္တာပဲ"

ဖုန္းထဲမွာ႐ွိေနတဲ့ယြမ္းေစြာ္က  အလြန္တုန္လႈပ္သြားၿပီး အသက္႐ွဴေတာင္မ႐ွဴရဲေတာ့ဘဲ ပါးစပ္ကို အျမန္ပိတ္ထားလိုက္သည္။

"မဟုတ္ပါဘူး" 

မိုရိခ်န္က ျပတ္ျပတ္သားသား ျငင္းဆိုလိုက္သည္။

"ဒုတိယအစ္ကို အစ္ကိုက အစ္ကို႔ရဲ႕သခင္မအတြက္ ခမ္းနားတဲ့အိမ္ေဆာက္ဖို႔ လမ္းေဖာက္ေနတာေတာ့...မဟုတ္ေလာက္ပါဘူး ဟုတ္တယ္မို႔လား။ ၿပီးေတာ့ အဲဒီ့မိန္းကေလးက အြန္လိုင္းေပၚမွာ လူေျပာမ်ားတဲ့ လင္းမန္႐ႊယ္ပဲ ျဖစ္ရမယ္ ဟုတ္တယ္မို႔လား" 

မိုရိ႐ႈက ႏိုင္ငံျခားတြင္ အခ်ိန္အေတာ္ၾကာေနခဲ့ၿပီး အိမ္မွာ ျဖစ္ပ်က္ေနတဲ့အရာေတြကို အနည္းငယ္သာသိတာေၾကာင့္ သူက ၾကဳံသလို ခန္႔မွန္းေတာ့သည္။

ယြမ္းေစြာ္က လင္းမန္႐ႊယ္ရဲ႕နာမည္ကို ၾကားတဲ့အခါ သူ႕ရဲ႕သိမ္ေမြ႕တဲ့မ်က္ခုံးေတြက တြန္႔သြားခဲ့သည္။ မိုရိခ်န္က လင္းမန္႐ႊယ္နဲ႔ မဟုတ္ပါဘူးေနာ္ အဲ့ဒါေတြက သတင္းအမွားေတြပဲ! 

မိုရိခ်န္က သဘာဝက်စြာပင္ ျငင္းလိုက္သည္။ 

"မင္းမွာ ဘာမွလုပ္စရာမ႐ွိဘူးဆိုရင္ မ်က္စိစုံမွိတ္ ခန္႔မွန္းတာကို ရပ္လိုက္ေတာ့။ ေမြးေန႔ဆုေတာင္း ကို ငါလက္ခံၿပီးၿပီ။ ဟိုမွာ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ ၿပီးေတာ့ ဘာမွလုပ္စရာမ႐ွိရင္ အိမ္ကို ဖုန္းေခၚ" ထိုသို႔ေျပာၿပီးေနာက္ သူက ဖုန္းခ်ဖို႔ လုပ္လိုက္သည္။

"ေဟး ေဟး...ဒုတိယအစ္ကို ကြၽန္ေတာ္႕စကား မဆုံးေသးဘူးေလ။ တကယ္ေတာ့ လင္းမန္႐ႊယ္က အရမ္းၾကည့္ေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္..."

ယြမ္းေစြာ္က ခက္ရင္းကို ကိုက္လိုက္သည္။ အဲ့ဒါ မဟုတ္ဘူး...မိုရိခ်န္က လင္းမန္႐ႊယ္က သူ႕ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေတာင္ မဟုတ္ေၾကာင္း ေျပာခဲ့တယ္ေလ...ယြမ္းေစြာ္က ထိုအေၾကာင္းကို ပိုေတြးေလေလ ဘာေၾကာင့္မွန္းမသိပဲ ေဒါသထြက္လာေလေလျဖစ္လာၿပီး သူ႕ခႏၶာကိုယ္က ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနပုံေပၚလာတာကို ခံစားလိုက္ရသည္။

သူက အဆင့္၂၀ကို ေရာက္ေနၿပီျဖစ္ၿပီး ဖုန္းထဲကို အလိုအေလ်ာက္ အဝင္၊အထြက္ မလုပ္ဖူးတာေၾကာင့္ ျဖစ္ႏိုင္ကာ ယြမ္းေစြာ္က ဒီလုပ္ေဆာင္ခ်က္ကို ေကာင္းေကာင္းမထိန္းခ်ဳပ္ႏိုင္ေသးတဲ့အတြက္ သူ႕ရဲ႕စိတ္ခံစားမႈေတြက အထြတ္အထိပ္ကို ေရာက္သြားခဲ့ၿပီးေနာက္ သူ႕ရဲ႕မသိစိတ္က လိုက္သြားခဲ့ၿပီး သူ႕ရဲ႕ခႏၶာကိုယ္က ဂိမ္းထဲမွထြက္ကာ ထိုလုပ္ေဆာင္ခ်က္ကို အသက္သြင္းလိုက္မိေတာ့သည္။  

စနစ္က သူ႕ကို ႀကိဳတင္မျပင္ဆင္ရေသးဘဲ တြန္းထုတ္ခဲ့ၿပီး ဗီဒီယိုcallေခၚဆိုမႈကို ခ်ေတာ့မယ့္ မိုရိခ်န္အေပၚသို႔ တိုက္႐ိုက္ျပဳတ္က်သြားခဲ့သည္။ ထိုင္ခုံေပၚမွာ ထိုင္ေနတဲ့ မိုရိခ်န္က သူ႕လက္ေမာင္းေတြျဖင့္ဖမ္းလိုက္ကာ ကာကြယ္ေပးလိုက္ရင္း ယြမ္းေစြာ္ႏွင့္အတူ ၾကမ္းျပင္ေပၚသို႔ လဲက်သြားေတာ့သည္။

Continue Reading

You'll Also Like

210K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
155K 19.9K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
31.4K 4.2K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...
599K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...